ကျွန်မရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေက ကျွန်မရဲ့သားကို ထိခိုက်ခဲ့တယ်
ကျွန်မ ငယ်ငယ်တုန်းက အိမ်မှာ မွေးချင်းငါးယောက်ရှိပြီး ကျွန်မက အကြီးဆုံးပါ။ ကျွန်မအဖေက အိမ်ရဲ့အဝေးမှာ နှစ်အတော်များများ အလုပ်လုပ်ခဲ့ပြီး၊...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တာပါ။ ကျွန်မမိဘတွေက ပညာသိပ်မတတ်ကြတော့ မိုးလင်းမိုးချုပ် လယ်ထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ အဖေက ကျွန်မကို ခဏခဏပြောတယ်၊ “ငါတို့မိသားစုထဲမှာ မင်းဦးလေးတစ်ယောက်ပဲ စာကြိုးစားလို့ သူ့ကိုယ်သူ အရာရောက်အောင် လုပ်ခဲ့ပြီး၊ မြို့မှာ အရာရှိကြီးဖြစ်နေပြီ။ ငါကတော့ ငယ်ငယ်က စာမကြိုးစားခဲ့တော့ အခု လယ်လုပ်ပြီးပဲ အသက်မွေးနေရတယ်။ နောင်တစ်ချိန်မှာ သမီးက စာကြိုးစားရမယ်နော်၊ အဖေ့လို တက်လမ်းမရှိတာ မဖြစ်စေနဲ့” တဲ့။ ကျွန်မဦးလေး ကားအကောင်းစားကြီးနဲ့ ရွာကို ပြန်လာပြီး လူတိုင်းက သူ့ကို ချီးမွမ်းစကားတွေပြောပြီး လေးစားတဲ့စိတ်နဲ့ ကြည့်ကြတာကို မြင်တော့ ကျွန်မ အရမ်းကို အားကျခဲ့တယ်။ ပြီးတော့ ရွာသားတွေက ကျွန်မအဖေ့ကို အဖတ်မလုပ်သလို ဆက်ဆံကြတာကို ကြည့်ပြီး၊ စာတတ်မှပဲ လူတစ်ယောက်က အောင်မြင်ပြီး ဘယ်သွားသွား လေးစားခံရမှာပဲဆိုတာကို ကျွန်မ နားလည်သွားတယ်။ နောင်တစ်ချိန်မှာ ထူးချွန်အောင်မြင်ပြီး တခြားသူတွေရဲ့ လေးစားမှုကိုရဖို့ စာကြိုးစားရမယ်လို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်မက သူများတွေထက် အဆပေါင်းများစွာ အားထုတ်ပြီး စာကြိုးစားခဲ့ပေမဲ့ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲမှာ ကောင်းကောင်း မလုပ်ခဲ့လို့ ပုံမှန်သက်မွေးပညာကျောင်းတစ်ကျောင်းကိုပဲ တက်ခဲ့ရတယ်။ ပိုတောင် မမျှော်လင့်ထားတာက ကျွန်မ ဘွဲ့ရတဲ့အချိန်မှာ အစိုးရက ဝန်ထမ်း လျှော့ချတာ၊ အရွယ်အစား ချုံ့တာနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး မူဝါဒတွေ ချမှတ်လိုက်ပြီး ကျွန်မ တရားဝင်အလုပ်မစရသေးခင်မှာပဲ အလုပ်ထုတ်ခံရသလို ဖြစ်သွားတယ်။ ကောင်းကင်ကြီး ပြိုကျသွားပြီး ဘဝမှာ ထူးချွန်အောင်မြင်ဖို့ မျှော်လင့်ချက် မရှိတော့သလိုမျိုး ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မအိမ်ထောင်ကျပြီးတဲ့နောက်မှာ ကျွန်မခင်ပွန်းကလည်း သူ့ရဲ့ သာမန် ပညာအရည်အချင်း အဆင့်ကြောင့် ကာယလုပ်သားအနေနဲ့ပဲ အလုပ်လုပ်ခဲ့ပြီး ကျွန်မတို့ ဘဝအဆင့်အတန်းက သာမန်ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို ကြည့်လိုက်တော့ ပညာတတ်ဘွဲ့ရတဲ့သူတွေက မက်မောစရာ၊ သာလွန်တဲ့ဘဝတွေနဲ့ နေထိုင်ကြပြီး နေရာကောင်းတွေ မကြာမကြာ ရောက်ကြတာကို တွေ့ရတယ်။ သူတို့နဲ့ယှဉ်ကြည့်လိုက်တော့ ဒီလူ့အဖွဲ့အစည်းမှာ မြင့်မားတဲ့ ပညာရေးအဆင့်အတန်း မရှိဘဲနဲ့ မအောင်မြင်နိုင်ဘူးဆိုတာနဲ့ ကျွန်မဘဝက ဒီလို အမြဲ ဖြစ်မှာပဲဆိုတာကို ပိုလို့တောင် ပြင်းပြင်းထန်ထန် ခံစားမိခဲ့တယ်။ ဒါကြောင့် နောင်တစ်ချိန်မှာ ငါ့ကလေးကို ပညာတတ်ဖြစ်အောင် သေချာသင်ပေးရမယ်၊ ဘွဲ့မြင့်မြင့်ရအောင် ကူညီပေးရမယ်၊ ဒါမှ မိသားစုကို ဂုဏ်ဆောင်နိုင်မှာပေါ့။ ဒီလိုနဲ့ ကျွန်မလည်း ဂုဏ်ရှိနိုင်မှာလေ။
ကျွန်မသမီးလေး အသက်လေးနှစ်အရွယ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်။ အဲဒီတုန်းက တစ်ပတ်ကို စုဝေးပွဲနှစ်ခါတက်ပြီး ကျန်တဲ့အချိန်တွေမှာတော့ သမီးနဲ့အတူ အင်္ဂလိပ်စာကတ်ပြားလေးတွေကြည့်တာ၊ ရှေးကဗျာတွေ ရွတ်ဆိုတာ၊ ပြီးတော့ အခြေခံ အပေါင်းအနှုတ်တွေကို သင်ပေးတာတွေ လုပ်ခဲ့တယ်။ သူ့ကို ငယ်တဲ့အရွယ်ကနေ သင်ယူလေ့လာတာကို နှစ်သက်တဲ့စိတ် ဖြစ်စေချင်ခဲ့တာပေါ့။ သမီး သုံးတန်းရောက်တော့ အင်္ဂလိပ်စာနဲ့ သင်္ချာကို ကျွန်မ စသင်ပေးခဲ့တယ်၊ နောင်တစ်ချိန်မှာ တက္ကသိုလ်ကောင်းကောင်းတက်၊ အလုပ်ကောင်းကောင်းရပြီး ဂုဏ်ရှိပြီး အောင်မြင်တဲ့ဘဝနဲ့ နေနိုင်အောင် သူ့အမှတ်တွေက တခြားရွယ်တူတွေထက် သာမယ်လို့ မျှော်လင့်ပြီးတော့ပေါ့။ နောင်အနာဂတ်မှာ ထင်ပေါ်အောင် စာကြိုးစားရမယ်လို့လည်း သမီးကို ကျွန်မ ခဏခဏ ပြောခဲ့တယ်။ အဲဒီအခါတိုင်း သူက တစ်ဝက်တစ်ပျက်ပဲ နားလည်သလိုမျိုးနဲ့ စိတ်ရှုပ်ထွေးပြီး ကျွန်မကို ကြည့်တယ်၊ ဒါပေမဲ့ စိတ်မပါတပါနဲ့ပဲ ကျွန်မခိုင်းတဲ့အတိုင်း လိုက်လုပ်ခဲ့တယ်။ တစ်ခါတလေ သမီး စာလုပ်ရတာကို ငြီးငွေ့နေတာမြင်ရင်၊ ဘာကြောင့် သူ စာကြည့်ဖို့လိုတယ်ဆိုတာနဲ့ အမှန်ကောင်းကောင်းရမှ ကောင်းမွန်တဲ့ အနာဂတ်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနိုင်မယ်ဆိုတာတွေကို ကျွန်မ စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့တယ်။ သူ့မျက်နှာပေါ်က ကူကယ်ရာမဲ့တဲ့ အကြည့်ကို မြင်တော့ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ကလေးကို ကောင်းကောင်း ပညာသင်ပေးဖို့က မိဘတွေရဲ့ တာဝန်နဲ့ ဝတ္တရားပဲလေ။ ခုချိန်မှာ သူ နားလည်ကောင်း နည်းလည်နိုင်မှာ မဟုတ်ပေမဲ့ သူ ကြီးလာတဲ့အခါ ငါ့ရဲ့ အပင်ပန်းခံတဲ့ ရည်ရွယ်ချက်တွေကို သူ နားလည်မှာပါ” လို့ပေါ့။
သမီး ငါးတန်းရောက်တော့ သူ့ရဲ့သင်္ချာအမှတ်တွေက အရမ်းညံ့ခဲ့တယ်။ ဆရာမက စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်၊ အတန်းဖော်တွေကလည်း ကူညီသင်ပြပေးတယ်၊ သူကိုယ်တိုင်လည်း လေ့ကျင့်ခန်းတွေကို ကြိုးစားပြီးလုပ်ပေမဲ့ သူ့ရဲ့ စာမေးပွဲ ရလဒ်တွေက အားရစရာမရှိ ဖြစ်နေတုန်းပဲ။ တစ်ခါတလေ စာမေးပွဲတောင် ကျတယ်။ ဒါကိုမြင်တော့ ကျွန်မ အရမ်းကို စိုးရိမ်လာပြီး ကျွန်မသမီးကို မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်တယ်၊ “အမှတ်တွေမကောင်းရင် သမီးလိုချင်တဲ့ကျောင်းကို ဝင်ခွင့်ရမှာမဟုတ်သလို၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ သူများမျက်စိထဲမှာ သမီးက ဘာမှမဟုတ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘဝတစ်ခုလုံး ရှုံးနိမ့်သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သမီးရဲ့သင်္ချာအမှတ်ကို အမြန်တက်လာအောင် သမီး နည်းလမ်းရှာမှဖြစ်မယ်။ မဟုတ်ရင်တော့ ငါ နင့်ကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး” လို့ပေါ့။ ကျွန်မသမီးက ကျွန်မကို မဝံ့မရဲနဲ့ ကြည့်ပြီး စကားပြောဖို့ အရမ်းကြောက်နေတယ်၊ သူ့မျက်နှာက ကြောက်စိတ်ကြောင့် ဖြူဖျော့သွားတယ်။ သူ့ကို အဲဒီလို မြင်ရတော့၊ ကျွန်မ နည်းနည်း ပျော့သွားတယ်၊ သူက ကြိုးစားနေတာပဲလေ၊ ပြီးတော့ သူ့သင်္ချာအမှတ်မကောင်းတာက သူ သင်ယူဖို့ ငြင်းလို့မှ မဟုတ်တာ။ ကျွန်မ အရမ်းလွန်းသွားပြီလားလို့ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “အခု