ငွေ၏ကျေးကျွန်တစ်ယောက် အမြင်မှန်ရလာခြင်

03.12.2020

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေနဲ့ပတ်သက်ပြီး ကျွန်မမှာ အတွေ့အကြုံလေးတွေ ရှိတယ်။ ကျွန်မ ဘုရားအပေါ် မယုံကြည်ခင်တုန်းက၊ ငွေရှိရှင် အရာရာပြည့်စုံပြီးတော့ ငွေရှိမှပဲ လေးစားအထင်ကြီးခံရစေမယ်လို့ ထင်ခဲ့တယ်။ ငွေရှာဖို့အတွက် နေ့ရောညရော အလုပ်တွေ ကြိုးစားခဲ့တော့ ငွေရဲ့ကျေးကျွန် ဖြစ်လာခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မ ငွေနည်းနည်း ရလာတဲ့အချိန်မှာပဲ၊ ကင်ဆာဖြစ်ပြီး သေမလိုဖြစ်ခဲ့ရတယ်။ ကျွန်မ ယုံကြည်မှုကို ရှာတွေ့ပြီး အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ၊ ဘဝမှာ ငွေရဖို့ နောက်လိုက်တာက လမ်းကြောင်းမှန် မဟုတ်မှန်း သိခဲ့ရပြီးတော့၊ ကျွန်မတို့ကို ထိခိုက်စေပြီး ဖောက်ပြန်ပျက်စီးအောင် လုပ်တဲ့ စာတန်ရဲ့လှည့်ကွက်မှန်း သိလာရတယ်။ ကျွန်မ ဒီလိုနဲ့အသိတရား ရလာခဲ့တာပေါ့။

ကျွန်မ ငယ်ငယ်က မိသားစုကလည်း ဆင်းရဲလို့ မိဘတွေက ကျူရှင်ဖိုး မတတ်နိုင်ခဲ့တော့၊ ကျောင်းလခအတွက် ခြံစည်းရိုးလေးတွေ လုပ်ပြီး ရောင်းခဲ့ရတယ်။ တစ်ခါတော့ ကျွန်မ လယ်အလုပ် လုပ်နေရင်းနဲ့ လက်သန်းညပ်သွားတယ်။ ဆေးကုဖို့ ပိုက်ဆံလည်း မရှိတော့ အနာက မကျက်ဘူးပေါ့။ အခုထိ ကောင်းကောင်း မဆန့်နိုင်သေးဘူး။ အိမ်ထောင် ကျပြီးသွားတော့လည်း၊ ကျွန်မတို့ လင်မယား ဆင်းရဲနေတုန်းပါပဲ။ မိတ်ဆွေနဲ့ မိသားစုတွေကလည်း အထင်သေးပြီး ရှောင်ကြတာပေါ့။ လူချမ်းသာတွေရဲ့ ပူစရာ မလိုဘဲ၊ ဝတ်နိုင်စားနိုင်တာနဲ့ သူတို့ ရနေတဲ့ လေးစားမှုကို မြင်လိုက်ရတော့၊ ကျွန်မ အားကျခဲ့တယ်။ လူတွေ အမြဲ ပြောကြတယ်လေ။ “ငွေက ကမ္ဘာကို လည်ပတ်စေသည်။” “ငွေသည် အဓိက မဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည် မဟုတ်။” တဲ့ ပြီးတော့ “ငွေရှိရင် ဘာမဆို ဖြစ်တယ်။” တဲ့ အဲဒီတုန်းက အဲဒါတွေ အားလုံးကို အမှန်ပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ငွေရှိရင် ဝတ်နိုင်စားနိုင်ပြီးတော့ လေးစားအထင်ကြီး ခံရမယ်ပေါ့။ ငွေရှိရင် အားလုံး ပြည့်စုံပြီလို့ ထင်ခဲ့တယ်။ ကျွန်မ အလုပ်ကြိုးစားပြီး ပိုက်ဆံ ပိုရှာမယ်လို့ ကျိန်ဆိုခဲ့တယ်။ ဆင်းရဲမှုကနေ လွတ်မြောက်ချင်ပြီးတော့ သူဌေး တစ်ယောက်လို နေချင်တယ်လေ။

နောက်တော့ ကျွန်မအမျိုးသားနဲ့ ကျွန်မကို ကျောင်းမုန့်ဆိုင်လေး ဖွင့်ပေးဖို့ အလုပ် လာငှားကြတယ်။ အဲဒီမှာလည်း နေ့တိုင်း လူတွေရာနဲ့ချီ စားသောက်ကြတာပေါ့။ ငွေကို ချွေတာဖို့၊ ကျွန်မတို့ နောက်ထပ် အလုပ်သမား တစ်ယောက်ပဲ ခေါ်ခဲ့တယ်။ ကျွန်မနဲ့ အမျိုးသားနဲ့ မနက် ၄ နာရီကနေ ညသန်းခေါင်ကျော်အထိ နေ့တိုင်း အလုပ်လုပ်ကြတယ်။ တော်တော် အအေးမိနေတဲ့ အချိန်တွေမှာတောင် ကျွန်မ အလုပ်ဆက်လုပ်တုန်းပဲ။ ပိုက်ဆံ ထပ်ရှာဖို့အတွက် လယ်အလုပ်တွေ အများကြီးလည်း လုပ်ကြသေးတယ်။ အလုပ်များတဲ့ ရာသီတွေဆိုရင်၊ ညဘက်တွေဆို ပျိုးစိုက်ဖို့နဲ့ ရိတ်သိမ်းဖို့ အချိန်ပို လုပ်ခဲ့ကြတယ်။ နေ့ရောညရော အလုပ်လုပ်ကြတော့ ကျွန်မလည်း မကြာခဏ ခေါင်းမူးတတ်လာတယ်။ တစ်ခါတလေဆို အသီးအရွက် လှီးနေရင်းနဲ့ ငိုက်သွားလို့ လက်ပါ လှီးမိသေးတယ်။ ရှရာကိုလည်း ရေနဲ့ဆားနဲ့အုပ်ထားလိုက်တော့ အရမ်းနာတာပေါ့။ ကျွန်မ အရမ်း ပင်ပန်းခဲ့ပေမဲ့ စုငွေလေးတွေများ လာတာကို မြင်ရတိုင်း ပျော်လာတာပါပဲ။ အလုပ် လုပ်ရကျိုးနပ်တယ်လို့ ခံစားမိတာပေါ့။ ပြီးတော့ အဲဒီလူချမ်းသာတွေ ဝတ်ကောင်းစားလှတွေ ဝတ်စားပြီး ရယ်မောနေတာ မြင်ရတိုင်း၊ ကျွန်မကိုယ်ကျွန်မ “ငါ ငွေ ထပ်ရှာရမယ်” လို့ ပြောနေမိတယ်။ ကျွန်မ အလုပ် ကြိုးစားလေလေ၊ အနှေးနဲ့အမြန် လူကုံထံ အသိုင်းအဝိုင်းထဲ ဝင်ဆံ့သွားမှာပဲလို့ ထင်ခဲ့မိတယ်။

