ငွေကြေး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ် နောက်လိုက်ခဲ့သည့် ခါးသီးသောနှစ်များအား နှုတ်ဆက်ခြင်း

01.09.2026

ရူဖေး၊ တရုတ်ပြည်

ကျွန်မက သာမန် ကျေးလက်မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပြီး၊ အိမ်မှာ ကျွန်မတို့ရဲ့လူနေမှုအခြေအနေက တော်တော့်ကိုသာမန်ပါပဲ။ အိမ်နီးချင်းက ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး သူ့မိသားစုက မျိုးရိုးစဉ်ဆက် ချမ်းသာသလို အရမ်းလည်း လေးစားခံရတယ်။ ကျွန်မ တကယ်ကို အားကျခဲ့တယ်။ ကျွန်မ ငယ်ငယ်တုန်းက အိမ်နီးချင်းတွေက ခေါက်ဆွဲစားကြပေမဲ့ ကျွန်မတို့မိသားစုကတော့ ပြောင်းဖူးပေါင်မုန့်လောက်ပဲ စားနိုင်ခဲ့တယ်။ အိမ်နီးချင်းတွေ လမ်းလျှောက်သွားတဲ့အခါ ရွာသားတွေအားလုံးက သူတို့ကို တက်တက်ကြွကြွ နှုတ်ဆက်ကြပေမဲ့၊ ကျွန်မတို့ကိုကျတော့ ဝတ်ကျေတမ်းကျေလောက်ပဲ နှုတ်ဆက်ကြတယ်။ အိမ်နီးချင်းရဲ့ ကလေးတွေ သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်း ဝတ်ထားတာ မြင်ရချိန်မှာ ကျွန်မရဲ့ စုတ်ပြတ်နေတဲ့ ဂွမ်းအင်္ကျီကို ကြည့်မိပြီး သူတို့နဲ့အတူ ရပ်နေဖို့ အရမ်းရှက်မိပြီး တကယ်ကို သိမ်ငယ်ခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါကြီးလာရင်၊ ငါ့မိသားစုရဲ့ လူနေမှုအခြေအနေ တိုးတက်ဖို့ ငွေရှာမယ်၊ အဲဒါမှ ငါတို့ ကောင်းကောင်းမွန်မွန် နေနိုင်ပြီး တခြားလူတွေက ငါတို့ကို လေးစားမှာ” ပေါ့။ ကျွန်မ အသက်ဆယ့်ငါးနှစ်မှာ အဖေက နိုင်ငံရေးပြဿနာတွေကြောင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံခဲ့ရတယ်။ ကျွန်မတို့ မိသားစုမှာ ငွေလည်းမရှိ၊ အာဏာလည်း မရှိတဲ့အတွက် ဦးလေးကတောင် ကျွန်မတို့ကို အနိုင်ကျင့်ပြီး သူက ကိစ္စအသေးအမွှားလေးတွေနဲ့ ကျွန်မရဲ့ မိခင်ကို ရိုက်ဖို့ ကျွန်မအဒေါ်ကို ခိုင်းခဲ့သေးတာပါ။ ဒါကိုမြင်တော့ ကျွန်မ စိတ်နှလုံးထဲမှာ အမုန်းတရားတွေနဲ့ ပြည့်သွားပြီး၊ ဒါက ငွေရှာချင်တဲ့ ကျွန်မရဲ့လိုအင်ဆန္ဒကို ပိုပြင်းပြစေခဲ့တယ်။ ချမ်းသာလာမှပဲ တခြားသူတွေက ကျွန်မတို့ကို အနိုင်မကျင့်တော့မှာလို့ ခံစားခဲ့ရတယ်လေ။ “ဆင်းရဲသားက ချမ်းသာတဲ့သူကို မယှဉ်နိုင်ဘူး၊ ချမ်းသာတဲ့သူက အာဏာပိုင်တွေကို မပြိုင်နိုင်ဘူး။ ချမ်းသာတဲ့သူက ဆင်းရဲသားကို ငွေနဲ့ ဖိနှိပ်နိုင်ပြီး၊ အာဏာပိုင်က ဆင်းရဲသားတစ်ယောက်ကို စကားတစ်ခွန်းတည်းနဲ့ သေစေနိုင်တယ်” လို့ လူတွေပြောတာ ကျွန်မ ခဏခဏ ကြားခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငွေရှိမှပဲ လူတစ်ယောက်က အာဏာနဲ့ အဆင့်အတန်းရနိုင်မှာ၊ ပြီးတော့ အထင်သေးတာ၊ အနိုင်ကျင့်တာ မခံရဘူး။ ငါ ငွေရှာရမှဖြစ်မယ်” လို့ပေါ့။ နောက်ပိုင်းကျတော့ အငှားယာဉ်မောင်းလုပ်ပြီး ငွေရှာနိုင်တယ်လို့ ကြားတော့ ကျွန်မ ယာဉ်မောင်းလိုင်စင် သွားလုပ်ခဲ့တယ်။ အငှားယာဉ်မောင်းတာ အချိန်အတိုင်းအတာတစ်ခု ကြာပြီးတဲ့နောက်မှာ ငွေရှာတာ မလောက်ဘူးလို့ ခံစားရလို့ ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်း စလုပ်ခဲ့တယ်။ အရောင်းအဝယ် ဖြစ်အောင်လုပ်ပြီး ကော်မရှင် ယွမ်ထောင်ချီပြီး ရှာနိုင်ခဲ့တယ်။ ကော်မရှင် ပိုရဖို့ ကျွန်မ အချိန်အများစုကို ဖုန်းခေါ်ရင်း ကုန်ဆုံးခဲ့ပြီး ခြေကုန်လက်ပန်းကျလို့ ခေါင်းမူးနေတဲ့အချိန်မှာတောင် ကျွန်မ မနားခဲ့ဘူး။ အသံဝင်တဲ့အထိတောင် ရေသောက်မနားခဲ့ဘူး။ ဖောက်သည်က လိုလားနေသရွေ့ အချိန်မရွေး ကျွန်မ သွားတယ်။ တစ်ခါတလေ သန်းခေါင်ယံမှ အိမ်ပြန်ရောက်ပြီး လုံးဝကို အရုပ်ကြိုးပြတ် ပင်ပန်းနေခဲ့ပေမဲ့၊ အရောင်းအဝယ် ဖြစ်သွားလို့ ရလာမဲ့ ကော်မရှင် ယွမ်ထောင်ချီကို တွေးမိတဲ့အခါ သိပ်မပင်ပန်းတော့သလိုပဲ။

၂၀၀၂ ခုနှစ်မှာ အိမ်ထောင်ကျပြီးတဲ့နောက် ကျွန်မနဲ့ ခင်ပွန်းက ကျွန်မတို့ မိသားစုရဲ့ လူနေမှုအခြေအနေ တိုးတက်အောင် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ ဆားစ် ရောဂါ ဖြစ်ပွားတော့၊ တစ်နှစ်ကျော်ကြာ လည်ပတ်ပြီးတဲ့နောက် စားသောက်ဆိုင်က အမြတ်မထွက်တာနဲ့ တခြားလူကို လွှဲပေးလိုက်ရတယ်။ ဒီလိုလေး ကျရှုံးသွားတာကို ကျွန်မ အားမလိုအားမရ ဖြစ်တာနဲ့ ကျွန်မတို့ နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင် ထပ်ဖွင့်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်မလည်ပတ်နိုင်ခဲ့ဘူး။ ကျွန်မ နာကျင်ပြီး စိတ်ပျက်အားငယ်ခဲ့ရပေမဲ့ လက်မလျှော့ဖို့ မလိုလားခဲ့ဘူး၊ ဒါနဲ့ ကိုယ့်ဘာသာ ပြောမိတယ်၊ “ငါ့မိသားစုရဲ့ ဘဝတွေအတွက်နဲ့ လူတွေက ငါတို့ကို အထင်မသေးတော့အောင် ငါဒီလောက် အလွယ်တကူ လက်လျှော့လို့ မဖြစ်ဘူး။ ငါ ဆက်ပြီး ကြိုးစားရမယ်။ ငါ ငွေမရှာနိုင်ဘူးဆိုတာကို လုံးဝ လက်မခံဘူး” ပေါ့။ နောက်ပိုင်းမှာ ကျွန်မနဲ့ ခင်ပွန်းက နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင် ထပ်ဖွင့်ခဲ့ပြီး နေ့တိုင်း အရမ်းအလုပ်များလွန်းလို့ သန်းခေါင်မတိုင်ခင် ဘယ်တော့မှ မအိပ်ရဘူး။ ဝန်ထမ်းတစ်ယောက်စာ ငွေသက်သာဖို့အတွက်၊ ဒုတိယကိုယ်ဝန် လွယ်ထားရတဲ့ အချိန်မှာတောင် ပန်းကန်တွေ ဆေး၊ ကြမ်းတိုက်၊ သန့်ရှင်းရေးတွေ ဆက်လုပ်ခဲ့ပြီး၊ ကလေး တစ်လပြည့်ပြီးတဲ့နောက် ကျွန်မ စားသောက်ဆိုင်မှာ အလုပ်ပြန်ဆင်းခဲ့တယ်။ အချိန်တွေကြာလာတော့ စားသောက်ဆိုင်က ပိုပိုပြီး လူပိုကျလာတယ်။ နေ့တိုင်း ဧည့်သည်ဝိုင်း ဆယ်ဂဏန်းကျော်ရှိတော့ ကျွန်မက ဧည့်သည်တွေကို ဧည့်ခံဖို့ အမြဲပြေးလွှားနေခဲ့ရတာပေါ့။ နွေရာသီမှာဆို ပူလို့ ကျွန်မ ခဏခဏ ခေါင်းကိုက်ပြီး၊ အလုပ်များလွန်းလို့ ရေတစ်ငုံတောင် သောက်ဖို့ အချိန်မရှိခဲ့ဘူး။ ခန္ဓာကိုယ်ရော စိတ်ပါ ခြေကုန်လက်ပန်းကျခဲ့တယ်။ ဒါပေမဲ့ တစ်ရက်ကို ယွမ် ၁၀,၀၀၀ ကျော် ရတာ မြင်ရတော့ ကျွန်မ အရမ်းပျော်ခဲ့တယ်။ ပြီးတော့ ဘယ်လောက်ပဲ ခက်ခဲ၊ ပင်ပန်းပါစေ ဒါ လုံးဝတန်မှာပါလို့ တွေးခဲ့တယ်။ ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကားတစ်စီး၊ အိမ်တစ်လုံး ပိုင်ဆိုင်လာရုံသာမကဘဲ ငွေတချို့ကိုပါ စုဆောင်းနိုင်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီလောက်နှစ်တွေ အများကြီး ဒုက္ခခံပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ ငါ ခေါင်းမော့ပြီး ဂုဏ်သိက္ခာရှိရှိ နေနိုင်ပြီ” ပေါ့။ နောက်ပိုင်းမှာ ကျွန်မခင်ပွန်းက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု ဖွင့်လိုက်ပြီး ကျွန်မတို့ ဇာတိမြို့မှာ စက်ရုံတစ်ရုံတောင် ဆောက်ခဲ့တယ်။ ကျွန်မတို့က အမြတ်တွေ အရမ်းများလွန်းလို့ ရေတောင် မရေနိုင်တော့ဘူး။ ကျွန်မကလေးက “မေမေ၊ ဖေဖေ့ ကားနောက်ဖုံးထဲမှာ ငွေတွေ အပြည့်ပဲ” လို့ ကျွန်မကို ပြောတယ်။ လူအတော်များများက ကျွန်မတို့မျက်နှာသာရအောင် လုပ်လာကြပြီး၊ အိမ်အလုပ်တွေကို ကူညီပေးမဲ့သူဆိုတာ အမြဲတမ်း ရှိနေတယ်။ အစိုးရ အရာရှိတွေတောင် ကျွန်မတို့နဲ့ စကားလာပြောကြတယ်။ ကျွန်မ လမ်းလျှောက်သွားရင် လူတွေက အဝေးကြီးကနေ လှမ်းနှုတ်ဆက်ကြပြီး၊ ကျွန်မအကြောင်း ပြောရင် လက်မထောင်ချီးကျုးကြတယ်။ ပြီးတော့ ကျွန်မ မိဘတွေကိုလည်း ပြောကြတယ်၊ “ခင်ဗျားတို့ သမီးက တကယ် တော်တယ်ဗျာ။ မြို့ထဲမှာ ဆောက်ထားတဲ့ စက်ရုံနှစ်ရုံနဲ့ စားသောက်ဆိုင်အပြင် တစ်နှစ်တည်းနဲ့ အိမ်သုံးလုံးတောင် ဆောက်ထားတာ။ တကယ့်ကို အံ့မခန်းပဲ” တဲ့။ လူတွေ ဒီလိုပြောတာ ကြားရတော့ ကျွန်မ တကယ်ကို ကျေနပ်မိပြီး ကိုယ့်ဘာသာ တွေးမိတယ်၊ “ငွေရှိတာ သိပ်ကောင်းတာပဲ။ နောက်ဆုံးတော့ ငါ့မိဘတွေဂုဏ်တက်အောင် လုပ်နိုင်ခဲ့ပြီ။ လူဆိုတာ အမြဲတမ်း ပိုမြင့်တဲ့နေရာကို ရည်မှန်းရမယ်လေ၊ ဘာလို့လဲဆိုတော့ ငွေရှိရင် လူတွေက ကိုယ့်အပေါ် အမြင်ပြောင်းလာကြတာပဲ။ ‘မြို့ထဲမှာ ဆင်းရဲနေရင် ဘယ်သူမှ ဂရုမစိုက်ဘူး၊ တောင်ပေါ်မှာ ချမ်းသာနေရင်တော့ မသိတဲ့ ဆွေမျိုးတွေပါ တွေ့ရတတ်တယ်’ ဆိုတဲ့ စကားလိုပေါ့။ ဒီလောက်နှစ်တွေအကြာကြီး ကြိုးစားခဲ့ပြီးတဲ့နောက် ငါ နောက်ဆုံးတော့ ခေါင်းမော့နိုင်ပြီ” လို့ပေါ့။

ကျွန်မ ဒီလိုမျိုး နှစ်နှစ်၊ သုံးနှစ်လောက် ရှင်သန်ပျော်မွေ့ခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မတို့မှာ ငွေ၊ ပိုင်ဆိုင်မှုနဲ့ လိုအပ်တာတွေ အကုန်ရှိနေပြီး စားသောက်ဆိုင်၊ ကုမ္ပဏီနဲ့ စက်ရုံတွေ အားလုံး အဆင်ပြေပြေ လည်ပတ်နေပေမဲ့လည်း၊ ကျွန်မ စိတ်နှလုံးထဲမှာ အမြဲတမ်း ဟာတာတာကြီး ဖြစ်နေတယ်။ ကျွန်မခင်ပွန်းက ဖောက်သည်တွေနဲ့ စားဖို့၊ သောက်ဖို့၊ ပျော်ဖို့ အပြင်ခဏခဏ ထွက်ပြီး၊ တစ်ညလုံး အိမ်မပြန်တာတွေ ခဏခဏ ဖြစ်လာတယ်။ သူ အိမ်မှာ မရှိတာ ပိုပိုပြီး များလာသလို ကလေးတွေကိုလည်း ဂရုမစိုက်တော့ဘူး။ မိသားစု အတူတူ ထမင်းစားဖို့တောင် အခွင့်အရေး သိပ်မရှိတော့ဘူး။ ငွေတွေ ရလာပေမဲ့ အိမ်ဆိုတဲ့ ခံစားချက်ကိုတော့ ကျွန်မတို့ ဆုံးရှုံးလိုက်ရတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ခံစားချက်ပေါင်းစုံ ရောထွေးနေပြီး အရမ်းကို စိတ်မသက်မသာ ဖြစ်လာတယ်။ အားတဲ့အချိန်တွေမှာ ကျွန်မ ပျင်းလာပြီး၊ အချိန်ဖြုန်းဖို့ ဟိုဟိုဒီဒီ လမ်းလျှောက်ရုံကလွဲလို့ ဘာမှလုပ်စရာမရှိသလို ဖြစ်လာတယ်။ မကြာခင်မှာပဲ၊ ကျွန်မခင်ပွန်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှုံးသွားပြီး၊ ငွေကြေးဆိုင်ရာ အမှုတစ်ခုမှာ ပါဝင်ပတ်သက်နေလို့ သူ အဖမ်းခံလိုက်ရတယ်။ စက်ရုံကလည်း ဆက်မလည်ပတ်နိုင်တော့ဘူး။ ကုမ္ပဏီရဲ့ စီမံခန့်ခွဲသူတွေက ရန်ပုံငွေ သန်းဆယ်ချီပြီး အလွဲသုံးစား လုပ်သွားတာကို သိလိုက်ရတယ်။ ဒါကြောင့် အကြွေးဆပ်ဖို့ ကားတွေနဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းရုံကလွဲလို့ ကျွန်မတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ကျွန်မ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကိုတောင် ရောင်းလိုက်ရတယ်။ ကျွန်မတို့ မိသားစုမှာ ဒီလိုဖြစ်ပြီးတဲ့နောက်၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ခပ်ခွာခွာနေကြပြီး ကျွန်မတို့ကို အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်ကြတယ်၊ သရော်ကြတယ်။ ဆင်းရဲဒုက္ခတွေကြားထဲ ကျွန်မခင်ပွန်း ဖောက်ပြန်နေတာကိုပါ ကျွန်မ သိလိုက်ရတယ်။ မိုးကြိုးပစ်ချခံလိုက်ရသလိုပဲ ကျွန်မ ခံစားလိုက်ရတယ်။ ကျွန်မတို့ ကံကြမ္မာရဲ့ ဒီလို ဇောက်ထိုးမိုးမျှော် ပြောင်းလဲမှုတွေအားလုံးကို လက်ခံဖို့ ကျွန်မအတွက် အရမ်းခက်ခဲလာပြီး ကျွန်မ စိတ်နှလုံးထဲမှာ အော်ဟစ်မိတယ်။ “အို ဘုရားသခင်၊ ဒါက သမီးရဲ့ကံကြမ္မာလား” ပေါ့။ ညဘက်တွေမှာ အိပ်မရလောက်အောင်ကို ကျွန်မ အရမ်း နာကျင်ပြီး စိတ်ပျက်အားငယ်ခဲ့ရတယ်။ ကျွန်မ စိတ်နှလုံးထဲက နာကျင်မှုတွေကို မျှဝေခံစားပေးမဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။

