ကျွန်မရဲ့ တာဝန်မှာ တာဝန်ထမ်းရွက်ဖို့ ဘာကြောင့် ကြောက်ရွံ့သလဲ

04.05.2025

ယီရွှိန်၊ ဂျပန်နိုင်ငံ

အရင်က ကျွန်မ အသင်းတော်မှာ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူခဲ့ဖူးတယ်။ တစ်နေ့မှာ ကျွန်မတို့ ခေါင်းဆောင်က ကျွန်မဆီလာပြီး ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို ကျွန်မကို ကြီးကြပ်ခိုင်းဖို့ သူ ပြင်ဆင်နေတယ်လို့ ပြောခဲ့တယ်။ ကျွန်မ မှင်တက်မိသွားတယ်။ ကျွန်မ လွန်ခဲ့တဲ့တစ်နှစ်က ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို တာဝန်ယူခဲ့ဖူးတယ်။ ဒါပေမဲ့ မြန်မြန်အောင်မြင်ချင်တဲ့ ကျွန်မရဲ့ စိတ်အားထက်သန်မှုက အတားအဆီးတွေ ဖြစ်စေခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မ ဖြုတ်ချခံခဲ့ရတယ်။ သူတို့က အခု ကျွန်မကို ဒီအလုပ် ကြီးကြပ်ခိုင်းလိုက်ရင် ကျွန်မ တကယ်ရော ကိုင်တွယ်နိုင်ပါ့မလား။ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို ကြီးကြပ်ရတာက အလုပ်လုပ်နိုင်စွမ်းရှိရုံသာမက ဆီလျော်တဲ့ကိစ္စမျိုးစုံကို ဗဟုသုတရှိဖို့လည်း လိုတယ်။ ကျွန်မရဲ့ ကျွမ်းကျင်မှုမှာ ဟာကွက်တွေ အများကြီးရှိခဲ့တယ်။ ကျွန်မရဲ့ အရည်အချင်းတွေနဲ့ အစွမ်းအစက သာမန်အဆင့်ပဲ။ ကျွန်မ ဒီအလုပ်ကို သွားလုပ်ပြီး ရလဒ်တွေ မရရှိခဲ့ရင် ဘာလုပ်ရမလဲ။ ငါ ဒီတာဝန်ကို လက်မခံနိုင်ဘူးဆိုတာ ငါ သိခဲ့တယ်။ ကျွန်မ အရင်က ဒီတာဝန်ကနေ ဘယ်လို ဖြုတ်ချခံခဲ့ရတယ်၊ ဘာကြောင့်ဖြစ်ခဲ့ရတယ်ဆိုတာကို ခေါင်းဆောင်ကို ပြောပြခဲ့တယ်။ ကျွန်မရဲ့ အရည်အသွေးနဲ့ အလုပ်လုပ်နိုင်စွမ်းက သိပ်မကောင်းဘူးဆိုတာကို အလေးပေးပြောခဲ့တယ်။ ဒီတာဝန်ကို လက်မခံချင်ဘူးဆိုတာကို ကျွန်မ အရိပ်အမြွက် ပြောလိုက်တယ်။ ကျွန်မ ဒီလိုပြောတာကို ကြားရင် သူက ဒီနေရာအတွက် တခြားတစ်ယောက်ယောက်ကို စဉ်းစားလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်မ မမျှော်လင့်ထားတဲ့အရာတစ်ခုကို လုပ်ခဲ့တယ်။ သူက ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပြီး ကျွန်မရဲ့ အရင်က ကျရှုံးမှုကနေ ရခဲ့တဲ့ သင်ခန်းစာတွေကို ပြန်သုံးသပ်ဖို့ တောင်းဆိုတဲ့အပြင် ဘုရားကို အားကိုးပြီး ဒီတာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျွန်မကို ပြောခဲ့တယ်။ ကျွန်မ စိတ်ထဲမှာ ဝေခွဲမရ ဖြစ်သွားတာပေါ့။ ကျွန်မ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ဘုရားရဲ့ ခွင့်ပြုချက်ရှိတယ်၊ ကျွန်မ ဒါကို လက်ခံပြီး ကျိုးနွံနာခံသင့်တယ်ဆိုတာကို ကျွန်မ သိပြီးသားပါ။ ဒါပေမဲ့ ကျွန်မ ဒါကို လက်ခံပြီး အလုပ်ကောင်းကောင်းမလုပ်ခဲ့ရင် ထုတ်ဖော်ခံရပြီး ဖြုတ်ချခံရမှာကို ကျွန်မ ကြောက်ခဲ့တယ်။ အဲဒါကို စဉ်းစားပြီးတဲ့နောက်မှာ ရဲဆေးတင်ပြီး လက်ခံလိုက်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို ကြီးကြပ်ရမယ်ဆိုတဲ့ အတွေးက ကျွန်မကို ကြောက်ရွံ့စေခဲ့တယ်။ ကျွန်မအရင် ကြီးကြပ်ခဲ့တဲ့ ညီအစ်မက အရည်အချင်းနဲ့ အစွမ်းအစမှာ ကျွန်မထက် မညံ့ခဲ့ဘူး။ သူတောင် ကောင်းကောင်းမလုပ်နိုင်ခဲ့ရင် ကျွန်မ ဘယ်လိုလုပ်နိုင်မှာလဲ။ အဲဒီအချိန်က ကျွန်မ လုပ်နေခဲ့တဲ့ ရေလောင်းခြင်းအလုပ်အကြောင်း စဉ်းစားမိတယ်။ အဲဒါက သိပ်မခက်ခဲဘူး။ ကျွန်မ ရနေခဲ့တဲ့ ရလဒ်တွေကလည်း သိပ်မဆိုးခဲ့ဘူး။ အဲဒီတာဝန်ကို ဆက်လုပ်နေတာက အန္တရာယ် အများကြီး ပိုနည်းခဲ့မှာပဲ။ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို လုပ်ရတာကတော့ အများကြီး ကွာခြားခဲ့တယ်။ ကျွန်မအတွက် တကယ်ကို ခက်ခဲခဲ့တယ်။ ကျွန်မ အရင်က အဲဒါကို လုပ်ခဲ့တုန်းက ပြစ်မှားမှုတချို့ ကျူးလွန်ခဲ့ပြီးပြီ။ ဒီတစ်ခါ ငါ ကောင်းကောင်းမလုပ်နိုင်ခဲ့ရင်နှင့် နှောင့်ယှက်မှုတွေ၊ အဖျက်အမှောင့်လုပ်တာတွေ တစ်ခုခု ဖြစ်စေခဲ့ရင် ဖယ်ရှားရှင်းလင်းခံရရင်ခံရနိုင်တာကို ကျွန်မ ကြောက်ခဲ့တယ်။ ကျွန်မမှာ ဘာထွက်ပေါက်မှ မရှိဘူး ဖြစ်နေခဲ့တယ်။ အဲဒါကို စဉ်းစားလေလေ၊ ပိုပြီး စိတ်မွန်းကျပ်လေလေ ခံစားခဲ့ရတယ်။ ကျွန်မ အဲဒါကို လုပ်ဖို့ သဘောတူခဲ့ပေမဲ့ ဆက်ပြီး အချိန်ဆွဲနေခဲ့တယ်။ ရေလောင်းတဲ့အလုပ်ကို တခြားတစ်ယောက်ယောက်ဆီ မလွှဲပြောင်းပေးရသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ ဒီစိတ်အခြေအနေ မမှန်ဘူးဆိုတာ ကျွန်မ သိခဲ့လို့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကျွန်မကို လမ်းပြပေးဖို့နဲ့ ဒီစိတ်အခြေအနေကို ကူပြောင်းပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့တယ်။

