အပျက်သဘောဆောင်ခြင်းနှင့် တာဝန်များတွင် ခိုကတ်ခြင်းနောက်ကွယ်၌ ရှိသည့်အရာ
တုန်းရွှင် တရုတ်နိုင်ငံ ခေါင်းဆောင်က ကျွန်မကို အဖွဲ့စုဝေးပွဲ နှစ်ခုသုံးခုကို ကြီးကြပ်ခိုင်းတယ်။ လက်တွေ့တချို့လုပ်ပြီးတဲ့နောက်မှာ၊...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
“ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ ဆိုးယုတ်သော သဘာဝ၏ ဘောင်ခတ်မှုများကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ၎င်းတို့၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို နာကျင်သော စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်တဲ့အခါတိုင်းမှာ၊ အနာရောဂါနဲ့ပတ်သက်လို့ ကျွန်မကိုယ်ပိုင် အတွေ့အကြုံကို သတိရမိတယ်။ ကျွန်မရဲ့ အနာရောဂါက ကျွန်မကို မထုတ်ဖော်ခဲ့ရင်၊ ကောင်းချီးတွေရဖို့အတွက်ပဲ ဘုရားကို ယုံကြည်တဲ့အပေါ် ကျွန်မရဲ့ မမှန်တဲ့ အမြင်ကို ကျွန်မ လုံးဝ သတိပြုမိခဲ့မှာ မဟုတ်တဲ့အပြင် ကျွန်မရဲ့ အနာဂတ် ရှေ့ရေးနဲ့ ခရီးပန်းတိုင်အပေါ် ကျွန်မ ခံစားရတဲ့ သောကနဲ့ စိုးရိမ်မှုကို လက်လွှတ်ခဲ့မှာ မဟုတ်ဘူး။ ဒီရောဂါကို တွေ့ကြုံပြီး မမျှော်လင့်တဲ့ ဆုလာဘ်တွေ ရဖို့ ဖြစ်စေတဲ့ အခြေအနေတွေကို ပြင်ဆင်ပေးလို့ ဘုရားကို ကျေးဇူးတင်ပါတယ်။
ကျွန်မ ငယ်ငယ်ကတည်းက အရမ်းချူချာတယ်။ ကျွန်မ အသက် ၂၁ နှစ်မှာ ချောင်းဆိုးရင်ကျပ်နာဖြစ်ပြီး သုံးလကြာ အဖျားငွေ့ငွေ့လေး ရှိနေခဲ့တယ်။ ဆေးရုံ အကြီးတွေရော၊ အသေးတွေရော အများကြီး သွားခဲ့ပေမဲ့ တစ်ခုမှ ပျောက်အောင် မကုပေးနိုင်ခဲ့ဘူး။ ရောဂါကုဖို့ ကျွန်မသောက်တဲ့ ဆေးရည်ကလည်း ကျွန်မရဲ့ အစာအိမ်နဲ့ သွေးကြောတွေအတွက် အရမ်းထိခိုက်မှုဖြစ်စေခဲ့တယ်။ ကျွန်မ နာလန်ထူအောင် အိမ်ပဲပြန်ခဲ့ရတာပေါ့။ ကျွန်မ အိမ်ရောက်တော့၊ အစာမစားနိုင်ဘူး။ ကျွန်မရဲ့ ကျန်းမာရေးက ပိုဆိုးသထက်ဆိုးခဲ့တယ်။ ကျွန်မက သေဖို့ စောင့်နေသလိုမျိုးပဲ ခံစားရတယ်။ ကျွန်မ ဘယ်လောက် နာကျင်ရတယ်ဆိုတာကို မြင်တော့၊ ကျွန်မအမေက ကျွန်မဆီကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဖြန့်ဝေခဲ့တယ်။ လူသားမျိုးနွယ်ကို ဘုရားက ဖန်ဆင်းခဲ့တယ်ဆိုတဲ့အချက်၊ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးခြင်း ဇာစ်မြစ်၊ လူတွေရဲ့ ဘဝက ဘာလို့ အရမ်းနာကျင်ရတယ်၊ ဒီနာကျင်မှုကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်နိုင်တယ်၊ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်နေထိုင်ဖို့ ဘာတွေလုပ်သင့်တယ် စတာတွေကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာခဲ့တယ်။ အဲဒီတုန်းက နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရတာလောက် ဘာမှပိုပြီး မကြိုက်ခဲ့ဘူး။ အဲဒါက ကျွန်မရဲ့ ရောဂါအကြောင်း မေ့သွားအောင်လုပ်ပေးသလိုပဲ။ နောက်ပိုင်းမှာ ကျွန်မရဲ့ ကျန်းမာရေးက နည်းနည်း ပိုကောင်းလာပြီး အသင်းတော် အသက်တာကို ကျွန်မ စပြီးအသက်ရှင်ခဲ့တယ်။ နှစ်ဝက်လည်းကျော်ရော ကျွန်မ တော်တော်လေးကို ပြန်ကောင်းလာတယ်။ ဘုရားရဲ့ ကျေးဇူးတော်ကို မွေ့လျော်ခံစားရပြီးနောက်မှာ ကျွန်မ စိတ်နှလုံးထဲမှာ စိတ်ပိုင်းဖြတ်လိုက်တယ်။ သူ့ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ကျွန်မ တစ်ဘဝလုံးကို ပူဇော်ပြီး သူ့အတွက် ကျွန်မကိုယ်ကျွန်မ အသုံးခံဖို့ပေါ့။ အဲဒီနောက်မှာ ကျွန်မရဲ့ တာဝန်ကို တက်တက်ကြွကြွနဲ့ ခေါင်းမဖော်တမ်းလုပ်ခဲ့တယ်။ မိုးများများ၊ လေထန်ထန်၊ အရမ်းပဲအေးအေး၊ အရမ်းပဲပူပူ ကွန်မြူနစ်ပါတီရဲ့ အဖမ်းအဆီးတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေရဲ့ ခြိမ်းခြောက်တာကို ကျွန်မတို့ ရင်ဆိုင်ရပါစေ၊ ဘယ်အခြေအနေပဲဖြစ်ပါစေ ကျွန်မတာဝန်ကို ဆက်လုပ်ခဲ့တယ်။
အဲဒီလိုနဲ့ပဲ ကိုးနှစ်က လျှပ်တစ်ပြက်အတွင်း ကုန်သွားပြီး၊ ကွန်မြူနစ်ပါတီရဲ့ နှိပ်စက်ညှဉ်းပန်းမှုက ပိုပြီး ပြင်းထန်လာတယ်။ ကျွန်မကတော့ တရုတ်ပြည်ကနေ ကံကောင်းထောက်မလို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဘုရားကို ဆက်ယုံကြည်လို့ရတဲ့ လွတ်လပ်တဲ့၊ ဒီမိုကရေစီနိုင်ငံတစ်ခုဆီ ရောက်လာခဲ့တယ်။ အဲဒီနှစ်တွေမှာ ကျွန်မရဲ့တာဝန်ကို တစ်လျှောက်လုံး ဆက်ထမ်းဆောင်ခဲ့တယ်။ အချိန်တော်တော်ကြာအောင် ကျွန်မနဲ့ ကျွန်မရေလောင်းပေးနေတဲ့ လူသစ်တွေက ဒေသစံတော်ချိန်ချင်း မတူကြဘဲ နေ့တိုင်း ကျွန်မက တာဝန်လုပ်ရင်းနဲ့ ညဥ့်နက်တဲ့အထိ နေခဲ့ရတယ်။ တစ်ခါတလေ တော်တော်လေး ပင်ပန်းနွမ်းနယ်ပေမဲ့၊ ကျွန်မတို့အတွက် ဘုရားပြင်ဆင်ခဲ့တဲ့ ကြီးမြတ်တဲ့ ခရီးပန်းတိုင်ကို စဉ်းစားမိတဲ့အခါ၊ ဘယ်ဆင်းရဲဒုက္ခပမာဏကိုမဆို သည်းခံတာက တန်တယ်လို့ ခံစားရတယ်။ ၂၀၂၁ ခုနှစ်မှာ၊ ကျွန်မ ခဏခဏဆိုလို ရင်ဘတ်တွေတင်းကျပ်ပြီး ရင်တုန်တယ်။ ပြီးတော့ ကျွန်မရဲ့ နှလုံးခုန်နှုန်းကလည်း ခဏခဏ အတက်အကျမငြိမ်ဘူး။ အဲဒါအပြင်၊ ကျွန်မတစ်ကိုယ်လုံး နုံးချည့်နေပြီး ခဏခဏ အိပ်ချင်မူးတူးဖြစ်တယ်။ အစမှာတော့၊ ကျွန်မ အလေးမထားခဲ့ဘူး။ နည်းနည်း နားလိုက်ရင် သက်သာသွားမှာပါလို့ပဲ တွေးခဲ့တယ်။ ဒါ့အပြင်၊ လူသစ်တွေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံရုံပဲရှိသေးပြီး တည်ငြိမ်တဲ့ အခြေခံအုတ်မြစ်တွေ မရှိသေးဘူး။ သူ့တို့ကို ကျွန်မ ချက်ချင်း ရေမလောင်းပေးရင်၊ သူတို့ဘဝတွေက ဆုံးရှုံတာတွေ ခံစားရမှာ။ ဒါပေမဲ့၊ နှစ်လသုံးလလောက်သာ ကုန်သွားတယ်၊ ကျွန်မရဲ့ ရောဂါလက္ခဏာတွေကတော့ ပိုဆိုးသထက် ဆိုးလာတယ်။ တစ်ခါတလေ ကျွန်မနှလုံးထဲမှာ ရုတ်တရက် စူးရှတဲ့ နာကျင်မှုတစ်ခု ခံစားရတယ်။ ကျွန်မ နည်းနည်း စိုးရိမ်သွားတယ်။ ကျွန်မမှာ ပြင်းထန်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေမှာကို ကြောက်မိတယ်။ ဒါပေမဲ့ နောက်တော့၊ “ငါ ငယ်ငယ်ကတည်းက တော်တော်လေး ကျန်းမာရေး ချို့တဲ့လာခဲ့ပေမဲ့ အရင်က တစ်ခါမှ ရောဂါကြီးကြီးမားမား မရှိဖူးဘူး။ ဒါတွေက ဒီအတောအတွင်းမှာ ညနက်တဲ့ထိ နေလို့ ဖြစ်ရတဲ့ ခန္ဓာကိုယ်ရဲ့ ပုံမှန် တုံ့ပြန်ချက်တွေပဲဖြစ်မယ်ထင်ပါတယ်။ စိုးရိမ်ရတဲ့ရောဂါ တစ်ခုခုတော့ မဖြစ်နိုင်ပါဘူးလေ။ ပြီးတော့ ဒီနှစ်တွေထဲမှာ၊ ဘုရားအတွက် အရာရာကို ငါ စွန့်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တယ်။ ဒီတော့ သူ ငါ့ကို ကာကွယ်ပေးသင့်ပြီး ရောဂါကြီးကြီးမားမား ရှိခွင့်မပေးသင့်ဘူး”လို့ တွေးမိခဲ့တယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တစ်ညနေခင်းမှာ၊ ကျွန်မက ကွန်ပြူတာနဲ့ ကျွန်မတာဝန်ကို ပုံမှန်အတိုင်း လုပ်နေချိန်မှာ ကျွန်မနှလုံးထဲမှာ စူးခနဲ နာကျင်မှုယဲ့ယဲ့ ခံစားရတယ်။ အစတော့ ကျွန်မက အောင့်အီးပြီး ပျောက်သွားအောင် စောင့်ချင်ခဲ့ပေမဲ့ အဲဒါက ပိုဆိုးသထက်ဆိုးလာတယ်၊ ကြွက်တက်သလိုမျိုး နည်းနည်း ခံစားရတယ်။ ကျွန်မ အသက်ရှူမဝ ဖြစ်လာပြီး နောက်ဆုံးမှာ၊ မတ်မတ်မရပ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ် ပြိုလဲသွားခဲ့တယ်။ ဒီလိုဖြစ်နေရင်းနဲ့ ကျွန်မ အရမ်းကြောက်သွားပြီး မျက်ရည်တွေ ထိန်းမရအောင် စီးကျလာတယ်။ အိမ်ထဲမှာရှိတဲ့ တခြားညီအစ်မတစ်ယောက်က ကျွန်မကို တွေ့သွားပြီး အိပ်ရာပေါ် မတင်တယ်၊ ခဏနဲ့ ကျွန်မ အိပ်မောကျသွားတယ်။ ကျွန်မ နိုးတော့၊ ည ၉ နာရီတောင် ကျော်နှင့်နေပြီ။ မျက်နှာကြက်ကို ငေးကြည့်ရင်း ခုလေးတင် ဖြစ်ခဲ့တာကို ပြန်သတိရပြီး၊ “နှလုံးဝေဒနာကြောင့် ငါ သတိလစ်သွားခဲ့တာလား။ ငါ့မှာ တကယ်ပဲ နှလုံးရောဂါ ရှိတာလား။ နှလုံးရောဂါတွေက သေနိုင်တယ်။ ငါ သေတော့မှာလား။ အရာရာကို ငါ စွန့်လွှတ်ပြီး ငါ့တာဝန်ကို ထမ်းခဲ့တယ်။ ဒီတော့ ဘုရားက ဘာလို့ ငါ့ကို မကာကွယ်ပေးခဲ့တာလဲ”လို့ စဉ်းစားနေမိတယ်။ ဒီရောဂါနဲ့ ကျွန်မကို ရင်ဆိုင်တွေ့စေတဲ့နေရာမှာ ဘုရားရဲ့ ရည်ရွယ်ချက်က ဘာလဲ ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ ကျွန်မ စိတ်ကို ငြိမ်အောင်ထားပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရမယ်။ ဒါကြောင့် ကျွန်မရဲ့ဖုန်းကို ထုတ်လိုက်ပြီး ဒီဘုရားနှုတ်ကပတ်တော်တွေကို