အနာရောဂါက ကျွန်ုပ်၏ ကောင်းချီးရလိုသည့် ရည်ရွယ်ချက်ကို ထုတ်ဖော်သည်
ယောယုရွှမ်၊ တရုတ်ပြည်၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီအမှုတော်အဆင့်က...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၀၈ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မအဒေါ်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မဆီ ဟောကြားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခြင်းအားဖြင့် လူရဲ့အသက်ဟာ ဘုရားသခင်ဆီကလာတယ်၊ ကျွန်မ ခံစားမွေ့လျော်နေတဲ့ အရာအားလုံးကို ကိုယ်တော် ပေးသနားထားတယ်၊ ပြီးတော့ ဘုရားသခင်ကို ကျွန်မ ယုံကြည်ပြီး ကိုးကွယ်သင့်တယ်ဆိုတာကို ကျွန်မ နားလည်လာတယ်။ အဲဒီတုန်းက ကျွန်မတို့ မိသားစုက ဝက်မွေးမြူရေးခြံတစ်ခု လုပ်ခဲ့တယ်။ ကျွန်မက နေ့တိုင်း ဝက်စာကျွေးပြီးတာနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ ဓမ္မတေးတွေ နားထောင်တယ်၊ ပြီးတော့ စုဝေးပွဲတွေကို ပုံမှန်တက်ခဲ့တယ်။ တစ်ခါတလေ ဧဝံဂေလိတရားဟောဖို့လည်း အပြင်ထွက်တယ်။ တစ်နေ့တော့၊ အိမ်နီးချင်းတစ်ယောက်က သူ့ဝက်တွေ ချောင်းဆိုးနေတယ်လို့ ပြောတယ်၊ ပြီးတော့ အဖျားကြီးနေပုံရတယ်တဲ့။ ကျွန်မရဲ့ ဝက်တွေလည်း ဒီရောဂါ ကူးစက်ခံရမှာကို တကယ် စိတ်ပူသွားတယ်၊ ဒါနဲ့ ဆုတောင်းပြီးတော့ ဒီကိစ္စကို ဘုရားသခင်ဆီ အပ်နှံလိုက်တယ်။ အံ့ဩစရာကောင်းတာက၊ ကျွန်မဝက်တွေ တစ်ကောင်မှ ရောဂါမကူးစက်ဘူး၊ သုံးလေးလကြာတော့ အဲဒီဝက်တွေကို ရောင်းလိုက်ရတာ ယွမ်သောင်းချီ ရလိုက်တယ်။ ကျွန်မ အရမ်းဝမ်းသာခဲ့တယ်။ အစတုန်းက ဝက်မွေးမြူရေးနဲ့ပတ်သက်ပြီး ကျွန်မမှာ ဘာအတွေ့အကြုံမှ မရှိခဲ့ဘူး၊ ဒါပေမဲ့ ဝက်ကြီးတွေရော ဝက်ကလေးတွေပါ ဘာရောဂါမှ မရခဲ့သလို အိမ်က ကိစ္စတွေအကုန်လုံးလည်း အဆင်ပြေချောမွေ့နေခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ရတာ တကယ်ကောင်းတာပဲ။ ရှေ့ဆက်ပြီးတော့၊ ဘုရားသခင်ကို သေချာယုံကြည်ပြီး ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရမယ်။
မကြာခင်မှာပဲ ခေါင်းဆောင်က စုဝေးပွဲအဖွဲ့ငယ် နှစ်ခုကို ကြီးကြပ်ဖို့ ကျွန်မကို တာဝန်ပေးခဲ့တယ်။ ကျွန်မ အရမ်းဝမ်းသာသွားတယ်၊ ပြီးတော့ တွေးမိတယ်၊ “စုဝေးပွဲတွေ ပိုတက်ရလေ၊ သမ္မာတရားတွေကို ပိုနားလည်လေပဲ၊ ပြီးတော့ ငါ့တာဝန်တွေကို ပိုထမ်းဆောင်လေ၊ ငါ့မိသားစုကို ဘုရားသခင်က ပိုစောင့်ရှောက်လေပဲ” ပေါ့။ အဲဒီနောက်မှာ၊ အိမ်မှာ အလုပ်တွေဘယ်လောက်ပဲ များများ၊ တာဝန်ထမ်းဆောင်ဖို့ အချိန်ရအောင် အမြဲ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှာ၊ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။ တစ်ညမှာ၊ ည ၁၂ နာရီလောက်မှာ အစ်ကို၊ မရီးနဲ့ ကျွန်မယောက်ျားတို့ အလုပ်ကနေ အိမ်ကို ကမန်းကတန်း ကားမောင်းပြန်လာကြတယ်။ မှောင်နေတယ်၊ မိုးလည်းရွာနေပြီး တောင်ပေါ်လမ်းကလည်း ကြမ်းတော့၊ အကွေ့တစ်ခုမှာ သူတို့ကားက ချောက်နက်ထဲကို ရုတ်တရက် ထိုးကျသွားတယ်။ ယောက်ျားဖြစ်သူရဲ့ ခေါင်းက ကားတံခါးနဲ့ ဆောင့်မိပြီး မှန်ကွဲစတွေ မျက်နှာပေါ်ကျလာတယ်၊ သူ့မျက်နှာတစ်ခုလုံး ပြတ်ရှဒဏ်ရာတွေရပြီး သွေးသံရဲရဲ ဖြစ်သွားတယ်။ အဲဒီနေရာမှာတင် သူ သတိလစ်သွားခဲ့တယ်။ သွေးထွက်လွန်သွားလို့ ဆေးရုံမှာ နှစ်နာရီလောက် သတိမလည်ဘဲ ဖြစ်နေပြီးမှ သူ သတိပြန်ရလာတယ်။ ဆေးရုံက ဆင်းပြီးတဲ့နောက် ကျွန်မယောက်ျားမှာ ဦးနှောက်အနည်းငယ် ထိခိုက်သွားတဲ့ဒဏ် ကျန်ခဲ့ပြီး တစ်ခါတလေဆို ကယောင်ကတမ်းတွေ ပြောတတ်တယ်၊ သွားတစ်ချောင်းလည်း ကျွတ်သွားတယ်၊ ပါးစပ်က ပြတ်ရှဒဏ်ရာတွေလည်း မကျက်သေးတော့ စကားပြောတာ မပီဘူး။ သူဒီလို ကြောင်တောင်တောင် ဖြစ်နေတာကို မြင်တော့ ကျွန်မ ရင်နာလွန်းလို့ ထိုင်မရ ထမရ ဖြစ်သွားပြီး တွေးမိတယ်၊ “အလုပ်သွားတုန်းက အကောင်းကြီးပါ၊ ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေနဲ့ ပြန်ရောက်လာရတာလဲ။ အစ်ကိုက ကားကို အကြမ်းပတမ်း မောင်းလို့ အခုလို ဖြစ်ရတာပဲ” ပေါ့။ ဒါပေမဲ့ ဆက်တွေးမိတယ်၊ “ငါက ဘုရားသခင်ကို ယုံကြည်တယ်၊ စုဝေးပွဲတွေ တက်တယ်၊ ပြီးတော့ ငါ့တာဝန်တွေကို ထမ်းဆောင်တယ်၊ ဒါဆို ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး ဖြစ်လာရတာလဲ။ ဘာလို့ ဘုရားသခင်က သူတို့ကို မစောင့်ရှောက်ခဲ့တာလဲ။ ယောက်ျားမှာသာ နောက်ဆက်တွဲ ဝေဒနာတွေ ကျန်ခဲ့ရင်၊ ငါတို့ဘဝက ဘယ်လိုများဖြစ်နေမလဲ။ သားနှစ်ယောက်ကလည်း ငယ်သေးတယ်၊ ဝက်ခြံကလည်း ရှိသေးတယ်။ ဒီကိစ္စတွေကို ငါ့အတွက် ဘယ်သူက ပူပန်ပေးမှာလဲ” ပေါ့။ နောက်ရက်တွေမှာ ကျွန်မ အရမ်းစိုးရိမ်ပူပန်လွန်းလို့ ကောင်းကောင်း စားမဝင်၊ အိပ်မပျော် ဖြစ်ခဲ့ရတယ်၊ လမ်းလျှောက်ရင်လည်း ခြေထောက်တွေက လေးလံနေတာပဲ။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့၊ ဓမ္မတေးတွေ နားထောင်ဖို့လည်း စိတ်မပါတော့ဘူး၊ စုဝေးပွဲကို အတင်းသွားခဲ့ရင်တောင် ခေါင်းငုံ့ထားပြီး စကားမပြောချင်ခဲ့ဘူး။ နောက်ပိုင်း ကျွန်မရဲ့ အခြေအနေကို ညီမ ဝမ်ဖန် သိသွားတဲ့အခါ၊ သူက “အရာရာ၌ ဘုရားကို သင်သက်သေခံရမည်ကျူး” ဆိုတဲ့ ဒီဘုရားနှုတ်ကပတ်တော် ဓမ္မတေးကို ဖွင့်ပြခဲ့တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဝမ်ဖန်က ကျွန်မနဲ့ မိတ်သဟာယပြုပေးတယ်၊ “ညီမရေ၊ ယောဘရဲ့ အတွေ့အကြုံကို ကျွန်မတို့အားလုံး သိကြပါတယ်။ ယောဘရဲ့ များပြားလှတဲ့ သိုးနွားအုပ်ကြီးကို သူခိုးတွေ ခိုးသွားတယ်လို့ ထင်ရပေမဲ့၊ တကယ်တော့၊ ဒါဟာ စာတန်ဆီကလာတဲ့ စုံစမ်းသွေးဆောင်ခြင်းပါပဲ။ ဘုရားသခင်က ယောဘကို ကောင်းချီးပေးထားလို့သာ ယောဘက ဘုရားသခင်ကို ကြောက်ရွံ့တာလို့ စာတန်က ထင်ခဲ့တာလေ။ ဘုရားသခင်က ယောဘကို စုံစမ်းသွေးဆောင်ဖို့ စာတန်ကို ခွင့်ပြုလိုက်တယ်၊ အဲဒီအခါ စာတန်က ဓားပြတွေကိုသုံးပြီး ယောဘရဲ့ ကုလားအုတ်တွေ၊ တိရစ္ဆာန်တွေကို လုယူခိုင်းပြီး သူ့ကို စတင်တိုက်ခိုက်တော့တာပဲ။ သူ့သားသမီးတွေကိုပါ ဒုက္ခပေးခဲ့ပြီး၊ နောက်ပိုင်းမှာ ယောဘရဲ့ တစ်ကိုယ်လုံးကို အနာစိမ်းတွေ ပေါက်စေခဲ့တယ်။ စာတန်ရဲ့ ရည်ရွယ်ချက်က ယောဘကို ဘုရားသခင်အပေါ် ညည်းညူပြီး ဘုရားသခင်ကို ငြင်းပယ်လာအောင် လုပ်ဖို့ပဲ။ ဒါပေမဲ့ ယောဘမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိခဲ့တယ်၊ ယေဟောဝါက ပေးတယ်၊ ယေဟောဝါက ပြန်ရုပ်သိမ်းသွားတယ်လို့ သူယုံကြည်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ နာမတော်ကိုလည်း ချီးမွမ်းခဲ့တယ်။ သူက ဘုရားသခင်အတွက် အားကြီးတဲ့ သက်သေခံချက် ပေးခဲ့တယ်။ ဘုရားသခင်နောက်ကို ကျွန်မတို့ လိုက်နေတဲ့အချိန်မှာ၊ စာတန်က ကျွန်မတို့ကို စွပ်စွဲပြီး တိုက်ခိုက်လိမ့်မယ်၊ အဲဒါက ကျွန်မတို့ကို စုံစမ်းသွေးဆောင်နေတာပဲ။ အခု ညီမ မိသားစုမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေလိုမျိုးပေါ့၊ စာတန်ရဲ့ ရည်ရွယ်ချက်က ညီမကို ဘုရားသခင်ကို စွန့်ပစ်စေပြီး ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးသွားစေချင်တာပဲ။ ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်ခြင်းရှိရမယ်၊ စာတန်ရဲ့ အကြံအစည်တွေထဲ ကျရောက်လို့မဖြစ်ဘူး” တဲ့။ ဝမ်ဖန်ရဲ့ မိတ်သဟာယကို ကြားပြီးတဲ့နောက်၊ ဒီဖြစ်ရပ်ဟာ တကယ်တော့ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုဖြစ်ပြီး၊ စာတန်က ကျွန်မကို အနှောင့်အယှက်ပေးဖို့ ကြိုးစားနေတာမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ကျွန်မ ကယ်တင်ခံရမှာကို စာတန်က မလိုလားဘူး၊ ဒါကြောင့် ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ကယ်တင်ခြင်းကို ဖျက်ဆီးဖို့နဲ့ အဖျက်အမှောင့်လုပ်ဖို့ အစွမ်းကုန် ကြိုးစားနေတာပဲ။ ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မရဲ့ စိတ်ပြတ်သားမှုကို တုန်လှုပ်သွားအောင် ယောက်ျားဖြစ်သူရဲ့ ကားအက်ဆီးဒင့်ကို အသုံးပြုပြီးတော့၊ ကျွန်မကို သံသယဝင်စေပြီး ဘုရားသခင်ကို မယုံကြည်တော့အောင် လုပ်ချင်တာ၊ နောက်ဆုံးမှာ သူနဲ့အတူ ပျက်စီးခြင်းကို ရောက်စေချင်တာပဲ။ စာတန်က တကယ်ကို မလိုမုန်းထားတတ်တာပဲ၊ သူ့ရဲ့ ထောင်ချောက်ထဲကို ကျွန်မ ကျသွားလို့ မဖြစ်ဘူး။ ပြီးတော့ ကျွန်မယောက်ျား အက်ဆီးဒင့်ဖြစ်ခဲ့တဲ့ ညအကြောင်းကို ကျွန်မ ထပ်တွေးကြည့်တယ်။ မှောင်နေပြီး မိုးလည်း ရွာနေခဲ့တယ်၊ တောင်ပေါ်လမ်းက နဂိုကတည်းက ကြမ်းတဲ့အပြင် မိုးရွာတော့ ချော်နေခဲ့တာ၊ အစ်ကိုက ကားကို မဆင်မခြင်မောင်းပြီး ချောက်ထဲကို မတော်တဆ ထိုးကျသွားတာလေ၊ ဒါဟာ ကျွန်မ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဖြစ်လာမှာပဲ။ ဒါပေမဲ့ ဒီလိုအဆင်မပြေမှုတွေ အကုန်ဖြစ်လာတော့၊ ဘုရားသခင်ကို ကျွန်မ ညည်းညူခဲ့မိတယ်။ ကျွန်မမှာ ဆင်ခြင်တုံတရား အရမ်း ကင်းမဲ့နေခဲ့တာပဲ။ ဘုရားသခင်ကို ကျွန်မ မညည်းညူသင့်ခဲ့ဘူး။ ဒါကို နားလည်သွားတော့၊ ဘုရားသခင်ကို ဆက်ယုံကြည်လိုက်လျှောက်ဖို့ ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ်။ ပြီးတော့ ဘုရားသခင်ဆီ ဆုတောင်းပြီး ကျွန်မယောက်ျားကို ကိုယ်တော့်ထံ အပ်နှံလိုက်တယ်၊ သူ ဘယ်အချိန်မှာ ပြန်ကောင်းလာမလဲဆိုတာ ဘုရားသခင်ကပဲ အဆုံးအဖြတ်ပေးမယ်ဆိုတာကို သိထားလို့ပေါ့။ ကျွန်မ ကျိုးနွံနာခံချင်စိတ်ရှိနေခဲ့တယ်။ အဲဒီနောက်မှာ၊ ဘုရားသခင်ကို ကျွန်မ ဆက်ယုံကြည်ပြီး စုဝေးပွဲတွေ တက်ခဲ့တယ်။ နှစ်ဝက်လောက် ကြာတော့၊ ဆေးသောက်ပြီး အနားယူပြီးတဲ့နောက်၊ ကျွန်မယောက်ျားရဲ့ စိတ်က တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတယ်။ သူ ပိုပြီး လန်းဆန်းတက်ကြွလာတယ်၊ နောက်ဆက်တွဲ ဝေဒနာတွေလည်း ဘာမှ မကျန်ခဲ့ဘူး။ ဒီဖြစ်ရပ်ကနေ၊ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို ကျွန်မ မြင်ခဲ့ရပြီး ကိုယ်တော့်အပေါ်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်း ပိုခိုင်မာလာခဲ့တယ်။
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလရဲ့ တစ်နေ့မှာ၊ အိမ်နီးချင်းတစ်ယောက်က သူ့ဝက်တချို့ ခွာနာလျှာနာရောဂါ ကူးစက်ခံနေရတယ်လို့ ကျွန်မကို ပြောပြတယ်၊ ပြီးတော့ ကျွန်မဝက်တွေရော အခြေအနေ ဘယ်လိုလဲလို့ မေးလာတယ်။ ကျွန်မတို့ဝက်တွေ အကောင်းကြီးပဲလို့ ကျွန်မယောက်ျားက သူ့ကို ပြောလိုက်တယ်။ ဒါပေမဲ့ ရက်နည်းနည်း ကြာတော့၊ ဝက်ကလေးတွေ မွေးခါစ ကျွန်မတို့ရဲ့ ဝက်မတချို့လည်း ခွာနာလျှာနာရောဂါ ကူးစက်ခံလိုက်ရတယ်။ ဝက်မရဲ့နို့ကို သောက်တဲ့ ဝက်ကလေးတွေလည်း ရောဂါကူးသွားပြီး၊ တစ်လကျော်လေးအတွင်းမှာပဲ ကျွန်မတို့ရဲ့ ဝက်ကလေး အကောင် ၆၀ ကျော် သေသွားတယ်။ ဒါတွေအားလုံးက ကျွန်မရဲ့ ရင်ဘတ်ကို ဓားနဲ့အထိုးခံလိုက်ရသလို ခံစားရစေတယ်။ ကျွန်မတို့မိသားစုမှာရှိတဲ့ တခြားဝက်တွေပါ ရောဂါကူးသွားရင်ဆိုပြီး ကျွန်မ တကယ်ကို စိတ်ပူသွားတယ်၊ အဲဒီလိုဆိုရင် အရင်းရော အမြတ်ပါမကျန် ကျွန်မတို့အားလုံး ဆုံးရှုံးရတော့မှာပဲလေ။ ယောက္ခမကလည်း ကျွန်မကို ညည်းညူတယ်၊ “နင် ဘုရားသခင်ကို ယုံကြည်တာက မိသားစုကို ဘေးကင်းအောင်လုပ်မပေးဘူး။ နင့်ယောက်ျား ကားအက်ဆီးဒင့်ဖြစ်တယ်၊ အခု ဝက်တွေလည်း ဖျားနေပြီ” တဲ့။ ယောက်ျားကလည်း ကျွန်မကို စုဝေးပွဲတွေတောင် သွားခွင့်မပြုတော့ဘူး။ တစ်မိသားစုလုံးက ကျွန်မကို ဝိုင်းပြီး တစ်ယောက်ပြီးတစ်ယောက် ပြင်းပြင်းထန်ထန် ဝေဖန်ကြတော့၊ ကျွန်မ အရမ်း နာကျင်ရတယ်။ မသိမသာနဲ့ ဘုရားသခင်ကို ကျွန်မ စပြီး သံသယဝင်လာတယ်၊ “ဝက်ကလေးတွေ အများကြီး သေသွားပြီ။ ဒါက ငါ တကယ်ပဲဘုရားသခင်ကို ယုံကြည်လို့များ ဖြစ်ရတာလား” ပေါ့။ ကျွန်မ အပျက်သဘောဆောင်မှုနဲ့ အားနည်းမှုထဲ ကျရောက်သွားပြီး နှစ်လသုံးလလောက် စုဝေးပွဲတွေ တစ်ခုမှ မတက်ခဲ့ဘူး။ နောက်ပိုင်း အရင်က ယောက်ျားရဲ့ ကားအက်ဆီးဒင့်ကို ပြန်တွေးကြည့်တော့မှ၊ ဒါဟာ စာတန်က ကျွန်မကို ထပ်ပြီး အနှောင့်အယှက်ပေးဖို့ ကြိုးစားနေတာဆိုတာကို သဘောပေါက်သွားတယ်။ ဒါပေမဲ့ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး၊ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်နေတာပဲ၊ ဒါကြောင့် သေချာပေါက် ကျွန်မမှာ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှု ရှိရမှာပေါ့။ ဘာလို့ ဘုရားသခင်က ကျွန်မကို ကောင်းချီးမပေးတာလဲ။ ဘုရားသခင်ကို ယုံကြည်တာနဲ့ မယုံကြည်တာက တကယ်တော့ ဘာမှ မကွာခြားဘူးပဲ။ ဒီလို တွေးလေလေ၊ ဒီအခြေအနေကို ဘယ်လို ဖြတ်သန်းရမလဲဆိုတာ ပိုပြီး မသေချာဖြစ်လာလေပဲ။ ဒါနဲ့ ကျွန်မ ဒူးထောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးမိသားစုရဲ့ ဝက်ကလေးတွေ အကောင်ဆယ်ချီ သေဆုံးသွားပါတယ်။ ဒီကိစ္စကြောင့် မိသားစုက သမီးကို ဆက်တိုက် တိုက်ခိုက်နေကြတယ်၊ သမီး ဆက်ပြီး တောင့်ခံနိုင်မယ်မထင်တော့ဘူး။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက်၊ အရင်က ယောဘရဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး ညီမ ဝမ်ဖန် မျှဝေပေးခဲ့တဲ့ မိတ်သဟာယကို ကျွန်မ သတိရသွားတယ်။ စာတန်က ယောဘကို စုံစမ်းသွေးဆောင်ဖို့ ကြိုးစားတဲ့အခါ၊ ယောဘရဲ့ များပြားလှတဲ့ စည်းစိမ်တွေကို ဓားပြတွေ လုယူသွားတယ်၊ သူ့သားသမီးတွေ အဖိခံရပြီး သေဆုံးသွားတယ်၊ ပြီးတော့ သူ့တစ်ကိုယ်လုံးမှာလည်း အနာစိမ်းတွေ ပေါက်နေခဲ့တယ်။ ဒါပေမဲ့ ယောဘက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို သိခဲ့တယ်။ ဘုရားသခင်က ပေးတယ်၊ ဘုရားသခင်က ပြန်ရုပ်သိမ်းသွားတယ်ဆိုတာကို သူ သိခဲ့တယ်။ ယောဘက ဘုရားသခင်ကို ဘာသံသယမှ မရှိခဲ့ဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ နာမတော်ကို ဆက်ပြီး ချီးမွမ်းခဲ့တယ်၊ ဘုရားသခင်အတွက် သူ့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ခွဲခဲ့တယ်။ ကျွန်မရဲ့ ဝက်ကလေးတွေ ရောဂါရပြီး သေသွားတာကို ကျွန်မတွေးမိတယ်၊ ဒါဟာလည်း စာတန်က ကျွန်မကို စုံစမ်းသွေးဆောင်ပြီး အနှောင့်အယှက်ပေးဖို့ ကြိုးစားနေတာပဲ၊ ပြီးတော့ ကျွန်မလည်း ဘုရားသခင်အတွက် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်လို့ တွေးမိတယ်။ ယောဘက တိရစ္ဆာန်တွေ အများကြီးနဲ့ သူ့ရဲ့ များပြားလှတဲ့ စည်းစိမ်တွေ ဆုံးရှုံးသွားပေမဲ့၊ ဘုရားသခင်အပေါ် သူ မညည်းညူခဲ့ဘူး။ ဒါပေမဲ့ ကျွန်မကတော့၊ ကျွန်မရဲ့ ဝက်ကလေးတွေ အကောင်ဆယ်ချီ သေသွားရုံလေးနဲ့ ဘုရားသခင်အပေါ် ညည်းညူခဲ့တယ်။ ယောဘနဲ့ ယှဉ်လိုက်ရင် ကျွန်မက တကယ်ကို ကွာခြားလွန်းပါတယ်။ ဒါကို သဘောပေါက်သွားတော့၊ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ စာတန်က ကျွန်မကို ဘယ်လိုပဲ ထပ်ပြီး အနှောင့်အယှက်ပေးဖို့ ကြိုးစားပါစေ၊ ဘုရားသခင်ကို ကျွန်မ ဆက်ယုံကြည်ပြီး ကိုးကွယ်ပါမယ်ပေါ့။
နောက်ပိုင်းမှာ ကျွန်မရဲ့ အခြေအနေနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်ခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ခဲ့တယ်။ “သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် လိုက်စားသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြေဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦးဖြစ်သည့် သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်တာကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ကောင်းချီးတွေ ရချင်တဲ့ ရည်ရွယ်ချက်နဲ့ ဘုရားကို ယုံကြည်သူတွေကို ဘုရားသခင်က စက်ဆုပ်ရွံရှာတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နားလည်သွားတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းမှာကျတော့၊ ကျွန်မမိသားစုရဲ့ ငြိမ်းချမ်းရေးနဲ့ ကျန်းမာရေးကို ဘုရားသခင်က ကာကွယ်ပေးဖို့ ကျွန်မလိုလားခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ တိရစ္ဆာန်တွေ သားပေါက်များများမွေးပြီး အဲဒါတွေကနေ ကျွန်မတို့ ကြီးပွားချမ်းသာဖို့ ဆန္ဒရှိခဲ့တယ်။ မိသားစုထဲမှာ ဘေးဒုက္ခ၊ အဆင်မပြေမှုတွေ မရှိဘဲ ကိစ္စတွေအကုန် အဆင်ပြေချောမွေ့နေတဲ့အခါ၊ ကျွန်မရဲ့ တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်ခဲ့တယ်၊ ပြီးတော့ ကားအက်ဆီးဒင့်ကနေ ယောက်ျားဖြစ်သူ ပြန်ကောင်းလာတော့ ဘုရားသခင်ကို စိတ်နှလုံးထဲကနေ ကျေးဇူးတင်ခဲ့တယ်။ ဒါပေမဲ့ ဝက်ကလေးတွေ တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက် သေသွားတဲ့အခါကျတော့၊ မိသားစုကို မစောင့်ရှောက်ပေးလို့ဆိုပြီး ဘုရားသခင်ကို ကျွန်မ ညည်းညူခဲ့တယ်။ ကျွန်မ အရမ်း အပျက်သဘောဆောင်သွားပြီး ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့ အာရုံမစိုက်နိုင်တော့ဘူး၊ စုဝေးပွဲတွေကိုလည်း နှစ်လသုံးလလောက် မတက်ခဲ့ဘူး။ ဝက်တွေရဲ့ ကျန်းမာရေးနဲ့ ကျွန်မတို့ရဲ့ ငွေကြေးဆုံးရှုံးမှုတွေအတွက် နေ့တိုင်း ပူပန်နေခဲ့တာ။ ကျွန်မက ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ရဖို့သက်သက်ပဲ ဘုရားသခင်ကို ယုံကြည်နေခဲ့တာပါလားဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်၊ ပြီးတော့ ဘုရားသခင်နဲ့ ကျွန်မက အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာပဲ။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပဲ။ ခွေးတစ်ကောင်ကို စဉ်းစားကြည့်။ သခင်က အစာကျွေးတဲ့အခါ သခင့်အတွက် အိမ်ကို စောင့်ရှောက်ပေးတယ်၊ ဒါပေမဲ့ သခင်က အစာမကျွေးတဲ့အခါမှာလည်း၊ ခွေးက သခင့်အတွက် အိမ်ကို စောင့်ပေးနေတုန်းပဲလေ။ ကျွန်မက ခွေးတစ်ကောင်ထက်တောင် ဆိုးနေသေးတယ်။ ဘုရားသခင်က ကျွန်မကို ကောင်းချီးပေးတဲ့အခါ ကိုယ်တော့်ကို ကျေးဇူးတင်တယ်၊ ဒါပေမဲ့ ကျွန်မကို နည်းနည်းလေးတောင် စိတ်ကျေနပ်အောင် မလုပ်ပေးတဲ့အခါကျတော့ ဘုရားသခင်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားတယ်၊ မိသားစုက ကျွန်မကို တိုက်ခိုက်တဲ့အခါမှာတောင် သူတို့ရဲ့ အမြင်တွေကို ကျွန်မ မသိမသာ လက်ခံစပြုလာပြီး ဘုရားသခင်အပေါ် သံသယတွေ၊ ညည်းညူမှုတွေ ဖြစ်လာခဲ့တယ်။ ကျွန်မ ဘယ်လောက်တောင် နားဝေတိမ်တောင် ဖြစ်နေခဲ့တာလဲ။ ဝက်မွေးတဲ့နေရာမှာ ကျွန်မမှာ အတွေ့အကြုံ မရှိခဲ့ဘူးဆိုတော့၊ ဝက်တွေ ခွာနာလျှာနာရောဂါ ကူးစက်ခံရပြီး သေတာက ရှောင်လွှဲလို့မရတဲ့ ကိစ္စပါပဲ။ ဒါ့အပြင်၊ အိမ်နီးချင်းတွေ မွေးထားတဲ့ ဝက်တချို့လည်း သေသွားတာပဲ၊ ဒါက မွေးမြူရေးလုပ်ငန်းမှာ အရမ်း အဖြစ်များတဲ့ ကိစ္စလေ။ ဒါပေမဲ့ ဒီကိစ္စကို ကျွန်မ မှန်မှန်ကန်ကန် မရှုမြင်နိုင်ဘဲ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှု မရှိဘူးဆိုပြီး ညည်းညူခဲ့တယ်၊ ဒါက ကျွန်မမှာ ဆင်ခြင်တုံတရား ကင်းမဲ့နေတာ မဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတော့၊ ကျွန်မ စိတ်နှလုံးထဲမှာ လွတ်လပ်ပေါ့ပါးသွားသလို အကြီးအကျယ် ခံစားရတယ်။ ကောင်းချီးတွေကို မက်မောတဲ့ ဆန္ဒကို စွန့်လွှတ်ဖို့ လိုလားလာပြီး ဘုရားသခင်ဆီကနေ ကောင်းချီးတွေ၊ ငြိမ်းချမ်းရေးတွေ ထပ်မတောင်းတော့ဘဲ၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး သူစီစဉ်ပေးတဲ့ အခြေအနေတွေထဲမှာ သင်ခန်းစာယူဖို့ ကျွန်မ လိုလားလာတယ်။ အဲဒီနောက်မှာ၊ စုဝေးပွဲတွေကို ကျွန်မ ဆက်တက်ခဲ့ပြီး၊ ဘုရားသခင်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ပိုနီးကပ်လာတယ်။
