ဘုရားသခင်အတွက် အစေခံခြင်းအမှု လုပ်ဆောင်ရန် ကျွန်တော် ကံကောင်းပါသည်

27.02.2021

ကမ်းရွှေ တောင်ကိုရီးယားနိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်)အစေခံသူများ၏ အချိန်ကာလမတိုင်မီတွင် လူသားသည် အသက်ကို လိုက်စားခြင်းအကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုကြောင်း၊ သို့မဟုတ် ဘုရားသခင့်အမှု၏ ဉာဏ်ပညာအကြောင်းတို့ကို နားလည်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်၏အမှုသည် လူသားကို စစ်ဆေးနိုင်ကြောင်းကိုလည်း သူနားမလည်ခဲ့ပေ။ အစေခံသူများ၏ အချိန်ကာလမှစ၍ ယနေ့ထိတိုင် လူသားသည် ဘုရားသခင်၏အမှုမှာ မည်မျှအံ့သြဖွယ်ကောင်းကြောင်း မြင်တွေ့ရသည်- ထိုအမှုသည် လူသားအတွက် ဉာဏ်မမီနိုင်အောင် နက်နဲ၏။ လူသားသည် ဘုရားသခင် အမှုပြုပုံကို သူ၏ဉာဏ်ကို အသုံးပြု၍ မစဉ်းစားနိုင်ပေ၊ ထို့ပြင် သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ မည်မျှနုနယ်ကြောင်းနှင့် သူ့ထံ၌ မနာခံမှု အလွန်များပြားနေကြောင်းကိုလည်း သူမြင်တွေ့ရသည်။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သောအခါ ယင်းသည် အကျိုးသက်ရောက်မှု တစ်ခုရရှိရန် ဖြစ်ပြီး လူသားကို သူ မကွပ်မျက်ခဲ့ပေ။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ သူသည် နှုတ်ကပတ်တော်အားဖြင့်သာ ကျိန်ဆဲခဲ့ခြင်းဖြစ်ပြီး သူ၏ကျိန်ဆဲခြင်းများသည် လူသားအပေါ် အမှန်တကယ် မကျရောက်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကျိန်ဆဲခဲ့သည်မှာ လူသား၏ မနာခံခြင်းကို ဖြစ်သောကြောင့်ဖြစ်၏၊ ထို့ကြောင့် သူ၏ကျိန်ဆဲခြင်း နှုတ်ကပတ်တော်များမှာလည်း လူသားကို စုံလင်အောင်ပြုရန်ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူသားကို တရားစီရင်သည်ဖြစ်စေ၊ ကျိန်ဆဲသည်ဖြစ်စေ နှစ်ခုစလုံးသည် လူသားကိုစုံလင်စေ၏။ လူသားအတွင်း၌ မသန့်ရှင်းသောအရာကို စုံလင်စေရန် ထိုနှစ်ခုစလုံးကို ပြုခဲ့ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် လူသားသည် စစ်ဆေးခြင်းခံခဲ့ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် အမှုအားဖြင့် လူသားအတွင်း၌ ချို့တဲ့နေသောအရာသည် စုံလင်စေခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည်ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရားသခင်၏သိမ်းပိုက်ခြင်းကို ခံထားရခြင်း အဖြစ် မှတ်ယူ၍ ရသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဤဘုရားနှုတ်ကပတ်တော်များက ကျွန်တော့်ကို တကယ်တို့ထိပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုသည် လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့သက်သက်သည်ကို ကျွန်တော် ခံစား၍ရနိုင်သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လက်ခံပြီးသည့်နောက် အစေခံသူများနှင့်သက်ဆိုင်သော စမ်းသပ်မှုဖြစ်သည့် ကျွန်တော် ဖြတ်သန်းခဲ့ရသော ပထမဆုံး စမ်းသပ်မှုကို ကျွန်တော် မစဉ်းစားဘဲမနေနိုင်ခဲ့ပါ။

၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလတွင် ခါတိုင်းကဲ့သို့ ဝတ်ပြုအစည်းအဝေးတစ်ခုကို ကျွန်တော် တက်ရောက်နေချိန်တွင် ညီအစ်ကိုတစ်ဦးက၊ “သန့်ရှင်းသော ဝိညာဉ်တော်က နှုတ်ကပတ်တော်တွေကို မိန့်မြွက်ခဲ့ပြီ”ဟု ပျော်ရွှင်စွာ ပြောခဲ့သည်။ ထို့နောက်တွင် ညီအစ်ကို မောင်နှမများက စတင်ဖတ်ရှုခဲ့ကြသည်- “ချီးမွမ်းခြင်းသည် ဇိအုန်သို့ရောက်လာပြီဖြစ်ကာ ဘုရားသခင်၏ ကျိန်းဝပ်တော်မူရာအရပ်သည် ပေါ်ထွန်းလာပြီးဖြစ်သည်။ လူမျိုးခပ်သိမ်း၏ ချီးမွမ်းခြင်းခံရသော ဘုန်းကြီးသည့် သန့်ရှင်းသောနာမသည် ပျံ့နှံ့လျက်ရှိသည်။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ စကြဝဠာ၏ဦးသျှောင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်- သူသည် ဘုန်းတန်ခိုးအာနုဘော်နှင့် ကြီးကျယ်ခမ်းနားခြင်းတို့ဖြင့် စကြဝဠာတစ်ခုလုံးအပေါ်လွှမ်းမိုးသည့် ဇိအုန်တောင်အထက်တွင် ပေါ်ထွက်နေသော တောက်ပနေသည့်နေမင်းဖြစ်၏...” “ကိုယ်တော်သည် အောင်မြင်သောသူတစ်စုကို ပြုလုပ်ပြီးဖြစ်ကာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေလေပြီ။ လူမျိုးခပ်သိမ်းသည် ဤတောင်သို့ စုဝေးကြလိမ့်မည်။ လူမျိုးခပ်သိမ်းသည် ပလ္လင်တော်ရှေ့တွင် ဒူးထောက်ကြလိမ့်မည်။ ကိုယ်တော်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်တော်မူပြီး ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်းတို့ ထိုက်တန်ပါ၏။ ဘုန်းအသရေ၊ ချီးမွမ်းခြင်းနှင့် ဩဇာအာဏာအားလုံးတို့သည် ပလ္လင်တော်၌ ရှိစေသတည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁)) ဤအရာကို ထိုအချိန်က ကျွန်တော် လုံးဝ နားမလည်ခဲ့သော်လည်း၊ ကြားလိုက်ရချိန်တွင်၊ အလွန်ထူးခြားပြီး အလွန် တို့ထိမှုရှိကာ မည်သည့် လူသားကမျှ ထိုသို့သော စကားများ ပြောနိုင်မည်မဟုတ်သည်ကို ခံစားခဲ့ရသည်။ ဤစကားများက ဘုရားသခင်ထံမှ လာသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိန့်မြွက်ချက်များ ဖြစ်သည်ကို ကျွန်တော် သေချာသွားခဲ့သည်။ ထို့နောက်တွင် ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားများစွာနှင့် သမ္မာကျမ်းစာ၏ နက်နဲမှုများကို ထုတ်ဖော်ပြသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အသက်ထဲသို့ ဝင်ရောက်ခြင်း လမ်းကြောင်းကိုလည်း ကျွန်တော်တို့ကို ဖွင့်ဟခဲ့သည့် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များ တစ်ခန်းပြီး တစ်ခန်း ကျွန်တော်တို့ အသင်းတော်ဆီသို့ တစ်ချိန်လုံး ရောက်လာနေခဲ့သည်။ ထိုချိန်အတောအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များကို ဖတ်ဖို့ နေ့တိုင်းနီးပါး ဝတ်ပြုအစည်းအဝေး ရှိခဲ့သည်။ ကျွန်တော်တို့၏ စိတ်နှလုံးများအတွက် အလွန် အထောက်အပံ့ဖြစ်ပြီး အာဟာရဖြစ်ခဲ့သည်။ လူတိုင်းက ဝမ်းမြောက် ပျော်ရွှင်မှုထဲတွင် နစ်မြုပ်နေကြပြီး အလွန် ကောင်းချီမခံစားခဲ့ရသည်။ ကျွန်တော်တို့သည် ဘုရားသခင်ရှေ့သို့ ချီဆောင်ခံရပြီးဖြစ်သူများတွင် ပထမဆုံးဖြစ်သည်၊ ဘုရားသခင် ပြုလုပ်မည့် အောင်မြင်သောသူများ ဖြစ်သည်၊ ကောင်းကင်နိုင်ငံတော်တွင် သေချာပေါက် ဝေစုတစ်ခု ရှိကာ ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများကို လက်ခံရရှိရန် ထိုက်တန်လိမ့်မည်ဟု ကျွန်တော်တို့အားလုံး ထင်ခဲ့ကြသည်။ ယုံကြည်ခြင်း အပြည့်ဖြင့်၊ ကျွန်တော်တို့အားလုံး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံခဲ့ကြသည်။ အချို့က သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များကို အပြင်းအထန် ကူးရေးကြသည်၊ အချို့က ထိုနှုတ်ကပတ်တောများကို ဓမ္မတေးသီချင်းများအဖြစ်သို့ ရေးသားနေကြသည်။ ဝတ်ပြုစည်းဝေးပွဲများတွင် ရှိနေစဉ် ညီအစ်ကို မောင်နှမအနည်းအကျဉ်း အဖမ်းခံခဲ့ရလျက်၊ ထိုအချိန်က ကျွန်တော်တို့၏ အခြေအနေများသည်လည်း တကယ်ကို စိတ်ဆင်းရဲခဲ့ရသည်။ ကျွန်တော် မတွန့်ဆုတ် သို့မဟုတ် မကြောက်ရွံ့ခဲ့ဘဲ၊ ဘုရားသခင်အတွက် စိတ်ထက်သန်စွာဖြင့် မိမိကိုယ်ကိုယ် အသုံးတော်ခံမြဲခံနေခဲ့ပါသည်။

