လူများအား မှန်ကန်စွာ ဆက်ဆံပုံကို အခု ကျွန်မ သိပြီ

01.09.2026

ဇိုးရွှီရှန်း၊ တရုတ်ပြည်

၂၀၂၂ ခုနှစ်၊ မတ်လမှာ ကျွန်မက အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ ကျွန်မနဲ့ တွဲလုပ်နေတဲ့ ညီအစ်ကို မောင်နှမတွေရဲ့ လမ်းပြမှုနဲ့ အကူအညီကြောင့်၊ အချိန်တစ်ခုကြာတော့ အလုပ်ထဲက လမ်းလွဲတာတွေနဲ့ ပြဿနာတချို့ကို ကျွန်မ ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ခဲ့တယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ အလုပ်ရလဒ်တချို့လည်း တိုးတက်လာတာပေါ့။ ညီအစ်ကို မောင်နှမတွေက ကျွန်မမှာ အလုပ်လုပ်နိုင်စွမ်း ရှိတယ်လို့ ပြောကြတယ်။ ကျွန်မ အရမ်းဝမ်းသာသွားပြီး လေ့ကျင့်တာ အချိန်တိုလေးပဲ ရှိသေးပေမဲ့၊ ကျွန်မမှာ ကောင်းမွန်တဲ့ အစွမ်းအစရှိတယ်၊ ပြဿနာတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး အလုပ်ကို သေချာလုပ်နိုင်တယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မက တော်တော် ရှားပါးတဲ့ ပင်ကိုစွမ်းရည်ရှိသူပဲလို့ တွေးမိတာပေါ့။ နောက်ပိုင်းမှာ ညီအစ်မ လုယောင်းက အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံရပြီး ကျွန်မနဲ့ တွဲလုပ်ရတယ်။ သူ အလုပ်နဲ့ ရင်းနှီးလာပြီး နားလည်လာအောင် ကျွန်မ ကူညီပေးခဲ့တယ်။ အချိန်တစ်ခုကြာတော့ လုယောင်းက သူ့အလုပ်မှာ နည်းနည်းပဲ ပါဝင်နိုင်ပြီး၊ သူတာဝန်ယူထားတဲ့ အလုပ်ကို တကယ်တမ်း မထမ်းဆောင်နိုင်တာကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မ နည်းနည်း အထင်သေးသွားပြီး၊ “ကျွန်မက အချိန်တွေ၊ အားထုတ်မှုတွေ အများကြီးပေးပြီး အစ်မကို ဘယ်လိုအလုပ်လုပ်ရမလဲ သင်ပေးထားတာကို၊ ဘာလို့ ဒီလောက်တောင် တိုးတက်တာ နှေးနေရတာလဲ။ အရင်တုန်းက ညီအစ်ကို မောင်နှမတွေ ကျွန်မကို အလုပ်နဲ့ ရင်းနှီးအောင် လုပ်ပေးတုန်းကဆိုရင်၊ တစ်ယောက်ယောက်က တစ်ခုခုပြောပြလိုက်တာနဲ့ ကျွန်မ နားလည်ပြီး နောက်ပိုင်းမှာ အဲဒီကနေ ဆက်တွေးနိုင်ခဲ့တယ်။ အစ်မအတွက်ကျမှ ဘာလို့ ဒီလောက် ခက်နေရတာလဲ။ ဒီတိုင်းဆို မဖြစ်သေးဘူး။ အစ်မကို ကျွန်မ သေချာပြောမှရမယ်” ပေါ့။ ဒါကြောင့် သူ့ကို လေသံတင်းတင်းနဲ့ “ဒီအလုပ်တွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မ သေသေချာချာ ရှင်းပြပြီးပြီလေ။ ဘာလို့ အခုထိ ဒါတွေကို မလုပ်နိုင်သေးတာလဲ။ အစ်မ နည်းနည်းလေးမှ ဂရု စိုက်ရဲ့လား” လို့ ပြောလိုက်တယ်။ လုယောင်းရဲ့ မျက်နှာက နီရဲသွားတယ်၊ နောက်တော့ ဘာမှမပြောဘဲ ခေါင်းငုံ့သွားတယ်။ သူ အရမ်း ဝမ်းနည်းနေတာကို မြင်တော့၊ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ ပြောတာ နည်းနည်းများ လွန်သွားပြီလား။ ဘာပဲပြောပြော လုယောင်းက အခုမှ လေ့ကျင့်ခါစဆိုတော့ အလုပ်အများကြီးနဲ့ ရင်းနှီးဖို့ လိုသေးတာပဲလေ။ ပြီးတော့ သူက နည်းနည်းလည်း အသက်ပိုကြီးတော့ မှတ်ဉာဏ်က သိပ်မကောင်းလှဘူး” ပေါ့။ ဒါပေမဲ့ နောက်တော့ ပြန်တွေးမိပြန်ရော၊ “ငါ့လေသံက နည်းနည်း ကြမ်းသွားပေမဲ့၊ သူ အလုပ်နဲ့ အမြန်ဆုံး ရင်းနှီးသွားအောင် ကူညီချင်ရုံသက်သက်ပါ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ခဲ့ဘူး။

နောက်တော့ ကျွန်မက တရားဟောဆရာမအနေနဲ့ အရွေးခံရပြီး၊ အသစ်ရွေးချယ်ခံရတဲ့ ခေါင်းဆောင် ညီအစ်မ ဟန်လုကို အလုပ်နဲ့ ရင်းနှီးလာအောင် ကူညီပေးနေခဲ့တယ်။ တစ်ခါက၊ လူတချို့ဟာ ရှင်းလင်းပစ်ရမဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကို ကျွန်မတို့ ချိန်ဆနေကြတယ်။ လူတချို့က ဆိုးယုတ်တဲ့လူတွေဆိုတာ သိသာထင်ရှားနေတာကို ကျွန်မ မြင်ပေမဲ့၊ ဟန်လုက အဲဒါကို ပိုင်းခြားမသိမြင်ခဲ့ဘူး။ ကျွန်မစိတ်ထဲမှာ နည်းနည်း အထင်သေးသွားပြီး “အစ်မ အရင်ကလည်း သန့်စင်ရေးအလုပ်ကို လုပ်ဖူးတာပဲ။ ဒီအပိုင်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို အရင်က ကျွန်မတို့ မိတ်သဟာယ မဖွဲ့ခဲ့ကြဘူးလား။ ဘယ်လိုဖြစ်လို့ တိုးတက်လာရမဲ့အစား နောက်ဆုတ်သွားရတာလဲ” ပေါ့။ နောက်တော့ အထက်ခေါင်းဆောင်တွေက ကျွန်မကို ပိုင်းခြားသိမြင်ခြင်းနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့၊ လမ်းပြပေးခဲ့တုန်းက၊ ကျွန်မမှာ ချို့ယွင်းချက်တွေ ရှိခဲ့ပေမဲ့ သူ့လောက်တော့ အရည်အချင်း မညံ့ခဲ့ဘူးလို့ တွေးမိတယ်။ ဒါနဲ့ ဟန်လုကို လေသံတင်းတင်းနဲ့ “လူတွေရဲ့ အနှစ်သာရနဲ့အညီ ပြဿနာတွေကို ကြည့်ရမယ်လေ။ သက်ဆိုင်မှုမရှိတာတွေကိုပဲ လိုက်ကြည့်နေလို့ မရဘူး” လို့ ပြောချလိုက်တယ်။ ကျွန်မ ဒီလိုပြောလိုက်တော့ ဟန်လုက ကြက်သေ သေသွားပြီး၊ “အယူဝါဒအရတော့ စည်းမျဉ်းတွေကို ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ မတူညီတဲ့ လူတွေနဲ့ ကြုံလာရတဲ့အခါ၊ ကျွန်မ တကယ်ကို ပိုင်းခြားမသိမြင်နိုင်ဘူး ဖြစ်နေတယ်” လို့ တိုးတိုးလေး ပြန်ဖြေတယ်။ ဒါကိုကြားတော့ ကျွန်မ ပိုပြီးတော့တောင် စိတ်ပူလာသလို ဒေါသလည်း ထွက်သွားပြီး၊ “အရင်တုန်းက ကျွန်မ သန့်စင်ရေး အလုပ်ကို တစ်ခါမှ မလုပ်ဖူးပေမဲ့၊ ကိုယ့်ကို ရှင်းပြလိုက်တာနဲ့ နားလည်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အစ်မက သန့်စင်ရေးအလုပ်ကို လုပ်ဖူးတာပဲ၊ ဘယ်လိုလုပ် အခုထိ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိရသေးတာလဲ” လို့ တွေးမိတယ်။ ပြီးတော့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်တင်လိုက်တယ်၊ “အခုလို ပြောတော့ ကိုယ့်အတွက်ကိုယ် ဆင်ခြေပေးနေတာပဲ မဟုတ်ဘူးလား။ အစ်မ အရင်က သန့်စင်ရေးအလုပ်ကို လုပ်ဖူးသလို၊ ကျွန်မတို့ စည်းမျဉ်းတွေအကြောင်းကိုလည်း အရင်က မိတ်သဟာယ ဖွဲ့ခဲ့ပြီးပြီလေ။ အခုချိန်ထိ အစ်မ ပိုင်းခြားမသိမြင်နိုင်သေးဘူးဆိုရင်၊ အစ်မက တာဝန်ကို ဂရုမစိုက်ဘဲ လုပ်နေတာ မဟုတ်ဘူးလား” လို့ပေါ့။ ကျွန်မ ဒီလိုပြောတာကို ကြားတော့ ဟန်လုက အိုးတိုးအမ်းတန်းနဲ့ ခေါင်းငုံ့သွားပြီး စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဟန်လုဖြစ်သွားတဲ့ပုံစံကို မြင်တော့ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ စကားပြောတဲ့ပုံစံက သူ့ကို ဘောင်ခတ်သွားမိသလား” ပေါ့။ ဒါပေမဲ့ ဒီပြဿနာတွေကို သတိထားမိတဲ့အခါမှာတောင် ကိုယ့်တဇောက်ကန်းစိတ်ကိုယ် ထုတ်ဖော်မိတာကို ကျွန်မ မတားဆီးနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မ တွေးဆကြည့်တယ်၊ လူတွေကို ပျိုးထောင်ပေးတဲ့အခါ ဘာလို့ ငါက တဇောက်ကန်းစိတ်ကို အမြဲ ထုတ်ဖော်နေရတာလဲပေါ့။ အဲဒီအချိန်ကာလမှာ၊ ရှာဖွေဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့ပြီး၊ ကျွန်မရဲ့ အပြောအဆို၊ အပြုအမူတွေကို ချုပ်တည်းဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ ဒေါသပေါက်ကွဲထွက်တာကို မတားဆီးနိုင်ခဲ့ဘဲ၊ အဲဒီနောက်မှာ ကျွန်မရဲ့ စိတ်နှလုံးက နာကျင်ရတာပေါ့။ ရက်ပိုင်းလောက်ကြာတော့ ဟန်လုက ကျွန်မကို အကြံပြုချက်တစ်ခု ပေးလာတယ်။ သူများတွေအပေါ် ကျွန်မရဲ့ သတ်မှတ်ချက်တွေက အရမ်းမြင့်လွန်းပြီး၊ ကျွန်မစကားပြောတဲ့ တင်းကျပ်တဲ့ လေသံကြောင့် သူများတွေအတွက် ကျွန်မပြောတာကို လက်ခံဖို့ ခက်ခဲစေတယ်လို့ သူက ပြောတယ်။ ဟန်လုပြောတာကို ကြားတော့ အစက ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ “ကျွန်မ တဇောက်ကန်းစိတ် မထုတ်ဖော်မိအောင်လို့ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းဖို့ အစွမ်းကုန် ကြိုးစားနေတာပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်မသုံးသပ်ရတာလဲ။ အစ်မအလုပ်ကို သေချာမလုပ်နိုင်ရင် ကျွန်မက အစ်မကို ဘယ်လိုလုပ် ကောင်းကောင်း ဆက်ဆံနိုင်မှာလဲ” လို့ ကိုယ့်ဘာသာ တွေးမိတယ်။ ဒါပေမဲ့ အရင်တုန်းက လုယောင်းပြောခဲ့တာကို ကျွန်မ ပြန်သတိရလိုက်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုအပေါ် အခြေခံပြီး သူများတွေဆီကနေ တောင်းဆိုတတ်တယ်လို့ သူပြောခဲ့ဖူးပြီး၊ အခုလည်း ဟန်လုက ဒီလိုပဲ ပြောနေပြန်ပြီလေ။ ဒီအထဲမှာ ဘုရားသခင်ရဲ့ ခွင့်ပြုချက် ရှိနေပြီးသားဆိုတော့၊ ကိုယ့်အကြောင်းပြချက်နဲ့ ဆက်ငြင်းခုန်နေလို့ မရတော့ဘူး၊ ကျွန်မ ကျိုးနွံနာခံမှဖြစ်တော့မယ်။