တွေ့ခဲ့တယ်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ သူ့ကို စမ်းသပ်မှုမည်မျှအား ကြုံတွေ့ခိုင်းစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ၎င်းတို့၏ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတို့ပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ မခံစားနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူ့ထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားနဲ့၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၌ ယုံကြည်ခြင်းရှိသဖြင့် သူ၏လုပ်ရပ်များကို သင်၏ လက်တွေ့အတွေ့အကြုံထဲတွင် သင်မြင်တွေ့ရမည်ဖြစ်သည့်အခါ၊ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို ဉာဏ်အလင်းရစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။ အကယ်၍ သင်သည် ဘုရားသခင်၌ မျှော်လင့်ချက်ပျောက်ဆုံးသွားပါက သူ၏အမှုကို သင် မည်ကဲ့သို့ တွေ့ကြုံနိုင်မည်နည်း။ ထို့ကြောင့် သင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် သံသယများ မသိုထားသည့်အခါမှသာ၊ သူမည်သည့်အရာပြုသည်ဖြစ်စေ သူ့အပေါ် သင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည့်အခါမှသာ သူသည် သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဉာဏ်အလင်းပေးပြီး ဖွင့်ပြမည်ဖြစ်ပြီး၊ ထိုမှသာ သင်သည် သူ၏လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုအရာများ အားလုံးကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိတတ်သည်။ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းအားဖြင့်သာ လာပြီး၊ စစ်ဆေးခြင်းမရှိဘဲနှင့် ယုံကြည်ခြင်း မတိုးပွားနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နည်းနည်း စိတ်ငြိမ်သွားအောင် ကူညီခဲ့တယ်။ ဘုရားရဲ့ စမ်းသပ်မှုတွေထဲက တစ်ခုကို ကျွန်မ ရင်ဆိုင်နေရမှန်း၊ ပြီးတော့ ကျွန်မ ဒီရောဂါဖြစ်ရတာက ဘုရားရဲ့ ရည်ရွယ်ချက်ရှိနေခဲ့မှန်း သဘောပေါက်လိုက်တယ်။ အဲဒီရည်ရွယ်ချက်ကို ကျွန်မ နားမလည်သေးတာပဲရှိတာပါ။ ယောဘက စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားရဲ့ ရည်ရွယ်ချက်ကို သူ နားမလည်ခဲ့ပေမဲ့ သူ့နှုတ်နဲ့ မပြစ်မှားခဲ့သေးဘူး။ အဲဒီအစား၊ ဘုရားအတွက် နှစ်သက်စရာကောင်းအောင် သက်သေခံရင်းနဲ့ ဆုတောင်းပြီး လမ်းပြမှုရှာခဲ့တယ်။ နောက်ဆုံးမှာ၊ ဘုရားက သူ့ကိုယ်သူ ယောဘဆီ ထုတ်ဖော်ခဲ့တယ်။ ကြီးမြတ်လိုက်တဲ့ ကောင်းချီးမင်္ဂလာပဲ။ အခု နှလုံးရောဂါကြောင့် ကျွန်မ သတိလစ်ခဲ့တယ်။ ဘုရားရဲ့ ရည်ရွယ်ချက်က ဘာလဲ ကျွန်မ နားမလည်သေးပေမဲ့ ယောဘဆီကနေ သင်ယူပြီး ကျွန်မရဲ့ နှုတ်နဲ့ မပြစ်မှားအောင် နေသင့်တယ်။ ပြီးတော့ ကျွန်မမှာ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိမရှိဆိုတာကိုလည်း ဘုရားက ကြည့်နေတယ်။ အရင် ကျွန်မ ကျန်းမာခဲ့ချိန်တုန်းက သူ့အတွက် ကျွန်မကိုယ်ကျွန်မ အသုံးခံနိုင်ခဲ့တယ်။ ညည်းညူတာတွေမရှိဘဲ ကျွန်မတာဝန်မှာ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ခဲ့တယ်။ အခု ဒီနာမကျန်းဖြစ်တာနဲ့ ရင်ဆိုင်ရတော့၊ ဘုရားနဲ့ပတ်သက်လို့ ကျွန်မ ညည်းညူလို့ မဖြစ်ဘူး။ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ ရှာဖို့လိုတယ်။ သူ့ကို ယုံကြည်တာ ကျွန်မ ဆုံးရှုံးလို့မဖြစ်ဘူး။
အဲဒီနောက်ပိုင်းအချိန်မှာ၊ ကျွန်မရဲ့ ကျန်းမာရေးက ဆိုးလာတယ်။ မကြာခဏ ရင်တုန်ပြီး ရင်ဘတ်တွေတင်းကျပ်နေတယ်၊ ပြီးတော့ တစ်ကိုယ်လုံး အားနည်းသွားတယ်။ ကျွန်မ စကားပြောတဲ့အခါ ခဏခဏဆိုသလို အသက်ရှူမဝတော့ လေကို အငမ်းမရ စပြီး ရှူရတာပေါ့။ ရိုးရှင်းတဲ့ အိမ်မှုကိစ္စလေးတွေကိုတောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ အခြေအနေ ဘယ်လိုဆိုတာကိုမြင်တော့ ကျွန်မ ဝမ်းနည်းတယ်။ “ငါ့အသက် ၃၀ ပဲရှိသေးတာ။ အနာဂတ်မှာ တကယ်ကို မသန်မစွမ်း မဖြစ်တဖြစ် လူလိုမျိုး အသက်ရှင်ရမှာလား။ ငါ အသက် ၂၁ မှာ ဘုရားကို စယုံကြည်ခဲ့တယ်၊ ကိုယ့်ရဲ့ ငယ်ရွယ်ချိန်ကို အသုံးခံပြီး အရာရာ စွန့်လွှတ်ခဲ့တယ်။ ကွန်မြူနစ်ပါတီရဲ့ နှိပ်စက်ညှဉ်းပန်းတာကို ရင်ဆိုင်ရတဲ့အခါ နောက်မတွန့်ခဲ့သေးဘူး။ ဘာလို့ ဘုရားက ငါ့ကို မကွယ်ကာခဲ့တာလဲ။ အခု၊ လူတိုင်းက သူတို့တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်ပေမဲ့ ငါကတော့ ဒီရောဂါရှိတယ်။ ဒီလိုအရေးကြီးတဲ့အချိန်မှာ၊ ငါက ငါ့တာဝန်ကို မလုပ်နိုင်ဘူး၊ ကောင်းမှုတွေ မပြင်ဆင်နိုင်ဘူး။ ကောင်းတဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင် ငါ့မှာ ရှိဦးမှာလား”လို့ တွေးနေမိတယ်။ ကျွန်မ တွေးလေ၊ ဝမ်းနည်းလေ ဖြစ်ပြီး၊ တစ်ယောက်တည်း လသာဆောင်မှာ ပုန်းပြီး ငိုနေမိတယ်။ ကျွန်မ ငိုလေ၊ မတရားခံ ရသလို ခံစားရလေပဲ။ ကျွန်မရဲ့ လက်ရှိ အကျပ်အတည်းက တကယ်ကို စိတ်မချမ်းသာစရာပဲလို့ တွေးပြီးတော့ပေါ့။ ကျွန်မ ငိုပြီးတဲ့နောက်မှာ စိတ်က နည်းနည်း ပိုငြိမ်သွားသလို ခံစားရတယ်။ ကျွန်မ ဒူးထောက်ပြီး ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ဒီရောဂါကြောင့် ကျွန်မ အရမ်းဝမ်းနည်းရပါတယ်။ ပြီးတော့ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်က ဘာမှန်းလဲ ကျွန်မ မသိပါဘူး။ ကျွန်မ မညည်းသင့်မှန်း၊ ကိုယ်တော့်ကို တောင်းဆိုရာမှာ အသိစိတ်မမဲ့သင့်မှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မနှလုံးက အရမ်းအားနည်းပြီး ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းသေးပါတယ်။ ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို သိဖို့၊ ကျွန်မကိုယ်ကျွန်မ သိဖို့နဲ့ ဒီအခြေအနေတွေကြားမှာ သင်ခန်းစာတွေ ယူဖို့ ကျွန်မကို လမ်းပြပါ”လို့ပေါ့။ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မ တွေးမိတယ်။ “ဘုရားသခင်က လူသားများကို မိသားစုဝင်များအဖြစ် သဘောထားခဲ့သော်လည်း၊ သူတို့က ဘုရားသခင်ကို သူစိမ်းတစ်ဦးအဖြစ် ဆက်ဆံခဲ့ကြသည်။ သို့သော်လည်း ဘုရားသခင့်အမှု၏ အချိန်ကာလတစ်ခုနောက်တွင် သူက မည်သည့်အရာကိုရရှိရန် ကြိုးစားနေကြောင်းကို လူသားတို့ နားလည်လာခဲ့ကြပြီး သူသည် စစ်မှန်သော ဘုရားဖြစ်ကြောင်းကို သူတို့ သိခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ထံမှ မည်သည့်အရာကို ရရှိနိုင်ကြောင်းကိုလည်း သူတို့ သိလာခဲ့ကြသည်။ ဤအချိန်၌ လူတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ သဘောထားခဲ့ကြသနည်း။ သူတို့သည် သူ့ကို အသက်သွေးကြောအဖြစ် ရှုမြင်ခဲ့ကြပြီး သူ၏ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့်၊ ကတိတော်များကို ပေးအပ်ခြင်းခံရရန် မျှော်လင့် ခဲ့ကြသည်။ ဤအချိန်တွင် ဘုရားသခင်သည် လူသားတို့အား မည်ကဲ့သို့ သဘောထားခဲ့သနည်း။ သူသည် လူတို့အား သူ့သိမ်းပိုက်ခြင်း၏ ပစ်မှတ်များအဖြစ် ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို တရားစီရင်ရန်၊ သူတို့ကို စစ်ဆေးရန်နှင့်၊ သူတို့အား စမ်းသပ်မှုများကြား၌ ထားရှိရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုလိုခဲ့သည်။ သို့သော် ထိုအချိန်၌ လူတို့နှင့် ပတ်သက်သရွေ့၊ ဘုရားသခင်သည် သူတို့ကိုယ်တိုင်၏ ရည်မှန်းချက်ပန်းတိုင်များ ရရှိရန် သူတို့အသုံးပြုနိုင်သော အရာဝတ္ထုတစ်ခုမျှ ဖြစ်ခဲ့သည်။ ဘုရားသခင် ထုတ်ပြန်သော သမ္မာတရားသည် ၎င်းတို့အား သိမ်းပိုက်ပြီး ကယ်တင် နိုင်ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်ထံမှ ၎င်းတို့အလိုရှိသော အရာတို့ကို ရရန်သော်လည်းကောင်း၊ ၎င်းတို့အလိုရှိသော ခရီးဆုံးပန်းတိုင်သို့ ရောက်ရန်သော်လည်းကောင်း ၎င်းတို့၌ အခွင့်အရေး တစ်ခုရှိကြောင်း မြင်ခဲ့ကြသည်။ ဤအရာကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုးသားမှု အစအနလေး ဖြစ်တည်လာခဲ့ပြီး ၎င်းတို့သည် ဤဘုရားသခင် နောက်သို့လိုက်ရန် အလိုရှိလာခဲ့ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ကျွန်မ အရမ်းစိတ်သောကရောက်ပြီး ဝမ်းနည်းတယ်။ ဘုရားက သူ့အိမ်တော်ထဲကို ကျွန်မကို ခေါ်ဆောင်ခဲ့ပြီး မိသားစုအနေနဲ့ ဆက်ဆံခဲ့တယ်၊ ကျွန်မတာဝန်ကို ထမ်းဆောင်ခွင့်ပေးပြီး၊ နောက်ဆုံးမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပြီး ဘုရားရဲ့ ကယ်တင်ခြင်းရနိုင်အောင်လို့ ကျွန်မတာဝန်မှာ သမ္မာတရား အမျိုးမျိုးကို ရနိုင်အောင်လုပ်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘုရားဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီတွေပဲ လိုချင်ပြီးတော့ သူ့ကို အသက်ကယ်ကြိုးတစ်ချောင်းအနေနဲ့ သဘောထားခဲ့တယ်။ ဒီနာမကျန်းဖြစ်တာနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားအတွက် ကျွန်မ ဘယ်လောက်စွန့်လွှတ်ခဲ့တယ်ဆိုတာကို တွက်ချက်ခဲ့တယ်။ သူ့အတွက် ကျွန်မ စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တော့၊ ကျွန်မ နေမကောင်းမဖြစ်သင့်ဘူး၊ ပြီးတော့ ဘုရားက ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ကျွန်မကို ကောင်းချီးပေးသင့်တယ်လို့ တွေးနေမိခဲ့တယ်။ ကျွန်မလိုချင်တာ မရတော့၊ စိတ်ဓာတ်ကျပြီး စိတ်ပျက်သွားတယ်။ လက်စသတ်တော့ ကျွန်မက ဘုရားရဲ့ မေတ္တာကို ပြန်ဆပ်ဖို့အတွက် သူ့အတွက် အရာရာကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာ မဟုတ်ဘူးပဲ။ အဲဒီအစား၊ ကျွန်မက သူနဲ့ အပေးအယူ လုပ်နေခဲ့တာပဲ။ ကျေးဇူးတော်နဲ့ ကောင်းချီးတွေရဖို့ ကျွန်မက စွန့်လွှတ်ပြီး အသုံးခံနေခဲ့တာ။ ဘုရားကို ယုံကြည်ရာမှာ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေ အများကြီး ကျွန်မ ရှိနေသေးတာကို မြင်တော့ ကျွန်မ အရမ်းဝမ်းနည်းပြီး၊ ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ ကျွန်မ မထိုက်တန်ဘူးလို့ တွေးခဲ့တယ်။ သူ့ဆီက ကောင်းချီးတွေ ရဖို့အတွက်ပဲ ကျွန်မက ကိုယ့်တာဝန်ထမ်းဆောင်နေခဲ့တာကို ဘုရားမြင်တွေ့ရတော့ သူဝမ်းနည်းလိုက်မဲ့ဖြစ်ခြင်းလို့ ကျွန်မ တွေးမိတယ်။ ကလေးတစ်ယောက်က ဥစ္စာပစ္စည်း အမွေခံနိုင်ဖို့အတွက်ပဲ သူ့မိဘတွေကို စောင့်ရှောက်နေခဲ့ရင်၊ မိဘတွေက သေချာပေါက် နာကျင်ခံစားကြမှာပဲ။ ကျွန်မက သားသမီးဝတ်မကျေတဲ့ ကလေးတစ်ယောက်နဲ့ အတူတူပါပဲ။ ကျွန်မကိုယ်ပိုင် အကျိုးစီးပွားအတွက်ပဲ အလုပ်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနေခဲ့တာ။ ဒါက ဘုရားမြင်ချင်တဲ့အရာ မဟုတ်ဘူး။ ဒါကို သဘောပေါက်လိုက်တဲ့အခါ၊ နောင်တနဲ့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ကောင်းချီးတွေရဖို့ဖြစ်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်ကို စွန့်ပြီး၊ ဘုရားမေတ္တာ ပြန်ဆပ်ရအောင် ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ လိုလားနေခဲ့တယ်။ အဲဒီနောက်မှာ၊ ကျွန်မရဲ့ အိပ်တဲ့အချိန်ဇယားကို ကျွန်မ စညှိတယ်။ ခဏခဏ ပိုအနားယူတာ၊ စားသောက်ပုံကို စည်းကမ်းနဲ့ထိန်းတာ၊ ပြီးတော့ ကိုယ့်တာဝန်ကို နေ့တိုင်း ပုံမှန် ထမ်းဆောင်တာတွေကို များသောအားဖြင့် အာရုံစိုက်တယ်။ အံ့ဩစရာက၊ တစ်ပတ်အကြာမှာ၊ ကျွန်မရဲ့ ကျန်းမာရေး တဖြည်းဖြည်း တိုးတက်လာတယ်။ ကျွန်မ ဘုရားကို ကျေးဇူးတင်ပြီး မချီးမွမ်းဘဲမနေနိုင်ခဲ့ဘူး။
အဲဒီနှစ်ရဲ့ ဒီဇင်ဘာလမှာ၊ ကျွန်မ တာဝန်သစ်တစ်ခု အပေးခံရတယ်။ အလုပ်ကို ရင်းနှီးအောင်လုပ်ရပြီး အဖွဲ့ထဲက ညီအစ်ကို မောင်နှမတွေရဲ့ အလုပ်ကိုလည်း ကျွန်မ စစ်ဆေးပေးခဲ့ရလို့၊ အတော်လေး ညနက်မှ အိပ်ခဲ့ရတဲ့ ရက်တချို့တလေ ရှိခဲ့တယ်။ တစ်နေ့တော့ ညနေ ၅ နာရီအကျော်လေးမှာ ကျွန်မနှလုံးက နည်းနည်းအောင့်တယ်။ အဲဒီလိုအောင့်တာ အတော်လေးကြာပြီး ပိုအောင့်သထက်အောင့်လာတယ်။ ကျွန်မ ထပြီး သန့်စင်ခန်းကို သွားတယ်။ ပြန်ထွက်လာတော့၊ ကျွန်မရဲ့ နှလုံးက တစ်ခုခု အသည်းအသန်ဖြစ်နေသလိုမျိုး ခံစားရပြီး အသက်ရှူရခက်လာတယ်။ ကျွန်မ မတ်မတ် မရပ်နိုင်လို့ လက်ကို တံခါးပေါ် ထောက်ထားပြီးတော့ ကြမ်းပြင်ပေါ် ဖြည်းဖြည်းချင်းလေးကျသွားတယ်။ နာရီဝက်လောက် ကြမ်းပြင်ပေါ် ကျွန်မ လှဲနေလိုက်တယ်။ ကျွန်မရဲ့ နှလုံးက တော်တော့်ကို အောင့်နေပြီးတော့ တစ်ကိုယ်လုံး ဆက်တိုက် တုန်နေတယ်။ ကျွန်မ အဲဒီမှာလှဲနေတာကို မြင်တော့ ညီအစ်မတစ်ယောက်က လန့်သွားပြီး ကျွန်မကို အိပ်ရာပေါ် ကူတင်ပေးတယ်။ နောက်ပိုင်း၊ ည ၁၀ နာရီနောက်မှာ၊ ကျွန်မ ထထိုင်ပြီး အိပ်ရာပေါ်မှာ ကွန်ပြူတာ ကိုင်ချင်ခဲ့ပေမဲ့၊ အားက တစ်စက်မှ မရှိခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မရဲ့ စိတ်နှလုံးက မချိတင်ကဲစိတ်အပြည့်နဲ့ တွေးမိတယ်။ “အနာဂတ်မှာ ငါ့ကျန်းမာရေးက အမြဲ ချူချာနေရင်၊ ငါ ဘာလုပ်ရမလဲ”လို့ပေါ့။ နောက်နေ့မှာ၊ ကျွန်မ ဆေးစစ်ဖို့ ဆေးရုံကို ညီအစ်မတစ်ယောက်နဲ့ သွားတယ်။ ဒါပေမဲ့ ဆေးရလဒ်က အားလုံး ပုံမှန်ပဲလို့ ပြတယ်။ ဒါကြောင့် ကျွန်မ ဝမ်းသာသင့်လား၊ ပူပန်သင့်လား ကျွန်မ မသိခဲ့ဘူး။ ကျွန်မမှာ ရောဂါမရှိတာ ကောင်းပေမဲ့ ကျွန်မနဲ့ပတ်သက်လို့ တစ်ခုခု တကယ်မှားနေတာလေ။ ရောဂါကို ဖော်ထုတ်လို့မရနိုင်ရင်၊ ကုသဖို့ နည်းလမ်း မရှိဘူး။ နောက်ပိုင်းမှာ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေကို စဉ်းစားပြီးတော့၊ ကြီးကြပ်ရေးမှူးက ကျွန်မရဲ့ အလုပ်ပမာဏကို လျှော့ပေးတယ်။ ကျွန်မရဲ့ တာဝန်တွေ အကြိမ်ကြိမ် အလျှော့ခံရတာကို မြင်တော့၊ ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ဘဲ တွေးမိတယ်။ “ငါ့တာဝန်က တဖြည်းဖြည်း လျော့နေတယ်။ ဒီတော့ အဲဒါက ကောင်းမှုတွေ ပြင်ဆင်ဖို့ အခွင့်အရေးတွေ ငါ နည်းသထက်နည်းသွားတဲ့ သဘောပဲ မဟုတ်လား။ အနာဂတ်မှာ ကောင်းမှုတွေကို ငါ ဘယ်လိုပြင်ဆင်ပြီး ကယ်တင်ခြင်း ရမှာလဲ”လို့ပေါ့။ ဒါကို တွေးမိတော့၊ ကျွန်မ နည်းနည်း အပျက်သဘောဆောင်လာတယ်။ အဲဒီနောက်မှာ၊ ကျွန်မရဲ့ ကျန်းမာရေးက ပိုဆိုးလာတယ်။ ကျွန်မရဲ့ အခန်းကနေ သန့်စင်ခန်းသွားတဲ့အခါမှာတောင် နံရံကို လက်နဲ့အားပြုပြီး သွားခဲ့ရတယ်။ ကျွန်မဟာ များသောအားဖြင့် အိပ်ရာထဲမှာပဲ ထိုင်နိုင်ပြီး မတ်မတ်မရပ်နိုင်တဲ့အခါကျရင် နံရံကိုမှီရတယ်၊ စားပွဲကို မှီပြီးနားရတယ်။ ကျွန်မဘာသာ တွေးမိတယ်။ “အရင်တုန်းက နည်းနည်းလေးနားလိုက်တာနဲ့ နာလန်ထူလာနိုင်တာပဲ။ အခု ဘာလို့ ဆိုးသထက် ဆိုးလာနေတာလဲ။ တခြားလူတိုင်းက သူတို့တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ အလုပ်ရှုပ်နေကြတယ်။ ငါ့ရောဂါကြောင့် ငါ့တာဝန်ကို ငါ မလုပ်နိုင်ရင်၊ ကယ်တင်ခြင်းရမဲ့ ငါ့အခွင့်အရေးကို ဆုံးရှုံးရမှာ မဟုတ်လား။ ဒါပြီးရင်တော့ ငါ့ကျန်းမာရေးက အခြေအနေပေးတာနဲ့ ငါ့တာဝန်ကို စွဲစွဲမြဲမြဲ ထမ်းဆောင်မယ်။ အခုတော့ တာဝန်တွေကို နည်းနည်းပဲ ထမ်းဆောင်နိုင်ပေမဲ့ ငါ့တာဝန်ကို စွဲစွဲမြဲမြဲ ထမ်းဆောင်သရွေ့ ငါ မဆုတ်မနစ်လုပ်နိုင်တာကို ဘုရားက မြင်ပြီး ပိုမြန်မြန်ဆန်ဆန် သက်သာခွင့်ပေးမယ်ထင်တာပဲ”လို့ပေါ့။ အဲဒီနောက်မှာ၊ ကျွန်မရဲ့ ကျန်းမာရေးက ညံ့မြဲညံ့နေပြီးတော့ ကျွန်မရဲ့ နှလုံးအောင့်တာက ပိုမိုများလာတယ်။ တစ်ခုခုကြောင့် အလန့်တကြားဖြစ်စိတ်ကို မထိန်းနိုင်ဘဲ အသံကျယ်ကျယ်ကြားလိုက်ရင် ကျွန်မနှလုံးက မသက်မသာဖြစ်ရော။ “ဒီရောဂါ ရှိနေတုန်း ငါ့တာဝန်ကို ထမ်းဆောင်ဖို့ အစွမ်းကုန် ငါ လုပ်နေပြီးပြီ။ ဒီတော့ ဘာလို့ ငါ့ကျန်းမာရေးက ဒီလို ဆိုးလာနေတာလဲ။ ဘုရားက ငါ့ကို ဘာလို့ မကုပေးတာလဲ။ ဒီရောဂါဖြစ်တာ နှစ်နှစ်နီးပါး ရှိနှင့်နေပြီ။ ဆေးရုံကို သွားခဲ့ပေမဲ့ သူတို့က ရောဂါကို မရှာနိုင်ခဲ့ဘူး။ ပြီးတော့ အဲဒါပျောက်သွားအောင် ငါလည်း ဘာမှမလုပ်နိုင်ဘူး။ အခု ကိုယ့်ကိုယ်ကိုယ် ပြုစုစောင့်ရှောက်ဖို့တောင် ခက်ခဲနေပြီး ကိုယ့်တာဝန် ထမ်းဆောင်ဖို့လည်း အားက လုံလုံလောက်လောက် မရှိဘူး။ ငါ ဖယ်ရှားရှင်းလင်းခံရတော့မှာလား”လို့ပေါ့။ ကျွန်မ တွေးမိတယ်။ ကျွန်မ စိတ်ထဲမှာ ပိုအားနည်းသထက် အားနည်းနေခဲ့တယ်။ ဒါကြောင့် ဘုရားဆီ ဆုတောင်းပြီး လမ်းပြမှု ရှာခဲ့တယ်။