ကောင်းချီးခံစားရခြင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရခြင်း မျှော်လင့်ချက်များဖြင့် ကျွန်တော် ပြည့်နေစဉ်တွင်ပင်၊ ဘုရားသခင်က နှုတ်ကပတ်တော်သစ်များကို မိန့်မြွက်ပြီး အစေခံသူများနှင့် သက်ဆိုင်သည့် စမ်းသပ်မှုကို စတင်လိုက်လေသည်။ အောက်တိုဘာလ ရက်တစ်ရက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် မိန့်မြွက်သည့် နှုတ်ကပတ်တော်သစ်များကို သွားယူဖို့ ၂၅ မိုင်အကွာက အသင်းတော်တစ်ခုဆီသို့ သွားရန် ကျွန်တော့်ကို သတိပေးခံခဲ့ရသည်။ အလွန်ကောင်းမွန်သည့် သတင်းရှိရမည်ဟု ကျွန်တော် တွေးခဲ့သည်၊ ထို့ကြောင့် စိတ်လှုပ်ရှားစွာ ကျွန်တော့် စက်ဘီးပေါ်တက်ပြီး ဝတ်ပြုအစည်းအဝေး နေရာဆီသို့ သံစဉ်တစ်ခု ညည်းရင်းနှင့် အားအင်အပြည့်ဖြင့် စီးသွားလိုက်သည်။ အံ့သြစရာကောင်းသည်မှာ၊ ကျွန်တော် ရောက်သွားချိန်တွင် ကျွန်တော်၏ ညီအစ်ကို မောင်နှမများကို သောကရောက်နေကြသည့်ပုံဖြင့် တွေ့ရပြီး အားလုံးက ခေါင်းများကို ငိုက်စိုက်ချထားကြလေသည်။ ညီအစ်ကိုတစ်ဦးက၊ “သန့်ရှင်းသော ဝိညာဉ်တော်က နှုတ်ကပတ်တော်တွေ မိန့်မြွက်ခဲ့တယ်။ ကျွန်တော်တို့အားလုံးက အစေခံသူတွေလို့ ဘုရားသခင်က ပြောတယ်”ဟု ကျွန်တော်ထံ ပြောလေသည်။ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်လျက်၊ ညီမတစ်ဦးက၊ “သမီးတို့အားလုံးက အစေခံသူတွေပဲ။ တရုတ်လူမျိုးတွေက အစေခံဖို့အတွက်ပဲဖြစ်ပြီးတော့ ဘာကောင်းချီးမှ ရမှာမဟုတ်ဘူး”ဟု ပြောလေသည်။ ထိုအရာ မှန်ခဲ့သည်ကို ကျွန်တော် မယုံနိုင်ခဲ့ပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များကို ဖတ်ဖို့ ကျွန်တော် အပြေးအလွှားသွားခဲ့ပြီး ဘုရားသခင်ထံ ဤနှုတ်ကပတ်တော်များကို ဖတ်ခဲ့ရသည်- “တရုတ်ပြည်တွင်၊ ငါ၏ သားဦးများနှင့် ငါ၏ လူတို့မှလွဲ၍ အခြားသူအားလုံးတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးဖြစ်ကြပြီး စွန့်ပစ်ခံရမည် ဖြစ်သည်ကို သင်တို့ နားလည်ရမည်။ အဆုံးတွင်တော့ တရုတ်ပြည်သည် ငါ၏ကျိန်ခြင်းခံရသော တိုင်းနိုင်ငံတစ်ခု ဖြစ်ပြီး၊ ထိုနေရာက အနည်းငယ်သော ငါ၏လူများသည် ငါ၏အနာဂတ်အမှုအတွက် အစေခံမှု ပေးသော သူတို့ထက် ဘာမျှမပိုသည်ကို၊ သင်တို့အားလုံး နားလည်ရမည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင်၊ ငါ၏ သားဦးတို့မှလွဲ၍၊ အခြားမည်သူမျှ မရှိ— ၎င်းတို့သည် ပျက်စီးဆုံးရှုံးဖိုသာ ဖြစ်သည်။ ငါ၏ လုပ်ဆောင်မှုများ၌ ငါသည် အလွန် အစွန်းရောက်သည်ဟု မထင်နှင့်— ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်။ ငါ၏ ကျိန်ခြင်းများကို ခံစားရသော သူများသည် ငါ၏အမုန်းတရားကို ခံရသူများ ဖြစ်ကြပြီး၊ ဤအရာသည် ခိုင်မာလွန်းလှ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၉၅)) ဤအရာကို ဖတ်လိုက်ရခြင်းက ကျွန်တော့်ကို ကြက်သေသေသွားစေရစ်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များတွင် အစေခံသူများကို အကြိမ်များစွာ ဖော်ပြထားခဲ့ပြီး ဖြစ်ကာ ယင်းကို မယုံကြည်သူများအား ဆိုလိုသည်ဟု ကျွန်တော် အ‌မြဲ တွေးခဲ့သည်။ သို့သော် လက်စသတ်တော့ ယင်းမှာ ကျွန်တော်တို့အကြောင်း ဖြစ်နေခဲ့ပါသည်။ တရုတ်လူမျိုးများသည် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရမည့် အစေခံသူများဖြစ်ပြီး၊ မိမိတို့၏ အစေခံခြင်း ပြီးဆုံးသည့်အခါ အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခံရမည်ဟု ဆိုထားသည်။ ကျွန်တော့် တစ်ကိုယ်လုံး အားလျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျွန်တော် အစေခံသူတစ်ဦးဖြစ်ခဲ့သည်ကို လုံးဝ ထင်မထားခဲ့ပါ။ ထိုယုံကြည်ခြင်း နှစ်များအားလုံးသည် အချည်းနှီးအတွက် ဖြစ်ခဲ့ပြီလား။ ကောင်းကင်နိုင်ငံတော်တွင် ကျွန်တော် ကောင်းချီးမခံစားရမည်သာမက၊ အနက်ဆုံးသော တွင်းထဲသို့ ကျွန်တော် ပစ်ချခံရဦးမည်ဖြစ်သည်။ ချောက်နက်ကြီးထဲသို့ ပစ်ချခံလိုက်ရသကဲ့သို့ ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော် စိတ်မချမ်းမြေ့ဖြစ်ကာ စောဒကတက်မှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။ သခင့်နောက်လိုက်ရန် ကျွန်တော့်၏ ပညာရေးကို စွန့်လွှတ်ခဲ့ပြီးဖြစ်ပုံ၊ လောကီလူများက ကျွန်တော့်ကို လှောင်ပြောင်ခဲ့ပုံ၊ ကျွန်တော့် မိတ်ဆွေများနှင့် မိသားစုများက နားမလည်နိုင်ခဲ့ပုံနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ညှဉ်းပန်းနှိပ်စက်မှုအကြောင်းနှင့် ကြိမ်ဖန်များစွာ ဖမ်းဆီးခြင်းကို သီသီလေး ကျွန်တော် လွတ်မြောက်ခဲ့သော်လည်း၊ ကျွန်တော် လုံးဝ နောက်မတွန့်ခဲ့ဘဲ ထိုအစား မိမိကိုယ်ကိုယ် ဆက်လက် အသုံးတော်ခံကာ စွန့်လွှတ်အနစ်နာခံမှုများ ပြုခဲ့ပုံတို့ကို ကျွန်တော် တွေးမိခဲ့သည်။ ကျွန်တော် အလွန်များစွာ ဆင်းရဲဒုက္ခခံခဲ့ရပြီး ဖြစ်သည်။ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်တော် ရောက်ရှိမည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများကို ခံစားရမည်ဟု ကျွန်တော် တွေးခဲ့သော်လည်း၊ ယခုတွင် ကျွန်တော်သည် နှိမ့်ကျသည့် အစေခံသူတစ်ဦး ဖြစ်ခဲ့သည်။ ကျွန်တော် ထိုအရာကို နားမလည်နိုင်ခဲ့ပါ။ စိတ်ပျက်မှုဖြင့် သက်ပြင်းများချရင်း ထိုနေရာတွင် ကျွန်တော် ခဏထိုင်နေခဲ့သည်။ အခြား ညီအစ်ကို မောင်နှမများသည် မိမိတို့၏ ခေါင်းများ ငိုက်စိုက်ကျနေကြသည်၊ အချို့က မျက်ရည်များကျကြသည်၊ အချို့က မျက်နှာကို အုပ်ပြီး စတင်အော်ငိုကြပြီး အချို့သော ညီအစ်ကို မောင်နှမများသည် ကျယ်လောင်စွာပင် ငိုကြွေးကြလေသည်။

