ပြည့်စုံတဲ့ အိမ်ထောင်ရေးကို လိုက်စားခြင်းက ကျွန်တော့်ကို ဘာတွေ ဆောင်ကြဉ်းခဲ့သလဲ
ကျိုးရှောင်အို၊ တရုတ်ပြည်၂၀၁၂ ခုနှစ်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ ဆယ်ကျော်သက် အရွယ်တုန်းက ချုံယောင် ရေးတဲ့ ဝတ္ထုတွေကို အခြေခံထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ကြည့်ရတာ အရမ်း သဘောကျခဲ့တယ်။ အဲဒီထဲက ဇာတ်လိုက်မိန်းမတွေက ကိုယ်ကျင့်တရားကောင်းပြီး ကြင်နာတတ်ကြတယ်၊ ဘဝက ဘယ်လောက်ပဲ နာကျင်ဖို့ကောင်းပြီး ခက်ခဲပါစေ သူတို့ရဲ့ ခင်ပွန်းတွေ၊ မိသားစုတွေဘေးမှာ အမြဲရှိနေပေးကြတယ်လေ၊ ပြီးတော့ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ မညည်းမညူဘဲ မမောနိုင်မပန်းနိုင် အလုပ်လုပ်ပေးကြတယ်။ သူတို့ကို ပရိသတ်တွေက ချစ်ခင်အားကျကြတော့၊ ကျွန်မရင်ထဲမှာ သူတို့က မှတ်မှတ်ရရစွဲထင်ကျန်ခဲ့တာပေါ့။ နောက်ပြီး မိသားစုဆီက ရခဲ့တဲ့ ပုံသွင်းမှုနဲ့ သွန်သင်ချက်တွေက မိန်းမတစ်ယောက်ဟာ ကိုယ့်ခင်ပွန်းနဲ့ ကလေးတွေအတွက် အသက်ရှင်ပြီး မိသားစုတစ်စုလုံးကို ကောင်းကောင်း ဂရုစိုက်သင့်တယ်လို့ ကျွန်မကို တဖြည်းဖြည်း ခံစားရစေခဲ့တယ်၊ ဒါဟာ မိန်းမကောင်းတစ်ယောက်ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ပဲလို့ ခံစားမိစေခဲ့တယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ နေ့တိုင်း အလုပ်သွားတာကလွဲရင်၊ မိသားစုအတွက် ထမင်းဟင်းချက်တာ၊ အဝတ်လျှော်၊ သန့်ရှင်းရေးလုပ်တာတွေနဲ့ ကျွန်မ အမြဲအလုပ်ရှုပ်နေခဲ့တယ်။ ခင်ပွန်းနဲ့ ကလေးရဲ့ နေ့စဉ်လိုအပ်ချက်တွေကို သေသေချာချာ ဂရုစိုက်ပေးခဲ့တယ်။ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်၊ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ ကျွန်မ တစ်ခါမှ မညည်းညူခဲ့ဘူး။ ကျွန်မရဲ့ ယောက္ခမနဲ့ ခင်ပွန်းက ကျွန်မကို တော်တော်လေး ကျေနပ်ကြတယ်၊ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေအားလုံးကလဲ ကျွန်မကို အကျင့်သီလကောင်းတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဆိုပြီး ချီးကျူးကြတယ်။ မိသားစုရဲ့ ချီးကျူးတာတွေ၊ အနီးဝန်းကျင်က လူတွေရဲ့ ချီးမွမ်းတာတွေကို ခံရပေမဲ့၊ ကျွန်မရင်ထဲမှာ သိပ်မပျော်ခဲ့ဘူး။ အဲဒီအစား မိသားစုနှောင်ကြိုးကြောင့် ကျွန်မ ပင်ပန်းပြီး ဟာလာဟင်းလင်းဖြစ်သလို ခဏခဏ ခံစားခဲ့ရတယ်၊ ပြီးတော့ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်၊ “ဘဝဆိုတာ တကယ်ပဲ ဒီလို ဖြတ်သန်းရမှာလား” လို့ပေါ့။
၂၀၀၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်၊ သိပ်မကြာခင်မှာပဲ အသင်းတော်မှာ ကျွန်မ စပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ သုံးနှစ်ကြာပြီးနောက်မှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ ရွေးကောက်ခံခဲ့ရတယ်၊ အသင်းတော် အလုပ်တွေနဲ့ အလုပ်ရှုပ်နေလို့ နေ့တိုင်း အစောကြီးထွက်ပြီး နောက်ကျမှ အိမ်ပြန်လာရတယ်။ တစ်ခါတလေ ကျွန်မ အိမ်ပြန်နောက်ကျတဲ့အခါ ခင်ပွန်းက ကျွန်မကို မကျေမနပ်ဖြစ်တယ်၊ ယောက္ခမကလည်း ကျွန်မကို အေးစက်စက် ဆက်ဆံတယ်။ သူတို့အမြင်မှာရှိနေတဲ့ ဇနီးကောင်း၊ ချွေးမကောင်း ဆိုတဲ့ ပုံရိပ်ကို ထိန်းသိမ်းထားဖို့၊ အသင်းတော်အလုပ်တွေ လုပ်ပြီးတာနဲ့၊ အိမ်ပြန်ပြီး အိမ်မှုကိစ္စတွေကို ကမန်းကတန်းလုပ်တယ်၊ ယောက္ခမရဲ့ ဝေယျာဝစ္စတွေကို ကူလုပ်ပေးခဲ့တယ်။ ကျွန်မက နေ့တိုင်း အလုပ်ရှုပ်နေတော့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ဖို့ အချိန်မရှိဘူး၊ စုဝေးပွဲတွေမှာဆို တစ်ခါတလေ ငိုက်တောင်ငိုက်မိတယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်လို့ ကျွန်မရင်ထဲမှာ သိပေမဲ့၊ မိန်းမတစ်ယောက်ဟာ ဇနီးကောင်းတစ်ယောက်၊ မေတ္တာထားတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်သင့်ပြီး မိသားစုကို ကောင်းကောင်း ဂရုစိုက်သင့်တယ်လို့လည်း ကျွန်မ ခံစားခဲ့ရတယ်၊ မိသားစုကိုသာ ဂရုမစိုက်နိုင်ရင် မိန်းမကောင်းတစ်ယောက် ဖြစ်မှာမဟုတ်ဘူး၊ သူများတွေရဲ့ ဝေဖန်တာကို ခံရမယ်၊ ပြီးတော့ ကိုယ့်အသိစိတ်ကလည်း ကိုယ့်ကို အေးချမ်းမှုပေးမှာမဟုတ်ဘူး လို့ ခံစားမိခဲ့တယ်။ ဒါကြောင့် မိသားစုကိစ္စတွေက ကျွန်မရဲ့ စိတ်နှလုံးကို အမြဲတမ်း လွှမ်းမိုး၊ ဘောင်ခတ်ထားလို့ ကိုယ့်တာဝန်ကို အပြည့်အဝ စိတ်မနှစ်နိုင်ခဲ့ဘူး။ ၂၀၁၂ ခုနှစ် အမျိုးသားနေ့ အားလပ်ရက်တုန်းက၊ ကျွန်မကလေးက ခုနစ်ရက် ပိတ်ရက်ရတယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာပဲ၊ အထက်ခေါင်းဆောင်တွေက ကျွန်မတို့ကို စုဝေးပွဲတစ်ခုလုပ်ဖို့ ခေါ်တယ်၊ ပြီးတော့ အကောင်အထည်ဖော်ဖို့ရှိတဲ့ အသင်းတော်အလုပ်တွေ ရှိနေတော့၊ ကျွန်မ လေးရက် အိမ်မပြန်ဖြစ်ခဲ့ဘူး။ ကျွန်မ လူကသာ အသင်းတော်မှာ ရှိနေပေမဲ့ စိတ်ကတော့ မိသားစုဆီ ရောက်နေခဲ့တယ်။ ကျွန်မ စိတ်ပူနေခဲ့တယ်၊ “ငါမရှိတဲ့အချိန်မှာ ယောက္ခမက ကလေးကို ကောင်းကောင်း ဂရုစိုက်နိုင်ပါ့မလား၊ ခင်ပွန်းကရော စိတ်ဆိုးသွားမလား” လို့ပေါ့။ ကျွန်မ လုံးဝ စိတ်မငြိမ်ဖြစ်ခဲ့ရပြီး ကိုယ့်တာဝန်ထမ်းဆောင်မှုပိုင်းလည်း ထိခိုက်ခဲ့တယ်။ အိမ်ပြန်ရာလမ်းမှာလည်း၊ ကျွန်မ တော်တော်လေး စိုးရိမ်ပူပန်နေခဲ့ပြီး ခင်ပွန်းက စိတ်ဆိုးမှာကို ကြောက်နေမိတယ်။ အိမ်ရောက်တော့ ယောက္ခမနဲ့ ခင်ပွန်းက ကျွန်မကို ဘယ်လောက်ပဲ ဆူဆူ၊ ကျွန်မက ဘာမှပြန်မပြောဘဲ အလုပ်ကိုပဲ တိတ်တိတ်ဆိတ်ဆိတ် လုပ်လိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်တာဝန်ဝတ္တရားတွေကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့လို့ အပြစ်ရှိတယ်လို့ ကျွန်မ ခံစားခဲ့ရတာကိုး။ နောက်တော့ ခင်ပွန်းနဲ့ ယောက္ခမက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို နာမည်ဖျက်ဖို့ စီစီပီက ဖြန့်ထားတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို တီဗီမှာ မြင်သွားကြတယ်၊ ပြီးတော့ ကျွန်မရဲ့ ယုံကြည်မှုကို ပိုပိုပြီး ဆန့်ကျင်လာကြတယ်။