တစ်နေ့တော့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “ပုံမှန်လူများ နာမကျန်းဖြစ်ကြသည့်အခါ ၎င်းတို့ အမြဲ ဝေဒနာခံစားကာ စိတ်မချမ်းမြေ့ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ သည်းညည်းခံနိုင်သည့် အကန့်အသတ်တစ်ခု ရှိကြလေသည်။ သို့ရာတွင် မှတ်သားရမည့်အရာတစ်ခု ရှိ၏။ လူတို့သည် နာမကျန်းဖြစ်သည့်အခါ မိမိတို့၏ နာမကျန်းဖြစ်ခြင်းကို မိမိတို့ဘာသာ ဖယ်ရှားပြီး လွတ်မြောက်ရန် မိမိတို့ကိုယ်ပိုင် စွမ်းရည်အပေါ် အားထားဖို့ အမြဲ တွေးပါက အဆုံးသတ်ရလဒ်သည် မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့၏ နာမကျန်းဖြစ်ခြင်းအပြင် သာ၍ပင် ၎င်းတို့ ဝေဒနာခံစားပြီး စိတ်မချမ်းမြေ့ဖြစ်ကြမည် မဟုတ်လော။ ထို့ကြောင့် လူတို့သည် မိမိတို့ကိုယ်ကို နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံခံရသည်ကို တွေ့ရလေ၊ သမ္မာတရားကို ၎င်းတို့ သာ၍ ရှာဖွေသင့်လေဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ရမည့် နည်းလမ်းကို ရှာဖွေသင့်လေ ဖြစ်သည်။ လူတို့သည် နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံခံရလေ၊ ဘုရားသခင် ရှေ့မှောက်သို့ ၎င်းတို့ သာ၍ လာသင့်ပြီး မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့ ပြုလုပ်သည့် မလျော်ကန်သော တောင်းဆိုချက်များကို ၎င်းတို့ သိရှိသင့်လေ ဖြစ်သည်။ သင်သည် နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံခံရလေ၊ သင်၏ စစ်မှန်သော ကျိုးနွံနာခံမှုသည် သာ၍ စစ်ဆေးခံရလေဖြစ်သည်။ ထို့ကြောင့် သင် နာမကျန်းဖြစ်သည့်အခါ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို သင်၏ ဆက်လက် ကျိုးနွံနာခံနိုင်စွမ်းနှင့် သင်၏ ကိုယ်ပိုင် မကျေနပ်ချက်များ၊ ယုတ္တိမတန်သည့် တောင်းဆိုချက်များကို ပုန်ကန်နိုင်စွမ်းက သင်သည် သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူတစ်ဦးဖြစ်ကြောင်း၊ သင်သည် သက်သေခံနေကြောင်း၊ ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စစ်မှန်ပြီး စမ်းသပ်စစ်ဆေးမှုကို အောင်မြင်နိုင်ကြောင်းနှင့် ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် ဆောင်ပုဒ်များနှင့် အယူဝါဒမျှသာ မဟုတ်ကြောင်း ပြသပေသည်။ ဤသည်မှာ နာမကျန်းဖြစ်သည့်အခါ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာ ဖြစ်သည်။ သင် နာမကျန်းဖြစ်သည့်အခါ ထိုအရာမှာ သင်၏ ယုတ္တိမတန်သော တောင်းဆိုချက်များနှင့် ဘုရားသခင်အကြောင်း သင်၏ လက်တွေ့မကျသည့် စိတ်ကူးစိတ်သန်းများ၊ အယူအဆများကို ထုတ်ဖော်ပြသရန် ဖြစ်ပြီး ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် သင်၏ ကျိုးနွံနာခံမှုတို့ကိုလည်း စမ်းသပ်စစ်ဆေးရန် ဖြစ်သည်။ ဤအရာများနှင့်ပတ်သက်သည့် စမ်းသပ်စစ်ဆေးခြင်းကို သင် အောင်မြင်ပါက သင်သည် စစ်မှန်သည့် သက်သေခံချက်နှင့် ဘုရားသခင်၌ သင့်ယုံကြည်ခြင်း၊ ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိခြင်းနှင့် သူ့ကို သင်၏ ကျိုးနွံနာခံခြင်းတို့နှင့်ဆိုင်သော စစ်မှန်သော သက်သေအထောက်အထား ရှိပေသည်။ ဤသည်မှာ ဘုရားသခင် အလိုရှိသည့်အရာဖြစ်ပြီး အဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်ကာ အသက်ရှင်နေထိုင်သင့်သည့် အရာဖြစ်သည်။ ဤအရာများအားလုံးသည် အပြုသဘောဆောင်ကြသည် မဟုတ်လော။ (အပြုသဘောဆောင်ကြပါသည်။) ဤအရာများသည် လူတို့ လိုက်စားသင့်ကြသည့် အရာများအားလုံး ဖြစ်၏။ ထို့အပြင် ဘုရားသခင်သည် သင့်ကို နာမကျန်းဖြစ်ခွင့်ပေးပါက သင်၏ နာမကျန်းဖြစ်ခြင်းကိုလည်း သင့်ထံမှ အချိန်နှင့် နေရာမရွေး ယူဆောင်သွားနိုင်သည် မဟုတ်လော။ (ယူဆောင်သွားနိုင်ပါသည်။) ဘုရားသခင်သည် သင်၏ နာမကျန်းဖြစ်ခြင်းကို သင့်ထံမှ အချိန်နှင့် နေရာမရွေး ယူဆောင်သွားနိုင်သောကြောင့် သူသည် သင်၏ နာမကျန်းဖြစ်ခြင်းကို သင့်အထဲတွင် ဆက်ရှိစေပြီး သင့်ကို လုံးဝ မစွန့်ခွာဘဲရော ဖြစ်စေနိုင်သလော။ (ဖြစ်စေနိုင်ပါသည်။) ပြီးလျှင် ဤနာမကျန်းဖြစ်ခြင်းကိုပင် သင့်အား လုံးဝ မစွန့်ခွာရန် ဘုရားသခင် ဖြစ်စေပါက သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်သေးသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို သင် ဆက်လက်ထိန်းသိမ်းနိုင်သလော။ ဤသည်မှာ စမ်းသပ်စစ်ဆေးမှုတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် နာမကျန်းဖြစ်ပြီးနောက် လအတော်ကြာပြီးနောက်တွင် နာလန်ထူလာပါက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ သူ့အပေါ် သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စမ်းသပ်စစ်ဆေးခြင်း မခံရသကဲ့သို့ သင့်ထံတွင် သက်သေခံချက် မရှိပေ။ နာမကျန်းဖြစ်ခြင်းကို လအနည်းငယ်ကြာ ကြံ့ကြံ့ခံရန်မှာ လွယ်ကူသော်လည်း သင်၏ နာမကျန်းဖြစ်ခြင်းက နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်ကြာ ဆက်ရှိနေပြီး သင်၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သစ္စာစောင့်သိရန် သင်၏ ဆန္ဒတို့သည် ပြောင်းလဲရမည့်အစား တိုး၍ စစ်မှန်လာပါက ဤသည်မှာ သင်သည် ဘဝတွင် ကြီးထွားပြီးဖြစ်ကြောင်း ပြသသည် မဟုတ်လာ။ ဤအကျိုးကို သင် ခံစားရသည် မဟုတ်လော။ (ခံစားရပါသည်။) ထို့ကြောင့် သမ္မာတရားကို အမှန်တကယ် လိုက်စားသူ တစ်စုံတစ်ဦး နာမကျန်းဖြစ်စဉ်တွင် မိမိ၏ နာမကျန်းဖြစ်ခြင်းက ဆောင်ကြဉ်းသည့် အကျိုးကျေးဇူး အမြောက်အမြားကို ကြုံရပြီး ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရလေသည်။ ၎င်းသည် မိမိ၏ နာမကျန်းဖြစ်ခြင်းကို ရှောင်ရှားရန် စိုးရိမ်တကြီး မကြိုးစား၊ သို့မဟုတ် ၎င်း၏ နာမကျန်းဖြစ်ခြင်းက ရှည်ကြာနေပါက ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်၊ မည်သည့် ပြဿနာများ ဖြစ်စေလိမ့်မည်၊ ပိုဆိုးသွားလိမ့်မည်လော၊ သို့မဟုတ် ၎င်းသေဆုံးသွားလိမ့်မည်လားဆိုသည်တို့ကို မစိုးရိမ်ချေ။ ထိုသို့သော အရာများနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိပေ။ ထိုသို့သော အရာများနှင့်ပတ်သက်၍ စိုးရိမ်းမှုမရှိခြင်းအပြင် ၎င်းသည် အပြုသဘောဆောင်စွာ ဝင်ရောက်နိုင်ပြီး ဘုရားသခင်၌ ယုံကြည်ခြင်း ရှိနိုင်သကဲ့သို့ အမှန်တကယ် ကျိုးနွံနာခံကာ သစ္စာစောင့်သိနိုင်ကြလေသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတွင် သက်သေခံချက် ရှိလာပြီး ဤအရာသည်လည်း ၎င်း၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ကြီးမားစွာ အကျိုးပြုကာ ၎င်း၏ ကယ်တင်ခြင်းရရှိခြင်းအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပေးလေသည်။ ယင်းမှာ နှစ်သက်ဖွယ်ဖြစ်လိုက်လေခြင်းပါတကား။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်တွေကို အမှောင်ကြားက အလင်းတစ်ခုလိုပဲ။ ကျွန်မကို နှစ်သိမ့်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးနေတယ်။ ဒီအချိန်မှာ ကျွန်မ အလိုအပ်ဆုံးအရာကို ဘုရားသိတယ်။ ဒီအခြေအနေတွေကနေ သမ္မာတရားရှာအောင်နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်အောင် ကျွန်မကို ကူညီဖို့ သူက ဒါတွေကို ပြင်ဆင်ခဲ့တာပဲ။ တစ်ချိန်တည်းမှာပဲ၊ ဘုရားက ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံမှုကို စစ်ဆေးချင်ခဲ့တယ်။ ကျွန်မဆီကနေ ဒီရောဂါကို ယူလိုက်ဖို့က ဘုရားအတွက် အလွယ်လေးပဲဖြစ်ခဲ့မှာဆိုပေမဲ့ သူက အဲဒါကို မလုပ်ခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ ရောဂါလက္ခဏာတွေက ပိုဆိုးသွားခဲ့ပြီး၊ ဒီအရာထဲမှာ သူ့ရည်ရွယ်ချက်ရှိတာ သေချာတယ်။ ကျွန်မရဲ့ ရောဂါနဲ့ပတ်သက်လို့ ဒီအတွေ့အကြုံနှစ်ခုက ကျွန်မရဲ့ ပုန်ကန်မှုအများကြီးကို ထုတ်ဖော်ခဲ့တယ်။ ဒီရောဂါနဲ့ ကျွန်မ ရင်ဆိုင်ရတဲ့အခါတိုင်းမှာ၊ အစမှာ ကျွန်မရဲ့ ခံစားချက်အရဖြစ်တဲ့ ဆန္ဒက ကျိုးနွံနာခံပြီး မညည်းဖို့ ဖြစ်နိုင်ပေမဲ့၊ ရောဂါ ပိုဆိုးလာတဲ့အခါ၊ ကျွန်မ စညည်းပြီး ဘုရားကို ကျိုးကြောင်းပြပြောဆိုခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကြာ၊ ဒီအခြေအနေတွေကို ကျွန်မ တစ်စိုက်မတ်မတ် တွေ့ကြုံနေခဲ့ရပေမဲ့ ကျွန်မရဲ့ သက်သေခံချက်မှာ လုံးဝ ခိုင်ခိုင်မာမာ မရပ်တည်ခဲ့ဘူး။ အပေးအယူလုပ်ဖို့ ရည်ရွယ်ချက်ကို အမြဲ ထားရှိခဲ့ပြီးတော့ပေါ့။ ဘုရားက ကျွန်မတွေ့ကြုံဖို့အတွက် ဒီအခြေအနေတွေကို အဆက်မပြတ် ပြင်ဆင်ပေးခဲ့ပြီး၊ ဒါက ကျွန်မဘဝအတွက် တာဝန်ယူမှုကို သူ ပြနေတာဖြစ်တဲ့အပြင် ကျွန်မကို ကယ်တင်နေတာပဲ။ ကျွန်မ ဒီအတိုင်း အသိတရားမရှိဘဲ ဘုရားနဲ့ပတ်သက်ပြီး ညည်းညူနေလို့ မဖြစ်ဘူး။ တစ်နည်းအားဖြင့် ဒီအခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မမှာ စစ်မှန်တဲ့ ကျိုးနွံနာခံမှုရှိဖို့နဲ့ ကျွန်မတာဝန်ကို အစွမ်းကုန် လုပ်ဖို့ လိုတယ်။ နောက်တစ်နည်းအားဖြင့်၊ ကျွန်မ ထုတ်ဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နားလည်ဖို့လည်း လိုပြီး ကျွန်မ ဝင်ရောက်သင့်တဲ့ သမ္မာတရားတွေကို ရှာဖို့လိုတယ်။
