အသက် ၈၀ ကျော် အမျိုးသမီးတစ်ဦး၏ နားလေးပြီးနောက် အတွေ့အကြုံ
လျန်ရှင်း၊ တရုတ်ပြည်၂၀၀၅ ခုနှစ်မှာ ကျွန်မ အသက် ၆၈ နှစ် ပြည့်ခဲ့ပါတယ်၊ အဲဒီနှစ် အောက်တိုဘာလ အစောပိုင်းရက်တစ်ရက်မှာ မိတ်ဆွေတစ်ယောက်က...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ငယ်ငယ်ကတည်းက ကျွန်မက ကျန်းမာရေး သိပ်မကောင်းဘူး၊ အမြဲ ဖျားနာနေခဲ့လို့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို တောင့်တခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ မတ်လမှာ၊ ကံကောင်းစွာနဲ့ပဲ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံရရှိခဲ့တယ်။ သုံးလေးလလောက်ကြာတော့၊ အရင်ကလောက် အအေးမိတာ၊ ဖျားတာတွေ သိပ်မဖြစ်တော့ဘူးဆိုတာ သတိထားမိတယ်။ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ဇက်ကျီးပေါင်းတက်တာတွေတောင် သက်သာလာခဲ့တယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်စိတ်တွေနဲ့ ပြည့်နေခဲ့ပြီးတော့၊ အမှုအရာတွေကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ ပိုပြီး စိတ်အားထက်သန်လာခဲ့တယ်။ အဲဒီတုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ။ အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်ဖို့အတွက် မိသားစုရဲ့ တားဆီးတာ၊ ဆန့်ကျင်တာတွေကို လျစ်လျူရှုပြီး မိုးလင်းမိုးချုပ် မနားမနေ တာဝန်ထမ်းဆောင်ခဲ့တယ်။
၂၀၂၀ ပြည့်နှစ်၊ မေလမှာ တစ်ရက်ကျတော့၊ လည်ပင်းက တစ်မျိုးဖြစ်နေတာကို သတိထားမိတယ်။ ခေါင်းကို ဘယ်ညာ လှည့်လိုက်ရင် တောင့်တင်းနေပြီး “ဂျွတ်” ဆိုတဲ့ အသံ မြည်တယ်။ နည်းနည်း ကြာကြာထိုင်လိုက်ရင် ခေါင်းက မူးလာပြီး ညာဘက်လက်မောင်းက ကိုက်ခဲပြီး ထုံလာရော၊ ပစ္စည်းတွေကို အလွယ်တကူ ကိုင်ဖို့ ခက်တာပေါ့။ အစတုန်းကတော့ သိပ်ဂရုမစိုက်ခဲ့ပါဘူး။ ဘုရားသခင်ကို စယုံကြည်ပြီးကတည်းက၊ အရင်ရောဂါတွေကို သူ ဖယ်ရှားပေးခဲ့ရုံမကဘူး၊ ကျွန်မရဲ့ ကျန်းမာရေးအခြေအနေတစ်ခုလုံးကိုပါ ပိုကောင်းအောင် လုပ်ပေးခဲ့တယ်လေ။ အခု ကျွန်မက တာဝန်ကို အချိန်ပြည့် ဆက်ကပ်ထားတာဆိုတော့၊ ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးမှာပဲ၊ ကျွန်မအခြေအနေကို ပိုဆိုးခွင့်ပေးမှာ မဟုတ်ပါဘူးလို့ ယုံကြည်ခဲ့တယ်။ ထိုင်နေကျ ကိုယ်နေဟန်ထားကို ပြင်ပြီး လေ့ကျင့်ခန်းသေချာလုပ်လိုက်ရင် ကိစ္စမရှိလောက်ပါဘူးလို့ တွေးခဲ့တာ။ ဒါပေမဲ့ နှစ်လလောက်ကြာတော့ ဇက်ကျီးပေါင်းက သက်သာမလာတဲ့အပြင် ပိုဆိုးလာမယ်လို့ ကျွန်မ ထင်မထားခဲ့မိဘူး။ ခေါင်းက ခဏခဏ ကိုက်ပြီး မူးလာတယ်၊ မျက်လုံးတွေက ခြောက်ပြီး နေရခက်လာတယ်။ ပြီးတော့ ညာဘက်ပခုံးက နာပြီး ထုံလာလိုက်တာ တူသုံးဖို့တောင် ခက်လာတယ်။ အခြေအနေ ပိုဆိုးလာမှာကို ကျွန်မ စပြီးပူပန်လာတယ်။ ခန္ဓာကိုယ်တစ်ခြမ်းက အလုပ်မလုပ်တော့ဘဲ လေဖြတ်သွားရင်၊ ကျွန်မတာဝန်ကို ဘယ်လိုဆက် ထမ်းဆောင်နိုင်တော့မလဲ။ အဲဒါဆိုရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရနိုင်မဲ့ အခွင့်အရေး ဆုံးရှုံးသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်ဘူးလား။ အဲဒီနောက်တော့ ဇက်ကျီးပေါင်းရောဂါ အရမ်းဆိုးလာလို့ တာဝန်နားပြီး အိမ်ပြန်ကုသရတဲ့၊ အရင်က အတူလုပ်ဖူးတဲ့ ညီအစ်မတစ်ယောက်ကို သွားသတိရတယ်။ ဒါပေမဲ့ ကျွန်မက တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်လာပြီး သိပ်မကြာခင်မှာ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်တာကို ခံခဲ့ရတယ်။ ကျွန်မအခြေအနေက တာဝန်မထမ်းဆောင်နိုင်လောက်အောင် ဆိုးရွားသွားရင်၊ အိမ်လည်း ပြန်မရ၊ ဆေးရုံသွားပြီးတော့ မကုရဲဖြစ်နေတော့ ဘာလုပ်ရမလဲ။ တွေးလေလေ စိတ်ညစ်လာလေလေဖြစ်ပြီး စပြီး ညည်းညူလာမိတာပေါ့၊ “ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့တဲ့ လွန်ခဲ့တဲ့ သုံးလေးနှစ်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ပြီး ဆင်းရဲဒုက္ခတွေကို တော်တော်လေး ခံစားခဲ့ရတယ်။ ဘာလို့ ဘုရားသခင်က ကျွန်မကို မစောင့်ရှောက်ပြီး မကာကွယ်တာလဲ။ ရောဂါဝေဒနာကို ဘာလို့ ထပ်ခံစားခွင့်ပြုရတာလဲ” လို့ တွေးမိတယ်။ ပြီးတော့ “ဆေးရုံသွားမကုနိုင်ရင်တောင်မှ၊ ဒီအတိုင်း ထိုင်ကြည့်နေပြီး အခြေအနေ ပိုဆိုးလာအောင်တော့ အဖြစ်မခံနိုင်ဘူး။ ကိုယ့်ဘာသာကုဖို့ နည်းလမ်းရှာဖို့ လိုတယ်။ မဟုတ်ရင် အခြေအနေ ပိုဆိုးလာတဲ့အခါကျရင်၊ ငါ ပိုခံစားရမယ့်အပြင်၊ တာဝန်လည်း ဆက်ပြီးထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါကျ ဘာဖြစ်သွားမလဲ” လို့ တွေးမိတယ်။ အဲဒီနောက်မှာ ရောဂါကုဖို့ နည်းလမ်းအမျိုးမျိုးကို စဉ်းစားလာတယ်။ စုပ်ခွက်နဲ့ ကုတာ[က]၊ အကြောခြစ်တာ[ခ]၊ မီးကင်ကုထုံးနဲ့ ကုတာ[ဂ]တွေကို စမ်းကြည့်တဲ့အပြင် ဇက်ကျီးပေါင်းကုဖို့ ဆေးနည်းတွေကိုလည်း နေရာတိုင်းမှာ ရှာဖွေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မစိတ်က ရောဂါကို ဘယ်လိုကုရမယ်ဆိုတာကိုပဲ လုံးဝ အာရုံရောက်နေပြီး တာဝန်အတွက် ဘာဝန်တာထားတဲ့စိတ်မှ မရှိတော့ဘူး။ အလုပ်အမျိုးမျိုးကို နောက်ဆက်တွဲလုပ်ဖို့ ပျက်ကွက်ခဲ့တယ်။ အလုပ်များလို့ ညဉ့်နက်တဲ့အထိ အချိန်ပိုလုပ်ရတဲ့အခါ အပြင်မှာတော့ တာဝန်ထမ်းဆောင်နေပေမဲ့ အတွင်းစိတ်ထဲမှာတော့ အတိုက်အခံဖြစ်မိတယ်။ အားစိုက်ထုတ်လွန်းရင် ရောဂါပိုဆိုးသွားမှာကို ကြောက်နေခဲ့တာလေ။
၂၀၂၂ ခုနှစ်၊ မေလမှာပေါ့၊ မနက်ခင်းတစ်ခုမှာ၊ မနက်စာစားဖို့ အောက်ထပ်ဆင်းလာတော့၊ ရုတ်တရက်ဆိုသလို ညာဘက်ခြေထောက်နဲ့ ညာဘက်ပခုံး သိသိသာသာ လေးလံလာတာကို ခံစားလိုက်ရတယ်။ ညာဘက်ခြေထောက်က အရမ်းအားနည်းနေလို့ ကြွရုံပဲမနိုင်ပြီး လမ်းလျှောက်ရင် ခြေထောက်ကို တရွတ်တိုက်ဆွဲပြီး လျှောက်ရတယ်။ ချက်ချင်းဆိုသလိုပဲ ကျွန်မ စိုးရိမ်ထိတ်လန့်သွားပြီး တကယ်ပဲ ကိုယ်တစ်ခြမ်း လေဖြတ်တော့မှာလားလို့ တွေးမိခဲ့တယ်။ ကျွန်မ အရမ်းကြောက်သွားပြီး “တကယ်လို့ ငါ လေဖြတ်သွားရင် ငါ့တာဝန်ကို တကယ် ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး၊ အဲဒီအခါကျရင် အဲဒါဆိုရင် ကယ်တင်ခြင်းခံရဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ဖို့ ငါ့မျှော်လင့်ချက်တွေ ဘာဖြစ်သွားမလဲ။ ငါ့ရဲ့ နှစ်နဲ့ချီတဲ့ ပေးဆပ်မှုနဲ့ ကြိုးစားအားထုတ်မှုတွေအားလုံး အလကားဖြစ်သွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ တွေးမိလေလေ စိတ်ဆင်းရဲလာလေလေပါပဲ။ ဘေးနားက ညီအစ်ကိုမောင်နှမတွေ ကျန်းမာနေတာ မြင်တော့၊ ကျွန်မ မနာလိုဝန်တိုဖြစ်မိတယ်။ တွေးမိတယ်၊ “ဘုရားသခင်ကို ငါ စယုံကြည်တဲ့ ဒီနှစ်တွေအတွင်းမှာ၊ ငါလည်း သူတို့လောက်တော့ စွန့်လွှတ်ပြီး အသုံးခံခဲ့တာပဲ။ ဘာလို့ ဘုရားသခင်က သူတို့ကိုကျ ကျန်းမာတဲ့ ခန္ဓာကိုယ်ပေးပြီး ငါ့ကိုကျ မပေးတာလဲ” ပေါ့။ ဒီလိုတွေးလေလေ၊ ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးပြီး စိုးရိမ်ပူပန်လာလေလေပဲ။