ရေအေးတွေပဲ နေ့တိုင်းသုံးနေရတော့၊ အဆစ်ရောင်ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်လာပြီးတော့ အဆစ်တွေလည်း စပြီး ပုံစံ မမှန်တော့ဘူးပေါ့။ နောက်တော့ နှစ်နဲ့ချီပြီး ပင်ပင်ပန်းပန်းလုပ်ခဲ့ရတော့ ကျောရိုး အဆစ်လွဲပြီးတော့၊ တင်ပါးနဲ့ခြေသလုံး ကိုက်ခဲတဲ့ရောဂါပါ ဖြစ်လာတယ်။ ဆရာဝန်က ခွဲစိတ်မှုလုပ်ပြီး ဆေးရုံမှာ သုံးလနေဖို့ မှာပေမဲ့၊ ငွေရှာတာ မရပ်လိုက်ချင်တဲ့အတွက် ကျွန်မ ငြင်းခဲ့တယ်။ သုံးရက်ဆိုတာတောင် ကျွန်မအတွက် တော်တော် ကြာတယ်။ ဒါကြောင့် နေ့ရောညရော အလုပ်ဆက်လုပ်နေခဲ့တယ်။ နောက်ဆုံးတော့လည်း အချိန်မှန်မစား အိပ်ရေးလည်း မဝခဲ့တော့၊ အစာအိမ် အောက်ကျပြီး အူနဲ့အစာအိမ်ရောင်တဲ့ ရောဂါပါ ဖြစ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ သားအိမ်အကြိတ်၊ မျိုးဥကျွံရောဂါ၊ နှလုံးရောဂါနဲ့ နှလုံးကြွက်သားပါ ရောင်လာပြီးတော့၊ ဆိုးဝါးတဲ့ သွေးအားနည်း ရောဂါပါ ဖြစ်လာခဲ့တယ်။ တစ်ခုပြီးတစ်ခု ဖြစ်လာတော့တာပဲလေ။ မခံနိုင်လောက်အောင် နာတော့လည်း၊ ညဘက်တွေဆို အိပ်လို့မရဘူးပေါ့ မရေမတွက်နိုင်အောင် မျက်ရည်ကျခဲ့ရတယ်။ ကျွန်မ လမ်းပျောက်နေခဲ့တယ်။ “ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ ငွေရဖို့အတွက်ရုန်းကန်ရင်း ဘဝရဲ့အချိန်တွေကို ဒီအတိုင်း ကုန်ဆုံး ပစ်လိုက်ရုံပဲလား” လို့ တွေးမိခဲ့တယ်။ ကျွန်မမှာ အဖြေ မရှိခဲ့ပါဘူး။ လူ့အဖွဲ့အစည်းမှာ ဘာမဆို ရနိုင်ဖို့ ငွေရှိဖို့ လိုတယ်လို့ ခံစားမိခဲ့တာကိုး။ ဒီတော့ ကျွန်မကိုယ့်ကိုယ်ကို ပြောမိတယ်။ “နင်ကျန်းမာနေသမျှတော့ အလုပ် ဆက်လုပ်လို့ရတာပဲ။” ပေါ့ နောက်တော့လည်း အဲဒီလိုပဲ ကျွန်မ ငွေနောက် ပြန်လိုက်မိသွားတာပေါ့။ ဒါပေမဲ့ တစ်ရက်ကျတော့၊ ကျွန်မ ဆေးရုံ သွားခဲ့တဲ့အခါ ကျွန်မမှာ ကင်ဆာရောဂါ နှစ်မျိုး ရှိနေတယ်လို့ သိခဲ့ရတယ်။ ဖြစ်ခါစ အဆုတ်ကင်ဆာနဲ့ ရင်သားကင်ဆာ တဲ့။ သူတို့ ကျွန်မကို အဲဒီလို ရုတ်တရက်ကြီး ပြောလိုက်တော့၊ ကျွန်မ အားနည်းသွားသလို ခံစားခဲ့ရတယ်။ အိပ်ယာပေါ်မှာ လှဲပြီး နာရီပေါင်းများစွာ ငိုခဲ့ရတယ်။ ကျွန်မ ဆေးကုဖို့ ဆေးရုံမျိုးစုံကို သွားခဲ့ရပြီး စုထားတဲ့ငွေတွေ ကုန်လုနီးပါး ပေးခဲ့ရတယ်။ ဒါပေမဲ့ တစ်ခုမှ အဆင်မပြေခဲ့ဘဲနဲ့ ကျွန်မ သောက်တဲ့ဆေးတွေကြောင့် တစ်ကိုယ်လုံး ဖောလာတယ်။ အရာရာ တိတ်ဆိတ်နေတဲ့ညတိုင်းမှာ၊ ကျွန်မက အိပ်ယာထဲမှာ လှဲရင်း မျှော်လင့်ချက်မဲ့စွာနဲ့ပဲ ပြတင်းပေါက်ကို ငေးနေခဲ့ရတယ်။ ကျွန်မဘဝကို ငွေရှာရင်းနဲ့ ကုန်ဆုံးစေခဲ့ပြီးတော့၊ မချမ်းသာလာတဲ့အပြင်၊ ကျန်းမာရေး ထိခိုက်ပြီး ဘဝမှာလည်း ဒုက္ခများ ခဲ့ရတယ်။ ကျွန်မ အသက်ရှင်နေရတဲ့ အဓိပ္ပာယ်က ဘာလဲ။ ပိုက်ဆံရှာဖို့ ကြိုးစားရင်း ကျွန်မကိုယ်ကျွန်မ သတ်မနေချင်တော့ပေမဲ့၊ "ကျွန်မ အမျိုးသားက ငွေကို ချစ်တယ်လေ သူ ပြောခဲ့တာက၊" “အသက်ရှင်နေသမျှ ကာလပတ်လုံး အလုပ်လုပ်ပါ။” တဲ့ သူက ဘာမှ မပြောင်းလဲတော့ ကျွန်မ စိတ်ပျက်မိပြီး အကူအညီမဲ့သလို ခံစားရတယ်။ အဲဒီတုန်းက ကျွန်မ အသက် ၄၀ ကျော်ပဲ ရှိသေးတယ်။ တစ်ခါမှ ပျော်ရွှင်တဲ့ ဘဝကို မရခဲ့ဘူး။ ကျွန်မသား အိမ်ထောင်ပြုတာကိုလည်း မမြင်ရသေးဘူး။ ကျွန်မ အဲဒီလို သေဖို့တော့ အဆင်သင့် မဖြစ်သေးဘူးလေ။ အသက်ရှင်ချင်သေးတယ် ဒါပေမဲ့ ငွေမရှိဘဲနဲ့ ကျွန်မ ဘယ်လို ဆေးကုပြီး အသက်ရှင်ရမလဲ။ တစ်ခုတည်းသော နည်းလမ်းက ပိုက်ဆံ ဆက်ရှာနေဖို့ပဲ ရှိတော့တာပေါ့။ ဒါကြောင့် ဆေးကုသမှု ခံယူနေရင်းနဲ့ အလုပ် ဆက်လုပ်ခဲ့ရတယ်။

နောက်တစ်နှစ်ကြာတော့ ကျွန်မအမျိုးသားက လက်ကျန် စုငွေလေးတွေနဲ့ ကျောက်မီးသွေး စက်ကလေး ထောင်တယ်။ နောက်နှစ်ကျတော့ ဆီစက်ထောင်တယ်။ နေ့တိုင်း ကျွန်မလည်း ဖျားနေရက်နဲ့ စက်ရုံနှစ်ခုဆီသွားပြီး သာမန်မဟုတ်တဲ့ အလုပ်တွေ လုပ်ခဲ့ရတယ်။ နှစ်တွေ အကြာကြီး အလုပ်ကြိုးစားပြီးတဲ့ နောက်ဆုံးမှာ၊ ပိုက်ဆံ တော်တော် ရလာခဲ့တယ်။ မြို့ထဲမှာ အိမ်တစ်လုံး၊ ကားတစ်စီး ဝယ်ပြီး ပစ္စည်းရှိ ဘဝတစ်ခုကို ခံစားခဲ့ကြတယ်။ ဆွေမျိုးမိတ်ဆွေတွေကလည်း လာပြီး ဖားကြ၊ လေးစားကြတာပေါ့။ ကျွန်မတို့ရဲ့ လူမှုအဆင့်အတန်း ပြောင်းလဲသွားပြီလေ။ ပုံစံအသစ် ရသွားခဲ့တယ်။ ကိုယ့်ကိုယ်ကို အရမ်း ကျေနပ်နေခဲ့ကြတာပေါ့။ အဲဒီလောက်နှစ်တွေ အကြာကြီး ခံစားခဲ့ရတာတွေက နောက်ဆုံးတော့ ခံစားရကျိုးနပ်သလို ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့လည်း အချိန်ကောင်းလေးတွေက တာရှည် မခံခဲ့ပါဘူး။ နှစ်တွေအကြာကြီး အလုပ် ကြိုးစားခဲ့ရပြီးတဲ့နောက်မှာ၊ ကျွန်မ ခန္ဓာကိုယ်က စပြီး ပျက်စီးလာတော့တယ်။ ဆရာဝန်က ပြောပါတယ်။ “ခင်ဗျားရဲ့ရောဂါက အရမ်း ရှုပ်ထွေးတယ်။ ခင်ဗျားရဲ့ ဘယ်အစိတ်အပိုင်းမှ သေချာ အလုပ်မလုပ်တော့ဘူး။ ကျုပ်တို့ လုပ်နိုင်တာလည်း ဘာမှ မရှိဘူး။” တဲ့။ သူ့စကားလုံးတွေက သေမိန့် တစ်ခုလို ကျွန်မ ဆီရောက်လာခဲ့တယ်။ ဒီသတင်းကို ကျွန်မလက်မခံနိုင်ဘူး။ အိမ်ပြန်ပြီး သေဖို့ စောင့်နေရမှာလား။ ကျွန်မမှာ ငွေရှိတယ်၊ ဥစ္စာဓနကိုလည်း ခံစားနေခဲ့ရတယ်။ ဒါပေမဲ့ အဲဒါ ဘာအသုံးဝင်လို့လဲ။ ဘယ်လောက်များတဲ့ ငွေဖြစ်ဖြစ် ကျွန်မကို မကယ်နိုင်တော့ဘူးလေ။ ရောဂါရဲ့နာကျင်မှုက ကျွန်မကို သေစေချင်လောက်တဲ့အထိ နှိပ်စက်ခဲ့တယ်။ ကျွန်မ တခြား ဘာများ လုပ်နိုင်မှာမို့လို့လဲ။ ကျွန်မလည်း သတိလက်လွတ်နဲ့ အပေါ်ကို မော့ပြီး “ကယ်ပါဦး၊ မိုးနတ်မင်းကြီး။” ဆိုပြီး အော်ခေါ်မိတယ်။

ကျွန်မ အရမ်း မျှော်လင့်ချက်မဲ့နေတဲ့ အချိန်မှာ၊ ကျွန်မသူငယ်ချင်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လာပြောပြတယ်။ သူက ဘုရားဟာ နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့နဲ့ သမ္မာတရားကိုဖော်ပြပြီး၊ ဘဝရဲ့ နက်နဲမှုတွေကို အကြွင်းမဲ့ ဖော်ပြဖို့အတွက် လူဇာတိခံယူပြီလို့ ပြောတယ်။ ကိုယ်တော်က ကမ္ဘာမှာရှိတဲ့ မကောင်းမှု၊ ဆိုးယုတ်မှုတွေရဲ့ အရင်းအမြစ်ကို ထုတ်ဖော်ပြတယ်၊ ဘာလို့ ကျွန်မတို့ ဘဝတွေက အဓိပ္ပာယ်မဲ့ပြီး ဒုက္ခတွေ ပြည့်နေတာလဲ၊ ဖျားနာမှုတွေ ဘယ်က ရောက်လာသလဲ၊ ကျွန်မတို့ရဲ့ ကံကြမ္မာကို ဘယ်သူက ချုပ်ကိုင်ထားသလဲ၊ ဘယ်အရာက ကျွန်မတို့ရဲ့ဘဝကို စစ်မှန်တဲ့ အဓိပ္ပာယ် ပေးနိုင်မလဲ စတာတွေကို ဖွင့်ပြပေးတယ် တဲ့။ ပြီးတော့ သူက ဆက်ပြောတယ်။ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမ္မာတရားကို နားလည်ခြင်းနဲ့ပဲ၊ အဲဒီအရာတွေကို ထိုးဖောက် မြင်ရနိုင်ပြီးတော့ ကျွန်မတို့ ဒုက္ခခံနေရတာတွေ သက်သာသွားမယ်တဲ့။ ကျွန်မသူငယ်ချင်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက အပိုဒ် တစ်ပိုဒ်ကို ဖတ်ပြခဲ့ပါတယ်။ အဲဒီအပိုဒ်လေး အခု ဖတ်ကြည့်ရအောင်။ “လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ တိုး၍ တိုး၍၊ လူတို့သည် လူ့လောက၏ အနှစ်သာရကင်းမဲ့ခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းအပြင်၊ ဆက်လက်ရှင်သန်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ မှ)