တစ်နေ့တော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “အန္တိခရစ်များက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပုံ၊ မဖြောင့်မတ်သကဲ့သို့ ကောက်ကျစ်ဆိုးယုတ်သည့် အရာများကို ၎င်းတို့ နှစ်သက်ပုံ၊ အကျိုးစီးပွားများနှင့် ကောင်းချီးမင်္ဂလာများကို လိုက်စားကြပုံ၊ ကောင်းချီးများရရန်ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒတို့ကို လုံးဝ လက်မလွှတ်ကြဘဲ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် အမြဲ ကြိုးစားကြပုံအကြောင်းကို ငါတို့ ယခုတင် ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် ဤကိစ္စရပ်ကို မည်သို့ ပိုင်းခြားသိမြင်ကာ အမျိုးအစားခွဲခြားသင့်သနည်း။ အခြားအရာအားလုံးထက် အကျိုးအမြတ်ကို ဦးစားပေးခြင်းဖြစ်သည်ဟု ငါတို့ ခေါ်လိုက်လျှင် ယင်းမှာ ပျော့လွန်းပေမည်။ ထိုအရာက ပေါလုက သူ၏ ကိုယ်၌ ဆူးတစ်ချောင်း ရှိကြောင်းနှင့် သူ၏ အပြစ်များကို ဖြေရန်အလို့ငှာ သူ အလုပ်လုပ်သင့်ကြောင်း အသိအမှတ်ပြုခဲ့သော်လည်း အဆုံးတွင် ဓမ္မသရဖူကို ရရှိရန် ဆန္ဒရှိခဲ့သေးသည့် ပုံစံကဲ့သို့ ဖြစ်သည်။ ဤအရာ၏ သဘာဝမှာ အဘယ်နည်း။ (ရက်စက်ခြင်းဖြစ်သည်။) ထိုအရာသည် ရက်စက်သော စိတ်သဘောထားတစ်မျိုး ဖြစ်သည်။ သို့သော် ဤအရာ၏ သဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်း ဖြစ်သည်။) ထိုအရာတွင် ဤသဘာဝရှိ၏။ သူသည် အရာရာကို အပေးအယူတစ်ခုအဖြစ် သဘောထားလျက် သူ လုပ်ဆောင်ခဲ့သမျှတိုင်းတွင် အကျိုးအမြတ်ကို ရှာဖွေခဲ့သည်။ ဘာသာတရားမရှိသောသူတို့ကြားတွင် ဆိုရိုးစကားတစ်ခု ရှိသည်။ ‘အခမဲ့နေ့လည်စာဟူသည်မှာ မရှိပါ’ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ‘သင့်အတွက် ငါ အလုပ်လုပ်လျှင် အပြန်အလှန်အနေဖြင့် မည်သည့်အရာကို သင် ပေးမည်နည်း။ မည်သည့် အကျိုးကျေးဇူးများကို ငါ ရရှိနိုင်သနည်း’ဟု တွေးလျက် ဤဆင်ခြင်တွေးခေါ်မှုစနစ်ကို ထားရှိကြသည်။ ဤသဘာဝကို မည်သို့ ပေါင်းရုံးဖော်ပြသင့်သနည်း။ ထိုအရာကို အကျိုးအမြတ်များ၊ အရာအားလုံးထက် အကျိုးအမြတ်ကို ဦးစားပေးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့က လှုံ့ဆော်ခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်နှင့် ကောင်းချီးများ ရရှိရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဆင်းရဲဒုက္ခတစ်ခုခုကို ၎င်းတို့ ခါးစည်းခံရလျှင်၊ သို့မဟုတ် အဖိုးအခအချို့ကို ပေးရလျှင် ဘုရားသခင်နှင့် အပေးအယူလုပ်ရန်အလို့ငှာသာ ဖြစ်သည်။ ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့သည် အလွန်ကြီးမားပြီး ထိုအရာကို ၎င်းတို့က တင်းကျပ်စွာ ဖက်တွယ်ကြသည်။ ဘုရားသခင် ဖော်ပြပြီးဖြစ်သည့် သမ္မာတရားများစွာထဲမှ တစ်ခုကိုမျှ ၎င်းတို့ လက်မခံကြပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးများ ရရှိခြင်းနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုကို အရယူခြင်းအကြောင်းသာ ဖြစ်ကြောင်း၊ ယင်းမှာ အမြင့်ဆုံးသော စည်းမျဉ်းဖြစ်ပြီး ထိုအရာကို မည်သည့်အရာကမျှ မကျော်လွန်နိုင်ကြောင်း ၎င်းတို့၏ စိတ်နှလုံးများတွင် အမြဲ တွေးထင်ကြသည်။ ကောင်းချီးများ ရရှိဖို့အတွက် မဟုတ်လျှင် လူတို့အနေဖြင့် ဘုရားသခင်ကို မယုံကြည်သင့်ကြောင်းနှင့် ကောင်းချီးများအတွက် မဟုတ်လျှင် ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးမျှ ရှိမည်မဟုတ်ကြောင်း၊ ထိုအရာက အဓိပ္ပာယ်နှင့် တန်ဖိုး ဆုံးရှုံးမည်ဖြစ်ကြောင်း ၎င်းတို့ တွေးထင်ကြလေသည်။ ဤအရာများကို အန္တိခရစ်များထဲသို့ အခြားတစ်စုံတစ်ဦးက သွတ်သွင်းပေးခဲ့ခြင်း ဖြစ်သလော။ ယင်းတို့သည် အခြားတစ်စုံတစ်ဦး၏ လေ့ကျင့်သင်ကြားပေးခြင်း သို့မဟုတ် လွှမ်းမိုးမှုမှ ဆင်းသက်သလော။ မဟုတ်ပေ၊ ယင်းတို့ကို မည်သူမျှ ပြောင်းလဲ၍ မရနိုင်သည့်အရာတစ်ခု ဖြစ်သော အန္တိခရစ်များ၏ ပင်ကိုသဘာဝ အနှစ်သာရက အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က ယနေ့ခေတ်တွင် နှုတ်ကပတ်တော်များစွာ ပြောဆိုနေလင့်ကစား အန္တိခရစ်များက ထိုအရာများထဲမှ တစ်ခုကိုမျှ လက်မခံကြဘဲ ထိုအစား ယင်းတို့ကို အတိုက်အခံလုပ်ကာ ပြစ်တင်ရှုတ်ချကြလေသည်။ သမ္မာတရားကို ၎င်းတို့၏ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို မုန်းတီးခြင်း သဘာဝသည် လုံးဝ မပြောင်းလဲနိုင်ပေ။ ယင်းတို့ မပြောင်းလဲနိုင်လျှင် ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့၏ သဘာဝက ကောက်ကျစ်ဆိုးယုတ်ကြောင်း ညွှန်ပြပေသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၊ မလိုက်စားခြင်း ကိစ္စတစ်ခု မဟုတ်ပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ကန့်ကွက်ပြောဆိုခြင်းနှင့် ဘုရားသခင်ကို ရန်လုပ်ခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော စရိုက်အမှန်သာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နက်နက်ရှိုင်းရှိုင်း ပြန်သုံးသပ်မိစေတယ်။ အန္တိခရစ်တွေက ကောင်းချီးတွေ ရဖို့နဲ့ သူတို့တာဝန်တွေမှာ ဘုရားနဲ့ အပေးအယူလုပ်ဖို့အတွက် ဘုရားကို ယုံကြည်ကြတယ်လို့ ဘုရားက ဖော်ထုတ်တယ်။ သူတို့က သမ္မာတရား လိုက်စားဖို့နဲ့ သူတို့ရဲ့ အသက်စိတ်သဘောထားတွေ ပြောင်းလဲဖို့ ဘုရားကို ယုံကြည်တာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ရောဂါနဲ့ အမြဲ လုံးပန်းနေရတာက ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုကို ထုတ်ဖော်ခဲ့တယ်။ အစမှာတော့၊ အဲဒါကို ပုံမှန်အတိုင်း ကျွန်မ တွေ့ကြုံနိုင်ခဲ့ပေမဲ့၊ ရေရှည်မှာ၊ ကျွန်မရဲ့ အခြေအနေက ပိုဆိုးသွားတော့၊ ကျွန်မရဲ့ ညည်းညူတာတွေနဲ့ အထင်လွဲတာတွေက စပေါ်လာတယ်။ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်၊ အသုံးခံတာတွေကို ဘုရားကို ကျိုးကြောင်းပြပြောဖို့ စသုံးခဲ့တယ်။ လူတိုင်းက နာမကျန်းဖြစ်ပြီး သေခြင်းကို တွေ့ကြုံကြရတယ်။ ဒါတွေဟာ ပုံမှန်ပါပဲ။ ဘုရားကို ယုံကြည်ပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ အရာရာကို စွန့်လွှတ်တာက ကျွန်မကိုယ်ပိုင် ရွေးချယ်မှုနဲ့ ကျွန်မ လိုလိုလားလားလုပ်ခဲ့တဲ့ အရာတစ်ခုပဲလေ။ ကျွန်မတာဝန်မှာ ကျွန်မကိုယ်ကျွန်မ အသုံးခံတာနဲ့ ကျွန်မရဲ့ ရောဂါက တစ်ခုနဲ့တစ်ခု ဘာမှမပတ်သက်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံတာကို ကျွန်မက ဘုရားအပေါ် ကျိုးကြောင်းမသင့်တဲ့ တောင်းဆိုမှုတွေလုပ်ဖို့ အရင်းအနှီးအနေနဲ့ သုံးခဲ့တယ်။ ဘုရားနောက်လိုက်ပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ အရာရာကို ကျွန်မ စွန့်လွှတ်ခဲ့တဲ့အတွက်၊ ဘုရားက ကျွန်မကို ကာကွယ်ပေးသင့်တယ်၊ ဒီရောဂါကို ရခွင့်မပေးသင့်ဘူး၊ သိပ်ဆင်းရဲဒုက္ခခံခွင့် မပေးသင့်ဘူး၊ ပြီးတော့ အနာဂတ်မှာ ကောင်းမွန်တဲ့ ခရီးပန်းတိုင်တစ်ခု ပေးသင့်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒီအရာ မဖြစ်ခဲ့တဲ့အခါ၊ ကျွန်မ မကျေမနပ်ပြောတယ်၊ ဘုရားကို ကျိုးကြောင်းပြပြောပြီး၊ ကန့်ကွက်ခဲ့တယ်။ ဧဝံဂေလိ ဖြန့်ဝေပြီး