ဝတ်ပြုအစည်းအဝေးပြီးသည့်နောက် အိမ်အပြန်လမ်းတွင် စက်ဘီးစီးဖို့ ခွန်အား မရှိသလောက် ဖြစ်ခဲ့သည်။ လမ်းတစ်လျှောက်လုံး ကျွန်တော် စဉ်းစားခဲ့သည်မှာ၊ “ငါက ဘယ်လိုဖြစ်ပြီး အစေခံသူ ဖြစ်ရတာလဲ” ဟူ၍ ဖြစ်သည်။ ထိုအရာကို ကျွန်တော် စဉ်းစားလေလေ၊ မတရားခံရသကဲ့သို့ ခံစားရလေလေ ဖြစ်ပြီး ကျွန်တော့် မျက်ရည်များက ကျမြဲကျလာနေခဲ့သည်။ အိမ်ပြန်ရောက်ချိန်တွင်၊ မည်သည့်အရာကိုမျှ လုပ်ဖို့ စိတ်မပါခဲ့သကဲ့သို့၊ ကျွန်တော် လမ်းလျှောက်နေချိန်တွင်ပင် မည်သူနှင့်မျှ စကားပြောရန် လိုလားနေခြင်းမရှိဘဲလျက်၊ ခေါင်းငိုက်စိုက်ကျနေခဲ့သည်။ အသက်ရှူရခြင်းပင်လျင် ပင်ပန်းနေသကဲ့သို့ ခံစားရခဲ့သည်။ အဆုံးတွင် မည်သည့်ကောင်းချီးမျှ မရရှိမည့် အစေခံသူတစ်ဦးဖြစ်ဖို့ကို ကျွန်တော် လက်ကိုမခံနိုင်ခဲ့ပါ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ခန်းပြီး တစ်ခန်း ထုတ်ပြန်လာနေခဲ့ပြီး၊ သူ၏ နှုတ်ကပတ်တော်များတွင် ကျွန်တော့် ရလဒ် ပြောင်းလဲနိုင်မည့် မျှော်လင့်ချက် အနည်းငယ်မျှ ရှိဖို့ တောင့်တရင်း၊ တစ်ခုချင်းစီကို ကျွန်တော် စိတ်အားထက်သန်စွာ ဖတ်ရှုခဲ့သည်။ သို့သော် ကျွန်တော် မျှော်လင့်ခဲ့သည့် ကောင်းချီးများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ကျွန်တော် မမြင်ခဲ့ရုံသာမက၊ အားလုံးက ကြမ်းတမ်းသည့် တရားစီရင်မှုသာ ဖြစ်ခဲ့သည်။ အထူးသဖြင့် အချို့ ဘုရားနှုတ်ကပတ်တော်များက၊ ဤသို့ ပြောထားသည်- “နတ်ဆိုးကို အစေခံမှုပေးသောသူများနှင့် နတ်ဆိုးနှင့် သက်ဆိုင်သော သူများသည် ဝိညာဉ်မဲ့ လူသေများ ဖြစ်ကြပြီး၊ ၎င်းတို့အားလုံး ရုပ်သိမ်းခံရမည်ဖြစ်ကာ ဘာမှမရှိခြင်း ဖြစ်စေရမည်ဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲခြင်းတစ်ခု ဖြစ်ပြီး၊ လူသားမျိုးနွယ် ဉာဏ်မမှီနိုင်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင် ငါသည် ဤအရာကို အယောက်တိုင်းထံ လူသိရှင်ကြား ဖြစ်စေပြီးဖြစ်သည်။ ငါနှင့် သက်ဆိုင်ခြင်း မရှိသူများသည် ငါ့ကို ဆန့်ကျင်ကြပေသည်။ ငါနှင့် သက်ဆိုင်သော သူများမှာ ငါနှင့် သဟဇာတဖြစ်သောသူများ ဖြစ်သည်။ ဤသည်မှာ လုံးဝ ငြင်း၍မရနိုင်သည့်အရာဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည့် ငါ၏ တရားစီရင်ခြင်း နောက်ကွယ်က အခြေခံသဘောတရား ဖြစ်သည်။ ၎င်းတို့အနေဖြင့် ငါ၏ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှုကို မြင်နိုင်ကြဖို့အလို့ငှာ၊ ဤအခြေခံ သဘောတရားကို လူတိုင်းအား သိစေသင့်ပေသည်။ စာတန်ထံမှ လာသော သူအားလုံးသည် တရားစီရင်ခံရမည်၊ မီးရှို့သတ် ခံရမည်ဖြစ်ပြီး ပြာအဖြစ်သို့ ပြောင်းလဲ သွားရလိမ့်မည်။ ဤသည်မှာလည်း ငါ၏ အမျက်ဒေါသ ဖြစ်ပြီး၊ ဤအရာမှ ငါ၏ စိတ်သဘောထားသည် တိုး၍ ပေါ်လွင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၈))ယနေ့ ငါ့အတွက် အစေခံမှု လုပ်ဆောင်ပြီးနောက်တွင်၊ ၎င်းတို့အားလုံး စွန့်ခွာကြရမည်။ ငါ၏ အိမ်တော်၌ ယောင်ပေပေမလုပ်ကြနှင့်။ သင်တို့၏ အတောမသတ်သော အရှက်မဲ့သည့် ကပ်ပါးရပ်ပါးလုပ်ခြင်းကို ရပ်လော့။ စာတန်နှင့်သက်ဆိုင်သော သူများအားလုံးသည် နတ်ဆိုး၏ သားများ ဖြစ်ကြပြီး၊ ထာဝရ ပျက်စီးကြရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၉)) အစေခံသူများကို ဘုရားသခင်က တရားစီရင်ခြင်းနှင့် ကျိန်ခြင်းတို့ကို မြင်နေရလျက်၊ မျှော်လင့်ချက်အားလုံး ကျွန်တော် ပျောက်ဆုံးသွားခဲ့ပြီး၊ အနက်ဆုံးသော တွင်းထဲသို့ ကျွန်တော် တည့်တည့်ကျသွားခဲ့ပြီးဖြစ်သည်ဟု ကျွန်တော် တကယ်ကို ခံစားခဲ့ရသည်။ ထိုဆင်းရဲဒုက္ခ၏ ခံစားချက်ကို မည်သို့ပြောပြရမှန်းပင် ကျွန်တော် မသိပါ။ ဘုရားသခင်၏ ချစ်ခြင်းတွင် မွေ့လျော်နေရင်း၊ ဘုရားသခင်၏ ပွေ့ဖက်မှုထဲတွင် ရှိနေခဲ့သော်လည်း၊ ယခုတွင် ဘုရားသခင်၏ ခါချခြင်း ခံခဲ့ရပြီ၊ ရှုတ်ချခံခဲ့ရပြီးဖြစ်ကာ ကျိန်ခြင်းခံခဲ့ရပြီး အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခြင်းခံရပြီး ဖြစ်ပုံအကြောင်းကို ကျွန်တော် တွေးမိခဲ့သည်။ ဆင်းရဲဒုက္ခနှင့်ဆိုင်သည့် စစ်ဆေးမှုထဲသို့ ကျွန်တော် သက်ဆင်းကျရောက်သွားခဲ့ပြီး၊ အလွန် အပျက်သဘောဆောင်လာခဲ့သည်။ ဆုတောင်းဖို့၊ ဓမ္မတေးသီချင်းများ နားထောင်ဖို့ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ဖို့ အင်အားမရှိခဲ့ပါ။ ကျွန်တော် ယခင်က စိုက်ထုတ်ကာ အနစ်နာခံခဲ့သည့် အရာတိုင်းကိုပင် စတင် နောင်တရလာခဲ့သည်။ ထိုကဲ့သို့ ဖြစ်လာမည်ကို ကျွန်တော် သိခဲ့ပါက၊ ကျွန်တော် ချန်နေရစ်ခဲ့မိမည်ဖြစ်သည်။ သို့သော် ယခုတွင် ကျွန်တော့်တွင် မည်သည့်အရာမျှ မကျန်ရှိတော့ပါ။ ကျွန်တော့်အနေဖြင့် အစေခံသူတစ်ဦးဖြစ်လာကာ လက်ဗလာဖြင့် အဆုံးသတ်ရမည်ကို ကျွန်တော့်၏ မယုံကြည်သူ မိတ်ဆွေများနှင့် မိသားစုဝင်များကသာ သိသွားခဲ့ပါက၊ ကျွန်တော့်ကို မရပ်မနား လှောင်ပြောင်ကြမည် မဟုတ်ပါလား။ ကျွန်တော့် မျက်နှာကို မည်သို့ပြရမည်နည်း။ ကျွန်တော် မည်သည့်အရာ လုပ်ဆောင်နိုင်မည်နည်း။ ထိုအရာကို ကျွန်တော် စဉ်းစားခဲ့ချိန်တွင်၊ တကယ်ကို အပြစ်တင်ခြင်းခံစားခဲ့ရသည်။ ကျွန်တော့်၏ ယုံကြည်ခြင်း နှစ်ကာလများတစ်လျှောက်လုံးကို စဉ်းစားသည့်အခါ၊ ကျွန်တော် အနည်းငယ် ဆင်းရဲဒုက္ခခံခဲ့ရပြီးဖြစ်သော်လည်း၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို များစွာ ကျွန်တော် မွေ့လျော်ခဲ့ရပြီး ဖြစ်သည်။ ယနေ့တွင် သူ၏ အသစ်သော နှုတ်ကပတ်တော်များကို ကြားရဖို့ ဘုရားသခင်၏ မြှင့်တင်ခြင်းကို ကျွန်တော် ခံခဲ့ရပြီဖြစ်ကာ နက်နဲမှုများနှင့် သမ္မာတရားများစွာကို ကျွန်တော် သင်ယူခဲ့ရပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်ထံမှ ကျွန်တော် မစွန့်ခွာနိုင်ခဲ့ပါ။