တစ်ညတော့ ကျွန်မ အိမ်ပြန်ရောက်ရောက်ချင်းပဲ၊ ခင်ပွန်းက ကျွန်မအပေါ် ဒေါသအိုးပေါက်ကွဲပါလေရော၊ ကျွန်မရဲ့ လျှပ်စစ်ဆိုင်ကယ်ကို မြစ်ထဲလွှင့်ပစ်မယ်လို့ ခြိမ်းခြောက်တယ်၊ ပြီးတော့ ကျွန်မရဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကိုတောင် လွှင့်ပစ်ချင်နေတာ။ ကျွန်မက သူ့ဆီကနေ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို အသည်းအသန် လုယူဖို့ ကြိုးစားခဲ့တယ်၊ အဲဒီလိုလုနေတုန်း သူက ကျွန်မကို ပါးသုံးလေးကြိမ်ရိုက်တယ်၊ ပြီးတော့ ကြမ်းတိုက်တံရိုးနဲ့ ကျွန်မခြေထောက်တွေကို ရိုက်တယ်။ ယောက္ခမက မမြင်ချင်ယောင်ဆောင်ပြီး သူ့အခန်းထဲပဲ ပြန်ဝင်သွားတယ်။ ကျွန်မမှာ လုံးဝကို ရင်ကွဲပက်လက်ဖြစ်ရတာပေါ့။ ကျွန်မရဲ့ ယုံကြည်မှုကြောင့်သက်သက်နဲ့တင် သူတို့က ကျွန်မကို ဒီလိုဆက်ဆံနေကြတာလေ။ နောက်ပိုင်းမှာ ခင်ပွန်းက ငိုယိုပြီး ကျွန်မကို တောင်းပန်တော့ ကျွန်မလည်း သူ့ကို ခွင့်လွှတ်လိုက်တယ်။ ကျွန်မက မိသားစုကို သေချာ ဂရုမစိုက်ခဲ့လို့သာ သူက ကျွန်မကို ဒီလိုဆက်ဆံခဲ့တာလို့ တွေးမိတယ်လေ။ အဲဒီနောက်မှာ ကျွန်မက မိသားစုအဆင်ပြေအောင် ကြိုးစားထိန်းသိမ်းရင်း ကိုယ့်တာဝန်ကို သတိထားပြီး ထမ်းဆောင်ခဲ့တယ်။ ကိုယ့်တာဝန်မှာကိုယ် ဘယ်တော့မှ အပြည့်အဝ စိတ်မနှစ်ထားနိုင်ခဲ့လို့၊ ကျွန်မတာဝန်ကနေ ရလဒ်ကောင်းတွေ မထွက်ခဲ့ဘူး၊ အဲဒါနဲ့ ကျွန်မ တကယ်ကို ပင်ပန်းလာခဲ့တယ်။ မိသားစုနှောင်ကြိုးတွေမရှိဘဲ အသင်းတော်အလုပ်မှာ စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားနိုင်တဲ့ ညီအစ်ကို မောင်နှမတွေကို မြင်ရတော့၊ ကျွန်မ တော်တော်လေး အားကျမိတယ်၊ တစ်နေ့နေ့ကျရင် သူတို့လိုမျိုး လွတ်လွတ်လပ်လပ် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ တကယ်ကို မျှော်လင့်ခဲ့တယ်။ အဲဒီလိုသာဆိုရင် တော်တော်ကောင်းမှာပဲလေ။ အဲဒီအချိန်တုန်းက၊ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ ခဏခဏ နားထောင်ဖြစ်တယ်၊ ခေါင်းစဉ်ကတော့၊ “သင့်စိတ်နှလုံးထဲရှိ ချစ်ခြင်းကို ဘုရားကိုပေးရန် သင်လိုလားသလော” တဲ့။ ဒီဓမ္မတေးကို ကြားရတိုင်း ကျွန်မ မျက်ရည်ကျတဲ့အထိ စိတ်လှုပ်ရှားခဲ့ရတယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နေပေမဲ့၊ ကျွန်မရဲ့ သစ္စာစောင့်သိမှုက မိသားစု၊ ခင်ပွန်းနဲ့ ကလေးအပေါ်မှာပဲ ရှိနေခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးကို ဘုရားသခင်ဆီ မအပ်နှင်းခဲ့တဲ့အပြင် ကိုယ့်တာဝန်တွေကိုလည်း ကောင်းကောင်း သေချာ မဖြည့်ဆည်းခဲ့ဘူး။ ဒီအရာတွေကို တွေးမိတဲ့အခါ ကျွန်မ စိတ်မချမ်းမသာဖြစ်ပြီး အပြစ်ရှိသလို ခံစားရတယ်။ မမြင်ရတဲ့ ကြိုးတစ်ချောင်းနဲ့ တုပ်နှောင်ခံထားရသလိုမျိုး ခံစားရတယ်၊ ကိုယ့်တာဝန်နဲ့ မိသားစုကြားမှာ ဗျာများနေပြီး၊ စိတ်နှလုံးထဲမှာ အရမ်းကို နာကျင်ခဲ့ရတယ်။ ဒါကြောင့် ထွက်ပေါက်တစ်ခု ဖွင့်ပေးဖို့ ကျွန်မ ဘုရားသခင်ဆီ ခဏခဏ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ တခြားနေရာကို ကျွန်မ သွားခဲ့တယ်။ အဲဒီအချိန်ကစလို့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျွန်မ သန္နိဋ္ဌာန်ချခဲ့တယ်၊ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ခင်ပွန်းနဲ့ ကလေးကို ပစ်မထားနိုင်မှန်း သိလာပြီး အိမ်ပြန်လာခဲ့တယ်။ တာဝန်ထဲမှာ ကျွန်မစိတ်က မရှိတော့ တာဝန်က ရလဒ်တွေ မထွက်လာဘူး၊ ဒါနဲ့ ကျွန်မ ဖြုတ်ချခံလိုက်ရတယ်။ ဖြုတ်ချခံရပြီးတဲ့နောက်မှာတော့ ကျွန်မ တကယ်ကို အပျက်သဘောဆောင်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားကို လိုက်စားတဲ့သူ မဟုတ်ဘူးလို့ ခံစားရပြီး၊ တိုးတက်အောင် ကြိုးစားချင်တဲ့ စိတ်ပိုင်းဖြတ်မှု ပျောက်ဆုံးသွားတယ်။ နှစ်လသုံးလ ကြာပြီးနောက်မှာ ခေါင်းဆောင်က ကျွန်မနဲ့ မိတ်သဟာယပြုပေးပြီး စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ စီစဉ်ပေးတယ်။ ကျွန်မ စိတ်လှုပ်ရှားသလို ပျော်လည်းပျော်မိတယ်၊ “ဒီတာဝန်က ဘုရားသခင်ဆီကနေ ရတဲ့ ချီးမြှောက်မှုပဲ။ ဒါပေမဲ့ ဒီတာဝန်က ပိုအလုပ်များလာရင်၊ အိမ်ကို ခဏခဏ ပြန်လာနိုင်မှာမဟုတ်ဘူး။ အဲဒီအခါကျရင် ငါ့ခင်ပွန်းနဲ့ ကလေးက ဘယ်လိုလုပ်မလဲ။ ယောက္ခမကလည်း ခြေထောက်နာနေတာ၊ ငါသာ အိမ်မှာ အမြဲလိုလို မရှိရင် သူတို့ကို ဘယ်သူ ဂရုစိုက်ပေးမှာလဲ” လို့ တွေးမိတယ်။ ဒါတွေကို တွေးမိတော့ ဒီတာဝန်ကို လက်ခံဖို့ ကျွန်မ သတ္တိတွေ ပျောက်သွားတယ်။ ဒီတာဝန်က ရဖို့ခက်တယ်ဆိုတာ ကျွန်မ သိတယ်၊ ပြီးတော့ ဒီတာဝန်ကို လက်လွှတ်လိုက်ရရင် နောက်ထပ် ထမ်းဆောင်ခွင့်ရဖို့ အခွင့်အရေး ရချင်မှရတော့မှာလေ။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အရင်က မိသားစုကို ဂရုစိုက်ဖို့ သမီးရဲ့ တာဝန်ကို အချိန်ဆွဲနေခဲ့မိတယ်၊ ဒါက ကိုယ်တော့်ကို ဝမ်းနည်းပြီး စိတ်ပျက်စေခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ဒီအခွင့်အရေးနဲ့အတူ၊ ကိုယ်တော့် သတ်မှတ်ချက်တွေကို ပြည့်မီအောင် သမီး ကြိုးစားချင်ပါတယ်၊ ဒါပေမဲ့ သမီးရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းသေးနုပ်တော့ ဒီအတွေ့အကြုံကို မကျော်ဖြတ်နိုင်မှာ စိုးရိမ်မိတယ်။ ဘုရားသခင်၊ သမီးကို ဦးဆောင်ပေးတော်မူပါ၊ ယုံကြည်ခြင်းနဲ့ ခွန်အားကို ပေးသနားတော်မူပါ” ပေါ့။ အဲဒီနောက်မှာ “သန္နိဋ္ဌာန်ရှိသောသူတို့ကို ဘုရားသခင် နှစ်သက်သည်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးကို ကျွန်မ နားထောင်ခဲ့တယ်၊ “လက်တွေ့ကျသည့် ဘုရားသခင်နောက်လိုက်ရန် ငါတို့တွင် ဤစိတ်ပိုင်းဖြတ်ချက် ရှိရမည်။ မည်မျှ ကြီးမားသည့် ပတ်ဝန်းကျင်များကို ငါတို့ ကြုံရသည်ဖြစ်စေ၊ မည်သည့် အခက်အခဲမျိုးများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ငါတို့ မည်မျှ အားနည်း၊ အပျက်သဘောဆောင်ကြသည်ဖြစ်စေ၊ ငါတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု သို့မဟုတ် ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များတွင် ငါတို့ ယုံကြည်ခြင်း ပျောက်ဆုံး၍မရပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ ကတိတစ်ခုကို ပြုပြီးဖြစ်ကာ လူတို့အနေဖြင့် ထိုအရာကို သယ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက်၊ ယုံကြည်ခြင်းနှင့် ဇွဲလုံ့လတို့ လိုအပ်သည်။ ဘုရားသခင်သည် သူရဲဘောနည်းသူများကို မနှစ်သက်ပေ။ စိတ်ပိုင်းဖြတ်ချက်ရှိသည့်လူများကို သူ နှစ်သက်သည်။ သင်သည် ဖောက်ပြန်ပျက်စီးမှုများစွာ ထုတ်ဖော်ပြပြီးလျှင်ပင်၊ မှားယွင်းသည့် လမ်းကြောင်းကို ကြိမ်ဖန်များစွာ လျှောက်ပြီးဖြစ်လျှင်ပင်၊ သို့မဟုတ် ပြစ်မှားမှုများစွာ ကျူးလွန်ပြီးဖြစ်လျှင်ပင်၊ ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူပြီးဖြစ်လျှင်ပင်၊ သို့မဟုတ် ဘာသာတရားအတွင်းမှ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီးဖြစ်လျှင်ပင် သို့မဟုတ် သင်၏ စိတ်နှလုံးတွင် သူ့အပေါ် ပြစ်မှားစော်ကားမှု