ဘုရားသခင်၏ စမ်းသပ်ခြင်းများနှင့်ဆိုင်သော အဓိပ္ပာယ်ကို နောက်ဆုံးတွင် ကျွန်မ နားလည်သွားသည်
လုယိ၊ တရုတ်ပြည်၂၀၂၄ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာပေါ့။ ကျွန်မနဲ့ ပူးပေါင်းလုပ်နေတဲ့ ညီအစ်မတွေနဲ့အတူ ဆောင်းပါးတွေကို သုံးသပ်နေခဲ့ကြတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ ငယ်ငယ်ကတည်းက ကျန်းမာရေး ချို့တဲ့ခဲ့တယ်။ ဆယ်ကျော်သက်အရွယ်မှာ ခြေထောက်နာလာတယ်။ ကျွန်မမှာ လေးဖက်နာ အဆစ်အမြစ် ရောင်ရမ်းတဲ့ ရောဂါရှိလို့ ကုသမှုခံယူဖို့ လိုတယ်လို့ ဆရာဝန်က ပြောတယ်။ အဲဒီတုန်းက ကျွန်မတို့အိမ်က ဆင်းရဲတော့ ဆေးမကုနိုင်ခဲ့ဘူး။ နာတာကျင်တာ ပြင်းထန်လာရင် အကိုက်အခဲပျောက်ဆေး နှစ်လုံးသုံးလုံး သောက်လိုက်တယ်။ နာတာသက်သာအောင်လို့ အဝတ်အစားတွေ ထပ်ဝတ်တာ အပူပေးထားတဲ့အုတ်ခုတင်ပေါ် ထိုင်တာတွေ လုပ်ခဲ့ရတယ်။ အသက်နှစ်ဆယ်မှာတော့ ကျွန်မရဲ့ အခြေအနေက ပိုဆိုးလာပြီး လေဖြတ်သွားခဲ့ပါတယ်။ အချိန်တစ်ခုအထိ ကုသမှုခံယူပြီးတဲ့နောက်မှာ ကျွန်မ လမ်းပြန်လျှောက်နိုင်ခဲ့ပေမဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခု ကျန်ခဲ့ပါတယ်၊ အဲဒါကတော့ လမ်းအများကြီး လျှောက်ရင် ကျွန်မရဲ့ ခြေထောက်တွေ နာတာပါပဲ။ နောက်ပိုင်းမှာ သခင်ယေရှုကို ကျွန်မ ယုံကြည်လာတယ်။ အံ့ဩစရာကောင်းတာက၊ တစ်လကျော်လောက်အကြာမှာ ကျွန်မခြေထောက်တွေက အံ့သြစရာကောင်းအောင် ပျောက်ကင်းသွားပြီး ကျွန်မ အရမ်းဝမ်းသာခဲ့တယ်။ သူ့ရဲ့ ကျေးဇူးတော်အတွက် သခင်ယေရှုကို ကျေးဇူးတင်ဖို့၊ အသင်းတော်က စီစဉ်ပေးတဲ့အတိုင်း သက်သေခံတာတွေ၊ ဧဝံဂေလိတရားဟောတာတွေမှာ ကျွန်မ အရမ်းတက်ကြွခဲ့တယ်။ သခင့်အတွက် သက်သေခံပြီး ဧဝံဂေလိတရားဟောရင် ဘုရားသခင်က ကျွန်မကို ဆက်ပြီး စောင့်ရှောက်ကာကွယ်ပေးမှာဖြစ်ပြီး ပိုကြီးမားတဲ့ ကျေးဇူးတော်ကိုတောင် ကျွန်မ ရနိုင်မယ်လို့ ခံစားခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ကျွန်မရဲ့ ယုံကြည်ခြင်းကို အသက်ကယ်ကြိုးတစ်ချောင်းလို ဖက်တွယ်ထားခဲ့ပြီး ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မရဲ့ စိတ်အားထက်သန်မှုက အများကြီး တိုးလာခဲ့တယ်။
၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ သခင်ယေရှု ပြန်ကြွလာတာကို ကြိုဆိုရလို့ ကျွန်မ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားခဲ့ပြီး တွေးမိတယ်။ “ဘုရားသခင်က ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ဖို့ နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြတယ်။ တာဝန်တွေ ပိုထမ်းဆောင်ဖို့နဲ့ ကောင်းမှုတွေကို ပြင်ဆင်ဖို့ ဒီအခွင့်အရေးကို ငါ အရယူရမယ်။ ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်ပြီး ကိုယ့်တာဝန်တွေကို သစ္စာရှိရှိ ထမ်းဆောင်သရွေ့၊ ဘုရားသခင်က ငါ့တစ်သက်လုံး ဘေးကင်းပြီး ကျန်းမာအောင် သေချာပေါက် စောင့်ရှောက်မှာပဲ။ ဘုရားသခင်ရဲ့ အမှုတော် ပြီးစီးတဲ့အခါ၊ ငါလည်း နိုင်ငံတော်ထဲဝင်ပြီး ကြီးမြတ်တဲ့ ကောင်းချီးတွေကို မွေ့လျော်ခံစားရမှာ။ ဒါက ကြီးကြီးမားမား ကောင်းချီးပဲ” လို့ပေါ့။ ဘုရားသခင်ကို ယုံကြည်ပြီး မကြာခင်မှာပဲ၊ တာဝန်ထမ်းဆောင်ဖို့ ကျွန်မ စပြီး လေ့ကျင့်ခဲ့တယ်။ အသင်းတော်က ဘာတာဝန်တွေပဲ စီစဉ်ပေးပါစေ၊ ကျွန်မ နာခံခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ၊ ဧည့်ခံတဲ့တာဝန်ထမ်းဆောင်ဖို့ မြို့ထဲမှာ အိမ်ငှားပြီး အိမ်ကနေ ထွက်ခွာခဲ့တယ်။ ပင်ပန်းပြီး ခက်ခဲပေမဲ့၊ ကျွန်မစိတ်နှလုံးထဲမှာ ညည်းညူတာ မရှိခဲ့ဘူး။ နှစ်တွေက ခပ်မြန်မြန်ကုန်ဆုံးသွားတယ်၊ ခေါင်းဆောင်တွေက ကျွန်မကို စုဝေးပွဲအဖွဲ့တချို့ကို ကြီးကြပ်ဖို့ စီစဉ်ပေးတယ်။ ကျွန်မက စက်ဘီးမစီးတတ်တော့ ခရီးဘယ်လောက်ဝေးဝေး လမ်းလျှောက်သွားတယ်။ တစ်ခါတလေ နေ့လယ်စာစားဖို့ အိမ်ပြန်ပြီးမှ စုဝေးပွဲတွေအတွက် ပြန်ထွက်ရင် နောက်ကျမှာမို့လို့ နေ့လယ်စာတောင် မစားဘဲ နေလိုက်တယ်။ လမ်းအရမ်းလျှောက်လို့ ခြေထောက်တွေ နာတဲ့အခါမှာတောင် ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ နှစ်တွေတစ်လျှောက် အခက်အခဲတွေရှိပေမဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင် ကျွန်မလုပ်သမျှကို ဘုရားသခင် သတိပြုမိမှာဖြစ်ပြီး တာဝန်တွေအပေါ်ထားတဲ့ ကျွန်မရဲ့ သစ္စာစောင့်သိမှုအတွက် သေချာပေါက် ကာကွယ်ပေးပြီး ကောင်းချီးပေးမယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။
၂၀၁၉ ခုနှစ်မှာ ကျွန်မရဲ့ ခြေထောက်နာတာ ပြန်ဖြစ်လာတယ်။ တစ်ခါတလေ လမ်းအရမ်းလျှောက်ရင်၊ ဒူးခေါင်းက အရမ်းနာလွန်းလို့ ကွေးလို့တောင် မရဘူး။ ညဘက်ဆိုရင် အိပ်တဲ့အခါ ခြေထောက်ကို ကောင်းကောင်း မဆန့်နိုင်ဘဲ တစ်ခါတလေ နာလွန်းလို့ အိပ်ရာကနေ လန့်နိုးလာတယ်။ ဆေးစစ်ဖို့ ဆေးရုံသွားတော့၊ ညာဘက် ဒူးခေါင်းဆစ်ကို ခွဲစိတ်ပြီး အစားထိုးဖို့လိုတယ်လို့ ဆရာဝန်က ပြောတယ်။ အဲဒီတုန်းက ကျွန်မတို့အိမ်မှာ ကုသဖို့ ပိုက်ဆံမရှိဘူး၊ ပြီးတော့ ကျွန်မက တာဝန်ထမ်းဆောင်နေတာလေ။ ကျွန်မ တွေးမိတယ်၊ “ကိုယ့်တာဝန်တွေကို ငါ ကောင်းကောင်းမွန်မွန် ထမ်းဆောင်ရင်၊ တစ်နေ့ကျရင် ဘုရားသခင်က ဒီရောဂါကို ဖယ်ရှားပေးကောင်းပါရဲ့” လို့ပေါ့။ ဒါကြောင့် ခွဲစိတ်ကုသတာ မလုပ်ဘဲ အဲဒီအစား အကိုက်အခဲပျောက်ဆေး သောက်ပြီး နာတာ သက်သာအောင် ဆေးကပ်ခွာ ကပ်ခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ၊ တစ်ခါတလေ နာလွန်းလို့ ညဘက် အိပ်မပျော်နိုင်ဘူး။ နေ့ဘက်မှာဆိုရင်လည်း အကြာကြီး ထိုင်မိရင်၊ မတ်တတ်ရပ်တဲ့အခါ ချက်ချင်း လမ်းမလျှောက်နိုင်ဘူး။ လမ်းနည်းနည်း လျှောက်နိုင်ဖို့အတွက် ခြေထောက်ကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးရတယ်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ၊ ကျွန်မရဲ့ ခြေထောက်နာတာ ဘယ်လောက်ဆိုးလဲဆိုတာ သားဖြစ်သူက မြင်တော့ ဓာတ်မှန်ရိုက်ဖို့ ဆေးရုံကို ခေါ်သွားတယ်။ ဆရာဝန်က ဓာတ်မှန်ကို ကြည့်ပြီး ပြောတယ်။ “ဘာလို့ ဒီလောက် ပြင်းထန်တဲ့အထိ စောင့်ပြီးမှ လာကုတာလဲ။ အခုဆိုရင် ညာဘက် ဒူးခေါင်းဆစ်က အနေအထား တော်တော် ဆိုးနေပြီ။ ခြေကျင်းဝတ် အဆစ်နှစ်ခုစလုံးကလည်း ပုပ်သွားပြီ။ ဆေးသောက်တာနဲ့ အပ်စိုက်ကုတာတွေက ဘာမှ ထူးမှာ မဟုတ်တော့ဘူး။ အကောင်းဆုံး ကုသမှု အစီအစဉ်ကတော့ ခြေကျင်းဝတ်နဲ့ ဒူးခေါင်းဆစ် အားလုံးကို အစားထိုးကုသဖို့ပဲ။ သုံးလတစ်ကြိမ် အဆစ်တစ်ခုစီ အစားထိုးမယ်ဆိုရင် တစ်နှစ်လောက်ဆိုရင် အကုန်ပြီးသွားမှာပါ။ မဟုတ်ရင်တော့ ခင်ဗျား လေဖြတ်သွားနိုင်တယ်” တဲ့။ ဆရာဝန်ရဲ့ ရောဂါသတ်မှတ်ချက်ကို ကြားလိုက်ရတော့ ကျွန်မ လဲကျမတတ် ဖြစ်သွားတယ်။ နှစ်တွေတစ်လျှောက် ခြေထောက်နာတာ ပိုဆိုးလာလို့ စိတ်ထဲမှာ ကြိုပြီး ပြင်ဆင်ထားပေမဲ့၊ အခြေအနေက ဒီလောက်ထိ ဆိုးရွားမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ လေဖြတ်သွားရင်၊ ကျွန်မ ဘယ်လို အသက်ရှင်ရမလဲ။ ကျွန်မ စိတ်ဓာတ်ကျသွားခဲ့ပြီး မျက်ရည်တွေကို ထိန်းထားခဲ့ရတယ်။ အိမ်ပြန်ရောက်တော့၊ လေလျှော့ထားတဲ့ ဘောလုံးလိုပဲ အိပ်ရာပေါ် ပုံလျက်လေး ကျသွားတယ်။ အားမရှိသလို ခံစားရပြီး မျက်ရည်တွေက ထိန်းမရအောင် စီးကျလာတော့တာပေါ့။ ဘုရားသခင်အပေါ် ကျွန်မရဲ့ ညည်းညူတာတွေ၊ အထင်လွဲတာတွေ အကုန်လုံး ပွင့်အန်ကျလာတယ်။ “ဧည့်ခံရေးလုပ်ဖို့အတွက် နာကျင်တာကို သည်းခံပြီး တောင်ပေါ်တက် သစ်အယ်သီး ခူးရောင်းတုန်းက၊ ဘယ်လောက်ပဲခက်ခဲပါစေ၊ ကျွန်မ ဘယ်တော့မှ မညည်းညူခဲ့ဘူး။ နောက်ပိုင်း စုဝေးပွဲအဖွဲ့တွေကို