တစ်ရက်ကျတော့၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “တစ်စုံတစ်ဦး၏ ကျန်းမာရေးသည် အသက်အရွယ်တစ်ခုခုတွင် မည်ကဲ့သို့ ဖြစ်လိမ့်မည်ဆိုသည်နှင့် အကြီးစား နာမကျန်းဖြစ်ခြင်းတစ်ခု ၎င်းတို့ ကူးစက်ရရှိမည် မရရှိမည်ဆိုသည်တို့ကို ဘုရားသခင်က အားလုံး စီစဉ်ထားပေသည်။ ဘာသာတရားမရှိသူများသည် ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့ လက်ဖဝါးများ၊ မွေးရက်များနှင့် မျက်နှာများဖြင့် ဤအရာများကို ကြည့်ပေးရန် တစ်စုံတစ်ဦးကို သွားရှာကြပြီး ဤအရာများကို ၎င်းတို့ ယုံကြည်ကြလေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး တရားဒေသနာများနှင့် သမ္မာတရားအပေါ် မိတ်သဟာယများကို မကြာခဏ နားထောင်သောကြောင့် ဤအရာကို သင်မယုံကြည်ပါက သင်သည် မယုံကြည်သူတစ်ဦးသာ ဖြစ်သည်။ အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် အမှန်တကယ် ယုံကြည်ပါက ဤအရာများကို သင် ယုံကြည်သင့်သည်။ ဆိုးရွားသည့် နာမကျန်းဖြစ်ခြင်း၊ အကြီးစား နာမကျန်းဖြစ်ခြင်း၊ အသေးစား နာမကျန်းဖြစ်ခြင်းနှင့် ကျန်းမာရေးတို့ အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ကျရောက်ပေသည်။ ဆိုးရွားသည့် နာမကျန်းဖြစ်ခြင်းတစ်ခု ဖြစ်ပေါ်ခြင်းနှင့် အသက်အရွယ်တစ်ခုခုတွင် တစ်စုံတစ်ဦး၏ ကျန်းမာရေး မည်ကဲ့သို့ဖြစ်မည်ဆိုသည်တို့မှာ မတော်တဆဖြစ်သည့်အရာများ မဟုတ်သကဲ့သို့ ဤအရာကို နားလည်ရန်မှာ အပြုသဘောဆောင်ပြီး တိကျမှန်ကန်သည့် သိနားလည်မှု ရှိရန် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီပါသလော။ (ကိုက်ညီပါသည်။) သမ္မာတရားနှင့် ကိုက်ညီသည်၊ သမ္မာတရားဖြစ်သည်၊ ဤအရာကို သင် လက်ခံသင့်ပြီး ဤကိစ္စရပ်အပေါ် သင်၏ သဘောထားနှင့် အမြင်များ ပြောင်းလဲသင့်ပေသည်။ ပြီးလျှင် ဤအရာများ ပြောင်းလဲသွားသည်နှင့် မည်သည့်အရာ ပြေလည်သွားပါသနည်း။ သင်၏ စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု ခံစားချက်များ ပြေလည်သွားသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် နာမကျန်းဖြစ်ခြင်းနှင့်ပတ်သက်သည့် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော သင်၏ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများသည် သဘောတရားအရ ပြေလည်သွားပေသည်။ သင်၏ သိနားလည်မှုသည် သင်၏ အတွေးများနှင့် အမြင်များကို ပြောင်းလဲစေပြီးဖြစ်သောကြောင့် သင်၏ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို ဖြေရှင်းပေးသည်။...နာမကျန်းဖြစ်ခြင်းအကြောင်းကို ငါတို့ ပြောဆိုဆွေးနွေးနေခြင်း ဖြစ်သည်။ ဤသည်မှာ မိမိတို့၏ တစ်သက်တာအတွင်း လူအများစု တွေ့ကြုံရမည့် တစ်စုံတစ်ရာဖြစ်သည်။ ထို့ကြောင့် မည်သည့် အချိန်၊ သို့မဟုတ် မည်သည့် အသက်အရွယ်တွင် လူတို့၏ ခန္ဓာကိုယ်များကို ဖိစီးမည့် နာမကျန်းဖြစ်ခြင်း အမျိုးအစားနှင့် ၎င်းတို့၏ ကျန်းမာရေးက မည်ကဲ့သို့ဖြစ်မည်ဆိုသည်တို့မှာ ဘုရားသခင် စီစဉ်ထားသည့် အရာအားလုံးဖြစ်ပြီး လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဤအရာများကို ဆုံးဖြတ်၍မရနိုင်ပေ။ လူတစ်ဦး မွေးဖွားလာသည့်အချိန်ကဲ့သို့ပင်ဖြစ်သည်၊ ၎င်းသည် မိမိကိုယ်တိုင်အတွက် မဆုံးဖြတ်နိုင်ပေ။ ထို့ကြောင့် သင့်ကိုယ်သင်အတွက် ဆုံးဖြတ်၍မရနိုင်သည့် အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ခြင်းသည် မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) လူတို့သည် မိမိတို့ဘာသာ ဖြေရှင်းနိုင်သည့် အရာများကို ဖြေရှင်းခြင်းအား အစပြုသင့်ပြီး မိမိတို့ဘာသာ မလုပ်ဆောင်နိုင်သည့် အရာများအတွက်မူ ဘုရားသခင်ကို စောင့်ဆိုင်းသင့်၏။ လူတို့သည် ဘုရားသခင်ကို တိတ်ဆိတ်စွာ ကျိုးနွံနာခံပြီး ၎င်းတို့ကို ကွယ်ကာရန် တောင်းလျှောက်သင့်သည်။ ဤသည်မှာ လူတို့ရှိသင့်သည့် တွေးခေါ်မှု အလေ့အထဖြစ်သည်။ နာမကျန်းဖြစ်ခြင်းက အမှန်တကယ် ထိုးနှက်ပြီး သေခြင်းက အမှန်တကယ် နီးကပ်လာသည့်အခါတွင် လူတို့သည် ကျိုးနွံနာခံသင့်ပြီး