ကျော်ကြားမှုနှင့် အကျိုးအမြတ် ဝဲဂယက်ထဲမှ ရုန်းထွက်ခြင်း

06.06.2026

ကျန်ရီ၊ တရုတ်နိုင်ငံ

ကျွန်မက သာမန်မိသားစုလေးတစ်ခုမှာ မွေးဖွားခဲ့တာပါ။ ကျွန်မတို့ မိသားစုက သိပ်မချောင်လည်ဘူးလေ။ ကျွန်မအဖေက အလုပ်အကိုင် ရေရေရာရာမရှိဘဲ အချိန်ဖြုန်းနေတဲ့သူပေါ့။ သူက လောင်းကစားလည်း လုပ်သေးတယ်။ ရွာထဲကလူတွေက ကျွန်မတို့ကို အထင်သေးကြတယ်။ ဒါကြောင့် ကျွန်မက အရမ်း သိမ်ငယ်ခဲ့ရတယ်။ ငယ်ငယ်လေးကတည်းက ကျွန်မ စိတ်ထဲမှာ ရည်မှန်းချက်တစ်ခုကို တိတ်တိတ်လေး ချမှတ်ထားခဲ့တယ်။ ကျွန်မ ကြီးလာရင် လူအုပ်ထဲမှာ ပေါ်လွင်အောင်၊ လူတိုင်းက ကျွန်မကို အထင်ကြီးလာတဲ့ အကြည့်တွေနဲ့ ကြည့်အောင် လုပ်မယ်လို့ပေါ့။ ဒါမှပဲ ကျွန်မ ဝင့်ဝင့်ကြွားကြွားရပ်နိုင်မယ်၊ အထင်သေးမခံရတော့မှာလို့ တွေးခဲ့တယ်။

ကျောင်းမှာဆိုရင် ကျွန်မရဲ့ အမှတ်တွေက အမြဲတမ်း အရမ်းကောင်းခဲ့တာ။ နောက်ပိုင်း အထူးသင်တန်းရဲ့ ဖိအားတွေကြောင့် ကျွန်မ ခဏခဏ ခေါင်းကိုက်တတ်လာတယ်။ ကျွန်မရဲ့ အမှတ်တွေက ဆက်တိုက်ကျလာပြီး နောက်ဆုံးမှာတော့၊ ကျောင်းထွက်လိုက်ရတယ်။ မိသားစုက အမြဲပြောတယ်၊ “ပညာရပ်တစ်ခုကို တတ်ထားရင် ဆိုင်ဖွင့်ပြီး ကိုယ့်ဘာသာ သူဌေးလုပ်လို့ရတယ်။ အဲဒီနည်းနဲ့လည်း အောင်မြင်နိုင်တာပဲ” တဲ့။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါက ပညာရေးနဲ့ လူတွေရဲ့ အထင်ကြီးလေးစားမှုကို မရနိုင်ပေမဲ့၊ တရုတ်ပြည်မှာ ‘လုပ်ငန်း ၃၆၀ ရှိပြီး အလုပ်တိုင်းမှာ သူ့ဆရာနဲ့သူ ရှိတယ်’ ဆိုတဲ့ စကားပုံ ရှိသားပဲ။ ကျွမ်းကျင်မှုတစ်ခုရအောင် ငါ ကြိုးစားပြီး သင်ယူထားသရွေ့တော့ နောင်တစ်ချိန်မှာ ဆိုင်ဖွင့်ပြီး ငါ့ဘာသာ သူဌေးလုပ်လို့ရမှာပဲ။ အဲဒီအခါကျရင် ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ငါ့ကို အထင်ကြီးလေးစားလာမှာ သေချာတယ်” လို့ပေါ့။ နောက်ပိုင်းမှာ၊ ကျွန်မ မိတ်ကပ်ပညာကို သင်ယူခဲ့တယ်။ အလုပ်စဝင်ချိန်မှာ လက်တွေ့အတွေ့အကြုံ မရှိသေးလို့ ကျွန်မက အကူအဆင့်ပဲ လုပ်နိုင်ခဲ့တယ်။ နေ့တိုင်း ဟိုပြေးဒီလွှားနဲ့ အသေးအဖွဲအလုပ်တွေ လုပ်ရပြီး၊ မိတ်ကပ်ဆရာမရဲ့ အော်ဟစ်ဆူပူတာ၊ ခိုင်းစေတာတွေကို ခံခဲ့ရတယ်။ ဒီအခြေအနေကို လက်ခံဖို့ ကျွန်မ လုံးဝ မကျေနပ်ခဲ့ဘူး။ နည်းပညာတွေ ပိုသင်ယူနိုင်ဖို့နဲ့ မိတ်ကပ်ဆရာမတစ်ယောက် အမြန်ဆုံး ဖြစ်လာအောင် အတွေ့အကြုံတွေ စုဆောင်းနိုင်ဖို့အတွက်၊ ကျွန်မက နေ့တိုင်းနီးပါး မနက် ၆ နာရီကနေ ည ၁၀ နာရီအထိ အလုပ်လုပ်ခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုအထိ ကြိုးစားပြီးတဲ့နောက်မှာတော့ နောက်ဆုံး ကျွန်မ မိတ်ကပ်ဆရာမတစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မဘဝက ပိုပြီး စိတ်ဆင်းရဲစရာကောင်းလာလိမ့်မယ်လို့ ကျွန်မ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။ နေ့တိုင်း အလုပ်ပြီးတာနဲ့ ကျွန်မရဲ့ စွမ်းဆောင်ရည် တိုးတက်ဖို့အတွက် အချိန်ပိုတွေ ဆင်းရတယ်။ ကိုယ်ရောစိတ်ပါ ခြေကုန်လက်ပန်း ကျခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ တွေးမိပြန်တယ်၊ “‘လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည’ တဲ့။ ငါသာ ဇွဲမလျှော့ဘဲ ငါ့ရဲ့ကျွမ်းကျင်မှုတွေကို တိုးတက်အောင် လုပ်ရင် ချီးကျူးခံရဖို့နဲ့ အားကျခံရဖို့ အခွင့်အရေးတွေ ပိုရလာမှာပဲ” လို့ပေါ့။ ဒါနဲ့ပဲ သိပ်ပြီး စိတ်ဆင်းရဲမနေတော့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မအမေက ယုံကြည်ခြင်းအကြောင်း ကျွန်မကို ခဏခဏ ပြောပြတတ်တယ်။ ဘုရားသခင်ကို ယုံကြည်တာက ကောင်းတဲ့အရာဆိုတာ ကျွန်မ သိပေမဲ့၊ အလုပ်တွေ အရမ်းရှုပ်နေပြီး အချိန်မရှိဘူးလို့လည်း ခံစားခဲ့ရတယ်၊ ပြီးတော့ ကျွန်မက ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက် အစွမ်းကုန် ကြိုးစားတည်ဆောက်နေရတဲ့ အဆင့်မှာ ရှိနေတာကိုး။ အဲဒါကြောင့် ဘုရားယုံကြည်တာကို သိပ်ပြီး အလေးအနက် မထားခဲ့မိဘူး။

