နာမကျန်းဖြစ်ခြင်းမှ သယ်ဆောင်လာသော ကောင်းချီးမင်္ဂလာများ
၂၀၁၄ ခုနှစ်မှာ၊ ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို မေလ ၂၈ ရက် ကျောက်ယွမ်အမှုနဲ့ပတ်သက်ပြီး စအပုပ်ချနေသလို၊ မြင်မြင်ကရာ ညီအစ်ကို မောင်နှမတွေကို ဖမ်းနေခဲ့တယ်။ ကျွန်မတို့ နယ်ထဲက အသင်းတော် ခေါင်းဆောင်အများစု အဖမ်းခံခဲ့ရပြီး၊ ယုံကြည်ခြင်းမှာ စိမ်းနေသေးတဲ့ ညီအစ်ကို မောင်နှမတချို့က အကြောက်တရားနဲ့ အပျက်သဘောဆောင်ခြင်းထဲမှာ အသက်ရှင်နေခဲ့ကြတယ်။ ဒီအရေးကြီးတဲ့ အချိန်မှာပဲ အသင်းတော် တချို့ရဲ့ အလုပ်အတွက် တာဝန်ရှိတဲ့သူအနေနဲ့ ကျွန်မ ရာထူးတိုးခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်၊ အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာပဲ ပဲ့ကိုင်တာက ကြီးမားတဲ့ တာဝန်ဖြစ်ပြီး ဘုရားကို စိတ်ပျက်စေလို့ မဖြစ်ဘူးလို့ပေါ့။ ဒါကြောင့် အချိန်မရွေး အဖမ်းခံရနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်ရင်းနဲ့ ကျွန်မတာဝန်ကို ခေါင်းမဖော်ဘဲ လုပ်ခဲ့တယ်။ အဲဒီလို အန္တရာယ်များတဲ့အချိန်မှာ အသင်းတော်အလုပ်ကာကွယ်နေတဲ့ ကျွန်မကို ဘုရားက ထောက်ခံမယ်၊ ပြီးတော့ ကျွန်မအနေနဲ့ သေချာပေါက် ဘုရားကယ်တာခံထိုက်ပြီး သူ့ရဲ့ နိုင်ငံတော်ထဲ ရောက်မှာပဲလို့ ခံစားခဲ့တယ်။ နောက်တော့ ရုတ်တရက်၊ ကျွန်မ အရမ်း နေမကောင်းဖြစ်လာတယ်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ တစ်ညနေခင်းမှာ၊ ညစာစားနေတုန်း ကျွန်မရဲ့ ပန်ကန်လုံးက ရုတ်တရက် ကြမ်းပြင်ပေါ် ကျွန်မ လွတ်ကျသွားတယ်။ ဒါက သတိလက်လွတ်ဖြစ်လို့ ဖြစ်တာလို့ပဲ ကျွန်မ တွေးခဲ့တယ်၊ ဒါကြောင့် ကျွန်မ အဲဒါကို အမြန်ကောက်လိုက်ပြီး ကျွန်မလက်ကို သုတ်ဖို့ တစ်သျှူးတစ်ခု ယူဖို့ကြိုးစားတဲ့အခါ၊ ကျွန်မလက်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိသလို တစ်သျှူးကို ကောက်လို့မရတာကို သတိပြုမိသွားတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မရဲ့ ခြေလက်တွေ ခံစားချက်အားလုံး ပျောက်သွားတယ်၊ ကျွန်မ ထိုင်ခုံမှာ ထိုင်ပဲထိုင်နေရပြီး လုံးဝ လှုပ်လို့မရဘူး။ ကျွန်မရဲ့ မိသားစုက ကျွန်မရဲ့ သွေးပေါင်ချိန် အမြန်ယူကြည့်တော့၊ ၂၀၀ ကျော်နေတယ်။ သွေးဖိအားကို လျှော့ချဖို့ ဆေးတစ်ချို့ကို ကျွန်မ သောက်ခဲ့ပြီး ဘာမှမထူးခြားပါဘူး။ ကျွန်မ အရမ်းစိတ်ရှုပ်သွားပြီး ဘယ်လိုဖြစ်သွားတာလဲလို့ တွေးမိတယ်။ အရေးကြီးတဲ့ဟာလားဆိုတာ ကျွန်မ မသိခဲ့ဘူး။ ဒါပေမယ့် နောက်တော့၊ ကျွန်မယုံကြည်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မတာဝန်ထဲကို အရမ်း အားစိုက်ခဲ့တော့၊ ဘုရားရဲ့ ကျေးဇူးတော်မှာ ရမှာ သေချာပြီး ဒါက ဆိုးရွားတဲ့အရာတစ်ခုမှ မဖြစ်နိုင်ပါဘူးလို့ တွက်ဆခဲ့တယ်။ ကျွန်မ နေမကောင်းရင်တောင်၊ ဘုရားက ကျွန်မကို ကာကွယ်ပြီး ကုသပေးမှာ သေချာတယ်လို့ တွေးမိတယ်။ အဲဒီလိုတွေးပြီးတဲ့နောက် ကျွန်မ အများကြီး ပိုတည်ငြိမ်သွားတယ်။ နောက်နေ့မနက် နိုးလာတော့၊ ညင်ညင်သာသာနဲ့ ကျွန်မ ခြေ၊ လက်တွေကို လှုပ်ဖို့ ကျွန်မ စကြိုးစားကြည့်တယ်၊ ကျွန်မ ခန္ဓာကိုယ် ညာဘက်ခြမ်းမှာ အရာအားလုံး ပုံမှန်ခံစားရတာ တွေ့လိုက်ရပေမယ့်၊ ကျွန်မရဲ့ ညာလက်နဲ့ ခြေထောက်တွေ ထုံကျင်နေတယ်။ ဘာမှ မခံစားရသလောက်ပဲ။ ကျွန်မ ချက်ချင်း စိတ်တင်းသွားတယ်- ငါ ဘာလို့ လုံးဝ ပိုမကောင်းလာတာလဲ။ ငါ တစ်ပိုင်းသေသွားတာလား။ အဲဒီလိုဆိုရင်၊ ငါ့တာဝန်ကို နောက်ထပ် ငါ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ပေါ့။ ကျွန်မ အသုံးမကျဖြစ်လာပြီး ဖယ်ရှင်းခံရမလား တွေးမိတယ်၊ အဲဒါဆိုရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိပါ့မလားပေါ့။ ဒါပေမယ့် နောက်တော့ ကျွန်မ တွေးမိတယ်၊ ဖြစ်ခဲ့တာက အရမ်းပြင်းထန်တော့ ညတွင်းချင်း တစ်ဝက် သက်သာသွားတာက ဘုရားဆီက ကောင်းချီးတစ်ခု ဖြစ်ရမယ်လို့ပေါ့။ ဘုရားက ကျွန်မကို ပျောက်ကင်းစေရင်၊ ကျွန်မရဲ့ နာလန်ထူခြင်းက ရိုးရှင်းတဲ့ကိစ္စတစ်ခု ဖြစ်မှာလေ၊ ဟုတ်တယ်နော်။ ကျွန်မမှာ ဘုရားရဲ့ ကွယ်ကာမှုရှိပြီး သိပ်အများကြီး စိုးရိမ်စရာမလိုဘူးလို့ ခံစားရတယ်။