အလုပ်အများကြီး ထမ်းဆောင်ရင်း ဥရောပဒေသအများစုကို လျှောက်သွားခဲ့တဲ့ ပေါလုအကြောင်း စဉ်းစားမိတယ်။ သရဖူတစ်ခုနဲ့ အနာဂတ်မှာ ကောင်းမွန်တဲ့ ခရီးပန်းတိုင်တစ်ခု ရဖို့အတွက်ပဲ ဒီအရာအားလုံးကို လုပ်နေခဲ့တာ။ ပေါလုက ပြောတယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ဒီစကားတွေကို ပြောတဲ့နေရာမှာ၊ ပေါလုက ဘုရားရဲ့ ပေါ်တင် အပေးအယူ လုပ်နေခဲ့တာပဲ။ ဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက လုံးဝ သဘာဝကျတယ်။ ဘုရားက လူကို မြှင့်တင်တာလည်း ပိုပြီးတော့တောင်ဟုတ်တယ်။ ဒါပေမဲ့ ပေါလုက ဘုရားအတွက် သူ့ကိုယ်သူ အသုံးခံတဲ့ကိစ္စကို အပေးအယူသဘော အမြင်ကတစ်ဆင့် ကြည့်ခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့ အဓိပ္ပာယ်ကို လုံးဝ လွဲချော်သွားစေခဲ့တယ်။ ဘုရားရဲ့ ဆုလာဘ်တွေကို သူ မရနိုင်ခဲ့ရင်၊ သူက ဘုရားကို ကျိုးကြောင်းပြပြောပြီး ကန့်ကွက်မှာပဲ။ အဲဒါက သူ့ရဲ့ ရက်စက်ပြီး ကောက်ကျစ်ဆိုးယုတ်တဲ့ စိတ်သဘောထားကို လုံးဝ ဖော်ထုတ်တာပဲ။ ဘုရားကို ယုံကြည်ရာမှာ ကျွန်မလျှောက်ခဲ့တဲ့ လမ်းကြောင်းက ပေါလုရဲ့လမ်းကြောင်းနဲ့ အတူတူပဲဆိုတာကို မြင်ခဲ့ရတယ်။ ဒီနည်းလမ်းနဲ့ ကျွန်မ ဆက်သွားရင်၊ သူ့လိုပဲ ကျွန်မလည်း နောက်ဆုံးမှာ အပြစ်ပေးခံရမှာ ကျိန်းသေတယ်။ ဒါကို သဘောပေါက်လိုက်တဲ့အခါ၊ ကျွန်မ နည်းနည်း လန့်လာတယ်။ “လက်စသတ်တော့ ဘုရားကို ယုံကြည်ရာမှာ ကောင်းချီးတွေ လိုက်စားတဲ့ သဘာဝနဲ့ အကျိုးဆက်တွေက အရမ်း ပြင်းထန်တာပဲ။ လိုက်စားမှုနဲ့ပတ်သက်လို့ ဒီမှားယွင်းတဲ့ အမြင်တွေကို ငါ ဆက်လိုက်လျှောက်နေလို့ မဖြစ်ဘူး”လို့ တွေးမိတယ်။
ကျွန်မရဲ့ အခြေအနေက လမ်းကြောင်း အတော်အတန် ပြောင်းသွားပေမဲ့၊ ကျွန်မရဲ့ ကျန်းမာရေးက မတိုးတက်ဘူး။ ဖြည်းဖြည်းချင်း ဆက်ပြီး ပိုဆိုးလာခဲ့တယ်။ ကျွန်မ သေဆုံးမဲ့ရက်ကို သတ်မှတ်ခံလိုက်ရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးမိပြီး ရံဖန်ရံခါဆိုသလို ဒီလို အပျက်သဘောဆောင်တဲ့ အတွေးတချို့ ရှိခဲ့တယ်။ “ဒီရောဂါဟာ ဘုရားက ငါ့ကို ထုတ်ဖော်ပြီး အပြစ်ဒဏ်ပေးတဲ့ နည်းလမ်းများလား။ မဟုတ်ရင်၊ ဘာလို့ တိုးတက်မဲ့အစား ဆိုးပဲဆိုးလာနေတာလဲ”လို့ပေါ့။ ဒါကို တွေးရင်းနဲ့၊ ကျွန်မစိတ်နှလုံးက အရမ်းနာကျင်ပြီး ခံရခက်တယ်။ တစ်နေ့တော့၊ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “လူတို့သည် ၎င်းတို့ စိတ်နှလုံးထဲရှိ ဘုရားသခင်နှင့် သဟဇာတမဖြစ်သည့်၊ သို့မဟုတ် သူ့အပေါ် အထင်လွဲမှုဖြစ်သည့် မည်သည့်အရာကိုမဆို မကြာခဏ ဆန်းစစ်ရမည်။” ဒီတော့ ကျွန်မက ဘုရားနှုတ်ကပတ်တော်အပိုဒ် အပြည့်ကို ရှာပြီး ဖတ်လိုက်တယ်။ “လူတို့သည် ၎င်းတို့ စိတ်နှလုံးထဲရှိ ဘုရားသခင်နှင့် သဟဇာတမဖြစ်သည့်၊ သို့မဟုတ် သူ့အပေါ် အထင်လွဲမှုဖြစ်သည့် မည်သည့်အရာကိုမဆို မကြာခဏ ဆန်းစစ်ရမည်။ အထင်လွဲမှုများသည် မည်သို့ ထွက်ပေါ်လာသနည်း။ အဘယ်ကြောင့် ဘုရားသခင်ကို လူတို့ အထင်လွဲကြသနည်း။ (၎င်းတို့၏ ကိုယ်ကျိုးစီးပွား ထိခိုက်သောကြောင့်ဖြစ်ပါသည်။)...ဘုရားသခင်က လူတို့ကို သနားကရုဏာ၊ ကယ်တင်ခြင်း၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းတို့အပြင် ၎င်းတို့ ဆုတောင်းချက်များကို နားညောင်းခြင်းအားဖြင့် ချစ်ခြင်းထက် အခြား မည်သည့်နည်းလမ်းများဖြင့် ချစ်သေးသနည်း။ (ရိုက်နှက်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ဖြင့် ဖြစ်သည်။) မှန်ပေ၏။ ဘုရားသခင်သည် သူ၏ မေတ္တာကို အလျှံပယ် နည်းလမ်းများဖြင့် ပြသသည်။ ရိုက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ အပြစ်တင်ခြင်းအားဖြင့်၊ ပြီးလျှင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးခြင်း စသည်တို့ဖြင့် ဖြစ်သည်။ ဤအရာအားလုံးမှာ ဘုရားမေတ္တာ၏ သွင်ပြင်လက္ခဏာများ ဖြစ်သည်။ ဤရှုထောင့်အမြင်သည်သာ ပြည့်စုံပြီး သမ္မာတရားနှင့် ကိုက်ညီ၏။ ဤအရာကို သင် နားလည်ပါက သင့်ကိုယ်သင် ဆန်းစစ်ပြီး ဘုရားသခင်အပေါ် အထင်လွဲမှုများ သင် ရှိသည်ဟု သဘောပေါက်ပါက သင်၏ လွဲချော်နေခြင်းကို သင် သတိပြုမိနိုင်ကာ မည်သည့်နေရာတွင် သင် မှားသွားခဲ့သည်ကို ကောင်းစွာ သုံးသပ်ဆင်ခြင်နိုင်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ သိနားလည်မှုများကို ကူဖြေရှင်းပေးနိုင်သည် မဟုတ်လော။ (ကူဖြေရှင်းပေးနိုင်ပါသည်။) ဤအရာကို သင်ပြီးမြောက်ရန်အလို့ငှာ သမ္မာတရားကို သင် ရှာဖွေရမည်။ သမ္မာတရားကို လူတို့ ရှာဖွေသရွေ့ ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားနိုင်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အစီအစဉ်အားလုံးကို ၎င်းတို့ ကျိုးနွံနာခံနိုင်ပေသည်။...ဘုရားသခင်သည် လူတို့အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများ ချပေးသနားပြီး ၎င်းတို့အား အသက်မွေးလောက်သောအစာကို နေ့ရက်အစဉ်တိုင်း ပေးသနားနိုင်သော်လည်း ထိုအားလုံးကိုလည်း ရုပ်သိမ်းနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဩဇာအာဏာ၊ အနှစ်သာရနှင့် စိတ်သဘောထား ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို ချက်ချင်းဆိုသလို အများကြီး လင်းလက်သွားစေတယ်။ လက်စသတ်တော့ ကျွန်မမှာ မမှန်ကန်တဲ့ အမြင်တစ်ခု အမြဲ ရှိခဲ့တာပဲ။ ဘုရားက တစ်ယောက်ယောက်ကို ချစ်ရင်၊ သူ့ကို အဆက်မပြတ် ကောင်းချီးပေးမယ်၊ သူ့အတွက် အရာရာကို အဆင်ပြေချောမွေ့အောင်လုပ်ပြီး၊ သူ့ကို ဘေးကင်းလုံခြုံအောင် လုပ်ပေးမယ်၊ တစ်ချိန်တည်းမှာပဲ သူက လူတစ်ယောက်ကို မချစ်ရင်၊ ဘဝအခြေအနေအတက်အကျတွေ၊ အဆင်မပြေမှုတွေ၊ ရောဂါတွေ စတဲ့ပုံစံနဲ့ စိတ်ဆင်းရဲစရာကိစ္စ အများကြီးကို ခံစားရအောင် လုပ်မယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ ကျန်းမာရေး ဆက်ဆိုးနေတဲ့အချိန်မှာ၊ ဘုရားက ကျွန်မကို အပြစ်ဒဏ်ပေးတဲ့ နည်းလမ်းတစ်ခုဖြစ်မယ်လို့ တွေးခဲ့ပြီး၊ ကျွန်မရဲ့ အယူအဆတွေ၊ စိတ်ကူးတွေထဲမှာ ကျွန်မ အသက်ရှင်ခဲ့တယ်၊ အပျက်သဘောဆောင်ပြီး စိတ်ဆင်းရဲခဲ့ရတယ်။ အဲဒါကို အသေးစိတ် စဉ်းစားကြည့်တဲ့အခါ၊ ရောဂါဖြစ်တဲ့ ဒီနှစ်နှစ်က နာကျင်စရာဖြစ်ခဲ့ပေမဲ့၊ ဒီဖြစ်စဉ်တစ်လျှောက်မှာ ကျွန်မ ပိုလို့တောင် ဆုတောင်းပြီး ဘုရားဆီက လမ်းပြမှုကို ရှာခဲ့တယ်။ သူ့နဲ့ ပိုပြီး ရင်းနှီးခဲ့တယ်လို့ ခံစားရတယ်။ ကောင်းချီးတွေလိုက်စားဖို့ အရမ်းအားကောင်းတဲ့ ရည်ရွယ်ချက်တစ်ခု ကျွန်မ ရှိနေတာကိုလည်း သတိပြုမိလာခဲ့တယ်။ ဒီအရာအားလုံးက ကျွန်မကို ဘုရားကောင်းချီးပေးတဲ့ နည်းလမ်းပဲ။ အဲဒါ ကျွန်မရဲ့ အခွင့်ထူးပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ပြတဲ့အတိုင်းပါပဲ။ ဘုရားရဲ့ မေတ္တာဆိုတာ သနားကရုဏာ၊ မေတ္တာကျေးဇူးတော်၊ ဂရုစိုက်မှုနဲ့ ကွယ်ကာမှုတွေပဲ မဟုတ်ဘူး။ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းအပြင်၊ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေကလည်း ဘုရားရဲ့ မေတ္တာ ဖြစ်တယ်။ အဲဒါတွေက သူ့ရဲ့ ကောင်းချီးနဲ့ ကျေးဇူးတော်ပဲ။ ဒီလိုမေတ္တာပြတဲ့နည်းလမ်းက ကျွန်မ ကြိုက်တဲ့နည်းလမ်းတစ်ခု မဖြစ်ခဲ့ရင်သာနေမယ် ကျွန်မ လိုအပ်တဲ့အရာ ဖြစ်နေခဲ့တယ်။ ဒီအခြေအနေတွေ မရှိဘဲနဲ့၊ ကျွန်မကိုယ်ကျွန်မ နားလည်လာခဲ့မှာ မဟုတ်ဘူး။ ဒီတစ်ခါမှာ၊ လူတွေကို ကယ်တင်တဲ့နေရာမှာ ဘုရားရဲ့ ထောက်ထားမှုကို ကျွန်မ ကိုယ်တွေ့ ကြုံခဲ့ရပြီဖြစ်တယ်။ ဘုရားက ကျွန်မကို တစ်လျှောက်လုံး ကယ်တင်နေခဲ့တာတောင် သူ့မှာ ကျွန်မရဲ့ အထင်လွဲတာတွေ၊ ညည်းညူတာတွေကို ခါးစီးခံရသေးတယ်။ ဒါကို တွေးမိတော့၊ ကျွန်မကိုယ်ကျွန်မ မုန်းမိတယ်။ တစ်ချိန်တည်းမှာပဲ၊ ဘုရားမေတ္တာရဲ့ တို့ထိတာကို အရမ်းခံစားရတယ်။
