ကိုယ့်ပြစ်မှားခြင်းကို ဘယ်လိုကိုင်တွယ်ရမှန်း ကျွန်မ အခု သိသွားပြီ

23.04.2026

လူပင်း၊ တရုတ်ပြည်

၂၀၁၂ ခုနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်နေတုန်းမှာ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် ဒေသခံရဲတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်။ ရဲတွေက လေးရက်နဲ့ သုံးည ဆက်တိုက် ကျွန်မကို နှိပ်စက်ကြတယ်၊ အလှည့်ကျပြီး ကျွန်မကို စောင့်ကြည့်ကြတာပေါ့။ ကျွန်မ ငိုက်မြည်းလာတိုင်း ကြွေဇလုံနဲ့ ကျွန်မခေါင်းကို ရိုက်တယ်၊ ပြီးတော့ ကျွန်မကို အော်ဟစ်ဆဲဆိုကြတယ်။ အထက်ခေါင်းဆောင်တွေက ဘယ်သူတွေလဲဆိုတာ ထုတ်ဖော်ဖို့ ကျွန်မကို ဖိအားပေးကြတယ်၊ ကျွန်မ မပြောတာကို မြင်တော့ ကျွန်မရဲ့ လက်ထိပ်ကို နောက်ပြန် အားကုန်ဆွဲကြတယ်၊ ပြီးတော့ ကျွန်မ မပြောရင် ကလေးနှစ်ယောက်ကို တက္ကသိုလ်ကနေ ကျောင်းထုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ကြတယ်။ ကျွန်မ သူတို့ရဲ့ လှည့်ကွက်တွေထဲ မသက်ဆင်းဘဲ ဘာမှမပြောခဲ့ဘူး။ နောက်ပိုင်းကျတော့ ကျွန်မ အရမ်းပင်ပန်းလွန်းလို့ လုံးဝ ဆက်မခံနိုင်တော့ဘူး။ နားတွေထဲမှာ အူနေပြီး ခေါင်းကလည်း တဝီဝီမြည်နေခဲ့တယ်။ ရဲတစ်ယောက်ပြောတာကို ကျွန်မ ကြားလိုက်တယ်၊ “မင်း နောက်ထပ်တစ်ပတ်လောက် ခံနိုင်မလား ကြည့်ရသေးတာပေါ့။ ငါတို့မှာ အချိန်တွေ အများကြီးရှိတယ်။ မင်း ဦးနှောက်ပျက်ပြီး ငါတို့လိုချင်တာ ပြောတဲ့အထိ မင်းကို ဒီအတိုင်းထားထားမှာ” တဲ့။ လူက အရမ်းမူးနောက်နေပြီး စိတ်ကို နည်းနည်းရှင်းအောင် တော်တော်ကြိုးစားလိုက်ရတယ်။ ရဲအရာရှိ တစ်ယောက်က ကြမ်းကြမ်းတမ်းတမ်း ပြောတယ်၊ “မင်း ဝန်မခံရင် တခြားနယ်ကို တိတ်တိတ်လေး ပို့ပစ်လိုက်မယ်၊ မင်းမိသားစုက မင်းကို ရှာတွေ့မှာ မဟုတ်ဘူး” တဲ့။ ဒါကိုကြားတော့ ကျွန်မ တော်တော်ကြောက်သွားတယ်။ တခြားနယ်ကို ပို့လိုက်ရင် သူတို့ ဆက်နှိပ်စက်မှာ သေချာတယ်၊ နှိပ်စက်လို့ သေသွားရင် ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးရမှာ မဟုတ်တော့ဘူးလို့ ကျွန်မ တွေးမိတယ်။ အဲဒီအချိန်မှာ ရဲတွေက အနည်းဆုံး လူခုနစ်ယောက်ရဲ့ နာမည်ပေးခိုင်းတယ်။ ကျွန်မက ကောင်းကောင်း မတ်တပ်မရပ်နိုင်လောက်အောင် ညှဉ်းပန်းခံနေရတာ၊ ဦးနှောက်ပျက်ပြီး အသင်းတော်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်မိရင် ဘုရားသခင်ကို သစ္စာဖောက်တဲ့ ယုဒဖြစ်သွားမှာ၊ အဲဒါက ပိုကြီးလေးတဲ့ အပြစ်ဒဏ် ဖြစ်မှာကို ကြောက်မိတယ်။ ကျွန်မ တွေးလိုက်တယ်၊ “လွန်ခဲ့တဲ့ရက်ပိုင်းက အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမ လေးယောက်က ဒဏ်ငွေဆောင်ပြီး ပြန်လွတ်လာပြီးပြီ။ သူတို့နာမည်တွေ ပေးလိုက်ရင် ရဲတွေက သူတို့ကို ခဏလောက် လိုက်ဖမ်းမှာ မဟုတ်ဘူး။ ပြီးတော့ အရင်က အဖမ်းခံရပြီး ကျွန်မကို သစ္စာဖောက်ခဲ့တဲ့၊ အသင်းတော်ကနေ ရှင်းလင်းပစ်တာခံရပြီးသား လူတစ်ယောက်လည်း ရှိသေးတယ်။ သူ့ကို ရဲတွေဖမ်းမိရင်တောင် အသင်းတော်သတင်းအချက်အလက် ဘာမှမသိတဲ့အတွက် အသင်းတော်က ဘာမှနစ်နာမှာ မဟုတ်ဘူး” လို့ပေါ့။ ဒါနဲ့ အဲဒီလူငါးယောက်ရဲ့ နာမည်ကို ပြောလိုက်တယ်။ မထင်မှတ်ဘဲ ရဲအရာရှိတစ်ယောက်က မှတ်စုစာအုပ်ကို ကျွန်မရှေ့မှာ အားနဲ့ ပစ်ချပြီး ကျွန်မကို လက်ညှိုးထိုးကာ အော်ပြောပါလေရော၊ “ငါ့ကို လာမပတ်နဲ့။ ဒီလူတွေအကုန်လုံးက ‘ပညာပေး’ ခံရပြီးသားကွ” တဲ့။ သူတို့အရာရှိ ဒေါသထွက်တာကို လက်အောက်ငယ်သားတချို့ မြင်တော့ ကျွန်မခေါင်းကို လျှပ်စစ်စောင်နဲ့ ပတ်ပြီး ဒူးခေါင်းတွေကို တက်နင်းကြတယ်၊ ဖိနပ်တွေ၊ ခြေအိတ်တွေ ဆွဲချွတ်ပြီး သားရေခါးပတ်နဲ့ ခြေဖဝါးတွေကို ရိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်က ပြောတယ်၊ “မပြောရင် မင်းရဲ့ လက်သည်းခွံတွေအောက်ကို ဝါးသွားကြားထိုးတံတွေနဲ့ ထိုးထည့်မယ်” တဲ့။ ပြောပြောဆိုဆိုနဲ့ သူက ကားပေါ်ကနေ အဲဒါတွေကို သွားယူတယ်။ ကျွန်မ လန့်သွားပြီး တွေးမိတယ်၊ “လက်သည်းခွံအောက်ကို သွားကြားထိုးတံတွေ တကယ်ထိုးထည့်ရင် ငါ ဘယ်လိုလုပ် ခံနိုင်မှာလဲ။ ငါ့ကို သေတဲ့အထိ နှိပ်စက်ဖို့ ဆုံးဖြတ်ထားပုံပဲ” လို့ပေါ့။ ကျွန်မ အရမ်း အားနည်းသလို ခံစားခဲ့ရတယ်။ ကျွန်မကို ခဏခဏ ဧည့်ခံခဲ့တဲ့ ညီအစ်ကိုတစ်ယောက်ကို သတိရလိုက်တယ်။ သူက အသက်ကြီးပြီ၊ သူ့အိမ်မှာ စုဝေးပွဲတွေပဲ ဧည့်ခံနိုင်တာ၊ သူ့ကို သစ္စာဖောက်လိုက်ရင် အသင်းတော်အတွက် အကြီးအကျယ် နစ်နာမှာ မဟုတ်ဘူးလို့ ခံစားမိတယ်။ ဒါနဲ့ သူ့နာမည်ရင်းနဲ့ လိပ်စာကို ရေးပေးလိုက်တယ်။ ကျွန်မက လူအများကြီးနာမည် မပေးသေးတာကို သူတို့မြင်တော့ ဆက်ပြီး စစ်မေးကြတယ်။ အဲဒီအချိန်မှာ ကျွန်မ ခေါင်းကြည်သွားပြီး ရုတ်တရက် ရင်ထဲမှာ ဟာသွားတယ်၊ ဝိညာဉ်ပျောက်ဆုံးသွားသလိုမျိုးပေါ့။ ကျွန်မ တကယ် ကြောက်သွားတယ်။ ယုဒလိုမျိုး ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ရောင်းစားလိုက်မိပြီ၊ ဘုရားသခင်က ကျွန်မကို ခွင့်လွှတ်မှာ မဟုတ်တော့ဘူး၊ ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မအသက်တာက အဆုံးသတ်တော့မယ်လို့ ခံစားလိုက်ရတယ်။ ဒီနတ်ဆိုးတွေကို ကျွန်မ မုန်းတယ်၊ သူတို့လှည့်ကွက်ထဲ သက်ဆင်းမိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းတယ်။ အဲဒီနောက်ပိုင်း သူတို့ ကျွန်မကို ထပ်ပြောခိုင်းဖို့ ကြိုးစားတော့ ကျွန်မ ပြတ်ပြတ်သားသား ငြင်းလိုက်တယ်၊ နောက်ဆုံးတော့ သူတို့ ကျွန်မကို လွှတ်ပေးလိုက်တယ်။

