ကျွန်တော့်ရဲ့ ခရီးပန်းတိုင်ကို ဘယ်တော့မှ နောက်တစ်ခါ ဦးစားပေးမှာ မဟုတ်တော့ပါ
ကျွန်တော် သရုပ်ဆောင်ရတဲ့ အရင်အခန်းတုန်းက ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုအခြေအနေကို ကျွန်တော် သေချာမတွေးခဲ့သလို၊ သူ့ပင်ကိုစရိုက်ကို ကောင်းကောင်းနားမလည်ခဲ့ဘူး။ ကျွန်တော့်ကိုယ်ပိုင်နားလည်မှုကိုပဲ အခြေခံပြီး သရုပ်ဆောင်ခဲ့တာ။ ဒါရိုက်တာရဲ့ အကြံကို အပေါ်ယံပဲ လက်ခံခဲ့ပေမဲ့ စိတ်ထဲမှာတော့ ကိုယ့်သဘောနဲ့ကိုယ် စဉ်းစားထားခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်တော် သရုပ်ဆောင်တာက ဇာတ်ကောင်နဲ့ မကိုက်သလို၊ရုပ်ရှင်က ကောင်းမလာတော့ဘူး။ ခေါင်းဆောင်က ကျွန်တော့်တာဝန်ကို ပြောင်းလိုက်ပြီး ဧဝံဂေလိဖြန့်ဝေခိုင်းတယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားမှု၊ ခေါင်းမာမှုနဲ့ တာဝန်ကို ကောင်းကောင်းမလုပ်နိုင်တာတွေကြောင့် ရုပ်ရှင်အလုပ်က နှောင့်နှေးသွားတယ်။ ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်တယ်။ အဲဒါနဲ့ ကျွန်တော့် ပြစ်မှားမှုတွေအတွက် ပြန်ဖာထေးပေးဖို့ ဧဝံဂေလိမျှဝေပြီး ကောင်းမှုတွေ လုပ်ချင်ခဲ့တယ်။ အဲဒီနောက်တော့ ကျွန်တော့်အမှားတွေအတွက် ပြေရာပြေကြောင်းလုပ်ဖို့အချိန်အတော်ကြာ ဧဝံဂေလိဖြန့်ဝေခဲ့တယ်။ လူတော်တော်များများကို ကျွန်တော် ပြောင်းလဲစေခဲ့လို့ ကျွန်တော် တော်တော်ပျော်ပြီး တာဝန်မှာ စိတ်တက်ကြွလာတာပေါ့။
အဲဒါနဲ့ ဒီတစ်ခါမှာ ခေါင်းဆောင်က ကျွန်တော့်ကို လူအရွေးခံဖို့ ဝင်ပြိုင်ခိုင်းတော့ အတိုက်အခံဖြစ်မိတယ်။ ကျွန်တော်က သရုပ်ဆောင်ဖြစ်ဖို့ သင့်တော်တယ်လို့ မထင်မိဘူး။ အရင်က ကျွန်တော် မလုပ်နိုင်ခဲ့လို့၊ ဒီတစ်ခါလည်း မလုပ်နိုင်ဖို့များတယ်လို့ တွေးမိတာပေါ့။ အခုက ဧဝံဂေလိဖြန့်ဖို့ အရမ်းအရေးပါတဲ့ အချိန်ဖြစ်နေသလို၊ အဲဒီနေရာမှာ ကျွန်တော်က ရလဒ်ကောင်းတွေရနေတာလေ။ ကျွန်တော်က သရုပ်ဆောင်ဖို့ တစ်နေရာရရင် တရားဟောနိုင်မှာမဟုတ်ဘူး။ ပြီးတော့လည်း အဲဒီဇာတ်ကောင်က ရိုက်ကွက်တော်တော်များများမှာပါတယ်။ ကျွန်တော်က ကောင်းကောင်း သရုပ်ဆောင်ခဲ့ရင် ကိစ္စမရှိဘူး။ မဟုတ်လို့ကတော့ အရင်တစ်ခါလို တစ်ဝက်တစ်ပျက်နဲ့ မလုပ်နိုင်ဖြစ်ပြီး ရုပ်ရှင်ရိုက်တာ နှောင့်နှေးသွားရင် နောက်ထပ် ပြစ်မှားမှုတစ်ခုဖြစ်မှာပဲ။ ကျွန်တော့်ရဲ့ ဧဝံဂေလိအလုပ်နဲ့ ကောင်းမှုတွေက နှောင့်နှေးသွားမယ်။ နှစ်ခါ ဆုံးရှုံးနစ်နာမှာပဲပေါ့။ ကျွန်တော် စိတ်ထဲမှာ စဉ်းစားကြည့်ပြီး ဒီတစ်ခါတော့ ငါ လုံးဝ သွားလို့မဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ ခေါင်းဆောင်က သူ့စိတ်ကြိုက် လူတွေကို ရွေးနေတာလားလို့ ကျွန်တော် တွေးမိတယ်။ အဲဒါနဲ့ ကျွန်တော် သူ့ကိုပြောလိုက်တယ်။ “ကျွန်တော် ဒီအခန်းကို သရုပ်မဆောင်နိုင်ဘူး။ တခြားလူတစ်ယောက်ကို ရှာသင့်တယ်” ပေါ့။ ဒါပေမဲ့ သူက ကျွန်တော့်ကို သွားပြီး စမ်းကြည့်ဖို့ တိုက်တွန်းတော့ ရွေးစရာမရှိတော့ဘဲ လက်ခံလိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော် အရွေးခံရမှာမဟုတ်ဘူးလို့ သိနေတုန်းပဲ။ ကျွန်တော်က အပေါ်ယံပဲ အမြန်လုပ်လိုက်မယ်၊ ပြီးရင် လူစစ်တဲ့ရလဒ်တွေကို ခေါင်းဆောင်နဲ့ ဒါရိုက်တာကို ကြည့်ခိုင်းလိုက်မယ် ပေါ့။ ဒါဆို သူတို့ လက်လျှော့သွားမှာပဲ ပေါ့။ ရုပ်ရှင်ရိုက်ကွင်းရောက်တော့ ကျွန်တော် ဒါရိုက်တာကို ပြောလိုက်တယ်။ “အရင်တစ်ခေါက်က ကျွန်တော် အမှားတွေလုပ်တာကို ခင်ဗျားတို့အားလုံး မမြင်ကြဘူးလား။ ဘာလို့ ပြန်လာခိုင်းနေတာလဲ” ပေါ့။ သူက ပြန်ပြောတယ်။ “စမ်းကြည့်တဲ့သူ ဘယ်သူကမှ ဒီအခန်းအတွက် မသင့်တော်ဘူး။ ကျွန်တော်တို့ ခေါင်းဆောင်နဲ့ ဆွေးနွေးကြည့်ပြီး အဘက်ဘက်ကနေ စဉ်းစားကြည့်ပြီးပြီ။ ဒါက တော်တော်အရေးကြီးတဲ့ ရုပ်ရှင်ဖြစ်ပြီး ခင်ဗျားက အဲဒီနေရာနဲ့ တော်တော်ကိုက်တယ်။ ခင်ဗျား အလုပ်ကို နည်းနည်း ခြုံငုံစဉ်းစားပြီး အာရုံစိုက်တဲ့စိတ်နဲ့ လူအစစ်ခံဖို့အတွက် လာဖို့ မျှော်လင့်ပါတယ်” တဲ့။ ရုပ်ရှင်က အရေးကြီးကြောင်း သူပြောလေလေ၊ ကျွန်တော် သရုပ်ဆောင်ဖို့ ကြောက်လေလေပဲ။ တကယ်တမ်းတော့ အရင်တစ်ခေါက်က ကျွန်တော် မလုပ်နိုင်ခဲ့ဘူးလေ။ ဒီတော့ အဲဒီအခန်းကို ကျွန်တော် နားမလည်နိုင်ရင်၊ ကောင်းကောင်း သရုပ်မဆောင်နိုင်ရင် ဘယ်လိုလုပ်မလဲ။ သူတို့က ဘာပဲပြောပြော ကျွန်မ အဲဒီနေရာကို သရုပ်မဆောင်နိုင်ဘူးလို့ မရမကပြောခဲ့တယ်။ ကျွန်တော်မလုပ်နိုင်ဘူးဆိုတာ ဒါရိုက်တာ မြင်အောင် အမြန်၊ အကြမ်းဖျင်း ဝင်ပြိုင်လိုက်မယ်လို့ပဲ တွေးမိတယ်။ ဒါဆို ဧဝံဂေလိမျှဝေဖို့ ပြန်လုပ်နိုင်မှာပဲပေါ့။ ဒီလို ကောက်ချက်ချပြီးတော့ ကျွန်တော် စိတ်မအေးနိုင်ဖြစ်ပြီး နည်းနည်းကြောက်မိတယ်။ ဒါ ဘုရားဆီက လာတာဖြစ်ပြီး ကျွန်တော်က နာမခံဘူးဆိုရင် ဘုရားကို ပုန်ကန်ပြစ်မှားသလိုဖြစ်မှာပဲပေါ့။ အဲဒါနဲ့ ဘုရားဆီ ဆုတောင်းပြီး ပြောလိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော့်အလိုတော်ကို နားလည်ဖို့၊ နာခံဖို့၊ ကိုယ်တော်ကို ဆန့်ကျင်မပုန်ကန်ဖို့အတွက် ကျွန်တော့်ကို လမ်းပြတော်မူပါ” ဆိုပြီးတော့။
နောက်တစ်နေ့ စုဝေးပွဲတစ်ခုမှာ ကျွန်တော့်အပေါ် တော်တော် သက်ရောက်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ခေါင်းဆောင်က ဖတ်ပြတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ကျိုးနွံနာခံခြင်း သင်ခန်းစာများက အခက်ခဲဆုံးဖြစ်သည်။ သို့သော် အလွယ်ကူဆုံးလည်း ဖြစ်သည်။ မည်သည့်ပုံစံဖြင့် ခက်ခဲသနည်း။ (လူတို့တွင် ကိုယ်ပိုင် အယူအဆများရှိသည်။) လူတို့က အယူအဆများရှိသည်က ပြဿနာမဟုတ်ပေ။ မည်သည့်လူက အယူအဆမရှိသနည်း။ လူတို့အားလုံးက နှလုံးများနှင့် ဦးနှောက်များရှိကြသည်။ ၎င်းတို့အားလုံး ကိုယ်ပိုင်အယူအဆများရှိကြသည်။ ဤနေရာတွင် ယင်းသည် ပြဿနာမဟုတ်။ ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ပြဿနာသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ လူသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမရှိလျှင် သူ့တွင် အယူအဆမည်မျှရှိပါစေ နာခံနိုင်လိမ့်မည်။ ထိုအရာများက ပြဿနာဖြစ်မည်မဟုတ်။ လူတစ်ယောက်က ဤအသိတရားရှိပြီး ‘အရာရာတိုင်းမှာ ဘုရားကို ငါ နာခံရမယ်။ ဆင်ခြေတွေ မပေးဘူး။ ငါ့ကိုယ်ပိုင်စိတ်ကူးတွေအတိုင်း ဆက်မလုပ်ဘူး။ ဒီကိစ္စမှာ ငါ့ဘာသာငါ ဆုံးဖြတ်ချက်မချဘူး’ ဟူ၍ ပြောလျှင် သူ့အတွက် နာခံရန် မလွယ်ကူသလော။ လူတစ်ယောက်က မိမိဘာသာ ဆုံးဖြတ်ချက်မချလျှင် သူသည် မိမိကိုယ်ကို အမှန်ထင်ခြင်းမရှိသည့် လက္ခဏာဖြစ်သည်။ သူ၏ ကိုယ်ပိုင်အယူဆများကို မလျှော့တမ်းမပြောလျှင် သူသည် အသိတရားရှိသည့် လက္ခဏာတစ်ခုဖြစ်သည်။ သူသည် နာခံနိုင်ခြင်းလည်းရှိလျှင် သမ္မာရားကို လက်တွေ့လုပ်ဆောင်မှုကို ရရှိပြီးဖြစ်သည်။...သင်သည် အမှုအရာများ ကျရောက်သောအခါ သင့်ဘာသာ ဆုံးဖြတ်ချက်များ အစဉ်ချမှတ်လိုလျှင်၊ အခြားလူများကို ကျိုးကြောင်းပြပြောဆိုပြီး သင်၏ ကိုယ်ပိုင်အယူအဆများအတိုင်း မလျှော့တမ်းပြောလျှင် ဤသည်မှာ အလွန်ပင် ဒုက္ခပေးလာလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်မလျှော့တမ်းပြောဆိုသောအရာများသည် အပြုသဘောမဆောင်ဘဲ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်းတွင်ရှိသော အရာများအားလုံးဖြစ်သောကြောင့်ဖြစ်သည်။ ထိုအရာများအားလုံးသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ပွင့်အန်ထွက်လာခြင်းဖြစ်သည်။ ဤသို့သော အခြေအနေများတွင် သင်သည် သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိနိုင်သော်လည်း လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် ဘုရားထံ ဆုတောင်းရန် ဆန္ဒရှိနိုင်သော်လည်း အပေါ်ယံသာ လုပ်ဆောင်နေလိမ့်မည်။ လူတစ်ယောက်က သင့်ကိုသမ္မာတရားနှင့်ပတ်သက်ပြီး မိတ်သဟာယဖွဲ့ကာ သင့် ရည်ရွယ်ချက်၏ မသန့်စင်မှုများကို ဖွင့်ဟလျှင် သင်သည် မည်သို့ ရွေးချယ်မည်နည်း။ သမ္မာတရားကို အလွယ်တကူ နာခံနိုင်သလော။ ဤသို့သောအချိန်တွင် နာခံရန် သင့်အတွက် အလွန်ပင် အားစိုက်ရလိမ့်မည်။ သင် နာခံနိုင်မည်မဟုတ်ပေ။ သင်သည် မလိုက်နာဘဲ အခြားလူများကို ကျိုးကြောင်းပြပြောဆိုရန် ကြိုးစားလိမ့်မည်။ သင်က ‘ငါ့ဆုံးဖြတ်ချက်တွေက ဘုရားအိမ်တော်အတွက်ပဲ။ မမှားဘူး။ ငါ့ကို ဘာလို့ နာခံဖို့ တောင်းဆိုနေသေးတာလဲ။’ ဟူ၍ ပြောလိမ့်မည်။ သင်သည် နာခံနိုင်မည်မဟုတ်သည့်ပုံစံကို မြင်သလော။ ဤအရာအပြင် သင်သည် အာခံခြင်းလည်း ပြုလုပ်လိမ့်မည်။ ဤသည်မှာ တမင်ရည်ရွယ်သော ပြစ်မှားမှုဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ဒုက္ခမပေးသလော။ လူတစ်ယောက်က သမ္မာတရားနှင့်ပတ်သက်ပြီး သင့်ကို မိတ်သဟာယပြုသောအခါ သင်က သမ္မာတရားကို မနာခံနိုင်ဘဲ သိလျက်ဖြင့်ပင် ပြစ်မှားလျှင်၊ ဘုရားသခင်ကို မနာခံခြင်း၊ အာခံခြင်း ပြုလုပ်လျှင် သင်၏ ပြဿနာသည် ဆိုးရွားသော ပြဿနာဖြစ်သည်။ သင်သည် ဘုရားသခင်က ဖော်ထုတ်ပြီး ဖယ်ရှားခြင်းခံရသည့် အန္တရာယ်ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်း၌ အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည်) “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ရှေးဦးစွာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင် လိုက်နာနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် ပတ်ဝန်းကျင်များအားလုံးကို သင် နာခံနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်း၌ အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည်) အဲဒီအချိန်မှာပဲ ကျွန်တော် အိပ်မက်ကနေ နိုးလာသလို ခံစားလိုက်ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့် အခြေအနေကို အတိအကျ ဖော်ပြတယ်။ ကျွန်တော်က ဒီတစ်ခါ သရုပ်ဆောင်ဖို့ကို အတိုက်အခံဖြစ်တယ်။ မနာခံသလို၊ ဆက်တိုက် ငြင်းခုံဖို့ ကြိုးစားနေခဲ့တယ်။ ကျွန်တော်က အရင်က မလုပ်နိုင်ခဲ့ဘူး။ အဲဒီအခန်းကို သရုပ်ဆောင်ဖို့ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ ပြီးတော့ ကျွန်တော် ဧဝံဂေလိ မျှဝေတာက အဆင်ပြေနေခဲ့တာလေ။ ဒီတော့ သူတို့က ကျွန်တော့်ကို ဘာလို့ ပြန်ပြီး သရုပ်ဆောင်ခိုင်းဖို့ စိတ်ပိုင်းဖြတ်ထားကြတာလဲ ပေါ့။ ခေါင်းဆောင်က သူစိတ်ကူးပေါက်သလို လုပ်နေတယ်လို့ ကျွန်တော် ခံစားမိတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်နေရင်းနဲ့ ကျွန်တော်က နာခံရမဲ့အစား အတိုက်အခံလုပ်တယ်။ ဒီအချိန်မှာပဲ လူတစ်ယောက်က ကျွန်တော့်ကို လူအရွေးခံဖို့ပြောနေပုံရပေမဲ့ တကယ်တမ်းက ဒါကို ဘုရား စီစဉ်ညွှန်ကြားနေမှန်း ကျွန်တော် သဘောပေါက်သွားတယ်။ ကိစ္စတွေကို ကျွန်တော့်သဘောအတိုင်းလုပ်ဖို့ ပြောနေတာက တကယ်ကို ပုန်ကန်နေတာပဲ။ ဒီနားလည်မှုကြောင့် ကျွန်တော့်ရဲ့ စဉ်းစားပုံက နည်းနည်း ပြောင်းသွားတယ်။ ဘာပဲဖြစ်နေနေ ကျွန်တော် နာခံရမယ်။ ဒီတာဝန်ကို အလေးအနက် သဘောထားပြီး လူရွေးပွဲမှာ အကောင်းဆုံးကြိုးစားရမယ်။ လူရွေးပွဲပြီးသွားတော့ အဲဒီအခန်းအတွက် ကျွန်တော်အရွေးခံလိုက်ရတော့ ကျွန်တော် အံ့ဩသွားတာပေါ့။
