အသက်ကြီးတဲ့ ကျွန်မ တာဝန်ကောင်းကောင်း မထမ်းဆောင်နိုင်မှာကို မစိုးရိမ်တော့ပါ
ရွှီလျန်၊ တရုတ်နိုင်ငံ၁၉၉၉ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ဆုံးသောကာလမှာ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၂ ခုနှစ်တုန်းက အသင်းတော်တစ်ခုမှာ အစ်မ ကောလီနဲ့ ကျွန်မ ဆုံခဲ့တယ်။ ကျွန်မတို့ စကားပြောတဲ့အခါ သူက ပြီးခဲ့တဲ့ဆယ်နှစ်တုန်းက တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်လာပြီး ဒီနှစ်တွေတစ်လျှောက်လုံး ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်အနေနဲ့ အစေခံခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ အသင်းတော်က ရေလောင်းဖို့နဲ့ ပံ့ပိုးဖို့လိုတိုင်း သူက အမြဲတမ်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်တယ်။ ပြီးတော့ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး အဖိုးအခပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ မကြာသေးခင်ကနှစ်တွေမှာ သူ့လက်မောင်းက အန္တရာယ်ရှိတဲ့ အကျိတ် ပေါက်လာပြီး သုံးနှစ်အတွင်း ခွဲစိတ်မှု လေးကြိမ်တောင် လုပ်ခဲ့ရတယ်။ ဒါကိုကြားတော့ ကျွန်မ အရမ်းကို စိတ်မသက်မသာခံစားခဲ့ရတယ်။ “ဒီအစ်မက ဘုရားသခင်ကို တကယ်ယုံကြည်တယ်။ ပြီးတော့ သူက တာဝန်မှာ စွန့်လွှတ်နိုင်တယ်၊ သူ့ကိုယ်သူ အသုံးခံနိုင်တယ်၊ အခက်အခဲကို ကြံ့ကြံ့ခံပြီး အဖိုးအခပေးနိုင်တယ်။ ဘုရားက သူ့ကို စောင့်ရှောက်ပြီး ကာကွယ်ရမဲ့အစား ဘာဖြစ်လို့ အဲဒီလို ဆိုးရွားတဲ့ ရောဂါတစ်ခုကို ရခွင့်ပေးရတာလဲ။ ငါလည်း နှစ်ချီ စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီးပြီ။ ငါ့ယောကျ်ားရဲ့ ညှဉ်းပန်းနှိပ်စက်တာ ခံရတုန်းကတောင် တာဝန်ကို မစွန့်လွှတ်ခဲ့ဘူး။ အခု ငါ့အသက် ၅၀ နီးပါးရှိပြီ၊ ဇာတ်ကြောတက်တာတွေ၊ ပခုံးနာတာတွေက ပိုဆိုးလာနေပြီ။ နောင်ကျရင် ဘုရားသခင်က ငါ့ကို ဘေးကင်းအောင် ထားပါ့မလားဆိုတာတောင် မသိတော့ဘူး။ တစ်နေ့နေ့ကျရင် ငါလည်း သူလိုမျိုး ဆိုးရွားတဲ့ ရောဂါတစ်ခု ဖြစ်ရင် ဘယ်လိုလုပ်မလဲ” ပေါ့။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ နောက်ထပ် ဘာတစ်ခုမှ မတွးရဲတော့သလို နည်းနည်း စိတ်ဓာတ်မကျဘဲ မနေနိုင်အောင်ဖြစ်ခဲ့တယ်။ အဲဒီအတောအတွင်းမှာ ကောလီရဲ့ အခြေအနေနဲ့ပတ်သက်လို့ ကျွန်မ ဆက်တိုက်ကို စိုးရိမ်နေမိတယ်။ သူ နာကျင်ခံစားနေရတဲ့ကြားကနေ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ပြီး နားလည်သဘောပေါက်နေတယ်၊ ဘုရားသခင်ကို မညည်းညူဘဲ ကျိုးနွံနာခံနိုင်ပြီး သူ့တာဝန်ကို တတ်နိုင်သလောက် အကောင်းဆုံး ထမ်းဆောင်နေတုန်းပဲဆိုတာ သိလိုက်ရတဲ့အခါ သူ့ရဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ဘုရားအတွက် သူအသုံးခံခဲ့တာတွေ အားလုံးကို ထောက်ထားပြီး သူ့ကို ဘုရားက ကွယ်ကာမယ်၊ သူ့ရောဂါကို ပျောက်ကင်းစေမယ်လို့ ကျွန်မဘာသာ မျှော်လင့်နေခဲ့မိတာကို တွေ့ရတယ်။ အဲဒီနောက်ပိုင်း ကျွန်မတို့ တွေ့ကြတဲ့အခါတိုင်း ကျွန်မ ပထမဆုံးလုပ်တာက သူ့အခြေအနေကို မေးတာပါပဲ။ တစ်ခါတုန်းကတော့ စိုးရိမ်ရလောက်အောင် အခြေအနေဆိုးတာမျိုး ဘာမှမရှိတော့ဘူးလို့ ဆရာဝန်က ပြောတဲ့အကြောင်း အစ်မကောလီက ကျွန်မကို ပြောပြတယ်။ ဒီသတင်းကြားတော့ ကျွန်မ အထူးတလည်ကို ဝမ်းသာသွားပြီး တွေးမိတာက “ဘုရားသခင်က သူ့အတွက် ကိုယ့်ကိုယ်ကိုယ် စစ်မှန်စွာ အသုံးခံတဲ့သူတွေကို တကယ် စောင့်ရှောက်တဲ့ပုံပဲ။ ဒီအဆင့်မှာရှိတဲ့ ဘုရားရဲ့အမှုတော်က ကျေးဇူးတော်ခေတ်မှာ ရောဂါငြိမ်းစေပြီး နတ်ဆိုးနှင်ထုတ်တဲ့ သခင်ယေရှုရဲ့ အမှုလိုမျိုး မဟုတ်ပေမဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်း အမှုတော်ကလည်း သူ့ရဲ့ ကောင်းချီးတွေ ပါရှိတာပဲလေ။ လူတွေက ဖျားနာနေချိန်မှာ သင်ခန်းစာယူသရွေ့၊ ဘုရားသခင်ကို မညည်းညူဘဲ ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်သရွေ့ ကိုယ်တော်က သူတို့ကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ဦးမှာပဲ။ ယောဘက ဘုရားသခင်ရဲ့ စမ်းသပ်မှုတွေကို ဖြတ်သန်းရတုန်းကလိုမျိုးပေါ့။ သူက ပိုင်ဆိုင်မှုတွေအများကြီးနဲ့ သားသမီးအားလုံးကို ဆုံးရှုံးခဲ့ရပြီး သူ့ခန္ဓာကိုယ်က အနာစိမ်းတွေနဲ့ ဖုံးလွှမ်းနေခဲ့ပေမဲ့၊ ဒါပေမဲ့ သူက မညည်းညူဘဲ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းခဲ့ပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ခဲ့တယ်။ နောက်ဆုံးကျတော့ သူ့ရောဂါပျောက်ကင်းသွားပြီး ဘုရားသခင်က သူ့ကို အရင်ကထက်တောင် ပိုများတဲ့ စည်းစိမ်တွေနဲ့ ကောင်းချီးပေးခဲ့တယ်။ သူ့သားသမီးတွေကလည်း ပိုချောမောလှပပြီး သူ့သက်တမ်းကလည်း နှစ်ဆတိုးခဲ့တာလေ။ ဘုရားသခင်က အရမ်းဖြောင့်မတ်တာပဲ” ပေါ့။ ဒီလိုတွေးလိုက်တော့ ကျွန်မရဲ့ စိတ်မချမ်းမသာဖြစ်တာတွေ ချက်ချင်း ပျောက်သွားပြီး တာဝန်မှာ ပြန်အားအင်ပြည့်လာသလို ခံစားလိုက်ရတယ်။