အိမ်ပြန်ရောက်တော့ ကျွန်မတစ်ကိုယ်လုံးမှာ အားမရှိတော့ဘူး။ အရင်က ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပြန်သတိရလိုက်တယ်။ “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိသည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်က ဖြောင့်မတ်ပြီး သန့်ရှင်းတယ်။ ကျွန်မက ယုဒလိုမျိုး ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ခဲ့တယ်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့တယ်။ ဘုရားသခင်က ကျွန်မလိုလူမျိုးကို သေချာပေါက် လိုချင်မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ခဲ့တာ တွေးမိတိုင်း ရင်ထဲမှာ လှိုင်းတံပိုး ရိုက်ခတ်သလို နာကျင်ရတယ်။ အသက်ကြီးတဲ့ ညီအစ်ကိုက ကျွန်မကို ဧည့်ခံခဲ့တာ၊ ဒါပေမဲ့ ကျွန်မက သူ့ကို သစ္စာဖောက်ခဲ့တယ်။ ကျေးဇူးကို ရန်လိုမှုနဲ့တုံ့ပြန်ပြီး တိရစ္ဆာန်ထက်တောင် ဆိုးခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတယ်၊ ဘုရားသခင်ကို သစ္စာဖောက်ခဲ့တာကို ပိုလို့တောင် နောင်တရမိတယ်။ အဲဒီရက်တွေတုန်းက ကျွန်မ နေ့တိုင်းနီးပါး ငိုခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ အတူတူ စုဝေးပြီး တာဝန်ထမ်းဆောင်တုန်းက ဘယ်လောက်ပျော်ခဲ့လဲဆိုတာ ပြန်တွေးမိတယ်၊ ဒါပေမဲ့ အဲဒီနေ့ရက်တွေက အပြီးအပိုင် ကုန်ဆုံးသွားပြီ။ ကျွန်မက ဘုရားသခင် ပစ်ပယ်တာ ခံရတဲ့ ယုဒဖြစ်သွားပြီလေ။ ခွင့်လွှတ်လို့မရတဲ့ အပြစ်ကို ကျွန်မ ကျူးလွန်ခဲ့တယ်၊ ကျွန်မ ဆက်ပြီး ယုံကြည်ဦးမယ်ဆိုရင်တောင် ဘုရားသခင်က ကျွန်မလိုလူမျိုးကို ကယ်တင်မှာ မဟုတ်ဘူးလို့ ခံစားမိတယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ဖတ်ဖို့၊ ဆုတောင်းဖို့တောင် ကျွန်မ စိတ်မပါတော့ဘူး။ ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မအသက်တာ အဆုံးသတ်တော့မယ်ဆိုတာ တွေးမိတိုင်း ကျွန်မ အရမ်းစိတ်ဆင်းရဲပြီး စိတ်မချမ်းမသာဖြစ်ရတယ်။ နောက်ဆုံးမှာ ကျွန်မ သေဆုံးသွားတာကပဲ ကျွန်မအတွက် စိတ်သက်သာရာ ရမှာလို့ တွေးခဲ့မိတယ်။ အဲဒီလောက်အထိ အခြေအနေဆိုးသွားတဲ့အချိန်မှာ နူးညံ့တဲ့ အသံတစ်သံက “မင်းမှာ မျှော်လင့်ချက် နည်းနည်းလေး ရှိနေသရွေ့ ဘုရားသခင်က ကယ်တင်ခြင်း ပေးသနားမှာပဲ” ဆိုပြီး တိုးတိုးလေး ပြောသံကို ကြားလိုက်ရပါတယ်။ ကျွန်မ ချက်ချင်းပဲ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်တယ်။ ဘုရားသခင်က ပြောသည် “ယခု သင်တို့တွင် မျှော်လင့်ချက်ရေးရေးမျှ ရှိနေသေးသရွေ့ သင်၏အတိတ်မှပြစ်မှားခြင်းများကို ဘုရားသခင်က အောက်မေ့သည်ဖြစ်စေ၊ မအောက်မေ့သည်ဖြစ်စေ သင်သည် မည်သည့်စိတ်နေစိတ်ထားမျိုးကို ထိန်းသိမ်းသင့်သနည်း။ ‘ကျွန်ုပ်၏စိတ်သဘောထားထဲတွင် အပြောင်းအလဲတစ်ခုကို ကျွန်ုပ် လိုက်စားရမည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းကို လိုက်စားရမည်၊ စာတန်က အရူးလုပ်ခြင်းကို မည်သည့်အခါမျှ မခံတော့ပေ၊ ပြီးလျှင် ဘုရားသခင်၏နာမတော်ကို အရှက်ရစေမည့်တစ်ခုခုကို မည်သည့်အခါမျှ မလုပ်တော့ပြီ’ ဟူ၍ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ အားပေးတဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်မ အရမ်းထိတွေ့ခံစားရလို့ ငိုချလိုက်မိတယ်။ ကျွန်မ တော်တော်ရှက်မိတယ်။ ဘုရားသခင်က ကျွန်မရဲ့ ပြစ်မှားခြင်းအတိုင်း ကျွန်မကို မဆက်ဆံဘဲ နောင်တရဖို့ အခွင့်အရေး ပေးနေတာကိုး။ ကျွန်မ ဆက်ပြီး လိုက်စားရမယ်။ တာဝန်တွေ မထမ်းဆောင်နိုင်ရင်တောင် အိမ်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လို့ရတာပဲ၊ စိတ်ပျက်အားငယ်မှုထဲမှာပဲ ဆက်ပြီး နစ်မွန်းနေလို့ မဖြစ်ဘူးလေ။ နောက်ပိုင်းမှာ ကျွန်မ သစ္စာဖောက်လိုက်တဲ့ တခြားလူတွေကို ရဲတွေက မလိုက်ဖမ်းဘူးဆိုတာ ညီအစ်ကိုမောင်နှမတွေဆီကနေ ကြားလိုက်ရတယ်။ ကျွန်မကို ဧည့်ခံခဲ့တဲ့ အဲဒီညီအစ်ကိုကျတော့ ရဲတွေ သူ့ကိုဖမ်းဖို့ အိမ်ရောက်သွားချိန်မှာ သူက လာတဲ့အသံကြားပြီး ပုန်းနေလိုက်လို့ အဖမ်းမခံလိုက်ရဘူး။ အသင်းတော်ကို ကြီးကြီးမားမား မနစ်နာစေခဲ့တဲ့အတွက် ကျွန်မ အသင်းတော်ကနေ နှင်ထုတ်မခံရဘူး။ ဒါက ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ သည်းခံခြင်းဖြစ်မှန်း ကျွန်မ သိလိုက်တယ်၊ ဘုရားသခင်ကို အရမ်းကျေးဇူးတင်ပြီး အကြွေးတင်သလို ခံစားရတယ်။ ကိုယ့်မှာ နောင်တတွေ၊ အပြစ်ရှိစိတ်တွေကတော့ အပြည့်ပါပဲ။ ရဲတွေ စစ်မေးတုန်းက သူတို့လှည့်ကွက်တွေကိုသာ ကျွန်မ ရိပ်စားမိပြီး ဘုရားသခင်ကို အမှီပြုခဲ့မယ်၊ နည်းနည်းလေး ပိုတောင့်ခံနိုင်ခဲ့မယ်ဆိုရင် ကျွန်မအခြေအနေက အများကြီး ပိုကောင်းပြီး ယုဒဖြစ်လာမှာ မဟုတ်ဘူး၊ ကျွန်မရဲ့ နောက်မှာ ဒီလောက်ကြီးမားတဲ့ အမည်းစက်ကြီး ထင်ကျန်ခဲ့မှာ မဟုတ်ဘူး။ နောင်မှာ ရဲတွေ ကျွန်မကို ထပ်ဖမ်းရင် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်မယ်၊ ရိုက်လို့ သေသွားရင်တောင် စာတန်ကို အရှုံးမပေးဘူး၊ ညီအစ်ကိုမောင်နှမတွေကို မရောင်းစားတော့ပါဘူး။

၂၀၁၃ ခုနှစ်၊ ဆောင်းဦးနှောင်းပိုင်းမှာ ခရိုင် အမျိုးသားလုံခြုံရေးတပ်ဖွဲ့က ကျွန်မကို ပြည်သူ့လုံခြုံရေးဗျူရိုဆီ အတင်းအကျပ် ခေါ်သွားဖို့ ဒေသခံရဲတွေကို ညွှန်ကြားခဲ့ပါတယ်။ လမ်းမှာ ကျွန်မ တွေးတယ်၊ “ဒီတစ်ခါ ရဲတွေ ဘယ်လိုလှည့်ကွက်တွေပဲ သုံးပါစေ၊ ငါ့ကို သေတဲ့အထိ နှိပ်စက်ရင်တောင် ညီအစ်ကိုမောင်နှမတွေနဲ့ အသင်းတော် သတင်းအချက်အလက်တွေကို ငါ ထုတ်မပြောဘူး” လို့ပေါ့။ ပြည်သူ့လုံခြုံရေးရုံး ရောက်တော့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင်က အသင်းတော်အလှူငွေတွေ ဘယ်မှာလဲဆိုတာ စစ်မေးတယ်၊ မဖြေရင် မြို့တော် အမျိုးသမီး အချုပ်ခန်းကို ပို့မယ်လို့ ပြောတယ်။ သူတို့က အသင်းတော်ပိုက်ဆံကို လိုချင်နေတာကို ကျွန်မ မြင်လိုက်တယ်။ သူတို့က တကယ့်ကို စက်ဆုပ်စရာကောင်းပြီး အရှက်မရှိတဲ့ကောင်တွေ၊ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ ကျွန်မ ဘာမှမပြောဘဲ နေလိုက်တယ်။ နောက်ဆုံးတော့ သူတို့ ကျွန်မကို လွှတ်ပေးလိုက်တယ်။ အိမ်ပြန်ရောက်ပြီးနောက်ပိုင်း သူတို့က ကျွန်မကို အမြဲတမ်း စောင့်ကြည့်နေတယ်၊ ကျွန်မမိသားစုကိုလည်း ကျွန်မကို စောင့်ကြည့်ခိုင်းထားတယ်။ နှစ်နှစ်နီးပါးလောက် ကျွန်မ စုဝေးပွဲတွေ မတက်နိုင်ဘူး၊ တာဝန်တွေ ပုံမှန် မထမ်းဆောင်နိုင်ဘူး။ ကျွန်မ စိတ်နည်းနည်း အားငယ်မိတယ်။ ဘုရားသခင်ကို တစ်ချိန်က သစ္စာဖောက်ပြီး ယုဒအဖြစ် ပြုမူခဲ့တာတွေ၊ တာဝန်တွေ ဘာမှမထမ်းဆောင်နိုင်တော့တာတွေ၊ လုပ်ခဲ့တဲ့အရာတွေအတွက် အပြစ်ဖြေဖို့ အခွင့်အရေးမရှိတော့တာတွေ၊ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရမဲ့သူတွေထဲ ပါသွားမှာတွေ တွေးမိတိုင်း ရင်ထဲမှာ ဓားနဲ့ အထိုးခံရသလို နာကျင်တယ်။ လမ်းပြပေးဖို့ တောင်းလျှောက်ရင်း ကျွန်မ ငိုပြီး ဘုရားသခင်ဆီ ဆုတောင်းတယ်။ နောက်ပိုင်းမှာ “စုံစမ်းခြင်းများ၌ ယုံကြည်ခြင်း လိုအပ်” ဆိုတဲ့ အရင်က ခဏခဏဆိုခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးကို သတိရလိုက်တယ်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် ခြုံငုံကြည့်လျှင် သင်သည် ဘုရားသခင်၏ အမှုတော်၌ ယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး ယောဘကဲ့သို့ပင် ဘုရားသခင်ကို မငြင်းဆန်ရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်လာတယ်။ ဆင်းရဲဒုက္ခနဲ့ စစ်ဆေးခြင်းကနေတစ်ဆင့် ပိုင်ဆိုင်သင့်တာက ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းပဲ။ ကျွန်မ ကျိုးနွံနာခံရမယ်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်စေရဘူး။ အပြင်ထွက်ပြီး တာဝန်မထမ်းဆောင်နိုင်ရင်တောင် အိမ်မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေ ရေးလို့ရတာပဲ။ ဒါကို တွေးမိတော့ ကျွန်မရဲ့ နာကျင်မှု နည်းနည်း သက်သာသွားတယ်။