ဆုတောင်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင် ညွှန်ကြားခဲ့သကဲ့သို့ နောဧလုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သူ မသိခဲ့ပေ။ ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်လိုခဲ့သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကာ၊ ရှင်းပြချက် သိပ်မရှိဘဲ နောဧသည် ရှေ့ဆက်ပြီး လုပ်ဆောင်ခဲ့သည်။ သူသည် ဘုရားသခင်၏လိုအင်ဆန္ဒများကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်ကို မခုခံခဲ့ပေ သို့မဟုတ် သစ္စာမရှိခြင်းကို မပြသခဲ့ပေ။ သူသည် ဖြူစင်ပြီး ရိုးရှင်းသည့် စိတ်နှလုံးနှင့် လျော်ညီစွာ သွားရောက်၊ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ဆောင်စေခဲ့သည်ဖြစ်စေ သူ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံခြင်းနှင့် နားထောင်ခြင်းတို့သည် သူ့လုပ်ရပ်များကို ကျောထောက်နောက်ခံပြုပေးသည့် ယုံကြည်လက်ခံမှုဖြစ်လေသည်။ ယင်းမှာ ဘုရားသခင် ပေးအပ်သည့်အရာနှင့် ပတ်သက်၍ ရိုးရိုးတန်းတန်းနှင့် ရိုးရှင်းစွာ သူကိုင်တွယ်ခဲ့သည့်ပုံ ဖြစ်သည်။ သူ၏ အနှစ်သာရ၊ သူ၏အပြုအမူများ၏ အနှစ်သာရသည် ကျိုးနွံနာခံခြင်းဖြစ်ပြီး၊ ဝေဖန်သုံးသပ်ခြင်း မဟုတ်၊ ခုခံခြင်း မဟုတ်သည့်အပြင်၊ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူ၏ အမြတ်အစွန်းများ နှင့် ဆုံးရှုံးမှုများကို တွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်ဟုပြောသည့်အချိန်တွင်၊ မည်သည့် အချိန်တွင် ဖြစ်မည် သို့မဟုတ် မည်သည့်အရာများ ဖြစ်လာမည် ဆိုသည်ကို နောဧ မမေးခဲ့သကဲ့သို့၊ ကမ္ဘာလောကကို ဘုရားသခင်က မည်သို့ ဖျက်ဆီးမည် ဆိုသည်ကို ဘုရားသခင်အား သူ သေချာပေါက် မမေးခဲ့ပေ။ ဘုရားသခင် ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်သို့မည်ပုံ လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ၊ ဘုရားသခင် စေခိုင်းခဲ့သည့် အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားတစ်ခုဖြင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူခဲ့သည်။...သူသည် ရိုးရိုးရှင်းရှင်း ကျိုးနွံနာခံခဲ့သည်၊ နားထောင်ခဲ့ပြီး လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားရဲ့ တာဝန်ပေးစေခိုင်းချက်အပေါ်ထားတဲ့ နောဧရဲ့ သဘောထားကြောင့် ကျွန်မ တို့ထိခံခဲ့ရတယ်။ နောဧကို ဘုရားက တာဝန်ပေးစေခိုင်းချက် အပ်နှင်းခဲ့တဲ့အခါ သူက ဘုရားရဲ့ ရည်ရွယ်ချက် ဘာလဲဆိုတာ မသိခဲ့ဘူး။ ဒါပေမဲ့ သူက ဘုရားရဲ့ တောင်းဆိုချက်ကို သံသယဝင်တာ၊ ငြင်းပယ်တာ၊ ဒါမှမဟုတ် ထင်ကြေးပေးတာတွေ မလုပ်ခဲ့ဘူး၊ အဲဒါကို မလုပ်ဖို့ ဆင်ခြေတွေလည်း မပေးခဲ့ဘူး။ သူက ရိုးရှင်းတဲ့ နာခံခြင်းနဲ့ ကျိုးနွံနာခံခြင်းကိုပဲ ပြသခဲ့တယ်။ ပြီးတော့ ဘုရား ညွှန်ကြားတဲ့အတိုင်း သူ လုပ်ခဲ့တယ်။ သူက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်တွေ၊ ဆုံးရှုံးမှုတွေအကြောင်း ခဏရပ်ပြီးတောင် မတွေးခဲ့ဘူး။ ဒါပေမဲ့ ဘုရားရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံး ကြိုးစားခဲ့ပြီး ဘုရားရဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်စေခဲ့တယ်။ ကျွန်မရဲ့ တာဝန်အပေါ်ထားတဲ့ ကိုယ့်ရဲ့ သဘောထားကို စဉ်းစားမိတဲ့အခါ ကျွန်မ အရမ်းရှက်မိတယ်။ ခေါင်းဆောင်က ကျွန်မကို ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် တာဝန်ပေးဖို့ သူ့ရဲ့ အစီအစဉ်တွေအကြောင်း ပြောပြခဲ့တဲ့အခါ ကျွန်မ စိတ်ထဲမှာ ထင်ကြေးတွေပေးပြီး သတိထားလာခဲ့တယ်။ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်က အရမ်းခက်ခဲတယ်၊ နည်းနည်းလေး ပေါ့ဆလိုက်တာနဲ့ ကျွန်မ ထုတ်ဖော်ခံရလိမ့်မယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့တာဝန်ကို ရှောင်လွှဲချင်ခဲ့တယ်။ ကျွန် အရင်က ဒီတာဝန်ကို လုပ်ခဲ့တုန်းက ကောင်းကောင်းမလုပ်ခဲ့ဘူး။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ကျေးဇူးတင်တဲ့ စိတ်နှလုံးနဲ့ လက်ခံတာမျိုး၊ အဲဒီတာဝန်ကို ထမ်းဆောင်နေချိန်မှာ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို အလေးထားတာမျိုး၊ ကိုယ့်အတိတ်က အကြွေးတွေအတွက် ပြန်ပေးဆပ်တာမျိုးကို ပိုလို့တောင်လုပ်ခဲ့သင့်တဲ့ အကြောင်းပြချက်ပဲပေါ့။ ဒါပေမဲ့ ကျွန်မက ကိုယ့်အကျိုးစီးပွားတွေကိုပဲ စဉ်းစားခဲ့တယ်။ ဘုရားကို သံသယဝင်ပြီး ကိုယ်တော့်အပေါ် သတိထားရှောင်ခဲ့တယ်။ ဘုရားက ကျွန်မကို ဒီတာဝန်ကို ပေးပြီးတော့ ကျွန်မရဲ့ အနာဂတ် အလားအလာတွေနဲ့ ကံကြမ္မာကို လုယူချင်ခဲ့သလိုမျိုး ခံစားခဲ့ရတယ်။ ကျွန်မမှာ အသိစိတ် ဒါမှမဟုတ် ဆင်ခြင်တုံတရား မရှိဘူးဆိုတာ မြင်ခဲ့ရတယ်။ အခြေအနေတွေ ပုံမှန်ဖြစ်နေပြီးကျွန်မဘဝမှာ ဘာပြဿနာမှ မရှိချိန်တွေမှာ ဘုရားကို ကျိုးနွံနာခံဖို့၊ သူ့ကို စိတ်ကျေနပ်စေဖို့ ကျွန်မရဲ့ လိုလားမှုကို ဟစ်ကြွေးခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော်က ကျွန်မကို တာဝန်ယူစေချင်တာနဲ့ တစ်ပြိုင်နက် ကျွန်မ ကိုယ့်အတွက်ကိုယ် စဉ်းစားလာခဲ့ပြီး ကျိုးနွံနာခံခြင်း အရိပ်အယောင်လေးတောင် မပြခဲ့ဘူး။ ကျွန်မ အဲဒါကို စဉ်းစားလေလေ၊ ပိုပြီး ရှက်မိလေလေပဲ၊ ကျွန်မတာဝန်ကို နောက်ထပ် မရှောင်လွှဲတော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မစိတ်နှလုံးက အလျှင်း မပျောက်ကွယ်သေးတဲ့ စိုးရိမ်မှုတွေနဲ့ ဝန်ပိနေခဲ့တုန်းပဲ။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်မကို ကူညီနိုင်မဲ့ အဖြေတွေကို ရှာဖွေရင်း ဘုရားဆီ ကျွန်မ ဆက်ပြီး ဆုတောင်းခဲ့တယ်။

တစ်နေ့ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများအတွင်းမှာ ကျွန်မရဲ့ စိတ်အခြေအနေကို နားလည်မှုပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် တာဝန်ခံယူရမည်ကို ကြောက်ရွံ့ကြသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုလုပ်ရန် ပေးသောအခါ ၎င်းတို့သည် ထိုအလုပ်အတွက် ၎င်းတို့ တာဝန်ခံဖို့ လိုအပ်ခြင်းရှိမရှိကို ရှေးဦးစွာ ထည့်စဉ်းစားကြသည်။ တာဝန်ခံဖို့ လိုအပ်လျှင် ၎င်းတို့က အလုပ်ကို လက်ခံမည်မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ သတ်မှတ်ချက်များမှာ ပထမအနေဖြင့် ပေါ့ပေါ့ပါးပါးအလုပ်ဖြစ်ရမည်။ ဒုတိယအနေဖြင့် အလုပ်ရှုပ်ခြင်း၊ သို့မဟုတ် ပင်ပန်းခြင်းမရှိရပေ။ တတိယအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်တာဝန်ကိုမျှ ခံယူခြင်းမရှိရပေ။ ဤသည်မှာ ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် တစ်ခုတည်းသော တာဝန်အမျိုးအစားဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ စဉ်းလဲသော၊ လှည့်စားသောသူ မဟုတ်သလော။ ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာသောအခါ သူ့ခေါင်းကွဲသွားမည်ကိုပင် သူကြောက်နေသည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ သူ့အား ဘုရားအိမ်တော်တွင် မည်သို့ အသုံးချ၍ ရနိုင်သနည်း။ ဘုရားအိမ်တော်၏ အလုပ်သည် စာတန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းအမှုအပြင် နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့်လည်း သက်ဆိုင်သည်။ မည်သည့်တာဝန်က တာဝန်ခံယူခြင်း မလိုအပ်သနည်း။ ခေါင်းဆောင်ဖြစ်ခြင်းသည် တာဝန်ခံရသည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့၏ တာဝန်များသည် ပို၍ပင် မကြီးသလော။ ၎င်းတို့သည် ပို၍ပင် တာဝန်မခံယူရသလော။ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းတို့ကဲ့သို့သော အရာများကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင်လုပ်ဆောင်သည်ဖြစ်စေ ထိုအလုပ်က သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ ထိုအလုပ်တွင် တာဝန်ဝတ္တရားများ တွဲပါနေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းက စည်းမျဉ်းနှင့်မညီလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်။ သင်သည် တာဝန်ခံယူရန် ကြောက်ရွံ့လျှင် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်၍မရပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်း၌ တာဝန်ယူရန် ကြောက်ရွံ့သောသူသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်က ဤသည်မှာ သတ္တိနည်းသည့် ပြဿနာတစ်ခုမဟုတ်ပေ။ ထိုသူသည် ချမ်းသာကြွယ်ဝမှုနောက်သို့ လိုက်လျှင်၊ သို့မဟုတ် မိမိကိုယ်ကျိုးစီးပွားတစ်ခုအတွက် လုပ်ဆောင်နေလျှင် အဘယ်သို့ အလွန်ရဲရင့်နိုင်ရသနည်း။ မည်သည့်စွန့်စားမှုကိုမဆို ၎င်းတို့ ပြုလုပ်လိမ့်မည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ အားလုံးထဲတွင် သစ္စာအမဲ့ဆုံး ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သောသူမျိုးသည် လေးသောဝန်ကို ထမ်းရန် သတ္တိရှိသနည်း။ အရေးကြီးဆုံးဖြစ်သော၊ အရေးပါဆုံးဖြစ်သောအလုပ်ကို မြင်သောအခါ ဘုရားအိမ်တော်၏ အလုပ်တွင် အရေးပါဆုံးသော အချိန်အခိုက်အတန့်၌ ဦးဆောင်ပြီး ရှေ့သို့ ရဲရင့်စွာသွားသောသူ၊ ကြီးလေးသော တာဝန်ကို ခံယူပြီး ကြီးစွာသော ဒုက္ခဆင်းရဲကို ခံယူရန် မကြောက်သောသူဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာရှိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းမှာ သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ပြဿနာဖြစ်သည်။ ၎င်းတို့တွင် တရားမျှတမှု၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ်မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်သော