ကျွန်မရဲ့ နှစ်တွေအကြာကြီး ကြိုးစားအားထုတ်မှုတွေ အားလုံး ပျက်စီးသွားတာကို လက်မခံနိုင်တဲ့အတွက် စက်ရုံဖွင့်ဖို့ လူတစ်ယောက်ယောက်ကို ရှာချင်ခဲ့တယ်။ ဒါပေမဲ့ သင့်တော်တဲ့သူကို ဘယ်တော့မှ မတွေ့ခဲ့ဘူး။ ဒါနဲ့ ကားဝယ်ဖို့ ငွေချေးပြီး ငွေရှာဖို့ အငှားယာဉ်လုပ်ငန်း စလုပ်ခဲ့တယ်။ ကျွန်မက ချွေတာတယ်၊ အမြဲ အာရုံစိုက်မပျက်ဘူး၊ အစားအသောက်လည်း မမှန်၊ အိပ်ရေးလည်း မဝတဲ့အတွက် သွေးကြောတွေ မာလာပြီး သွေးတွင်းအဆီများတာ၊ သွေးတိုးတာတွေ စဖြစ်လာတယ်။ သိုင်းရွိုက်အကျိတ်တွေလည်း ဖြစ်လာတယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ ကျန်းမာရေးက ပိုဆိုးလာတယ်။ လေတိုက်ရင် မျက်ရည်ပူတွေကျ၊ မျက်စိတွေ မှုန်လာသလို၊ ခေါင်းတွေ အုံပြီး ရင်ဘတ်တွေလည်း ခဏခဏ ကြပ်လာတယ်။ ခေါင်းကိုက်တာ အရမ်းဆိုးလာတဲ့အခါ၊ လက်တစ်ဖက်က ခေါင်းနောက်ဘက်ကို ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ စတီယာရင်ကို ကိုင်ပြီး ကားမောင်းရတယ်။ နှစ်နှစ်ကြာတဲ့အခါ၊ ကားမောင်းလို့ ရလာတဲ့ ငွေတွေအားလုံးကို တူဖြစ်သူက ခိုးသွားလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ဒီလိုနဲ့ပဲ၊ ကျွန်မ နှစ်နဲ့ချီပြီး ရှာထားတဲ့ ကျွန်မရဲ့ စုဆောင်းငွေတွေ ပျောက်ကွယ်သွားတယ်။ ကျွန်မ တကယ်ကို ရင်ကွဲနာကျပြီး ဘာမှမတတ်နိုင်သလို ခံစားရတယ်။ နောက်ဆုံးမှာတော့ ကျွန်မ ခန္ဓာကိုယ်က ဆက်ပြီး မခံနိုင်တော့တဲ့အတွက် အနားယူပြီး ပြန်ကျန်းမာလာအောင် နေရတယ်။ တိတ်ဆိတ်အထီးကျန်နေတဲ့ အချိန်မှာ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီလောက်နှစ်တွေအများကြီး ငွေရှာဖို့ ငါ အရမ်းကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာ ဘာမှမရခဲ့ဘဲ ရောဂါတွေအပြည့်နဲ့ ခန္ဓာကိုယ်တစ်ခုပဲ ကျန်ခဲ့တယ်။ ငါ့ဘဝက ငွေမရှာနိုင်ဖို့ပဲ သတ်မှတ်ခံထားရတာလား” လို့ပေါ့။ ကျွန်မ နာကျင်မှုတွေကြားမှာ၊ မျှော်လင့်ချက်မဲ့လုနီးပါး ရုန်းကန်နေရချိန်မှာပဲ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားက ကျွန်မဆီ ရောက်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လမှာ မိတ်ဆွေတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားအကြောင်း ကျွန်မကို သက်သေခံခဲ့တယ်။ ဘုရားသခင်က လူဇာတိ ပြန်လည်ခံယူပြီး အမှုတော် အဆင့်သစ်တစ်ခုကို ဆောင်ရွက်နေတယ်၊ လူတွေကို တရားစီရင်ပြီး သန့်စင်ဖို့ နှုတ်ကပတ်တော်တွေ မိန့်မြွက်နေတယ်၊ နောက်ဆုံးမှာ လူတွေကို ဘုရားသခင် မူလဖန်ဆင်းခဲ့တဲ့ ပုံသဏ္ဌာန်အတိုင်း ပြန်လည်ရရှိစေပြီး လူသားတွေရဲ့ ဘဝကို ဧဒင်ဥယျာဉ်ထဲက အခြေအနေအတိုင်း ပြန်ဖြစ်စေမယ်လို့ သူက ပြောပြတယ်။ ဒါကို ကြားရတော့ ကျွန်မ တကယ်ကို ဝမ်းသာသွားပြီး၊ အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာစုံစမ်းပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို ကျွန်မ လက်ခံလိုက်တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “ဘုရားသခင်သည် သက်ရှိ၊ သက်မဲ့အရာအားလုံးကို ပံ့ပိုးပေးရန်အတွက် သူ၏ အသက်ကို အသုံးပြုပြီး သူ၏ ကြီးမားသော တန်ခိုးနှင့် ဩဇာအာဏာတို့ကို အရင်းခံ၍ အရာအားလုံးကို စည်းစနစ်ကျနစေသည်။ ဤသည်မှာ မည်သူမျှ စိတ်ကူး၍မရနိုင်သည့် သို့မဟုတ် သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့် အဖြစ်မှန်တစ်ခုဖြစ်ပြီး သဘောပေါက်နားလည်နိုင်ခြင်း မရှိသော ဤအဖြစ်မှန်များသည် ဘုရားသခင်၏ အသက်စွမ်းအား၏ တကယ့် သရုပ်သကန်နှင့် သက်သေသာဓကပင်ဖြစ်သည်။ ယခုသင့်ကို လျှို့ဝှက်ချက်တစ်ခု ငါပြောပြမည်၊ ဘုရားသခင်အသက်၏ ကြီးမြတ်ခြင်းနှင့် သူ့အသက်၏ တန်ခိုးကို မည်သည့်ဖန်ဆင်းခံကမျှ ဉာဏ်မမီနိုင်ပေ။ ယခုအခါ၌လည်း ဤသို့ပင် ဖြစ်၏။ အတိတ်ကာလ၌ ဤသို့ ဖြစ်ခဲ့၏။ နောင်လာမည့် ကာလ၌လည်း ဤသို့ပင် ဖြစ်မည်။ ငါပြောပြမည့် ဒုတိယလျှို့ဝှက်ချက်မှာ ဤအရာဖြစ်သည်။ ဖန်ဆင်းခံအားလုံးအတွက် အသက်အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာသည်။ ၎င်းတို့သည် သက်ရှိပုံသဏ္ဌာန်၊ သို့မဟုတ် တည်ဆောက်ပုံအရ မည်သို့ ကွဲပြားနိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်သက်ရှိအမျိုးအစားဖြစ်ပါစေ မည်သည့်သတ္တဝါကမျှ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို မဆန့်ကျင်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ လူသားအနေဖြင့် အောက်ပါအချက်ကို