အဲဒီမနက်က ဆရာဝန်ဆီကို ကျွန်မ သွားခဲ့တယ်၊ CT scan ရိုက်ပြီး ဆရာဝန်က သူ့မျက်နှာမှာ လေးနက်တဲ့အကြည့်နဲ့ ပြောတယ်၊ “ခင်ဗျားရဲ့ ညာဘက်ဦးနှောက် သွေး ၁၀ မီလီမီတာလောက် ယိုစီးမှုဖြစ်နေတယ်။ တကယ်လို့ သွေးထွက်တဲ့ နေရာက နည်းနည်းလေး ပိုမြင့်ရင်၊ စကားပြောတဲ့နေရာ ရောက်သွားမယ်။ ခင်ဗျား စကားပြောနိုင်စွမ်း ဆုံးရှုံးပြီး ဘာမှမလုပ်နိုင်တဲ့လူတစ်ယောက် ဖြစ်လာမှာ သေချာသလောက်ပဲ။ မနေ့က ဒါဖြစ်သွားတဲ့ပုံကို ကြည့်ရင်၊ ခင်ဗျား အခုထိ နေနိုင်တာ အရမ်းကံကောင်းတယ်။ ခင်ဗျားအနေနဲ့ ချက်ချင်း ကုဖို့လိုတယ်”တဲ့။ သူတို့က ဆေးထိုးပြီး၊ ရှေးရိုးဆန်ဆန် ကုသမှုနည်းလမ်းနဲ့ စမယ်လို့ သူ ဆက်ပြောတယ်။ ကျွန်မ ဦးနှောက်ထဲက သွေးခဲတွေ မပျော်ရင်၊ ဦးနှောက်ခွဲစိတ်တာ လုပ်ရမယ်တဲ့။ ဦးနှောက် သွေးယိုစီးတဲ့အကြောင်း ပြောတော့ ကျွန်မစိတ်က လုံးဝ ကြောင်သွားခဲ့တယ်။ အဲဒါ အရမ်းဆိုးရွားတဲ့ အရာတစ်ခု ဖြစ်နိုင်မယ်လို့ ကျွန်မ လုံးဝ စိတ်မကူးရဲခဲ့ဘူး။ ကျွန်မ အသက် ၅၀ တောင် မရှိသေးဘူးလေ၊ ဒီတော့ ကုသတာ မအောင်မြင်ဘဲ တစ်ပိုင်းသေပြီး နေရရင်၊ ဒါမှမဟုတ် လုံးလုံး အကြောသေတဲ့ ဖုတ်ကောင်တစ်ကောင် ဖြစ်လာရင်၊ အဲဒါ ဘယ်လောက်ဆိုးလိုက်တဲ့ ဘဝမျိုး ဖြစ်သွားမလဲ။ ပြီးတော့ ဦးနှောက်ခွဲစိတ်မှုက အရမ်းအန္တရာယ်များတယ်၊ ကျွန်မ အသက်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်လေ။ အဲဒါဆိုရင် ကျွန်မ ကယ်တင်ခံရပြီး ဘုရားနိုင်ငံတော်ထဲ ရောက်နိုင်ပါ့မလား။ ကျွန်မယုံကြည်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး ကျွန်မ ရှိသမျှ ပေးဆပ်ခဲ့တယ်၊ ဒီတော့ ဘာလို့ အဲဒီလို ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ ရှိရတာလဲဆိုတာ ကျွန်မ နားမလည်ခဲ့ဘူး။ ဘာလို့ ဘုရားက ကျွန်မကို ကွယ်ကာမနေခဲ့တာလဲပေါ့။ အဲဒီအကြောင်း ပိုတွေးလေ၊ ကျွန်မ ပိုစိတ်မချမ်းသာလေဖြစ်ပြီး၊ နေ့လည်စာတောင် မစားနိုင်ခဲ့ဘူး။ ဆေးရုံမှာရှိတဲ့ ငါးရက်မြောက်နေ့လောက်မှာ၊ ကျွန်မဘေးနား ကုတင်ပေါ်က အဘွားကြီးတစ်ယောက် ရုတ်တရက် တော်တော် အခြေအနေဆိုးလာပြီး တခြားဆေးရုံကို လွှဲပေးလိုက်ရတယ်။ ဒါကို မြင်တော့ ကျွန်မ ထပ်ပြီး စိတ်လှုပ်ရှားရတယ်။ ကျွန်မတို့က တစ်ရက်ထဲမှာ ဆေးရုံတက်ခဲ့ကြတာဖြစ်ပြီး၊ သူက အနီးအနား လျှောက်သွားနေခဲ့ပေမယ့်၊ အခုတော့ သူတို့က သူ့ကို ဘီးတပ်ကုလားထိုင်နဲ့ ခေါ်ထုတ်သွားကြတယ်။ ဒီလိုမျိုး အရာတစ်ခုကို တစ်ယောက်ယောက်က ရှင်သန်နိုင်မလား၊ မရှင်သန်နိုင်ဘူးလားဆိုတာ ပြောလို့မရတဲ့ ပုံပဲ။ ပြီးတော့ ကျွန်မလည်း ရုတ်တရက် ပိုဆိုးသွားမလားဆိုပြီး တွေးမိတယ်။
ဆေးရုံမှာ တစ်ပတ်နီးပါး နေပြီးတဲ့နောက်မှာတောင်၊ ကျွန်မရဲ့ ဘယ်ခြေထောက်မှာ တကယ့်ခံစားချက် တစ်ခုမှ မရှိသေးဘူး။ ကျွန်မ တွေးမိတယ်၊ “ဘုရားက ဘာလို့ ငါ့ကို မရှာတာလဲ။ အဲဒီလို သေရေးရှင်ရေး အချိန်မှာ ဘယ်တာဝန်မျိုးကိုမှ ငါ မလုပ်နိုင်တော့၊ ကယ်တင်ခြင်းရဖို့ ကျွန်မရဲ့ အခွင့်အရေးကို ငါ ဆုံးရှုံးပြီးပြီလား” လို့ပေါ့။ ဒီအတွေးက ကျွန်မစိတ်နှလုံးကို တကယ်အေးစိမ့်သွားစေခဲ့သလို၊ ကျွန်မ စပြီး ငိုပြီးရင်း ငိုနေခဲ့တယ်။ ကျွန်မ ယုံကြည်ခဲ့တဲ့ ကိုးနှစ်ကာလတစ်လျှောက်မှာ ကျွန်မကို ဘယ်အရာမှ တားဆီးခွင့်မပေးခဲ့ဘဲ၊ အလုပ်အရမ်းကြိုးစားခဲ့တယ်။ အသင်းတော်ထဲမှာ ပေါ်တဲ့ ဘယ် အခက်အခဲ၊ ပြဿနာမျိုးကိုမဆို တာဝန်ယူဖို့ ကျွန်မ လုံးဝ ဝန်မလေးခဲ့ဘူး။ ပြီးတော့ အဖမ်းခံရနိုင်တဲ့ တကယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာတောင် ကျွန်မ နောက်မတွန့်ခဲ့ဘူး။ ကျွန်မရဲ့ တာဝန်ကို အမြဲ ဆက်လုပ်ခဲ့တယ်။ ခေါင်းဆောင်အနေနဲ့ ကျွန်မရဲ့ နှစ်ကာလတွေတစ်လျှောက်မှာ၊ တခြား ညီအစ်ကို မောင်နှမတွေထက် ကျွန်မ ပို ဆင်းရဲဒုက္ခခံခဲ့ရပြီး ပိုအရေးစိုက်ခဲ့တယ်။ အများကြီး ပေးဆပ်ပြီး အဲဒီလို ပေးဆပ်ပုံမျိုးနဲ့ ဘုရားက ကျွန်မကို ကောင်းချီးပေးသင့်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မ ဘယ်လိုလုပ်ပြီး ရုတ်တရက် ဒီလောက် နေမကောင်းဖြစ်သွားရတာလဲ။ ဘုရားက ကျွန်မကို ဘယ်လိုဖြစ်ပြီး မကွယ်ကာခဲ့တာလဲ။ ကျွန်မ ပိုကောင်းမလာခဲ့သလို၊ တာဝန်တစ်ခုကို မယူနိုင်ခဲ့ရင်၊ ကယ်တင်ခံရဦးမှာလား။ ကယ်တင်မခံရရင်၊ အဲဒီ စွန့်လွှတ်မှုတွေနဲ့ အလုပ်ကြိုးစားခဲ့တဲ့ နှစ်တွေအားလုံး အချည်းနှီး ဖြစ်သွားမှာလားပေါ့။ ဒါဖြစ်မယ်လို့ ကျွန်မ သိခဲ့ရင် သိပ်အားစိုက်ခဲ့မှာ မဟုတ်သလို ကျွန်မ ခံစားမိတယ်။ ကျွန်မ ပိုပိုပြီး စိတ်မသက်မသာ ခံစားနေခဲ့ရတယ်။ ကျွန်မ နောက်ထပ် ဆုတောင် မတောင်းချင်တော့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို မတွေးဆချင်တော့ဘူး။ ကျွန်မ တကယ်ကို စိတ်လှုပ်ရှားနေခဲ့ပြီး၊ သတိမထားမိလိုက်ဘဲ၊ ဆေးထိုးအပ်ထည့်ထားတဲ့ လက်မောင်းကို ခေါင်းအောက်ထားပြီး ဆေးထိုးအပ်ကို ဖယ်ထုတ်လိုက်မိတယ်၊ အဲဒါကြောင့် ကျွန်မလက်တွေက ရောင်လာတယ်။ ရောင်နေတဲ့ ကျွန်မလက်ကိုမြင်တော့ ကျွန်မ စိတ်မသက်မသာခံစားရတယ်။ ကျွန်မက ဘာတာဝန်ကိုမှ လုံးဝ မလုပ်ဆောင်နိုင်ဘဲ ဆေးရုံမှာ လဲနေတုန်း အားအင်တွေနဲ့ ပြည့်လျှံနေတဲ့၊ ဧဝံဂေလိ ဝေမျှပြီး သူတို့တာဝန်ကို လုပ်ဆောင်နေတဲ့ အပြင်က ညီအစ်ကို မောင်နှမတွေအကြောင်း ကျွန်မ တွေးမိတယ်။ ကျွန်မ လုံးဝ အသုံးမကျဘူး မဟုတ်လားပေါ့။ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ဝေဖို့ အချိန် ဖြစ်လျက်နဲ့၊ တခြားလူတွေက သူတို့တာဝန်ကို ထမ်းဆောင်နိုင်ကြပြီး ကောင်းတဲ့လုပ်ရပ်တွေ လုပ်နိုင်ကြတုန်းမှာ၊ ကျွန်မက ဖယ်ရှင်းသုတ်သင်ခံရမှာ သေချာသလောက်ပဲ။ တကယ်တော့ ကျွန်မက ဘုရားရဲ့ ကယ်တင်တာခံရမှာ မဟုတ်သလို ခံစားရတယ်။ အဲဒီညမှာ၊ အိပ်ရာထဲ လူးလိမ့်နေခဲ့ပြီး ကျွန်မ လုံးဝ အိပ်လို့မရခဲ့ဘူး။ ကျွန်မရဲ့ ဝေဒနာထဲမှာ လုံးဝ နစ်မျောရင်းနဲ့၊ ဘုရားရှေ့ကို မျက်ရည်တွေနဲ့ ကျွန်မ လာပြီး ဆုတောင်းခဲ့တယ်- “အို ဘုရားသခင်၊ ခုချိန်မှာ ကျွန်မ တကယ်ကို ဆင်းရဲဒုက္ခခံနေရပါတယ်။ ဒီအရာ ကျွန်မဆီ ဖြစ်ပျက်ခွင့် ကိုယ်တော် ပေးခဲ့ပြီး ကိုယ်တော့်ကို ကျွန်မ နားလည်မှုမလွဲသင့်မှန်း သိပါတယ်။ ကိုယ်တော်ရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ဖို့ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်အောင် ကျွန်မကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ”လို့ပေါ့။
ကျွန်မ ဆေးရုံမှာ ရှိနေတုန်း၊ ညီအစ်မ တစ်ယောက်က ကျွန်မကို MP5 player တစ်ခု ပို့ပေးခဲ့ပြီး၊ တခြားလူအားလုံး အိပ်မောကျနေချိန်မှာ၊ ကျွန်မ နားကြပ်တွေကို တပ်ပြီး ဘုရား နှုတ်ကပတ်တော်တွေကို နားထောင်ခဲ့တယ်။ စာပိုဒ်တွေထဲက တစ်ခုက ကျွန်မအတွက် အရမ်းကို အထောက်အကူ ဖြစ်ခဲ့တယ်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ပြောသည်မှာ “လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား စစ်မှန်သော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ဒါကို အချိန်ယူစဉ်းစားကြည့်တဲ့အခါ၊ လူတွေကို ဘုရားက စမ်းသပ်ပြီး စစ်ဆေးတဲ့အခါ သူတို့ကို ဖယ်ရှင်းသုတ်သင်ဖို့ မဟုတ်ဘဲ၊ သန့်စင်ပြီး ပြောင်းလဲစေဖို့မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဒါပေမယ့် ကျွန်မက ဘုရားအလိုတော်ကို ရှာမနေခဲ့ဘူး၊ ဒါမှမဟုတ် သူ့အမှုတော်ကို နားလည်ဖို့ ကြိုးစားမနေခဲ့ဘူး။ ကျွန်မ လေဖြတ်ကတည်းက၊ ဘုရားကို နားလည်မှုလွဲနေခဲ့ပြီး အပြစ်ပဲတင်နေမိခဲ့တယ်။ ကျွန်မ အရမ်းမိုက်မဲခဲ့တာ။ ဒါကြောင့် ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ကျွန်မ ကျိုးနွံနာခံဖို့၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိဖို့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး သင်ခန်းစာ သင်ယူဖို့ ဆန္ဒရှိနေခဲ့တယ်။
ဒါကို ကျွန်မ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖတ်ရတယ်။ “ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုနှင့်ပတ်သက်၍ ဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာမှာ၊ လူသည် ဘုရားသခင်၏ အမှုအလယ်တွင် မိမိကိုယ်တိုင်၏ စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုသော်လည်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အလေးဂရုမပြုခြင်း ဖြစ်သည်။ လူသား၏အကြီးမားဆုံးသော ကျရှုံးမှုသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် ကိုးကွယ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင်၊ လူသားသည် မိမိ၏ ကိုယ်ပိုင်အကြိုက်နှစ်သက်ဆုံး ခရီးပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် အကောင်းဆုံး ခရီးပန်းတိုင်ကို မည်သို့ ရရှိမည်ကို ကြံစည်နေပုံတွင် တည်ရှိလေသည်။ ၎င်းတို့မည်မျှ သနားဖွယ်ကောင်းသည်၊ မုန်းတီးဖွယ်ကောင်းပြီး၊ ရင်နင့်ဖွယ်ကောင်းသည်ကို နားလည်လျှင်ပင်၊ မည်မျှက ၎င်းတို့၏ စံများနှင့် မျှော်လင့်ချက်များကို အဆင်သင့် စွန့်လွှတ်နိုင်သနည်း။ ပြီးလျှင် မည်သူသည် ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းများကို ရပ်တန့်နိုင်ပြီး မိမိတို့အတွက်သာ စဉ်းစားခြင်းမှ ရပ်တန့်နိုင်သနည်း။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ပြီးပြည့်စုံစေအောင် သူနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မည့်သူများ လိုအပ်ပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုအဖို့ စိတ်နှင့် ခန္ဓာတစ်ခုလုံးကို ဆက်ကပ်ခြင်းအားဖြင့် သူ့ကို ကျိုးနွံနာခံမည့်သူများကို သူ လိုအပ်လေသည်။ သူသည် အနည်းငယ်ပေးပြီး ဆုလာဘ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းသူများကို လိုအပ်ဖို့ မဆိုထားနှင့်၊ နေ့စဉ် သူ့ထံမှ တောင်းခံရန် လက်ဖြန့်သည့်လူများကို မလိုအပ်ပေ။ မဖြစ်စလောက် ပံ့ပိုးမှုပြုလုပ်ပြီးနောက် မိမိတို့၏ အောင်ဆုများ အပေါ် အခြေပြုသောသူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျဖြစ်ကာ ကောင်းကင်ဘုံသို့ သွားခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်းကိုသာ ဆွေးနွေးလိုကြသည့် သွေးအေးသူများကို သူ မုန်းသည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် သူ လုပ်ဆောင်သည့် အမှုက ပေးသည့် အခွင့်အရေးကို ကောင်းကောင်း အသုံးချသူများအတွက် သာ၍ ကြီးမားသည့် စက်ဆုပ်ရွံရှာမှု ရှိလေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုမှတစ်ဆင့် မည်သည့်အရာ စွမ်းဆောင်လိုပြီး မည်သည့်အရာ ရရှိလိုသည်ကို လုံးဝ ဂရုမစိုက်ဖူးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် ဘုရားသခင်၏အမှုက ပေးသည့် အခွင့်အရေးအား ၎င်းတို့ မည်သို့အသုံးချနိုင်သည်ဆိုသည်ကိုသာ စိတ်ဝင်စားကြလေသည်။ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် လုံးလုံးလျားလျား နစ်မြုပ်လျက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ပတ်သက်၍ ဂရုမစိုက်ကြပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျသကဲ့သို့၊ လူသားမျိုးနွယ်ကို ဘုရားသခင် မည်သို့ ကယ်တင်သည်ဆိုသည်နှင့် သူ၏ အလိုကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိသောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုမှ ခွဲထွက်သည့် နည်းလမ်းဖြင့် မိမိတို့ကိုယ်ကိုယ်အား ကျေနပ်စေသည့် အရာကိုသာ လုပ်ဆောင်နေကြလေသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က နှစ်သက်လက်ခံဖို့မဆိုထားနှင့်၊ ဘုရားသခင်က အောက်မေ့ခြင်း မရှိသကဲ့သို့ လက်ခံခြင်းလည်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရှိနေတဲ့ အခြေအနေကို အတိအကျ ထုတ်ဖော်ပြခဲ့တယ်။ ကျွန်မ ယုံကြည်သူတစ်ဦး စဖြစ်လာခဲ့ချိန်မှာ၊ လူကို ဘုရားကတိပေးခဲ့တဲ့အရာကို မြင်ခဲ့ပြီး၊ ကျွန်မတို့ အလုပ်ကြိုးစားပြီး ဘုရားအတွက် စွန့်လွှတ်မှုတွေ လုပ်သရွေ့၊ ကယ်တင်ခံရနိုင်ပြီး ဘုရားနိုင်ငံတော်ထဲ ရောက်နိုင်တယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မတာဝန်ကို စိတ်ပါလက်ပါ ခေါင်းမဖော်ဘဲ လုပ်ခဲ့ပြီး မကောင်းတဲ့ အခြေအနေမှန်သမျှကို ဖြတ်သန်းခဲ့တယ်။ တခြားအသင်းသားတွေ အခက်အခဲတွေ ရှိတော့၊ ကျွန်မ အမြန် သူတို့ကို သွားထောက်ပံ့ပြီး ကူညီခဲ့တယ်။ အဖမ်းခံရမယ့် တကယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာတောင် ကျွန်မတာဝန်ကို ဆက်လုပ်နေခဲ့တယ်။ အဲဒီလို စွန့်လွှတ်မှုမျိုးက ဘုရားရဲ့ ကွယ်ကာမှုနဲ့ ကောင်းချီးတွေ ကျွန်မကို သေချာပေါက် ရစေမှာဖြစ်ပြီး ကောင်းကင်နိုင်ငံမှာ ကျွန်မ နေရာတစ်ခုရှိမှာပဲလို့ ထင်ခဲ့တယ်။ ကျွန်မ နေမကောင်းဖြစ်ပြီး ကိုယ်တစ်ပိုင်းသေနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့အခါ၊ ဘုရားက ကျွန်မကို မကာကွယ်ခဲ့ဘူး၊ ကောင်းချီးမပေးခဲ့ဘူး၊ ပြီးတော့ ကောင်းမွန်တဲ့ အနာဂတ်နဲ့ ပန်းတိုင်ကို ရမယ့် ကျွန်မရဲ့ အခွင့်အရေး ဆုံးရှုံးသွားပြီလို့ ခံစားခဲ့ရတယ်။ ကျွန်မ မကျေနပ်ချက်တွေနဲ့ ပြည့်ခဲ့ပြီး လုပ်ခဲ့တဲ့ အရာအားလုံးကို တွက်ချက်ရင်းနဲ့ စာရင်းတောင် ရှင်းချင်ခဲ့တယ်။ ကျွန်မက ဘုရားကို အကျိုးသင့်အကြောင်းသင့် ပြောနေခဲ့တယ်၊ သူနဲ့ ငြင်းခုံနေခဲ့တယ်၊ ကျွန်မ မျက်နှာသာရဖို့ ရမှတ်တွေအနေနဲ့ ကျွန်မရဲ့ အနစ်နာခံမှုတွေအားလုံးကို အသုံးပြုဖို့ ကြိုးစားနေမိခဲ့တယ်။ ကျွန်မက