ယုံကြည်သူများမဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံပေ။ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မစိတ်နှလုံး အကြီးအကျယ် လှုပ်ရှားသွားခဲ့တယ်။ အရင်က တာဝန်ကို လက်ခံဖို့ ကျွန်မရဲ့မလိုလားမှုက ဒီလောက်ဆိုးရွားတဲ့ ပြဿနာတစ်ခုလို့ ကျွန်မ မထင်ခဲ့ဘူး။ ဒါပေမဲ့ အခု ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုတစ်ဆင့် တာဝန်ယူဖို့ ကြောက်ရွံ့သူတွေက တစ်ကိုယ်ကောင်းအဆန်ဆုံးနဲ့ အစဉ်းလဲဆုံး လူစားမျိုးတွေပဲဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ အဲဒီလိုလူတွေက ဘုရားအပေါ်မှာ ရိုးသားမှု မရှိကြဘူး။ သူတို့သာ ဒီစိတ်အခြေအနေထဲမှာ အချိန်ကြာကြီး အသက်ရှင်ပြီး မပြောင်းလဲဘူးဆိုရင် နောက်ဆုံးမှာ ဘုရားရဲ့ စက်ဆုပ်ရွံရှာတာကို ခံကြရလိမ့်မယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရှုထောင့်ကနေ ကိုယ့်ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ရင်း ကျွန်မက အဲဒီလိုလူစားမျိုးပဲဆိုတာ မြင်ခဲ့ရတယ်။ တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာကောင်းတယ်၊ ပါးနပ်ပြီး လှည့်ဖြားတတ်တယ်။ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို ကြီးကြပ်တဲ့သူ အခုလေးတင် ပြောင်းရွှေ့ခံခဲ့ရတယ်ဆိုတာ၊ တခြားတစ်ယောက်ယောက်က ဝင်လာပြီး အဲဒီအခန်းကဏ္ဍကို ထမ်းဆောင်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာတွေကို ကျွန်မ သိခဲ့တယ်။ ကျွန်မက အလုပ်နဲ့ရော၊ ဝန်ထမ်းရေးရာနဲ့ပါ ရင်းနှီးပြီးသားပါ။ ဒီအချိန်မှာ အဲဒီအခန်းကဏ္ဍအတွက် တကယ်ကို အသင့်တော်ဆုံးလည်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုတဲ့ ကျွန်မရဲ့ ဆန္ဒကြောင့် ဒီတာဝန်ကို တာဝန်ယူထမ်းဆောင်ဖို့ ကျွန်မ စိတ်ဆန္ဒမရှိခဲ့ဘူး။ ကျွန်မရဲ့ အရည်အသွေးက နိမ့်ကျပြီး အလုပ်လုပ်နိုင်စွမ်းတွေ ချို့တဲ့နေတယ်လို့ ကျွန်မ အကြံပြုခဲ့တယ်၊ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက ကိုယ့်တာဝန်ကို ခေါင်းရှောင်ချင်ခဲ့တာသက်သက်ပဲ။ အရေးကြီးတဲ့အချိန်မှာ ကျွန်မ စစ်ပြေးတစ်ယောက်လို ပြုမူခဲ့ပြီး အသင်းတော်အလုပ်ကို လုံးဝ မကာကွယ်ပေးခဲ့ဘူး။ ကျွန်မ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တယ်၊ ကျွန်မမှာ လူ့သဘာဝလည်း မရှိခဲ့ဘူး။ တကယ် လူ့သဘာဝကောင်း ရှိတဲ့လူတစ်ယောက်က အသင်းတော်အလုပ်မှာ ခက်ခဲတဲ့ အခြေအနေကို မြင်တဲ့အခါ သူတို့က တက်တက်ကြွကြွ ရပ်တည်ပြီး အလုပ်ကို ကူညီထိန်းသိမ်းကြလိမ့်မယ်။ သူတို့က ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်တွေနဲ့ ဆုံးရှုံးမှုတွေကို စဉ်းစားကြမှာ မဟုတ်ဘူး။ သူတို့မှာ ကိုယ်ပိုင် အခက်အခဲတွေ၊ ဒါမှမဟုတ် ချို့တဲ့မှုတွေ ရှိရင်တောင်မှ သူတို့တာဝန်ကနေ ရှောင်ဖယ်ကြမှာ မဟုတ်ဘူး။ သူတို့က ဘာလုပ်ရမလဲဆိုတာ သင်ယူဖို့ ဘုရားကို အားကိုးကြမယ်၊ အတွေ့အကြုံကနေ လက်တွေ့လုပ်ဆောင်ကြမယ်၊ တိုးတက်ဖို့ အကောင်းဆုံး ကြိုးစားကြလိမ့်မယ်။ အဲဒီလိုလူစားမျိုးသာ အသိတရားနဲ့ ဆင်ခြင်တုံတရား နှစ်မျိုးလုံး ပိုင်ဆိုင်တယ်။ ကျွန်မ ဒါတွေအားလုံးကို စဉ်းစားမိတဲ့အခါ ဝမ်းနည်းပူဆွေးပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး မေးခဲ့တယ်။ ငါ့ကို ဒီတာဝန်ကို လက်ခံဖို့ ဘာက တားဆီးနေတာလဲလို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ပိုဖတ်ခဲ့တယ်။ “လူတို့၏ တာဝန်များကို ညှိနှိုင်းပြင်ဆင်ပြီးသည့်အခါတွင် အသင်းတော်က ဆုံးဖြတ်ချက်ချပြီးလျှင် ၎င်းတို့အနေဖြင့် လက်ခံပြီး နာခံသင့်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ ပြဿနာ၏ အနှစ်သာရကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင်၏ အားနည်းချက်များကိုလည်းကောင်း နားလည်သင့်သည်။ ဤသည်မှာ လူများအတွက် အလွန် အကျိုးရှိပြီး ယင်းမှာ လက်တွေ့လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်၏။ အလွန်ရိုးရှင်းသော အရာတစ်ခုဖြင့် သာမန်လူများသည် များစွာသော အခက်အခဲများကိုဖြစ်စေ၊ မကျော်လွှားနိုင်သော အကျပ်အတည်းများကိုဖြစ်စေ ကြုံတွေ့ရခြင်း မရှိဘဲ နားလည်သဘောပေါက်နိုင်ပြီး မှန်ကန်စွာ သဘောထားနိုင်သည်။...၎င်းတို့၏တာဝန်အတွက် ရိုးရှင်းသော ပြင်ဆင်ချက်တစ်ခုကို ပြုပြီးသည့်အခါ၊ လူတို့သည် နာခံသည့် သဘောထားဖြင့် ဖြေကြားသင့်သည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ကာ၊ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ တတ်စွမ်းသမျှ၊ စိတ်နှလုံးနှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်လော့။ ဘုရားသခင် ပြုပြီးသည့်အရာသည် အမှားမရှိပါ။ ဤသို့သော ရိုးရှင်းသည့် သမ္မာတရားကို လူများက အသိတရားနှင့် အသိစိတ် အနည်းငယ်ဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် ယင်းသည် အန္တိခရစ်များ၏ အရည်အချင်းများထက် ကျော်လွန်သည်။ တာဝန်များကို ချိန်ညှိခြင်းနှင့်ပတ်သက်လျှင် အန္တိခရစ်များသည် ချက်ချင်း အကြောင်းပြချက်များ၊ တစ်ပတ်ရိုက်ခြင်း၊ အာခံခြင်းများ ပြုမည်ဖြစ်ပြီး စိတ်အတွင်းတွင် ယင်းကို လက်ခံရန် ငြင်းဆန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သည့်အရာရှိသနည်း။ မသင်္ကာမှုနှင့် သံသယရှိသည်။ ထို့နောက် ၎င်းတို့သည် နည်းလမ်းပေါင်းစုံသုံးလျက် သူတစ်ပါးတို့ကို စုံစမ်းစစ်ဆေးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စကားများ၊ လုပ်ဆောင်ချက်များနှင့် သွေးတိုးစမ်းကြသည်။ မသမာသောနည်းလမ်းများဖြင့် လူတို့ကို အမှန်အတိုင်းပြောပြီး ရိုးသားစွာပြောဆိုရန် အကျပ်ကိုင်ပြီး သွေးဆောင်မှုပင် ပြုလုပ်ကြသည်။...၎င်းတို့သည် ရိုးရှင်းသောအရာကို အဘယ်ကြောင့် အလွန်ရှုပ်ထွေးစေကြသနည်း။ အကြောင်းပြချက်တစ်ခုသာရှိသည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ခရီးပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ ဘဝများကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။...ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းကြီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းကြီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- ရာထူးဂုဏ်သိမ် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေက အန္တိခရစ်တွေဟာ အထူးသဖြင့် ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်ကြတယ်ဆိုတာကို ဖော်ထုတ်ပြတယ်။ သူတို့က ရိုးရှင်းပြီး လွယ်ကူ ရှင်းလင်းတဲ့ကိစ္စတစ်ခုကို ယူပြီး အလွန်အကျွံ ရှုပ်ထွေးအောင် လုပ်ကြလိမ့်မယ်။ အန္တိခရစ်တစ်ယောက်က တာဝန်ပြောင်းတဲ့ကိစ္စကို သူတို့ရဲ့ ကောင်းချီးတွေ၊ ပန်းတိုင်တွေနဲ့ ချိတ်ဆက်လိမ့်မယ်။ အန္တိခရစ်တွေက သူတို့ရဲ့ ကိုယ်ပိုင် ကောင်းချီးတွေအတွက်ပဲ သူတို့တာဝန်ကို ထမ်းဆောင်ကြတယ်။ ဒါတွေကို တခြား ဘယ်အရာထက်မဆို ပိုအရေးကြီးတယ်လို့ ရှုမြင်ကြတယ်။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင် အဆုံးသတ်နဲ့ ပန်းတိုင်ကို အမြဲတမ်း အစီအစဉ်ချနေကြတယ်။ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို အလေးမထားကြဘဲ အသင်းတော်ရဲ့ အလုပ်ကိုလည်း ထည့်မစဉ်းစားကြဘူး။ ကျွန်မရဲ့ ကိုယ်ပိုင် အပြုအမူကတစဆင့် ကျွန်မထုတ်ဖော်ပြခဲ့တာက အန္တိခရစ်ရဲ့ စိတ်သဘောထားပဲ။ ကျွန်မတာဝန်အတွက် ပုံမှန် ပြောင်းလဲမှုတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မစိတ်ထဲမှာ အဲဒါကို အကြိမ်ကြိမ်အခါခါ စဉ်းစားခဲ့တယ်။ ကျွန်မ အခုလက်ရှိလုပ်နေတဲ့ ရေလောင်းတဲ့အလုပ်မှာ အခက်အခဲနည်းပုံ၊ အလုပ်က ဘယ်လိုချောမွေ့ပုံ၊ ကျွန်မ အမှားလုပ်တာ နည်းပုံနဲ့ ထုတ်ဖော်ခံရဖို့ အခွင့်အရေးနည်းပုံတို့ပေါ့။ ဒီတာဝန်ကို ထမ်းဆောင်တာက ပိုစိတ်ချရတယ်၊ ကျွန်မ ကောင်းချီးတွေ ရရှိမှာကို စိတ်ချရခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကတော့ အများကြီး ပိုခက်ခဲတယ်၊ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းတွေနဲ့ စည်းမျဉ်းတွေ အများကြီးကို ခိုင်ခိုင်မာမာ နားလည်ဖို့ လိုအပ်ခဲ့တယ်။ ကျွန်မ ကောင်းကောင်း မလုပ်နိုင်ခဲ့ရင် ကျွန်မ ထုတ်ဖော်ခံရပြီး ဖြုတ်ချခံရမှာပဲ။ ဒါတင်မကဘူး၊ ကျွန်မ အရင်က ကျရှုံးခဲ့ပြီးသား။ ဒီတစ်ခါ ကျွန်မ ပြဿနာတစ်ခုခု ရှာခဲ့ပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရရင် ကောင်းချီးတွေ ရရှိဖို့ ဘာမျှော်လင့်ချက်မှ ရှိတော့မှာကို ကြောက်ခဲ့တယ်။ ကျွန်မအတွက် ကောင်းချီးတွေ ရရှိဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်တာဝန်ထမ်းဆောင်နေခဲ့တယ်ဆိုတာ မြင်ခဲ့ရတယ်။ ကျွန်မအတွက် အကျိုးရှိတဲ့အခါ ကျွန်မ လုပ်ဖို့ စိတ်ဆန္ဒရှိခဲ့ပေမဲ့ အကျိုးမရှိတဲ့အခါမှာတော့ ကျွန်မ အတိုက်အခံလုပ်ပြီး လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ကျွန်မအတွက် ထွက်ပေါက်တစ်ခု ချန်ထားတယ်၊ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက် ကာကွယ်နေခဲ့တယ်။ ကောင်းချီးတွေ ရဖို့ဆိုတဲ့ ကျွန်မရဲ့ပန်းတိုင်ကို ဖြစ်မြောက်အောင် ကျွန်မတာဝန်ကို အသုံးပြုဖို့ ကြိုးစားနေခဲ့တယ်။ ကျွန်မ အရမ်းကို လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်လိုက်တာ။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင်အလှပဆုံးသောအရာဖြစ်ပြီး ယင်းသည် လူအားလုံးက ချီးမွမ်းရန်အတွက် ပုံပြင်တစ်ခုအဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက်ပျော်ရွှင်ခြင်းနှင့် အထူးအခွင့်အရေး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။...