အဲဒီနောက် ကျွန်မ သူငယ်ချင်းက မိတ်သဟာယမှာ ပြောသွားတာက၊ “ဘုရားက ကျွန်မတို့ကို ဖန်တီးတုန်းက ကျွန်မတို့ အားလုံးဟာ ဧဒင်ဥယျာဉ်ထဲမှာ လွတ်လွတ်လပ်လပ်နဲ့ ဘုရားရဲ့စောင့်ရှောက်မှုနဲ့ နေခဲ့ကြတယ်။ သေခြင်း၊ ရောဂါဘယနဲ့ စိတ်ပူပန်ခြင်းတို့ မရှိဘဲနဲ့ပေါ့။ ဒါပေမဲ့ စာတန်က လူသားမျိုးနွယ်ကို စုံစမ်းသွေးဆောင်ပြီး ဖောက်ပြန်ပျက်စီးအောင် လုပ်တော့၊ ကျွန်မတို့ဟာ ဘုရားကို သစ္စာဖောက်ခဲ့ကြပြီး ဘုရားရဲ့စောင့်ရှောက်မှုနဲ့ ဂရုစိုက်မှုကို ဆုံးရှုံးခဲ့ကြရတယ်။ ကျွန်မတို့က စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ စာတန်ရဲ့ စည်းမျဉ်းတွေအတိုင်း နေကြရတယ်။ ကျော်ကြားမှု၊ ချမ်းသာမှုနဲ့ ဂုဏ်ပကာသနတွေအတွက် တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ကြတယ်၊ လိမ်ကြတယ်၊ လှည့်စားကြ၊ ရန်လိုကြတယ်။ ဒီလိုကနေ ကျွန်မတို့ ဝိညာဉ်မှာ ဝမ်းနည်းပူဆွေးမှု၊ နာကျင်မှုနဲ့ ဖျားနာမှုတွေ ဖြစ်လာကြတယ်။ ပြီးတော့ အဲဒီခံစားရမှုတွေ ပူပန်ရမှုတွေကပဲ၊ လူတိုင်းကို ဘဝဟာ အရမ်း နာကျင်စရာ ပင်ပန်းစရာနဲ့ အရမ်း ခက်ခဲတယ်လို့ ခံစားရအောင် လုပ်တော့တာပဲ။ ဒါတွေ ဖြစ်လာရတာက စာတန်က ကျွန်မတို့ကို ဖောက်ပြန်ပျက်စီးအောင် လုပ်ခဲ့လို့ပဲ။ ဒါက စာတန်ရဲ့ ညှဉ်းပန်းမှုပဲ။ ဒါပေမဲ့ ဘုရားက ကျွန်မတို့ကို ကယ်တင်ဖို့ ကမ္ဘာပေါ်ကို လူ့ဇာတိခံယူပြီး ရောက်လာခဲ့ပြီ။ သူက ကျွန်မတို့အတွက် ကယ်တင်ခြင်း ခံရပြီး သန့်စင်ခံရစေဖို့ သမ္မာတရားကို အကြွင်းမဲ့ ဖော်ပြတယ်။ ကျွန်မတို့က ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး အဲဒီအတိုင်း နေမယ်ဆိုရင်၊ ဘုရားရဲ့စောင့်ရှောက်မှုနဲ့ လမ်းညွှန်မှုကို ရရှိနိုင်ပြီးတော့၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှား ပစ်နိုင်တယ်၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ခံရပြီးတော့ ကျွန်မတို့ရဲ့ နောက်ဆုံးပန်းတိုင်ဆီကို ဘုရားရဲ့ ခေါ်ဆောင်မှု ခံရမှာ ဖြစ်တယ်။” တဲ့။ သူပြောတာတွေကြားတော့၊ ကျွန်မ မျှော်လင့်ချက် ရှိလာသလို ခံစားခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်မကို ဒုက္ခတွေကနေ ကယ်တင်နိုင်မယ်လို့ ခံစားခဲ့ရတော့၊ ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို လေ့လာဖို့ သဘောတူခဲ့တယ်။ ကျွန်မသူငယ်ချင်းက ကျွန်မကို နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တစ်အုပ်ပေးတယ်။ နောက်တော့ ကျွန်မလည်း ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို နေ့တိုင်းဖတ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံခဲ့တယ်။

တစ်ရက်မှာတော့ ကျွန်မ ဘုရားဝတ်ပြုရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြတဲ့ ဗီဒီယို တစ်ခုကို ကြည့်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မ အဲဒီဗီဒီယို ကြည့်တုန်းက၊ ဘုရားက ကျွန်မတို့ရဲ့ ဖန်ဆင်းရှင်၊ အားလုံးကို အုပ်စိုးတယ်ဆိုတာကို သိခဲ့ရတယ်။ ဘုရားက လူသား အားလုံးအတွက် အထောက်အပံ့နဲ့ အာဟာရကို ပေးတယ်။ ကျွန်မတို့ ကံကြမ္မာ၊ ကျွန်မတို့ရဲ့ သေခြင်းရှင်ခြင်းနဲ့ ပျော်ရွှင်မှုတွေက ဘုရားရဲ့ လက်တော်ထဲမှာ ရှိတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မတို့က အဲဒါကို အလုပ်တွေ ရှုပ်ပြီး အလျင်စလို လုပ်နေကြရုံနဲ့ မပြောင်းလဲ ပစ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်မက ဘုရားရဲ့ အချုပ်အခြာအာဏာကို နားမလည်ခဲ့ဘူးလေ။ ကျွန်မရဲ့ကိုယ်ပိုင် ခွန်အားကို သုံးပြီး ချမ်းသာလာအောင် ကြိုးစားရင်း၊ ကျွန်မကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့မိတယ်။ ဒါပေမဲ့လည်း ငွေနည်းနည်းပါးပါး စုမိပေမဲ့ ပျော်ရွှင်မှုကို မခံစားခဲ့ရဘူးလေ။ ကျွန်မရဲ့ဝိညာဉ်က နာကျင်နေရပြီးတော့ ကျန်းမာရေးလည်း ထိခိုက်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မ နားလည်လိုက်တာက၊ လူတွေသာ ဘုရားအပေါ် မယုံကြည် မကိုးကွယ်ဘူး၊ ဘုရားရဲ့ အုပ်စိုးမှုကို မနာခံကြဘူး။ သူတို့ရဲ့ ကံကြမ္မာကို ရမ္မက် တစ်ခုတည်းနဲ့ ခုခံတွန်းလှန်နေမယ်ဆိုရင်၊ သူတို့ဟာ အလဟဿ ဒုက္ခခံရမှာဖြစ်ပြီး သေပြီးတဲ့နောက်မှာ ငရဲ သွားကြရမယ်ဆိုတာပါပဲ။ အဲဒီအချိန်မှာ ဘုရားကပဲ ကျွန်မအတွက် စစ်မှန်တဲ့ အထောက်အပံ့ ဖြစ်တယ်ဆိုတာ ကျွန်မ သိလိုက်ရပြီး၊ ကျွန်မရဲ့ကျန်းမာရေးကိုလည်း ဘုရားထံမှာ ဆုတောင်းအပ်နှံခဲ့ပါတယ်။ ကျွန်မ သေသေရှင်ရှင် ဘုရားရဲ့ အုပ်စိုးမှုကို နာခံသွားမှာပါ။

အဲဒါပြီးတော့ ကျွန်မလည်း အသင်းတော် အသက်တာမှာ မကြာမကြာ ပါဝင်ခဲ့ပါတယ်။ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမ္မာတရားကို နာခံကြတာတွေ၊ သူတို့ရဲ့အမှုတော်ကို ရှာဖွေရှင်း ဘုရားကို ကျေနပ်အောင် ပြုမူနေကြတာတွေ မြင်ရတော့၊ သူတို့ကို တကယ် လေးစားအားကျမိပါတယ်။ ကျွန်မရဲ့ ဘဝဟောင်းကနေ လွတ်မြောက်ပြီး ဘဝအသစ် တစ်ခုနဲ့ နေချင်ခဲ့တယ်။ ဒါကြောင့် ဘုရားဆီမှာ မကြာခဏ ဆုတောင်းဖြစ်ခဲ့တယ်၊ ကျွန်မမှာ အချိန်ပိုရပြီး တွေ့ဆုံပွဲတွေ တက်ရောက်ရင်း အမှုတော်ကို ထမ်းရွက်နိုင်ဖို့ ကျွန်မကို လွတ်မြောက်ဖို့ နည်းလမ်းပေးဖို့ ဘုရားကို တောင်းဆိုခဲ့တယ်။ နောက်တော့ ကျွန်မတို့ရဲ့ဆီစက်ကို လမ်းအသစ် ဖောက်ဖို့အတွက် ကမ်းလှမ်းခံရတယ်။ ကျွန်မလည်း အရင်ကလို စက်ရုံနှစ်ခုကို ဟိုပြေးဒီပြေး လုပ်နေစရာ မလိုတော့ဘူးလေ။ သူများတွေနဲ့ တွေ့ဖို့နဲ့ ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ မိတ်သဟာယဖွဲ့ဖို့၊ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဆင်ခြင်ဖို့နဲ့ ဘုရားနဲ့ ပိုမိုနီးကပ်စေဖို့ အချိန်ပို ရလာခဲ့တယ်။ နေ့တိုင်း ပိုပြီး တိုးတက်လာသလို ခံစားရတယ်။ နောက်တော့ သိပ်မကြာပါဘူး၊ ကျွန်မရဲ့ကျန်းမာရေးလည်း အများကြီး ကောင်းလာတယ်လေ။ ကျွန်မ အားအင်ပြည့်လာသလို ခံစားရပြီး ခန္ဓာကိုယ်လည်း ပိုသန်မာလာသလို ခံစားခဲ့ရတယ်။ အများကြီး ပိုပြီးတော့ စိတ်အေးရပြီး သက်သာခဲ့ပါတယ်။ ဘုရားကို အရမ်းကျေးဇူးတင်မိပါတယ်။

နောက်တော့ ကျွန်မလည်း ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြတဲ့ ဗီဒီယိုတစ်ခုကို ကြည့်ဖြစ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့် ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ အစကတည်းမှ၊ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း၊ ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြလေသည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။...ထို့ကြောင့် စာတန်သည် လူကို ဖောက်ပြန်ပျက်စီး စေရန် ဤခေတ်ရေစီးကြောင်းကို အသုံးပြုပြီးနောက်တွင် ယင်းသည် ၎င်းတို့အတွင်း၌ အဘယ်သို့ ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင်‌ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ထို့အပြင်၊ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ ဤသည်မှာ လူတို့အတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အဲဒါလေး ကြည့်ပြီးတော့၊ ကျွန်မ နားလည်သွားတာက ကျွန်မ နာကျင်မှုတွေ ပင်ပန်းမှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဆယ်စုနှစ်တွေဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေမှုနဲ့ လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုတွေက ကျွန်မကို လောကီရေးရာတွေ နောက်ကို လိုက်ပြီး ငွေကို ကိုးကွယ်မိစေခဲ့တာကြောင့်ပါပဲ။ ကျွန်မ ငယ်ဘဝတုန်းက ဆင်းဆင်းရဲရဲ နေခဲ့ရတယ်။ လူကျဉ်ခံရပြီးတော့ အထင်သေးခံခဲ့ရတယ်။ ကောင်းကောင်း နေထိုင်ပြီး လေးစားမှုခံနေရတဲ့ လူချမ်းသာတွေကို မြင်တိုင်း၊ ဒီကမ္ဘာမှာ နေထိုင်ဖို့အတွက် ငွေလိုတယ်ဆိုတာကို အသေအချာ ခံစားခဲ့ရတာပါ။ “ငွေသည် အဓိက မဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှ လုပ်နိုင်မည်မဟုတ်။” “ငွေက ကမ္ဘာကို လည်ပတ်စေသည်။” “ငွေရှိရင် ဘာမဆိုဖြစ်တယ်။” “ငွေသာလျှင် ပထမဖြစ်တယ်။” ပြီးတော့ “လူသားသည် ချမ်းသာကြွယ်ဝရန် မည်သည့်အရာကိုမဆို လုပ်လိမ့်မည်။” အဲဒီ စာတန်ဆန်တဲ့ အယူအဆလွဲတွေက ကျွန်မနှလုံးသားမှာ အမြစ်တွယ်ပြီး ကျွန်မအတွေးတွေကို ထိန်းချုပ်တော့တာပါပဲ။ ငွေရှိရင် ဘာမဆို ဖြစ်တယ်။ ငွေကပဲ အထင်ကြီး လေးစားခံရမှုကို ပေးနိုင်ပြီး ပျော်ရွှင်စေနိုင်တယ်လို့ ထင်ခဲ့မိတယ်လေ။ ကျွန်မ ငွေရှာခြင်းကိုပဲ ကျွန်မရဲ့တစ်ခုတည်းသော ပန်းတိုင်လို သတ်မှတ်ခဲ့ပြီးတော့၊ ငွေထပ်ရှာဖို့ကိုပဲ ဂရုစိုက်ခဲ့မိတယ်။ ကျွန်မ ခေါင်းမူးတာ ဒါမှမဟုတ် ပင်ပန်းတာ၊ ဖျားနာတာတွေနဲ့ ခန္ဓာကိုယ်က မခံနိုင်တာတွေက အရေးမကြီးပါဘူး။ ကျွန်မ ချမ်းသာလာပြီးတော့ လူကုံထံ တစ်ယောက်ဘဝမှာ နေရတာကို စိတ်ကူးမိလိုက်တိုင်း၊ အံကိုကြိတ်ပြီး ရှေ့ဆက်ခဲ့တာပါပဲ။ ကျွန်မ ကင်ဆာဖြစ်တာတောင်မှ ဘာမှ မပြောင်းလဲသွားဘူး။ တကယ်တော့လည်း အဲဒါကပဲ ငွေကို ပိုပြီး အရေးကြီးသွားစေတာလေ၊ ကျွန်မ ဆေးကုပြီး အသက်ရှင်ဖို့ လိုလာလို့ပေါ့။ အဲဒီတုန်းကတောင်မှ ပိုက်ဆံ ရှာမရပ်ခဲ့ဘူး။ စာတန်ရဲ့ ချည်နှောင်မှုကို လုံးဝ ခံခဲ့ရပြီး ငွေရဲ့ကျေးကျွန်ကလွဲပြီး ဘာမှ ဖြစ်မလာတော့ဘူး။ ကျွန်မမှာ ကားနဲ့ အိမ်နဲ့ ငွေတချို့ ရှိနေပြီးတော့၊ လေးစား အထင်ကြီးခံနေရပေမဲ့လည်း၊ လုံးဝ မပျော်ခဲ့ရဘူး။ ရောဂါတွေ များလာပြီးတော့ ကင်ဆာလည်း ဖြစ်သွားတယ်လေ။ ကျွန်မရဲ့ ငွေတွေက ကျွန်မရဲ့ နာကျင်မှုကို မသက်သာစေနိုင်တော့တဲ့အပြင် ကျွန်မဘဝကိုပါ မကယ်နိုင်တော့ဘူး။ ကျွန်မ အရမ်းကို နာကျင်ပြီး မျှော်လင့်ချက်မဲ့ခဲ့ရတယ်။ ပိုက်ဆံရှိလည်း အသုံးမဝင်တော့ဘူးလေ။ အရင်က ကျွန်မဘဝကို ငွေနဲ့ လဲခဲ့တယ်။ အခုတော့ ကျွန်မဘဝကို ငွေနဲ့ပြန် ဝယ်နေရတယ်။ ကျွန်မ ငွေရှာဖို့ အသက်ရှင်ခဲ့ပေမဲ့လည်း လက်ဗလာပဲ ပြန်ဖြစ်သွားတယ်။ အဲဒီတော့မှ ကျွန်မလည်း ငွေနောက်လိုက်တာက မှားယွင်းတဲ့ ဘဝနေနည်းဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။ ငွေဆိုတာ ကျွန်မတို့ကို ထိခိုက်စေပြီး ဖောက်ပြန်ပျက်စီးစေဖို့ စာတန် အသုံးပြုတဲ့ လှည့်ကွက်တစ်ခုပါ။ အဲဒါက ကျွန်မတို့ လည်ပင်းမှာ စာတန် တင်ထားတဲ့ ထမ်းပိုး တစ်ခုပါပဲ။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကြောင့်သာ မဟုတ်ရင်၊ ကျွန်မတို့ကို ချုပ်ကိုင်ပြီး ထိန်းချုပ်ဖို့နဲ့ ထိခိုက်အောင်လုပ်ဖို့၊ စာတန်က ငွေကို ဘယ်လို အသုံးချလဲဆိုတာ သိခဲ့မှာမဟုတ်ဘူး။ စာတန်က ကျွန်မကို ချုပ်ကိုင်နေဦးမှာ၊ နှိပ်စက်ပြီး ကစားနေဦးမှာပဲ။ လူတွေက သမ္မာတရားကို နားမလည်ခဲ့ကြတော့ ဘဝမှာ ဘယ်လို နေရမလဲ မသိကြဘူး ဆိုတာကိုလည်း သိလာရတယ်။ အများနောက်ကို လိုက်ပြီး ငွေကို ရှေ့တန်းတင်ထားကြတယ်လေ။ အဲဒါက သိပ်ရှက်စရာကောင်းပါတယ်။ စာတန်ရဲ့ အနိုင်ကျင့်မှုကနေ လွတ်မြောက်ဖို့နဲ့ ဘုရားရှေ့မှောက် ရောက်ဖို့အတွက် ဘုရားရဲ့ အသံတော်ကို ကြားရတာ ကျွန်မ အရမ်း ကံကောင်းပါတယ်။ ဒါက ဘုရားရဲ့ကယ်တင်ခြင်း ဖြစ်ပြီးတော့ ကျွန်မနှလုံးသားမှာလည်း ဘုရားကို ကျေးဇူးတင်စိတ်တွေ ပြည့်နေခဲ့ပါတယ်။