နောက်ပိုင်းမှာ အခြားစတူဒီယိုတစ်ခုမှာ မိတ်ကပ်ဆရာမအနေနဲ့ အလုပ်သွားလုပ်ပြီး အဲဒီမှာ သုံးလေးနှစ် နေခဲ့တယ်။ အများကြီး ကြိုးစားအားထုတ်မှုတွေနဲ့အတူ ကျွန်မက ကိုယ့်ဌာနမှာ အားထားရတဲ့သူတစ်ယောက် ဖြစ်လာခဲ့တယ်။ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေက အမြဲတမ်း အထူးချွန်ဆုံးဖြစ်ခဲ့ပြီး လတိုင်းနီးပါး စွမ်းဆောင်ရည်မှာ ပထမရခဲ့တယ်။ သူဌေးက ကျွန်မရဲ့ အရည်အချင်းကို အလုပ်ဖော်တွေရှေ့မှာ ခဏခဏ ချီးကျူးပြီး သူတို့ကို ကျွန်မဆီက သင်ယူဖို့ ပြောတတ်တယ်။ အဲဒါက ဂုဏ်မက်နေတဲ့ ကျွန်မစိတ်ကို အကြီးမားဆုံး ကျေနပ်မှုပေးခဲ့တာပေါ့။ အထူးသဖြင့်၊ အရင်က တစ်ခါမှ မဆုံဖူးတဲ့ ဖောက်သည်တော်တော်များများက ဒီလိုပြောတာကို ကျွန်မ ကြားရတယ်၊ “ညီမအကြောင်းကို အကုန် ကြားဖူးပြီးသားပါ။ ညီမက အရည်အချင်းရှိရုံတင်မကဘူး၊ လူကောင်းတစ်ယောက်လည်း ဖြစ်တယ်လို့ သူငယ်ချင်းတွေ အကုန်လုံးက ပြောကြတယ်။ ညီမရှိလို့ကို တမင်ရွေးလာခဲ့ကြတာ” တဲ့။ ဒီလိုမျိုးတွေ ကြားရတဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး သဘောကျလာပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားချင်တဲ့ ကျွန်မရဲ့ လိုအင်ဆန္ဒက ပိုပြီး ကြီးထွားလာခဲ့တယ်။ ဘယ်သူကတော့ ငယ်ငယ်လေးနဲ့ သူ့ကိုယ်ပိုင်ဆိုင် ဖွင့်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်နေပြီ၊ အရမ်းတော်တာပဲ ဆိုတာမျိုး ဘေးကလူတွေ ပြောကြတာကို ကြားရတဲ့အခါ ကျွန်မ အရမ်းကို မနာလို ဖြစ်ခဲ့ရတယ်။ ကျွန်မမှာလည်း အရည်အချင်း ကောင်းကောင်းရှိသားပဲ၊ လိုအပ်တဲ့ ငွေကြေးအခြေအနေ မရှိသေးလို့သာလို့ ကျွန်မ တွေးမိတယ်။ ကျွန်မက အသက် နှစ်ဆယ်ကျော်ခါစပဲ ရှိသေးတာလေ၊ ကျွန်မသာ ကြိုးကြိုးစားစားနဲ့ ဖောက်သည်တိုင်းကို အလေးအနက်ထား လုပ်ပေးမယ်၊ နာမည်ကောင်းရအောင် တည်ဆောက်မယ် ဆိုရင်၊ အနှေးနဲ့အမြန်ဆိုသလို ဆိုင်တစ်ဆိုင်ဖွင့်ပြီး ကိုယ့်ဘာသာ သူဌေးလုပ်ဖို့ အခွင့်အရေး ရလာမှာပဲပေါ့။ ဒီအကြောင်း တွေးမိတိုင်း၊ သွေးတွေ ဆူပွက်လာသလိုမျိုး ခန္ဓာကိုယ်ထဲမှာ အဆုံးမရှိတဲ့ ခွန်အားတွေ စီးဆင်းလာသလို ခံစားရတယ်။ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေနဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာ အမြဲတမ်း စဉ်းစားတယ်၊ ပြီးတော့ အင်တာနက် ပလက်ဖောင်းအမျိုးမျိုးကနေ မိတ်ကပ် ဗီဒီယိုတွေကို ခဏခဏ ကြည့်ပြီး ကောင်းတဲ့ နည်းစနစ်တွေကို လေ့လာတယ်။ အလုပ်ဖော်တွေ အကုန်လုံးက အလုပ်ကို မြန်မြန်ပြီးချင်နေကြပေမဲ့၊ ကျွန်မကတော့ ဖောက်သည်တွေ ပိုပြီး ကျေနပ်မှုရစေဖို့အတွက်၊ သူတို့ကို ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယို ရိုက်ပေးဖို့ အချိန်ပိုပေးတတ်တယ်။ ကျွန်မကို ပရိုမိုးရှင်း လုပ်ပေးတဲ့အနေနဲ့ အဲဒီပုံတွေကို သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေမှာ တင်ခိုင်းတယ်၊ လိုက်ခ်တွေ အများကြီးရပြီး ကောင်းတဲ့ မှတ်ချက်တွေ တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရမ်း ကျေနပ်မိတာပေါ့။ ကျွန်မက အလုပ်ဆင်းချိန် အမြဲတမ်း အနောက်ကျဆုံးလူ ဖြစ်နေတတ်တယ်၊ အိမ်ပြန်ရောက်တဲ့အခါမှာတောင် ဖောက်သည်တွေနဲ့ ဆက်ဆံရေးကောင်းအောင်လို့ သူတို့နဲ့ စကားပြောလေ့ရှိတယ်။ ဖောက်သည်တွေကို ထိန်းထားဖို့အတွက် နေ့တိုင်း မျက်နှာဖုံးစွပ်ပြီး အသက်ရှင်နေရသလိုပဲ၊ ဟန်ဆောင်ပြီး နားထောင်ကောင်းမယ့် စကားတွေပဲ ပြောနေရတယ်။ ဖောက်သည်က သိသိသာသာ ဝနေရင်တောင်မှ၊ “အစ်မ ခန္ဓာကိုယ်က အချိုးအစား ပြေပစ်လိုက်တာ။ ဒီလို ခန္ဓာကိုယ်မျိုး ရှိမှ အဝတ်အစား ဝတ်ရတာ ပိုပေါ်တာ” ဆိုပြီး မြှောက်ပင့်ပြောလိုက်တယ်။ တချို့ ဖောက်သည်တွေက ရုပ်သိပ်မချောရင်တောင် ချီးကျူးစရာ အချက်လေးတွေကို သေချာရှာပြီး သူတို့ ပျော်သွားအောင် မြှောက်ပင့်ပြောရတယ်။ လက်ပေါက်ကတ်တဲ့ ဖောက်သည်တချို့ဆိုရင် စိတ်ထဲကနေ အရမ်း စိတ်ပျက်နေရင်တောင်မှ၊ သူတို့ ကျေနပ်သွားတဲ့အထိ အတင်း ပြုံးပြထားရတယ်။ ကိုယ်ခံစားရတာနဲ့ ဆန့်ကျင်ဘက် စကားတွေကို ကျွန်မ တကယ် မပြောချင်ခဲ့ဘူး၊ ဒါပေမဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြောကို ပြောရတာပေါ့။ ဘေးနားက လူတွေဆီက ချီးကျူးတာတွေ၊ အားကျတာတွေကို ရခဲ့ပေမဲ့၊ ဒီတဒင်္ဂ ပျော်ရွှင်မှုလေး ကုန်သွားတာနဲ့ ကျွန်မရင်ထဲမှာ စိတ်ဓာတ်ကျတာတွေ၊ ပင်ပန်းနွမ်းနယ်တာတွေပဲ ပိုကျန်ခဲ့တယ်။ ကျွန်မ ခဏခဏ တွေးမိတယ်၊ လူတွေရဲ့ လေးစားမှုကို ရဖို့အတွက်၊ ကျွန်မ နေ့တိုင်း စက်တစ်ခုလို အလုပ်လုပ်နေရတယ်။ အလုပ်ကလွဲရင် နောက်ထပ်အလုပ်တွေချည်းပဲ။ ဒီနေ့ရက်တွေက ဘယ်တော့များမှ ဆုံးမှာလဲ။ ကျွန်မဘဝက ဒီလိုနဲ့ပဲ ကုန်ဆုံးသွားတော့မှာလား လို့ပေါ့။ ကျွန်မ စိတ်ရှုပ်ထွေးပြီး အကူအညီမဲ့သလို ခံစားခဲ့ရတယ်။ အဲဒီအချိန်မှာ အခက်အခဲတွေ ကြုံရရင် ဘုရားသခင်ကို အော်ခေါ်ဖို့ ငယ်ငယ်ကတည်းက အမေပြောဖူးတာကို သတိရသွားတယ်။ အဲဒီကာလအတွင်းမှာ ကိုယ့်အခက်အခဲတွေကို ဘုရားသခင်ရှေ့ ယူဆောင်သွားပြီး ခဏခဏ ဆုတောင်းခဲ့တယ်၊ “ချစ်ရတဲ့ ဘုရားသခင်၊ သမီး စိတ်ရှုပ်ထွေးနေပါတယ်၊ အလုပ်မှာလည်း ဖိအားတွေ အရမ်းများနေတယ်။ သမီးဘဝက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးလို့တောင် ခံစားရတယ်။ ကျေးဇူးပြုပြီး သမီးကို ကူညီပါ” လို့ပေါ့။