နောက်ပိုင်းမှာ၊ ညီအစ်မတစ်ယောက်က ကျွန်မရဲ့ အခြေအနေကို သိသွားတဲ့အခါ၊ ကျွန်မဖတ်ဖို့ ဘုရားနှုတ်ကပတ်တော် အပိုဒ်တချို့ကို ရှာပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အနေဖြင့် သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်အတွက် ကောင်းမွန်သည့် သက်သေကိုခံခြင်းတွင် ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို ဦးဆောင်ရမည်ဆိုလျှင်၊ အရေးကြီးဆုံးမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ကာ သမ္မာတရားကို မိတ်သဟာယပြုရင်း အချိန်ကိုပို၍ကုန်ဆုံးစေရာတွင် လူတို့ကို လမ်းပြပေးရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် လူသားကို ကယ်တင်ရာတွင် ဘုရားသခင်၏ ဦးတည်ချက်များနှင့် ဘုရားအမှုတော်၏ ရည်ရွယ်ချက်အပေါ် ပိုမိုလေးနက်သော သိမြင်မှုကို ရရှိနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားအတွက် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို နားလည်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခွင့်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်ခွင့်ရကြသည်။...သင်သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောပြီး လူများကို သြဝါဒပေးပြီး ပြုပြင်မှသာ ၎င်းတို့ကို သမ္မာတရား နားလည်စေပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေနိုင်သလော။ သင် မိတ်သဟာယပြုသည့် အရာသည် လက်တွေ့မကျလျှင်၊ စကားများနှင့် အယူဝါဒများသာဖြစ်လျှင်၊ ၎င်းတို့ကို သင်မည်မျှ ပြုပြင်ပြီး သြဝါဒပေးပါစေ အကျိုးရှိမည်မဟုတ်ပေ။ လူတို့က သင့်ကို ကြောက်ရွံ့ခြင်း၊ သင်ပြောသည့်အရာကို လုပ်ဆောင်ခြင်းနှင့် မကန့်ကွက်ရဲခြင်းတို့သည် သမ္မာတရားကို ၎င်းတို့ နားလည်ကာ ကျိုးနွံနာခံခြင်းနှင့် အတူတူဖြစ်သည်ဟု သင် ထင်သလော။ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အသက်ဝင်ရောက်မှုသည် အလွန်ရိုးရှင်းခြင်းမရှိပေ။ ခေါင်းဆောင်အချို့သည် အမြင်ကောင်းစေရန်အတွက် ကြိုးစားနေသော မန်နေဂျာအသစ်တစ်ယောက်နှင့်တူသည်။ လူတိုင်းက ၎င်းတို့ကို ကျိုးနွံနာခံရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောသူတို့အပေါ် ၎င်းတို့၏ လတ်တလောရရှိထားသည့်အာဏာကို အသုံးချရန် ကြိုးစားပြီး ဤသို့ဖြင့် ၎င်းတို့အလုပ်က ပို၍လွယ်ကူလိမ့်မည်ဟု ထင်ကြသည်။ သင်သည် သမ္မာတရားလက်တွေ့ကျမှု ကင်းမဲ့လျှင် မကြာခင်တွင် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုက ထုတ်ဖော်ခံရလိမ့်မည်၊ သင်၏ သရုပ်မှန်က ဖော်ထုတ်ခြင်းခံရလိမ့်မည်။ သင်သည် ကောင်းစွာ ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်ပေမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့တွင် အနည်းငယ် ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်းမရှိပါက၊ အဆုံး၌ ပြဿနာများကို ဖြေရှင်းနိုင်ဦးမည် မဟုတ်သကဲ့သို့၊ ဤသို့ဖြင့် အလုပ်၏ ရလဒ်များကို ထိခိုက်လိမ့်မည်။ အသင်းတော်၌ မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ၊ လူများကို သင် ဆက်၍ ဩဝါဒပေးပြီး အပြစ်တင်နေလျှင်၊ သင်သည် အစဉ် စိတ်တိုသည့်ပုံစံဖြင့် ပြုမူနေရုံသာရှိလျှင်၊ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာသူ ထုတ်ဖော်ပြနေခြင်း ဖြစ်လေသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း၏ အကျည်းတန်သော မျက်နှာကို ပြသပြီးဖြစ်သည်။ သင်သည် အမြဲတမ်း အထက်စီးမှနေ၍ လူများကို ဤကဲ့သို့ ဩဝါဒပေးနေပါက၊ အချိန်ကြာလာသည်နှင့်အမျှ လူများသည် သင့်ထံမှ အသက်ပံ့ပိုးမှုကို လက်ခံရရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် လက်တွေ့ကျသည့် မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ ထိုအစား သင်သည်အလွန်မုန်းတီးခြင်းနှင့် ရွံရှာခြင်းသာ ခံရလိမ့်မည်။ ထို့အပြင် ချင့်ချိန်နိုင်စွမ်း မရှိသောကြောင့် သင်၏ ဩဇာလွှမ်းမိုးခြင်းကို ခံခဲ့ရပြီးသည့်နောက်၊ အခြားသူများကို ထိုနည်းတူ ဩဝါဒပေးပြီး ပြုပြင်မည့် လူအချို့ရှိလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည်လည်း ထိုနည်းတူ စိတ်ဆိုးပြီး ဒေါသထွက်ကြလိမ့်မည်။ သင်သည် လူများ၏ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း အားပေးမြှင့်တင်ပေးနေမိလိမ့်မည်။ ယင်းက ၎င်းတို့အား ပျက်စီးခြင်းဆီသို့ လမ်းကြောင်းပေါ် ဦးဆောင်နေခြင်း မဟုတ်လော။ ယင်းက ဆိုးယုတ်သည့် အပြုအမူတစ်ခု မဟုတ်သလော။ ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းတို့အားဖြင့် အဓိက ဦးဆောင်သင့်သည်။ သင်သည် အစဉ်သဖြင့် အပေါ်စီးမှနေကာ အခြားသူများအား ဩဝါဒပေးလျှင်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်လိမ့်မည်လော။ သင်သည် အချိန်အတော်ကြာအောင် ဤနည်းလမ်းဖြင့် အလုပ်လုပ်လျှင် လူများက သင့်ကို အရှိအတိုင်း ရှင်းလင်းစွာ မြင်လာသည့်အခါ သင့်ကို ၎င်းတို့က စွန့်ပစ်လိမ့်မည်။ ဤသို့အလုပ်လုပ်ခြင်းအားဖြင့် လူများကို ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ခေါ်ဆောင်နိုင်သလော။ သင် သေချာပေါက် မခေါ်ဆောင်နိုင်ပေ။ သင်လုပ်နိုင်သည့်အရာမှာ အသင်းတော်အလုပ်ကို ပျက်စီးအောင်လုပ်မိပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို သင့်အား ရွံရှာစက်ဆုပ်ပြီး စွန့်ပစ်ဖို့ ဖြစ်စေရုံသာ ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)သင်သည် အရာအားလုံးကို နားလည်သည်ဟု မထင်နှင့်။ သင် မြင်ဖူးပြီး တွေ့ကြုံဖူးသမျှ အားလုံးသည် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုပင် သင် နားလည်ရန် မလုံလောက်ကြောင်း သင့်ကို ငါ ပြော၏။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ဤမျှ မောက်မာစွာ ပြုမူရသနည်း။ သင့်တွင်ရှိသော ထိုပင်ကိုစွမ်းရည် အနည်းငယ်နှင့် အသိပညာ အနည်းငယ်တို့သည် ယေရှု၏ အလုပ်တွင် တစ်စက္ကန့်မျှပင် သူ အသုံးပြုရန် မလုံလောက်ပေ။ သင်သည် အတွေ့အကြုံ မည်မျှကို အမှန်တကယ် ပိုင်ဆိုင်ထားသနည်း။ သင်၏ တစ်သက်တာတွင် သင် မြင်ဖူးသောအရာနှင့် သင် ကြားဖူးသမျှ အားလုံးအပြင် သင် စိတ်ကူးဖူးသောအရာများသည် အခိုက်အတန့်တစ်ခုအတွင်း ငါလုပ်ဆောင်သော အလုပ်ထက် နည်းပါးလေသည်။ သင်သည် အပြစ်ရှာခြင်းနှင့် အမှားရှာခြင်း မပြုလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ သင်သည် မည်မျှပင် မာနထောင်လွှားပါစေ သင်သည် ပုရွက်ဆိတ်တစ်ကောင်နှင့်ပင် တန်းတူမဟုတ်သော ဖန်ဆင်းခံတစ်ဦးထက် မပိုပေ။ သင်၏ အတွင်း၌ သင် ပိုင်ဆိုင်ထားသမျှ အားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၌ ရှိသောအရာထက် နည်းပါးလေသည်။ သင်သည် အရာများစွာကို တွေ့ကြုံဖူးပြီး လုပ်သက်ရင့်သောကြောင့် ဤအရာက သင့်အား ရမ်းကားစွာ လက်ဟန်ခြေဟန်ပြရန်နှင့် စကားကြီးစကားကျယ် ပြောဆိုရန် အခွင့်အရေးပေးသည်ဟု မထင်နှင့်။ ငါ မိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များကြောင့် ဤအတွေ့အကြုံနှင့် လုပ်သက်ရင့်ခြင်းကို သင် ရရှိထားခြင်း မဟုတ်လော။ ယင်းတို့ကို သင်၏ ကိုယ်ပိုင် အားထုတ်မှုနှင့် အားသွန်ခွန်စိုက် လုပ်ဆောင်မှုမှတစ်ဆင့် ရရှိခဲ့သည်ဟု သင် ယုံကြည်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြည့်စုံစေသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးသွားတော့၊ ကျွန်မ တကယ်ကို ရှက်မိတယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး ကျွန်မအလုပ်က ရလဒ်တချို့ ထွက်လာကတည်းက၊ ကျွန်မက ဘဝင်ခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေခဲ့တာကိုး။ ကျွန်မအစွမ်းအစက ကောင်းတယ်၊ ကျွန်မက အရမ်းဉာဏ်ကောင်းတယ်၊ သူများတွေ ရှင်းပြလိုက်တာနဲ့ သဘောပေါက်တယ်လို့ တွေးပြီး ညီအစ်ကို မောင်နှမတွေကို အထင်သေးလာခဲ့တယ်။ လုယောင်းကို သူ့အလုပ်မှာ ကူညီပေးတုန်းကလည်း၊ သူက အချိန်တစ်ခုကြာအောင် လေ့ကျင့်ပြီးတာတောင် အမှီအခိုကင်းကင်း အလုပ်မလုပ်နိုင်သေးတာကို မြင်တော့ ကျွန်မစိတ်ထဲမှာ အထင်သေးခဲ့တယ်။ ကိုယ်က လုပ်နိုင်ပြီး သူက ဘာလို့ မလုပ်နိုင်ရတာလဲဆိုပြီး မေးခွန်းထုတ်ခဲ့သလို၊ သူ့ကို အထက်စီးကနေ အပြစ်တင် ဆူပူခဲ့သေးတယ်။ တရားဟောဆရာမအနေနဲ့ အရွေးခံရပြီးတဲ့နောက်မှာလည်း၊ ဟန်လုအပေါ် သတ်မှတ်ချက်တွေ ထားတဲ့အခါ တခြားသူတွေကို တိုင်းတာဖို့ ကိုယ့်ကိုယ်ကိုယ်ပဲ စံနှုန်းအနေနဲ့ ထပ်သုံးခဲ့တယ်။ ဟန်လုက စည်းမျဉ်းတွေကို သဘောမပေါက်တာကို မြင်တော့၊ သူက ဂရုမစိုက်တာပဲဆိုပြီး ကိုယ့်ဘာသာ ကောက်ချက်ချလိုက်တဲ့အပြင် သူ့ကို ဆူပူကြိမ်းမောင်းတာလည်း လုပ်ခဲ့တယ်။ ဒါကြောင့် ဟန်လုဟာ ကျွန်မနဲ့ ဆက်ဆံရေးမှာ ပိုပိုပြီး ဖိနှိပ်ခံရသလို ဘောင်ခတ်ခံလာခဲ့တာပေါ့။ ကျွန်မက လူတွေကို စည်းမျဉ်းမရှိဘဲ ဆက်ဆံခဲ့မှန်း သဘောပေါက်လိုက်တယ်။ သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစအပေါ် မူတည်ပြီး တစ်မျိုးစီ ဆက်ဆံရမဲ့အစား၊ လူတွေကို တိုင်းတာဖို့ ကိုယ့်ကိုယ်ကိုယ်ပဲ စံနှုန်းတစ်ခုအနေနဲ့ သုံးခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ သတ်မှတ်ချက်တွေကို မပြည့်မီတဲ့အခါ၊ သူတို့ကို ကျွန်မ အထင်သေးပြီး နှိမ့်ချဆက်ဆံတယ်၊ ပြီးတော့ အထက်စီးကနေ အပြစ်တင်တယ်။ တကယ်တမ်းကျတော့ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ လမ်းပြမှု၊ အကူအညီတွေသာ မပါရင် ကျွန်မလည်း အလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာ သိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မက အရှက်မရှိဘဲ ဒါကို အရင်းအနှီးလုပ်ပြီး ညီအစ်ကို မောင်နှမတွေကို အမြဲ အထင်သေး နှိမ့်ချခဲ့တယ်။ ကျွန်မက တကယ်ကို ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့နေခဲ့တာပဲ။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအပေါ် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေက ဘာလဲဆိုတော့၊ သူတို့ဟာ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုနိုင်ရမယ်၊ ညီအစ်ကို မောင်နှမတွေရဲ့ အလုပ်မှာရှိတဲ့ လမ်းလွဲမှုနဲ့ ပြဿနာမှန်သမျှကို ထောက်ပြနိုင်ရမယ်၊ ပြီးတော့ စည်းမျဉ်းတွေထဲ ဘယ်လို ဝင်ရောက်ရမယ်ဆိုတာကို လမ်းပြပေးနိုင်ရမယ်။ ဒါပေမဲ့ ကျွန်မကျတော့ ကိုယ့်တာဝန်ကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့တဲ့အပြင်၊ တခြားလူတွေကိုလည်း အထက်စီးကနေ အပြစ်တင်ခဲ့ပြီး ညီအစ်ကို မောင်နှမတွေကို ထိခိုက်နစ်နာအောင် လုပ်ခဲ့တယ်။ ဒါက ကိုယ့်တာဝန်ကို ထမ်းဆောင်တာ ဘယ်လိုလုပ်ဟုတ်မှာလဲ။ ကျွန်မ လုပ်ခဲ့တာတွေကို တွေးမိတော့ အရမ်းကို နောင်တရမိတယ်။ ကျွန်မ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လူ့သဘာဝ ကင်းမဲ့နိုင်ခဲ့ရတာလဲ၊ ညီအစ်ကို မောင်နှမတွေကို စစ်မှန်တဲ့ အကူအညီနဲ့ မေတ္တာတရား နည်းနည်းလေးတောင် ဘာလို့ မပေးနိုင်ခဲ့ရတာလဲ။

