ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ
ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့ အကြောညှပ်သွားတာပဲလို့ ထင်လို့ သိပ်အလေးမထားခဲ့ဘူး။ ဆေးပလာစတာကပ်လိုက်ပြီး၊ ကောင်းသွားမယ်လို့ တွက်လိုက်တယ်။ ဒါပေမဲ့ ဆေးပလာစတာက ဘာမှအလုပ်မဖြစ်ဘူး။ ကျောနာတာက ပိုပြီးသာ ဆိုးလာတယ်။ အပ်နဲ့ထိုးခံထားရသလိုပဲ။ ရင်ဘတ်ကနေ နောက်ကျောအထိ တောက်လျှောက်စူးပြီးနာနေတာ။ အခြေအနေဆိုးလာတဲ့အခါမှာ တစ်ခုခုက ကျွန်မရဲ့ အသားတွေ၊ အရိုးတွေကို ကုတ်ဖဲ့နေသလို ခံစားရတယ်။ နာတာက တော်တော်ပြင်းတယ်။ ပြောပြလို့ကို မရဘူး။ နာလွန်းလို့ ညတော်တော်များများမှာ အိပ်လို့တောင်မရဘူး။ ကျွန်မကိုယ်က မခံနိုင်တော့ဘူးလို့ခံစားရပြီး ဆရာဝန်ကို သွားတွေ့ချင်ပေမဲ့ လူတချို့နဲ့ ဧဝံဂေလိမျှဝေဖို့တွေ့ဆုံပွဲတစ်ခု အခုလေးတင် ပြင်ဆင်ထားတာ။ ဆေးသွားစစ်ရင် သေချာပေါက် ကြန့်ကြာသွားမှာပဲ။ သူတို့နဲ့တွေ့ပြီး သုံးလေးရက်နေရင် သွားလိုက်မယ်၊ ပြီးတော့ အားလုံးက ဘုရားလက်ထဲမှာပဲရှိတာပဲလို့ တွေးလိုက်တယ်။ ကိုယ့်တာဝန်ကိုပဲ ဆက်လုပ်နေဖို့လိုပြီး၊ သုံးလေးရက်နေရင် ကောင်းသွားနိုင်ပါတယ်ပေါ့။ နာတဲ့အပေါ်မှာ အားတင်းထားလိုက်ပြီးတော့ အဲဒီတွေ့ဆုံပွဲပြီးတော့ ဆေးရုံကိုသွားလိုက်တယ်။ ကျွန်မနဲ့ တွေ့တဲ့ဆရာဝန်က ကျွန်မကို စိုးရိမ်တကြီးနဲ့ ပြောတယ်။ “ဝင်လာဖို့ကို ဘာလို့ အကြာကြီး စောင့်နေတာလဲ။ ဒါ ပေါ့သေးသေးကိစ္စမဟုတ်ဘူး။ ဒါက ဗိုင်းရပ်တစ်ခုကြောင့်ဖြစ်တဲ့ ရေယုန်ပဲ။ ပြီးတော့ ဒါက အတွင်းရေယုန်။ အရေပြားမှာတောင် ပြနေပြီ။ ချက်ချင်းကုသမှုမခံယူဘဲ ဗိုင်းရပ်က ရိုးတွင်းချဉ်ဆီထဲကိုဝင်သွားရင် သေတောင်သေနိုင်တယ်” တဲ့။ ကျွန်မ တော်တော်ကို အံ့သြမှင်သက်သွားတယ်။ ဒါ တော်တော် အခြေအနေဆိုးတယ်၊ အသက်တောင်ဆုံးရှုံးရနိုင်တယ်လို့ ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ကျွန်မ စဉ်းစားတာက၊ “လွန်ခဲ့တဲ့ သုံးလေးနှစ်မှာ ဧဝံဂေလိကို စိတ်အားထက်သန်စွာနဲ့ ဝေမျှပြီး တာဝန်ထမ်းဆောင်နေခဲ့တာ။ ဒါဆိုရင် ဘယ်လိုလုပ်ပြီး ငါက ဒီလိုဖြစ်ရတာလဲ။ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ အိမ်နဲ့အလုပ်ကိုလည်း နောက်ချန်ထားခဲ့ပြီး ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ခဲ့တယ်။ ကွန်မြူနစ်ပါတီက ဖမ်းတာကိုခံရပြီး ရက်ရက်စက်စက်နှိပ်စက်တာခံရတာတောင်မှ ဘုရားသခင်ကို ငါလုံးဝ သစ္စာမဖောက်ခဲ့ဘူး။ ထောင်ကျပြီးတဲ့နောက်မှာ ကိုယ့်တာဝန်ကိုပဲ ဆက်ထမ်းဆောင်ခဲ့တယ်။ ဘုရားသခင်က ငါ့ကို ဘာလို့မကာကွယ်ပေးတာလဲ” ပေါ့။ ကျွန်မ စဉ်းစားရင်း ပိုပြီး စိတ်မကောင်းဖြစ်လာတယ်။ မျက်ရည်မကျအောင် ထိန်းထားပြီး နှလုံးသားမှာ ဗလာဖြစ်နေသလို ခံစားခဲ့ရတယ်။ ဒါက နာတာရှည် ရောဂါဆိုတော့ ထိန်းဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ဆေးသောက်ဖို့ပဲ။ အသင်းတော်မှာလည်း အလုပ်တွေက တော်တော်ရှုပ်နေတာ။ အဲဒါနဲ့ ဆေးကုသမှုခံယူရင်း ကိုယ့်တာဝန်ကိုပဲ ဆက်ထမ်းဆောင်နေခဲ့တယ်။ အပြင်မှာ ကျွန်မ စက်ဘီးစီးတဲ့အခါမှာ လမ်းမှာ ဘယ်လိုအဖုအထစ်ပဲတွေ့တွေ့ နာကျင်မှု ဝေဒနာခံစားရတယ်။ တစ်ခါတလေမှာ ကျွန်မ ချွေးတွေထွက်လာတယ်။ ရုတ်တရက် နာပြီး ငြိမ်ငြိမ်တောင် မရပ်နိုင်တဲ့ အချိန်တွေရှိတယ်။ တာဝန်ကနေ အိမ်ပြန်ရောက်တော့ လှဲနေလိုက်တယ်။ အင်အားတစ်စက်မှမရှိတော့ဘဲ လုံးဝ စကားမပြောနိုင်တော့သလို ခံစားရတယ်။
ဒါဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မအပေါ်မှာ ဖြစ်နေတယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ကျွန်မ ဆုတောင်းပြီး ရှာဖွေတယ်။ ဘုရားအလိုတော်နဲ့မညီတဲ့ ဘယ်အရာကို ကျွန်မလုပ်မိနေနိုင်သလဲဆိုတာ ဆင်ခြင်တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်အမှားကိုမြင်ပြီး ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်နေသရွေ့ ဘုရားသခင်က ကျွန်မကို ကုသကောင်း ကုသပေးမှာပဲ ဆိုတဲ့ ဒီမျှော်လင့်ချက်တစ်စကို ဖက်တွယ်ထားတုန်းပဲ။ ဒါပေမဲ့ ခဏလေးမှာပဲ နှစ်လကုန်သွားပြီး ဘာမှ သက်သာမလာဘူး။ ကျွန်မ စိတ်ပူလာတယ်။ ကျွန်မ နေမကောင်းတာ တော်တော်ကြာနေပြီ။ ဘယ်တော့မှ သက်သာမလာရင် ငါ ဘာလုပ်ရမလဲ ပေါ့။ ပြီးတော့ ကျွန်မတာဝန်ကို လုပ်တာ လုံးဝ မရပ်ခဲ့ပါဘူး။ ကျွန်မ နေမကောင်းဖြစ်နေတုန်းမှာတောင် ဧဝံဂေလိကို ဆက်ပြီး မျှဝေနေခဲ့တယ်။ ဒီတော့ ဘုရားက ငါ့ကို ဘာလို့ ပျောက်အောင်လုပ်မပေးတာလဲပေါ့။ ကျွန်မ စဉ်းစားကြည့်ရင် ပိုပြီး မတရားခံရသလိုခံစားမိပြီး ပိုစိတ်မကောင်းဖြစ်မိတယ်။ ကျွန်မ လုံးဝ မသက်သာလာရင် တာဝန်တစ်ခုကိုတောင် မထမ်းဆောင်နိုင်တော့တဲ့ နေ့ကို ရောက်ကောင်း ရောက်လာနိုင်တယ်။ ကောင်းမှုတွေ လုပ်နိုင်မှာမဟုတ်ဘူးဆိုတော့ အဲဒီလိုဆို ဘယ်လိုလုပ် ကယ်တင်ခံရတော့မလဲ ပေါ့။ ဒီနှစ်တွေတစ်လျှောက်မှာ ကျွန်မပေးဆပ်ခဲ့တဲ့အရာတိုင်းက အချည်းနှီးဖြစ်မှာလားလို့ တွေးမိတယ်။ ကျွန်မ ကျန်းမာရေးအတွက် အားအင်ချန်ထားသင့်ပြီး အခြေအနေဘယ်လိုရှိလဲကြည့်သင့်တယ်လို့ တွက်လိုက်မိတယ်။ အဲဒီနောက်မှာ ကျွန်မတာဝန်ကို စိတ်နှစ်ပြီး သိပ်မလုပ်တော့ဘူး။ ကျွန်မတို့ အုပ်စုတွေ့ဆုံပွဲတွေမှာ အလားအလာရှိတဲ့ ဧဝံဂေလိပစ်မှတ်တွေအကြောင်းကိုပဲ ဝတ်ကျေတမ်းကျေ မေးလိုက်ပြီး ဘယ်သူကမှ ကျွန်မအကူအညီကိုမလိုရင် အိမ်ပြန်ပြီး နားလိုက်တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်လုပ်မိပြီး ပိုပြီးနေမကောင်းဖြစ်မှာကို တကယ်ကို ကြောက်နေခဲ့တာ။ အဲဒီအချိန်ကာလမှာ ကျွန်မရဲ့ရောဂါအပေါ်ပဲ လုံးဝစိတ်ကရောက်နေပြီး တကယ်ကို စိတ်ဓာတ်ကျတဲ့ အခြေအနေမှာရှိနေတာ။ ဘုရားနှုတ်ကပတ်တော်တွေကနေ ဘာအလင်းမှမရသလို၊ စုဝေးပွဲတွေမှာ ကျွန်မရဲ့ မိတ်သဟာယက တော်တော် ခြောက်ကပ်နေခဲ့တယ်။ ဘုရားသခင်နဲ့ ကျွန်မ တကယ်ကိုဝေးကွာသလို ခံစားခဲ့ရတယ်။ ကျွန်မရဲ့ ဝေဒနာထဲကနေ ဘုရားကို ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်မတကယ်ကို စိတ်ဆင်းရဲနေရပြီး အရမ်းအားနည်းနေပါတယ်။ ကိုယ့်တာဝန်ကို လုပ်လိုစိတ် လုံးဝ မရှိပါဘူး။ ပြီးတော့ ကိုယ်တော်ကိုတောင် မကျေမချမ်း ဖြစ်မိပါတယ်။ ကျေးဇူးပြုပြီး ကိုယ်တော့်အလိုတော်ကို နားလည်ဖို့ကျွန်မကို လမ်းပြတော်မူပါ။ ကျွန်မ ကျိုးနွံနာခံပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ချင်သလို၊ သင်ခန်းစာတစ်ခုကို သင်ယူချင်ပါတယ်” ဆိုပြီးတော့ပေါ့။
ကျွန်မ ရှာဖွေရင်းနဲ့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ခဲ့ရတယ်။ “ပထမဦးစွာ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။...အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တဲ့အခါမှာ ကျွန်မ တကယ်ကို အပြစ်ရှိသလိုခံစားရတယ်။ ကျွန်မက ဘုရားသခင်ကို ကျွန်မ ယုံကြည်တဲ့ ဘုရားလို မဆက်ဆံဘဲ သူ့ဆီကနေ ကောင်းချီးတွေပဲ ရချင်ခဲ့တာ။ ကျွန်မက ယုံကြည်သူဖြစ်လာကတည်းက ဘုရားသခင်ကို စွယ်စုံသုံး ဓါးတစ်ချောင်းလို၊ ငွေတွင်းကြီးလို ဆက်ဆံနေခဲ့တာ။ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး အသုံးတော်ခံနေသရွေ့ ဘုရားက ကျွန်မကို အသေအချာ ဘေးကင်းအောင် လုပ်ပေးမှာပဲ၊ ဖျားနာတာ၊ ကံဆိုးမိုးမှောင်ကျတာ လုံးဝ ရင်ဆိုင်ရမှာမဟုတ်ဘူး၊ ဘေးဒုက္ခမျိုးစုံကနေ လွတ်မြောက်မယ်လို့ ထင်ခဲ့တာ။ လှပတဲ့ ခရီးပန်းတိုင်တစ်ခုနဲ့အတူ နောက်ဆုံးမှာ ကယ်တင်ခြင်းခံရမယ်ပေါ့။ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့အတွက် ကျွန်မမိသားစုနဲ့ အလုပ်ကို နှစ်နဲ့ချီ နောက်ချန်ထားခဲ့တယ်။ အများကြီးတွေ ဒုက္ခခံပြီး ပေးဆပ်ခဲ့တယ်။ စီစီပီက ဖမ်းပြီး နှိပ်စက်ခံရတဲ့အချိန်မှာတောင်မှ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ နေမကောင်းဖြစ်တဲ့အခါ၊ အထူးသဖြင့် ကျွန်မ ကျန်းမာရေးပြဿနာတွေက ကြာနေတဲ့အခါမှာ ဘုရားကို အပြစ်တင်ပြီး သူ့ကို ကျိုးကြောင်းပြပြောဆိုဖို့ ကြိုးစားခဲ့တယ်။ ကျွန်မ ပေးဆပ်ခဲ့တဲ့အရာတိုင်းက အလကားပဲလို့ တွေးပြီး ကျွန်မရဲ့ ဆင်းရဲဒုက္ခအားလုံးကို တွက်ချက်နေခဲ့တယ်။ ကိုယ့်တာဝန်မှာ စပြီး အလုပ်ကိုသိပ်မလုပ်တော့ဘူး။ ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်တွေအားလုံးဟာ သမ္မာတရားကိုရပြီး ဘုရားကိုနာခံဖို့မဟုတ်ဘဲ ကျွန်မရဲ့ ဆင်းရဲဒုက္ခနဲ့ အလုပ်ကြိုးစားမှုတွေကို ဘုရားရဲ့ ကျေးဇူးတော်၊ ကောင်းချီးနဲ့ လဲလှယ်ဖို့ဖြစ်ခဲ့မှန်း ကျွန်မ မြင်ခဲ့တယ်။ လူသားရဲ့ အလဲအလှယ်လုပ်တဲ့သဘောကို ဘုရားအပေါ်မှာ အသုံးချချင်ခဲ့တယ်။ ဒါက ဘုရားကို လိမ်ညာပြီး အသုံးချနေတာပဲ မဟုတ်ဘူးလား။ ကျွန်မက တော်တော်အတ္တကြီးခဲ့ပြီး စက်ဆုပ်စရာဖြစ်ခဲ့တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဘယ်လိုကယ်တင်နေတယ်ဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မတို့ကို အကျိုးဖြစ်စေဖို့အတွက် သူဟာ ကျွန်မတို့ကို နှုတ်ကပတ်တော်တွေ အများကြီးပေးခဲ့တယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားနိုင်ပြီး ကယ်တင်ခံရအောင် သူ့ရဲ့အမှုတော်ကို ကြုံတွေ့ရဖို့ ကျွန်မတို့အတွက် အခြေအနေမျိုးစုံကိုတောင် ပြင်ဆင်ပေးတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့လိုမှန်း ကျွန်မ မသိခဲ့ဘူး။ အဲဒီအစား ဘုရားသခင်ကို ကျွန်မ အသုံးပြုခဲ့ပြီး အမြဲတမ်း တွက်ချက်နေခဲ့တယ်။ ကျွန်မလိုချင်တာကို သူမလုပ်တဲ့အခါ ကျွန်မတာဝန်မှာ ဟန်ဆောင်လုပ်ပြီးတော့ ဂရုမစိုက်တော့ဘူး။ ကျွန်မက ဘုရားသခင်နဲ့ပတ်သက်လို့ လုံးဝ စစ်မှန်မှု မရှိခဲ့ပါဘူး။ ကျွန်မက တကယ်ကို ဘာအသိစိတ်နဲ့ ဆင်ခြင်တုံတရားမှ မရှိခဲ့ဘူး။ ကျွန်မ ဘုရားရှေ့ကိုလာပြီး ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်မဟာ ကျွန်မယုံကြည်ခြင်းမှာ ကိုယ်တော်ကို အသုံးပြုပြီး လိမ်ညာနေခဲ့ပါတယ်။ ကျွန်မဟာ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး အောက်တန်းကျပါတယ်။ လူသားနဲ့တောင် မတူသလောက်ပါဘဲ။ ဘုရားသခင်၊ ကျွန်မ ကိုယ်တော်ထံ နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ” ဆိုပြီးတော့။
“သမ္မာတရားကို မကြာခဏတွေးဆခြင်းဖြင့် လမ်းကြောင်းကို ရရှိသည်” ဆိုတဲ့အထဲက အပိုဒ်တစ်ပိုဒ်ကို ဖတ်တယ်။ “လူတို့အား ဘုရားသခင်ပေးသည့် စမ်းသပ်မှုများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်မှာ မည်မျှပင် လေးလံပါစေ ယင်းကို သင် ထမ်းပိုးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကိုနားလည်ပြီး ယင်းကို သင်သယ်ဆောင်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်တာသည် သင့်ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် သင့်ခံနိုင်ရည်၏ အကန့်အသတ်များကို ကျော်လွန်လိမ့်မည်မဟုတ်၊ သင် ဧကန်ပင် သယ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင် သင့်ကို မည်သို့သောဝန်ထုပ်မျိုး ပေးပါစေ သို့မဟုတ် သူသင့်ကို မည်သည့်စမ်းသပ်မှုမျိုး ပေးပါစေ၊ ဤအရာကို သတိရလော့- ဘုရားသခင်၏ အလိုတော်ကို သင် နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ၊ ဆုတောင်းပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို သင် ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ၊ ထို့ပြင် စမ်းသပ်မှုမှာ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်နေသည့် သို့မဟုတ် ပေးနေသည့် သတိပေးချက်တစ်ခု ဖြစ်နေပါစေ၊ ယင်းကို သင်နားမလည်လျှင်လည်း ကိစ္စမရှိပေ။ သင် ပြုလုပ်သင့်သည့် တာဝန်အား ပြုလုပ်နေခြင်းကို မရပ်တန့်ဘဲ ယင်းကို သစ္စာရှိစွာ သင် ဖက်တွယ်ထားနိုင်သရွေ့ ဤနည်းအားဖြင့် ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး သင်သည်လည်း သက်သေရပ်တည်ပြီး ဖြစ်လိမ့်မည်။...ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က၊ ‘ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ- ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ- ကျွန်ုပ်သည် နာခံပြီး ဖန်ဆင်းခံသတ္တဝါတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ကို- နာခံခြင်း- ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ပြီး ဘုရားသခင်ကို နာခံခြင်း စစ်မှန်မှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးမဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင်၊ ကျွန်ုပ်သည် မိမိ၏တာဝန်ကို လက်ခံရမည်။’ ဟု ဆိုနိုင်သည်။ ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့၊ ဘုရားအလိုတော်ကို ကျွန်မ နားလည်နိုင်ခဲ့တယ်။ ဘယ်လိုအခက်အခဲတွေကို ကျွန်မ ကြုံတွေ့တယ်ဆိုတာ အရေးမကြီးပါဘူး။ အားလုံးကို ဘုရားက ခွင့်ပြုထားတာပါ။ သူက ကျွန်မ လက်ခံပြီး နာခံသင့်တဲ့၊ သက်သေရပ်တည်သင့်တဲ့ ဝန်ထုပ်တစ်ခုကို ကျွန်မ ခံယူဖို့ ကျွန်မကို ပေးနေတာပါ။ ဘာပဲဖြစ်နေနေ ဘုရားသခင်ကို နာခံနိုင်တဲ့ ပေတရုအကြောင်းကို ကျွန်မ စဉ်းစားမိတယ်။ သူဟာ နာမကျန်းဖြစ်ခြင်းကို ခံရပြီး ဆင်းရဲချို့တဲ့ခြင်းနဲ့ အသက်ရှင်ရတယ်။ ဒါပေမဲ့ သူဟာ ဘုရားအပေါ် အမြဲတမ်း ဆက်ကပ်အပ်နှံပြီး ဘယ်တော့မှ မညည်းညူဘူး။ ပေတရုလို ဖန်ဆင်းခံတစ်ယောက်ရဲ့နေရာကို ကျွန်မ ယူဖို့လိုတယ်။ ဘုရားပြင်ဆင်တဲ့ ဘယ်အရာကိုမဆို ကျိုးနွံနာခံပြီး သင်ခန်းစာတစ်ခုကို တကယ်သင်ယူဖို့ လိုပါတယ်။ ကျွန်မ ဆေးတွေ ဆက်သောက်ရင်းနဲ့ ကျွန်မတာဝန်ကိုလည်း ထမ်းဆောင်နေခဲ့တယ်။ ကျွန်မရဲ့ ကျန်းမာရေးကြောင့် ဘောင်ခတ်ခံရသလို မခံစားခဲ့ဘူး။ သုံးလေးလလောက် တဖြည်းဖြည်းချင်း သက်သာလာပြီးနောက်မှာ ကျွန်မ ရောဂါက ပျောက်သွားတယ်။ ဘုရားသခင်ကို ကျွန် အရမ်းကျေးဇူးတင်ခဲ့တယ်။
စက်တင်ဘာလမှာပါ။ တစ်ရက်မှာ ကျွန်မ ဧဝံဂေလိ မျှဝေရာကနေ အိမ်ကိုပြန်လာတော့ သူ့ပုံစံက တစ်ခုခုဖိစီးနေသလိုပဲ။ သူက တစ်နေ့က ပုံမှန်ဆေးစစ်ဖို့အတွက် သွားခဲ့ပြီး ဆရာဝန်က သူ့ကို နောက်တစ်နေ့မှာ MRI သွားစစ်ဖို့ပြောတယ် ဆိုပြီး ကျွန်မကို ပြောပြတယ်။ ဒါကို ကြားရတာ ကျွန်မအတွက် တကယ်ကို စိတ်မအေးစရာပါပဲ။ ဘာလို့လဲဆိုရင် MRI သွားစစ်တာက ပုံမှန်လုပ်နေကျ မဟုတ်ဘူးလေ။ သူ ဆိုးရွားတာ တစ်ခုခုဖြစ်နေသလား ကျွန်မ တွေးမိတယ်။ အဲဒီညမှာ ကျွန်မ လူးလှိမ့်နေခဲ့တယ်။ လုံးဝ အိပ်မပျော်နိုင်ခဲ့ဘူး။ သိပ်အရေးမကြီးလောက်ပါဘူးလို့ စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ဖို့ ကြိုးစားခဲ့တယ်။ သူလည်း ယုံကြည်သူတစ်ယောက်ပဲ။ ပြီးတော့ ကျွန်မက အိမ်အပြင်ထွက်ရတဲ့ တာဝန်တစ်ခုကိုလုပ်နေခဲ့ရတာဆိုတော့ ဘုရားသခင်က သူ့ကို စောင့်ရှောက်မှာပါ ပေါ့။ နောက်နေ့မှာ ကျွန်မ သူနဲ့ဆေးရုံကိုလိုက်သွားခဲ့တယ်။ အံ့သြစရာကောင်းတာက သူ့မှာ ပန်ကရိယ ကင်ဆာရှိနေတယ် တဲ့။ ကျွန်မ ဒီသတင်းကိုကြားတော့ လုံးဝကို မှင်သက်သွားတယ်။ ကင်ဆာဖြစ်တဲ့အပြင်ကို ပန်ကရိယကင်ဆာဆိုတော့ ကျွန်မ အရမ်း အံ့အားသင့်သွားခဲ့တယ်။ အဲဒါက ကုဖို့ တော်တော်ခက်ပြီး တော်တော်ကို ခပ်မြန်မြန်ဆိုးလာတတ်တယ်လို့ ကြားဖူးတယ်။ အဲဒါက သေဆုံးမှုနှုန်းကလည်း မြင့်ပြီး တချို့လူတွေဆိုရင် သုံးလေးလတောင် မခံဘူး။ သူ့ကိုကြည့်ရတာ ကျန်းကျန်းမာမာဖြစ်ပုံရပေမယ့် သုံးလေးလပဲ ကျန်နေနိုင်တယ်။ ကောင်းကင်ကြီးက ပြိုကျလာသလို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ စဉ်းစားတယ်၊ “ငါက အခုမှ သက်သာလာစပဲရှိသေးတယ်။ အခု ငါ့ယောက်ျားက ကင်ဆာဖြစ်နေပြီ။ ဘုရားက ငါတို့ကို ဘာလို့မကာကွယ်တာလဲ” ပေါ့။ ကျွန်မ အမျိုးသားရဲ့ ကင်ဆာအကြောင်းတွေးမိတဲ့အခါတိုင်း ကျွန်မ ငိုပဲငိုနေမိတယ်။ ကျွန်မရဲ့ စိတ်ဒုက္ခထဲမှာ ဘုရားကို ဆုတောင်းပြီး ကျွန်မ စိတ်နှလုံးကို ကြည့်ရှုစောင့်ရှောက်ဖို့၊ ဘုရားအလိုတော်ကို နားလည်အောင် လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သေလိုပြီး သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်လိုသည့် အနေအထားအထိရောက်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်မှုကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ သင်သည် စာတန်၏ ချုပ်နှောင်ခြင်းကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ သင်၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို သင်သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို နာကျင်သော စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စမ်းသပ်မှုများအလယ်၌ ဘုရားသခင်ကို ကျေနပ်စေသင့်သည့် နည်းလမ်း”) ဒီအရာအရ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကျွန်မ နေမကောင်းဖြစ်တုန်းက ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကတစ်ဆင့် ကျွန်မမှာ မှားယွင်းတဲ့ အမြင်ရှိတယ်၊ ကျွန်မက ကောင်းချီးတွေနောက်ကို လိုက်နေတယ်ဆိုတာကို သဘောပေါက်ခဲ့ပြီး ကျွန်မ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ ကျိုးနွံနာခံဖို့ အသင့်ဖြစ်နေခဲ့တယ်။ ကျွန်မက ကောင်းချီးနောက်လိုက်ချင်တဲ့ ကျွန်မရဲ့ စိတ်ဆန္ဒကို လက်လွတ်ပြီးပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မ အမျိုးသားက ကင်ဆာဖြစ်တော့ ကျွန်မ ဘုရားကို အပြစ်တင်ပြီး အထင်မလွဲဘဲမနေနိုင်ခဲ့ဘူး။ ကျွန်မတို့က ယုံကြည်သူတွေဆိုတော့ ဘုရားက ကျွန်မတို့ကို ကာကွယ်သင့်သလို ခံစားခဲ့ရတယ်။ ကောင်းချီးလိုချင်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်က ဘယ်လောက် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်ဆိုတာ မြင်ခဲ့ရတယ်။ ဘုရားသခင်က ကျွန်မကို ဒီလိုမျိုး မဖော်ထုတ်ခဲ့ရင် ကျွန်မ ဒါကို လုံးဝ သဘောပေါက်မှာမဟုတ်ဘူး။ အဲဒီအခါ ကျွန်မ အမျိုးသားရဲ့ ရောဂါကနေ ကျွန်မသင်ယူဖို့လိုတဲ့ သင်ခန်းစာတစ်ခုရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပြီး ဘုရားသခင်ကို အပြစ်တင်တာကို ကျွန်မ ရပ်ခဲ့လိုက်တယ်။ ကျွန်မ အမျိုးသား ကင်ဆာဖြစ်တဲ့အခါမှာ ကျွန်မက ဘာကြောင့် ဘုရားကို ညည်းညူပြီး အထင်မလွဲဘဲ မနေနိုင်ရသလဲဆိုတာ၊ ဘာလို့ ကျွန်မက ကောင်းချီးနဲ့ ကျေးဇူးတော်နောက်ကို လိုက်နေသေးလဲဆိုတာကို ကျွန်မ တည်တည်ငြိမ်ငြိမ်နဲ့ ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ဖတ်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ တွေ့ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များ၏ အမြင်တွင်၊ ၎င်းတို့၏စိတ်များနှင့် အမှုကိစ္စများကို ၎င်းတို့ မြင်သည့်ပုံစံတွင်၊ ဘုရားသခင်နောက်ကို လိုက်ရာ၌ အကျိုးအမြတ်အချို့ ရှိရမည်ဟုဖြစ်ကာ၊ မက်လုံးမရှိဘဲ ၎င်းတို့ ရွှေ့ပြောင်းဖို့ အပင်ပန်းခံမည် မဟုတ်ပေ။ ပျော်မွေ့ခံစားဖို့ ကျော်ကြားမှု၊ အကျိုးအမြတ်၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းတို့မရှိပါက၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အကျိုးမရှိပေ။ လူတစ်ဦး ရရှိမည့် ပထမဆုံးအကျိုးခံစားခွင့်များမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ပြောထားသည့် ကတိတော်များနှင့် ကောင်းချီးမင်္ဂလာများ ဖြစ်သည်၊ ပြီးလျှင် အသင်းတော်အတွင်း၌ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကိုလည်း ၎င်းတို့ ပျော်မွေ့ခံစားရလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သူများသည် အခြားသူများအလယ်တွင် ထင်ပေါ်ရမည် ဖြစ်ပြီး ထူးခြားရမည် ဖြစ်သည်။ မယုံကြည်သူများသည် ဤအရာများကို မရရှိသင့်သကဲ့သို့၊ ယုံကြည်သူများက ထိုအရာများကို ပျော်မွေ့ခံစားရမည်။ မဟုတ်လျှင်၊ ဤဘုရားသခင်သည် ဘုရားသခင် ဟုတ်မဟုတ်ဆိုသည်နှင့်ပတ်သက်၍ သံသယအချို့ ရှိ၏။ အန္တိခရစ်များ၏ ဆင်ခြင်တွေးခေါ်မှုစနစ်သည် ‘ဘုရားသခင်ကို ယုံကြည်သည့်သူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ကို ပျော်မွေ့ခံစားရမည်’ ဟူသည့် စကားများကို အမှန်တရား မဖြစ်စေသလော။ (ဖြစ်စေပါသည်။) ဤစကားများသည် သမ္မာတရား ဖြစ်သလော။ ဤစကားများသည် သမ္မာတရား မဟုတ်ပေ၊ ယင်းတို့သည် အတွေးမှားဖြစ်သည်၊ ယင်းတို့သည် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်ပြီး သမ္မာတရားနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိချေ။ ဘုရားသခင်က ‘ငါ့ကို လူများ ယုံကြည်ပါက၊ ၎င်းတို့သည် ဧကန်မုချ ကောင်းချီးမင်္ဂလာခံစားရမည် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်၏’ ဟု ပြောဖူးသလော။ ဘုရားသခင်သည် ဤအရာကို မည်သည့်အခါမျှ မပြောဖူးသကဲ့သို့၊ မလုပ်ဆောင်ဖူးချေ။
ကောင်းချီးမင်္ဂလာများ၊ ဘေးဒုက္ခများနှင့် ပတ်သက်လာသည့်အခါ၊ ရှာဖွေ၍ရနိုင်သည့် သမ္မာတရား ရှိလေသည်။ လူများ လိုက်နာစောင့်ထိန်းသင့်သည့် အမြော်အမြင်ရှိသော စကားများသည် အဘယ်နည်း။ ယောဘက ‘ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။’ (ယောဘဝတ္တု ၂:၁၀) ဟု ပြောခဲ့သည်။ ဤစကားများသည် သမ္မာတရား ဖြစ်သလော။ ဤသည်တို့သည် လူတစ်ဦး၏ စကားများဖြစ်သည်။ ယင်းတို့၏ တစ်စိတ်တစ်ဒေသသည် သမ္မာတရားနှင့် ကိုက်ညီလင့်ကစား၊ ယင်းတို့ကို သမ္မာတရား၏ အထွတ်အထိပ်နေရာသို့ မမြှင့်တင်ရ။ ယင်းတို့၏ မည်သည့်အပိုင်းသည် သမ္မာတရားနှင့် ကိုက်ညီသနည်း။ လူများသည် ကောင်းချီးမင်္ဂလာကို ခံစားရသည်ဖြစ်စေ၊ ဘေးဒုက္ခကို ခံစားရသည်ဖြစ်စေ အားလုံးသည် ဘုရားသခင်၏ လက်များထဲတွင် ရှိသည်၊ ယင်းသည် ဘုရားသခင်၏အုပ်စိုးမှုအောက်တွင်သာ ရှိသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ ယုံကြည်သည့်အရာ ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် မယုံကြည်ရသနည်း၊ ၎င်းတို့သည် ယင်းကို အဘယ်ကြောင့် လက်မခံရသနည်း။ ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် အန္တိခရစ်များသည် ကောင်းချီးမင်္ဂလာခံစားလိုကြပြီး ဘေးဒုက္ခကို ရှောင်ရှားလိုကြသည်။ ကောင်းချီးမင်္ဂလာ ခံစားနေရသည့်သူ၊ အကျိုးခံစားရပြီးသူ၊ ကျေးဇူးပြုခြင်းခံရပြီးသူ၊ ကြီးမားသော အကျိုးအမြတ်များကို လက်ခံရရှိပြီးသူနှင့်၊ သာ၍များသော ရုပ်ပိုင်းဆိုင်ရာ ဇိမ်ခံစရာများ၊ သာ၍ ကောင်းသည့် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံမှုတို့ကို လက်ခံရရှိပြီးသူတစ်ဦးကို ၎င်းတို့ တွေ့သည့်အခါ၊ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ မဟုတ်ပါက၊ ဤအရာများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ မဟုတ်ပေ။ သွယ်ဝိုက်အဓိပ္ပာယ်မှာ ‘ကိုယ်တော်သည် ဘုရားသခင်ဖြစ်ပါက၊ ကိုယ်တော်သည် လူများကို ကောင်းချီးသာပေးနိုင်သည်။ ကိုယ်တော်သည် ၎င်းတို့ထံ ဘေးအန္တရာယ်များ သို့မဟုတ် ဆင်းရဲဒုက္ခကို ကျရောက်စေနိုင်ခြင်း မရှိ။ သို့မှသာလျှင် ကိုယ်တော့်ကို လူတို့ယုံကြည်ခြင်း၌ တန်ဖိုးနှင့် အကျိုးရှိပေသည်။ ကိုယ်တော့်နောက်ကို လိုက်ပြီးနောက်၊ လူများသည် ဘေးဒုက္ခ၏ ဖိစီးဝန်းရံခြင်းခံရဆဲဖြစ်ပါက၊ ၎င်းတို့ ဒုက္ခခံရဆဲဖြစ်ပါက၊ ၎င်းတို့သည် ကိုယ်တော့်ကို အဘယ်ကြောင့် ယုံကြည်သင့်သနည်း’ ဟူ၍ ဖြစ်သည်။ အရာရာသည် ဘုရားသခင်၏လက်တော်ထဲတွင် ရှိကြောင်း၊ ဘုရားသခင်က အားလုံးကို ဦးစီးကွပ်ကဲကြောင်းကို ၎င်းတို့ မဝန်ခံကြပေ။ ၎င်းတို့သည် ဤအရာကို အဘယ့်ကြောင့် ဝန်မခံရသနည်း။ အကြောင်းမှာ အန္တိခရစ်များသည် ဘေးဒုက္ခကို ကြောက်သောကြောင့် ဖြစ်သည်။ ၎င်းတို့က အကျိုးဖြစ်ထွန်းဖို့၊ မျက်နှာသာပေးခံရဖို့၊ ကောင်းချီးမင်္ဂလာပေးခံရဖို့တို့ကိုသာ လိုချင်ကြသည်။ ၎င်းတို့က ဘုရားသခင်၏ အချုပ်အခြာအာဏာကိုဖြစ်စေ၊ အစီအစဉ်များကိုဖြစ်စေ လက်ခံဖို့ ဆန္ဒမရှိဘဲ၊ ဘုရားသခင်ထံမှ အကျိုးအမြတ်များ လက်ခံရရှိဖို့သာ ဆန္ဒရှိကြပေသည်။ ဤသည်မှာ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် အမြင်ရှုထောင့် ဖြစ်လေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၁)”) “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်ကြသည်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံပြီး သူ့အပေါ် သစ္စာရှိကြသည်၊ သို့သော် ၎င်းတို့သည် ဤအရာအားလုံးကို မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လူ့အဖွဲ့အစည်းတွင် အရာခပ်သိမ်းကို ကိုယ်ကျိုးအတွက် လုပ်ကြခြင်း ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”) ကောင်းချီးနဲ့ ကံဆိုးမှုတွေအပေါ် အန္တိခရစ်ရဲ့ အမြင်ကို ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြပါတယ်။ သူတို့တွေက သူတို့ယုံကြည်ခြင်းမှာ ကောင်းချီးတွေနောက်ကိုလိုက်ကြပြီး သူတို့ရဲ့ ယုံကြည်မှုကြောင့် ကောင်းချီးခံစားရသင့်တယ်လို့ ထင်ကြတယ်။ အဲဒီလိုမဖြစ်ရင် ယုံကြည်ခြင်းရှိတာက အဓိပ္ပာယ်မရှိဘူးလို့ ထင်ကြတယ်။ ဘုရားကိုတောင် အချိန်မရွေး သစ္စာဖောက််ပြီး ထားခဲ့နိုင်တယ်။ ကျွန်မကလည်း ယုံကြည်ခြင်းမှာ ဒီလိုမျိုးအမြင်ရှိတယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ကျွန်မက ဒီအနစ်နာခံမှုတွေအားလုံးကို လုပ်ခဲ့တဲ့အတွက်၊ ဘုရားသခင်က ကျွန်မနဲ့ ကျွန်မမိသားစုကို ငြိမ်သက်ခြင်းနဲ့ ကျန်းမာရေးကောင်းမှုတွေ ကောင်းချီးပေးသင့်တယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မဖြစ်စေ၊ ကျွန်မ အမျိုးသားဖြစ်စေ နေမကောင်းဖြစ်တဲ့အခါ ကျွန်မက ဘုရားကိုအပြစ်တင်ပြီး အထင်လွဲခဲ့တယ်။ မလျော်ကန်တဲ့ တောင်းဆိုမှုတွေတောင် ဘုရားအပေါ် လုပ်ခဲ့တယ်။ ကျွန်မရဲ့ ဗိုင်းရပ်နဲ့ ကျွန်မ အမျိုးသားရဲ့ ကင်ဆာကို ကုပေးစေချင်ခဲ့တယ်။ ကျွန်မ မကြိုက်တာတစ်ခုကို ဘုရားက လုပ်တာနဲ့တစ်ပြိုင်နက် ကျွန်မတာဝန်ကို စိတ်နှစ်ပြီး မလုပ်ချင်တော့ဘူး။ ကျွန်မရဲ့ ယုံကြည်ခြင်းအပေါ် အမြင်က ဘယ်လောက် အဓိပ္ပာယ်မရှိလဲဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ အမှန်တော့ ယုံကြည်သူတွေက မကောင်းတာတွေ မဖြစ်ဘူးလို့ ဘုရားက လုံးဝ မပြောခဲ့ပါဘူး။ သူက အရာရာတိုင်းအပေါ် အုပ်စိုးတယ်။ မွေးခြင်း၊ သေခြင်း၊ ဖျားနာခြင်း၊ ကျန်းမာရေး အားလုံးက သူ့လက်ထဲမှာပဲ။ ယုံကြည်သူတွေလည်း အတူတူပဲပေါ့။ ကျွန်မတို့ဟာ ဘုရားသခင်ဆီက ကောင်းချီးတွေတင်ရရှိတာမဟုတ်ဘဲ ဆင်းရဲဒုက္ခကိုလည်း ရရှိပါတယ်။ တာဝန်ကို ထမ်းဆောင်ခြင်းက ဖန်ဆင်းခံတစ်ယောက်လုပ်သင့်တဲ့ အခြေခံအကျဆုံးအရာတစ်ခုဖြစ်ပြီး ကောင်းချီးခံရခြင်း၊ မခံရခြင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို အရမ်းခံထားရပြီး “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “ဆက်စပ်သည့်အကျိုးကျေးဇူးမရှိပါက မည်သည့်အခါမျှ စောစောမထပါနှင့်” ဆိုတာမျိုးတွေက ကျွန်မ လိုက်နာတဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေဖြစ်နေခဲ့တယ်။ ကျွန်မက ကိုယ့်အကျိုးစီးပွားကို အမြဲတမ်းစဉ်းစားနေပြီး ဘုရားသခင်ကို ကျွန်မအတွက် အသုံးပြုစရာတစ်ခုအဖြစ် မြင်နေခဲ့တာပါ။ ကျွန်မရဲ့ ဆင်းရဲဒုက္ခနဲ့အလုပ်ကြိုးစားမှုတွေအတွက် အလဲအလှယ်အနေနဲ့ ဘုရားသခင်ဆီက ကောင်းချီးတွေကို ရယူချင်နေခဲ့တာ။ ကျွန်မရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ထိခိုက်စေတဲ့အရာတစ်ခုခုကို ဘုရားသခင်က လုပ်တဲ့အခါမှာ ဘုရားအပေါ် ညည်းညူမှုတွေ၊ အထင်လွဲမှုတွေပြည့်ခဲ့ပြီး သူ့ကို ကျိုးကြောင်းပြပြောဆိုပြီး ဆန့်ကျင်တာတောင် လုပ်ခဲ့တယ်။ ကျွန်မက ဘယ်လို ယုံကြည်သူမျိုးလဲ။ ကျွန်မဟာ မယုံကြည်သူတစ်ယောက်၊ တစ်ကိုယ်ကောင်းဆန်သူ၊ ယုတ်ညံ့၊ သေးနုပ်သူတစ်ယောက်ပါ။ ကျွန်မ ဒါကို သဘောပေါက်တဲ့အခါမှာ တကယ်ကို ကြောက်ခဲ့မိတယ်။ ကျွန်မက ကျွန်မယုံကြည်ခြင်းမှာ သမ္မာတရားနောက်ကို လိုက်ဖို့ အာရုံမစိုက်ဘဲ ကျေးဇူးတော်နဲ့ ကောင်းချီးနောက်ကိုလိုက်ဖို့ပဲ အာရုံစိုက်ခဲ့မိတာကို မြင်ခဲ့ရတယ်။ ကျွန်မက ဘုရားကို ဆန့်ကျင်တဲ့ လမ်းကြောင်းပေါ်ရောက်နေခဲ့တာပါ။ အဲဒီနည်းလမ်းနဲ့ သမ္မာတရားကို ကျွန်မ ဘယ်တော့မှ ရမှာမဟုတ်သလို ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ပြောင်းလဲမှာမဟုတ်ဘူး။ နောက်ဆုံးမှာ ဖယ်ရှားခြင်းခံရမှာပဲ။ အဲဒီနောက် ဘုရားသခင်က ကျွန်မကို တရားစီရင်ပြီး ဖော်ထုတ်ဖို့အတွက် အဲဒီအခြေအနေကို အသုံးပြုနေတယ်ဆိုတာ ကျွန်မ အမှန်တကယ် မြင်ခဲ့ပါတယ်။ ဘုရားသခင်က ကျွန်မကို အဲဒီလို မဖော်ထုတ်ခဲ့ရင် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ စွန်းထင်းနေတဲ့ ယုံကြည်ခြင်းကို ကျွန်မ မြင်မှာမဟုတ်ဘူး။ ကျွန်မက သန့်စင်ခံရပြီး ပြောင်းလဲဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။ ဘုရားရဲ့ ကယ်တင်ခြင်းအတွက် ဘုရားကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” ဆိုတဲ့အထဲက ငါးပိုဒ်မြောက်မှာ ကျွန်မဖတ်တဲ့ နောက်ထပ်အပိုဒ်တစ်ခုရှိတယ်။ “ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို သုတ်သင်ဖယ်ရှင်းခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ ဘာကို လိုက်စားသင့်တယ်ဆိုတာကို ပြသခဲ့တယ်။ ကျွန်မယုံကြည်ခြင်းမှာ ကောင်းချီးတွေနဲ့ ဘယ်လို အကျိုးအမြတ်မျိုးနောက်ကိုမဆို မလိုက်သင့်ဘဲ ဘုရားကို တောင်းဆိုတာ၊ ပန်ကြားတာတစ်ခုမှမရှိဘဲ ယောဘလိုဖြစ်ဖို့ ဘုရားကို သိပြီး ဘုရား စိတ်ကျေနပ်စေဖို့ ကြိုးစားသင့်တယ်။ ယောဘက သူ့မှာရှိသမျှ အရာတိုင်းကို ဘုရားက ပေးထားတယ်ဆိုတာ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က ပေးသည်ဖြစ်စေ၊ ယူသွားသည်ဖြစ်စေ၊ သူက ကောင်းချီးရသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခရသည်ဖြစ်စေ ဘုရားသခင်ကို အကြွင်းမဲ့နာခံပြီး ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ချီးမွမ်းခဲ့ပါတယ်။ ဒါကြောင့် စာတန်က ယောဘကို စမ်းသပ်တဲ့အခါမှာ သူ့ပိုင်ဆိုင်မှုတွေအားလုံး ခိုးယူခံရတဲ့အခါ၊ သူ့သားသမီးတွေ သေသွားတဲ့အခါ သူ့တစ်ကိုယ်လုံးမှာ အနာစိမ်းတွေနဲ့ ပြည့်နေပြီး သူ့ကိုယ်ခန္ဓာကို အိုးခြမ်းပဲ့တွေနဲ့ ကုတ်ရင်း ပြာပုံပေါ် ထိုင်နေရတဲ့အခါမှာ ဘုရားကို လုံးဝ မညည်းညူဘဲ ဘုရားရဲ့ အမည်နာမကိုဆက်ပြီး ချီးမွမ်းနေခဲ့တယ်။ ဘုရားသခင်က ဘာပဲလုပ်ပါစေ၊ ယောဘဟာ ဘုရားကို နာခံရင်း၊ ကိုးကွယ်ရင်းနဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့နေရာမှာ ရပ်တည်နေခဲ့တယ်။ ဒါကြောင့် ယောဘရဲ့ ယုံကြည်ခြင်းဟာ ဘုရားရဲ့ ချီးမွမ်းခြင်းနဲ့ ထိုက်တန်ခဲ့တယ်။ ဒီနားလည်မှုက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ပေးခဲ့တယ်။ ကျွန်မ အမျိုးသားက သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ ကျွန်မ ဘုရားသခင်ကို မညည်းညူဘဲ ကျိုးနွံနာခံရမယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်တယ်။ “ဘုရားသခင်သည် ဘုရားသခင်၏ ဖန်ဆင်းခံများအားလုံး၏ ဇာစ်မြစ်၊ ပေါ်ထွန်းမှု၊ သက်တမ်း၊ အဆုံးသတ်တို့အပြင်၊ လူသားမျိုးနွယ် တစ်ရပ်လုံး၌ ၎င်းတို့အသက်တာ၏ တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အခန်းကဏ္ဍတို့ကို အပြည့်အဝ စီစဉ်နှင့်ပြီးဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအရာများကို မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဩဇာအာဏာဖြစ်သည်။ ဖန်ဆင်းခံတိုင်း၏ ပေါ်ထွန်းမှု၊ ၎င်းတို့ အချိန်မည်မျှကြာ အသက်ရှင်သည်၊ ၎င်းတို့အသက်တာ၏ တာဝန်- ဤဥပဒေသများအားလုံး တစ်ခုချင်းစီတိုင်းကို ဘုရားသခင်က စီမံထားသည်မှာ အာကာသဗိမာန်တိုင်း၏ ပတ်လမ်းကို ဘုရားသခင် စီမံထားသကဲ့သို့ပင် ဖြစ်လေသည်။ ဤအာကာသဗိမာန်များသည် မည်သည့် ပတ်လမ်းကို လိုက်သည်၊ နှစ်ပေါင်းမည်မျှ လိုက်သည်၊ ၎င်းတို့ မည်သို့ ပတ်သည်၊ ၎င်းတို့ မည်သည့် ဥပဒေသများကို လိုက်နာသည်- ဤအရာများအားလုံးကို ဘုရားသခင်က လွန်လေပြီးသော အချိန်ကြာမြင့်စွာက စီမံထားခဲ့ကာ နှစ်ထောင်ပေါင်း၊ သောင်းပေါင်းများစွာ မပြောင်းလဲခဲ့ဘဲ ရှိလေသည်။ ဤသည်ကို ဘုရားသခင်က စီမံထားခြင်းဖြစ်ပြီး ဤသည်မှာ သူ၏ဩဇာအာဏာ ဖြစ်လေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်”) ကျွန်မတို့ရဲ့ ပန်းတိုင်၊ ဘဝသက်တမ်းနဲ့ ရလဒ်တွေအားလုံးက ဖန်ဆင်းရှင်ရဲ့ လက်ထဲမှာရှိတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ တွေ့ခဲ့ရပါတယ်။ ကျွန်မတို့ သေရမယ့်အချိန်ကို ဘုရားက သတ်မှတ်ထားပြီး ဘယ်သူကမှ အဲဒါကို မလွတ်မြောက်နိုင်ပါဘူး။ အဲဒီအချိန်မတိုင်ခင်မှာ ကျွန်မတို့က ကင်ဆာဖြစ်ရင်တောင်မှ သေမှာမဟုတ်သေးပါဘူး။ ဒါက ဘုရားရဲ့ သြဇာအာဏာဖြစ်ပြီး ဘယ်သူကမှ ဒါကို မပြောင်းလဲနိုင်ဘူး။ ဒါကို နားလည်သွားတော့ ကျွန်မ နည်းနည်းစိတ်အေးလာတယ်။ ကျွန်မ အမျိုးသားရဲ့ ကျန်းမာရေးက ဘုရားလက်ထဲမှာရှိတယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ကျွန်မလုပ်နိုင်သမျှက ဘုရားစီစဉ်တဲ့အရာကို နာခံပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ပါပဲ။ သူက ဆေးရုံမှာ ခဏလောက် ဓါတုကုထုံးခံယူခဲ့ရတယ်။ ပြီးတော့ အံ့သြစရာကောင်းတာက သူ့သွေးထဲမှာ ကင်ဆာဆဲလ်တွေမရှိတော့ဘူး။ ညွှန်ပြချက်တွေအားလုံးက ပုံမှန်ပဲ။ အကျိတ်ကလည်း တစ်ဝက်လျော့သွားတယ်။ ဆရာဝန်က သူ့လိုမျိုးဖြစ်တာ၊ ဒီလို ကောင်းကောင်း ထိန်းထားနိုင်တာ တော်တော်ရှားတယ်ဆိုပြီး ပြောတယ်။ ကျွန်မတို့သားကပြောတယ်။ သူ့အတန်းဖော်ရဲ့ အဖေက ဒီလိုကင်ဆာပဲဖြစ်တာ။ သူက ဓာတုကုထုံးတစ်ခါခံယူပြီး အဲဒါကို မခံနိုင်ဘူး၊ နောက်တော့ သုံးလေးလကြာပြီး ဆုံးသွားတယ် တဲ့။ ဒါတွေအားလုံးကို ကြားရတော့ ဘုရားကို အရမ်း ကျေးဇူးတင်မိတယ်။ ကျွန်မ အပျော်ဆုံးကတော့ ကျွန်မ အမျိုးသားက အမြဲ အမည်ခံသက်သက်ပဲ ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့တာ။ ပိုက်ဆံနောက်ကိုပဲ အမြဲတမ်းလိုက်ခဲ့တယ်။ ဒါပေမဲ့ သူကင်ဆာဖြစ်ပြီးနောက်မှာ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာအပေါ် သိနားလည်မှုတချို့ ရလာခဲ့ပြီးတဲ့နောက် ဘုရားရဲ့ လုပ်ဆောင်ချက်အပေါ် သူ့ရဲ့ သက်သေခံချက်ကို မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ မျှဝေခဲ့တာပဲ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့အမှုတော်က ဘယ်လောက် လက်တွေ့ကျတယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒါတွေအားလုံးကို ဖြတ်သန်းရတာဟာ တကယ်ကို နာကျင်ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မ သင်ခန်းစာတစ်ခုနဲ့ ကိုယ့်အကြောင်းကိုယ် သင်ယူခဲ့ရသလို၊ ယုံကြည်ခြင်းမှာ ကျွန်မရဲ့ လိုက်စားမှုကို ပြုပြင်ခဲ့တယ်။ ဒါဟာ ဘုရားရဲ့ ချစ်ခြင်းနဲ့ ကောင်းချီးပဲ။ “သင်ဘုရားအပေါ် ချစ်မေတ္တာစစ်ထားရှိရန် ကြိုးပမ်းသင့်တယ်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ တွေးမိတယ်။ “ယနေ့၊ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန် လမ်းကြောင်းမှန်ပေါ်သို့ သင် ခြေချရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ကောင်းချီးမင်္ဂလာများကို သာမကဘဲ ဘုရားသခင်ကို ချစ်ခြင်းနှင့် သိကျွမ်းခြင်းကိုလည်း ရှာသင့်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးမှု လိုက်လျှောက်မှုအားဖြင့်၊ သင်ကိုယ်တိုင်၏ လိုက်လျှောက်မှုအားဖြင့် သင်သည် သူ၏နှုတ်ကပတ်တော်ကို စားသောက်နိုင်ပြီး ဘုရားသခင်ကို စစ်မှန်စွာ နားလည်နိုင်မည်ဖြစ်၍ သင့်နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာမှလာသော ဘုရားသခင်ကိုချစ်ခြင်း အစစ်အမှန်သည်လည်း ရှိလာနိုင်မည်။ တစ်နည်းဆိုလျှင်၊ ဘုရားသခင်ကို သင်၏ ချစ်ခြင်းသည် အစစ်မှန်ဆုံးဖြစ်ပြီး၊ အဘယ်သူမျှ မဖျက်ဆီးနိုင် သို့မဟုတ် မတားဆီးနိုင်သည့် ချစ်ခြင်းမျိုးဖြစ်လျှင်၊ ယခုအချိန်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းမှန်ပေါ်တွင် ရှိနေသည်။ ထိုအရာက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ကြောင်း သက်သေပြသည်၊ အဘယ်ကြောင့်ဆိုသော် သင့်နှလုံးသားသည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကိုခံရပြီး အခြားမည်သည်အရာကမျှ သင့်ကို မပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ)
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။