ကျွန်ုပ်၏သမီးဖြစ်သူ အဖမ်းခံရခြင်းက ကျွန်မကို ထုတ်ဖော်ခဲ့သည်
လင်းကျိ၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ ညနေစောင်းမှာ၊ ရှင်းကွမ်းအသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက် ရဲအဖမ်းခံလိုက်ရတယ်လို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက ပညာတတ်မိသားစုတစ်စုမှာ မွေးဖွားခဲ့တာပါ။ ကျွန်မမိဘတွေက “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ ပြီးတော့ “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဆိုပြီး အမြဲတမ်း သင်ပေးခဲ့ကြတယ်။ ကျွန်မက ဒီအတွေးအခေါ်တွေနဲ့ ခံယူချက်တွေကို စိတ်ထဲမှာ လက်ခံထားခဲ့ပြီး အဲဒီအတွက် အမြဲတမ်း ကြိုးစားခဲ့တယ်။ ပညာကိုအသုံးချပြီး ကိုယ့်ကံကြမ္မာကိုယ်ပြောင်းလဲချင်ခဲ့တာလေ။ ကောလိပ်တက်ခွင့်ရရင် သိက္ခာရှိတဲ့အလုပ်တစ်ခု ရနိုင်မယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ အဲဒါဆိုရင် ပင်ပင်ပန်းပန်း ကာယအလုပ်တွေ မလုပ်ရဘဲ ရုံးမှာထိုင်နိုင်မယ်၊ လူတွေကလည်း ကိုယ့်ကို အထင်ကြီးလေးစားကြမှာပေါ့။ ဒါပေမဲ့ ကိစ္စတွေက ကျွန်မဖြစ်စေချင်သလို ဖြစ်မလာခဲ့ဘဲ ကောလိပ်ဝင်ခွင့် မရခဲ့ပါဘူး။ နောက်ပိုင်းမှာ ဘိလပ်မြေထုတ်ကုန်စက်ရုံတစ်ခုမှာ အလုပ်သမားတစ်ယောက် ဖြစ်လာခဲ့တယ်။ ကျွန်မ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ကျွန်မက သာမန်အလုပ်သမားတစ်ယောက်ဖြစ်လို့ ယောက္ခမက ကျွန်မကို အထင်သေးပြီး ခဏခဏ ဒုက္ခပေးခဲ့တယ်။ သူက ကျွန်မကို နုံချာချာ အလုပ်သမားတစ်ယောက်လို့ ပြောတတ်တယ်။ ယောက္ခမရဲ့ လှောင်ပြောင်ပြီး အထင်သေးတဲ့ စကားတွေကြားရတဲ့အခါ ကျွန်မ ပြန်မပြောရဲခဲ့ဘဲ စိတ်ထဲမှာ အရမ်းကို ဝမ်းနည်းခံစားခဲ့ရတယ်။ ဒါနဲ့ ကျွန်မ ကလေးကို ပြုစုပျိုးထောင်ရင်းနဲ့ စာတွေဆက်သင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ ကောလိပ်ဝင်ခွင့်ရပြီးသွားတဲ့နောက် အရာရှိတစ်ယောက်ဖြစ်လာနိုင်ပြီး အဲဒီအခါကျရင် ကျွန်မယောက္ခမက ကျွန်မကို အထင်သေးတော့မှာ မဟုတ်ဘူးပေါ့။
၁၉၈၆ ခုနှစ်မှာတော့ ကျွန်မ မျှော်လင့်ထားတဲ့အတိုင်း ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့ပြီး အောင်လက်မှတ်တစ်ခု ရခဲ့ပါတယ်။ ဘွဲ့ရပြီးတော့ စက်ရုံကိုပြန်လာပြီး အရာရှိဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ တိရစ္ဆာန်အစာထုတ်လုပ်တဲ့ စက်ရုံခွဲရဲ့ ဒါရိုက်တာအဖြစ် ရာထူးတိုးခဲ့တယ်။ ကျွန်မရဲ့ အတန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက ကျွန်မကို အရမ်းလေးစားကြတယ်။ ကျွန်မကို စွမ်းဆောင်နိုင်တဲ့အမျိုးသမီးတစ်ယောက်လို့ ပြောကြတယ်။ ဆွေမျိုးမိတ်ဆွေတွေအားလုံးကလည်း ကျွန်မကို ချီးကျူးကြတာပေါ့။ ကျွန်မကိုသိတဲ့လူတိုင်းက လမ်းမှာတွေ့ရင် နွေးနွေးထွေးထွေး နှုတ်ဆက်ကြတယ်။ ယောက္ခမရဲ့ သဘောထားကလည်း အရင်လိုမဟုတ်ဘဲ ပြောင်းသွားပြီး ကျွန်မနဲ့စကားပြောတဲ့အခါတိုင်း မျက်နှာမှာ အပြုံးပန်းဝေနေတတ်တယ်။ အိမ်နီးနားချင်းတွေကိုတောင် ကျွန်မရဲ့အရည်အချင်းတွေအကြောင်း ကြွားလုံးထုတ်ပြောတတ်သေးတယ်။ နောက်ဆုံးတော့ ကျွန်မ မျက်နှာပန်းလှခဲ့ရပါတယ်။ သက်ပြင်မချဘဲ မနေနိုင်ဘူး၊ “အဆင့်အတန်းရှိတာနဲ့ မရှိတာ တကယ်ကို ကွာတာပဲနော်” လို့ပေါ့။ တခြားသူတွေရဲ့ ချီးမွမ်းမှုတွေကြားမှာ ပျော်မွေ့နေတုန်း ကျွန်မမှာ တာဝန်တစ်ခုရှိသေးတယ်ဆိုတာ သတိရလာတယ်၊ ကျွန်မသားကို ကောင်းကောင်းပျိုးထောင်ပေးရမယ်၊ အဲဒါမှ သူလည်း ကျွန်မလိုပဲ အသိပညာတွေပိုတတ်ပြီး ကောလိပ်ဝင်ခွင့်ရမယ်။ အနာဂတ်မှာ သူက ကျွန်မကိုကျော်တက်ပြီး အစိုးရ အလုပ်အကိုင်ကို လိုက်စားနိုင်မယ်၊ အာဏာနဲ့ အဆင့်အတန်းတွေရမယ်၊ လူတွေကြားမှာ ထင်ပေါ်ကျော်ကြားပြီး ကျွန်မတို့ဘိုးဘေးတွေအတွက် ဂုဏ်ဆောင်နိုင်မှာပေါ့။ အဲဒီအခါကျရင် သူ့အမေဖြစ်တဲ့ ကျွန်မကလည်း စိန်နားကပ်ရောင်နဲ့ ပါးပြောင်လို့ရမှာပေါ့။ ဒါနဲ့ ကျွန်မသား အလယ်တန်းကျောင်းရောက်တဲ့အခါ ကျွန်မရဲ့အဆက်အသွယ်တွေသုံးပြီး ဒေသမှာအကောင်းဆုံးကျောင်းတစ်ကျောင်းကို သူ့အတွက် ရှာပေးခဲ့တယ်။ သူ့ကို စာကြိုးစားဖို့ ခဏခဏပြောပြီး ကောလိပ်ဝင်ခွင့်ရမှ အလုပ်ကောင်းကောင်းရမယ်၊ အနာဂတ်ကောင်းရှိမယ်လို့ သင်ပေးခဲ့တယ်။ ကျွန်မသားကလည်း ကျွန်မကို စိတ်မပျက်စေခဲ့ပါဘူး။ သူ့ရဲ့စာသင်ရလဒ်က အတန်းထဲမှာ ထိပ်ဆုံးခြောက်ယောက်ထဲမှာ အမြဲပါတယ်။ သူ့ရဲ့အတန်းပိုင်ဆရာက ကျွန်မကို ပြောတယ်၊ “ခင်ဗျားတို့သားကို ကောင်းကောင်းပျိုးထောင်ပေးရမယ်နော်။ သူက အရမ်းတော်တယ်၊ ချင်းဟွာ ဒါမှမဟုတ် ပီကင်းတက္ကသိုလ်ကို ဝင်နိုင်တဲ့အရည်အချင်းရှိတယ်” တဲ့။ ဆရာ့စကားကိုကြားတော့ ကျွန်မ တကယ်ကို ပျော်သွားပြီး စိတ်ထဲမှာ တွေးမိတယ်၊ “ငါ့သားကတော်တယ်၊ သူ့အတွက်က ထိပ်တန်းတက္ကသိုလ်တစ်ခုဝင်ဖို့ ပြဿနာမဟုတ်ဘူး။ အနာဂတ်မှာ အလုပ်ကောင်းကောင်းတစ်ခုရှာဖို့ဆိုတာကတော့ ပိုလို့တောင် ထမင်းစားရေသောက်ဖြစ်သေးတယ်” လို့ပေါ့။ ကျွန်မက အလုပ်အကိုင်အောင်မြင်နေတယ်၊ သားကလည်း ကျောင်းမှာစာတော်တယ်။ ဒါတွေကြောင့် အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တာပေါ့။ ဒါပေမဲ့ နောက်ပိုင်းဖြစ်လာတဲ့အရာတွေကတော့ လုံးဝကို မမျှော်လင့်ထားတဲ့အရာတွေပါပဲ။