တစ်နေ့မှာတော့၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ပြီးတဲ့နောက် လူတွေကို ကျွန်မ ဘာလို့ မှန်မှန်ကန်ကန် မဆက်ဆံနိုင်ခဲ့ရတာလဲဆိုတာ နောက်ဆုံးမှာ နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စာတန်၏ စိတ်သဘောထားအတွင်းတွင် ပါဝင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား များစွာရှိသော်လည်း၊ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံးမှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားမဲ့လေဖြစ်ကာ၊ သူတို့ ပို၍ ဆင်ခြင်တုံတရားမဲ့လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထား ရှိပါက ဘုရားသခင်ကို အတိုက်အခံမလုပ်ရန် ပြောဆိုခံရခြင်းက မည်သည့် ထူးခြားမှုမျှ ရှိမည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သင့်အတွက် သင့်သဘောအလျောက်မဟုတ်ဘဲ ဖြစ်သောအရာ တစ်ခု ဖြစ်လိမ့်မည်။ သင်သည် ယင်းကို တမင်သက်သက် လုပ်ဆောင်မည် မဟုတ်ပေ၊ သင်၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော သဘာဝ၏ လွှမ်းမိုးမှုအောက်တွင် သင် လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ သင်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းက သင့်အား ဘုရားသခင်ကို မထီမဲ့မြင်ပြုစေပြီး ကိုယ်တော့်ကို လျစ်လျူရှုစေလိမ့်မည်။ ယင်းတို့က သင့်အား မိမိကိုယ်ကို ချီးမြှောက်လိုစိတ် ရှိစေလိမ့်မည်ဖြစ်ကာ အချိန်တိုင်းတွင် သင့်ကိုယ်သင် ထုတ်ဖော်ပြသစေလိမ့်မည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်သေးစေလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်မှလွဲ၍ မည်သူ့ကိုမျှ မရှိစေဘဲ ဖြစ်စေလိမ့်မည်။ ယင်းတို့က သင်၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏ နေရာကို လုယူသွားလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏ နေရာ၌ ထိုင်စေကာ လူများကို သင့်အား ကျိုးနွံနာခံရန် တောင်းဆိုစေလိမ့်မည်ဖြစ်သည့်အပြင် သင်၏ ကိုယ်ပိုင် စိတ်ကူးများ၊ အတွေးအခေါ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် အထွတ်အမြတ်ထားစေလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။ မကောင်းမှု ပြုခြင်း၏ ပြဿနာကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တဲ့အခါ၊ မာနထောင်လွှားတဲ့ သဘာဝဟာ လူတွေက ဘုရားသခင်ကို အတိုက်အခံလုပ်ရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက အလုပ်အတွေ့အကြုံတချို့ ရခဲ့ပြီး ကိုယ့်အလုပ်မှာ ရလဒ်တချို့ ရထားတဲ့အတွက်၊ ကျွန်မအစွမ်းအစက ကောင်းတယ်၊ ကျွန်မက အရမ်းဉာဏ်ကောင်းတယ်လို့ ယုံကြည်ခဲ့တာကို တွေးမိတယ်။ ညီအစ်မတွေကို သူတို့အလုပ်လုပ်တဲ့နေရာမှာ လမ်းပြပေးတဲ့အခါ၊ သူတို့ကို စည်းမျဉ်းတွေနဲ့အညီ ကျွန်မ မဆက်ဆံခဲ့သလို၊ သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစအပေါ် မူတည်ပြီးလည်း မတောင်းဆိုခဲ့ဘူး။ အဲဒီအစား၊ သူတို့ကို တိုင်းတာဖို့ ကိုယ့်ကိုယ်ကိုယ် စံနှုန်းတစ်ခုအနေနဲ့ သုံးခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် ညီအစ်မတွေနဲ့ အမြဲ နှိုင်းယှဉ်ခဲ့တယ်။ ညီအစ်မတွေက ကျွန်မရဲ့ သတ်မှတ်ချက်တွေကို မပြည့်မီတဲ့အခါ၊ သူတို့ကို အထင်သေးတယ်၊ အပြစ်တင်တယ်၊ ဆူပူကြိမ်းမောင်းတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ၊ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ လူတွေကို မဆက်ဆံခဲ့ဘဲ၊ လူတွေနဲ့ အမှုအရာတွေကို ကြည့်ဖို့ ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ အမြင်တွေကိုပဲ အခြေခံအနေနဲ့ သုံးခဲ့တယ်။ ဒါက ကိုယ့်အတွေးတွေနဲ့ ရှုထောင့်တွေကို သမ္မာတရား စည်းမျဉ်းတွေလို သဘောထားနေတာ မဟုတ်ဘူးလား။ လုယောင်းနဲ့ ဟန်လုတို့ နှစ်ယောက်လုံးက အသင်းတော်ရဲ့ အလုပ်ကို လုပ်ဖို့ အခုမှ စပြီး လေ့ကျင့်နေကြတာကို ကျွန်မ တွေးမိတယ်။ သူတို့မှာ ချို့ယွင်းချက်တွေ ရှိပေမဲ့၊ သူတို့လည်း အလုပ်ကို သေချာလုပ်ချင်ကြပြီး ကျွန်မဆီကနေ အကူအညီတချို့ ရဖို့ မျှော်လင့်ခဲ့ကြတာပဲ။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေခဲ့ပြီး၊ သူတို့ရဲ့ အခက်အခဲတွေကို လုံးဝကို နားမလည်ပေးခဲ့ဘူး။ အဲဒီအစား၊ သူတို့ကို ကျွန်မလိုပဲ ဖြစ်ရမယ်လို့ တောင်းဆိုခဲ့ပြီး၊ ကျွန်မရဲ့ သတ်မှတ်ချက်တွေကို မပြည့်မီရင် သူတို့ကို ဆူပူကြိမ်းမောင်း၊ အပြစ်တင်ခဲ့တယ်။ ရလဒ်အနေနဲ့ သူတို့ဟာ ကျွန်မကြောင့် ဘောင်ခတ်ခံခဲ့ရတယ်။ ဒါကို ကျွန်မ နားလည်သွားတဲ့အခါ၊ စိတ်ထဲမှာ ကြောက်သွားတယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထားက ကျွန်မကို ဒီလိုအရာတွေ လုပ်မိစေရုံမက၊ လုံးဝ သတိမထားမိလောက်အောင်အထိတောင် ထုံထိုင်းသွားအောင်လုပ်နိုင်တယ်လို့ တစ်ခါမှ မတွေးဖူးဘူးလေ။ ကျွန်မ တကယ်ကို အန္တရာယ်ကြုံနေပြီလို့ ခံစားရပြီး၊ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ဆက်အသက်ရှင်ဖို့ မလိုလားတော့ဘဲ ဘုရားသခင်ဆီမှာ နောင်တနဲ့ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ဖတ်လိုက်ရတော့၊ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ လူတွေကို ဘယ်လို ဆက်ဆံရမလဲဆိုတာကို တွေ့သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အခြားသူများကို သင်မည်သို့ ဆက်ဆံရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ရှင်းရှင်းလင်းလင်း ပြသထား၏၊ သို့မဟုတ် အရိပ်အမြွက်ပြထား၏။ လူသားမျိုးနွယ်ကို ဘုရားသခင် ဆက်ဆံသည့် သဘောထားမှာ ၎င်းတို့ အချင်းချင်းဆက်ဆံရာတွင် လူတို့ ခံယူသင့်သည့် သဘောထား ဖြစ်သည်။ လူအယောက်စီတိုင်းကို ဘုရားသခင်က မည်သို့ ဆက်ဆံပါသနည်း။ လူအချို့တို့သည် ဝိညာဉ်ရင့်ကျက်မှု မရင့်သန်သေးပေ။ သို့မဟုတ် ငယ်ရွယ်ကြသည်၊ သို့မဟုတ် တိုတောင်းသည့် အချိန်တစ်ခုသာ ဘုရားသခင်ကို ယုံကြည်ဖူးကြ၏။ သို့မဟုတ် သဘာဝ အနှစ်သာရအားဖြင့် ဆိုးရွားခြင်း မရှိ၊ မလိုမုန်းထားခြင်း မရှိသော်လည်း အနည်းငယ် မသိနားမလည်ပေ၊ သို့မဟုတ် အစွမ်းအစနည်းကြသည်။ သို့မဟုတ် ၎င်းတို့သည် အကန့်အသတ်များစွာကို ခံရပြီး သမ္မာတရားကို နားမလည်ကြသေးပေ၊ အသက်ဝင်ရောက်မှု မရှိကြသေး၊ ထို့ကြောင့် မိုက်မဲသော အရာကို လုပ်ဆောင်ခြင်း သို့မဟုတ် မသိနားမလည်သည့် လုပ်ရပ်ကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းဖို့ရန် သူတို့အတွက် ခက်ခဲပေသည်။ သို့သော် ဘုရားသခင်သည် လူများ၏အတိတ်မှ မိုက်မဲမှုများကို မစွဲလမ်းပေ။ ၎င်းတို့၏ စိတ်နှလုံးများကို သူကြည့်ရှုသည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားဖို့ သန္နိဋ္ဌာန်ထားရှိလျှင် ၎င်းတို့ မှန်ကန်ပြီး ဤသည်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည့်အခါ ထို့နောက် ဘုရားသခင်က သူတို့ကို စောင့်ကြည့်နေသည်၊ သူတို့အတွက် စောင့်ဆိုင်းနေပြီး သူတို့ကို ဝင်ရောက်ခွင့်ရရန် အချိန်နှင့် အခွင့်အရေးကို သူတို့အား ပေးနေ၏။ ပြစ်မှားခြင်းတစ်ခုတည်းအတွက် ဘုရားသခင်က သူတို့ကို ပယ်ဖျက်ခြင်း မဟုတ်ပေ။ ယင်းက လူများ လုပ်ဆောင်လေ့ရှိသည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူများကို မည်သည့်အခါမျှ ထိုကဲ့သို့ မဆက်ဆံပေ။ ဘုရားသခင်သည် လူများကို ထိုနည်းလမ်းဖြင့် မဆက်ဆံလျှင် လူများသည် အခြားသူများကို အဘယ်ကြောင့် ထိုနည်းလမ်းဖြင့် ဆက်ဆံရသနည်း။ ဤအရာက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မပြသလော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတိအကျ ဖြစ်ပေသည်။ မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်ထုတ်ဖော်ချက်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ ဘုရားသခင်သည် လူအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆက်ဆံပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမျိုးမျိုးကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤသမ္မာတရားများကို သင်နားလည်ရမည်။ ဤသမ္မာတရားများကို သင်နားလည်ပြီးသည်နှင့်၊ ထိုအခါတွင် အမှုအရာများကို သင် မည်သို့ တွေ့ကြုံခံစားဖို့ကိုလည်းကောင်း၊ လူတို့ကို စည်းမျဉ်းများနှင့်အညီ မည်သို့ ဆက်ဆံဖို့ကိုလည်းကောင်း သင် သိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန် အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ခန်းစာယူရမည်) ဘုရားသခင်က လူတွေကို အထူးသဖြင့် စည်းမျဉ်းနဲ့အညီ ဆက်ဆံတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေက လူတွေရဲ့ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုအပေါ် မူတည်ပြီး ကွာခြားတယ်။ သူက ပုံသေကားချပ်နည်းလမ်းကို မသုံးဘဲ၊ လူတွေရဲ့ တကယ့် အခြေအနေတွေအပေါ် အခြေခံပြီး မျှမျှတတ ဆက်ဆံတယ်။ လုယောင်းရဲ့ အစွမ်းအစက နည်းနည်း ညံ့ပေမဲ့၊ အလုပ်ကို လုံးဝ မလုပ်နိုင်တာမျိုးတော့ မဟုတ်ဘူးလေ။ နောက်ပြီး သူက သူ့တာဝန်ကို တည်တည်ငြိမ်ငြိမ် ထမ်းဆောင်ပြီး၊ နားလည်သွားပြီဆိုတာနဲ့ အချိန်နဲ့ အားအင်တွေ စိုက်ထုတ်ပြီး ကောင်းကောင်းလုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားတတ်တယ်။ သူ နားမလည်တဲ့ အရာတွေအတွက်ဆိုရင်၊ သူ့ကို ကျွန်မက စိတ်ရှည်လက်ရှည် မိတ်သဟာယပြုပေးပြီး လမ်းပြပေးဖို့ လိုအပ်တယ်။ တစ်ခါတလေ အမှုအရာတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်တဲ့အခါ၊ အလုပ်ကို သူနဲ့အတူ လက်တွေ့လုပ်ပြဖို့ လိုခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ တာဝန်တစ်ခုကို စထမ်းဆောင်ဖို့ လေ့ကျင့်ခါစအချိန်မှာ အလုပ်နဲ့ ရင်းနှီးအောင် လုပ်ရတဲ့ လုပ်ငန်းစဉ်ဆိုတာ အမြဲရှိတာပဲလေ။ ဟန်လုက အရင်တုန်းက ရှင်းလင်းပစ်တဲ့ အလုပ်ကို လုပ်ဖူးပေမဲ့၊ သူက အရာအားလုံးကို နားလည်ပြီး အကုန်လုံးကို ပိုင်းခြားသိမြင်ထားတဲ့သဘောမဟုတ်ဘူးလေ။ သူ့ကို ဆူပူကြိမ်းမောင်းမဲ့အစား၊ မိတ်သဟာယပြုပေးပြီး ကူညီသင့်တာပေါ့။ ဒါကို နားလည်သွားပြီးတဲ့နောက်၊ ညီအစ်ကို မောင်နှမတွေကို မျှမျှတတနဲ့ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ဆက်ဆံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည့်ဖို့လိုလားတဲ့စိတ်နဲ့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။