ကျွန်မ အံ့သြသွားတာက နောက်ထပ်လနည်းနည်းအကြာမှာ အစ်မကောလီရဲ့ ကင်ဆာရောဂါ ပြန်ဖြစ်လာပြီး လက်မောင်းဖြတ်ပစ်လိုက်ရတယ်လို့ ကြားလိုက်ရတာပါပဲ။ ကျွန်မ ငိုင်သွားတယ်။ “ရလဒ်က ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ကောလီက ဘုရားကို တကယ်ယုံကြည်ပြီး ဥစ္စာပစ္စည်းတွေ စွန့်လွှတ်ခဲ့သလို နှစ်ချီပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တဲ့အပြင်၊ သူ အကြီးအကျယ် နေမကောင်းဖြစ်တုန်းကတောင် ဘုရားသခင်ကို သစ္စာမဖောက်ဘဲ တတ်နိုင်သလောက် တာဝန်ထမ်းဆောင်ခဲ့တာလေ။ ဘာဖြစ်လို့ ဘုရားသခင်က သူ့ကို လုံးဝ ပျောက်ကင်းအောင် မကုပေးခဲ့တာလဲ။ သူက ဘာလို့များ လက်မောင်း ဖြတ်ပစ်လိုက်ရတာလဲ” ပေါ့။ ကျွန်မ အဲဒါကို နားမလည်နိုင်ခဲ့ဘူး။ “သူက သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ခဲ့တာပဲ၊ ဘာလို့ ဘုရားသခင်က သူ့ကို မကွယ်ကာခဲ့တာလဲ။ ဥစ္စာပစ္စည်းတွေ စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံတာက ဘုရားသခင်ရဲ့ စောင့်ရှောက်၊ ကွယ်ကာမှုကို အာမမခံတဲ့ပုံပဲ။ သူ့ကို တကယ် ယုံကြည်ပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်အသုံးခံတဲ့သူတွေကိုတောင် ဘုရားသခင်က အထူးဆုတွေ၊ ကောင်းချီးတွေ မပေးဘူးပဲ။ ဘုရားသခင်ကို ယုံကြည်တာက အစ်မကောလီလိုမျိုး အဆုံးသတ်ရမယ်ဆိုရင် ဒါက တန်ကို မတန်တာပါ” ပေါ့။ အဲဒီအချိန်တုန်းက ဒီလိုရလဒ်မျိုးကို ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ ဘုရားသခင်နဲ့ပတ်သက်တဲ့ ကျွန်မရဲ့ အယူအဆတွေ၊ အထင်လွဲမှုတွေနဲ့ ဝေဖန်မှုတွေအားလုံးက ထိန်းမနိုင်သိမ်းမရ ပွက်ပွက်ဆူပြီး ထွက်လာတော့တာပဲ။ စုဝေးပွဲတွေမှာ ဘာအကြောင်း မိတ်သဟာယပြုရမှန်းတောင် မသိခဲ့ဘူး။ ကျွန်မ စိတ်နှလုံးက ဟာတာတာကြီးနဲ့ အေးစက်နေပြီး ပြောမပြတတ်အောင် နာကျင်ခံစားနေခဲ့ရတယ်။ ကျွန်မ အရမ်းကို စိတ်မချမ်းမသာ ဖြစ်လာတယ်။ ကျွန်မလည်း ဘုရားသခင်အတွက် တာဝန်ထမ်းဆောင်ဖို့ မိသားစုကိုထားခဲ့ပြီး အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့တာ နှစ်ပေါင်းများစွာကြာပြီဆိုတာကို ပြန်တွေးမိတယ်။ အခုဆို ကျွန်မယောကျ်ားက တခြားမိန်းမတစ်ယောက် ရနေပြီ၊ ကျွန်မမှာ ပြန်စရာ အိမ်တောင် မရှိတော့ဘူး။ တစ်နေ့ကျရင် ကျွန်မ ဆိုးဆိုးရွားရွား နေမကောင်းဖြစ်ပြီး ဘုရားသခင်က ကျွန်မကို အနာမငြိမ်းစေရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ ကိုယ့်အနာဂတ်နဲ့ ကိုယ်ဘာဖြစ်မလဲဆိုတာကို စစိုးရိမ်ပူပန်ပြီး ဗျာမများဘဲမနေနိုင်ခဲ့ဘူး။ အဲဒီနေ့က ညစာတောင် မစားနိုင်ခဲ့ဘူး၊ ပြီးတော့ အဖွဲ့သားတွေ တင်ပြလာတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့လည်း စိတ်မပါတော့ဘူး။ ညဘက်ကျတော့ စောစောစီးစီးပဲ အနားယူလိုက်တယ်။ အဲဒီအချိန်တုန်းက အစ်မကောလီရဲ့ ရောဂါအကြောင်း တွေးမိတိုင်း ကျွန်မ အရမ်းကို စိတ်မချမ်းမသာဖြစ်ပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးကုန်တယ်။ ယုံကြည်သူအသစ်တွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို အချိန်မီ ဆက်လက်ခြေရာခံပြီး မဖြေရှင်းပေးနိုင်ခဲ့ဘူး၊ အဲဒါကြောင့် စုဝေးပွဲပုံမှန်မတက်တဲ့ ယုံကြည်သူအသစ်တွေ ပိုများလာတယ်။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ခံစားရပေမဲ့ တာဝန်ထမ်းဆောင်ဖို့ အားမမွေးနိုင်သေးဘူး။ ရာသီဥတု နည်းနည်းအေးလာလို့ ခရီးဝေးသွားရမယ်ဆိုရင် ကျွန်မ မသွားချင်တော့ဘူး။ ကျွန်မ စွန့်လွှတ်အသုံးခံတာတွေအားလုံးက ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုကို ရမယ်လို့ အာမမခံနိုင်မှတော့ ဘာလို့များ ဒီလောက် ကြိုးစားနေရဦးမှာလဲလို့ပဲ ခံစားမိတယ်။ အစ်မကောလီလိုမျိုး ရောဂါကြီးကြီးမားမားဖြစ်လာပြီး ဘုရားသခင်က မကုပေးရင် ဒီနှစ်တွေတစ်လျှောက် ကြိုးပမ်းခဲ့သမျှ အရာမထင်ဖြစ်သွားမှာကို ကြောက်ပြီးတော့ အရာရာစွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်ဖို့ ထွက်လာခဲ့တာကိုတောင် နောင်တရမိတယ်။ အဲဒီအချိန်တုန်းက ကျွန်မစိတ်နှလုံးက အမှောင်ဖုံးနေပြီး ဆုတောင်းတဲ့အခါ ဘာပြောရမှန်း မသိဘူး။ အစ်မကောလီ ရောဂါပြန်ထတာကို သိပြီးတဲ့နောက် ဘာလို့ ကျွန်မ ဒီလောက် စိတ်မချမ်းမသာဖြစ်ရတာလဲဆိုတာကို စပြီး သေချာစဉ်းစားကြည့်မိတယ်။
တစ်နေ့မှာ ဝိညာဉ်ရေးရာ ဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိပြီး ကျွန်မရဲ့အခြေအနေကို အနည်းငယ် သိမြင်လာတယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်ကို ယုံကြည်ခြင်းက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးသင့်သည်ဟုလည်းကောင်း၊ အခြေအနေများနှင့် ကြုံတွေ့ရပါက ဘုရားသခင်ထံ ဆုတောင်းရန်သာ လိုအပ်ပြီး ဘုရားသခင်က နားညောင်းလိမ့်မည်ဖြစ်ကာ ၎င်းတို့အား ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနားလိမ့်မည်ဖြစ်သည့်အပြင် ၎င်းတို့အတွက် အရာရာတိုင်း အေးချမ်းစွာနှင့် ချောမွေ့စွာ ဖြစ်သွားသည်ကို သေချာစေလိမ့်မည်ဟုလည်းကောင်း လူအချို့က တွေးထင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကျေးဇူးတော်ကို ရှာဖွေရန်၊ ကောင်းချီးမင်္ဂလာများ ရရှိရန်နှင့် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် ဖြစ်သည်။ ဤအမြင်များကြောင့်ပင် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် မိမိတို့၏ မိသားစုများကို စွန့်လွှတ် သို့မဟုတ် မိမိတို့၏ အလုပ်များကို နုတ်ထွက်ကြကာ ဆင်းရဲဒုက္ခကို ခံနိုင်ပြီး အဖိုးအခပေးနိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထူးကဲသော အပြုအမူကို ပြသလျက် အမှုအရာများကို စွန့်လွှတ်သရွေ့၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသရွေ့၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး လုံ့လဝီရိယဖြင့် အလုပ်လုပ်သရွေ့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် မျက်နှာသာပေးမှုကို ရရှိကြလိမ့်မည်ဟုလည်းကောင်း၊ မည်သည့် အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ ဘုရားသခင်ထံ ဆုတောင်းသရွေ့ သူက ၎င်းတို့ကို ဖြေရှင်းပေးပြီး အရာရာ၌ ၎င်းတို့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိမ့်မည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော လူအများစုက စွဲကိုင်ထားသည့် သဘောထားအမြင်ဖြစ်သည်။ ဤသဘောထားအမြင်က တရားနည်းလမ်းကျပြီး မှန်ကန်သည်ဟု လူတို့က ခံစားကြရသည်။ မိမိတို့၏ ယုံကြည်ခြင်းကို မစွန့်လွှတ်ဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လူများစွာ၏ တတ်စွမ်းနိုင်ခြင်းသည် ဤသဘောထားအမြင်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ၎င်းတို့က ‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အလွန်များစွာ အသုံးခံပြီးဖြစ်သည်။ ကျွန်ုပ်၏ အပြုအမူသည် အလွန်ကောင်းမွန်ခဲ့ပြီးဖြစ်သည်။ မည်သည့် ဒုစရိုက်အမှုများကိုမျှ ကျွန်ုပ် မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်။ အလုပ်တာဝန်တိုင်းအတွက် ကျွန်ုပ်သည် ဆင်းရဲများစွာ ခံခဲ့ရပြီး ကြီးမားသော အဖိုးအခကို ပေးခဲ့ကာ၊ မည်သည့်အမှားမျှ မလုပ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်း အရာရာကို လုပ်ဆောင်ခဲ့သောကြောင့် ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးပေးသင့်သည်။ ကိုယ်တော်သည် ကျွန်ုပ်အတွက် အရာရာတိုင်း ချောမွေ့စွာ ဖြစ်သွားရန် သေချာစေသင့်ပြီး၊ ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မကြာခဏ ရှိကာ ဘုရားသခင်၏ မျက်မှောက်တော်ကို မွေ့လျော်ခံစားသင့်သည်’ဟု တွေးထင်ကြသည်။ ဤသည်မှာ လူ့အယူအဆနှင့် စိတ်ကူးစိတ်သန်းတစ်ခု မဟုတ်လော။...ဘုရားသခင် လုပ်ဆောင်သည့်အရာက လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သူနှင့်ပတ်သက်၍ မကျေနပ်ချက်များနှင့် အထင်လွဲမှားမှုများ လျင်မြန်စွာ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့သည် မတရားခံရသည်ဟုပင် ခံစားရပြီးနောက် ဘုရားသခင်နှင့် စတင်၍ အငြင်းအခုံပြုကြကာ သူ့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည်အထိပင် ပြုနိုင်ကြလေသည်။ လူတို့က မည်သည့် အယူအဆများနှင့် အထင်လွဲမှားမှုများကို ဖြစ်ပေါ်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် သူသည် လူ့အယူအဆများ သို့မဟုတ် ဆန္ဒများအတိုင်း မည်သည့်အခါမျှ ပြုမူခြင်း သို့မဟုတ် မည်သူ့ကိုမျှ ဆက်ဆံခြင်း မပြုပေ။ ဘုရားသခင်သည် မိမိအလိုဆန္ဒရှိသည့်အရာကို မိမိ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်းလည်းကောင်း၊ မိမိ၏ ကိုယ်ပိုင် စိတ်သဘောထား အနှစ်သာရကို အခြေခံ၍လည်းကောင်း အမြဲတစေ လုပ်ဆောင်သည်။ ဘုရားသခင်သည် လူတိုင်းကို ဆက်ဆံပုံတွင် စည်းမျဉ်းများ ရှိသည်။ လူတစ်ဦးစီတိုင်းကိုသူလုပ်ဆောင်သည့် မည်သည့်အရာကမျှ လူ့အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် နှစ်သက်မှုများကို အခြေမခံပေ။ ဤသည်မှာ လူ့အယူအဆများနှင့် အဆန့်ကျင်အကွဲလွဲဆုံးသော ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ကဏ္ဍဖြစ်သည်။...လူတို့သည် မိမိတို့၏ အယူအဆများကို မရမက စွဲကိုင်ထားသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အတိုက်အခံဖြစ်ခြင်း ဖြစ်ပေါ်လာကြသည်။ ဤအရာက အလိုအလျောက် ဖြစ်ပေါ်သည်။ အတိုက်အခံပြုခြင်း၏ အရင်းအမြစ်သည် မည်သည့်နေရာတွင်ရှိသနည်း။ ထိုအရာသည် လူတို့က မိမိတို့၏ စိတ်နှလုံးထဲတွင် ပုံမှန် ပိုင်ဆိုင်သောအရာသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြစ်သည်မှာ သေချာပြီး သမ္မာတရား မဟုတ်သည့်အချက်တွင် ရှိပေသည်။ ထို့ကြောင့် လူ့အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ အမှုနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ဘုရားသခင်ကို အာခံနိုင်ပြီး သူအပေါ် ဝေဖန်မှုများ ပြုလုပ်နိုင်ကြသည်။ ဤအရာက လူတို့သည် အခြေခံအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ကင်းမဲ့ကြောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်ခြင်းခံရခြင်းနှင့် များစွာ အလှမ်းဝေးနေပြီး ၎င်းတို့သည် အခြေခံအားဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း အသက်ရှင်နေကြကြောင်းကို သက်သေပြသည်။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိခြင်းနှင့် အလွန့်အလွန် အလှမ်းဝေးကြနေဆဲ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့မှပဲ အစ်မကောလီ ကင်ဆာပြန်ဖြစ်ပြီး လက်မောင်းဖြတ်လိုက်ရတဲ့သတင်းအပေါ် ကျွန်မရဲ့ တုံ့ပြန်မှု ဘာလို့ ဒီလောက်ပြင်းထန်ရတဲ့ အကြောင်းရင်းကတော့ ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်ခြင်းက ကိုယ့်ရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေအပေါ်မှာပဲ အမြဲအခြေခံထားလို့ဖြစ်တယ်ဆိုတာကို ကျွန်မ သိလာခဲ့တယ်။ လူတစ်ယောက်က သူ့တာဝန်မှာ ဘုရားသခင်ကို စစ်မှန်စွာယုံကြည်ပြီး ဥစ္စာပစ္စည်းတွေကို စွန့်လွှတ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်သရွေ့၊ ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခပေးသရွေ့ ဘုရားသခင်က သူ့ကို ကျေးဇူးတော်နဲ့ ကောင်းချီးတွေပေးပြီး ဘေးကင်းအောင် စောင့်ရှောက်မယ်၊ ရောဂါဘယနဲ့ ဘေးအန္တရာယ်ကင်းရှင်းစေမယ်လို့ ကျွန်မ ယုံကြည်ခဲ့တာကိုး။ ကပ်ဘေးတစ်ခုခု ကျရောက်လာရင်တောင် ဘုရားသခင်ကို စစ်မှန်စွာ ဆုတောင်းပြီး မှီခိုသရွေ့၊ တာဝန်ကို ဇွဲရှိရှိထမ်းဆောင်သရွေ့ ကိုယ်တော်က သူတို့ကို ဘေးကင်းအောင် စောင့်ရှောက်မယ်ပေါ့။ အစ်မကောလီက နှစ်နဲ့ချီပြီး ဥစ္စာပစ္စည်းတွေကို စွန့်လွှတ်ပြီး သူ့ကိုယ်သူ အသုံးခံခဲ့ပြီးပြီ၊ အခက်အခဲအများကြီး ခါးစည်းခံပြီး ကြီးမားတဲ့ အဖိုးအခပေးခဲ့ပြီးပြီ၊ အထူးသဖြင့် ဖျားနာနေတဲ့ကြားကနေ ဘုရားသခင်ကို ဆုတောင်းနိုင်သေးတယ်၊ သင်ခန်းစာယူပြီး တာဝန်ကို ဇွဲရှိရှိ ထမ်းဆောင်နိုင်သေးတယ်ဆိုတာ မြင်ရတော့ ဘုရားသခင်က သူ့ကို ကောင်းချီးပေးပြီး ကွယ်ကာသင့်တယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ သူ့ရောဂါ ပြန်ထလာပြီး လက်မောင်းဖြတ်ပစ်ရမယ်လို့ ကျွန်မ လုံးဝ မမျှော်လင့်ခဲ့ဘူး။ ဒါက ကျွန်မရဲ့ အယူအဆတွေကို အကြီးအကျယ် ရိုက်ခတ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းကနေ ကောင်းချီးရဖို့ ကျွန်မရဲ့ မျှော်လင့်ချက်ကို တစ်စစီပြိုကွဲသွားစေခဲ့တယ်။ တစ်နေ့ကျရင် ကျွန်မလည်း အစ်မကောလီလိုမျိုး ဆိုးဆိုးရွားရွား နေမကောင်းဖြစ်ပြီး ဆုတောင်းပေမဲ့ ဘုရားသခင်က အနာမငြိမ်းစေရင် ဘုရားသခင်ကို ယုံကြည်တာက အဓိပ္ပာယ်ရှိမှာမဟုတ်ဘူးလို့ ကျွန်မ ချက်ချင်း တွေးလိုက်မိတယ်။ ကျွန်မ ဘုရားသခင်အပေါ် အယူအဆတွေနဲ့ အတိုက်အခံလုပ်ချင်စိတ်တွေ ဖြစ်ပေါ်လာပြီး စိတ်ထဲမှာ သူ့ကို မဖြောင့်မတ်ဘူးလို့ အကဲဖြတ်မိတယ်။ ကျွန်မ အရမ်းကို အပျက်သဘောဆောင်လာပြီး တာဝန်ထမ်းဆောင်ချင်စိတ် လုံးဝ မရှိတော့ဘူး၊ ကိုယ့်ကိုယ်ပိုင် အနာဂတ်နဲ့ပတ်သက်လို့ စပြီး စိုးရိမ်လာခဲ့သလို ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အစကတည်းက အရာရာ စွန့်လွှတ်ခဲ့တာကိုတောင် နောင်တရခဲ့မိတယ်။ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်လိုက်တော့မှပဲ သူ့အပေါ် ကျွန်မရဲ့ယုံကြည်ခြင်းက အပေးအယူလုပ်ဖို့ ကြိုးစားနေတာသက်သက်ပဲ ဆိုတာကို မြင်လိုက်ရတယ်။ ကျွန်မရဲ့ စွန့်လွှတ်အသုံးခံမှုတွေကို အသုံးပြုပြီး ကိုယ်တော့်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို တောင်းဆိုချင်ခဲ့တာ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုံးဝ ထမ်းဆောင်နေတာ မဟုတ်ဘူး။ ဒါက ပေါလုလိုပါပဲ၊ သူက သူ့ရဲ့ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) အပြေးအလွှား အလုပ်လုပ်ပြီး အသုံးခံတာကို ဘုရားသခင်ဆီက ဖြောင့်မတ်ခြင်းသရဖူ တောင်းဆိုဖို့ အပေးအယူလုပ်စရာအဖြစ် အသုံးပြုခဲ့တယ်၊ သူကပဲ ရပိုင်ခွင့်ရှိသလိုမျိုး ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တယ်၊ ကောင်းချီးနဲ့ အကျိုးအမြတ်တွေ ရဖို့ဆိုတဲ့ သူ့ရဲ့ စက်ဆုပ်ရွံရှာဖွယ် ပန်းတိုင်ကို ရောက်ဖို့ ကိုယ်တော့်ကို အသုံးပြုဖို့ ကြိုးစားခဲ့တယ်။ အပြေးအလွှား အလုပ်လုပ်ပြီး အသုံးခံရုံနဲ့ လူတွေ ကောင်းကင်နိုင်ငံတော် ဝင်နိုင်တယ်လို့ ဘုရားသခင် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ပေါလုက သူ့ရဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးတွေကို လိုက်စားရမဲ့ သမ္မာတရားအဖြစ် လိုရာဆွဲပြီး သတ်မှတ်ခဲ့တာပါ။ သူက ဘုရားသခင်ကို ယုံကြည်နေခဲ့တာ လုံးဝ မဟုတ်ဘဲ သူ့ကိုယ်သူ ယုံကြည်နေခဲ့တာပါ။ သူလျှောက်ခဲ့တဲ့ လမ်းကြောင်းက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းဖြစ်ပြီး နောက်ဆုံးကျတော့ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာကို ခံခဲ့ရတယ်။ ကျွန်မကလည်း ကိုယ့်ရဲ့ စွန့်လွှတ်မှု၊ ဒုက္ခခံမှုနဲ့ ပေးဆပ်ခဲ့တဲ့ အဖိုးအခတွေကို ဘုရားသခင်ရဲ့ ကောင်းချီးတွေနဲ့ လဲလှယ်ဖို့ အပေးအယူလုပ်စရာအဖြစ် သဘောထားခဲ့တာပဲ။ ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် ကျွန်မ လုံးဝ သဘောမထားခဲ့ဘူး၊ ကိုယ်တော့်ကို အမြဲတမ်း လှည့်ဖြားပြီး အသုံးပြုနေခဲ့တာ။ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာပဲ၊ ကျွန်မသာ နောင်တမရရင် ကျွန်မလည်း နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရမှာပဲ။ သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်ကို ယုံကြည်တာနဲ့ ကောင်းချီးနဲ့ ကျေးဇူးတော်ကို မစဉ်းစားမဆင်ခြင်ဘဲ ရှာဖွေတာက အရမ်း အန္တရာယ်များတယ်ဆိုတာ အဲဒီကျမှ ကျွန်မ သဘောပေါက်လိုက်တယ်။ တစ်နေ့ကျရင် ကြီးမားတဲ့ စမ်းသပ်မှု ရောက်လာပြီး ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်နိုင်တယ်၊ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်း ခံရနိုင်တယ်။