ထိုသို့သော လှပပြီး ကြီးမြတ်သော အရာကို အန္တိခရစ်မျိုးများက အရောင်းအဝယ် တစ်ခုအဖြစ်သို့ မလိမ့်တစ်ပတ်လုပ်ကြသည်၊ ယင်းတွင် ၎င်းတို့က ဘုရားသခင်၏ လက်တော်မှ သရဖူနှင့် ဆုလာဘ်များကို တောင်းခံကြလေသည်။ ထိုသို့သော အရောင်းအဝယ် လုပ်ခြင်းတစ်ခုသည် အလွန်လှပပြီး တရားမျှတသည့် အရာတစ်ခုကို အကျည်းတန်ဆုံးနှင့် ကောက်ကျစ်ဆိုးယုတ်မှု အရှိဆုံး အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုသည့် အရာမဟုတ်လော။ ဤအရာကို အကဲဖြတ်သည့်အခါ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သလော။ ၎င်းတို့သည် တကယ့်ကို အတော်အတန် ဆိုးယုတ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဖန်ဆင်းခံတွေအတွက် သူတို့တာဝန်တွေကို ထမ်းဆောင်ခြင်းက အလှပဆုံးနဲ့ တရားအမျှတဆုံးအရာပဲ။ ဒါပေမဲ့ အန္တိခရစ်တွေက ဒီလှပတဲ့အရာကို အပေးအယူတစ်ခုဖြစ်အောင် ကလိမ်ကကျစ်လုပ်ကြတယ်။ သူတို့က ဘုရားကို ရိုးသားမှုမရှိဘဲ ယုံကြည်ကြတယ်၊ ကိုယ့်အတွက် ကောင်းချီးတွေရဖို့ သူတို့တာဝန်တွေကို ထမ်းဆောင်ကြတယ်။ သူတို့ရဲ့ အနှစ်သာရက မယုံကြည်သူတစ်ယောက်ရဲ့ အနှစ်သာရပဲ။ ကျွန်မ ဘုရားကို ယုံကြည်ခဲ့တာ ဘယ်လောက်ကြာပြီလဲ ဘုရားနှုတ်ကပတ်တော်တွေကို ဘယ်လောက် စားသောက်ခဲ့ပြီးပြီလဲဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ဒါပေမဲ့ လိုက်စားမှုအပေါ်ထားတဲ့ ကျွန်မရဲ့အမြင်က လုံးဝ မပြောင်းလဲခဲ့သေးဘူး။ ကျွန်မရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားက အန္တိခရစ်တစ်ယောက်ရဲ့ သဘောထားပဲ။ ကျွန်မသာ မပြောင်းလဲခဲ့ရင် ဘုရားရဲ့ စက်ဆုပ်ရွံရှာတာကို ခံရလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့အတွက် ကျွန်မ ဒါကို ဆက်ပြီး ဆင်ခြင်သုံးသပ်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု အန္တိခရစ်တို့က မယုံကြည်ကြပေ။ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းသည်ဟု မယုံကြည်ကြပေ။ ၎င်းတို့သည် ဤအရာအားလုံးကို လူသားအယူအဆများနှင့် စိတ်ကူးများမှတစ်ဆင့် မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လူသား၏ အမြင်ရှုထောင့်များ၊ လူသားအတွေးများ၊ လူသား၏ ပရိယာယ်များဖြင့် ချဉ်းကပ်ပြီး ဘုရားသခင်၏ စိတ်သဘောထား၊ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကို အသေးစိတ်ချပြရန် စာတန်၏ တွေးခေါ်ပုံနှင့် အယူအဆကို အသုံးချကြသည်။ သိသာထင်ရှားစွာပင် အန္တိခရစ်များသည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လက်မခံရုံမျှမက အသိအမှတ်လည်း မပြုကြဘဲ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်အပေါ်တွင် အယူအဆများ၊ အတိုက်အခံများနှင့် ပုန်ကန်မှုများအပြည့် ရှိကြပြီး ဘုရားသခင်အပေါ် စစ်မှန်သည့် သိမြင်မှု တစ်စွန်းတစ်စမျှပင် မရှိပေ။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ချစ်ခြင်းအပေါ် အန္တိခရစ်များ၏ အဓိပ္ပာယ်သတ်မှတ်ချက်သည် မသေချာပေ။ သံသယရှိစရာဖြစ်သည်။ ၎င်းတို့သည် ထိုအရာအတွက် သံသယရှိမှုများ၊ ငြင်းဆန်မှု၊ အသရေဖျက်မှုများ အပြည့်ရှိသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သို့ရှိမည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်။ ၎င်းတို့ကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားကို သဘောထားမှုဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ၎င်းတို့၏ သဘောထားမှုကတိုက်ရိုက်ငြင်းပယ်မှု ဖြစ်သည်မှာ ပကတိအတိုင်း ရှင်းနေပြီးသား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၆)) ဘုရားက အန္တိခရစ်တွေဟာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို မယုံကြည်ကြဘူးလို့ ဖော်ထုတ်ပြတယ်။ သူတို့က ဘုရားအိမ်တော်ကို သမ္မာတရားက အုပ်စိုးတယ်ဆိုတာကို မယုံကြည်ကြဘူး။ သူတို့က ဘုရားနှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်ဆိုတာကို ဝန်ခံဖို့တောင် ငြင်းဆန်ကြတယ်။ အန္တိခရစ်တွေက ဘုရားရဲ့ လုပ်ဆောင်မှုတွေကို သူတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးစိတ်သန်းတွေအပေါ် အခြေခံပြီး အမြဲ ရှုမြင်ကြတယ်။ သူတို့က ဘုရားရဲ့ ဖြောင့်မတ်ခြင်းအပေါ် သံသယတွေနဲ့ ငြင်းပယ်မှုတွေနဲ့ ပြည့်နေကြတယ်။ သူတို့က ဘုရားဟာ မျှတပြီး ဖြောင့်မတ်တယ်လို့ မယုံကြည်ကြဘူး။ ဒါက ဘုရားကို အသရေဖျက်ခြင်းနဲ့ ပြစ်မှားစော်ကားခြင်းပဲ။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့အခါ ကျွန်မ ကြောက်ရွံ့မိတယ်။ ကျွန်မ အန္တိခရစ်တစ်ယောက်လိုပဲ ပြုမူခဲ့ပုံကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မက ကိစ္စတွေအပေါ်ထားတဲ့ ကိုယ့်အမြင်ကို ဘုရားနှုတ်ကပတ်တော်အပေါ်မှာ အခြေမခံခဲ့ဘူး၊ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကိုလည်း မယုံကြည်ခဲ့ဘူး။ အဲဒီအစား ကျွန်မ တာဝန်ယူမှု ပိုကြီးလေလေ၊ အလုပ်ရဲ့ အခက်အခဲ ပိုကြီးလေလေ၊ ကျွန်မ ပိုပြီး မြန်မြန် ထုတ်ဖော်ခံရလေလေပဲလို့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့စွာ ယုံကြည်ခဲ့တယ်။ ကျွန်မ ကိုယ့်အလုပ်ကို ကောင်းကောင်း လုပ်ဖို့ပျက်ကွက်ခဲ့ရင် ဒါမှမဟုတ် လမ်းလွဲမှုတစ်ခုခု ပေါ်ပေါက်ခဲ့ရင် ကျွန်မ ဖြုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ အဲဒီတာဝန်ကနေ အမြဲ ပုန်းရှောင်ချင်ခဲ့တယ်။ ကျွန်မအလုပ်က ခက်ခဲတာ၊ ဒါမှမဟုတ် အရေးကြီးတာမျိုး မဖြစ်စေချင်ခဲ့ဘူး။ ဒီနည်းနဲ့ဆိုရင် ကျွန်မ မြန်မြန်ဆန်ဆန် ဖော်ထုတ်ခံရမှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ အခု ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တာက ဘုရားက ဖြောင့်မတ်တယ်၊ အသင်းတော်က လူတွေရဲ့ တာဝန်တွေကို စည်းမျဉ်းတွေအပေါ် အခြေခံပြီး တာဝန်ကျသူကို ပြောင်းလဲတယ် ဆိုတာပဲ။ အသင်းတော်က ယာယီအမှားတွေနဲ့ ပြစ်မှားမှုတွေကြောင့် လူတွေကို တမင်သက်သက် ဖြုတ်ချတာမျိုး မလုပ်ဘူး။ အဲဒါက လူတွေရဲ့ တစ်သမတ်တည်း လုပ်ဆောင်မှုကို ကြည့်ပြီး စေ့စပ်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်တယ်။ လူတစ်ယောက်က ကောင်းတဲ့ လူ့သဘာဝရှိပြီး သမ္မာတရားကို လိုက်စားရင် သူတို့အလုပ်မှာ လမ်းလွဲမှုတချို့ ပေါ်လာရင် ဒါမှမဟုတ် သူတို့က ရလဒ်ကောင်းတွေ ရရှိဖို့ ယာယီ ပျက်ကွက်ရင်တောင်မှ အသင်းတော်က သူတို့ကို ကူညီပြီး ထောက်ပံ့ပေးလိမ့်မယ်။ အလားတူပဲ တစ်စုံတစ်ယောက်က အစွမ်းအစ ချို့တဲ့နေလို့ တကယ့်အလုပ်ကို မလုပ်နိုင်ရင် အသင်းတော်က သူတို့အခြေအနေကို ကြည့်ပြီး သူတို့ကို သင့်တော်တဲ့ တာဝန်တစ်ခု ခန့်အပ်ပေးလိမ့်မယ်။ လူတစ်ယောက်က တကယ့်အလုပ်ကို လုပ်ဖို့ အမြဲတမ်း ပျက်ကွက်ရင် ဒါမှမဟုတ် အသင်းတော်ရဲ့ အလုပ်ကို အနှောင့်အယှက်ပေးပြီး အဖျက်အမှောင့်လုပ်ရင် ထပ်ခါတလဲလဲ အကူအညီနဲ့ မိတ်သဟာယဖွဲ့ခြင်းကို လက်ခံရရှိပြီးနောက် နောင်တရဖို့ အမြဲတမ်း ပျက်ကွက်ရင် နောက်ဆုံးမှာ သူတို့ ဖြုတ်ချခံရလိမ့်မယ်။ ကျွန်မ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို နောက်ဆုံး တာဝန်ယူခဲ့တုန်းကအကြောင်း ပြန်စဉ်းစားမိတယ်။ ကျွန်မရဲ့ မြန်မြန်အောင်မြင်ချင်တဲ့ ဆန္ဒက အတားအဆီးတွေ ဖြစ်စေခဲ့ပုံကိုပေါ့။ အဲဒီတုန်းက တခြားသူတွေက ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပြီး ကျွန်မကို ကူညီဖို့ ကြိုးစားခဲ့ကြပေမဲ့ ကျွန်မ နည်းလမ်းတွေကို မပြောင်းလဲခဲ့ဘူး၊ နောက်ဆုံးမှာ ကျွန်မ ဖြုတ်ချခံခဲ့ရတယ်။ ဒါပေမဲ့ အသင်းတော်က ကျွန်မကို နောင်တရဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ပေးခဲ့သေးတယ်။ ကျွန်မကို တာဝန်တစ်ခု ဆက်လုပ်ခွင့်ပြုခဲ့တယ်။ ကျွန်မပတ်ဝန်းကျင်က ညီအစ်ကိုမောင်နှမတချို့ သူတို့အလုပ်မှာ ပြဿနာတွေ၊ အခက်အခဲတွေ မကြာခဏ ရှိခဲ့ကြပုံကိုလည်း ကျွန်မ မြင်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့က ရိုးရှင်းပြီး ရိုးသားကြတယ်။ သူတို့ သမ္မာတရားကို လိုက်စားခဲ့ကြတယ်။ သူတို့မှာ ပြဿနာတွေရှိပြီး အမှားတွေ လုပ်မိရင်တောင်မှ သူတို့က စည်းမျဉ်းတွေကို တဖြည်းဖြည်း သဘောပေါက်လာနိုင်ပြီး သူတို့တာဝန်တွေကို ပိုကောင်းသည်ထက်ကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ကြတယ်။ အဆက်မပြတ် ပြန်လည်သုံးသပ်၊ ဆင်ခြင်ပြီးတော့ပေါ့။ ဒီအချက်ကနေ ဘုရားက ဖြောင့်မတ်တယ်၊ ဘုရားအိမ်တော်ကို သမ္မာတရားက အုပ်စိုးတယ်ဆိုတာကို ကျွန်မ မြင်နိုင်ခဲ့တယ်။ သမ္မာတရားကို လိုက်စားပြီး ရိုးသားတဲ့ ကြိုးစားအားထုတ်မှု ပြုလုပ်သူတွေက တစ်ခါတလေ ပြစ်မှားမှုတွေကို ကျူးလွန်နိုင်တယ်။ ဒါပေမဲ့ သူတို့ နောင်တရဖို့ စိတ်ဆန္ဒရှိသရွေ့ ဘုရားအိမ်တော်က သူတို့ကို တတ်နိုင်သလောက် အခွင့်အရေးများများ ပေးလိမ့်မယ်။ သူတို့ ပြောင်းလဲနိုင်ရင်လည်း ဘုရားအိမ်တော်က သူတို့ကို ဆက်ပြီး ရာထူးတိုးပေး၊ ပြုစုပျိုးထောင်ပေးလိမ့်မယ်။ ဒါပေမဲ့ သမ္မာတရားကို လက်မခံသူတွေ၊ သမ္မာတရားကို မုန်းတီးသူတွေ၊ နောင်တမရဘဲ ဆိုးယုတ်မှုအမျိုးမျိုးကို ကျူးလွန်သူတွေ၊ အဲဒီလူတွေက ဘုရားအိမ်တော်ကနေ ဖယ်ထုတ်ခံရလိမ့်မယ်။ အသင်းတော်က