ကျွန်တော် ဘုရားဝတ်ပြုရင်းနဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “ကျိုးနွံနာခံခြင်း သမ္မာတရားကို သင်မည်သို့ လက်ခံရရှိပြီး နားလည်သင့်သနည်း။ ကျိုးနွံနာခံခြင်းသည် ကိစ္စများဖြစ်ပေါ်သောအခါ လိုက်နာခြင်းဖြစ်ပြီး အာခံခြင်း၊ သို့မဟုတ် မလိုက်နာခြင်းကို ဖွင့်ပြခြင်းမဟုတ်ဟု လူအများစုက ယုံကြည်ကြသည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်က လူတို့ကို အဘယ်ကြောင့် နာခံစေချင်သည်၊ ကျိုးနွံနာခံခြင်း၏ အရေးပါမှုနှင့် စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ မည်သို့ ကျိုးနွံနာခံသင့်သည်၊ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ရာတွင် လူများတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော အရာများကို ဖြေရှင်းရန်ရှိသည်ဟူသော ကျိုးနွံနာခံခြင်း၏ အသေးစိတ်အချက်များကို လူတို့ နားမလည်ကြပေ။ လူတို့သည် စည်းကမ်းများကိုသာ လိုက်နာပြီး ‘ကျိုးနွံနာခံတာက ငါက အစားအစာပြင်ဆင်ရမယ်ဆိုရင် ကြမ်းပြင်ကို တံမြက်စည်းမလှဲရဘူး၊ ကြမ်းပြင်ကို တံမြက်စည်းလှဲရမယ်ဆိုရင် မှန်ကို မသုတ်ရဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ငါလုပ်သင့်တာကို လုပ်ရမယ်။ ဒီလောက် ရိုးရှင်းတယ်။ ငါ့စိတ်ထဲမှာ ရှိတာကို အာရုံစိုက်ဖို့မလိုဘူး။ ဘုရားသခင်က ဒါကို အာရုံမစိုက်ဘူး’ ဟူ၍ ထင်ကြသည်။ အမှန်တကယ်တွင် ဘုရားသခင်က လူတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းသည်မှာ လူတို့ကို သူ့အား နာခံစေခြင်းမှ တစ်ဆင့်ဖြစ်သည်။ ဘုရားအပေါ် စစ်မှန်သည့် ကျိုးနွံနာခံခြင်းကို လူတို့ရရှိစေရန်ဖြစ်သည်။ ဤသည်မှာ ကျိုးနွံနာခံခြင်း၏ သမ္မာတရားဖြစ်သည်။ ဤအရာကို နားလည်ပြီး သိရှိရန် မည်သည့်အတိုင်းအတာအထိ လူတို့ကို အဆုံးတွင် နားလည်စေရန် လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်က လူတို့တွင် မည်သည့်အရာကို တောင်းဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သင့်ကြောင်း၊ ယင်းတွင် ဘုရားအလိုတော်ရှိကြောင်းနှင့်၊ လူတို့က အကြွင်းမဲ့ နာခံသင့်ကြောင်းတို့ကို ၎င်းတို့ နားလည်သော အတိုင်းအတာထိဖြစ်သည်။ လူတို့သည် ဤအတိုင်းအတာအထိ နားလည်နိုင်လျှင် ကျိုးနွံနာခံခြင်း၏ သမ္မာတရားကို နားလည်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား နားလည်သူတို့သာလျှင် ဝိညာဉ်ရေးရာကိစ္စရပ်များအား နားလည်ကြသည်) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ ကျွန်တော် စပြီး သုံးသပ်တယ်။ အပြင်ပန်းမှာ ကျွန်တော်က နာခံနေသလိုမျိုး ရုပ်ရှင်ရိုက်တာကို အာရုံစိုက်ခဲ့ပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ အမြင်အရ၊ ဒါက လုံးဝ စစ်မှန်တဲ့ နာခံခြင်းမဟုတ်ဘူး။ သမ္မာတရားကို ရှာဖို့၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့၊ တာဝန်ကို စည်းမျဉ်းတွေနဲ့အညီ ထမ်းဆောင်ဖို့ လိုနေတုန်းပဲ။ ကျွန်တော် အဲဒါကို နည်းနည်း စဉ်းစားကြည့်တယ်။ ဒီရုပ်ရှင်ရိုက်နေတုန်းမှာ ကျွန်တော်က တော်တော် မတက်မကြွဖြစ်နေခဲ့ပြီး စိတ်နှလုံးမှာ တော်တော် အတိုက်အခံဖြစ်တယ်။ ဘယ်ဖောက်ပြန်ဖျက်ဆီးတဲ့ စိတ်သဘောထားက ကျွန်တော့်ကို ထိန်းချုပ်နေတာလဲ။
တစ်နေ့တော့ ဒီပြဿနာနဲ့ပတ်သက်ပြီး ကျွန်တော့်ကို အသိအမြင်ပေးတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရန် မျှော်လင့်ချက်နှင့် အနာဂတ် ခရီးပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ ဘဝများကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် ၎င်းတို့၏ ကောင်းချီးအိပ်မက်များ ပျက်စီးခြင်းကို ကာကွယ်ရန် ဘုရားအိမ်တော်မှ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ၎င်းတို့က သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ဖက်တွယ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကောင်းချီးရရန် ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်ဟု ထင်မြင်ကြသောကြောင့်ဖြစ်သည်။ ကောင်းကြီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းကြီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ဘုရားသခင်၏ ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂) “ဘုရားသခင်နှင့်ပတ်သက်၍ အစဉ်သံသယရှိသောသူ၊ ဘုရားသခင်အား အစဉ် ကြည့်ရှုစစ်ဆေးနေသောသူ၊ ဘုရားသခင်နှင့် အပေးအယူတစ်ခုပြုလုပ်ရန် အစဉ်ကြိုးစားနေသောသူများသည် ရိုးသားသောစိတ်နှလုံးရှိသည့်လူများ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့သောလူများ၏ စိတ်နှလုံးအတွင်းတွင် မည်သည့်အရာ တည်ရှိသနည်း။ ကောက်ကျစ်မှုနှင့် ဆိုးယုတ်မှုဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ကြည့်ရှုစစ်ဆေးနေသည်။ ၎င်းတို့ ကြည့်ရှုစစ်ဆေးသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ (လူတို့အပေါ် ဘုရားသခင်၏ သဘောထားဖြစ်သည်။) ၎င်းတို့သည် လူတို့အပေါ် ဘုရားသခင်၏ သဘောထားကို အစဉ် ကြည့်ရှုစစ်ဆေးနေသည်။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ အဘယ်ကြောင့် ဤအရာကို ၎င်းတို့ ကြည့်ရှုစစ်ဆေးသနည်း။ ၎င်းတို့၏ မရှိမဖြစ်သော အကျိုးစီးပွား ပါဝင်နေသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မိမိတို့ကိုယ်ကိုယ် စဉ်းစားကြသည်။ ‘ဘုရားသခင်က ဤအခြေအနေများကို ငါ့အတွက် ဖန်တီးခဲ့သည်။ သူသည် ဤအရာကို ငါ့ထံ ဖြစ်စေခဲ့သည်။ အဘယ်ကြောင့် ထိုသို့ သူလုပ်ဆောင်ခဲ့သနည်း။ ဤအရာက အခြားသူများအပေါ် မဖြစ်ပျက်ခဲ့ပါ။ ငါ့ထံတွင် အဘယ်ကြောင့် ဖြစ်ပျက်ရသနည်း။ နောက်ပိုင်းတွင် အကျိုးဆက်များက မည်သည့်အရာဖြစ်လိမ့်မည်နည်း။’ ဤအရာတို့သည် ၎င်းတို့ ကြည့်ရှုစစ်ဆေးသောအရာများဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများ၊ ကောင်းချီးများနှင့် ကံဆိုးမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဤအရာများကို ကြည့်ရှုစစ်ဆေးနေစဉ်တွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ ဘုရားသခင်ကို နာခံနိုင်သလော။ ဤသို့မလုပ်ဆောင်နိုင်ပေ။...လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ထည့်စဉ်းစားကြသောအခါ ရလဒ်သည် အဘယ်နည်း။ ၎င်းတို့သည် ကိုယ့်အကျိုးအတွက်သာ ဆောင်ရွက်သောအခါ ၎င်းတို့အတွက် ဘုရားသခင်ကို နာခံရန် မလွယ်ကူပေ။ ၎င်းတို့သည် ဆန္ဒရှိလျှင်ပင် မလုပ်ဆောင်နိုင်ပေ။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ အစဉ် စဉ်းစားနေသောလူတို့၏ ကြည့်ရှုစစ်ဆေးမှု အဆုံးစွန်ရလဒ်သည် အဘယ်နည်း။ ၎င်းတို့လုပ်ဆောင်သမျှသည် ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ခြင်းဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဆက်လက်ထမ်းဆောင်သောအခါတွင်ပင် ပေါ့ဆစွာ၊ ဝတ်ကျေတမ်းကျေဖြစ်စွာဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အခြေအနေတစ်ခုဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သို့ အခွင့်အရေးယူရမည်၊ ရှုံးနိမ့်သည့်ဘက်တွင်မရှိရန် မည်သို့နေရမည်တို့ကို အစဉ် စဉ်းစားနေကြသည်။ ဤအရာတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့၏ ရည်ရွယ်ချက်များဖြစ်သည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ကောက်ကျစ်ခြင်းဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုမဟုတ်တော့ပေ။ ကောက်ကျစ်ဆိုးယုတ်ခြင်းသို့ မြင့်တက်သွားပြီဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဤသို့သော ဆိုးယုတ်သည့် စိတ်သဘောထားမျိုးရှိသည့်အခါ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပြီး ရုန်းကန်ကြိုးစားခြင်းဖြစ်သည်။ ဤပြဿနာနှင့် ပတ်သက်၍သင်ရှင်းလင်းစွာ သိသင့်သည်။ လူတို့သည် ဘုရားသခင်ကို အစဉ် ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ အပေးအယူများပြုလုပ်ရန် အစဉ်ကြိုးစားလျှင်၊ ၎င်းတို့သည် မှန်ကန်စွာ ထမ်းဆောင်နိုင်သလော။ လုံးဝ မထမ်းဆောင်နိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) အန္တိခရစ်တွေက ဘုရားအိမ်တော်ရဲ့ အစီအစဉ်တွေကို လုံးဝ မနာခံဘဲ သူတို့လုပ်ချင်တာ လုပ်တယ်ဆိုတာကို ဘုရားက ကျွန်တော်တို့ကို ပြောပြတယ်။ သူတို့က လှပတဲ့ ခရီးပန်းတိုင်ကို အပေါ်ယံအနစ်နာခံတာ၊ အားထုတ်တာတွေနဲ့ လဲချင်တယ်။ ဒါပေမဲ့ သူတို့က အဆင့်အတန်း၊ အခွင့်အလမ်းကောင်း ို မရနိုင်တဲ့အခါမှာ ဂရုမစိုက်တော့သလို မတက်မကြွဖြစ်လာပြီး သူတို့တာဝန်တွေကို ငြင်းကြတယ်။ ကျွန်တော့်အခြေအနေက ဘုရားသခင် ဖော်ပြသလိုပဲဖြစ်မှန်း မြင်ခဲ့တယ်။ ကျွန်တော့်ကို သရုပ်ဆောင်ဖို့ပြောတဲ့အချိန်မှာ ကျွန်တော် စဉ်းစားသမျှက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အနာဂတ်ပဲ။ ဧဝံဂေလိမျှဝေတဲ့နေရာမှာ ကျွန်တော် အောင်မြင်တယ်၊ ဒါကြောင့် ဒါကို ဆက်လုပ်ရင် ကျွန်တော့်ရဲ့ အရင်ကအမှားတွေအတွက် ဖာထေးဖို့ ကောင်းမှုတွေပိုလုပ်နိုင်ပြီး ကျွန်တော့်ခရီးပန်းတိုင်အတွက် အာမခံချက်ရှိတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က သရုပ်ဆောင်အနေနဲ့ တစ်ခါ ကျရှုံးပြီးပြီ။ ဒီတစ်ခါမှာ အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာ မသိဘူး။ ကျွန်တော်လုပ်တာ ညံ့ပြီး ရုပ်ရှင်အလုပ်က အနှောင့်အယှက်ဖြစ်သွားရင် နောက်ထပ် ပြစ်မှားမှုတစ်ခုဖြစ်ရုံမက၊ ဧဝံဂေလိမျှဝေတဲ့နေရာမှာ ကျွန်တော့်ရဲ့ ကောင်းတဲ့လုပ်ရပ်တွေ အကုန် နှောင့်နှေးသွားမှာပဲ။ ဒါဆို မတန်ဘူး ပေါ့။ အဲဒါကို မလုပ်ဖို့ အကြောင်းပြချက်တွေ ရှာဖို့ ကျွန်တော် ကြိုးစားတယ်။ တာဝန်ကို ရှောင်ဖို့ ဆင်ခြေအနေနဲ့ အရင်က ကျရှုံးမှုကို အသုံးချတယ်။ နောက်ပိုင်းမှာတော့ လူအရွေးခံဖို့ကို စိတ်မပါတပါနဲ့ပဲ သွားလိုက်တယ်၊ အပေါ်ယံပဲလုပ်ပြီး ပြီးလိုက်ချင်တော့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က အသင့်တော်ဆုံးပဲဆိုတာကို ဒါရိုက်တာက ရှင်းရှင်းလင်းလင်း