နောက်ပိုင်းမှာ ကျွန်မ ဆက်ပြီး ဆင်ခြင်သုံးသပ်မိတယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီးကြာပြီ၊ ဘုရားသခင်နဲ့ အပေးအယူမလုပ်သင့်ဘူးဆိုတာကို အယူဝါဒအရ သိထားပေမဲ့ ဘာလို့ ကောင်းချီးရချင်တဲ့ ကျွန်မရဲ့ဆန္ဒက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသေးတာလဲပေါ့။ ဝိညာဉ်ရေးရာ ဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “အန္တိခရစ်တို့၏ အမြင်တွင်၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုမြင်ပုံများတွင် ဘုရားသခင်နောက်လိုက်ရာ၌ အကျိုးအမြတ်အချို့ ရှိရမည်ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်မရှိဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ ခံစားနိုင်သည့် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်း မရှိပါက၊ ၎င်းတို့လုပ်ဆောင်သည့် အလုပ် သို့မဟုတ် ထမ်းဆောင်သည့် တာဝန်တစ်ခုမျှက ၎င်းတို့ကို အခြားသူများ၏ လေးစားမှုကို မရရှိစေပါက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့တွင် အဓိပ္ပာယ်မရှိတော့ပေ။...၎င်းတို့၏ ယုံကြည်ခြင်း၌ အန္တိခရစ်တို့သည် ကောင်းချီးခံစားလိုရုံသာဖြစ်ပြီး ဘေးဒုက္ခကို မခံစားလိုကြပေ။ ကောင်းချီးခံစားရသူ၊ အကျိုးကျေးဇူးရရှိသူ၊ ကျေးဇူးတော်ခံစားရသူနှင့် ဥစ္စာပစ္စည်းဆိုင်ရာ ဇိမ်ခံမှုများ၊ ကြီးမားသော အကျိုးကျေးဇူးများကို ပိုမိုရရှိသူတစ်ဦးကို ၎င်းတို့ မြင်သည့်အခါ ဤသည်မှာ ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်၊ အကယ်၍ ၎င်းတို့သည် ထိုသို့သော ဥစ္စာပစ္စည်းဆိုင်ရာ ကောင်းချီးများကို မရရှိပါက ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်မဟုတ်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ‘သင်သည် အကယ်၍ အမှန်တကယ် ဘုရားဖြစ်ပါက လူများကိုသာ ကောင်းချီးပေးနိုင်သည်၊ သင်သည် လူတို့၏ ဘေးဒုက္ခကို ရှောင်ရှားပေးသင့်ပြီး ၎င်းတို့ကို ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ခွင့် မပြုသင့်ပေ။ ထိုအခါမှသာ လူတို့ သင့်ကို ယုံကြည်ခြင်း၌ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိမည်ဖြစ်သည်။ သင့်နောက်သို့ လိုက်ပြီးနောက်တွင် လူတို့သည် ဘေးဒုက္ခနှင့် ဝန်းရံဖိစီးခြင်းကို ခံနေရဆဲဖြစ်ပါက၊ ၎င်းတို့ ဆင်းရဲဒုက္ခခံနေရသေးပါက သင့်ကို ယုံကြည်ခြင်း၌ အဘယ်အဓိပ္ပာယ် ရှိမည်နည်း’ ဟူ၍ဖြစ်သည်။ ၎င်းတို့သည် အမှုအရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိကြောင်း၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်းကို ဝန်မခံကြပေ။ ပြီးလျှင် ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် ဝန်မခံကြသနည်း။ အကြောင်းမှာ အန္တိခရစ်တို့သည် ဘေးဒုက္ခခံစားရမည်ကို ကြောက်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အကျိုးခံစားလိုရုံ၊ အခွင့်အရေးယူလိုရုံ၊ ကောင်းချီးများကို ခံစားလိုရုံသာဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် စီစဉ်ညွှန်ကြားခြင်းကို လက်မခံလိုဘဲ ဘုရားသခင်ထံမှ အကျိုးကျေးဇူးများကိုသာ လက်ခံရယူလိုကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော ရှုမြင်ပုံဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၆)) “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ ကိုယ့်အတွက်ပဲကိုယ်ကြည့် ဘယ်သူသေသေငတေမာပြီးရော၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်သာဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ခါးစီးခံနိုင်ခြင်း ဖြစ်သည်။ လူသား၏ စာတန်ဆန်သော သဘာဝနှင့်ပတ်သက်သည့် အကောင်းဆုံးသော အထောက်အထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) အန္တိခရစ်တွေက ကိုယ်တော့်ဆီကနေ ကောင်းချီးနဲ့ အကျိုးအမြတ်တွေ ရဖို့၊ ကံဆိုးမိုးမှောင်ကျတာကနေ ကာကွယ်ခံရဖို့အတွက်ပဲ ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ကောင်းချီးတွေ မရနိုင်ရင် ဘုရားသခင်ကို ယုံကြည်တာက အဓိပ္ပာယ်မရှိဘူးလို့ သူတို့ ခံစားရပြီး ကိုယ်တော့်ကို စွန့်ပစ်ကြမှာပဲ။ ဒါကို အန္တိခရစ်တွေရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ သဘာဝကပဲ လုံးဝ သတ်မှတ်တာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” တို့၊ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” တို့လို စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်မလည်း အသက်ရှင်နေခဲ့တာကို တွေ့ရတယ်။ ကျွန်မလုပ်သမျှတိုင်းကို ကိုယ့်ကျိုးစီးပွားက လှုံ့ဆော်တာဖြစ်ပြီး ကိုယ့်ကို အကျိုးပြုမှ လုပ်တယ်။ ဘုရားသခင်ကို မယုံကြည်ခင်တုန်းက ကျွန်မ အမြဲတမ်း ကျန်းမာရေးချူချာပြီး ရောဂါများတယ်။ ဒါပေမဲ့ ယုံကြည်ပြီး တာဝန်ထမ်းဆောင်ပြီးနောက်မှာ ကျွန်မရောဂါတွေအားလုံး ပျောက်ကင်းသွားတယ်။ ဘုရားသခင်ဆီက ဒီလောက်ကြီးမားတဲ့ ကျေးဇူးတော်ကို ရရှိထားတော့ ကျွန်မ သေသေချာချာ ယုံကြည်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်၊ ဒီလိုလုပ်ပြီး ဘုရားသခင်အတွက် စွန့်လွှတ်အသုံးခံသရွေ့ ကိုယ်တော်ရဲ့ ကောင်းချီးနဲ့ စောင့်ရှောက်မှုတွေကို ပိုတောင် ရရှိလိမ့်မယ်လို့ တွေးထင်ရင်းနဲ့ပေါ့။ ဒါကြောင့် ယောကျ်ားက ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ တားဆီးပါစေ ကျွန်မ တက်တက်ကြွကြွ တာဝန်ထမ်းဆောင်ခဲ့တာ၊ အခက်အခဲတစ်ခုတလေကို ခါးစည်းခံဖို့ လိုလားနေခဲ့တာပေါ့။ ဒါပေမဲ့ အစ်မကောလီက နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပြီးနောက်မှာ ဒီလောက်ကြီးမားတဲ့ ရောဂါရသွားတာကို မြင်လိုက်ရတော့၊ စွန့်လွှတ်အသုံးခံတာက ဘုရားသခင်ရဲ့ ကောင်းချီးနဲ့ ကွယ်ကာမှုကို သေချာပေါက် ဆောင်ကြဉ်းပေးနိုင်တာမျိုး မဟုတ်ဘူးဆိုတော့ ကျွန်မတာဝန်ကို ထမ်းဆောင်တာ ဘာအဓိပ္ပာယ်ရှိလို့လဲလို့ ကျွန်မ ရုတ်တရက် ခံစားလိုက်ရတယ်။ ဒီလိုနဲ့ ကျွန်မ အပျက်သဘောထဲမှာ အသက်ရှင်ပြီး