ပြည့်စုံသည့် အိမ်ထောင်ရေးကို လိုက်စားခြင်းက ပျော်ရွှင်မှုကို ယူဆောင်လာပေးသလား။

06.06.2026

ရှောင်တဲ၊ တရုတ်ပြည်

၈ နှစ်လောက် အချင်းချင်း သိကျွမ်းပြီး ချစ်ကြိုက်ခဲ့ကြပြီးတဲ့နောက် ကျွန်မတို့ စေ့စပ်တော့မယ့်အချိန်မှာပဲ ကျွန်မ ရုတ်တရက် နေမကောင်းဖြစ်ပြီး ကလေးမမွေးနိုင်တော့တဲ့ အခြေအနေ ဖြစ်သွားတယ်။ အဲဒီအချိန်က ကျွန်မ လုံးဝကို စိတ်ဓာတ်ကျပြီး အသက်ဆက်ရှင်ဖို့ သတ္တိတွေ ပျောက်ဆုံးသွားခဲ့တယ်။ ကလေးမရနိုင်ဘူးဆိုတာကို ကျွန်မခင်ပွန်းရဲ့ မိသားစုက သိတော့ ကျွန်မနဲ့ လမ်းခွဲဖို့ သူ့ကို တိုက်တွန်းကြတယ်။ ဒါပေမဲ့ သူက မိသားစုရဲ့ တားဆီးမှုတွေကို ဂရုမစိုက်ဘဲ ကျွန်မကို ပြတ်ပြတ်သားသားပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ခင်ပွန်းရဲ့ ခိုင်မာတဲ့ သစ္စာရှိမှုက ကျွန်မရဲ့ ဘဝမျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေခဲ့လို့ သူ့ကို အရမ်းကျေးဇူးတင်ခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကလေးမမွေးပေးနိုင်တဲ့အတွက် အပြစ်ရှိသလို ခံစားရပြီး ခင်ပွန်းကို အကြွေးတင်နေတယ်လို့ အမြဲ ခံစားနေရတယ်။ ဒီလို ခက်ခက်ခဲခဲ ရလာတဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို သေသေချာချာ တန်ဖိုးထားရမယ်လို့ ကိုယ့်ဘာသာ တိတ်တဆိတ် ပြောမိတယ်။ လက်ထပ်ပြီးတဲ့နောက် ခင်ပွန်းသည် အလုပ်သွားလုပ်တဲ့အခါ စိတ်အေးလက်အေး ရှိစေဖို့ အိမ်မှုကိစ္စတွေကို သေသေချာချာ စီစဉ်ဆောင်ရွက်ပေးတယ်။ အရေးကြီးတဲ့ကိစ္စပဲဖြစ်ဖြစ်၊ အသေးအဖွဲကိစ္စပဲဖြစ်ဖြစ် သူ့ကိုပဲ အမြဲဦးစားပေးဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး ဆွေမျိုးသူငယ်ချင်းတွေရှေ့မှာလည်း သူ့ကို မျက်နှာပန်းလှအောင် နေပေးခဲ့တယ်။ ကျွန်မတို့ လက်ထပ်ပြီး နှစ်နှစ်လောက်အကြာမှာ ကျွန်မကို ကလေးမရနိုင်တာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ဘဝထဲမှာ မနေစေချင်လို့ ခင်ပွန်းက ကလေးတစ်ယောက် မွေးစားခဲ့တယ်။ ဒီကလေးကို မွေးစားပြီးတဲ့နောက် ကျွန်မတို့အိမ်လေးဟာ ပျော်ရွှင်ရယ်မောသံတွေနဲ့ ပြည့်နှက်သွားပြီး အရင်ကထက် ပိုနွေးထွေးလာတယ်လို့ ခံစားရတယ်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလမှာ ကျွန်မရဲ့ ဝမ်းကွဲတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော် ကျွန်မဆီ ဧဝံဂေလိတရား လာဟောတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ သြဇာအာဏာနဲ့ တန်ခိုးတွေ ပါရှိလို့ ကျွန်မ အတော်လေး ဆွဲဆောင်ခံခဲ့ရတယ်။ အဲဒီနောက်ပိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ခဏခဏ ဖတ်လေ့ရှိပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေအပေါ် ကျွန်မတို့ရဲ့ နားလည်မှုနဲ့ပတ်သက်ပြီး ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အလုပ်ဟာ လူသားတွေကို ကယ်တင်ဖို့ဖြစ်တယ်ဆိုတဲ့အကြောင်း၊ စာတန် အန္တရာယ်ပေးတာကို ခံရပြီး ဘုရားသခင်ရှေ့မှောက်ကို မရောက်လာသေးတဲ့ လူတွေ အများကြီးရှိသေးတဲ့အကြောင်း၊ အဲဒီလူတွေ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ သူတို့တွေကို ကိုယ်တော့်ရှေ့မှောက် ခေါ်ဆောင်လာရမှာက ကျွန်မတို့ရဲ့ တာဝန်နဲ့ ဝတ္တရားပဲဆိုတဲ့အကြောင်းတွေကို ကျွန်မ နားလည်လာတယ်။ ဒါကြောင့် ဧဝံဂေလိအလုပ်မှာ ကျွန်မလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်လာတယ်။ မကြာခင်မှာပဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် အသင်းတော်မှာ ကျွန်မ တာဝန်ထမ်းဆောင်ဖြစ်ခဲ့တယ်။ ကိုယ့်ဘာသာ တွေးမိတယ်၊ “ကျွန်မခင်ပွန်းကိုလည်း ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားအကြောင်း သက်သေခံပြီး ကျွန်မနဲ့အတူ ဘုရားသခင်ကို ယုံကြည်လာအောင် လုပ်နိုင်ရင် သိပ်ကောင်းမှာပဲ” လို့ပေါ့။ ဒါပေမဲ့ ကျွန်မပြောတာကို နားထောင်ပြီးတဲ့နောက်မှာ ခင်ပွန်းက မထီမဲ့မြင်နဲ့ ပြောတယ်၊ “ဒီလောကမှာ ဘုရားသခင်ဆိုတာ လုံးဝမရှိဘူး” တဲ့။ ပြီးတော့ သူက ရုပ်ဝါဒီတစ်ယောက်ဖြစ်တယ်လို့လည်း ထပ်ပြောသေးတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့နေရာမှာ ကျွန်မ အရမ်းစိတ်အားထက်သန်နေတာကို သူတွေ့တော့ သိချင်စိတ်နဲ့ အင်တာနက်ပေါ်မှာ သူ ရှာဖွေလေ့လာမှု နည်းနည်း လုပ်လိုက်တယ်။ အသင်းတော်ကို နာမည်ဖျက်ဖို့နဲ့ ဘုရားသခင်ကို ပြစ်မှားစော်ကားဖို့ စီစီပီက လုပ်ကြံဖန်တီးထားတဲ့ အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်တာတွေကို သူတွေ့သွားပြီး ကျွန်မကို စိုးရိမ်တကြီးနဲ့ မေးတယ်၊ “မင်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်နေတာလား။ အဲဒါဆိုရင် မင်း အဖမ်းခံရလိမ့်မယ်။ ဒါ့အပြင် အင်တာနက်မှာ ရေးထားတာက ဘုရားသခင်ကို ယုံကြည်တဲ့သူတွေဟာ သူတို့ရဲ့ မိသားစုနဲ့ အလုပ်ကို စွန့်လွှတ်ကြတယ်တဲ့။ အရူးလုပ်တာမခံနဲ့” တဲ့။ ပြီးတော့ သူက ပြောသေးတယ်၊ သူ ပြည်တွင်း လုံခြုံရေး ကာကွယ်စောင့်ရှောက်မှုဌာနကို သွားစုံစမ်းကြည့်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့သူရှိတဲ့ ဘယ်မိသားစုမဆို တခြားမိသားစုဝင်တွေက သတင်းပေးရမယ်လို့ ပြောလိုက်တဲ့အကြောင်း၊ သူတို့ရဲ့ ကလေးတွေဟာ နောင်တစ်ချိန်မှာ အစိုးရဝန်ထမ်းလုပ်ဖို့ ဒါမှမဟုတ် စစ်တပ်ထဲ ဝင်ဖို အခွင့်မရနိုင်တဲ့အကြောင်းနဲ့ မိသားစုဝင်အားလုံး အမှုပတ်နိုင်တဲ့အကြောင်း ဟိုက သူ့ကို ပြောလိုက်တယ်တဲ့။ ကျွန်မ ဆက်ယုံကြည်နေရင် အနှေးနဲ့အမြန် အဖမ်းခံရလိမ့်မယ်လို့လည်း သူက ပြောတယ်။ ခင်ပွန်းရဲ့ စကားတွေကို ကြားတော့ ကျွန်မ အရမ်းအံ့သြသွားတယ်။ ဘုရားသခင်ကို ယုံကြည်သူတွေကို သတင်းပေးဖို့ စီစီပီက မိသားစုဝင်တွေကိုတောင် အသုံးချနေတာ၊ ဒါဟာ တကယ်ကို ဆိုးညစ်တာပဲ။ ချက်ချင်းပဲ ကျွန်မ ခင်ပွန်းကို ပြန်ပြောလိုက်တယ်၊ “အင်တာနက်မှာ တွေ့တဲ့ ကောလာဟလတွေကို မယုံပါနဲ့၊ အဲဒါတွေအကုန်လုံးက စီစီပီက လုပ်ကြံဖန်တီးထားတာပါ။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ပေမဲ့ ကိုယ့်မိသားစုနဲ့ အလုပ်ကိုတော့ မစွန့်လွှတ်ပါဘူး” လို့ပေါ့။ သူက ကျွန်မကို လုံးဝမယုံဘဲ စီစီပီဘက်ကပဲ ဆက်ရပ်တည်နေခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်မှုအပေါ် ခင်ပွန်းက ဆန့်ကျင်နေတဲ့အတွက် သူ့ကွယ်ရာမှာပဲ တိတ်တဆိတ် ဆက်ယုံကြည်နေဖို့ကလွဲပြီး ကျွန်မမှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။