နာကျင်မှုတွင် ကျွန်တော်တို့ အသက်ရှင်နေခဲ့ကြစဉ်တွင်ပင်၊ ဝတ်ပြုအစည်းအဝေးတစ်ခု၌ ဤဘုရားနှုတ်ကပတ်တော်များကို ဖတ်ခဲ့ကြသည်- “သင်တို့၌ ရှိသမျှသော ခွန်အားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် ငါ့အား အစွမ်းကုန်ပေးအပ်သည်ကိုသာ ငါအလိုရှိ၏။ ယနေ့ဖြစ်စေ၊ မနက်ဖြန်ဖြစ်စေ၊ သင်တို့သည် ငါ့ကို အစေခံသောသူတစ်ဦး ဖြစ်သည်ဖြစ်စေ၊ ကောင်းချီးမင်္ဂလာများ ရရှိသူတစ်ဦး ဖြစ်သည်ဖြစ်စေ၊ သင်တို့အားလုံးသည် သင်တို့၏ခွန်အား ပမာဏကို ငါ၏နိုင်ငံတော်အတွက် အသုံးပြုသင့်ကြ၏။ ဤသည်မှာ ခမ်သိမ်းသော ဖန်ဆင်းခံလူတို့ လက်ခံရမည့် တာဝန်ဝတ္တရားတစ်ခုဖြစ်ပြီး၊ ယင်းကို ဤနည်းလမ်းဖြင့် လုပ်ဆောင်ကာ အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ငါ့နိုင်ငံတော်၏အလှတရားကို အမြဲသစ်လွင်နေစေရန်နှင့် ငါ၏အိမ်တော်သည် ညီညွတ်ကာ စည်းလုံးနေစေရန်အတွက် အစေခံကြဖို့အလို့ငှာ ခပ်သိမ်းသောအရာတို့ကို ငါဆော်သြစည်းရုံးမည်။ အဘယ်သူကိုမျှ ငါ့အား အာခံခွင့်မပြု၊ ထိုသို့အာခံသောသူတို့သည် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းကို ခံရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၀)) ထိုအချိန်က အသင်းတော် ခေါင်းဆောင်ကလည်း အထက်က ညီအစ်ကို၏ မိတ်သဟာယအချို့ကို ဝေမျှခဲ့သည်။ “လူတော်တော် များများက အစေခံသူတစ်ယောက် ဖြစ်ရတာကို ရှက်စရာလို့ ခံစားကြတယ်၊ ဒါပေမဲ့ အဲဒါဟာ လုံးလုံးမှားနေတယ်။ ကျွန်တော်တို့ ဒီနေ့မှာ ဘုရားသခင်ကို အစေခံမှု ပေးနိုင်တာဟာ သူ့ရဲ့ ကြိုတင်ပြဌာန်းထားပြီးသား အရာတစ်ခုဖြစ်တယ်၊ ပြီးတော့ အဲဒီထက်ပိုပြီး၊ ကျွန်တော်တို့က အဲဒီလိုလုပ်ဖို့အတွက် ဘုရားသခင်ရဲ့ ရွေးချယ်ခံထားရတာ ဖြစ်တယ်။ အမှန်တော့ အထွတ်အထိပ်ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဖြစ်တဲ့ ဘုရားသခင်ကို အစေခံမှုပေးတာဟာ တော်တော် ဂုဏ်ရှိတဲ့ အရာတစ်ခုဖြစ်တယ်။ ကျွန်တော်တို့က စာတန်ရဲ့ ဖောက်ပြန် ဖျက်ဆီးတာကို နက်နက်ရှိုင်းရှိုင်း ခံထားရတဲ့ လူသားတွေဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ၊ ကျွန်တော်တို့က အရမ်း သေးငယ်တဲ့ သတ္တဝါလေးတွေသာ ဖြစ်တယ်။ ဘယ်သူက ဘုရားသခင်အတွက် အစေခံဖို့ သင့်တော်သလဲ။ လူသားမျိုးနွယ် အားလုံးထဲမှာ ကျွန်တော်တို့ဟာ သူ့အတွက် အစေခံမှု လုပ်ဆောင်ဖို့ ဘုရားသခင် ရွေးချယ်ခဲ့တဲ့သူတွေ ဖြစ်တယ်။ ကျွန်တော်တို့က အများကြီး ရရှိပြီးပြီ၊ ပြီးတော့ ဒါဟာ တကယ့်ကို ဘုရားသခင်ဆီက ကြီးမားတဲ့ ချီးမြှောက်ခြင်းတစ်ခု ဖြစ်တယ်။ ဒါဟာ အမျှတဆုံး ပြောဆိုချက်ဖြစ်ပြီး၊ ကျွန်တော်တို့ ဒါကို နားမလည်နိုင်ဘူးဆိုရင်၊ ကျွန်တော်တို့ဟာ ဆင်ခြင်တုံရားအားလုံးကို ကျော်လွန်ပြီး မာနထောင်လွှားနေတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ဘုရားသခင်က လူ့သဘာဝ လုံးလုံးမရှိတဲ့ ကျွန်တော်တို့ကို သူ့ကို အစေခံဖို့ ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော်က ဘယ်လောက် အရှက်ရခြင်းကို ခံစားခဲ့ရလဲ ဆိုတာ မိတ်ဆွေ သိပါသလား။ ကိုယ်တော်က ကျွန်တော်တို့လို ဖောက်ပြန်ပျက်စီးတဲ့ လူတွေနဲ့ နေ့တိုင်း ရင်ဆိုင်ရပေမဲ့၊ ကျွန်တော်တို့ထဲက ဘယ်သူကများ ဘုရားသခင် ခံစားခဲ့ရတဲ့ ကြီးမားတဲ့ အရှက်ရခြင်း အတွက် ဘာတစ်ခုတစ်လေများ တွေးပေးဖူးလဲ။ ကျွန်တော်တို့က ကိုယ်တော့်ကို အမြဲတမ်း ဆန့်ကျင်ပုန်ကန်ပြီး အာခံတယ်၊ ကျွန်တော်တို့ရဲ့ အယူအဆတွေ၊ စိတ်ကူးတွေနဲ့ ကိုယ်တော့်ကို ဝေဖန်ကြတယ်၊ ပြီးတော့ ကျွန်တော်တို့က ကိုယ်တော့်စိတ်နှလုံးကို ကွဲကြေစေခဲ့ကြတယ်။ ဘုရားသခင်က ဘယ်လောက် သောကရောက်ခဲ့ရလဲ။ အမှန်ပြောရရင်၊ ကျွန်တော်တို့က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေကြပြီး၊ ကိုယ်တော့်အတွက် ကျွန်တော်တို့ အစေခံမှု လုပ်ဆောင်ချိန်မှာ၊ သူ့ရဲ့ သတ်မှတ်ချက်တွေကို ကျွန်တော်တို့ မပြည့်မီပါဘူး။ အဲဒီလို အပြုအမူနဲ့၊ ကျွန်တော်တို့က ဘုရားသခင်ကို အစေခံမှု ပေးအပ်ဖို့တောင် မသင့်တော်ကြပါဘူး။ ကျွန်တော်တို့က သူ့ရဲ့လူတွေဖြစ်ဖို့ ဘယ်လိုလုပ်ပြီး သင့်တော်မှာလဲ။” ဤအရာကို ကြားရခြင်းက ကျွန်တော့်ကို နိုးထစေခဲ့သည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး အထွတ်အထိပ်ဖြစ်သည်။ ကျွန်တော်က နှိမ့်ကျကာ သေးနုတ်သည်၊ ထို့ကြောင့် သူ့အတွက် အစေခံမှု လုပ်ဆောင်နိုင်ခြင်းသည် ဘုရားသခင်၏ မြှင့်တင်ပေးခြင်းနှင့် ကြင်နာခြင်းဖြစ်သည်။ သို့သော် အစေခံတစ်ဦးဖြစ်ခြင်းက နှိမ့်ကျသည်ဟု ယုံကြည်ရင်း၊ ကျွန်တော့်၏ ကိုယ်ပိုင် လက္ခဏာနှင့် အဆင့်အတန်းကို ကျွန်တော် မသိခဲ့သကဲ့သို့၊ ဘုရားသခင်အတွက် ထိုသို့ လုပ်ဆောင်ဖို့ လိုလားမနေခဲ့ပါ။ ကျွန်တော် အလွန် မာနထောင်လွှားပြီး ဆင်ခြင်တုံတရား မရှိခဲ့ပါ။ ပြန်စဉ်းစားကြည့်သည့်အခါ၊ စွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်ရင်းနှင့် မိမိကိုယ်ကိုယ် အသုံးတော်ခံရင်း၊ စိတ်အားထက်သန်စွာ ကျွန်တော် လိုက်စားခဲ့သော်လည်း၊ ယင်းမှာ ကောင်းချီးများ ရရှိဖို့၊ ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို မွေ့လျော်ခံစားဖို့သာ ဖြစ်ခဲ့သည်။ လူသားအတွက် ကတိတော်များ၊ ကောင်းချီးများနှင့် ဆိုင်သည့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့ရချိန်တွင်၊ တကယ်ကို စိတ်လှုံ့ဆော်ခြင်းခံလာခဲ့ရပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုကို ရင်ဆိုင်ရာတွင်ပင် ကျွန်တော် ရှေ့ဆက်‌မြဲ ရှေ့ဆက်သွားခဲ့သည်။ သို့သော် ကျွန်တော်တို့က အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခံရမသည့် အစေခံသူများဖြစ်သည့် ပြောထားသည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရချိန်တွင် ကျွန်တော် ဘုရားသခင်ကို စတင် စောဒကတက်ကာ အပြစ်တင်ခဲ့ပြီး၊ ဘုရားသခင်ကို သစ္စာဖောက်ကာ စွန့်ပစ်ခြင်းအကြောင်းကိုပင် တွေးမိခဲ့သည်။ ကျွန်တော်သည် အဘယ်သို့ စစ်မှန်သော ယုံကြည်သူမျိုးဖြစ်ခဲ့ပါသနည်း။ ကျွန်တော် ပေးခဲ့သည့်အရာ၊ စွန့်လွှတ်အနစ်နာခံပြီး အသုံးတော်ခံခဲ့သည့်အရာအားလုံးသည် ကျွန်တော့်၏ ရည်ရွယ်ချက်များနှင့် မဖြူစင်မှုများဖြင့် စွန်းထင်းနေခဲ့ပါသည်။ ယင်းမှာ ကောင်းချီးများရဖို့ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို လိမ်ညာဖို့၊ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ဖြစ်ခဲ့သည်။ ကျွန်တော် အလွန် တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး စက်ဆုပ်ဖွယ်ဖြစ်ခဲ့ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ၊ သူ့နှုတ်ကပတ်တော်များ၏ အာဟာရနှင့် ရေလောင်းခြင်းတို့ကို များစွာ မွေ့လျော်ခံစားခဲ့သော်လည်း၊ ထိုအရာ၌ ကျွန်တော့်အတွက် ကောင်းချီးများရှိသည်ကို မမြင်ခဲ့ချိန် ဘုရားကို သစ္စာဖောက်ချင်ခဲ့သည်။ ကျွန်တော်သည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်ခုတစ်လေ လုံးဝ ကင်းမဲ့နေခဲ့ပါသည်။ ဤအတွေးက ကျွန်တော့်ကို နောင်တ အပြည့်အဝနှင့် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း ခံစားရစ်စေခဲ့သည်။ ကျွန်တော်သည် အဆင်းနီသောနဂါးကြီး၏ သားသမီး ဖြစ်ခဲ့ပါသည်။ စာတန်နှင့် ကျွန်တော် သက်ဆိုင်ခဲ့ပြီး၊ ဘုရားသခင်၏ အိမ်တော်နှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ ကျွန်တော့်၏ ယုံကြည်ခြင်းသည်ပင် ကောင်းချီးခံစားရခြင်းအားဖြင့်သာ လှုံ့ဆော်ခံခဲ့ရခြင်း ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်ကာ သူ၏ စိတ်သဘောထားက မည်သည့်ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံပါ။ ဘုရားသခင်အပေါ် ကျွန်တော့်၏ အပြုအမူနှင့် သဘောထားဖြင့် အသက်ရှင်ရင်း၊ အစေခံသူတစ်ဦးဖြစ်ဖို့ပင် ကျွန်တော် မထိုက်တန်ခဲ့ပါ။ ကျွန်တော် ကျိန်ခြင်းခံရပြီးဖြစ်သင့်ကာ အချိန်ကြာမြင့်စွာက ငရဲသို့ ဘုရားသခင်၏ ပို့ခြင်း ခံရပြီး ဖြစ်သင့်သည်။ ဘုရားသခင်သည် ကျွန်တော့်ကို အပြစ်ပေးနေခြင်း မဟုတ်ဘဲ၊ သူ၏ မိန့်မြွက်ချက်များကို ကြားနာရန်၊ အသက်တာအတွက် သူ၏ အာဟာရကို လက်ခံရန်နှင့် အမြင့်ဆုံးသော ဘုရားသခင်အတွက် အစေခံမှု လုပ်ဆောင်ရန် အခွင့်အရေးတစ်ခု ရှိဖို့အလို့ငှာ၊ ဘုရားသခင်က ကျွန်တော့်ကို ဝင်သက်ထွက်သက်တိုင်းဖြင့် အသက်ရှင်ခွင့်ပေးနေခြင်း ဖြစ်ပါသည်။ ဤသည်မှာ ထူးခြားသော ချီးမြှောက်ခြင်း ဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်သင့်ပါသည်။ စောဒကတက်ဖို့ ကျွန်တော့်မှာ အဘယ်လုပ်ပိုင်ခွင့် ရှိပါသနည်း။ ဘုရားသခင်ကို ကျွန်တော် ကောင်းစွာ အစေခံမှု ပေးရမည်ဖြစ်သည်ကို ကျွန်တော် သိခဲ့သည်။