ဘုရားသခင်ကို စောဒကမတက်သင့်၊ သို့မဟုတ် မပုန်ကန်သင့်၊ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့်အရာများ၊ သို့မဟုတ် သူ့ကို တိုက်ခိုက်သည့်အရာများအား မပြောဆိုသင့်ပေ။ ထိုအစား လူတို့သည် အဖန်ဆင်းခံများအဖြစ် ရပ်တည်ပြီး ဘုရားသခင်ထံမှ လာသည့်အရာအားလုံးကို တွေ့ကြုံကာ အသိအမှတ်ပြုသင့်သည်။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ကိုယ်တိုင်အတွက် ရွေးချယ်ရန် မကြိုးစားသင့်ပေ။ ဤသည်မှာ သင်၏ ဘဝကို တန်ဖိုးတက်စေသည့် အထူးအတွေ့အကြုံတစ်ခု ဖြစ်သင့်ပြီး ထိုအရာမှာ သေချာပေါက် မကောင်းသည့် အရာတစ်ခု မဟုတ်၊ မှန်သလော။ ထို့ကြောင့် နာမကျန်းဖြစ်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် ပထမဦးစွာ နာမကျန်းဖြစ်ရခြင်း ဇာစ်မြစ်နှင့် ပတ်သက်၍ ၎င်းတို့၏ မှားယွင်းသော အတွေးများနှင့် အမြင်များကို ဖြေရှင်းသင့်ပြီး ထို့နောက်တွင် ဤအရာနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်ကြလိမ့်မည် မဟုတ်တော့ပေ။ ထို့အပြင် လူတို့သည် သိသည့်အရာ၊ သို့မဟုတ် မသိသည့်အရာများကို ထိန်းချုပ်ပိုင်ခွင့်မရှိကြသကဲ့သို့ ဤအရာများအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြသည်နှင့်အမျှ ထိုအရာများကို ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းလည်း မရှိကြချေ။ လူတို့ ရှိသင့်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ စောင့်ဆိုင်းပြီး ကျိုးနွံနာခံရန် ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရန် သိနားလည်ခြင်းမှ အားလုံးကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားရန် ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သဘောပေါက်လာတာက၊ ကျွန်မရောဂါ ပိုဆိုးလာမလား၊ လေဖြတ်သွားမလား ဆိုတာတွေအားလုံး ဘုရားသခင် လက်ထဲမှာ ရှိတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်ကို ကျွန်မ ကျိုးနွံနာခံသင့်တယ်၊ ဒါက ပညာရှိတဲ့ ရွေးချယ်မှုပဲဆိုတာပေါ့။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို နားမလည်ခဲ့ဘူး။ ကိုယ့်ရောဂါကို ကုသဖို့အတွက် ခွန်အားတွေ၊ အရေးစိုက်ရတာတွေ အများကြီး ရင်းနှီးမြုပ်နှံခဲ့ရတယ်၊ အဲဒါအတွက် အချိန်ပြည့် စိုးရိမ်ပူပန်နေခဲ့ပြီးတော့ ဘုရားသခင်အပေါ် အထင်လွဲတာတွေ၊ ညည်းညူတာတွေတောင် ရှိခဲ့တာလေ။ ကျွန်မ တကယ်ကို မိုက်မဲခဲ့တာပဲ။ ရောဂါကနေ သင်ခန်းစာယူတဲ့နေရာမှာ ကျိုးနွံနာခံတဲ့ သဘောထား ရှိသင့်ပြီး ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်စိတ်ချမှု ရှိသင့်တယ်။ ဒါ့အပြင် နေမကောင်းဘူးဆိုရင် ပုံမှန် ဆေးကုသမှုနဲ့ ကျန်းမာရေး ဂရုစိုက်မှု ခံယူသင့်သလို၊ တာဝန်ကိုလည်း အစွမ်းကုန် ထမ်းဆောင်သင့်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တာက ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကနေ သွေဖည်မသွားသလို ကျွန်မမှာ ရှိသင့်တဲ့ သဘောထားလည်း ဖြစ်တယ်။ ဒီလို သဘောပေါက်လိုက်တော့ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေ အတော်အသင့် သက်သာသွားပြီး၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ လိုလားခဲ့တယ်။