စသည်ဖြင့် သိုထားပြီးဖြစ်လျှင်ပင်၊ ဘုရားသခင်က ထိုအရာအားလုံးတို့ကို လုံးဝ မကြည့်ပေ။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဆိုသည်နှင့် တစ်နေ့တွင် ထိုသူသည် ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်ကိုသာ ဘုရားသခင် ကြည့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းပေးခဲ့ပြီး ကျွန်မ အရမ်းကို တို့ထိခံခဲ့ရတယ်။ ကျွန်မရဲ့ အတိတ်က ကျရှုံးမှုတွေကို ဘုရားသခင်က မကြည့်ခဲ့ဘူး၊ အဲဒီအစား အခုအချိန်မှာ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးကို တန်ဖိုးထားမြတ်နိုးပြီး တကယ်နောင်တနဲ့ ပြုပြင်နိုင်မလား ဆိုတာကိုပဲ ကြည့်တာပါ။ သန္နိဋ္ဌာန်ရှိတဲ့သူတွေကို ဘုရားသခင်က နှစ်သက်တယ်။ ဒီတစ်ခါတော့ ကျွန်မ သူရဲဘောကြောင်လို့ မရတော့ဘူး၊ ဘုရားသခင်ကိုလည်း ထပ်ပြီး စိတ်ပျက်အောင် လုပ်လို့ မရတော့ဘူး။ တာဝန်ထမ်းဆောင်ဖို့ ဒီအခွင့်အရေးကို ကျွန်မ တန်ဖိုးထားဖို့ လိုလားခဲ့တယ်။
စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို တာဝန်ယူပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ “ဤတကယ့်လူ့အဖွဲ့အစည်းတွင် အသက်ရှင်ကြသည့် လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ လူတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ရိုးရာယဉ်ကျေးမှုများစွာသည် လူတို့၏ အတွေးများနှင့် အမြင်များတွင် အရိုးစွဲနေပေသည်။ အထူးသဖြင့် အမျိုးသမီးများသည် မိမိတို့ လင်ယောက်ျားနှင့် သားသမီးများအတွက် မိမိတို့ ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံထားကာ သူတို့အတွက် အသက်ရှင်လျက်၊ မိသားစုက တစ်နေ့ ထမင်းသုံးနပ် ဝဝလင်လင် စားရအောင် သေချာလုပ်ပေးလျက်၊ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးနှင့် အခြား အိမ်အလုပ်အားလုံးကို ကောင်းစွာလုပ်လျက် မိမိတို့ လင်ယောက်ျားကို ပြုစုပြီး မိမိတို့ သားသမီးများကို ပျိုးထောင်ဖို့၊ ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခြင်းခံရသည်။ ဤသည်မှာ ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လက်ခံထားသော စံနှုန်းဖြစ်သည်။ အမျိုးသမီးတိုင်းကလည်း ဤသည်မှာ အမှုအရာများကို လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် ထိုသို့မလုပ်ပါက ကောင်းမြတ်သော အမျိုးသမီးတစ်ဦး မဟုတ်သကဲ့သို့ အသိစိတ်နှင့် ကိုယ်ကျင့်တရား၏ စံနှုန်းများကိုလည်း ချိုးဖောက်မိပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ဤကိုယ်ကျင့်တရား စံနှုန်းများကို ချိုးဖောက်ခြင်းက လူတချို့၏ အသိစိတ်အပေါ် လေးလံစွာ ဖိစီးလိမ့်မည်။ ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဖြစ်ကြောင်းနှင့် ၎င်းတို့က ကောင်းမြတ်သည့် အမျိုးသမီးများ မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သည့်နောက်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးသည့်နောက်၊ သမ္မာတရားတချို့ကို နားလည်ကာ အချို့သော ကိစ္စရပ်များကို ရိပ်စားမိပြီးသည့်နောက်တွင် သင်က ‘ငါသည် ဖန်ဆင်းခံတစ်ဦးဖြစ်၍ ငါ့တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ထမ်းဆောင်သင့်ပြီး ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်သည်’ ဟု တွေးလိမ့်မည်။ ဤအချိန်တွင် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရေးနှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်လိုလျှင် သင်၏ တာဝန်ကို အချိန်ပြည့် သင်မထမ်းဆောင်နိုင်ပေ။ သို့သော် သင်၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်လိုပါက သင်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဖြစ်နိုင်ပေ။ ဤအခါ သင်မည်သည့်အရာ လုပ်မည်နည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး အသင်းတော်အလုပ်အတွက် တာဝန်ယူရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိရန် သင်ရွေးချယ်ပါက သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးကို စွန့်ရမည်။ ဤအခါ သင်မည်သည့်အရာ စဉ်းစားမည်နည်း။ သင့်စိတ်ထဲတွင် မည်သည့်သဘောကွဲလွဲခြင်းမျိုး ဖြစ်ပေါ်မည်နည်း။ သင်၏ သားသမီးများကို၊ သင်၏ လင်ယောက်ျားကို သင်စိတ်ပျက်စေမိပြီဟု ခံစားမည်လော။ အပြစ်ရှိပြီး မသက်မသာဖြစ်သည့် ဤခံစားချက်သည် မည်သည့်နေရာမှ လာသနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင်မဖြည့်ဆည်းသည့်အခါ၌မူ ဘုရားသခင်ကို သင်စိတ်ပျက်စေမိပြီဟု ခံစားရသလော။ သင်သည် အပြစ်ရှိသည့်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်စိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ နှလုံးနှင့် စိတ်တွင် သမ္မာတရား အရိပ်အယောင် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်နားလည်သနည်း။ ရိုးရာယဉ်ကျေးမှုနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ ဖြစ်သည်။ ထိုသို့ဖြင့် ‘ကျွန်ုပ်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဟုတ်လျှင် ကောင်းမြတ်သော သို့မဟုတ် ရည်မွန်သော အမျိုးသမီးတစ်ဦး မဟုတ်ပါ’ ဟူသည့် အယူအဆက သင်၏ စိတ်တွင် ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် ဤအယူအဆ၏ ချည်နှောင်ခြင်းနှင့် ချုပ်ချယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သင်ယုံကြည်ကာ သင်၏ တာဝန်ကို ထမ်းဆောင်သည့်နောက်တွင်ပင် ဤအယူအဆမျိုးများ၏ ထိုသို့ ချည်နှောင်ချုပ်ချယ်ခြင်းတို့ကို ဆက်လက်ခံနေရလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရေးနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသည့်အခါ သင့်အနေဖြင့် ဘုရားသခင်အတွက် သစ္စာစောင့်သိမှု အနည်းငယ် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်မည်ဖြစ်လျက် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အင်တင်တင်ဖြင့် ရွေးချယ်နေနိုင်လင့်ကစား သင်၏ စိတ်နှလုံး၌မူ မသက်မသာဖြစ်ကာ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်တစ်ခုကား ရှိနေလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင့်ထံတွင် အချိန်ပိုတချို့ရှိသည့်အခါ သင့်အနေဖြင့် သင်၏ သားသမီးများနှင့် လင်ယောက်ျားကို ပို၍ အတိုးချ ပြုစုပေးရန် အလိုရှိလျက် ၎င်းတို့ကို စောင့်ရှောက်ပေးဖို့ အခွင့်အရေးများ ရှာဖွေလိမ့်မည်ဖြစ်ပြီး သင့်ထံတွင် စိတ်ငြိမ်သက်ခြင်း