၂၀၂၁ ခုနှစ် မေလမှာ၊ ဒီလို အချိန်ဆို အမြဲတမ်း အရမ်း အလုပ်များတတ်တဲ့ ကုမ္ပဏီက အလုပ်ပါးသွားတယ်။ အဲဒါနဲ့ အိမ်မှာ နားဖို့ အခွင့်အရေး ခဏခဏ ရခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက စုဝေးပွဲတွေမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြပြီး ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပေးတဲ့အတွက်၊ ကျွန်မ ရင်ထဲက သောကတွေ၊ ဖိနှိပ်ခံထားရတဲ့ ခံစားချက်တွေ တော်တော်လေး သက်သာသွားတယ်။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို တရားဝင် လက်ခံခဲ့ပြီး အသင်းတော် အသက်တာကို စတင် ရှင်သန်ခဲ့တယ်။ စုဝေးပွဲတွေမှာ လူတိုင်းက ပွင့်ပွင့်လင်းလင်းနဲ့ သူတို့ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှု အကြောင်းကို မိတ်သဟာယဖွဲ့ကြတယ်။ အခက်အခဲ ကြုံနေရသူတိုင်းကို ကူညီပေးဖို့ လူတိုင်းက မိတ်သဟာယဖွဲ့ပေးကြတယ်။ ဘယ်သူကမှ ဘယ်သူ့ကိုမှ အထင်မသေးကြဘူး။ ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးတဲ့အခါ ကျွန်မ စိတ်နှလုံးက အေးချမ်းပြီး ငြိမ်သက်မှုကို ခံစားရတယ်၊ လူတွေက ဒီလို သက်သောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ် အသက်ရှင်နေထိုင်လို့ ရတာပဲဆိုတာကို နောက်ဆုံးတော့ ကျွန်မ သိသွားတယ်။ နောက်ပိုင်းမှာ စုဝေးပွဲတွေ တက်ဖို့အတွက် ခွင့်ခဏခဏ ယူတော့၊ သူဌေးက ကျွန်မ တခြားကုမ္ပဏီကို ကူးသွားမှာ စိုးရိမ်ပြီး ကျွန်မ ဘာတွေဖြစ်နေလဲဆိုတာကို သိရအောင် လုပ်ဖော်ကိုင်ဖက်တွေကို စုံစမ်းခိုင်းတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်ထဲမှာ ကျွန်မ အလုပ်ကို ဘယ်လောက်တောင် ကြိုးစားခဲ့လဲ၊ သူဌေးရဲ့ အသိအမှတ်ပြုမှုကို ဘယ်လို ရယူခဲ့လဲ၊ ပြီးတော့ ကုမ္ပဏီကနေ အဓိကထားပြီး ပျိုးထောင်ပေးနေတဲ့သူ တစ်ယောက် ဖြစ်နေတာကိုလည်း တွေးမိတယ်။ ကွျန်မ ခွင့်ခဏခဏ ယူနေတာကို သူဌေးမြင်ရင် အချိန်ကြာလာတာနဲ့အမျှ ကျွန်မကို သဘောမကျဖြစ်လာမလား၊ ကျွန်မကို ပျိုးထောင်ပေးဖို့ အာရုံစိုက်တာကို ရပ်လိုက်မလားလို့ပေါ့။ စုဝေးပွဲတွေ တက်ဖို့ ခွင့်ခဏခဏ ယူမိတာကို ကျွန်မ နောင်တရလာတယ်၊ ပြီးတော့ ဒီနောက်ပိုင်းမှာ အလုပ်ချိန်နဲ့ မတိုက်မှပဲ စုဝေးပွဲ တချို့ကို တစ်ခါတလေ တက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့ဖို့ ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးတဲ့အခါ၊ ကျွန်မ စိတ်နှလုံးက ဖိနှိပ်ခံရတာတွေကနေ လွတ်မြောက်ပြီး လွတ်လပ်သွားသလို ခံစားရတာကို ပြန်တွေးမိပြီး၊ စိတ်ထဲမှာတော့ စုဝေးပွဲတွေ တက်ချင်နေတုန်းပဲ။ စုဝေးချိန်နဲ့ အလုပ်ချိန် တိုက်နေတဲ့ အခါတိုင်း၊ ကျွန်မ စိတ်ထဲမှာ မတူညီတဲ့ လမ်းကြောင်းနှစ်ခုဆီကို လွန်ဆွဲခံနေရသလို ခံစားရတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ၊ ကျွန်မ အလုပ်က ပိုပိုပြီး များလာတယ်။ အထူးသဖြင့် အလုပ်များတဲ့ ရာသီမှာဆိုရင် တစ်လလုံးလုံး စုဝေးပွဲ မတက်ဖြစ်တာမျိုးတောင် ရှိတယ်။ အဲဒီအချိန်က ကိုယ့်ကိုယ်ကိုယ် နည်းနည်း အပြစ်တင်မိတယ်၊ ဒါပေမဲ့ ကုမ္ပဏီမှာ အလုပ်တွေ အရမ်းများနေတာကို မြင်တော့ ခွင့်မယူရဲခဲ့ဘူး။ မိတ်ကပ်ဆရာမတိုင်းမှာ ကုမ္ပဏီက ကြိုတင် ချိတ်ပေးထားတဲ့ ဖောက်သည်တွေ ရှိတယ်လေ၊ အဲဒါကြောင့် ကျွန်မအလုပ်ကို အစားထိုးလုပ်ပေးမယ့်သူ ရှာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ တချို့ ဖောက်သည်တွေဆို တခြားဒေသတွေကနေ တမင်လာကြတာမို့ သူတို့ကို ကျွန်မ လုံးဝ ငြင်းလို့မရဘူး။ အခုလိုအချိန်မှာ သွားပြီး ခွင့်ယူလိုက်ရင် သူဌေးက သေချာပေါက် မပျော်ဘူးပေါ့။ သူဌေးကသာ ကျွန်မကို သဘောမကျတော့ရင် ကျွန်မကို အလုပ်ဖြုတ်ပစ်နိုင်တယ် လို့ တွေးမိတယ်။ သေချာ စဉ်းစားကြည့်ပြီးတဲ့နောက်မှာတော့ တကယ်တမ်း အလုပ်က ပိုအရေးကြီးတယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်တုန်းက၊ ကျွန်မ အရမ်း အလုပ်များလွန်းလို့ တစ်လလုံး ကောင်းကောင်းမွန်မွန်တောင် မနားရဘူး။ အလုပ်ဆင်းပြီး အချိန်နည်းနည်း ရတဲ့အခါ အမေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြတယ်။ ကျွန်မ စိတ်ကို ငြိမ်အောင် ထားလို့မရခဲ့ဘူး၊ စကား နှစ်ခွန်း သုံးခွန်းလောက် ကြားရုံနဲ့တင် အိပ်ငိုက်လာရော။ အလုပ်ဖိအားတွေ လျော့သွားအောင်လို့ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ အပြင်ထွက် စားသောက်ကြ၊ ပျော်ပါးကြတယ်၊ ပြီးတော့ အသိစိတ်လွတ်သွားအောင် ဗီဒီယိုတွေနဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်တယ်။ အဲဒီအချိန်လေးမှာ တဒင်္ဂ ပျော်ရွှင်မှုကို ခံစားရပေမဲ့၊ လက်တွေ့ဘဝထဲ ပြန်ရောက်ပြီး ပြဿနာတွေ အကုန်လုံးနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ ရင်ထဲမှာ အကြီးအကျယ် ဖိနှိပ်ခံထားရသလို ခံစားရတုန်းပဲ၊ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေတုန်းပဲ။ နောက်ပိုင်း အလုပ်ပါးတဲ့ အချိန်ကျမှပဲ စုဝေးပွဲတွေကို သွားဖြစ်တယ်။

ညီအစ်မတစ်ယောက်က ကျွန်မရဲ့ အခြေအနေကို သိသွားတဲ့အခါ ကျွန်မ ဖတ်ရအောင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ရှာပေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက် သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်နိုင်စွမ်း မရှိသလို သတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ် မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ ကောက်ကျစ်စဉ်းလဲသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့အားလုံးသည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ လူတွေကို ချည်နှောင်ဖို့နဲ့ ဘုရားသခင်ကို ရှောင်သွားအောင် လုပ်ဖို့အတွက် စာတန်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကြီးပြင်းလာတဲ့အချိန်တုန်းက မိသားစုရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ဘေးနားကလူတွေက ကျွန်မကို ဘယ်လို အထင်သေးခဲ့ကြတယ် ဆိုတာတွေကို ကျွန်မ ပြန်တွေးမိတယ်။ ကျွန်မက ကြီးကျယ်တဲ့အရာတွေ လုပ်နိုင်ဖို့နဲ့ တခြားသူတွေထက် ထူးချွန်လာဖို့ကို ရည်မှန်းချက်ထားခဲ့တယ်၊ ဒါမှ လူတိုင်းက ကျွန်မကို အထင်ကြီးလေးစားမှုတွေနဲ့ ကြည့်လာမှာလို့ပေါ့။ အမေက ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ခဏခဏ ပြောပြပေမဲ့၊ ကျွန်မ လုံးဝ အလေးမထားခဲ့ဘူး။ ကျွန်မက ငယ်သေးတယ်၊ အခုအချိန်ဟာ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ကြိုးစားရမယ့်အချိန်ပဲ လို့ ထင်ခဲ့တယ်။ မိတ်ကပ်ဆရာမ ဖြစ်လာပြီးနောက်မှာလည်း ကျွန်မရဲ့ ကျွမ်းကျင်မှုတွေနဲ့ စွမ်းဆောင်ရည် ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာကိုပဲ အမြဲ ဦးနှောက်ခြောက်ခံပြီး တွေးခဲ့တယ်၊ အလုပ်မှာ စွမ်းဆောင်ရည် ပိုကောင်းလာဖို့အတွက် ဖောက်သည်တွေ ပျော်အောင် ခဏခဏ မြှောက်ပင့် ပြောဆိုခဲ့တယ်။ ကျွန်မရဲ့ အလုပ်ကို ကောင်းကောင်းလုပ်ဖို့နဲ့ လူပိုများများဆီက လေးစားမှုကို ရဖို့အတွက်၊ ကုမ္ပဏီကနေ အမြဲတမ်း နောက်ဆုံးမှ ပြန်တဲ့သူ ဖြစ်အောင် နေခဲ့တယ်၊ အလုပ်ဆင်းပြီးနောက် ရတဲ့ အချိန်နည်းနည်းလေးမှာတောင်၊ ကိုယ့်ကိုယ်ကိုယ် ပရိုမိုးရှင်း လုပ်ဖို့အတွက် ဖောက်သည်တွေအတွက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အယ်ဒစ် လုပ်ပေးခဲ့တယ်။ တစ်ခါတလေဆို အလုပ်နဲ့ ပတ်သက်တဲ့ အရာတွေကို အိပ်မက်တောင် မက်သေးတယ်။ ကျွန်မရဲ့ စိတ်နှလုံးဟာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကြောင့် အချိန်အတော်ကြာအောင် တင်းတင်းကျပ်ကျပ် ချည်နှောင်ခံထားရတာပဲ။ အလုပ်နဲ့ စုဝေးပွဲကြား အချိန်တိုက်နေတဲ့အခါ၊ ခွင့်အများကြီးယူရင် သူဌေးက မကျေနပ်ဖြစ်ပြီး အနာဂတ် အလုပ်အကိုင် တိုးတက်မှုကို ထိခိုက်လာမှာ စိုးရိမ်ခဲ့တယ်၊ အဲဒါကြောင့် တစ်လလုံးလုံး စုဝေးပွဲလည်း မသွားဘူး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း မဖတ်ခဲ့ဘူး။ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေပြီး တီဗီဇာတ်လမ်းတွဲတွေနဲ့ အင်တာနက်က ဗီဒီယိုတွေ ကြည့်ပြီး စိတ်ဖိစီးမှုကို လျှော့ချဖို့ ကြိုးစားခဲ့တယ်။ ဒါက ကျွန်မ စိတ်နှလုံးကို ဘုရားသခင်နဲ့ ပိုပိုပြီး ဝေးကွာသွားစေခဲ့တာပဲ။ ကျွန်မ ရင်ထဲမှာ ပိုပြီး ဟာလာဟင်းလင်း ဖြစ်လာပြီး ပိုပြီးတောင် နာကျင်လာတယ်။ ကျွန်မကို ထိန်းချုပ်ဖို့ စာတန်က ကျော်ကြားမှုနဲ့ အကျိုးအမြတ် ကို အသုံးပြုနေတာ ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မရဲ့ စိတ်နှလုံးအကုန်လုံးကို အလုပ်ထဲမှာပဲ မြှုပ်နှံထားအောင် လုပ်တယ်၊ စုဝေးပွဲ သွားတာတွေ၊ တာဝန်ထမ်းဆောင်တာတွေကို တားဆီးတယ်၊ ပြီးတော့ ကျွန်မကို ဘုရားသခင်နဲ့ တဖြည်းဖြည်း ဝေးကွာသွားအောင်၊ ဘုရားသခင်ကို သစ္စာဖောက် အောင် လုပ်ပြီး၊ ကယ်တင်ခြင်း ရဖို့ အခွင့်အရေးကိုပါ ဆုံးရှုံးအောင် လုပ်နေတာပဲ။ စာတန်ရဲ့ အကြံအစည်ကို ကျွန်မ ရှင်းရှင်းလင်းလင်း သိမြင်ပြီး စုဝေးပွဲတွေကို တတ်နိုင်သမျှ သွားရမယ်။ ဒါကြောင့် ကျွန်မကို ကူညီပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။