၁၉၉၅ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကစပြီး ကျွန်မ ကန်ထရိုက်ယူထားတဲ့ တိရစ္ဆာန်အစာစက်ရုံခွဲက အမြတ်အစွန်းရှိရာကနေ အရှုံးပေါ်တဲ့ဘက်ကို ရောက်သွားတယ်။ ဒီအတွက် ကျွန်မ အရမ်းကို စိုးရိမ်ပူပန်ခဲ့ရတယ်။ ပြီးတော့ ကျွန်မ တီဘီရောဂါအပြင်းအထန်ဖြစ်လာပြီး အားနည်းလွန်းလို့ အလုပ်မသွားနိုင်တော့ဘူး။ ဒါနဲ့ စာချုပ်ကို စောစောစီးစီးဖျက်သိမ်းလိုက်တော့ စက်ရုံက ကျွန်မကို လစာမပေးတော့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မယောက်ျားက အလုပ်မရှိတာ နှစ်နဲ့ချီနေပြီး သင့်တော်တဲ့အလုပ်တစ်ခု ဘယ်တော့မှ မရှာနိုင်ခဲ့ဘူး။ တိုက်ခန်းတစ်ခန်းဝယ်ပြီးတဲ့နောက်မှာတော့ ကျွန်မတို့ရဲ့ လက်ကျန်စုငွေလေးတွေကလည်း ကုန်တော့မလိုဖြစ်နေပြီ။ ကျွန်မသားကလည်း အထက်တန်းကျောင်းတက်တော့မှာဆိုတော့ ကုန်ကျစရိတ်ကလည်း များတယ်။ ဝင်ငွေမရှိဘဲနဲ့ သူ့ရဲ့ပညာရေးကို ဘယ်လိုဆက်ပြီး ထောက်ပံ့နိုင်မှာလဲ။ နောက်ပိုင်းမှာ ကျွန်မယောက်ျားက သူနဲ့အတူ လမ်းဘေးဈေးဆိုင်ခင်းပြီး ကုန်ပစ္စည်းတွေရောင်းဖို့ ပြောလာတယ်။ ကျွန်မ စိတ်ထဲမှာ အရမ်းနာကျင်ပြီး တွေးမိတယ်၊ “ငါ့လို ဂုဏ်သရေရှိတဲ့ စက်ရုံဒါရိုက်တာတစ်ယောက်က အခုတော့ လမ်းဘေးမှာ ဈေးရောင်းရတဲ့အခြေအနေထိ ရောက်သွားရပါလား။ စက်ရုံကလုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် ငါ့ကိုသိတဲ့လူတွေသာ ဒါကိုမြင်သွားရင် ငါတော့ လုံးလုံး သိက္ခာကျတာပဲ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မပြန်တွေးမိတယ်၊ “အခုချိန်မှာ ငါ သိက္ခာကျနိုင်တယ်၊ ဒါပေမဲ့ နောင်တစ်ချိန်မှာ ငါ့သား တက္ကသိုလ်ကဘွဲ့ရပြီး အောင်မြင်လာတဲ့အခါ သူက ငါ့ကို မျက်နှာပန်းလှစေမှာပဲ။ ငါ့သားရဲ့ တက္ကသိုလ်ပညာရေးအတွက် ငွေစုဖို့ဆိုရင် သိက္ခာနည်းနည်းကျပြီး ဒုက္ခနည်းနည်းခံရတာ တန်ပါတယ်” လို့ပေါ့။
၁၉၉၈ ခုနှစ်၊ ဧပြီလမှာ ကံကောင်းထောက်မလို့ ကျွန်မဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ရတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဒီအဆင့်အမှုတော်ဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ နောက်ဆုံးအကြိမ်အမှုတော်ဖြစ်တဲ့အကြောင်း၊ လူတွေသာ ဘုရားသခင်ကိုမယုံကြည်ဘဲ ကိုယ်တော့်ရဲ့ကယ်တင်ခြင်းကို လက်မခံဘူးဆိုရင် သူတို့မှာ ပညာဘယ်လောက်ပဲဆည်းပူးပါစေ၊ ဘွဲ့ ဒါမှမဟုတ် အဆင့်အတန်း ဘယ်လောက်ပဲမြင့်မြင့် နောက်ဆုံးမှာ ပျက်စီးရမှာပဲဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ဒါပေမဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ ပညာကိုလိုက်စားရမယ်ဆိုတဲ့ အတွေးအခေါ်အမြင်တွေက ကျွန်မထဲမှာ အမြစ်အရင်းစွဲနေခဲ့ပြီး ကျွန်မသားက လူတွေကြားမှာ ထင်ပေါ်ကျော်ကြားပြီး ကိုယ့်ဘိုးဘေးတွေကို ဂုဏ်ဆောင်စေချင်တဲ့ မျှော်လင့်ချက် ရှိနေတုန်းပဲ။ မမျှော်လင့်ဘဲ ကျွန်မသား အထက်တန်းကျောင်း ပထမနှစ်ရောက်တဲ့အခါမှာ သူက စာဆက်မသင်ချင်တော့ဘဲ အဲဒီအစား စစ်ထဲဝင်ချင်လာတယ်။ ကျွန်မ အံ့ဩသွားပြီး စိတ်ထဲမှာ တွေးမိတယ်၊ “စစ်သားဆိုတာ ပင်ပန်းတဲ့အလုပ်ပဲ။ အဲဒါနဲ့ ဘာအနာဂတ် တိုးတက်မှု အလားအလာမျိုး ရှိမှာလဲ။ တက္ကသိုလ်ဝင်ခွင့်ရပြီး ဘွဲ့ကောင်းကောင်းရမှ အလုပ်ကောင်းကောင်းရှာလို့ရမှာ။ အဲဒီအခါမှ ရာထူးကြီးပြီး လစာကောင်းတဲ့ အရာရှိတစ်ယောက်၊ လူကုံလွှာတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရမှာ” လို့ပေါ့။ ကျွန်မသားကို သူဖြစ်ချင်သလို လုံးဝဖြစ်ခွင့်မပေးနိုင်ဘူး။ ဒါကြောင့် သူ့ကို ညင်ညင်သာသာနဲ့ ဖျောင်းဖျဖို့ ကြိုးစားခဲ့တယ်၊ “သားရယ်၊ သားက အရမ်းတော်တာပဲ။ ဆရာတွေအားလုံးက သားဟာ ချင်းဟွာ ဒါမှမဟုတ် ပီကင်းတက္ကသိုလ်ဝင်ဖို့ အရည်အချင်းရှိတဲ့သူလို့ ပြောကြတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ နှစ်နှစ်ပဲလိုတော့တယ်။ အခုချိန်မှာ ကျောင်းထွက်ပြီး စစ်ထဲဝင်လိုက်ရင် သားတစ်သက်လုံး နောင်တရနေလိမ့်မယ်။ စစ်သားတွေ စစ်ထဲကထွက်လာတဲ့အခါ ဘယ်လိုအလုပ်ပဲခန့်အပ်ခံရပါစေ အလုပ်သမားအဆင့်ပဲ သတ်မှတ်ခံရတာ၊ ဘာတိုးတက်မှု အလားအလာမှ မရှိဘူး။ တက္ကသိုလ်ဘွဲ့ရှိမှ အလုပ်ကောင်းကောင်းရှာလို့ရမှာ။ အနည်းဆုံးတော့ ရုံးမှာထိုင်ရတဲ့အလုပ်၊ အရာရှိအဆင့်၊ ခန့်အပ်လွှာနဲ့အလုပ်မျိုး ရနိုင်မှာပေါ့။ ကြိုးစားရင် ရာထူးတိုးဖို့ အခွင့်အရေးတွေ အများကြီးရှိလိမ့်မယ်။ အလုပ်အကိုင်အောင်မြင်ပြီး အဆင့်အတန်းရှိမှ ဒီလူ့အသိုင်းအဝိုင်းမှာ ခြေကုပ်တစ်နေရာရမှာ။ အခုခေတ်မှာ လူ့အသိုင်းအဝိုင်းရဲ့ ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်တယ်၊ ပညာနဲ့ ဘွဲ့မရှိရင် အောက်တန်းစားပဲ။ ဒါတွေအားလုံးကို မေမေက သားရဲ့အနာဂတ်အတွက် စဉ်းစားပြီး ပြောနေတာနော်” လို့ပေါ့။ အကြိမ်ကြိမ်ဖျောင်းဖျပြီးတဲ့နောက်မှာတော့ သူက အင်တင်တင်နဲ့ ကျောင်းဆက်တက်ခဲ့တယ်။ တစ်နေ့မနက်မှာ ကျွန်မယောက်ျားက သားဖြစ်သူ အိမ်မှာ အချိန်ဆွဲနေပြီး ကျောင်းမသွားချင်တာကိုတွေ့တော့ သူ့ကို ရိုက်လိုက်တယ်။ ကျွန်မသားက ချက်ချင်းပဲ အိမ်ကနေထွက်ပြေးသွားပြီး ညအရမ်းမိုးချုပ်မှ သူ့ကို ပြန်ရှာတွေ့ခဲ့တယ်။ ကျွန်မကလေးက စာမသင်ချင်ဘဲ စစ်ထဲဝင်ချင်နေမှန်း ကျွန်မသိတယ်၊ ဒါပေမဲ့ သူ့ကို ခွင့်မပြုနိုင်ခဲ့ဘူး။ ကျွန်မ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ သူ့ကိုဖျောင်းဖျတော့ နောက်ဆုံးမှာ သူက စိတ်မပါပေမဲ့ ကျောင်းသွားဖို့ သဘောတူခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မသားက နေ့တိုင်း မျက်မှောင်ကြုတ်နေပြီး ကျွန်မတို့နဲ့ စကားမပြောချင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မတွေးမိတယ်၊ “မင်း အခုနားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ နောင်တစ်ချိန်မှာ မင်း အောင်မြင်ကျော်ကြားလာတဲ့အခါကျရင် မင်း ငါတို့ရဲ့ အပင်ပန်းခံတဲ့ ရည်ရွယ်ချက်ကို နားလည်လာမှာပါပဲ” လို့ပေါ့။ နောက်ပိုင်းမှာ သူ တကယ်ပဲ တက္ကသိုလ်ဝင်ခွင့်ရခဲ့ပြီး ကျွန်မအရမ်းပျော်ခဲ့တယ်။ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့သမျှ နောက်ဆုံးတော့ ကျေနပ်စရာကောင်းတဲ့ ရလဒ်ထွက်လာခဲ့ပြီ။ ဒါပေမဲ့ ပျော်နေပေမဲ့လည်း သူ့ကိုတက္ကသိုလ်ပို့ဖို့ ကုန်ကျစရိတ်အတွက် ကျွန်မ စိုးရိမ်ခဲ့ရပြန်တယ်။ ကျွန်မတို့မိသားစုမှာ သူ့ကိုတက္ကသိုလ်ပို့ဖို့ ပိုလျှံတဲ့ငွေမရှိခဲ့ဘူး။ ဒါနဲ့ သားရဲ့ကျောင်းလခကို ပေးဖို့ ကျွန်မရဲ့ဘဝတစ်ဝက်လုံး ကြိုးစားရှာဖွေပြီးဝယ်ထားတဲ့ တိုက်ခန်းကိုရောင်းလိုက်ရတယ်၊ ပြီးတော့ ဘာအပြင်အဆင်မှမလုပ်ထားတဲ့ တိုက်ခန်းတစ်ခန်းမှာ ငှားနေခဲ့တယ်။ ကျွန်မသား ဘွဲ့ရတော့မဲ့အချိန်မှာ သူ့အတွက် ဘဏ်မှာအလုပ်တစ်ခုရဖို့ လူတစ်ယောက်ကို ယွမ်တစ်သောင်းပေးခဲ့တယ်။ ကျွန်မသားရဲ့အနာဂတ်အတွက် ပြင်ဆင်စရာရှိတာအားလုံးကို ကျွန်မလုပ်ပေးခဲ့ပြီး သူဘွဲ့လက်မှတ်ရလာပြီး ဘဏ်မှာအလုပ်တန်းဝင်ဖို့ကိုပဲ စောင့်နေခဲ့တာပေါ့။ ဒါပေမဲ့ နောက်ထပ်မမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်လာခဲ့တယ်။