၂၀၁၅ ခုနှစ်မှာ အသင်းတော်က ကျွန်မကို စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ စီစဉ်ပေးတယ်။ တစ်ခါတော့ ညီအစ်ကိုကျန်းမင်က ယုံကြည်ခြင်းကြောင့် အဖမ်းခံရတဲ့ အတွေ့အကြုံကို ပြောပြတာ ကြားလိုက်ရတယ်။ သူက ပြောတယ်၊ “ကျွန်တော် သစ္စာဖောက်ခံရပြီး ထောင်ကျရင်တောင် သူများတွေကို ပြန်ပြီးသစ္စာမဖောက်ဘူး။ သစ္စာဖောက်လိုက်ရင် ကျွန်တော့်မှာ လူ့သဘာဝ လုံးဝကင်းမဲ့ရာကျသွားမှာပေါ့” တဲ့။ ညီအစ်ကို အဲဒီလိုပြောတာကြားတော့ ကျွန်မ ခေါင်းတောင် မဖော်ရဲဘူး။ ဓားနဲ့ အထိုးခံရသလို ရင်ထဲမှာ နာကျင်သွားတယ်။ ဒီညီအစ်ကိုက သက်သေခံချက်မှာ ခိုင်ခိုင်မာမာ မရပ်တည်ဘဲ နေရတာထက် ထောင်ကျတာပဲ ခံမှာ၊ ကျွန်မကျတော့ ကိုယ့်အသက်အန္တရာယ်ကို ကြောက်လို့ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ခဲ့တယ်။ ဒါဟာ ခွင့်လွှတ်လို့မရတဲ့ ပြစ်မှားခြင်းပဲ။ ဘုရားသခင်က ကျွန်မလိုလူမျိုးကို ကယ်တင်မှာ မဟုတ်ဘူးလို့ တွေးမိပြီး ကျွန်မ စိတ်မချမ်းမသာ ဖြစ်ရတယ်။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေကို ကျွန်မ ဖတ်ရတယ်။ သူတို့က ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ဖို့ အသက်နဲ့လဲပြီး ကတိသစ္စာပြုကြတယ်၊ ယုဒတွေမဖြစ်ရအောင် ငြင်းဆန်ကြတယ်။ သူတို့က ရိုက်နှက်နှိပ်စက်ခံခဲ့ရပေမဲ့လည်း ခေါင်းကိုမော့ပြီး သက်သေခံချက်တွေ ပေးခဲ့ကြတာနဲ့ ဘုရားသခင်ကို ဂုဏ်တင်ခဲ့ကြတဲ့ သူတို့ရဲ့ ခွန်အားတွေဟာ တကယ်ကို အံ့မခန်းပါပဲ။ အဲဒီနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတယ်။ ကျွန်မက ခန္ဓာကိုယ် သက်သာဖို့အတွက် ရှက်စရာကောင်းတဲ့ ယုဒတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ပြီး ဘုရားသခင်ရဲ့ နာမတော်ကို အရှက်ရစေခဲ့တယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ၊ တိရစ္ဆာန်ထက်တောင် ဆိုးတယ်၊ အသက်ရှင်ဖို့တောင် မထိုက်တန်ဘူး။ ကျွန်မ အရမ်းနာကျင်ရတယ်၊ တစ်နေ့ သေသွားရင် လွတ်မြောက်သွားပြီး ဝိညာဉ်ထဲက ညှဉ်းပန်းမှုတွေကို ခံစားရတော့မှာ မဟုတ်ဘူးလို့ တွေးမိတယ်။ မကြာခင်မှာပဲ ကျွန်မရဲ့ နာတာရှည် အစာအိမ်ရောဂါက ပိုဆိုးလာတယ်၊ ခြေထောက်က အဆစ်အမြစ်ရောင်တာလည်း ပြန်ထလာတယ်။ နာလွန်းလို့ ညဘက်မှာ အိပ်လို့မရခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်မတွေက သမ္မာတရားရှာဖွေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ သတိပေးကြတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ်တွေးမိတယ်၊ “ဘာဆင်ခြင်သုံးသပ်စရာ ရှိလို့လဲ။ ဒီဝေဒနာက ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာ၊ ကျွန်မ ခံရထိုက်တဲ့ အကျိုးဆက်ပဲ။ အဲဒီတုန်းက သေမှာကြောက်ပြီး ယုဒလုပ်ဖို့ ဘယ်သူက ခိုင်းလို့လဲ။ ဒီအမည်းစက်က ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး။ ကျွန်မ ဘယ်လောက်ပဲ လိုက်စားပါစေ၊ တခြား ညီအစ်ကိုမောင်နှမတွေလို ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ အသင်းတော်က ခိုင်းတာပဲ လုပ်တော့မယ်။ အစေခံနိုင်ရင် အစေခံမယ်၊ အစေခံတာ ပြီးသွားရင် သေလိုက်မယ်” လို့ပေါ့။ သမ္မာတရားကို မရှာဖွေခဲ့တဲ့အတွက် ကျွန်မက ပြစ်မှားခြင်းထဲမှာ နှစ်နဲ့ချီ နစ်မွန်းပြီး လွတ်မြောက်မှု မရခဲ့ဘူး။ ဒီကိစ္စက ရင်ထဲမှာ ဆူးတစ်ချောင်း စိုက်နေသလိုပဲ၊ ပြောလိုက်ရင်ကို အရမ်းနာကျင်ရတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ဖြစ်တယ်။ ဗီဒီယိုထဲမှာပါတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မအခြေအနေနဲ့ အရမ်းကိုက်ညီနေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စိတ်မချမ်းမြေ့ခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုထဲသို့ လူတို့ ကျဆင်းကြခြင်းအတွက် အခြားသော အကြောင်းတရားတစ်ခုလည်း ရှိ၏။ ယင်းမှာ ၎င်းတို့ အသက်အရွယ် ရမလာမီ၊ သို့မဟုတ် လူကြီးများအဖြစ်သို့ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် လူတို့အပေါ် ဖြစ်ပျက်သည့် အချို့သော အမှုကိစ္စတစ်စုံတစ်ရာဖြစ်သည့် ပြစ်မှားမှုအချို့ကို ကျူးလွန်မိကြခြင်း၊ သို့မဟုတ် ရူးနှမ်းသော အရာများ၊ မိုက်မဲသော အရာများနှင့် မသိနားမလည်သော အရာများ အချို့ကို လုပ်ဆောင်မိကြခြင်း ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ဤပြစ်မှားမှုများကြောင့်၊ ဤရူးနှမ်းပြီး မသိနားမလည်သော အရာများကြောင့် စိတ်မချမ်းမြေ့ခြင်းထဲသို့ ၎င်းတို့ ကျဆင်းကြသည်။ ဤစိတ်မချမ်းမြေ့ခြင်းမျိုးသည် မိမိကိုယ်ကို ရှုတ်ချခြင်းတစ်ခုဖြစ်ပြီး ၎င်းတို့ မည်သည့် လူစားမျိုးဖြစ်သည်ကို စိစစ်သတ်မှတ်ခြင်းမျိုးလည်း ဖြစ်သည်။...ဤအရာများကို လုပ်ဆောင်မိသည့် လူတို့သည် သီးခြားအရာအချို့ ဖြစ်ပျက်သည့်အခါ၊ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်နှင့် အခြေအနေများ တစ်ခုခုတွင် စိုးရိမ်ပူပန်မှုကို မကြာခဏ အမှုမဲ့အမှတ်မဲ့ ခံစားကြရသည်။ ဤစိတ်မသက်သာသည့် ခံစားချက်က ၎င်းတို့ကို နက်ရှိုင်းသည့် စိတ်မချမ်းမြေ့ခြင်းထဲသို့ အမှုမဲ့အမှတ်မဲ့ ကျဆင်းစေပြီး မိမိတို့၏ စိတ်မချမ်းမြေ့ခြင်းဖြင့် ၎င်းတို့ ချည်နှောင်ခြင်းနှင့် ကန့်သတ်ခြင်း ခံလာရကြသည်။ သမ္မာတရားနှင့် ပတ်သက်သည့် တရားဒေသနာ၊ သို့မဟုတ် မိတ်သဟာယတစ်ခုကို ၎င်းတို့ နားထောင်သည့်အခါတိုင်းတွင် ဤစိတ်မချမ်းမြေ့ခြင်းက ၎င်းတို့၏ စိတ်ထဲနှင့် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးထဲ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး ၎င်းတို့က ‘ငါ ဤအရာကို လုပ်ဆောင်နိုင်ပါသလား။ သမ္မာတရားကို ငါလိုက်စားနိုင်ပါသလား။ ကယ်တင်ခြင်းကို ငါ ရရှိနိုင်ပါသလား။ ငါသည် မည်သည့် လူစားမျိုးဖြစ်ပါသနည်း။ ထိုအရာကို ယခင်က ငါ လုပ်ခဲ့သည်၊ ထိုလူစားမျိုး ငါ ဖြစ်လေ့ရှိခဲ့သည်။ ငါသည် ကယ်တင်မခံရနိုင်တော့ပြီလား။ ဘုရားသခင်က ငါ့ကို ကယ်တင်ဦးမည်လား’ဟု မေးလျက် မိမိတို့ကိုယ်ကို ဖိ၍ စစ်ဆေးနေမိကြသည်။ လူအချို့သည် တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်မချမ်းမြေ့သည် စိတ်ခံစားချက်ကို လက်လွှတ်နိုင်ကြပြီး နောက်ချန်ထားရစ်နိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရိုးသားစစ်မှန်မှုနှင့် မိမိတို့ စုစည်းနိုင်သည့် အားအင်ရှိသမျှကို ယူပြီး မိမိတို့အလုပ်၊ မိမိတို့၏ ဝတ္တရားများနှင့် တာဝန်များကို ထမ်းဆောင်ရာတွင် အသုံးပြုကြပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ ချင့်ချိန်စဉ်းစားရာတွင် စိတ်နှင့်နှလုံးကိုပင် အကြွင်းမဲ့ ထားရှိနိုင်ကြကာ ဘုရားနှုတ်ကပတ်တော်များထဲသို့ မိမိတို့ အားထုတ်မှုများကို စိုက်ထုတ်ကြသည်။ သို့သော် ထူးခြားသည့် အနေအထား၊ သို့မဟုတ် အခြေအနေ အစပြုလာသည့်အခိုက်တွင် စိတ်မချမ်းမြေ့သည် စိတ်ခံစားမှုက ၎င်းတို့ကို တစ်ဖန် ထိန်းချုပ်ပြီး မိမိတို့ စိတ်နှလုံးနက်နက်တွင် စွပ်စွဲခြင်း တစ်ဖန်ခံစားရစေသည်။ ၎င်းတို့က ‘ယခင်က ထိုအရာကို သင် လုပ်ဆောင်ခဲ့ပြီး သင်သည် ထိုလူစားမျိုး ဖြစ်သည်။ ကယ်တင်ခြင်းကို သင် ရရှိနိုင်ပါသလား။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိပါသလား။ သင် လုပ်ဆောင်မိပြီး ဖြစ်သည့်အရာအပေါ် ဘုရားသခင် မည်သည့်အရာကို တွေးပါသနည်း။ သင် လုပ်ဆောင်မိသည့်အတွက် ဘုရားသခင်က သင့်ကို ခွင့်လွှတ်လိမ့်မည်လား။ ယခုတွင် ဤသို့ အဖိုးအခပေးဆပ်ခြင်းသည် ထိုပြစ်မှားမှုအတွက် ထေမိစေနိုင်ပါသလား’ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မကြာခဏ အပြစ်ဖော်ဆုံးမကြပြီး စိတ်ထဲတွင် စွပ်စွဲခြင်းခံစားရကြသကဲ့သို့ မေးခွန်းများဖြင့် မိမိတို့ကိုယ်ကို အမြဲ သံသယထားနေကြသည်၊ အမြဲ ဖိစစ်နေကြလေသည်။ ၎င်းတို့သည် ဤစိတ်မချမ်းမြေ့သည့် ခံစားချက်များကို လုံးဝ နောက်ချန်မထားနိုင်၊ သို့မဟုတ် မစွန့်ပယ်နိုင်ကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ရှက်ဖွယ်သော အရာနှင့်ပတ်သက်၍ မစဲသော စိုးရိမ်ပူပန်မှု ခံစားချက်တစ်ခု ခံစားကြရသည်။ ထို့ကြောင့် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လင့်ကစား ဘုရားသခင် ပြောဆိုပြီးသည့် အရာတစ်ခုတလေကို ၎င်းတို့ လုံးဝ နားမထောင်ဖူးသကဲ့သို့ နားမလည်ခဲ့သည့်အလား ဖြစ်လေသည်။ ထိုအရာမှာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း ရရှိခြင်းသည် ၎င်းတို့နှင့် ပတ်သက်မှုတစ်ခုတလေ ရှိမရှိ၊ ၎င်းတို့ လွတ်ငြိမ်းခွင့်ပေးခံရပြီး ရွေးနုတ်ခံရနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကယ်တင်ခြင်းတို့ကို ရရှိရန် ၎င်းတို့ အရည်အချင်း ပြည့်မီခြင်းရှိမရှိဆိုသည်ကို ၎င်းတို့ မသိကြသည့်အလား ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့ မသိကြချေ။ မည်သည့် အဖြေကိုမျှ ၎င်းတို့ မရရှိသောကြောင့်၊ ပြီးလျှင် တိကျမှန်ကန်သည့် မည်သည့် ထင်မြင်ချက်တစ်ခုမျှ ၎င်းတို့ မရရှိကြသောကြောင့် စိတ်ထဲတွင် စဉ်ဆက်မပြတ် ၎င်းတို့ စိတ်မချမ်းမြေ့ဖြစ်ကြသည်။ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာကို အဖန်ဖန် ၎င်းတို့ အမှတ်ရကြသည်။ အားလုံး အစပြုခဲ့ပုံနှင့် အဆုံးသတ်ခဲ့ပုံကို သတိရလျက်၊ အစမှအဆုံးထိ အားလုံးကို သတိရလျက် မိမိတို့ စိတ်တွင် ထိုအရာကို အဖန်အဖန် ပြန်တွေးမိကြသည်။ ထိုအရာကို ၎င်းတို့ မည်သို့ပင် ပြန်လည်သတိရသည်ဖြစ်စေ ၎င်းတို့ အပြစ်ရှိသည်ဟု အမြဲ ခံစားရသောကြောင့် နှစ်ချီကြာ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ စဉ်ဆက်မပြတ် စိတ်မချမ်းမြေ့ခြင်းခံစားကြရသည်။ မိမိတို့တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည့် အချိန်တွင်ပင်၊ အလုပ်တစ်ခုခုကို ၎င်းတို့ ကြီးကြပ်သည့်အချိန်တွင်ပင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိသကဲ့သို့ ၎င်းတို့ ခံစားကြရဆဲ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ တို့ထိမိသွားတယ်။ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ပြီးခဲ့ကတည်းက ရင်ထဲမှာ အပြစ်ရှိတယ်လို့ ခံစားခဲ့ရတာ။ ယုဒဖြစ်ခဲ့တဲ့ ဒီအမည်းစက်က ရင်ထဲမှာ ဆူးလို စိုက်နေတယ်၊ ဘုရားသခင်က ကျွန်မရဲ့ ပြစ်မှားခြင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ကျွန်မလိုလူမျိုးကို ကယ်တင်မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မ တော်တော်စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်မရဲ့ ပြစ်မှားခြင်းအတွက် အသင်းတော်က မနှင်ထုတ်ဘဲ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးထားတုန်းဆိုပေမဲ့ ကိုယ့်ပြစ်မှားခြင်းအကြောင်း တွေးမိတိုင်း ကျွန်မ စိတ်မချမ်းမသာနဲ့ အသက်ရှင်ပြီး ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် မရှိဘူးလို့ တထစ်ချ မှတ်ယူထားခဲ့တယ်။ ဖမ်းဆီးခံရပြီးတဲ့နောက်မှာ သေခြင်းရှင်ခြင်းအပေါ် သူတို့ရဲ့ စိုးရိမ်မှုတွေကို ဘေးဖယ်ထားနိုင်ခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမအများကြီးကို ကျွန်မ မြင်ခဲ့ရတယ်၊ သူတို့က နှိပ်စက်မှုမျိုးစုံကို ခံနိုင်ရည်ရှိပြီး ဘုရားသခင်ကို သစ္စာမဖောက်ဘဲ စစ်မှန်တဲ့ မြင့်မြတ်မှုနဲ့ အသက်ရှင်ကြတာကို ကျွန်မ မြင်တော့ ရှက်ပြီး မျက်နှာပူမိတယ်။ သားရဲထက်တောင် ဆိုးတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတယ်၊ ခံယူချက်မရှိဘဲ ရှက်စရာကောင်းတဲ့ ယုဒအနေနဲ့ ပြုမူခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတယ်။ ကျွန်မက တာဝန်တွေ ထမ်းဆောင်နေပုံ ပေါက်ပေမဲ့ ကိုယ့်ဘာသာကိုယ် ခဏခဏ တွေးမိတယ်၊ “ငါက ဘုရားသခင်ကို သစ္စာဖောက်ခဲ့တဲ့ ယုဒပဲ။ ဘုရားသခင်က ငါလိုလူမျိုးကို ကယ်တင်ပါ့မလား။ ဘုရားသခင်က ငါ့ရဲ့ ပြစ်မှားခြင်းတွေကို ခွင့်လွှတ်နိုင်ပါ့မလား။ တာဝန်တွေကို လုံ့လရှိရှိ ထမ်းဆောင်ပြီး ငါ့ရဲ့ ပြစ်မှားခြင်းကို ပြန်ပေးဆပ်နိုင်ပါ့မလား” လို့ပေါ့။ ဘုရားသခင်က ကျွန်မလိုလူမျိုးကို သေချာပေါက် ရွံရှာမှာပဲလို့ ခံစားရတယ်။ ညီအစ်ကိုမောင်နှမတွေက အသက်ဝင်ရောက်မှုနဲ့ စိတ်သဘောထား ပြောင်းလဲဖို့ လိုက်စားခြင်းအကြောင်း ပြောကြတဲ့အခါ ကျွန်မ တကယ် မထိုက်တန်ဘူးလို့ ခံစားရတယ်။ ကျွန်မရဲ့ ပြစ်မှားခြင်းကြောင့် အကြာကြီး စိတ်ဒုက္ခရောက်ခဲ့ရတယ်၊ သမ္မာတရားလိုက်စားဖို့ စိတ်ပိုင်းဖြတ်မှု မရှိဘဲ စိတ်မချမ်းမသာ ဖြစ်တဲ့အခြေအနေမှာ အသက်ရှင်ခဲ့တယ်။ ပြစ်မှားခြင်းအတွက် ပြန်ပေးဆပ်ဖို့ နည်းနည်းပါးပါး အစေခံရုံနဲ့တင် ကျွန်မ ကျေနပ်နေခဲ့တာ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က လူတစ်ယောက် ဘယ်လိုအခြေအနေမျိုးပဲ ကြုံရပါစေ၊ ဘယ်လို ပြစ်မှားခြင်းမျိုးပဲ ကျူးလွန်မိပါစေ၊ သူတို့ရဲ့ စိတ်သဘောထား ပြောင်းလဲဖို့ ရှာဖွေနိုင်ဖို့ပါ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ကို နားလည်မှုလွဲပြီး ဒီလိုမျိုး ဘုရားသခင်နဲ့ ဝေးကွာသွားခဲ့တယ်။ ကျွန်မမှာ ဘယ်လိုများ လူ့သဘာဝ ရှိခဲ့လို့လဲ။