နောက်တော့၊ ကျွန်မအမျိုးသား လိုတာလေးတွေ ဝယ်ဖို့သွားရင် ကျွန်မက စက်ရုံမှာ အလုပ်လုပ်ပေးရတယ်။ တစ်ခါတစ်လေဆို ကျွန်မတို့ တွေ့ဆုံဆွေးနွေးရင်း တန်းလန်းကြီး ဖြစ်နေတတ်တယ်။ ကျွန်မဆက်ပြီး ဆွေးနွေးခဲ့ပေမဲ့ စိတ်မကောင်းခဲ့ဘူး။ စိတ်ထဲ အပြစ် ရှိသလို ခံစားခဲ့ရတယ်။ ငွေရှာဖို့အတွက် ကျွန်မကိုယ်ကျွန်မ ဖျားနာအောင် လုပ်ခဲ့မိပုံတွေကို တွေးမိတယ်။ ဆရာဝန်ကလည်း သေမိန့်ပေးထားပြီးပြီ။ ဘုရားကပဲ ကျွန်မ သေမင်းနှုတ်ခမ်းဝ ရောက်နေတုန်းမှာ ကယ်တင်ခဲ့ပြီး ဒုတိယ အခွင့်အရေးပေးခဲ့တာလေ။ ဒါပေမဲ့လည်း ကျွန်မက အမှုတော်ကို မထမ်းရွက်နိုင်ဘဲ ဘုရားရဲ့ချစ်မြတ်နိုးမှုကို ပြန်မပေးဆပ်နိုင်ခဲ့ဘူး။ ဘုရားအပေါ်မှာ အကြွေးတင်နေသလို ခံစားခဲ့ရတယ်။ သခင်ယေရှု ပြောခဲ့တာကို တွေးမိခဲ့ပါတယ်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ပြီးတော့ တိမောသေ​ဩဝါဒစာ​ ပဋ္ဌမစောင် ၆:၈ မှာလည်း ဒီလို ပြောထားသေးတယ်။ “စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။” သိပ်မှန်တာပေါ့။ ကိုယ့်ဘဝ အဆုံးခံရမယ်ဆိုမှတော့၊ ငွေရှာတာ ဘာအဓိပ္ပာယ် ရှိမှာလဲ။ ကျွန်မလည်း မီးသွေးစက်ကို အငှားချပစ်ဖို့ စဉ်းစားမိတယ်လေ။ ငွေရနည်းသွားမယ် ဆိုပေမဲ့၊ နေဖို့တော့ လုံလောက်ပြီးတော့ ဘုရားကို ကိုးကွယ်ပြီး အမှုတော် ထမ်းနိုင်မှာပေါ့။ ဒါပေမဲ့ ဒုတိယ အတွေးတစ်ခု ဝင်လာမိတယ်။ မီးသွေးစက်က တော်တော်လေး အဆင်ပြေနေပြီးတော့ အလုပ်စဖို့ကို တော်တော် ကြိုးစားခဲ့ရတာ။ အဲဒါကို စွန့်လွှတ်ဖို့ဆိုတာ စိတ်မကောင်းစရာမျိုး ဖြစ်နေတာပေါ့။ ကျွန်မ တွန့်ဆုတ်နေခဲ့တယ်။ ဘာလုပ်ရမှန်း မသိတော့ ဘုရားဆီကနေ အကူအညီ တောင်းခဲ့တယ်။