ရှိသရွေ့ သင့်အနေဖြင့် သာ၍ ဆင်းရဲဒုက္ခခံစားရမည်ဆိုလျှင်ပင် အဆင်ပြေသည်ဟု တွေးလိမ့်မည်ဖြစ်သည်။ ဤအရာကို ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ရေးနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများ၏ လွှမ်းမိုးမှုက ဖြစ်ပေါ်စေသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) “‘ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်’ ဟု ဘုရားသခင်က ဆိုသည့်အချိန်တွင် မည်သည့်အရာကို သူဆိုလိုသနည်း။ ယင်းမှာ လူတိုင်းကို ဤအရာအား သဘောပေါက်စေရန် ဖြစ်သည်၊ ငါတို့၏ အသက်များနှင့် ဝိညာဉ်များအားလုံးသည် ဘုရားသခင်ထံမှ လာပြီး ကိုယ်တော်၏ ဖန်ဆင်းခြင်းအားဖြင့်ဖြစ်သည်။ ယင်းတို့သည် ငါတို့၏ မိဘများထံမှ လာခြင်းမဟုတ်သည့်အပြင် သဘာဝတရားမှ လာခြင်းလည်း သေချာပေါက် မဟုတ်ဘဲ ဘုရားသခင်က ငါတို့အား ပေးသနားထားခြင်း ဖြစ်သည်။ ငါတို့၏ ဇာတိပကတိသည် ငါတို့၏ မိဘများထံမှ မွေးဖွားလာပြီး ငါတို့၏ ကလေးများသည် ငါတို့ထံမှ မွေးဖွားလာခြင်းသာ ဖြစ်သော်လည်း ၎င်းတို့၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တော်ထဲတွင် လုံးလုံးလျားလျား ရှိလေသည်။ ငါတို့ ဘုရားသခင်ကို ယုံကြည်နိုင်ခြင်းသည် ကိုယ်တော် ပေးသနားထားသော အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းမှာ ကိုယ်တော်၏ အမိန့်ဖြင့် ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ကိုယ်တော်၏ ကျေးဇူးတော် ဖြစ်ပေသည်။ ထို့ကြောင့် သင်သည် အခြားမည်သူ့ကိုမျှ သင်၏ တာဝန်ဝတ္တရား သို့မဟုတ် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် မလိုအပ်ပေ၊ ဘုရားသခင် တစ်ပါးတည်းအပေါ်၌သာ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် မိမိ၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လူတို့အနေဖြင့် အခြားမည်သည့်အရာထက်မဆို လုပ်ဆောင်သင့်သည့်အရာဖြစ်ပြီး ယင်းမှာ လူတို့ မိမိတို့၏ ဘဝများတွင် အပြီးသတ် လုပ်ဆောင်သင့်ဆုံးသော အဓိကအကျဆုံး ကိစ္စရပ် ဖြစ်လေသည်။ သင်သည် မိမိ၏ တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်ပါက သင်သည် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး မဟုတ်ပေ။ အခြားသူများ၏ အမြင်တွင် သင်သည် ဇနီးကောင်းတစ်ဦးနှင့် မေတ္တာထားသော မိခင်တစ်ဦး၊ အရည်အချင်းပြည့်မီသော အိမ်ရှင်မတစ်ဦး၊ မိဘကို သိတတ်သော သားသမီးတစ်ဦးနှင့် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်ကောင်းတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင်မူ သင်သည် ကိုယ်တော်ကို ပုန်ကန်သောသူတစ်ဦး၊ ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်နှင့် တာဝန်ဝတ္တရားကို မဖြည့်ဆည်းသောသူတစ်ဦး၊ ဘုရားသခင်ကို ယုံကြည်သည့်တိုင် သမ္မာတရားကို မလိုက်စားသော၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ကျိုးနွံနာခံခြင်းမရှိသော၊ ပြီးလျှင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမည့် သူတစ်ဦး ဖြစ်လေသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်သလော။ ဤကဲ့သို့သော လူများသည် တန်ဖိုးမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်၊ မိန်းမတစ်ယောက်ဟာ ခင်ပွန်းကို ပြုစုယုယရမယ်၊ ကလေးတွေကို ပြုစုပျိုးထောင်ရမယ်၊ ပြီးတော့ ဇနီးကောင်းတစ်ယောက်၊ မေတ္တာထားတဲ့ မိခင်တစ်ယောက် ဖြစ်ရမယ်လို့ ကျွန်မ အမြဲ ယုံကြည်ထားခဲ့တာပဲ။ ဒီအတွေးတွေနဲ့ အမြင်တွေက စာတန်ဆီက လာတာလေ။ စာတန်က မိန်းမတစ်ယောက်ဟာ သူ့ရဲ့ ဘဝကို အိမ်မှာပဲ ကုန်ဆုံးရမယ်၊ မိသားစုကို အလုပ်အကျွေးပြုပြီး ခင်ပွန်းနဲ့ ကလေးတွေကို ဗဟိုပြုပြီး အသက်ရှင်ရမယ်၊ နောက်ပြီး သူတို့ကို သေချာ ဂရုမစိုက်နိုင်ရင် သူက မိန်းမကောင်းတစ်ယောက် မဟုတ်ဘူးဆိုတဲ့ အမြင်ကို လူတွေမှာ သွတ်သွင်းပေးထားတယ်။ ကျွန်မဟာ ဒီအတွေး၊ ဒီအမြင်နဲ့ အသက်ရှင်နေခဲ့တယ်၊ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်၊ ဒါဟာ ဖန်ဆင်းခံတစ်ယောက် လုပ်သင့်တာဆိုတာကို ကောင်းကောင်း သိထားပေမဲ့လည်း၊ ကိုယ့်တာဝန်ကို ထမ်းဆောင်နေရင်းနဲ့ အိမ်ကအရာအားလုံးကိုပဲ ဆက်တွေးနေခဲ့တယ်လေ။ အားတဲ့အချိန်နည်းနည်းလေးရတိုင်း မိသားစုကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေတော့၊ ဝတ်ပြုခြင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့ အချိန်ကိုတောင် စတေးခဲ့မိတယ်။ ကိုယ့်တာဝန်အတွက် ဝန်တာထားစိတ် တစ်စက်မှမရှိခဲ့ဘဲ အသင်းတော်အလုပ်ကို နှောင်းနှေးစေခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်နေပုံရပေမဲ့လည်း၊ စိတ်ထဲမှာတော့ ခင်ပွန်းနဲ့ ကလေးရဲ့ နေ့စဉ်ဘဝတွေအကြောင်းကိုပဲ တွေးနေခဲ့တာ၊ နည်းနည်းလေး မှားသွားတာမျိုးလုပ်မိလို့ ခင်ပွန်း မပျော်တာကို မြင်လိုက်ရရင်၊ ကိုယ့်တာဝန်ဝတ္တရားတွေကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့ဘူးလို့ ခံစားရတယ်။ ခင်ပွန်းက ရိုက်နှက်၊ ဆဲဆိုပြီး၊ ကျွန်မရဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို လွှင့်ပစ်ချင်နေခဲ့ပြီး၊ ယောက္ခမက လှောင်ပြောင်ကြိမ်းမောင်းတာတောင်မှ၊ ကျွန်မ သူတို့ကို မမုန်းခဲ့ဘူး။ အဲဒီအစား ကျွန်မက ကိုယ့်တာဝန်ဝတ္တရားတွေကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ဘဲ ဇနီးကောင်းတစ်ယောက်၊ မေတ္တာထားတဲ့ မိခင်တစ်ယောက် မဖြစ်ခဲ့ဘူးလို့ပဲ ခံစားခဲ့ရတယ်။ တကယ်တော့၊ ဘုရားသခင်က သူ့ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ မိန်းမတွေကို ဇနီးကောင်းတွေ ဒါမှမဟုတ် မေတ္တာထားတဲ့ မိခင်တွေ ဖြစ်ဖို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ ဘုရားသခင် တောင်းဆိုတာက ကျွန်မတို့ သမ္မာတရားကို လိုက်စားဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့နဲ့၊ ကျွန်မတို့ရဲ့ တာဝန်ဝတ္တရားတွေနဲ့ အထူးတာဝန်ကို ပြီးမြောက်အောင် လုပ်ဖို့ပါပဲ။ ကျွန်မက သမ္မာတရားကို နားမလည်ခဲ့ဘဲ စာတန်ရဲ့ မှားယွင်းတဲ့ အယူအဆတွေကို သမ္မာတရားလို သဘောထားခဲ့တယ်။ ဘယ်လောက်ထိလဲဆိုရင် ဇနီးကောင်းတစ်ယောက်၊ မေတ္တာထားတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့က လုပ်သင့်လုပ်ထိုက်တဲ့အရာလို့ သတ်မှတ်ခဲ့ပြီး၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်တာကိုကျတော့ အပိုအလုပ်တစ်ခုလို သဘောထားခဲ့တယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး အကြွေးတင်နေသလို၊ စိတ်မချမ်းမသာဖြစ်သလို ဘာမှကို မခံစားရဘူး၊ ဒါပေမဲ့ မိသားစုကို သေချာ ဂရုမစိုက်နိုင်တဲ့အခါကျတော့ သူတို့ကို စိတ်ပျက်အောင် လုပ်မိတယ်လို့ ခံစားမိတယ်။ တကယ်တော့ ကျွန်မရဲ့ အမြင်တွေနဲ့ အတွေးတွေက ပြဿနာဖြစ်နေတာကိုး။ လူ့ဘဝဆိုတာ ဘုရားသခင်ဆီက လာတာ၊ ပြီးတော့ မိသားစု ဒါမှမဟုတ် ဆွေမျိုးတွေအတွက် အသက်ရှင်ဖို့ မဟုတ်ဘဲ ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်ဝတ္တရားတွေ၊ ပြီးမြောက်အောင်ထမ်းဆောင်သင့်တဲ့ အထူးတာဝန်တွေနဲ့အတူ ဒီလောကမှာ ရှိနေဖို့ ဘုရားသခင်က စီစဉ်ပေးခဲ့တာလေ။ ကျွန်မက ဇနီးကောင်းတစ်ယောက်၊ မေတ္တာထားတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့၊ မိသားစုကို ဂရုစိုက်ဖို့ပဲ အသက်ရှင်ပြီး၊ ကိုယ်ထမ်းဆောင်နေခဲ့သင့်တဲ့ တာဝန်ကိုတောင် မထမ်းဆောင်နိုင်ဘူးဆိုရင်၊ ကျွန်မဟာ လုံးဝကို တစ်ကိုယ်ကောင်းဆန်တဲ့လူ ဖြစ်နေပြီး ဘုရားသခင် မုန်းတီး၊ ရွံရှာတဲ့သူ ဖြစ်သွားမှာပေါ့။ ဇနီးကောင်းတစ်ယောက်၊ မေတ္တာထားတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်း အဲဒီနှစ်တွေမှာ အချိန်တွေအများကြီး ဖြုန်းတီးခဲ့မိတယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ အခွင့်အရေးအများကြီး ဆုံးရှုံးခဲ့ရတယ်။ ကျွန်မ အဲဒီလို ဆက်မနေနိုင်တော့ဘူး။ နောက်ပိုင်းမှာ ကိုယ့်တာဝန်ထဲကို သတိရှိရှိနဲ့ စိတ်နှစ်ထားလိုက်တယ်၊ တစ်ခါတလေ အိမ်ကကိစ္စတွေကို တွေးမိတဲ့အခါမှာ ကိုယ့်တာဝန်ကို ဦးစားပေးနိုင်ဖို့ ကိုယ့်စိတ်နှလုံးကို စောင့်ရှောက်ပေးပါလို့ ဘုရားသခင်ဆီ တောင်းလျှောက်ဆုတောင်းခဲ့တယ်၊ အဲဒီလိုနဲ့ မသိလိုက်ခင်မှာပဲ ကျွန်မစိတ်တွေ ငြိမ်သက်သွားတယ်။ တစ်ခါတလေ အိမ်ကကိစ္စလေးတွေ ကူလုပ်ပေးဖို့ အိမ်ပြန်ဖြစ်တယ်၊ အဲဒီအခါ ခင်ပွန်းနဲ့ ယောက္ခမ ဘာပြောပြော ကျွန်မစိတ်ထဲမှာ ဘောင်ခတ်ခံရသလို မခံစားရတော့ဘူး။
၂၀၁၅ ခုနှစ်၊ ဇွန်လမှာ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အဝေးကို သွားခဲ့တယ်။ အရင်က ကိုယ့်ဇာတိမြို့မှာ တာဝန်ထမ်းဆောင်တုန်းကဆို အချိန်နည်းနည်းကြာရင် အိမ်ပြန်လို့ရခဲ့တယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ သုံးလေးလကြာတဲ့အထိ ပြန်မသွားဖြစ်ခဲ့ဘူး။ ရာသီဥတုက ပိုအေးလာတော့ ကျွန်မ စပြီးစိတ်ပူလာတယ်၊ “ငါ့ခင်ပွန်းနဲ့ ကလေးရော ဘယ်လိုနေကြလဲ။ ငါ့မိဘတွေရော ကျန်းမာရေးကောင်းကြရဲ့လား” လို့ပေါ့။ ဒါတွေကို တွေးမိတော့ ကျွန်မ စိတ်မချမ်းမသာ ပြန်ဖြစ်လာပြီး တာဝန်ထမ်းဆောင်ဖို့ ကိုယ့်ဇာတိမြို့ကိုပဲ ပြန်သွားချင်လာတယ်။ ဒီလိုတွေးတာက မမှန်ဘူးဆိုတာ သတိပြုမိတော့၊ ကျွန်မရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက် ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်၊ “သင်တို့သည် လှပ၍ ကောင်းမွန်သော အရာအားလုံးကို လိုက်စားသင့်ပြီး၊ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားကို ရရှိသင့်ပေသည်။ ထို့အပြင် သင်တို့ အသက်တာအတွက် သင်တို့ တာဝန်ယူသင့်ပြီး ယင်းကို ပေါ့ပေါ့တန်တန် မမှတ်ယူရ။ လူတို့သည် ကမ္ဘာမြေသို့ ရောက်လာကြပြီး ငါ့ကို တစ်ကြိမ်တစ်ခါမျှပင် တွေ့ဆုံရန်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သကဲ့သို့၊ သမ္မာတရားကို ရှာဖွေရန်နှင့် ရရှိရန်အလို့ငှာ အခွင့်အရေးလည်း ရခဲလှပေသည်။ သင်တို့သည် ဤနှစ်လိုဖွယ်အချိန်ကို ယခုဘဝတွင် လိုက်စားရမည့် မှန်ကန်သည့်လမ်းကြောင်းအဖြစ် အဘယ်ကြောင့် တန်ဖိုးမထားကြသနည်း။ ပြီးလျှင် အဘယ်ကြောင့် သင်တို့သည် အစဉ်သဖြင့် သမ္မာတရားနှင့် တရားမျှတခြင်းအပေါ် အလွန်အထင်အမြင်သေးကြသနည်း။ လူတို့ကို ကစားသည့် မဖြောင့်မတ်မှုနှင့် ညစ်ညူးခြင်းတို့ အတွက် သင်တို့သည် အဘယ်ကြောင့် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် နင်းချေပြီး ဖျက်ဆီးနေကြသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို တကယ်ပဲ ခွန်အားဖြစ်စေပြီး ဘဝရဲ့ မှန်ကန်တဲ့ ပန်းတိုင်တစ်ခုကို ပေးခဲ့တယ်။ ကျွန်မက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံနိုင်ခဲ့ပြီး ဧဝံဂေလိတရား ဖြန့်ဝေရေးမှာ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးရခဲ့တယ်ဆိုတာက ကျွန်မအပေါ် ကျရောက်တဲ့ ကောင်းချီးတစ်ခုပဲ၊ ပိုပြီးပြောရရင်တော့ ဘုရားသခင်ရဲ့ ချီးမြှောက်မှုပါပဲ။ ပေတရုဟာ ဘုရားသခင်ကို သိဖို့၊ ချစ်ဖို့အတွက် သူ့ဘဝကို ဘယ်လို ရှာဖွေဖြတ်သန်းခဲ့လဲဆိုတာ ကျွန်မ တွေးမိသွားတယ်။ ဘုရားသခင်က သူ့ကို သိုးအုပ်ကို ထိန်းကျောင်းဖို့ အပ်နှံလိုက်တဲ့ အခါမှာ သူ့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ မေတ္တာနဲ့ ယုံကြည်မှုကို သူခံစားခဲ့ရတယ်၊ ပြီးတော့ သမ္မာတရားကို လိုက်စားဖို့နဲ့ ဘုရားသခင်ကို ကျေနပ်စေဖို့ သူ့မှာရှိသမျှအားလုံး ပေးဆပ်ဖို့ ပိုပြီးတော့တောင် ဆန္ဒပြင်းပြခဲ့တယ်။ အဆုံးမှာတော့ သူဟာ ဘုရားသခင်အတွက် ဇောက်ထိုး လက်ဝါးကပ်တိုင်မှာ အတင်ခံနိုင်ခဲ့တယ်၊ ပြီးတော့ သူက ခိုင်မာတဲ့ သက်သေခံချက်ပေးနိုင်ခဲ့ပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရခဲ့တယ်။ ပေတရုရဲ့ ဘဝက အဓိပ္ပာယ်အရှိဆုံးပါပဲ။ အခုအချိန်က ဧဝံဂေလိတရား ဖြန့်ဝေရေးအတွက် အရေးအကြီးဆုံး အချိန်ပဲ၊ ဒါကြောင့် ပေတရုရဲ့ နမူနာကို ကျွန်မ လိုက်ရမယ်၊ တာဝန်ထမ်းဆောင်ဖို့ ရလာတဲ့ အခွင့်အရေးကို တန်ဖိုးထားရမယ်၊ သမ္မာတရား လိုက်စားဖို့ ကျွန်မရဲ့ အင်အားအားလုံးကို အသုံးချရမယ်၊ ပြီးတော့ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအတွက် ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရမယ်လေ။ အဲဒီနောက်မှာ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ မိသားစုကိစ္စတွေနဲ့ သိပ်ပြီး ဘောင်ခတ်မခံရတော့ဘူး၊ ပြီးတော့ ကျွန်မ အများကြီး ပိုပြီး စိတ်ပေါ့ပါးသွားတယ်လို့ ခံစားရတယ်။