နောက်ပိုင်းမှာ ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်၊ “ငါ ဘာလို့ ဒီလောက် စိတ်မချမ်းမသာ ဖြစ်နေရတာလဲ။ ငါ့ပြစ်မှားခြင်းရဲ့ အရင်းအမြစ်က တကယ်တမ်း ဘာလဲ” လို့ပေါ့။ ရှာဖွေနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားသခင်ကို ယုံကြည်ရာမှာ လူတွေရဲ့ ရည်ရွယ်ချက်တွေကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ လူတွေက ကောင်းချီးတွေ၊ အနာဂတ်နဲ့ ကံကြမ္မာအတွက် တာဝန်တွေမှာ ဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံကြတယ်။ ကောင်းချီးမရနိုင်တော့ဘူး၊ ကောင်းတဲ့ အနာဂတ်နဲ့ ပန်းတိုင် မရှိတော့ဘူးဆိုတာနဲ့ သူတို့ စိတ်မချမ်းမသာ ဖြစ်လာကြတယ်၊ သမ္မာတရားကို ဆက်မလိုက်စားတော့ဘူး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မကြိုးစားတော့ဘူး၊ ဘုရားသခင်ကို ယုံကြည်တာက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးလို့တောင် ခံစားကြတယ်။ ဘုရားသခင်ကို စယုံကြည်တုန်းက အချိန်ကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ ကျွန်မ ပေးဆပ်မှုတွေ လုပ်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တယ်၊ ဧဝံဂေလိကို တက်တက်ကြွကြွ ဟောပြောခဲ့တယ်။ မိသားစုရဲ့ ဖိနှိပ်တာ၊ ဘာသာရေးလောကရဲ့ နှောင့်ယှက်တာ၊ လောကလူသားတွေရဲ့ စွပ်စွဲပုတ်ခတ်တာ ခံရရင်တောင် ကျွန်မ တာဝန်ကို ဇွဲရှိရှိ ထမ်းဆောင်ခဲ့တယ်။ ဒီလိုလုပ်ရင် နောင်အနာဂတ်မှာ ကောင်းချီးတွေ၊ ကောင်းတဲ့ ခရီးပန်းတိုင် ရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တာကိုး။ အဖမ်းခံရပြီးတဲ့နောက်မှာ သေမှာကြောက်လို့ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ပြီး ယုဒဖြစ်သွားတယ်၊ ကြီးလေးတဲ့ ပြစ်မှားခြင်းကို ကျူးလွန်မိတော့ ဘုရားသခင်က ကျွန်မကို ကယ်တင်တော့မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ကောင်းချီးတွေ မရနိုင်တော့တာ မြင်လိုက်ရတော့ ကျွန်မ ပိုကောင်းအောင် မကြိုးစားချင်တော့ဘဲ နေ့ရက်တိုင်းကို လမ်းလျှောက်နေတဲ့ အလောင်းကောင်လို ကုန်ဆုံးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ တာဝန်ပြန်ထမ်းဆောင်ပေမဲ့ ဘုရားသခင် ကျေနပ်ဖို့ လုပ်တာ မဟုတ်ဘူး။ တာဝန်မှာ ကျွန်မပေးဆပ်တဲ့ အဖိုးအခကို ဘုရားသခင်မြင်ပြီး ကျွန်မရဲ့ ပြစ်မှားခြင်းကို ခွင့်လွှတ်ဖို့၊ အပြစ်ကို ဖြေလွှတ်ပေးဖို့၊ နောင်မှာ ကောင်းချီးရမဲ့ မျှော်လင့်ချက် ရှိလာနိုင်ဖို့ မျှော်လင့်ပြီး လုပ်ခဲ့တာ။ အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမတချို့က နှိပ်စက်တာကို ခံနိုင်ရည်ရှိပြီး ဘုရားသခင်ကို သစ္စာမဖောက်ဘူးလို့ အသက်နဲ့လဲပြီး ကျိန်ဆိုကြတာ၊ သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ကြတာကို ကျွန်မ တွေ့ခဲ့တယ်။ ကျွန်မကျတော့ ယုဒအဖြစ်နဲ့ ဘုရားသခင်ကို သစ္စာဖောက်ခဲ့တယ်။ ကျွန်မရဲ့ ပြစ်မှားခြင်းက ဘုရားသခင် ရွံရှာစရာ ဖြစ်နေတာ၊ ကောင်းချီး မရနိုင်တော့တာကို တွေးမိပြီး သမ္မာတရား လိုက်စားတာ၊ ပိုကောင်းအောင် ကြိုးစားတာတွေ ရပ်တန့်လိုက်တယ်၊ စိတ်ပျက်အားငယ်တဲ့ အခြေအနေထဲမှာပဲ နစ်မွန်းနေခဲ့တယ်။ ပေါလုအကြောင်း ကျွန်မ တွေးမိတယ်။ သူက ဘုရားသခင်ရဲ့ ဒဏ်ခတ်တာကို ခံရပြီးနောက်မှာ ဘုရားသခင်ကို အာခံတဲ့ အပြစ်သားခေါင်းဆောင် ဖြစ်ကြောင်း ဝန်ခံခဲ့ပေမဲ့ သခင်ယေရှုကို အာခံတဲ့ သူ့ရဲ့ သဘာဝအနှစ်သာရကို နားမလည်ခဲ့ဘူး။ ပြီးတော့ ဘုရားသခင်ဆီကနေ သရဖူနဲ့ ဆုလာဘ်တွေ တောင်းဖို့ သူ ဒုက္ခခံရတာ၊ ထောင်ချခံရတာ၊ အလုပ်များခဲ့ရတာ၊ အသုံးခံတာတွေကို အရင်းအနှီးအဖြစ် အသုံးပြုခဲ့တယ်။ ဒုက္ခခံပြီး အသုံးခံတဲ့ ပေါလုရဲ့ ရည်ရွယ်ချက်တွေက ကောင်းချီးရဖို့နဲ့ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ပဲ။ ဒါက စစ်မှန်တဲ့ နောင်တ မဟုတ်ဘူး။ ကျွန်မက ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ပြီး ဒီလောက်ကြီးမားတဲ့ မကောင်းမှုကို ကျူးလွန်ခဲ့တာတောင် တာဝန်ထမ်းဆောင်တာကနေတစ်ဆင့် အပြစ်လွှတ်ခံရဖို့နဲ့ ကောင်းချီးတွေရဖို့ မျှော်လင့်နေတုန်းပဲ။ ကျွန်မ တကယ်ကို အသိစိတ် မရှိလိုက်တာ။ ဘုရားသခင်က ကျွန်မကို သည်းခံပြီး တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးထားမှတော့ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိရမယ်၊ တာဝန်ကို လုံ့လရှိရှိ ထမ်းဆောင်ရမယ်။ နောင်မှာ ကောင်းချီး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်မ ကျိုးနွံနာခံရမယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီးက ကောင်းချီးတွေရဖို့အတွက် ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ အမြဲ ကြိုးစားခဲ့ပါတယ်၊ သမီး တကယ်ကို ပုန်ကန်တတ်ပြီး လူ့သဘာဝ ကင်းမဲ့ခဲ့ပါတယ်။ အစေခံတာ ပြီးသွားလို့ ကိုယ်တော် သမီးကို ဖျက်ဆီးလိုက်ရင်တောင် ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းကို သမီး ချီးမွမ်းရဦးမှာပါ။ ဘုရားသခင်၊ သမီး စစ်မှန်တဲ့ နောင်တရဖို့ လိုလားပါတယ်။ သမီးရဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်ပါစေ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ လိုလားနေပါတယ်။ ကောင်းချီးတွေကို ဆက်ပြီး မလိုက်စားတော့ပါဘူး” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နည်းနည်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် အနည်းငယ်ပြစ်မှားမိသောအခါ ‘ဘုရားသခင် ငါ့ကို ထုတ်ဖော်ပြပြီး ဖယ်ရှားရှင်းလင်းလိုက်ပြီလော။ သူ ငါ့ကို ရိုက်နှက်မည်လော’ ဟု ထင်ကြေးပေးကြသည်။ ဘုရားသခင်သည် ဤတစ်ကြိမ်တွင် လူတို့ကို ရိုက်နှက်ရန် မဟုတ်ဘဲ လူတို့ကို တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ကယ်တင်ရန် ကြွလာခဲ့ပြီးဖြစ်သည်။ မည်သူမျှ အမှားနှင့် မကင်းပေ။ အကယ်၍ အယောက်တိုင်း ရိုက်နှက်ခြင်းကို ခံရပါက ယင်းသည် ကယ်တင်ခြင်း ဖြစ်မည်လော။ ပြစ်မှားခြင်းအချို့မှာ တမင်တကာပြုခြင်း ဖြစ်သော်ငြားလည်း အခြားသောပြစ်မှားခြင်းများမှာ တမင်တကာ မဟုတ်ပေ။ သင် တမင်တကာမလုပ်သော အရာများကို သင်သည် သတိပြုမိပြီးနောက် ပြောင်းလဲနိုင်ပါက ဘုရားသခင်သည် သင် ထိုသို့မပြုလုပ်မီ သင့်ကို ရိုက်နှက်မည်လော။ ဘုရားသခင်က လူတို့ကို ထိုပုံစံအတိုင်း ကယ်တင်မည်လော။ ယင်းမှာ သူအလုပ်လုပ်သည့်ပုံစံ မဟုတ်ပေ။ သင်၌ ပုန်ကန်သော စိတ်သဘောထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ မလုပ်ဆောင်ခဲ့သည်ဖြစ်စေ ဤအရာကို သတိရလော့။ သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး သိမြင်သင့်သည်။ သင့်ကိုယ်သင် ချက်ချင်း ပြောင်းလဲပြီး သမ္မာတရားအတွက် သင်၏ ခွန်အားရှိသမျှဖြင့် ကြိုးပမ်းလော့။ ပြီးလျှင် အခြေအနေများက မည်သို့ဖြစ်ပေါ်လာပါစေ သင့်ကိုယ်သင် စိတ်ပျက်အားငယ်ခြင်း၏ လွှမ်းမိုးမှုကို မခံနှင့်။ ဘုရားသခင် ပြုလုပ်နေသော အလုပ်သည် လူသားအား ကယ်တင်ခြင်း အလုပ်ဖြစ်ပြီး သူသည် သူကယ်တင်လိုသည့် လူတို့ကို ထင်ရာမြင်ရာ ဒဏ်ခတ်မည် မဟုတ်ပါ။ ဤသည်မှာ သေချာပေသည်။ အဆုံးတွင် ဘုရားသခင် ရိုက်နှက်ခဲ့သည့် ယုံကြည်သူတစ်ဦး အမှန်တကယ် ရှိခဲ့လျှင်ပင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ဖြောင့်မတ်ကြောင်း အာမခံနိုင်ဆဲ ဖြစ်ပေမည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုလူကို ရိုက်နှက်ခဲ့သည့်အကြောင်းအရင်းကို သင်လုံးလုံးလျားလျား ယုံကြည်လက်ခံစေဖို့အလို့ငှာ သင့်အား သူသိစေမည်ဖြစ်သည်။ ယခုတွင် သမ္မာတရားအတွက်သာ ကြိုးပမ်းလော့၊ အသက်ဝင်ရောက်ခြင်းကို အာရုံစိုက်လော့၊ ပြီးလျှင် သင်၏ တာဝန်အား ကောင်းသောထမ်းဆောင်ခြင်းကို လိုက်စားလော့။ ဤအရာတွင် အမှားအယွင်း မရှိပေ။ အဆုံးတွင် ဘုရားသခင်က သင့်ကို မည်သို့ကိုင်တွယ်ပါစေ ယင်းသည် ဖြောင့်မတ်ကြောင်း အာမခံသည်။ ဤအရာကို သင် သံသယမထားသင့်သကဲ့သို့ စိုးရိမ်စရာ မလိုပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယခု သင် နားမလည်သော်လည်း သင် ယုံကြည်လက်ခံမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဘုရားသခင်သည် တရားမျှတစွာနှင့် သိက္ခာရှိစွာ အလုပ်လုပ်သည်။ သူသည် အရာခပ်သိမ်းကို ပွင့်လင်းစွာ ထုတ်ဖော်သည်။ သင်တို့သည် ဤအကြောင်းအရာကို အသေအချာ အချိန်ယူစဉ်းစားကြည့်ပါက ဘုရားသခင်၏ အမှုသည် လူများကို ကယ်တင်ခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲခြင်းနှင့်ဆိုင်သော အလုပ်ဖြစ်ကြောင်း အားပါးတရ ကောက်ချက်ချမိမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) လူတွေ ပြစ်မှားခြင်း ကျူးလွန်ပြီးပြီးချင်း ဘုရားသခင်က ချက်ချင်း အပြစ်ပေးတာ မဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်က လူတွေကို နောက်ခံအခြေအနေ၊ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ အနှစ်သာရအပေါ် မူတည်ပြီး ဆက်ဆံတာပါ။ လူသားတွေကို ကယ်တင်နေတဲ့ ကာလအတွင်းမှာ လူတွေ ပြစ်မှားမိမယ်၊ ချက်ချင်း နောင်တရပြီး ပြောင်းလဲနိုင်ရင်၊ ပြစ်မှားခြင်းတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေ ပြည့်မီအောင် တက်တက်ကြွကြွ ကြိုးစားနိုင်ရင် ဘုရားသခင်က နောက်ထပ် အခွင့်အရေး ပေးနေဦးမှာပါ။ ဒါက လူတွေကို ဘုရားသခင် ဆက်ဆံတဲ့ စည်းမျဉ်းပါပဲ။ ရဲတွေက သတိလစ်မတတ် ဖြစ်တဲ့အထိ ကျွန်မကို နှိပ်စက်ခဲ့ကြတယ်၊ ဒီအခြေအနေမှာ ကျွန်မ အားနည်းသွားပြီး ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်မိတယ်။ ဒါက အသင်းတော်နဲ့ ညီအစ်ကိုမောင်နှမတွေကို ကြီးကြီးမားမား မနစ်နာစေခဲ့ဘူး၊ ပြီးတော့ ကျွန်မ အရမ်းနောင်တရပြီး ကိုယ့်ကိုယ်ကိုယ် မုန်းခဲ့တယ်။ အသင်းတော်က ကျွန်မကို နှင်မထုတ်ဘဲ တာဝန်တွေ ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တုန်းပဲ။ ဒါက ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ သည်းခံခြင်းပါပဲ။ ဒါပေမဲ့ ကျွန်မတို့ အသင်းတော်မှာ ခေါင်းဆောင်လုပ်လာတာ နှစ်အကြာကြီးရှိပြီဖြစ်တဲ့ လူနှစ်ယောက်ကတော့ အဖမ်းခံရပြီးနောက်မှာ ယုဒတွေ ဖြစ်သွားပြီး ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ခဲ့ကြတယ်။ သူတို့က နောင်တမရတဲ့အပြင် “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးတယ်၊ ညီအစ်ကိုမောင်နှမတွေကို ဖမ်းဖို့ ရဲတွေကို လမ်းပြပေးတယ်၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ ကြံရာပါနဲ့ လက်ပါးစေတွေအနေနဲ့ ပြုမူခဲ့ကြတယ်။ သူတို့က အနှစ်သာရအားဖြင့် နတ်ဆိုးတွေဖြစ်လို့ နောက်ဆုံးမှာ အသင်းတော်ကနေ နှင်ထုတ်ခံရတယ်။ ဒီအချက်တွေကနေ ဘုရားသခင်က လူတွေကို ဆက်ဆံတဲ့နေရာမှာ စည်းမျဉ်းတွေရှိတယ်ဆိုတာ ထင်ရှားပါတယ်။ လူတစ်ယောက်က အားနည်းသွားတဲ့အချိန်မှာ အရေးမကြီးတဲ့ သတင်းအချက်အလက်တချို့ကို ပေးလိုက်မိပြီး နောက်ပိုင်းမှာ နောင်တရမယ်၊ ရိုးရိုးသားသား ပြောင်းလဲနိုင်မယ်ဆိုရင် ဘုရားသခင်က ဒီလူတွေကို အခွင့်အရေး ပေးပါသေးတယ်။ ဒါပေမဲ့ ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒရဲ့ အနှစ်သာရရှိတဲ့သူတွေကျတော့ ဝင်လာတဲ့ ပေါင်းပင်တွေဖြစ်လို့ နှင်ထုတ်ခံရပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာကို ရင်ဆိုင်ရမှာပါ။ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ဘဲ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးယဉ်မှုတွေနဲ့ နေခဲ့တယ်၊ ဘုရားသခင်ကို နားလည်မှုလွဲပြီး ကိုယ့်ကိုယ်ကိုယ်တောင် လက်လျှော့ခဲ့တယ်။ ကျွန်မ တကယ်ကို နားဝေတိမ်တောင်ဖြစ်ပြီး အမှားအမှန် မခွဲခြားနိုင်၊ အကောင်းအဆိုး မသိခဲ့ဘူး။