တစ်ရက်မှာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေထဲက ဒါလေးကို ဖတ်မိတယ်။ “သို့သော်၊ ဤအခြေအနေမှ မိမိကိုယ်ကိုယ် လွတ်မြောက်ဖို့ အလွန့်အလွန် ရိုးရှင်းသည့် နည်းလမ်းတစ်ခု ရှိ၏။ ယင်းမှာ ယခင်က အသက်ရှင် နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်များကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ ဘဝအပေါ်ရှုမြင်ပုံ၊ လိုက်စားမှုများ၊ အလိုဆန္ဒများနှင့် စံသတ်မှတ်ချက်များကို အနှစ်ချုပ်ကာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်၏ အလိုတော်၊ လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီမှုရှိမရှိ၊ ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကို ပေးအပ်ခြင်းရှိမရှိ၊ သမ္မာတရားကို ပိုပြီးသိနားလည်မှုဆီသို့ ဆိုက်ရောက်စေခြင်းရှိမရှိ၊ လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် နေထိုင်ခွင့်ပေးခြင်းရှိမရှိ ကြည့်ဖို့ဖြစ်သည်။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော မြောက်များစွာသော အသက်ရှင်နေထိုင် နည်းများကို သင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူသားမျိုးနွယ် သက်ဆင်းသည့် ငရဲသို့ ပို့ဆောင်သော တွင်းများဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်၏တာဝန်မှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို ဘေးချိတ်ထားပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ သင့်အတွက် အစီအစဉ်များ ပြုလုပ်စေဖို့ ဖြစ်သည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့၊ တစ်ဦးချင်း ရွေးချယ်မှုမရှိဘဲ အသက်ရှင်ဖို့နှင့် ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန် ကြိုးစားဖို့ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး၊ ကျွန်မ ချမ်းသာအောင် ကြိုးစားရင်းနဲ့ အားကိုးခဲ့တဲ့ စာတန်ဆန်တဲ့ စည်းမျဉ်းတွေကို တွေးမိတယ်။ “ငွေက ကမ္ဘာကို လည်ပတ်စေသည်။” “ငွေသည် အဓိက မဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှ လုပ်နိုင်မည်မဟုတ်။” ဆိုတာတွေကို ယုံကြည်မိတယ်။ ချမ်းသာဖို့နဲ့ လူလေးစားခံရဖို့အတွက် ကျွန်မ ငွေရဖို့ ရုန်းကန်ခဲ့ရတယ်။ အဲဒီနေ့ရက်တွေက အရမ်း နာကျင်ပြီး ဒုက္ခ များခဲ့ရပါတယ်။ ငွေဆိုတာ အဲဒီလောက် အရေးကြီးလို့လား။ တကယ်တမ်း ငွေက ငါ့ကို ဘာများ ပေးနိုင်လို့လဲ။ အိမ်တစ်လုံး ကားတစ်စီး ဝယ်နိုင်မယ်၊ ပစ္စည်းရှိ ဘဝမျိုးမှာ နေနိုင်အောင် လုပ်ပေးနိုင်မယ်၊ လေးစားမှုခံရအောင် လုပ်နိုင်မယ်၊ ခဏပဲ ပျော်စရာကောင်းမယ့် ဇာတိပကတိဆန်တဲ့ ပျော်ရွှင်မှုမျိုး ပေးနိုင်မယ်။ ဒါပေမဲ့ ကျွန်မနှလုံးသားထဲက ကွက်လပ်ကို မဖြည့်ပေးနိုင်သလို၊ နာကျင်မှုကိုလည်း မရပ်တန့်ပေးနိုင်ဘူး။ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုလည်း မပေးနိုင်ဘူး။ ရောဂါကြောင့် ခံစားနေရတာတွေကို အဆုံးမသတ်ပေးနိုင်ဘူး၊ ကျွန်မအသက်ကို မကယ်ပေးနိုင်ဘူးလေ။ ကျွန်မတို့ ဒေသက ကျောင်းအုပ်ဆရာ တစ်ယောက်အကြောင်း တွေးမိတယ်။ သူ့မှာ ငွေနဲ့ ဂုဏ်အများကြီး ရှိခဲ့ပေမဲ့ ကင်ဆာနဲ့ ဆုံးပါးသွားတယ်လေ။ ငွေနဲ့ပကာသနတွေက သူ့ကို ဒုက္ခနဲ့ သေခြင်းတရားကနေ ရုန်းထွက်ဖို့ မကူညီပေးနိုင်ခဲ့ဘူး။ ဘဝကို နာကျင်မှုတွေ ကွက်လပ်တွေနဲ့ နေထိုင်ခဲ့ရပြီးတော့၊ အဲဒါတွေကို အဆုံးသတ်ဖို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားတဲ့ လူချမ်းသာတွေအကြောင်းကြားဖူးတယ်၊ ငွေအတွက်နဲ့ သူများကို လိမ်လည်လှည့်ဖျား၊ ရန်ရှာတတ်တဲ့ လူတွေလည်း လူသားဆန်မှုနဲ့ အသိဉာဏ် ပျောက်ဆုံးသွားတာကိုလည်း ကြားဖူးတယ်။ အဲဒီလို ကြားဖူးတာတွေထဲကမှ ကျွန်မကိုယ်ပိုင် အတွေ့အကြုံက ကျွန်မကို ငွေနောက်လိုက်ခြင်းက လူတွေကို ပိုပြီး ဖောက်ပြန်ပျက်စီးစေပြီးတော့ ကျင့်ဝတ် ပျောက်သွားစေတယ်ဆိုတာ သိစေခဲ့တယ်။ အဲဒါတွေကပဲ ဘုရားနဲ့ဝေးပြီးတော့ အပြစ်တရားဆီ ခေါ်ဆောင်သွားတာလေ။ ငွေနဲ့ ရုပ်ဝထ္ထုတွေနောက် မလိုက်ခဲ့တဲ့ ယောဘအကြောင်း တွေးမိတယ်။ ယောဘက ဘုရားရဲ့အုပ်စိုးမှုကို နာခံပြီး အရာရာမှာ ဘုရားရဲ့လုပ်ဆောင်မှုကို သိဖို့ ရှာဖွေခဲ့ပြီးတော့၊ နောက်ဆုံးမှာတော့ ဘုရားရဲ့ကောင်းချီးကို ရခဲ့တယ်။ ယေရှုက ပေတရုကို ခေါ်တဲ့အခါမှာ ပေတရုက ဘုရားနောက်ကို လိုက်ဖို့အတွက် အားလုံးကို စွန့်ပစ်ခဲ့တာကို ကျွန်မ တွေးမိတယ်၊ ပေတရုက ဘုရားကို သိကျွမ်းဖို့ ကြိုးစားတယ်၊ ဘုရားကို ချစ်တယ်၊ နောက်တော့ ဘုရားက သူ့ကို စုံလင်စေခဲ့ပြီးတော့၊ သူလည်း အဓိပ္ပာယ်ရှိတဲ့ ဘဝကို ရခဲ့တယ်။ အဲဒီကနေ ကျွန်မသိလာရတာက ဘုရားကိုသိခြင်း၊ ကိုးကွယ်ခြင်း၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေအတိုင်း နေထိုင်ခြင်းနဲ့ ဘုရားရဲ့ချီးမွမ်းမှုကိုရခြင်းက ဘဝရဲ့ အရေးအကြီးဆုံး အရာတွေဆိုတာပါပဲ။ ယုံကြည်မှုကို ရှာပြီး စစ်မှန်တဲ့လမ်းကြောင်းကို ရှာဖို့က ကျွန်မအတွက် ခက်ခဲခဲ့ပါတယ်။ ကျွန်မသာ ချမ်းသာကြွယ်ဝမှုနဲ့ လောကီပျော်ရွှင်မှုတွေ နောက်ကို ဆက်လိုက်ပြီး၊ သမ္မာတရားနဲ့ ကယ်တင်ခြင်းကို မရှာဖွေဘူးဆိုရင် ရူးမိုက်ရာကျမှန်း သိခဲ့ပါတယ်။ ကျွန်မ ဒီလိုတွေးမိတဲ့အခါ ကျွန်မနှလုံးသားမှာ သံသယ မရှိတော့ပါဘူး။ ငွေရဲ့ကျေးကျွန်မ ထပ်မဖြစ်ချင်ခဲ့တော့ဘူး။ သမ္မာတရားကို ရှာဖွေဖို့အတွက် အချိန်နဲ့ခွန်အားတွေပဲ ထပ်လိုချင်တော့တယ်။ နောက်တော့ ကျွန်မအမျိုးသားနဲ့အတူ စက်ရုံကို အငှားချဖို့​ တိုင်ပင်ခဲ့တယ်။ ဘုရားရဲ့ အံ့သြဖွယ် စီစဉ်ညွှန်ကြားမှု အကူအညီနဲ့ ကျွန်မတို့ အငှားချခဲ့တယ်။ ကျွန်မလည်း တွေ့ဆုံပွဲတွေကို ပုံမှန်တက်ပြီး အမှုတော်ကို ထမ်းနိုင်ခဲ့တယ်။