အလုပ်ပါးတဲ့ ရာသီမှာ စုဝေးပွဲသွားဖို့ ကျွန်မ အလုပ်ကို ချိန်ညှိနိုင်ခဲ့ပေမဲ့၊ အလုပ်များတဲ့ ရာသီမှာတော့ အလုပ်တွေရှုပ်နေချိန်မှာ ခွင့်ခဏခဏ ယူရလို့ သူဌေးက မပျော်ဘူး။ ခွင့်ယူဖို့အတွက် အမြဲတမ်း ဆင်ခြေအမျိုးမျိုး ရှာနေတာက ဖြေရှင်းနည်း မဟုတ်ဘူးလို့ ကျွန်မ ခံစားရတယ်၊ ဒါပေမဲ့ ကျွန်မသာ အလုပ်ပြောင်းလိုက်ရင် သူများတွေထက် ထူးချွန်ချင်တဲ့ ကျွန်မရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာပေါ့ လို့ တွေးမိတယ်။ ဒီအလုပ်ကို စွန့်လွှတ်ဖို့ တွေးလိုက်တာနဲ့တင် ကျွန်မ မစွန့်လွှတ်ရက်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ဒီအတိုင်းသာ ဆက်သွားနေရင်တော့ ဘုရားသခင်နဲ့ ပိုပို ဝေးကွာသွားရုံပဲ ရှိမှာ၊ နောက်ဆုံးမှာ ကိုယ့်ရဲ့ ကယ်တင်ခြင်း ရမယ့် အခွင့်အရေးပါ ဆုံးရှုံးသွားလိမ့်မယ်။ နေ့တိုင်း ကျွန်မ စိတ်ထဲမှာ ဒွိဟဖြစ်နေသလို ခံစားရတယ်၊ အရမ်းကို စိတ်ဆင်းရဲပြီး နာကျင်ခဲ့ရတယ်၊ ဘယ်လို ရွေးချယ်ရမလဲ ဆိုတာကိုလည်း မသိခဲ့ဘူး။ အမေက ကျွန်မရဲ့ အခြေအနေကို သိသွားတဲ့နောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြတယ်။ “သမ္မာတရားနှင့် အသက်ကို ရရှိလိုလျှင် ဘုရားနှုတ်ကပတ်တော်များအပေါ်တွင် အခြေခံအုတ်မြစ် ချရမည်။ ဤအရာက သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သင့်ကို စတင်လျှောက်လှမ်းခွင့် ပြုလိမ့်မည်။ ဤတစ်ခုတည်းကသာ ဘဝတွင် ပန်းတိုင်နှင့် ဦးတည်ချက်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်၏ စိတ်နှလုံးတွင် အုတ်မြစ်ချရန် အခွင့်ပေးမှသာ အမှန်တကယ် ဘုရားသခင် ရွေးချယ်ထားပြီး ကြိုတင်စီမံထားသူဖြစ်သည်။ ယခုအချိန်တွင် သင်တို့၏ အခြေခံအုတ်မြစ်များသည် တည်ငြိမ်မှုမရှိသေးပေ။ ကြီးမားသော ကပ်ဘေး၊ သို့မဟုတ် စမ်းသပ်မှုကို မဆိုထားနှင့်၊ စာတန်ထံမှ သေးငယ်သော စုံစမ်းနှောင့်ယှက်ခြင်းတစ်ခုက သင်တို့အပေါ်သို့ ကျရောက်လာလျှင်ပင် သင်တို့သည် တုန်လှုပ်ပြီး ယိမ်းယိုင်နိုင်သည်။ ဤသည်မှာ အခြေခံအုတ်မြစ် မရှိခြင်းဖြစ်ပြီး အလွန် အန္တရာယ်ရှိသည်။ လူများစွာတို့သည် ဖိနှိပ်ခြင်း၊ သို့မဟုတ် ဘေးဒုက္ခက ၎င်းတို့အပေါ် ကျရောက်သောအခါ ယိမ်းယိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်ကြသည်။ လူအချို့သည် ဂုဏ်အဆင့်အတန်းအချို့ကို ရရှိပြီးနောက်တွင် စတင်၍ မဆင်မခြင် ပြုမူကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ဖော်ထုတ်ခံရပြီး ဖယ်ရှားခြင်းခံရသည်။ သင်တို့အားလုံးသည် ဤအရာများကို အလွန်ရှင်းလင်းစွာ မြင်နိုင်သည်။ ထို့ကြောင့် ဘဝတွင် သင်တို့လိုက်စားသင့်သည့် ဦးတည်ချက်နှင့် ပန်းတိုင်အပြင် လျှောက်လှမ်းသင့်သည့် လမ်းကြောင်းကိုပါ ယခု ဦးစွာ ဆုံးဖြတ်သင့်သည်။ ထို့နောက် သင်၏ စိတ်ကို တည်ငြိမ်အောင်ထားပြီး ထိုပန်းတိုင်အတွက် အလုပ်ကြိုးစားလော့။ သင့်ကိုယ်သင် အသုံးခံလော့။ အားထုတ်လော့။ အဖိုးအခပေးဆပ်လော့။ ယခုလောလောဆယ် အခြားသော ကိစ္စများကို ဘေးဖယ်ထားလော့။ ထိုအရာများကို သင်ဆက်၍ တွေးဆနေလျှင် သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်။ သမ္မာတရားကို သင် လိုက်စားခြင်း၊ သင်၏ ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် အရေးပါသောကိစ္စကို ထိခိုက်လိမ့်မည်။ သင်သည် အလုပ်ရှာခြင်း၊ ပိုက်ဆံများစွာ ရှာခြင်း၊ ချမ်းသာကြွယ်ဝအောင် လုပ်ခြင်း၊ လူ့အဖွဲ့အစည်းတွင် တည်ငြိမ်သော ခြေကုပ်ရရန် တည်ဆောက်ခြင်း၊ သင်၏နေရာ ရှာဖွေခြင်းတို့ကို စဉ်းစားရလျှင်၊ အိမ်ထောင်ပြုခြင်းနှင့် လက်တွဲဖော်ရှာခြင်း၊ မိသားစုကို ပံ့ပိုးပြီး သူတို့အား ကောင်းမွန်သော ဘဝကို ပေးရန် တာဝန်ယူခြင်းတို့ကို စဉ်းစားရလျှင်၊ ပြီးလျှင် သင်သည် ကျွမ်းကျင်မှုအသစ်အချို့ကိုလည်း သင်ယူလိုလျှင်၊ ထူးချွန်ပြီး အခြားလူများထက်ပို၍ တော်လိုလျှင် ဤအရာအားလုံးကို စဉ်းစားရခြင်းက ပင်ပန်းမည်မဟုတ်လော။ သင်၏ စိတ်ထဲတွင် အကြောင်းအရာ မည်မျှဆန့်သနည်း။ လူတစ်ယောက်သည် သူ၏ သက်တမ်းတစ်လျှောက်တွင် စွမ်းအင်မည်မျှရှိသနည်း။ အရွယ်ကောင်းသော နှစ်ကာလမည်မျှ ရှိသနည်း။ ဤဘဝတွင် လူတို့သည် အသက်နှစ်ဆယ်နှင့် လေးဆယ်ကြားတွင် စွမ်းအင်အရှိဆုံး ဖြစ်သည်။ ဤအချိန်ကာလအတွင်းတွင် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများ နားလည်သင့်သည့် သမ္မာတရားများကို ကျွမ်းကျင်အောင် ပြုလုပ်ရမည်။ ထို့နောက် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရမည်။ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအပြင် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စမ်းသပ်ခြင်းကိုပါ လက်ခံရမည်။ အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ ဘုရားသခင်ကို မငြင်းဆန်သည့် အနေအထားသို့ ရောက်ရှိရမည်။ ဤသည်မှာ အခြေခံအကျဆုံးသောအရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အဓိပ္ပာယ်ရှိပါသည်) အမေက ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်၊ “ဘုရားသခင်က အမေတို့ရဲ့ အသက်တာကို တန်ဖိုးရှိစေချင်တယ်၊ အဓိပ္ပာယ်ရှိစေချင်တယ်။ သမီးက ငယ်ရွယ်ပြီး ခွန်အားတွေ ပြည့်နေတဲ့အရွယ်လေ၊ အမေက သမီးကို မိသားစုထဲမှာ ဝင်ငွေရှာရမဲ့သူဖြစ်ဖို့ မမျှော်လင့်ပါဘူး။ သမီး ဘုရားသခင်ကို ကောင်းကောင်းမွန်မွန် ယုံကြည်မှာကိုပဲ အမေ မျှော်လင့်တယ်၊ သမီးရဲ့ အကောင်းဆုံး အရွယ်တွေကို ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားဖို့အတွက် အသုံးပြုစေချင်တယ်။ ဒါတွေက သမီးဘဝမှာ အရေးအကြီးဆုံး အရာတွေပဲ။ ဘုရားသခင်ကို ယုံကြည်တာကလွဲရင် ကျန်တာ အားလုံးက အနှစ်သာရမရှိပါဘူး။ အမေ့စကားကို မယုံရင် စမ်းကြည့်လိုက်လေ။ သမီး အလုပ်ထဲမှာ ကိုယ့်စွမ်းအင် အကုန် မြှုပ်နှံထားရင်တောင်မှ၊ အောင်မြင်မှုတွေ၊ ကျော်ကြားမှုတွေ ရလာတဲ့ တစ်နေ့ကျရင်လည်း သမီး ပျော်မှာမဟုတ်ဘူး။ အခုခေတ်မှာ ချမ်းသာပြီး နာမည်ကြီးတဲ့လူတွေ အများကြီး ရှိတယ်လေ၊ ဒါပေမဲ့ သူတို့ တကယ် ပျော်ကြရဲ့လား။ လူတွေရဲ့ လိုချင်ဆန္ဒတွေဆိုတာ ဘယ်တော့မှ ပြည့်သွားတယ်လို့ မရှိဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကသာ လူတွေအတွက် လမ်းပြပေးနိုင်ပြီး သူတို့ဘဝကို နေ့တိုင်း ပေါ့ပါးပျော်ရွှင်စေနိုင်တာ” တဲ့။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “လူတွေရဲ့ လိုချင်တပ်မက်မှုတွေက တကယ်ကို အဆုံးမရှိတာပဲ။ အလုပ်စလုပ်ခါစက အခြေအနေမျိုးနဲ့ တူတယ်။ ငါ့မှာ အတွေ့အကြုံ မရှိဘူး၊ လစာနည်းတယ်၊ ပြီးတော့ တန်ဖိုးထားလည်း မခံရဘူး။ ဒါပေမဲ့ ဆက်တိုက် ကြိုးစားပြီးတဲ့နောက်မှာတော့ နောက်ဆုံး ငါ့ဌာနရဲ့ အားထားရတဲ့သူ ဖြစ်လာခဲ့တယ်။ လူတိုင်းရဲ့ လေးစားမှုကို ရခဲ့တယ်၊ ငါ့ရဲ့ လစာနဲ့ ခံစားခွင့်တွေကလည်း ပိုပိုပြီး ကောင်းလာတယ်၊ ဒါပေမဲ့ ငါ မရောင့်ရဲသေးဘူး။ ငါ့ရဲ့ ကျွမ်းကျင်မှုတွေ တိုးတက်အောင်၊ အဆက်အသွယ်တွေ ပိုရလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဆက်တိုက် စီစဉ်နေခဲ့တယ်၊ ဒါမှ ငါ့ကိုယ်ပိုင် စီးပွားရေးတစ်ခု ရှိလာပြီး ပိုများတဲ့ လူတွေဆီက လေးစားမှုကို ရမှာလေ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ငါ့ရဲ့ အချိန်တွေ၊ ခွန်အားတွေကို အမြဲတမ်း ပေးဆပ်နေခဲ့တယ်။ ဒါပေမဲ့ ဒီအရာတွေကို ရပြီးတဲ့နောက်မှာတောင် ငါ ပိုလိုချင်နေသေးတယ်၊ ငါ့ရဲ့ လိုအင်ဆန္ဒတွေက ကြီးထွားလာနေတုန်းပဲ။ အကျိုးဆက်ကတော့ ဒီအရာတွေကို ရလာတာက ငါ့ကို ပျော်ရွှင်စေရမဲ့အစား ငါ့ကို ပိုပြီး နာကျင်စေခဲ့တယ်” လို့ပေါ့။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမ္မာတရားကို နည်းနည်း နားလည်လာတဲ့အခါ ရင်ထဲမှာ ခံစားရတဲ့ အေးချမ်းမှုနဲ့ ငြိမ်သက်မှုဆိုတာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ပမာဏ ဘယ်လောက်နဲ့မှ ဝယ်လို့ မရဘူးဆိုတာကို ကျွန်မ ထပ်စဉ်းစားကြည့်ရင်း သဘောပေါက်လာတယ်။ တာဝန်ထမ်းဆောင်မှသာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တွေ့ကြုံခံစားရဖို့ အခွင့်အရေးတွေ ပိုရနိုင်တယ်၊ တာဝန်ထမ်းဆောင်တဲ့အခါတိုင်း ဘုရားသခင်ရှေ့ကို အမြဲတမ်းလာတာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တာ၊ ပြီးတော့ ဘုရားသခင်ဆီ ဆုတောင်းတာတွေ လုပ်မှသာ၊ ကျွန်မတို့ရဲ့ အသက်တာ ကြီးထွားမှုက ပိုမြန်လာမှာပဲ။ ကျွန်မနဲ့ တစ်ချိန်တည်း ဘုရားသခင်ကို စတင် ယုံကြည်ခဲ့တဲ့ ညီအစ်မတွေဆိုရင် အခု တာဝန်တွေ ထမ်းဆောင်နေကြပြီ၊ သူတို့ရဲ့ အသက်တာ ကြီးထွားမှုကလည်း အရမ်း မြန်တယ်။ သူတို့က သမ္မာတရားကိုလည်း ပိုပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့၊ နေ့တိုင်း အလုပ်တွေနဲ့ပဲ ရှုပ်နေတာကို တွေ့ရတယ်။ စုဝေးပွဲလည်း မသွားဘူး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း မဖတ်ဘူး၊ ကိုယ့်တာဝန်တွေလည်း မထမ်းဆောင်ဘူး။ ကျွန်မနဲ့ မယုံကြည်သူတွေ ကြားမှာ သိပ်ပြီး ကွာခြားချက် မရှိတော့ဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် ကျွန်မဟာ သမ္မာတရားကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး။ လူတစ်ယောက်မှာ ခွန်အား ဘယ်လောက်များ ရှိနိုင်မှာလဲ။ ဒီဟာလည်း လိုချင်တယ်၊ ဟိုဟာလည်း လက်မလွှတ်ချင်ဘူးဆိုရင် လှေနံနှစ်ဖက် နင်းထားသလို ဖြစ်နေမှာပဲ၊ နောက်ဆုံးတော့ ရေထဲ ပြုတ်ကျသွားမှာပဲ။ ကျွန်မသာ မှန်ကန်တဲ့ ရွေးချယ်မှု မလုပ်နိုင်ရင်၊ ကယ်တင်ခြင်း ရမယ့် အခွင့်အရေးကို တကယ်ပဲ ဆုံးရှုံးသွားလိမ့်မယ်။