တစ်နှစ်ကြာတော့ ကျွန်မ ဘုရားသခင်ကို ဆက်ယုံကြည်နေတုန်းပဲဆိုတာကို ကျွန်မခင်ပွန်း သိသွားတယ်။ ကျွန်မ အဖမ်းခံရပြီး မိသားစုပါ အမှုပတ်သွားရင် သူ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်မှာကို သူက စိုးရိမ်နေခဲ့တယ်။ တစ်ခါကျတော့ သူက ရုတ်တရက် ဒူးထောက်ပြီး ဘုရားသခင်ကို ဆက်မယုံတော့ဖို့ ကျွန်မကို တောင်းပန်ပါလေရော။ ကျွန်မကို အဲဒီလို ဒူးထောက်ပြီး တောင်းပန်နေတဲ့ ခင်ပွန်းကို ကြည့်ပြီး ကျွန်မ တော်တော်လေး အံ့သြသွားတယ်။ ပုံမှန်ဆို သူက ယောကျာ်းတွေက ပိုသာတယ်ဆိုတဲ့ အချိုးမျိုး နေတတ်ပေမဲ့ အဲဒီနေ့က ဒူးထောက်ပြီး တောင်းပန်လိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူးလေ။ ကျွန်မတို့ မိသားစုအပေါ် သူ ဘယ်လောက်ဂရုစိုက်ပြီး ကျွန်မကို ဘယ်လောက်ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သလဲဆိုတာကို ကျွန်မ ပြန်တွေးမိရင်း စဉ်းစားမိတယ်၊ “သူ့စကားကိုသာ ကျွန်မ နားမထောင်ရင် အရင်ကလို ကျွန်မကို ဆက်ပြီး ကောင်းကောင်း ဆက်ဆံပါဦးမလား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ ခဏခဏ ရန်ဖြစ်ရတော့မလား။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဖြစ်တဲ့အထိများ ရောက်သွားမလား။ ဒါပေမဲ့ သူ့စကားနားထောင်ပြီး ဘုရားသခင်ကို ယုံကြည်တာကို စွန့်လွှတ်လိုက်ရင် ကယ်တင်ခြင်းရဖို့ ကျွန်မရဲ့ အခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ်” လို့ပေါ့။ ဒါတွေကို စဉ်းစားချိန်ဆရင်းနဲ့ ကျွန်မ နည်းနည်း အားနည်းသွားပြီး တွေးမိတယ်၊ “နောက်ဆိုရင် ငါ အပြင်ထွက်တာကို လျှော့လိုက်ရင် ကောင်းမယ်။ သူ သိပ်စိတ်မပူရအောင် စနေ၊ တနင်္ဂနွေတွေမှာ ငါ့ခင်ပွန်းနဲ့အတူ အိမ်မှာပဲ နေမယ်။ သူလည်း စီစီပီရဲ့ အထင်အမြင်မှားအောင် လုပ်တာကို ယာယီ ခံနေရတာ ဖြစ်နိုင်တယ်။ အခုလောလောဆယ် ငါနားလည်တဲ့ သမ္မာတရားတွေကလည်း ပေါ့တန်သေးတယ်။ နောင်ကျရင် သူ့ကို အချိန်ယူပြီး ဖြည်းဖြည်းချင်း ရှင်းပြမယ်ဆိုရင် သူ ငါ့ကို နားလည်လာမယ်လို့ ယုံကြည်တယ်။” လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာကို စွန့်လွှတ်သွားအောင်ဆိုပြီး အင်တာနက်ပေါ်က စီစီပီရဲ့ အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်စာတွေကို သူက တိတ်တဆိတ် ပရင့်ထုတ်ပြီး ကျွန်မ ဖတ်ဖို့ အိမ်ကို ယူလာခဲ့တယ်။ ကျွန်မက မဖတ်ဘူးလို့ ငြင်းပေမဲ့ သူက ကျွန်မကို ဆွဲခေါ်သွားပြီး အတင်းဖတ်ခိုင်းတယ်။ ကျွန်မ သူ့ကို အမှုမဲ့အမှတ်မဲ့ ကျောခိုင်းလိုက်မိတာ၊ အဲဒါက သူ့ကို ဒေါသထွက်သွားစေလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ သူက ကျွန်မရဲ့ ကော်လာကို ဆွဲကိုင်ပြီး ချောင်တစ်ချောင်ကို တွန်းထည့်လိုက်တယ်။ ပြီးတော့ အရူးအမူး ဒေါသထွက်နေတဲ့ပုံနဲ့ သူ့လက်နှစ်ဖက်နဲ့ ကျွန်မ လည်ပင်းကို ပြင်းပြင်းထန်ထန် ညှစ်ထားပါလေရော။ သူ့မျက်လုံးတွေထဲမှာလည်း ရန်လိုတဲ့ အကြည့်တွေ ရှိနေတယ်။ သူက ကျွန်မကို မလိုမုန်းထားတဲ့ပုံစံနဲ့ ပြောတယ်၊ “ဒီနေ့ မင်း အမှန်တရားကို မြင်ရမယ်။ မင်း အသိတရားရဖို့ လိုပြီ” လို့ပေါ့။ သူက ကျွန်မကို ခပ်ကြမ်းကြမ်း ညှစ်ထားတော့ ကျွန်မ အသက်ရှူရတာ နည်းနည်း ခက်လာတယ်။ အချိန်အတော်ကြာမှပဲ သူက နောက်ဆုံးမှာ လွှတ်ပေးလိုက်တယ်။ ခင်ပွန်းလုပ်ခဲ့တဲ့ လုပ်ရပ်ကို မြင်ပြီး ကျွန်မ မှင်တက်သွားတယ်။ သူ့ကို သိလာတဲ့ တစ်လျှောက်လုံး ကျွန်မအပေါ် သူ တစ်ခါမှ လက်ပါဖူးတာ မရှိဘူးလေ။ အခုတော့ ဘုရားသခင်ကို ကျွန်မရဲ့ ယုံကြည်မှုကြောင့် ကျွန်မအပေါ် အကြမ်းဖက်လာပြီ။ ကျွန်မ အရမ်းကို ထိခိုက်နစ်နာတယ်လို့ ခံစားရပြီး မျက်ရည်တွေလည်း ကျလာတယ်။ ကိုယ့်ဘာသာ တွေးမိတယ်၊ “ရှေ့ဆက်ပြီး ငါ ဘယ်လိုလုပ်ရမလဲ။ ငါ ဘုရားသခင်ကို ဆက်ယုံကြည်ပြီး ငါ့တာဝန်ကို ဆက်ထမ်းဆောင်နေရင် ခင်ပွန်းက အရင်က သူဆက်ဆံခဲ့သလိုမျိုး ငါ့ကို ကောင်းကောင်း ဆက်ဆံတော့မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ငါတို့ မိသားစုက ဘယ်လောက်ကြာကြာ တည်မြဲနိုင်မှာလဲ။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်တာကို ငါ စွန့်လွှတ်လိုက်ရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ်။ ဘုရားသခင်က သမ္မာတရားဖော်ပြဖို့နဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိခံယူတာဟာ ငါ လက်လွတ်ခံလို့မရတဲ့ ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုပဲ” လို့ပေါ့။ ကျွန်မ အရမ်းကို လွန်ဆွဲနေရပြီး စိတ်ဆင်းရဲနေခဲ့တယ်။ ဘာလုပ်ရမှန်းလည်း မသိတော့ဘူး။ ဒါနဲ့ ကျွန်မ ဘုရားသခင်ရှေ့မှောက်သွားပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းကို သေးငယ်ပါတယ်။ ဒီလို အခြေအနေတွေကြားမှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက ငါသည် ဤလူစု၊ အတိအကျဆိုရသော် ယနေ့ သင်တို့ကို၊ စတင် ခွဲခန့်မှတ်သားကာ ရွေးကောက်ပြီး ဖြစ်သည်။ သင်တို့၏ ပင်ကိုစရိုက်၊ အစွမ်းအစ၊ သွင်ပြင်နှင့် ဝိညာဉ်အသက်တာ၊ သင်မွေးဖွားခဲ့သော သင်၏မိသားစု၊ သင်၏ အလုပ်နှင့် သင်၏ အိမ်ထောင်၊ သင်၏ဆံပင်အရောင်နှင့် အသားအရောင်၊ ပြီးလျှင် သင်မွေးဖွားသည့်အချိန်တို့ပင် အပါအဝင် သင်၏ အလုံးစုံထဲက သင် အားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားခဲ့ပေသည်။ ယနေ့ သင်တို့ကို ငါ့မျက်မှောက်တော် ထဲသို့ ခေါ်ဆောင်လာခြင်းသည် အမှန်တကယ် ငါ၏ အစီအစဉ်အားဖြင့် ဖြစ်သည်ကို မဆိုထားနှင့်ဦး၊ နေ့ရက်စဉ်တိုင်း သင်တို့လုပ်ဆောင်သော အရာများနှင့် သင်တို့ တွေ့ဆုံသောလူများကိုပင် ငါ၏လက်ဖြင့် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ကစဉ့်ကလျားဖြစ်ခြင်းထဲသို့ ခြေစုံပစ်မဝင်နှင့်။ တည်ငြိမ်စွာ သင် ရှေ့ဆက်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၄)) လူသားရဲ့ ကံကြမ္မာဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်မကို သဘောပေါက်စေခဲ့တယ်။ လူတစ်ယောက်ရဲ့ အလုပ်၊ အိမ်ထောင်ရေးနဲ့ မိသားစုဆိုတာတွေ အားလုံးက ဘုရားသခင်က ဟိုးအရင်ကတည်းက အမိန့်နဲ့ ပြဋ္ဌာန်းထားတာပါ။ ကျွန်မရဲ့ မိသားစု ပြိုကွဲမလား၊ မပြိုကွဲဘူးလားဆိုတာကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုအောက်မှာပဲ ရှိပါတယ်။ ခင်ပွန်းက ကျွန်မကို ကွာရှင်းမလား၊ မကွာရှင်းဘူးလား ဆိုတာကိုလည်း ကျွန်မ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ ကျွန်မအနေနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်ပါတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးလည်း နည်းနည်း တည်ငြိမ်သွားတယ်။

အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ ဘာသာတရားမရှိသော ဆွေမျိုးများနှင့်ကြုံလျှင် စည်းမျဉ်းရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်စွမ်းအားကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို သင် အမှီပြုရမည်ဖြစ်ပြီး စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အောင်မြင်ခွင့် မပေးနှင့်။ သင်၏ စိတ်နှလုံးကို ငါ့ရှေ့မှောက်၌ ထားရှိရန် သင်၏ စွမ်းအားရှိသမျှကို အသုံးပြုလော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်၍ သင်၏ စိတ်နှလုံးအား ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပေးမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်းနဲ့၊ ကိုယ့်ရဲ့ ချစ်ခင်တွယ်တာမှုကြောင့် စာတန်ရဲ့ ကောက်ကျစ်တဲ့ ပရိယာယ်ထဲကို ကျွန်မ ကျရောက်လုနီးပါး ဖြစ်ခဲ့မှန်း သဘောပေါက်သွားတယ်။ တရုတ်ကွန်မြူနစ်ပါတီက အသင်းတော်ကို နာမည်ဖျက်ဖို့ အင်တာနက်ပေါ်မှာ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ဖြန့်တယ်။ ပြီးတော့ ဘာသာတရားမရှိတဲ့ ဆွေမျိုးတွေကို အထင်အမြင်မှားအောင် လုပ်ပြီး ကျွန်မတို့ကို ဟန့်တားဖို့နဲ့ နှိပ်ကွပ်ဖို့ သူတို့ကို အသုံးချတယ်။ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ကို ဘုရားသခင်နဲ့ ဝေးကွာသွားစေဖို့နဲ့ ဘုရားသခင်ကို သစ္စာဖောက်သွားစေဖို့ပဲ။ အစပိုင်းတုန်းကတော့ ကျွန်မရဲ့ ယုံကြည်မှုအတွက် ခင်ပွန်းက ကျွန်မကို မနှိပ်ကွပ်ခဲ့ပါဘူး။ ဒါပေမဲ့ အင်တာနက်ပေါ်က အဲဒီ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို မြင်ပြီးတဲ့နောက်မှာတော့ သူက အတိုက်အခံတွေ လုပ်တာတွေ၊ နှိပ်ကွပ်တာတွေကို တတ်နိုင်သမျှ လုပ်တော့တာပဲ။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာကို လက်လျှော့သွားအောင်လို့ နည်းလမ်းပေါင်းစုံကို သုံးခဲ့တယ်။ သူက စာတန်အတွက် ကိရိယာတန်ဆာပလာလို ပြုမူခဲ့တယ်။ ခင်ပွန်း နှိပ်ကွပ်တာကြောင့်သာ ဘုရားသခင်ကို ယုံကြည်တာနဲ့ တာဝန်ထမ်းဆောင်တာကို ကျွန်မ စွန့်လွှတ်လိုက်ရင် စာတန်ရဲ့ ကောက်ကျစ်တဲ့ ပရိယာယ်ထဲကို ကျရောက်သွားတဲ့သဘောဖြစ်မှာ မဟုတ်ဘူးလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည် “ဘာသာတရားမရှိသော ဆွေမျိုးများနှင့်ကြုံလျှင် စည်းမျဉ်းရှိရမည်။” နေ့စဉ်ဘဝကိစ္စတွေမှာတော့ ခင်ပွန်းစကားကို ကျွန်မ နားထောင်လို့ ရပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်တဲ့ကိစ္စနဲ့ ပတ်သက်လာရင်တော့ ကျွန်မမှာ ကိုယ်ပိုင် ရပ်တည်ချက်ရှိရမယ်၊ ပြီးတော့ စည်းမျဉ်းတွေကို လိုက်နာစောင့်ထိန်းရမယ်။ သူ နှိပ်ကွပ်တာနဲ့ ဘုရားသခင်ကို ယုံကြည်တာကို ကျွန်မ စွန့်လွှတ်လို့ မရဘူး။ ဒါကို ကျွန်မ အမြော်အမြင်နဲ့ ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်ခဲ့တယ်။ အဲဒီနောက်မှာတော့ အပိုဝင်ငွေနည်းနည်းရအောင် စာသင်နေတယ်လို့ ခင်ပွန်းကို အကြောင်းပြပြီး ညပိုင်းတွေမှာ ကျွန်မ စပြီး တာဝန်ထမ်းဆောင်ဖြစ်တယ်။ နေ့လယ်ပိုင်းမှာတော့ ပုံမှန်အတိုင်း အလုပ်သွားတာပေါ့။ ကိစ္စတွေက အဲဒီလိုပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အချိန်တစ်ခုအထိ ရှေ့ဆက်သွားခဲ့ပြီး၊ ဘုရားသခင်ကို ကျွန်မရဲ့ ယုံကြည်မှုနဲ့ပတ်သက်လို့ ခင်ပွန်းက ကျွန်မနဲ့ ရန်မဖြစ်ခဲ့ဘူး။ အချိန်နည်းနည်း ကြာလာတဲ့အခါမှာတော့ ခင်ပွန်းက သံသယဝင်လာတယ်။ သူက ကျွန်မကို တိတ်တဆိတ် စပြီးနောက်ယောင်ခံလိုက်တော့တာပဲ၊ ကျွန်မရဲ့ အိတ်ကိုလည်း ခဏခဏ မွှေနှောက်ရှာဖွေတယ်။ ဗီရိုထဲမှာ ကျွန်မ ဖွက်ထားတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေနဲ့ ဝတ်ပြုခြင်းကနေ မှတ်သားထားတဲ့ မှတ်စုတွေကို သူ ရှာတွေ့သွားတယ်။ ပြီးတော့ ကျွန်မကို လက်ညိုးထိုးပြီး ဒေါသတကြီးနဲ့ ပြောတယ်၊ “မင်းက ခေါင်းမာတဲ့လူပဲ၊ ကောင်းပြီလေ။ မင်းရဲ့ ဒီစာအုပ်တွေအကုန်လုံးကို ငါမီးရှို့ပစ်မယ်၊ အဲဒီကျရင် မင်း ဘယ်လိုဆက်ယုံမလဲ ကြည့်ကြသေးတာပေါ့” တဲ့။ သူ တကယ်မီးရှို့ပစ်မှာကို ကျွန်မ ကြောက်တာနဲ့ သူ အိမ်မှာမရှိတဲ့အချိန်မှာ အဲဒါတွေကို လုံခြုံအောင် ညီအစ်မတစ်ယောက်ရဲ့ အိမ်ကို တိတ်တဆိတ် ယူသွားပြီး သိမ်းထားလိုက်တယ်။ ခင်ပွန်းရဲ့ နှိပ်ကွပ်မှုကြောင့် အိမ်မှာ ပုံမှန် ဝတ်ပြုတာတွေ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တာတွေ လုပ်လို့မရတော့ဘူး။ ဒါကြောင့် ကျွန်မ ကိုယ်ပိုင် အခန်းလေးတစ်ခန်း ငှားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး။ နေ့တိုင်း အိမ်မပြန်ခင် အဲဒီငှားထားတဲ့ အခန်းလေးထဲမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။

၂၀၁၂ ခုနှစ် မေလမှာ ခင်ပွန်းက ဘုရားသခင်ကို ယုံကြည်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သိရအောင် ကာကွယ်ရေးဌာနကို သွားခဲ့ဖူးတဲ့အတွက် အဲဒီဌာနက လူတစ်ယောက်က သူ့ကို စပြီး စောင့်ကြည့်လာတယ်။ အဲဒီလူက စိတ်ပူလို့ သတင်းမေးသယောင်ယောင်နဲ့ WeChat ကနေ ခင်ပွန်းကို ဆက်သွယ်လေ့ရှိပြီး ကျွန်မ ဘယ်မှာ အလုပ်လုပ်သလဲဆိုတာကို မေးတယ်။ ကျွန်မက စီစီပီရဲ့ နောက်ယောင်ခံလိုက်တာကို နှစ်လကျော်လောက် ခံရပြီးနောက်မှာ စုဝေးပွဲတစ်ခုမှာ အဖမ်းခံခဲ့ရတယ်။ ပြန်လွတ်လာပြီးတဲ့နောက်၊ ရဲတွေက ကျွန်မကို နောက်ယောင်ခံလိုက်နေရင် ညီအစ်ကို မောင်နှမတွေအတွက် ပြဿနာဖြစ်သွားမှာကို စိုးရိမ်လို့ လောလောဆယ် စုဝေးပွဲတွေ တက်တာကို ရပ်ထားလိုက်တယ်။ ပြီးတော့ ခင်ပွန်း အိမ်မှာမရှိတဲ့အချိန်မှပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တိတ်တဆိတ် ဖတ်လေ့ရှိတယ်။ တစ်နေ့တော့ ကျွန်မ ဘုရားသခင်ကို ဆက်ယုံကြည်နေတုန်းပဲဆိုတာကို ခင်ပွန်းက သိသွားပြီး၊ ကျွန်မကို လေးနက်တဲ့ လေသံနဲ့ မေးတယ်၊ “မင်း မယုံဘဲ နေလို့မရဘူးလား။ ဘုရားသခင်ကို မင်း ဆက်ယုံကြည်ပြီး ထပ်အဖမ်းခံရရင် အဲဒါက ငါ့ရဲ့ ဂုဏ်သတင်းကို ဘာဖြစ်မလဲဆိုတာ မင်း သိလား။ ငါ့ခံစားချက်တွေကို မင်း ထည့်စဉ်းစားဖူးလား၊ ဒါမှမဟုတ် ငါတို့ကလေးရဲ့ အနာဂတ်ကိုရော စဉ်းစားဖူးလား။ ငါတို့ သုံးယောက်သား အတော်လေး ကောင်းကောင်းမွန်မွန် နေနေရတာ မဟုတ်ဘူးလား။ မင်း မပျော်ဘူးဆိုရင် ငါတို့ ခရီးသွားကြမယ်လေ။ မင်းအတွက် ကားလေးတစ်စီးလည်း ဝယ်ပေးနိုင်တယ်။ မင်း လိုချင်တာရှိရင် ငါ ဖြစ်အောင် လုပ်ပေးမယ်။ ဘာလို့ ဒီယုံကြည်မှု လမ်းကြောင်းနောက်ကိုပဲမလျှော့တမ်း လိုက်နေရတာလဲ” တဲ့။ အဲဒီအချိန်မှာ ကျွန်မ နည်းနည်း စုံစမ်းသွေးဆောင်ခံရပြီး အားနည်းသွားတယ်။ မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် နေရတာက တော်တော်လေး ကောင်းတဲ့ပုံပဲလို့ တွေးမိပြီး ခင်ပွန်းရဲ့ အဆိုပြုချက်ကို သဘောတူလိုက်ချင်စိတ် ပေါ်လာတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်တာကို လက်လျှော့ဖို့ တွေးလိုက်တော့ အရမ်းကို ဝမ်းနည်းသွားတယ်။ ဒါနဲ့ ကျွန်မ ချက်ချင်းပဲ ဘုရားသခင်ကို ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး ကိုယ်တော့်ကို ယုံကြည်ချင်တယ်၊ သမီးရဲ့ တာဝန်ကိုလည်း ထမ်းဆောင်ချင်တယ်။ ဒါပေမဲ့ သမီးရဲ့ မိသားစု ပြိုကွဲသွားတာကိုတော့ မလိုလားပါဘူး။ စာတန်ဆီကလာတဲ့ ဒီစုံစမ်းသွေးဆောင်ခြင်းကို သမီး ကျော်လွှားနိုင်ဖို့ ယုံကြည်ခြင်းနဲ့ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံဖို့ စိတ်ပိုင်းဖြတ်မှုကို သမီးကို ပေးသနားတော်မူပါ” လို့ပေါ့။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သတိရသွားတယ်။ “ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ်မှာ သူက စာတန်နှင့် တိုက်ပွဲဆင်နွှဲသည့်အခါ သင်သည် ဘုရားသခင်၏ဘက်မှာ ရပ်တည်နေနိုင်ပြီး စာတန်ဘက်ကို လှည့်မသွားဘူးဆိုလျှင် သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိမှာဖြစ်ပြီး သင်၏ သက်သေခံခြင်းမှာ ခိုင်မာစွာ ရပ်တည်နိုင်မှာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ဘက်မှာ ကျွန်မ ရပ်တည်ပြီး စာတန်ကို အရှက်ခွဲရမယ်။ ကျွန်မ ထပ်ပြီး အဖမ်းခံရရင် သူ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်ပြီး ဆွေမျိုးသူငယ်ချင်းတွေရှေ့မှာ မျက်နှာပြဖို့ကို အရှက်ရလိမ့်မယ်လို့ ခင်ပွန်းက စိုးရိမ်နေတယ်။ ဒါကြောင့် ဘုရားသခင်ကို သစ္စာဖောက်သွားအောင် ကျွန်မကို ရုပ်ဝတ္ထုဆိုင်ရာ စည်းစိမ်တွေနဲ့ သွေးဆောင်ဖြားယောင်းခဲ့တာပဲ။ ကျွန်မက ပိုင်းခြားသိမြင်နိုင်တာမျိုး မရှိဘဲ စုံစမ်းသွေးဆောင်ခံခဲ့ရတယ်၊ ခင်ပွန်းကို ကျေနပ်စေဖို့နဲ့ ဇာတိပကတိဆိုင်ရာ မိသားစု ပျော်ရွှင်မှုကို လိုက်စားဖို့တောင် ဆန္ဒရှိခဲ့တယ်။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက တကယ်ကို သေးငယ်လွန်းပါတယ်။ ကျွန်မ အဖမ်းမခံရခင်တုန်းကဆိုရင် ဘုရားသခင်ကို ကျွန်မရဲ့ ယုံကြည်မှုကို စွန့်လွှတ်သွားအောင်လို့ ခင်ပွန်းက ကျွန်မကို စောင့်ကြည့်ပြီး နောက်ယောင်ခံလိုက်ဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကိုတောင် မီးရှို့ပစ်ချင်ခဲ့တာကို ပြန်တွေးမိတယ်။ ခင်ပွန်းက ကျွန်မအပေါ် တကယ် ကောင်းနေတာ မဟုတ်ဘူး၊ ကျွန်မရဲ့ ယုံကြည်မှုကို စွန့်လွှတ်သွားအောင် ဒီရုပ်ဝတ္တုဆိုင်ရာ အကျိုးခံစားခွင့်တွေပေးနေတာဆိုတာကို ကျွန်မ မြင်လိုက်ရတယ်။ စာတန်ရဲ့ ကောက်ကျစ်တဲ့ ပရိယာယ်ကို ကျွန်မ ယုံစားလို့ မဖြစ်ဘူး။ ဒါကြောင့် ကျွန်မ ခင်ပွန်းကို ပြောလိုက်တယ်၊ “လူဆိုတာ ဘုရားသခင် ဖန်ဆင်းထားတာလေ၊ ဒါကြောင့် ဘုရားသခင်ကို ကိုးကွယ်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်” လို့ပေါ့။ ခင်ပွန်းက မထီမဲ့မြင်နဲ့ ပြန်ပြောတယ်၊ “လူကို ဘုရားသခင် ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆက လူကိုယ်တိုင် ရေးထားတဲ့ သမ္မာကျမ်းစာထဲကလာတာ။ ဒါကို မင်းက ယုံနေသေးတယ်။ မင်းက တကယ်ကို ရိုးအလွန်းတာပဲ” တဲ့။ သူ့စကားကို ကြားတော့ ဘုရားသခင်ကို ယုံကြည်တာနဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အမြင်တွေက ညှိနှိုင်းလို့ မရနိုင်တော့ဘူးဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မတို့ဟာ မတူညီတဲ့ လမ်းကြောင်းနှစ်ခုပေါ်မှာ လျှောက်လှမ်းနေကြတာဖြစ်ပြီး ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက အနှေးနဲ့အမြန် အဆုံးသတ်ရတော့မှာပဲလေ။ ဒါကို တွေးမိတော့ ကျွန်မ ရင်ထဲမှာ နာကျင်မှုတွေ ပြည့်နှက်သွားတယ်။ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါတို့ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ တကယ်ကို အများကြီး ဖြတ်သန်းခဲ့ရတာ။ အစပိုင်းတုန်းက ငါ့ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်ဖို့ ခင်ပွန်းရဲ့ စွဲမြဲတဲ့ သစ္စာရှိမှုက ကူညီပေးခဲ့တယ်။ ဒီအိမ်ထောင်ရေးကိုသာ ငါ ဆုံးရှုံးလိုက်ရရင် နောင်ကျရင် ငါ ဘယ်လိုဆက်ပြီး အသက်ရှင်ရမလဲ” လို့ပေါ့။ ခင်ပွန်းနဲ့ ကလေးအပေါ် အကြွေးတင်နေသလို ခံစားနေရတုန်းပဲ။ ဒါပေမဲ့ ပြီးတော့ ကျွန်မ ထပ်တွေးမိတယ်၊ “ဘုရားသခင်ဟာ လူသားအသက်ရဲ့ အရင်းအမြစ်ပဲ။ ဘုရားသခင် မရှိတာဟာ အသက်မရှိတာနဲ့ အတူတူပဲ။ ခင်ပွန်းစကားကို နားထောင်ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘူး၊ သူ့ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တာတွေ မလုပ်တော့ဘူးဆိုရင်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ငါ စွန့်ပစ်လိုက်ပြီး စာတန်ရဲ့ အာဏာအောက်မှာ ဆက်အသက်ရှင်နေခဲ့ပြီးဖြစ်မှာပဲ။ အဲဒီအခါကျရင် ငါဟာ လမ်းလျှောက်နေတဲ့ အလောင်းကောင်လို အသက်ရှင်နေရတာ မဟုတ်ဘူးလား။ ဘုရားသခင်ကို ယုံကြည်တာကို ငါ စွန့်လွှတ်လို့ မရဘူး” လို့ပေါ့။ ဒါကြောင့် ဘုရားသခင်ကို ကျွန်မ ဆုတောင်းလိုက်ပြီး ကျွန်မရဲ့ ရှေ့လျှောက် လမ်းကြောင်းကို လမ်းပြပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့တယ်။

အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “‘မြင့်မြတ်သော အမျိုးသားရေးဝါဒ စိတ်ဓာတ်’ ၏ နှစ်ထောင်ပေါင်းများစွာမှတစ်ဆင့် လူ့စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ ကျန်ရစ်ခဲ့သော အဆိပ်အတောက်များနှင့် မြေရှင်ပဒေသရာဇ်စနစ်ဆန်သော အတွေးအခေါ်တို့သည် လူတို့ကို ချည်နှောင်ပြီး သံကြိုးခတ်ထားသည်။ လူတို့ကို စိုးစဉ်းမျှ လွတ်လပ်ခွင့်မရှိ ဖြစ်သွားစေသည်၊ ရည်မှန်းချက်နှင့် ဇွဲလုံ့လကင်းမဲ့ကာ တိုးတက်လိုစိတ်လည်း မရှိဖြစ်သွားစေသည်။ ထိုအစား အပျက်သဘောဆောင်၍ နောက်ပြန်ဆုတ်ကာ ကျွန်စိတ်ဓာတ်တွင် နစ်မြုပ်သွားစေသည်။ ဤဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများသည် လူသားမျိုးနွယ်၏ အတွေးအခေါ်ပိုင်းဆိုင်ရာ ရှုမြင်ပုံ၊ ရည်သန်မျှော်မှန်းချက်များ၊ ကိုယ်ကျင့်တရားနှင့် စိတ်သဘောထားတို့အပေါ် ဖျောက်ဖျက်၍မရသော ညစ်ပတ်ပြီး ရုပ်ဆိုးသည့် အမည်းစက်ကို ထင်စေခဲ့သည်။ လူသားများသည် အကြမ်းဖက်မှု၏ အမှောင်လောကတွင် နေထိုင်နေကြပုံရပြီး ၎င်းတို့ထဲမှ မည်သူမျှ ယင်းကို ကျော်လွှားရန် မစဉ်းစားသကဲ့သို့ စံပြကမ္ဘာတစ်ခုသို့ ကူးပြောင်းရန်လည်း မစဉ်းစားကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ ဘဝကံကြမ္မာအပေါ် စိတ်ကျေနပ်မှုဖြင့် နေ့ရက်များကို ကုန်ဆုံးကြသည်၊ ကလေးများ မွေးဖွားပြီး ပြုစုပျိုးထောင်ခြင်းကိုလည်းကောင်း၊ ကြိုးစားခြင်းကိုလည်းကောင်း၊ ချွေးထွက်ခြင်းကိုလည်းကောင်း၊ မိမိတို့၏ အလုပ်ကို လုပ်ကိုင်ခြင်းကိုလည်းကောင်း၊ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်သော မိသားစု၊ အိမ်ထောင်ရေး ချစ်ခင်တွယ်တာမှု၊ သို့မဟုတ် သားသမီးဝတ်ကျေပွန်သော သားသမီးများ၊ ဘဝနေဝင်ချိန်၌ သာယာချမ်းမြေ့မှုနှင့် မိမိတို့၏ ဘဝကို အေးချမ်းစွာ နေထိုင်ကုန်ဆုံးမှုတို့ကိုလည်းကောင်း ရှိခြင်းအား အိပ်မက်မက်ကြသည်...နှစ်ပေါင်း ထောင်သောင်းချီ၍ လူတို့သည် ဤနည်းလမ်းဖြင့် မိမိတို့၏ အချိန်ကို ဖြုန်းတီးနေခဲ့ကြပြီး မည်သူမျှ လူ့ဘဝတစ်ခုလုံးထဲတွင် အခမ်းနားဆုံးသော ဘဝကို မဖန်တီးဘဲ ဤအမှောင်လောကတွင် အချင်းချင်း သတ်ဖြတ်ခြင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ကောက်ကျစ်စဉ်းလဲခြင်းတို့ကိုသာ ရည်ရွယ်လုပ်ဆောင်နေကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သူက ရှာဖွေခဲ့ဖူးသနည်း။ ဘုရားသခင်၏ အလုပ်ကို မည်သူက အလေးထားခဲ့ဖူးသနည်း။ အမှောင်၏ စွမ်းအား သက်ရောက်နေသော လူတို့၏ အစိတ်အပိုင်းအလုံးစုံသည် လူ့သဘာဝ ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ဘုရားသခင်၏ အလုပ်ကို ဆောင်ရွက်ရန် အတော်အတန် ခက်ခဲပြီး လူတို့သည် ယနေ့ ဘုရားသခင်က ၎င်းတို့အား အပ်နှံထားသည့်အရာအပေါ် အလေးမမူကြတော့ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြထားတဲ့အရာကနေ ကျွန်မရဲ့ စိတ်ဆင်းရဲရတဲ့ ဇာစ်မြစ်ကို တွေ့ရှိခဲ့တယ်။ “လင်နဲ့မယား လက်ထပ်ပြီးရင် သံယောဇဉ် နက်ရှိုင်းတယ်”၊ “အတူတကွ လက်တွဲပြီး ကြီးပြင်းခြင်း”၊ ပြီးတော့ “ဇနီးကောင်း၊ မိခင်ကောင်း တစ်ယောက်ဖြစ်ခြင်း” ဆိုတာလိုမျိုး ရိုးရာအယူအဆတွေရဲ့ ချည်နှောင်ခံရပြီး ဘောင်ခတ်ခံရတဲ့အတွက်၊ လင်မယားအချစ် ရှိပြီး သားသမီးဝတ်ကျေတာ၊ ကိုယ့်ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းရတာဟာ ပျော်ရွှင်မှုဆိုတဲ့ အဓိပ္ပာယ်ပဲလို့ ကျွန်မ ယုံကြည်ခဲ့တာပါ။ ခင်ပွန်းက ဘုရားသခင်ကို ယုံကြည်ဖို့ ငြင်းဆန်တဲ့အပြင် ကျွန်မကိုတောင် ဆန့်ကျင်ပြီး နှိပ်ကွပ်လာတဲ့အခါ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြဲတမ်း ရန်ဖြစ်ရတဲ့အခါ၊ ကျွန်မတို့ရဲ့ အချစ်တွေ ပြိုကွဲသွားပြီး ဒီလှပတဲ့ အိမ်ထောင်ရေးကို ဆုံးရှုံးရမှာကို ကျွန်မ ကြောက်လာတယ်။ ဒါကြောင့် ဒါကို ကျွန်မ အစွမ်းကုန် ကာကွယ်ထိန်းသိမ်းချင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ကို ကျွန်မ မယုံကြည်ခင်က ခင်ပွန်းက ကျွန်မအပေါ် ကောင်းခဲ့ပေမဲ့၊ ကျွန်မတို့ မိသားစုက အတော်လေး စည်းလုံးပြီး အပြင်ပန်းမှာ အိမ်ထောင်ရေးက သဟဇာတဖြစ်နေပေမဲ့လည်း၊ နေ့တိုင်း အိမ်တွင်းရေး အသေးအဖွဲကိစ္စတွေကလွဲပြီး ဘာမှမရှိခဲ့ဘူးလေ။ အဲဒါက ကျွန်မရဲ့ ရင်ထဲမှာ လစ်ဟာနေတဲ့ ခံစားချက်မျိုးကို ခဏခဏ ဖြစ်စေတယ်။ တကယ်တမ်းကျတော့ အဲဒါက စစ်မှန်တဲ့ ပျော်ရွှင်မှု မဟုတ်ပါဘူး။ အခု ကျွန်မတို့ မိသားစုကို ကာကွယ်ထိန်းသိမ်းထားလို့ ကျွန်မရဲ့ ဇာတိပကတိက ကျေနပ်သွားရင်တောင်၊ ခင်ပွန်းက ဘုရားသခင်ကို မယုံကြည်ဘဲ လောကီသားတစ်ယောက်ရဲ့ လမ်းကြောင်းအတိုင်း လိုက်နေတဲ့အတွက်၊ အပြင်ပန်းကြည့်ရင်တော့ ကျွန်မတို့က တစ်သားတည်းကျနေပုံရပေမဲ့ စိတ်ဝမ်းကွဲနေတယ်။ ကျွန်မတို့မှာ စိတ်တူကိုယ်တူ မရှိဘူးဆိုတော့ ပျော်ရွှင်မှုဆိုတာ ဝေလာဝေးပေါ့။ ကျွန်မသိတဲ့ မိသားစုတွေကို ကြည့်လိုက်ရင် အများစုက အပြင်ပန်းမှာ ပျော်ရွှင်ပြီး သာယာနေပုံရပေမဲ့ သူတို့ရဲ့ အတွင်းစိတ်ထဲက လစ်ဟာမှုကနေတော့ ရုန်းမထွက်နိုင်ကြဘူး။ ဥပမာ၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုရင်၊ ကားရှိတယ်၊ အိမ်ရှိတယ်၊ လှပတဲ့ သမီးလေးရှိတယ်၊ ပြည့်စုံလုံလောက်တဲ့ ရုပ်ဝတ္ထုဆိုင်ရာဘဝနဲ့ ကောင်းမွန်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပုံရပေမဲ့၊ လုံးဝ မပျော်ရွှင်တဲ့အပြင် ခင်ပွန်းဖြစ်သူက အပြင်မှာ အလုပ်ကိစ္စတွေနဲ့ သွားတဲ့အခါ ဖောက်ပြန်မှာကို ခဏခဏ စိုးရိမ်နေရတယ်။ နုပျိုနေသေးတယ်လို့ ထင်ရအောင်၊ သူ့ရဲ့ ကျန်းမာရေးနဲ့ အလှအပကို ထိန်းသိမ်းဖို့ အချိန်တွေ အများကြီး ပေးရတယ်၊ ပြီးတော့ သူ့ခင်ပွန်းနောက်ကိုတောင် တကောက်ကောက် လိုက်နေရသေးတယ်။ သူ့ဘဝက အရမ်းကို ပင်ပန်းတယ်ဆိုပြီး ကျွန်မကို ခဏခဏ ညည်းပြလေ့ရှိတယ်။ ဒီအချက်က ကျွန်မကို တစ်ခု သဘောပေါက်စေတယ်၊ လူတွေဟာ သူတို့ရဲ့ ရုပ်ဝတ္ထုဆိုင်ရာဘဝကို ဘယ်လောက်ပဲ ပျော်မွေ့နေပါစေ အဲဒါက သူတို့စိတ်နှလုံးထဲက လစ်ဟာမှုကိုတော့ မဖြေရှင်းပေးနိုင်ဘူး။ သူတို့ရဲ့ မိသားစုက ဘယ်လောက်ပဲ သဟဇာတဖြစ်နေပါစေ၊ သူတို့ရဲ့ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေကိုတော့ မဖြည့်ဆည်းပေးနိုင်ဘူး။ လူတွေက ဘုရားသခင်ကို မယုံကြည်ဘူးဆိုရင်၊ သူတို့မှာ ဇာတိပကတိဆိုင်ရာ သာယာမှုတွေ ဘယ်လောက်ပဲရှိရှိ၊ ဒါတွေအကုန်လုံးက ယာယီပါပဲ။ ကြီးမားတဲ့ ကပ်ဘေးတွေ ကျွန်မတို့ဆီ ကျရောက်လာတဲ့အခါ၊ အဲဒီလူတွေဟာ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကို မရရှိဘဲ အားလုံး ဖျက်ဆီးခံရလိမ့်မယ်။ ဘာသာတရားမရှိတဲ့သူတစ်ယောက်ရဲ့ လမ်းကြောင်းကို လိုက်ဖို့ ကျွန်မ ရွေးချယ်ခဲ့ရင် အိမ်ထောင်ရေး ချစ်ခြင်းမေတ္တာနဲ့ မိသားစု ပျော်ရွှင်မှုကို လိုက်စားဖို့၊ ခဏတာ ဇာတိပကတိဆိုင်ရာ သာယာမှုတွေကို ဖြည့်ဆည်းဖို့အတွက် ဘုရားသခင်ကို ယုံကြည်တာကို စွန့်လွှတ်ပြီး၊ နောက်ဆုံးမှာ ဘေးအန္တရာယ်ထဲ ကျရောက်ပြီး အပြစ်ဒဏ်ပေးခံရလိမ့်မယ်။ လူဆိုတာ ဘုရားသခင် ဖန်ဆင်းထားတာဖြစ်ပြီး၊ ဖန်ဆင်းရှင်ဆီကို ပြန်လှည့်လာပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်မှသာ သူ့ရဲ့ ဘဝက တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိနိုင်မှာပါ။ သခင်ယေရှုရဲ့ ခေါ်သံကို ကြားတဲ့အခါ ကိုယ်တော့်နောက်ကို လိုက်ဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့တဲ့ ပေတရုကိုပဲ ဥပမာအနေနဲ့ ကြည့်ပါ။ နောက်ဆုံးမှာ သူဟာ ဘုရားသခင်နဲ့ ပတ်သက်တဲ့ စစ်မှန်တဲ့ နားလည်မှုကို ရရှိခဲ့ပြီး ဘုရားသခင်ဆီကနေ စုံလင်အောင် ပြုလုပ်ပေးခြင်းနဲ့ ကောင်းချီးတွေကို ရရှိခဲ့တယ်။ သူ့ဘဝက အားလုံးထက်ကို တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး ဖြစ်ခဲ့တယ်။ ရှေ့ဆက်ပြီး ကျွန်မလည်း သမ္မာတရားကို သေသေချာချာ လိုက်စားပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်နေထိုင်သင့်ပါတယ်။ နောက်ပိုင်း ကျွန်မအလုပ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သမားလျှော့ချတဲ့အတွက် ကျွန်မက အရောင်းဝန်ထမ်းအဖြစ် ပြောင်းလုပ်ရတယ်။ အဲဒီအတွက် ကျွန်မ ရုံးမှာ တစ်နေကုန် နေစရာမလိုတော့ဘဲ နေ့လယ်ပိုင်းမှာလည်း ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်လို့ ရသွားတယ်။ ဒါဟာ တကယ်ကို ဘုရားသခင်က ကျွန်မကို လမ်းပြနေတာပဲလို့ သဘောပေါက်သွားတယ်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ဧဝံဂေလိတရားဟောနေတုန်း ကျွန်မ နောက်တစ်ကြိမ် ထပ်ပြီး အဖမ်းခံရတယ်၊ ထောင်ထဲမှာ ဆယ့်ငါးရက် နေခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ ခင်ပွန်းက စိတ်ပျက်လက်ပျက် အသံနဲ့ ကျွန်မကို ပြောတယ်၊ “မင်း သိလား၊ အခု မင်းမှာ အဖမ်းခံရတဲ့ မှတ်တမ်းရှိသွားပြီ။ ဒီတစ်ခါ ငါ့ရဲ့ အဆက်အသွယ်တွေကို သုံးပြီး မင်းရဲ့ အမှုတွဲကို မဖွင့်ဖို့ ကာကွယ်ရေးဌာန ခေါင်းဆောင်ကို ပြောကြည့်သေးတယ်။ ဒါပေမဲ့ သူက ပြန်ပြောတယ်၊ ‘အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေရဲ့ အမှုက ကြီးလေးတဲ့ အမှုတွေပဲ။ အဲဒါ ဗဟိုအာဏာပိုင်တွေဆီက အမိန့်၊ ဘယ်သူ့ရဲ့ ကြားဝင်စွက်ဖက်လို့မှ ထူးမှာ မဟုတ်ဘူး’ တဲ့။ ငါတို့ကလေးက နောင်တစ်ချိန်မှာ အစိုးရဝန်ထမ်း အနေနဲ့ အလုပ်လုပ်ခွင့် ဒါမှမဟုတ် စစ်တပ်ထဲ ဝင်ခွင့်ရတော့မှာ မဟုတ်ဘူး။ အခုတော့ မင်းကြောင့် မိသားစုတစ်ခုလုံး အမှုပတ်သွားပြီ။ ငါ့ရဲ့ ဂုဏ်သတင်းကို မင်း ဘာတွေလုပ်လိုက်ပြီလဲဆိုတာ စဉ်းစားကြည့်စမ်းပါ” တဲ့။ သူ့စကားကို ကြားတော့ ကျွန်မ ဒေါသထွက်သွားတယ်၊ တွေးမိတာက၊ “ဘုရားသခင်ကို ယုံကြည်တာဟာ ရာဇဝတ်မှုတစ်ခုတောင် မဟုတ်ဘူး၊ ဒါနဲ့ပဲ တစ်မိသားစုလုံးအတွက် ဒုက္ခရောက်ရတဲ့သဘော ဘာလို့ ဖြစ်ရတာလဲ။ တရုတ်ကွန်မြူနစ်ပါတီက တကယ်ကို ရွံစရာကောင်းလိုက်တာ” လို့ပေါ့။ ခင်ပွန်းက ဆက်ပြောတယ်၊ “ငါ ဒီလိုမျိုး အမြဲတမ်း ရင်တမမနဲ့ ဆက်မနေချင်တော့ဘူး။ အခု မင်း ရွေးချယ်စရာ လမ်းနှစ်လမ်း ရှိတယ်၊ တစ်ခုက ဘုရားသခင်ကို ယုံကြည်တာကို စွန့်လွှတ်ပြီး ငါနဲ့အတူ ဒီဘဝကို ဆက်သွားမယ်။ နောက်တစ်ခုက ကွာရှင်းမယ်၊ ပြီးရင် ကိုယ့်လမ်းကိုယ်လျှောက်ပြီး တစ်ယောက်ကိစ္စ တစ်ယောက် ဝင်မစွက်ဖက်ဘူး။ စဉ်းစားဖို့ အချိန် သုံးလေးရက် ပေးမယ်။ မင်း သဘောပဲ” တဲ့။ ကွာရှင်းမယ့်အကြောင်း ခင်ပွန်းပြောတာကို ကြားရတဲ့အခါ ကျွန်မ ရင်ကွဲမတတ် ခံစားရတယ်။ ကျွန်မ တွေးမိတယ်၊ “ငါတို့ ကလေးလေးက ငယ်ပါသေးတယ်၊ ငါတို့ ကွာရှင်းပြီးသွားရင် သူ့ဘဝ ဘာဆက်ဖြစ်မလဲ” လို့ပေါ့။ ပိုဆိုးတာက ကျွန်မက အခုမှ လွတ်လာခါစဖြစ်ပြီး လုံခြုံရေး အန္တရာယ်တွေ ရှိနေတဲ့အတွက် ညီအစ်ကို မောင်နှမတွေနဲ့လည်း အဆက်အသွယ် လုပ်လို့မရဘူးလေ။ ဒါကြောင့် အရမ်းကို အထီးကျန်ပြီး အကူအညီမဲ့နေသလို ခံစားရတယ်၊ ညီအစ်ကို မောင်နှမတွေနဲ့ အတူရှိခဲ့တဲ့ နေ့ရက်တွေကို လွမ်းမိတယ်။ အဲဒီအချိန်တွေတုန်းက ခင်ပွန်းက နေ့တိုင်း အိမ်ကို ညဉ့်နက်မှ ပြန်လာတတ်ပြီး၊ ပြန်လာရင်လည်း ခဏခဏ အရက်တွေ မူးရူးနေတတ်တယ်။ ကျွန်မတို့က တစ်မိုးအောက်တည်းမှာ အတူတူ နေနေကြသေးပေမဲ့၊ တစ်ယောက်နဲ့တစ်ယောက် စိမ်းကားနေကြပြီ။ အရင်တုန်းက ကျွန်မတို့အိမ်မှာရှိခဲ့တဲ့ နွေးထွေးမှုဆိုတာ အခုတော့ လုံးဝ ပျောက်ကွယ်သွားပါပြီ။ ကျွန်မ သိပ်ကို စိတ်ဆင်းရဲခဲ့ရပြီး စီစီပီအပေါ် အမုန်းတရားက ပိုကြီးလာတာပဲရှိတယ်။ သူတို့ လုပ်ကြံဖန်တီးထားတဲ့ ကောလာဟလတွေကပဲ ကျွန်မ မိသားစုကို ဒီလိုအခြေအနေ ရောက်အောင် လုပ်ခဲ့တာပါ။ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ သတိရသွားတယ်။ “ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် မကောင်းမှုကို ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈))သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော။ သင်တို့သည် အမှန်တကယ်၊ ရိုးသားစစ်မှန်စွာ ယင်းကို မုန်းတီးသလော။ ငါသည် ကြိမ်ဖန်များစွာ သင်တို့ကို အဘယ်ကြောင့် မေးလေပြီနည်း။ ငါသည် အဘယ်ကြောင့် ဤမေးခွန်းကို သင်တို့အား အဖန်ဖန် မေးမြဲမေးနေရသနည်း။ သင်တို့၏ နှလုံးသားထဲတွင် အဆင်းနီသောနဂါးကြီး၏ မည်သည့်ပုံရိပ် ရှိသနည်း။ ယင်းကို အမှန်တကယ် ဖယ်ရှားပြီးပြီလော။ ၎င်းကို သင်တို့၏ဖခင်အဖြစ် သင်တို့ အမှန်ပင် မမှတ်ယူပေဘူးလော။ ငါ၏မေးခွန်းများထဲက ငါ၏ရည်ရွယ်ချက်ကို လူအပေါင်းတို့ သိမြင်သင့်သည်။ ယင်းမှာ လူတို့၏ ဒေါသကို ဆွပေးရန်မဟုတ်သကဲ့သို့၊ လူသားတို့အလယ် ပုန်ကန်မှုကို လှုံ့ဆော်ရန် မဟုတ်၊ လူသားသည် မိမိ၏ ကိုယ်ပိုင် ထွက်ပေါက်ကို ရှာတွေ့နိုင်ရန် မဟုတ်ဘဲ၊ လူအားလုံးကို အဆင်းနီသောနဂါးကြီး၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေခွင့်ပေးရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအရ၊ တရုတ်ကွန်မြူနစ်ပါတီ စီစီပီဟာ ဘုရားသခင်ကို မုန်းတီးပြီး အတိုက်အခံလုပ်တဲ့ ဆိုးယုတ်တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်တယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ သူက “ဘာသာရေး လွတ်လပ်ခွင့်” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားရင်း နေရာအနှံ့မှာ ဘုရားသခင်ကို ယုံကြည်သူတွေကို ဖမ်းဆီးပြီး နှိပ်ကွပ်နေတာပါ။ ပြီးတော့ အခြေအမြစ်မရှိတဲ့ ကောလာဟလ မျိုးစုံကို သုံးပြီး လူတွေကို အထင်အမြင်မှားအောင် လုပ်တယ်၊ သူ့ရဲ့ နတ်ဆိုးဆန်တဲ့ စကားတွေကို လူတွေ ယုံကြည်လာအောင်နဲ့ သူနဲ့အတူ ဘုရားသခင်ကို အတိုက်အခံလုပ်လာအောင် လုပ်နေတယ်။ စီစီပီရဲ့ ဖမ်းဆီးတာ၊ နှိပ်ကွပ်တာတွေကို ခံခဲ့ရတဲ့၊ အိမ်ကနေ မဖြစ်မနေ ထွက်ပြေးခဲ့ရတဲ့ ညီအစ်ကို မောင်နှမတွေ ဘယ်လောက်များပြားလိုက်သလဲ၊ သူ့ရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ လှည့်စားမှုတွေကြောင့် သဟဇာတဖြစ်နေတဲ့ မိသားစုပေါင်း ဘယ်လောက်ပြိုကွဲခဲ့ရသလဲဆိုတာကို ကျွန်မ တွေးမိတယ်။ အဲဒါတောင်မှ စီစီပီက ဘုရားသခင်ကို ယုံကြည်သူတွေက သူတို့ မိသားစုကို မလိုချင်ကြလို့ဆိုပြီး နစ်နာသူတွေကိုပဲ အပြစ်တင်နေသေးတယ်။ သူခိုးက လူဟစ်နေတာပဲလေ။ စီစီပီရဲ့ ဆိုးညစ်ပြီး အကျည်းတန်တဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာက သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်နောက်ကို အဆုံးအထိ လိုက်မယ်ဆိုတဲ့ ကျွန်မရဲ့ စိတ်ပိုင်းဖြတ်မှုကို ပိုပြီး အားကောင်းသွားစေတယ်။ စီစီပီ ဘယ်လိုပဲ နှိပ်ကွပ်ပါစေ၊ ဘုရားသခင်နောက်ကိုပဲ လိုက်မယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

ညဘက်မှာ လသာဆောင်ပေါ်မှာ တစ်ယောက်တည်း ရပ်နေရင်း၊ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ အချိန်တွေကို ပြန်တွေးနေမိတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေ အများကြီးကို ကျွန်မ ပျော်မွေ့ခံစားခဲ့ရတဲ့အပြင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဆီကနေ ရေလောင်းပေးတာနဲ့ ထောက်ပံ့တာတွေကိုလည်း ရရှိခဲ့တယ်၊ သမ္မာတရားတချို့ကိုလည်း နားလည်လာပြီး ကျွန်မရဲ့ စိတ်နှလုံးအတွက် အားထားစရာကိုလည်း တွေ့ရှိခဲ့ပြီလေ။ ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်ကို လိုက်မှသာ ကျွန်မရဲ့ ဘဝက တန်ဖိုးရှိမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်မ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတဲ့ အိမ်ထောင်ရေးက ဒီလိုမျိုး ပြိုကွဲသွားတော့မယ်ဆိုတာကို တွေးလိုက်မိတဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ တော်တော်ကြီးကို အင်တင်တင် ဖြစ်နေရတုန်းပဲ။ ဒါနဲ့ ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး ကိုယ်တော့်နောက်ကို လိုက်ချင်ပါတယ်၊ ဒါပေမဲ့ မိသားစုကိုတော့ လက်မလွှတ်နိုင်သေးဘူး ဖြစ်နေတယ်။ ဒီဇာတိပကတိရဲ့ ဘောင်ခတ်မှုတွေကနေ ရုန်းထွက်ဖို့ ယုံကြည်ခြင်းနဲ့ ခွန်အားကို ပေးသနားတော်မူပါ” လို့ပေါ့။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သတိရသွားတယ်။ “လူသားမျိုးနွယ်၏ အသက်ကို ဘုရားသခင်ပေးထားသည်...၎င်းတို့တွင် ရှိသမျှကို ဘုရားသခင်က ပေးထားခြင်းဖြစ်ပြီး ၎င်းတို့ကျေးဇူးတင်သင့်သည်မှာ ဘုရားသခင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ခင်ပွန်းကို ကျေးဇူးရှင်တစ်ယောက်လို ကျွန်မ အမြဲ သဘောထားခဲ့တယ်၊ အသက်ဆက်ရှင်ဖို့ သတ္တိတွေပေးခဲ့တာ၊ လှပတဲ့ အိမ်ထောင်ရေးတစ်ခုကို ပေးခဲ့တာ သူပဲလို့ ယုံကြည်ခဲ့တယ်။ ဘယ်လောက်ထိလဲဆိုရင် ဘုရားသခင်ကို စယုံကြည်ပြီးနောက်မှာ သူက ကျွန်မကို နှိပ်ကွပ်ပြီး အတိုက်အခံလုပ်ခဲ့တဲ့အချိန်မှာတောင် သူ့ကို ကျွန်မ မမုန်းခဲ့ဘူး။ ကျွန်မ တာဝန်မထမ်းဆောင်ရတဲ့အချိန်တွေမှာဆိုရင် သူ့အကြွေးတွေကို ဆပ်ချင်တဲ့စိတ်နဲ့ သူ့အတွက် ဟင်းကောင်းကောင်းလေးတွေ နည်းနည်းပါးပါး ချက်ပေးဖို့တောင် အချိန်ပေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ ကျွန်မမှာ ရှိသမျှအရာအားလုံးဟာ ဘုရားသခင် ပေးသနားထားတာဖြစ်ပြီး၊ ဒီအိမ်ထောင်ရေးကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာ၊ အမိန့်နဲ့ ပြဋ္ဌာန်းမှုတို့ကနေ လာတယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ ကျွန်မ တကယ် ကျေးဇူးတင်ရမယ့်သူက ဘုရားသခင်ပါပဲ။ ဒါကို တွေးမိတော့ ကျွန်မ အများကြီး ပေါ့ပါးသွားတယ်၊ နှစ်ပေါင်းများစွာ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဖိစီးနေခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးကြီးဟာ နောက်ဆုံးတော့ လုံးဝ ပျောက်ကွယ်သွားပါပြီ။ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။

အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ထပ်ဖတ်ခဲ့ပြီး ခင်ပွန်းရဲ့ အနှစ်သာရနဲ့ ပတ်သက်လို့ ပိုင်းခြားသိမြင်မှု တချို့ကို ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည် ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်သောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရား၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ဆက်ဆံနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်းပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်းဖြစ်သည် မဟုတ်လော။ အကယ်၍ ယနေ့ကာလတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေရန် မည်သည့်ဆန္ဒမျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ ခံယူနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေသည့် အခြေအနေအထိ ရောက်လာပြီးဖြစ်ပါက ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ တရားမျှတစိတ် ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် ပုန်ကန်သောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အမှန်တကယ်ပင် ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။...လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားသခင်ကို အသိအမှတ်မပြုသူတွေ အားလုံးဟာ နတ်ဆိုးတွေနဲ့ စာတန်တွေဖြစ်ပြီး ဘုရားသခင်ရဲ့ ရန်သူတွေဖြစ်တယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ပြခဲ့တယ်။ ဘုရားသခင်က လူတွေရဲ့ အနှစ်သာရကို ကြည့်ပေမဲ့ ကျွန်မကတော့ သူတို့ရဲ့ အပြင်ပန်းသဏ္ဌာန်ကိုပဲ ကြည့်ခဲ့တာပါ။ ခင်ပွန်းက အိမ်တွင်းအိမ်ပြင် ကိစ္စအဝဝကို ကောင်းကောင်း ကိုင်တွယ်ခဲ့တယ်၊ ဆွေမျိုးသူငယ်ချင်းတွေအပေါ်မှာလည်း သဘောကောင်းတယ်၊ လူတွေ သူ့အကူအညီလိုတဲ့အခါ လက်ကမ်းပေးတတ်တယ်၊ ပြီးတော့ ကျွန်မ ကလေးမမွေးနိုင်တော့တဲ့အချိန်မှာတောင် ကျွန်မကို ကျောခိုင်းမသွားခဲ့ဘူးဆိုတာတွေကို မြင်ပြီး သူက ဒီလောကမှာ ရှားပါးတဲ့ လူကောင်းတစ်ယောက်ပဲလို့ ကျွန်မ ထင်ခဲ့တာလေ။ ဒါပေမဲ့ ကျွန်မ ဘုရားသခင်ကို ယုံကြည်မှန်း သူ သိသွားတဲ့နောက်မှာတော့၊ သူ့ရဲ့ ကြမ်းတမ်းတဲ့ဘက်က ထုတ်ဖော်ခံလိုက်ရတယ်၊ တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ။ ကျွန်မရဲ့ ယုံကြည်မှုကို စွန့်လွှတ်သွားအောင်လို့ သူက နည်းလမ်းပေါင်းစုံ သုံးပြီး ခြိမ်းခြောက်တယ်၊ သွေးဆောင်ဖြားယောင်းတယ်၊ ကွာရှင်းဖို့ ခြိမ်းခြောက်ပြီးတောင် အကျပ်ကိုင်ခဲ့သေးတယ်။ ခင်ပွန်းရဲ့ အနှစ်သာရဟာ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို မုန်းတီးတဲ့ နတ်ဆိုးတစ်ကောင်ပဲဆိုတာကို ကျွန်မ မြင်လိုက်ရတယ်။ အရင်တုန်းက ခင်ပွန်းက ကျွန်မအပေါ် ကောင်းခဲ့တာဟာ ကျွန်မက မိသားစုအတွက် ညည်းညူတာမရှိဘဲ ကိုယ့ကိုယ်ကိုယ် အသုံးခံပေးဖို့ ဆန္ဒရှိခဲ့လို့၊ ပြီးတော့ သူပြောသမျှကို နားထောင်ခဲ့လို့ ဖိုဝါဒဖြစ်တဲ့ သူ့ရဲ့ အချည်းနှီးဂုဏ်ကို ကျေနပ်စေခဲ့လို့ပဲဆိုတာကိုလည်း သဘောပေါက်သွားတယ်။ ဘုရားသခင်ကို တွေ့ရှိပြီးနောက်မှာ ကျွန်မ သမ္မာတရားတချို့ကို နားလည်လာတယ်၊ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိလာတယ်၊ ပြီးတော့ သူ့စကားကို နားမထောင်ဘဲ ယုံကြည်တာကို စွန့်လွှတ်ဖို့ ငြင်းဆန်တဲ့အခါ သူက ကျွန်မကို နှိပ်ကွပ်ပြီး အတိုက်အခံ စလုပ်တော့တာပဲ။ ကျွန်မ အဖမ်းခံရတာက သူ့ရဲ့ ဂုဏ်သတင်းနဲ့ အကျိုးစီးပွားကို ထိခိုက်လာတဲ့အခါ ကျွန်မကို ကွာရှင်းဖို့ ခြိမ်းခြောက်လာတယ်။ တကယ်တမ်းကျတော့ သူက ကျွန်မအပေါ် တကယ် ကောင်းနေတာ လုံးဝ မဟုတ်ဘူး။ အဲဒါက လူတွေကြားမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ မရှိဘူး၊ အရာအားလုံးက အကျိုးစီးပွားတွေ၊ အရောင်းအဝယ်တွေချည်းပဲဆိုတာကို ကျွန်မကို သင်ခန်းစာပေးခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သတိရသွားတယ်။ “ယုံကြည်သူများနှင့် ဘာသာတရားမရှိသောသူများသည် ပင်ကိုအားဖြင့် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားသခင်ကို ယုံကြည်တဲ့ ဒီလမ်းကြောင်းပေါ်မှာ ခင်ပွန်းနဲ့ ကျွန်မ လမ်းခွဲရဖို့ ကံပါလာပြီဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ အတူတူ ဆက်နေဖို့ ကြိုးစားရင်တောင် ကျွန်မတို့ ပျော်ရွှင်ရမှာ မဟုတ်ဘူး၊ ပြီးတော့ အဲဒါက ဘုရားသခင်ကို ကျွန်မ ယုံကြည်တာနဲ့ တာဝန်ထမ်းဆောင်တာကိုပါ ထိခိုက်စေလိမ့်မယ်။ ဘုရားသခင်ကို ယုံကြည်တဲ့ကိစ္စနဲ့ ပတ်သက်လာရင်တော့ ကျွန်မ အလျှော့ပေးလို့ မရဘူးလေ။ အဲဒီနောက်မှာ ကျွန်မ ဆုံးဖြတ်ချက်ချပြီးပြီလားလို့ ခင်ပွန်းက မေးတယ်၊ ကျွန်မက “ဘုရားသခင်ကို ယုံကြည်ဖို့ပဲ ရွေးချယ်တယ်” လို့ ပြောလိုက်တယ်။ ဒါကို ကြားတော့ ခင်ပွန်းက ခေါင်းခါပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်၊ “ငါ တကယ်ကို နည်းလမ်းကုန်သွားပြီ၊ မင်းရဲ့ ဘုရားသခင်ကိုတော့ ငါ လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်းအတွက် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးပါတယ်” တဲ့။ ရင်ထဲမှာတော့ ဘုရားသခင်ကို တိတ်တဆိတ် ကျေးဇူးတင်လိုက်တယ်။ အဲဒီနောက်မှာ ကျွန်မတို့ ကွာရှင်းပြတ်စဲခြင်း လုပ်ငန်းစဉ်တွေကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ခဲ့တယ်။ ပြည်သူ့ရေးရာဌာနကနေ အပြင်ထွက်လာတဲ့ အချိန်မှာပဲ ကျွန်မ သက်ပြင်းကြီးကြီးတစ်ခုကို ချလိုက်တယ်။ အဲဒီနေ့ကစပြီး ဘုရားသခင်ကို နောက်ဆုံးတော့ လွတ်လွတ်လပ်လပ် ယုံကြည်ခွင့် ရသွားပြီလေ။