ဘုရားကို နားလည်မှုလွဲတာ၊ ခုခံတာတွေနဲ့ ပြည့်နေခဲ့တယ်။ ဘုရားက “အနည်းငယ်ပေးပြီး ဆုလာဘ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းသူများ” ဆိုတာနဲ့ “မဖြစ်စလောက် ပံ့ပိုးမှုပြုလုပ်ပြီးနောက် မိမိတို့၏ အောင်ဆုများ အပေါ် အခြေပြုသောသူ” ဆိုတာတွေကို ပြောနေချိန်မှာ ကျွန်မက သူဆိုလိုတဲ့အရာ အတိအကျ ဖြစ်နေခဲ့တယ်။ ရောဂါ ကြီးကြီးမားမား ရင်ဆိုင်နေရချိန်မှာ၊ ယုံကြည်ခြင်းမှာ ကျွန်မရဲ့ အနစ်နာခံမှုတွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ကျွန်မရဲ့ ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ အပေးအယူဆိုင်ရာ ရှုထောင့်အမြင်တွေအားလုံး ရှေ့ကို ရောက်လာကြတယ်။ သမ္မာတရားကို လိုက်စားပြီး ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ဖို့ ကျွန်မတာဝန်ကို လုပ်နေခဲ့တာ မဟုတ်ဘဲ၊ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေအတွက် အလဲအလှယ်အနေနဲ့၊ နိုင်ငံတော်ရဲ့ ကောင်းခြင်းတွေအတွက် အလဲအလှယ်အနေနဲ့ အလုပ်ကြိုးစားတဲ့ အသွင်အပြင်ကို ကျွန်မ အသုံးပြုချင်ခဲ့တာပါ။ ကျွန်မက ဘုရားကို အသုံးချပြီး လှည့်စားရင်းနဲ့ ဘုရားနဲ့ အပေးအယူလုပ်နေခဲ့တာပါ။ ကျွန်မလို အခွင့်အရေးသမားတစ်ယောက်က ဘုရားရဲ့နိုင်ငံတော်နဲ့ ဘယ်လို ထိုက်တန်နိုင်မှာလဲ။ အဲဒီလေဖြတ်တာကြောင့် မဟုတ်ရင်၊ ကျွန်မရဲ့ အပေါ်ယံ အားထုတ်မှုတွေအားလုံးရဲ့ လုံးဝ လှည့်စားတာကို ကျွန်မ ခံခဲ့ရမှာဖြစ်ပြီး၊ ကောင်းချီးတွေကို လိုက်စားဖို့ဖြစ်တဲ့ ကျွန်မရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေ၊ ကျွန်မရဲ့ယုံကြည်ခြင်းထဲက မသမာမှုတွေကို လုံးဝ သတိပြုမိမှာ မဟုတ်ဘူး။ ကျွန်မ ဘာလုပ်နေမှန်း တစ်ခုမှမသိဘဲနဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ဘုရားကို ကျွန်မ ဆက်ခုခံနေမိမှာပါ။
အဲဒီနောက် ကျွန်မ ကိုယ့်ကိုယ်ကိုယ်နဲ့ ကျွန်မတာဝန်မှာ ဘုရားနဲ့ ဘာလို့ အပေးအယူလုပ်ဖို့ အမြဲကြိုးစားနေရတယ်ဆိုတဲ့အပေါ် ဆက်သုံးသပ်နေမိခဲ့တယ်။ ကျွန်မ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်လိုက်ရတယ်။ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူခြင်းသည် ထိုသို့ပင် သာ၍ဖြစ်၏။ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်ကြသည်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံပြီး သူ့အပေါ် သစ္စာရှိကြသည်၊ သို့သော် ၎င်းတို့သည် ဤအရာအားလုံးကို မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လူ့အဖွဲ့အစည်းတွင် အရာခပ်သိမ်းကို ကိုယ်ကျိုးအတွက် လုပ်ကြခြင်း ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ ယုံကြည်ခြင်းမှာရှိတဲ့ ကျွန်မရဲ့အရောင်းအဝယ်သဘောထားရဲ့ အရင်းခံကို ပြခဲ့တယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”ဆိုတာနဲ့ “ဆုလာဘ်တစ်ခု မရှိဘဲ ဘယ်တော့မှ လက်ညှိုးမထောင်နဲ့”တို့လို ဆိုရိုးတွေက ကျွန်မ စိတ်နှလုံးထဲမှာ သူတို့ဘာသာ နက်နက်ရှိုင်းရှုင်း အမြစ်တွယ်ခဲ့တဲ့ ဆိုးယုတ်တဲ့ စိတ်ကူးတွေဖြစ်ပြီး၊ ကျွန်မအတွက် ရှင်သန်ရေး နိယာမတွေ ဖြစ်လာခဲ့တယ်။ ကျွန်မ လုပ်သမျှတိုင်းမှာ၊ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်က ပထမဦးစားပေးဖြစ်ခဲ့တယ်၊ ဒါကြောင့် ကျွန်မ ဖြည့်ဆည်းပေးခဲ့တဲ့အရာအတွက် ကျွန်မ ဆုချီးမြှင့်ခံရသင့်တယ်လို့ ခံစားခဲ့တယ်။ ဘုရားအတွက် ကျွန်မရဲ့ အလုပ်မှာတောင်၊ သူနဲ့ အပေးအယူလုပ်ဖို့ပဲ ကျွန်မ ကြိုးစားနေခဲ့ပြီး၊ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ကောင်းချီးတွေနောက်လိုက်တာက လုံးဝ သဘာဝပဲလို့ ထင်ခဲ့တယ်။ အရမ်းအလုပ်ကြိုးစားပြီး အနစ်နာခံတာတွေ အများကြီးလုပ်ပြီးတဲ့နောက် ကျွန်မ လေဖြတ်ပြီး အချိန်မရွေး သေသွားနိုင်တာကို သဘောပေါက်တဲ့အခါ၊ ကယ်တင်ခံရမယ့်၊ ကောင်းမွန်တဲ့ ရလဒ်နဲ့ ခရီးပန်းတိုင် ရှိမယ့် မျှော်လင့်ချက်အားလုံး ကျွန်မ ပျောက်ဆုံးသွားတယ်၊ ဒါကြောင့် ဘုရားသခင်ကို ကျွန်မ ချက်ချင်း ဆန့်ကျင်ပြီး၊ အပြစ်တင်ခဲ့တယ်။ ကျွန်မ လုပ်ခဲ့ပြီးသမျှတိုင်းကို ကျွန်မ တွက်ချက်နေခဲ့တယ်၊ ဘုရားနဲ့ ငြင်းခုံပြီး၊ သူ့ကို ဆန့်ကျင်နေခဲ့တယ်။ စာတန်ရဲ့ အဆိပ်တွေနဲ့ ကျွန်မ အသက်ရှင်နေမိခဲ့မှန်း တွေ့ခဲ့ရတယ်။ လူသားပုံသဏ္ဍာန်မျိုး တစ်ခုတစ်လေနဲ့မှ ကျွန်မ လုံးဝ အသက်မရှင်ခဲ့သလို၊ နောင်တမရရင်၊ အနှေးနဲ့အမြန် ကျွန်မ ဖယ်ရှင်းသုတ်သင်ခံရပြီး အပြစ်ပေးခံရမှာပဲ။