ကြီးကြပ်ရတုန်းကလည်း၊ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံပြီး တာဝန်တွေကို ဘယ်တော့မှ မနှောင့်နှေးစေခဲ့ဘူး။ ခြေထောက်နာတာကိုလည်း မညည်းညူခဲ့ဘူး။ ဘာလို့ ဘုရားသခင်က ကျွန်မကို မကာကွယ်ပေးတာလဲ။ အခု ဒူးခေါင်းဆစ် အစားထိုးဖို့ လိုနေပြီ၊ အိမ်မှာကလည်း အဲဒီလောက် ပိုက်ဆံမရှိဘူး။ ဒါပေမဲ့ ခွဲစိတ်မှု မလုပ်ရင်လည်း လေဖြတ်တာနဲ့ ရင်ဆိုင်ရမှာ” လို့ပေါ့။ အဲဒီရက်တွေမှာ၊ လေဖြတ်တုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ ဒုက္ခတွေကို တွေးမိတိုင်း၊ ကျွန်မ ရင်တုန်ပြီး မျက်ရည်တွေ ထိန်းမရအောင် ကျလာတယ်။ ညီအစ်ကိုမောင်နှမတွေ လမ်းလျှောက်နိုင်၊ ပြေးနိုင်ပြီး တာဝန်ထမ်းဆောင်နေကြတာကို တွေ့ရတော့၊ ကျွန်မ သူတို့ကို တကယ် အားကျမိတယ်။ လူတိုင်းလိုပဲ ကျန်းမာတဲ့ ခြေထောက်နှစ်ဖက် ဘာလို့ ကျွန်မမှာ မရှိနိုင်ရတာလဲ။ ဘုရားသခင်ကို ယုံကြည်ရင်၊ ကျွန်မကို အမြဲ ကာကွယ်ပေးမယ်လို့ ထင်ခဲ့တာ။ ဒီလိုဖြစ်လာမယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဘူး။ ကျွန်မရဲ့ အခြေအနေကို ခေါင်းဆောင်က သိသွားတော့၊ ကျွန်မနဲ့ မိတ်သဟာယပြုပေးတယ်။ “ကျွန်မတို့ဆီ ရောဂါဘယ ရောက်လာတဲ့အခါ၊ အဲဒီအထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ပါရှိပါတယ်။ ဘုရားသခင်ကို အထင်မလွဲပါနဲ့။ ဖျားနာတဲ့အခါ၊ ကျွန်မတို့ ထုတ်ဖော်မိတဲ့ ဖောက်ပြန်ပျက်စီးမှုတွေ၊ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အမြင်တွေကို ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူဖို့ လိုပါတယ်” တဲ့။ ခေါင်းဆောင်က ကျွန်မရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဘုရားနှုတ်ကပတ်တော် အခန်းအချို့ကို ထပ်ခါတလဲလဲ ဖတ်ဖို့လည်း အကြံပေးခဲ့ပါတယ်။ သူပြန်သွားပြီးတဲ့နောက်၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ အမြန်ရှာဖတ်လိုက်တယ်။ “တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို နားလည်ခံစားစေရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တော့၊ လင်းထိန်သွားသလို ခံစားရတယ်။ “ဒီရောဂါ ငါ့ဆီ ရောက်လာတာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်း ရှိနေတယ်။ ဘုရားသခင်က ငါ့ကို ဖယ်ရှားရှင်းလင်းဖို့၊ ဖျားနာမှုက ဆောင်ကြဉ်းလာတဲ့ နာကျင်မှုနဲ့ ခံစားချက်မျိုးစုံကို ခံစားရစေဖို့ ကြိုးစားနေတာမဟုတ်ဘဲ၊ နှစ်တွေတစ်လျှောက် ငါ့ယုံကြည်ခြင်းထဲက အညစ်အကြေးတွေကို သန့်စင်ပေးဖို့ပဲ” လို့ပေါ့။ ပြီးတော့ “ငါ့ဆီက ဘာကို ဘုရားသခင်က သန့်စင်ပေးချင်တာလဲ” လို့ ကျွန်မ စိတ်နှလုံးထဲမှာ ဆက်တွေးမိတယ်။ တစ်လျှောက်လုံး ကျွန်မ ဘုရားသခင်ကို ယုံကြည်တာက ကျေးဇူးတော်ကို ရှာဖွေဖို့၊ ကျန်းမာရေးကောင်းဖို့နဲ့ အေးချမ်းတဲ့ ဘဝရဖို့ မျှော်လင့်ချက်နဲ့ပဲဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ အစတုန်းက ဘုရားသခင် ကျွန်မကို ကျေးဇူးတော် ပေးသနားတုန်းက၊ ကျွန်မ အရမ်းပျော်ခဲ့ပြီး ဘုရားသခင်ကို ယုံကြည်ရာမှာ ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ ခွန်အားတွေ အပြည့်ရှိခဲ့တယ်။ ဒါပေမဲ့ အခု လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါကို အကြီးအကျယ် ခံစားရပြီး လေဖြတ်သလို ဖြစ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတော့၊ ဘာလို့ ကျွန်မကို မကာကွယ်ပေးတာလဲဆိုပြီး ဘုရားသခင်ကို ငြင်းခုံပြီး ညည်းညူမိတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းက ဘာသာရေးသမားတွေနဲ့ ဘာမှမခြားနားဘူးဆိုတာ မြင်လိုက်ရတယ်။ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ဘဲ၊ သမ္မာတရားကို မလိုက်စားဘဲ သူ့ဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကိုပဲ တောင်းဆိုနေခဲ့တာလေ။ ဒါကို သဘောပေါက်လိုက်တော့၊ ကျွန်မ အပြစ်ရှိသလို ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီနှစ်တွေတစ်လျှောက် ကိုယ်တော့်ကို ယုံကြည်ရာမှာ၊ မှားယွင်းတဲ့ အမြင်တွေနဲ့ လိုက်စားခဲ့ပြီး မှားယွင်းတဲ့ လမ်းကြောင်းကို သမီး လျှောက်ခဲ့မိပါတယ်။ ကိုယ်တော်က ဒီရောဂါကို သမီးဆီ ကျရောက်ခွင့်ပေးလိုက်တာဟာ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကောင်း ရှိလို့ပါ။ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်ဖို့ သမီး လိုလားပါတယ်” လို့ပေါ့။
ကျွန်မ ရှာဖွေနေစဉ်မှာ၊ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို တွေ့ခဲ့ပြီး ကျွန်မရဲ့ အခြေအနေကို နားလည်မှုတချို့ ရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရနိုင်လိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ အမျက်ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းယူချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထောင်းခနဲထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင် ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) “လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ အဲဒါတွေက ကျွန်မ ရင်ထဲကို ထိုးဖောက်သွားသလို ခံစားရပြီး ကျွန်မ နာကျင်ခံစားလိုက်ရတယ်။ ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင် တရားစီရင်ပြီး၊ ကျွန်မရဲ့ အခြေအနေကို ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်နေသလိုပါပဲ။ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာနဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာဟာ ဘုရားသခင်က ကျွန်မကို ဘေးကင်းအောင် စောင့်ရှောက်ဖို့၊ ငြိမ်းချမ်းတဲ့ ဘဝ ပေးသနားဖို့နဲ့ ကျန်းမာရေး ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ခဲ့တာမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားသခင် ဖော်ထုတ်ထားတဲ့အတိုင်း အတိအကျပါပဲ။ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ပြန်စဉ်းစားကြည့်ရင်၊ သခင်ယေရှုကို ယုံကြည်ပြီးနောက် ရောဂါပျောက်ကင်းသွားတုန်းက၊ သူ့ကို အသက်ကယ်ကြိုးတစ်ချောင်းလို ဖက်တွယ်ပြီး ဘုရားသခင်ဟာ လူတွေကို ကောင်းချီးပေးတဲ့ ဘုရားသခင် ဖြစ်တယ်လို့ ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ အမှန်တကယ် ယုံကြည်မယ်၊ ပိုဒုက္ခခံပြီး အသုံးခံနေသရွေ့ ဘုရားသခင်က ကျွန်မကို ကျန်းမာရေးကောင်းအောင် စောင့်ရှောက်ပြီး ရောဂါဘယနဲ့ ဘေးအန္တရာယ် ကင်းဝေးတဲ့ အေးချမ်းတဲ့ ဘဝကို ပေးသနားမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးနောက်မှာ၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံရာမှာ ကျွန်မ ပိုတောင် စိတ်အားထက်သန်လာခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့အတွက်၊ ညီအစ်ကိုမောင်နှမတွေကို ဧည့်ခံဖို့ အိမ်နဲ့ဝေးတဲ့ နေရာမှာ အိမ်ငှားခဲ့တယ်။ နောက်ပိုင်းမှာ အဖွဲ့စုဝေးပွဲတွေကို တာဝန်ယူရတဲ့အခါ၊ ရာသီဥတုအမျိုးမျိုးနဲ့ ခရီးဝေးတွေကို အံတုခဲ့တယ်။ တာဝန်ထမ်းဆောင်ရာမှာ ကျွန်မရဲ့ တာဝန်ယူမှုနဲ့ သစ္စာရှိမှုကို ဘုရားသခင် မြင်တွေ့ပြီး ကျွန်မတစ်သက်လုံး သေချာပေါက် ဘေးကင်းလုံခြုံအောင် စောင့်ရှောက်မယ်လို့ ယုံကြည်ခဲ့တာကိုး။ ဒါပေမဲ့ ဒီတစ်ခါ၊ ပြင်းထန်တဲ့ ရောဂါနဲ့ လေဖြတ်သလို ဖြစ်နိုင်တဲ့ အလားအလာကို ရင်ဆိုင်ရတော့၊ ကျွန်မ ဘုရားသခင်ကို ဆန့်ကျင်ခဲ့တယ်၊ စိတ်ဆိုးမာန်ဆိုး ညည်းညူခဲ့တယ်။ ကျွန်မရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေကို အသုံးပြုပြီး ဘုရားသခင်နဲ့ ငြင်းခုံခဲ့တယ်၊ စာရင်းရှင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတဲ့အတိုင်းပါပဲ။ “လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊…ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားသခင်က ကျွန်မကို ကျေးဇူးတော် ပေးသနားတုန်းက၊ သူ့ကို ကျွန်မ လုံးဝ ကျိုးနွံနာခံခဲ့တယ်။ ဒါပေမဲ့ တစ်ခဏလောက် ကျွန်မ စိတ်ကျေနပ်အောင် သူ မလုပ်ပေးတဲ့အခါကျတော့၊ သူ့အပေါ် ကျွန်မ ညည်းညူခဲ့တယ်။ ကျွန်မမှာ အသိစိတ် လုံးဝ ကင်းမဲ့ခဲ့တာ မဟုတ်လား။ ဒီလိုယုံကြည်ပြီးတော့တောင် ဘုရားသခင်ဆီက ကောင်းချီးတွေ ရဖို့နဲ့ ကောင်းကင်နိုင်ငံတော် ဝင်ဖို့ မျှော်လင့်နေသေးတာ၊ ကျွန်မ တော်တော် အရှက်မရှိတာပဲ။ ဒီရောဂါက ကျွန်မကို စေ့စေ့စပ်စပ် ထုတ်ဖော်လိုက်တာပဲ။ ဒီနှစ်တွေမှာ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တာတွေဟာ လုံးဝ စိတ်ရင်းအမှန်နဲ့မဟုတ်ခဲ့မှန်း ကျွန်မ မြင်လိုက်ရတယ်။ ဘုရားသခင် ကုသပေးတာ ခံရဖို့နဲ့ ကောင်းချီးတွေ ရဖို့အတွက် ကျွန်မ ကြိုးစားအားထုတ်ခဲ့တာပဲ။ ကျွန်မရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေကို သုံးပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာ။ အပေါ်ယံမှာတော့ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို အမီလိုက်နေသလို ထင်ရပေမဲ့ ဘာကို လိုက်စားရမလဲဆိုတဲ့ ကျွန်မရဲ့ အမြင်ကတော့ မပြောင်းလဲခဲ့ပါဘူး။ ကျွန်မက မုန့်ကို အဝစားဖို့အတွက်ပဲ ယုံကြည်နေရင်း ကျေးဇူးတော်ခေတ်က လူတွေလိုမျိုး ကျေးဇူးတော်နဲ့ ကောင်းချီးတွေကိုပဲ လိုက်စားနေခဲ့တုန်းပါပဲ။ အရင်တုန်းက ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ မိတ်သဟာယပြုဖူးပါတယ်။ ဘုရားသခင်က ကျေးဇူးတော်ခေတ် အမှုတော်ကို ဆက်မလုပ်တော့ကြောင်း၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်က တရားစီရင်ခြင်းနဲ့ လူတွေကို သန့်စင်ပေးတဲ့ အမှုတော်ကို ဆောင်ရွက်နေကြောင်း၊ ပြီးတော့ သမ္မာတရားကို လိုက်စားပြီး အသက်စိတ်သဘောထား ပြောင်းလဲမှသာ ကယ်တင်ခံရပြီး နိုင်ငံတော်ကို ဝင်ရောက်နိုင်မှာဖြစ်ကြောင်း ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို မလိုက်စားသလို စိတ်သဘောထား ပြောင်းလဲဖို့လည်း မလိုက်စားခဲ့ဘူး။ အဲဒီအစား၊ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို လိုက်စားဖို့ပဲ ကျွန်မ အာရုံစိုက်ခဲ့တယ်။ ဒီလိုပုံစံနဲ့ ဘုရားသခင်ကို ယုံကြည်လို့ ကျွန်မ ဘာများ ရနိုင်မှာလဲ။ နောက်ဆုံးမှာ၊ သမ္မာတရားကို ကျွန်မ နားမလည်နိုင်ရင်၊ ပြီးတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား မပြောင်းလဲနိုင်ရင်၊ ကျွန်မ ပျက်စီးသွားဦးမှာပဲမဟုတ်ဘူးလား။ အဲဒီနောက် ပေါလုအကြောင်း ကျွန်မ တွေးမိတယ်။ သူက ကိုယ်ကျိုးစီးပွား ရည်ရွယ်ချက်တွေ၊ မစင်ကြယ်မှုတွေနဲ့ ဘုရားသခင်ကို ယုံကြည်ခဲ့တယ်။ သူ့ရဲ့ အသုံးခံမှု၊ အားထုတ်မှုနဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို အသုံးပြုပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ ဘုရားသခင်ကို ဗြောင်ကျကျ ခြိမ်းခြောက်ပြီး ဖြောင့်မတ်ခြင်း သရဖူကို တောင်းဆိုခဲ့တယ်။ ဒီလိုနဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး ကိုယ်တော့်ရဲ့ ဖြောင့်မတ်တဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ ကျွန်မရဲ့ လိုက်စားမှုက ပေါလုရဲ့ လိုက်စားမှုနဲ့ သဘောသဘာဝချင်း တူနေတာ မဟုတ်လား။ ဘုရားသခင်အတွက် အလုပ်များပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီးတဲ့နောက်၊ ကျွန်မကို ကုသပေးဖို့နဲ့ ကျန်းမာအောင် စောင့်ရှောက်ပေးဖို့ ဘုရားသခင်ကို ကျွန်မ တောင်းဆိုခဲ့တယ်။ ကျွန်မ ဆန္ဒရှိတဲ့အတိုင်း ဘုရားသခင် မလုပ်ပေးတဲ့အခါကျတော့၊ ကျွန်မ သူ့ကို ငြင်းခုံပြီး အော်ဟစ်ကန့်ကွက်ခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို အတိုက်အခံလုပ်တာပဲ။ ဒီအရာတွေအားလုံးကို တွေးမိတော့၊ ကျွန်မ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းမိပြီး နောင်တမျက်ရည်တွေ ကျလာတယ်။ ကျွန်မ အသက်နှစ်ဆယ်တုန်းက လနှစ်လကျော်ကြာ လေဖြတ်ခဲ့ဖူးတာကို သတိရမိပါတယ်၊ ကျွန်မရောဂါအခြေအနေက ကုမရနိုင်ဘူးလို့ ဆရာဝန်တွေ ပြောခဲ့ပေမဲ့ ကျွန်မ ပြန်မတ်တတ်ရပ်နိုင်ပြီး လမ်းလျှောက်နိုင်ခဲ့တယ်။ တစ်လျှောက်လုံး ကျွန်မကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာ ဘုရားသခင်ပဲ။ ခြေထောက်မှာ ဝေဒနာကျန်ရစ်ခဲ့ပေမဲ့၊ အဲဒီရောဂါကြောင့်ပဲ ကျွန်မ ဘုရားသခင်ရှေ့မှောက်ကို ရောက်လာပြီး သခင်ယေရှုကို ယုံကြည်ခဲ့တာ။ နောက်ပိုင်းမှာ ဘုရားသခင်က ညီအစ်ကိုမောင်နှမတွေကတစ်ဆင့် ကျွန်မကို ဧဝံဂေလိတရား ဟောကြားပေးခဲ့ပြီး၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကံကောင်းလို့ လက်ခံခွင့်ရခဲ့ပြန်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရေလောင်းပေးမှုနဲ့ ထောက်ပံ့ပေးမှုကို မွေ့လျော်ခံစားခဲ့ရတယ်။ ဘုရားသခင်က ကျွန်မကို မေတ္တာအများကြီး ပြခဲ့တာပဲ။ ဒါပေမဲ့ အခု၊ ကျွန်မ လိုချင်သလို ဘုရားသခင် ကုသ မပေးလို့၊ ကျွန်မ သူ့ကို ပုန်ကန်ပြီး ညည်းညူခဲ့တယ်။ ကျွန်မမှာ အသိစိတ် လုံးဝ မရှိပါလား။ ကျွန်မ စိတ်နှလုံးထဲမှာ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးရဲ့ ထုံထိုင်းနေတဲ့ နှလုံးသားကို နိုးထစေတာ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။ ယုံကြည်ခြင်းမှာ ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့မှန်း အခုမှ သမီး သဘောပေါက်ပါတယ်။ ကိုယ်တော့် နှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့ပေးမှုကို သမီး အများကြီး ခံစားခဲ့ရပေမဲ့၊ ကိုယ်တော့် မေတ္တာကို ပြန်ဆပ်ဖို့ မတွေးဘဲ၊ အဲဒီအစား ကိုယ်တော့်ကို အထင်လွဲပြီး ညည်းညူခဲ့တယ်။ သမီးမှာ လူ့သဘာဝ တကယ်ကို ကင်းမဲ့နေပါတယ်။ ဘုရားသခင်၊ သမီး နောင်တရပြီး ပြောင်းလဲဖို့ လိုလားပါတယ်” လို့ပေါ့။
အဲဒီနောက်မှာ၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် ကျိုးနွံနာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မ အရမ်းရှက်မိပြီး ဒီအတိုင်း ပျောက်ကွယ်ချင်စိတ်ပေါက်သွားတယ်။ ယောဘက ဘုရားသခင်ကို ကိုယ်ကျိုးစီးပွား ရည်ရွယ်ချက်တွေ၊ မစင်ကြယ်မှုတွေ မရှိဘဲ ယုံကြည်ခဲ့တယ်။ ကောင်းချီးရမလား၊ ဘေးဒုက္ခ ရောက်မလား ဆိုတာကို ထည့်မတွက်ခဲ့ဘူး။ ဘုရားသခင် ပေးသည်ဖြစ်စေ၊ ရုပ်သိမ်းသည်ဖြစ်စေ သူ မညည်းညူခဲ့ဘူး။ ယောဘက ဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာမှာ ရပ်တည်ခဲ့တယ်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်ခဲ့တယ်။ သူ့ရဲ့ စမ်းသပ်မှုတွေအတွင်းမှာ၊ ယောဘဟာ စည်းစိမ်ဥစ္စာတွေ၊ သားသမီးတွေ အားလုံး ဆုံးရှုံးခဲ့ရပြီး၊ တစ်ကိုယ်လုံးမှာ ဆိုးဆိုးရွားရွား အနာစိမ်းတွေ ပေါက်တာကိုတောင် ခံစားခဲ့ရတယ်။ သူ့ရဲ့ ဆင်းရဲဒုက္ခက ကြီးမားခဲ့တယ်။ ပြာပုံပေါ်ထိုင်ပြီး အိုးခြမ်းပဲ့နဲ့ အနာတွေကို ခြစ်နေရတဲ့အချိန်မှာတောင်၊ ယောဘက ဘုရားသခင်ကို မညည်းညူခဲ့ဘူး။ သူ့ရဲ့ ဆင်းရဲဒုက္ခကို လျှော့ချပေးဖို့လည်း ဘုရားသခင်ကို မတောင်းဆိုခဲ့ဘူး။ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းနိုင်ခဲ့ပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တုန်းပဲ။ ယောဘရဲ့ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားကို တွေးမိတော့၊ ကျွန်မ အရမ်းရှက်မိတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့ နှစ်တွေတစ်လျှောက်၊ ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ရရှိတုန်းက၊ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်ခဲ့တယ်။ ဒါပေမဲ့ ခြေထောက်အခြေအနေ ပိုဆိုးလာတော့၊ ဘုရားသခင်ကို ကျွန်မ ညည်းညူပြီး၊ သူ့နဲ့ ငြင်းခုံကာ စာရင်းရှင်းချင်ခဲ့တယ်။ ကျွန်မရဲ့ အပြုအမူကို ပြန်စဉ်းစားကြည့်တော့၊ ကိုယ့်ကိုယ်ကိုယ် မုန်းမိပြီး ဘုရားသခင်ကို အကြွေးတင်နေသလို နက်နက်ရှိုင်းရှိုင်း ခံစားရတယ်။ ကျွန်မက ယောဘနဲ့ မိုးနဲ့မြေလို ကွာခြားပြီး၊ သူ့ရဲ့ လူ့သဘာဝနဲ့ ကြီးမားသော ယုံကြည်ခြင်းမျိုး မရှိပေမဲ့၊ ယောဘရဲ့ နမူနာကို လိုက်ဖို့ ကျွန်မ လိုလားခဲ့တယ်။ ကျွန်မ ခန္ဓာကိုယ် ဘာပဲဖြစ်နေပါစေ၊ လေဖြတ်သွားရင်တောင်၊ သေသွားရင်တောင်၊ ဘုရားသခင်ကို ကျွန်မ ညည်းညူမှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းမယ်။
နောက်ပိုင်းမှာ၊ ကျွန်မသားက ကျွန်မကို ဆေးစစ်ပေးဖို့ ပေကျင်းကို ခေါ်သွားချင်ခဲ့တယ်။ မထွက်ခွာခင်မှာ၊ ဘုရားသခင်ကို ကျိုးနွံနာခံတဲ့ ဆုတောင်းချက်တစ်ခု ကျွန်မ ပြုလုပ်ခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့အထိ သမီး အသက်ရှင်နေတာ ကိုယ်တော့်ရဲ့ သနားကရုဏာကြောင့်ပါ။ ကိုယ်တော့်ရဲ့ ကာကွယ်စောင့်ရှောက်မှုသာ မရှိရင်၊ သမီး သေတာ ကြာလှပါပြီ။ ဒါပေမဲ့ သမီးမှာ အသိစိတ် မရှိခဲ့ဘူး။ ကျေးဇူးတင်ရကောင်းမှန်း မသိသလို၊ ကိုယ်တော့် မေတ္တာကို ပြန်ဆပ်ရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ဒီနှစ်တွေမှာ၊ ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ သမီး အမြဲ ကြိုးစားခဲ့တယ်။ ကိုယ်တော့်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်ခဲ့တယ်။ ဘုရားသခင်၊ ကိုယ်တော်က သမီးရဲ့ ပြစ်မှားခြင်းတွေအတိုင်း သမီးကို မဆက်ဆံဘဲ၊ နောင်တရဖို့ အခွင့်အရေး ပေးခဲ့တယ်။ သမီး စိတ်ရင်းမှန်နဲ့ နောင်တရဖို့ လိုလားပါတယ်။ ပေကျင်းမှာ ရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုပဲ အဖြေထွက်လာပါစေ၊ ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို သမီး ကျိုးနွံနာခံပါမယ်။ သမီး လေဖြတ်သွားရင်တောင်၊ သေသွားရင်တောင်၊ ဒါဟာ ကိုယ်တော့်ရဲ့ ဖြောင့်မတ်ခြင်းပါပဲ။ ကိုယ်တော် စီစဉ်သမျှ အရာအားလုံး ကောင်းပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်၊ ကျွန်မ အများကြီး စိတ်သက်သာရာရပြီး ငြိမ်းချမ်းသွားတယ်။ ပေကျင်း ရောက်တဲ့အခါ၊ ဆရာဝန်က ကျွန်မ အခြေအနေ အရမ်းဆိုးရွားတယ်လို့ ပြောတယ်။ ညာဘက် ဒူးခေါင်း အတွင်းဘက်က အရိုးတစ်စက မဲပြီး ပုပ်နေပြီတဲ့။ ပိုဆိုးလာရင်၊ အရိုးကင်ဆာ ဖြစ်သွားနိုင်ပြီး၊ ခွဲစိတ်မှု အမြန်မလုပ်ရင် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးတဲ့။ ဒါကို ကြားရပေမဲ့၊ အရင်တုန်းကလို ကျွန်မ မကြောက်တော့ဘူး။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ပဲ ကျွန်မ တွေးလိုက်တယ်။ ခွဲစိတ်ကုသရင် ဘေးထွက်ဆိုးကျိုးတွေက အရမ်းပြင်းထန်ပြီး အရမ်းနာကျင်မှာမို့လို့၊ ကျွန်မ ခွဲစိတ်မှု မလုပ်တော့ဘဲ ဆေးတချို့ယူပြီးတော့ပဲ အိမ်ပြန်လာခဲ့တယ်။ ပေကျင်းက ပြန်ရောက်တဲ့ ညမှာ၊ အိပ်ရာပေါ်ထိုင်ပြီး ခြေထောက်ကို နှိပ်နယ်ရင်း ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ခြေထောက်ကို ဆန့်လို့ရနိုင်မလား ကြည့်ရအောင်” လို့ပေါ့။ ကျွန်မ ဖြည်းဖြည်းချင်း ဆန့်ထုတ်ဖို့ ကြိုးစားကြည့်တော့၊ အံ့သြစရာကောင်းအောင် တကယ်ကြီး ဆန့်လို့ ရသွားတယ်။ ကျွန်မ ဖြည်းဖြည်းချင်း ပြန်ကွေးပြီး ထပ်ဆန့်ဖို့ ကြိုးစားကြည့်တော့၊ ထပ်ဆန့်လို့ ရပြန်ရော။ ကျွန်မ အပျော်ကြီးပျော်သွားတာပေါ့။