တစ်ခါတော့ ကျွန်မကို တကယ်တို့ထိခဲ့တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကြည့်လိုက်ရတယ်။ ဗီဒီယိုထဲမှာ အဲဒီညီအစ်ကိုက အဖမ်းခံရပြီးနောက် ဧည့်ခံတဲ့ ညီအစ်မကို သစ္စာဖောက်လိုက်တယ်၊ ပြီးတော့ ရင်ထဲက နာကျင်မှုကို စကားလုံးနဲ့တောင် မပြောပြနိုင်ဘဲ ဘာလို့ ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒဖြစ်သွားလဲဆိုတာကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ သေမှာကြောက်လို့ ဒီလိုလုပ်မိမှန်း သူ တွေ့ရှိသွားတယ်။ ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မကျရှုံးရတဲ့ အရင်းအမြစ်ကလည်း သေမှာကြောက်တာ၊ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိတာ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မယုံကြည်တာတွေကြောင့်ပဲဆိုတာ တွေ့လိုက်ရတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထားသလော။ များစွာသောလူတို့သည် သေခြင်းတရားကို အော်ခေါ်ကြ သော်လည်း၊ ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် ကြံ့ခိုင်၍ သေခြင်းတရားကို ကြောက်ရွံ့သောသူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေခြင်းတရား၏ အသူတစ်ရာ နက်သောချောက်ထဲသို့ ထိုးဆင်းနေရင်း ၎င်းတို့၏သေဆုံးခြင်း နေ့ရက်သည် ၎င်းတို့သတိမထားမိခင် ချဉ်းကပ်လာနေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁)) ရှင်ခြင်းသေခြင်းက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာ ကျွန်မ နားလည်လာတယ်။ ရဲတွေ ရိုက်လို့ သေမသေဆိုတာက ဘုရားသခင်အပေါ်ပဲ မူတည်တယ်။ ကျွန်မ သေတဲ့အထိ နှိပ်စက်ခံရရင်တောင် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားအောင်လုပ်မယ်ဆိုရင် ကျွန်မရဲ့ သေခြင်းက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိမှာပါ။ သခင်ယေရှု ပြောခဲ့သည်မှာ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၈) လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာက ဖိနှိပ်ခံရလို့ သေသွားနိုင်ပေမဲ့ သူ့အသက်ကို စွန့်ပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရင် ဒါက ဘုရားသခင်ရဲ့အသိအမှတ်ပြုကို ရရှိမှာဖြစ်ပါတယ်။ သခင်ယေရှုနောက်လိုက်တဲ့ တပည့်တော်တွေလိုပဲပေါ့။ သူတို့အားလုံး သခင့်ရဲ့ ဧဝံဂေလိကို ဖြန့်ဝေလို့ ဖိနှိပ်ခံခဲ့ရတယ်။ တချို့က မြင်းဆွဲပြီး အသတ်ခံရတယ်၊ တချို့က ခေါင်းဖြတ်ခံရတယ်၊ တချို့က ခဲနဲ့ပေါက်သတ်ခံရတယ်၊ ပေတရုဆိုရင် ဘုရားသခင်အတွက် ပြောင်းပြန် ကားစင်တင်ခံခဲ့ရတယ်။ ဘုရားသခင်အတွက် အကျယ်လောင်ဆုံး သက်သေခံဖို့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ အသက်တွေကို အသုံးပြုခဲ့ကြတယ်၊ သူတို့ခန္ဓာကိုယ်တွေ သေသွားပုံရပေမဲ့ သူတို့ဝိညာဉ်တွေက ဘုရားသခင်ဆီ ပြန်ရောက်သွားပြီး တခြားပုံစံတစ်မျိုးနဲ့ ဆက်အသက်ရှင်နေကြတာပါ။ သူတို့က အသက်နဲ့လဲပြီး စာတန်ကို အရှက်ရစေခဲ့တယ်။ ရဲတွေ ကျွန်မကို သေတဲ့အထိ နှိပ်စက်မှာကြောက်လို့ ညီအစ်ကိုမောင်နှမတွေနဲ့ အသင်းတော် သတင်းအချက်အလက်တွေကို ဖွင့်ချပြီး ဘုရားသခင်ကို သစ္စာဖောက်မယ်၊ ယုဒဖြစ်သွားမယ်ဆိုရင် ကိုယ့်အသက်ကိုတော့ ကာကွယ်နိုင်မှာပါ၊ ဒါပေမဲ့ သမ္မာတရား လက်တွေ့လုပ်ဆောင်တာနဲ့ ဘုရားသခင်ကို ကျိုးနွံနာခံတာတွေအတွက် ဘာသက်သေခံချက်မှ ရှိမှာ မဟုတ်ဘူး။ စာတန်ရဲ့ လှောင်ပြောင်သရော်စရာလည်း ဖြစ်သွားမှာပဲ။ ကျွန်မခန္ဓာကိုယ်က ဆက်အသက်ရှင်နေပေမဲ့ ဘုရားသခင်ရဲ့ မျက်မှောက်မှာတော့ သေသူတွေထဲ ပါသွားပြီး နောက်ဆုံးမှာ ကျွန်မက ငရဲမှာ အပြစ်ဒဏ်ပေးခံရဦးမှာပဲ။ ကျွန်မက သေခြင်းရဲ့ အဓိပ္ပာယ်ကို မမြင်ဘဲ စာတန်နဲ့ အပေးအယူလုပ်ပြီး စိတ်ဆင်းရဲစရာကောင်းတဲ့ ဘဝကို ဆွဲဆန့်ခဲ့တာ။ ထာဝရ ရှုတ်ချခံရလို့ ဝိညာဉ်က ခံစားရတဲ့ ညှဉ်းပန်းမှုက ရုပ်ပိုင်းဆိုင်ရာ ဒုက္ခထက် အများကြီး ပိုနာကျင်တယ်။ ကျွန်မသာ အသက်စွန့်ပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ကာ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားအောင်လုပ်နိုင်ရင် အဲဒီအခါကျ လူသားပီပီ တကယ် အသက်ရှင်တာ ဖြစ်မှာပါ။ ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မ ကျရှုံးရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခု ရှိသေးတာကို တွေ့ရတယ်။ အရေးမကြီးတဲ့ တာဝန်တွေ ထမ်းဆောင်တဲ့ ညီအစ်ကိုမောင်နှမတွေ၊ ဒါမှမဟုတ် အဖမ်းခံရပြီး ပြန်လွတ်လာစပဲရှိသေးတဲ့ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်လိုက်ရင် အသင်းတော်ရဲ့ အကျိုးစီးပွားအတွက် ကြီးကြီးမားမား နစ်နာမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီအမြင်က မှားယွင်းပြီး အဓိပ္ပာယ်မဲ့ပါတယ်။ ကျွန်မရဲ့ သစ္စာဖောက်မှုကြောင့် ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရပြီး နှိပ်စက်တာကို မခံနိုင်ရင် သူတို့က တခြားလူတွေကို သစ္စာဖောက်မိနိုင်တယ်၊ အဲဒီအခါ ညီအစ်ကိုမောင်နှမတွေ ပိုပြီး အဖမ်းခံရနိုင်တယ်။ ဒါက စာတန် လိုချင်တဲ့အရာ အတိအကျပဲ။ စာတန်က ခြိမ်းခြောက်တာတွေ၊ စုံစမ်းသွေးဆောင်တာတွေ သုံးပြီး ညီအစ်ကိုမောင်နှမတွေ အချင်းချင်း သစ္စာဖောက်အောင်၊ လူတွေ ပိုများများ ဘုရားသခင်ကို ငြင်းပယ်အောင် ရည်ရွယ်တာလေ။ နောက်ဆုံးကျတော့ လူတွေက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့အတွက် ဘုရားသခင်ရဲ့ ဖျက်ဆီးတာကို ခံရပြီး ကယ်တင်ခြင်းခံရမဲ့ အခွင့်အရေးကို လုံးဝ ဆုံးရှုံးသွားအောင်ပေါ့။ တကယ်တမ်းမှာ ဘယ်ညီအစ်ကိုမောင်နှမကိုပဲ သစ္စာဖောက်တာပဲဖြစ်ဖြစ် ဒီလုပ်ရပ်က သဘောသဘာဝအရကို ယုဒဖြစ်လာတာပဲ၊ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာပဲ၊ နောက်ပြီး ဒါက ဘုရားသခင်ရဲ့ မျက်မှောက်မှာ ဖျောက်ဖျက်လို့မရတဲ့ အမည်းစက်ပါပဲ။ ဒါကို သဘောပေါက်လိုက်တော့ စီစီပီကို ကျွန်မ ပိုမုန်းမိလာတယ်၊ သမ္မာတရားကို နားမလည်ဘဲ အရမ်း သနားစရာကောင်းလွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းမိတယ်။