အဲဒီနောက်ပိုင်းမှာ ကိစ္စတွေကို သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပေးလိုက်ပြီး ကုသဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အတွက် အချိန်ကို မျှမျှတတ စီစဉ်လိုက်တယ်။ တစ်ခါတလေ စိတ်တည်ငြိမ်သွားတဲ့အခါ၊ “ရောဂါပိုဆိုးလာရင် ငါ ဘာလို့ ညည်းညူမိတာလဲ။ ဒါကို ကြိုးကိုင်နေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက တကယ်တမ်း ဘာများလဲ” ဆိုပြီး တွေးဆမိတယ်။ အဲဒီနောက် ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လိုက်တယ်။ “လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်။ လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်။ ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ အပျက်သဘောဆောင်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ခြေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော် ဖော်ထုတ်ထားတာတွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ဘုရားသခင်ကို စယုံကြည်လာခဲ့ကတည်းက ဘာကို လိုက်စားရမယ်ဆိုတဲ့ ကျွန်မရဲ့ အမြင်နဲ့ ကျွန်မ လိုက်စားနေတဲ့ ဦးတည်ချက်ဟာ အစကတည်းက မှားနေမှန်း သဘောပေါက်လိုက်တယ်။ ဘုရားသခင်ကို စယုံကြည်ပြီး သိပ်မကြာခင်မှာ၊ ရောဂါသက်သာလာတာကို တွေ့တော့ ဘုရားသခင်ကို ရောဂါကုပေးတဲ့သူလို စပြီး သဘောထားခဲ့မိတယ်။ အမှုအရာတွေကို စွန့်လွှတ်တာ၊ အသုံးခံတာနဲ့ အဖိုးအခပေးတာတွေကနေတစ်ဆင့် ဘုရားသခင်ရဲ့ ကောင်းချီးနဲ့ ကာကွယ်မှုကို ရချင်ခဲ့တယ်။ ဒီလိုဆိုရင် ရောဂါကြောင့် ဒုက္ခမခံရတော့ဘူးပေါ့လေ။ ရောဂါ ပြန်ဖြစ်လာပြီး အခြေအနေက ထိန်းချုပ်လို့လဲ မရ၊ သက်သာလာတာမျိုးလဲ မရှိဘဲ ဆက်ဖြစ်နေတဲ့အခါမှာ ကျွန်မ ညည်းညူပြီး အရင်က အပြင်ပန်း ကြိုးစားအားထုတ်မှုတွေကို အရင်းအနှီးပြုပြီး ဘုရားသခင်ကို ကျိုးကြောင်းပြပြောခဲ့တယ်။ ရောဂါကုသဖို့က အရေးအကြီးဆုံးပဲလို့တောင် ထင်ခဲ့ပြီး တာဝန်ကို ကိုင်တွယ်ရာမှာ ဝန်တာထားတဲ့စိတ် မရှိခဲ့ဘူး။ အလုပ်မှာ အသီးအပွင့်မရှိတာကို မြင်တဲ့အခါမှာ စိုးရိမ်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာမျိုး မရှိဘဲ ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုကုမလဲ၊ ဘယ်လိုဂရုစိုက်မလဲ ဆိုတာကိုပဲ အာရုံစိုက်ခဲ့တယ်။ ဘေးနားက ညီအစ်ကိုမောင်နှမတွေ ကျန်းမာနေတာ မြင်ရပြီး ငယ်ရွယ်တုန်းမှာ ရောဂါဝေဒနာ ခံစားနေရတဲ့ ကိုယ့်အဖြစ်ကို ကြည့်ပြီးတော့၊ သူတို့ကိုကျ ကောင်းချီးပေးပြီး ကျွန်မကိုကျ မစောင့်ရှောက်၊ မကာကွယ်ဘူးဆိုပြီး ဘုရားသခင်ကို စိတ်ထဲကနေ ညည်းညူခဲ့တယ်။ ကျွန်မအခြေအနေက ဘုရားနှုတ်ကပတ်တော် ဖော်ထုတ်ထားတဲ့အတိုင်း အတိအကျပါပဲ။ “လူများအပေါ် ငါ၏ အမျက်ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းယူချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထောင်းခနဲထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင် ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မနှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားတယ်။ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံချင်ပါတယ်လို့ နှစ်တွေအများကြီး ကျွန်မ ကြွေးကြော်ခဲ့ပေမဲ့၊ ဘုရားသခင်ကို ဘုရားသခင်လို ဘယ်တုန်းကမှ အမှန်တကယ် မကိုးကွယ်ခဲ့သလို ကျိုးနွံနာခံမှုမရှိခဲ့ဘူး။ ဘုရားသခင်ဆီက ကောင်းချီးတွေကိုပဲ လိုချင်ခဲ့တာ၊ ကျွန်မရောဂါကို သူ ကုပေးပြီး ရောဂါဝေဒနာ ခံစားရတာကနေ လွတ်မြောက်အောင်လုပ်ပေးဖို့ မျှော်လင့်ခဲ့တာ။ အပြင်ပန်းမှာတော့ ဘုရားသခင်အတွက် အသုံးခံနေပါတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး၊ ဘုရားသခင်ကို အသုံးချပြီး အပေးအယူလုပ်ဖို့ ကြိုးစားနေမှန်း ရှင်းနေတာပဲ။ ဒါဟာ ဘုရားသခင်ကို ဗြောင်ကျကျ လှည့်ဖြားတာနဲ့ အတိုက်အခံလုပ်တာ မဟုတ်ဘူးလား။ ကျွန်မ တကယ်ကို စက်ဆုပ်စရာ ကောင်းလိုက်တာ။
