နာမကျန်းမှုမှ ရရှိခဲ့သော သင်ခန်းစာများ

23.04.2026

တရုတ်ပြည်မှ လီဂျဲ

၂၀၂၂ ခုနှစ် အကုန်၊ မနက်ခင်းတစ်ခုမှာ အိပ်ရာထတော့ ကျွန်မ ရုတ်တရက် ခေါင်းမူးသွားတယ်။ ဒါက ကျွန်မ ရုတ်ချည်းထလို့ ဖြစ်မယ်လို့ ထင်လို့ မျက်စိကို အမြန်မှိတ်ထားလိုက်ပြီး ခဏနေတော့ သက်သာသွားတယ်။ ဒါပေမဲ့ ညနေကျတော့ ခေါင်းမူးတာ ပြန်ဖြစ်လာပြီး လေးငါးကြိမ်လောက် ထထမူးနေတော့ ကျွန်မမှာ ရောဂါတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်လာတယ်။ ဆေးရုံရောက်တော့ သွေးပေါင်ချိန်က ၁၉၅ လောက်ထိ တက်နေတာ တွေ့ရတယ်။ ကျွန်မ လန့်သွားပြီး တွေးမိတယ်၊ “ငါ ယုံကြည်လာတဲ့ ဒီနှစ်တွေတစ်လျှောက်လုံး အနစ်နာခံပြီး အသုံးခံခဲ့တာ၊ ဒုက္ခတွေလည်း အများကြီး ခံခဲ့ရတာ၊ ပြီးတော့ ဘုရားသခင်က ငါ့ကို ကျန်းမာအောင် စောင့်ရှောက်ခဲ့တာပဲ။ ဘယ်လိုဖြစ်လို့ သွေးပေါင်က ရုတ်တရက်ကြီး အရမ်းတက်သွားရတာလဲ” ပေါ့။ အိမ်ပြန်လမ်းမှာ ကျွန်မ စိတ်လေးလံနေမိတယ်။ သွေးတိုးကြောင့် လေဖြတ်ရာကနေ ဆယ်နှစ်ကျော်လောက် ကိုယ်တစ်ခြမ်း မလှုပ်နိုင်တော့ဘဲ အိပ်ရာထဲလဲပြီးမှ ဆုံးသွားတဲ့ အဖေအကြောင်းကို တွေးနေမိတယ်။ ကျွန်မ တွေးမိတယ်၊ “သွေးပေါင်က အရမ်းတက်နေတော့၊ ငါလည်း အဖေ့အလို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ငါ့ကျန်းမာရေးကို ငါ ကောင်းကောင်း ဂရုစိုက်ဖို့လိုတယ်။ အရင်လောက် အလုပ်ကို မနိုင်မနင်း လုပ်လို့ မဖြစ်ဘူး။ ငါ့ကျန်းမာရေး ပိုဆိုးလာပြီး တာဝန်မထမ်းဆောင်နိုင်တော့ရင်၊ ငါက အသုံးမကျတဲ့သူ ဖြစ်သွားမှာ မဟုတ်ဘူးလား။ ငါသာ သေသွားပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေး လွဲချော်သွားရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ ထိတ်လန့်ပြီး စိုးရိမ်တဲ့စိတ်နဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ နောက်ပိုင်း စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေဆီက သွေးတိုးကျစေမယ့် ဆေးနည်းတွေ ကြားရတိုင်း အိမ်မှာ အမြန်ပဲ စမ်းကြည့်တယ်။ မနက်နဲ့ညနေတိုင်းမှာ သွေးပေါင်ချိန်ပြီး၊ သွေးကျဆေးသောက်ဖို့လည်း မမေ့ရဲဘူး။ အစားအသောက်ကိုလည်း အထူးဂရုစိုက်ပြီး ကျန်းမာရေး တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ အမြဲတွေးနေခဲ့တယ်။ ခဏကြာတော့ သွေးပေါင်ချိန်က ငြိမ်သွားပြီး ခေါင်းမူးတာလည်း ပျောက်သွားတယ်။ ကျွန်မ တွေးမိတယ်၊ “ငါ့အခြေအနေ ပိုမဆိုးလာအောင် ကျန်းမာရေးကို ဆက်ပြီး ဂရုစိုက်ရမယ်၊ အရင်လောက် အလုပ်မကြိုးစားဖို့ လိုတယ်။ ငါ ကျန်းမာပြီး တာဝန်ထမ်းဆောင်နိုင်သရွေ့တော့ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိမှာပါ” လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မ တာဝန်ထမ်းဆောင်နေပုံရပေမဲ့၊ စိတ်ထဲမှာတော့ တက်ကြွမှုမရှိဘူး၊ ပြဿနာကြုံရတဲ့အချိန်တွေမှာ ကျွန်မ ပထမဆုံး စိတ်ပူတာက ကိုယ့်ရဲ့ကျန်းမာရေးပဲ။ နေ့ဘက် စုဝေးပွဲတွေမှာ အသင်းတော်က ပြဿနာတချို့ကို ကျွန်မ တွေ့ရပြီး ညဘက်ကျရင် အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေမယ်လို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အချိန်နောက်ကျတာ မြင်ရတဲ့အခါတိုင်း ညဉ့်နက်တဲ့အထိနေရင် သွေးပေါင်တက်လာမှာကို စိုးရိမ်လို့ ကျွန်မ အမြန် အနားယူလိုက်တယ်။ ကျွန်မ တာဝန်ယူထားတဲ့ အသင်းတော်တစ်ခုမှာဆိုရင်၊ ယုံကြည်သူအသစ်တချို့က စုဝေးပွဲမတက်တာ သုံးလလောက်ရှိပြီ။ ကျွန်မ သွားပြီး ရေလောင်းထောက်ပံ့ပေးချင်ပေမဲ့၊ သူတို့က နေ့ဘက်အလုပ်လုပ်တော့ ညဘက်မှပဲ သွားပြီး ရေလောင်းပေးလို့ရမယ်၊ ကျွန်မ သွားလိုက်ရင် ကျွန်မရဲ့ အနားယူချိန်ကို ထိခိုက်သွားမယ်။ ပြီးတော့ ယုံကြည်သူအသစ်တွေကို ထောက်ပံ့ပေးတာက တစ်ခေါက်နှစ်ခေါက်လောက် မိတ်သဟာယပြုရုံနဲ့ ထိရောက်မှာမဟုတ်ဘူး၊ အချိန်နဲ့ အားအင် သိသိသာသာ လိုအပ်မှာ။ ကျွန်မခန္ဓာကိုယ်က ခံနိုင်ပါ့မလားလို့ တွေးမိတယ်။ ငါ အရမ်းပင်ပန်းပြီး သွေးပေါင်တက်သွားရင်၊ ကျွန်မအဖေလိုပဲ လေဖြတ်ပြီး အကြောသေသွားရင် ကျွန်မ ဘယ်လိုလုပ်ရလဲပေါ့။ ဒီလိုတွေးပြီးတော့ ဒီယုံကြည်သူအသစ်တွေကို ထောက်ပံ့ပေးဖို့ တခြားညီအစ်ကိုမောင်နှမတွေဆီ လွှဲပေးလိုက်တယ်။ အဲဒီအတောအတွင်းမှာ ကျွန်မ တာဝန်ထမ်းဆောင်နေပေမဲ့၊ အမြဲတမ်း စိတ်ဆင်းရဲပြီး စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်ခဲ့ရတယ်။

တစ်ခါ၊ စုဝေးပွဲတစ်ခုမှာ ခေါင်းဆောင်က ဧဝံဂေလိအလုပ်ကို ကြီးကြပ်ပေးနိုင်မလားလို့ ကျွန်မကို မေးတယ်။ ကျွန်မ တွေးမိတယ်၊ “ငါ့သွေးပေါင်က နည်းနည်းတက်နေတုန်းပဲ၊ ဧဝံဂေလိဟောတာတော့ ရပေမဲ့ ကြီးကြပ်ရေးမှူးတာဝန်ကို ယူရတာက အလုပ်တွေ အရမ်းများတယ်။ ငါ့ခန္ဓာကိုယ်က ဘယ်လိုခံနိုင်မှာလဲ” ပေါ့။ ကျွန်မ ခေါင်းဆောင်ကို အမြန်ပဲ ပြောလိုက်တယ်၊ “ကျွန်မ သွေးပေါင်က အရမ်းတက်နေပြီး ခန္ဓာကိုယ်က မခံနိုင်လို့၊ ဒီတာဝန်ကို ကျွန်မ မထမ်းဆောင်နိုင်ပါဘူး” လို့ပေါ့။ ခေါင်းဆောင်က ကျွန်မကို ဆက်ပြီး ရှာဖွေဖို့ ပြောတယ်။ အဲဒီညက အိပ်ရာပေါ်မှာ ဟိုလှည့် ဒီလှည့်နဲ့ ကျွန်မ အိပ်မပျော်နိုင်ခဲ့ဘူး။ ဧဝံဂေလိ တိုးချဲ့ခြင်းအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေတာကို ကျွန်မ သိပေမဲ့ ကြီးကြပ်ရေးမှူးတာဝန်က အလုပ်တာဝန်တွေ ကြီးမားပြီး ပူပန်စရာတွေ များလွန်းလို့ ကျွန်မ စိတ်ပူမိတယ်။ ကိုယ့်ကိုယ်ကို မနိုင်မနင်း အလုပ်လုပ်တာကြောင့် ရောဂါအခြေအနေ ပိုဆိုးလာပြီး လေဖြတ်သွားမှာကို ကြောက်ခဲ့တယ်။ မသေရင်တောင်မှ အကြောသေသွားနိုင်တယ်၊ ဒီတော့ နောင်မှာ တာဝန်မထမ်းဆောင်နိုင်တော့ရင် ငါ ဘာအသုံးဝင်မှာလဲလို့ တွေးမိတယ်။ သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှာတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာက ပိုအရေးကြီးတယ်လို့ ဆုံးဖြတ်လိုက်ပြီး၊ ခေါင်းဆောင်ကို ပြန်တွေ့တဲ့အခါ တာဝန်ကို ခေါင်းရှောင်ဖို့ ဆင်ခြေတွေပေးလိုက်တယ်။ တစ်နေ့မှာ ကျွန်မကို အရမ်းတို့ထိခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်မထင် ဖတ်လိုက်ရတယ်။ ဘုရားသခင်က ပြောသည် “အခြား တစ်မျိုးရှိသေးသည်။ တာဝန်များကို ထမ်းဆောင်ရန် ငြင်းဆန်သောသူများဖြစ်သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို မည်သည့်တောင်းဆိုမှုကို ပြုလုပ်သည်ဖြစ်စေ၊ မည်သည့် အလုပ်မျိုး လုပ်ခိုင်းသည်ဖြစ်စေ၊ ၎င်းတို့ကို မည်သည့်တာဝန်ကို ထမ်းဆောင်စေသည်ဖြစ်စေ၊ ကြီးမားသော၊ သေးငယ်သောကိစ္စများဖြစ်စေ၊ ၎င်းတို့ကို ရံဖန်ရံခါတွင် သတင်းစကားပါးခိုင်းခြင်းကဲ့သို့သော အလွန်ရိုးရှင်းသောအရာတစ်ခုတွင်ပင် ၎င်းတို့က မလုပ်ဆောင်လိုကြပေ။ ဘုရားသခင်ကို ယုံကြည်သူများအဖြစ် မိမိဘာသာ ကြေညာထားကြသော ၎င်းတို့သည် ဘာသာတရားမရှိသူတစ်ဦးက ကူညီရန် ကြိုးစားနိုင်သည့် တာဝန်များကိုပင် မလုပ်ဆောင်နိုင်ကြချေ။ ဤသည်မှာ သမ္မာတရားကို လက်ခံရန် ငြင်းဆန်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ငြင်းဆန်ခြင်းတို့ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မည်မျှတိုက်တွန်းအားပေးသည်ဖြစ်စေ ၎င်းတို့က ယင်းကို ငြင်းဆန်ပြီး လက်မခံကြပေ။ အသင်းတော်က ၎င်းတို့ ထမ်းဆောင်ရန် တာဝန်အချို့ကို စီစဉ်ပေးသောအခါတွင် ၎င်းတို့က လျစ်လျူရှုပြီး ယင်းကို ငြင်းဆိုရန် ဆင်ခြေအမြောက်အမြားကို ပေးကြသည်။ ဤသည်တို့မှာ တာဝန်များကို ထမ်းဆောင်ရန် ငြင်းဆန်သော လူများဖြစ်၏။ ဘုရားသခင်အတွက် ဤသို့သောသူတို့သည် နုတ်ထွက်နှင့်ပြီးဖြစ်သည်။ ၎င်းတို့ နုတ်ထွက်ခြင်းမှာ ဘုရားအိမ်တော်က ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို အသင်းသားစာရင်းထဲမှ ပယ်ဖျက်ခြင်းနှင့် မသက်ဆိုင်ပေ။ ထိုထက် ၎င်းတို့ကိုယ်တိုင်က စစ်မှန်သော ယုံကြည်ခြင်း မရှိ၍ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများအဖြစ် မိမိတို့ကိုယ်ကို အသိအမှတ်မပြုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ နှလုံးခုန်မြန်သွားပြီး တွေးမိတယ်၊ “ကိုယ့်တာဝန်ကို ငြင်းပယ်တာက ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရနိုင်လောက်တဲ့အထိ ဒီလောက်ကြီးလေးတဲ့ ကိစ္စမှန်း ငါ သတိမထားမိခဲ့ပါလား။ အခု ဧဝံဂေလိအလုပ်က ပူးပေါင်းဆောင်ရွက်မယ့်လူတွေ လိုအပ်နေတော့ ငါက ဘုရားသခင်ရဲ့ စိတ်နှလုံးကို ထည့်စဉ်းစားပြီး ကြီးကြပ်ရေးမှူးတာဝန်ကို ယူသင့်တယ်၊ ပြီးတော့ ငါလုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တာ။ ဒါပေမဲ့ ငါက ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်ပြီး တာဝန်ကို ဆက်ခေါင်းရှောင်နေခဲ့တယ်။ ဒါက ကိုယ့်တာဝန်ကို ငြင်းပယ်နေတာ မဟုတ်ဘူးလား။ ဒီလိုဆိုရင် ဒါက ငါ့ကို ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာ ခံရအောင် လုပ်မှာမဟုတ်ဘူးလား” လို့ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မ အရမ်းကြောက်သွားတယ်။ ကျွန်မအတွက်တော့ ပြီးဆုံးသွားပြီ၊ ကယ်တင်ခြင်းရဖို့ အခွင့်အရေး မကျန်တော့ဘူးလို့ ခံစားရပြီး၊ အစကတည်းက ကိုယ့်တာဝန်ကို ငြင်းခဲ့တာ နောင်တရမိတယ်။ ဒါပေမဲ့ ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပြီ၊ ဖိတ်သွားတဲ့ရေ ပြန်ခပ်လို့မရတော့ဘူးလေ။ ကျွန်မ ချက်ချင်း အရမ်းစိတ်ဓာတ်ကျသွားပြီးတော့ မျှော်လင့်ချက် လုံးဝမဲ့သွားသလို ခံစားရတယ်။ အဲဒီရက်တွေမှာ၊ ရင်ထဲမှာ ကျောက်တုံးကြီး ဖိထားသလိုမျိုး လေးလံနေခဲ့တယ်။ ကျွန်မရဲ့အခြေအနေ မှားနေမှန်း သတိပြုမိလိုက်တော့ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး တာဝန်ကို မငြင်းပယ်ခဲ့သင့်ပါဘူး။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေပြီး ကျိုးနွံနာခံချင်ပါတယ်” လို့ပေါ့။

တစ်ရက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “လူတစ်ယောက်သည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို ခံရသောအခါ မည်သို့ ကိုင်တွယ်သင့်သနည်း။ ပြီးလျှင် မည်သည့်ရွေးချယ်မှုကို လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို ရှာဖွေရမည်။ မည်သည့်အခြေအနေအောက်တွင်မဆို နားဝေတိမ်တောင် မဖြစ်သင့်ပေ။ သင့်အနေဖြင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို အမှန်အတိုင်း မြင်ခြင်းသည် ကောင်းသည်။ ထို့ကြောင့် အဘယ်ကြောင့် သင်အပျက်သဘောဆောင်သနည်း။ သင့်ကိုယ်သင် နားလည်မှု ရရှိစေရန်အတွက်၊ သင့်အား ကယ်တင်ရန်အတွက် ဘုရားသခင်က သင့်ကို ဖော်ထုတ်သည်။ အမှန်တကယ်တွင် သင်ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် သင်၏ သဘာဝမှ အရင်းခံသည်။ ဘုရားသခင်က သင့်ကို ဖော်ထုတ်လိုခြင်းမဟုတ်ပေ။ သို့သော် သူက သင့်ကို မဖော်ထုတ်လျှင် သင်က ထုတ်ဖော်ဆဲ ဖြစ်မည်မဟုတ်လော။ ဘုရားသခင်အား သင်မယုံကြည်စဉ်က သူသည် သင့်အား မဖော်ထုတ်ရသေးပေ။ ထို့ကြောင့် သင်အသက်ရှင်နေထိုင်သည့် အရာရာတိုင်းသည် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မဟုတ်လော။ သင်သည် စာတန်ဆန်သော စိတ်သဘောထားအတိုင်း နေထိုင်သောသူတစ်ဦး ဖြစ်သည်။ သင်သည် ဤအရာများကြောင့် အလွန် အံ့ဩထိတ်လန့်ခြင်း မဖြစ်သင့်ပေ။ ဖောက်ပြန်ပျက်စီးမှု အနည်းငယ်ကို သင်ထုတ်ဖော်သောအခါ သင်သည် သေမတတ်ကြောက်ရွံ့သည်။ သင့်အတွက် ဇာတ်သိမ်းသွားပြီဟုလည်းကောင်း၊ ဘုရားသခင်က သင့်ကို အလိုမရှိဟုလည်းကောင်း၊ သင်လုပ်ဆောင်ခဲ့သမျှတိုင်းက အချည်းနှီး ဖြစ်သည်ဟုလည်းကောင်း သင်ထင်သည်။ အလွန်အကျွံ မတုံ့ပြန်နှင့်။ ဘုရားသခင် ကယ်တင်သည်မှာ ဖောက်ပြန်ပျက်စီးသည့် လူသားများဖြစ်သည်။ စက်ရုပ်များ မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေါလု၏ သဘာဝ အနှစ်သာရကို ပိုင်းခြားသိမြင်နည်း) ဘုရားနှုတ်ကပတ်တော်ထဲက သတိပေးချက်က ကျွန်မကို နားလည်သွားစေတယ်၊ ဘုရားသခင်က ပတ်ဝန်းကျင်တွေကို စီစဉ်ပေးပြီး ကျွန်မကို ထုတ်ဖော်တာဟာ ကျွန်မကို ရှုတ်ချဖို့ ဒါမှမဟုတ် ဖယ်ရှားရှင်းလင်းဖို့ ရည်ရွယ်တာ မဟုတ်ဘဲနဲ့ အဲဒါထက် ကျွန်မ သမ္မာတရား ရှာဖို့၊ ကျွန်မထဲမှာ ဘယ်မှားယွင်းတဲ့အတွေးတွေ၊ ရှုထောင့်တွေနဲ့ ရည်ရွယ်ချက်တွေက ရောနှောနေတယ်ဆိုတာကို သတိပြုမိဖို့နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ပြီး ပြောင်းလဲစေဖို့ သူ့နှုတ်ကပတ်တော်တွေရဲ့ ပြင်းထန်တဲ့ တရားစီရင်ခြင်းတွေကို ဘုရားက သုံးနေတာပါ။ ဒါက ကျွန်မဘဝအတွက် တာဝန်ယူပေးနေတာပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို မရှာဖွေခဲ့ဘူး၊ ဘုရားသခင်ရဲ့ ပြင်းထန်တဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်သုံးသပ်ခဲ့သလို သင်ခန်းစာတွေလည်း မယူခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို ဖယ်ရှားရှင်းလင်းချင်တယ်လို့ ကြိုတွက်ပြီး ဘုရားသခင်ကို အထင်လွဲခဲ့တယ်၊ အဲဒါက ကျွန်မကို အပျက်သဘောဆောင်စေပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်သတ်မှတ်စတယ်။ ကျွန်မ ဘယ်လို ပုန်ကန်တတ်ခဲ့တယ်ဆိုတာကိုပဲ သဘောပေါက်သွားတယ်။ ဒီလိုမျိုး ဆက်မဖြစ်ချင်တော့ဘူး။ ဘုရားသခင် စီစဉ်ပေးထားတဲ့ ဒီပတ်ဝန်းကျင်မှာ သမ္မာတရားကို ရှာဖွေပြီး သင်ခန်းစာတွေ ယူချင်တယ်။

ကျွန်မ ရှာဖွေနေတုန်း၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတစ်ယောက်သည် တန်ဖိုးရှိသော၊ အဓိပ္ပာယ်ရှိသော ဘဝကို နေထိုင်လိုလျှင် သမ္မာတရားကို လိုက်စားရမည်။ ရှေးဦးစွာ သူသည် ဘဝအပေါ်တွင် မှန်ကန်သော သဘောထားရှိရမည်ဖြစ်ပြီး ဘဝတွင်၊ သူ၏ ဘဝလမ်းကြောင်းတွင် သူရင်ဆိုင်ရသော ကိစ္စကြီးငယ်အမျိုးမျိုးအပေါ်တွင်လည်း မှန်ကန်သော အတွေးအမြင်များရှိရမည်။ သူ၏ ဘဝလမ်းကြောင်း တစ်လျှောက်တွင်၊ သို့မဟုတ် သူ၏ နေ့စဉ်အသက်တာတစ်လျှောက်တွင် သူကြုံတွေ့ရသော ပြဿနာအမျိုးမျိုးကို အစွန်းရောက်သော၊ သို့မဟုတ် တစ်ယူသန်သော အတွေးအမြင်များ အသုံးပြုလျက် ချဉ်းကပ်မည့်အစား ဤအမှုကိစ္စများအားလုံးကို မှန်ကန်သော ရှုထောင့်၊ ရပ်တည်ချက်မှနေ၍လည်း ကြည့်ရှုသင့်သည်။ ဤအမှုကိစ္စများကို လောကီနှင့်ဆိုင်သော အမြင်ရှုထောင့်မှနေ၍လည်း မရှုမြင်ရသည်မှာ ပြောစရာမလိုပေ။ ထိုအစား ဤသို့သော အပျက်သဘောဆောင်သည့်၊ မမှန်ကန်သည့် အတွေးအမြင်များကို လက်လွှတ်သင့်သည်။...ဥပမာပေးရလျှင် လူတစ်ယောက်သည် ကင်ဆာဖြစ်ပြီး သေဖို့ ကြောက်ရွံ့သည်ဆိုပါစို့။ သူသည် သေခြင်းကို လက်ခံဖို့ ငြင်းဆန်ပြီး သူ့အား သေခြင်းမှ ကာကွယ်ရန်၊ သူ၏ အသက်ကို နှစ်အနည်းငယ်ပို၍ တိုးစေရန်အတွက် ဘုရားသခင်ထံသို့ အစဉ်မပြတ်ဆုတောင်းသည်။...သူသည် တစ်ရက်ပြီး တစ်ရက် ဖြတ်သန်းရာတွင် စိတ်ဖိစီးမှု၊ ပူပင်မှု၊ စိတ်သောကတို့ဖြစ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ရှိနေသည်။...သူ မသေမီတွင် သူသည် များစွာ ပြေးလွှားသွားလာခဲ့ပြီး ကြီးစွာ အသုံးခံခဲ့သည်မဟုတ်လော။ (ဟုတ်သည်။) အခြားလူများကဲ့သို့ပင် သူသည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ တာဝန်ကို ထမ်းဆောင်သည်။ အပြင်ပန်းတွင် သူနှင့် အခြားလူတိုင်းကြားတွင် ကွာခြားမှု လုံးဝ မရှိသည့်ပုံစံရှိသည်။ ဖျားနာခြင်းနှင့် သေခြင်းကို သူ ကြုံတွေ့သောအခါ သူသည် ဘုရားကို ဆုတောင်းပြီး သူ၏ တာဝန်ကိုလည်း မစွန့်လွှတ်သေးပေ။ ဆက်လက်၍ အလုပ်လုပ်သည်။ သူ ယခင်ကလုပ်သည့် ပမာဏအတိုင်းပင် လုပ်ဆောင်သည်။ သို့ရာတွင် လူတို့နားလည်ပြီး သိမြင်သင့်သည့် အရာတစ်ခုရှိသည်။ ဤလူ၏ စိတ်တွင်ထားရှိသော အတွေးအမြင်များသည် အစဉ်သဖြင့် အပျက်သဘောဆောင်ပြီး မှားယွင်းမှုရှိသည်။ သူ၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သူဒုက္ခခံသည့် ပမာဏ၊ သို့မဟုတ် သူ ပေးဆပ်သည့် အဖိုးအခက မည်သို့ရှိသည်ဖြစ်စေ သူ၏ လိုက်စားမှုတွင် ဤမှားယွင်းသော အတွေးအမြင်များ ထားရှိသည်။ သူသည် ဤအတွေးအမြင်များ၏ ထိန်းချုပ်ခြင်းကို စဉ်ဆက်မပြတ် ခံရပြီး သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို သူ့တာဝန်ဆီသို့ ယူဆောင်လာသည်။ သူ၏ ကိုယ်ပိုင်ရှင်သန်ရေးအတွက် အလဲအလှယ်လုပ်ရန် သူ၏ တာဝန်ထမ်းဆောင်ခြင်းကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ဖို့၊ သူ၏ ရည်ရွယ်ချက်ကို ရရှိဖို့ ကြိုးပမ်းအားထုတ်သည်။ သူ၏ လိုက်စားမှု၏ ပန်းတိုင်မှာ သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် ရရှိရန်၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များအားလုံးကို နာခံရန် မဟုတ်ပေ။ သူ၏ လိုက်စားမှု ပန်းတိုင်မှာ ဤအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနှင့် သတ်မှတ်ချက်များဖြင့် နေထိုင်လိုပြီး သူလိုက်စားလိုသည့်အရာကို ရရှိလိုသည်။ သူ၏ ကိုယ်ပိုင်ကံကြမ္မာကို စီစဉ်ညွှန်ကြားလိုပြီး သူကိုယ်တိုင်၏ ရှင်ခြင်း၊ သေခြင်းကိုပင် စီစဉ်ညွှန်ကြားလိုသည်။ ထို့ကြောင့် လမ်းဆုံးတွင် သူ၏ အဆုံးသတ်မှာ မည်သည့်အရာကိုမျှ လုံးဝ မရရှိခြင်းဖြစ်သည်။ သူသည် သမ္မာတရားကို မရရှိဘဲ အဆုံးတွင် ဘုရားသခင်ကို ငြင်းဆန်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း မရှိတော့ပေ။ သေခြင်းက ချဉ်းကပ်လာသည့်အခါတွင်ပင် သူသည် လူတို့က မည်သို့ အသက်ရှင်သင့်သည်၊ ဖန်ဆင်းခံတစ်ယောက်က ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မည်သို့ သဘောထားသင့်သည်ဆိုသည်တို့ကို နားလည်ရန် မတတ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ သူနှင့်ပတ်သက်ပြီး သနားစရာအကောင်းဆုံး၊ ဝမ်းနည်းစရာ အကောင်းဆုံးသောအရာဖြစ်သည်။ သေအံ့ဆဲဆဲတွင်ပင် လူတစ်ယောက်၏ ဘဝတစ်လျှောက်တွင် အရာရာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အောက်၌ ရှိသည်ကို နားလည်ရန် မတတ်နိုင်ခဲ့ပေ။ ဖန်ဆင်းရှင်က သင့်အား အသက်ရှင်စေလိုလျှင် သင်သည် သေစေနိုင်သော ရောဂါ၏ ဒုက္ခပေးခြင်းကို ခံရလျှင်ပင် သေမည်မဟုတ်ပေ။ ဖန်ဆင်းရှင်က သင့်အား သေစေလိုလျှင် သင်က ငယ်ရွယ်သည်၊ ကျန်းမာသည်၊ သန်မာသည်ဆိုလျှင်ပင် အချိန်ကျသောအခါ သေရမည်ဖြစ်သည်။ အရာရာတိုင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အောက်တွင်ရှိသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာဖြစ်သည်။ မည်သည်ကမျှ ယင်းကို မကျော်လွန်နိုင်ပေ။ ဤသို့သော ရိုးရှင်းသော အချက်တစ်ခုကို နားလည်သဘောပေါက်ရန် မတတ်နိုင်ခဲ့ပေ။ ဤသည်မှာ သနားစဖွယ် မဟုတ်သလော။ (ဟုတ်သည်။) သူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ စုဝေးပွဲများတက်ပြီး တရားဒေသနာများ နားထောင်သော်လည်း၊ သူ၏ တာဝန်ကို ထမ်းဆောင်သော်လည်း၊ ဘုရားသခင် တည်ရှိခြင်းကို သူ ယုံကြည်သော်လည်း သေခြင်း၊ ရှင်ခြင်းအပါအဝင် လူသား၏ ကံကြမ္မာသည် လူသား၏ အလိုဆန္ဒနှင့် မသက်ဆိုင်ဘဲ ဘုရားသခင်၏ လက်ထဲ၌ရှိသည်ကို အသိအမှတ်ပြုရန် ထပ်ခါထပ်ခါ ငြင်းဆန်သည်။ မည်သူကမျှ သူ ဆန္ဒရှိရုံဖြင့် မသေပေ။ မည်သူကမျှ အသက်ရှင်လိုပြီး သေခြင်းကို ကြောက်ရွံ့ရုံဖြင့် အသက်မရှင်ပေ။ ဤသို့ ရိုးရှင်းသည့်အချက်ကို သဘောမပေါက်နိုင်ပေ။ သေခြင်းနှင့် ရင်ဆိုင်ရတော့မည့်အချိန်တွင်ပင် ဤအရာကို သိမြင်ဖို့ မတတ်နိုင်ခဲ့ပေ။ လူတစ်ယောက်၏ ရှင်ခြင်း၊ သေခြင်းကို သူကိုယ်တိုင် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်၏ ကြိုတင်စီမံချက်အပေါ်တွင် မူတည်သည်ကို သူ မသိသေးပေ။ ဤသည်မှာ ဝမ်းနည်းဖွယ်ရာမဟုတ်သလော။ (ဟုတ်သည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဒီဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ ရှိုက်ကြီးတငင်ငိုမိတယ်။ ဘုရားသခင်ကို ယုံကြည်လာတာ ဒီလောက်နှစ်တွေကြာပြီဆိုတော့ သမ္မာတရား လက်တွေ့ကျမှုတချို့ကို ရရှိပြီးပြီလို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို လုံးဝ နားမလည်ခဲ့သလို၊ ကိုယ်တော်ရဲ့ အမှုတော်ကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကိုလည်း မသိခဲ့တာကို သတိမပြုမိခဲ့ဘူး။ နာမကျန်းမှု ဖြစ်လာတဲ့အခါ၊ အဲဒါကို ဘုရားသခင်ဆီကနေ ကျွန်မ လက်မခံခဲ့သလို သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ အဲဒီကနေ သင်ခန်းစာတွေ မယူခဲ့ဘူး။ အဲဒီအစား၊ ဘာသာတရားမရှိသူတွေရဲ့ ရှုဗထာင့်တွေအတိုင်း အသက်ရှင်ခဲ့တယ်။ နာမကျန်းဖြစ်တာက ပင်းပန်းလွန်းလို့ဖြစ်ပြီး ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကျွန်မ ဂရုစိုက်တာ အာရုံစိုက်ဖို့လိုတယ်လို့ တွေးနေမိတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်မှပဲ နာလန်ထူမယ်လို့ ယုံကြည်နေခဲ့တယ်။ မဟုတ်ရင် ကျွန်မရဲ့ အဖေလိုပဲ ဖြစ်သွားမှာဖြစ်ပြီး တစ်နေ့မှာ ဒီရောဂါကြောင့် သေတောင်သေသွားနိုင်တယ်လို့ပေါ့။ ရောဂါကို အမြန်ဆုံး ဖယ်ရှားဖို့အတွက်၊ ကြားရတဲ့ ဆေးနည်းမှန်သမျှကို မလွတ်တမ်း စမ်းကြည့်ခဲ့တယ်။ စိုးရိမ်ပူပန်တာနဲ့ ပင်ပန်းတာတွေက ကျွန်မအခြေအနေကို ပိုဆိုးစေမှာ ကြောက်လို့၊ အလုပ်က ပြဿနာတွေကို မဖြေရှင်းဘဲ ရှောင်ဖယ်ခဲ့တယ်၊ ကျွန်မ ထောက်ပံ့ပေးရမယ့် ယုံကြည်သူအသစ်တွေကို တခြားလူတွေဆီ လွှဲပေးလိုက်တယ်။ ကိုယ့်တာဝန်အတွက် ဝန်တာထားတဲ့စိတ် ပိုပိုပြီး လျော့နည်းလာခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို အလုပ်ကြီးကြပ်ဖို့ ထောက်ခံပေးချင်တဲ့အခါ၊ စိုးရိမ်ပူပန်မှုနဲ့ ပင်ပန်းမှုတွေကြောင့် သွေးပေါင်တက်ပြီး လေဖြတ်သွားမှာ ကြောက်လို့ အဲဒီတာဝန်ကို