နောက်ပိုင်းမှာ ကျွန်မ ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေ နောက်ထပ် နှစ်ပိုဒ်ရှိတယ်၊ အဲဒါတွေက ကျွန်မရဲ့ ယုံကြည်ခြင်းမှာရှိတဲ့ အားထုတ်လိုက်စားမှုနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ ရှုထောင့်အမြင်ကို ကျွန်မကို သိနားလည်စေခဲ့တယ်။ အဲဒီနှုတ်ကပတ်တော်တွေရဲ့ ဗီဒီယိုကိုကြည့်လိုက်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူက အခြားသူများကို တိုင်းတာသည့်အခါ၊ ၎င်းတို့၏ ပံ့ပိုးမှုများနှင့်အညီ ထိုသို့ လုပ်ဆောင်လေသည်။ ဘုရားသခင်က လူကို အကဲဖြတ်သည့်အခါ၊ လူသား၏ သဘာဝနှင့်အညီ ထိုသို့ လုပ်ဆောင်ပေသည်။ အသက်ကို ဖွေရှာသော သူများအလယ်တွင်၊ ပေါလုသည် မိမိ၏ ကိုယ်ပိုင် အနှစ်သာရကို မသိသောသူတစ်ဦး ဖြစ်သည်။ သူသည် လုံးဝ မနှိမ့်ချခဲ့ သို့မဟုတ် မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သူ၏ အနှစ်သာရကိုလည်း မသိခဲ့ချေ။ ထို့ကြောင့် သူသည် အသေးစိတ်ကျသော အတွေ့အကြုံများကို မကြုံခဲ့ရသောသူဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သော သူတစ်ဦးလည်း ဖြစ်ခဲ့သည်။ ပေတရုမှာမူ ကွဲပြားခြားနားခဲ့၏။ သူသည် သူ၏ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေနှင့် သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သိခဲ့သည်၊ ထို့ကြောင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု သူ ရှိခဲ့သည်။ သူသည် အယူဝါဒသာ ရှိသော်လည်း၊ လက်တွေ့အရှိတရား မပိုင်ဆိုင်သော သူများထဲမှ တစ်ဦး မဟုတ်ခဲ့ချေ။ ပြောင်းလဲသော သူတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်သည့် လူသစ်များ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်း၌ အရည်အချင်း ပြည့်မီကြသူများ ဖြစ်ကြသည်။ မပြောင်းလဲသော လူတို့သည် အလိုအလျောက် ခေတ်နောက်ကျသွားသော သူများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်း မခံရသေးသော သူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းခံရသော သူများ ဖြစ်ကြပေသည်။ ၎င်းတို့၏ အလုပ်သည် မည်မျှကြီးမြတ်သည် ဖြစ်ပါစေ၊ ဘုရားသခင်၏ အောက်မေ့ခြင်းကို ခံရလိမ့်မည် မဟုတ်။ ဤအရာကို သင်၏ ကိုယ်ပိုင် လိုက်စားခြင်းနှင့် နှိုင်းယှဉ်သောအခါတွင်၊ နောက်ဆုံးတွင် သင်သည် ပေတရု သို့မဟုတ် ပေါလုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်၊ မဖြစ်သည်မှာ ပကတိရှင်းနေပြီးသား ဖြစ်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) “သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ကျွန်မ အဲဒါကို ထပ်တွေးကြည့်တော့၊ ကျွန်မအတွက် တကယ်ကို အသိဉာဏ်ပွင့်လင်းစရာ ဖြစ်ခဲ့တယ်။ ဘုရားက လူတစ်ယောက်ကို အကဲဖြတ်တဲ့အခါ၊ အပေါ်ယံ သူတို့ ဖြည့်ဆည်းပေးတဲ့အရာအပေါ် အခြေမခံဘဲ၊ ကိစ္စတွေကို ရင်ဆိုင်ရာမှာ သူတို့ရဲ့ သဘောထားနဲ့ ရှုထောင့်အမြင်၊ သူတို့ ရပ်တည်ချက်နဲ့ သမ္မာတရားကို သူတို့ လက်တွေ့လုပ်ဆောင်ပြီး ဘုရားကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဆိုတဲ့အပေါ် အခြေခံတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က အနစ်နာခံတာတွေလုပ်ပြီး အလုပ်ကြိုးစားသရွေ့၊ ဘုရားက ဒီအရာထဲမှာ ဝမ်းမြောက်ပြီး သူတို့ကို ကောင်းချီးပေးမယ်၊ အဲဒီနောက် သူတို့မှာ ကောင်းမွန်တဲ့ ခရီးပန်းတိုင် ရှိမှာပဲလို့ ကျွန်မ ထင်ခဲ့တယ်။ အဲဒါက ဘုရားနှုတ်ကပတ်တော်တွေနဲ့ သိသိသာသာ ဆန့်ကျင်နေတာ မဟုတ်လား။ ကျေးဇူးတော်ခေတ်မှာ၊ ပေါလုက သခင့်ရဲ့ ဧဝံဂေလိတရားကိုဖြန့်ဝေရင်းနဲ့ ဥရောပနေရာ အများစုကို သွားခဲ့တယ်။ သူ ဆင်းရဲဒုက္ခ အများကြီးခံခဲ့တယ်၊ အလုပ်အများကြီး ပြီးစီးခဲ့သလို၊ အသင်းတော် အများကြီး တည်ထောင်ခဲ့တယ်။ ဒါပေမယ့် သူ လုပ်ခဲ့သမျှတိုင်းက ဘုရားကို ကျိုးနွံနာခံခြင်းကြောင့် မဟုတ်ခဲ့ဘူး၊ ဒါမှမဟုတ် အဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်ဆောင်ဖို့ လုံးဝ မဟုတ်ခဲ့ဘူး။ သူ့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ကောင်းချီးခံစားရပြီး ဆုချီးမြှင့်ခံရဖို့ ဖြစ်ခဲ့တယ်။ အဲဒါကြောင့် ခရီးအများကြီးသွားပြီး ခက်ခဲတဲ့အလုပ် အများကြီး လုပ်ပြီးတဲ့နောက်မှာ သူ ပြောခဲ့တာက၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ပေါလုက ဘုရားဆီကနေ သရဖူကို ပေါ်တင် တောင်းဆိုနေခဲ့တာပဲ။ သူ့ရဲ့ အနစ်နာခံမှုတွေက မစစ်မှန်ခဲ့သလို၊ ဘုရားကို ကျိုးနွံနာခံခြင်းကနေ ဖြစ်လာခဲ့တာ မဟုတ်ဘူး။ နောက်ဆုံးမှာ၊ နိုင်ငံတော်ထဲကို သူ မရောက်ခဲ့ရုံမက၊ အပြစ်လည်းအပေးခံရတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ၊ ကိစ္စတွေကို သမ္မာတရားနဲ့ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ ကြည့်မနေခဲ့ဘဲ၊ စာတန်ရဲ့ဆင်ခြင်တွေးခေါ်မှုစနစ်အတိုင်း၊ ပြီးတော့အရောင်းအဝယ် သဘောထားတစ်ခုနဲ့ ဘုရားအမှုတော်ကို အကဲဖြတ်နေမိခဲ့တယ်။ ကျွန်မလုပ်တာက လုံးဝ အဓိပ္ပာယ်မရှိခဲ့တာပါ။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်၊ “သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ကျွန်မ သဘောပေါက်လိုက်တာက၊ ကျွန်မအနေနဲ့ သမ္မာတရားကို လိုက်စားပြီး ကျွန်မတာဝန်ကို လုပ်ဆောင်တဲ့ဖြစ်စဉ်တစ်လျှောက်မှာ ကိုယ့်ကိုယ်ကိုယ် သိဖို့ အာရုံစိုက်ရမယ်၊ ကျွန်မရဲ့ မှားယွင်းတဲ့ ရှုထောင့်အမြင်တွေ၊ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းရမယ်၊ ဘုရားကို နာခံမှု ရရှိရမယ်၊ ပြီးတော့ ဘုရားရဲ့ အလိုတော်ကလွဲလို့ တခြားဘာကိုမှ ထည့်သွင်းမစဉ်းစားဘဲ ကျွန်မ တာဝန်ကို လုပ်ရမယ်ဆိုတာပါပဲ။ အဲဒါက ဘုရားရဲ့ ကယ်တင်ခြင်းခံရဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါတွေအားလုံးကို ကျွန်မ သဘောပေါက်လိုက်တာနဲ့၊ ဆုတောင်းလိုက်တယ်- “ကျွန်မရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဘာပဲဖြစ်ပါစေ၊ ကျိုးနွံနာခံဖို့ ကျွန်မ အသင့်ပါ။ ကျွန်မ အသက်ရှင်ပြီး ဆေးရုံက ထွက်ရရင်၊ ကျွန်မမှာ ထွက်သက်တစ်ခု ကျန်နေသရွေ့ ဘုရားရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မတာဝန်ကို လုပ်ပါ့မယ်”လို့ပေါ့။
ကျွန်မ ဆေးရုံမှာရှိတဲ့ ၁၂ ရက်နေ့မြောက်မှာ၊ ဆေးရုံဆင်းခွင့် ရနိုငချေရှိမရှိ စစ်ဆေးပေးလို့ရမလားလို့ ကျွန်မ မေးတယ်၊ ဆရာဝန်က စစ်ဆေးပြီးတဲ့နောက်၊ “ဦးနှောက်သွေးယိုစိမ့်တာ ရပ်သွားပြီ၊ ဒါပေမယ့် သွေးခဲတွေက လုံးဝ ပျော်မသွားသေးဘူး။ ၁၂ ရက်တာပဲ ကုသမှုအတွက် ဒါက တကယ်ကို ကောင်းတဲ့ပုံပါပဲ” တဲ့။ ဒါကို ကြားတော့ ကျွန်မ အရမ်းပျော်သွားပြီး၊ ကျွန်မကို ကွယ်ကာတဲ့အတွက် ဘုရားကို ကျေးဇူးတင်မိတယ်။ ဆရာဝန်က ကျွန်မ ဆေးရုံကထွက်တဲ့အခါ၊ ကျွန်မ ပြန်ကောင်းလာဖို့ကို အာရုံစိုက်ဖို့လိုပြီး ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်မလုပ်ဖို့ လိုတယ်၊ ပြီးတော့ ကျွန်မရဲ့ ဦးနှောက်သွေးကြောတွေက တကယ်ကို အထိမခံလို့၊ ကျွန်မ လဲကျမသွားအောင် သေချာလုပ်ရမယ်၊ မဟုတ်ရင်၊ ဒုတိယအကြိမ် လေဖြတ်တာရဲ့ အကျိုးဆက်တွေက လုံးဝဆိုးလိမ့်မယ်လို့လည်း ပြောတယ်။ ကျွန်မ အိမ်ပြန်ရောက်တဲ့နေ့မှာ၊ ကျွန်မနဲ့ အလုပ်လုပ်တဲ့ အစ်မကျန်းက ပြီးခဲ့တဲ့ လေးရက်က ထွက်သွားခဲ့ပေမယ့် သူ့ရဲ့ ဧည်ခံတဲ့အိမ်ကို ပြန်မရောက်သေးဘူးလို့ပြောထားတဲ့ စာတိုတစ်စောင် ကျွန်မရတယ်။ သူ အဖမ်းခံရတာ သိပ်ဖြစ်နိုင်ချေရှိတယ်။ ဒါကို ကြားရတာ တကယ် စိတ်ပူစရာပါပဲ။ အဲဒါက သူ သွားဖူးတဲ့ စုဝေးတဲ့နေရာတွေနဲ့ အသင်းတော် အလှူငွေတွေ သိမ်းထားတဲ့ အိမ်တွေ အားလုံး အန္တရာယ်ရှိနေတဲ့ သဘောပဲ။ ဒါကြောင့် ကြိုတင်ကာကွယ်တာတွေလုပ်ဖို့ သူတို့ကို ချက်ချင်း အကြောင်းကြားဖို့ လိုတယ်။ ဒါပေမယ့် အဲဒါက နေရာအများကြီး ပါဝင်နေပြီး၊ ဆေးရုံက ဆင်းစဆိုတော့၊ ပတ်ပတ်လည်မှာ ဖြစ်ပျက်နေတဲ့အရာအားလုံးကို ကျွန်မ ကိုယ်ထိလက်ရောက် မကိုင်တွယ်နိုင်ခဲ့ဘူး။ ဒီအရာက ဒီကိစ္စမတိုင်မီ၊ ဒါမှမဟုတ် ဒီကိစ္စပြီးတဲ့နောက်ကျမှ ဘာလို့ မဖြစ်နိုင်ရတာလဲ။ ဘာလို့ဲဒီလို အရေးကြီးတဲ့ အဆင့်မှာမှ ဖြစ်ခဲ့ရတာလဲ။ ကျွန်မ နောက်ထပ်လေဖြတ်ခဲ့ရင်၊ ကျွန်မကို မရပ်နိုင်အောင်တောင် ဖြစ်သွားစေနိုင်ပြီး၊ အဲဒီလူတွေအားလုံးကို သွားသိခွင့်ပေးဖို့က တကယ်ကို အန္တရာယ်များပါတယ်။ ကျွန်မ အဖမ်းခံခဲ့ရရင်၊ ရဲတွေ ညှဉ်းဆဲတာကို ကျွန်မ ရုပ်ပိုင်းအရ ခံနိုင်ပါ့မလား။ အဲဒါက ကျွန်မရဲ့ အဆုံးသတ် ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် အစ်မကျန်းနဲ့ ကျွန်မကပဲ ဒီညီအစ်ကို မောင်နှမတွေ နေတဲ့နေရာကို သိတယ်၊ ဒီတော့ သူတို့ကို ကျွန်မ သွားမပြောဘဲ သူတို့ အဖမ်းခံရပြီး အလှူငွေတွေကို ရဲတွေက ယူသွားခဲ့ရင်၊ ဆိုးရွားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်မှာ။ ဝေခွဲမရဖြစ်နေရင်းနဲ့၊ ကျွန်မ ဆေးရုံကနေ ထွက်ဖို့ အသက်ရှင်ခဲ့ရင်၊ ကျွန်မရဲ့တာဝန်မှာ ကျွန်မ လုံးလုံးလျားလျား မြှုပ်နှံထားပြီး ဘုရားရဲ့ မေတ္တာကို ကျွန်မရဲ့နောက်ဆုံးထွက်သက်ထိ ပြန်ပေးဆပ်မယ်ဆိုတဲ့ ဆေးရုံကမဆင်းခင် ကျွန်မ တောင်းခဲ့တဲ့ ဆုတောင်းချက်ကို တွေးမိသွားတယ်။ အခု တစ်ခုခု ဖြစ်နေပြီ၊ ကျွန်မရဲ့ ကတိကို အဲဒီလိုနဲ့ပဲ ကျွန်မ ဘယ်လိုလုပ် မေ့သွားနိုင်ရတာလဲ။ ဘုရားရှေ့မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပျပ်ဝပ်ပြီး ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကျွန်မကို ကိုယ်တော် စောင့်ကြည့်နေမှန်း၊ ကျွန်မ ဘယ်သဘောထား ရှိတယ်ဆိုတာကို မြင်နေမှန်း သိပါတယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကျွန်မ ထိန်းသိမ်းပြီး ကျွန်မတာဝန်ကို လုပ်ဖို့ လိုလားပါတယ်” လို့ပေါ့။ သခင်ယေရှု ကားတိုင်မှာ သံမှိုရိုက်ခံခဲ့ရချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာအကြောင်းကိုလည်း ကျွန်မ တွေးမိတယ်၊ အဲဒါက ကျွန်မအတွက် တကယ်ကိုတို့ထိစရာ ဖြစ်ခဲ့တယ်။ သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ဖို့ သက်သက်နဲ့ တစ်ခါမှ နောက်လှည့်မကြည့်ဘဲ သူ့ရဲ့ ကားစင်တင်အသတ်ခံရမယ့်နေရာကို သွားခဲ့ပြီး၊ တွေးကြည့်လို့မရနိုင်အောင် ကြီးမားတဲ့ နာကျင်မှုနဲ့ အရှက်ကွဲခြင်းကို ခံစားခဲ့ရတယ်။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ မေတ္တာက အရမ်းကြီးမားတယ်။ ကျွန်မတို့အတွက် သူက သူ့အသက်ကို စွန့်ခဲ့တယ်၊ ဒါဆိုရင် ဘာကြောင့် ကျွန်မက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို လက်လွတ်ပြီး ဘုရားရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ အသင်းတော်အလုပ်ကို မကာကွယ်နိုင်ရမှာလဲ။ အဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ ဘုရားရဲ့ ကျေးဇူးတော်ကိုပဲ မွေ့လျော်ပြီး ကျွန်မရဲ့ကိုယ်ပိုင် ကောင်းချီးတွေကိုပဲ မစဉ်းစားနိုင်ပါဘူး။ ကျွန်မတာဝန်ကို ကျွန်မ မလုပ်ရင်၊ လူသားလို့တောင် ကျွန်မ မခေါ်ထိုက်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ခွန်အားပေးခံရပြီး၊ ပြဿနာတွေကို တာဝန်ယူဖို့ အစီအစဉ်တွေ ကျွန်မ စလုပ်တယ်။ ကျွန်မကို ကူပေးနေတဲ့ တခြားညီအစ်မတစ်ယောက်ရဲ့ လက်မောင်းကို မှီပြီး ဒုတိယ ဧည့်ခံတဲ့အိမ်ကို ကျွန်မသွားတဲ့ လမ်းမှာပဲ၊ အစ်မကျန်းက တကယ် အဖမ်းခံခဲ့ရတာ မဟုတ်မှန်း သိလိုက်ရတယ်။ ဘုရားကို ကျွန်မ အရမ်း ကျေးဇူးတင်မိတယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ ရှုထောင့်အမြင်တွေကို ပြုပြင်နိုင်ခဲ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခဲ့လို့ ကျွန်မ အများကြီးလည်း ပိုအေးချမ်းသွားတယ်။
ဒီခြောက်နှစ်တာက တကယ်ကို မြန်မြန်ဆန်ဆန်ပဲ ကုန်သွားတယ်။ ကျွန်မ အကုန် ကောင်းမသွားသေးဘူး။ ကျွန်မ ဘယ်လက်နဲ့ ခြေက နည်းနည်း ထုံကျင်နေတုန်းပဲ၊ ဒါပေမယ့် ဘုရားလက်ထဲမှာ ကျွန်မရဲ့ ကျန်းမာရေးရှိမှန်း ကျွန်မ သိတယ်။ အပြည့်အဝ နာလံမထူတာက ကျွန်မအတွက် သတိပေးချက်အနေနဲ့၊ ကောင်းချီးရဖို့ ကျွန်မရဲ့ အားထုတ်မှုတွေ မလုပ်ဖို့၊ ပေါလုလို မမှန်တဲ့လမ်းကြောင်းပေါ် အဆုံးမသတ်ဖို့ သတိပေးချက်တစ်ခုလို ဖြစ်နေတာပါ။ ဒီအရာအားလုံးတစ်လျှောက် ကျွန်မ ဆင်းရဲဒုက္ခခံခဲ့ရပေမယ့် အဲဒါက ကျွန်မရဲ့ ဆိုးယုတ်တဲ့ သဘာဝကို ပိုပြီး နားလည်စေသလို၊ အားထုတ်လိုက်စားတာနဲ့ ကောင်းချီးခံစားရတာတွေအပေါ် ကျွန်မရဲ့ မှားတဲ့ရှုထောင့်အမြင်တွေကို ပြုပြင်ပေးတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ၊ သမ္မာတရားကို ကျွန်မ လိုက်စားပြီး ဘုရားကို ကျိုးနွံနာခံနေသင့်သလို၊ အဖန်းဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်နေသင့်မှန်း ကျွန်မ နားလည်သွားပြီ။ အခု ကျွန်မရဲ့ အားထုတ်လိုက်စားမှုမှာ မှန်ကန်တဲ့ ရည်မှန်းချက်ရှိပြီ— ဒီနာမကျန်းမှုက ရုပ်ဖျက်ထားတဲ့ ကောင်းချီးမင်္ဂလာတစ်ခုပါပဲ။ ဒီအရာအားလုံးကို သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ လုံးဝ ရနိုင်ခဲ့မှာ မဟုတ်ပါဘူး။ သူ့ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။