နိုဝင်ဘာလနောင်းပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်အသစ်များကို ပိုပြီး ကျွန်တော် လက်ခံရရှိခဲ့သည်။ ဘုရားသခင် ပြောသည်မှာ- “ဇိအုန်သို့ ငါ ပြန်ပြီးသည့်နောက်တွင် ကမ္ဘာမြေပေါ်၌ ရှိသောသူများသည် ယခင်ကကဲ့သို့ ငါ့ကို ဆက်လက် ချီးမွမ်းကြလိမ့်မည်။ သစ္စာရှိသော ထိုအစေခံသူများသည် ငါ့အား အစေခံဖို့ရန် ခါတိုင်းကဲ့သို့ပင် စောင့်ဆိုင်းကြမည် ဖြစ်သော်လည်း၊ ၎င်းတို့၏ အလုပ်တာဝန်သည် ဆုံးခန်းသို့ ရောက်လာလိမ့်မည်။ ၎င်းတို့ အကောင်းဆုံး လုပ်နိုင်သည်မှာ ကမ္ဘာမြေပေါ်၌ ငါရှိနေခြင်းနှင့်ဆိုင်သော အခြေအနေများကို စဉ်းစားချင့်ချိန်ရန် ဖြစ်သည်။ ထိုအချိန်၌ ငါသည် ဘေးဒုက္ခ ခံစားရမည့် သူများအပေါ်သို့ ဘေးဒဏ်ကို စတင် ကျရောက်စေမည် ဖြစ်၏၊ သို့သော် ငါသည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို အယောက်တိုင်းက ယုံကြည်ကြ၏။ ငါသည် သစ္စာရှိသော အစေခံသူများကို မုချ အပြစ်ပေးမည် မဟုတ်ဘဲ၊ ငါ၏ ကျေးဇူးတော်ကို ၎င်းတို့ရရှိခွင့်ကိုသာ ပေးမည်။ အကြောင်းမူကား၊ ငါသည် ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်းနှင့် ပြည့်စုံသော ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ကို ထုတ်ဖော်ပြလျက်၊ ဒုစရိုက်မှုပြုသူ အားလုံးကို ငါအပြစ်ပေးမည်ဖြစ်သကဲ့သို့၊ ကောင်းသော လုပ်ဆောင်ချက်များကို ဆောင်ရွက် သူတို့သည် ငါ ပေးအပ်သော ရုပ်ဝတ္ထုဆိုင်ရာ မွေ့လျော်မှုကို ရရှိကြလိမ့်မည်ဟု ငါ ဆိုထားပြီးဖြစ်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂၀)) ဘုရားသခင်က ကျွန်တော်တို့ကို လုံးဝ မစွန့်ပစ်ခဲ့သည်ကို ကျွန်တော် မြင်ခဲ့ရပြီး၊ ကျွန်တော်တို့အနေဖြင့် အဆင်းနီသော နဂါးကြီး၏ သားသမီးတွေဖြစ်သောကြောင့် သူက ကျွန်တော်တို့ကို အပြစ်ဒဏ်ပေးနေခဲ့သည် မဟုတ်ပါ။ ဘုရားသခင်သည် သူ့အတွက် ဆက်ကပ်အပ်နှံခြင်းရှိကာ သူ့ကို ကမ္ဘာမြေပေါ် ချီးမွမ်းသည့် အစေခံသူများဖြစ်ဖို့ ကျွန်တော်တို့ကို အခွင့်ပေးနေခဲ့ဆဲ ဖြစ်သည်။ ဤအရာက ကျွန်တော့်ကို နွေးထွေးသည့် ခံစားချက်တစ်ခုပေးခဲ့ပြီး၊ ကျွန်တော် တကယ်ကို အားရှိခဲ့ရသည်။ ဘုရားသခင်အတွက် အစေခံခြင်းအမှု လုပ်ဆောင်နိုင်ခြင်းက သူ၏ ချီးမြှောက်ခြင်းကို ခံရခြင်းဖြစ်ကာ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်ကို ကျွန်တော် တကယ် ခံစားခဲ့ရသည်။ ထိုအချိန်ကာလတစ်လျှောက်တွင် ဝတ်ပြုအစည်းအဝေးတိုင်း၌ “ဘုရားကို အစေခံခွင့်ရတာ ကျွန်ုပ်တို့ ၏ ကြွယ်ဝမှုဖြစ်သည်” ဟူသည့် ဓမ္မတေးသီချင်းကို ကျွန်တော်တို့ သီဆိုခဲ့ကြသည်- “နှုတ်ကပတ်တရားတော်၏ စစ်ကြောစီရင်ခြင်းဖြင့်သာ ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးနေကြောင်း သိမြင်ရသည်။ ကောင်းကြီးခံစားလိုသော စိတ်သဘောထားများပြည့်နက်နေသောအခါ ဘုရားသခင်၏ ရှေ့မှောက်၌ အသက်ရှင်ဖို့ ကျွန်ုပ်တို့ ထိုက်တန်ပေ။ ကောင်းကင်နိုင်ငံတော်ဝင်ရောက်ရန် မထိုက်တန်ပေမယ့် ဘုရား၏ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့ ဘုရားအတွက်အစေခံခွင့်ရ၏။ ကြွယ်ဝမှု သို့မဟုတ် ဘေးဒုက္ခတို့ကို ကျော်ဖြတ်၍ဖြစ်စေ၊ အဆုံးတိုင် အစေခံဖို့ကိုသာ ကျွန်ုပ် ဆန္ဒရှိပေ။ မထိုက်တန်ပေမယ့်လည်း၊ ယနေ့ ကျွန်ုပ်တို့ အစေခံ၊ ကျွန်ုပ်တို့၏ အဆုံးသတ် မည်သို့ရှိပါစေ၊ ကျွန်ုပ်သည် ဘုရားသခင်နောက်သို့ အဆုံးတိုင် လိုက်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သန့်စင်ဖို့ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုပြီး ကျွန်ုပ်တို့၏ ဆင်ခြင်တုံတရားနှင့် အသိစိတ်ကို ပြန်ရစေသည်။ အို ဘုရားအတွက် ကြိုးစားလုပ်ဆောင်ရန်၊ သူ၏အကြံအစည်နှင့်အစီအစဉ်များကို ကျိုးနွံနာခံရန်၊ ကျွန်ုပ်တို့ အသက်တာကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ရန်၊ သူ၏ဖြောင့်မတ်ခြင်းကို အစဉ် (ကျွန်ုပ်တို့) ချီးမွမ်းပါသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ)