နားလည်ရန်သာ ငါအလိုရှိသည်။ ဘုရားသခင်၏ စောင့်ရှောက်မှု၊ ကွယ်ကာမှုနှင့် ထောက်ပံ့ပေးမှုတို့ မရှိပါက လူသားသည် မည်မျှပင် ဝီရိယရှိရှိ ကြိုးစားစေကာမူ၊ မည်မျှပင် အားသွန်ခွန်စိုက် ရုန်းကန်စေကာမူ သူရရှိရန် ရည်ရွယ်ထားသမျှ အရာအားလုံးကို မရနိုင်ပေ။ ဘုရားသခင်ထံမှ အသက်ထောက်ပံ့ပေးခြင်း မရှိပါက လူသားသည် အသက်ရှင်ခြင်း၏ တန်ဖိုးနှင့် အသက်၏အဓိပ္ပာယ်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့အသက်၏တန်ဖိုးကို ပေါ့ပြက်ပြက်ဖြုန်းတီးပစ်သော လူသားကို မည်သို့လျှင် အလွန်အမင်း ပူပင်ကြောင့်ကြကင်းမဲ့ခွင့် ပေးထားနိုင်မည်နည်း။ ယခင်က ငါပြောခဲ့သည့်အတိုင်း ဘုရားသခင်သည် သင့်အသက်၏ အရင်းအမြစ် ဖြစ်သည်ကို မမေ့နှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မ အရမ်းကို တို့ထိခံရပြီး၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး လူသားတွေရဲ့ ကံကြမ္မာကို ထိန်းချုပ်ထားတယ်ဆိုတာကို နားလည်သွားတယ်။ လူတွေက ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းမထားတဲ့ အရာတွေကို မရနိုင်ပါဘူး။ ကျွန်မလက်တွေက တခြားလူတွေလိုပဲ စွမ်းဆောင်နိုင်တယ်၊ သူများလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်ရမယ်လို့ ကျွန်မ ထင်ခဲ့တာလေ။ ဒါပေမဲ့ နှစ်တွေအများကြီး ကြိုးစားပမ်းစား အလုပ်လုပ်ပြီးတဲ့နောက်မှာ၊ ငွေတွေရှာခဲ့ပေမဲ့၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေ၊ ကုမ္ပဏီနဲ့ ပိုင်ဆိုင်မှုတွေကို ရခဲ့ပေမဲ့၊ အောင်မြင်မှု နည်းနည်းလေး ရလာတဲ့အချိန်မှာပဲ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားတယ်။ နောက်ပိုင်းမှာ အငှားယာဉ်မောင်းလို့ နှစ်နှစ်စာ ရထားတဲ့ ငွေတွေကိုလည်း တူဖြစ်သူက ခိုးသွားပြန်တယ်။ လူတွေက သူတို့ရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်ဘူးဆိုတာကို နောက်ဆုံးတော့ ကျွန်မ နားလည်သွားတယ်။ ပြီးတော့ ဒီဘဝမှာ၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကျွန်မအတွက် ကြိုတင်သတ်မှတ်မထားတဲ့ အရာကို ကျွန်မ မရနိုင်ဘူးဆိုတာကိုလည်း သဘောပေါက်သွားတယ်။ ဒါကို သဘောပေါက်သွားတော့ နောက်ဆုံးမှာ ကျွန်မ စိတ်နှလုံး ငြိမ်းချမ်းသွားပြီး၊ ပေါ့ပါးလွတ်လပ်သွားသလို ခံစားရတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်မပြုဘဲ ကံကြမ္မာကို အမြဲ ဆန့်ကျင်တိုက်ခိုက်နေခဲ့လို့သာ ကျွန်မ ဒီလောက် နာနာကျင်ကျင် အသက်ရှင်ခဲ့ရတာပါ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ အရာအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီး ကျွန်မက သေးနုပ်တဲ့ ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံသင့်တယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ မရေမတွက်နိုင်အောင် ထပ်ခါထပ်ခါ ဖြစ်ပျက်နေ၏။ အရာခပ်သိမ်းအလယ်တွင် အရာအားလုံးကို အချုပ်အခြာအာဏာ ကိုင်စွဲသော သူမှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်သကဲ့သို့ လမ်းမပြနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် ‘အင်အားကြီးသောသူ’ တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွားနိုင်သူနှင့် လူ့လောကကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ကြေကွဲဝမ်းနည်းသည်၊ လူသားတို့၏ ကျရှုံးမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့ လမ်းကြောင်းဆီသို့ တစ်လှမ်းချင်း ချီတက်သွားနေသဖြင့် နာကျင်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)အနန္တတန်ခိုးရှင်၏ အသက် ထောက်ပံ့ပေးသနားခြင်းထံမှ လမ်းလွဲပြီးနောက် လူသားမျိုးနွယ်သည် တည်ရှိမှု၏ ရည်ရွယ်ချက်ကို မသိနားမလည်ကြသော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ ကြ၏။ ၎င်းတို့သည် အကူအညီ သို့မဟုတ် အားကိုးရာမရှိကြသည့်တိုင် မျက်စိမှိတ်သွားရန် ဝန်လေးနေကြဆဲဖြစ်ကာ ခံစားမှု ကင်းမဲ့သော ဝိညာဉ်များဖြင့် မိမိတို့၏ ဇာတိပကတိကို ထောက်မထားရန် အားတင်းလျက် ဤလောက၌ ယုတ်ညံ့သော ဖြစ်တည်မှုဖြင့် ဆက်လက် ရှင်သန်နေကြ၏။ သင်သည် အခြားသူများနည်းတူ မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက် ကိုယ်တော်၏ ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ထိုသို့သော ယုံကြည်လက်ခံမှုသည် အသိစိတ် မရှိသောသူတို့ထဲတွင် ဖြစ်မြောက်ခြင်းမရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ၎င်းတို့သည် ယင်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူတို့ထံမှ အဖြေတစ်ခုကို လက်ခံရရှိခြင်း မရှိမီ စောင့်ဆိုင်းနေခဲ့သည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိစိတ်လုံးဝမရှိသော ဤလူများကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။ သင်နိုးထပြီး ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းမရှိတော့ဖို့အတွက် သူသည် ရှာဖွေရန်၊ သင့်စိတ်နှလုံးနှင့် သင့်ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံသို့ ရေနှင့်အစားအစာကို ယူဆောင်ပေးရန် လိုလားလေသည်။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ ခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို ခံစားရသောအခါ၊ လမ်းပျောက်သည်ဟု မခံစားနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ရင်ဝယ်ပိုက်လိမ့်မည်။ ကိုယ်တော်သည် သင်၏ ဘေးတွင် စောင့်ကြည့်လျက်၊ သင် ပြန်လှည့်လာရန်ကိုလည်းကောင်း၊ သင် ရုတ်တရက် ပြန်လည်အမှတ်ရလာမည့် နေ့ရက်ကိုလည်းကောင်း စောင့်မျှော်လျက် ရှိ၏။ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိသော အချိန်အခါတစ်ခု၌ လမ်းပျောက်ခဲ့ကြောင်း၊ မသိသော အချိန်အခါတစ်ခု၌ လမ်းပေါ်တွင် သတိလစ်သွားခဲ့ကြောင်းနှင့် မသိသော အချိန်အခါတစ်ခု၌ သင်၌ ‘အဖ’ တစ်ဦး ရှိခဲ့ကြောင်းတို့ကို သိရှိလာသောအချိန်၊ ထို့အပြင် အနန္တတန်ခိုးရှင်သည် သင်၏ ပြန်လာခြင်းကို အစဉ်အမြဲ စောင့်ကြည့်လျက်၊ အလွန့်အလွန် ကြာမြင့်သောအချိန်တိုင်အောင် ထိုနေရာ၌ စောင့်မျှော်နေခဲ့ကြောင်းကိုလည်း သိရှိလာသောအချိန်ဖြစ်သည်။ ကိုယ်တော်သည် ပြင်းပြစွာ တောင့်တလျက်၊ အဖြေမရသည့် တုံ့ပြန်မှုတစ်ခုကို စောင့်မျှော်လျက် ရှိ၏။ ကိုယ်တော်၏ စောင့်ကြည့်ခြင်းသည် အဘယ်တန်ဖိုးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ဘဲ လူသား၏ စိတ်နှလုံးနှင့် လူသား၏ ဝိညာဉ်အလို့ငှာ ဖြစ်ပေ၏။ ကိုယ်တော်၏ စောင့်ကြည့်ခြင်းသည် အကန့်အသတ်မဲ့လည်း ဖြစ်ကောင်းဖြစ်မည် သို့မဟုတ် အဆုံးတိုင်ခဲ့ပြီလည်း ဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် သင်၏ ဝိညာဉ်တို့မှာ အတိအကျ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင် သိသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ အရမ်းကို တို့ထိခံရပြီး နွေးထွေးတဲ့ ခံစားချက်တွေနဲ့ ပြည့်သွားတယ်။ ဘုရားသခင်က ကျွန်မ ပြန်အလာကို အမြဲတမ်း စောင့်ဆိုင်းနေခဲ့တယ်ဆိုတာ သဘောပေါက်သွားတယ်။ အစတုန်းက ငွေရှာဖို့ပဲ တစ်ဖက်သတ် အာရုံစိုက်ခဲ့ပြီး၊ ငွေ၊ ငွေ၊ ငွေ ဆိုတာကိုပဲ တွေးခဲ့တာလေ။ စားသောက်ဆိုင် ဖွင့်တာကနေ ကျွန်မတို့ရဲ့ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ကျရှုံးတဲ့အထိ၊ ဆွေမျိုးမိတ်ဆွေတွေရဲ့ အေးစက်တဲ့ အကြည့်တွေနဲ့ ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုတွေအပါအဝင်၊ ဒီအရာတွေအားလုံးက ကျွန်မကို သေချင်စိတ်ပေါက်လာတဲ့အထိ ကြီးမားတဲ့ နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှုတွေကို ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ အိမ်က သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို တွေးမိတော့၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမဲ့ အတွေးကို လက်လျှော့လိုက်တယ်။ နောက်ပိုင်းမှာ အငှားယာဉ်မောင်းတော့ ခေါင်းခဏခဏ ကိုက်ပြီး၊ သွေးပေါင်ချိန် 170 mmHg အထိ ရောက်နေရင်တောင် ရပ်ပြီး မနားနိုင်ခဲ့ဘူး။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဖို့၊ တခြားလူတွေက ကိုယ့်ကို အထင်ကြီးဖို့အတွက် ရောဂါဖြစ်နေတဲ့ကြားကနေ ငွေဆက်ရှာဖို့ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မောင်းခဲ့တယ်။ တစ်နေ့က ကားမောင်းနေပေမဲ့ နောက်နေ့မှာ လေဖြတ်ပြီး သေသွားတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကျွန်မ သတိရမိတယ်။ ဒါပေမဲ့ ကျွန်မမှာတော့ ဘာမတော်တဆမှုမှ မဖြစ်ခဲ့ဘူး။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်မှုတွေပါပဲ။ ကျွန်မက ဘဝရဲ့ အနိမ့်ဆုံး အခြေအနေကို ရောက်နေခဲ့တာ။ မိသားစု စီးပွားရေးတွေ ဒေဝါလီခံရတယ်၊ ခင်ပွန်းက သစ္စာဖောက်တယ်၊ ဆွေမျိုးမိတ်ဆွေတွေက ခပ်ခွာခွာနေကြတယ်၊ အမေကတောင် မြေးဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုပဲ ဂရုစိုက်ပြီး ကျွန်မကို လျစ်လျူရှုထားတယ်။ ဒီအရာတွေအားလုံးက တကယ်တမ်းကျတော့ လူတွေဟာ ငွေနဲ့ အကျိုးစီးပွားကိုပဲ ဂရုစိုက်ကြပြီး မိသားစု သံယောဇဉ်ဆိုတာ တကယ်မရှိဘူးဆိုတာကို ကျွန်မကို မြင်စေခဲ့တယ်။ ကျွန်မရဲ့ နာကျင်မှုနဲ့ ကူကယ်ရာမဲ့နေချိန်မှာ၊ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်က ကျွန်မဆီ ရောက်လာခဲ့ပြီး၊ ဘုရားသခင်ရဲ့ အသံတော်ကို ကြားလိုက်ရတယ်၊ နောက်ပြီး ကိုယ်တော့်ရှေ့ကို ကျွန်မ ပြန်ရောက်လာခဲ့တယ်။ ဒီအရာတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ၊ ဘုရားသခင်က ကျွန်မကို တိတ်တဆိတ် စောင့်ကြည့်ပြီး ကာကွယ်ပေးနေခဲ့တာကို ကျွန်မ မြင်တွေ့ရပြီး သူ့ရဲ့ စစ်မှန်တဲ့ မေတ္တာကို ခံစားလိုက်ရတယ်။