စိတ်ထဲမှာ အချိန်အတော်ကြာ လွန်ဆွဲပြီးတဲ့နောက်၊ ကုမ္ပဏီကို အလုပ်ထွက်စာ တင်လိုက်တယ်။ အလုပ်ထွက်စာ အကြိမ်ကြိမ် တင်ပေမဲ့ အကြိမ်တိုင်း ငြင်းပယ်ခံရတယ်။ သူဌေးက ကျွန်မကို ခဏခဏ ခေါ်ပြောတယ်၊ “ကုမ္ပဏီက ညီမလို ထူးချွန်တဲ့ ဝန်ထမ်းမျိုးကို မဆုံးရှုံးချင်ဘူး။ တောင်းဆိုချင်တာ ရှိရင် ပြောပါ၊ ကျေနပ်အောင် အတတ်နိုင်ဆုံး လုပ်ပေးပါ့မယ်။ အခုအချိန်အထိ ဇွဲမလျှော့ဘဲ လုပ်လာခဲ့ရတာ အရမ်း ခက်ခဲခဲ့မှာပဲ” တဲ့။ လစာတိုးပေးမယ် လို့လည်း သူက ပြောသေးတယ်၊ နည်းပညာပိုင်းဆိုင်ရာ ဒါရိုက်တာအဖြစ် ရာထူးတိုးပေးမယ်၊ ပြီးတော့ မူလလစာအပြင် နောက်ထပ် ထောက်ပံ့ကြေး ယွမ် ၁၀၀၀ လည်း ထပ်ပေးမယ်တဲ့။ ကျွန်မ ငြင်းလိုက်ပေမဲ့၊ ရင်ထဲမှာတော့ လက်လွှတ်ဖို့ အရမ်း ခက်ခဲနေခဲ့တယ်။ ကျွန်မသာ ဆက်အလုပ်လုပ်ရင် လစာပိုရမယ့်အပြင် နည်းပညာပိုင်းဆိုင်ရာ ဒါရိုက်တာအနေနဲ့လည်း ရာထူးတိုးဦးမှာလေ။ အဲဒါဆို တခြားသူတွေထက် ထူးချွန်ချင်တဲ့ ကျွန်မရဲ့ အိပ်မက်နဲ့ ပိုနီးစပ်သွားပြီ မဟုတ်ဘူးလား။ အဲဒီအတွေးက အစကတည်းက သိပ်မခိုင်မာတဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို စတင် ယိမ်းယိုင်လာစေခဲ့တယ်။ ဒီအချိန်အတောအတွင်းမှာ၊ အလုပ်ဖော်တွေကလည်း ခဏခဏ ပြောကြတယ်၊ “နင် ဒီအလုပ်မှာ လုပ်လာတာ အရမ်းကြာနေပြီပဲ၊ ဘာလို့ ထွက်ချင်ရတာလဲ။ ငါသာ နင့်နေရာမှာဆိုရင်၊ ဘာပဲဖြစ်ဖြစ် လုံးဝ မထွက်ဘူး။ ကုမ္ပဏီက နင့်ကို တကယ် တန်ဖိုးထားတယ်လေ၊ ပြီးတော့ နင့်ကို သဘောကျတဲ့ ဖောက်သည်တွေလည်း အများကြီးပဲ။ ဒီအတိုင်းကြီး ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ” တဲ့။ အဲဒါကို ကြားတဲ့အခါ၊ ကျွန်မ စိတ်နှလုံးက ချီတုံချတုံဖြစ်ပြီး ယိမ်းယိုင်နေခဲ့တယ်။ ဆက်နေပြီး အလုပ်ပဲ ဆက်လုပ်ချင်ပေမဲ့ အဲဒီဘဝကို ရွေးချယ်လိုက်တာဟာ စုဝေးပွဲတက်ဖို့ ဒါမှမဟုတ် တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူးဆိုတဲ့ သဘောပဲလို့ တွေးမိပြန်တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးရတာတွေကို ပြန်တွေးမိတယ်။ စိတ်ဆင်းရဲမှုတွေ၊ ဆင်းရဲဒုက္ခတွေ၊ ဒါမှမဟုတ် ပျော်ရွှင်မှုတွေ ခံစားနေရတာပဲဖြစ်ဖြစ် လူတိုင်းက သူတို့ရဲ့ စိတ်နှလုံးကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ကြတယ်။ အဲဒီလို ဝိညာဉ်ရေးရာ လွတ်မြောက်မှုမျိုးက ဘုရားသခင်ရဲ့ အိမ်တော်မှာပဲ တွေ့နိုင်တာလေ။

နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က ကျွန်မနဲ့ လာစကားပြောပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို အတူတူ ဖတ်ခဲ့ကြတယ်။ “ဘုရားသခင်သည် လူတစ်ယောက်ချင်းစီ မွေးဖွားချိန်မှ ပစ္စုပ္ပန်အချိန်ထိ ဆယ်စုနှစ်များအတွင်း ၎င်းတို့အတွက် အဖိုးအခပေးဆပ်မှုတစ်ခုသာ လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဘုရားသခင်မြင်သည့်ပုံစံမှာ သင်သည် ဤလောကသို့ အကြိမ်ရေ မရေမတွက်နိုင်အောင် ရောက်ရှိပြီးဖြစ်သည်။ အကြိမ်မရေမတွက်နိုင်အောင် လူပြန်ဝင်စားပြီးဖြစ်သည်။ ဤအရာကို မည်သူက ကြီးကြပ်ကွပ်ကဲသနည်း။ ဘုရားသခင်က ကြီးကြပ်ကွပ်ကဲပေသည်။ ဤအရာများကို သင်သိဖို့ မဖြစ်နိုင်ပေ။ ဤလောကသို့ သင်လာရောက်သော အချိန်တိုင်းတွင် ဘုရားသခင်ကိုယ်တိုင် သင့်အတွက် အစီအစဉ်များပြုလုပ်သည်။ သင်အသက်ရှင်မည့် နှစ်အရေအတွက်၊ သင်မွေးဖွားလာရမည့် မိသားစုအမျိုးအစား၊ သင်အိုးအိမ်ထူထောင်ပြီး အသက်မွေးအလုပ် တည်ဆောက်မည့်အချိန်အပြင် ဤလောကတွင် သင်လုပ်ဆောင်မည့်အရာနှင့် သင်အသက်မွေးမည့် နည်းလမ်းတို့ကိုပါ ဘုရားသခင်က စီစဉ်သည်။ သင် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ဘုရားသခင်သည် နည်းလမ်းတစ်ခုကို စီစဉ်ပေးသည်၊ သို့မှသာ သင်သည် ဤဘဝ၌ သင်၏ အထူးတာဝန်ကို ချောမွေ့စွာ ပြီးမြောက်အောင်မြင်နိုင်မည် ဖြစ်သည်။ သင်၏ နောင်ဝင်စားမည့်ဘဝတွင် သင် မည်သည့်အရာကို လုပ်သင့်သည်နှင့် ပတ်သက်၍မူ ဘုရားသခင်သည် သင်အတွက် ထိုဘဝကို စီစဉ်ပေးတော်မူပြီး သင် ရသင့်သောအရာနှင့် သင့်ကို ပေးသင့်သောအရာအတိုင်း ဖြစ်စေ၏။...ဘုရားသခင်သည် သင်အတွက် ဤစီစဉ်မှုများကို အကြိမ်များစွာ ပြုလုပ်ပေးတော်မူခဲ့ပြီး အဆုံးတွင် သင်သည် နောက်ဆုံးသော ကာလ၏ ခေတ်ကာလထဲသို့ သင်၏ လက်ရှိမိသားစုထဲသို့ မွေးဖွားလာခဲ့ကြ၏။ ဘုရားသခင်သည် သင် ကိုယ်တော့်ကို ယုံကြည်ရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ပေးခဲ့သည်၊ သူသည် သင့်အား သူ၏အသံကို ကြားခွင့်ပေးပြီး သူ့ရှေ့မှောက်သို့ ပြန်လာခွင့် ပေးခဲ့သည်။ ထိုသို့အားဖြင့် သင်သည် သူ့နောက်သို့ လိုက်နိုင်ရန်နှင့် သူ၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ဖြစ်သည်။ ယနေ့အချိန်ထိ သင်ရှင်သန်ခဲ့သည်မှာ ဘုရားသခင်ထံမှ ဤသို့သော လမ်းပြမှုကြောင့်သာဖြစ်သည်။ သင်သည် ဤလောကထဲသို့ အကြိမ်မည်မျှ ရောက်ရှိခဲ့သည်ကို သင်မသိသည့်အပြင် သင်၏ ပုံပန်းသဏ္ဌာန်သည် အကြိမ်မည်မျှ ပြောင်းလဲခဲ့သည်၊ သို့မဟုတ် မိသားစုမည်မျှကို ဖြတ်သန်းခဲ့သည်ကိုလည်း မသိ၊ သို့မဟုတ် ခေတ်ကာလနှင့် မင်းဆက်မည်မျှတစ်လျှောက် သင်အသက်ရှင်ခဲ့သည်တို့ကို သင်မသိပေ။ သို့သော် ဘုရားသခင်၏ လက်တော်က သင့်ကို တစ်ချိန်လုံး ပံ့ပိုးပေးနေခဲ့သည်။ သူသည် သင့်ကို အမြဲ စောင့်ရှောက်နေခဲ့၏။ ဘုရားသခင်သည် လူတစ်ဦးတစ်ယောက်တည်းအပေါ် အားထုတ်လိုက်လေခြင်း။ လူအချို့က ‘ကျွန်ုပ်သည် အသက်ခြောက်ဆယ်ရှိပါပြီ။ အနှစ်ခြောက်ဆယ်တိုင် ဘုရားသခင်က ကျွန်ုပ်ကို စောင့်ရှောက်၊ ကာကွယ်ပေးကာ လမ်းပြပေးခဲ့ပါသည်။ ကျွန်ုပ်အိုမင်းလာသည့်အခါ တာဝန်လည်း မထမ်းဆောင်နိုင်၊ မည်သည့်အရာကိုမျှလည်း မလုပ်နိုင်လျှင် ဘုရားသခင်က ကျွန်ုပ်ကို ဂရုစိုက်ပါဦးမည်လော’ ဟူ၍ ဆိုသည်။ ဤသို့ပြောသည်မှာ ကလေးမဆန်သလော။ ဘုရားသခင်သည် လူတစ်ဦးကို သက်တမ်းတစ်ခုအတွက်သာ စောင့်ကြည့်ကာကွယ်ပြီး ၎င်း၏ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားခြင်း မဟုတ်ပေ။ ယင်းမှာ သက်တမ်းတစ်ခု၊ တစ်ဘဝတာအတွက်သာ ဖြစ်ပါက ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်းကို သရုပ်ပြရန် အရေးနိမ့်မည်ဖြစ်သည်။ တစ်စုံတစ်ဦးအတွက် အားထုတ်မှုကို အသုံးခံပြီး အဖိုးအခပေးရာတွင် ဘုရားသခင်သည် ဤဘဝ၌ ၎င်းတို့ လုပ်ဆောင်မည့်အရာကို စီစဉ်ပေးရုံမျှသာ မဟုတ်ပေ။ ကိုယ်တော်သည် ၎င်းအတွက် မရေမတွက်နိုင်သော ဘဝများကို စီစဉ်ပေးနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူဝင်စားသော စိတ်ဝိညာဉ်တိုင်းအတွက် အပြည့်အဝ တာဝန်ယူတော်မူသည်။ ကိုယ်တော်သည် မိမိ၏စိတ်နှလုံးဖြင့် အလုပ်လုပ်ပြီး မိမိအသက်နှင့်ရင်း၍ အဖိုးအခပေးရင်း လူတိုင်းကို လမ်းပြကာ ၎င်းတို့၏ ဘဝတစ်ခုစီကို စီစဉ်ပေးသည်။ ဘုရားသခင်သည် လူသားတို့အတွက် ထိုသို့သော အားထုတ်ကြိုးပမ်းမှုကို အသုံးခံပြီး ထိုသို့သော အဖိုးအခကို ပေးဆပ်သည့်အပြင် ဤသမ္မာတရားအားလုံးနှင့် ဤအသက်ကို လူသားတို့အား ချီးမြှင့်ပေးသည်ကို ထောက်ရှုလျှင် ဤနောက်ဆုံးသောကာလတွင် လူတို့သည် ဖန်ဆင်းခံများ၏ တာဝန်ကို မထမ်းဆောင်ဘဲ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ပြန်မလာပါက၊ ၎င်းတို့သည် ဘဝနှင့် မျိုးဆက်ပေါင်း မည်မျှ ဖြတ်သန်းခဲ့သည်ဖြစ်စေ နောက်ဆုံး၌ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန် ပျက်ကွက်ပါက ဘုရားသခင်အပေါ် ၎င်းတို့၏ အကြွေးသည် အလွန်ကြီးမားသွားမည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ပေးခဲ့သည့် အဖိုးအခအားလုံးနှင့် မထိုက်တန်ဘဲ ဖြစ်နေမည်မဟုတ်လော။ ၎င်းတို့သည် အသိတရား အလွန်တရာ ကင်းမဲ့နေမည်မှာ လူဟူ၍ပင် ခေါ်ဆိုခံထိုက်ကြမည် မဟုတ်။ ဘုရားသခင်အပေါ် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းနေမည် ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် သင်၏ ယခင်ဘဝများကို မဆိုထားဘိ၊ ဤဘဝတစ်ခုတည်း၌သာလျှင် သင်နှစ်သက်သော လောကီစည်းစိမ်များနှင့် အိမ်ထောင်မှုသုခကဲ့သို့သော ပြင်ပအရာများကို သင် မစွန့်လွှတ်နိုင်ပါက၊ ဘုရားသခင်က သင့်အတွက် ပေးဆပ်တော်မူသော အဖိုးအခများအတွက် သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန်အလို့ငှာ ဇာတိပကတိ၏ သာယာမှုများကို သင် မစွန့်လွှတ်ပါက သင်သည် လုံးဝ ကိုယ်ကျင့်တရားမရှိသူ ဖြစ်၏။ အမှန်စင်စစ် သင်က ဘုရားသခင်အတွက် ပေးဆပ်သော မည်သည့်အဖိုးအခမဆိုသည် တန်ဖိုးရှိ၏။ ဘုရားသခင်က သင်အတွက် ပေးဆပ်သော အဖိုးအခနှင့် နှိုင်းယှဉ်ပါက သင် ပူဇော်ဆက်ကပ်သော သို့မဟုတ် အသုံးခံသော သေးငယ်သည့် ပမာဏသည် အဘယ်မှာ အရာဝင်မည်နည်း။ သင်အနည်းငယ် ဒုက္ခခံခြင်းက အဘယ်ပြောပလောက်သနည်း။ ဘုရားသခင်က မည်မျှ ဒုက္ခခံခဲ့သည်ကို သင်သိသလော။ ဘုရားသခင် ဒုက္ခခံခဲ့သည့်အရာနှင့် နှိုင်းယှဉ်လျှင် သင်ခံရသော ဒုက္ခအနည်းငယ်သည် ထုတ်ပြောဖို့ရန်ပင် မထိုက်တန်ပေ။ ထို့အပြင် ယခုတွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိနေသည်။ အဆုံးတွင် သင်သည် အသက်ရှင်ကျန်ရစ်မည်ဖြစ်ပြီး ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရလိမ့်မည်။ မည်မျှကြီးသော ကောင်းချီးဖြစ်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အဓိပ္ပာယ်ရှိပါသည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ဘုရားသခင်က ရွေးချယ်ပြီး ကြိုတင်ပြဋ္ဌာန်းထားတဲ့သူ တစ်ယောက်ချင်းစီတိုင်းအတွက် ကြီးမားတဲ့ အဖိုးအခကို ပေးဆပ်ခဲ့တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်၊ သူတို့ကို ဆိုးယုတ်တဲ့ ခေတ်ရေစီးကြောင်းအမျိုးမျိုးရဲ့ ဝါးမျိုတာကို မခံရအောင် ဘေးအန္တရာယ်ကင်းအောင် သေချာစောင့်ရှောက်ပေးပြီး ကာကွယ်ပေးထားတယ်။ ကျွန်မတို့ သက်တမ်းမှာ ကိုယ့်တာဝန်မထမ်းဆောင်နိုင်ဘူးဆိုရင် ကျွန်မတို့က ဘုရားသခင်အပေါ် တကယ် အကြွေးတင်နေတာပဲ။ ဘုရားသခင်က ကျွန်မအတွက် ကြီးမားတဲ့ အဖိုးအခကို ပေးခဲ့တယ်။ ငယ်ငယ်ကတည်းက ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း အမေပြောတာကို ကျွန်မ ကြားခဲ့ရတယ်။ ဘုရားသခင်က ကျွန်မအတွက် ဒီမိသားစုကို စီစဉ်ပေးခဲ့ပြီး ကျွန်မကို အမြဲတမ်း စောင့်ကြည့် ကာကွယ်ပေးခဲ့တယ်။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေထဲ နစ်မွန်းပြီး ရုန်းမထွက်နိုင်ဘဲ ဒုက္ခရောက်ပြီး အကူအညီမဲ့နေချိန်မှာ ကျွန်မကို ကယ်တင်ခဲ့တာ ဘုရားသခင်ရဲ့ လက်ရုံးတော်ပါပဲ၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေကို သုံးပြီး ကျွန်မကို ဘုရားသခင်ရှေ့ ရောက်လာအောင် လုပ်ပေးခဲ့တယ်။ စုဝေးပွဲတက်တာနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တာတွေကတစ်ဆင့်၊ ပြဿနာအမျိုးမျိုး ကြုံရတဲ့အခါ ဘုရားသခင်ဆီက ခံယူဖို့ သင်ယူခဲ့တယ်၊ ပြီးတော့ အရင်ကလို ကိုယ့်ကံကြမ္မာအပေါ် မကျေမနပ် ဖြစ်နေတာတွေကို ရပ်တန့်ခဲ့တယ်။ ကျွန်မ ပိုပြီးတော့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် အသက်ရှင် နေထိုင်ခဲ့တယ်။ ကျွန်မ ပုံမှန် စုဝေးပွဲ မတက်နိုင်တဲ့အခါမျိုးတွေမှာဆိုရင်၊ အချိန် ဘယ်လောက်ပဲ နောက်ကျနေပါစေ၊ ညီအစ်မက ကျွန်မ အလုပ်ပြီးတဲ့အထိ အကြိမ်ကြိမ် စောင့်ပေးပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မနဲ့အတူ မိတ်သဟာယဖွဲ့ပေးတယ်။ တစ်ခါတလေဆို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မနဲ့ မိတ်သဟာယဖွဲ့ဖို့ စာတွေတောင် ရေးပေးသေးတယ်။ ဒါတွေအားလုံးကို ဘုရားသခင်က အုပ်စိုးပြီး စီစဉ်ထားတာ မဟုတ်ဘူးလား။ ကျွန်မ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားနေရင်း ကိုယ့်စံနှုန်းတွေ ပျောက်ဆုံးသွားတဲ့အပြင် နောက်ဆုံးမှာ စာတန်ရဲ့ ဝါးမျိုတာ ခံရမှာကို ဘုရားသခင်က မကြည့်ရက်ဘူးလေ။ ကျွန်မကို ထောက်မကူညီဖို့ ဘုရားသခင်က လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေကို အကြိမ်ကြိမ် ပေါ်လာစေခဲ့တယ်၊ ကျွန်မ လမ်းမှန်ပေါ် ပြန်လှည့်လာမယ့်အချိန်ကို တိတ်တိတ်လေး စောင့်နေခဲ့တာ။ ကျွန်မသာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ကျေးဇူးမဆပ်ဘဲ ဒီအတိုင်း ဆက်သွားနေရင်၊ ကျွန်မမှာ လူ့သဘာဝ လုံးဝ ရှိမှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ အမှုတော်က မကြာခင် ပြီးဆုံးတော့မယ်၊ ပြီးတော့ ကပ်ဘေးတွေ ပိုပိုပြီး ဆိုးရွားလာတာကိုလည်း ကျွန်မတို့ မြင်နေရပြီလေ။ ကျွန်မသာ သတိမဝင်ဘဲ ခေါင်းမာမာနဲ့ ဆက်နေရင်၊ ပိုက်ဆံတွေ ဘယ်လောက်ပဲ ရှာရှာ ဘာအသုံးကျတော့မှာလဲ။ အဲဒီပိုက်ဆံတွေက ကျွန်မအသက်ကို ကယ်နိုင်ပါ့မလား။ တခြားသူတွေရဲ့ အမြင်မှာ ကျွန်မက သြဇာအာဏာရှိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့ရင်တောင်မှ ဘာဖြစ်မှာလဲ။ အဲဒါကကော ကျွန်မကို ကယ်နိုင်ပါ့မလား။ သခင်ယေရှု ပြောခဲ့တဲ့ စကားတစ်ခွန်းကို သွားသတိရတယ်၊ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။(ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ကျွန်မခွန်အားတွေ အကုန်လုံးကို အလုပ်ထဲမှာပဲ မြှုပ်နှံထားခဲ့တဲ့ အဲဒီနှစ်တွေကို ပြန်တွေးကြည့်လိုက်ရင်၊ တာဝန်ထမ်းဆောင်ဖို့နဲ့ သမ္မာတရားကို ရယူဖို့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ အခုတော့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရာကနေ လူတွေကို ကယ်တင်တဲ့နေရာမှာ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ နားလည်လာပြီ။ ကိုယ့်တာဝန်ထမ်းဆောင်ပြီး စာတန်က ကျွန်မအပေါ်မှာ ချည်နှောင်ထားတဲ့ အရာတွေနဲ့ ညှဉ်းဆဲမှုတွေကို လုံးလုံး ဖယ်ရှားပစ်မှသာ ကျွန်မ ကယ်တင်ခြင်း ခံရဖို့နဲ့ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေး ရနိုင်မှာ။ အဲဒီနောက်မှာ၊ အလုပ်ထွက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး နေ့တိုင်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့ စိတ်နှလုံး မယိမ်းယိုင်သွားအောင် ကာကွယ်ပြီး စောင့်ရှောက်ပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ အလုပ်ထွက်စာ ထပ်တင်လိုက်တဲ့အခါ၊ သူဌေးက ပြောတယ်၊ “ညီမ တကယ် ဆုံးဖြတ်လိုက်ပြီလား။ အစ်မတို့ နောက်ထပ် စတူဒီယိုတစ်ခု ဖွင့်ဖို့ ပြင်ဆင်နေတယ်၊ အထူးချွန်ဆုံး ဝန်ထမ်းတွေကို အဲဒီမှာ လုပ်ခိုင်းချင်တယ်။ ပထမဆုံး စဉ်းစားမိတဲ့သူက ညီမပဲ။ တခြားသူဆိုရင် အစ်မတို့ စိတ်မချဘူး။ ညီမက ကုမ္ပဏီမှာ လုပ်လာတာ နှစ်အတော်ကြာပြီဆိုတော့၊ စတူဒီယိုအသစ်မှာ ရှယ်ယာဝင်ဖို့ အရည်အချင်း ပြည့်မီနေပြီ။ နောင်တစ်ချိန် ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ပိုင်စီးပွားရေး ရှိလာရင် ဘယ်လောက်ကောင်းမလဲ စဉ်းစားကြည့်ပါဦး။ သေချာ ပြန်စဉ်းစားကြည့်ပါလား။ အဓိကကတော့ အစ်မတို့ အတူတူ အလုပ်လုပ်လာတာ နှစ်တွေ အများကြီး ကြာပြီဆိုတော့ သံယောဇဉ်တွေ ရှိနေပြီလေ” တဲ့။ သူပြောရင်းနဲ့ ရှိုက်ငိုပြီး မျက်ရည်တွေ ကျလာတယ်။ သူကမ်းလှမ်းလာတဲ့ အခြေအနေတွေက ကျွန်မ ရှာဖွေနေခဲ့တာ တော်တော်ကြာခဲ့ပြီဖြစ်တဲ့ အရာတွေ အတိအကျပါပဲ၊ ကျွန်မမှာ ရှိတဲ့ ပိုက်ဆံကလည်း ရင်းနှီးမြှုပ်နှံဖို့ ကွက်တိ ဖြစ်နေတယ်လေ။ ကျွန်မသာ ခဏလောက် ထပ်ပြီး တောင့်ခံလိုက်ရင် အောင်မြင်မှုနဲ့ ကျော်ကြားမှုကို ရလာမယ်၊ ပြီးတော့ လူပိုများများရဲ့ အားကျတာကိုလည်း ခံရတော့မှာ။ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေရှေ့မှာ ကျွန်မ ဘယ်လောက်တောင် မျက်နှာပန်းလှလိုက်မလဲ။ ကိုယ့်ရဲ့ လှပတဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ခေါင်းထဲမှာ စိတ်ကူးယဉ်နေတုန်း ကျွန်မရဲ့ အတွေးတွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက် နဲ့ မညီဘူးဆိုတာကို ရုတ်တရက် သဘောပေါက်လိုက်တယ်။ ဒါနဲ့ တိတ်တိတ်လေး ဘုရားသခင်ဆီ အမြန် ဆုတောင်းလိုက်တယ်၊ “ချစ်ရတဲ့ ဘုရားသခင်၊ ဒါဟာ သမီးဆီကို ရောက်လာတဲ့ နောက်ထပ် စုံစမ်းသွေးဆောင်မှုတစ်ခု ဆိုတာ သမီး သိပါတယ်။ သမီးရဲ့ စိတ်နှလုံးကို နှောင့်ယှက်ဖို့နဲ့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတို့ကို လိုက်စားလာအောင် လုပ်ဖို့အတွက် စာတန်က သူဌေးရဲ့ စကားတွေကို ထပ်သုံးနေပြန်ပြီ။ ဒါပေမဲ့ ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် စာတန်နဲ့ အပြီးတိုင် လမ်းခွဲပြတ်စဲပစ်မယ်၊ ပြီးတော့ ကိုယ်တော့်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်မှုပေးဖို့ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပါ့မယ်” လို့ပေါ့။ ဆုတောင်းနေရင်းနဲ့ အရင်က ဖတ်ခဲ့ဖူးတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို သွားသတိရတယ်။ “ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော အသက်ရှင်နေထိုင် နည်းမျိုးစုံကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူများကို အကျင့်ပျက်ပြားလာစေသည့်၊ ငရဲသို့ ဦးတည်ခေါ်ဆောင်သွားသည့် ထောင်ချောက်များသာ ဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်လုပ်ဆောင်သင့်သည့် အရာမှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို လက်လွှတ်ပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ ယင်းအတွက် အစီအစဉ်များ ပြုလုပ်စေဖို့၊ ကိုယ်ပိုင်ရွေးချယ်မှုများ မပြုလုပ်ဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့သာ၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန်သာ လိုက်စားဖို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) လူတွေကို ထုံထိုင်းသွားအောင် လုပ်ဖို့၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်း ကို လိုက်စားလာအောင် စုံစမ်းသွေးဆောင်ဖို့အတွက် စာတန်က အတွေးအမြင် အမျိုးမျိုးကို အသုံးပြုတယ်၊ လူတွေကို ထောင်ချောက်ထဲ နက်နက်ရှိုင်းရှိုင်း ကျသွားအောင် လုပ်ပြီးတော့၊ ဘုရားသခင်ကို ငြင်းပယ်အောင်၊ ဘုရားသခင်ကို သစ္စာဖောက် အောင် လုပ်တယ်၊ နောက်ဆုံး ကယ်တင်ခံရမယ့် အခွင့်အရေးကို ဆုံးရှုံးသွားအောင် လုပ်တာပဲ။ ဒါတွေက စာတန်ရဲ့ ကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေပဲ။ အခု၊ သူဌေးက ကျွန်မကို ဆွဲဆောင်ဖို့ ကမ်းလှမ်းလာတဲ့ ဒီအခြေအနေတွေက ကျွန်မကို ယိုယွင်းဆုတ်ယုတ်သွားအောင် မြှူဆွယ်နေတဲ့ ထောင်ချောက်တစ်ခု မဟုတ်ဘူးလား။ ကျွန်မ ဘယ်လိုလုပ်ပြီး ခေါင်းမာမာနဲ့ သတိမဝင်ဘဲ ဆက်နေနိုင်တော့မှာလဲ။ ဘုရားသခင်က ကျွန်မတို့ကို ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံ စေချင်တယ်၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်စေချင်တယ်။ ဒါမှသာ ကျွန်မတို့ သမ္မာတရားကို နားလည်နိုင်မယ်၊ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ပြနိုင်ပြီး၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိနိုင်မှာ။ ဒါကြောင့် ကျွန်မ သူဌေးကို ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်၊ “လူတိုင်းမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိကြတယ်လေ၊ ညီမလည်း ပတ်ဝန်းကျင် အသစ်တစ်ခုကို လိုချင်လို့ပါ” လို့ပေါ့။ သူဌေးလည်း သဘောတူလိုက်တယ်။ ကုမ္ပဏီကနေ ထွက်လာပြီးနောက်၊ ကျွန်မ တော်တော်လေး စိတ်အေးလက်အေး ဖြစ်သွားတယ်။ အဲဒီအချိန်ကစပြီး၊ ညီအစ်ကို မောင်နှမတွေလိုပဲ သမ္မာတရားကို ကောင်းကောင်းမွန်မွန် လိုက်စားနိုင်ခဲ့ပြီလေ။