ကျွန်တော်တို့အနေဖြင့် ဘုရားသခင်အတွက် အစေခံမှုလုပ်ဆောင်ရန် လိုလားနေခဲ့သည်နှင့်တစ်ပြိုင်နက်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က နှုတ်ကပတ်တော်အသစ်များကို မိန့်မြွက်ခဲ့သည်။ ဤအရာသည် ၁၉၉၂ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဖြစ်ခဲ့ပါသည်။ သူသည် ကျွန်တော်တို့အား နိုင်ငံတော်၏ လူများဖြစ်ဖို့ ချီးမြှောက်ခဲ့ကာ အစေခံသူများနှင့်သက်ဆိုင်သည့် စမ်းသပ်မှုကို ပြီးဆုံးစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်- “ယခုအခြေအနေသည် တစ်ချိန်ကဖြစ်ခဲ့သကဲ့သို့ မဟုတ်သကဲ့သို့၊ ငါ၏ အမှုသည် အသစ်သော စမှတ်တစ်ခုသို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ ထိုသို့ဖြစ်နေသဖြင့်၊ အသစ်သော ချဉ်းကပ်နည်းတစ်ခု ရှိလိမ့်မည်- ငါ၏ နှုတ်ကပတ်တော်ကို မြင်ပြီး ယင်းကို ၎င်းတို့၏ တကယ့်အသက်ကဲ့သို့ လက်ခံသောသူအားလုံးသည် ငါ၏ နိုင်ငံတော်ထဲက လူများဖြစ်ကြပြီး၊ ငါ၏ နိုင်ငံတော်ထဲတွင် ရှိနေသဖြင့်၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်သားများ ဖြစ်ကြပေသည်။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များ၏ လမ်းပြမှုကို လက်ခံကြသောကြောင့်၊ ၎င်းတို့သည် ငါ၏ လူများအဖြစ် ရည်ညွှန်းခံရသော်လည်း၊ ဤအမည်နာမသည် ငါ၏ ‘သားများ’ ဟု ခေါ်ဝေါ်ခံရခြင်းလောက် အရေးမကြီးမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) ဘုရားသခင်က အစေခံသူများအား နိုင်ငံတော်ခေတ်နှင့်ဆိုင်သော သူ၏ လူများအဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်ကို မြင်ရလျက်၊ နောင်တနှင့် မိမိကိုယ်ကိုယ် အပြစ်တင်မှုဖြင့် ရောထွေးသည့် ပျော်ရွှင်မှုကို ကျွန်တော် ခံစားခဲ့ရသည်။ အစေခံသူများနှင့် ဆိုင်သည့် စမ်းသပ်ခြင်း ကာလအတွင်းတွင် ကျွန်တော် အပျက်သဘောဆောင်ခဲ့သည်ကို၊ အားနည်းကာ မျှော်လင့်ချက်မဲ့ခဲ့သကဲ့သို့၊ ဘုရားသခင်ကို နားလည်မှုလွဲကာ အပြစ်တင်ရင်း စောဒကပင် တက်ခဲ့သည်ကို ကျွန်တော် နောင်တရမိခဲ့သည်။ သူ၏ အစေခံသူဖြစ်ဖို့ ကျွန်တော် လိုလားနေခဲ့ခြင်း မရှိပါ။ ဘုရားသခင်အဖို့ ဆက်ကပ်အပ်နှံခြင်းနှင့် နာခံခြင်း ကျွန်တော် လုံးဝ ကင်းမဲ့ခဲ့ပါသည်။ ဤအရာက ကျွန်တော့်ကို တကယ် နောင်တရစေကာ ဘုရားသခင်ကို ကျေးဇူးကြွေးတင်ရစ်စေခဲ့သည်။ အဆင်းနီသော နဂါးကြီး၏ သားသမီးအဖြစ် အလွန် ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးခဲ့သည်နှင့်အမျှ၊ စမ်းသပ်မှုတစ်လျှောက် ကျွန်တော်တို့ လက်မလျှော့ခဲ့ကြသောကြောင့်သာ ဘုရားသခင်က ကျွန်တော်တို့ကို နိုင်ငံတော်၏ လူများဖြစ်ဖို့၊ သူ့အိမ်တော်သားများဖြစ်ဖို့ ချီးမြှောက်ခဲ့သည်ကို ကျွန်တော် ပျော်ရွှင်ခဲ့ရပါသည်။ ကျွန်တော်တို့အတွက် ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းကို ကျွန်တော် ခံစားနိုင်ခဲ့ပြီး၊ ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းများ ပြည့်လျှံလာခဲ့သည်။