ပြောတယ်။ ဒါပေမဲ့ ကျွန်တော်က အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ဘယ်တာဝန်က ကျွန်တော့်အတွက် အကျိုးရှိဆုံးဖြစ်မလဲဆိုတာပဲ စဉ်းစားခဲ့တယ်။ အကုန် တွက်ချက်ပြီးတဲ့နောက်မှာ သရုပ်ဆောင်လုပ်ဖို့ထက် ဧဝံဂေလိမျှဝေရင် ကျွန်တော့်ရဲ့ ခရီးပန်းတိုင်ကိုပိုပြီး သေချာနိုင်မယ်လို့ ခံစားမိတယ်။ ဒါကြောင့် ကျွန်တော်က အတိုက်အခံပဲ ဆက်လုပ်နေပြီး သရုပ်ဆောင်နေရာကို ငြင်းခဲ့တယ်။ ကျွန်တော်က ရှုံးတဲ့ဘက်မှာ မနေရဖို့အတွက် ကျွန်တော့်တာဝန်ကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့တယ်။ အသင်းတော်က အသင်းတော်အလုပ်လိုအပ်ချက်တွေအရ ကျွန်တော့်တာဝန်တွေကို စီစဉ်ပေးနေတာပါ။ ဒါကို ကျွန်တော် နာခံသင့်တယ်။ ဒါပေမဲ့ ကျွန်တော်က စီးပွားရေးသမားလို လုပ်နေပြီး ရုပ်ရှင်ရိုက်တာက ကျွန်တော့်အတွက် အကျိုးဖြစ်မဖြစ် စဉ်းစားနေတယ်။ ကျွန်တော့်ရဲ့ စက်ဆုပ်စရာရည်ရွယ်ချက်တွေကို ဖုံးဖိဖို့အတွက် သင့်တော်ပုံရတဲ့ ဒီအကြောင်းပြချက်တွေအားလုံးကို ရှာခဲ့တယ်။ ကျွန်တော်က လှည့်စားတတ်တဲ့ စိတ်သဘောထားကို ပြနေရုံမကဘဲ ဘုရားနဲ့ အပေးအယူလုပ်နေပြီး လှည့်စားနေတဲ့ မကောင်းမှုကိုပါ ပြနေခဲ့တာပါ။ အရင်တုန်းက ဧဝံဂေလိကို ကျွန်တော် မျှဝေတာက ဘုရားအလိုတော်ကို ထောက်ထားတာပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ကျွန်တော်က ကိုယ့်အမှားတွေအတွက် ပေးဆပ်ဖို့ လူတွေကို ပိုပြီး ပြောင်းလဲချင်တာ၊ ရုပ်ရှင်ရိုက်တုန်းမှာ ဖြစ်တဲ့ ကျွန်တော့် ပြစ်မှားမှုတွေအတွက် ဖာထေးပြီး ဂုဏ်ကျက်သရေရှိတဲ့ ခရီးပန်းတိုင်ကို ရချင်တာဖြစ်မှန်း မြင်ခဲ့ရတယ်။ ကျွန်တော်က ကောင်းချီးတွေရဖို့ ကျွန်တော့်တာဝန်ကို အသုံးပြုနေခဲ့တာပဲ။ ဒမာသက်မြို့ကို သွားတဲ့လမ်းမှာ ပေါလုက ကြီးမားတဲ့ အလင်းတစ်ခု ထိမှန်ခံရပြီးတဲ့နောက်မှာ ဖြောင့်မတ်ခြင်းဆုသရဖူအတွက် အလဲအလှယ်အနေနဲ့ သူ့အမှားတွေ ဖာထေးဖို့ ဧဝံဂေလိမျှဝေချင်ခဲ့ပုံကို ကျွန်တော် တွေးမိတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့ ကျွန်တော့်ရည်ရွယ်ချက်တွေက ပေါလုနဲ့ ဘာကွာလို့လဲ။ ကျွန်တော်က တော်တော်ကို ဆင်ခြင်တုံတရား ရှိမနေခဲ့တာပါ။ ပေါလုလိုပဲ ဘုရားကို ဆန့်ကျင်တဲ့လမ်းပေါ်ရှိနေတာ။ ဒါကို သဘောပေါက်တော့ ကျွန်တော်က စက်ဆုပ်စရာကောင်းတယ်လို့ ခံစားမိတယ်။ ကိုယ့်ကိုယ်ကိုယ် ရွံပြီး ရိုက်မိတယ်။ မျက်ရည်တွေကျပြီး ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင်၊ ကျွန်တော်က ကိုယ့်တာဝန်မှာ ကိုယ်တော်နဲ့ အပေးအယူလုပ်နေတယ်၊ လှည့်စားပြီး ဆိုးယုတ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒီနှစ်တွေအားလုံး ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်တော်က ကိုယ်တော်နဲ့ ကျွန်တော့်ဆက်ဆံရေးမှာ လှည့်စားနေတုန်းပဲ။ လူသားပုံသဏ္ဍန်မရှိတဲ့အထိ စာတန် ဖောက်ပြန်ဖျက်ဆီးတာကို ကျွန်တော် ခံထားရပါတယ်။ ကျွန်တော့်ကို ကယ်တင်တော်မူပါ” ဆိုပြီးတော့။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်ရတယ်။ “သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏- ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည် အမှုအရာများကို အလွန်ဂရုတစိုက် မလုပ်ဆောင်ပါက၊ ယင်းသည် သင်တို့အနေဖြင့် ခရီးပန်းတိုင် မရှိတော့ခြင်း၊ သင်တို့ကိုယ်တိုင်၏ကံကြမ္မာကို သင်တို့ ဖျက်ဆီးလိုက်ခြင်းဟု ဆိုလိုလိမ့်မည်ဟု သင်တို့ ယုံကြည်ကြလေသည်။ သို့သော်၊ ၎င်းတို့၏ ခရီးပန်းတိုင်တစ်ခုတည်းအတွက် အားထုတ်မှုကို အသုံးပြုသောသူတို့သည် အချည်းနှီး ကြိုးပမ်းနေကြသည်ဟု သင်တို့ အတွေးပေါ်လာဖူးသလော။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုသည် မစစ်မှန်ပေ- ၎င်းတို့သည် အတုအယောင်နှင့် လှည့်ဖြားမှု ဖြစ်သည်။ ဤသို့ဖြစ်ပါက၊ ဘုရားသခင်၌ မိမိ၏ယုံကြည်မှုတွင် ကျရှုံးခြင်းသည် လှည့်ဖြားမှုကြောင့် ဖြစ်သည့်အတွက်၊ မိမိတို့၏ ခရီးပန်းတိုင် အတွက်သာ အလုပ်လုပ်သောသူတို့သည် ၎င်းတို့၏ နောက်ဆုံး ရှုံးနိမ့်မှု၏ လက်တစ်ကမ်းတွင် ရှိကြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍) “နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်၏ စီစဉ်မှုအောက်တွင် မိမိတို့ကိုယ်ကို ထားရှိပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲအရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်း ဖြစ်သည်။ ဤအခြေခံသဘောတရားမှာ ပြောင်းလဲ၍ မရသည့်အပြင်၊ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းကို သင်၏ စိတ်တွင် ကမ္ပည်းထိုးထားပြီး အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် ရှိသော သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကောင်းတဲ့ ခရီးပန်းတိုင်ကို ရဖို့အတွက်ပဲ အားထုတ်ရင် ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ၊ အပေးအယူတွေနဲ့ တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းစဉ်ကို ရောနှောပစ်လိုက်တာဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်သွားတယ်။ ဘုရားအပေါ် မစစ်မှန်နိုင်ဘူး။ မနာခံနိုင်ဘူး။ ကိုယ့်စိတ်သဘောထားက ပြောင်းလဲမှာမဟုတ်သလို ဘုရားသခင်ရဲ့ လက်ခံမှုကို ရမှာမဟုတ်ဘူး။ စိတ်နှလုံးကို ငြိမ်အောင်ထားပြီး ကျွန်တော့်အတွေ့အကြုံတွေကို ပြန်စဉ်းစားတယ်။ ကျွန်တော် ရုပ်ရှင်ရိုက်တာကို မလုပ်နိုင်တဲ့နောက်မှာ ဒီတာဝန်ကို ကောင်းကောင်းမလုပ်ခဲ့ဘူး၊ အလုပ် နှောင့်နှေးသွားပြီး ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့တယ်လို့ ခံစားမိခဲ့တယ်။ ဒါကြောင့် ကိုယ့်ရဲ့ခရီးပန်းတိုင်အတွက် စိုးရိမ်ခဲ့တယ်။ ကျွန်တော့်အမှားတွေအတွက် ပြေရာပြေကြောင်း ဧဝံဂေလိမျှဝေတာကို စိတ်နှစ်လုပ်ခဲ့တယ်။ တချို့လူတွေကို ပြောင်းလဲစေပြီးတဲ့နောက်မှာ ကျွန်တော်က ဘုရားအပေါ် ဆက်ကပ်အပ်နှံတယ်လို့ ထင်ပြီး ကောင်းတဲ့ ခရီးပန်းတိုင်ကို မျှော်လင့်ခဲ့တယ်။ အရင်တစ်ခါ ရုပ်ရှင်ရိုက်တုန်းက ဘာကြောင့် မလုပ်နိုင်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး သမ္မာတရားကို မရှာခဲ့ဘူး၊ ဆင်ခြင်မကြည့်ခဲ့ဘူး။ ဧဝံဂေလိမျှဝေတဲ့အချိန်မှာ ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှု၊ စည်းမျဉ်းတွေကို ကျွန်တော် ချိုးဖောက်ခဲ့ပုံနဲ့ ကိုယ်ကိုင်စွဲတဲ့ အမြင်မှားတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆင်ခြင်သုံးသပ်မကြည့်ခဲ့ဘူး။ နေ့တိုင်း အလုပ်တချို့လုပ်ပြီး တရားဟောတာနဲ့ပဲ ကျေနပ်နေခဲ့တယ်။ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက မပြောင်းလဲခဲ့ဘူး။ ကိုယ်ရတဲ့အရာနည်းနည်းလေးနဲ့ပဲ အရမ်း ကျေနပ်နေခဲ့တယ်။ အရမ်း မာနထောင်လွှားလာပြီး ကောင်းချီးရလိုတဲ့ ဆန္ဒက ပိုပြင်းထန်လာတယ်။ ပေါလုက လူတွေအများကြီးကို ပြောင်းလဲစေခဲ့ပေမဲ့ သူ တရားဟောနေတုန်းမှာ သခင်ယေရှုကို၊ ဘုရားနှုတ်ကပတ်တော်ကို လုံးဝ သက်သေမခံခဲ့ပုံကို ကျွန်တော် တွေးမိတယ်။ သူ့ကိုယ်သူပဲ ဂုဏ်တင်ပြီး ကြွားဝါတယ်။ သူ့ စိတ်သဘောထားက ပိုပိုပြီး မာနထောင်လွှားလာခဲ့တယ်။ သူ့ရဲ့ သဘာဝနဲ့ အနှစ်သာရက ဘုရားကို ဘယ်လိုအာခံနေတယ်ဆိုတာ သူ လုံးဝ နားမလည်ခဲ့ဘူး။ နောက်ဆုံးတော့ ဘုရားသခင်ဆီကနေ ဖြောင့်မတ်ခြင်းဆုသရဖူကို ပွင့်ပွင့်လင်းလင်း တောင်းဆိုဖို့ သူ့ရဲ့အလုပ်၊ ဆင်းရဲဒုက္ခနဲ့ သူပြောင်းလဲပေးခဲ့တာတွေကို အရင်းအနှီးအဖြစ် အသုံးပြုခဲ့တယ်။ နောက်ဆုံးမှာ သူကိုယ်တိုင်က ခရစ်တော်ဖြစ်တယ်လို့တောင် သက်သေခံခဲ့ပြီး ဘုရားရဲ့ အပြစ်ဒဏ်ပေးပြီး စီရင်တာကို ခံခဲ့ရတယ်။ ပေါလုလိုပဲ ကျရှုံးမှုလမ်းကြောင်းပေါ်မှာ ကျွန်တော် ရှိနေခဲ့ပြီး အဲဒါ ဘယ်လောက်အန္တရာယ်များမှန်း သိခဲ့တယ်။ ကျွန်တော့်ကို နောက်ထပ် ရုပ်ရှင်ရိုက်တဲ့နေရာမှာ ပါခွင့်ပေးတာဟာ ဘုရားက နောက်ထပ် အခွင့်အရေးပေးနေတာပါ။ ဒီပတ်ဝန်းကျင်မှာ ကျွန်တော်က ဆင်ခြင်သုံးသပ်နိုင်တယ်။ ကျွန်တော့်ရဲ့ မှားနေတဲ့အမြင်တွေကို နည်းနည်းနားလည်နိုင်တယ်။ ကျွန်တော့်အတွက်က အခုဖြစ်နေတာတွေအားလုံးက ဘုရားရဲ့ ကယ်တင်ခြင်းပဲ။ ဒါပေမဲ့ အဲဒါကို ကျွန်တော် နားမလည်ခဲ့ဘူး။ ရုပ်ရှင်ရိုက်ရင် ဧဝံဂေလိမျှဝေတာ၊ ကောင်းမှုတွေလုပ်တာတွေအတွက် အတားအဆီးဖြစ်မယ်လို့ ထင်ခဲ့တယ်။ အကောင်းနဲ့ အဆိုးကို ခွဲခြားမသိခဲ့ဘူး။ တော်တော်မျက်ကန်းဖြစ်ပြီး မိုက်မဲခဲ့တာပါ။ ဒါကို မြင်လာတော့ ကျွန်တော် နောင်တအရမ်းရပြီး ဘုရားကို အရမ်းကျေးဇူးတင်မိတယ်။ ဘုရားကျေးဇူးကို ချီးမွမ်းဖို့အတွက် ကျွန်တော် ဘုရားကို ဆုတောင်းခဲ့တယ်။
ကျွန်တော် ဘုရားဝတ်ပြုရင်းနဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တယ်။ ဒါတွေကြောင့် ဘုရားအလိုတော်ကို ကျွန်တော် နားလည်သွားပြီး လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခုရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) “သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် ပယ်ထုတ်ခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) လူတစ်ယောက်က ဘာတာဝန်ကို ထမ်းဆောင်ပါစေ၊ အဲဒါ ဘုရားသခင်ရဲ့ အစီအစဉ်တွေထဲက တစ်ခုပဲ။ သူဖြည့်ဆည်းသင့်တဲ့ တာဝန်တစ်ခု၊ ဖန်ဆင်းခံတစ်ယောက် လုပ်သင့်တဲ့အရာတစ်ခုပဲ။ ကောင်းချီးပေးခံရတာ၊ ကျိန်ဆဲခံရတာတွေနဲ့ ဘာမှမဆိုင်ဘူး။ အသင်းတော်က ကျွန်တော့်ကို ဘာတာဝန်ပဲ ချပေးပါစေ၊ အဲဒါက ကိုယ်မကျွမ်းကျင်တာ၊ အရင်က မလုပ်နိုင်ခဲ့တာတစ်ခုခုဖြစ်ရင်တောင် အရင်ဆုံး လက်ခံပြီး နာခံရမယ်။ ပြီးရင် ဒီတာဝန်ကို ဘယ်လိုကောင်းကောင်းလုပ်ရမယ်၊ ဘာစည်းမျဉ်းတွေကို သဘောပေါက်ရမယ်ဆိုတာကို ရှာဖွေပြီး ကိုယ့်စိတ်တစ်ခုလုံး နှစ်ပြီးလုပ်ရမယ်။ ပြီးတော့ တစ်ခုခုကို မလုပ်နိုင်ရင် ဘုရားကို ဆုတောင်းပြီး ရှာဖွေသင့်တယ်။ သူများတွေနဲ့ မိတ်သဟာယဖွဲ့သင့်တယ်။ ဒါ ကျွန်တော်ရှိသင့်တဲ့ အသိစိတ်ပဲ။ တစ်ကိုယ်ရေအကျိုးစီးပွားကို အခြေခံပြီး ကိုယ့်တာဝန်ကို ရွေးချယ်လို့မရဘူး။ ကောင်းချီးခံစားရတာနဲ့ တကယ်ကို ဆက်စပ်လို့မရဘူး။ ဒါက ကလေးတစ်ယောက်က သူ့မိဘအပေါ် သိတတ်တာလိုမျိုး၊ တာဝန်တစ်ခုပဲ။ အသင်းတော်က လူတွေရဲ့ ပူးပေါင်းလုပ်ကိုင်မှုကို လိုအပ်တဲ့အချိန်မှာ ကျွန်တော်က တာဝန်တစ်ခုကိုငြင်းဆန်ခဲ့ပြီး ကျွန်တော့်တာဝန်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တယ်။ ဘုရားကို မနာခံခဲ့ဘူး။ တစ်ချိန်လုံးမှာ ကျွန်တော်က ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေနဲ့ အသက်ရှင်နေခဲ့တယ်။ ကျွန်တော့်အမှားတွေအတွက် ဖာထေးဖို့ လူတွေပိုပြီးပြောင်းလဲအောင်လုပ်တာက သမ္မာတရားကို လက်တွေ့လုပ်တာဖြစ်ပြီး၊ ပြောင်းလဲအောင်လုပ်ပေးလေလေ၊ ပြစ်မှားမှုတွေ ဖုံးဖိခံရလေလေပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကို နားမလည်ခဲ့ဘူး။ ဘုရားသခင်က လူတွေကို တာဝန်ထမ်းဆောင်ရင်းနဲ့ သမ္မာတရားကို လိုက်စားနိုင်စေချင်တယ်။ ဘာကို မှားလုပ်မိသည်ဖြစ်စေ၊ ဘာ ဖောက်ပြန်ပျက်စီးမှုကို ပြသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် သုံးသပ်၊ နောင်တရပြီး ပြောင်းလဲစေချင်တယ်။ ဘုရားကို ကြောက်ရွံ့ပြီး နာခံနိုင်စေချင်တယ်။ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ပြုမူဆောင်ရွက်နိုင်စေချင်တယ်။ ဒါက ဘုရားအလိုတော်နဲ့အညီ တာဝန်ထမ်းဆောင်နည်းပဲ။ ကျွန်တော်တို့က ဘုရားကောင်းချီးတွေအတွက် အလဲအလှယ်အနေနဲ့ ကျွန်တော်တို့အမှားတွေကို ပြေစေချင်ရင် ကျွန်တော်တို့ အသုံးခံတာက မစစ်မှန်ဘူး။ ဘုရားကို လိမ်ညာနေတာဖြစ်ပြီး ဘုရားရဲ့ လက်ခံမှုကို ရမှာမဟုတ်ဘူး။ ဧဝံဂေလိဖြန့်ဝေတဲ့ ညီအစ်ကိုမောင်နှမတချို့ရဲ့ အတွေ့အကြုံတွေကို ကျွန်တော် နားထောင်ခဲ့တယ်။ သူတို့တာဝန်တွေမှာ ကျရှုံးပြီး ပြိုလဲကြတယ်။ အထုတ်တောင်ခံကြရတယ်။ ဒါပေမဲ့ နောက်တော့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကျရှုံးရခြင်းအကြောင်းရင်းကို သိအောင်လုပ်ဖို့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ကြတယ်။ နောက်တော့ သူတို့က ဆင်ခြင်သုံးသပ်နိုင်ပြီး လက်တွေ့လုပ်ဖို့ စည်းမျဉ်းတွေကို ရှာတွေ့နိုင်ခဲ့ကြတယ်။ ပြီးတော့ အလားတူ အခြေအနေနဲ့ ကြုံရတဲ့အခါမှာ ပြောင်းလဲနိုင်ကြပြီး သမ္မာတရားကို လက်တွေ့လုပ်တဲ့ သက်သေခံချက်ရှိကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ နေ့တိုင်း ဧဝံဂေလိမျှဝေပေမဲ့ အဲဒါက ကောင်းတဲ့ ခရီးပန်းတိုင်အတွက် အလဲအလှယ်အနေနဲ့ ကျွန်တော့်အမှားတွေကို ပြေအောင်လုပ်ဖို့ပဲ။ အပေးအယူ၊ အလဲအလှယ်လုပ်တာပဲ။ ဘုရားကို မနာခံဘူး။ သမ္မာတရားကို လက်တွေ့လုပ်တဲ့ သက်သေခံချက်မရှိဘူး။ ကျွန်တော် ရှက်မိခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေ ထပ်ဖတ်တယ်။ “လူတစ်ယောက်၏ အဆုံးသတ်၊ သို့မဟုတ် ခရီးပန်းတိုင်သည် ၎င်းတို့ကိုယ်တိုင်၏ စိတ်ဆန္ဒအရ အဆုံးအဖြတ်ပေးခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒ၊ သို့မဟုတ် စိတ်ကူးများအရလည်း မဟုတ်ပေ။ ဖန်ဆင်းရှင် ဘုရားသခင်က အဆုံးအဖြတ်ပေးပေသည်။ ထိုသို့သော အမှုကိစ္စမျိုးတွင် လူတို့သည် မည်သို့ ပူးပေါင်းဆောင်ရွက်သင့်သနည်း။ လူတို့တွင် ၎င်းတို့ရွေးချယ်နိုင်သည့် လမ်းကြောင်းတစ်ခုသာရှိသည်။ သမ္မာတရားကို ၎င်းတို့ရှာဖွေမှသာလျှင်၊ သမ္မာတရားကို နားလည်မှသာလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိကာ ကယ်တင်ခြင်းကို ရယူမှသာလျှင် အဆုံးတွင် ကောင်းမွန်သောရလဒ်နှင့် ကောင်းမွန်သော ကံကြမ္မာကို ရရှိလိမ့်မည်။ ဆန့်ကျင်ဘက်ကို ပြုလုပ်လျှင် လူတို့၏ ရှေ့ရေးအလားအလာနှင့် ကံကြမ္မာကို စိတ်ကူးကြည့်ရန် မခက်ခဲပေ။ ထို့ကြောင့် ဤကိစ္စတွင် ဘုရားသခင်ကလူအား ကတိပေးထားသည့်အရာအပေါ် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ပန်းတိုင်က မည်သည့်အရာဖြစ်သည်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်က မည်သည့်အရာကို ပြင်ဆင်ထားသည်ဆိုသည်တို့အပေါ် အာရုံမစိုက်နှင့်။ ဤအရာတို့သည် သင်နှင့် လုံးဝမသက်ဆိုင်ပေ။ ဤအရာတို့သည် ဘုရားသခင်၏ ကိစ္စဖြစ်သည်။ ဤအရာတို့ကို သင်က ယူဆောင်ခြင်း၊ တောင်းခံခြင်း၊ သို့မဟုတ် အလဲအလှယ်ပြုခြင်းတို့ ပြုလုပ်၍ မရပေ။ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏စိတ်နှလုံး၊ အစွမ်းရှိသမျှဖြင့် သင်လုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်လျက် သင်၏တာဝန်ကို ထမ်းဆောင်သင့်သည်။ ကျန်သည့်အရာများဖြစ်သော ရှေ့ရေးနှင့် ကံကြမ္မာ၊ လူသားမျိုးနွယ်၏ အနာဂတ်ပန်းတိုင်တို့နှင့်သက်ဆိုင်သည့် အရာတို့သည် သင်ဆုံးဖြတ်နိုင်သည့်အရာများ မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင်ရှိသည်။ ဤအရာအားလုံးကို ဖန်ဆင်းရှင်မှ စီစဉ်ချမှတ်ပေးပြီး၊ ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံနှင့်မျှ လုံးဝမသက်ဆိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၉)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် သိသွားတယ်။ ကောင်းတဲ့ကံကြမ္မာနဲ့ ခရီးပန်းတိုင်ရှိဖို့ တစ်ခုတည်းသောနည်းလမ်းက ကိုယ့်တာဝန်မှာ သမ္မာတရားကို လိုက်စားဖို့၊ ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး လိုက်လျှောက်ဖို့၊ ကိုယ့်တာဝန်အပေါ် စိတ်အပြည့်နှစ်ထားဖို့ပဲ။ အရင်တစ်ခါ ရုပ်ရှင်ရိုက်တာမှာ ကျွန်တော် မလုပ်နိုင်ခဲ့တာက ဇာတ်ကောင် ဘယ်လိုခံစားရတယ်ဆိုတာကို သေချာမစဉ်းစားခဲ့လို့ပဲ။ မာနထောင်လွှားပြီး စည်းမျဉ်းတွေကို မရှာခဲ့ဘူး။ သူများတွေရဲ့ အကြံတွေကို လက်မခံချင်ဘဲ ကိုယ့်ရဲ့ သိနားလည်မှုကို အခြေခံပြီး လုပ်ချင်ခဲ့တယ်။ အရမ်းမာနထောင်လွှားနေတော့ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်းလုပ်နိုင်မှာလဲ။ လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခုကို ကျွန်တော်ရှာနေတုန်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုင်းကို တွေ့မိတယ်။ “အကြင်သူသည် မိမိလုပ်ဆောင်သမျှကို အခြားသူများနှင့် ဆွေးနွေးရမည်။ အခြားလူတိုင်း ပြောစရာရှိသည့်အရာကို ဦးစွာ နားထောင်လော့။ အများစု၏ အမြင်က မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်၊ သင် လက်ခံပြီး ယင်းကို ကျိုးနွံနာခံသင့်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ စကားကြီး စကားကျယ်များကို မပြောနှင့်။ စကားကြီးစကားကျယ်များ ပြောခြင်းသည် မည်သည့်လူအုပ်စုတွင်မဆို မည်သည့်အခါမျှ ကောင်းမွန်သည့််အရာ မဟုတ်ပေ။...