ငါမတင်းကျပ်ရင် နောင်တစ်ချိန်မှာ သူအလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရချင်မှရမှာ။ သူ့မှာ အနာဂတ်ရှိတာထက်စာရင် လောလောဆယ် သူငါ့ကို မုန်းတာပဲဖြစ်ချင်တယ်” လို့ပေါ့။ ကျွန်မ ဟိုသည် မေးပြီးတဲ့နောက်မှာ သမီးကို ကျူရှင်သင်ပေးဖို့ နှစ်အတော်များများ စာသင်တာ အတွေ့အကြုံရှိတဲ့ ဆရာမတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ သူ ကျူရှင်သင်ရမဲ့အချိန်ရောက်တဲ့အခါ၊ ကျွန်မအလုပ်ကို ဘေးချိတ်ပြီး ကျွန်မလည်း နားထောင်ခဲ့တယ်။ သမီးနားမလည်တဲ့အပိုင်းတွေကို ကျွန်မမှတ်ထားပြီး အိမ်ပြန်ရောက်ရင် အဲဒါတွေကို ပြန်လုပ်ခိုင်းတယ်။ အဒါတွေကို သူ မလုပ်နိုင်သေးတဲ့အခါ ကျွန်မ ဒေါသထွက်ပြီး အသံကျယ်ကျယ်နဲ့ ဆူတယ်၊ “နင်ဒီလိုဆက်ဖြစ်နေရင် အထက်တန်းကျောင်းကောင်းကောင်းကို တက်ရမယ်ထင်နေလား” လို့ပေါ့။ သမီးက ကြောက်တဲ့စိတ်နဲ့ တွန့်သွားတယ်၊ နာကျင်မှုကြောင့် မျက်ရည်တွေက မျက်လုံးထဲမှာ ဝေ့တက်လာတယ်။ ကျွန်မ စိတ်နှလုံးက ပျော့သွားပြီး တွေးမိတယ်၊ “အကြောင်းကိစ္စတွေကို သူ့ဟာသူ ဖြစ်ခွင့်ပေးသင့်တယ်ထင်တယ်၊ သူ တတ်နိုင်သလောက်ပဲ သင်လို့ရတာပဲလေ။ ဒီဖိအားကြောင့် သူ ဝမ်းနည်းညိုးငယ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ”လို့ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ ချက်ချင်း တွေးမိတယ်။ “ဒီအချိန်မှာ သူ့ပညာရေးကို လျှော့ပေးလိုက်ရင် သူ့အနာဂတ်ကို တိုက်ရိုက်ထိခိုက်မှာပဲ။ မိဘအနေနဲ့ ငါ့တာဝန်ကို ငါ ဖြည့်ဆည်းရမယ်”လို့ပေါ့။ ဒါကြောင့် သမီးကို စာလုပ်ဖို့ ကျွန်မ ဆက်ပြီး တွန်းအားပေးခဲ့တယ်။ ကျွန်မသမီးက အစကတည်းက တသီးတသန့်နေတတ်တာဖြစ်ပြီး၊ ကျွန်မ သုံးတဲ့ ဖိအားအောက်မှာ သူ့ကိုယ်သူ တန်ဖိုးထားမှုက ပိုပြီးတောင် ကျဆင်းလာခဲ့တယ်။ ခဏခဏ အိပ်မက်ဆိုးတွေနဲ့ လန့်နိုးတတ်တယ်၊ သူ့အမှတ်တွေ ပိုလို့တောင် ကျဆင်းလာပြီး ကျွန်မတို့ကြားက ဆက်ဆံရေးက ပိုပြီး ခပ်တန်းတန်းဖြစ်သွားခဲ့တယ်။ ဒီအခြေအနေကိုမြင်တော့ ကျွန်မအရမ်းကို စိုးရိမ်သွားတယ်။ တစ်ဖက်မှာလည်း သူ့အမှတ်မကောင်းတာက သူ့အနာဂတ်ကို ထိခိုက်မှာကို စိုးရိမ်တယ်၊ နောက်တစ်ဖက်မှာကျတော့လည်း သူ့အတွက် နှလုံးကြေကွဲရပြီး သူ့ကို ဖိအားတွေအများကြီးပေးခဲ့မိလို့ အပြစ်ရှိသလို ခံစားနေရတယ်။ ဒီလို ဝိရောဓိဖြစ်နေတဲ့စိတ်ခံစားချက်တွေက ရောထွေးနေပြီး ကျွန်မ ဘာလုပ်ရမှန်းကို မသိခဲ့ဘူး။ ကျွန်မ တွေးမြဲတွေးနေမိတယ်၊ “ငါ့သမီးကို ဒီလိုဆက်ဆံတာက ချစ်ခြင်းမေတ္တာလား။ ချစ်ခြင်းမေတ္တာဆိုရင်၊ သူ့ကို လွတ်မြောက်စေပြီး စိတ်အေးလက်အေးဖြစ်စေသင့်တာ မဟုတ်လား။ ဒါပေမဲ့ အခု သူ ပိုပြီးစိတ်ဆင်းရဲလာသလို၊ သူ့ကိုယ်သူတန်ဖိုးထားမှုလည်း ကျဆင်းလာတယ်ဆိုတာ ငါ သိသိသာသာ ခံစားရတယ်။ သူ့အမှတ်တွေက တိုးတက်မလာတဲ့အပြင် ပိုလို့တောင် ကျဆင်းလာတယ်။ ခုဆို အိပ်မက်ဆိုးတွေနဲ့ သူ လန့်လန့်နိုးနေတယ်။ ငါ့ကလေးကို ပညာပေးတဲ့နည်းလမ်း မှားနေတာများ ဖြစ်နိုင်မလား” ပေါ့။ ဘာလုပ်ရမှန်းမသိတော့ ကျွန်မ ဆုတောင်းနေခဲ့တယ်၊ ကျွန်မရဲ့ပြဿနာတွေကို နားလည်နိုင်ဖို့ လမ်းပြပေးပါလို့ ဘုရားသခင်ဆီမှာ တောင်းလျှောက်ခဲ့တယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ပြီး