အစေခံသူများနှင့် သက်ဆိုင်သည့် စမ်းသပ်မှုကို ဖြတ်သန်းပြီးသည့်နောက်တွင်၊ ဘုရားသခင်၏ အမှု၌ မယုံနိုင်စရာကောင်းသည့် ဉာဏ်ပညာကို ကျွန်တော် မြင်တွေ့ခဲ့ရသည်။ သူသည် လူတို့ကို တရားစီရင်သည်၊ ပြစ်တင်ဆုံးမပြီး သူ၏ နှုတ်ကပတ်တော်များဖြင့် ကျိန်ပင်ကျိန်ဆိုကာ၊ ယင်းတို့သည် ကျွန်တော်တို့ကို နာကျင်ခြင်းနှင့် စိတ်သောကရောက်သည့် ခံစားချက်ဖြင့် ချန်ရစ်လျက် ပြင်းထန်သော်လည်း၊ အားလုံးက ကျွန်တော်တို့ကို သန့်စင်စေကာ ပြောင်းလဲစေဖို့ ဖြစ်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်တော် စစ်ဆေးခံခဲ့ရပြီးဖြစ်သော်လည်း သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်တော် မြင်ခဲ့ရသည်။ သူသည် ကျွန်တော်တို့၏ ရည်ရွယ်ချက်များနှင့် မဖြူစင်မှုတို့ကို စက်ဆုပ်ခဲ့ပြီး၊ ကောင်းချီးမင်္ဂလာများအားဖြင့် လှုံ့ဆော်ခံခဲ့ရသည့် ယုံကြည်ခြင်းကို စက်ဆုပ်ခဲ့သည်။ ဤအတွေ့အကြုံပြီးသည့်နောက်တွင်၊ ယုံကြည်ခြင်းအပေါ် ကျွန်တော့်အမြင် အနည်းငယ် ပြောင်းသွားခဲ့သည်။ ကောင်းချီးမင်္ဂလာများနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတို့ကို တစိုက်မတ်မတ် လိုက်စားခြင်းအား ကျွန်တော် ရပ်ခဲ့သည်၊ သို့သော် ဖန်ဆင်းရှင်အတွက် အစေခံမှုပေးသည့် အစေခံသူတစ်ဦးဖြစ်ရန်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းခံရဖို့ ဖြစ်ပြီး ကျွန်တော့်အတွက် ကောင်းချီးမင်္ဂလာတစ်ခုဖြစ်သည်ကို ခံစားခဲ့ရသည်။ ထိုအရာက ကျွန်တော့်ကို ဝင့်ကြွားစေကာ ဂုဏ်ယူစေခဲ့သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ညံ့ဖျင်းသော အရည်အချင်းသည် ဆင်ခြေမဟုတ်