ကျွန်မ ဘာလို့ ဒီလောက်တောင် မာနထောင်လွှားနေရတာလဲဆိုတော့၊ ကျွန်မရဲ့ ကောင်းမွန်တဲ့ အစွမ်းအစနဲ့ အမှုအရာတွေကို မြန်မြန်ဆန်ဆန် သဘောပေါက်နိုင်စွမ်းကို အရင်းအနှီးတစ်ခုလို အမြဲ သုံးခဲ့လို့ပဲဆိုတာကို တွေးမိတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ဒီပြဿနာနဲ့ပတ်သက်ပြီး သိနားလည်မှုတချို့ကို နောက်ဆုံးမှာ ကျွန်မ ရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “တာဝန်တစ်ရပ်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းသည် စွမ်းဆောင်ရရှိရန် ခက်ခဲသည်ဟု သင် ဆိုမည်လော။ အမှန်တွင် မခက်ခဲပေ။ လူတို့အနေဖြင့် နှိမ့်ချခြင်းသဘောတစ်ခုသာ ခံယူနိုင်ရမည်၊ အသိစိတ်အနည်းငယ် ပိုင်ဆိုင်နိုင်ရမည်ဖြစ်ပြီး သင့်တော်သော အနေအထားတစ်ခု ခံယူနိုင်ရမည်ဖြစ်သည်။ သင် မည်မျှ ပညာတတ်ပါစေ၊ မည်သည့် ဆုများကို သင် ရရှိပြီးဖြစ်ပါစေ၊ သင် မည်သည့်အရာကို စွမ်းဆောင်ရရှိပြီးဖြစ်ပါစေ၊ သင်၏ အဆင့်အတန်းနှင့် ရာထူးတို့ မည်မျှမြင့်မားနိုင်ပါစေ ဤအရာများအားလုံးကို သင်လက်လွှတ်ရမည်။ မာန်မာနကို ချိုးနှိမ်ရမည်။ ဤအရာအားလုံးသည် အချည်းနှီးအဖြစ် မှတ်ယူ၍ ရပေသည်။ ဘုရားအိမ်တော်တွင် ဤဂုဏ်အသရေတို့ မည်မျှကြီးမားပါစေ ဤအပေါ်ယံအရာများသည် သမ္မာတရား မဟုတ်သည့်အတွက် သမ္မာတရားထက် မမြင့်မားနိုင်သလို၊ သမ္မာတရား၏နေရာကို မယူနိုင်ချေ။ ဤကိစ္စနှင့်ပတ်သက်၍ သင် ရှင်းလင်းရမည် ဖြစ်သည်။ သင်က ‘ကျွန်ုပ်သည် အလွန် အထုံပါရမီရှိသည်၊ ကျွန်ုပ်၌ အလွန်ထက်မြက်သည့်ဉာဏ် ရှိသည်၊ ကျွန်ုပ်၏ တုံ့ပြန်မှုသည် အလွန်မြန်သည်၊ ကျွန်ုပ်သည် မြန်မြန်ဆန်ဆန် သင်ယူနိုင်သူတစ်ဦး ဖြစ်ပြီး ပြီးလျှင် ကျွန်ုပ်၌ အလွန့်အလွန်ကောင်းသော မှတ်ဉာဏ် ရှိသောကြောင့် အဆုံးသတ် ဆုံးဖြတ်ချက်ချဖို့ ကျွန်ုပ် အရည်အချင်းပြည့်မီသည်’ဟု ပြောလျှင်၊ ဤအရာများကို အရင်းနှီးအဖြစ် သင် အစဉ် အသုံးပြုပြီး ယင်းတို့ကို တန်ဖိုးရှိသော၊ အပြုသဘောဆောင်သော အရာများအဖြစ် မြင်ပါက ဤသည်မှာ ပြဿနာဖြစ်သည်။ သင်၏စိတ်နှလုံးကို ဤအရာများက နေရာယူပါက၊ ယင်းတို့သည် သင်၏စိတ်နှလုံးထဲ အမြစ်တွယ်ပြီး ဖြစ်ပါက သင့်အတွက် သမ္မာတရားကို လက်ခံဖို့ ခက်ခဲလိမ့်မည်ဖြစ်ပြီး ယင်း၏ အကျိုးဆက်များမှာ မတွေးရက်စရာဖြစ်သည်။ ထို့ကြောင့် သင်ချစ်သည့်၊ ကောင်းပုံရသည့်၊ သင့်အတွက် အဖိုးတန်သည့် ထိုအရာများကို ဦးစွာချပြီး ငြင်းပယ်ရမည်။ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ သင့်ကို ပိတ်ဆို့နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) လူတစ်ယောက်ရဲ့ အစွမ်းအစနဲ့ ဆုကျေးဇူးတွေဟာ ပင်ကိုယ်အရည်အသွေးတွေဖြစ်ပြီး၊ အဲဒါတွေက ဘုရားသခင်ဆီက လာတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ဒါတွေကို ပိုင်ဆိုင်ထားတာက လူတစ်ယောက်မှာ သမ္မာတရား လက်တွေ့ကျမှုတွေ ရှိနေပြီလို့ ဆိုလိုတာ မဟုတ်ဘူး။ အရင်တုန်းကဆို ကျွန်မက အစွမ်းအစ ကောင်းတယ်၊ သဘောပေါက်လွယ်တယ်၊ ပြဿနာတွေကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်တယ်လို့ အမြဲ ယုံကြည်ခဲ့တယ်။ ဒါကို အရင်းအနှီးလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေခဲ့တာပေါ့။ ဒါပေမဲ့ ဒီအရင်းအနှီးကို အားကိုးပြီး အသက်ရှင်တဲ့အတွက်၊ ကျွန်မ ပိုပိုပြီး မာနထောင်လွှားလာသလို စိတ်ကြီးဝင်လာတယ်ဆိုတာကို အခု ကျွန်မ မြင်သွားပြီ။ တခြားလူတွေက ကိုယ့်မျက်စိထဲမှာ ဘာမှမဟုတ်တော့သလို၊ ဘုရားသခင်ကလည်း ကျွန်မနှလုံးသားထဲမှာ မရှိခဲ့ဘူး။ ဒီလို ပင်ကိုယ်အရည်အသွေးတွေက အလုပ်လုပ်ဖို့နဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အကျိုးရှိပေမဲ့၊ သမ္မာတရားကို ကျွန်မ လက်မခံနိုင်ဘူးဆိုရင်၊ ကျွန်မရဲ့ အစွမ်းအစ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဆုကျေးဇူးတွေ ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ ဘုရားသခင်ကို အတိုက်အခံလုပ်ဖို့ပဲ ကျွန်မ တတ်နိုင်ဦးမှာပါ။