နောက်ပိုင်းမှာ ကျွန်မရဲ့ ပြစ်မှားခြင်းတွေကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ဘုရားသခင်ရဲ့ သည်းခံခြင်းကို ရနိုင်ဖို့ ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာ ကျွန်မ ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းကို သင်မည်သို့ ရရှိနိုင်သနည်း။ ဤသည်မှာ သင်၏ စိတ်နှလုံးအပေါ် မူတည်သည်။ ယင်းမှာ ပြစ်မှားမှုဖြစ်စေ၊ အပြစ်တရားတစ်ခုဖြစ်စေ သင်သည် ရိုးသားစစ်မှန်စွာ ဝန်ခံကာ သင်၏ အမှားနှင့် ပြဿနာတို့ကို အမှန်တကယ် အသိအမှတ်ပြု၍ သင် လုပ်ဆောင်ခဲ့သည့်အရာကို ဝန်ခံလျှင်၊ စစ်မှန်သော ဝန်ခံချက် သဘောထားတစ်ခုကို ခံယူပြီး သင်လုပ်ဆောင်ခဲ့သည့်အရာအတွက် တကယ့်အမုန်းတရားကို ခံစားရကာ သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲ၍ ထိုမှားယွင်းသည့်အရာကို မည်သည့်အခါမျှ ထပ်မလုပ်လျှင် ဘုရားသခင်၏ အပြစ်ဖြေပေးခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သင် လက်ခံရရှိသည့်နေ့တစ်ရက် နောက်ဆုံးတွင် ရောက်လာလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သင် ယခင်က ပြုခဲ့သော မသိနားမလည်ဘဲ မိုက်မဲပြီး ညစ်ညူးသော အရာများကို အခြေခံ၍ သင်၏ အဆုံးသတ်ကို သတ်မှတ်တော့မည် မဟုတ်ဟူ၍ ဖြစ်သည်။ ဤအဆင့်သို့ သင်ရောက်ရှိသည့်အခါ ထိုကိစ္စကို ဘုရားသခင် လုံးဝ မေ့လျော့လိမ့်မည်။ သင်သည် ကွာခြားမှု အနည်းငယ်မျှမရှိဘဲ အခြားသော ပုံမှန်လူများကဲ့သို့သာ ဖြစ်လိမ့်မည်။ သို့ရာတွင် ဤအရာအတွက် အကြောင်းပြချက်မှာ သင်သည် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး ဒါဝိဒ်ကဲ့သို့ စစ်မှန်သော နောင်တ သဘောထားတစ်ခု ရှိရမည်ဖြစ်သည်။ ဒါဝိဒ်သည် သူကျူးလွန်မိခဲ့သည့် ပြစ်မှားမှုအတွက် မည်မျှ မျက်ရည်ကျခဲ့ပါသနည်း။ မရေမတွက်နိုင်သည့် မျက်ရည်များ ဖြစ်သည်။ သူ အကြိမ်မည်မျှ ငိုကြွေးခဲ့ပါသနည်း။ အကြိမ် မရေမတွက်နိုင်အောင် ဖြစ်သည်။ သူ ငိုကြွေးခဲ့သည့် မျက်ရည်များကို ဤစကားများဖြင့် ဖော်ပြနိုင်သည်။ ‘အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှောသည်’ဟူ၍ ဖြစ်သည်။ သင်၏ ပြစ်မှားမှု မည်မျှ ဆိုးရွားသည်ကို ငါ မသိ။ အမှန်တကယ် ဆိုးရွားပါက သင်၏ မျက်ရည်များ၌ သင့်ခုတင် မျောပါသည်အထိ ငိုကြွေးရန် သင်လိုကောင်းလိုအပ်နိုင်သည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်း မရရှိနိုင်မီ ထိုအဆင့်ထိ သင် ဝန်ချပြီး နောင်တရရန် လိုအပ်နိုင်သည်။ ဤအရာကို သင် မလုပ်ဆောင်ပါက သင်၏ ပြစ်မှားမှုသည် ဘုရားသခင်၏ အမြင်တွင် အပြစ်တစ်ခု ဖြစ်လာမည် စိုးရပြီး ထိုအရာအပေါ် သင် အပြစ်ဖြေလွှတ်ခြင်း ခံရလိမ့်မည် မဟုတ်။ ထို့နောက်တွင် သင်ဒုက္ခရောက်လိမ့်မည်ဖြစ်ပြီး ဤအရာနှင့် ပတ်သက်၍ နောက်ထပ် တစ်ခုတလေ ပြောဆိုခြင်းတွင် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။...ဘုရားသခင်၏ အပြစ်ဖြေလွှတ်ခြင်းကို သင် ရရှိရန် ဆန္ဒရှိပါက ပထမဦးစွာ သင် ရိုးသားစစ်မှန်ရမည်။ တစ်နည်းအားဖြင့် သင်သည် လေးနက်သည့် ဝန်ချခြင်း သဘောထားတစ်ခု ရှိရမည်ဖြစ်ပြီး သင်၏ ရိုးသားစစ်မှန်မှုကိုလည်း ယူဆောင်လာကာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ သို့မဟုတ်ပါက ပြောစရာ မည်သည့်အရာမျှ မရှိပေ။ ဤအရာနှစ်ခုကို သင်လုပ်ဆောင်နိုင်ပါက၊ ဘုရားသခင်က သင်၏ အပြစ်များမှ သင့်ကို ဖြေလွှတ်ပေးအောင် သင်၏ စစ်မှန်ရိုးသားမှုနှင့် ကောင်းမွန်သည့် ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို သင်တို့ထိနိုင်ပါက သင်သည် အခြားလူများကဲ့သို့ပင် ဖြစ်လိမ့်မည်။ အခြားလူများကို ဘုရားသခင် ကြည့်ရှုသကဲ့သို့ သင့်ကိုလည်း ကြည့်ရှုလိမ့်မည်။ အခြားလူများကို သူ ဆက်ဆံသကဲ့သို့ သင့်ကိုလည်း ဆက်ဆံလိမ့်မည်ဖြစ်ပြီး အခြားလူများကို သူလုပ်ဆောင်သကဲ့သို့ သင့်ကို သူ တရားစီရင်ပြီး ပြစ်တင်ဆုံးမလိမ့်မည်၊ သင့်ကို စစ်ကြောပြီး သန့်စင်စေလိမ့်မည်။ သင်သည် မည်သို့မျှ ခြားနားစွာ ဆက်ဆံခြင်းခံရလိမ့်မည် မဟုတ်။ ဤသို့ဖြင့် သင်သည် သမ္မာတရား လိုက်စားရန် စိတ်ပိုင်းဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိလိမ့်မည်ဖြစ်ရုံသာမက သင်၏ သမ္မာတရား လိုက်စားမှုတွင်လည်း အလားတူစွာ ဘုရားသခင်က သင့်ကို ဉာဏ်အလင်း ပေးလိမ့်မည်၊ လမ်းပြလိမ့်မည်ဖြစ်ပြီး သင့်ကို ထောက်ပံ့ပေးလိမ့်မည်။ ယခုတွင် သင်သည် ရိုးသားစစ်မှန်သည့် စိတ်ဆန္ဒတစ်ခုနှင့် လေးနက်သည့် သဘောထားတစ်ခု ရှိသောကြောင့် ဘုရားသခင်သည် သင့်ကို အခြား မည်သူနှင့်မျှ မည်သည့် ကွဲပြားခြားနားမှုမျှမရှိဘဲ ဆက်ဆံလိမ့်မည်၊ အခြားလူများကဲ့သို့ပင် ကယ်တင်ခြင်း ရရှိရန် အခွင့်အရေး သင်ရှိလိမ့်မည်မှာ အမှန်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် လူတွေရဲ့ ပြစ်မှားခြင်းတွေကို ဘုရားသခင် ဘယ်လိုကိုင်တွယ်တယ်ဆိုတာ နားလည်လာတယ်။ လူတွေက သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို တကယ်မုန်းမမုန်း၊ ဘုရားသခင်ဆီမှာ စိတ်နှလုံးထဲကနေ တကယ်နောင်တရမရ၊ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေခြင်း ရှိမရှိဆိုတာကို ဘုရားသခင် ကြည့်ပါတယ်။ လူတွေရဲ့ ဒုစရိုက်အမှုတွေကို ဘုရားသခင် ရွံရှာတယ်၊ ဒါပေမဲ့ သူတို့ရဲ့ နောင်တရတဲ့ စိတ်နှလုံးကိုလည်း မြတ်နိုးပါတယ်။ ပေတရုလိုပဲပေါ့။ သခင်ယေရှု ဒုက္ခခံရတဲ့အချိန်မှာ သူ သခင့်ကို သုံးကြိမ်ငြင်းပယ်ခဲ့တယ်၊ နောက်ပိုင်းမှာ သခင်ယေရှုရဲ့ စကားတွေကို သတိရပြီး သူ့လုပ်ရပ်တွေကို နောင်တရသွားတယ်၊ ပြီးတော့ သူ ခါးခါးသီးသီး ငိုကြွေးပြီး သခင်ယေရှုဆီမှာ ဝန်ခံပြီး နောင်တရခဲ့တယ်။ အဲဒီနောက်မှာ အသင်းတော်ကို ထိန်းကျောင်းဖို့ သခင်ယေရှုရဲ့ ကြီးမားတဲ့ တာဝန်ပေးစေခိုင်းချက်ကို သူ လက်ခံခဲ့တယ်၊ အဆုံးမှာတော့ ဘုရားသခင်အတွက် လက်ဝါးကပ်တိုင်မှာ ဇောက်ထိုး ကားစင်တင်ခံပြီး ဘုရားသခင်အပေါ် သူ့ရဲ့ မေတ္တာ သက်သေခံချက်ကို ပေးခဲ့ပါတယ်။ ပေတရုက ဘုရားသခင်ရှေ့မှာ တကယ်နောင်တရခဲ့ပြီး ဘုရားသခင်ရဲ့ စုံလင်အောင် ပြုလုပ်ပေးတာကို ခံခဲ့ရတယ်။ ဒါဝိဒ် မတရားသော အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိပါသေးတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက သူ့အပေါ် သက်ရောက်လာပြီး သူ့မိသားစုမှာ ဘေးဒုက္ခတွေ ဆက်တိုက်ကြုံခဲ့ရတယ်။ သူက ဘုရားသခင်ကို မညည်းညူဘဲ အဲဒီအစား ဘုရားသခင်ကို ပြစ်မှားမိတဲ့ သူ့လုပ်ရပ်တွေကို နောင်တရခဲ့တယ်၊ မျက်ရည်တွေနဲ့ အိပ်ရာမျောပါသွားလောက်တဲ့အထိ ငိုကြွေးခဲ့တယ်။ သူ အသက်ကြီးလာတဲ့အခါမှာ မိန်းကလေးငယ်လေး တစ်ယောက်က သူ့အိပ်ရာကို နွေးထွေးအောင် လုပ်ပေးခဲ့ပေမဲ့ သူက အဲဒီမိန်းကလေးကို ထိတောင် မထိခဲ့ပါဘူး။ ဒါဝိဒ်က ဘုရားသခင်ရှေ့မှာ တကယ်နောင်တရခဲ့တာပါ။ ပေတရုနဲ့ ဒါဝိဒ်ရဲ့ နမူနာတွေကို လိုက်ပြီး ဘုရားသခင်ရှေ့မှာ ရိုးရိုးသားသား ဝန်ခံဖို့၊ နောင်တရဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။ နောင်တရဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ စိတ်မချမ်းမသာဖြစ်မှုက သမီးကို ချည်နှောင်ထားတာ နှစ်အတော်ကြာပါပြီ၊ ဒါက သမ္မာတရားကို မလိုက်စားခဲ့လို့၊ ကိုယ်တော့်ကို အကြီးအကျယ် နားလည်မှုလွဲခဲ့လို့လည်းဖြစ်သလို သမ္မာတရားကို မရှာဖွေဘဲ ထုံထိုင်းနေခဲ့လို့လည်း ဖြစ်ပါတယ်။ အခု ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို သမီး နားလည်ပါပြီ။ ကိုယ်တော်ရဲ့ သတ်မှတ်ချက်တွေအတိုင်း သမီး လုပ်ဆောင်ချင်ပါတယ်၊ ကိုယ်တော့်ကို နားလည်မှု မလွဲတော့ဘဲ ကိုယ်တော့်ရှေ့မှာ စစ်မှန်တဲ့ နောင်တ ရချင်ပါတယ်” လို့ပေါ့။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မရဲ့ ပြစ်မှားခြင်းအကြောင်း ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုပြီး ကျွန်မ ကျရှုံးရတဲ့ အရင်းအမြစ်ကို စိစစ်ခဲ့တယ်။ အသင်းတော်က ကျွန်မကို လူသစ်တွေ ရေလောင်းဖို့ စီစဉ်ပေးတယ်၊ ကျွန်မလည်း သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် လုံ့လရှိရှိ ပြင်ဆင်ခဲ့တယ်။ လူသစ်တွေကို ရေလောင်းရာမှာ အခက်အခဲတွေ ကြုံရတဲ့အခါ ဘုရားသခင်ဆီ ဆုတောင်းတယ်၊ ကိုယ်တော့်ကို အမှီပြုပြီး သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုကို ခဏခဏ မြင်တွေ့ရတယ်။ ကျွန်မ တော်တော်တို့ထိခံခဲ့ရတယ်။ ကျွန်မက ကြီးလေးတဲ့ ပြစ်မှားခြင်း ကျူးလွန်ခဲ့ပေမဲ့ အခက်အခဲတွေထဲမှာ ဘုရားသခင်ကို အမှီပြုတဲ့အခါ ကိုယ်တော်က လမ်းပြပြီး ဉာဏ်အလင်းပေးတုန်းဖြစ်လို့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ လမ်းပြမှုကို တွေ့ကြုံခွင့်ရခဲ့တာပေါ့။ ကျွန်မ တကယ်နောင်တရသရွေ့ ဘုရားသခင်က တကယ့်အကူအညီ ပေးမယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မရင်ထဲမှာ ဘုရားသခင်ကို အမြဲကျေးဇူးတင်မှုတွေနဲ့ ပြည့်နေတယ်။ သမ္မာတရားရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုခဲ့လို့ စိတ်မချမ်းမသာဖြစ်မှုကနေ ကျွန်မ တဖြည်းဖြည်း လွတ်မြောက်လာပြီး ကိုယ့်ရဲ့ ပြစ်မှားခြင်းကို မှန်မှန်ကန်ကန် သဘောထားလာနိုင်လာတယ်။