နောက်တော့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတစ်ယောက်သည် သူ၏ ရုပ်ခန္ဓာကို အလွန်အမင်း အရေးစိုက်ပြီး ကောင်းစွာ စားသောက်လျှင်၊ ကျန်းမာသန်မြန်စေလျှင် ယင်းသည် သူ့အတွက် အဘယ်သို့ တန်ဖိုးရှိသနည်း။ ဤသို့ အသက်ရှင်ရာတွင် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။...လူတစ်ယောက်သည် ဤလောကသို့ ရောက်လာသောအခါ ဇာတိပကတိ ပျော်မွေ့မှုအတွက် မဟုတ်သကဲ့သို့ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းအတွက်လည်း မဟုတ်ပေ။ ထိုအရာများအတွက် အသက်မရှင်သင့်ပေ။ ဤသည်မှာ လူသားဘဝ၏ တန်ဖိုးမဟုတ်သကဲ့သို့ မှန်ကန်သော လမ်းကြောင်းလည်းမဟုတ်ပေ။ လူသားဘဝ၏ တန်ဖိုးနှင့် လိုက်လျှောက်ရန် လမ်းမှန်တွင် တန်ဖိုးရှိသောအရာတစ်ခုကို ဖြစ်မြောက်ခြင်းနှင့် တန်ဖိုးရှိသော အလုပ်တစ်ခု၊ သို့မဟုတ် များစွာကို ပြီးမြောက်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ အသက်မွေးအလုပ်ဟု မခေါ်ပေ။ လမ်းမှန်ဟု ခေါ်ပြီး သင့်လျော်သော အလုပ်တာဝန်ဟုလည်း ခေါ်သည်။ ပြောလော့။ လူတစ်ယောက်သည် တန်ဖိုးရှိသောအလုပ်အချို့ကို ပြီးမြောက်ရန်၊ အဓိပ္ပာယ်ရှိသော၊ တန်ဖိုးရှိသော ဘဝကို အသက်ရှင်ရန်၊ သမ္မာတရားကို လိုက်စားပြီး ရယူရန်အတွက် အဖိုးအခပေးဆပ်ဖို့ ထိုက်တန်သလော။ သင်သည် အမှန်တကယ်ပင် သမ္မာတရားကို နားလည်ခြင်းအား လိုက်စားရန်၊ ဘဝတွင် လမ်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းရန်၊ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ရန် ဆန္ဒရှိလျှင် သင်၏ အားအင်အလုံးစုံကို ပေးဆပ်ရန်၊ အဖိုးအခများအားလုံးပေးဆပ်ရန်၊ သင်၏အချိန်နှင့် ဘဝသက်တမ်း တစ်ခုလုံးကို ပေးဆပ်ရန် တွန့်ဆုတ်မည်မဟုတ်။ ဤအချိန်ကာလအတွင်းတွင် ဖျားနာခြင်းအနည်းငယ်ကို သင်ကြုံတွေ့ရလျှင် ယင်းသည် အရေးကြီးမည်မဟုတ်၊ သင့်အား ဒုက္ခပေးမည်မဟုတ်ပေ။ ဤသည်မှာ ဘဝတစ်လျှောက်လုံး အေးဆေးပြီး လွတ်လပ်ခြင်း၊ အလဟဿနေထိုင်ခြင်း၊ အာဟာရကောင်းကောင်း ပြည့်ဝပြီး ကျန်းမာသည်အထိ ရုပ်ခန္ဓာကို ပျိုးထောင်၍ အဆုံး၌ အသက်ရှည်ခြင်းတို့ထက် အလွန်ပင်ပို၍ သာလွန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤရွေးချယ်စရာနှစ်ခုထဲမှ မည်သည့်တစ်ခုက တန်ဖိုးရှိသောဘဝ ဖြစ်သနည်း။ လူတို့သည် အဆုံးတွင် သေခြင်းကို ရင်ဆိုင်ရသောအခါ မည်သည့်တစ်ခုက ၎င်းတို့ကို သက်သာခြင်း၊ နောင်တမရှိခြင်းကို ယူဆောင်လာနိုင်သနည်း။ (အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ခြင်း ဖြစ်သည်။) အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေခြင်းဖြစ်သည်။ ဤအရာက သင်၏ စိတ်နှလုံးထဲတွင် သင်သည် တစ်စုံတစ်ခုကို ရရှိပြီးဖြစ်ကာ စိတ်သက်သာရာရပြီးဖြစ်သည်ဟု ဆိုလိုသည်။ ကောင်းစွာစားသောက်ပြီး သေသည်အထိ ပန်းသွေးရောင် အသားအရည်ကို ထိန်းသိမ်းထားသူများကမူ အဘယ်သို့ ရှိသနည်း။ ၎င်းတို့သည် အဓိပ္ပာယ်ရှိသောဘဝကို မလိုက်စားပေ။ ထို့ကြောင့် သေဆုံးသောအခါ ၎င်းတို့သည် မည်သို့ ခံစားရသနည်း။ (အချည်းနှီး အသက်ရှင်ခဲ့သကဲ့သို့ ခံစားရသည်။) ‘အချည်းနှီး အသက်ရှင်ခြင်း’ ဟူသည့် ဤစကားနှစ်လုံးသည် ပြတ်သားသည်။ ‘အချည်းနှီး အသက်ရှင်ခြင်း’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဘဝကို ဖြုန်းတီးခြင်းကို ဆိုလိုသည်။) အချည်းနှီး အသက်ရှင်ခြင်း၊ ဘဝကို ဖြုန်းတီးခြင်းဆိုသည့် ဤစကားနှစ်ခုအတွက် အခြေပြုချက်မှာ အဘယ်နည်း။ (၎င်းတို့ဘဝ၏ အဆုံးတွင် မည်သည့်အရာကိုမျှ ၎င်းတို့ မရရှိခဲ့သည်ကို တွေ့ရှိရသည်။) ဤသို့ဆိုလျှင် လူတစ်ယောက်သည် မည်သည့်အရာကို ရရှိသင့်သနည်း။ (သူသည် သမ္မာတရားကို ရရှိသင့်သည်၊ သို့မဟုတ် ဤဘဝတွင် တန်ဖိုးရှိသော၊ အဓိပ္ပာယ် ရှိသောအရာများ ဖြစ်မြောက်သင့်သည်။ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာများကို ကောင်းမွန်စွာ လုပ်ဆောင်သင့်သည်။ သူသည် ဤအရာများအားလုံးကို လုပ်ဆောင်ရန် ပျက်ကွက်ပြီး သူ၏ ရုပ်ခန္ဓာအတွက်သာ အသက်ရှင်လျှင် သူ၏ဘဝကို အချည်းနှီးအသက်ရှင်ခဲ့ပြီး ဖြုန်းတီးခဲ့သည်ဟု ခံစားရမည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားသခင်ကို ယုံကြည်ရာမှာ ဘာကို လိုက်စားရမယ်ဆိုတဲ့ မှန်ကန်တဲ့ အမြင်ဟာ သမ္မာတရားကို နားလည်ဖို့ ရှာဖွေခြင်းနဲ့ ဘုရားသခင်ကို ကျိုးနွံနာခံမှုရှိခြင်းပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တယ်။ ဘုရားသခင်က ဘယ်လိုအခြေအနေမျိုးပဲ စီစဉ်ပါစေ၊ ပြင်းထန်တဲ့ ရောဂါနဲ့ ဆင်းရဲဒုက္ခကို ရင်ဆိုင်ရရင်တောင်မှ၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်ကို ကျိုးနွံနာခံသင့်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ ဒီလိုလိုက်စားမှုမျိုးကမှ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်၊ ပြီးတော့ ဘုရားသခင်က အမှတ်ရလိမ့်မယ်။ ဒါပေမဲ့ ကျွန်မကတော့ ဇာတိပကတိ ငြိမ်သက်ဖို့၊ ရောဂါဘေးအန္တရာယ် ကင်းရှင်းတဲ့ ဘဝနဲ့ ကျန်းကျန်းမာမာ နေရဖို့ကိုပဲ အမြဲ ရှာဖွေခဲ့တယ်။ ရောဂါဆိုးလာတဲ့အခါ၊ ဘုရားသခင်ကို ကျိုးကြောင်းပြပြောပြီး ညည်းညူလာခဲ့တယ်၊ ရောဂါကုဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကိုပဲ လုံးဝ အာရုံစိုက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့တောင် မလိုလားခဲ့ဘူး။ ဒီလိုလိုက်စားမှုက အဓိပ္ပာယ်မရှိဘူး။ ကျွန်မ ကျန်းမာရေးပြန်ကောင်းပြီး ငြိမ်းချမ်းကျန်းမာတဲ့ ဘဝနဲ့ နေရရင်တောင်မှ၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်နဲ့ ဝတ္တရားကို ကောင်းကောင်း မဖြည့်ဆည်းဘူးဆိုရင်၊ ကိုယ့်ရဲ့ အထူးတာဝန်ကို မပြီးမြောက်ဘူးဆိုရင်၊ ဒါဟာ အလဟဿဖြစ်တဲ့ ဘဝတစ်ခုပဲဖြစ်မှာဖြစ်ပြီး ဒီလောကမှာ ကျွန်မရဲ့ ဖြစ်တည်မှုက အချည်းနှီးဖြစ်မှာပဲဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဒီအချက်ကို အသိအမှတ်ပြုလိုက်တဲ့အခါ၊ ကျွန်မ စိတ်ထဲမှာ လင်းလက်သွားတယ်။ ကျွန်မရဲ့ ရောဂါ ပိုဆိုးလာမလား၊ ဒါမှမဟုတ် လေဖြတ်သွားမလားဆိုတာနဲ့ မဆိုင်ဘဲ အရေးအကြီးဆုံးက ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ပဲ။ အဲဒီနောက်ပိုင်း၊ ကျွန်မတာဝန်မှာ စိတ်နှလုံးကို မြှုပ်နှံထားပြီး အလုပ်အမျိုးမျိုးကို နောက်ဆက်တွဲလိုက်လုပ်ခဲ့တယ်။
တစ်ရက်ကျတော့၊ ကွန်ပျူတာ စာရိုက်နေတုန်း၊ ညာဘက်ပခုံးက ရုတ်တရက် လှုပ်လို့မရ ဖြစ်သွားတယ်၊ ညာဘက်လက်မောင်းကို မလိုက်တဲ့အခါ စူးခနဲ နာကျင်တာကို ခံစားလိုက်ရတယ်။ စာရိုက်ရတာ အရမ်းခက်သွားတာပေါ့။ “ပခုံးက လှုပ်မရတော့ရင်၊ ငါ့တာဝန်ကို ဘယ်လိုထမ်းဆောင်နိုင်မလဲ” ဆိုပြီး ပြန်စိုးရိမ်လာတယ်။ “ခဏလောက် နားလိုက်မယ်၊ မနက်ဖြန်လောက်ဆို သက်သာသွားလောက်မှာပါ” လို့ တွေးမိတယ်။ ဒါပေမဲ့ နောက်တစ်ရက်ကျတော့၊ ပခုံးက သက်သာမလာတဲ့အပြင် ပိုတောင် နာလာသေးတယ်။ ခေါင်းနဲ့ ဇက်တွေပါ စကိုက်လာတယ်၊ ထိုင်ရတာ နာပြီး လှဲရတာတောင် နာတယ်။ တာဝန်ထမ်းဆောင်ဖို့ အာရုံစိုက်ထားတာတွေ အကုန် ပျောက်ကုန်ရော။ နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ နာကျင်မှုဝေဒနာခံစားရသည်ဖြစ်စေ ထွက်သက်တစ်ခု ကျန်ရှိသရွေ့၊ သင် အသက်ရှင်နေသေးသရွေ့၊ သင်စကားပြောပြီး