နောက်ပိုင်းမှာ၊ အလုပ်ရဲ့ လိုအပ်ချက်တွေအရ၊ တခြားအသင်းတော်တစ်ခုကနေ အသစ်ရွေးချယ်ခံရတဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို အလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာ လမ်းပြပေးခဲ့တယ်။ သူတို့ထဲက တချို့က အခုမှ စပြီး လေ့ကျင့်ခါစဖြစ်သလို၊ တချို့ကလည်း လူသစ်တွေဆိုတော့ သူတို့ ဘယ်လိုလုပ်ရမှန်းမသိတဲ့ အလုပ်တွေ အများကြီး ရှိနေတယ်။ စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုက အရမ်း ပြင်းထန်လွန်းတော့၊ ကျွန်မတို့ လူချင်းတွေ့ပြီး ဆွေးနွေးလို့ မရဘူးလေ။ ဒါကြောင့် သူတို့အတွက် အလုပ်လုပ်ရမဲ့ လုပ်ငန်းစဉ် အသေးစိတ်ကို ကျွန်မ ပြင်ဆင်ပေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့အလုပ်မှာ သူတို့က ဦးတည်ချက် ပျောက်နေတုန်းပဲဆိုတာ မြင်လိုက်ရတော့၊ တဇောက်ကန်းစိတ်ကို ကျွန်မ ထပ်ထုတ်ဖော်မိမလို ဖြစ်သွားပြန်တယ်။ “အရင်တုန်းက ညီအစ်ကို မောင်နှမတွေ ငါ့ကို ဒီလိုလမ်းပြပေးတုန်းက၊ ငါ ချက်ချင်း နားလည်ခဲ့ပြီး တခြားအမှုအရာတွေမှာတောင် ဆက်တွေးနိုင်ခဲ့တယ်။ ဘာလို့ နင်တို့အတွက် ဒီလောက် ခက်နေရတာလဲ” ပေါ့။ သူတို့ကို ဒေါသထွက်ပြီး အပြစ်တင်မလို့ လုပ်နေတုန်းမှာပဲ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရုတ်တရက် သတိရလိုက်တယ်၊ “လူသားမျိုးနွယ်ကို ဘုရားသခင် ဆက်ဆံသည့် သဘောထားမှာ ၎င်းတို့ အချင်းချင်းဆက်ဆံရာတွင် လူတို့ ခံယူသင့်သည့် သဘောထား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန် အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ခန်းစာယူရမည်) သူတို့က လူသစ်တွေဖြစ်ပြီး တချို့က အခုမှ စလေ့ကျင့်ခါစဆိုတာကို ကျွန်မ ပြန်တွေးမိတယ်။ သူတို့က စည်းမျဉ်းတွေကို ချက်ချင်း သဘောမပေါက်တာ လုံးဝကို ပုံမှန်ပါပဲ။ နောက်ပြီး စာနဲ့ ဆက်သွယ်ရတဲ့အခါ၊ တချို့အရာတွေက ရှင်းရှင်းလင်းလင်း ဖော်ပြလို့ မရတာမျိုး၊ တချို့အရာတွေက နားလည်ရခက်တာမျိုး ရှိတတ်တာ ရှောင်လွှဲလို့မရဘူးလေ။ သူတို့အလုပ်လုပ်တတ်အောင် ဘယ်လိုကူညီပေးရမလဲဆိုတာကို ရှာဖွေဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်၊ “သင်သည် သင်ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည်၊ သင်သည် အတော်အတန် အားနည်းပြီး အလုပ်လုပ်နိုင်စွမ်း အတော်အတန် ညံ့ဖျင်းသူများ တာဝန်ယူထားသည့် အသင်းတော်များကို ထည့်သွင်းစဉ်းစားရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စရပ်များတွင် အထူးဂရုပြုပြီး အထူးလမ်းပြမှု ပေးရမည်။ အထူးလမ်းပြမှုဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအပြင် သင်သည် ပို၍ တိကျပြီး အသေးစိတ်ကျသော ညွှန်ကြားမှုနှင့် အကူအညီကိုလည်း ပေးရမည်ဖြစ်ပြီး ယင်းမှာ ဆက်သွယ်ပြောဆိုရာတွင် ပို၍ အားထုတ်ရန် လိုအပ်သည်။ အကယ်၍ သင်သည် အလုပ်ကို ၎င်းတို့အား ရှင်းပြပြီး ၎င်းတို့ နားမလည်သေးသည့်အပြင်၊ မည်သို့ အကောင်အထည်ဖော်ရမည်ကို မသိပါက၊ သို့မဟုတ် ၎င်းတို့သည် ယင်းကို အယူဝါဒအရ နားလည်ပြီး မည်သို့ အကောင်အထည်ဖော်ရမည်ကို သိပုံရသော်လည်း၊ အမှန်တကယ် အကောင်အထည်ဖော်မှုက မည်သို့ဖြစ်လိမ့်မည်ကို သင် မသေချာသေးသည့်အပြင် အနည်းငယ် စိုးရိမ်နေပါက မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့ကို လမ်းပြရန်နှင့် တာဝန်ကို ၎င်းတို့နှင့်အတူ အကောင်အထည်ဖော်ရန် ဒေသခံအသင်းတော်ထဲသို့ ကိုယ်တိုင် ဝင်ရောက်သွားရန် လိုအပ်သည်။ စည်းမျဉ်းများကို ၎င်းတို့အား ပြောပြရင်း၊ တစ်ချိန်တည်းတွင် အလုပ်အစီအစဉ်များ၏ သတ်မှတ်ချက်များနှင့်အညီ ဦးစွာ မည်သည့်အရာ လုပ်ဆောင်ရမည်၊ ဆက်လက်၍ မည်သည့်အရာကို လုပ်ရမည်၊ လူတို့အား မည်သို့ ကောင်းစွာ ခွဲဝေပေးရမည်ဟူသကဲ့သို့သော တိကျသော စီစဉ်မှုများ ပြုလုပ်ရမည်။ ဤအရာများအားလုံးကို ကောင်းမွန်စွာ စီမံခန့်ခွဲရမည်။ ဤသည်မှာ ဆောင်ပုဒ်များ ကြွေးကြော်ခြင်း သို့မဟုတ် လက်ညှိုးထိုး ခိုင်းစေခြင်း၊ အယူဝါဒအချို့ဖြင့် ၎င်းတို့ကို ဟောပြောပို့ချပြီးနောက် သင်၏အလုပ် ပြီးပြီဟု မှတ်ယူခြင်းတို့နှင့် ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏အလုပ်တွင် ၎င်းတို့ကို လက်တွေ့ကျကျ လမ်းပြခြင်း ဖြစ်သည်။ ယင်းမှာ တိကျသော အလုပ်ကို လုပ်ဆောင်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်သည့်အပြင် ဆောင်ပုဒ်များ ကြွေးကြော်ခြင်းနှင့် လူတို့ကို ဩဇာပေးခြင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ မဟုတ်ပေ။ ဒေသခံအသင်းတော် ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်သူများက အလုပ်ကို တာဝန်ယူနိုင်ပြီး အလုပ်သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားကာ အခြေခံအားဖြင့် ကြီးမားသော ပြဿနာများ မရှိတော့သည့်အခါမှသာ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်က ထွက်သွား၍ရသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀)) သူတို့က ဘာပဲဖြစ်ဖြစ် လူသစ်တွေပဲလေဆိုတာကို တွေးမိတယ်။ သူတို့က သမ္မာတရားကို အပေါ်ယံပဲ နားလည်ထားပြီး စည်းမျဉ်းတွေကိုလည်း သဘောမပေါက်ကြဘူး။ အဲဒီတော့ အလုပ် လုပ်ငန်းစဉ်ကိုပဲ ပြောပြထားရုံနဲ့တော့ သူတို့ နားလည်ဖို့ဆိုတာ တကယ်ကို မလွယ်ကူဘူး။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ တွဲဖက်နဲ့ ကျွန်မက သူတို့အတွက် အလုပ်တစ်ခုချင်းစီမှာရှိတဲ့ ပြဿနာတွေကို လက်တွေ့ကျကျ သုံးသပ်ပြခဲ့တယ်။ မတူညီတဲ့ ပြဿနာတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို မိတ်သဟာယပြုပေးခဲ့ပြီး၊ ဖြေရှင်းရမဲ့ လမ်းကြောင်းတွေကို ထောက်ပြပေးခဲ့တယ်။ ဒီလိုနည်းနဲ့ အတူတူ အလုပ်လုပ်ပြီး အချိန်တစ်ခုကြာတော့၊ သူတို့အားလုံး ကိုယ့်တာဝန်တွေမှာ ဦးတည်ချက်နဲ့ လမ်းကြောင်းကို ရှာတွေ့သွားကြတယ်။ ဒီရလဒ်ကို မြင်ရတဲ့အခါ၊ ကျွန်မ အရမ်း စိတ်လှုပ်ရှားသွားတယ်။ လူတွေကို စည်းမျဉ်းတွေနဲ့အညီ ဆက်ဆံပြီး၊ ညီအစ်ကို မောင်နှမတွေကို အလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာ တကယ် လမ်းပြပေးလိုက်ရင် ကိုယ့်စိတ်နှလုံးလည်း ငြိမ်းချမ်းသွားတယ်ဆိုတာကို သဘောပေါက်လိုက်တယ်။

