ငွေနှင့် ဂုဏ်အဆင့်အတန်းသည် ကျွန်မအတွက် မည်သည့်အရာကို လုပ်ဆောင်ပေးဖူးသနည်း
ကျွန်မက ပျက်စီးနေတဲ့ မိသားစုမှာ မွေးခဲ့တာပါ။ ကျွန်မအမေက ကျွန်မကို ကိုယ်ဝန်ရှိနေတုန်း ကျွန်မအဖေက တခြားမိန်းမတစ်ယောက်နဲ့ ထွက်သွားတယ်။ ကျွန်မအမေက ကလေးခြောက်ယောက်ကို စောင့်ရှောက်ဖို့အတွက် အများကြီး ဒုက္ခခံရတယ်။ ညတိုင်းနီးပါး ကျွန်မအမေ ငိုနေတာကို ကျွန်မ ကြားရတယ်။ သူက အရမ်း ခါးခါးသီးသီးငိုနေတဲ့ပုံစံကိုမြင်တော့ ကျွန်မက အိမ်ထောင်နဲ့ ဆက်ဆံရေးတွေအပေါ် အပျက်သဘောမြင်လာတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောတယ်။ “တခြားလူတစ်ယောက်ကို ကိုယ့်ယုံကြည်မှုအားလုံးကို လုံးဝ ပေးလို့မရဘူး။ ဘယ်သူ့ကိုမှ ဘယ်တော့မှ မယုံနဲ့။ ဘဝမှာ ကိုယ်အားကိုးလို့ရတာက ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ်လက်နဲ့ရှာထားတဲ့ပိုက်ဆံပဲ” ပေါ့။ အဲဒီအချိန်ကစပြီး ပိုက်ဆံဘယ်လိုရှာရမယ်ဆိုတာ စစဉ်းစားတယ်။ အထက်တန်းကျောင်းမှာ လူတိုင်းက သူတို့အားလပ်ရက်မှာ ပျော်နေတုန်း ကျွန်မအမေနဲ့ ကျွန်မက စားစရာတွေရောင်းဖို့ လမ်းဘေးမှာ ဆိုင်လေးပြင်ဆင်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မတို့ရတဲ့ပိုက်ဆံက အခြေခံလိုအပ်ချက်တွေကိုပဲ ဝယ်နိုင်တယ်။ ကျွန်မရဲ့ အထက်တန်းကျောင်း ဒုတိယနှစ်မှာ ကျူရှင်ဖိုးမပေးနိုင်လို့ ကျောင်းထွက်လိုက်ရတယ်။ အဲဒီနောက်တော့ ဆိုင်ကိုပဲ ထပ်ဖွင့်တယ်။ အစားအစာတွေပြင်ဆင်ဖို့ မနက်တိုင်း လေး၊ ငါးနာရီလောက် ထပြီး ခြောက်နာရီလောက်မှာ ဆိုင်ကိုသွားတယ်။ သုံးနှစ်ကြာတော့ မြို့ကြီးတစ်ခုမှာ အလုပ်သွားလုပ်ဖို့ လုံလုံလောက်လောက်စုမိတယ်။ ကျွန်မ နေ့တိုင်း မနက်စောစောထပြီး အလုပ်ကြိုးစားတယ်။ ဒါပေမဲ့ ပိုက်ဆံသိပ်မရဘူး။ ကျွန်မက မကျေနပ်ဘူး။ အဲဒါနဲ့ ဆိုင်ခန်းငယ်လေးဖွင့်ဖို့ ကျွန်မချစ်သူကောင်လေးရဲ့ အကူအညီနဲ့ ကျွန်မနှစ်တွေအများကြီးစုထားတာတွေကို သုံးလိုက်တယ်။ နှစ်နှစ်ကြာတော့ ပိုက်ဆံနည်းနည်းရလာပြီး သားသမီးတွေရှိလာတယ်။ ကျွန်မတို့ လက်ထပ်ဖို့ လုပ်တဲ့အချိန်မှာပဲ ကျွန်မချစ်သူက ကျွန်မဆီကနေ အကုန်လိမ်ယူသွားတယ်။ ပိုက်ဆံတွေ အကုန်ယူပြီး ထွက်ပြေးသွားပြီး တခြားမိန်းမတစ်ယောက်နဲ့ အခြေချသွားတယ်။ သူတို့လည်း ကလေးတစ်ယောက်ရတယ်။ ကျွန်မ ကြိုးစားရှာထားတဲ့ ပိုက်ဆံတွေအကုန် မရှိတော့ဘူး။ စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲတာပေါ့။ ကျွန်မအမေအပေါ် ဖြစ်သွားတာကို ကျွန်မ ကြုံလိုက်ရတော့ ယောကျာ်းတွေက စိတ်မချရဘူး ကျွန်မကလေးတွေကို ပျိုးထောင်ဖို့ လုံလောက်တဲ့ငွေကိုရှာဖို့အတွက် အာရုံစိုက်ရမယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မက ဖိအားတွေအများကြီးဖြစ်ပြီး ဆိုင်ဖွင့်ဖို့အတွက် အားမရှိနေဘူး။ ပြီးတော့ နေမကောင်းဖြစ်တယ်။ ဒီမြို့မှာ ကျွန်မ ဆက်မနေချင်တော့ဘူး။ နောက်ပိုင်းမှာ ကျွန်မ ချစ်သူရဲ့ အဖေက သိသွားတော့ ယူကေအတွက် ဗီဇာလျှောက်ဖို့ ကျွန်မအတွက် ပိုက်ဆံအကုန်ခံပေးတယ်။ လေးနှစ်ကြာတော့ ကျွန်မ နေထိုင်ခွင့်ပါမစ်ရပြီး တက္ကသိုလ်တက်လိုက်တယ်။ ပိုက်ဆံတွေပိုရဖို့အတွက် စီးပွားစီမံဘာသာရပ်တွေကို ရွေးလိုက်တယ်။ ၂၀၁၁ခုနှစ်မှာ ကျွန်မက ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ပညာသင်ဆုငွေရတယ်။ မြို့ထဲမှာ အာဖရိကအစားအစာစတိုးဆိုင်ဖွင့်ဖို့ အတွက် ပိုက်ဆံကို အသုံးပြုလိုက်တယ်။
အစပိုင်းမှာ စတိုးဆိုင်က သေးတော့ လူတစ်ယောက်ကိုပဲ ငှားလိုက်တယ်။ စတိုးဆိုင်မှာလုပ်ဖို့ မနက်တိုင်း ငါးနာရီထပြီး ကျွန်မလုပ်လို့ပြီးတော့ ကျောင်းကိုသွားတယ်။ ကျောင်းဆင်းတော့ သန့်ရှင်းရေးလုပ်ဖို့၊ ပစ္စည်းတွေ ပို့ဖို့၊ စာရင်းတွေစီမံဖို့အတွက် စတိုးဆိုင်ကို အမြန်ပြန်သွားတယ်။ တစ်ချိန်တည်းမှာပဲ စီးပွားရေးလုပ်၊ တက္ကသိုလ်မှာ ပညာသင်ပြီး သားသမီးတွေကို ပျိုးထောင်ရတာ တော်တော်ခက်ခဲမှာပဲ။ ဒါပေမဲ့ လူတိုင်းက ကျွန်မအရည်အချင်းကို ချီးကျူးတာကို ကျွန်မကြားရပြီး သူတို့ရဲ့ လေးစားအားကျတဲ့ မျက်လုံးတွေကို တွေ့ရတော့ ကျွန်မ တော်တော်စိတ်ကျေနပ်တယ်။ အဲဒီအချိန်မှာ စတိုးဆိုင်က စီးပွားရေးက အဆင်ပြေတယ်။ ကျွန်မထင်တာထက် ပိုက်ဆံပိုရတယ်။ ဒါပေမဲ့ လုံလောက်တယ်လို့ မခံစားမိဘူး။ ကျွန်မက ဘဏ်ကိုဝယ်နိုင်တဲ့အထိ ချမ်းသာသင့်တယ်။ ဒါဆို သူများတွေက ကျွန်မကို ချီးမွမ်းပြီး အားကျမှာပဲလို့ တွေးမိတယ်။ ကျွန်မ တကယ်တမ်းလိုချင်ခဲ့တာ အဲဒါပဲ။ ဂုဏ်ပိုရှိပြီး ပိုပြီး ချီးမွမ်းခံရဖို့၊ ကျွန်မက အစွမ်းရှိတယ်ဆိုတာ သက်သေပြဖို့ ကျွန်မ ကလေးတွေကို ပျိုးထောင်ပေးပြီး စည်းစိမ်ရှိတဲ့ဘဝကို နေဖို့အတွက် ပိုက်ဆံပိုရအောင် ဆိုင်ရဲ့ အရွယ်အစားကို ထပ်ချဲ့လိုက်တယ်။ သုံးနှစ်ကြာတော့ ကျွန်မရဲ့ ဆိုင်လေးက အာဖရိကနိုင်ငံအမျိုးမျိုးက အစားအစာတွေကို ရောင်းတဲ့ ဆိုင်ကြီးဖြစ်လာတယ်။ ကျွန်မက ဒီမြို့မှာ တစ်ဦးတည်းသော အာဖရိကဆိုင်ရာ စွန့်ဦးလုပ်ငန်းရှင်အဖြစ်လည်း အသိအမှတ်ပြုခံရတယ်။ အထက်တန်းကျောင်းနဲ့ ကောလိပ်ဆရာတွေက ကျွန်မကို စကားပြောဖို့ ယူကေမှာရှိတဲ့ တခြားနိုင်ငံကဝင်လာတဲ့သူတွေကို စိတ်အားတက်စေဖို့ ကျွန်မ ရည်မှန်းချက်တွေ၊ အောင်မြင်မှုတွေအကြောင်းပြောဖို့ ဖိတ်ကြတယ်။ ပြီးတော့ ကျွန်မကို ဆုပစ္စည်းတစ်ခုပေးတယ်။ ကျွန်မက ဆုပစ္စည်းနဲ့အတူ မိန့်ခွန်းတွေပြောဖို့ သွားတော့ လူတိုင်းက ကျွန်မကို သိကြတယ်။ ဒီနှစ်တွေတစ်လျှောက်မှာ ကျွန်မ အလုပ်ကြိုးစားတာ၊ ဒုက္ခခံတာတွေအားလုံးက တန်တယ်၊ ကျွန်မရဲ့ ဘဝပန်းတိုင်တွေက အောင်မြင်ပြီလို့ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မက ပိုက်ဆံရှာတာကို မရပ်ဘူး။ လူမှုအဆင့်အတန်းရှိလာတဲ့နောက်မှာ ကိစ္စတွေလုပ်ပြီး ပိုက်ဆံရှာရတာ ပိုလွယ်လာတာကြောင့်ပေါ့။ ပြီးတော့ ကျော်ကြားချင်တဲ့ ကျွန်မဆန္ဒကလည်း များလာတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ကျွန်မ ကိုယ်ခန္ဓာက နေလို့မကောင်းဖြစ်နေပြီ။ ခဏလောက်ပဲ မတ်တပ်ရပ်နိုင်ပြီး ပြန်ထိုင်ရတယ်။ ကျွန်မက ဒူလာရောဂါ၊ အဆစ်အမြစ်ရောဂါ၊ တင်ပါးအာရုံကြောကိုက်ခဲတဲ့ရောဂါတွေရှိတယ်လို့ ဆရာဝန်ကပြောတယ်။ ကျွန်မရဲ့ ကျောရိုးတစ်ခုလုံးက ကိုက်ခဲနေတဲ့ သဘောပေါ့။ ကျွန်မက ပြန်သက်သာလာဖို့ အချိန်လိုတယ်၊ အလုပ်လုပ်လို့ မရတော့ဘူးလို့ ဆရာဝန်ကပြောတယ်။ ဒါပေမဲ့ ကျွန်မရောဂါကို ကျွန်မ အလေးအနက်မထားခဲ့ဘူး။ လေ့ကျင့်ခန်းနည်းနည်းလုပ်ပြီးရင် ပြန်ကောင်းမယ်လို့ ခံစားမိခဲ့တယ်။ ပြီးတော့လည်း စတိုးဆိုင်က စီးပွားရေးက အရမ်းအဆင်ပြေနေတော့ လက်မလွတ်ချင်ဘူး။ အဲဒါနဲ့ အလုပ်ပဲ ဆက်လုပ်တယ်။
၂၀၁၄ အစပိုင်းမှာ ကျွန်မအခြေအနေက ဆိုးလာတယ်။ တစ်ကိုယ်လုံးက နာလာတယ်။ တစ်ကိုယ်လုံးက မီးလောင်နေသလိုမျိုး ပူလောင်နေသလို ခံစားရတယ်။ ကျွန်မ ခြေထောက်တွေက ယောင်နေတာ များတယ်။ တင်ပါးရိုးတွေက ကျိုးနေသလို ခံစားရပြီး ကျောရိုးက ပျော့နေတယ်။ ကျောရိုးဖြောင့်နေအောင်လို့ အထိန်းတစ်ခုဝတ်ထားရတယ်။ ကျွန်မ ဆေးသွားစစ်တော့ ကျွန်မက ဒူလာရှိနေပြီလို့ ဆရာဝန်ကပြောတယ်။ ဒါပေမဲ့ အသားသည်ဆိုင်က ရေခဲခန်းထဲကို ကျွန်မ ခဏခဏသွားတော့ အအေးက ကျွန်မ အရိုးတွေအထိ ရောက်သွားတယ်။ အဲဒါနဲ့ ကျွန်မက အချိန်မရွေး အမြဲတမ်း လေဖြတ်သွားမယ့်အန္တရာယ်ရှိနေတာပေါ့။ အဲဒီအချိန်မှာ ကျွန်မ တော်တော်ကြောက်သွားတယ်။ ဒါပေမဲ့ အရမ်းနောက်ကျနေပြီ။ နောက်ပိုင်းမှာ ကျွန်မက လှုပ်ကိုမလှုပ်နိုင်တော့ဘူး။ အဲဒါနဲ့ ဆိုင်ပိတ်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး။ မျှော်လင့်မထားဘဲနဲ့ မြို့ထဲက တခြားလူတွေက ကျွန်မကို စအတုခိုးလာပြီး သူတို့ကိုယ်ပိုင်ဆိုင်တွေ ဖွင့်ကြတယ်။ ကျွန်မက မနာလိုဖြစ်တယ်။ ကျွန်မရဲ့ ကျန်းမာရေးအခြေအနေကြောင့်လည်း အရမ်းဝမ်းနည်းမိတယ်။ ဘာကြောင့်အရမ်းနေမကောင်းဖြစ်ရတာလဲပေါ့။ ဝေဒနာက ဆက်တိုက်ပဲ။ တစ်ရက်ကို ၂၄နာရီပဲ။ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ရတဲ့ ရက်ကို မရှိဘူး။ ကျွန်မနှလုံးသားထဲမှာ မီးတောက်လောင်နေသလိုပဲ။ ကိုယ်ရောစိတ်ပါဆင်းရဲရတာ အရမ်းနာကျင်တယ်။ အဲဒီအချိန်မှာ ကျွန်မ အကြောင်းအရာတွေကို တကယ် ပြန်သုံးသပ်ကြည့်တယ်။ ကျွန်မရှာရတဲ့ ပိုက်ဆံက ကျွန်မရောဂါကို မကုသနိုင်ဘူး။ ဒါဆို ဘယ်နေရာမှာ အသုံးဝင်တာလဲ။ အဲဒီအချိန်မှာ ကျွန်မ အားငယ်ပြီး အကူအညီမဲ့သလို ခံစားလာရတယ်။ ကျွန်မရဲ့ သားသမီးတွေကို စိတ်ပူလာတယ်။ ကျွန်မတစ်ယောက်တည်းပဲ သူတို့ရဲ့ မိသားစုဖြစ်နေလို့လေ။ ပိုက်ဆံနဲ့ ကျော်ကြားမှုကို ကျွန်မ မစဉ်းစားချင်တော့ဘူး။ ဝေဒနာကိုပဲ အဆုံးသတ်ချင်ပြီး ကျွန်မ ကလေးတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျိုးထောင်ပေးချင်တယ်။ တစ်နှစ်ကျော်အထိ ကျွန်မ အိပ်ရာထဲလဲနေပြီး ကိုယ့်ကိုယ်ကိုယ် မေးတယ်။ “လူတွေက ဘာလို့ အရမ်းဒုက္ခခံရတာလဲ။ ဘာလို့ ကျွန်မတို့ ဖျားနာတာလဲ။” စိတ်ဆင်းရဲပြီး စိတ်ပျက်နေရင်းနဲ့ ကျွန်မဝေဒနာကနေ လွတ်မြောက်အောင် ကူညီပေးဖို့ သခင့်ကို အော်ခေါ်ခဲ့တယ်။