လင်းရန် တရုတ်နိုင်ငံယခင်က၊ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်နေချိန်တွင် အခက်အခဲအချို့ကို ကျွန်မ ရင်ဆိုင်ရသည့်အခါတိုင်း သို့မဟုတ် ကျွန်မ၏ အလုပ်ကို...

အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်း- ပုဂ္ဂိုလ်ရေး ရုန်းကန်ခြင်း

ကန်းရှောင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ၊ ကျွန်မတာဝန်ကနေ ထုတ်ပယ်ခံရတဲ့နောက် တခြားအသင်းတော်တစ်ခုဆီ ကျွန်မ လွှဲပြောင်းခံခဲ့ရတယ်။...

ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းခရီးကို ဦးဆောင်သည်

ဘုရားသခင်၏ နှုတ်ကပတ်တော်များက၊ “လူတို့ကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို ရှင်းပစ်ဖို့ရန် မဟုတ်၊ သို့သော် ၎င်းတို့ကို...

ကျွန်မရဲ့ တာဝန်မှာ ဘာကြောင့် အမြဲ အလွန်အကျွံသတိထားနေရတာလဲ

ဟန်ရှီး တရုတ်နိုင်ငံ ၂၀၂၁၊ မတ်လမှာ ညီမက ဂရတ်ဖစ်ဒီဇိုင်နာအနေနဲ့ အသင်းတော်မှာ အလုပ်လုပ်နေတာပါ။ ညီမက ညီမတာဝန်မှာ မာနထောင်လွှားပြီး...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။