ဒီကာလအတွင်းမှာ ရခဲ့တဲ့ အတွေ့အကြုံတွေကနေတစ်ဆင့်၊ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ပတ်သက်ပြီး သိနားလည်မှုတချို့ ရခဲ့သလို၊ လူတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ စည်းမျဉ်းတွေအကြောင်းကိုလည်း ပိုနားလည်လာတယ်။ အစွမ်းအစ ညံ့တဲ့ ဒါမှမဟုတ် အလုပ်လုပ်တာ နှေးတဲ့ ညီအစ်ကို မောင်နှမတွေကို မြင်တဲ့အခါ တဇောက်ကန်းစိတ် ထုတ်ဖော်ချင်စိတ် တစ်ခါတလေ ဖြစ်ပေါ်လာတုန်းဆိုပေမဲ့ ဘုရားသခင်ဆီ ချက်ချင်း ဆုတောင်းပြီး ဒါတွေကို စည်းမျဉ်းနဲ့အညီ သဘောထားနိုင်ပါပြီ။ ကိုယ့်တာဝန်ကို ဒီလိုနည်းနဲ့ ထမ်းဆောင်လိုက်တော့ ကျွန်မရဲ့ စိတ်နှလုံးလည်း ပိုပြီး အေးချမ်းရပါတယ်။