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ၊ အသင်းတော်မှာ ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်နေပြီး၊ ဆွေမျိုးမိတ်ဆွေတွေကို တက်တက်ကြွကြွ ဧဝံဂေလိတရား ဟောပြောခဲ့တယ်၊ သူတို့ကို ဘုရားသခင်ရှေ့ ခေါ်ခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ နက်ရှိုင်းတဲ့ ပြည့်စုံမှုတစ်ခုကို ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “‘ငွေသည် ကမ္ဘာကို လည်ပတ်စေသည်’ ဟူသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတိုင်းရှိ လူသားမျိုးနွယ်ကြားတွင် အလွန် ပျံ့နှံ့နေပြီး ရေပန်းစားမှုတစ်ခုဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ အကြောင်းမှာ ယင်းကို လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းထားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစပိုင်းတွင် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း လက်တွေ့ဘဝနှင့် ထိတွေ့သောအခါ ဖွင့်ဟပြောရန်မလိုသည့် နားလည်မှုဖြင့် လက်ခံခဲ့ကြပြီး ဤစကားများသည် အမှန်စင်စစ် မှန်ကန်သည်ဟု စတင်ခံစားလာခဲ့ကြသည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်တစ်ခု မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားအပေါ် ကိုယ်တွေ့ နားလည်သဘောပေါက်မှု အတိုင်းအတာချင်း တူညီချင်မှ တူညီကြပေလိမ့်မည်။ သို့သော်လည်း လူတိုင်းသည် မိမိတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့သော အမှုအရာများနှင့် မိမိတို့၏ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရသမျှအပေါ် အခြေခံ၍ ဤဆိုရိုးစကားအပေါ် အနက်ဖွင့်ဆိုပုံနှင့် အသိအမှတ်ပြုပုံ အတိုင်းအတာချင်းမှာမူ အမျိုးမျိုး ကွဲပြားကြလေ၏။ ယင်းမှာ မမှန်ကန်သလော။ လူတစ်ဦးသည် ဤဆိုရိုးစကားနှင့်ပတ်သက်၍ မည်မျှ နက်ရှိုင်းသော အတွေ့အကြုံ ရှိသည်ဖြစ်စေ ယင်းက ၎င်း၏ စိတ်နှလုံးအပေါ် မည်သို့သော အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိခဲ့သနည်း။ ယင်းမှာ သင်တို့တစ်ဦးချင်းစီတိုင်း ပါဝင်သည်ဟု ဆိုနိုင်သည့် ဤလောကရှိ လူသားမျိုးနွယ်သည် ၎င်းတို့၏ စိတ်သဘောထားမှ တစ်စုံတစ်ခုကို ထုတ်ဖော်ပြသကြသည်။ ယင်းမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ငွေကို ကိုးကွယ်ခြင်း ဖြစ်သည်။ ဤအရာကို လူသား၏ စိတ်နှလုံးမှ ဖယ်ရှားရန် လွယ်ကူပါသလော။ မလွယ်ကူပေ။ ဤသည်မှာ လူကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် အမှန်တကယ် နက်ရှိုင်းကြောင်း ပြသနေခြင်းပင်တည်း။ စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေကြေးနှင့် ရုပ်ဝတ္ထု တပ်မက်မှုများကို ကိုးကွယ်သည့် အရာများအဖြစ် ဖောက်ပြန်ပျက်စီးစေသည်။ ငွေကို ဤသို့ ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူသားထံ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။ ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုရုံမျှဖြင့် စာတန်သည် လူကို ထိုသို့သော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေသည်။ စာတန်၏ ရည်ရွယ်ချက်သည် ယုတ်မာသည် မဟုတ်လော။ ဤသည်မှာ မလိုမုန်းထားသော လှည့်ကွက်တစ်ခု မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅))စာတန်သည် လူသား၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူသားအား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက် သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူသားအပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူသားအပေါ် ဤအချုပ်အနှောင်များရှိသဖြင့် သူသည် ချိုးဖျက်လွတ်မြောက်နိုင်စွမ်း မရှိသည့်အပြင် သတ္တိလည်းမရှိပေ။ သူသည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ် မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ ကောက်ကျစ်စဉ်းလဲသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့အားလုံးသည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) လူသားတွေ ဆင်းရဲဒုက္ခခံရခြင်းရဲ့ အရင်းအမြစ်ကို ဘုရားနှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ရှင်းပြထားတယ်။ လူတွေက ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်ရှာရင်း အသက်ရှင်ကြတယ်။ ဒီအရာတွေဟာ စာတန်က လူတွေအပေါ် တပ်ဆင်ထားတဲ့ မမြင်ရတဲ့ အချုပ်အနှောင်တွေဖြစ်ပြီး၊ လူတွေကို ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေနောက်ကို ဆင်ကန်းတောတိုး လိုက်စေတယ်၊ အရာအားလုံးကို စတေးတဲ့အထိတောင် ဖြစ်စေပြီး၊ နောက်ဆုံးမှာ ဘုရားသခင်နဲ့ ဝေးကွာသွားတယ်၊ ကိုယ်တော့်ကို သစ္စာဖောက်မိစေတယ်။ ကျွန်မက စာတန်ရဲ့ အဆိပ်တွေ လွှမ်းမိုးတာခံခဲ့ရပြီး၊ “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်”၊ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” နဲ့ “လူတို့သည် မိမိတို့၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ရန် ရဲရင့်ခြင်းရှိရမည်” ဆိုတဲ့ အမြင်တွေနဲ့ အသက်ရှင်ခဲ့ပြီး၊ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို ကျွန်မ လိုက်စားမှုရဲ့ ပန်းတိုင်တွေ လုပ်ခဲ့တယ်။ ငယ်ငယ်ကတည်းက ငွေသာရှိရင် အရာအားလုံး ပိုင်ဆိုင်နိုင်တယ်၊ ခေါင်းမော့နိုင်ပြီး