ဒီအချိန်အတောအတွင်းမှာ၊ ပေတရု တွေ့ကြုံခဲ့တဲ့အရာကို ကျွန်မ မကြာခဏ တွေးမိတယ်။ သူ့ရဲ့ လူ့သဘာဝ ဒါမှမဟုတ် ဘုရားကို ချစ်တာ လိုက်စားဖို့ သူ့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ကျွန်မ မယှဉ်နိုင်တာ သိပေမဲ့၊ သူ့အနေနဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ ပြီးတော့ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေကို ခံစားခဲ့ချိန်မှာ သူ့အတွေ့အကြုံက ဘာနဲ့ တူတယ်၊ ပြင်းပြင်းထန်ထန် နာကျင်ပြီး အားနည်ခဲ့ရတဲ့အချိန်မှာ သူ ဘယ်လို ဖြတ်ကျော်ခဲ့တယ်ဆိုတာတွေကို ကျွန်မ သိချင်ခဲ့တယ်။ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ”ဆိုတာနဲ့ “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ”ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တဲ့ ဗီဒီယိုနှစ်ခုကို ကျွန်မ စကြည့်တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင် ယနေ့ လုပ်ဆောင်နေသည့် အမှုနှင့်ပတ်သက်၍ သင် သေချာလိမ့်မည်၊ ထို့ကြောင့် သင်သည် မငြီးငြူဘဲ၊ အပျက်သဘောမဆောင်ဘဲ၊ သို့မဟုတ် မည်သည့်အရာကိုမျှ တောင့်တ တော့မည်မဟုတ်။ ထိုအချိန်က ပေတရု၏ စိတ်နေစိတ်ထားကို သင် တွေ့ကြုံသင့်သည်။ သူသည် ဝမ်းနည်းမှု ဖိစီးနေခဲ့သည်။ အနာဂတ်တစ်ခု သို့မဟုတ် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ သူ မတောင်းဆိုခဲ့တော့ပေ။ အကျိုးအမြတ်၊ ပျော်ရွှင်ခြင်း၊ ကျော်ကြားမှု သို့မဟုတ် လောကထဲရှိ ပစ္စည်းဥစ္စာတို့ကို သူ မရှာဖွေခဲ့ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ဖို့နှင့် သူ လုံးဝအဖိုးတန်ဆုံးဟု ယူဆသည့် အရာကို ဘုရားသခင်အား ဆက်ကပ်ဖို့ဖြစ်သော အဓိပ္ပါယ်အရှိဆုံး အသက်တာကို အသက်ရှင်ဖို့သာ သူ ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူ၏ စိတ်နှလုံးထဲ၌ ကျေနပ်ခဲ့ရသည်။ သူက၊ ‘သခင်ယေရှုခရစ်တော်၊ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် ချစ်ခဲ့သော်လည်း ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ စစ်မှန်စွာမချစ်ခဲ့ပါ။ ကိုယ်တော့်၌ ကျွန်ုပ် ယုံကြည်ခြင်းရှိသည်ဟု ပြောခဲ့သော်လည်း၊ စစ်မှန်သော နှလုံးသားဖြင့် ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ မချစ်ခဲ့ပါ။ ကိုယ်တော့်ကို အထင်ကြီးရုံ ကြီးခဲ့သည်၊ ကြည်ညိုရုံကြည်ညိုခဲ့ပြီး ကိုယ်တော့်ကို လွမ်းဆွတ်ရုံသာ ဖြစ်ခဲ့သော်လည်း ကိုယ်တော့်ကို ဘယ်သောအခါမျှ မချစ်ခဲ့သကဲ့သို့ ကိုယ်တော်၌ ယုံကြည်ခြင်း စစ်မှန်စွာမရှိခဲ့ပါ’ ဟူသော စကားများဖြင့် ယေရှုထံ မကြာခဏ ဆုတောင်းခဲ့သည်။ သူ သန္နိဋ္ဌာန်ချဖို့ရန် သူစဉ်ဆက်မပြတ် ဆုတောင်းခဲ့ပြီး သူသည် ယေရှု၏ နှုတ်ကပတ်တော်များအားဖြင့် အမြဲ ခွန်အားရခဲ့ကာ ၎င်းတို့မှ စိတ်လှုံ့ဆော်မှုကို ရယူခဲ့သည်။ နောက်ပိုင်းတွင်၊ အတွေ့အကြုံ ကာလတစ်ခု အပြီးနောက်၊ ယေရှုက သူ့ကို နောက်ထပ် တမ်းတဖို့ ဆွပေးရင်း ပေတရုကို စစ်ဆေးခဲ့သည်။ သူက၊ ‘သခင်ယေရှုခရစ်တော်။ ကိုယ်တော့်ကို ကျွန်ုပ် လွမ်းဆွတ်လှပြီး ကိုယ်တော့်ကို ဖူးမျှော်ဖို့ တောင့်တမိပါ၏။ ကျွန်ုပ် ချို့တဲ့လွန်းလှပြီး ကိုယ်တော်၏ ချစ်ခြင်းကို ထေမိစေရန် မပြုနိုင်ပါ။ မကြာမီ ကျွန်ုပ်ကို ခေါ်ဆောင်သွားဖို့ ကိုယ်တော့်ကို ကျွန်ုပ် အနူးအညွတ် တောင်းပန်ပါ၏။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ကိုယ်တော် လိုအပ်မည်နည်း။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ခေါ်ဆောင်သွားမည်နည်း။ ကိုယ်တော်၏ မျက်နှာကို မည်သည့်အချိန်တွင် ကျွန်ုပ် ဖူးမျှော်ရမည်နည်း။ ဤခန္ဓာကိုယ်၌ အသက်မရှင်လိုတော့ပါ၊ ဖောက်ပြန်ပျက်စီးသောသူ ဆက်ဖြစ်လာဖို့ ကျွန်ုပ် ဆန္ဒမရှိတော့သကဲ့သို့ ဆက်လက်၍ ပုန်ကန်ဖို့လည်း ကျွန်ုပ် ဆန္ဒမရှိပါ’ ဟု ပြောခဲ့သည်။ ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ချက်ချင်းပင် ဆက်ကပ်ရန် အသင့်ရှိပါ၏၊ ကိုယ်တော့်ကို ဆက်လက်၍ ဝမ်းနည်းစေဖို့ ကျွန်ုပ် ဆန္ဒမရှိပါ။ ဤသည်မှာ သူ ဆုတောင်းသည့်ပုံဖြစ်သော်လည်း ယေရှုက သူ့အထဲတွင် မည်သည့်အရာ စုံလင်စေမည်ကို ထိုအချိန်က သူ မသိခဲ့ပါ။ သူ၏ စစ်ဆေးခံရခြင်းနှင့်ဆိုင်သည့် မချိတင်ကဲဝေဒနာ အတော အတွင်းတွင်၊ ယေရှုသည် သူ့ထံ တစ်ဖန် ပေါ်လာခဲ့ပြီး၊ ‘ပေတရု၊ ငါ၏ စုံလင်ခြင်း ပုံဆောင်ခဲတစ်ခုဖြစ်သည့် အသီးအပွင့်တစ်ခုနှင့် ငါ မွေ့လျော်မည့်အရာ သင်ဖြစ်လာသည်အထိ ငါသည် သင့်ကို စုံလင်အောင် ပြုဖို့ ဆန္ဒရှိသည်။ ငါ့အတွက် သင် အမှန်တကယ် သက်သေခံနိုင်သလော။ သင်လုပ်ဆောင်ရန် ငါ စေခိုင်းသည့်အရာကို လုပ်ဆောင်ပြီးပြီလော။ ငါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင် ပြီးပြီလော။ တစ်ချိန်က သင် ငါ့ကို ချစ်ခဲ့သည်၊ သို့သော် သင်ငါ့ကို ချစ်ခဲ့သော်လည်း ငါ့ကို သင် အသက်ရှင်နေထိုင်ပြီးပြီလော။ ငါ့အတွက် သင် မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်သည် ငါ၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်သည်ကို သင်သတိပြုမိသော်လည်း ငါ့အတွက် သင် မည်သည့်အရာကို လုပ်ဆောင်ပြီးပြီနည်း’ ဟု ဆိုခဲ့သည်။ ယေရှုအတွက် သူ ဘာမျှ မလုပ်ဆောင်ခဲ့သည်ကို ပေတရုမြင်ခဲ့ပြီး ဘုရားသခင်အား သူ၏ အသက်တာကို ပေးရန် သူ၏ယခင်ကျမ်းသစ္စာကို သူ သတိရခဲ့သည်။ ထို့ကြောင့်၊ သူသည် နောက်ထပ် မညည်းညူတော့သကဲ့သို့ ထိုအချိန်မှစ၍ သူ၏ ဆုတောင်းချက်များက များစွာ သာ၍ကောင်းမွန်လာခဲ့သည်။ သူက၊ ‘သခင်ယေရှုခရစ်တော်။ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် စွန့်ခွာခဲ့ပြီး ကိုယ်တော်ကလည်း ကျွန်ုပ်ကို စွန့်ခွာခဲ့ပါ၏။ ကျွန်ုပ်တို့သည် ခွဲခွာသည့်အချိန်နှင့် အဖော်ပြုလျက် အတူတကွ ရှိချိန်တို့ ရှိခဲ့ကြပါ၏။ သို့သော်လည်း အခြားအရာအားလုံးထက် ကိုယ်တော်သည် ကျွန်ုပ်ကို ပိုချစ်ပါ၏။ ကိုယ်တော့်ကို ကျွန်ုပ် အဖန်ဖန် ပုန်ကန်မိခဲ့ပြီး အဖန်ဖန် ဝမ်းနည်းကြေကွဲစေခဲ့ပါ၏။ ထိုသို့သော အရာများကို အကျွန်ုပ် အဘယ်သို့ မေ့လျော့နိုင်ပါမည်နည်း။ အကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုနှင့် ကျွန်ုပ်ကို ကိုယ်တော် အပ်နှံခဲ့သည့်အရာကို စိတ်ထဲတွင် အစဉ်မှတ်ထားလျက်နေပြီး ကျွန်ုပ် ဘယ်သောအခါမျှ မမေ့လျော့ပါ။ ကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုအတွက် ကျွန်ုပ်တတ်နိုင်သမျှ အရာရာကို ကျွန်ုပ် လုပ်ဆောင်ပြီးပါပြီ။ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သိပြီး ထိုထက် မည်သည့် ကဏ္ဍ၌ ကျွန်ုပ် ပါဝင်နိုင်သည်ကို ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများ၏ ပြုသမျှကို ခံဖို့ ကျွန်ုပ် ဆန္ဒရှိပြီး ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ဆက်ကပ်ပါမည်။ ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သာ သိပါ၏။ စာတန်က ကျွန်ုပ်ကို အလွန် အရူးလုပ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ပုန်ကန်မိခဲ့သော်လည်း၊ ထိုအပြစ်များအတွက် ကျွန်ုပ်ကို ကိုယ်တော် အမှတ်ရသည် မဟုတ်ကြောင်းနှင့် ထိုအပြစ်များအပေါ် အခြေခံ၍ ကျွန်ုပ်ကို မဆက်ဆံကြောင်းကို ကျွန်ုပ် ယုံကြည်ပါ၏။ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ကိုယ်တော့်အား ဆက်ကပ်ဖို့ ကျွန်ုပ် ဆန္ဒရှိပါ၏။ မည်သည့်အရာကိုမျှ ကျွန်ုပ် မတောင်းဆိုသကဲ့သို့ အခြားသော မျှော်လင့်ချက်များ သို့မဟုတ် အစီအစဉ်များ ကျွန်ုပ်တွင် မရှိပါ။ ကိုယ်တော်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူဖို့နှင့် ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်ဖို့သာ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်၏ ခါးသောခွက်မှ ကျွန်ုပ်သောက်ပါမည်၊ ကျွန်ုပ်ကို စေခိုင်းဖို့ ကိုယ်တော်ပိုင်ပါ၏’ ဟု ပြောရင်း ဆုတောင်းခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ) “သင်တို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းရမည်။ အနာဂတ်တွင် သင်တို့ လျှောက်လှမ်းမည့် လမ်းကြောင်း၊ မည်သည့်အရာကို ဘုရားသခင် စုံလင်စေမည်ဆိုသည်နှင့် သင်တို့ကို မည်သည့်အရာ အပ်နှံထားသည်တို့နှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းရမည်။ တစ်နေ့တွင်၊ သင်တို့ စစ်ဆေးခံရကောင်း ခံရလိမ့်မည်ဖြစ်ပြီး