ကျွန်မသမီးအတွက် ကျွန်မ၏ ချစ်ခြင်းမေတ္တာက စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလား
ချူးယန်၊ တရုတ်ပြည်ကျွန်မက ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တာပါ။ ကျွန်မမိဘတွေက ပညာသိပ်မတတ်ကြတော့ မိုးလင်းမိုးချုပ် လယ်ထဲမှာ ပင်ပင်ပန်းပန်း...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ငယ်ငယ်တုန်းက အမေဟာ ကျွန်မတို့ စားရေးဝတ်ရေးတာဝန်ကို ယူရုံတင်မကဘူး၊ လယ်ထဲဆင်းပြီးတော့လည်း အလုပ်လုပ်ရတယ်။ အဲဒါပြီးတော့ ပြန်လာပြီး အိမ်အလုပ်တွေ လုပ်ရပြန်ရော။ ဒါကြောင့် မိန်းမတွေဟာ ဇနီးကောင်း၊ မိခင်ကောင်း ဖြစ်ဖို့ဆိုရင် ဒီလိုမျိုး အသက်ရှင်ရမယ်လို့ ကျွန်မ တွေးခဲ့တယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ အမေ့လိုပဲ၊ ယောက်ျားနဲ့ သားအတွက် ထမင်းသုံးနပ် ချက်ပြုတ်ပေးတယ်၊ သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကို ဂရုစိုက်ပေးပြီး အိမ်မှုကိစ္စအဝဝကို လုပ်ကိုင်ပေးခဲ့တယ်။ ဒါပေမဲ့ သားလေး တစ်နှစ်သားအရွယ်မှာပဲ ယောက်ျားက ကားတိုက်မှုနဲ့ ဆုံးပါးသွားခဲ့တယ်။ အဲဒီအချိန်တုန်းက အရမ်းနာကျင်ရပြီး ဘဝက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးလို့ ထင်ခဲ့ပေမဲ့ သားလေးအတွက်ပဲ ဆက်ပြီး အသက်ရှင်ခဲ့တယ်။ သားလေးကို ပြည့်စုံတဲ့ မိသားစုဘဝလေး ပေးချင်လို့ ဒုတိယယောက်ျားနဲ့ ကျွန်မ အိမ်ထောင်ပြုခဲ့တယ်။ သူက သားလေးအပေါ် တော်တော်ဂရုစိုက်တာ မြင်ရတော့ စိတ်ထဲမှာ နည်းနည်း သက်သာရာရသွားတာပေါ့။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်မ ညီအစ်ကိုမောင်နှမတွေနဲ့ မကြာမကြာ စုဝေးပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ခဲ့တယ်။ သမ္မာတရားတချို့ကို နားလည်လာပြီးတော့ ကိုယ့်တာဝန်ကို စထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားသခင်ကို ကျွန်မ ယုံကြည်တယ်ဆိုတာ ရွာထဲမှာ လူသိများလာတော့ ရဲတွေက စောင့်ကြည့်လာတယ်။ ဒါနဲ့ တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်ခဲ့ရတယ်။ သားလေးကိုတော့ ယောက်ျားနဲ့ သူ့မိဘတွေ စောင့်ရှောက်ဖို့ အပ်ထားခဲ့လိုက်တယ်။ ကျွန်မ အဝေးမှာ တာဝန်ထမ်းဆောင်နေတုန်း သားလေးကို အရမ်းလွမ်းတယ်။ ပြီးတော့ မိခင်တစ်ယောက်အနေနဲ့ တာဝန်မကျေဘူးလို့ အမြဲ ခံစားခဲ့ရတယ်။ အခြေအနေပေးတာနဲ့ အိမ်ပြန်ပြီး သားလေးအပေါ်တင်နေတဲ့ အကြွေးကို ပြန်ဆပ်နိုင်မဲ့အချိန်ကိုပဲ မျှော်လင့်နေခဲ့မိတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မ အိမ်ကို တိတ်တိတ်လေး ပြန်သွားတော့ ယောက်ျားက ကွာရှင်းဖို့ လုပ်ထားပြီးသားဆိုတာ သိလိုက်ရတယ်။ သားက အလုပ်မကြိုးစားဘူး၊ ဘယ်အလုပ်ကိုမှ ကြာကြာမမြဲဘူး၊ ပြီးတော့ ကျွန်မသာ သူ့ကို ဆက်ပြီး ဂရုမစိုက်ရင် သားကတော့ သွားပြီလို့လည်း သူက ပြောတယ်။ ကျွန်မမိဘတွေကလည်း ကျွန်မက သားကို မစောင့်ရှောက်လို့၊ သူ့အနာဂတ်ကို နှောင့်နှေးစေတယ်ဆိုပြီး ကျွန်မကို အပြစ်တင်ကြတယ်။ ဒါကို ကြားတော့ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါ အိမ်မှာနေပြီး သူ့ကို နည်းနည်း တိုက်တွန်းပေးရင် သူ အလုပ်မယ်မယ်ရရ ပြန်လုပ်ပြီး လမ်းမှန်ကို လျှောက်နိုင်မှာ မဟုတ်လား” လို့ပေါ့။ သားရဲ့ အခြေအနေကို ကြည့်ပြီး အနီးဝန်းကျင်ကလူတွေရဲ့ ဝေဖန်တာကို ရရင်ဆိုင်ရတော့ သားအပေါ် ပိုပြီး အပြစ်ရှိသလို ခံစားရတယ်။ တစ်နေ့တော့ ဒေါ်လေးက အိမ်ကို အလည်လာပြီး ညီမဝမ်းကွဲက သူ့သားအတွက် ကြက်ကင်ဆိုင် ဖွင့်ပေးထားတဲ့အကြောင်း ပြောပြတယ်။ ဒါပေမဲ့ သူ့သားက အလုပ်က ညစ်ပတ်တယ်ဆိုပြီး တစ်နေကုန် အိမ်မှာ ဂိမ်းပဲ ထိုင်ဆော့နေတယ်တဲ့။ ညီမဝမ်းကွဲက ဘာပြောပြော သူ နားမထောင်ဘူးတဲ့။ ဒေါ်လေး ပြောတာကို နားထောင်ရင်းနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရမိတယ်။ “‘မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန် သားသမီးများ၏ ပျက်ကွက်မှုသည် ၎င်းတို့၏ မိဘများနှင့် ပတ်သက်သည်’ဟု ပြောခြင်းသည် မှားယွင်းပေသည်။ မည်သူဖြစ်စေ လူတစ်မျိုးမျိုးဖြစ်လျှင် လမ်းကြောင်းတစ်ခုခုကို လျှောက်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ သေချာသည် မဟုတ်လော။ (သေချာပါသည်။) လူတစ်ဦး လျှောက်သည့် လမ်းကြောင်းက ၎င်းဖြစ်သည့်အရာကို အဆုံးအဖြတ်ပေးသည်။ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ဖြစ်လာသည့် လူအမျိုးအစားတို့သည် ၎င်းတို့နှင့် သက်ဆိုင်သည်။ ဤသည်တို့မှာ ကြိုတင်စီမံထားသည့်အရာ၊ မွေးရာပါဖြစ်ပြီး လူတစ်ဦး၏ သဘာဝနှင့် ပတ်သက်ပေသည်။ သို့ဆိုလျှင် မိဘ၏ လေ့ကျင့်သင်ကြားပေးခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ထိုအရာက လူတစ်ဦး၏ သဘာဝကို စိုးမိုးနိုင်သလော။ (မစိုးမိုးနိုင်ပါ။) မိဘ၏ လေ့ကျင့်သင်ကြားပေးခြင်းက လူသား၏ သဘာဝကို မစိုးမိုးနိုင်သကဲ့သို့ လူတစ်ဦးက မည်သည့်လမ်းကြောင်း လျှောက်သည်ဆိုသည့် ပြဿနာကို မဖြေရှင်းပေးနိုင်ပေ။ မိဘများက ပေးနိုင်သည့် တစ်ခုတည်းသော လေ့ကျင့်သင်ကြားပေးခြင်းမှာ အဘယ်နည်း။ ၎င်းတို့ သားသမီးများ၏ နေ့စဉ်ဘဝရှိ ရိုးရှင်းသော အပြုအမူအချို့၊ အတန်အတင့် အပေါ်ယံဆန်သော အတွေးများနှင့် ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်း စည်းအချို့ဖြစ်သည်။ ဤသည်တို့မှာ မိဘများနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိသည့် အရာများ ဖြစ်သည်။ ၎င်းတို့၏ သားသမီးများက လူလားမြောက်သောအရွယ် မရောက်မီတွင် မိမိတို့၏ သားသမီးများ မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန်၊ စာကြိုးစားကာ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် အားလုံး၏ အထက်တွင်ရှိနိုင်ဖို့ ကြိုးပမ်းရန်၊ မကောင်းသည့်အရာများ မလုပ်ဆောင်ရန် သို့မဟုတ် မကောင်းသည့် လူများ ဖြစ်မလာရန် မိဘများက လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည့် ၎င်းတို့၏ သတ်မှတ်ထားသော တာဝန်ကို ဖြည့်ဆည်းသင့်ပေသည်။ မိဘများသည် ၎င်းတို့ သားသမီးများ၏ အပြုအမူကိုလည်း စည်းကမ်းဖြင့် ထိန်းပေးသင့်သည်၊ ၎င်းတို့အား ယဉ်ကျေးကာ ၎င်းတို့၏ လူကြီးသူမများကို တွေ့သည့်အခါတိုင်းတွင် နှုတ်ခွန်းဆက်ရန် သွန်သင်ပေးသင့်ပြီး အပြုအမူနှင့် ဆက်စပ်သည့် အခြားသောအရာများကို သွန်သင်ပေးသင့်သည်။ ဤသည်မှာ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ ၎င်းတို့ကလေး၏ ဘဝကို စောင့်ရှောက်ခြင်းနှင့် ၎င်းတို့ကို ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်း အခြေခံစည်းအချို့ဖြင့် လေ့ကျင့်သင်ကြားပေးခြင်းသည် မိဘများ၏ လွှမ်းမိုးခြင်းပင် ဖြစ်သည်။ ၎င်းတို့ကလေး၏ ပင်ကိုစရိုက်အတွက်မူ မိဘများက ဤအရာကို မသွန်သင်နိုင်ပေ။ မိဘအချို့သည် အေးအေးလူလူရှိကြပြီး အရာရာကို အေးအေးဆေးဆေး အရှိန်ဖြင့် လုပ်ဆောင်ကြပြီး ၎င်းတို့၏ သားသမီးများမှာမူ အလွန် စိတ်မရှည်ဖြစ်ကြပြီး တိုတောင်းသည့် အချိန်တစ်ခဏအတွက်ပင် ငြိမ်ငြိမ် မနေနိုင်ကြပေ။ ၎င်းတို့ ၁၄ သို့မဟုတ် ၁၅ နှစ်အရွယ်ရောက်သည့်အခါ စားဝတ်နေရေးအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြပြီး အရာရာတွင် ၎င်းတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များချကြသည်။ ၎င်းတို့၏ မိဘများကို ၎င်းတို့ မလိုအပ်ကြသကဲ့သို့ အလွန် အမှီအခိုကင်းကြလေသည်။ ဤအရာကို ၎င်းတို့၏ မိဘများက သွန်သင်ထားခြင်း ဖြစ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦး၏ ပင်ကိုစရိုက်၊ စိတ်သဘောထားနှင့် ၎င်းတို့၏ အနှစ်သာရအပြင် အနာဂတ်တွင် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းတို့သည် ၎င်းတို့၏ မိဘများနှင့် ပတ်သက်မှု ဘာဆိုဘာမျှ မရှိပေ။...‘မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်’ဟူသည့် စကားအသုံးအနှုန်းနှင့် ပတ်သက်သည့် ပြဿနာတစ်ခု ရှိသည်။ မိဘများသည် ၎င်းတို့၏ သားသမီးများကို လေ့ကျင့်သင်ကြားပေးရန် တာဝန်ရှိသော်လည်း ကလေးတစ်ဦး၏ ကံကြမ္မာကို ၎င်းတို့၏ မိဘများက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ထိုကလေး၏ သဘာဝက ဆုံးဖြတ်ခြင်းဖြစ်သည်။ လေ့ကျင့်သင်ကြားပေးခြင်းက ကလေးတစ်ဦး၏ သဘာဝနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းပေးနိုင်ပေ။ ဘဝတွင် လူတစ်ဦးလျှောက်သည့် လမ်းကြောင်းကို ၎င်းတို့၏ မိဘများက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဘုရားသခင်က ကြိုတင်စီမံထားခြင်း ဖြစ်သည်။ ‘လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်’ ဟု ပြောထားပြီး ဤဆိုရိုးကို လူသားအတွေ့အကြုံမှ ကောက်ချက်ချထားသည်။ လူတစ်ဦးက လူလားမြောက်သည့်အရွယ်သို့ မရောက်မီတွင် ၎င်းက မည်သည့်လမ်းကြောင်း လျှောက်မည်ကို သင် မပြောနိုင်ပေ။ ၎င်းတို့အနေဖြင့် အရွယ်ရောက်သူဖြစ်လာပြီး အတွေးအခေါ်များရှိကာ ပြဿနာများအပေါ် ပြန်လည်သုံးသပ်နိုင်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက် ပိုမိုကျယ်ပြန့်သည့် လူ့အသိုင်းအဝိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ ရွေးချယ်ကြလိမ့်မည်ဖြစ်သည်။ လူအချို့က အဆင့်မြင့်အရာရှိများဖြစ်ချင်သည်ဟု ပြောကြသည်၊ အခြားသူတို့က ရှေ့နေများဖြစ်ချင်သည်ဟု ပြောသည့်တိုင်အောင် အခြားသူတို့က စာရေးဆရာများ ဖြစ်ချင်သည်ဟု ပြောကြသည်။ လူတိုင်းတွင် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများနှင့် မိမိတို့ကိုယ်ပိုင် စိတ်ကူးများရှိကြသည်။ မည်သူကမျှ ‘ကျွန်ုပ်ကို လေ့ကျင့်သင်ကြားပေးရန် ကျွန်ုပ်၏ မိဘများကိုသာစောင့်မည်။ ကျွန်ုပ်၏ မိဘများက ကျွန်ုပ် ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးသည့် မည်သည့်အရာမဆို ဖြစ်လာအောင်လုပ်မည်’ဟု မပြောပေ။ မည်သူကမျှ ဤမျှလောက်မမိုက်မဲပေ။ လူလားမြောက်သည့်အရွယ်သို့ ရောက်ပြီးနောက်တွင် လူတို့၏ စိတ်ကူးများက စတင် နိုးကြွလာပြီး တဖြည်းဖြည်း ရင့်ကျက်ကာ ထိုသို့ဖြင့် ၎င်းတို့ရှေ့ရှိ လမ်းကြောင်းနှင့် ရည်မှန်းချက်ပန်းတိုင်တို့မှာ တိုး၍ ရှင်းလင်းလာလေသည်။ ဤအချိန်တွင် ၎င်းတို့ မည်သည့်လူစားမျိုး ဖြစ်သည်ဆိုသည်နှင့် မည်သည့် အဖွဲ့နှင့်ဆိုင်သည်ဆိုသည်တို့မှာ နည်းနည်းချင်း သိသာထင်ရှားပြီး ထင်သာမြင်သာဖြစ်လာလေသည်။ ဤအချိန်မှစ၍ ၎င်းတို့၏ စိတ်သဘောထားအပြင် ၎င်းတို့ လိုက်စားသည့်လမ်းကြောင်း၊ ဘဝတွင် ၎င်းတို့၏ ဦးတည်ချက်နှင့် ၎င်းတို့ သက်ဆိုင်သည့် အဖွဲ့ကဲ့သို့ပင် လူတစ်ဦးစီ၏ ပင်ကိုစရိုက်သည် တဖြည်းဖြည်း သိသာထင်ရှားစွာ သတ်မှတ်ခြင်းခံလာရသည်။ ဤအရာအားလုံးသည် မည်သည့်အရာအပေါ် အခြေခံသနည်း။ နောက်ဆုံးတွင် ဤသည်မှာ ဘုရားသခင် ကြိုတင်စီမံထားပြီးဖြစ်သည့်အရာ ဖြစ်သည်။ မိမိ၏ မိဘများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားသခင် ပြောထားတာ အရမ်းရှင်းပါတယ်။ ကလေးတစ်ယောက် လမ်းမှန်လျှောက်မလျှောက်ဆိုတာက မိဘတွေက သူတို့ကို ဘယ်လို ဆုံးမသွန်သင်သလဲဆိုတာအပေါ် မမူတည်ပါဘူး။ ကလေးရဲ့ သဘာဝကပဲ ဆုံးဖြတ်တာပါ။ မိဘတွေက ကလေးရဲ့ အပေါ်ယံအပြုအမူကို သင်ပြပေးပြီး ထိန်းချုပ်လို့ရပေမဲ့ ကလေးရဲ့ ကံကြမ္မာကိုတော့ မပြောင်းလဲနိုင်ဘူး။ သူတို့ကလေးက ဘာအသက်မွေးဝမ်းကျောင်း လုပ်မယ်၊ ဘာလမ်းကြောင်း လိုက်မယ်ဆိုတာ မိဘတွေ ပြောင်းလဲလို့ရတဲ့၊ ဆုံးဖြတ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ဥပမာ၊ ကျွန်မရဲ့ညီမဝမ်းကွဲဆိုရင် သူ့သားကို နေ့တိုင်း စောင့်ကြည့်ပြီး အများကြီး ဆုံးမပဲ့ပြင်ခဲ့ပေမဲ့ သူ့သားကတော့ ဒီအတိုင်းပါပဲ၊ တစ်နေကုန် ဂိမ်းဆော့ပြီး