ကျွန်မကို ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို ကြီးကြပ်ခိုင်းခဲ့တယ်။ အဲဒီလိုလုပ်တာက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ကျွန်မရဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ကျွန်မက ဒါအတွက် ကျေးဇူးမတင်ခဲ့ရုံသာမက ဒီဆုံးဖြတ်ချက်ကို အထင်လွဲပြီး ကိုယ့်ကိုယ်ကိုယ် သတိထားရှောင်ခဲ့တယ်၊ ဘုရားအိမ်တော်က လူ့အဖွဲ့အစည်းလိုပဲ မတရားသလို မဖြောင့်မတ်ဘူးလို့ တွေးခဲ့တယ်။ ဒါက ဘုရားကို ပြစ်မှားစော်ကားခြင်းတစ်မျိုး မဟုတ်ဘူးလား။ ကျွန်မ ဒါကို သိမြင်နားလည်လိုက်တဲ့အခါ မျက်ရည်တွေ ကျလာခဲ့တယ်။ ကျွန်မရဲ့ ပုန်ကန်မှုအတွက်ရော အသိစိတ် ဒါမှမဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့မှုအတွက်ပါ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ကျွန်မ နောင်တနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းကို ခံစားခဲ့ရပြီး ဆုတောင်းပြီး နောင်တရဖို့ ဘုရားရှေ့မှောက်ကို ရောက်လာခဲ့တယ်။ နောင်မှာ ကျွန်မ ဘုရားကို အထင်လွဲပြီး သတိထားရှောင်တော့မှာ မဟုတ်ဘူး။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် အပိုဒ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု)ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် ဒုက္ခခံရမည်ကိုလည်းကောင်း၊ တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ တာဝန်တစ်ခုက လူတစ်ယောက်ရဲ့ ကောင်းကင်က ပေးအပ်တဲ့ မွေးရာပါတာဝန်ဖြစ်တယ်၊ သူတို့ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းသင့်တဲ့ တာဝန်ဝတ္တရားတစ်ခုဖြစ်တယ်။ အဲဒါက ကောင်းချီးတွေ လက်ခံရရှိတာ ဒါမှမဟုတ် ကံဆိုးမှုနဲ့ ကြုံတွေ့ရတာတွေနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်မ ကောင်းချီးတွေ လက်ခံရရှိသည်ဖြစ်စေ ကံဆိုးမှုနဲ့ ကြုံတွေ့ရသည်ဖြစ်စေ ကျွန်မ ဒီတာဝန်ကို ရိုးသားတဲ့ စိတ်နှလုံးနဲ့ လက်ခံဖို့၊ ကိုယ့်အကျိုးအတွက် အစီအစဉ်ဆွဲတာနဲ့ ပရိယာယ်ဆင်တာတို့ မပါဘဲ ကျွန်မ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်ဖို့ လိုအပ်ခဲ့တယ်။ ကျွန်မတာဝန်မှာ ဘယ်လို အခက်အခဲတွေပဲ ရင်ဆိုင်ခဲ့ရပါစေ ကျွန်မ ဘုရားကို စိတ်ရင်းမှန်နဲ့ အားကိုးနေသရွေ့ ကိုယ်တော်က ကျွန်မကို လမ်းပြပေးမှာပဲ။ ကျွန်မ အဲဒါကို ပွင့်လင်းတဲ့ စိတ်နှလုံးနဲ့ အကောင်းဆုံးလုပ်ဆောင်ဖို့ စိတ်ဆန္ဒရှိခဲ့တယ်။ ကျွန်မရဲ့ အစွမ်းအစက တကယ် ချို့တဲ့နေခဲ့ရင် ဒါမှမဟုတ် ကျွန်မရဲ့ အရည်အချင်းတွေက မလုံလောက်ဘဲ ကျွန်မက ဒီအလုပ်အတွက် မသင့်တော်ခဲ့ရင် အသင်းတော်ရဲ့ တာဝန်ပြောင်းပေးတာကို ကျွန်မ လက်ခံလိုက်မှာပဲ။

ဒီနောက်မှာ ကျွန်မ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို စပြီးကြီးကြပ်ခဲ့တယ်။ ကျွန်မအလုပ်မှာ တစ်ခါတလေ အခက်အခဲတွေ၊ ကျရှုံးမှုတွေကို ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ ဒီအပေါ်မှာ သံသယတွေနဲ့ မပြည့်နေတော့ဘူး။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်တဲ့အပြင် သမ္မာတရား စည်းမျဉ်းတွေကို အတူတကွ ရှာဖွေတော့ ကျွန်မတို့ ဒီအခက်အခဲတွေကို တဖြည်းဖြည်း ဖြေရှင်းနိုင်ခဲ့ကြတယ်။ ကျွန်မရဲ့ ကျရှုံးမှုတွေကနေ သင်ယူခဲ့တယ်။ မကြာခင်မှာပဲ အလုပ်က တိုးတက်လာခဲ့တယ်။ ဒါတွေအားလုံးကို မြင်ရတော့ ကျွန်မ စိတ်လှုပ်ရှားခံစားမိတယ်။ ကျွန်မ ဒီလို ပြောင်းလဲမှုမျိုးကို ကြုံတွေ့နိုင်ခဲ့တာက လုံးဝ ဘုရားနှုတ်ကပတ်တော်တွေရဲ့ အသီးအပွင့်ပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရောဂါကျွမ်းနေသော လူနာတစ်ဦး၏ ဆင်ခြင်သုံးသပ်ချက်များ

၂၀၁၃ခုနှစ်၊ ဇွန်လမှာ၊ ကျွန်မရာသီလာက ဆယ်ရက်ကျော်ကြာခဲ့ပြီး၊ သွေးခဲကြီးတွေ တချို့ ပါဆင်းတယ်။ အဲဒီတုန်းက၊ ကျွန်မရဲ့ ညာဘက်ဝမ်းဗိုက်အောက်မှာ...

အပျက်သဘောဆောင်ခြင်းနှင့် တာဝန်များတွင် ခိုကတ်ခြင်းနောက်ကွယ်၌ ရှိသည့်အရာ

တုန်းရွှင် တရုတ်နိုင်ငံ ခေါင်းဆောင်က ကျွန်မကို အဖွဲ့စုဝေးပွဲ နှစ်ခုသုံးခုကို ကြီးကြပ်ခိုင်းတယ်။ လက်တွေ့တချို့လုပ်ပြီးတဲ့နောက်မှာ၊...

ဆင်းရဲဒုက္ခကြားမှ နာခံဖို့ သင်ယူခြင်း

လီးယန် တရုတ်နိုင်ငံ၂၀၀၈ ခုနှစ် အစောပိုင်း၌ ကျွန်မသားလေး၏ နားရွက်နောက်တွင် အဖုလေးတစ်ခု ရှိနေသည်ကို ကျွန်မ သတိပြုမိခဲ့သည်။ သူ့ကို ဆေးစစ်ဖို့...

တာဝန်တစ်ခုတွင် အရန်အစီအစဉ်များ မကြံစည်နှင့်

ကျင့်မော့ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လေးနှစ်ကျော်ကြာတဲ့အထိ ဗီဒီယိုတွေအတွက် သီချင်းတွေရေးတာကိုလုပ်တယ်။ အသင်းတော်အလုပ်ရဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။