ထိုအချိန်ရောက်လာသည့်အခါ၊ ပေတရု၏ အတွေ့အကြုံများမှ လှုံ့ဆော်အားပေးမှု သင်တို့ ရယူနိုင်လျှင်၊ ပေတရု၏ လမ်းကြောင်းကို သင်တို့ အမှန်တကယ် လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း ထိုအရာက ပြသလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်းတို့ထိတယ်။ ပြီးတော့ ဘုရားကို ချစ်ဖို့ အားထုတ်တဲ့ ပေတရုရဲ့ စိတ်ပိုင်းဖြတ်ချက်ကလည်း ကျွန်မကို အရမ်းတို့ထိတယ်။ ပေတရုရဲ့ အတွေ့အကြုံအကြောင်းကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ သိမ်ငယ်ပြီး ရှက်မိတယ်။ စမ်းသပ်မှုတွေကြားမှာ ဘုရားကို သူ စိတ်ကျေနပ်အောင် မလုပ်နိုင်တဲ့အခါ ဘုရားကို ဘယ်လို ပိုလို့ ဖြူဖြူစင်စင်ချစ်ပြီး သူ့ကိုယ်သူ မုန်းသင့်တယ်ဆိုတာကို ပေတရုက အမြဲ ရှာဖွေခဲ့တယ်။ သူ့ရဲ့ အဖိုးတန်ဆုံးအရာကို ဘုရားဆီ ဘယ်လို ပူဇော်သင့်တယ်ဆိုတာကို သူ အမြဲ ရှာနေခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အနာရောဂါဖြစ်တဲ့အချိန်အတွင်းမှာ၊ ကျွန်မက ပုန်ကန်မှုနဲ့ အထင်လွဲတာတွေပဲ ထုတ်ဖော်ပြခဲ့တယ်။ ကျွန်မက ကျွန်မရဲ့ရောဂါ ပိုဆိုးသွားရင် ကျွန်မရဲ့ အနာဂတ် ခရီးပန်းတိုင် ဘာဖြစ်မယ်ဆိုတာကို စိုးရိမ်ရင်စိုးရိမ်တယ်၊ မဟုတ်ရင် ကျွန်မ သေတော့မယ်လို့ ကြောက်နေမိခဲ့တယ်။ ဘုရားက ကျွန်မကို ထုတ်ဖော်ပြီး အပြစ်ပေးဖို့ ဒီအခြေအနေတွေကို ပြင်ဆင်ပေးခဲ့တာလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မ စဉ်းစားခဲ့သမျှက ကျွန်မကိုယ်ပိုင် အကျိုးစီးပွားဖြစ်ခဲ့ပြီး ဘုရားကို စိတ်ကျေနပ်အောင် လုံးဝ ဘာမှ မလုပ်ခဲ့ဘူး။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက သနားစရာကောင်းအောင် နည်းနေခဲ့ပြီး၊ အခက်အခဲဆိုလို့ ဘာဆိုဘာမှ မခံနိုင်ခဲ့ဘူး။ အခု ကျွန်မရဲ့ ဇာတိပကတိက အတော့်ကို အားနည်းပြီး ကျွန်မ လုပ်နိုင်တဲ့ တာဝန်တွေက အတော့်ကို နည်းပေမဲ့၊ သမ္မာတရားလိုက်စားဖို့ဆိုတဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ဆုံးရှုံးလို့ မဖြစ်ဘူး။ ကျွန်မ ဘယ်အခြေအနေတွေကို ရင်ဆိုင်ရပါစေ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး၊ ဘုရားကို ချစ်ခြင်းနဲ့ သိကျွမ်းခြင်းကို လိုက်စားတာက ဒီတစ်သက်မှာ ကျွန်မ လိုက်စားသင့်တဲ့ ရည်မှန်းချက်ပန်းတိုင်ပဲ။ ဒီကမ္ဘာမှာ ကျွန်မ အသက်ရှင်ခဲ့ရင် သမ္မာတရားကို လိုက်စားပြီး ကျွန်မ ထမ်းဆောင်သင့်တဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။
တစ်နေ့တော့ မနက်မိုးလင်းတာနဲ့ ကျွန်မ ခန္ဓာကိုယ်က နုံးချည့်လာတယ်။ ကျွန်မနှလုံးအောင့်တဲ့ အကြိမ်ရေ အရင်ထက် ပိုများလာပြီး ပိုလည်း ကြာလာတယ်။ အိပ်ရာထဲ တစ်နေ့လုံးနီးပါး ကျွန်မ လှဲရင်းနဲ့ အချိန်ကုန်ခဲ့ရတယ်။ ညနေပိုင်းကျတော့ ပိုဆိုးလာပြီး အသက်ရှူရခက်လာတယ်။ ကျွန်မနဲ့နေတဲ့ ညီအစ်မက လူနာတင်ကားကို ခေါ်ပေးခဲ့တယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားဆီ ဆုတောင်းမိတယ်။ “ဘုရားသခင်၊ ကျွန်မ သိပ်ကြာကြာ ဆက်နေရမယ် မထင်တော့ပါဘူး။ ဒီအသက်အရွယ်ကို ကျော်ပြီး ကျွန်မ အသက်ရှင်မှာမဟုတ်ဘူးလို့ ကိုယ်တော် ကြိုသတ်မှတ်ထားပြီးပြီလား။ ကျွန်မ သေတော့မှာလား”လို့ပေါ့။ အဲဒီအချိန်မှာပဲ၊ ဘုရားနှုတ်ကပတ်တော် စာကြောင်းတစ်ကြောင်းက ကျွန်မ စိတ်ထဲရှင်းရှင်းလင်းလင်း ရောက်လာတယ်။ “သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) အလင်းရောင်ခြည်တန်းတစ်ခုလိုပဲ၊ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မနှလုံးသားကို လင်းလက်စေခဲ့တယ်။ ကျွန်မ ဆက်အသက်ရှူနိုင်ခြင်း ရှိမရှိဆိုတာ ဘုရားလက်ထဲမှာရှိတယ်။ သူ ကျွန်မကို သေခွင့်မပေးရင်၊ ကျွန်မ သေမှာ မဟုတ်ဘူး။ ဒီအတောအတွင်းမှာ ကျွန်မ မကြာခဏ ဖတ်ခဲ့တဲ့ ပေတရုရဲ့ အတွေ့အကြုံတွေကို တွေးမိတယ်။ သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတောင်၊ ပေတရုက ဘုရားဆီ ဆုတောင်းခဲ့တယ်။ သူ့ကို လုံလောက်အောင် မချစ်နိုင်ခဲ့ဘူးလို့ပြောနေခဲ့တယ်။ ပေတရုရဲ့ အတွေ့အကြုံက ကျွန်မကို လှုံ့ဆော်ခဲ့ပြီး ကျွန်မစိတ်နှလုံးထဲမှာ ဘုရားဆီ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ သေသေ၊ မသေသေ၊ အရာရာ ကိုယ်တော့်လက်ထဲမှာရှိတယ်ဆိုတာ ကျွန်မ ယုံကြည်ကိုးစားပါတယ်။ ဒီအသက်အရွယ်ထိပဲ ကျွန်မ အသက်ရှင်ရမယ်လို့ ကိုယ်တော် ကြိုသတ်မှတ်ထားပြီးပြီဆိုရင်၊ ကျွန်မမှာ မကျေနပ်တာမရှိပါဘူး။ ပေတရုနဲ့ ကျွန်မ ယှဉ်လို့မရပေမဲ့ သူ့ဆီကနေ သင်ယူပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေ အားလုံးကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားနေပါတယ်။ ဒါက ဖန်ဆင်းခံအနေနဲ့ ကျွန်မ လုပ်သင့်တဲ့အရာပါ။ ဘုရားသခင်၊ ကျွန်မရဲ့ ကျေးဇူးတင်ရှိခြင်းနဲ့ ချီးမွမ်းခြင်းတွေကို ကိုယ်တော့်ကို ပူဇော်ဆက်ကပ်ဖို့ ကျွန်မ လိုလားနေပါတယ်”လို့ပေါ့။ နောက်ပိုင်းမှာ၊ လူနာတင်ကားက ကျွန်မကို ဆေးရုံ ပို့ခဲ့ပြီး၊ ဆရာဝန်က အမျိုးမျိုး စစ်ဆေးတာတွေ လုပ်တယ်။ ကျွန်မ အရမ်း စိတ်တည်ငြိမ်နေခဲ့တယ်။ ဆေးစစ်ချက်တွေကနေ၊ ဆရာဝန်က ကျွန်မမှာ ဘာရောဂါမျိုးရှိလဲဆိုတာ မသေချာသေးတဲ့အပြင်၊ ရှေ့ဆက်ကုသစရာ နည်းလမ်းလည်း မရှိခဲ့ဘူး။ ဆရာဝန်က ကျွန်မကို အားပြန်ဖြည့်ဖို့ အိမ်ကိုပဲ လွှတ်ခဲ့တယ်။ ကျွန်မရဲ့ အသက်က ဘုရားလက်ထဲမှာရှိတယ်ဆိုတာနဲ့ ဆရာဝန်က ကျွန်မ ရှင်တာ၊ သေတာကို ဆုံးဖြတ်ပေးလို့မရဘူးဆိုတာကို ကျွန်မ ပိုလို့တောင် ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်။ ကျွန်မ သေရမဲ့သဘောရှိရင် ဆရာဝန်က ကျွန်မကို ကယ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျွန်မ သေရမဲ့ သဘောမရှိရင် သေမှာလည်း မဟုတ်ဘူး။ ကျွန်မ အိမ်ရောက်တော့၊ အရမ်း အားနည်းနေသေးတာနဲ့ ကျွန်မ လှဲအိပ်လိုက်တယ်။ နိုးလာတဲ့အချိန်မှာ ကျွန်မ အမှုမဲ့အမှတ်မဲ့ဆိုသလို လက်သီးဆုပ်လိုက်မိတယ်။ မမျှော်လင့်ဘဲနဲ့၊ ကျွန်မလက်တွေက အရင်ထက် ပိုသန်မာနေသလို ခံစားရတယ်။ ဘာကြောင့်မှန်း မသိပေမဲ့ ဘာကိုမှ အားပြုပြီး ကိုင်နေစရာမလိုဘဲ ပုံမှန်အတိုင်း ကျွန်မ လမ်းလျှောက်လို့ရတာကို သတိပြုမိပြီးတော့ ဖိနပ်စီးပြီး အိပ်ရာပေါ်က ထလိုက်တယ်။ ကျွန်မ မယုံနိုင်ခဲ့ဘူး။ ကျွန်မက မမျှော်လင့်ဘဲ တကယ်ကို သက်သာသွားခဲ့ပြီလားပေါ့။ အဲဒီနောက်မှာတော့ တစ်ပတ်လုံးလုံး ကျွန်မမှာ နုံးချည့်နေတာမျိုး၊ အားအင်ကုန်ခန်းတာမျိုး ရောဂါလက္ခဏာ တစ်ခုမှ မရှိခဲ့ဘူး။ နောက်ပိုင်းမှာ၊ ကျွန်မတာဝန်ကို ပုံမှန်အတိုင်း စလုပ်ခဲ့တယ်။ အခု တစ်နှစ် ကုန်သွားပြီ။ ကျွန်မရဲ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း နာလန်ထူနေပြီ၊ ပြီးတော့ ကျွန်မ ကိုယ့်တာဝန်ကိုလည်း ပုံမှန်အတိုင်း ထမ်းဆောင်နိုင်တယ်။
ဒါကို တွေ့ကြုံပြီးတဲ့နောက်မှာ၊ ဘုရားရဲ့ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်းတွေက လူကို သန့်စင်ပြီး ကယ်တင်ဖို့ ရည်ရွယ်တာဖြစ်မှန်း ကျွန်မ ကိုယ်တွေ့ကြုံရပြီး တကယ်ကို နားလည်သွားတယ်။ ဒီရောဂါဖြစ်တဲ့ ကာလတစ်လျှောက်မှာ၊ ကျွန်မ နည်းနည်း ဆင်းရဲဒုက္ခခံစားခဲ့ရပေမဲ့၊ ကျွန်မရရှိခဲ့တဲ့ အကျိုးတွေက ခံစားခဲ့ရတဲ့ နာကျင်မှုထက် အများကြီး သာလွန်ခဲ့တယ်။ ဒါဟာ ကျွန်မ ဘာအတွက်နဲ့မှ မလဲနိုင်တဲ့အရာတစ်ခုပါပဲ။ အဲဒါက ကျွန်မရဲ့ ဘဝကို ကြွယ်ဝစေခဲ့တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
တုန်းရွှင် တရုတ်နိုင်ငံ ခေါင်းဆောင်က ကျွန်မကို အဖွဲ့စုဝေးပွဲ နှစ်ခုသုံးခုကို ကြီးကြပ်ခိုင်းတယ်။ လက်တွေ့တချို့လုပ်ပြီးတဲ့နောက်မှာ၊...
ကျန်းလိ တရုတ်နိုင်ငံ၂၀၀၇ ခုနှစ်က ကျွန်မ ဘဝအတွက် ကြီးမားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပါသည်။ ထိုနှစ်မှာ ကျွန်မ အမျိုးသားက...
ကမ်းရွှေ တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့်...
၂၀၁၃ခုနှစ်၊ ဇွန်လမှာ၊ ကျွန်မရာသီလာက ဆယ်ရက်ကျော်ကြာခဲ့ပြီး၊ သွေးခဲကြီးတွေ တချို့ ပါဆင်းတယ်။ အဲဒီတုန်းက၊ ကျွန်မရဲ့ ညာဘက်ဝမ်းဗိုက်အောက်မှာ...