ကျောင်းတောင် မသွားဘူး။ ညီမဝမ်းကွဲက သူ့ကို အလုပ်မယ်မယ်ရရ လုပ်စေချင်လို့ ဆိုင်ဖွင့်ပေးခဲ့ပေမဲ့ အဲဒါပြီးတော့လည်း သူက ဆက်ပြီး လေလွင့်နေတာပဲ၊ မိဘတွေဆီက ပိုက်ဆံပဲ တောင်းနေတာလေ။ ယောက်ျားနဲ့ ခဏခဏ ရန်ဖြစ်တတ်တဲ့ ယောက်မကိုလည်း သတိရမိတယ်။ သူ စိတ်ဆိုးရင် သူ့အမေအိမ် သွားနေတတ်ပြီး ကလေးကို ဆုံးမသွန်သင်ချင်စိတ် မရှိတော့ဘူး။ ဒါပေမဲ့ သူ့သားက စာမေးပွဲအမှတ်တွေ အမြဲကောင်းပြီး အသက်နဲ့မလိုက်အောင် ရင့်ကျက်တယ်။ ဒါက ယောက်မက သူ့ကို အထူးတလည် ကောင်းကောင်း သင်ပေးလို့ မဟုတ်ပါဘူး။ သူ့မှာ ပင်ကိုကတည်းက စာလုပ်ချင်စိတ် ရှိနေလို့ပါ။ သူက ကြိုးစားအားထုတ်နိုင်ပြီး လုံ့လဝီရိယရှိတာပါ။ ကျွန်မသားလေး ငယ်ငယ်တုန်းက စာကြိုးစားပြီး လမ်းမှန်လျှောက်ဖို့ သူ့ကို မကြာမကြာ သင်ပေးခဲ့ပေမဲ့ သူက ဆုံးမရခက်တဲ့ ကလေးမျိုးဖြစ်ခဲ့တယ်။ ကျောင်းကပြန်ရောက်တာနဲ့ ကွန်ပျူတာဂိမ်း စဆော့တော့တာပဲ၊ ကျွန်မ ဘာပြောပြော နားမထောင်ဘူး။ ကျွန်မက တင်းတင်းကြပ်ကြပ် လုပ်ရင် သူက သောင်းကျန်းတော့တာပဲ။ အခု သူ လမ်းမှန်မလျှောက်တာ၊ မှန်ကန်တဲ့ ကိစ္စတွေကို အရေးမစိုက်တာတွေက သူ့ရွေးချယ်မှုပါ၊ သူ့သဘာဝက ဆုံးဖြတ်တဲ့အရာပါ။ ကျွန်မ သူ့ကို သင်ပေးခဲ့တာတွေက သူ့ရွေးချယ်မှုကို ပြောင်းလဲပေးနိုင်မှာ မဟုတ်သလို သူ့ရဲ့ အနာဂတ် ရှေ့ရေးကိုလည်း မဆုံးဖြတ်ပေးနိုင်ပါဘူး။ ဒါကို နားလည်လိုက်တော့ သားရဲ့ဘေးမှာနေပြီး သူ့ကို မသင်ပေးနိုင်ခဲ့လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်တော့ဘူး။ ပြီးတော့ ကျွန်မရဲ့ မာနထောင်လွှားမှုနဲ့ မသိနားမလည်မှုတွေကိုလည်း မြင်လာရတယ်။ သားကို သူ့အနာဂတ်နဲ့ သူ့ဘဝ ပြောင်းလဲပေးဖို့အတွက် သူ့ကိုသွန်သင်ပေးတာအပေါ် ကျွန်မ အမြဲ အားကိုးချင်ခဲ့တယ်။ ကျွန်မ ဆင်ခြင်တုံတရား ဘာဆိုဘာမှမရှိခဲ့ဘူး။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ သားနဲ့ အဆက်အသွယ်ရခဲ့တယ်။ အဲဒီတုန်းက သားက အိမ်ဟောင်းမှာ တစ်ယောက်တည်း နေနေတာ၊ ယောက်ျားနဲ့ သူ့မိဘတွေနဲ့ အတူမနေဘူး။ သူက ထမင်းမချက်ဘူး၊ အစားအသောက်ကို အပြင်ပဲထွက်ဝယ်ပြီး အခန်းလည်း မရှင်းဘူး၊ ညစ်ပတ်နေတဲ့ အဝတ်တွေကို ကုတင်ပေါ်မှာ ဒီအတိုင်း ပုံထားတာ။ ဒါကို မြင်တော့ ကျွန်မ စိတ်နှလုံး နာကျင်ရတယ်။ ကျွန်မ သူ့ကို စကားပြောရင် အေးစက်စက်နိုင်ပြီး ဂရုမစိုက်သလိုပဲ၊ သူ့ကို မစောင့်ရှောက်လို့ဆိုပြီး ကျွန်မကို အငြိုးထားနေတာ၊ အမေလို့တောင် အသိအမှတ်မပြုဘူး။ သူ့ကို ပိုလို့တောင် အကြွေးတင်နေသလို ခံစားရတယ်၊ မိခင်တစ်ယောက်အနေနဲ့ သူ့ကို ကောင်းကောင်း ဂရုမစိုက်ခဲ့ဘူး၊ သူ့အပေါ် တာဝန်မကျေခဲ့ဘူးလို့ တွေးမိတယ်။ သူ့အခန်းကို အတွင်းအပြင် ရှင်းပေးပြီး သူ့အဝတ်တွေအကုန် လျှော်ပေးခဲ့တယ်။ သူက အလုပ်မသွားဘဲ အိမ်မှာ ဂိမ်းပဲ ထိုင်ဆော့နေတာ များတော့ သူ့ကို ပြောလိုက်တယ်၊ “သား မယ်မယ်ရရ အလုပ်တစ်ခုခု လုပ်ဦး၊ မိသားစုက သားအတွက် စိတ်ပူအောင်ချည်း မလုပ်နဲ့” လို့ပေါ့။ ဒါပေမဲ့ သူ လုံးဝ နားမထောင်ဘူး။ အဲဒီနောက်လည်း သူ မပြောင်းလဲဘူး။ နောက်ပိုင်းကျတော့ သားက အလုပ်မယ်မယ်ရရ မလုပ်လို့ဆိုပြီး ယောက်ျားက သူ့ကို အထင်သေးလာပြီး ဆက်မထားချင်တော့ဘူး။ ကျွန်မ တွေးမိတယ်၊ “ငါ အလုပ်ရှာပြီး သားကို စောင့်ရှောက်ရင်းနဲ့ အလုပ်လုပ်ရင် မိခင်တစ်ယောက်အနေနဲ့ တာဝန်ကျေမှာပဲ” လို့ပေါ့။ ဒါပေမဲ့ လူသစ်တွေကို ရေလောင်းပေးဖို့က ရှိသေးတယ်လေ။ ပိုက်ဆံရှာပြီး သားကို စောင့်ရှောက်ဖို့ အလုပ်လုပ်ရင် ရေလောင်းခြင်းအလုပ်ကို နှောင့်နှေးစေမှာ။ ကျွန်မ အရမ်း ဒွိဟဖြစ်သွားတယ်။ တာဝန်က ဘုရားသခင်ဆီက လာတာဖြစ်လို့ ကျွန်မအနေနဲ့ အသိစိတ်မဲ့ပြီး တာဝန်ကို စွန့်ပစ်လို့ မရဘူးဆိုတာ တွေးမိတဲ့အခါ၊ အလုပ်မရှာတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သားကို လက်မလွှတ်နိုင်ခဲ့ဘူး။ တာဝန်မရှိတဲ့အချိန်ဆို အိမ်ပြန်ပြီး သူ့ကို သွားစောင့်ရှောက်တယ်။ တာဝန်ထမ်းဆောင်နေရင်းနဲ့လည်း သူ့အကြောင်းပဲ တွေးနေမိတယ်။ လူသစ်တချို့က ပုံမှန် မစုဝေးနိုင်ကြဘူး။ ဒါကြောင့် ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ရှာဖွေပြီး စဉ်းစားဆင်ခြင်ဖို့ စိတ်ငြိမ်ငြိမ်ထားချင်ခဲ့တယ်။ ဒါပေမဲ့ သားအတွက်ပဲ အမြဲ စိတ်ပူပြီး ဖိစီးနေတော့ လူသစ်တွေရဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ စိတ်မပါခဲ့ဘူး။ လူသစ်တွေက အရမ်း အပျက်သဘောဆောင်လာပြီး မယုံချင်တော့ဘူးဆိုမှပဲ ကျွန်မ မြန်မြန်သွားပြီး သူတို့ကို ဖေးမပေးခဲ့တယ်。 နောက်ပိုင်းမှာ အလုပ်ရဲ့ လိုအပ်ချက်အရ တခြားဒေသကိုသွားပြီး တာဝန်ထမ်းဆောင်ရမယ်ဆိုတော့ သားကို ပိုပြီး လက်မလွှတ်နိုင် ဖြစ်ရတယ်။ အိမ်နဲ့ဝေးသွားရင် သူ့ကို ဂရုစိုက်နိုင်မဲ့ နည်းလမ်းမရှိတော့မှာ စိုးရိမ်တာပေါ့။ ဒါပေမဲ့ နိုင်ငံတော် ဧဝံဂေလိတရား တိုးချဲ့ဖို့အတွက် လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်ဆိုတာ ပြန်တွေးမိတယ်။ ကျွန်မ တာဝန်ထမ်းဆောင်လာတာ နှစ်နည်းနည်း ကြာပြီ၊ လေ့ကျင့်မှုတချို့ရပြီး သမ္မာတရားတချို့ကို နားလည်ထားတာလေ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို မျက်နှာမူပြီး အသိစိတ်မဲ့လို့ မဖြစ်ဘူး။ ဒါကြောင့် တခြားဒေသမှာ တာဝန်ထမ်းဆောင်ဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ မမျှော်လင့်မိတာက အဲဒီအချိန်လောက်မှာပဲ သားက သူကြိုက်တဲ့ အလုပ်တစ်ခု ရသွားတယ်။ သူ အလုပ်သွားပြီး ပိုက်ဆံရှာတယ်၊ ကိုယ့်စရိတ်ကိုယ်ကာမိပြီး ယောက်ျားကလည်း သူ့ကို ပြန်လက်ခံခဲ့တယ်။ တကယ်ကို ထင်မထားခဲ့တာပါ။
နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ်။ “သားကို ငါ လက်မလွှတ်နိုင်ရတဲ့ အဓိက အကြောင်းရင်းက ဘာလဲ” ပေါ့။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “ဤတကယ့်လူ့အဖွဲ့အစည်းတွင် အသက်ရှင်ကြသည့် လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ လူတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ရိုးရာယဉ်ကျေးမှုများစွာသည် လူတို့၏ အတွေးများနှင့် အမြင်များတွင် အရိုးစွဲနေပေသည်။ အထူးသဖြင့် အမျိုးသမီးများသည် မိမိတို့ လင်ယောက်ျားနှင့် သားသမီးများအတွက် မိမိတို့ ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံထားကာ သူတို့အတွက် အသက်ရှင်လျက်၊ မိသားစုက တစ်နေ့ ထမင်းသုံးနပ် ဝဝလင်လင် စားရအောင် သေချာလုပ်ပေးလျက်၊ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးနှင့် အခြား အိမ်အလုပ်အားလုံးကို ကောင်းစွာလုပ်လျက် မိမိတို့ လင်ယောက်ျားကို ပြုစုပြီး မိမိတို့ သားသမီးများကို ပျိုးထောင်ဖို့၊ ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခြင်းခံရသည်။ ဤသည်မှာ ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လက်ခံထားသော စံနှုန်းဖြစ်သည်။ အမျိုးသမီးတိုင်းကလည်း ဤသည်မှာ အမှုအရာများကို လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် ထိုသို့မလုပ်ပါက ကောင်းမြတ်သော အမျိုးသမီးတစ်ဦး မဟုတ်သကဲ့သို့ အသိစိတ်နှင့် ကိုယ်ကျင့်တရား၏ စံနှုန်းများကိုလည်း ချိုးဖောက်မိပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ဤကိုယ်ကျင့်တရား စံနှုန်းများကို ချိုးဖောက်ခြင်းက လူတချို့၏ အသိစိတ်အပေါ် လေးလံစွာ ဖိစီးလိမ့်မည်။ ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဖြစ်ကြောင်းနှင့် ၎င်းတို့က ကောင်းမြတ်သည့် အမျိုးသမီးများ မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သည့်နောက်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးသည့်နောက်၊ သမ္မာတရားတချို့ကို နားလည်ကာ အချို့သော ကိစ္စရပ်များကို ရိပ်စားမိပြီးသည့်နောက်တွင် သင်က ‘ငါသည် ဖန်ဆင်းခံတစ်ဦးဖြစ်၍ ငါ့တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ထမ်းဆောင်သင့်ပြီး ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်သည်’ ဟု တွေးလိမ့်မည်။ ဤအချိန်တွင် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရေးနှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်လိုလျှင် သင်၏ တာဝန်ကို အချိန်ပြည့် သင်မထမ်းဆောင်နိုင်ပေ။ သို့သော် သင်၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်လိုပါက သင်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဖြစ်နိုင်ပေ။ ဤအခါ သင်မည်သည့်အရာ လုပ်မည်နည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး အသင်းတော်အလုပ်အတွက် တာဝန်ယူရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိရန် သင်ရွေးချယ်ပါက သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးကို စွန့်ရမည်။ ဤအခါ သင်မည်သည့်အရာ စဉ်းစားမည်နည်း။ သင့်စိတ်ထဲတွင် မည်သည့်သဘောကွဲလွဲခြင်းမျိုး ဖြစ်ပေါ်မည်နည်း။ သင်၏ သားသမီးများကို၊ သင်၏ လင်ယောက်ျားကို သင်စိတ်ပျက်စေမိပြီဟု ခံစားမည်လော။ အပြစ်ရှိပြီး မသက်မသာဖြစ်သည့် ဤခံစားချက်သည် မည်သည့်နေရာမှ လာသနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင်မဖြည့်ဆည်းသည့်အခါ၌မူ ဘုရားသခင်ကို သင်စိတ်ပျက်စေမိပြီဟု ခံစားရသလော။ သင်သည် အပြစ်ရှိသည့်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်စိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ နှလုံးနှင့် စိတ်တွင် သမ္မာတရား အရိပ်အယောင် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်နားလည်သနည်း။ ရိုးရာယဉ်ကျေးမှုနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ ဖြစ်သည်။ ထိုသို့ဖြင့် ‘ကျွန်ုပ်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဟုတ်လျှင် ကောင်းမြတ်သော သို့မဟုတ် ရည်မွန်သော အမျိုးသမီးတစ်ဦး မဟုတ်ပါ’ ဟူသည့် အယူအဆက သင်၏ စိတ်တွင် ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် ဤအယူအဆ၏ ချည်နှောင်ခြင်းနှင့် ချုပ်ချယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သင်ယုံကြည်ကာ သင်၏ တာဝန်ကို ထမ်းဆောင်သည့်နောက်တွင်ပင် ဤအယူအဆမျိုးများ၏ ထိုသို့ ချည်နှောင်ချုပ်ချယ်ခြင်းတို့ကို ဆက်လက်ခံနေရလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရေးနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသည့်အခါ သင့်အနေဖြင့် ဘုရားသခင်အတွက် သစ္စာစောင့်သိမှု အနည်းငယ် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်မည်ဖြစ်လျက် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အင်တင်တင်ဖြင့် ရွေးချယ်နေနိုင်လင့်ကစား သင်၏ စိတ်နှလုံး၌မူ မသက်မသာဖြစ်ကာ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်တစ်ခုကား ရှိနေလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင့်ထံတွင် အချိန်ပိုတချို့ရှိသည့်အခါ သင့်အနေဖြင့် သင်၏ သားသမီးများနှင့် လင်ယောက်ျားကို ပို၍ အတိုးချ ပြုစုပေးရန် အလိုရှိလျက် ၎င်းတို့ကို စောင့်ရှောက်ပေးဖို့ အခွင့်အရေးများ ရှာဖွေလိမ့်မည်ဖြစ်ပြီး သင့်ထံတွင် စိတ်ငြိမ်သက်ခြင်း ရှိသရွေ့ သင့်အနေဖြင့် သာ၍ ဆင်းရဲဒုက္ခခံစားရမည်ဆိုလျှင်ပင် အဆင်ပြေသည်ဟု တွေးလိမ့်မည်ဖြစ်သည်။ ဤအရာကို ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ရေးနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများ၏ လွှမ်းမိုးမှုက ဖြစ်ပေါ်စေသည် မဟုတ်လော။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် လိုလားသော်လည်း ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရန်လည်း