ဒါကို ဖြတ်သန်းပြီးနောက်မှာ လူတွေကို ဘုရားသခင် ဆက်ဆံတာက မိဘတွေက သားသမီးတွေကို ဆက်ဆံတာနဲ့ တူမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ သားသမီးတွေ ပုန်ကန်တဲ့အခါ၊ အမှားတွေ လုပ်တဲ့အခါ မိဘတွေက အမြဲတမ်း ပြစ်တင်ဆူပူနေတာ မဟုတ်ဘဲ လမ်းကြောင်းအမှန်လျှောက်နိုင်အောင် စိတ်ရှည်လက်ရှည် လမ်းပြပေးကြတယ်လေ။ လူတွေမှာ ပြစ်မှားခြင်း ရှိတာကို ဘုရားသခင် မြင်တဲ့အခါ ကိုယ်တော်ရဲ့ ပြင်းထန်တဲ့ နှုတ်ကပတ်တော်တွေမှာ တရားစီရင်ခြင်း၊ ဖော်ထုတ်ခြင်း၊ ရှုတ်ချခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေ ပါဝင်ပေမဲ့ လူတွေ သမ္မာတရား လိုက်စားပြီး ကယ်တင်ခြင်း ရနိုင်ဖို့ မျှော်လင့်ချက်နဲ့ စစ်မှန်တဲ့ နောင်တရအောင် ပြစ်မှားခြင်းတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကိုလည်း ညွှန်ပြပေးပါတယ်။ လူသားတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက အရမ်းကြီးမားပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီသိနားလည်မှုတွေ ရရှိလာနိုင်တာဟာ ဘုရားသခင်ရဲ့ လမ်းပြမှုကြောင့်သာ ဖြစ်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်ကို ငြင်းဆန်ပြီးနောက် ဆင်ခြင်သုံးသပ်ခြင်းများ

ဝူယွီ၊ တရုတ်ပြည်လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်း အသင်းတော်မှာ သန့်စင်ဖယ်ရှားခြင်းအလုပ်ကို ကျွန်မ လုပ်ဆောင်နေခဲ့ပါတယ်။ ကြီးကြပ်ရေးမှူးတချို့...

အသက်ကြီးသူပင်လျှင် သမ္မာတရားကို လိုက်စားရန် ကြိုးပမ်းသင့်သည်

အသက် ၄၆နှစ်ထဲဝင်တဲ့ နှစ်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ...

အနာရောဂါကို တွေ့ကြုံခြင်းမှ အလွန်တရာ အကျိုးရရှိခဲ့သည်

“ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏...

အသက်ကြီးသူက ဘုရားသခင်အတွက် သက်သေခံနိုင်ပါသေးသည်

လျို့အိန်း တရုတ်နိုင်ငံ အသက် ၆၂နှစ်မှာ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သခင်က သူ့ရဲ့နောက်လိုက်တွေကို သူ့ရဲ့နိုင်ငံတော်နဲ့ ထာဝရအသက်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။