လေးစားခံရမယ်လို့ ယုံကြည်ခဲ့တယ်။ ငွေအများကြီးရှာပြီး ထင်ပေါ်ဖို့အတွက်၊ လမ်းဘေးမှာ ဈေးဗန်းခင်းတယ်၊ အငှားယာဉ်မောင်းတယ်၊ အရောင်းဝန်ထမ်း လုပ်ခဲ့ပြီး၊ အိမ်ထောင်ကျပြီးတဲ့နောက်မှာ စားသောက်ဆိုင် ဖွင့်ခဲ့တယ်။ ကျရှုံးမှုတိုင်းရဲ့ နောက်မှာ၊ နောက်ဆုတ်ဖို့ ကျွန်မ ငြင်းဆန်ခဲ့တယ်။ ဝန်ထမ်းတစ်ယောက်စာ ငွေသက်သာဖို့အတွက်၊ မီးဖွားမဲ့ မတိုင်ခင်နေ့အထိ စားသောက်ဆိုင်မှာ ကျွန်မ အလုပ်လုပ်နေတုန်းပဲ။ ဆေးခန်းသွားပြတော့ ကလေးက အောက်ဆီဂျင် ပြတ်နေတယ်၊ ဆေးရုံသွားပြီး အောက်ဆီဂျင်ရှူဖို့ ဆရာဝန်က အကြံပေးပေမဲ့၊ ငွေသက်သာအောင်ဆိုပြီး ကျွန်မ မသွားခဲ့ဘူး။ ရလဒ်ကတော့ ကလေးက ဦးနှောက် အောက်ဆီဂျင်ပြတ်ပြီး မွေးလာလို့ ဖန်ပေါင်းချောင်ထဲ ထည့်ထားလိုက်ရတယ်။ ငွေရှာဖို့အတွက် မနက်မိုးလင်းကနေ မိုးချုပ်တဲ့အထိ ခါးကျိုးမတတ် ကျွန်မ အလုပ်လုပ်ခဲ့တယ်။ ငွေတချို့တော့ ရှာနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ခင်ပွန်းက ဖောက်ပြန်တယ်၊ နောက်ဆုံးတော့ မိသားစုလည်း ပြိုကွဲပြီး၊ ရောဂါတွေအပြည့်နဲ့ ခန္ဓာကိုယ်တစ်ခုပဲ အဖတ်တင်ခဲ့တယ်။ စာတန်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဆိုတဲ့ မမြင်ရတဲ့ အချုပ်အနှောင်တွေကို သုံးပြီး ကျွန်မကို ဘယ်လို ထိန်းချုပ်ခဲ့တယ်၊ ရုန်းထွက်လို့မရအောင် ဘယ်လိုလုပ်ခဲ့ပြီး၊ ကြီးမားတဲ့ နာကျင်မှုတွေထဲမှာ အသက်ရှင်စေခဲ့တယ်ဆိုတာကို ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ရတယ်။ အဲဒီအချိန်တွေကို ပြန်တွေးကြည့်ရင် ကျွန်မ အရမ်းကြောက်သွားတယ်၊ ဘာလို့လဲဆိုတော့ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်စားရင်းနဲ့ ကျွန်မ အသက်ပါ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့လို့ပဲ။ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်မှုသာမရှိရင်၊ ဘယ်နေရာမှာ သွားသေနေမလဲဆိုတာကို ကျွန်မ မသိဘူး။ ပြန်တွေးကြည့်ရင်၊ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်စားခဲ့တာက တခြားသူတွေဆီက လေးစားမှုနဲ့ အထင်ကြီးမှုကို ခဏတဖြုတ်တော့ ရခဲ့ပါတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ အားလုံးက အချည်းနှီးပါပဲ။ ဒီလမ်းကြောင်းအတိုင်း ဆက်သွားနေရင်၊ အဆုံးမဲ့ နာကျင်မှုတွေကို ကိုယ့်ဘာသာ ယူဆောင်လာမိပြီး နောက်ဆုံးမှာ စာတန် ဝါးမျိုတာကို ခံရမှာပဲ။ ဒီအသိကြောင့် ကျွန်မ နည်းနည်း ကြောက်သွားပြီး၊ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လက်လွှတ်ဖို့နဲ့ ဘုရားသခင်နောက်ကို သေသေချာချာ လိုက်ဖို့ လိုလားလာခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ရတယ်။ “ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဤလူ့ကမ္ဘာတွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက် ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ လူသားမျိုးနွယ်အကြားတွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းထက် ပို၍ အဓိပ္ပာယ်ရှိသော သို့မဟုတ် တန်ဖိုးရှိသောအရာ တစ်စုံတစ်ရာ မရှိပေ၊ ထို့ပြင် ဖန်ဆင်းခံလူသားတစ်ဦး၏ အသက်တာအတွက် ပိုကြီးမြတ်သော အဓိပ္ပာယ်နှင့် တန်ဖိုးကို ဆောင်ကြဉ်းပေးသည့်အရာလည်း တစ်ခုမျှ မရှိချေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် အလှပဆုံးသောအရာဖြစ်ပြီး ယင်းသည် ၎င်းတို့အလယ်တွင် ချီးမွမ်းဖို့ရာ ပြောစမှတ်တွင်မည့် အရာတစ်ခုအဖြစ် ပြန့်ပွားသင့်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက် ပျော်ရွှင်ခြင်းနှင့် အခွင့်ထူး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အမှတ်ရထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်စားရင်းနဲ့ ကျွန်မ အရမ်း ဆင်းရဲဒုက္ခခံခဲ့ရတယ်၊ နက်ရှိုင်းတဲ့ ဟာတာတာဖြစ်မှုနဲ့ နာကျင်မှုတွေထဲမှာ နေထိုင်ခဲ့ရပြီး ပြင်းပြင်းထန်ထန်တောင်ရောဂါ ရခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားကို နားလည်စေခဲ့တာ၊ လူတွေကို ဒုက္ခပေးချင်တဲ့ စာတန်ရဲ့ မလိုမုန်းထားတဲ့ ရည်ရွယ်ချက်တွေကို ထိုးထွင်းမြင်စေခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါပဲ။ လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ကယ်တင်ခြင်းကို ကျွန်မ မြင်ခဲ့ရတယ်။ မှားယွင်းတဲ့ လမ်းကြောင်းပေါ် ဆက်မသွားမိအောင် ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လမ်းပြပေးခဲ့တယ်။ ကျွန်မပတ်ဝန်းကျင်က လူတွေလည်း ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်စားတဲ့ နာကျင်မှုတွေကြားမှာ ရှင်သန်နေကြတာကို ကျွန်မ မြင်ရတော့၊ ကျွန်မကြုံတွေ့ခဲ့ရသလိုမျိုး ကြုံနေရတဲ့သူတွေလည်း သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို လက်ခံနိုင်အောင် ဘုရားသခင်ရဲ့ ကယ်တင်တာ ခံရနိုင်အောင်လို့ ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းကို ကျွန်မအတွက် သက်သေခံချင်ခဲ့တယ်။