ဒီအတွေ့အကြုံက ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုကို မြင်တွေ့စေခဲ့ပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကသာ လူတွေကို ပြောင်းလဲနိုင်ပြီး ကယ်တင်နိုင်တယ်ဆိုတာကို သဘောပေါက်စေခဲ့တယ်။ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အချိန်ပြည့် အသုံးခံနိုင်ဖို့၊ သမ္မာတရားကို လိုက်စားဖို့နဲ့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ဖို့ မိသားစုထဲကနေ ခေါ်ထုတ်ပေးခဲ့ပြီး အဲဒီရဲ့ ပတ်သက်ရှုပ်ထွေးမှုတွေကနေ ကျွန်မကို လွတ်မြောက်စေခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အလှည့်အပြောင်း

ဝမ်ရှင်း တောင်ကိုရီးယားနိုင်ငံ ကျွန်မမှာ ပျော်ရွှင်စရာ မိသားစု ရှိနေကျဖြစ်ပြီး ကျွန်မယောက်ျားက ကျွန်မအပေါ် တကယ်ကောင်းခဲ့တယ်။ တော်တော်လေး...

အိမ်ထောင်ရေးရဲ့ ကျေးကျွန်မဖြစ်ခြင်းက လွတ်လပ်မှုအစစ်အမှန် ဖြစ်သည်

ချန်န၊ တရုတ်နိုင်ငံကျွန်မက ကိုယ်ဝန်မဆောင်နိုင်လို့ အရင်ယောက်ျားက ကျွန်မကို ကွာရှင်းခဲ့တယ်။ နောက်ပိုင်းမှာ အခုလက်ရှိယောက်ျားနဲ့ ကျွန်မ...

ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးဖြစ်အောင် အားထုတ်ခြင်းဖြင့် ပျော်ရွှင်မှုကို ရနိုင်ပါသလား

ယီဖိန်၊ တရုတ်ပြည်ကျွန်မ ကျောင်းတက်တုန်းက သီချင်းနားထောင်တာ၊ ရှေးကဗျာတွေ ဖတ်တာကို နှစ်သက်ခဲ့တယ်။ ဒီလက်ရာအများစုက အချစ်ကို အဓိကထား...

ကျွန်တော့် အမျိုးသမီးရဲ့ ရောဂါအတွက် ကျွန်တော် မပူတော့ပါဘူး

လီချိုး၊ တရုတ်ပြည်၂၀၀၅ ခုနှစ် နွေဦးမှာ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီး ဟွေကျွမ်တို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။