နောက်ပိုင်းမှာ နောက်ဆုံးပေါ် ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်တယ်၊ ကိုယ်ကျင့်တရားကောင်းတဲ့ မိန်းမတွေ၊ ဇနီးကောင်း၊ မေတ္တာထားတဲ့ မိခင်တွေနဲ့ ပတ်သက်တဲ့ ရိုးရာယဉ်ကျေးမှုအမြင်တွေအပေါ် ကျွန်မ ပိုပြီး နားလည်သဘောပေါက်လာတယ်။ ဘုရားသခင်က ပြောသည် “အရှေ့တိုင်းသားများက အမျိုးသမီးများကို အမြဲ လိမ္မာရန်၊ နာခံမှုသုံးရပ်နှင့် အကျင့်ကောင်းလေးပါးကို ပုံဖော်ရန်၊ ကိုယ်ကျင့်တရားရှိပြီး နူးညံ့သိမ်မွေ့ရန် အလိုရှိကြသည်။ မည်သည့် ရည်ရွယ်ချက်အတွက်နည်း။ ၎င်းတို့ကို ထိန်းချုပ်ရန် လွယ်ကူစေဖို့ ဖြစ်သည်။ ဤသည်မှာ အရှေ့တိုင်းရိုးရာ ယဉ်ကျေးမှုမှ ကြီးထွားလာပြီးဖြစ်သည့် သေနိုင်လောက်အောင် ပြင်းထန်သော သဘောတရားတစ်ခု ဖြစ်ပြီး နောက်ဆုံးတွင် အမျိုးသမီးများအား ၎င်းတို့ ကိုယ်ပိုင် ဦးတည်ချက် သို့မဟုတ် စိတ်ကူးများမရှိဘဲ ဘဝများကို အသက်ရှင်စေလျက် လူတို့ကို အမှန်တကယ် ထိခိုက်နစ်နာစေသောအရာ ဖြစ်သည်။ ဤအမျိုးသမီးများက မည်သည့်အရာ ၎င်းတို့ လုပ်ဆောင်သင့်သည်၊ မည်သို့ လုပ်ဆောင်ရမည် သို့မဟုတ် မည်သည့် လုပ်ရပ်များက မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ဟူသည်တို့ကို မသိကြချေ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝများကိုပင် မိမိတို့ မိသားစုများထံ ပေးအပ်ကြသည်။ သို့သော် လုံလောက်အောင် လုပ်ဆောင်ခြင်း မရှိသေးဟု ခံစားကြဆဲဖြစ်သည်။ ဤသည်မှာ အမျိုးသမီးများအတွက် ထိခိုက်နစ်နာမှုတစ်မျိုး ဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့ ပျော်မွေ့ခံစားသင့်သည့် အခွင့်အရေးဖြစ်သည့် မိမိတို့ကိုယ်ပိုင် အခွင့်အရေးများ ယူဆောင်သွားခြင်း ခံရသည့်အခါတွင်ပင် ၎င်းတို့ မခုခံကြချေ။ အဘယ်ကြောင့် မခုခံကြသနည်း။ ၎င်းတို့က ‘ခုခံခြင်းသည် မှား၏၊ ကိုယ်ကျင့်တရားမရှိခြင်းဖြစ်သည်။ ထိုထိုသောသူတို့ကို ကြည့်ပါလေ၊ သူတို့သည် ကျွန်ုပ်ထက် များစွာ သာ၍ ကောင်းအောင် လုပ်ဆောင်ကြပြီး များစွာ သာ၍ ဆင်းရဲဒုက္ခခံပြီးဖြစ်သည့်တိုင် မည်သည့်အခါတွင်မျှ မညည်းညူပါ’ဟု ပြောကြသည်။ အဘယ်ကြောင့် ဤသို့ ၎င်းတို့ တွေးကြမည်နည်း။ (၎င်းတို့သည် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေး၏ လွှမ်းမိုးခြင်းခံကြရသည်။) ၎င်းတို့အတွင်းတွင် အမြစ်တွယ်ပြီးဖြစ်ကာ ကြီးမားသည့် ဆင်းရဲဒုက္ခဖြစ်စေပြီးဖြစ်သည်မှာ ဤရိုးရာယဉ်ကျေးမှု ဖြစ်သည်။ ၎င်းတို့သည် ဤညှဉ်းဆဲမှုမျိုးကို အဘယ်သို့ဖြစ်ပြီး သည်းခံနိုင်ကြသနည်း။ ဤညှဉ်းဆဲမှုမျိုးက နာကျင်ဖွယ်ဖြစ်ကြောင်း၊ ၎င်းတို့ကို အကူအညီမဲ့စေပြီး ၎င်းတို့၏ နှလုံးသားများကို နာကျင်စေကြောင်း ကောင်းစွာ အပြည့်အဝ သိကြသည်။ ထို့ကြောင့် အဘယ်သို့ဖြစ်ပြီး ထိုအရာကို ၎င်းတို့ ခံယူနိုင်ကြသေးသနည်း။ အမှန်တကယ်ဖြစ်သော အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ ၎င်းတို့၏ လူမှုနောက်ခံဖြစ်သောကြောင့် ၎င်းတို့ ရုန်းထွက်လွတ်မြောက်နိုင်ခြင်းမရှိဘဲ ထိုအရာကို အောက်ကျို့စွာ ကြိတ်မှိတ်လက်ခံရုံသာ လက်ခံကြသည်။ ဤသည်မှာလည်း ပုဂ္ဂလဓိဋ္ဌာန်ကျကျ ၎င်းတို့ ခံစားရပုံဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် အမျိုးသမီးများက ဂုဏ်သိက္ခာဖြင့် မည်သို့ အသက်ရှင်ရမည် သို့မဟုတ် အမျိုးသမီးများအတွက် အသက်ရှင်ရန် မှန်ကန်သည့် နည်းလမ်းကို နားမလည်ကြပေ။ မည်သူကမျှ ဤအရာများကို ၎င်းတို့အား မပြောခဲ့ကြပေ။ ၎င်းတို့ သိသရွေ့မှာ အမျိုးသမီးများ၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် စံသတ်မှတ်ချက်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှု ဖြစ်သည်။ မျိုးဆက်များတစ်လျှောက် လက်ဆင့်ကမ်းလာပြီးဖြစ်သည့်အရာသည် မှန်ကန်သည်ဟုလည်းကောင်း၊ တစ်စုံတစ်ဦးက ထိုအရာကို ချိုးဖောက်လျှင် ၎င်းတို့၏ အသိစိတ်က ရှုတ်ချခံရသင့်သည်ဟုလည်းကောင်း ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ ‘စံသတ်မှတ်ချက်’ ဖြစ်သည်။ သို့သော် ဤစံသတ်မှတ်ချက်သည် အမှန်တကယ် မှန်ကန်သလော။ ယင်းကို ကိုးကားသည့် မျက်တောင်အဖွင့်အပိတ်ဖြင့် ထားရှိသင့်သလော။ (ထားရှိသင့်ပါသည်။) ဤစံသတ်မှတ်ချက်သည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤအတွေးနှင့် ရှုထောင့်မျိုး၏ ထိန်းချုပ်မှုအောက်တွင် ရှိသော တစ်စုံတစ်ဦး၏ အပြုအမူသည် မည်မျှ လက်ခံခြင်းခံရသည်ဖြစ်စေ၊ မည်မျှ နှစ်သက်စရာဖြစ်သည်ဖြစ်စေ ထိုအရာသည် အမှန်တကယ် စံသတ်မှတ်ချက်တစ်ခု ဖြစ်သလော။ ထိုအရာသည် သမ္မာတရားနှင့် လူ့သဘာဝတို့ကို ဆန့်ကျင်သဖြင့် စံသတ်မှတ်ချက် မဟုတ်ပေ။ အချိန်ကြာမြင့်စွာပင် အရှေ့တိုင်းရှိ အမျိုးသမီးများသည် မိမိတို့ မိသားစုများတစ်ခုလုံးကို ပြုစုစောင့်ရှောက်ခဲ့ကြရပြီး သေးငယ်သော အရေးမပါလှသည့် ကိစ္စများအားလုံးအတွက် တာဝန်ရှိခဲ့ကြသည်။ ဤသည်မှာ တရားမျှတသလော။ (တရားမျှတခြင်းမရှိပါ။) သို့ဆိုလျှင် ထိုအရာကို ၎င်းတို့က အဘယ်သို့ဖြစ်ပြီး သည်းခံနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤအတွေးနှင့် ရှုထောင့်မျိုး၏ ချည်နှောင်ခြင်းခံကြရသောကြောင့် ဖြစ်သည်။ ထိုအရာကို ၎င်းတို့၏ သည်းခံနိုင်စွမ်းက ထိုအရာသည် လုပ်ဆောင်ရန် မှန်သောအရာ ဖြစ်ကြောင်းနှင့် ၎င်းတို့ ခါးစည်းသာခံမည်ဆိုလျှင် ရိုးရာယဉ်ကျေးမှု စံနှုန်းများကို ပြည့်မီနိုင်ကြလိမ့်မည်ဟု စိတ်ထဲတွင် ၈၀% သေချာကြသည်ကို ညွှန်ပြပေသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုဦးတည်ချက်ဆီသို့ ထိုစံနှုန်းများဆီသို့ ပြေးနေကြခြင်း ဖြစ်သည်။ ထိုအရာမှားယွင်းကြောင်းနှင့် ၎င်းတို့ မလုပ်ဆောင်သင့်ကြောင်း၊ လူ့သဘာဝနှင့် ကိုက်ညီခြင်းမရှိကြောင်း၊ လူ့သဘာဝနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ဆန့်ကျင်ကြောင်း စိတ်ထဲတွင် ၎င်းတို့ တွေးမိခဲ့လျှင် ထိုအရာကို ၎င်းတို့ လုပ်နိုင်ဦးမည်လော။ (လုပ်နိုင်မည်မဟုတ်ပါ။) ထိုလူများထံမှ ထွက်ပြေးပြီး ၎င်းတို့၏ ကျေးကျွန်များမဖြစ်မည့် နည်းလမ်းတစ်ခုကို တွေးကြရမည် ဖြစ်သည်။ သို့သော် အမျိုးသမီးအများစုက ဤအရာကို လုပ်ဝံ့ကြမည် မဟုတ်။ ၎င်းတို့ မည်သည့်အရာကို စဉ်းစားကြသနည်း။ မိမိတို့၏ အသိုင်းအဝိုင်းမရှိဘဲ အသက်ရှင်သန်နိုင်မည်ဖြစ်သော်လည်း ၎င်းတို့ စွန့်ခွာလျှင် ဆိုးရွားသည့် အမည်းစက်ကို သယ်ဆောင်ရမည်ဖြစ်ကာ အကျိုးဆက်အချို့ကို ခံစားရမည်ဟူ၍ ဖြစ်သည်။ ထိုအရာကို ချိန်ဆပြီးနောက်တွင် ထိုအရာကို ၎င်းတို့ လုပ်ဆောင်ရမည်ဆိုလျှင် ၎င်းတို့ ကိုယ်ကျင့်တရားမရှိပုံနှင့်ပတ်သက်၍ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များက အတင်းပြောကြမည်၊ လူ့အဖွဲ့အစည်းက နည်းလမ်းအချို့ဖြင့် ၎င်းတို့ကို ရှုတ်ချကြမည်ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အချို့ ရှိမည်ဖြစ်ကာ ဤအရာအားလုံးက ဆိုးရွားသည့် အကျိုးဆက်များ ယူဆောင်လာမည်ဟု တွေးထင်ကြသည်။ အဆုံးတွင် ထိုအရာကို ၎င်းတို့ အချိန်ယူစဉ်းစားပြီး ‘သည်းခံခြင်းသည်သာ ပိုကောင်းသည်။ မဟုတ်လျှင်၊ ရှုတ်ချသည့် ဝန်ထုပ်က ငါ့ကို ဖျက်ဆီးလိမ့်မည်’ဟု တွေးကြသည်။ ဤသည်မှာ မျိုးဆက်များတစ်လျှောက် အရှေ့တိုင်းအမျိုးသမီးများ ဖြစ်သည့်ပုံစံ ဖြစ်သည်။ ဤကောင်းမွန်သည့် ကျင့်ကြံပြုမူခြင်းအားလုံး၏ နောက်ကွယ်တွင် မည်သည့်အရာကို ၎င်းတို့ သည်းညည်းခံရမည်နည်း။ ၎င်းတို့၏ လူသား ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ပိတ်ပင်ခံရခြင်း ဖြစ်သည်။ ဤအတွေးများနှင့် အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီကြသလော။ (မကိုက်ညီပါ။) သမ္မာတရားနှင့် မကိုက်ညီကြပေ။ ၎င်းတို့သည် ၎င်းတို့၏ လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ပိတ်ပင်ခံရပြီးဖြစ်ကာ ၎င်းတို့၏ တည်ကြည်မှု၊ ၎င်းတို့၏ အမှီအခိုကင်းသော အသက်ရှင်နေထိုင်မှုနှင့် စိတ်ကြိုက်လွတ်လပ်စွာတွေးခေါ်ခွင့်များနှင့် ၎င်းတို့၏ စကားပြောပိုင်ခွင့်များနှင့် မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများ ဖော်ပြပိုင်ခွင့်များ ဆုံးရှုံးသွားကြပြီးဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် အိမ်တွင်ရှိသည့် လူများအတွက်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှုက အမျိုးသမီးများအပေါ် တောင်းဆိုသည့် စံနှုန်းများကို ပြည့်မီရန်နှင့် အခြားသူများက ၎င်းတို့ကို ဇနီးကောင်းများနှင့် လူကောင်းများအဖြစ် ခေါ်ဆိုလျက် ချီးမွမ်းစေရန် ဖြစ်သည်။ ဤသည်မှာ ညှဉ်းဆဲမှုတစ်မျိုး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတွေးခေါ်မှု နည်းလမ်းသည် သင့်တင့်လျောက်ပတ်သလော၊ လွဲချော်သလော။ (လွဲချော်ပါသည်။) သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။)” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မရဲ့ ခံစားချက်တွေက တကယ်ကို သေချာသွားခဲ့တယ်။ စာတန်ရဲ့ ရိုးရာယဉ်ကျေးမှုကြောင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခြင်းခံရတယ်ဆိုပြီး ဘုရားသခင် ဖော်ထုတ်ထားတဲ့ လူစားမျိုးက အတိအကျကို ကျွန်မပါပဲ။ ကျွန်မ ငယ်ငယ်ကတည်းက တီဗီဇာတ်လမ်းတွဲတွေထဲက ကိုယ်ကျင့်တရားကောင်းပြီး သိမ်မွေ့တဲ့ အမျိုးသမီး ဇာတ်ဆောင်တွေရဲ့ ပုံရိပ်တွေက ကျွန်မရင်ထဲမှာ အကြီးအကျယ်ကို စွဲထင်နေခဲ့တာ။ နောက်ပြီး မိဘတွေရဲ့ ပညာပေးမှုတွေ၊ လူမှုအသိုင်းအဝိုင်းက အမြင်တွေရဲ့ ပုံသွင်းမှုတွေနဲ့ ပေါင်းစပ်သွားတော့၊ ကျွန်မရဲ့ အတွေးတွေဟာ လုံးဝကို ပိတ်လှောင်ခံလိုက်ရတယ်။ ဇနီးကောင်းတစ်ယောက်၊ မေတ္တာထားတဲ့ မိခင်တစ်ယောက်ဖြစ်ဖို့၊ ခင်ပွန်းသည်ကို ပြုစုယုယပြီး ကလေးကို ပြုစုပျိုးထောင်ဖို့ဆိုတာကို မိန်းမတစ်ယောက်အနေနဲ့ ကျွန်မ ပြည့်မီရမဲ့ စံနှုန်းတွေလို သတ်မှတ်ခဲ့တယ်၊ ပြီးတော့ ဒီအရာတွေကို အပြုသဘောဆောင်တဲ့အရာတွေအနေနဲ့ ဖက်တွယ်ထားခဲ့တယ်။ ခင်ပွန်းသည်နဲ့ မိသားစုကို ရိုးရိုးကုပ်ကုပ် ပြုစုယုယရင်း နေ့ရက်တွေကို ကုန်ဆုံးခဲ့တယ်၊ မိသားစုဝင်တွေရဲ့ နေ့စဉ်ဘဝတွေကို ဂရုစိုက်ဖို့တစ်ခုတည်းအတွက်ပဲ အသက်ရှင်ခဲ့တယ်၊ တည်ကြည်မှု၊ ဂုဏ်သိက္ခာ တစ်စက်မှမရှိဘဲ အသက်ရှင်နေခဲ့တယ်၊ ဒါတောင်မှ ဒါဟာ မွန်မြတ်တဲ့အရာလို့ ထင်နေခဲ့တာလေ။ ဒီနှစ်တွေမှာ “မိန်းမကောင်း” ဆိုတဲ့ ကျွန်မရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားပြီး ဒါတွေက သမ္မာတရားဆိုတာ သိနေရင်တောင်မှ၊ ဒီသမ္မာတရားတွေကို ရဲရဲဝံ့ဝံ့ မလိုက်စားရဲခဲ့ဘူး။ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကြိုးစားရင်တောင်၊ မိသားစုရဲ့ ဘဝကို အနှောင့်အယှက် မဖြစ်စေရဘူးဆိုတဲ့ ကြိုတင်သတ်မှတ်ချက်အောက်မှာပဲ အမြဲ ရှိခဲ့တယ်။ မိသားစုကို သေချာ ဂရုမစိုက်နိုင်တော့ဘူးဆိုတာနဲ့ ကျွန်မ စိတ်မချမ်းမသာဖြစ်လာပြီး၊ သူတို့ကို စိတ်ပျက်အောင် လုပ်မိတယ်လို့ တွေးမိတယ်၊ ပြီးတော့ ပြန်ပြီး ပေးဆပ်ဖို့ နည်းလမ်းတွေကို အမြန် စဉ်းစားတော့တာပဲ။ ကျွန်မအတွက်တော့၊ သူတို့ကို ဂရုမစိုက်တာထက်စာရင် ကိုယ့်တာဝန်တွေကို စွန့်လွှတ်လိုက်တာက ပိုကောင်းခဲ့တယ်။ တကယ်တမ်းကျတော့၊ ခင်ပွန်းရော ယောက္ခမပါ လူကြီးတွေလေ၊ အခုဆိုရင် ကလေးကလည်း အလယ်တန်းရောက်နေပြီ။ အဲဒီတော့ သူတို့ကိုယ်သူတို့ ကောင်းကောင်း ဂရုစိုက်နိုင်စွမ်း ရှိကြတာပေါ့။ ဒါပေမဲ့ ကျွန်မက စိုးရိမ်နေတုန်းပဲ၊ သူတို့ကို ဂရုမစိုက်တာက ကျွန်မ မှားတယ်လို့ပဲ အမြဲခံစားခဲ့ရတယ်။ အသင်းတော်အလုပ်ကို ခဏခဏ ဘေးဖယ်ထားခဲ့တယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုကိုလည်း ဘေးဖယ်ထားခဲ့တယ်။ ကျွန်မက တကယ်ကို မုန်းစရာကောင်းပြီး သနားစရာကောင်းခဲ့တာပဲ။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်။ ကျွန်မ မိသားစုက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ကျွန်မ တာဝန်တွေ မထမ်းဆောင်နိုင်အောင် တားဆီးနေတယ်ဆိုတာ ထင်ရှားနေတာပဲ၊ ဒါပေမဲ့ သူတို့ကို ပိုင်းခြားမသိမြင်တဲ့အပြင်၊ ကိုယ့်တာဝန်တွေ ထမ်းဆောင်နေရင်း သူတို့ကို ကောင်းကောင်း ဂရုမစိုက်နိုင်လို့ ကိုယ့်မှာ အပြစ်ရှိတာပါလို့တောင် တွေးပြီး အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ဒီရိုးရာယဉ်ကျေးမှု အမြင်တွေက လူတွေကို တကယ်ပဲ ထိခိုက်စေတယ်၊ နောက်ပြီး အဲဒီအမြင်တွေက ကျွန်မရဲ့ တွေးခေါ်မှုတွေကို လုံးဝ လွဲချော်သွားစေခဲ့ပြီး အဖြူနဲ့အမည်း၊ အမှားနဲ့အမှန်ကိုတောင် ခွဲခြားမသိမြင်နိုင်အောင် လုပ်ခဲ့တယ်ဆိုတာ နောက်ဆုံးတော့ ကျွန်မ မြင်သွားတယ်၊ စာတန်က ဇနီးကောင်းတစ်ယောက်၊ မေတ္တာရှိတဲ့ မိခင်တစ်ယောက်ဆိုတဲ့ ရိုးရာယဉ်ကျေးမှုအမြင်တွေ၊ နာခံမှုသုံးရပ်နှင့် အကျင့်ကောင်းလေးပါးကို သုံးပြီး၊ ကျွန်မတို့ကို အထင်အမြင်မှားစေတယ်၊ အမျိုးသမီးတွေဟာ မိသားစုမှာ နိမ့်ကျတဲ့နေရာကနေ နေရမယ်၊ သူများတွေရဲ့ ကျွန်တွေလို အသက်ရှင်ရမယ်လို့ ယုံကြည်အောင် လုပ်တယ်၊ ဒီလိုနည်းနဲ့ အမျိုးသမီးတွေဆီကနေ လွတ်လွတ်၏လပ်လပ် ရွေးချယ်ပိုင်ခွင့်နဲ့ အသက်ရှင်ခွင့်ကို လုယူပစ်တာပဲ။ ဒါက အမျိုးသမီးတွေကို ထိန်းချုပ်ပြီး ဖိနှိပ်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ကျွန်မက ဒီအရာတွေကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ခဲ့လို့ပဲ၊ ဒီရိုးရာယဉ်ကျေးမှုအမြင်တွေရဲ့ ထိခိုက်မှုနဲ့ ထိန်းချုပ်မှုကို ဆက်တိုက် ခံနေခဲ့ရတာပေါ့၊ အဲဒါကြောင့် ကျွန်မ ကိုယ့်တာဝန်တွေကို ခဏခဏ အချိန်ဆွဲခဲ့တယ်၊ သမ္မာတရား လိုက်စားဖို့ သန္နိဋ္ဌာန် ပျောက်ဆုံးခဲ့တယ်၊ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်ခဲ့ဘူး၊ ပြီးတော့ တည်ကြည်မှု၊ ဂုဏ်သိက္ခာ တစ်စက်မှမရှိဘဲ အသက်ရှင်ခဲ့ရတာလေ။ ဒီအတိုင်းသာ ဆက်သွားနေရင်၊ ဘုရားသခင်ရဲ့ အမှုတော် အဆုံးသတ်တဲ့အခါ ဘုရားသခင် ဖယ်ရှားရှင်းလင်းတာကို ခံရဖို့ပဲ ရှိတော့မှာပေါ့။ ဒါတွေကို သဘောပေါက်သွားတဲ့အခါ ကျွန်မရဲ့ အကြွင်းမဲ့ စိတ်နှလုံးနဲ့ စာတန်ကို ငြင်းပယ်ဖို့ ဆန္ဒရှိလာခဲ့ပြီး၊ ဒီရိုးရာယဉ်ကျေးမှု အယူအဆတွေနဲ့ ထပ်ပြီး မရှင်သန်ချင်တော့ပါဘူး။
အဲဒီနောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်တယ်။ “ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ဖန်ဆင်းခဲ့ပြီး ဤလွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်မှ ဖြစ်လာသည့် အတွေးများမှာ အဘယ်နည်း။ ယင်းတို့သည် လူ့သဘာဝနှင့် ကိုက်ညီသလော။ ဤအတွေးများသည် အနည်းဆုံးအနေဖြင့် လူ့သဘာဝနှင့် ကိုက်ညီရမည်။ ဤအရာအပြင် ဘုရားသခင်သည် လူတို့အနေဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်မှု လမ်းကြောင်းတွင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးအပေါ် မှန်ကန်သည့် အမြင်များနှင့် သိနားလည်မှုများ ရှိရန်၊ ထို့နောက်တွင် အသက်ရှင်ကာ ဘုရားသခင်ကို ကိုးကွယ်ဖို့ မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ကြရန်လည်း ရည်ရွယ်ပေသည်။ ဤသို့ အသက်ရှင်သည့် ဘဝသည် ဘုရားသခင်က ပေးထားခြင်းဖြစ်ကာ ပျော်မွေ့ခံစားသင့်သည်။ သို့သော် လူတို့သည် ဤရိုးရာယဉ်ကျေးမှုများနှင့် ကိုယ်ကျင့်တရား ကျမ်းဂန်များဟု ခေါ်သောအရာများဖြင့် ၎င်းတို့ ဘဝတစ်ခုလုံးတွင် ကန့်သတ်ခြင်းခံရ၊ ချည်နှောင်ခြင်းခံရကာ လွဲချော်စေခြင်းခံရပြီး နောက်ဆုံးတွင် မည်သည့်အရာ ဖြစ်လာကြသနည်း။ ရိုးရာယဉ်ကျေးမှု၏ ရုပ်သေးရုပ်များ ဖြစ်လာကြသည်။ ဤအရာသည် သမ္မာတရားကို လူတို့ နားမလည်ခြင်းအားဖြင့် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အနာဂတ်တွင် ဤလမ်းကြောင်းကို လျှောက်ရန် သင်တို့ ရွေးချယ်ကြမည်လော။ (ရွေးချယ်မည် မဟုတ်ပါ။)...ထို့ကြောင့် သင် မည်သို့ ပြုမူဆောင်ရွက်သင့်သနည်း။ (စည်းမျဉ်းများနှင့်အညီဖြစ်သည်။) စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရန်မှာ အမှန်ပင်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့ကို ညီအစ်ကို မောင်နှမများကဲ့သို့လည်းကောင်း၊ မယုံကြည်လျှင် ဘာသာတရား မရှိသောသူများကဲ့သို့လည်းကောင်း ဆက်ဆံလျက် လူတိုင်းကို စည်းမျဉ်းများနှင့်အညီ ဆက်ဆံသင့်သည်။ ၎င်းတို့အတွက် သင့်ဘဝကို စတေးခြင်းအားဖြင့် မိမိကိုယ်ကို ထိခိုက်နစ်နာအောင်လုပ်ရန်၊ သင်၏ တည်ကြည်မှုကို လွဲချော်စေရန် သို့မဟုတ် သင်၏ ဂုဏ်သိက္ခာနှင့် လုပ်ပိုင်ခွင့်များကို စွန့်ရန် မလိုအပ်ပေ။ ၎င်းတို့အနေဖြင့် ထိုအရာနှင့် မထိုက်တန်ကြပေ။ ဤလောကတွင် သင့်ဘဝအသုံးခံခြင်းနှင့် ထိုက်တန်သည့်သူတစ်ဦးတည်းသာ ရှိသည်။ အဘယ်သူနည်း။ (ဘုရားသခင်ဖြစ်သည်။) အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များသည် လူ၏ တည်ရှိခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် စံသတ်မှတ်ချက်ဖြစ်သောကြောင့် ဖြစ်သည်။ သင့်ထံတွင် ဘုရားသခင်နှင့် ဘုရားနှုတ်ကပတ်တော်များ ရှိသရွေ့ သင် သွေဖည်မည်မဟုတ်သကဲ့သို့ သင် ကျင့်ကြံပြုမူကာ ဆောင်ရွက်ပုံတွင် မှန်ကန်တိကျလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခံရပြီးသည်နှင့် တစ်စုံတစ်ဦးအပေါ် ဘုရားနှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိသည့် အဆုံးစွန်သော အကျိုးတရား ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိတ်နှလုံးကို တကယ်ပဲ လင်းလက်သွားစေခဲ့တယ်။ လူတွေ မိသားစုထဲမှာ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ဖို့ ဘုရားသခင်က အိမ်ထောင်ရေးကို စီစဉ်ပေးတာပါ၊ လူတွေကို ကျွန်ဖြစ်စေဖို့ မဟုတ်သလို၊ တစ်ယောက်ယောက်က တခြားသူအတွက် အသက်ရှင်ပေးဖို့ဆိုတာ ပိုလို့တောင် မဟုတ်သေးဘူး။ အိမ်ထောင်ရေးမှာ ခင်ပွန်းရော ဇနီးမှာပါ သူတို့ကိုယ်ပိုင် တာဝန်တွေ၊ ဝတ္တရားတွေ ရှိကြတယ်၊ တစ်ယောက်ရဲ့ စိတ်ခံစားချက်ကို နောက်တစ်ယောက်က အလိုလိုက်နေဖို့ မလိုအပ်ဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုမှာ ကျွန်မက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေပါစေ၊ ဒါက ပြောရရင် ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်တစ်ခုပါပဲ။ အသင်းတော်အလုပ် မများတဲ့အချိန်မှာ၊ ဇနီးတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးနိုင်တယ်၊ မိသားစုရဲ့ နေ့စဉ် လိုအပ်ချက်တွေကို ဂရုစိုက်ပေးလို့ရတယ်။ ဒါပေမဲ့ ကိုယ့်တာဝန်က အလုပ်များလာပြီး အိမ်ပြန်ဖို့ အချိန်မရှိတော့တဲ့အခါမှာတော့၊ ကိုယ့်တာဝန်ကိုပဲ ဦးစားပေးရမယ်လေ။ ဒီအရာတွေကို နားလည်ပြီးတဲ့နောက်မှာတော့ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ကြီးမားတဲ့ လွတ်မြောက်မှုနဲ့ လွတ်လပ်မှုကို ခံစားလိုက်ရတယ်။ ကျွန်မ စိတ်နှလုံးထဲက ပြတင်းပေါက်တစ်ခု ရုတ်တရက် ပွင့်သွားပြီး တောက်ပမှုတွေနဲ့ ပြည့်သွားသလိုမျိုးပါပဲ။
“ဇနီးကောင်းတစ်ယောက်၊ မေတ္တာထားတဲ့ မိခင်တစ်ယောက်” ဆိုတဲ့ ရိုးရာအမြင်ရဲ့ ချည်နှောင်မှုနဲ့ ထိခိုက်နစ်နာစေမှုကနေ ရုန်းထွက်နိုင်ဖို့ ကျွန်မကို လမ်းပြပေးခဲ့တာကတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ၊ အခုဆိုရင် နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေရေးမှာ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနိုင်နေပါပြီ၊ ဒါဟာ ကျွန်မဘဝရဲ့ အကြီးမားဆုံး ကောင်းချီးတစ်ခုဖြစ်ပြီး၊ ကျွန်မဘဝကို တန်ဖိုးရှိစေတဲ့အရာပါပဲ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ကျိုးရှောင်အို၊ တရုတ်ပြည်၂၀၁၂ ခုနှစ်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို...
ချုံရှန်း၊ တရုတ်ပြည်ငယ်ငယ်လေးကတည်းက ကျွန်မဟာ အချစ်ဒရာမာဇာတ်ကားတွေ ကြည့်ရတာကို အမြဲတမ်း ကြိုက်နှစ်သက်ခဲ့ပြီး ဇာတ်လိုက်စုံတွဲတွေကြားက...
ကျင့်ရှင်၊ တရုတ်နိုင်ငံကျွန်မက ကိုးဆယ်ဖွားတစ်ယောက်ပါ၊ ပြီးတော့ အလယ်တန်းကျောင်းတက်တုန်းက အချစ်ဇာတ်လမ်းတွေကို ကျွန်မ စွဲလန်းခဲ့တယ်။...
လီရှင်းကျူး၊ တရုတ်ပြည်ကျွန်မ မှတ်မိသလောက်ဆိုရင် အဖေက စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး အမေကို ရိုက်နှက်တာ ခဏခဏ တွေ့ရတတ်တယ်။ ကျွန်မ အရွယ်ရောက်လာတော့...