သင်သည် မကြာခဏ အခြားလူများနှင့် မိတ်သဟာယဖွဲ့သင့်သည်။ အကြံများပေးပြီး သင်၏ ကိုယ်ပိုင်အမြင်ကို ဖော်ပြသင့်သည်။ ဤသည်မှာ သင်၏တာဝန်နှင့် သင်၏ လွတ်လပ်ခွင့်ဖြစ်သည်။ သို့သော် အဆုံးတွင် ဆုံးဖြတ်ချက်ချရန်ရှိသောအခါ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချသည်မှာ သင်တစ်ဦးတည်းသာဖြစ်လျှင်၊ လူတိုင်းအား သင်ပြောသည့်အတိုင်း လုပ်ဆောင်စေပြီး သင်၏ စိတ်ဆန္ဒအတိုင်း လုပ်ဆောင်စေလျှင် သင်သည် စည်းမျဉ်းများကို ချိုးဖောက်နေခြင်းဖြစ်သည်။ လူအများစုက စိတ်ဆန္ဒရှိသည့်အရာကို အခြေခံပြီး မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ကာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချသင့်သည်။ လူအများစု၏ အကြံပြုချက်သည် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီလျှင် သင်သည် သမ္မာတရား၌သာ ဆက်လက်၍ စွဲမြဲစွာ လုပ်ဆောင်သင့်သည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသောအရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် လိုက်လျှောက်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားပြီး သူများတွေနဲ့ ပိုဆွေးနွေးသင့်တယ်။ သူတို့အကြံတွေကို နားထောင်သင့်တယ်။ သမ္မာတရားစည်းမျဉ်းတွေကို နာခံပြီး အသင်းတော်အလုပ်အတွက် အကျိုးဖြစ်နိုင်တဲ့ စိတ်ကူးတွေကို လက်ခံသင့်တယ်။ ဒါက သမ္မာတရားကို လက်ခံတဲ့ သဘောထားပဲ။ ဒါကို နားလည်တော့ တော်တော်လွတ်မြောက်သလို ခံစားရပြီး ကျွန်တော့်ကို လမ်းကြောင်းတစ်ခုပေးတယ်။ အဲဒီနောက်တော့ ရုပ်ရှင်ရိုက်ကွက်တိုင်းမှာ ဇာတ်ကောင်ရဲ့ စဉ်းစားပုံနဲ့ စိတ်ခံစားချက်တွေကို ကျွန်တော် အာရုံစိုက်ပြီး အဲဒါတွေကို ဒါရိုက်တာနဲ့ ဆွေးနွေးတယ်။ တစ်ခါတလေမှာ ကိုယ့်အတွေးနဲ့ မကိုက်တဲ့ အကြံကို ကြားရပြီး ကိုယ့်စိတ်ကူးအတိုင်းပဲ လုပ်ချင်တဲ့အချိန်မှာ စိတ်ငြိမ်အောင်လုပ်ပြီး ဆုတောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားလိုက်ပြီး၊ ခေါင်းဆောင်၊ ဒါရိုက်တာနဲ့ စည်းမျဉ်းတွေကို ရှာဖွေတယ်။ အဲဒီနောက်မှာ တခြားလူက မှန်တယ်ဆိုတာ ကျွန်တော် တွေ့သွားတယ်။ အချိန်ခဏလောက် ဒီလို လက်တွေ့လုပ်ပြီးသွားတော့ ကျွန်တော့်မှာ အားနည်းချက်တွေအများကြီးရှိမှန်း သဘောပေါက်သွားပြီး အရမ်းမာနမထောင်လွှားတော့ဘူး။ တစ်ခါတလေမှာ ကျွန်တော်က ခေါင်းမာနေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ငြင်းဆန်ဖို့၊ သူများတွေရဲ့ အကြံတွေကို အများကြီးပိုယူဖို့ သင်ယူတယ်။ ကိုယ့်တာဝန်အပေါ် စိတ်နှစ်လိုက်တဲ့အခါမှာ အဲဒီအပိုင်းကို ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာ တကယ် စဉ်းစားနိုင်သွားတယ်။ ကောင်းကောင်းမလုပ်လို့ အပြစ်တင်ခံရမှာကို မစိုးရိမ်တော့ဘူး။ ကျွန်တော့် အတွေးကို နည်းနည်း တည့်မတ်ခဲ့တယ်။ တာဝန်ကို ကောင်းကောင်းထမ်းဆောင်တာက အရေးကြီးဆုံးပဲလို့ ခံစားမိတယ်။ ကိုယ့်တာဝန်ကို ဒီလိုသဘောထားလိုက်တော့ ငြိမ်သက်ခြင်းခံစားရတယ်။ ကျွန်တော်တို့လုပ်တဲ့ တင်ဆက်မှုတိုင်းမှာ ကောင်းကောင်းသရုပ်ဆောင်ဖို့ အစွမ်းကုန်လုပ်တယ်။ တစ်ခါတလေမှာ ရိုက်ကွက်တစ်ခုကို အကြိမ်ရေ တော်တော်များများ လုပ်ရတယ်။ ဒါရိုက်တာက ရတယ်လို့ပြောရင်တောင် ကျွန်တော် ပိုကောင်းအောင်လုပ်လို့ရတယ်လို့ ခံစားမိတော့ အဲဒါကို အစွမ်းကုန် ထပ်လုပ်တယ်။ ဒါက ကိုယ်တတ်နိုင်သလောက်လုပ်ပြီး ဘယ်ရိုက်ကွက်မှာမဆို နောင်တမရဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ကျွန်တော် ဒီလိုလုပ်လိုက်တာနဲ့ အဲဒီဇာတ်ရုပ်ကို ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာ တဖြည်းဖြည်း သဘောပေါက်သွားတယ်။ အစတုန်းက သရုပ်ဆောင်ရတာ ခက်တဲ့ စိတ်ခံစားချက်နဲ့ဆိုင်တဲ့ ရိုက်ကွက်တချို့က ပိုလွယ်သွားတယ်။ ဒါတွေအားလုံးက ဘုရားရဲ့ လမ်းပြမှုကြောင့်ဆိုတာ ကျွန်တော် သိခဲ့တယ်။ ရိုက်ကွက်တစ်ခုပြီးတိုင်းမှာ ကျွန်တော် ဆုတောင်းပြီး ဘုရားရဲ့လမ်းပြမှုအတွက် ဘုရားကို ချီးမွမ်းပြီး ကျေးဇူးတင်တယ်။
ဒီအတွေ့အကြုံကနေ ကျွန်တော် သိသွားတယ်။ ကျွန်တော့်အခြေအနေက ကျွန်တော့်အယူအဆတွေနဲ့ ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ အားလုံးက ဘုရားရဲ့ အစီအစဉ်တွေကနေ လာတယ်ဆိုတာကိုပေါ့။ ကျွန်တော့်အယူအဆတွေနဲ့ မကိုက်လေလေ၊ လက်ခံဖို့ လိုလေလေပဲ၊ ဘုရားအလိုတော်ကို ရှာဖွေပြီး ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေကို နာခံဖို့ လိုလေလေပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။