သက်ဆိုင်သည့် အကြောင်းအရာ

မာနထောင်လွှားမှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသည်

ရှောင်ချင်၊ ဟေနန်စီရင်စု ကျွန်မသည် မာနထောင်လွှားတတ်သော သဘောရှိသည့် လူတစ်ဦးဖြစ်ခဲ့သည်။ အခြားသူများထက် ကျွန်မ ပိုတော်သည်ဟု အမြဲတွေးထင်ရင်း...

လူတို့ကို မတူမတန် အပြစ်တင်ခြင်းက ကျွန်ုပ်၏ အကျည်းတန်မှုကို ဖော်ထုတ်သည်

အေးမှုံ မြန်မာနိုင်ငံ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ၊ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်တော်ကြီးကြပ်နေခဲ့တယ်။ အသင်းတော်မှာ သူတို့တာဝန်တွေကို...

ယုံကြည်သူသစ်တစ်ဦးနှင့် ကျွန်ုပ် အလုပ်လုပ်သည့် ဇာတ်လမ်း

၂၀၂၀ခုနှစ် ဧပြီလမှာ၊ သင်းထောက်အနေနဲ့ အစေခံဖို့ ကျွန်မ အရွေးခံခဲ့ရတယ်။ ပထမတော့ ကျွန်မ အတော် စိတ်လှုပ်ရှားပြီး အလုပ်လုပ်တာ အားရစရာမရှိမှာ...

လူတွေကို ဘယ်လို မှန်မှန်ကန်ကန် ဆက်ဆံရမလဲဆိုတာကို ကျွန်မ သိသွားပြီ

၂၀၂၃ ခုနှစ်မှာ၊ အသင်းတော် ခေါင်းဆောင်တာဝန်ကို ကျွန်မ လုပ်နေခဲ့ပြီး၊ ညီအစ်မ ဟေလီနဲ့ တွဲလုပ်ရတယ်။ အရင်တုန်းက၊ ဟေလီက ခေါင်းဆောင်ဖြစ်လာခဲ့ပြီး...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။