၂၀၁၉ခုနှင်၊ မေလမှာ တစ်ခါတော့ ကျွန်မ ဆယ်ရက်အစာရှောင်ဆုတောင်းပြီးတော့ ဓမ္မသီချင်းတစ်ပုဒ်ကို နားထောင်ချင်လာတယ်။ အွန်လိုင်းမှာရှာပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဝဘ်ဆိုဒ်ကို တွေ့သွားတယ်။ ဗီဒီယိုနည်းနည်းလောက်ကြည့်ပြီးတော့ နားခိုရာအိမ် ဘယ်မှာလဲ ဆိုတဲ့ဗီဒီယိုကို ကျွန်မ လေးလေးနက်နက် ခံစားမိတယ်။ ဒီမိန်းကလေးရဲ့ဘဝက ကျွန်မကလေးဘဝကို ထင်ဟပ်တယ်။ သူ့အမေရဲ့ အတွေ့အကြုံက ကျွန်မအတွေ့အကြုံအတိုင်း အတိအကျပဲ။ ကျွန်မနှလုံးက ရင်ဘတ်မှာ တစ်ညလုံး တဒုတ်ဒုတ်ခုန်နေတယ်။ နောက်နေ့ကျတော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ကျွန်မ ဖုန်းခေါ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကြောင့် သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာ ကျွန်မ သေချာသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံပြီး အွန်လိုင်းမှာ စုဝေးပွဲတွေ စတက်တယ်။ တစ်ခါတော့ ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မကြားပြီး အရမ်းတို့ထိခြင်းခံရတယ်။ “ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက၊ ဘဝတွင် မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိဘဲ လောကတွင် မျောပါလွင့်ပါးနေဆဲ၊ အပြစ်တွင် နာကျင်စွာ ရုန်းကန်နေဆဲ ဖြစ်မည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက၊ လူ့အသက်တာ၏ လမ်းကြောင်းကို မသိဘဲ၊ နတ်ဆိုးများ၏ နင်းချေခြင်းကို ခံရဆဲ၊ အပြစ်၏ သာယာမှုများကို ပျော်မွေ့နေဆဲ ဖြစ်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်အဖို့ သနားကရုဏာနှင့် ပြည့်စုံသည်၊ သူ့ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အော်ခေါ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ သူ့ပလ္လင်တော် ရှေ့တော်မှောက်ချီမခံရသည်။ နေ့စဉ်နေ့တိုင်း ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည်၊ ပြီးလျှင် ကျွန်ုပ်သည် သမ္မာတရားများစွာကို နားလည်သဘောပေါက်ပြီးဖြစ်သည်။ လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးခြင်း၏ ကြီးမားသော နက်ရှိုင်းမှုကို ကျွန်ုပ်မြင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို အမှန်တကယ် လိုအပ်ပေသည်။ ဘုရားသခင်၏ သမ္မာတရားက ကျွန်ုပ်ကို သန့်စင်ပြီး၊ ကယ်တင်သည်။ ကျွန်ုပ်သည် အကြိမ်ကြိမ် ဝေဖန်အပြစ်တင်ပြီး စစ်ဆေးခြင်းကို ခံရကာ ကျွန်ုပ်၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်လေသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို မြည်းစမ်းပြီးမှသာ သူ၏ချစ်ခင်ဖွယ်ကောင်းခြင်းကို ကျွန်ုပ် သိခဲ့သည်။ ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်။ ကျွန်ုပ်သည် လူသားပုံသဏ္ဌာန် အနည်းငယ်ကို အသက်ရှင်နေထိုင်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက”) ဒီသီချင်းက ကျွန်မအသက်တာကို ကောင်းကောင်းရှင်းပြသွားတယ်။ အရင်တုန်းက ကျွန်မကိုယ်တိုင်ရဲ့လက်တွေနဲ့ ပျော်ရွှင်တဲ့အသက်တာကို ဖန်တီးချင်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ကျွန်မရဲ့ ကလေးဘဝအိပ်မက်တွေနဲ့ ဆန္ဒတွေအားလုံးကို ဖြည့်ဆည်းနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ ကျွန်မ အရမ်းနာကျင်ပြီး အထောက်အပံ့မရှိဘဲ စိတ်ဆင်းရဲပြီး နေခဲ့ရတယ်။ ဘုရားသခင်ရှေ့ကို ခေါ်လာခဲ့တဲ့သူ၊ ကျွန်မဝေဒနာကို သက်သာစေသူ လောကရဲ့ မှောင်မိုက်ခြင်းထဲကနေ ကျွန်မကို ကယ်တင်သူ သူ့နှုတ်ကပတ်တော်တွေကို ဖတ်ခွင့်ပေးပြီး တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို လက်ခံဖို့ ကျွန်မကို အခွင့်အရေးပေးတဲ့သူက ဘုရားသခင်ပါပဲ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အဲဒီအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ဖို့ ကျွန်မ မစောင့်နိုင်တော့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ မေးခွန်းများစွာရဲ့ အဖြေတွေကို တွေ့ကောင်းတွေ့နိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်လို့လေ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤဆင်းရဲဒုက္ခကို ခံစားရိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ယင်းတို့ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤဆင်းရဲဒုက္ခသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ဤဆင်းရဲဒုက္ခသည် လူသားများအနေဖြင့် စာတန်၏ စုံစမ်းသွေးဆောင်မှု ခံခဲ့ရပြီးနောက်၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရကာ ဆုတ်ယုတ်လာခဲ့ပြီးသည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ တိုး၍ တိုး၍၊ လူတို့သည် လူ့လောက၏ အနှစ်သာရကင်းမဲ့ခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းအပြင်၊ ဆက်လက်ရှင်သန်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး၊ ယင်းက စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းခံရပြီးသကာလ လူသားတို့၏ ယိုယွင်းဆုတ်ယုတ်ခြင်းနောက်မှသာ ဖြစ်ပေါ်လာသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်) ဘုရားသခင်က ရောဂါ၊ ဝေဒနာနဲ့ သေခြင်းမရှိတဲ့ ကမ္ဘာကိုဖန်ဆင်းခဲ့တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ စာတန်က လူတွေကို ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားသခင်ဆီကနေ ထွက်သွားဖို့ သွေးဆောင်ပြီးတဲ့နောက်မှာ လူတွေက အကျင့်ပျက်လာပြီး ဖောက်ပြန်ပျက်စီးလာတယ်။ ဖျားနာခြင်းနဲ့ သေခြင်းကလည်း လူသားတွေအပေါ် ကျရောက်လာတယ်။ အဲဒီနောက်မှာ ဘဝက ပိုပိုပြီး စိတ်ဆင်းရဲစရာကောင်းလာတယ်။ ဒီခြောက်နှစ်အတွင်းမှာ ကျွန်မ ရောဂါခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေချင်ခဲ့တယ်။ ကျွန်မဘဝက အဓိပ္ပာယ်မရှိဖြစ်ပြီး ဝေဒနာတွေ ပြည့်နေတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မဝေဒနာရဲ့ အရင်းအမြစ်ကို ကျွန်မ နားလည်သွားတယ်။ ကျွန်မက စာတန်ရဲ့ ဖျက်ဆီးခြင်းကိုခံရပြီး ဘုရားသခင်ဆီကနေ ထွက်ခွာခဲ့တယ်။ ကျော်ကြားမှုနဲ့ စည်းစိမ်အတွက်ပဲ အသက်ရှင်ခဲ့တယ်။ စာတန်ရဲ့ အုပ်စိုးမှုအောက် အသက်ရှင်ရတော့ ဝေဒနာတွေကိုပဲ ပိုခံစားရနိုင်ပြီး ကျွန်မအသက်တာက အဓိပ္ပာယ်မရှိဖြစ်နေမှာပဲ။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်လေလေ၊ ကျွန်မစိတ်နှလုံးက လင်းလက်လာလေလေပဲ။ ကျွန်မရဲ့ ခြောက်ကပ်နေတဲ့ ဝိညာဉ်ကို ဘုရားနှုတ်ကပတ်တော်က အာဟာရပေးတယ်။ အိပ်မက်ဆိုးတွေပြည့်နေတဲ့ အိပ်စက်ခြင်းကနေ နိုးထလာသလို ခံစားရတယ်။
နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်တယ်။ “‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့် ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ အစကတည်းမှ၊ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း၊ ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြလေသည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားလည်ကောင်း နားလည်မည်မဟုတ်သော်လည်း၊ အယောက်တိုင်းသည် အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကား နှင့်ဆိုင်သော မတူကွဲပြားသည့် အနက်ပြန်ခြင်းနှင့် သိမှတ်မှု အတိုင်းအတာများ ရှိကြသည်။ ယင်းမှာ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် သက်ဆိုင်သော အတွေ့အကြုံမည်မျှရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သနည်း။ သင်တို့ အယောက်စီတိုင်းအပါအဝင် ဤလောက ထဲက လူတို့၏ လူသား စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခု ထုတ်ဖော်ပြခံရသည်။ ယင်းက မည်သည့်အရာနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ စာတန်သည် လူများကို စုံစမ်းသွေးဆောင်ဖို့ ငွေကို အသုံးပြုပြီး လူတို့အား ငွေကို ကိုးကွယ်အောင်နှင့် ရုပ်ဝတ္ထုပစ္စည်းများကို အမွန်အမြတ်ထားအောင် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ သမ္မာတရားကို ရရှိကာ ကယ်တင်ခံရမည့် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် ဆုံးရှုံးမှုများ အားလုံးထဲတွင် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်သည် မဟုတ်သလော။ စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။ ဤလူသိများသည့် ဆိုရိုးစကားကို ကန့်ကွက်ရာမှ သင်သည် နောက်ဆုံးတွင် ယင်းကို သမ္မာတရားအဖြစ် လက်ခံ လာသည်နှင့်အမျှ၊ သင်၏စိတ်နှလုံးသည် စာတန်၏ လက်ထဲသို့ လုံးဝကျရောက်သွားသောကြောင့် သင်သည် ထိုဆိုရိုးစကားဖြင့် အမှတ်တမဲ့ အသက်ရှင်လာသည်။ ဤဆိုရိုးစကားက သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်ဖြစ်ပြီး၊ သမ္မာတရားကို သိကောင်းသိမည် ဖြစ်သော်လည်း၊ ယင်းကို လိုက်စားရှာဖွေရန် အစွမ်းမဲ့လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိကောင်းသိနိုင်သော်လည်း၊ သမ္မာတရားကို ရရှိဖို့အလို့ငှာ သင်သည် အဖိုးအခကို ပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုလားခြင်းမရှိပေ။ ယင်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို သင် သာ၍စွန့်လွှတ်လိမ့်မည်။ ဘုရားသခင် အဘယ်အရာကို ပြောသည် ဖြစ်စေ၊ အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကား အတွက် မိမိသဘောအတိုင်း လုပ်ဆောင်ပြီး အဖိုးအခ ပေးလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဤအဆိုသည် သင့်အတွေးများကို လှည့်စားပြီး ထိန်းချုပ်ထားနှင့်ပြီဖြစ်သည်၊ သင့်အပြုအမူကို အုပ်စိုးထားနှင့်ပြီးဖြစ်သည်။ သင်သည် ချမ်းသာမှုကို လိုက်စားခြင်းအား ဘေးဖယ်ထားမည့်အစား ယင်းအဆိုကို သင့်ကံကြမ္မာအပေါ် အုပ်စိုးခွင့်ပေးလိမ့်မည်။ လူတို့သည် ဤနည်းဖြင့် ပြုမူနိုင်ခြင်း၊ စာတန်၏ စကားများဖြင့် လူတို့ကို ထိန်းချုပ်ပြီး ခြယ်လှယ်၍ ရနိုင်ခြင်း— ဤအရာက ၎င်းတို့သည် စာတန်၏ လှည့်စားခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သည်ဟု အဓိပ္ပာယ်မရသလော။ စာတန်၏ အတွေးအမြင်နှင့် စဉ်းစားပုံ၊ စာတန်၏ စိတ်သဘောထားသည် သင်၏ စိတ်နှလုံးထဲ၌ အမြစ်တွယ်နေပြီမဟုတ်လော။ သင်သည် ကြွယ်ဝချမ်းသာခြင်းနောက်သို့ မမြင်မကန်းဖြင့်လိုက်ပြီး သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်သောအခါတွင် စာတန်က သင့်ကို လှည့်စားရန်ဖြစ်သည့် ၎င်း၏ ရည်ရွယ်ချက်ကို ရရှိသွားပြီးဖြစ်သည် မဟုတ်လော။ ဤအတိုင်းပင် အတိအကျဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ကျွန်မအမြဲတမ်းယုံကြည်ခဲ့တဲ့ “ငွေသည် အဓိကမဟုတ်သော်လည်း ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်” “ငွေကြေးသည် ကမ္ဘာကိုလည်ပတ်စေသည်” ဆိုတာမျိုးတွေက တကယ်တမ်းတော့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ဖတ်ပြီးမှပဲ ကျွန်မ နားလည်ခဲ့တယ်။ အဲဒါတွေက ကျွန်မစိတ်နှလုံးထဲမှာ အမြစ်တွယ်နေပြီး ကျွန်မ စိတ်ကို ထိန်းချုပ်တယ်။ ဒီတော့ ပိုက်ဆံထပ်အရေးကြီးတဲ့ ဘာကိုမှ မတွေးနိုင်တော့ဘူး။ ပိုက်ဆံက ကျွန်မ အသက်ရှင်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းပဲလို့ မှတ်ယူခဲ့တယ်။ ပိုက်ဆံက ကျွန်မကို ပျော်ရွှင်မှုနဲ့ ဂုဏ်ကို ယူဆောင်ပေးမယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မက ပိုက်ဆံနောက်ကို အရူးအမူးလိုက်တယ်။ ပိုက်ဆံပိုရဖို့၊ အားကျခံရပြီး အထင်ကြီးခံရဖို့၊ ကောင်းတဲ့ဘဝကို ရှင်သန်ရဖို့အတွက် ကျွန်မ မလှုပ်မရှားနိုင်ဖြစ်ပြီး အသက်ဆုံးရှုံးခါနီးအထိ ကျွန်မကိုယ်ခန္ဓာကို အလေးမထားဘဲ အလုပ်ကြိုးစားခဲ့တယ်။ ဒါက စာတန်ရဲ့ အတွေးအခေါ်တွေကို လက်ခံပြီး ဒါတွေရဲ့ ထိန်းချုပ်ခြင်းကို ခံတဲ့ အကျိုးဆက်တွေပဲ။ ဘုရားသခင်ရှိတာကို ကျွန်မ သိပေမဲ့ စာတန်ရဲ့စကားတွေနဲ့ အတွေးအခေါ်တွေက ကျွန်မကို ထိန်းချုပ်တာကြောင့် ဘုရားနောက်ကိုလိုက်ပြီး စစ်မှန်တဲ့ အသက်တာလမ်းကြောင်းကို လျှောက်ဖို့ ခွန်အားမရှိခဲ့ဘူး။ ဒါတွေက ကျွန်မစိတ်နှလုံးကို ဘုရားသခင်ရဲ့အဝေးကို ခေါ်သွားပြီး ဇာတိပကတိကို ကျေနပ်စေဖို့အတွက်ပဲ အသက်ရှင်စေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကြောင့် ကျွန်မက လမ်းမှားကိုသွားနေတယ်ဆိုတာ သဘောပေါက်သွားတယ်။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး ကျွန်မဝေဒနာက လွတ်မြောက်တဲ့ လမ်းကြောင်းတစ်ခုကို တွေ့သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိသည့်အတွက်၊ သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုကာ ပုန်ကန်သည့် စိတ်သဘောနှင့် အမြဲ ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်လျက် ဘုရားသခင်၏ အခွင့်အာဏာ၊ အချုပ်အခြာ အာဏာနှင့် ကံကြမ္မာက ပြင်ဆင်ပေးထားသည့် အရာတို့ကို အမြဲစွန့်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်သကဲ့သို့ အလှည့်တိုင်းတွင် တားဆီးခံရသည်။ လူတစ်ယောက်၏ ဝိညာဉ် အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပျက်သည့် ဤရုန်းကန်လှုပ်ရှားမှုက အချိန်တိုင်း ၎င်း၏ ဘဝကို ဖြုန်းတီးပစ်သည်နှင့်အမျှ အရိုးခိုက်အောင် နက်ရှိုင်းသည့် နာကျင်မှုမျိုးကို ၎င်းတို့ ယူဆောင်လာလေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသောကြောင့် ဖြစ်သလော။ သိသာစွာပင် တစ်ခုမျှ မမှန်ကန်ပေ။ တကယ့်အကြောင်းရင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။...ဤအခြေအနေမှ မိမိကိုယ်ကိုယ် လွတ်မြောက်ဖို့ အလွန့်အလွန် ရိုးရှင်းသည့် နည်းလမ်းတစ်ခု ရှိ၏။ ယင်းမှာ ယခင်က အသက်ရှင် နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်များကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ ဘဝအပေါ်ရှုမြင်ပုံ၊ လိုက်စားမှုများ၊ အလိုဆန္ဒများနှင့် စံသတ်မှတ်ချက်များကို အနှစ်ချုပ်ကာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်၏ အလိုတော်၊ လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီမှုရှိမရှိ၊ ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကို ပေးအပ်ခြင်းရှိမရှိ၊ သမ္မာတရားကို ပိုပြီးသိနားလည်မှုဆီသို့ ဆိုက်ရောက်စေခြင်းရှိမရှိ၊ လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် နေထိုင်ခွင့်ပေးခြင်းရှိမရှိ ကြည့်ဖို့ဖြစ်သည်။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော မြောက်များစွာသော အသက်ရှင်နေထိုင် နည်းများကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူများကို အကျင့်ပျက်ပြားလာစေသည့်၊ ငရဲသို့ ဦးတည်ခေါ်ဆောင်သွားသည့် ထောင်ချောက်များသာ ဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်၏တာဝန်မှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို ဘေးချိတ်ထားပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ သင့်အတွက် အစီအစဉ်များ ပြုလုပ်စေဖို့ ဖြစ်သည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့၊ တစ်ဦးချင်း ရွေးချယ်မှုမရှိဘဲ အသက်ရှင်ဖို့နှင့် ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန် ကြိုးစားဖို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ပိုက်ဆံရဲ့ ထိန်းချုပ်မှုကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလွတ်မြောက်အောင်လုပ်ရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို နားလည်စေခဲ့တယ်။ အဲဒါကတော့ ကျွန်မအရင်က ကြိုးစားတဲ့ ပန်းတိုင်တွေကို လက်လွတ်ဖို့၊ ကိုယ်ပိုင်အားစိုက်ထုတ်မှုနဲ့ ကျော်ကြားမှုနဲ့ စည်းစိမ်နောက်ကိုမလိုက်တော့ဖို့ ကျွန်မအသက်တာကို ဘုရားသခင်ကို ဆုံးဖြတ်စီစဉ်ခွင့်ပေးဖို့ပဲ။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျွန်မ နာခံရမယ်။ ဘုရားသခင်ရဲ့ လိုအပ်ချက်တွေနဲ့အညီ လက်တွေ့လုပ်ရမယ်။ ဘုရားသခင်ကို ကိုးကွယ်တဲ့သူဖြစ်လာရမယ်။ ဘုရားသခင်ကို အရမ်းပဲ ကျေးဇူးတင်ခဲ့တယ်။ ဒါက ကျွန်မဘဝမှာ ကျွန်မအတွက် ဘုရားသခင်ရဲ့ လမ်းပြမှုကို ခံစားရတဲ့ ပထဆုံးအကြိမ်ပဲ။ ဘုရားသခင်က ကျွန်မကို တိုက်ရိုက်စကားပြောနေပြီး လက်တွေ့လုပ်ဖို့လမ်းကြောင်းကို ပြနေသလိုပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်ပြီးတဲ့နောက်မှာ အသင်းတော်မှာ ကျွန်မ တာဝန်ထမ်းဆောင်ချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက အွန်လိုင်းဆိုင်တစ်ခုဖွင့်ထားတုန်းပဲ။ ပိုက်ဆံတွေ အများကြီးရင်းနှီးထားပေမဲ့ ဘာအမြတ်မှမရသေးဘူး။ ရှုံးသွားမှာကို ပိုပြီးတော့တောင် ကြောက်လာတယ်။ အဲဒါနဲ့ အွန်လိုင်းဆိုင်က မှာတာတွေကို တစ်ချိန်လုံး ကြည့်နေရတယ်။ နေ့ပိုင်းစုဝေးပွဲတွေမှာ မက်ဆေ့တွေ အမြဲတမ်းလာတယ်။ အဲဒါနဲ့ ကျွန်မစိတ်နှလုံးကို လုံးဝငြိမ်အောင်မထိန်းနိုင်ဘူး။ ပြီးတော့ ကျွန်မက ဘယ်လိုရင်းနှီးမြုပ်နှံပြီး ပိုက်ဆံပိုရှာရမယ်ဆိုတာ တွေးနေတုန်းပဲ။ နေ့ပိုင်းမှာ ကျွန်မအွန်လိုင်းစတိုးကို လုပ်ရတာက ပင်ပန်းတယ်။ အဲဒါနဲ့ တစ်ခါတလေ ညနေပိုင်း စုဝေးပွဲတွေမှာ ကျွန်မ တစ်ကိုယ်လုံးနာနေလို့ ခံနိုင်အောင်လို့ လှဲနေပြီး ဆေးပဲသောက်ထားရတယ်။ ဒါပေမဲ့ ဆေးက အိပ်ချင်စိတ်ဖြစ်စေတယ်။ စုဝေးပွဲတွေမှာ ကျွန်မ အိပ်ပျော်သွားတယ်။ ကျွန်မက ဘုရားကို ရိုးရိုးသားသား ကိုးကွယ်ချင်တယ်။ အရင်ကဘဝကို မရှင်သန်ချင်ဘူး။ အဲဒါနဲ့ ကျွန်မအွန်လိုင်းဆိုင်ကို ပိတ်လိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မ သူငယ်ချင်းက အပြင်မှာ တကယ့်စတိုးဆိုင်ဖွင့်ချင်တယ်လို့ပြောတယ်။ ကျွန်မက စီးပွားစီမံကို လေ့လာထားတော့ သူ့ကို အခမဲ့ ပလန်တစ်ခုဆွဲပေးလိုက်တယ်။ သူက အဲဒါကို အရမ်းကြိုက်သွားပြီး ကျွန်မနဲ့အတူလုပ်ချင်တယ်လို့ပြောတယ်။ သူက ပစ္စည်းသယ်ပို့လုပ်ပြီး ကျွန်မကိုတော့ ထုပ်ပိုးပြင်ဆင်တာ လုပ်စေချင်တယ်။ ပြီးတော့ ပိုက်ဆံကို ညီတူညီမျှ ခွဲယူမယ်ပေါ့။ ကျွန်မက လုပ်ချင်လာတယ်။ ဒါက ပိုက်ဆံပိုရှာဖို့ အခွင့်အလမ်းကောင်းပဲလို့ တွေးမိတယ်။ ပြီးတော့ ကျွန်မစိတ်ထဲမှာ စိတ်ကူးတော်တော်များများက ချက်ချင်းပေါ်လာတယ်။ အဲဒီညမှာ ကျွန်မအခြေအနေကို ပြန်သုံးသပ်ဖို့ ဘုရားကို ဆုတောင်းတော့ ကျွန်မက ပိုက်ဆံအပေါ် ကျွန်မရဲ့လောဘကို ပြန်ဖော်ထုတ်ပြနေတာကို သတိထားမိတယ်။ အရင်တုန်းက ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ ဝေဒနာအမျိုးမျိုးကို သတိရမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မဝိညာဉ်က ဝေဒနာမခံစားရတော့ဘူးဆိုတာကိုလည်း သတိထားမိတယ်။ ငြိမ်သက်ခြင်းနဲ့ တည်ကြည်ခြင်းကို ကျွန်မ ခံစားရတယ်။ ပြီးတော့ ကျွန်မကိုယ်ခန္ဓာက ဝေဒနာက ဆေးမသောက်ဘဲနဲ့ တော်တော်သက်သာလာတယ်။ ဒါက ကျွန်မအတွက် ဘုရားရဲ့ ကွယ်ကာမှုနဲ့ ကယ်တင်ခြင်းပါပဲ။ ကျော်ကြားမှုနဲ့ စည်းစိမ်ရဲ့ ဒုက္ခကနေ ကျွန်မ လွတ်မြောက်အောင် ကူပေးခဲ့တာက ဘုရားသခင်ပါ။ ဒါပေမဲ့ အခု ကျွန်မက ပိုက်ဆံနဲ့ ကျော်ကြားမှုနောက်ကို ဆက်လိုက်ချင်နေတယ်။ ကျွန်မက စာတန်ရဲ့ ကျော့ကွင်းထဲကို ထပ်ပြီးကျဆင်းနေတာမဟုတ်ဘူးလား။ ကျွန်မသူငယ်ချင်းဆီက ဒီအလုပ်ကို ကျွန်မ ငြင်းသင့်တယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကျွန်မက အပြည့်အဝ လက်မလွတ်နိုင်သေးဘူး။ အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်ပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုတွေ့သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တမ်းတလေဖြစ်သည်။ ဤကဲ့သို့ ပိုခံစားရလေ၊ သေခြင်းနီးကပ် လာခြင်းကို ပိုမို ထိတ်လန့်လေ ဖြစ်သည်။ ဤအချိန်မှသာ ၎င်းတို့၏ဘဝကို ၎င်းတို့မပိုင်ကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်မှုတွင် မရှိကြောင်းနှင့် သေဖို့ဖြစ်စေ ရှင်ဖို့ဖြစ်စေ မိမိတို့ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း- ဤအရာအားလုံးက မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိကြောင်းကို အမှန်တကယ် နားလည် လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ပိုက်ဆံကို ဖက်တွယ်ထားတာက အသက်ကို ပိုရှည်စေပြီး သူတို့ကို မသေအောင်ကာကွယ်ပေးတယ်လို့ လူတွေက ထင်ပေမဲ့ သေခါနီးကျတော့မှပဲ ပိုက်ဆံက သူတို့ကို မကယ်နိုင်ဘူးဆိုတာ၊ သူတို့ကို ထာဝရအသက်မပေးနိုင်ဘူးဆိုတာ သူတို့ကျန်းမာရေးကို ပြန်ရအောင် ကူညီမပေးနိုင်ဘူးဆိုတာကို သူတို့သဘောပေါက်သွားကြတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ သေခြင်းနဲ့ရင်ဆိုင်ရတဲ့အခါမှ အသိဝင်လာတော့ အရမ်းနောက်မကျသွားဘူးလား။ ကျွန်မလည်း ဒီလိုပဲဖြစ်ဖူးတယ်။ ကိုယ့်ကိုယ်ခန္ဓာကို ဂရုမစိုက်ဘဲ ပိုက်ဆံနောက်ကိုပဲ မဆင်မခြင်လိုက်တယ်။ ဆရာဝန်က ကျွန်မကို အနားယူပြီး အားမွေးဖို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက အိမ်မှာနေရင် ပိုက်ဆံမရမှာကိုစိတ်ပူတော့ နေမကောင်းဖြစ်နေရင်းနဲ့ အလုပ်လုပ်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ကံတရားကို ထိန်းချုပ်နိုင်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ သေခါနီးကျတော့ ဘယ်ဟာကမှ ကျွန်မထိန်းချုပ်မှုအောက်မှာမရှိဘူးဆိုတာ သဘောပေါက်သွားတယ်။ အခုတော့ ဘုရားရဲ့ ကယ်တင်ခြင်းကြောင့် ဘုရားနှုတ်ကပတ်တော်ကိုကြားရတာ ကျွန်မ ကံကောင်းတာပဲ။ လူတွေရဲ့ ကံကြမ္မာအပေါ်မှာ ဘုရားက အချုပ်အခြာအာဏာရှိတယ်၊ ဘုရားရဲ့ အစီအစဉ်ကို နာခံသင့်ပြီး ကံကြမ္မာကို ကိုယ့်ဘာသာ မကြိုးစားသင့်ဘူးဆိုတာ ကျွန်မ နားလည်သွားတယ်။ ကျွန်မက ပိုက်ဆံရှာဖို့ ရွေးချယ်ရင် ထပ်ပြီး စိတ်ဆင်းရဲရဦးမှာပဲ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်လုပ်ပြီး စာတန်က ကျွန်မကို ဆက်ထိန်းချုပ်ပြီး ညှင်းဆဲနေဦးမှာပဲ။ ဒီအချိန်မှာ ဒါက ကျွန်မအပေါ် စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းဆိုတာ သဘောပေါက်သွားတယ်။ သူငယ်ချင်းတစ်ယောက်က ကျွန်မဆီကို စီးပွားရေးစိတ်ကူးတစ်ခုနဲ့ ရောက်လာတယ်။ သူက ရင်းနှီးမြုပ်နှံမှုလုပ်ပြီး ရောင်းရငွေတွေကို ညီတူညီမျှခွဲယူချင်စိတ်ရှိတယ်။ ကမ်းလှမ်းမှုက တော်တော်လက်ခံချင်စရာပဲ။ စာတန်က ကျွန်မကို ငွေနဲ့ ကျော်ကြားမှု ကျော့ကွင်းထဲကို ပြန်ဆင်းအောင်လုပ်ဖို့ ဒါကို အသုံးပြုနေတာပါ။ ကျွန်မက အရင်က စိတ်ဆင်းရဲပြီးစိတ်ဒုက္ခရောက်တဲ့ ဘဝကို မိုက်မိုက်မဲမဲနဲ့ ပြန်သွားချင်နေတယ်။ ဒါက စာတန်ရဲ့ လှည့်ကွက်ထဲကို သက်ဆင်းနေတာပဲမဟုတ်ဘူးလား။ ကျော်ကြားမှုနဲ့ စည်းစိမ်ကို ဘေးဖယ်ထားချင်တယ်၊ အဲဒီအစား ကျွန်မတာဝန်ကိုထမ်းဆောင်ချင်တယ်လို့ ပြောပြီး ဘုရားကို ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတော့ တော်တော်စိတ်သက်သာသွားတယ်။ လေးလံတဲ့ဝန်ထုတ်ကနေ လွတ်သွားသလိုမျိုးပဲ။ နောက်သုံးရက်မှာ ကျော်ကြားမှုနဲ့ စည်းစိမ်ရဲ့ ဝဲဂယက်ကနေ ရှောင်ဖို့အတွက် ကျွန်မ နေ့တိုင်း ပိုပြီးပြင်းပြင်းထန်ထန်ဆုတောင်းတယ်။ ကျွန်မသူငယ်ချင်းနဲ့အလုပ်လုပ်ဖို့ကို ငြင်းဆန်ဖို့ ကျွန်မ အားတင်းလိုက်တယ်။ ဒါပေမဲ့ သူက ကျွန်မကို ဆွဲဆောင်ဖို့ ကြိုးစားတယ်။ “အခု နင်က အစိုးရအထောက်အပံ့နဲ့ နေနေတာ။ ဒါက နင့်အတွက် မလုံလောက်ဘူး။ ဒါက ငါသိတဲ့ နီနာမဟုတ်ပါဘူး” တဲ့။ ကျွန်မက ပြောတယ်။ “ဟုတ်တယ်။ ငါက အရင်ကလို နီနာမဟုတ်တော့ဘူး။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ငါလက်ခံခဲ့ပြီး သမ္မာတရားတချို့ကို နားလည်သွားတယ်။ ငါ့ဝေဒနာကနေ ငါ့ကိုကယ်တင်တာက ဘုရားသခင်ပဲ။ အရင်က ငါ့ရောဂါက ကုလို့မရဘူးလို့ ဆေးရုံကပြောပြီး ငါ့ကို လက်လျှော့လိုက်ကြတယ်။ စိတ်ငြိမ်ဆေးတွေသောက်တာတောင် ငါ့ဝေဒနာက သက်သာမသွားဘူး။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့အခါမှာ ငါ့ဝေဒနာက ကိုယ်တိုင်သတိမထားမိဘဲ သက်သာသွားတယ်။ ငါက ဘုရားအိမ်တော်ကနေ ထွက်ပြီး လောကထဲ ပြန်လာရင် ဝေဒနာနဲ့ အသက်ရှင်နေရဦးမှာပဲ။ အဲဒီလိုမျိုး ဆက်ပြီး အသက်မရှင်ချင်ဘူး” ပေါ့။ ကျွန်မ သူ့ကို ပြောလိုက်သေးတယ်။ “နင်နဲ့ တွဲဖက်လုပ်ဖို့ တခြားတစ်ယောက်ကို ရှာနိုင်ပါတယ်။ နင် အကူအညီလိုရင် ငါ အကြံနည်းနည်းပေးနိုင်ပါတယ်” ပေါ့။ နောက်ပိုင်းမှာ သူက ကျွန်မဆီ သုံးလေးခါလာတယ်။ ကျွန်မကို ဆွဲဆောင်လို့မရမှန်း သဘောပေါက်သွားတော့မှ မလာတော့ဘူး။
အခု အသင်းတော်မှာ ကျွန်မ တာဝန်ကို ထမ်းဆောင်တယ်။ လွတ်လပ်ပြီး ငြိမ်းချမ်းမှုကို ခံစားရတယ်။ ကျွန်မကိုယ်ခန္ဓာက ဝေဒနာက ၆၀၊ ၇၀ ရာနှုန်းလောက်အထိလျော့သွားတယ်။ အခု လမ်းလျှောက်ပြီး ချက်ပြုတ်နိုင်ပြီ။ ဒါပေမဲ့ အရေးကြီးဆုံးက အသင်းတော်မှာ ကျွန်မတာဝန်ကို ထမ်းဆောင်နိုင်တယ်။ ပိုက်ဆံရဲ့ ထိန်းချုပ်ခြင်းခံရတာကနေ ကျွန်မကို ကယ်တင်ပြီး ကျွန်မအသက်တာရဲ့ ဦးတည်ချက်ကို ပြောင်းပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို သိတာ ဘုရားသခင်ကို ကိုးကွယ်တာ၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့ တောင်းဆိုချက်တွေကို လက်တွေ့လုပ်ဆောင်တာက အသက်တာမှာ အဓိပ္ပာယ်အရှိဆုံး၊ တန်ဖိုးအရှိဆုံးအရာပဲဆိုတာ ကျွန်မအခု နားလည်သွားတယ်။ ကျွန်မရောဂါက ကျွန်မကို အများကြီးနာကျင်စေပေမဲ့ ဒါက ကျွန်မအတွက် ကောင်းချီးလည်းဖြစ်ပါတယ်။ အဲဒါက ဘုရားဆီကို ပြန်လာပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ရဖို့ ကျွန်မကို အခွင့်အရေးပေးတယ်။ ဒါက ပိုက်ဆံဘယ်လောက်နဲ့မှ ဝယ်လို့မရတဲ့အရာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။