သိပ်မကြာခင် တစ်နေ့မှာ အရင်က ပရောဂျက်တစ်ခုမှာ အတူတူ အလုပ်လုပ်ခဲ့ဖူးတဲ့ မိတ်ဆွေတစ်ယောက်က ရုတ်တရက် ဆက်သွယ်လာပြီး ပြောတယ်၊ “မင်းရဲ့ ဝန်ထမ်းတွေကို ပြန်စုပြီး အလုပ်ပြန်လုပ်ခိုင်းလိုက်။ အခု ငါ တစ်နှစ်ကို ယွမ် နှစ်သိန်း၊ သုံးသိန်းလောက် ရှာနေတယ်။ မင်း ကုမ္ပဏီအတွက် စိတ်ပူစရာ မလိုဘူး၊ မင်းဘက်က အပိုင်းကိုပဲ စီမံ။ မင်းက ငါ့ထက် စီးပွားရေး ပိုတော်တော့၊ ငွေအများကြီး ရှာနိုင်မှာ သေချာတယ်” တဲ့။ ဒါကို ကြားရတော့ ကျွန်မ နည်းနည်း အားကျသွားပြီး စိတ်ပါသွားတယ်။ အရင်က ပရောဂျက်တွေ လုပ်တုန်းက ကုမ္ပဏီတွေကို ကိုယ်တိုင် ဆက်သွယ်ပြီး စီးပွားရေးလုပ်ငန်းတွေကို ကိုယ်တိုင် ကိုင်တွယ်ခဲ့ရပေမဲ့၊ အခုကတော့ ကျွန်မအဖွဲ့ကိုပဲ ဦးဆောင်ရုံနဲ့ ငွေတော်တော်များများ ရှာနိုင်တော့မှာလေ။ ကျွန်မ မသိစိတ်က တွေးမိလိုက်တယ်၊ “သူတို့က တစ်လကို ငွေတော်တော်များများ ရှာနိုင်တယ်ဆိုတော့၊ သူတို့နဲ့ အတူတူလုပ်ရင် ငါလည်း အများကြီး ရှာနိုင်မှာပဲ။ အခု ငါက အသုံးစရိတ်တောင် မနည်း ခြိုးခြံနေရပြီး အခုလည်း အကြွေးတွေ နစ်နေတာ။ ငါ့အခြေအနေကို အားလုံး သိနေကြတာပဲ၊ ဒီတော့ ဒါကို မလုပ်လိုက်ရင် ကွယ်ရာမှာ သူတို့တွေ အကုန် ငါ့ကို သရော်ပြီး လှောင်ပြောင်ကြမလား” ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိပြန်တယ်၊ “သူတို့နဲ့အတူတူ ပရောဂျက်တွေ လုပ်ရင်၊ ဘုရားသခင်ကို ယုံကြည်ပြီး ငါ့ရဲ့ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖြစ်မှာ မဟုတ်ဘူး၊ ပြီးတော့ ဘုရားသခင်နဲ့ ဝေးကွာသွားမဲ့ အန္တရာယ်လည်း ရှိတယ်” ပေါ့။ နာကျင်ခဲ့ရတဲ့ အဲဒီနေ့ရက်တွေကို ပြန်တွေးကြည့်ပြီးတဲ့နောက်၊ အမှားဟောင်းတွေကို ကျွန်မ ထပ်မလုပ်ချင်တော့ဘူး။ နာကျင်မှုနဲ့ ဒွိဟဖြစ်မှုတွေကြားမှာ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော်နဲ့ သမီး မဝေးကွာချင်ပါဘူး။ ကျေးဇူးပြုပြီး လမ်းပြပေးပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ အရင်က ဖြတ်သန်းခဲ့ရတဲ့ အတက်အကျတွေအားလုံးကို ပြန်တွေးကြည့်မိတယ်။ ကျွန်မ အနာကျင်ရဆုံးနဲ့ ကူကယ်ရာမဲ့ဆုံးအချိန်မှာ၊ ဘုရားသခင်က ကျေးဇူးပြုပြီး ကိုယ်တော့်ရှေ့ကို ရောက်လာဖို့ လမ်းပြခဲ့တယ်။ လူတစ်ယောက်ရဲ့ ဘဝဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ချမ်းသာကြွယ်ဝမှု ဘယ်လောက်ပဲ ရှိရှိ၊ အားလုံးက ဘုရားသခင်ရဲ့ ပြဋ္ဌာန်းမှုအောက်မှာပဲ ရှိတယ်ဆိုတာကို နားလည်လာစေဖို့ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေကို သုံးပြီး လမ်းပြပေးခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နားလည်သဘောပေါက်စေခဲ့ပြီး နာကျင်မှုတွေထဲကနေ ကျွန်မကို လွတ်မြောက်လာစေခဲ့တယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ရတာ ကျွန်မ ကံကောင်းလို့ပါပဲ၊ ဒါဟာ ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချီးမြှောက်မှုနဲ့ ကျေးဇူးတော်ပါပဲ။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို ကျွန်မ ဆက်ပြီး လိုက်စားခဲ့မယ်ဆိုရင်၊ ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ကျွန်မအပေါ်ထားတဲ့ ကိုယ်တော့်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို စိတ်ပျက်အောင်လုပ်မိသလို ဖြစ်သွားမှာပေါ့။ အများကြီး စဉ်းစားပြီးတဲ့နောက်၊ မိတ်ဆွေရဲ့ ကမ်းလှမ်းချက်ကို ကျွန်မ ငြင်းလိုက်တယ်။ နောက်ပိုင်းမှာ သူတို့ ဘယ်လိုပဲ ဖျောင်းဖျပါစေ၊ ကျွန်မ စိတ်နှလုံးက ခိုင်မာနေခဲ့တယ်။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်စားဖို့အတွက် ဘုရားသခင်ကို ဘယ်တော့မှ ထပ်မစွန့်ခွာတော့ဘူးလို့ ကျွန်မ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတယ်။ ဘုရားသခင်ကို သေသေချာချာ ယုံကြည်ချင်တယ်၊ ကျွန်မရဲ့ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ မေတ္တာတော်ကို ပြန်ဆပ်ချင်တယ်။ အဲဒီကတည်းကစပြီး အသင်းတော်မှာ ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်နေခဲ့ပါတယ်။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းက ကျွန်တော့်ကို တကယ် ပျက်စီးစေခဲ့တယ်

ဂျောင်ချန်၊ တရုတ်ပြည်ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်ဝမ်းကွဲအစ်ကိုနှစ်ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ပြီး တိုက်ပိုင်၊ ကားပိုင်တွေ...

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းနှင့်အတူ မည်သည့်အရာ လာသနည်း

ကျွန်မ ငယ်ငယ်တုန်းက၊ ကျွန်မတို့မှာ မွေးချင်းသိပ်မရှိလို့ ကျွန်မမိသားစုက ခဏခဏ အထင်သေးခံခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မမိဘတွေက ကျွန်မကို မကြာခဏ...

ကျောင်းအုပ်ဆရာမကြီးတစ်ဦး၏ ရွေးချယ်မှု

ဂျန်ချင်၊ တရုတ်ပြည်ကျွန်မက သာမန်မိသားစုလေးမှာ မွေးဖွားခဲ့ပြီး မိဘနှစ်ပါးစလုံးက လယ်သမားတွေပါ။ အိမ်က ဆင်းရဲတော့ သူများတွေရဲ့ ခွဲခြားဆက်ဆံတာ၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။