အလိုရှိလျက် ယခုတွင် လှေနံနှစ်ဖက်နင်းနေမိပေသည်။ သို့ရာတွင် ဘုရားသခင်၏ ရှေ့မှောက်၌ ငါတို့သည် တာဝန်နှင့် ဝတ္တရားတစ်ခု၊ ဘဝပေးတာဝန်တစ်ခုသာ ရှိ၏။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းရန် ဖြစ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ သင်ဖြည့်ဆည်းပြီးပြီလော။ အဘယ်ကြောင့် တစ်ဖန် သင်လမ်းလွဲသွားပြန်သနည်း။ သင်၏ စိတ်နှလုံးတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဝေဖန်မောင်းမဲစိတ်တို့ အမှန်တကယ် မရှိလေသလော။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားက အခြေခံအုတ်မြစ်ချထားခြင်း မရှိသေးသကဲ့သို့ ထိုစိတ်နှလုံးကို အုပ်စိုးခြင်းလည်း မရှိသေးသောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် သင်သည် လမ်းလွဲသွားနိုင်သည်။ ယခုတွင် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေနိုင်သော်လည်း တကယ်တမ်း၌မူ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စံနှုန်းများကို အလွန်စံမမီဖြစ်နေဆဲ ဖြစ်သည်။...ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ သူက ကျွန်ုပ်တို့ကို ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့် အခြားတစ်ဦးတစ်ယောက်ထံ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ကို ဖြည့်ဆည်းရန် သင့်အတွက် မလိုအပ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဘုရားသခင်ထံတွင်သာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ အခြားမည်သည့်အရာမဆိုထက် လူတို့လုပ်ဆောင်ရမည့်အရာ၊ မိမိဘဝ၏ အဓိက အရေးကိစ္စအဖြစ် လုပ်ဆောင်သင့်သည့် အဓိကအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းပါက၊ သင်သည် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ အခြားသူများ၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး၊ ထူးကဲသာလွန်သော အိမ်ရှင်မတစ်ဦး၊ သားသမီးဝတ်ရှိသော သမီးတစ်ဦးနှင့် လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်သူ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိခဲ့သော်လည်း မပြီးမြောက်ခဲ့သည့်သူတစ်ဦး၊ လမ်းတစ်ဝက်တွင် လက်လျှော့ခဲ့သူတစ်ဦး ဖြစ်ပေသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိနိုင်သလော။ ဤကဲ့သို့သော လူများသည် သုံးမရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေပါတယ်။ ဘေးနားက မိန်းမတွေအားလုံး ဇနီးကောင်း၊ မိခင်ကောင်း ဖြစ်ဖို့ လိုက်စားနေကြတာကို မြင်တော့ ကျွန်မလည်း ဒါကို မိန်းမကောင်းတစ်ယောက်ရဲ့ စံနှုန်းအဖြစ် မှတ်ယူခဲ့တယ်။ မိန်းမကောင်းဆိုတာ ကလေးနဲ့ ယောက်ျားကို ကောင်းကောင်း ဂရုစိုက်ရမယ်၊ အိမ်မှုကိစ္စအဝဝကို အစီအစဉ်တကျ ထားရမယ်လို့ ယုံကြည်ခဲ့မိတယ်ဆိုတာပေါ့။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ အိမ်အလုပ်အားလုံးကို တာဝန်ယူခဲ့တယ်၊ ဘယ်လောက် ပင်ပန်းပါစေ ဒါက လုပ်ကိုလုပ်ရမဲ့ အရာလို့ ထင်ပြီးတော့ပေါ့။ တာဝန်ထမ်းဆောင်ဖို့ အိမ်က ထွက်လာပြီး သားအတွက် ထမင်းသုံးနပ် မချက်ပေးနိုင်တော့တာ၊ သူ့ရဲ့ နေ့စဉ်ဘဝကို ဂရုမစိုက်နိုင်တော့တာတွေ ဖြစ်လာတဲ့အခါ မိခင်တစ်ယောက်အနေနဲ့ တာဝန်မကျေဘူးလို့ ထင်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး စိတ်မကောင်းဖြစ်ရတယ်၊ သားအပေါ် အကြွေးတင်တဲ့စိတ် ခံစားရတယ်။ လောကီသားတွေရဲ့ ဝေဖန်ပြီး စီရင်တာကို ခံရတဲ့အခါ ကျွန်မ တာဝန်မကျေဘူးလို့ ပိုခံစားရတယ်၊ ပြီးတော့ သားကို ဘယ်လို ဂရုစိုက်ပေးရမလဲ၊ သူ ဒုက္ခသက်သာအောင် ဘယ်လိုလုပ်ပေးရမလဲ၊ သူ့အပေါ်တင်နေတဲ့ အကြွေးကို အကောင်းဆုံး ဘယ်လို ပြန်ဆပ်ရမလဲ ဆိုတာလောက်ပဲ တွေးနေမိတယ်။ လူသစ်တွေ ပုံမှန် မစုဝေးနိုင်တာကို မြင်တဲ့အခါ သူတို့ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဆီလျော်တဲ့ သမ္မာတရားတွေကို မြန်မြန် မရှာဖွေခဲ့ဘူး။ သူတို့ အပျက်သဘောဆောင်လွန်းလို့ နုတ်ထွက်ချင်တဲ့အခါမှပဲ သူတို့ကို ဖေးမပေးခဲ့တယ်။ လူသစ်တွေရဲ့ အသက်တာတွေ နစ်နာဆုံးရှုံးခဲ့ရတယ်။ လောကီသားတွေရဲ့ ချီးမွမ်းတာနဲ့ သားအပေါ် တာဝန်ကျေဖို့ကိုပဲ ဦးစားပေးခဲ့ပြီး အသင်းတော်ရဲ့ အလုပ်ကို ထည့်မတွက်ဘဲ တာဝန်မှာ ဝတ်ကျေတမ်းကျေ လုပ်ခဲ့တယ်။ မိခင်တစ်ယောက်အနေနဲ့ တာဝန်ကျေပြီး သားအတွက် ထမင်းသုံးနပ် ချက်ကျွေးနိုင်ရင်တောင် ဖန်ဆင်းခံတစ်ယောက်အနေနဲ့ လုပ်သင့်တဲ့ တာဝန်ကိုတော့ ပျက်ကွက်မှာပဲ။ ခေတ်အဆက်ဆက်က သန့်ရှင်းသူတွေ၊ ပရောဖက်တွေအပြင် ညီအစ်ကိုမောင်နှမ အတော်များများကို တွေးမိတယ်။ ဧဝံဂေလိဟောပြီး ဘုရားသခင်အတွက် သက်သေခံဖို့ ကိုယ့်မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းတွေကို စွန့်လွှတ်ခဲ့ကြတယ်။ ပိုများတဲ့လူတွေကို ဘုရားသခင်ရဲ့ ကယ်တင်ခြင်း လက်ခံနိုင်ဖို့ ဘုရားသခင်ရှေ့ကို ခေါ်ဆောင်ပြီးတော့ပေါ့။ ဒါက ဘုရားသခင် အသိအမှတ်ပြုတဲ့၊ ကောင်းမြတ်ပြီး တရားမျှတတဲ့ လုပ်ဆောင်ချက်တစ်ခုပဲ။ ဒီလို အသက်ရှင်တာက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်မရဲ့ အသက်နဲ့ ကျွန်မမှာရှိသမျှ အရာအားလုံးက ဘုရားသခင် ပေးထားတာပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ရေလောင်းတာနဲ့ ထောက်ပံ့တာတွေကို အများကြီး ခံစားခဲ့ရတယ်၊ ဒါတွေအားလုံးက ကိုယ်တော်ရဲ့ မေတ္တာနဲ့ ကျေးဇူးတော်ပါပဲ။ ဒါက ကျွန်မအနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်သင့်တယ်ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ခဲ့တဲ့အခါ အဲဒါကြောင့် ဘုရားသခင်အပေါ် အကြွေးတင်တယ်လို့ မခံစားရဘဲ အဲဒီအစား သားကိုတောင် အကြွေးတင်တဲ့စိတ် ခံစားခဲ့တယ်။ ကျွန်မမှာ အသိစိတ်၊ လူ့သဘာဝ တစ်ခုတလေ ရှိခဲ့လို့လား။ သူများတွေအမြင်မှာ မိခင်ကောင်း ဖြစ်ဖို့ လိုက်စားတာက လူတွေကို ကျေနပ်စေပြီး သူတို့ရဲ့ ချီးမွမ်းတာကို ခံရနိုင်ပေမဲ့ ဒီလိုလုပ်တာက ကိုယ့်မိသားစုနဲ့ ဇာတိပကတိအတွက်ပဲ အသက်ရှင်တာဖြစ်ပြီး အချိန်ဖြုန်းတာသက်သက်ပါပဲ။ အဓိပ္ပာယ်ရှိတဲ့ ဘဝမျိုးနဲ့ အသက်ရှင်ခွင့် ရမှာ မဟုတ်ပါဘူး။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်ထပ် နှစ်ပိုဒ်ကို ဖတ်ပြီးတော့ ကိုယ့်သားသမီးတွေကို ဘယ်လို သဘောထားရမလဲဆိုတာနဲ့ စပ်လျဉ်းပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိတို့၏သားသမီးများက အရွယ်ရောက်သူများဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မိဘများ၏ ဘဝကို မိဘများကိုယ်တိုင်ကသာ ပိုင်ဆိုင်သည်။ သားသမီးများက မပိုင်ဆိုင်ပေ။ ပင်ကိုအားဖြင့် မိဘများသည် သားသမီးများ၏ အခမဲ့ ကလေးထိန်းများ၊ သို့မဟုတ် ကျွန်များမဟုတ်ပေ။ မိဘများက သားသမီးများအပေါ် မည်သည့် မျှော်မှန်းချက်များရှိပါစေ သားသမီးများအား မိဘများကို အစားပြန်လည် လုပ်ဆောင်ပေးခြင်းမရှိဘဲ ထင်ရာမြင်ရာ အမိန့်ပေးခိုင်းစေခွင့်ပြုရန်၊ သို့မဟုတ် သားသမီးများ၏ အစေခံ၊ အိမ်ဖော်၊ သို့မဟုတ် ကျွန်များ ဖြစ်ရန် မိဘများအနေဖြင့် မလိုအပ်ပေ။ သင်သည် သင့်သားသမီးအပေါ် မည်သည့်ခံစားချက်ရှိပါစေ သင်သည် အမှီအခိုကင်းသောသူတစ်ယောက် ဖြစ်ဆဲဖြစ်သည်။ သင်၏ သားသမီးများ ဖြစ်ရုံသက်သက်ဖြင့် ၎င်းတို့၏ အရွယ်ရောက်ပြီးဖြစ်သောဘဝအပေါ် တာဝန်ယူခြင်းသည် အပြည့်အဝမှန်ကန်နေသည့်အလား မလုပ်ဆောင်သင့်ပေ။ ဤသို့လုပ်ဆောင်ရန် မလိုအပ်ပေ။ ၎င်းတို့သည် အရွယ်ရောက်ပြီးသူများဖြစ်သည်။ သင်သည် ၎င်းတို့ကို ပျိုးထောင်ရန် သင်၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ အနာဂတ်တွင် ၎င်းတို့က ကောင်းစွာနေထိုင်မည်လော၊ သို့မဟုတ် ဆိုးစွာနေထိုင်မည်လော၊ ၎င်းတို့သည် ချမ်းသာမည်လော၊ သို့မဟုတ် ဆင်းရဲမည်လော၊ ပျော်ရွှင်သော၊ သို့မဟုတ် မပျော်ရွှင်သောဘဝကို နေထိုင်မည်လောဆိုသည်တို့အတွက်မူ ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စဖြစ်သည်။ ဤအရာများသည် သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် မိဘအနေဖြင့် ထိုအရာများကို ပြောင်းလဲရန် ဝတ္တရားမရှိပေ။ ၎င်းတို့၏ဘဝက မပျော်ရွှင်လျှင် သင်က ‘မင်း မပျော်ရွှင်ပါ။ ဤအရာကို ပြုပြင်ရန် နည်းလမ်းများကို ငါစဉ်းစားမည်။ ငါပိုင်ဆိုင်သမျှတိုင်းကို ရောင်းချမည်။ မင်းပျော်ရွှင်ရန်အတွက် ငါ၏ဘဝစွမ်းအင်အားလုံးကို သုံးပစ်မည်’ ဟု ပြောရန် တာဝန်မရှိ။ ဤသို့လုပ်ဆောင်ရန် မလိုပေ။ သင်သည် သင့်တာဝန်များကို ထမ်းဆောင်ရန်သာ လိုအပ်သည်။ ဤမျှသာဖြစ်သည်။ သင်က ၎င်းတို့ကို ကူညီလိုလျှင် ၎င်းတို့က အဘယ်ကြောင့်မပျော်ရွှင်သည်ကို သင်မေးနိုင်သည်။ ပြီးလျှင် သဘောတရားဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအဆင့်တွင် ပြဿနာအား နားလည်အောင်လုပ်ဆောင်ရာ၌ ၎င်းတို့ကို ကူညီနိုင်သည်။ ၎င်းတို့က သင့်အကူအညီကို လက်ခံလျှင် ပို၍ပင် ကောင်းသည်။ လက်မခံလျှင် သင်သည် မိဘအနေဖြင့် သင့်တာဝန်များကိုသာ ဖြည့်ဆည်းဖို့လိုပြီး ဤမျှသာဖြစ်သည်။ သင်၏ သားသမီးများက ဒုက္ခခံလိုလျှင် ဤသည်မှာ ၎င်းတို့ကိစ္စဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး သင့်အနေဖြင့် စိတ်ပူရန်ဖြစ်စေ၊ စိတ်မချမ်းမသာ ဖြစ်ရန်ဖြစ်စေ၊ စားမဝင်၊ သို့မဟုတ် အိပ်မပျော်ဖြစ်ရန်ဖြစ်စေ မလိုပေ။ ဤသို့ဖြစ်ခြင်းသည် အလွန်အကျွံဖြစ်ရာရောက်မည်။ အဘယ်ကြောင့် အလွန်အကျွံ ဖြစ်ရာရောက်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အရွယ်ရောက်ပြီးသူများ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ဘဝတွင် ၎င်းတို့ကြုံတွေ့ရသောအရာရာတိုင်းကို ၎င်းတို့ကိုယ်တိုင်စီမံတတ်ရန် သင်ယူသင့်သည်။ သင်က ၎င်းတို့အတွက် စိတ်ပူလျှင် ဤသည်မှာ ချစ်ခင်မှုသာဖြစ်သည်။ သင်က ၎င်းတို့အတွက် စိတ်မပူလျှင် သင်က အကြင်နာကင်းမဲ့သည်ဟု မဆိုလိုပေ၊ သို့မဟုတ် သင့်တာဝန်များကို မဖြည့်ဆည်းရသေးဟု မဆိုလိုပေ။ ၎င်းတို့သည် အရွယ်ရောက်ပြီးသူများ ဖြစ်သည်။ ပြီးလျှင် အရွယ်ရောက်ပြီးသူများသည် အရွယ်ရောက်ပြီးသူများ၏ ပြဿနာများကို ရင်ဆိုင်ရမည်ဖြစ်ပြီး အရွယ်ရောက်သူများ ကိုင်တွယ်သင့်သည့်အရာရာတိုင်းကို ကိုင်တွယ်ရမည်။ အရာရာအားလုံး၌ ၎င်းတို့မိဘများကို အမှီမပြုသင့်ပေ။ မိမိတို့၏ သားသမီးများက အရွယ်ရောက်ပြီးနောက်တွင် ၎င်းတို့၏ အလုပ်၊ အသက်မွေးဝမ်းကျောင်း၊ မိသားစု၊ သို့မဟုတ် အိမ်ထောင်တို့တွင် အဆင်ပြေခြင်း ရှိမရှိနှင့်ပတ်သက်၍ မိဘများက မိမိတို့ကိုယ်တိုင်အပေါ် တာဝန်ပုံမချထားသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် ဤအရာများကို စိတ်ပူနိုင်သည်။ ယင်းတို့အကြောင်းကို စုံစမ်းမေးမြန်းနိုင်သည်။ သို့သော် သင်သည် ယင်းတို့ကို အပြည့်အဝဦးဆောင်ပြီး သားသမီးများအား သင့်အနီးတွင် ခေါ်ထားရန်၊ မည်သည့်နေရာသို့ သင်သွားပါစေ ၎င်းတို့ကို သင်နှင့်အတူခေါ်ရန်၊ မည်သည့်နေရာသို့ သင်သွားသည်ဖြစ်စေ ၎င်းတို့ကို စောင့်ကြည့်ပြီး ‘သူတို့သည် ယနေ့တွင် ကောင်းစွာစားနိုင်ကြသလော။ ပျော်ရွှင်ကြသလော။ အလုပ်က အဆင်ပြေသလော၊ သူတို့၏ အထက်လူကြီးက သူတို့ကို အသိအမှတ်ပြုသလော။ သူတို့၏ အိမ်ထောင်ဖက်က သူတို့ကို ချစ်သလော။ သူတို့၏ ကလေးများက စကားနားထောင်ကြသလော။ သူတို့၏ ကလေးများက အမှတ်ကောင်းကြသလော’ ဟု စဉ်းစားရန် မလိုအပ်ပေ။ ဤအရာများသည် သင်နှင့် မည်သို့သက်ဆိုင်သနည်း။ သင့်သားသမီးများက ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းနိုင်သည်။ သင် ပါဝင်ပတ်သက်ရန် မလိုပေ။ ဤအရာများသည် သင်နှင့် မည်သို့သက်ဆိုင်သနည်းဟု ငါအဘယ်ကြောင့် မေးသနည်း။ ဤသည်မှာ ထိုအရာများသည် သင်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု ငါဆိုလိုခြင်းဖြစ်သည်။ သင်သည် သင့်သားသမီးများအပေါ် သင့်တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်။ သင်သည် ၎င်းတို့ကို အရွယ်ရောက်ပြီးသူများအဖြစ်သို့ ပျိုးထောင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သင်သည် နောက်ဆုတ်သင့်သည်။ သင်သည် နောက်ဆုတ်လိုက်သည်နှင့် ဤသည်မှာ သင့်၌ လုံးဝ လုပ်စရာမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ သင်လုပ်ဆောင်သင့်သည့်အရာ များစွာရှိသေးသည်။ ဤဘဝတွင် သင်ပြီးမြောက်ရန် လိုအပ်သည့်တာဝန်များနှင့် ပတ်သက်လျှင် သားသမီးများအား အရွယ်ရောက်သည်အထိ ပျိုးထောင်ခြင်းအပြင် သင့်၌ ပြီးမြောက်ရန် အခြားတာဝန်များလည်း ရှိသည်။ သင်သည် သားသမီးများ၏ မိဘဖြစ်ခြင်းအပြင် ဖန်ဆင်းခံတစ်ယောက်လည်း ဖြစ်သည်။ သင်သည် ဘုရားရှေ့သို့ လာသင့်သည်။ ပြီးလျှင် ဘုရားထံမှ သင်၏တာဝန်ကို လက်ခံသင့်သည်။ သင့်တာဝန်သည် အဘယ်နည်း။ ထိုတာဝန်ကို သင်ပြီးမြောက်ပြီးသလော။ ထိုတာဝန်အပေါ် သင့်ကိုယ်သင် ဆက်ကပ်အပ်နှံပြီးဖြစ်သလော။ ကယ်တင်ခြင်းဆီသို့လမ်းကြောင်းအပေါ် သင် စတင်လျှောက်လှမ်းပြီးဖြစ်သလော။ ဤအရာများသည် သင် စဉ်းစားသင့်သည့် အရာများဖြစ်သည်။ သားသမီးများက အရွယ်ရောက်ပြီးနောက်တွင် မည်သည့်နေရာသို့ သွားမည်၊ ၎င်းတို့၏ဘဝက မည်သို့ဖြစ်မည်၊ ၎င်းတို့၏ အခြေအနေများက မည်သို့ဖြစ်မည်၊ ၎င်းတို့သည် ပျော်ရွှင်ကြည်နူးမည်လောဆိုသည်တို့အတွက်မူ ထိုအရာများသည် သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင့်သားသမီးများက လက်တွေ့ကျအရရော စိတ်ပိုင်းဆိုင်ရာအရပါ နှစ်ခုလုံးတွင် အမှီအခိုကင်းနေပြီဖြစ်သည်။ သင်သည် ၎င်းတို့ကို အမှီအခို ကင်းခွင့်ပြုသင့်သည်။ သင်သည် လက်လွှတ်သင့်သည်။ ပြီးလျှင် ၎င်းတို့ကို ထိန်းချုပ်ဖို့ မကြိုးစားသင့်ပေ။ လက်တွေ့အားဖြင့် ဖြစ်စေ၊ ချစ်ခင်တွယ်တာမှုအရာဖြစ်စေ၊ သွေးသားတော်စပ်မှုအားဖြင့် ဖြစ်စေ သင်သည် သင့်တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်။ ပြီးလျှင် သင်နှင့် သင့်သားသမီးများကြားတွင် မည်သည့်ဆက်ဆံရေးမျှ မရှိတော့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) “ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားသောသူတစ်ယောက်အနေဖြင့် သင့်ဘဝတွင် ကျန်ရှိသော စွမ်းအင်နှင့်အချိန်ကို သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌လည်းကောင်း၊ ဘုရားသခင်က သင့်အား အပ်နှံသည့် မည်သည့်အရာမဆိုအပေါ်၌လည်းကောင်း အသုံးပြုသင့်သည်။ သင့်သားသမီးများနှင့်ပတ်သက်၍ အချိန်တစ်စက်မျှ အကုန်မခံသင့်ပေ။ သင့်ဘဝကို သင့်သားသမီးများက မပိုင်ဆိုင်ပေ။ ပြီးလျှင် သင့်ဘဝကို ၎င်းတို့၏ဘဝ၊ သို့မဟုတ် ရှင်သန်ရေးအတွက် အကုန်ဆုံး မခံသင့်သကဲ့သို့ ၎င်းတို့အပေါ် သင်၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းဖို့အတွက်လည်း အကုန်ဆုံး မခံသင့်ပေ။ ထိုအစား ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကိုလည်းကောင်း၊ အပ်နှံထားသည့်အလုပ်ကိုလည်းကောင်း၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်ဖြည့်ဆည်းသင့်သည့် တာဝန်အပေါ်ကိုပါလည်းကောင်း ဆက်ကပ်သင့်သည်။ ဤသည်မှာ သင့်ဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်တည်ရှိသည့်နေရာ ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်သိက္ခာကို ဆုံးရှုံးပြီး သားသမီးများအတွက် ကျွန်ဖြစ်လိုစိတ်ရှိလျှင်၊ ၎င်းတို့အတွက် စိတ်ပူလိုစိတ်ရှိလျှင်၊ ၎င်းတို့အပေါ် သင်၏ကိုယ်ပိုင်မျှော်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုစိတ်ရှိလျှင် ဤအရာအားလုံးသည် အဓိပ္ပာယ်မရှိဘဲ တန်ဖိုးကင်းမဲ့သည်။ ယင်းသည် အောက်မေ့ဂုဏ်ပြုခြင်းခံရမည် မဟုတ်။ သင်သည် ဤသို့ဆက်လက်လုပ်ဆောင်ပြီး ဤအယူအဆများ၊ လုပ်ဆောင်မှုများကို လက်မလွှတ်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူမဟုတ်၊ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ယောက်မဟုတ်၊ သင်သည် အတော်အတန် ပုန်ကန်တတ်သည်ဟူ၍သာ အဓိပ္ပာယ်ရနိုင်သည်။ သင်သည် ဘုရားသခင်က သင့်အားပေးသည့် ဘဝနှင့်အချိန် နှစ်မျိုးလုံးကို မြတ်နိုးခြင်းမရှိ။ သင်၏ဘဝနှင့် သင်၏အချိန်ကို သင်၏ အသွေးအသားနှင့် ချစ်ခင်တွယ်တာမှုအတွက်သာ ကုန်ဆုံးစေလျှင်၊ ဘုရားသခင်က သင့်အားပေးသည့် တာဝန်အတွက် မကုန်ဆုံးလျှင် သင်၏ဘဝသည် လိုအပ်ခြင်းမရှိဘဲ တန်ဖိုးကင်းမဲ့သည်။ သင်သည် အသက်ရှင်ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်အားပေးသည့် ဘဝကို ပျော်မွေ့ရန် မထိုက်တန်ပေ။ ပြီးလျှင် ဘုရားသခင်က သင့်အားပေးသည့် အရာရာတိုင်းကို ပျော်မွေ့ရန် မထိုက်တန်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉))
ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်၊ မိဘတွေရဲ့ တာဝန်နဲ့ ဝတ္တရားက သားသမီးတွေ အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးဖို့၊ ဘယ်လို ကျင့်ကြံပြုမူရမယ်ဆိုတာ သင်ပေးဖို့ ဖြစ်တယ်ဆိုတာကိုပေါ့။ ကလေးက အရွယ်ရောက်ပြီး အမှီအခိုကင်းကင်း ရပ်တည်နိုင်စွမ်းရှိတဲ့အပြင် ပြဿနာတွေကို ကိုင်တွယ်နိုင်ပြီဆိုရင် မိဘတွေက သူတို့ကို လွတ်လပ်ခွင့် ပေးသင့်ပါတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို မထမ်းဆောင်ဘဲ ဇနီးကောင်း၊ မိခင်ကောင်း ဖြစ်ဖို့ပဲ လိုက်စားပြီး ကိုယ့်မိသားစုနဲ့ ကလေးတွေအတွက်ပဲ တစ်သက်လုံး အသက်ရှင်သွားမယ်ဆိုရင် သူ့ဘဝက ဘာတန်ဖိုး၊ ဘာအဓိပ္ပာယ်မှ မရှိဘူး။ သားအပေါ် ကျွန်မမှာရှိတဲ့ တစ်ခုတည်းသော တာဝန်က သူ အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးဖို့၊ သူ့အသိဉာဏ်ပွင့်လင်းအောင် လုပ်ပေးဖို့နဲ့ လမ်းမှန်လျှောက်ပြီး မှန်ကန်တဲ့ ကိစ္စတွေကို အရေးစိုက်တတ်အောင် သင်ပေးဖို့ပါပဲ။ သား ငယ်ငယ်တုန်းက ညဉ့်နက်တဲ့အထိ ဂိမ်းဆော့လေ့ရှိတာကို သတိရမိတယ်။ အွန်လိုင်းဂိမ်းဆော့တာက လူတွေကို ဘယ်လို ထိခိုက်စေနိုင်တယ်ဆိုတာ ပြောပြပြီး လက်တွေ့ကျတဲ့လူ ဖြစ်ဖို့ သူ့ကို ကျွန်မ သွန်သင်ခဲ့တယ်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဘယ်လို ဖန်ဆင်းခဲ့တယ်ဆိုတာ ပြောပြပြီး ဘုရားသခင် တကယ်ရှိကြောင်းတောင် သက်သေခံပေးခဲ့တာလေ။ ဒါပေမဲ့ သူက နားမထောင်ဘဲ အပျော်အပါးနဲ့ သာယာမှုကိုပဲ လိုက်စားခဲ့တယ်။ ဒါကြောင့် ယောက်ျားက သူ့ကို အလုပ်မယ်မယ်ရရ မလုပ်လို့ဆိုပြီး အထင်သေးတဲ့အပြင် မပြုစုမပျိုးထောင်ပေးချင်ခဲ့ဘူး။ ဒါက သူလျှောက်တဲ့ လမ်းရဲ့ အကျိုးဆက်ဖြစ်ပြီး သူ ခံကိုခံရမဲ့ ဆင်းရဲဒုက္ခပါပဲ။ ကျွန်မက မိခင်တစ်ယောက်အနေနဲ့ တာဝန်ကျေခဲ့ပြီးပြီ၊ သူ့အပေါ် ဘာအကြွေးမှ မတင်တော့ပါဘူး။ သူ့ဘဝအတွက်ပဲ ထည့်တွက်ပြီး သူ့ကို ဂရုစိုက်ဖို့ ကျွန်မတာဝန်ကို စွန့်လွှတ်မယ်ဆိုရင်၊ ကိုယ့်အချိန်နဲ့ ခွန်အားအားလုံးကို သူ့အတွက်ပဲ ပေးပြီး သူ့ရဲ့ အနာဂတ်ဘဝကို အပြည့်အဝ ကြီးကြပ်ပေးမယ်ဆိုရင်၊ အဲဒီလိုနဲ့ ကိုယ့်ရဲ့ကျန်တဲ့ဘဝတစ်ခုလုံးကို စတေးတဲ့အထိ လုပ်ခဲ့မယ်ဆိုရင်၊ ကျွန်မ တကယ်ကို အရမ်းမိုက်မဲရာကျမှာပါ။ ကျွန်မ ဒါကို သဘောပေါက်သွားတယ်။ သားက အခု အရွယ်ရောက်နေပြီ။ သူ့မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေရှိပြီး လျှောက်ရမဲ့ ကိုယ်ပိုင် ဘဝလမ်းကြောင်းရှိတဲ့အပြင်၊ အမှီအခိုကင်းကင်းနဲ့ အသက်ရှင်ပြီး ပြဿနာတွေကို ကိုင်တွယ်နိုင်စွမ်းရှိတယ်။ သူ့ကို တစ်သက်လုံး ကျွန်မ လိုက်မကြည့်နိုင်သလို သူ့ကံကြမ္မာကိုလည်း မပြောင်းလဲပေးနိုင်ပါဘူး။ ကျွန်မက သားရဲ့ အမေဖြစ်ရုံတင်မကဘူး၊ ဖန်ဆင်းခံတစ်ယောက်လည်း ဖြစ်တယ်။ ကိုယ့်ရဲ့ ဘဝပေးတာဝန်ကို ပြီးမြောက်အောင်လုပ်ပြီး တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ကျွန်မ အသက်ရှင်သင့်တယ်။ အခုဆို ဘုရားသခင်ရှေ့ကို မရောက်လာသေးတဲ့သူတွေ အများကြီး ရှိသေးသလို၊ အခြေမခိုင်သေးတဲ့ လူသစ်တွေလည်း အများကြီး ရှိသေးတာမို့လို့ သူတို့ကို အမြန်ဆုံး ရေလောင်းပေးဖို့ လိုနေတာပါ။ ဒါက ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်ပြီး အဲဒါကိုလုပ်ဖို့ အချိန်နဲ့ ခွန်အား ပိုစိုက်ထုတ်သင့်တယ်။ သားနဲ့ပတ်သက်ရင်တော့ ကျွန်မ လုပ်နိုင်တာက အရာအားလုံးကို ဘုရားသခင်ဆီ အပ်နှံပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ပါပဲ။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ဖြစ်တယ်။ “လူတစ်ယောက်ချင်းစီ၏ ကံကြမ္မာကို ဘုရားသခင်က ဆုံးဖြတ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘဝတွင် ကောင်းချီး၊ သို့မဟုတ် ဒုက္ခမည်မျှကို တွေ့ကြုံသည်၊ မည်သည့်မိသားစု၊ အိမ်ထောင်နှင့် သားသမီးများရှိသည်၊ လူ့အဖွဲ့အစည်းတွင် မည်သည့်အတွေ့အကြုံများကို ၎င်းတို့ ဖြတ်သန်းရသည်၊ ဘဝတွင် မည်သည့်ဖြစ်ရပ်များကို ၎င်းတို့တွေ့ကြုံရသည်ဆိုသည့်အရာများကို ၎င်းတို့ကိုယ်တိုင် ကြိုတင်မမြင်နိုင်ပေ၊ သို့မဟုတ် ထိုသို့သောအရာများကို မပြောင်းလဲနိုင်ပေ။ ပြီးလျှင် မိဘများသည် ယင်းတို့ကို ပြောင်းလဲရန် ပို၍ပင် အစွမ်းမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တာက လူတစ်ယောက် ဘဝမှာ ခံစားရတဲ့ ဆင်းရဲဒုက္ခ၊ ပျော်ရွှင်မှုနဲ့ သူတို့ ကြုံတွေ့ရတဲ့ အရာတွေအားလုံးက ဘုရားသခင် ကြိုတင်သတ်မှတ်ထားတာဖြစ်ပြီး ဘယ်သူကမှ ပြောင်းလဲလို့ မရဘူးဆိုတာပါပဲ။ မိဘတွေက ကိုယ့်ကံကြမ္မာကိုတောင် မပြောင်းလဲနိုင်ရင် သားသမီးရဲ့ ကံကြမ္မာကို ဘယ်လိုလုပ် ပြောင်းလဲပေးနိုင်မှာလဲ။ ကလေးတစ်ယောက်ရဲ့ ဘဝကံကြမ္မာ၊ အနိမ့်အမြင့်တွေနဲ့ သူတို့ တွေ့ကြုံသင့်တဲ့ ဒုက္ခသုခတွေအားလုံးကို ဘုရားသခင်က အချိန်အကြာကြီးကတည်းက ကြိုတင်သတ်မှတ်ထားခဲ့တာပါ။ ဒါက သူတို့ရဲ့ ဘဝလမ်းကြောင်းဖြစ်ပြီး သူတို့ဘာသာ ကြုံတွေ့သင့်တဲ့ အရာတွေပါ။ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးတာတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ကျွန်မ အခု သားကို မစောင့်ရှောက်နိုင်တဲ့အပြင် သူ့ကို ငွေကြေးထောက်ပံ့မှုတစ်ခုမှ မပေးနိုင်ဘူး။ ဒါပေမဲ့ သူက အခု အရွယ်ရောက်ပြီဖြစ်ပြီး အမှီအခိုကင်းကင်းနဲ့ အသက်ရှင်ဖို့ လိုတယ်၊ သူ့ကိုယ်သူ ထောက်ပံ့ပြီး သူ့အနာဂတ်လမ်းကြောင်းကို လိုက်လျှောက်ဖို့ လိုတယ်။ အခု ကျွန်မမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရသွားပြီဆိုတော့ စိတ်သက်သာရာ ရသွားတယ်။ အခြေအနေပေးလို့ အခွင့်အရေးကောင်းရရင် အိမ်ပြန်ပြီး သူ့ကို သွားတွေ့ချင်ပေမဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့အတွက် အချိန်နဲ့ ခွန်အား ပိုစိုက်ထုတ်ခဲ့တယ်။ ဒီလို အသက်ရှင်မှပဲ ကျွန်မ စိတ်နှလုံးက စိတ်အေးလက်အေးဖြစ်ပြီး အေးချမ်းသွားတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ချူးယန်၊ တရုတ်ပြည်ကျွန်မက ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တာပါ။ ကျွန်မမိဘတွေက ပညာသိပ်မတတ်ကြတော့ မိုးလင်းမိုးချုပ် လယ်ထဲမှာ ပင်ပင်ပန်းပန်း...
ချန်မော့၊ တရုတ်ပြည်ကျွန်မက ပညာတတ်မိသားစုတစ်စုမှာ မွေးဖွားခဲ့တာပါ။ ကျွန်မမိဘတွေက “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင်...
ကျွန်မ ငယ်ငယ်တုန်းက အိမ်မှာ မွေးချင်းငါးယောက်ရှိပြီး ကျွန်မက အကြီးဆုံးပါ။ ကျွန်မအဖေက အိမ်ရဲ့အဝေးမှာ နှစ်အတော်များများ အလုပ်လုပ်ခဲ့ပြီး၊...
လင်းကျိ၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ ညနေစောင်းမှာ၊ ရှင်းကွမ်းအသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက် ရဲအဖမ်းခံလိုက်ရတယ်လို့...