ဩဂုတ်လရဲ့ မနက်ခင်းတစ်ခုမှာ ဝက်စာသွားကျွေးတော့၊ ဝက်ကြီး နှစ်ကောင် ချောင်းဆိုးနေပြီး သူတို့ကိုယ်ပေါ်မှာ အနီကွက်တွေ ထွက်နေတာကို သတိထားမိလိုက်တယ်။ ဘာရောဂါဖြစ်နိုင်မလဲဆိုတာ မေးဖို့ အိမ်နီးချင်းဆီကို ကျွန်မ ကမန်းကတန်း ဖုန်းဆက်လိုက်တယ်။ အိမ်နီးချင်းက ပြောတယ်၊ “ဒီလိုရာသီမျိုးမှာ ဝက်တွေက အဖျားကြီးတတ်တယ်။ ဟိုဘက်အိမ်က ဝက်တချို့လည်း ဒီရောဂါ ကူးနေတယ်။ ဒီရောဂါက ကူးစက်တတ်တယ်၊ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့ ဆေးတွေ မြန်မြန်သွားဝယ်သင့်တယ်” တဲ့။ ဒီရောဂါ ကူးစက်တတ်တယ်ဆိုတာကို ကြားတော့၊ ကျွန်မ အရမ်း စိုးရိမ်သွားတယ်။ အိမ်မှာ ရောင်းရတော့မဲ့ ဝက် အကောင် လေးဆယ်ကျော် ရှိနေတာ။ အကုန်လုံးသာ အဖျားတက်ပြီး သေကုန်ရင်၊ အဲဒီလိုသာဆိုရင် ခြောက်လလောက် ရင်းနှီးမြှုပ်နှံထားတာတွေရော၊ ရနိုင်မဲ့ အမြတ်တွေပါ ရေစုန်မျောသွားမှာ မဟုတ်ဘူးလား။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး ဒီကိစ္စကို ကိုယ်တော့်ထံ အပ်နှံလိုက်တယ်။ နောက်ပိုင်း၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလာတယ်။ “လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး သူ၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအရာအားလုံးကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျား၊ ပြောင်းလဲကာ အသစ်ပြန်ဖြစ်ပြီး ကွယ်ပျောက်သွားမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည့်ပုံစံဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) အသက်ရှိတဲ့အရာရော၊ အသက်မရှိတဲ့အရာပါ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်၊ ပြီးတော့ ဒီဝက်တွေ ရောဂါကူးမကူးဆိုတာကလည်း ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတာလေ။ ကျွန်မလုပ်နိုင်တာက ကြိုတင်ကာကွယ်မှုအနေနဲ့ ဆေးတချို့ တိုက်ထားဖို့ပဲ၊ သူတို့ရဲ့ အသေအရှင်ကိုတော့ ဘုရားသခင်ကပဲ အဆုံးအဖြတ်ပေးမှာပါ။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားလာပြီး ဘုရားသခင်အပေါ် မညည်းညူတော့ပါဘူး။ နောက်ပိုင်း ဝက်စာကျွေးတဲ့အခါ၊ သူတို့အစာထဲမှာ ကြိုတင်ကာကွယ်တဲ့ ဆေးတွေကို ရောကျွေးလိုက်တယ်၊ ပြီးတော့ နှစ်ရက်လောက်နေတော့၊ နေမကောင်းဖြစ်နေတဲ့ ဝက်နှစ်ကောင် ပြန်ကောင်းလာပြီး တခြားဝက်တွေလည်း ဘာမှမဖြစ်တော့ဘူး။ နှစ်လကြာပြီးနောက်မှာ၊ တခြားအိမ်တွေက ဝက်တွေ အများကြီး သေကုန်ပေမဲ့၊ ကျွန်မရဲ့ ဝက်အကောင် လေးဆယ်လောက်ကတော့ အကုန်ကျန်းမာပြီး ဈေးကောင်းကောင်းနဲ့ ရောင်းလိုက်ရတယ်။ ဒီတစ်ခါတော့ ဝက်တွေ နေမကောင်းဖြစ်တာနဲ့ပတ်သက်ပြီး ဘုရားသခင်ကို ကျွန်မ မညည်းညူခဲ့ဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုအတွက် ကျွန်မ အရမ်းဝမ်းသာပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
နောက်ပိုင်းမှာ၊ နောက်ထပ်ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ယုံကြည်ခြင်းမှာ တာဝန်တွေကို ထမ်းဆောင်တာက ကောင်းကင်ဘုံက စေခိုင်းတဲ့ မွေးရာပါတာဝန်ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားခဲ့တယ်။ ဒါ ကျွန်မတို့ လုပ်သင့်တဲ့အရာပဲ။ ပြီးတော့ အဲဒါက အကျိုးအမြတ်ရဖို့အပေါ် မူမတည်သင့်ဘူးလေ။ ဒါဟာ လူတစ်ယောက်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပါပဲ။ ယုံကြည်ခြင်းမှာ ဘုရားသခင်နဲ့ ကျွန်မက အပေးအယူလုပ်ဖို့ မကြိုးစားသင့်ဘူး။ ဘုရားသခင်က မိသားစုကို ကောင်းချီးပေးပြီး စောင့်ရှောက်တဲ့အခါ ကိုယ်တော့်ကို ကျေးဇူးတင်တယ်၊ ဒါပေမဲ့ အိမ်မှာ အဆင်မပြေတာတွေ ဖြစ်လာပြီး ဘေးဒုက္ခကျရောက်လာရင်၊ ဘုရားသခင်ကို ကျွန်မ စပြီး ညည်းညူခဲ့တယ်။ ဒီလိုယုံကြည်ခြင်းမျိုးကို ဘုရားသခင်က အသိအမှတ်မပြုဘူး။ ကျွန်မဟာ ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး၊ ကျွန်မရဲ့ ကံကြမ္မာနဲ့ စည်းစိမ်ဥစ္စာတွေက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိပါတယ်။ ဘုရားသခင် ပေးသည်ဖြစ်စေ၊ ပြန်ရုပ်သိမ်းသွားသည်ဖြစ်စေ၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံပြီး ကျွန်မရဲ့ တာဝန်တွေကို ဖြည့်ဆည်းသင့်တယ်။ ဒီအတွေ့အကြုံတွေကတစ်ဆင့်၊ စာတန်ရဲ့ အကြံအစည်တွေအပေါ် ပိုင်းခြားသိမြင်မှုတချို့ကို ကျွန်မ ရရှိခဲ့တယ်၊ ပြီးတော့ ယုံကြည်ခြင်းကတစ်ဆင့် ကောင်းချီးတွေကို ရှာဖွေချင်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်ကို နားလည်မှုတချို့ ရရှိခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်ကလည်း နည်းနည်း ပြုပြင်ခံလိုက်ရတယ်၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ရာမှာ၊ ဘုရားသခင်ကို ကျိုးနွံနာခံသင့်တယ်၊ သမ္မာတရားကို လိုက်စားသင့်တယ်၊ ပြီးတော့ စိတ်သဘောထား ပြောင်းလဲမှုကို ရှာဖွေသင့်တယ်ဆိုတာ ကျွန်မ သိလာခဲ့ပါတယ်။ ကျွန်မရရှိခဲ့တဲ့ နားလည်သဘောပေါက်မှုနဲ့ အကျိုးကျေးဇူးတွေအတွက် ဘုရားသခင်ကို အရမ်း ကျေးဇူးတင်မိပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ယောယုရွှမ်၊ တရုတ်ပြည်၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီအမှုတော်အဆင့်က...
တရုတ်နိုင်ငံ၊ လီယွမ်၂၀၂၃ ခုနှစ်၊ ဧပြီလမှာ အသင်းတော်က ကျွန်မကို တခြားနေရာတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မ...
တုန်ယု၊ တရုတ်ပြည်ငယ်ငယ်ကတည်းက ကျွန်မက ကျန်းမာရေး သိပ်မကောင်းဘူး၊ အမြဲ ဖျားနာနေခဲ့လို့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို တောင့်တခဲ့ပါတယ်။ ၂၀၁၂...
ဟုန်ချောင်၊ တရုတ်ပြည်အသက် ၆၀ အရွယ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ စုဝေးပွဲတွေတက်၊ ဘုရားနှုတ်ကပတ်တော်တွေကို...