လမ်းလျှောက်နေသေးသရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်တွင် အားအင်ရှိနေပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ပြုမူသင့်သည်။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်၊ သို့မဟုတ် ဖန်ဆင်းရှင်က သင့်ကို ပေးထားသည့် တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် မသေသေးသရွေ့ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်ပြီး ကောင်းမွန်စွာ ပြီးစီးအောင်လုပ်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မရဲ့ အခြေအနေ သက်သာလာတာပဲဖြစ်ဖြစ်၊ မသက်သာလာဘူးပဲဖြစ်ဖြစ် ဒီရောဂါက ချည်နှောင်တာ၊ ဘောင်ခတ်တာကို ဆက်မခံချင်တော့ပါဘူးလို့ ပြောပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေပြီးတော့ပဲ ဘုရားသခင်ကို ကျိုးနွံနာခံချင်တယ်၊ ကိုယ့်တာဝန်ကိုပဲ စွဲကိုင်ထားချင်တယ်။ အဲဒီနောက်မှာတော့ ရောဂါ ဘယ်တော့ သက်သာမလဲဆိုတာကို မပူပန်တော့ဘဲ ကိုယ့်တာဝန်ကိုပဲ အာရုံစိုက်လိုက်တယ်၊ အားတဲ့အချိန်လေးမှာ လေ့ကျင့်ခန်း နည်းနည်းလုပ်တယ်။ လေးရက်မြောက် မနက်ကျတော့၊ ညာဘက်ပခုံးက နာတာ လျော့သွားတာကို ရုတ်တရက် သတိထားမိတယ်၊ ဇက်လည်း မတောင့်တော့ဘူး။ လုံးဝ ပျောက်သွားတာ မဟုတ်ပေမဲ့၊ တဖြည်းဖြည်းချင်း သက်သာလာတယ်။
ဒီလို ထပ်ခါတလဲလဲ နာမကျန်းဖြစ်တာတွေက ယုံကြည်ခြင်းမှာ ဘာကို လိုက်စားရမယ်ဆိုတဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေကို လုံးဝ ထုတ်ဖော်လိုက်တာပဲ။ အဲဒီတော့မှ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် နားလည်မှုတချို့ စရှိလာခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့်၊ ရောဂါကို ဘယ်လို မှန်မှန်ကန်ကန် သဘောထားရမလဲ၊ ဒီလိုအချိန်မျိုးမှာ ကိုယ့်တာဝန်ကို ဘယ်လို ကောင်းကောင်း ဖြည့်ဆည်းရမလဲ ဆိုတာကိုလည်း သင်ယူခဲ့ရတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်။
အောက်ခြေမှတ်စု(များ)-
က။ စုပ်ခွက်ဖြင့် ကုသခြင်း။ ဖန် သို့မဟုတ် ပလတ်စတစ်ဘူးများကို အရေပြားပေါ်တွင် တင်ကာ စုပ်ယူမှုဖြစ်စေသည့် ကုသနည်းတစ်ခု ဖြစ်သည်။ ယင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေရန်နှင့် နာကျင်မှုကို သက်သာစေရန် ကူညီပေးသည်။
ခ။ ဂွါရှာ (အကြောခြစ်ကုသခြင်း)။ တင်းမာမှုကို လျော့ကျစေရန်၊ သွေးလည်ပတ်မှု ကောင်းမွန်စေရန်နှင့် ကြွက်သားနာကျင်မှုကို သက်သာစေရန် ချောမွေ့သော ကိရိယာတစ်ခုဖြင့် အရေပြားပေါ်တွင် ခြစ်ဆွဲရသည့် နည်းစနစ်တစ်ခု ဖြစ်သည်။
ဂ။ မီးကင်ကုသခြင်း။ ခန္ဓာကိုယ်ကို နွေးထွေးစေရန်နှင့် ရောဂါပျောက်ကင်းမှုကို လှုံ့ဆော်ပေးရန် ခန္ဓာကိုယ်ပေါ်ရှိ သတ်မှတ်ထားသော နေရာများအနီးတွင် အခြောက်လှန်းထားသော မပ်ဝေါ့ဟုခေါ်သည့် အပင်တစ်မျိုးကို မီးရှို့ရသည့် နည်းလမ်းတစ်ခု ဖြစ်သည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လျန်ရှင်း၊ တရုတ်ပြည်၂၀၀၅ ခုနှစ်မှာ ကျွန်မ အသက် ၆၈ နှစ် ပြည့်ခဲ့ပါတယ်၊ အဲဒီနှစ် အောက်တိုဘာလ အစောပိုင်းရက်တစ်ရက်မှာ မိတ်ဆွေတစ်ယောက်က...
ကျွန်မက ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးခဲ့တာပါ၊ ကျွန်မအသက် ၆၀ မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့တယ်။...
လျန်ရှင်း တရုတ်နိုင်ငံလွန်ခဲ့တဲ့နှစ်နှစ်မှာ ကျွန်မသားရဲ့ခါးက ရုတ်တရက်ကြီး ဆိုးဆိုးရွားရွား နာလာတယ်။ ကျွန်မတို့ ဆေးစစ်ဖို့သွားလိုက်တော့၊...
ဝူယွီ၊ တရုတ်ပြည်လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်း အသင်းတော်မှာ သန့်စင်ဖယ်ရှားခြင်းအလုပ်ကို ကျွန်မ လုပ်ဆောင်နေခဲ့ပါတယ်။ ကြီးကြပ်ရေးမှူးတချို့...