ဘုရားသခင်ကို ဆန့်ကျင်တယ်၊ တာဝန်ထမ်းဆောင်ချင်စိတ် လုံးဝ မရှိတော့ဘဲ အိမ်ကထွက်ပြီး တာဝန်ထမ်းဆောင်ခဲ့တာကိုတောင် နောင်တရမိတယ်။ ကျွန်မရဲ့ သဘာဝက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်မှန်း မြင်လိုက်ရတယ်၊ ကျွန်မက ကိုယ်ကျိုးပဲ ဦးစားပေးတဲ့ လူတစ်ယောက်ပါပဲ။ ဘုရားအိမ်တော်ကို လာပြီး တာဝန်ထမ်းဆောင်နိုင်တာက ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ကျွန်မရဲ့ စိတ်သဘောထားမှာ ပြောင်းလဲမှုရရှိဖို့၊ စာတန်ရဲ့ ချုပ်နှောင်မှုကနေ ချိုးဖျက်လွတ်မြောက်ပြီး ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ဖို့ ကျွန်မ သမ္မာတရား လိုက်စားမယ်လို့ ဘုရားက မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို နည်းနည်းမှ မလိုက်စားခဲ့ဘူး။ ကောင်းချီးတွေနဲ့ အကျိုးအမြတ်တွေရဖို့ပဲ တွေးခဲ့တယ်။ ဘုရားသခင်ရဲ့ ကွယ်ကာမှုနဲ့ ကျေးဇူးတော်ကို ရရှိတုန်းက ကျွန်မ အမှုအရာတွေ စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့နဲ့ ဒုက္ခခံဖို့တောင် လိုလားခဲ့တယ်။ ဒါပေမဲ့ ဘုရားရဲ့ အမှုတော်က ကျွန်မရဲ့ အယူအဆတွေနဲ့ မကိုက်ညီသလို ကောင်းချီးတွေအတွက် ကျွန်မရဲ့လိုအင်ဆန္ဒ တစ်စစီပြိုကွဲသွားတာနဲ့ တာဝန်အပေါ်ထားတဲ့ ကျွန်မသဘောထားက ချက်ချင်း ပြောင်းလဲသွားတယ်။ ကျွန်မ အပျက်သဘောဆောင်တယ်၊ အတိုက်အခံလုပ်တယ်၊ ဝတ်ကျေတမ်းကျေ ဖြစ်လာတယ်၊ ပြီးတော့ တာဝန်ထမ်းဆောင်ခဲ့တာကိုတောင် နောင်တရမိတယ်။ ကျွန်မ လုံးဝ တခြားလူတစ်ယောက်လို ဖြစ်သွားတယ်။ စာတန်ဆန်တဲ့ စည်းကမ်းတွေနဲ့ အသက်ရှင်တာက ကျွန်မကို အရမ်း တစ်ကိုယ်ကောင်းဆန်စေတယ်၊ စက်ဆုပ်စရာဖြစ်စေပြီး လူ့သဘာဝ ကင်းမဲ့စေတယ်ဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းက လှည့်ဖြားမှုတစ်ခုဖြစ်ပြီး ဘုရားသခင်ကို အသုံးပြုဖို့ ကြိုးစားတာဖြစ်တယ်၊ ပြီးတော့ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို လျှောက်နေတာပဲ။ ကျွန်မသာ ပြန်မလှည့်ရင် ဖယ်ရှားရှင်းလင်းခံရရုံပဲ ရှိမယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ကောင်းချီးများအား လိုက်စားခြင်းကို ရည်မှန်းချက်တစ်ခုအဖြစ် မှတ်ယူခြင်းသည် မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ယင်းသည် သမ္မာတရားနှင့် လုံးလုံးဆန့်ကျင်ပြီး လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်ဖြင့် ထပ်တူညီခြင်းမရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်) ဘုရားသခင်က လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်ပြီး နောက်ဆုံးမှာ နိုင်ငံတော်ထဲ ခေါ်ဆောင်သွားဖို့ သူတို့ကို ကယ်တင်ပါတယ်။ ကျွန်မကတော့ ချက်ချင်းရတဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကိုပဲ အာရုံစိုက်ပြီး သမ္မာတရားကို မလိုက်စားခဲ့ဘူး။ ဒါက ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကနေ လွဲချော်နေတာ မဟုတ်ဘူးလား။ နောက်ဆုံးကျရင် ကျွန်မ သေချာပေါက် ဘာမှရမှာ မဟုတ်ဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ပတ်သက်လို့ နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။...ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို သိမှတ်နားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့် အကြောင်းသင့် မရှိဆုံးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) “ဘုရားသခင် ပြုလုပ်သမျှ မည်သည့်အရာမျှ မမှားယွင်းသည့်အပြင် သူ၏ ဖြောင့်မတ်ခြင်းကို သင်ချီးမွမ်းရမည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းမှာ အစဉ်သဖြင့် မှန်ကန်ပြီး သူ လုပ်ဆောင်သည့်အရာက လူသား ခံစားချက်များကို ထည့်တွက်ခြင်းမရှိကြောင်း၊ သင်၏ အကြိုက်မဟုတ်ကြောင်း ယုံကြည်လျက် ဘုရားသခင် ပြုလုပ်သည့်အရာနှင့်ပတ်သက်၍ သင်၌ အယူအဆများ ရှိနေလျှင်ပင်၊ သင်သည် ဘုရားသခင်ကို ချီးမွမ်းသင့်နေဆဲ ဖြစ်သည်။ သင်သည် ဤသို့ အဘယ်ကြောင့် ပြုလုပ်သင့်သနည်း။ အကြောင်းရင်းကို သင်တို့ မသိကြ၊ မှန်သလော။ ဤသည်မှာ အမှန်တကယ်တွင် ရှင်းပြရန် အလွန် လွယ်ကူသည်။ အကြောင်းမှာ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး သင်သည် လူသားဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်အား နည်းလမ်းတစ်ခုခုဖြင့် ပြုမူရန် သို့မဟုတ် သင့်အား နည်းလမ်းတစ်ခုခုဖြင့် ဆက်ဆံရန် တောင်းဆိုပိုင်ခွင့်မရှိသော်လည်း ဘုရားသခင်သည် သင့်အပေါ် တောင်းဆိုချက်များ ပြုလုပ်ရန် အရည်အချင်းပြည့်မီပေသည်။ ကောင်းချီးများ၊ ကျေးဇူးတော်၊ ဆုလာဘ်များ၊ သရဖူများ၊ ဤအရာအားလုံးကို မည်သို့ ပေးအပ်သည်ဟူသည်နှင့် မည်သူ့ကို ပေးအပ်သည်ဟူသည်တို့မှာ ဘုရားသခင်၏ သဘောဖြစ်သည်။...ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရသည် လူ၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့နှင့် မည်သည့်အခါမျှ တန်းတူညီမျှ မဖြစ်နိုင်သကဲ့သို့ ဤအရာများသည် မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထာဝစဉ် ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး လူသည် ထာဝစဉ် လူဖြစ်လိမ့်မည်။ အကယ်၍ လူတစ်ဦးသည် ဤအရာကို နားလည်နိုင်ပါက ၎င်းတို့ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်၊ ဤသည်မှာ အမှုအရာများနှင့်ပတ်သက်၍ လုပ်ဆောင်ရန် ဆင်ခြင်တုံတရားအရှိဆုံးသော နည်းလမ်းဖြစ်ပြီး ဤအရာမှလွဲ၍ ရွေးချယ်နိုင်သော အခြားလမ်းကြောင်း မရှိပေ။ အကယ်၍ သင်သည် ကျိုးနွံနာခံခြင်းမရှိပါက ပုန်ကန်သူဖြစ်ပြီး သင်သည် အာခံကာ ငြင်းခုံပါက မတန်တဆ ပုန်ကန်နေခြင်းဖြစ်ကာ ဖျက်ဆီးခြင်းကို ခံရသင့်ပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်းက သင့်အနေဖြင့် ဆင်ခြင်တုံတရားရှိကြောင်းကို ပြသသည်။ ဤသည်မှာ လူတို့ ရှိရမည့် သဘောထားဖြစ်ပြီး ဤအရာသည်သာ ဖန်ဆင်းခံများ ရှိသင့်သော သဘောထား ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်နှလုံးကို ထိုးဖောက်သလို ခံစားခဲ့ရတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ လုံးဝ နားမလည်ခဲ့မှန်း မြင်လိုက်ရတယ်။ ကျွန်မရဲ့ အယူအဆထဲမှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဆိုတာ တရားမျှတပြီး အကျိုးသင့်အကြောင်းသင့်ရှိတာ၊ ကြိုးစားအားထုတ်ရင် အကျိုးအမြတ်ပြန်ရမယ် ဆိုတာမျိုးပေါ့။ ဘုရားသခင်က သူ့အတွက် ဒုက္ခခံပြီး အသုံးခံတဲ့သူတွေကို ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသနားသင့်တယ်၊ အထူးသဖြင့် စမ်းသပ်မှုတွေအတွင်းမှာ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်တဲ့အခါ သူတို့ကို ပိုပြီးတောင် ကောင်းချီးပေးပြီး စောင့်ရှောက်သင့်တယ်၊ သူတို့ရောဂါတွေကို ကုပေးသင့်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဥပမာ၊ အစ်မကောလီက တာဝန်ထမ်းဆောင်ဖို့ မိသားစုကိုထားခဲ့ပြီး အလုပ်ကို စွန့်လွှတ်ခဲ့တာ နှစ်ပေါင်းများစွာကြာပြီ၊ အခု ဆိုးရွားတဲ့ ရောဂါတစ်ခုဖြစ်တော့၊ ကိုယ်တော့်အတွက် စွန့်လွှတ်အသုံးခံခဲ့တဲ့ နှစ်ကာလတွေအားလုံးကို ထောက်ထားပြီး ဘုရားသခင်က သူ့ကို ကာကွယ်သင့်ပြီး သူ့ရောဂါကို ကုပေးသင့်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ သူက သက်သာမလာတဲ့အပြင် လက်တောင် ဖြတ်ပစ်လိုက်ရတယ်။ အဲဒါကြောင့် ဘုရားသခင်က ထောက်ထားမှုမရှိဘူးလို့ ကျွန်မ ညည်းညူပြီး မဖြောင့်မတ်ဘူးလို့ ဝေဖန်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို တိုင်းတာတဲ့ ကျွန်မရဲ့ စံနှုန်းကတော့ လူတစ်ယောက်က အားထုတ်ရင် သူ့ကို ပြန်ဆပ်ရမယ်၊ သူတို့ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ၊ အသုံးခံပါစေ ဘုရားသခင်က တန်ဖိုးတူညီတဲ့ ဆုလာဘ် ပေးရမယ်ဆိုတာပါပဲ။ ဒီအမြင်က အရမ်း လွဲချော်နေတာပဲ။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်မက ဖန်ဆင်းခံ ဖြစ်တယ်။ ကျွန်မ မွေ့လျော်ခံစားရတဲ့ အရာတိုင်းနဲ့ ကျွန်မရဲ့ အသက်ကို ဘုရားသခင် ပေးထားတာပါ။ ကျွန်မအနေနဲ့ ဘုရားသခင်နောက်လိုက်ပြီး တာဝန်ထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်။ ဘုရားသခင်က ကျွန်မကို ကျေးဇူးတော်နဲ့ ကောင်းချီး ပေးမပေး ဆိုတာကတော့ သူ့ကိစ္စပါပဲ။ ဘုရားသခင်ကို တောင်းဆိုဖို့ ကျွန်မမှာ အခွင့်အရေး မရှိပါဘူး။ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံတဲ့ စိတ်နှလုံးနဲ့ ခြွင်းချက်မရှိ လက်ခံသင့်တယ်။ ဒါ့အပြင် လူတွေအပေါ် ဘုရားသခင် လုပ်သမျှကိစ္စတိုင်းမှာ အဓိပ္ပာယ်ရှိပြီး ကိုယ်တော့်ဉာဏ်ပညာ ပါဝင်နေပါတယ်။ ဘုရားသခင် လုပ်သမျှကို ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေအပေါ် အခြေခံပြီးတော့ ဝေဖန်ဖို့မပြောနဲ့ အပြင်ပန်းအသွင်အပြင်တွေကို အခြေခံပြီး ကိစ္စတွေကို ကျွန်မ မရှုမြင်သင့်ဘူး။ ယောဘလိုပါပဲ။ သူက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ပေမဲ့ သူ့ရဲ့ ဥစ္စာပစ္စည်း ဆုံးရှုံးရတာ၊ သားသမီးတွေ သေဆုံးတာကို ရင်ဆိုင်ခဲ့ရပြီး သူ့တစ်ကိုယ်လုံးမှာလည်း အနာစိမ်းတွေ ဖုံးလွှမ်းခဲ့တယ်။ လူ့အမြင်မှာတော့ သူ ကံဆိုးမိုးမှောင်ကျနေတာပေါ့၊ ဒါပေမဲ့ ဘုရားသခင်ကသူ့အပေါ်ထားတဲ့ ယောဘရဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ ဒီစမ်းသပ်မှုကို အသုံးပြုခဲ့တယ်။ ယောဘက ဘုရားသခင်ရဲ့ အမြင်မှာ စုံလင်သူ ဖြစ်လာခဲ့ပြီး စာတန်က သူ့ကို စွပ်စွဲဖို့၊ စုံစမ်းသွေးဆောင်ဖို့ ဘာအခွင့်အရေးမှ မရှိတော့ဘူး။ အစ်မကောလီ ရောဂါဖြစ်ရတာမှာလည်း ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ သူ ရောဂါရပြီး ခန္ဓာကိုယ်က ဒုက္ခခံစားရပေမဲ့ သမ္မာတရားကို ရှာဖွေပြီး သင်ခန်းစာယူနိုင်ရင်၊ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ နာခံမှု ရရှိနိုင်ရင် ဒီဆင်းရဲဒုက္ခက အကျိုးနပ်ပါတယ်။ ကျွန်မအနေနဲ့ ကိစ္စတွေကို ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေအပေါ် အခြေခံပြီး မကြည့်သင့်တော့ဘူး။ ဘုရားသခင်က အမြဲတမ်း ဖြောင့်မတ်ပြီး သူ ဘာပဲလုပ်လုပ် အဲဒီအထဲမှာ သူ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ဉာဏ်ပညာတွေ ပါရှိနေပါတယ်။ ဒါကို နားလည်လိုက်တော့ ကျွန်မစိတ်နှလုံးက တော်တော်လေး လင်းသွားတယ်။