နောက်ရက်တွေမှာ၊ ကျွန်မခြေထောက်က တဖြည်းဖြည်း အနာသက်သာလာပြီး၊ အရင်ကထက် ပိုလွယ်လွယ်ကူကူ လမ်းလျှောက်နိုင်လာတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ခါးက ပိုပြီး မတ်လာသလို ပိုပြီး ကျန်းမာပုံရလာတယ်လို့ ပြောကြတယ်။ လူအများစုလောက် ကျွန်မခြေထောက်က မကောင်းသေးပေမဲ့၊ ကျွန်မ တော်တော်လေး ကျေနပ်မိပြီး ဘုရားသခင်ကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိတယ်။ ကျွန်မ ယုံကြည်ခြင်းထဲက မစင်ကြယ်မှုတွေကို သန့်စင်ပေးဖို့ ဘုရားသခင်က ဒီရောဂါကို အသုံးပြုခဲ့တာ ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မ အတော် ခေါင်းမာခဲ့တာပါ။ ဒီနှစ်တွေတစ်လျှောက်လုံး ဘာသာရေး အမြင်တွေကို ကိုင်စွဲထားရင်း ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့တယ်၊ သမ္မာတရားကို လိုက်စားဖို့ အာရုံစိုက်မဲ့အစား ကောင်းချီးတွေနဲ့ ကျေးဇူးတော်တွေကိုပဲ လိုက်စားခဲ့ပါတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့ နှစ်တွေတစ်လျှောက် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သိပ်မပြောင်းလဲခဲ့ဘူး။ ဆယ်စုနှစ်တစ်ခုကျော် အချိန်တွေကို ကျွန်မ ဖြုန်းတီးခဲ့မိတယ်။ အခုကစပြီး၊ သမ္မာတရားကို ကျွန်မ လေးလေးနက်နက် လိုက်စားသင့်ပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ မကြိုးစားသင့်တော့ဘူး။ အခု အသင်းတော်က အဖွဲ့ငယ်စုဝေးပွဲတစ်ခုကို ကြီးကြပ်ဖို့ ကျွန်မကို တာဝန်ပြန်ပေးထားတယ်။ ဒီအတွက် ဘုရားသခင်ကို ကျွန်မ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိတယ်။ ဘာအကြွေးတင်စိတ်၊ ဘာနောင်တမှ မကျန်ရစ်စေဘဲ၊ ကျွန်မ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီး ကိုယ့်တာဝန်ကို ဘယ်လို သစ္စာရှိရှိနဲ့ ကောင်းကောင်းဖြည့်ဆည်းရမလဲ ဆိုတာပဲ ကျွန်မ တွေးတယ်။
ဒီအတွေ့အကြုံပြီးတဲ့နောက်၊ ဒီရောဂါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒီရောဂါကတစ်ဆင့်၊ ကျွန်မ ဘုရားသခင် ရှေ့မှောက် ရောက်လာခဲ့ပြီး၊ ဒါက ကောင်းချီးရဖို့ ယုံကြည်တဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေကို ထုတ်ဖော်ပေးခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်မှုဟာ မုန့်ကို အဝစားဖို့သက်သက် ရှာဖွေနေတာဖြစ်ပြီး၊ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုနဲ့ အသုံးခံမှုတွေဟာ စစ်မှန်တဲ့ ယုံကြည်ခြင်း မဟုတ်ဘဲ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတာဖြစ်မှန်း မြင်အောင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖော်ထုတ်ချက်က ကူညီပေးခဲ့တယ်။ သူ့ကို ယုံကြည်တာနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေ အပြောင်းအလဲတချို့ ရှိလာတာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကြောင့်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လုယိ၊ တရုတ်ပြည်၂၀၂၄ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာပေါ့။ ကျွန်မနဲ့ ပူးပေါင်းလုပ်နေတဲ့ ညီအစ်မတွေနဲ့အတူ ဆောင်းပါးတွေကို သုံးသပ်နေခဲ့ကြတယ်။...
လီလန်၊ တရုတ်နိုင်ငံယုံကြည်သူတစ်ယောက်အနေနဲ့ ဒီနှစ်တွေအတွင်းမှာ၊ ကျွန်မတို့ရဲ့ ကံကြမ္မာနဲ့ ကျွန်မတို့ရဲ့ မွေးဖွားခြင်း၊...
လျို့အိန်း တရုတ်နိုင်ငံ အသက် ၆၂နှစ်မှာ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သခင်က သူ့ရဲ့နောက်လိုက်တွေကို သူ့ရဲ့နိုင်ငံတော်နဲ့ ထာဝရအသက်ကို...
လျန်ရှင်း၊ တရုတ်ပြည်၂၀၀၅ ခုနှစ်မှာ ကျွန်မ အသက် ၆၈ နှစ် ပြည့်ခဲ့ပါတယ်၊ အဲဒီနှစ် အောက်တိုဘာလ အစောပိုင်းရက်တစ်ရက်မှာ မိတ်ဆွေတစ်ယောက်က...