နောက် ၂ နှစ်ကြာတော့ ကျွန်မအမျိုးသား ရုတ်တရက် ကြီးဖျားနာပြီး ဆုံးသွားခဲ့တယ်။ သူဆုံးသွားတာက ကျွန်မအတွက် ခက်ခဲပြီး ဘဝဆိုတာ ဘယ်လောက် ထိလွယ်ရှလွယ်သလဲဆိုတာကို ပြသခဲ့တာပါပဲ။ ကျွန်မအမျိုးသားက သူ့ဘဝရဲ့ အချိန်အများစုကို အလျှင်စလိုနဲ့ ငွေရှာဖို့ ကြိုးစားရင်း ကုန်ဆုံးခဲ့တာပါ။ သူ့သွေးပေါင်ချိန်က ၂၀၀ ကျော်နေပေမဲ့ သူ အလုပ် ဆက်လုပ်နေခဲ့တယ်။ သူ့တင်ပါးရိုး ကျိုးတော့လည်း သေချာ ပြန်မကောင်းသေးဘဲ အလုပ်ထဲ ပြန်သွားတယ်၊ ကျွန်မ တိုက်တွန်းတာတောင်မှ သူ မနားခဲ့ဘူး။ သူလည်း ငွေရဲ့ကျေးကျွန် ဖြစ်ခဲ့တာပါပဲ။ သူ့တစ်ဘဝလုံးကို စာတန်ရဲ့ ထိန်းချုပ်ခံပြီး ထိခိုက်ခံခဲ့တာပါပဲ။ သူက သေခြင်းနဲ့ ရင်ဆိုင်နေရတာတောင်မှ လက်မလျှော့ဘူး။ သူက ပိုက်ဆံရှာပြီး ကောင်းမွန်တဲ့ ဘဝမှာ နေချင်ခဲ့ပေမဲ့၊ သူ့ဘဝ ဆုံးသွားပြီလေ။ ငွေပကာသနတွေက သူ့ကို မကယ်နိုင်ခဲ့သလို သူ့နာကျင်မှုကို မသက်သာစေခဲ့ဘူး၊ သေခြင်းကို မလှည့်စားနိုင်ခဲ့ဘူး ဘုရား ပြောသလိုပဲပေါ့။ “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင်နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မဘဝရဲ့ ဖြတ်သန်းခဲ့တဲ့ အချိန် အများစုကို ဘယ်လို ကုန်ဆုံးခဲ့သလဲဆိုတာ ပြန်ကြည့်မိရင် ငွေရှာဖို့ ကြိုးစားတယ်။ လေးစားအထင်ကြီးမှုတွေ ရခဲ့ပေမဲ့၊ ကျွန်မဘဝရဲ့စက္ကန့်တိုင်းကို စာတန် နှိပ်စက်တာ ခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရားက ကျွန်မကို ကယ်တင်ခဲ့ပါတယ်။ ငွေဆိုတဲ့ ဝဲဂယက်ထဲကနေ ကယ်တင်ခဲ့ပြီးတော့ ကျွန်မဘဝရဲ့ ဦးတည်ချက်ကို ပြောင်းလဲပေးခဲ့တယ်။ အခုဆို ကျွန်မက သမ္မာတရားကို ရှာဖွေပြီး အမှုတော် ထမ်းနေရတော့၊ လွတ်လပ်ပြီး ငြိမ်းချမ်းမှုကို ခံစားရပါတယ်။ ဒါကို ငွေနဲ့ဝယ်လို့ မရဘူးလေ။ ကျွန်မကို ကယ်တင်ခဲ့တဲ့အတွက်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သည့် ပျော်ရွှင်မှုကို ကျွန်မ ရှာတွေ့ပြီ

ကျန်းဟွာ၊ ကမ္ဘောဒီးယားနိုင်ငံ ကျွန်မက သာမာန် လယ်သမားမိသားစု တစ်စုထဲတွင် မွေးဖွားလာခဲ့သည်။ ကျွန်မတို့ မချမ်းသာသော်လည်း၊ ကျွန်မ အဖေနှင့်...

အသိပညာဟာ အမှန်တကယ်ပဲ သင့်ကံကြမ္မာကို ပြောင်းလဲပေးနိုင်ရဲ့လား

ကျွန်မက လယ်သမားမိသားစုကနေ မွေးလာတာပါ ကျွန်မတို့က ဆင်းရဲတော့ လူတွေကအထင်သေးခဲ့ကြတယ် ပြီးတော့ ကျွန်မကလေးဘ၀တုန်းကလည်း မကြာမကြာ...

ကျော်ကြားမှုနဲ့ အောင်မြင်မှုဟာ နာကျင်စရာတွေကို ယူဆောင်လာခဲ့တယ်

နွေဦးရာသီတစ်ခုမှာ ကျွန်မနဲ့ စီနီယာဆရာဝန်တချို့နဲ့ အပြင်မှာဟင်းချက်စားဖို့သွားကြတယ်။ လမ်းမှာ ဒေသခံရွာသားတချို့က ဒ​ေါက်တာဝမ်ကို​မှတ်မိကြတယ်။...