ကျွန်မ ဝတ်ပြုဆုတောင်းတဲ့ အတောအတွင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ဘုရားသခင်ကို ယုံကြည်ရာမှာ ရှိသင့်တဲ့ မှန်ကန်တဲ့ အမြင်ရှုထောင့်ကို နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းဆိုသည်မှာ ကျေးဇူးတော်ကို ခံစားရခြင်းအကြောင်း မဟုတ်ဘဲ၊ သူ့အပေါ် သင်၏ချစ်ခြင်းအတွက်ကြောင့် ဒုက္ခခံရခြင်းအကြောင်းပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရသဖြင့်၊ သူ၏ပြစ်တင်ဆုံးမခြင်းကိုလည်း ခံစားရမည်၊ ဤအရာအလုံးစုံကို သင်တွေ့ကြုံရမည်။ သင်သည် သင့်အထဲတွင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တွေ့ကြုံနိုင်ပြီး၊ သူ သင့်အား ပြုပြင်ပုံနှင့် သင့်အား တရားစီရင်ပုံကိုလည်း တွေ့ကြုံနိုင်သည်။ ဤနည်းအားဖြင့် သင်၏အတွေ့အကြုံမှာ ပြည့်စုံကျယ်ပြန့်လိမ့်မည်။ ဘုရားသခင်သည် သင့်အပေါ်၌ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို ပြုပြင်ခဲ့ပြီ၊ ထိုမျှသာမဟုတ်၊ ယင်းကလည်း သင့်ကို ဉာဏ်ပွင့်စေပြီး ဖွင့်ပြခဲ့ပြီဖြစ်သည်။ သင် အပျက်သဘောဆောင်၍ အားနည်းသည့်အခါ ဘုရားသခင်သည် သင့်အတွက် စိုးရိမ်၏။ ဤအမှုတစ်ခုလုံးမှာ လူသားနှင့်ပတ်သက်သော အရာတိုင်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ထဲ၌ရှိကြောင်း သင့်အားသိစေရန်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို ဖယ်ရှားခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏ရည်ရွယ်ချက်များမှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားရန် ဖြစ်သည်။ သင့်အထဲ၌ရှိသော မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်း အလုံးစုံကို ဖယ်ရှားပြီး၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို စွန့်ပစ်ကာ၊ ထို့ပြင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ပေါ်လာပြီးနောက် စစ်မှန်သော ယုံကြည်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင်ကို ယုံကြည်တာဟာ သူ့ဆီကနေ ကောင်းချီးရဖို့အတွက် မဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ရတယ်။ အဓိကကတော့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားပြီး ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းကို ရရှိဖို့အတွက် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်းတွေကို တွေ့ကြုံဖို့ပါပဲ။ ကျွန်မ ယုံကြည်လာတဲ့ နှစ်တွေကို ပြန်တွေးကြည့်တော့၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးခြင်းနဲ့ ထောက်ပံ့ပေးခြင်းတွေကို ကျွန်မ အများကြီး ခံစားခဲ့ရပေမဲ့ သမ္မာတရားကိုတော့ မလိုက်စားခဲ့ဘူး။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ခံစားဖို့ပဲ အာရုံစိုက်နေခဲ့ပြီး ကျွန်မရဲ့ အသက်စိတ်သဘောထားက တစ်စက်လေးမှ မပြောင်းလဲခဲ့ဘူး။ အစ်မကောလီရဲ့ ရောဂါက ကျွန်မရဲ့ အခြေအနေကို တကယ်ပဲ ထုတ်ဖော်ပေးခဲ့တယ်။ ခုချိန်ကစပြီး ကျွန်မဆီ ရောက်လာတဲ့ ကိစ္စရပ်တွေမှာ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ကျွန်မ အာရုံစိုက်ရမယ်။ အထူးသဖြင့် ကိုယ့်အယူအဆနဲ့ မကိုက်ညီတဲ့ ကိစ္စတွေမှာ သမ္မာတရားကို ရှာဖွေရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိမြင်ရမယ်၊ ပြီးတော့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းရမယ်။ ဒီအရာတွေကို နားလည်လိုက်တာနဲ့ အနာဂတ်မှာ ကောင်းချီးရမလား၊ မရဘူးလား ဆိုတာကို ကျွန်မ မပူတော့ဘူး။ ယုံကြည်သူအသစ်တွေကို ကောင်းကောင်း ဘယ်လိုရေလောင်းပေးမလဲ၊ ဘုရားသခင် ကျေနပ်ဖို့ ကိုယ့်တာဝန်ကို ဘယ်လိုဖြည့်ဆည်းမလဲဆိုတာ တွေးရင်းနဲ့ ကိုယ့်တာဝန်မှာလည်း စိတ်နှလုံး နှစ်မြှုပ်ထားနိုင်ခဲ့တယ်။ နောင်မှာ ဘယ်လိုရောဂါ၊ ဘယ်လိုဒုက္ခမျိုးပဲ ကျရောက်ပါစေ၊ သမ္မာတရားကို လိုက်စားဖို့နဲ့ တာဝန်ကောင်းကောင်း ထမ်းဆောင်ဖို့ အာရုံစိုက်ရင်း ဘုရားသခင်ကို ကျိုးနွံနာခံတဲ့ စိတ်နှလုံးနဲ့ တွေ့ကြုံဖို့ ကျွန်မ လိုလားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ အစ်မကောလီနဲ့ ကျွန်မ ပြန်တွေ့တယ်။ သူ့လက်မောင်းတစ်ဖက် ဖြတ်ထားရပေမဲ့ ဧည့်ခံတာဝန်ကို သူ ဇွဲရှိရှိ ထမ်းဆောင်နေတုန်းပဲ။ လက်မောင်းဖြတ်လိုက်ရတာကို ရင်ဆိုင်ရတဲ့အပေါ် သူ့ခံစားချက်အကြောင်း ပြောကြတဲ့အခါ သူက တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မကို ပြောပြတယ်။ “ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အစ်မက အသက် ၇၀ ကျော်နေပြီ။ အစ်မနဲ့ တစ်ချိန်တည်း ရောဂါဖြစ်တဲ့ တခြားလူတွေဆို အကုန် ဆုံးသွားကြပြီ၊ အစ်မက အသက်ရှင်နေတုန်းပဲ။ ဒါက ဘုရားသခင်ရဲ့ အကြီးမားဆုံး ကွယ်ကာမှုပါ။ ကျွန်မ ဆိုးရွားတဲ့ ရောဂါဖြစ်ခဲ့ပေမဲ့၊ အဲဒီရောဂါကနေ အကျိုးအများကြီးရခဲ့တယ်။ ဒီတစ်သက်မှာ ဘုရားနှုတ်ကပတ်တော်တွေ အများကြီး ကြားခွင့်ရပြီး တာဝန်ထမ်းဆောင်နိုင်တာက လုံလောက်ပါပြီ။ ဒါ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။ အစ်မ တခြားဘာမှ မတောင်းဆိုတော့ပါဘူး။ အသက်ရှင်ရတဲ့ နေ့ရက်တိုင်းမှာ ဘုရားသခင် ကျေနပ်ဖို့ တာဝန်ထမ်းဆောင်နိုင်ဖို့ပဲ အစ်မ တောင်းဆိုပါတယ်”တဲ့။ အစ်မကောလီရဲ့ စကားတွေကို ကြားလိုက်ရတော့ ကျွန်မ ရှက်လည်းရှက်၊ အားလည်း တော်တော်ရှိသွားတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ရရှိခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရွှီလျန်၊ တရုတ်နိုင်ငံ၁၉၉၉ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ဆုံးသောကာလမှာ...
ရှောင်လမ်း၊ တရုတ်ပြည် ၂၀၁၄ ခုနှစ်မှာ၊ ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို မေလ ၂၈ ရက် ကျောက်ယွမ်အမှုနဲ့ပတ်သက်ပြီး...
ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...
“ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏...