မျက်စိကန်းပြီးတဲ့နောက်ပိုင်း- ကျွန်တော် ရရှိခဲ့တဲ့အရာ
ချန်ကျို၊ တရုတ်ပြည်၂၀၁၀ ခုနှစ်မှာ ကျွန်တော့်ဇနီးက ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်တော့်ကို ဟောပြောခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ သခင်ယေရှုကို ရှာမတွေ့ခင်က နာကျင်မှုတွေ၊ စမ်းသပ်မှုတွေ၊ ကျရှုံးမှုတွေနဲ့ အနှောင့်အယှက်တွေ အများကြီး ခံစားခဲ့ရတယ်။ ပထမဆုံး၊ လမစေ့ဘဲမွေးခဲ့တဲ့ ကျွန်မရဲ့ အမြွှာသားနှစ်ယောက်က အသက်မရှင်ခဲ့ပါဘူး။ နောက်ပိုင်း စီးပွားရေးမှာလည်း ဆက်တိုက်ဆိုသလို ကျရှုံးခဲ့ပြီး လူတွေရဲ့ အကြံအဖန်လုပ်တာကိုလည်း ခံခဲ့ရတယ်၊ ကျွန်မ စီးပွားရေးဆက်မလုပ်နိုင်တော့တဲ့အထိ ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်မအတွက် သည်းခံရအခက်ဆုံးအရာကတော့ ကျွန်မခင်ပွန်းရဲ့ သစ္စာဖောက်မှုပဲ။ ဒီလို ရိုက်ချက်တွေ တစ်ခုပြီးတစ်ခုက ကျွန်မကို အသက်ဆက်ရှင်သန်ဖို့ သတ္တိတွေ ပျောက်လုနီးပါးဖြစ်တဲ့အထိ နှိပ်စက်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ သခင်ယေရှုကို ရှာတွေ့တော့မှပဲ ကျွန်မ မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရတယ်။ သခင့်ကို ရှာတွေ့ပြီးတဲ့နောက်မှာ ကျွန်မ သမ္မာကျမ်းစာကို စဖတ်ခဲ့တယ်၊ စုဝေးပွဲတွေကို တက်ရောက်ခဲ့တယ်၊ နေ့တိုင်း သခင့်ဆီ ဆုတောင်းပြီး ဝန်ထုပ်ဝန်ပိုးတွေ၊ နာကျင်မှုတွေကို ကိုယ်တော့်ဆီ အပ်နှံခဲ့တယ်။ ပြီးတော့ မသိလိုက်ခင်မှာပဲ ကျွန်မရဲ့နာကျင်မှုတွေနဲ့ စိုးရိမ်မှုတွေ ပျောက်ကွယ်သွားခဲ့ပြီး အရင်က တစ်ခါမှမကြုံဖူးတဲ့ ငြိမ်သက်ခြင်းနဲ့ တည်ငြိမ်မှုကို နှလုံးသားထဲမှာ ရရှိခဲ့တယ်။ လူကလည်း အများကြီး ပျော်ရွှင်ပေါ့ပါးလာခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ သားတစ်ယောက် ထပ်မွေးခဲ့ပြီး ဘဝက တဖြည်းဖြည်း သာယာချောမွေ့လာခဲ့တယ်။ ဒီအပြောင်းအလဲတွေကြောင့် သခင်ယေရှုဟာ တကယ်ကို သစ္စာရှိပြီး အံ့ဩဖို့ကောင်းတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်၊ သခင့်ကို ရှာတွေ့ခဲ့တဲ့အတွက် အရမ်းဝမ်းသာခဲ့ပြီး ကျွန်မကို ကယ်တင်ခဲ့တဲ့ သခင်ယေရှုကိုလည်း တကယ်ကို ကျေးဇူးတင်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်၊ မေလမှာတော့ ကျွန်မဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပြီး သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုခဲ့တယ်။ ဒါက လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်တဲ့ ဘုရားသခင်ရဲ့အမှုတော်မှာ နောက်ဆုံးအဆင့်ဖြစ်တယ်၊ လူရဲ့အပြစ်တရားရဲ့ အရင်းအမြစ်နဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး၊ နောက်ဆုံးမှာ ကယ်တင်ခြင်းခံရသူတွေကို ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ဆောင်ယူသွားမယ်ဆိုတာ ကျွန်မ သင်ယူခဲ့ရတယ်။ ကျွန်မ တကယ်ကို ကောင်းချီးမင်္ဂလာခံစားရတယ်လို့ ခံစားခဲ့ရပြီး အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့တယ်၊ ပြီးတော့ ဇွဲရှိရှိနဲ့ လိုက်စားဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မဟာ နေ့တိုင်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆုတောင်းပြီး ဖတ်ရှုခဲ့တယ်၊ စုဝေးပွဲတွေကိုလည်း မိုးရွာရွာ နေပူပူ မပျက်မကွက် တက်ရောက်ခဲ့တယ်။ ကျွန်မယုံကြည်ခြင်းကို ခင်ပွန်းက ဆန့်ကျင်ခဲ့ပေမဲ့ ကျွန်မ ဘောင်ခတ်မခံခဲ့ဘူး၊ အိမ်မှာ ဧည့်ခံဝတ်ပြုတဲ့တာဝန်ကိုလည်း ထမ်းဆောင်ခဲ့တယ်၊ အချိန်ရရင်ရသလို ဧဝံဂေလိတရားကိုလည်း ဟောပြောခဲ့တယ်။ ကျွန်မ ဒီလို စိတ်အားထက်သန်မှုနဲ့ လိုက်စားနေတာကို ဘုရားသခင်က သေချာပေါက် အသိအမှတ်ပြုမှာပဲ၊ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကို ပိုပြီးတော့တောင် ပေးသနားမှာပဲ၊ ပြီးတော့ အနာဂတ်မှာ ငြိမ်းချမ်းပြီး ဘေးကင်းလုံခြုံတဲ့ဘဝကို ပေးသနားမှာပဲလို့ ကျွန်မထင်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မရဲ့ တစ်နှစ်အရွယ်သားလေးက ခဏခဏ ဖျားတယ်၊ တော်တော်ဆိုးတဲ့ ပန်းနာရင်ကျပ်ရောဂါရှိပြီး တခါတခါ အဖျားက ၃၉ ဒီဂရီ စင်တီဂရိတ်အထိ တက်တယ်။ တစ်ခါတလေ သူအန်တယ်၊ အဖျားပျောက်ဆေးကလည်း မသက်သာဘဲ၊ ဆေးရုံမှာ လေးငါးရက် ဒါမှမဟုတ် လဝက်လောက်အထိ ဆက်တိုက် အကြောထဲဆေးသွင်းကုသမှု ခံယူရမှ သက်သာလာတယ်။ ကျွန်မကလေးက နေ့တိုင်း ဆေးထိုးဆေးသောက်ပြီး သူ့ရဲ့ ဖောင်းအိအိမျက်နှာလေးက တဖြည်းဖြည်း ပိန်ကျသွားပြီး အရင်ကလို သွေးရောင်လွှမ်းပြီး ကြည်လင်တောက်ပတဲ့ အရောင်အသွေးမရှိတော့တာကို မြင်ရတော့ ကျွန်မ ရင်နာလွန်းလို့ မျက်ရည်ကျခဲ့ရတယ်၊ ဒီရောဂါ သူ့အစား ကျွန်မအပေါ်မှာ ကျရောက်ခဲ့ရင် သိပ်ကောင်းမှာပဲလို့သာ ဆန္ဒဖြစ်မိတယ်။ ဆရာဝန်က ဒါဟာ မွေးရာပါ ဓာတ်မတည့်တဲ့ ပန်းနာရင်ကျပ်ရောဂါလို့ ပြောတယ်။ ပြီးတော့ ဒီရောဂါက အထူးကုသမှု အစီအစဉ်မရှိဘဲ ရောဂါကို ထိန်းချုပ်ဖို့ သမားရိုးကျ ကုသမှုပဲ လုပ်လို့ရတဲ့အတွက် တော်တော်လေး ဒုက္ခများတဲ့ရောဂါလို့ သူတို့က ပြောတယ်၊ ဒါပေမဲ့ ကလေးကြီးလာပြီး ကိုယ်ခံအားစနစ် ပိုကောင်းလာရင်တော့ အခြေအနေ သက်သာလာနိုင်တယ်လို့လည်း သူတို့က ပြောခဲ့တယ်။ ဆရာဝန်ရဲ့ ရေရေရာရာမရှိတဲ့ စကားတွေကို ကြားရတော့ ကျွန်မလည်း နာကျင်ပြီး အားကိုးရာမဲ့ ဖြစ်သွားခဲ့တယ်။ ကျွန်မကလေးရဲ့ရောဂါကို ကုသပေးဖို့ ဘုရားသခင်ဆီမှာ မကြာမကြာ ဆုတောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မကလေးရဲ့ရောဂါက ဘယ်တော့မှ မသက်သာခဲ့ဘူး၊ ကျွန်မမှာလည်း အယူအဆတွေ စပြီးဝင်လာတယ်၊ “ငါ အမြဲတမ်း ငါ့ရဲ့လိုက်စားမှုမှာ စိတ်အားထက်သန်ခဲ့တယ်၊ နေ့တိုင်း ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်၊ ပြီးတော့ ငါ စုဝေးပွဲတွေမှာ ဘယ်တော့မှ မနှောင့်နှေးခဲ့ဘူး၊ ငါ့တာဝန်တွေကိုလည်း တက်တက်ကြွကြွ ထမ်းဆောင်နေခဲ့တာပဲ။ ဘုရားသခင်က ငါ့ကို ကောင်းချီးပေးသင့်တာပေါ့၊ ဟုတ်တယ်မလား။ ငါ သခင်ယေရှုကို ယုံကြည်တုန်းကဆို ကျေးဇူးတော်တွေ၊ ကောင်းချီးတွေ၊ ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်မှုတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အခု အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တော့ ဘာလို့ ကလေးရဲ့ရောဂါကို ကုသမပေးရတာလဲ။ ဘုရားသခင်က အနန္တတန်ခိုးရှင်ပဲ၊ ဒါဆိုရင် ကိုယ်တော်က ငါ့သားရဲ့ရောဂါကို စကားတစ်ခွန်းတည်းနဲ့ ကုသပေးလို့မရဘူးလား။ ဘုရားသခင်က ဘာလို့ ငါ့ရဲ့ဆုတောင်းသံကို နားမထောင်ရတာလဲ” လို့ တွေးနေမိတယ်။ ကျွန်မ အထူးသဖြင့် ဆွေမျိုးတစ်ယောက်ရဲ့ကလေးက အဖျားကြီးတာကို ကုသမှုနောက်ကျလို့ ဦးနှောက်ပျက်စီးသွားခဲ့တာကို အမှတ်ရမိတယ်။ ကျွန်မသားက ငယ်ငယ်လေးပဲ ရှိသေးတယ်၊ ခဏခဏ အဖျားကြီးတာက သူ့ဦးနှောက်ကို ထိခိုက်ပြီး ဉာဏ်ရည်ကို သက်ရောက်မှုရှိစေမလားလို့ ကျွန်မ တွေးပူမိတယ်။ ဒီလိုစဉ်းစားမိရုံနဲ့ ကျွန်မ ရင်မှာ မချိမဆန့်နာကျင်မှုတွေနဲ့ ပြည့်နှက်သွားတယ်။ အရင်က အမြွှာနှစ်ယောက်ကလည်း ဆုံးသွားပြီ၊ ပြီးတော့ ဆရာဝန်က ကျွန်မခန္ဓာကိုယ်က ကိုယ်ဝန်ရဖို့ ခက်ခဲတယ်လို့ ပြောခဲ့တယ်၊ ဒီတော့ သားလေးသာ တစ်ခုခုဖြစ်သွားရင် ကျွန်မ ဘယ်လိုဆက်အသက်ရှင်ရမှာလဲ။ ဒီအကြောင်းတွေအားလုံးကို တွေးပြီး ကျွန်မ မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးမိတော့တာပေါ့၊ ငိုရင်းနဲ့ပဲ ဘုရားသခင်ကို အသည်းအသန် ဆုတောင်းခဲ့တယ်၊ ကျွန်မသားကို သနားကရုဏာထားပြီး စောင့်ရှောက်ဖို့၊ သူ့ရောဂါကို အမြန်ဆုံး ပျောက်ကင်းစေဖို့ တောင်းလျှောက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ပဲ ဆုတောင်းဆုတောင်း ဘုရားသခင်က ကျွန်မကို နားမထောင်သလိုပါပဲ။ ခဏအကြာမှာ ကျွန်မကလေးရဲ့ရောဂါက မသက်သာတဲ့အပြင် အဖျားတက်တာ ပိုပိုစိပ်လာတယ်၊ ဖျားပြီဆိုတာနဲ့ သူ အသက်ရှူလို့မဝဘူး၊ ဘာမှလည်း စားမဝင်ဘူး၊ စားလိုက်ရင်လည်း ပြန်အန်တယ်။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီဒုက္ခဝေဒနာတွေ အများကြီးခံစားနေရတဲ့ ကလေးကို မြင်ရတာ ကျွန်မ ရင်ထဲမှာ မခံမရပ်နိုင်အောင် နာကျင်ခံစားရပြီး ဘုရားသခင်အပေါ် သံသယတွေ စဝင်လာခဲ့တယ်၊ “ငါ သခင်ယေရှုကို ယုံကြည်တုန်းက ကိုယ်တော်က ငါ ရောဂါအတွက် ဆုတောင်းတဲ့အခါ အမြဲတမ်း ကုသပေးခဲ့တယ်၊ ဒါပေမဲ့ အခု အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လာတော့ ဘာလို့ ငါ့ဆုတောင်းတွေက အရာမရောက်တော့တာလဲ။ ငါ ယုံကြည်တာ မှားနေသလား။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှု ဟုတ်ရဲ့လား” လို့ တွေးမိတယ်။ ကလေးက ခဏခဏ ဖျားနေတော့ ကျွန်မရဲ့ အာရုံတွေအားလုံးက သူ့ကို ပြုစုစောင့်ရှောက်ဖို့အပေါ်မှာပဲ ရှိနေခဲ့တယ်။ စုဝေးပွဲတွေ တက်တာမမှန်တော့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ အာရုံမစိုက်နိုင်ခဲ့ဘူး၊ ဆုတောင်းရင်လည်း ပြောစရာ ဘာမှမရှိခဲ့ဘူး။ ကျွန်မရဲ့နှလုံးသားက ဘုရားသခင်နဲ့ ဝေးကွာလာခဲ့တယ်။
နောက်ပိုင်းမှာ ညီအစ်မတချို့က ကျွန်မကို ကူညီထောက်ပံ့ဖို့ ရောက်လာကြပြီး ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မဖတ်ဖို့ ရှာပေးခဲ့တယ်။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။...လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ ကြီးမားသော အဖိုးအခ၏ ပမာဏ တစ်ခုခုကို လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်တွင် သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ ပြီးလျှင် သူ့ကို သင်၏ သက်သေခံချက်တွင် မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်သည့်အချိန် ဖြစ်ကြောင်းကို သင်သိသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ကျွန်မညီအစ်မတစ်ယောက်က ပြောတယ်၊ “ကျွန်မတို့ဘဝမှာ စိတ်ပျက်စရာကိစ္စတွေ အများကြီး ဖြစ်တတ်တယ်၊ ကိစ္စတစ်ခုချင်းစီရဲ့ နောက်ကွယ်မှာ ဝိညာဉ်ရေးရာတိုက်ပွဲတစ်ခု ရှိနေတယ်။ ဘုရားသခင်ဘက်ကကြည့်ရင် ဘုရားသခင်က ကျွန်မတို့ကို စမ်းသပ်နေတာ၊ ကိုယ်တော့်အပေါ် ယုံကြည်ခြင်းရှိမရှိ၊ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မလားဆိုတာကို ကြည့်နေတာပေါ့။ စာတန်ဘက်ကကြည့်ရင်တော့ စာတန်က ကျွန်မတို့ကို တိုက်ခိုက်ပြီး စုံစမ်းသွေးဆောင်နေတာ၊ သူ့ရဲ့ရည်ရွယ်ချက်က ကျွန်မတို့ကို ဘုရားသခင်ရဲ့ အမှုတော်ကို သံသယဝင်စေပြီး၊ အဆုံးမှာ ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်စေဖို့ပဲ။ ဒါက ယောဘကြုံခဲ့ရသလိုပေါ့။ အပေါ်ယံမှာတော့ ဓားပြတွေက သူ့ဥစ္စာပစ္စည်းတွေကို လုယူသွားသလို၊ သူကိုယ်တိုင်လည်း အနာစိမ်းတွေနဲ့ ဖုံးလွှမ်းနေသလို ထင်ခဲ့ရတယ်၊ ဒါပေမဲ့ တကယ့်တကယ်မှာတော့ ဒါဟာ ယောဘ ဘယ်ဘက်မှာရပ်တည်မလဲဆိုတာကို ကြည့်ဖို့အတွက်နဲ့ စာတန်က ဘုရားသခင်နဲ့ အလောင်းအစားလုပ်နေခဲ့တာပဲ။ ဒီနေ့မှာ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မတို့ကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြဖို့ ကြွလာခဲ့ပြီ၊ စာတန်က ဒါကို လက်မခံနိုင်ဘူး၊ ဒါကြောင့် စာတန်က ကျွန်မတို့ကလေးရဲ့ နာမကျန်းမှုကို အသုံးချပြီး ကျွန်မတို့ကို တိုက်ခိုက်နှောင့်ယှက်နေတာ၊ ကျွန်မတို့ ဘုရားသခင်ကို သံသယဝင်အောင်၊ ဒါမှမဟုတ် ကိုယ်တော့်ကို ငြင်းပယ်ပြီး စွန့်ခွာသွားအောင်တောင် ကြိုးစားနေတာပေါ့။ ကျွန်မတို့ စာတန်ရဲ့ ပရိယာယ်တွေကို ထိုးထွင်းမြင်နိုင်ဖို့ ဘုရားသခင်ကို ပိုဆုတောင်းပြီး အားကိုးဖို့ လိုတယ်” တဲ့။ ညီအစ်မရဲ့ မိတ်သဟာယဖွဲ့တာကို ကြားပြီးတဲ့နောက်မှာ ကျွန်မ ကိုယ့်ရဲ့အပြုအမူတွေနဲ့ ကျွန်မထုတ်ဖော်နေတဲ့အရာတွေကို ဆင်ခြင်သုံးသပ်ခဲ့တယ်၊ ပြီးတော့ ကျွန်မမှာ ဘုရားသခင်အပေါ်စစ်မှန်တဲ့ယုံကြည်မှု၊ ဒါမှမဟုတ် ကျိုးနွံနာခံမှုမရှိဘူး။ စာတန်ရဲ့ ပရိယာယ်တွေကိုလည်း ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘူးဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မက ကိုယ့်ရဲ့စိတ်အားထက်သန်မှုအပေါ်မှာပဲ အားကိုးပြီး ယုံကြည်နေခဲ့တာ၊ သခင်ယေရှုက လူမမာတွေကို ကုသပေးတယ်၊ နတ်ဆိုးတွေကို နှင်ထုတ်တယ်၊ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသနားတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်လို့၊ ကိုယ်တော်ကလည်း လူမမာတွေကို ကုသပေးဖို့၊ နတ်ဆိုးတွေကို နှင်ထုတ်ဖို့ နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေကို သေချာပေါက် ပြနိုင်မှာပဲလို့ ကိုယ့်ရဲ့အယူအဆတွေ၊ စိတ်ကူးတွေနဲ့ ထင်မြင်ခဲ့တယ်။ ဒါကြောင့် ကျွန်မကလေးကို ကုသပေးဖို့ ဘုရားသခင်ဆီမှာ တောင်းလျှောက်ပြီး အဆက်မပြတ် ဆုတောင်းခဲ့တာပေါ့။ ဘုရားသခင်က ကျွန်မရဲ့ စိတ်အားထက်သန်တဲ့ လိုက်စားမှုကို သေချာပေါက် ငဲ့ကွက်ပြီး ကျွန်မကလေးကို အမြန်ဆုံး ကုသပေးမှာပဲလို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ တကယ့်လက်တွေ့က ကျွန်မထင်ထားတာနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး၊ ကလေးရဲ့အခြေအနေက မသက်သာတဲ့အပြင် ပိုဆိုးလာတဲ့အခါမှာတော့ ဘုရားသခင်ကို ကျွန်မ သံသယဝင်လာတယ်၊ ပြီးတော့ ကျွန်မ ဆုတောင်းဖို့၊ စုဝေးပွဲတက်ဖို့နဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု ပျောက်ဆုံးသွားခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘဲ ဖောက်ပြန်ပျက်စီးမှု အများကြီးကို ထုတ်ဖော်ခဲ့တယ်။ ကျွန်မရဲ့ အတွေးအခေါ်တွေက လုံးဝမှန်ကန်တယ်လို့တောင် ထင်နေခဲ့သေးတာ၊ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်မ တော်တော်ကို နားဝေတိမ်တောင်ဖြစ်ခဲ့ပါလားလို့ သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ချို့ယွင်းချက်တွေကို သဘောပေါက်သွားပြီး ဘုရားနှုတ်ကပတ်တော်တွေကို သတိရှိရှိ ပိုပြီးစားသောက်တယ်၊ စုဝေးပွဲတွေကို ပိုတက်တယ်၊ ပြီးတော့ ဒီအခြေအနေမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့၊ ကျွန်မကလေးရဲ့ နာမကျန်းမှုကနေ သင်ခန်းစာတွေ သင်ယူနိုင်ဖို့ ယုံကြည်ခြင်းနဲ့ ခွန်အားပေးသနားပါလို့ ဘုရားသခင်ဆီမှာ တောင်းလျှောက်ခဲ့တယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် သုံးလေးပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသား၏ အယူအဆများတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အစဉ်အမြဲ ပြသရမည်၊ မကျန်းမာသောသူများကို အစဉ်အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အစဉ်အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ ယေရှုကဲ့သို့ အစဉ်အမြဲ ဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင် ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက၊ သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သည့်အပြင် ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက် မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး စာတန်သည် ဘုရားသခင်နောက် ထက်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင် ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက် ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ယနေ့ ဘုရားသခင်၏ အမှုသည် အဘယ်ကြောင့် ယေရှု၏ အမှုနှင့် မတူ ကွဲပြားရသနည်း။ ယနေ့ ဘုရားသခင်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသနည်း၊ နတ်ဆိုးများကို မနှင်ထုတ်သနည်း၊ ပြီးလျှင် အဘယ်ကြောင့် မကျန်းမာသောသူများကို အနာမငြိမ်းစေသနည်း။ ယေရှု၏ အမှုသည် ပညတ်တော်ခေတ်အတွင်း လုပ်ဆောင်ခဲ့သော အမှုနှင့် တူညီခဲ့မည်ဆိုပါက၊ သူသည် ကျေးဇူးတော်ခေတ်၏ ဘုရားသခင်ကို ကိုယ်စားပြုပြီး ဖြစ်နိုင်မည်လော။ သူသည် ကားစင်တင်ခံရခြင်း အမှုကို ပြီးစီးပြီး ဖြစ်နိုင်မည်လော။ ပညတ်တော်ခေတ်ထဲကကဲ့သို့ ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်ပြီး ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ပါက၊ သူသည် မည်သူမျှ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရမည် မဟုတ်သကဲ့သို့၊ အားလုံးက ကြိုဆိုလက်ခံခဲ့ကြမည် ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက၊ သူသည် ကားစင်တင်ခံရပြီး ဖြစ်နိုင်မည်လော။ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးပြီးဖြစ်နိုင်မည်လော။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် ယေရှုပြုခဲ့သကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသမည်ဆိုပါက၊ အဘယ် အဓိပ္ပာယ် ရှိမည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ့အမှု၏ နောက်တစ်ပိုင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းကို ကိုယ်စားပြုသည့် အရာတစ်ခုကို လုပ်မှသာ၊ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သာ၍ နက်ရှိုင်းသော အသိပညာကို ရရှိနိုင်ပြီး ထိုအခါမှသာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးစီးနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သိကျွမ်းခြင်း) “ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသားအတွက် အသက်နှုတ်ကပတ်တော်များ ထောက်ပံ့ပေးခြင်း၊ လူသား၏ သဘာဝ အနှစ်သာရ၊ ပြီးလျှင် ၎င်း၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖော်ထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ၊ မြေရှင်ပဒေသရာဇ်စနစ် အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်အပြင် လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားရှင်းလင်းခြင်း ဖြစ်သည်။ ဤအရာများအားလုံးတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို အသုံးမပြုဘဲ၊ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို မြင်လာစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သိကျွမ်းခြင်း) “ယနေ့တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြီးမြောက်သည်မှာ အဓိကအားဖြင့် ‘နှုတ်ကပတ်တော် လူ့ဇာတိခံယူသည်’ ဟူသည့် အချက်ဖြစ်သည်ကို သင်တို့အားလုံးအဖို့ ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပေသည်။ ကမ္ဘာမြေပေါ်က သူ၏ တကယ့်အမှုမှတစ်ဆင့်၊ လူသားက သူ့ကို သိရန်နှင့် သူနှင့် ထိတွေ့ဆက်ဆံရန်၊ ပြီးလျှင် သူ၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များကို မြင်ရန် သူ လုပ်ဆောင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်သကဲ့သို့၊ ထိုသို့ သူမလုပ်ဆောင်နိုင်သော အချိန်များလည်း ရှိသည်ကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း တွေ့မြင်စေသည်။ ဤသည်မှာ ခေတ်အပေါ် မူတည်ပေသည်။ ဤအရာမှ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်စွမ်း မရှိဘဲ၊ ယင်းအစား လုပ်ဆောင်ရမည့် အမှုနှင့် အညီ၊ ပြီးလျှင် ခေတ်နှင့်အညီ သူ၏ အမှုပြုခြင်း နည်းလမ်းအား ပြောင်းလဲသည်ကို သင် မြင်နိုင်ပေသည်။ အမှု၏ လတ်တလောအဆင့်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသပေ။ ယေရှုခေတ်၌ နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်ရာအချို့ကို သူပြသခဲ့သည်မှာ ထိုခေတ်၌ သူ၏အမှုသည် မတူကွဲပြားသောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ထိုအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူအချို့က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူ ပြသနိုင်စွမ်းမရှိဟု ယုံကြည်ကြသည် သို့မဟုတ်ပါက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူမပြလျှင်၊ ဘုရားသခင် မဟုတ်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ယင်းမှာ အတွေးမှားတစ်ခု မဟုတ်လော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်သော်လည်း၊ သူသည် မတူကွဲပြားသောခေတ်တွင် အမှုပြုနေခြင်းဖြစ်သောကြောင့်၊ ထိုကဲ့သို့သောအမှုကို သူ မလုပ်ဆောင်ပေ။ ဤသည်မှာ မတူကွဲပြားသော ခေတ်ဖြစ်သောကြောင့်၊ ဘုရားသခင်က ထုတ်ဖော်သည့် လုပ်ဆောင်ချက်သည်လည်း မတူကွဲပြားလေသည်။ ဘုရားသခင်၌ လူသား၏ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌ ယုံခြင်းမဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများ၌လည်း ယုံခြင်းမဟုတ်ဘဲ၊ အသစ်သောခေတ်အတွင်း သူ၏ လက်တွေ့ကျသော အမှုကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုသည့် နည်းဟန်မှတစ်ဆင့် လူသားသည် ဘုရားသခင်ကို သိလာပြီး ဤအသိပညာက လူ၏အထဲ၌ ယုံကြည်မှု၊ ဆိုလိုသည်မှာ ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များ၌ ယုံကြည်မှုကို ဖြစ်ပေါ်စေသည်။ အမှု၏ဤအဆင့်တွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် စကားပြောဆိုသည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရဖို့ မစောင့်ဆိုင်းနှင့်။ တစ်ခုတစ်လေကိုမျှ သင်တွေ့ရလိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ကျေးဇူးတော်ခေတ်အတွင်းတွင် မွေးဖွားခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သင် မွေးဖွားခဲ့ပါက၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့နိုင်ပြီး ဖြစ်ပေမည်၊ သို့သော် သင်သည် နောက်ဆုံးသောကာလအတွင်း မွေးဖွားခဲ့သောကြောင့်၊ ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့် ပုံမှန်ဖြစ်မှုတို့ကိုသာ သင် တွေ့နိုင်သည်။ နောက်ဆုံးသောကာလအတွင်းတွင် သဘာဝလွန်ယေရှုကို မြင်တွေ့ရဖို့ မမျှော်လင့်နှင့်။ သင်သည် မည်သည့် ပုံမှန် လူသားနှင့်မျှ မကွဲပြားသည့် လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်ကိုသာ မြင်နိုင်ပေသည်။ ခေတ်အသီးသီးတွင်၊ ဘုရားသခင်သည် မတူကွဲပြားသော လုပ်ဆောင်ချက်များကို ထုတ်ဖော်သည်။ ခေတ်အသီးသီးတွင်၊ သူသည် သူ၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ဒေသကို ထုတ်ဖော်ပြီး၊ ခေတ်အသီးသီး၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုလေသည်။ ဘုရားသခင် ထုတ်ဖော်သည့် လုပ်ဆောင်ချက်သည် သူ အမှုပြုသည့် ခေတ်နှင့်အတူ ခြားနား၏၊ သို့သော် ယင်းတို့အားလုံးသည် လူသားအား သာ၍ နက်ရှိုင်းသည့် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာ၊ သာ၍ စစ်မှန်ကာ ျခိုင်မာသော ဘုရားသခင်၌ ယုံကြည်မှုကို ပေးလေသည်။ လူက ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကြောင့်၊ ဘုရားသခင်သည် အလွန်အံ့ဖွယ်၊ အလွန်ကြီးမြတ်သောကြောင့်၊ သူသည် အနန္တတန်ခိုးရှိပြီး နားလည်၍မရနိုင်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သိကျွမ်းခြင်း)
ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့စိတ်နှလုံးက အများကြီး ပိုပြီး လင်းလက်တောက်ပလာတယ်။ ဘုရားသခင် နောက်ဆုံးသောကာလမှာ လုပ်ဆောင်နေတဲ့ အမှုတော်အပေါ် ကျွန်မ နားလည်မှုတချို့ ရရှိခဲ့တယ်။ ဘုရားသခင် နောက်ဆုံးသောကာလမှာ အမှုတော်ကို လုပ်ဆောင်တဲ့အခါ နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေကို မပြနိုင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီနောက်ဆုံးသောခေတ်မှာ ဘုရားသခင်က အဲဒီနည်းလမ်းနဲ့ အမှုမပြုတော့ဘူး။ အခု ဘုရားသခင် လုပ်ဆောင်နေတာက လူတွေကို စုံလင်စေဖို့၊ သန့်စင်စေဖို့ နှုတ်ကပတ်တော်တွေကို အသုံးပြုတဲ့ အမှုတော်ဖြစ်တယ်။ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် လူတွေရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ လူတွေရဲ့ အတွေးအခေါ်ဟောင်းတွေ၊ ဘုရားသခင်အပေါ်ထားတဲ့ လူတွေရဲ့ ဘာသာရေး အယူအဆအမျိုးမျိုးကို ဖော်ထုတ်ပြီး လူတွေကို သူတို့ရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားနိုင်စေတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်က လူမမာတွေကို ကုသပေးတာ၊ နတ်ဆိုးတွေကို နှင်ထုတ်တာ၊ နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေကို ပြတာတွေပဲ ဖြစ်နေသေးရင်၊ ဘုရားသခင်ကို ထူးထူးခြားခြား သဘာဝလွန်တယ်လို့ လူတွေကို မြင်စေတာဖြစ်ပြီး၊ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ဘုရားသခင်အပေါ်မှာထားတဲ့ သူတို့ရဲ့ ပုန်ကန်မှုနဲ့ အတိုက်အခံလုပ်မှုက အလွယ်တကူ ထုတ်ဖော်ခံရမှာ မဟုတ်ဘူး၊ ကျွန်မတို့လည်း ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘယ်တော့မှ သိရှိလာမှာ မဟုတ်သလို၊ သန့်စင်ပြီး ပြောင်းလဲခြင်းခံရဖို့ဆိုတာ ဝေးရောပေါ့။ ကျွန်မလိုပေါ့၊ ဆုတောင်းလိုက်တာနဲ့ ကလေးရဲ့ရောဂါက ချက်ချင်းပျောက်သွားခဲ့မယ်ဆိုရင်၊ ကျွန်မမှာ ဘုရားသခင်အပေါ် ဘာအယူအဆမှ ရှိမှာမဟုတ်ဘူး၊ ကိုယ်တော့်ကို သံသယလည်း ဝင်မှာမဟုတ်ဘူး၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်အပေါ် ယုံကြည်ခြင်းကြီးမားတယ်၊ တကယ်ကို လိုက်စားနေတဲ့သူလို့ ထင်နေဦးမှာပဲ။ ဒါပေမဲ့ ကလေးရဲ့ရောဂါ မပျောက်ကင်းတဲ့အခါမှာတော့ ကျွန်မမှာ ဘုရားသခင်အပေါ် နားလည်မှုလွဲမှားတာတွေ၊ အယူအဆတွေ ဖြစ်လာတယ်၊ ဘုရားသခင်က ကျွန်မရဲ့ဆုတောင်းသံကို နားမထောင်ဘူးလို့ ညည်းညူတယ်၊ ဘုရားသခင်ကိုတောင် သံသယဝင်ခဲ့တယ်။ ဆုမတောင်းချင်ဘူး၊ စုဝေးပွဲတွေ မတက်ချင်တော့ဘူး၊ အစပိုင်းက စိတ်အားထက်သန်မှုက ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။ အဖြစ်မှန်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှု၊ ပုန်ကန်မှု၊ ဘုရားသခင်အပေါ်ထားတဲ့ အယူအဆတွေ အပြည့်အဝ ထုတ်ဖော်ခံလိုက်ရတယ်။ အဲဒီအခါမှပဲ နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေ ပြသလား၊ ဒါမှမဟုတ် ရောဂါတွေ ပျောက်ကင်းပြီး နတ်ဆိုးတွေ နှင်ထုတ်ခံရသလားဆိုတာအပေါ် အခြေခံပြီး ဒီအမှုက ဘုရားသခင်ဆီက ဟုတ်မဟုတ် တိုင်းတာတဲ့ ကျွန်မရဲ့အမြင်ရှုထောင့်က မှားယွင်းပြီး အဓိပ္ပာယ်မဲ့တယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်က ခေတ်တစ်ခေတ်စီမှာ အမှုတော်တစ်ဆင့်ကို လုပ်ဆောင်တယ်၊ ခေတ်သစ်တစ်ခုက အမှုတော်သစ်တစ်ခုကို လိုအပ်တယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ခဲ့ပြီး၊ လူမမာတွေကို ကုသပေးတယ်၊ နတ်ဆိုးတွေကို နှင်ထုတ်တယ်၊ နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်ရာတချို့ကို ပြသခဲ့တယ်။ ဒါပေမဲ့ အခုက နိုင်ငံတော်ခေတ်၊ နောက်ဆုံးသောခေတ်ဖြစ်ပြီး၊ ဘုရားသခင်က သူ့ရဲ့နှုတ်ကပတ်တော်တွေကနေတစ်ဆင့် လူတွေကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုတော်ကို ဆောင်ရွက်နေတယ်၊ ဒီလိုနဲ့ လူအားလုံးကို အမျိုးအစားအလိုက် ခွဲခြားပြီး၊ အဲဒီနောက်မှာ ကောင်းတဲ့သူတွေကို ဆုချပြီး ဆိုးတဲ့သူတွေကို အပြစ်ဒဏ်ပေးတယ်၊ ပြီးတော့ ဒီခေတ်ဟောင်းကို အဆုံးသတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်သာ သခင်ယေရှုလိုမျိုး နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေကိုပြ၊ လူမမာတွေကို ကုသ၊ နတ်ဆိုးတွေကို နှင်ထုတ်ပြီး အမှုပြုနေဦးမယ်ဆိုရင်၊ ကိုယ်တော်ရဲ့အမှုတော်ကို ထပ်ခါထပ်ခါ လုပ်နေတာ မဟုတ်ဘူးလား။ ဒီလိုဆိုရင် ခေတ်ကို ဘယ်လိုများ အဆုံးသတ်နိုင်မှာလဲ။ ဒါ့အပြင်၊ နတ်ဆိုးတွေကလည်း ဘုရားသခင်လုပ်ဆောင်ခဲ့တဲ့ အမှုကို အတုခိုးနိုင်တယ်၊ နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေ ပြသလား၊ လူတွေရဲ့ရောဂါကို ကုသပေးသလားဆိုတာနဲ့ ဘုရားသခင်ရဲ့ အမှုတော်ဟုတ်မဟုတ်ကို ကျွန်မ တိုင်းတာခဲ့မယ်ဆိုရင်၊ စာတန်နဲ့ နတ်ဆိုးတွေရဲ့အလုပ်ကို ဘုရားသခင်ရဲ့အမှုတော်အဖြစ် သတ်မှတ်မိပြီး၊ ဘုရားသခင်ကို ပြစ်မှားစော်ကားနေတာပဲ ဖြစ်သွားမှာပေါ့။ နာမည်ခံအနေနဲ့တော့ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင်အပေါ် ကျွန်မမှာ တကယ့်နားလည်မှုမရှိခဲ့ဘူး၊ ပြီးတော့ ကျွန်မ ဘုရားသခင်ရဲ့ နောက်ဆုံးအမှုတော်ကို ကျေးဇူးတော်ခေတ်မှာ ကိုယ်လိုချင်တာရဖို့သက်သက်ပဲ ရှာဖွေတဲ့ အမြင်ရှုထောင့်နဲ့ပဲ ကြည့်နေခဲ့တယ်။ ကျွန်မက ဖိနပ်အသစ်နဲ့ လမ်းအဟောင်းကို လျှောက်ဖို့ ကြိုးစားနေခဲ့တာပါပဲ။ ဒီလိုယုံကြည်ခြင်းမျိုးက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ မကိုက်ညီဘူး။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်က လူတွေကို နိမိတ်လက္ခဏာတွေ၊ အံ့ဩဖွယ်ရာတွေနဲ့ စုံလင်စေဖို့ ရည်ရွယ်တာမဟုတ်ဘဲ၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ စုံလင်စေဖို့ပဲ ဖြစ်တယ်။ ဒါဟာ တကယ်ကို ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ ဉာဏ်ပညာပါပဲ။ နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေကို ပြခဲ့မယ်ဆိုရင်၊ လူတွေက မြင်တာနဲ့ အကုန်ယုံကြည်ကြမှာပဲ၊ အတိုက်အခံလုပ်တာတွေ ရှိတော့မှာမဟုတ်ဘူး၊ ဒီလိုဆိုရင် ဆိတ်နဲ့ သိုး၊ တောပင်နဲ့ စပါး၊ ယုံကြည်သူအစစ်နဲ့ အယောင်ဆောင်ယုံကြည်သူ၊ အစေခံကောင်းနဲ့ အစေခံဆိုးတွေကို ဘယ်လိုများ ပိုင်းခြားသိမြင်နိုင်တော့မှာလဲ။ ဘုရားသခင်က လူတွေကို စုံလင်အောင်ပြုလုပ်ခြင်း၊ ထုတ်ဖော်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းအလုပ်ကို ဘယ်လိုလုပ်ဆောင်နိုင်တော့မှာလဲ။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်က လူတွေကို သိမ်းပိုက်ပြီး ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြပြီး အမှုပြုတယ်၊ နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေကို မပြဘူး။ ကိုယ်တော်က လူတွေ သမ္မာတရားကို လက်ခံနိုင်မလားဆိုတာကိုပဲ ကြည့်တယ်၊ ဒီနည်းနဲ့ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်တဲ့သူတွေကိုပဲ ကယ်တင်နိုင်မှာဖြစ်ပြီး၊ နတ်ဆိုးစာတန်နဲ့ သက်ဆိုင်တဲ့သူတွေကတော့ ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဘုရားသခင်ရဲ့ အမှုတော်က ပိုပြီး သာမန်ဖြစ်ပြီး လက်တွေ့ကျလေလေ၊ အထဲမှာ ကိုယ်တော်ရဲ့ ဉာဏ်ပညာ ပိုပြီးပါဝင်လေလေပဲဆိုတာကို ကျွန်မ မြင်တယ်။ ဘုရားသခင် ဒီလိုအမှုပြုတဲ့နည်းလမ်းက တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ။ အဖြစ်မှန်တွေရဲ့ ထုတ်ဖော်မှုနဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုသာ မရှိခဲ့ဘူးဆိုရင်၊ ကျွန်မ ဘုရားသခင်ကို မရေရာမှုတွေ အယူအဆတွေနဲ့ ယုံကြည်နေခဲ့တယ်ဆိုတာကို ဘယ်တော့မှ သဘောပေါက်မှာ မဟုတ်ဘူး၊ ဘုရားသခင်ကို ကျွန်မ အတိုက်အခံလုပ်ပြီး ပုန်ကန်နေတုန်းပဲဆိုတာကိုလည်း သဘောပေါက်မှာမဟုတ်ဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ လက်တွေ့ကျတဲ့အမှုအပေါ်မှာ နားလည်မှုတစ်ခုခု ရဖို့ဆိုတာ ဝေးရောပေါ့။ အဲဒီအချိန်မှာ ကျွန်မ စိတ်ထဲ ကြီးမားတဲ့ သက်သာရာရမှုနဲ့ လွတ်မြောက်မှုကို ခံစားခဲ့ရတယ်၊ ပြီးတော့ ကလေးရဲ့ရောဂါကို ဖယ်ရှားပေးဖို့ ဘုရားသခင် နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေပြဖို့ကိုလည်း အသည်းအသန် မမျှော်လင့်တော့ဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့ရတယ်။ “ဘုရားသခင်၌ ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို ယခု သင်တို့ နားလည်ပါသလော။ ဘုရားသခင်၌ ယုံကြည်မှုမှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ရခြင်းလော။ ယင်းသည် ကောင်းကင်ဘုံသို့ တက်ခြင်းကို ဆိုလိုသလော။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အနည်းငယ်မျှ မလွယ်ကူပေ။ ထိုဘာသာရေးအလေ့အထများကို သန့်စင်ပစ်သင့်သည်။ မကျန်းမာသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို လိုက်စားခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အာရုံစိုက်ခြင်း၊ ဘုရားသခင်၏ သာ၍များသော ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို တပ်မက်ခြင်း၊ ဇာတိပကတိ၏ အလားအလာများနှင့် သက်သောင့်သက်သာဖြစ်ခြင်းများကို လိုက်စားခြင်းတို့သည် ဘာသာရေး အလေ့အထများဖြစ်ကြပြီး ထိုသို့သော ဘာသာရေး အလေ့အထများသည် မရေရာသော ယုံကြည်မှုမျိုးဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ အသက် စစ်မှန်မှု အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင် ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဖြည့်ဆည်းသင့်သော တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်။ ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏တန်ခိုးအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံမှုနှင့် ဇာတိပကတိကို ကျိုးနွံနာခံခြင်း မရှိမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိကအားဖြင့် သင်တို့၌ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဘုန်းအသရေကို ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုတော်ကို သင်လိုက်လျှောက်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ရန်အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မြင်တွေ့ရန်အလို့ငှာ မဖြစ်သင့်ပေ၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းကို လိုက်စားရန်၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ရန်၊ ပေတရုကဲ့သို့ပင် မိမိသေဆုံးသည်အထိ ကိုယ်တော့်ထံ ကျိုးနွံနာခံရန်အလို့ငှာ ဖြစ်သင့်၏။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။...သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို အစဉ်အမြဲ မြင်တွေ့လိုပါက ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ဤအမြင်သည် မှားယွင်း၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်၏လက်တွေ့ကျမှုအဖြစ် လက်ခံခြင်း ဖြစ်၏။ လူတို့သည် ဘုရားသခင်၏ နှုတ်မှထွက်သော နှုတ်ကပတ်တော်အားလုံးကို လက်တွေ့လုပ်ဆောင်၍ မိမိတို့အပေါ်၌ အကောင်အထည်ဖော်သောအခါ ဘုရားသခင်၏ ရည်မှန်းချက်သည် ပြည့်စုံ၏။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ လူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန်၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ရန်နှင့် ဘုရားသခင်ထံသို့ လုံးဝဥဿုံ ကျိုးနွံနာခံခြင်းကို ရရှိရန် လိုက်စားသင့်၏။ သင်သည် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပါက၊ ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို စွမ်းဆောင်ရရှိနိုင်ပြီး ဘုရားသခင်ပြောဆိုသည့် ပေတရု၏ပုံစံကို ပိုင်ဆိုင်နိုင်ပါက၊ ယင်းသည် ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သည်ကို ညွှန်ပြပေမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ဖြစ်မြောက်အောင်မြင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ မှန်ကန်တဲ့အမြင်ကို ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုတာ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရရှိဖို့အတွက် မဟုတ်ဘူး၊ ဇာတိပကတိရဲ့ ငြိမ်းချမ်းသာယာတဲ့ ဘဝတစ်ခုအတွက်လည်း မဟုတ်ဘူး။ ဒါက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း မဟုတ်ဘူး။ ဘုရားသခင်က သမ္မာတရားကို ကျွန်မတို့လိုက်စားနိုင်ဖို့ မျှော်လင့်ပါတယ်၊ အကြောင်းကိစ္စတွေဖြစ်ပျက်တဲ့အခါ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေအတိုင်း နေထိုင်ပြီး၊ ဘုရားသခင်ကို သက်သေခံပြီး ဘုန်းထင်ရှားစေဖို့အတွက် ကျွန်မတို့ရဲ့ တကယ့် အသက်ရှင်နေထိုင်မှုကို အသုံးပြုဖို့ မျှော်လင့်ပါတယ်။ ဒါမှသာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်တယ်။ ကျွန်မကလေးရဲ့ရောဂါ ပျောက်ကင်းဖို့ တစ်ခုတည်းကိုပဲ ကျွန်မ အာရုံစိုက်နေခဲ့တယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘုရားသခင်အတွက် ကျွန်မ သက်သေခံချက်မှာ ဘယ်လိုခိုင်ခိုင်မာမာ ရပ်တည်ရမလဲဆိုတာကို မသိခဲ့ဘူး။ ကျွန်မက ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ လုံးလုံးလျားလျား နစ်မွန်းနေပြီး၊ ကိုယ့်အယူအဆတွေနဲ့ ဘုရားသခင်ကို တရားစီရင်တယ်၊ ဘောင်ခတ်တယ်၊ ဘုရားသခင်ကိုတောင် သံသယဝင်ပြီး သူ့ရဲ့ အမှုတော်ကို ငြင်းပယ်ခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်အပေါ် ဘယ်လို ရိုးသားမှု၊ ဘယ်လို ကျိုးနွံနာခံခြင်းမျိုးများ ရှိခဲ့လို့လဲ။ တကယ်ကို သက်သေခံချက် လုံးဝ မရှိခဲ့ဘူး။ ကလေးဖျားနေတဲ့အချိန်မှာ ဘုရားသခင်က ကျွန်မရဲ့သဘောထားကိုလည်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခဲ့တယ်၊ ကိုယ်တော့်အပေါ် ကျွန်မမှာ တကယ့်ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်း ရှိမရှိကို ကြည့်နေခဲ့တယ်။ ကျွန်မ ကိုယ့်ရဲ့အယူအဆတွေကို ဘေးဖယ်ထားရမယ်၊ ပြီးတော့ ကျွန်မကလေးရဲ့ရောဂါနဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မ အရမ်း အပျက်သဘောဆောင်တာ၊ အားနည်းတာ၊ ဒါမှမဟုတ် ဘုရားသခင်ဆီကနေ လမ်းလွဲတာမျိုး ဆက်ဖြစ်လို့မရဘူး။
ဒါပေမဲ့ သန္နိဋ္ဌာန်ချဖို့က လွယ်ပေမဲ့၊ သမ္မာတရားကို တကယ်လက်တွေ့လုပ်ဆောင်ဖို့ကျတော့ အများကြီး ပိုခက်တယ်။ တစ်နေ့ နေ့လယ်ခင်းမှာ ကျွန်မတို့ စုဝေးပွဲလုပ်တော့မယ့်အချိန်မှာပဲ၊ ကလေးက ထပ်ဖျားပြန်ရော၊ ဒါက စာတန်က ကျွန်မကို စုံစမ်းသွေးဆောင်ဖို့ ကြိုးစားနေတာ၊ စုဝေးပွဲကို လက်လျှော့အောင် ကြိုးစားနေတာပဲဆိုတာကို စိတ်နှလုံးထဲမှာ ရှင်းရှင်းလင်းလင်း သိလိုက်တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို တွေးမိတယ်။ “စာတန်ရှေ့မှာ သင်က သက်သေမခံနိုင်လျှင် စာတန်က သင့်ကို ရယ်မောပါလိမ့်မည်။ စာတန်သည် သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံပါလိမ့်မည်။ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်ပါလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ကျွန်မ အများဆုံးစိုးရိမ်တာက ကျွန်မကလေးပဲဆိုတာကို စာတန် သိခဲ့တယ်၊ ဒါကြောင့် ကျွန်မကို နှောင့်ယှက်ဖို့ ကြိုးစားပြီး မစုဝေးအောင် တားဆီးဖို့ ကျွန်မကလေးရဲ့ရောဂါကို ဆက်ပြီးအသုံးပြုခဲ့တယ်။ အရင်တုန်းက ကျွန်မ သမ္မာတရားကို နားမလည်တော့ စာတန်ရဲ့ ပရိယာယ်တွေကို ထိုးထွင်းမမြင်နိုင်ခဲ့ဘူး၊ စုဝေးပွဲနဲ့ ကလေးရဲ့ နာမကျန်းမှုကြားမှာ ပဋိပက္ခဖြစ်တိုင်း ကျွန်မ ထိတ်လန့်တကြားနဲ့ စုဝေးပွဲကို အမြန်စွန့်လွှတ်ပြီး ကလေးကို ဆရာဝန်ဆီ ခေါ်သွားခဲ့တယ်၊ စာတန်ရဲ့ ဦးဆောင်မှုကို ခံခဲ့ရတယ်။ ကျွန်မ အသင်းတော်စည်းဝေးပွဲမရှိတဲ့အခါ ကလေးက မဖျားဘူး၊ ဒါပေမဲ့ စုဝေးပွဲရှိပြီဆိုတာနဲ့ သူက ဖျားတော့တာပဲ။ ကျွန်မ ဒါကို စဉ်းစားလေလေ၊ ဒါဟာ လုံးဝ စာတန်ရဲ့ ပရိယာယ်ဖြစ်မှန်း ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်လာလေလေပဲ၊ ကျွန်မ စာတန်ရဲ့ ချည်နှောင်ချုပ်ချယ်တာကို ဆက်ပြီးမခံနိုင်တော့ဘူးဆိုတာကိုလည်း သိလိုက်တယ်။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး စာတန်ရဲ့ လှည့်စားတာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို မခံချင်တော့ဘူး။ သမီး ညီအစ်ကိုမောင်နှမတွေနဲ့အတူ စုဝေးချင်ပါတယ်။ ကျေးဇူးပြုပြီး သမီးကို ကူညီတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မရဲ့စိတ်နှလုံးက နည်းနည်းတည်ငြိမ်သွားတယ်။ ကျွန်မ သားလေးကို ကြည့်လိုက်တော့ အဖျားက နည်းနည်းပဲရှိပြီး၊ သူက လန်းလန်းဆန်းဆန်းပဲ ရှိနေသေးတယ်၊ ဒါကြောင့် သူ့ကို ယောက္ခမလက်ထဲ အပ်ခဲ့ပြီး၊ အဖျားကျဆေးနည်းနည်း တိုက်ခိုင်းခဲ့တယ်၊ ပြီးတော့ ကျွန်မ စုဝေးပွဲကို သွားခဲ့တယ်။ ကျွန်မ အံ့ဩသွားတာကတော့၊ စုဝေးပွဲပြီးလို့ ပြန်လာတဲ့အခါမှာ ကလေးက အရုပ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတာကို တွေ့လိုက်ရတယ်။ ယောက္ခမက ဆေးမတိုက်ရဘဲ အဖျားကျသွားတယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်းကို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေ ကျလာတယ်။ အရင်တုန်းက သားလေးဖျားရင် အဖျားက ဘယ်တော့မှ မကျဘဲ၊ သက်သာဖို့ ဆေးရုံမှာ အကြောဆေးသွင်းပြီး ကုသမှုခံယူခဲ့ရတာတွေကို ကျွန်မ ပြန်စဉ်းစားမိတယ်၊ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဆေးမတိုက်ရဘဲနဲ့ကို အဖျားက ကျသွားခဲ့တယ်။ ကျွန်မ မယုံနိုင်လောက်အောင် ဖြစ်ခဲ့တယ်၊ စိတ်နှလုံးထဲမှာတော့ ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်ပြီး ချီးမွမ်းနေခဲ့ပါတယ်။ ဒီအတွေ့အကြုံကနေ ကျွန်မ နားလည်ခဲ့တာက၊ အစပိုင်းမှာ ကျွန်မကလေး ဖျားတဲ့အခါ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့ပေမဲ့ ဘုရားသခင်က ကလေးကို ကုသမပေးခဲ့ဘူး။ ဒီအထဲမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာ ပါဝင်နေတယ်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့စိတ်နှလုံးက အယူအဆတွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ဘုရားသခင်အပေါ်မှာထားတဲ့ ဘောင်ခတ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်က ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် လူတွေကို သိမ်းပိုက်ပြီး စုံလင်အောင်ပြုလုပ်တယ်ဆိုတာကို နားမလည်ခဲ့ဘူး၊ စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုတွေ၊ နှောင့်ယှက်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း ဘာပိုင်းခြားသိမြင်မှုမှ မရှိခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို သန့်စင်စေဖို့၊ ကျွန်မ သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို သိကျွမ်းလာအောင်၊ စာတန်ရဲ့ နှောင့်ယှက်မှုတွေ၊ စုံစမ်းသွေးဆောင်မှုတွေကို ထပ်ခါထပ်ခါ ကျွန်မအပေါ် ကျရောက်စေခဲ့တယ်။ ဒီဖြစ်စဉ်ထဲမှာ၊ ကျွန်မက ဘုရားသခင်အပေါ်ထားတဲ့ အယူအဆတွေ၊ နားလည်မှုလွဲတာတွေ၊ ညည်းညူတာတွေနဲ့ သံသယတွေကို ထုတ်ဖော်ခဲ့တယ်၊ အဲဒီနောက်မှာ ဘုရားသခင်က နှုတ်ကပတ်တော်တွေကိုသုံးပြီး ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့တယ်၊ ကျွန်မရဲ့ အယူအဆတွေနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖော်ထုတ်ပြီး တရားစီရင်ခဲ့တယ်၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက အမှုတော်ရဲ့ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျတဲ့ သဘာဝကို နားလည်စေခဲ့တယ်၊ ပြီးတော့ ကိုယ့်ရဲ့ကိုယ်ပိုင်ပုန်ကန်မှုနဲ့ အတိုက်အခံလုပ်မှုကို အသိအမှတ်ပြုစေခဲ့တယ်၊ စာတန်ရဲ့ အကြံအစည်တွေကို ပိုင်းခြားသိမြင်တတ်အောင် သင်ဖို့လည်း ကူညီပေးခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မ ကိုယ့်ရဲ့အယူအဆတွေကို ဘေးဖယ်ထားပြီး ကိုယ့်ရဲ့ဇာတိပကတိကို ပုန်ကန်နိုင်ခဲ့တယ်၊ ပြီးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခဲ့တယ်။ ဘုရားသခင် ဒီလိုနည်းနဲ့ အမှုပြုတာက တကယ်ကို အနန္တတန်ခိုးရှင်ဖြစ်ပြီး လက်တွေ့ကျတယ်၊ ပြီးတော့ အရမ်း ဉာဏ်ပညာကြီးတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ဘုရားနှုတ်ကပတ်တော်တွေရဲ့ အာဏာနဲ့ တန်ခိုးကို ကျွန်မ တကယ်အသိအမှတ်ပြုလာခဲ့တယ်၊ ပြီးတော့ ဘုရားသခင်က လူတွေကို သိမ်းပိုက်ပြီး စုံလင်စေဖို့၊ ပြီးတော့ သူတို့ရဲ့စိတ်နှလုံးတွေကို ရရှိဖို့ လက်တွေ့ကျတဲ့ နှုတ်ကပတ်တော်တွေနဲ့ လက်တွေ့ကျတဲ့ အလုပ်ကို သုံးခဲ့တယ်ဆိုတာ ကျွန်မတွေ့ခဲ့ရတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင် ဒီနည်းနဲ့ အမှုပြုတာက နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေ ပြတာထက် အများကြီး ပိုပြီး အဓိပ္ပာယ်ရှိတယ်။ ဒါက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရစေခဲ့တယ်။ “နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်၏ အင်အားသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ၏ သရုပ်သကန်များ၏ အင်အားထက် ပိုမို ကြီးမားပြီး နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) ဒီနှုတ်ကပတ်တော်တွေက တကယ် စစ်မှန်တာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရပြီး၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရနိုင်လိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ အမျက်ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းယူချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထောင်းခနဲထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင် ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) “ငါ့ကို သင်တို့ အဘယ်ကြောင့် ယုံကြည်ကြသည်ကို သင်တို့ နားလည်သင့်သည်။ သင်တို့သည် ငါ၏အလုပ်သင် သို့မဟုတ် ငါ၏လူနာ ဖြစ်ရန်သာ သို့မဟုတ် ကောင်းကင်ဘုံရှိ ငါ၏ သန့်ရှင်းသူများအနက် တစ်ဦးဖြစ်လာရန်သာ ဆန္ဒရှိပါက၊ သင်တို့၏ ငါ့နောက်လိုက်ခြင်းသည် အဓိပ္ပာယ်မဲ့ပေလိမ့်မည်။ ထိုသို့သော ပုံစံဖြင့် ငါ့နောက်လိုက်ခြင်းသည် အားအင်ဖြုန်းတီးခြင်းတစ်ခု သက်သက် ဖြစ်သည်။ ငါ၌ ဤယုံကြည်ခြင်းမျိုးရှိခြင်းသည် သင်၏ နေ့ရက်များကို အေးအေးဆေးဆေး အချိန်ဖြုန်းခြင်းမျှ၊ သင်၏ပျိုရွယ်မှုကို အချည်းနှီးကုန်လွန်စေခြင်းမျှသာ ဖြစ်ပေမည်။ အဆုံးတွင် သင်တို့သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်။ ယင်းသည် အချည်းနှီး အားထုတ်မှု ဖြစ်မည် မဟုတ်လော။ ငါသည် ဂျူးလူမျိုးများအလယ်မှ ထွက်ခွာလာခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါသည် လူသား၏သမားတော် မဟုတ်တော့သကဲ့သို့၊ လူသားအတွက် ဆေးလည်း မဟုတ်တော့ပေ။ ငါသည် လူသားအတွက် သဘောရှိ မောင်းနှင်ဖို့ သို့မဟုတ် သတ်ဖြတ်ဖို့ ဝန်တင်တိရစ္ဆာန်တစ်ကောင် မဟုတ်တော့ပေ။ ယင်းထက်၊ လူသားက ငါ့ကို သိနိုင်ဖို့အလို့ငှာ၊ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် လူသားအလယ် ငါ ကြွလာပြီး ဖြစ်သည်။ တစ်ချိန်က ငါသည် ရွေးနုတ်ခြင်းအမှု ပြုခဲ့သည်ကို သင်သိသင့်သည်။ တစ်ချိန်က ငါသည် ယေရှုဖြစ်ခဲ့သော်လည်း၊ တစ်ချိန်က ယေဟောဝါ ဖြစ်ခဲ့သော်လည်း နောင်တွင် ယေရှု ဖြစ်လာသကဲ့သို့၊ ငါသည် ယေရှုအဖြစ် ထာဝရ ရှိမနေနိုင်ခဲ့ပေ။ ငါသည် လူသားမျိုးနွယ်၏ဘုရားသခင်၊ ဖန်ဆင်းခြင်း၏ အရှင် ဖြစ်သော်လည်း၊ ငါသည် ယေရှု သို့မဟုတ် ယေဟောဝါအဖြစ် ထာဝရရှိမနေနိုင်ပေ။ ငါသည် လူသားက သမားတော် တစ်ယောက်အဖြစ် ယူဆခဲ့သည့်အရာ ဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် သမားတော်တစ်ဦးမျှ ဖြစ်သည်ဟု ဆို၍မရနိုင်ပေ။ ထို့ကြောင့် သင်သည် ငါ၌ ယုံကြည်ခြင်းတွင် အမြင်ဟောင်းများကို ကိုင်စွဲထားပါက မည်သည့်အရာမျှ ရရှိမည်မဟုတ်။ ‘လူသား၏ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းပေစွ။ သူသည် အကျွန်ုပ်ကို အနာရောဂါ ငြိမ်းစေကာ ကောင်းချီးမင်္ဂလာများ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ပေး၏။ ဘုရားသခင်သည် လူသားတို့အဖို့ ကောင်းမြတ်လွန်းပေတကား။ ကျွန်ုပ်တို့သည် ကိုယ်တော်၌ ယုံကြည်ခြင်းသာရှိပါက၊ ငွေကြေးနှင့် ချမ်းသာကြွယ်ဝမှုတို့ အတွက် စိတ်ပူစရာမလိုပါ။’ ဟု ယနေ့ သင်သည် ငါ့ကို မည်မျှပင် ချီးမွမ်းသည်ဖြစ်စေ၊ ငါသည် ငါ၏မူလအမှုကို အနှောင့်အယှက်ဖြစ်စေ၍ မဖြစ်ပေ။ ယနေ့ သင်သည် ငါ့ကိုယုံကြည်ပါက၊ ငါ၏ ဘုန်းအသရေကိုသာ ရရှိမည်ဖြစ်ပြီး၊ ငါ၏သက်သေခံရန် ထိုက်တန်မည်ဖြစ်ကာ၊ အခြားအရာတိုင်းသည် သာမည ဖြစ်လိမ့်မည်။ ဤသည်ကို ရှင်းလင်းစွာ သင်သိရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေကို သေချာတွေးကြည့်ပြီး ကျွန်မရဲ့ယုံကြည်ခြင်းထဲက ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေကို တွေ့မြင်ခဲ့ရတယ်။ အရင်က သခင်ယေရှုကို ယုံကြည်တုန်းက သခင်ပေးသနားတဲ့ ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်မှုကို ကျွန်မ မွေ့လျော်ခံစားခဲ့ရတယ်၊ ဒါကြောင့် သခင့်ကို ယုံကြည်တာက တကယ့်ကို ကောင်းချီးမင်္ဂလာပဲလို့ ထင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှာတွေ့ပြီးတဲ့နောက်မှာတော့ ဘုရားသခင်က လူတွေကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြပြီး၊ နောက်ဆုံးမှာ ကောင်းကင်နိုင်ငံတော်ထဲ ခေါ်ဆောင်သွားတာကို တွေ့ခဲ့ရလို့၊ ကျွန်မ ပိုပြီးတော့တောင် တက်တက်ကြွကြွနဲ့ လိုက်စားခဲ့တယ်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းတယ်၊ စုဝေးပွဲတွေကို ဘယ်တော့မှ နောက်မကျဘူး၊ ဧဝံဂေလိတရားကိုလည်း ဟောတယ်၊ ဧည့်ခံဝတ်ပြုတဲ့တာဝန်ကိုလည်း ယူတယ်။ ကျွန်မ ဒါတွေအားလုံးကို လုပ်ခဲ့တာက ဘုရားသခင် ကျေနပ်စေဖို့ပဲ။ ဒီလိုလုပ်ရင် ဘုရားသခင်က ကျွန်မကို ပိုပြီး ကျေးဇူးပြုပြီး ကောင်းချီးပေးမှာပဲလို့ ထင်ခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာက ကိုယ့်ရဲ့ ကောင်းချီးခံစားချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ဘုရားသခင်ကို အသုံးချချင်လို့ပဲဆိုတာ တွေ့လိုက်ရတယ်။ ဘုရားသခင် ဘယ်အမှုတော်ကို လုပ်ဆောင်နေသလဲဆိုတာကို ကျွန်မ လုံးဝဂရုမစိုက်ခဲ့ဘူး၊ ဘုရားသခင်က လူတွေအပေါ် ဘာတွေတောင်းဆိုထားသလဲဆိုတာကိုလည်း ဂရုမစိုက်ခဲ့ဘူး၊ လူတွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီအောင်၊ ဘုရားသခင်ကို နှစ်သက်ကျေနပ်စေအောင် ဘယ်လိုယုံကြည်သင့်သလဲ၊ ဘယ်လိုလူမျိုးက နိုင်ငံတော်ထဲ ဝင်နိုင်သလဲ၊ ကျွန်မရဲ့ ယုံကြည်တဲ့နည်းလမ်းက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ ကိုက်ညီသလား၊ ဒါမှမဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ မှန်ကန်တဲ့အမြင်က ဘာလဲ၊ ဒီအရာတွေကို ကျွန်မ ဘာတစ်ခုမှ မသိခဲ့သလို၊ စဉ်းလည်း မစဉ်းစားခဲ့ဖူးဘူး။ စိတ်အားထက်သန်မှုကိုပဲ အားကိုးပြီး စုဝေးပွဲတက်တယ်၊ ဧဝံဂေလိတရားကို ဟောတယ်၊ ဒါတွေကို လုပ်တာနဲ့ ဘုရားသခင်ကျေနပ်တဲ့သူဖြစ်ပြီ၊ ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ရသင့်တယ်လို့ ထင်ခဲ့တယ်။ ကလေးက အဖျားကြီးပြီး မကျတဲ့အခါ၊ ကျွန်မ ဆုတောင်းခဲ့တဲ့ ကျေးဇူးတော်နဲ့ ကောင်းချီတွေက ဘယ်မှာမှ မတွေ့ရတော့ဘူး။ ကျွန်မက သမ္မာတရားကို မရှာဖွေဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း မဆင်ခြင်မသုံးသပ်ခဲ့ဘူး။ အဲဒီအစား စိတ်နှလုံးထဲမှာ ဘုရားသခင်ကို သံသယဝင်ပြီး ကိုယ်တော်ရဲ့ အမှုတော်ကို ငြင်းပယ်ခဲ့တယ်။ ကျွန်မမှာ ကောင်းချီးမင်္ဂလာတွေလိုချင်တဲ့ ဆန္ဒက အရမ်း ပြင်းပြနေမှန်း တွေ့လိုက်ရတယ်။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး၊ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ပဲ၊ ဒါကြောင့် ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်တာက လုံးဝကို သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်။ ကျွန်မ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ မကြိုးစားသင့်ဘူး၊ ကိုယ်တော့်ဆီကနေ ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေ လုပ်ဖို့ဆိုတာ ဝေးရောပေါ့။ အခုတော့ ကျွန်မကလေးရဲ့ နာမကျန်းမှုထဲမှာ ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေတယ်ဆိုတာကို ကျွန်မ တကယ်ကို နားလည်သွားပြီ။ ဒါက ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားနဲ့ ယုံကြည်ခြင်းအပေါ်ထားတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကို ဆင်ခြင်သုံးသပ်ပြီး နားလည်စေခဲ့တယ်။ တစ်ခုခုက တကယ်ပဲ ဘုရားသခင်ရဲ့အမှုတော်ဟုတ်မဟုတ်ကို အကဲဖြတ်တဲ့အခါ နိမိတ်လက္ခဏာတွေနဲ့ အံ့ဩဖွယ်ရာတွေ ပြသလား၊ လူမမာတွေကို ကုသပေးပြီး နတ်ဆိုးတွေကို နှင်ထုတ်ပေးတာ ဖြစ်ပေါ်သလား၊ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသလားဆိုတာအပေါ်မှာ အခြေမခံသင့်ဘဲ၊ အဲဒီအမှုတော်ကနေတစ်ဆင့် သမ္မာတရားကို ဖော်ပြနိုင်သလား၊ ဒီအမှုတော်က လူတွေကို ဘုရားသခင်အပေါ် ပိုပြီးနားလည်လာစေနိုင်သလား၊ ဒီအမှုတော်က လူတွေရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်ပြီး ပြောင်းလဲပေးနိုင်သလား၊ ဒီအမှုတော်က လူတွေကို ကယ်တင်ပြီး စုံလင်စေနိုင်သလား ဆိုတာအပေါ်မှာ အခြေခံသင့်တယ်ဆိုတာကိုလည်း ကျွန်မ သိရှိနားလည်ခဲ့တယ်။ ဒီအကျိုးသက်ရောက်မှုတွေကို ရရှိနိုင်တယ်ဆိုရင်၊ ဒါဟာ သေချာပေါက် ဘုရားသခင်ရဲ့ အမှုတော်ပဲ ဖြစ်တယ်။
ကျွန်မကလေးရဲ့ နာမကျန်းမှုကို ဖြတ်သန်းပြီးတဲ့နောက်မှာ ကိုယ်တော်ရဲ့ အမှုတော်အပေါ် နားလည်မှုတချို့ ရရှိခဲ့တယ်၊ ကျွန်မရဲ့ ယုံကြည်ခြင်းမှာလည်း မှန်ကန်တဲ့အမြင်တွေ၊ မှန်ကန်တဲ့လိုက်စားမှုတွေ ရရှိခဲ့တယ်။ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ တကယ့်ကယ်တင်ခြင်းဖြစ်ပြီး၊ ကျွန်မအပေါ်ထားတဲ့ ကိုယ်တော်ရဲ့ ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာပဲ။ ဒီချစ်ခြင်းမေတ္တာက ကျွန်မ အရင်ကတောင်းခဲ့တဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေထက် အများကြီး ပိုကြီးမြတ်တယ်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ပါတယ်။ ဒီအချက်ကို သိရှိနားလည်သွားတဲ့အခါ၊ ကျွန်မရဲ့ယုံကြည်ခြင်းမှာ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကိုပဲ ရှာဖွေပြီး သမ္မာတရားကို မလိုက်စားခဲ့တဲ့အတွက် ရှက်ရွံ့ပြီး အပြစ်ရှိသလို ခံစားခဲ့ရတယ်၊ ပြီးတော့ ကျွန်မ တကယ်ကို မိုက်မဲတယ်၊ မသိနားမလည်ဖြစ်တယ်၊ မျက်စိကန်းခဲ့တယ်ဆိုတာကိုလည်း ခံစားခဲ့ရတယ်။ ကျွန်မ ကောင်းချီးမင်္ဂလာတွေ ရရှိဖို့ ရည်ရွယ်ချက်တွေကို စွန့်လွှတ်ပြီး ကိုယ့်ရဲ့ယုံကြည်ခြင်းမှာ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းရမယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ချန်ကျို၊ တရုတ်ပြည်၂၀၁၀ ခုနှစ်မှာ ကျွန်တော့်ဇနီးက ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်တော့်ကို ဟောပြောခဲ့တယ်။...
လုယိ၊ တရုတ်ပြည်၂၀၂၄ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာပေါ့။ ကျွန်မနဲ့ ပူးပေါင်းလုပ်နေတဲ့ ညီအစ်မတွေနဲ့အတူ ဆောင်းပါးတွေကို သုံးသပ်နေခဲ့ကြတယ်။...
ယုံကွမ်၊ ဟေလောင်ကျန်းစီရင်စု ၁၉၉၁ တွင်၊ နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်တော်ကို...
ဒီပြီးခဲ့တဲ့ သုံးလေးနှစ်မှာ၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ခဲ့တော့၊ ရောဂါပိုး ကူးစက်ခံရတဲ့လူတွေ...