ငြင်းပယ်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပေမဲ့၊ သူ့ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို မကိုးစားခဲ့ဘူး၊ ကျွန်မအသက်က သူ့ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး။ လူတွေရဲ့ ကျန်းမာရေး ကောင်းတာက သူတို့ရဲ့ ကြိုးစားအားထုတ်မှု သက်သက်ကြောင့်ဖြစ်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ဘာမှမဆိုင်သလိုမျိုး၊ ကျွန်မရဲ့ အတွေးတွေက ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာအပေါ်မှာပဲ လုံးလုံး အာရုံရောက်နေခဲ့တယ်။ ကျွန်မက ယုံကြည်သူတစ်ယောက်လို လုံးဝ မပြုမူခဲ့ဘူး။ ဘုရားက သူ့နှုတ်ကပတ်တော်တွေကို အခြေခံအနေနဲ့၊ ပြီးတော့ သမ္မာတရားကို စံသတ်မှတ်ချက်အနေနဲ့ သုံးပြီး လူတွေနဲ့ အမှုအရာတွေကို ရှုမြင်ဖို့ ကျွန်မတို့ကို ဆက်မိတ်သဟာယပြု၊ သွန်သင်ပေးနေခဲ့တဲ့အရာကို ကျွန်မ တွေးမိတယ်။ ကျွန်မရဲ့ ကျန်းမာရေးနဲ့ပတ်သက်ရင်၊ ဘာရောဂါဖြစ်မယ်၊ ဘယ်အချိန် နေမကောင်းဖြစ်မယ်ဆိုတာနဲ့ ဘယ်အချိန် သေမယ်ဆိုတာတွေ အားလုံးကို ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားပြီးသားပါ။ ဘုရားသခင်က ကျွန်မကို သေစေချင်တယ်ဆိုရင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ ကောင်းကောင်း ဂရုစိုက်ပါစေ၊ ကျွန်မ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဘုရားသခင်က ကျွန်မကို အသက်ရှင်စေချင်တယ်ဆိုရင်တော့၊ ကျွန်မမှာ ဆိုးရွားတဲ့ ရောဂါရှိနေရင်တောင်မှ သေမှာမဟုတ်ဘူး။ အဲဒါက ကျန်းမာရေး ထိန်းသိမ်းဖို့ ချမ်းသာကြွယ်ဝတဲ့လူတွေက နေ့တိုင်း အကောင်းဆုံး အစားအစာတွေ စားနေပေမဲ့ သူတို့သေချိန်ရောက်တဲ့အခါ သေခြင်းတရားကို မရှောင်လွှဲနိုင်ကြသလိုပေါ့။ ရိုးရှင်း၊ ချွေတာတဲ့ အစားအစာတွေနဲ့ အဆင်ပြေရုံစားရတဲ့ သာမန်လူတွေ အများကြီးထဲမှာ တော်တော်များများက အသက်ရှည်ရှည် နေကြရတယ်။ ဘာသာတရား မရှိသူတွေတောင်မှ လူ့အသက်ကို ကောင်းကင်ဘုံက သတ်မှတ်ပြဋ္ဌာန်းထားတယ်ဆိုတာကို အသိအမှတ်ပြုကြတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်လာတာ နှစ်တွေအများကြီးရှိပြီဖြစ်တဲ့ ကျွန်မကတော့၊ ဒီလို အခြေခံကျတဲ့ နားလည်မှုမျိုးတောင် မရှိခဲ့ဘူး။ ကျွန်မရဲ့ ယုံကြည်ခြင်းက လုံးဝ သနားစရာဖြစ်ခဲ့တယ်။ ကျွန်မက အမှုအရာတွေကို ဘုရားနှုတ်ကပတ်တော်အတိုင်း မရှုမြင်ခဲ့ဘူး၊ သမ္မာတရားကို မရှာဖွေခဲ့ဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာတစ်ကွက်မှ မရှိဘဲ ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကိုပဲ အမြဲတမ်း တွေးနေခဲ့တာ။ ကျွန်မနဲ့ ဘာသာတရားမရှိသူတွေကြားမှာ ဘာကွာခြားတာ ရှိလို့လဲ။ ဘုရားသခင်က ဒီရောဂါကို ကျွန်မအပေါ် ကျရောက်ခွင့်ပေးတာဟာ သမ္မာတရားကို ရှာဖွေပြီး အဲဒီကနေ သင်ခန်းစာယူဖို့၊ ကျွန်မထဲမှာရှိတဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အမြင်တွေကို သန့်စင်ပြီး ပြောင်းလဲစေဖို့နဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ လမ်းကြောင်းကို ပြုပြင်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်။ ဒါက ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပဲ။ ကျွန်မက သင်ခန်းစာမယူဘဲ ဒီအတိုင်း ဆက်နေမယ်ဆိုရင်၊ ရောဂါသက်သာသွားရင်တောင် ဘာသမ္မာတရားမှ ရမှာ မဟုတ်ဘူး။ ပြီးတော့ အဲဒါက အလဟဿဖြစ်သွားတဲ့ အတွေ့အကြုံတစ်ခု ဖြစ်မှာ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာတော့၊ အရင်ကလိုမျိုး ရောဂါရဲ့ ဘောင်ခတ်တာကို ကျွန်မ မခံစားရတော့ဘူး။ ကျွန်မရဲ့ ပုံမှန် အလုပ်ချိန် နားချိန် ဇယားကို သင့်တော်သလို ညှိလိုက်တယ်၊ ပြီးတော့ ကျွန်မစိတ်က ကိုယ့်တာဝန်အပေါ် စတင် အာရုံစိုက်လာတယ်။ အဲဒါကြောင့် ကျွန်မ တကယ် အလုပ်များလာတဲ့အခါတိုင်း၊ နေမကောင်းဖြစ်နေတာကိုတောင် မေ့သွားတယ်။ တစ်ခါတလေဆိုရင် ဆေးသောက်ဖို့ ဒါမှမဟုတ် သွေးပေါင်ချိန်ဖို့တောင် မေ့သွားတယ်၊ ဘာမှ မအီမသာ မဖြစ်တော့ဘူး။ လူတစ်ယောက်အပေါ် ဘယ်လိုရောဂါမျိုးပဲ ကျရောက်ပါစေ၊ အဲဒါက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်၊ ပြီးတော့ သူတို့ရဲ့ စိုးရိမ်တာတွေ၊ ပူပန်တာတွေက မလိုအပ်ဘူးဆိုတာကို ကျွန်မ ရင်ထဲကနေ သဘောပေါက်လိုက်တယ်။ ဒီအရာတွေက ဘာကိုမှ မပြောင်းလဲစေရုံသာမက၊ လူကို စာတန်ရဲ့ အရူးလုပ်တာနဲ့ ညှဉ်းပန်းတာကို ခံရစေတယ်၊ ပြီးတော့ ပိုကြီးမားတဲ့ ဆင်းရဲဒုက္ခထဲမှာ အသက်ရှင်စေတယ်။

နောက်ပိုင်းမှာ၊ ညီအစ်မတစ်ယောက်က ကျွန်မကို သတိပေးတယ်။ ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မတို့က အရေးကြီးတဲ့ တာဝန်တွေကို မယူချင်ဘဲ၊ စိတ်ဆင်းရဲ၊ စိုးရိမ်မှုတွေရဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေနဲ့ အသက်ရှင်ရင်၊ အဲဒါက လိုက်စားရမဲ့အရာအပေါ် ကျွန်မတို့ရဲ့ အမြင်တွေနဲ့ ကောင်းချီးတွေရဖို့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေနဲ့ ဆိုင်တယ်လို့ ပြောတယ်။ ညီအစ်မရဲ့ သတိပေးမှုကနေတစ်ဆင့်၊ ကျွန်မ ဒါနဲ့ပတ်သက်လို့ ရှာဖွေပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မဆုံးဖြတ်မီတွင် မိမိတို့၏ အလားအလာများ၊ ကောင်းချီးများ ရရှိခြင်း၊ ပန်းတိုင်ကောင်းတစ်ခုအပြင် သရဖူတစ်ခုတို့အပေါ် မျှော်လင့်ချက်များဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြည့်လျှံလျက် ရှိကြသည်။ ပြီးလျှင် ဤအရာများကို ကြိုးပမ်းရရှိရာတွင် ၎င်းတို့၌ အဆုံးစွန်သော ယုံကြည်ချက်ရှိကြ၏။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ထိုသို့သော ရည်ရွယ်ချက်များနှင့် ပြင်းပြသောဆန္ဒတို့ဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လာကြသည်။ သို့ဖြစ်၍ တာဝန်ကို ၎င်းတို့၏ ထမ်းဆောင်မှုသည် ဘုရားသခင် တောင်းဆိုသော ရိုးသားစစ်မှန်ခြင်း၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ ပါဝင်သလော။ လူတိုင်းသည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်မီတွင် လုံးလုံးလျားလျား အပေးအယူလုပ်ခြင်း စိတ်ဓာတ်တစ်ခု ထားသိုသောကြောင့် ၎င်းတို့၏ စစ်မှန်သော သစ္စာစောင့်သိခြင်း၊ ယုံကြည်ခြင်း သို့မဟုတ် ရိုးသားစစ်မှန်ခြင်းတို့ကို ယခုအခြေအနေတွင် မမြင်နိုင်သေးချေ။ လူတိုင်းက အကျိုးစီးပွားများဖြင့် တွန်းအားပေးခံရသည့်အပြင် မိမိတို့၏ ပြည့်လျှံသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ကြိုတင်သတ်မှတ်ခြင်းကို အခြေပြု၍လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ ‘ငါ၏ တာဝန်ကို လုပ်ဆောင်လျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရား ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါလုပ်ဆောင်မည် မဟုတ်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားစစ်မှန်မှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်ကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားစစ်မှန်မှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်တို့၌ ရှိသော ဤသဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ ရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။ သို့ဖြစ်၍ အပြင်ပန်းတွင် အန္တိခရစ်များစွာတို့သည် နှင်ထုတ်ခြင်းမခံရမီတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကာ သာမန်လူတစ်ဦးထက်ပင် သာ၍ စွန့်လွှတ်ပြီး သာ၍ ဒုက္ခခံစားသည်ဟု ထင်ရသည်။ ၎င်းတို့ အသုံးခံသည့်အရာနှင့် ၎င်းတို့ အဖိုးအခပေးသည့်အရာတို့သည် ပေါလုနှင့်တူညီပြီး ၎င်းတို့ ပြေးလွှားလှုပ်ရှားကြသည်မှာလည်း ပေါလုထက် မနည်းခဲ့ပေ။ ဤသည်မှာ လူတိုင်းမြင်နိုင်သည့်အရာဖြစ်သည်။ ဒုက္ခခံစားပြီး အဖိုးအခပေးရန် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့၏ သန္နိဋ္ဌာန် အရ ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခြင်း မဖြစ်အပ်ချေ။ သို့ရာတွင် ဘုရားသခင်သည် လူတစ်ဦးအပေါ် သူ၏ အပြင်ပန်းအပြုအမူအရ ကြည့်ခြင်းမဟုတ်ဘဲ သူ၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထား၊ သူထုတ်ဖော်သည့်အရာနှင့် သူလုပ်ဆောင်သမျှ၏ သဘာဝနှင့် အနှစ်သာရတို့အရ ကြည့်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေအတိအကျကို ဖော်ထုတ်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးတဲ့နောက်မှာ၊ အသင်းတော်က ကျွန်မအတွက် ဘယ်တာဝန်ကို စီစဉ်ပေးပါစေ၊ ကျွန်မ လုံးဝ ခေါင်းမရှောင်ခဲ့သလို၊ ဘာသာတရား မရှိတဲ့ ကျွန်မရဲ့မိသားစုဆီက ဟန့်တားမှု၊ ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လောကရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုတွေကို ရင်ဆိုင်ရပေမဲ့၊ ဘယ်လိုပဲ ခက်ခဲပါစေ၊ စိတ်မချမ်းမြေ့စရာဖြစ်ပါစေ၊ တာဝန်ထမ်းဆောင်ဖို့ ကျွန်မရဲ့ ဆုံးဖြတ်ချက်က ဘယ်တော့မှ မတုန်လှုပ်ခဲ့ဘူး။ ဒါကြောင့် ဘုရားသခင်က ကျွန်မရဲ့ အနစ်နာခံတာတွေ အားလုံးကို သေချာပေါက် အောက်မေ့သတိရမယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ သွေးတိုးရောဂါ ရှိလာတာက ကောင်းချီးမင်္ဂလာ လိုချင်တဲ့ ကျွန်မရဲ့ ဆန္ဒကို လုံးလုံး ထုတ်ဖော်လိုက်တယ်။ ကျွန်မ ကျန်းမာရေးကောင်းပြီး တာဝန်ကို ဆက်ထမ်းဆောင်နိုင်သရွေ့၊ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက် ရှိတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်ဖို့အတွက် ဒုက္ခခံပြီး အဖိုးအခပေးဖို့ လိုအပ်လာတဲ့အခါ၊ အဲဒါက ကျွန်မကျန်းမာရေးကို ပိုဆိုးစေမယ်ဆိုတာနဲ့ ကောင်းချီးမရဘဲ သေသွားမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် စစ်မှန်တဲ့ သစ္စာစောင့်သိမှု တစ်ခုမှမရှိဘဲ တာဝန်ကို ဝတ်ကျေတမ်းကျေ သဘောထားခဲ့တယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာနဲ့ “အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးတွေ၊ အမြင်တွေရဲ့ ထိန်းချုပ်တာကို ခံရတာကြောင့် လုံးဝ ဖြစ်ရတာပါ။ အသက်အန္တရာယ် ရှိနိုင်တဲ့ ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မ ဒုက္ခမခံချင်ဘူး၊ ကိုယ့်ကိုယ်ကိုယ် အသုံးမခံချင်ခဲ့ဘူး။ ကျွန်မရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကိုပဲ စိုးရိမ်ရင်းနဲ့ ရှိသမျှ အချိန်ကုန်ခဲ့တယ်။ တာဝန်ကို ဝတ်ကျေတမ်းတကျေ ကိုင်တွယ်ပြီးတော့ ဝန်တာစိတ်မရှိဘဲ တစ်ခါတလေဆို ငြင်းတောင်ငြင်းပယ်ခဲ့တယ်။ ဘုရားသခင်ကို ကျေနပ်စေဖို့ တာဝန်ထမ်းဆောင်နေတာပါလို့ ကျွန်မ ခဏခဏ ပြောခဲ့ပေမဲ့၊ ကျွန်မ တာဝန်ထမ်းဆောင်တာက ကောင်းချီးမင်္ဂလာ လိုချင်တဲ့ ဆန္ဒက တွန်းအားပေးနေတာမှန်း အခု ကျွန်မ သဘောပေါက်သွားပြီ။ ဘုရားသခင်ကို သစ္စာစောင့်သိနေသလိုမျိုး အနစ်နာခံမှုနဲ့ အသုံးခံမှုတချို့ ပြုလုပ်ခဲ့ပုံရပေမဲ့၊ တကယ်တမ်းတော့ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ရိုးသားမှု မရှိခဲ့ဘူး။ အဲဒါတွေ အားလုံးက အပေးအယူ ကိစ္စနဲ့ လှည့်စားမှု သက်သက်ပါပဲ။ ကျွန်မရဲ့ စိတ်သဘောထားက တကယ်ကို လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်တယ်ဆိုတာနဲ့၊ ကျွန်မရဲ့ ဒုက္ခခံတာ၊ အသုံးခံတာတွေက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးပမ်းတာတွေ သက်သက်ပဲ ဖြစ်မှန်း ကျွန်မ မြင်သွားတယ်။ ကျွန်မက အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာပါလား။ ဘုရားသခင်က ကျွန်မတို့ကို အလျှံပယ် သမ္မာတရားတွေ ဟောပြောပြီး​ ထောက်ပံ့ဖို့ လူ့ဇာတိခံယူခဲ့ပုံ၊ အပြန်အလှန် ဘာမှမတောင်းဆိုဘဲ ကျွန်မတို့အတွက် အများကြီး ဘုရားသခင် ပေးခဲ့ပုံနဲ့ ဘုရားရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းက ရိုးသား၊ စစ်မှန်ပုံတွေကို ကျွန်မ တွေးမိတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မက ကိုယ်ပိုင် အကျိုးအမြတ်နဲ့ ကောင်းချီးတွေအတွက် ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး၊ ကျွန်မရဲ့ တော်သင့်ရုံဖြစ်တဲ့ အသုံးခံခြင်းကတောင် ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်ခဲ့တယ်။ ကျွန်မ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး အသိစိတ် ကင်းမဲ့ခဲ့လဲဆိုတာ သဘောပေါက်သွားတယ်။ ဒီလိုမျိုး ဆက်သွားလို့ မဖြစ်တော့ဘူး။ ကျွန်မ ချက်ချင်း နောင်တရမှ ဖြစ်မယ်။ ကောင်းချီးမင်္ဂလာရမှာပဲဖြစ်ပါစေ၊ ကံအကြောင်းမလှတာကို ခံစားရမှာပဲဖြစ်ပါစေ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်မိတယ်။ “လူတိုင်း ဤဘဝတွင် သေခြင်းကို ရင်ဆိုင်ရမည်၊ ဆိုလိုသည်မှာ သေခြင်းသည် မိမိတို့၏ ခရီးအဆုံး၌ လူတိုင်း ရင်ဆိုင်ရမည့်အရာ ဖြစ်သည်။ သို့ရာတွင် သေခြင်းနှင့်ဆိုင်သည့် မတူကွဲပြားသော အင်္ဂါရပ်များစွာ ရှိ၏။ ဤအရာများထဲမှ တစ်ခုမှာ ဘုရားသခင် ကြိုတင်စီမံထားသည့် အချိန်တွင် သင်သည် သင်၏ တာဝန်ကို ပြီးစီးပြီးဖြစ်ကာ ဘုရားသခင်သည် သင်၏ ဇာတိခန္ဓာ အသက်ကို နိဂုံးချုပ်လိုက်ပြီး သင်၏ ဇာတိခန္ဓာအသက်က အဆုံးသတ်တစ်ခုသို့ ရောက်လာလင့်ကစား ဤသည်မှာ သင်၏ အသက် အဆုံးသတ်သွားခြင်းဖြစ်သည်ဟု မဆိုလိုပေ။ လူတစ်ဦးသည် ဇာတိခန္ဓာမရှိသည့်အခါ ၎င်းတို့၏ အသက်အဆုံးတိုင်သွားပေသည်။ ထိုသို့ဖြစ်သလော။ (မဟုတ်ပါ။) သေပြီးနောက်တွင် သင်၏ အသက် တည်ရှိသည့် ပုံသဏ္ဌာန်သည် သင် အသက်ရှင်နေခဲ့စဉ် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို သင် သဘောထားခဲ့ပုံအပေါ် မူတည်ပေသည်။ ဤသည်မှာ အလွန် အရေးကြီး၏။ သေပြီးနောက် သင် တည်ရှိသည့် ပုံသဏ္ဌာန်၊ သို့မဟုတ် သင် တည်ရှိမည်၊ မတည်ရှိမည်ဆိုသည်မှာ သင်အသက်ရှင်နေစဉ် ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏ သဘောထားအပေါ် မူတည်လိမ့်မည်။ သင် အသက်ရှင်နေစဉ် သေခြင်းနှင့် နာမကျန်းမှုမျိုးစုံကို သင် ရင်ဆိုင်ရသည့်အခါ သမ္မာတရားအပေါ် သင်၏ သဘောထားမှာ ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း သဘောထားတစ်ခု ဖြစ်ပါက သင်၏ ဇာတိခန္ဓာအသက် အဆုံးတိုင်သွားမည့် အချိန်ရောက်လာသည့်အခါ သေဆုံးပြီးနောက် မည်သည့် နည်းလမ်းဖြင့် သင် တည်ရှိလိမ့်မည်နည်း။ သင်သည် အခြား တစ်နည်းနည်းဖြင့် မုချ တည်ရှိလိမ့်မည်ဖြစ်ပြီး သင်၏ အသက်သည် မုချ ဆက်ရှိလိမ့်မည် မဟုတ်။ အပြန်အလှန်အားဖြင့် သင် အသက်ရှင်နေစဉ် ဇာတိခန္ဓာတွင် အသိရှိနေချိန် သမ္မာတရားနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားသည် ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတစ်ခုဖြစ်ကာ သင်သည် စစ်မှန်သည့် ယုံကြည်ခြင်းရှိပါက သင်၏ ဇာတိခန္ဓာ အသက် အဆုံးသတ်တစ်ခုသို့ ရောက်လာလျှင်ပင် သင်၏ အသက်သည် အခြားသောလောကတွင် မတူကွဲပြားသည့် ပုံသဏ္ဌာန်တစ်ခုဖြင့် ဆက်လက် တည်ရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သေခြင်းနှင့်ဆိုင်သည့် ရှင်းပြချက်တစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ စိတ်နှလုံးက အများကြီး ပိုလင်းလက်သွားတယ်။ လူတိုင်း သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမဲ့ တစ်ယောက်စီရဲ့သေခြင်း သဘောသဘာဝက မတူဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တယ်။ တချို့လူတွေက သမ္မာတရားကို လိုက်စားပြီး သူတို့တာဝန်တွေကို သစ္စာစောင့်သိမှုနဲ့ ထမ်းဆောင်ကြတယ်၊ သူတို့ သေသွားပြီး သူတို့ဘဝ အဆုံးသတ်သွားရင်တောင်မှ၊ သူတို့ ကယ်တင်ခြင်း မရဘူးလို့ မဆိုလိုဘူး။ သူတို့က သူတို့ရဲ့ ဘဝပေးတာဝန်ကို ပြီးမြောက်ပြီး ဘုရားသခင်ဆီ ပြန်သွားကြတာ။ ဒါက တခြားပုံစံနဲ့ အသက်ရှင်ခြင်းဖြစ်တယ်။ ကယ်တင်ခြင်းဆိုတာက အသက်ရှင်ခြင်း၊ သေခြင်းနဲ့ ဆက်စပ်မှုမရှိဘဲ၊ အဲဒါထက် ဘုရားသခင်နဲ့ သမ္မာတရားပေါ် ထားတဲ့ ကိုယ့်ရဲ့ သဘေားပေါ်မှာ မူတည်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်သွားတယ်။ သမ္မာတရားကို လိုက်စားတာ၊ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ကိစ္စရပ်တွေ ကိုင်တွယ်တာကို အာရုံစိုက်တာနဲ့ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံမှုနဲ့ ကြောက်ရွံ့မှုရှိတာက ကယ်တင်ခြင်းအတွက် စံနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မက ရောဂါထဲမှာပဲ နစ်မွန်းနေပြီး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ခြင်း မရှိဘဲ၊ ကိုယ့်တာဝန်ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တယ်၊ ငြင်းတောင် ငြင်းပယ်ခဲ့တယ်။ ကျွန်မရဲ့ ဇာတိပကတိကို ကောင်းကောင်း ဂရုစိုက်ရင်တောင်၊ သမ္မာတရားကို လိုက်စားတာ၊ စိတ်သဘောထား ပြောင်းလဲတာမရှိရင်၊ ကျွန်မ ကယ်တင်ခံရနိုင်ဦးမှာ မဟုတ်ဘူး။ ကျွန်မက ရောဂါအတွက်ပဲ အမြဲတမ်း စိုးရိမ်နေခဲ့ပြီး၊ အရေးကြီးတဲ့ စေခိုင်းချက်တာဝန်တွေကို လက်ခံဖို့ မပြောနဲ့ ကျွန်မ မစိုးရိမ်ချင်ဘူး၊ ကိုယ့်တာဝန် ထမ်းဆောင်ရာမှာတောင် အပင်ပန်းမခံချင်ခဲ့ဘူး။ ကျွန်မ အရမ်းမစိုးရိမ်ခဲ့ပေမဲ့၊ မြင့်မားတဲ့ အဖိုးအခ မပေးခဲ့ရပေမဲ့၊ ဖန်ဆင်းခံတစ်ယောက်ဆီက မျှော်လင့်ထားတဲ့ တာဝန်တွေကို မဖြည့်ဆည်းခဲ့ဘဲ၊ ပြန်ပြင်လို့မရတဲ့ နောင်တတွေ၊ အကြွေးတွေပဲ ချန်ထားခဲ့တယ်။ ဒီအကြောင်း တွေးမိတိုင်း၊ ကျွန်မရဲ့ အသိစိတ်က မလုံမလဲ ဖြစ်ရတယ်။ တစ်သက်တာမှာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ဘာ်လိုပဲရှိပါစေ၊ သမ္မာတရားကို လိုက်စားပြီး တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ အကောင်းဆုံး လုပ်တာကပဲ ဘဝတန်ဖိုးနဲ့ အဓိပ္ပာယ်ပေးတယ်ဆိုတာနဲ့ နေမကောင်းဖြစ်ပြီး ပင်ပန်းချိန်မှာတောင် ဒါဟာ ကိုယ့်ဘဝတစ်ခုလုံးကို အနှစ်မဲ့ ကုန်ဆုံးတာထက် အများကြီးပိုကောင်းတယ်ဆိုတာတွေကို အဲဒီအချိန်မှာပဲ ကျွန်မ တကယ် သဘောပေါက်သွားတယ်။ ဒါကို သဘောပေါက်သွားတဲ့အခါ၊ တာဝန်ထမ်းဆောင်ဖို့ ခွန်အားတွေ ရခဲ့ပြီး၊ သမ္မာတရားကို လိုက်စားဖို့နဲ့ ကိုယ့်တာဝန်ကို လုံ့လဝီရိယရှိရှိ ထမ်းဆောင်ဖို့၊ ပြီးတော့ ဘုရားသခင်သာ နောက်ထပ် အခွင့်အရေး ပေးမယ်ဆိုရင် ကိုယ့်ဇာတိပကတိကို အလိုလိုက်တော့မှာ မဟုတ်ဘူးလို့ စိတ်ထဲမှာ ဆုံးဖြတ်လိုက်တယ်။

သုံးလကြာတော့၊ ခေါင်းဆောင်က ကျွန်မကို ဧဝံဂေလိအလုပ် ပြန်ပြီး ကြီးကြပ်ဖို့ စီစဉ်ပေးတယ်။ ဒါက ဘုရားသခင်က ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးနေတာမှန်း ကျွန်မ သိတယ်၊ ဒါကြောင့် ရောဂါအတွက် ဆက်ပြီး စိုးရိမ်မနေနိုင်တော့ဘဲ ဒီတာဝန်ကို လက်ခံလိုက်တယ်။ တကယ်တမ်း တာဝန်ထမ်းဆောင်တဲ့အခါ၊ အခက်အခဲတွေ အများကြီး ကြုံရပြီး တစ်ခါတလေ နည်းနည်း ပင်ပန်းတယ်လို့ ခံစားရတယ်၊ ပြီးတော့ ခန္ဓာကိုယ်က ခံနိုင်ပါ့မလားလို့ စိုးရိမ်မိတုန်းပဲ။ ဒါကြောင့် ကျွန်မရဲ့ရောဂါကို ဘုရားသခင်ရဲ့ လက်ထဲ အပ်နှံရင်းနဲ့ ဆုတောင်းခဲ့တယ်။ ရောဂါ ပိုဆိုးလာသည်ဖြစ်စေ၊ မဆိုးလာသည်ဖြစ်စေ၊ ကျွန်မ တာဝန်ကို နှောင့်နှေးအောင် မလုပ်ချင်တော့ဘူး။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ စိတ်နှလုံးက ဘောင်ခတ်မခံရတော့ဘူး။ အလုပ်ချိန် နားချိန် ဇယားကို သင့်တော်သလို စီစဉ်လိုက်တယ်၊ အလုပ်မှာ အခက်အခဲတွေ ကြုံရတဲ့အခါ၊ ကိုယ်နဲ့ပူးပေါင်းလုပ်ဆောင်တဲ့ ညီအစ်မတွေနဲ့ ဖြေရှင်းချက်တွေကို ဆွေးနွေးတယ်။ ဒီလို လက်တွေ့လုပ်ဆောင်တာက ကျွန်မထင်သလောက် မပင်ပန်းပါဘူး၊ ပြီးတော့ ဘုရားသခင် ပေးတဲ့ ဝန်ထုပ်တွေက ကျွန်မ ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိတယ်ဆိုတာ တွေ့ရတယ်။ တစ်ရက်မှာ၊ ဧည့်ခံတဲ့ ညီအစ်မက သွေးပေါင်ချိန်နေတာ တွေ့လို့ ကျွန်မလည်း ဝင်ချိန်ကြည့်လိုက်တော့၊ အံ့ဩစရာကောင်းတာက ကျွန်မ သွေးပေါင်ချိန် ပုံမှန်ဖြစ်နေတယ်။ ဘုရားသခင်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။

လိုက်စားမှုနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကို ပြုပြင်ပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါပဲ၊ ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်ထားခြင်းအပေါ် နားလည်မှုနဲ့ အတွေ့အကြုံတချို့ ကျွန်မ ရရှိခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်တာဟာ ကောင်းချီးမင်္ဂလာ ရှာဖွေဖို့ သက်သက် မဖြစ်သင့်ဘူးဆိုတာနဲ့ သမ္မာတရားကို လိုက်စားတာ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံတာ၊ ပြီးတော့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တာတွေနဲ့ပဲ ဘဝက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိနိုင်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့ရတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နာမကျန်းဖြစ်ခြင်းက ကျွန်တော့်အပေါ်သက်ရောက်သေ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြစ်သည်

အိုရန်၊ တရုတ်နိုင်ငံကျွန်တော် အသက် တစ်ဆယ့်ငါးနှစ်တုန်းက၊ အဆုတ်သွေးတိုးရောဂါလို့ခေါ်တဲ့ ရှားပါးရောဂါတစ်ခုရှိမှန်း စစ်ဆေးတွေ့ရှိခဲ့တယ်။...

ကျွန်တော့်ရဲ့ ခရီးပန်းတိုင်ကို ဘယ်တော့မှ နောက်တစ်ခါ ဦးစားပေးမှာ မဟုတ်တော့ပါ

မင်ကျစ် ကိုးရီးယားနိုင်ငံ ကျွန်တော် သရုပ်ဆောင်ရတဲ့ အရင်အခန်းတုန်းက ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုအခြေအနေကို ကျွန်တော် သေချာမတွေးခဲ့သလို၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။