တစ်နေ့မှာ ကျွန်မသားက သူ နောက်ဆုံးနှစ်မှာ တက္ကသိုလ်ကနေ ထွက်လိုက်ပြီလို့ ပြောလာတယ်။ သူ ကျောင်းလခမသွင်းခဲ့လို့ ဘွဲ့လက်မှတ်မရနိုင်တော့ဘူးတဲ့။ ဒီသတင်းကိုကြားတော့ ကျွန်မနားကိုတောင် မယုံနိုင်ခဲ့ဘူး။ ငါ နားကြားမှားသွားတာလား။ ဒါပေမဲ့ ကျွန်မသားရဲ့ တည်ငြိမ်နေတဲ့ မျက်နှာအမူအရာကို မြင်လိုက်တော့ ဒါဟာအမှန်ပဲဆိုတာ သိလိုက်ရပြီး မျက်ရည်တွေ မဆယ်နိုင်တော့ဘူး။ ကျွန်မ ငိုရင်းနဲ့ သားကို ညည်းညူပြီး အပြစ်တင်ပြောဆိုခဲ့တယ်။ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး အားမရှိတော့သလို ခံစားခဲ့ရတယ်။ စိတ်ထဲမှာ “ငါ သူ့ကိုတက္ကသိုလ်ပို့ပေးနိုင်ဖို့ အခြေအနေတွေဖန်တီးပေးရင်း ဒီနှစ်တွေအတွင်းမှာ အရမ်းအလုပ်ကြိုးစားခဲ့ရတာ။ သူအောင်မြင်ပြီး သူ့အမေဖြစ်တဲ့ငါ့အတွက် ဂုဏ်ဆောင်ပေးစေချင်ရုံလေးပဲ မျှော်လင့်ခဲ့တာ။ သူ ဒီလိုလုပ်လိမ့်မယ်လို့ ငါယုံတောင်မယုံနိုင်ဘူး။ အခုကစပြီး လူတွေကို ငါဘယ်လိုမျက်နှာပြရမလဲ။” အဲဒီအချိန်တုန်းက ဓာတ်ကြိုးကိုကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ချင်စိတ် တကယ်ပေါက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ စားမဝင်အိပ်မပျော်ဖြစ်ခဲ့တယ်။ ခေါင်းထဲမှာ ကလေးရဲ့အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ “ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရမလဲ။ သူ့ပညာရေးကို ထောက်ပံ့ဖို့ တိုက်ခန်းလည်း ရောင်းလိုက်ရပြီ၊ အခု နေစရာ အတည်တကျ မရှိတော့ဘူး။ ငါ့ဘဝတစ်ဝက်လုံး ကြိုးစားခဲ့သမျှ အကုန်လုံး ပျက်စီးသွားပြီ” လို့ တွေးနေမိတယ်။ ကျွန်မရဲ့နာကျင်မှုက အထွတ်အထိပ်ရောက်နေချိန်မှာ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ ကိုယ်တော် ကျွန်မကို ဒီနာကျင်မှုကနေ လွတ်မြောက်အောင် ဦးဆောင်ပေးပါလို့ပေါ့။
ရှာဖွေနေတုန်းမှာ “လူ့ကံကြမ္မာကို ဘုရားသခင်ရဲ့ လက်တော်က ထိန်းချုပ်ထားတယ်” ဆိုတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဓမ္မတေးတစ်ပုဒ်ကို ကျွန်မကြားခဲ့ရတယ်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူသည် မိမိအရေးအတွက် အစဉ်အမြဲ အလုပ်ရှုပ်ကာ လှုပ်ရှားသွားလာနေလျှင်ပင် သူသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိဆဲသာဖြစ်ပေသည်။ သင်သည် မိမိ၏ ကိုယ်ပိုင်အလားအလာများကို သိနိုင်လျှင်၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်လျှင် သင်ကို ဖန်ဆင်းခံတစ်ဦးဟု ခေါ်ဆိုခြင်း ခံရဦးမည်လော။ အတိုချုပ်ဆိုရလျှင် ဘုရားသခင်သည် မည်သို့ပင် အလုပ်လုပ်စေကာမူ ကိုယ်တော်၏ အမှုတော်ရှိသမျှသည် လူ၏အကျိုးအလို့ငှာသာ ဖြစ်၏။ ယင်းမှာ ဘုရားသခင်မှ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို လူသားအား အစေခံရန် ဖန်ဆင်းခဲ့ခြင်းနှင့် တူ၏။ ဘုရားသခင်သည် လ၊ နေနှင့် ကြယ်များကို လူသားအတွက် ဖန်ဆင်းခဲ့သည်၊ ကိုယ်တော်သည် တိရစ္ဆာန်များနှင့် အပင်များကို လူသားအတွက် ဖန်ဆင်းခဲ့သည်၊ ကိုယ်တော်သည် နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းကို လူသားအတွက် ဖန်ဆင်းတော်မူခဲ့သည်ဟူ၍ စသည်ဖြင့် ဤအရာအားလုံးကို လူသား၏ တည်ရှိမှုအလို့ငှာ ဖန်ဆင်းခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် လူကို မည်သို့ ပြစ်တင်ဆုံးမကာ တရားစီရင်သည်ဖြစ်စေ၊ အားလုံးသည် လူ၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ၎င်း၏ ဇာတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း ယင်းသည် လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်ပြီး လူကို သန့်စင်စေခြင်းသည် လူ၏ တည်ရှိမှုအလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်၏။ လူ၏ ပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဒီဓမ္မတေးကို ကျွန်မ အကြိမ်ကြိမ်ထပ်ခါထပ်ခါ နားထောင်ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားချင့်ချိန်ရင်းနဲ့ လူတစ်ယောက်ချင်းစီရဲ့ ကံကြမ္မာကို ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲပြီး အမိန့်နဲ့ ပြဋ္ဌာန်းထားတယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ကိုယ်ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် ကိုယ့်ရဲ့အနာဂတ်နဲ့ ကံကြမ္မာကို ပြောင်းလဲလို့မရဘူး၊ တခြားသူတွေရဲ့ကံကြမ္မာကိုဆို ပိုလို့တောင် မပြောင်းလဲနိုင်ဘူး။ ကျွန်မဘဝရဲ့ ပထမတစ်ဝက်ကို ပြန်တွေးကြည့်တယ်။ ပညာတွေပိုသင်ယူပြီး ကိုယ့်ကံကြမ္မာကိုယ်ပြောင်းလဲချင်ခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ စက်ရုံက အရှုံးပေါ်ပြီး ကျွန်မလည်း နေမကောင်းဖြစ်ခဲ့တယ်။ အလုပ်ထွက်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ ဒါတွေအားလုံးက တကယ်ကို ကျွန်မဆုံးဖြတ်လို့ရတဲ့ကိစ္စတွေ မဟုတ်ခဲ့ဘူး။ ကျွန်မသားကိုလည်း ငယ်ငယ်ကတည်းက စကားနဲ့ရော၊ အလုပ်နဲ့ပါ သင်ကြားပြသခဲ့ပြီး သူက ကျွန်မဖြစ်စေချင်သလို တက္ကသိုလ်တက်ပြီး အရာရှိတစ်ယောက်ဖြစ်လာမယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါကိုဖြစ်မြောက်အောင်လို့ ကျွန်မရဲ့ဘဝတစ်ဝက်လုံးက ချွေး၊ သွေး၊ မျက်ရည်တွေနဲ့ အပင်ပန်းခံပြီး ကြိုးစားခဲ့ရတယ်၊ ဒါပေမဲ့ သူက ကျွန်မဖြစ်စေချင်သလို မလုပ်ခဲ့ဘဲ နောက်ဆုံးမှာ တက္ကသိုလ်ဘွဲ့လက်မှတ် မရခဲ့ဘူး။ ဒီအချက်အလက်တွေက ကျွန်မသားမှာ အနာဂတ်ကောင်းနဲ့ ကံကြမ္မာကောင်း ရှိမရှိဆိုတာ ကျွန်မထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူးဆိုတာကို သဘောပေါက်စေခဲ့တယ်။ ကျွန်မ ဘယ်လောက်ပဲရုန်းကန်ရုန်းကန်၊ ဘယ်လောက်ပဲအနစ်နာခံခံ အားလုံးက အချည်းနှီးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက သေးငယ်တဲ့ ဖန်ဆင်းခံတစ်ယောက်ပဲဖြစ်လို့ပါ၊ ဘုရားသခင်က ကျွန်မရဲ့ကံကြမ္မာနဲ့ ကျွန်မသားရဲ့ကံကြမ္မာကို အချုပ်အခြာအာဏာ ကိုင်စွဲပြီး အမိန့်နဲ့ ပြဋ္ဌာန်းထားတယ်။ ကျွန်မ ကိုယ့်ကံကြမ္မာကိုယ်တောင် မထိန်းချုပ်နိုင်ဘဲနဲ့ သားရဲ့အနာဂတ်နဲ့ ကံကြမ္မာကို ထိန်းချုပ်ချင်နေခဲ့တာပဲ။ ကျွန်မဟာ တကယ်ကို မသိနားမလည်ဘဲ မာနထောင်လွှားလိုက်တာ။ ကျွန်မ ဒီလောက်တောင် နာကျင်ခံစားရတဲ့အကြောင်းရင်းက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို တစ်စက်မှ နားမလည်ဘဲ အဲဒီအချုပ်အခြာအာဏာကို မနာခံနိုင်ခဲ့လို့ပါပဲ။ ဒီအရာတွေကို သိနားလည်သွားတဲ့အခါ ကျွန်မဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို နာခံပြီး သားကိုအပြစ်တင်တာတွေ ရပ်ပစ်ဖို့ ဆန္ဒရှိသွားတယ်။ သူသာ သာမန်ဘဝတစ်ခုနဲ့ အသက်ရှင်ရမယ်ဆိုရင် ဒါဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာရယ်၊ အမိန့်နဲ့ ပြဋ္ဌာန်းချက်ရယ်ကြောင့်ပဲ။ ကျွန်မ သူ့ကို ဘုရားသခင်ဆီမှာ အပ်နှံပြီး ဖြစ်လာမဲ့အတိုင်း လက်ခံလိုက်သင့်တယ်။
ဒီနောက်ပိုင်းမှာ ကျွန်မ ဆက်ပြီးတွေးမိတယ်။ ငါ့သား ဘွဲ့မရခဲ့တာနဲ့ပဲ ငါဘာလို့ ဒီလောက်တောင် နာကျင်ခံစားခဲ့ရတာလဲ။ ငါဘာလို့ ပညာနဲ့ ဘွဲ့လက်မှတ်တွေကို ဒီလောက်အရေးကြီးတယ်လို့ သတ်မှတ်ခဲ့တာလဲ။ ဒါရဲ့ အမြစ်ခံအကြောင်းရင်းက ဘာလဲ။ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “လူအချို့က အသိပညာသည် ဤလောကတွင် တန်ဖိုးရှိသည့်အရာတစ်ခုဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့ အသိပညာ သာ၍ ရှိလေ၊ ၎င်းတို့၏ အဆင့်အတန်းက ကြီးမားလေဖြစ်ပြီး ၎င်းတို့ ပိုတော်လေဖြစ်သည်၊ သာ၍ ဂုဏ်ရှိကာ ယဉ်ကျေးလေဖြစ်သည်ဟုလည်းကောင်း တွေးထင်ကြသည်။ ထို့ကြောင့် အသိပညာမရှိဘဲနှင့် ၎င်းတို့ အဆင်မပြေနိုင်ပေ။ လူအချို့က သင်သည် ကြိုးစားလေ့လာကာ သင်၏ အသိပညာကို ကြွယ်ဝစေလျှင်၊ အရာအားလုံးကို သင် ပိုင်ဆိုင်လိမ့်မည်၊ သင့်အနေဖြင့် အဆင့်အတန်း၊ ငွေကြေး၊ အလုပ်ကောင်းတစ်ခုနှင့် အနာဂတ်ကောင်းတစ်ခု ပိုင်ဆိုင်လိမ့်မည်ဟု တွေးထင်ကြသည်။ အသိပညာမရှိဘဲနှင့် ဤလောကတွင် အသက်ရှင်ရန် မဖြစ်နိုင်ဟု ၎င်းတို့ ယုံကြည်ကြသည်။ တစ်စုံတစ်ဦးသည် အသိပညာမရှိလျှင်၊ လူတိုင်းက သူ့ကို အထင်သေးကြသည်။ မည်သူကမျှ ၎င်းတို့နှင့် အပေါင်းအသင်း မလုပ်လိုဘဲ ၎င်းတို့ ခွဲခြားဆက်ဆံခံရကြသည်။ အသိပညာမရှိသောသူတို့သည် လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးအဆင့်တွင်သာ အသက်ရှင်နိုင်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် အသိပညာကို ကိုးကွယ်ကာ အလွန့်အလွန် မြင့်မားပြီး အရေးကြီးသည့်အရာ၊ သမ္မာတရားထက်ပင် သာ၍ မြင့်မားပြီး အရေးကြီးသည့်အရာအဖြစ် မှတ်ယူကြသည်။...ထိုအရာကို သင် မည်သို့ ကြည့်သည်ဖြစ်စေ၊ ဤသည်မှာ လူ့အတွေးများနှင့် အမြင်များ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ရှေးခေတ်ဆိုရိုးတစ်ခုရှိသည်။ ‘စာအုပ်တစ်သောင်း ဖတ်ပါ၊ မိုင်တစ်သောင်း ခရီးနှင်ပါ’ဟူ၍ ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင် သာ၍ စာဖတ်လေ၊ သာ၍ နှံ့စပ်ကာ ကြီးပွားချမ်းသာလေ ဖြစ်လိမ့်မည်ဟု ဆိုလိုပေသည်။ သင်သည် လူအုပ်စုအားလုံး၏ အလွန်အလေးထားခြင်းခံရမည်ဖြစ်ပြီး၊ အဆင့်အတန်းရှိလိမ့်မည်။ လူတိုင်းက ၎င်းတို့၏ စိတ်နှလုံးများတွင် ဤအတွေးမျိုးများ ရှိထားကြသည်။ တစ်စုံတစ်ဦးသည် ကံအကြောင်းမလှသည့် မိသားစု အခြေအနေများကြောင့် ကောလိပ် အောင်လက်မှတ်မရရှိနိုင်လျှင်၊ သူ၏ ဘဝတစ်ခုလုံး ထိုအရာကို နောင်တရလိမ့်မည်ဖြစ်ပြီး၊ သူ၏ သားသမီးများနှင့် မြေးများအနေဖြင့် သာ၍ စာလေ့လာသင့်သည်၊ တက္ကသိုလ် ဘွဲ့တစ်ခုကို ရယူသင့်သည် သို့မဟုတ် နိုင်ငံခြားသို့ပင် ပညာသင်သွားသင့်သည်ဟု ဆုံးဖြတ်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အသိပညာကို လူတိုင်း၏ ဆာငတ်မှုဖြစ်ပြီး ထိုအသိပညာကို ၎င်းတို့ စဉ်းစား၊ ရှုမြင်ပြီး ကိုင်တွယ်ပုံဖြစ်သည်။ ထို့ကြောင့်၊ မိဘများစွာတို့သည် မိသားစု ဥစ္စာဓနကို ဖြုန်းတီးသည်အထိပင် လုပ်ဆောင်လျက်၊ မိမိတို့သားသမီးများအား မြေတောင်မြှောက်ပေးရန် အစွမ်းကုန် အားထုတ် သို့မဟုတ် သုံးစွဲကြပြီး အားလုံးမှာ မိမိတို့ သားသမီးများ ပညာလေ့လာရန်အတွက် ဖြစ်သည်။ ၎င်းတို့၏ သားသမီးများကို ဆုံးမပဲ့ပြင်ရာတွင် အချို့မိဘများ လုပ်ဆောင်သည့် အတိုင်းအတာများမှာ အဘယ်နည်း။ တစ်ညတွင် သုံးနာရီသာ အိပ်ခွင့်ရသည်၊ စာလေ့လာပြီး ဖတ်ရှုရန် အဆက်မပြတ် အတင်းဖိအားပေးခံရသည်၊ သို့မဟုတ် ၎င်းတို့အား လုံးဝ အိပ်စက်ခွင့်မပေးဘဲ ရှေးခေတ်လူများကို အတုယူစေပြီး ဆံပင်ကို မျက်နှာကြက်နှင့် ချည်နှောင်စေသည်။ ဤဇာတ်လမ်း၊ ဤအဖြစ်ဆိုးမျိုးများသည် ရှေးခေတ်များမှသည် ပစ္စုပ္ပန်ကာလထိ အမြဲ ဖြစ်ပျက်ပြီးဖြစ်ကာ ယင်းတို့သည် အသိပညာအပေါ် လူသားမျိုးနွယ်၏ ဆာငတ်မှုနှင့် ကိုးကွယ်မှု အကျိုးဆက်များ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့စိတ်နှလုံးကို တို့ထိခဲ့တယ်။ ကျွန်မဟာ “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” “စာအုပ်ပေါင်း သောင်းချီဖတ်၊ ခရီးပေါင်း သောင်းချီသွား” နဲ့ “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်အမြင်တွေရဲ့ ချည်နှောင်တာကို ခံခဲ့ရပြီး ပညာကို အထူးတလည် ကိုးကွယ်ခဲ့တယ်။ ပညာတတ်ရင် လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး တခြားသူတွေရဲ့ လေးစားမှုကို ခံရမဲ့ အနာဂတ်ကောင်းရှိမယ်၊ အဲဒါမှ ဘဝဟာ တန်ဖိုးရှိမယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ပညာမတတ် ဒါမှမဟုတ် ဘွဲ့မရှိရင် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး အောက်တန်းစားဘဝနဲ့ နေရမယ်၊ လူတွေရဲ့အထင်သေးတာကို ခံရမယ်၊ တစ်သက်လုံး လူ့အသိုင်းအဝိုင်းရဲ့ အောက်ခြေမှာပဲနေပြီး ဘယ်တော့မှ ခေါင်းမဖော်နိုင်ဘူးလို့ ကျွန်မယုံကြည်ခဲ့တယ်။ ပညာတတ်ရင် အရာအားလုံးကို ပိုင်ဆိုင်နိုင်မယ်လို့ ကျွန်မယုံကြည်ခဲ့လို့ အိမ်ထောင်ကျပြီး ကလေးရပြီးတဲ့နောက်မှာတောင် ပညာဆည်းပူးတာကို လက်မလျှော့ခဲ့ဘူး။ ကျွန်မ ကောလိပ်ကဘွဲ့ရပြီး စက်ရုံကိုပြန်ရောက်တဲ့အခါ ချက်ချင်းပဲ အရာရှိဖြစ်လာခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတိုးတဲ့အပြင် အရေးကြီးတဲ့တာဝန်တွေ ထမ်းဆောင်ခွင့်ရခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မတို့မိသားစုသုံးယောက် တိုက်ခန်းကျယ်ကြီးတစ်ခုကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ကျွန်မကိုမြင်တဲ့လူတိုင်းက မနာလိုတဲ့အကြည့်တွေနဲ့ ကြည့်ပြီး အလျင်ဦးအောင် နှုတ်ဆက်ကြတယ်၊ စက်ရုံကဝန်ထမ်းတွေအားလုံးကလည်း ကျွန်မကို အရမ်းလေးစားကြတယ်။ ကျွန်မလိုချင်တဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရခဲ့တယ်၊ ဒါတွေအားလုံးဟာ ကျွန်မကြိုးစားသင်ယူခဲ့တဲ့ ပညာနဲ့ ရခဲ့တဲ့ဘွဲ့ကြောင့်ရယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ဒါကြောင့် ပညာက ကံကြမ္မာကို ပြောင်းလဲနိုင်တယ်ဆိုတာကို ပိုပြီးတော့တောင် ယုံကြည်လာခဲ့ပြီး ကျွန်မသားက ဘွဲ့ကောင်းကောင်းရပြီး အနာဂတ်မှာ အောင်မြင်ကျော်ကြားလာဖို့ မျှော်လင့်ခဲ့တယ်၊ အဲဒါမှ ကျွန်မကလည်း စိန်နားကပ်ရောင်နဲ့ ပါးပြောင်လို့ရမှာပေါ့။ ကျွန်မသားက စစ်ထဲဝင်ချင်တယ်လို့ ပြောလာတဲ့အခါ သူ့စိတ်ထဲမှာ တကယ်ဘာဖြစ်ချင်လဲဆိုတာကို ကျွန်မမမေးခဲ့ဘူး။ အဲဒီအစား စစ်ထဲဝင်ပြီးရင် အနာဂတ်အလားအလာ မရှိဘူးလို့ပဲ ကျွန်မယုံကြည်ခဲ့ပြီး သူ့ကို တက္ကသိုလ်တက်ဖို့ အတင်းအကျပ်ဖိအားပေးခဲ့တယ်။ ကျွန်မသား တက္ကသိုလ်တက်နိုင်ဖို့အတွက် ကျွန်မဘဝတစ်ဝက်လုံး ကြိုးစားရှာဖွေပြီးဝယ်ထားတဲ့ တိုက်ခန်းကိုတောင် ရောင်းပစ်ခဲ့တယ်။ ကျွန်မသားက နောက်ဆုံးနှစ်ကျောင်းလခကို မသွင်းခဲ့လို့ တက္ကသိုလ်ဘွဲ့လက်မှတ်မရတော့ဘူးဆိုတာ သိလိုက်ရတဲ့အခါ ကျွန်မရဲ့မျှော်လင့်ချက်တွေ လုံးဝတစ်စစီဖြစ်သွားပြီး အကြီးအကျယ် စိတ်ပျက်အားငယ်ခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ချင်စိတ်ပဲ ပေါက်နေခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကြောင့် ကျွန်မ တကယ်ကို မျက်စိကန်းခဲ့တာပဲ။ တကယ်တော့ လူတိုင်းရဲ့ကံကြမ္မာက ဘုရားသခင်ရဲ့လက်ထဲမှာရှိပြီး ပညာသင်ယူရုံနဲ့ ပြောင်းလဲလို့မရပါဘူး။ ကျွန်မရဲ့အိမ်နီးချင်း ဌာနခွဲမှူး ဝမ်အကြောင်း တွေးမိတယ်။ သူ့မှာ ပညာအရည်အချင်းများများစားစားမရှိပေမဲ့ အခု ဝန်ထမ်းရေးရာဗျူရိုမှာ ဌာနခွဲမှူးဖြစ်နေပြီ။ တစ်ဖက်မှာလည်း ကျွန်မရဲ့ကျောင်းနေဖက် သူငယ်ချင်းမတစ်ယောက်က ပီကင်းတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပေမဲ့ ဘွဲ့ရပြီး နှစ်နဲ့ချီတဲ့အထိ သင့်တော်တဲ့အလုပ်တစ်ခု ရှာမတွေ့ခဲ့ဘူး။ အခုခေတ်မှာ အလုပ်မရှိတဲ့ တက္ကသိုလ်ဘွဲ့ရတွေ နေရာတိုင်းမှာရှိနေပြီး ဘွဲ့လွန်ကျောင်းသားတွေတောင် ပုံမှန်အလုပ်ရှာမတွေ့ကြတာတွေ အများကြီးပဲ။ “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” ဆိုတဲ့အမြင်ဟာ မှားယွင်းပြီး လုံးဝမခိုင်မာဘူးဆိုတာ ရှင်းနေတာပဲ။ ဒါဟာ သမ္မာတရားနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ခဲ့ပေမဲ့ သမ္မာတရားကို နားမလည်ခဲ့ဘဲ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိခဲ့ဘူး။ ပညာ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဘယ်အရာထက်မဆို ပိုအရေးကြီးတယ်လို့ သတ်မှတ်ခဲ့ပြီး ဒါတွေဟာ စာတန်က လူတွေကို သွေးဆောင်ဖြားယောင်းပြီး ဝါးမျိုတဲ့နည်းလမ်းတွေပဲဆိုတာကို လုံးဝမသိခဲ့ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကျေးဇူးကြောင့် နောက်ဆုံးမှာ ကျွန်မ အသိတရားပြန်ရလာခဲ့တယ်။ ကျွန်မ စိတ်ထဲကနေ ဘုရားသခင်ဆီကို တိတ်တဆိတ်ဆုတောင်းခဲ့တယ်၊ “ချစ်ရတဲ့ ဘုရားသခင်၊ စာတန်ရဲ့ အတွေးအခေါ်အမြင်တွေကို ပိုင်းခြားသိမြင်နိုင်အောင် လုပ်ပေးခဲ့တဲ့ ကိုယ်တော့်နှုတ်ကပတ်တော်ရဲ့ ထောက်ပံ့မှုနဲ့ ဉာဏ်အလင်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီအတွေးအခေါ်အမြင်တွေရဲ့ ချည်နှောင်မှုကို ကျွန်မ မခံချင်တော့ပါဘူး။ ကိုယ်တော် ကျွန်မကို သမ္မာတရားလိုက်စားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်အောင် လမ်းပြတော်မူပါ” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နောက်ထပ် နှုတ်ကပတ်တော် အပိုဒ်တွေကို ဖတ်ခဲ့ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လူတွေ လိုက်စားခြင်းရဲ့ နောက်ကွယ်မှာ စာတန်ရဲ့ ဒုက္ခပေးတဲ့ ရည်ရွယ်ချက်ရှိနေမှန်း နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့က အသိပညာ သင်ယူခြင်း ဟူသည်မှာ ခေတ်နောက်ကျမကျန်ခဲ့စေရန် သို့မဟုတ် ကမ္ဘာကြီးတွင် နောက်ကျမကျန်စေရန်အတွက် စာအုပ်များ ဖတ်ရှုခြင်း သို့မဟုတ် သင် မသိသေးသောအရာအချို့ကို လေ့လာသင်ယူခြင်းထက် မပိုဟု ပြောကြလိမ့်မည်။ သင့်ကိုယ်တိုင်၏ အနာဂတ်အတွက် သို့မဟုတ် အခြေခံ လိုအပ်ချက်များကို ထောက်ပံ့ရန် စားဝတ်နေရေးအတွက် ငွေရှာရန်အတွက်သာ အသိပညာကို သင်ယူခြင်း ဖြစ်သည်။ အခြေခံ လိုအပ်ချက်များ သက်သက်အတွက်၊ အစားအစာကိစ္စကို ဖြေရှင်းရန် သက်သက်အတွက်ဖြင့် ဆယ်စုနှစ်တစ်ခုစာ ပင်ပင်ပန်းပန်း လေ့လာ သင်ယူသည့် လူတစ်ဦးတလေ ရှိသလော။ ဤကဲ့သို့သောလူမျိုး တစ်ဦးမျှမရှိပေ။ သို့ဆိုလျှင် လူတစ်ဦးသည် ဤနှစ်များအားလုံးအတွက် အဘယ်ကြောင့် ဤဆင်းရဲဒုက္ခခံသနည်း။ ဤသည်မှာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက်ဖြစ်သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် သူ့ကို လက်ယပ်ခေါ်လျက်၊ အဝေးတွင် စောင့်ကြို နေကြ၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ကိုယ်ပိုင် လုံ့လဝီရိယ၊ အခက်အခဲများနှင့် ရုန်းကန်မှုများအားဖြင့်သာ ၎င်းတို့ကို ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို ရရှိဖို့ ဦးဆောင်မည့် လမ်းကို လိုက်နိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူသည် သူကိုယ်တိုင်၏ အနာဂတ် လမ်းကြောင်းအတွက်၊ အနာဂတ် ပျော်ရွှင်မှုအတွက်နှင့် ပို၍ကောင်းမွန်သော ဘဝတစ်ခုကို ရရှိဖို့ ဤသို့သော အခက်အခဲများကို ဒုက္ခခံရပေမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသောဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း၊ သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ မသိမသာဖြင့် အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်း လက်တွေ့ကျတယ်။ လူတွေ ပညာကို လိုက်စားရခြင်းရဲ့ နောက်ကွယ်ကအကြောင်းရင်းက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရဖို့ပါပဲ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုရဖို့အတွက် လူတွေဟာ ကြိုးစားပမ်းစားအလုပ်လုပ်ပြီး အခက်အခဲတွေကို ဒုက္ခခံကြတယ်၊ အဲဒီအတွက် ဘယ်လိုအဖိုးအခကိုမဆို ပေးဖို့တောင် ဆန္ဒရှိကြတယ်။ စာတန်က လူတွေကို သွေးဆောင်ဖြားယောင်းဖို့ ပညာကိုသုံးတယ်၊ သူတို့ကို ထိန်းချုပ်ဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သုံးတယ်၊ အဲဒီလိုနဲ့ သူတို့ဟာ သတိတောင်မထားမိဘဲ အဲဒါတွေကြောင့် ဖောက်ပြန်ပျက်စီးသွားကြတယ်။ ကျွန်မကလည်း အဲဒီလိုပဲ။ ငယ်ငယ်ကတည်းက ကျွန်မအဖေက ပညာပိုတတ်ရင် လူကြီးလူကောင်းတစ်ယောက်ဖြစ်လာမယ်၊ ပညာမတတ်ရင်တော့ အောက်တန်းစားတစ်ယောက်ပဲဖြစ်ပြီး ပင်ပန်းတဲ့ကာယအလုပ်တွေ လုပ်ရမှာလို့ သင်ပေးခဲ့တယ်။ ဆရာတွေကလည်း ကျွန်မတို့ကို ကြီးမြတ်တဲ့ရည်သန်မျှော်မှန်းချက်တွေထားဖို့၊ လူတွေကြားမှာ ထင်ပေါ်ကျော်ကြားပြီး ကိုယ့်ဘိုးဘေးတွေအတွက် ဂုဏ်ဆောင်ဖို့ လိုက်စားရမယ်လို့ သင်ပေးခဲ့ကြတယ်။ သတိမထားမိခင်မှာပဲ ဒီအတွေးအခေါ်အမြင်တွေကို ကျွန်မ လက်ခံလိုက်မိတယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းရဖို့အတွက် ကျွန်မဟာ ဘယ်လိုအခက်အခဲကိုမဆို ခံနိုင်ပြီး ဘယ်လိုအဖိုးအခကိုမဆို ပေးဖို့ ဆန္ဒရှိခဲ့တယ်။ ကျွန်မကိုယ်တိုင် ဒီအရာတွေကို လိုက်စားရုံတင်မကဘဲ ကျွန်မသားကိုပါ လိုက်စားဖို့ အတင်းအကျပ်ဖိအားပေးခဲ့တယ်။ ကျွန်မသား ဘွဲ့မရနိုင်တော့ဘူးဆိုတာ သိလိုက်ရတဲ့အခါ ကျွန်မရဲ့အိပ်မက်တွေ ရုတ်တရက် တစ်စစီဖြစ်သွားတော့ သေပြီး ကိုယ်လွတ်ရုန်းထွက်လိုက်ချင်စိတ် ပေါက်လောက်အောင်တောင် နာကျင်ခံစားခဲ့ရတယ်။ ကျွန်မထဲကို စာတန်သွတ်သွင်းပေးခဲ့တဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားရမယ်ဆိုတဲ့ အတွေးအခေါ်တွေရဲ့ ထိန်းချုပ်မှုကို ကျွန်မခံခဲ့ရတာပဲ။ ဒါဟာ ကျွန်မကို အင်မတန်စိတ်ဆင်းရဲစေရုံသာမက ကျွန်မသားရဲ့ စိတ်ရောကိုယ်ပါ ထိခိုက်စေခဲ့တယ်။ စာတန်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဆိုတဲ့ မမြင်နိုင်တဲ့ သံခြေကျင်းကို ကျွန်မအပေါ်မှာ တပ်ဆင်ပေးခဲ့ပြီး ကျွန်မကို ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အမြဲတမ်းတိုက်ခိုက်ပြီး ကြိုးစားလုပ်ဆောင်စေခဲ့တယ်။ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေပေမဲ့ ဒါကနေ ရုန်းထွက်ဖို့ ကျွန်မမှာ စွမ်းအားမရှိခဲ့ဘူး။ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကြောင့် လူတွေကို ထိခိုက်စေတဲ့ စာတန်ရဲ့နည်းလမ်းတွေကို ပိုင်းခြားသိမြင်နိုင်စွမ်းတချို့ ရလာခဲ့တယ်။ ကျွန်မ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဆက်မလိုက်စားနိုင်တော့ဘူး။ ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ရဲ့နေရာမှာ ကောင်းကောင်းရပ်တည်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံရမယ်။