ဒီအတွေ့အကြုံ ပြီးတဲ့နောက်မှာတော့၊ စာတန်ရဲ့ ကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သွားပြီ။ စာတန်က လူတွေကို ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားအောင် လုပ်တယ်၊ အဲဒီလို လုပ်ရတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က လူတွေ ဘုရားသခင်ကို ရှောင်ပြီး သစ္စာဖောက် အောင်၊ သူ့ရဲ့ အာဏာအောက်ကို အပြည့်အဝ ရောက်လာအောင်၊ နောက်ဆုံးမှာ သူနဲ့အတူ ငရဲကို ဆင်းသွားအောင်ပဲ။ လူတွေက ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးနေရင် စာတန်ရဲ့ ပရိယာယ်တွေကို အနိုင်ယူဖို့ ဆိုတာ လုံးဝ နည်းလမ်းမရှိဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမ္မာတရားကို နားလည်မှသာ လူတွေက အရာရာကို ထိုးထွင်းသိမြင်နိုင်ပြီး၊ အရင်တုန်းက အသက်ရှင်နေထိုင်ခဲ့တဲ့ မှားယွင်းတဲ့ နည်းလမ်းတွေကို စွန့်လွှတ်နိုင်မှာ။ သမ္မာတရားကို လိုက်စားမှသာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မတို့ ရရှိနိုင်မှာ။ ကျွန်မ အလုပ်ထွက်လိုက်ပြီးနောက်ပိုင်း၊ လူအများရဲ့ အထင်ကြီးလေးစားမှုကို မရတော့တဲ့အပြင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဘဝမှာလည်း နည်းနည်း လိုအပ်ချက်တွေ ရှိလာပေမဲ့ ကျွန်မ ဝိညာဉ်ထဲမှာ ခံစားရတဲ့ ပေါ့ပါးမှုနဲ့ အေးချမ်းမှုကတော့ ငွေကြေး၊ ဒါမှမဟုတ် ကျော်ကြားမှုနဲ့ အကျိုးအမြတ် ပမာဏ ဘယ်လောက်နဲ့မှ လဲလို့မရဘူး။ နောက်ဆုံးတော့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တို့ရဲ့ ချည်နှောင်မှုကနေ ကျွန်မ ရုန်းထွက်ခဲ့ပြီး အသင်းတော်မှာ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းခဲ့တယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ငွေ၏ကျေးကျွန်တစ်ယောက် အမြင်မှန်ရလာခြင်း