နောက်ပိုင်းမှာ ကျွန်မရဲ့အခြေအနေကို ညီအစ်မတစ်ယောက်ကို ပြောပြတော့ သူက ကျွန်မအတွက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပေးခဲ့တယ်။ “ရှေးဦးစွာ သားသမီးများနှင့် ပတ်သက်ပြီး မိဘများက ထားရှိသော ဤသတ်မှတ်ချက်များနှင့် နည်းလမ်းများသည် မှန်သလော၊ မှားသလော။ (မှားပါသည်။) ဤသို့ဆိုလျှင် နောက်ဆုံးတွင် မိဘများက သားသမီးများအပေါ် အသုံးပြုသည့် ဤနည်းလမ်းများနှင့်ပတ်သက်လျှင် အဓိကတရားခံက မည်သည့်နေရာမှ အရင်းခံသနည်း။ ဤသည်မှာ သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များ မဟုတ်သလော။ (ဟုတ်ပါသည်။) မိဘများ၏ ခံစားချက်အရ အသိစိတ်အတွင်းတွင် ၎င်းတို့သည် ၎င်းတို့သားသမီးများ၏ အနာဂတ်နှင့်ပတ်သက်ပြီး အမျိုးမျိုးသော အမှုကိစ္စများကို မှန်းကြည့်ကာ စီစဉ်ပြီး အဆုံးအဖြတ်ပေးသည်။ ပြီးလျှင် ရလဒ်အနေဖြင့် ၎င်းတို့တွင် ဤမျှော်မှန်းချက်များကို ဖြစ်ပေါ်လာသည်။...မိဘများသည် လူကြီးများ၏ အမှုအရာများအပေါ် ရှုမြင်သည့် နည်းလမ်းအပြင် ကမ္ဘာလောက၏ အမှုကိစ္စများနှင့်ပတ်သက်ပြီး လူကြီးတစ်ဦး၏ အမြင်၊ ရှုထောင့်၊ နှစ်သက်မှုတို့ကိုသာ လုံးလုံး အခြေခံပြီး သားသမီးများအပေါ် မျှော်လင့်ချက်များ ပုံအောထားသည်။ ဤသည်မှာ ခံစားချက်အရဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်က ယင်းကို ကောင်းစွာဖွင့်ဆိုရလျှင် ယင်းသည် ခံစားချက်အရဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် အမှန်တကယ်တွင် အဘယ်သို့ ဖြစ်သနည်း။ ဤခံစားချက်အရဖြစ်ခြင်း၏ အခြားအနက်ဖွင့်ဆိုမှုမှာ အဘယ်နည်း။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်သလော။ အကျပ်ကိုင်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် လူ့အဖွဲ့အစည်းတွင် ဤအလုပ်၊ ထိုအလုပ်ကို၊ ထိုထိုသော အသက်မွေးမှုအလုပ်ကို နှစ်သက်သည်။ လူ့အဖွဲ့အစည်းတွင် အခြေခိုင်ခြင်း၊ မက်မောဖွယ်ဘဝကို နေထိုင်ရခြင်း၊ အရာရှိအဖြစ် အမှုထမ်းရခြင်း၊ သို့မဟုတ် ချမ်းသာခြင်းတို့ကို သင်နှစ်သက်သည်။ ထို့ကြောင့် သင့်သားသမီးများကိုလည်း ထိုအရာများအား သင် လုပ်ဆောင်စေသည်။ ထိုသို့သောသူမျိုး ဖြစ်စေသည်။ ပြီးလျှင် ထိုလမ်းကြောင်းမျိုးကို လျှောက်စေသည်။ သို့သော် ၎င်းတို့သည် အနာဂတ်တွင် ထိုပတ်ဝန်းကျင်၌ နေထိုင်ရခြင်းနှင့် ထိုအလုပ်ကို ထိတွေ့လုပ်ဆောင်ရခြင်းကို နှစ်သက်မည်လော။ ၎င်းတို့သည် ယင်းနှင့် သင့်တော်သလော။ ၎င်းတို့၏ ခရီးပန်းတိုင်များက အဘယ်နည်း။ ၎င်းတို့နှင့်ပတ်သက်ပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် ပြဋ္ဌာန်းချက်များက အဘယ်နည်း။ ဤအရာများကို သင်သိသလော။ လူအချို့က ‘ထိုအရာများကို ကျွန်ုပ် ဂရုမစိုက်ပါ။ အရေးကြီးသည်မှာ သူတို့၏မိဘဖြစ်သည့် ကျွန်ုပ်နှစ်သက်သည့်အရာများသာ ဖြစ်သည်။ ကျွန်ုပ်နှစ်သက်သည့် အရာများကို အခြေခံ၍သာ သူတို့အပေါ် မျှော်လင့်ချက်များထားမည်’ ဟု ဆိုသည်။ ဤသည်မှာ အလွန် တစ်ကိုယ်ကောင်းမဆန်သလော။ (ဆန်ပါသည်။) ယင်းသည် အလွန်တစ်ကိုယ်ကောင်းဆန်သည်။ ကောင်းမွန်စွာ ဆိုရလျှင် ယင်းသည် အလွန်တစ်ဖက်သတ်ဆန်သည်။ ၎င်းတို့ဘာသာ အားလုံးကို ဆုံးဖြတ်နေခြင်း ဖြစ်သည်။ သို့သော် ယင်းသည် အမှန်တကယ်တွင် အဘယ်နည်း။ အလွန်တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သည်။ ဤမိဘများသည် ၎င်းတို့သားသမီးများ၏ အစွမ်းအစ၊ သို့မဟုတ် ပါရမီကို ထည့်မတွက်ပေ။ လူတစ်ဦးချင်းစီ၏ ကံကြမ္မာနှင့် ဘဝအတွက် ဘုရားသခင်၌ ရှိသော အစီအစဉ်များကို ၎င်းတို့ ဂရုမစိုက်ပေ။ ဤအရာများကို ၎င်းတို့ ထည်မတွက်ပေ။ ၎င်းတို့သည် လိုရာဆွဲတွေးလျက် ၎င်းတို့သားသမီးများအပေါ် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှု၊ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို အဓမ္မပုံချသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာတော့ ကျွန်မ ရုတ်တရက် အသိတရားဝင်သွားတယ်။ အရင်တုန်းက ကျွန်မလုပ်ခဲ့သမျှအားလုံးဟာ သားရဲ့အနာဂတ်နဲ့ ကံကြမ္မာအတွက်လို့ ထင်ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ကျွန်မရဲ့လုပ်ဆောင်ချက်တွေနောက်ကွယ်က ရည်ရွယ်ချက်ဟာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ပဲဖြစ်တယ်ဆိုတာကို နောက်ဆုံးမှာ နားလည်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အာဏာနဲ့ အဆင့်အတန်းကိုကြိုက်ပြီး တခြားသူတွေရဲ့အထင်ကြီးလေးစားမှုကိုခံရအောင် အရာရှိတစ်ယောက်ဖြစ်ချင်ခဲ့လို့ ကျွန်မရဲ့ ကိုယ်ပိုင်နှစ်သက်မှုတွေနဲ့ လိုအင်ဆန္ဒတွေကို သားအပေါ်မှာ အတင်းအကျပ် သက်ရောက်စေခဲ့တယ်။ သူ စာကြိုးစားပြီး အနာဂတ်မှာ ထင်ပေါ်ကျော်ကြားလာဖို့၊ ရာထူးကြီးကြီးနဲ့ လစာကောင်းကောင်းရပြီး ကျွန်မကလည်း စိန်နားကပ်ရောင်နဲ့ ပါးပြောင်လို့ရနိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ကျွန်မလုပ်ခဲ့သမျှအားလုံးဟာ ကိုယ့်ရဲ့ ရည်မှန်းချက်ကြီးမှုနဲ့ လိုအင်ဆန္ဒတွေအတွက်ပဲဖြစ်ပြီး သားရဲ့နှစ်သက်မှုတွေနဲ့ ဆန္ဒတွေကို လုံးဝထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မသားက တက္ကသိုလ်မတက်ချင်ဘဲ စစ်ထဲဝင်ချင်တယ်လို့ ပြောလာတဲ့အခါ သူ့ကို အတတ်နိုင်ဆုံး ဖျောင်းဖျပြီး သူ့ဆန္ဒမပါဘဲ တက္ကသိုလ်တက်ဖို့ အတင်းအကျပ်ဖိအားပေးခဲ့တယ်။ ဒီလိုလုပ်ရခြင်းရဲ့ ကျွန်မရည်ရွယ်ချက်ကတော့ သူ အရာရှိတစ်ယောက်ရဲ့လမ်းကိုလိုက်ပြီး အာဏာနဲ့ အဆင့်အတန်းတွေရအောင်လုပ်ဖို့၊ အဲဒါမှ ကျွန်မကလည်း ဂုဏ်ရှိမှာပေါ့။ အပေါ်ယံမှာတော့ ကျွန်မလုပ်ခဲ့သမျှအားလုံးဟာ သားရဲ့အနာဂတ်နဲ့ ကံကြမ္မာအတွက်ပါပဲ။ သားကို ပျိုးထောင်ဖို့ ကျွန်မ အရာအားလုံးကို ပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ အနှစ်သာရမှာတော့ ဒါတွေအားလုံးဟာ ကျွန်မရဲ့ အဆင့်အတန်းအပေါ် လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့၊ သားကနေတစ်ဆင့် လူအများရဲ့ လေးစားအထင်ကြီးမှုကို ခံစားဖို့နဲ့ ပိုကောင်းတဲ့ရုပ်ဝတ္ထုဘဝကို ခံစားဖို့အတွက်ပဲ ဖြစ်တယ်။ ကျွန်မလုပ်ခဲ့သမျှအားလုံးဟာ သားရဲ့ကောင်းကျိုးအတွက် လုံးဝမဟုတ်ဘူးဆိုတာကို နောက်ဆုံးမှာ ကျွန်မ ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတယ်။ ဒါတွေအားလုံးဟာ ကျွန်မရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ပဲဖြစ်တယ်။ ကျွန်မရဲ့သဘာဝက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့အရုပ်ဆိုးလိုက်တာ။ တကယ်တော့ ကျွန်မသားက အစိုးရဝန်ထမ်းအလုပ်ကို မလုပ်ချင်ခဲ့ဘူး။ သူတစ်ခါက ကျွန်မကို ပြောဖူးတယ်၊ “မေမေ၊ သားက အရာရှိအလုပ်နဲ့ မကိုက်ဘူး။ ဒီလူ့အသိုင်းအဝိုင်းရဲ့ အစိုးရအသိုင်းအဝိုင်းမှာ ခြေကုပ်တစ်နေရာရချင်ရင် စားနိုင်သောက်နိုင်ရမယ်၊ မြှောက်ပင့်တတ်ရမယ်၊ လိမ်ညာတတ်ရမယ်။ ပြီးတော့ မှန်ကန်တဲ့ မိသားစုနောက်ခံနဲ့ အဆက်အသွယ်တွေလည်း ရှိရဦးမယ်၊ ရက်စက်ပြီး ယုတ်မာရဦးမယ်။ သားမှာ ဒါတွေတစ်ခုမှမရှိဘူး။ သာမန်လူတစ်ယောက်အဖြစ် နေရတာပဲ ကောင်းပါတယ်” လို့ပေါ့။ ပြန်စဉ်းစားကြည့်တော့ သားပြောခဲ့တာတွေက တကယ်မှန်တယ်။ စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဗျူရိုရဲ့ ဒုတိယညွှန်ကြားရေးမှူးဖြစ်တဲ့ ကျွန်မအစ်မအကြီးဆုံးရဲ့သားအကြောင်းကို ကျွန်မတွေးမိတယ်။ သူတစ်ခါက ကျွန်မကို ပြောဖူးတယ်၊ “အစိုးရအသိုင်းအဝိုင်းထဲကို ဝင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ဘူး။ လူတွေက အချင်းချင်း အကွက်ချပြီး ကျိတ်ကြံစည်ကြတယ်၊ ဘယ်သူ့ကိုမှ ကိုယ့်စိတ်ထဲရှိတာ ပြောလို့မရဘူး၊ သိပ်ပြီးတော့လည်း ရင်းရင်းနှီးနှီးနေလို့မရဘူး။ ဘယ်စကားတစ်ခွန်းက လူတစ်ယောက်ကို စော်ကားမိမလဲဆိုတာ မသိနိုင်ဘူး။ ကိုယ်က တခြားသူကို မထိခိုက်ချင်ပေမဲ့ သူတို့က ကိုယ့်ကျောကို ဓားနဲ့ထိုးလိမ့်မယ်။ လူတွေရဲ့ မျက်နှာအမူအရာကို အမြဲကြည့်ပြီး ရှင်သန်နေရတယ်။ အစိုးရအသိုင်းအဝိုင်းထဲကဘဝက ပင်ပန်းလွန်းတယ်” တဲ့။ အရာရှိတစ်ယောက်ဖြစ်လာတာက ကောင်းတဲ့အရာမဟုတ်ပါဘူး။ အစိုးရအသိုင်းအဝိုင်းဆိုတာ ဆိုးဆေးပုံးကြီးတစ်ခုနဲ့တူတယ်၊ ကျွန်မသားသာ ကျွန်မဖြစ်စေချင်သလို အဲဒီထဲကို ဝင်သွားခဲ့မယ်ဆိုရင် ဆယ်နှစ်လောက်ကြာတဲ့အခါ သူကိုယ်တိုင်တောင်မသိလိုက်ဘဲ မကောင်းတဲ့အကျင့်စရိုက်အမျိုးမျိုးနဲ့ စွန်းထင်းသွားမှာပဲ။ သူဟာ ကလိမ်ကကျစ်လုပ်ပြီး လှည့်ဖြားတတ်လာမယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားမယ်၊ တခြားသူတွေနဲ့ ယှဉ်ပြိုင်မယ်၊ မကောင်းမှုတချို့ကိုတောင် လုပ်မိနိုင်တယ်။ အဲဒီအခါကျရင် သူဟာ ပုံမှန်နဲ့ ငြိမ်းချမ်းတဲ့ဘဝတစ်ခုကို ရှင်သန်နိုင်တော့မှာမဟုတ်ဘူး။ ဒါက သူ့ရဲ့စိတ်ရောကိုယ်ပါ ကြီးမားတဲ့ထိခိုက်မှုနဲ့ အဆုံးမရှိတဲ့နာကျင်မှုတွေကို ဖြစ်စေမှာပဲ။ ကျွန်မသားက အရာရှိမဖြစ်ချင်ဘူး၊ သာမန်လူတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ ဒါက ကောင်းတဲ့အရာမဟုတ်ဘူးလား။ အခု သူ ပုံမှန်အလုပ်တစ်ခုရှိနေပြီ၊ သူ့ရဲ့လစဉ်လစာက သူ့မိသားစုရဲ့ စားဝတ်နေရေးကို အခြေခံအားဖြင့် ဖူလုံစေနိုင်တယ်။ သူက ကျွန်မဘုရားသခင်ကို ယုံကြည်တာကို မဆန့်ကျင်ဘူး၊ အသင်းတော်က သူ့အကူအညီလိုတဲ့အခါတွေမှာလည်း သူက လိုလိုလားလား ကူညီပေးတယ်။ ဒါကိုက တော်တော်ကောင်းနေပါပြီ။
ဒီအတွေ့အကြုံကို တွေ့ကြုံပြီးတဲ့နောက်မှာ လူတစ်ယောက်ချင်းစီက ဘယ်လိုအလုပ်မျိုးလုပ်ရမယ်၊ ဘယ်လိုအသက်မွေးဝမ်းကျောင်းပြုရမယ်ဆိုတာကို ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲပြီး အမိန်နဲ့ ပြဋ္ဌာန်းထားတယ်ဆိုတာကို ကျွန်မ ပိုပိုပြီး နားလည်လာတယ်။ ဘုရားသခင်ပြောခဲ့သလိုပဲ။ “လူတစ်ယောက်သည် သာမန်အလုပ်သမားတစ်ယောက်ဖြစ်မည်၊ ပြီးလျှင် ဤဘဝ၌ ကိုယ့်ဝမ်းကိုယ်ဖြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ဆင်ရန်အတွက် အခြေခံလုပ်အားခအချို့ကိုသာ ရှာနိုင်မည်ဟု ဘုရားသခင်က စီမံထားသည်။ သို့သော် သူ၏မိဘများက အဖိုးအခဆိုသောအရာ အမျိုးမျိုးကို ပေးဆပ်ပြီး သူ၏ဘဝနှင့် အနာဂတ်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်း သူ့အား နာမည်ကြီးတစ်ယောက်၊ ချမ်းသာကြွယ်ဝသူတစ်ယောက်၊ ရာထူးကြီးသော အရာရှိတစ်ယောက်ဖြစ်ရန် အတင်းလုပ်ဆောင်ပြီး သူ အရွယ်မရောက်မီတွင် သူ၏ အနာဂတ်အတွက် အမှုအရာများကို စီမံခန့်ခွဲသည် ဆိုပါစို့။ ဤသည်မှာ မမိုက်မဲသလော။ (မိုက်မဲပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မဟာ မိုက်မဲရုံတင်မကဘူး၊ လုံးဝကို တုံးအလွန်းတာပဲဆိုတာကို သဘောပေါက်စေခဲ့တယ်။ ကျွန်မခံစားခဲ့ရတဲ့ ဒုက္ခအားလုံးဟာ ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ။ ကျွန်မ သားအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်ပြီး၊ ကံကြမ္မာကို မတွန်းလှန်တော့ဘဲ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတဲ့လမ်းကို မလျှောက်တော့ဘဲ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့နေရာမှာ ရပ်တည်တဲ့အပြင် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို အပြုသဘောဆောင်ပြီး ကျိုးနွံနာခံတဲ့ သဘောထားနဲ့ လက်ခံ၊ ရင်ဆိုင်၊ တွေ့ကြုံခံစားနိုင်ခဲ့တဲ့အခါမှာတော့ ဘုရားသခင်ရဲ့ စီစဉ်မှုတွေဟာ တကယ်ကို အံ့ဩဖို့ကောင်းမှန်း မြင်ခဲ့ရတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လင်းကျိ၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ ညနေစောင်းမှာ၊ ရှင်းကွမ်းအသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက် ရဲအဖမ်းခံလိုက်ရတယ်လို့...
ကျွန်တော်က ဆင်းရဲတဲ့ လယ်သမားမိသားစုမှာ မွေးဖွားခဲ့ပါတယ်။ အလယ်တန်းကျောင်းပြီးတော့ အလုပ်ရှာဖို့ ကျွန်တော် အိမ်ကနေ ထွက်ခဲ့တယ်။ နောက်ပိုင်းမှာ...
ကျွန်မ တော်တော်လေးငယ်သေးတဲ့အချိန်မှာ ကျွန်မမိဘတွေက ကွာရှင်းခဲ့ကြတယ်။ ကျွန်မအစ်မအကြီးနဲ့ကျွန်မက အဖေနဲ့ အတူနေခဲ့ပြီးတော့ ကျွန်မတို့ဘဝက...
ကျွန်မ ငယ်ငယ်တုန်းက အိမ်မှာ မွေးချင်းငါးယောက်ရှိပြီး ကျွန်မက အကြီးဆုံးပါ။ ကျွန်မအဖေက အိမ်ရဲ့အဝေးမှာ နှစ်အတော်များများ အလုပ်လုပ်ခဲ့ပြီး၊...