ရှင်ဝု တရုတ်နိုင်ငံ ကျွန်မ ငယ်ငယ်က မိသားစုကလည်း ဆင်းရဲပြီး မိဘများက ကျူရှင်ဖိုး မတတ်နိုင်ခဲ့သောကြောင့်၊ ကျောင်းလခအတွက် ခြံစည်းရိုးလေးများ...

ငွေနှင့် ဂုဏ်အဆင့်အတန်းသည် ကျွန်မအတွက် မည်သည့်အရာကို လုပ်ဆောင်ပေးဖူးသနည်း

နီနာ အိုင်ဗရီကို့စ်နိုင်ငံ ကျွန်မက ပျက်စီးနေတဲ့ မိသားစုမှာ မွေးခဲ့တာပါ။ ကျွန်မအမေက ကျွန်မကို ကိုယ်ဝန်ရှိနေတုန်း ကျွန်မအဖေက...

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းက ပျော်ရွှင်သော ဘဝတစ်ခုဆီ ပို့ဆောင်ပေးနိုင်သလား

လျန်းကျိ၊ တရုတ်ပြည်၁၉၉၈ ခုနှစ်တုန်းက ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ အလုပ်လုပ်တဲ့ကုမ္ပဏီ ဒေဝါလီခံရပြီး နှစ်ယောက်လုံး အလုပ်ပြုတ်သွားတယ်။...

ကျွန်မရဲ့ တည်ငြိမ်တဲ့အလုပ်ကို စွန့်လွှတ်လိုက်ရတာကို နောင်တမရပါ

ကျန်းဇယ်၊ တရုတ်နိုင်ငံကျွန်မက လယ်သမားမိသားစုကနေ ဆင်းသက်လာတာပါ။ မိသားစုတစ်စုလုံးက အသက်မွေးဝမ်းကျောင်းအတွက် လယ်လုပ်တာကို မှီခိုခဲ့ကြတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။