ကိုယ့်အခြေအနေအပေါ် သိနားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) တကယ်တော့ ကျွန်မက စာတန်ရဲ့ လှည့်ဖြားမှုအောက်မှာ နှစ်အတော်များများ လုံးဝ အသက်ရှင်နေမိခဲ့တယ်ဆိုတာကို နားလည်အောင် နှုတ်ကပတ်တော်က ကျွန်မကို ကူညီခဲ့တယ်။ ကလေးဘဝကနေ ကျွန်မမိဘတွေရဲ့ အယူသွတ်သွင်းတာ ကျွန်မ ခံခဲ့ရပြီး “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတာနဲ့ “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဆိုတာတွေကို ကိုယ့်ရဲ့လိုက်စားမှု ရည်မှန်းချက်တွေအနေနဲ့ ကျွန်မ သဘောထားခဲ့ပုံကို ပြန်သတိရမိတယ်။ ထင်ပေါ်အောင်လို့ ကျောင်းသူဖြစ်ခဲ့တုန်းက သူများတွေထက် အဆပေါင်းများစွာ ပိုကြိုးစားခဲ့တယ်၊ အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲ ကျရှုံးပြီး နောက်ပိုင်း အလုပ်ကောင်းကောင်း ရှာမတွေ့နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးစပြုလာပြီး ဘဝမှာ ယုံကြည်မှုပျောက်ဆုံးခဲ့တယ်။ သမီးလေးမွေးပြီးတဲ့နောက်မှာတော့ ကျွန်မရဲ့မျှော်လင့်ချက်တွေအားလုံးကို သူ့အပေါ်မှာ ထားခဲ့တယ်။ စာသင်ကြားမှုအပေါ် သူ့ရဲ့ စိတ်ဝင်စားမှုကို ပျိုးထောင်ပေးဖို့ ငယ်တဲ့အရွယ်ကစပြီး သူ့အထဲကို စပြီး အသိပညာ သွတ်သွင်းခဲ့တယ်၊ ရလဒ်အနေနဲ့ ကလေးဘဝရဲ့ ပျော်ရွှင်မှုကို သူ ဆုံးရှုံးခဲ့ရတယ်။ သမီးကျောင်းစတက်တော့ သူ့ရဲ့သင်္ချာအမှတ်တွေမကောင်းတာကို မြင်တော့ သူ့ရဲ့အမှတ်တွေ တက်အောင်လို့ ကျူရှင်ယူဖို့ သူ့ကို ဖိအားပေးခဲ့ပြီး သူ တိုးတက်မလာတဲ့အခါမှာ ကျွန်မဒေါသထွက်ပြီး သူ့ကိုဆူပူကြိမ်းမောင်းခဲ့တယ်။ သူ့အပေါ်မှာ နားလည်မှု၊ သနားကြင်နာမှု တစ်စက်မှမရှိခဲ့ဘူး။ ကျွန်မကို သူ့အပေါ် ဖိအားပေးမြဲပေးနေခဲ့လို့ သူ့ရဲ့နုနယ်တဲ့နှလုံးသားလေးဟာ ကြီးမားတဲ့စိတ်ဖိစီးမှုတွေနဲ့ ဝန်ပိလာခဲ့ရပြီး ကျွန်မတို့က အချင်းချင်း အရင်ထက်ပိုပြီး ခပ်တန်းတန်း ဖြစ်လာခဲ့တယ်။ အပြင်ပန်းမှာတော့ ဒါတွေအားလုံးကို သူကောင်းဖို့အတွက် ကျွန်မ လုပ်ပေးနေတဲ့ပုံပေါ်ပေမဲ့ တကယ်တော့ ကိုယ့်ရဲ့မပြည့်ဝခဲ့တဲ့အိပ်မက်တွေကို သူ့အပေါ်ပုံချပြီး ကျွန်မကိုယ်စား အကောင်အထည်ဖော်ခိုင်းနေခဲ့တာပါ။ ကျွန်မကို ထင်ပေါ်အောင်လုပ်ပေးမဲ့ တန်ဆာပလာတစ်ခုလို သဘောထားခဲ့တယ်။ ကျွန်မ တကယ်ကို လူ့သဘာဝမရှိလိုက်တာ။ ဒါတွေအားလုံးကို သဘောပေါက်သွားတော့ ကျွန်မစိတ်ထဲမှာ အရမ်းကို နောင်တရသွားတယ်။ စာတန်ရဲ့လှည့်စားမှုနဲ့ ထိခိုက်နစ်နာအောင်လုပ်တာကို ဆက်ပြီးမခံချင်တော့ဘူး။
ကျွန်မ ဆက်ပြီးရှာဖွေခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “လူတစ်ယောက်က ၎င်း၏မွေးဖွားခြင်း၊ ရင့်ကျက်လာခြင်း၊ သို့မဟုတ် အိမ်ထောင်ပြုခြင်းတို့ဖြင့် မည်သို့ မကျေမနပ် ဖြစ်စေကာမူ၊ ဤအရာတွေကို ဖြတ်သန်းပြီးသည့်သူတိုင်းက တစ်ဦးတစ်ယောက်သည် မည်သည့်နေရာ၊ မည်သည့်အချိန်၌ မွေးသည်၊ မည်သို့ပုံစံရှိသည်၊ မိဘများက မည်သူဖြစ်သည် ဆိုသည်နှင့် အိမ်ထောင်ဖက်က မည်သူဆိုသည်တို့ကို ရွေးချယ်၍ မရဘဲ ကောင်းကင်ဘုံ၏ အလိုကိုသာ လက်ခံနိုင်သည်ကို သိကြလေသည်။ သို့တိုင်အောင် လူတို့အတွက် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ရန် အချိန်ရောက်လာသည့်အခါ ၎င်းတို့၏ သားသမီးများသည် ၎င်းတို့ဘဝ ပထမတစ်ဝက်၌ ကြုံတွေ့ခဲ့ရသည့် စိတ်ပျက်စရာများ အားလုံးအတွက် ပြန်လည်ဖြည့်ဆည်း ပေးလိမ့်မည်ဟု မျှော်လင့်ရင်း ၎င်းတို့၏ဘဝ ပထမတစ်ဝက်၌ ၎င်းတို့ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြသည့် လိုအင်ဆန္ဒအားလုံးကို သူတို့၏ မျိုးဆက်များအပေါ် လွှဲချလိုက်သည်။...ဤဘဝတွင် ၎င်းတို့က အစွမ်းအစ မရှိ၊ မည်သည့်အရာမျှ ဖြစ်ဖြစ်မြောက်မြောက် မရှိကြောင်း၊ လူအုပ်ထဲမှ ထင်ပေါ်ဖို့ နောက်ထပ်အခွင့်အရေး၊ နောက်ထပ် မျှော်လင့်ချက်ရှိမည်မဟုတ်ကြောင်းနှင့် ၎င်းတို့၌ သူတို့ကံကြမ္မာများကို လက်ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ကြောင်းတို့ကို သိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ သားသမီးများက ၎င်းတို့၏ အိပ်မက်များကို ဖြစ်မြောက်အောင်မြင်ရန်၊ သူတို့၏ လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရန်၊ ၎င်းတို့၏ သားများ၊ သမီးများသည် မိသားစုနာမည် ဂုဏ်ဆောင်လာရန်၊ ထင်ရှားသော အဆင့်တန်း ရရှိရန်၊ ချမ်းသာသူ သို့မဟုတ် ကျော်ကြားသူများဖြစ်လာရန် မျှော်လင့်ရင်းနှင့် ၎င်းတို့၏ မျှော်လင့်ချက်များ၊ ၎င်းတို့၏ အကောင်အထည်မဖော်ခဲ့ရသည့် လိုအင်ဆန္ဒများနှင့် ရည်သန်မျှော်မှန်းချက်များ အားလုံးကို နောက်မျိုးဆက်ဆီသို့ လွှဲချလိုက်ကြသည်။ အတိုချုပ်အနေနှင့် ၎င်းတို့သားသမီးများ၏ အလွန်အမင်း အောင်မြင်သည်ကို သူတို့ မြင်လိုကြသည်။ လူတို့၏ အစီအစဉ်များနှင့် စိတ်ကူးယဉ်မှုများက ပြည့်စုံသည်။ ၎င်းတို့ကလေးများ၏ ကံကြမ္မာက ၎င်းတို့လက်များ၌ လုံးဝ ရှိမနေသည်ကို မဆိုထားနှင့်၊ ၎င်းတို့တွင်ရှိသည့် သားသမီးအရေအတွက်၊ ၎င်းတို့ သားသမီးများ၏ အသွင်အပြင်၊ အရည်အချင်းနှင့် ထိုကဲ့သို့သော အရာများကို ၎င်းတို့ဆုံးဖြတ်သတ်မှတ်၍ မရနိုင်ကြောင်းကို ၎င်းတို့ မသိကြသလော။ လူသားများသည် ၎င်းတို့ကိုယ်ပိုင် ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်ကြပေ။ သို့တိုင် ငယ်ရွယ်သည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းလဲဖို့ မျှော်လင့်ကြသည်။ ၎င်းတို့၏ကံကြမ္မာများမှ လွတ်မြောက်နိုင်စွမ်းမရှိကြပါ။ သို့တိုင် ၎င်းတို့၏ သားများ၊ သမီးများ၏ ကံကြမ္မာကို ကြိုးကိုင်ညွှန်ကြားဖို့ ကြိုးစားကြ၏။ သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ အထင်ကြီးနေကြခြင်း မဟုတ်လော။ ဤကား လူသား၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း မဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) “လူတစ်ယောက်က မည်သည့် အလုပ်အကိုင်ကို ရှာဖွေလိုက်စားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ကြွယ်ဝချမ်းသာမှု မည်မျှ စုဆောင်းသည် စသည်တို့သည် မိမိ၏မိဘ၊ မိမိပါရမီ၊ အားစိုက်ထုတ်မှုများ သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့အခြေအနေမှန်ကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မက ကိုယ့်ရဲ့မပြည့်ဝခဲ့တဲ့ဆန္ဒတွေကို သမီးအပေါ်မှာ တကယ် ပုံအပ်ခဲ့တာပဲ။ သူ ထင်ပေါ်နိုင်ပြီး ကျွန်မရဲ့ လိုအင်ဆန္ဒတွေကို အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်နေမိခဲ့တယ်။ ဒါကြောင့် ကိုယ့်ရဲ့အားထုတ်မှုတွေကတစ်ဆင့် သူ့ရဲ့ကံကြမ္မာကို ထိန်းချုပ်နိုင်ဖို့ အရာအားလုံးကို ကျွန်မ ကြိုးစားခဲ့တယ်။ တကယ်တော့ လူတိုင်းရဲ့ကံကြမ္မာက ဘုရားသခင်ရဲ့လက်ထဲမှာပဲရှိတာ၊ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မသိခဲ့ဘူး။ “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” ဆိုတာနဲ့ “လူတစ်ဦး၏ ကံကြမ္မာသည် ထိုသူ၏ လက်ထဲတွင် ရှိ၏” ဆိုတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အယူအဆတွေနဲ့ အသက်ရှင်ခဲ့တဲ့အပြင်၊ သမီးရဲ့အနာဂတ်ကို အမြဲတမ်း ထိန်းချုပ်ချင်ခဲ့တယ်။ အသိပညာရှိပေမဲ့ အဲဒါကြောင့် သူတို့ရဲ့ ကံကြမ္မာ မပြောင်းလဲခဲ့တဲ့ ကျွန်မအနီးနားက အလုပ်လုပ်ပေးသူတွေအားလုံးကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မက အဓိက ပုံသက်သေတစ်ခုပဲလေ။ အသိပညာကနေတစ်ဆင့် ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ ကျွန်မ အမြဲကြိုးစားခဲ့ပေမဲ့၊ ဘွဲ့ရတော့ ချက်ချင်းအလုပ်ထုတ်ခံခဲ့ရပြီး အလုပ်လုပ်ခွင့် ဒါမှမဟုတ် ကိုယ်လေ့လာခဲ့ပြီးတဲ့အရာကို အသုံးပြုခွင့်တောင် မရခဲ့ဘူး။ လူတစ်ယောက်ရဲ့ ကံကြမ္မာက သူ့လက်ထဲမှာ မရှိတာကို ကျွန်မ မြင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မကတော့ ထင်ယောင်ထင်မှားနဲ့ သမီးရဲ့ကံကြမ္မာကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့မိတယ်။ ကျွန်မဟာ အရမ်း မာနထောင်လွှားပြီး မသိနားမလည်ဖြစ်ခဲ့သလို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့တာပဲ။ ကျွန်မသမီးရဲ့ကံကြမ္မာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာဖြစ်ပြီး၊ ဒါတွေက လူ့တွေရဲ့ အားထုတ်မှု ဒါမှမဟုတ် လေ့လာသင်ယူမှုနဲ့ ပြောင်းလဲလို့ရတဲ့အရာတွေ မဟုတ်ဘူး။ မူလတန်းကျောင်းပညာရေးတစ်ခုပဲရှိပေမဲ့ တစ်နိုင်ငံလုံးအနှံ့ ဆိုင်ခွဲတွေဖွင့်နိုင်ခဲ့ပြီး ကောလိပ်ဘွဲရကျောင်းဆင်းတွေ အများကြီးက အဲဒီဆိုင်တွေမှာ အလုပ်ရှာရတဲ့ ကျွန်မယောက်ျားရဲဲ့မိတ်ဆွေတစ်ယောက်ကို တွေးမိတယ်။ ဒီအတိုင်းသား ခြားနားမှုကြီးက လူ့ကံကြမ္မာကို အသိပညာက မပြောင်းလဲနိုင်ဘူးဆိုတာနဲ့ ကျွန်မကလေးရဲ့ သင်ယူမှုတွေကို သူ့ဘာသာ ဖြစ်ခွင့်ပေးသင့်တယ်ဆိုတာတွေကို ကျွန်မကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်စေခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မရဲ့ တောင်းဆိုချက်တွေအတိုင်း စာလုပ်ဖို့ သမီးကို အတင်းအကျပ်မခိုင်းတော့ဘူး၊ ပြီးတော့ တွန်းသင်ပေးတဲ့ အတန်းတွေကိုလည်း ကျွန်မ သူ့ကို မတက်ခိုင်းတော့ဘူး။ အဲဒီအစား သူနဲ့ပတ်သက်တဲ့ အရာတိုင်းကို ဘုရားလက်ထဲပဲ အပ်နှံလိုက်တယ်။ သမီးကို ဧဝံဂေလိတရားလည်း ဟောပြောခဲ့တယ်။ သူ့မှာ အချိန်ရှိတဲ့အခါတိုင်း သူ့အရွယ် ညီအစ်ကို မောင်နှမတွေနဲ့ သူ စုဝေးခဲ့ပြီး သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကလည်း တဖြည်းဖြည်းကောင်းလာတယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နောက်ဆုံးရ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်မမှာရှိတဲ့ပြဿနာတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းမြင်လာတယ်။ မိဘတွေက သူတို့သားသမီးတွေအပေါ် တကယ်ဖြည့်ဆည်းသင့်တဲ့တာဝန်က ဘာလဲဆိုတာကိုလည်း နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိဘများ၏ ခံစားချက်အရ အသိစိတ်အတွင်းတွင် ၎င်းတို့သည် ၎င်းတို့သားသမီးများ၏ အနာဂတ်နှင့်ပတ်သက်ပြီး အမျိုးမျိုးသော အမှုကိစ္စများကို မှန်းကြည့်ကာ စီစဉ်ပြီး အဆုံးအဖြတ်ပေးသည်။ ပြီးလျှင် ရလဒ်အနေဖြင့် ၎င်းတို့တွင် ဤမျှော်မှန်းချက်များကို ဖြစ်ပေါ်လာသည်။ ဤမျှော်မှန်းချက်များ၏ လှုံ့ဆော်မှုအောက်တွင် မိဘများသည် ၎င်းတို့သားသမီးများအား ကျွမ်းကျင်မှု အမျိုးမျိုးကို လေ့လာရန်၊ ပြဇာတ်ရေးသားထုတ်လုပ်မှုနှင့် အက၊ သို့မဟုတ် အနုပညာ စသည်တို့ကို လေ့လာရန် တောင်းဆိုသည်။ ၎င်းတို့သည် ၎င်းတို့၏ သားသမီးများကို ပါရမီရှိသောပုဂ္ဂိုလ်များဖြစ်ရန်၊ ထို့နောက်တွင် ၎င်းတို့ကို အထက်လူကြီးများဖြစ်ရန်၊ လက်အောက်ငယ်သားများမဖြစ်ရန် တောင်းဆိုသည်။ ၎င်းတို့သားသမီးများကို ရာထူးကြီးသော အရာရှိများဖြစ်ရန်၊ ခြေလျင်တပ်သားများမဖြစ်ရန် တောင်းဆိုကြသည်။ ၎င်းတို့၏ သားသမီးများကို တစ်ကမ္ဘာလုံးတွင် ထိပ်တန်းဖြစ်သော ကုမ္ပဏီ ၅၀၀ ၌ အလုပ်လုပ်နေသည့် မန်နေဂျာ၊ စီအီးအို၊ အလုပ်အမှုဆောင်များစသည်တို့ ဖြစ်လာရန် တောင်းဆိုသည်။ ဤသည်တို့အားလုံးမှာ မိဘများ၏ စိတ်ခံစားချက်အရ ဖြစ်သော စိတ်ကူးများဖြစ်သည်။...မိဘများသည် လူကြီးများ၏ အမှုအရာများအပေါ် ရှုမြင်သည့် နည်းလမ်းအပြင် ကမ္ဘာလောက၏ အမှုကိစ္စများနှင့်ပတ်သက်ပြီး လူကြီးတစ်ဦး၏ အမြင်၊ ရှုထောင့်၊ နှစ်သက်မှုတို့ကိုသာ လုံးလုံး အခြေခံပြီး သားသမီးများအပေါ် မျှော်လင့်ချက်များ ပုံအောထားသည်။ ဤသည်မှာ ခံစားချက်အရဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်က ယင်းကို ကောင်းစွာဖွင့်ဆိုရလျှင် ယင်းသည် ခံစားချက်အရဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် အမှန်တကယ်တွင် အဘယ်သို့ ဖြစ်သနည်း။ ဤခံစားချက်အရဖြစ်ခြင်း၏ အခြားအနက်ဖွင့်ဆိုမှုမှာ အဘယ်နည်း။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်သလော။ အကျပ်ကိုင်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် လူ့အဖွဲ့အစည်းတွင် ဤအလုပ်၊ ထိုအလုပ်ကို၊ ထိုထိုသော အသက်မွေးမှုအလုပ်ကို နှစ်သက်သည်။ လူ့အဖွဲ့အစည်းတွင် အခြေခိုင်ခြင်း၊ မက်မောဖွယ်ဘဝကို နေထိုင်ရခြင်း၊ အရာရှိအဖြစ် အမှုထမ်းရခြင်း၊ သို့မဟုတ် ချမ်းသာခြင်းတို့ကို သင်နှစ်သက်သည်။ ထို့ကြောင့် သင့်သားသမီးများကိုလည်း ထိုအရာများအား သင် လုပ်ဆောင်စေသည်။ ထိုသို့သောသူမျိုး ဖြစ်စေသည်။ ပြီးလျှင် ထိုလမ်းကြောင်းမျိုးကို လျှောက်စေသည်။ သို့သော် ၎င်းတို့သည် အနာဂတ်တွင် ထိုပတ်ဝန်းကျင်၌ နေထိုင်ရခြင်းနှင့် ထိုအလုပ်ကို ထိတွေ့လုပ်ဆောင်ရခြင်းကို နှစ်သက်မည်လော။ ၎င်းတို့သည် ယင်းနှင့် သင့်တော်သလော။ ၎င်းတို့၏ ခရီးပန်းတိုင်များက အဘယ်နည်း။ ၎င်းတို့နှင့်ပတ်သက်ပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် ပြဋ္ဌာန်းချက်များက အဘယ်နည်း။ ဤအရာများကို သင်သိသလော။ လူအချို့က ‘ထိုအရာများကို ကျွန်ုပ် ဂရုမစိုက်ပါ။ အရေးကြီးသည်မှာ သူတို့၏မိဘဖြစ်သည့် ကျွန်ုပ်နှစ်သက်သည့်အရာများသာ ဖြစ်သည်။ ကျွန်ုပ်နှစ်သက်သည့် အရာများကို အခြေခံ၍သာ သူတို့အပေါ် မျှော်လင့်ချက်များထားမည်’ ဟု ဆိုသည်။ ဤသည်မှာ အလွန် တစ်ကိုယ်ကောင်းမဆန်သလော။ (ဆန်ပါသည်။) ယင်းသည် အလွန်တစ်ကိုယ်ကောင်းဆန်သည်။ ကောင်းမွန်စွာ ဆိုရလျှင် ယင်းသည် အလွန်တစ်ဖက်သတ်ဆန်သည်။ ၎င်းတို့ဘာသာ အားလုံးကို ဆုံးဖြတ်နေခြင်း ဖြစ်သည်။ သို့သော် ယင်းသည် အမှန်တကယ်တွင် အဘယ်နည်း။ အလွန်တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သည်။ ဤမိဘများသည် ၎င်းတို့သားသမီးများ၏ အစွမ်းအစ၊ သို့မဟုတ် ပါရမီကို ထည့်မတွက်ပေ။ လူတစ်ဦးချင်းစီ၏ ကံကြမ္မာနှင့် ဘဝအတွက် ဘုရားသခင်၌ ရှိသော အစီအစဉ်များကို ၎င်းတို့ ဂရုမစိုက်ပေ။ ဤအရာများကို ၎င်းတို့ ထည်မတွက်ပေ။ ၎င်းတို့သည် လိုရာဆွဲတွေးလျက် ၎င်းတို့သားသမီးများအပေါ် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှု၊ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို အဓမ္မပုံချသည်။ လူအချို့က ‘ကျွန်ုပ်၏ ကလေးအပေါ် ဤအရာများကို အတင်းလုပ်ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို နားလည်ဖို့ ငယ်လွန်းသည်။ ပြီးလျှင် ၎င်းတို့ နားလည်သည့်အချိန်တွင် ယင်းမှာ နောက်ကျနေမည် ဖြစ်သည်’ ဟု ဆိုကြသည်။ ယင်းမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အမှန်ပင် အလွန်နောက်ကျသွားလျှင် ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်သည်။ ဤသည်မှာ ၎င်းတို့မိဘများ၏ တာဝန်မဟုတ်ပေ။ သင်နားလည်သည့်အရာများကို သင့်သားသမီးများအပေါ် အတင်းအဓမ္မ လုပ်ဆောင်လျှင် သင်က နားလည်ရုံဖြင့် ၎င်းတို့က ပို၍ အလျင်အမြန် နားလည်မည်လော။ (နားလည်မည်မဟုတ်ပါ။)...မိဘများက ၎င်းတို့၏ သားသမီးများအား ငယ်ရွယ်စဉ်ကတည်းက ‘လူများနှင့် ဆက်ဆံသည့်အခါတွင် တစ်စုံတစ်ခုကို ထိမ်ချန်ထားရမည်’ဟု သင်ကြားပေးလျှင်ပင် ၎င်းတို့က အယူဝါဒတစ်မျိုးအဖြစ်သာ ခံယူလိမ့်မည်။ ၎င်းတို့သည် ယင်းကို အမှန်တကယ် နားလည်သည့်အခါတွင်သာ မိမိတို့မိဘများ၏ အကြံအရ အမှန်တကယ် ပြုမူဆောင်ရွက်လိမ့်မည်။ ၎င်းတို့မိဘများ၏ အကြံကို ၎င်းတို့ နားမလည်သောအခါ ၎င်းတို့မိဘများက ၎င်းတို့ကို မည်မျှသွန်သင်ဖို့ ကြိုးစားပါစေ ၎င်းတို့အတွက် အယူဝါဒတစ်မျိုးသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ‘ကမ္ဘာကြီးက အပြိုင်အဆိုင်အရမ်းများသည်။ လူများက အလွန်ဖိအားများသည်။ ကျွန်ုပ်၏ သားသမီးများကို ငယ်စဉ်ကတည်းက စတင် သွန်သင်ထားခြင်း မရှိလျှင် နောင်တွင် ဒုက္ခနှင့် စိတ်ဆင်းရဲမှုကို ခံစားရလိမ့်မည်’ ဟူသည့် မိဘများတွင်ရှိသော အယူအဆသည် ယုတ္တိရှိသလော။ (မရှိပါ။) သင်သည် အနာဂတ်တွင် သင်၏သားသမီးများက များစွာ ဒုက္ခမခံရနိုင်ရန်အတွက် သင်၏ သားသမီးများအား ထိုဖိအားကို စောစီးစွာ ထမ်းခိုင်းနေခြင်းဖြစ်သည်။ ၎င်းတို့က မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်သေးသည့် အရွယ်တွင် စတင်ပြီး ထိုဖိအားကို ခံရသည်။ ဤသို့လုပ်ဆောင်ရာတွင် သင်သည် သင့်သားသမီးများကို ထိခိုက်နေခြင်း မဟုတ်လော။ သင်သည် အမှန်တကယ် ၎င်းတို့ကောင်းဖို့အတွက် လုပ်ဆောင်နေခြင်း ဖြစ်သလော။ ဤအရာများကို ၎င်းတို့ နားမလည်သည်က ပိုကောင်းသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သက်သောင့်သက်သာဖြစ်သော၊ ပျော်ရွှင်သော၊ သန့်ရှင်းသော၊ ရိုးရှင်းသောပုံစံဖြင့် နှစ်အနည်းငယ် နေထိုင်နိုင်သည်။ ၎င်းတို့သည် ထိုအရာများကို စောစီးစွာ နားလည်ခဲ့လျှင် ယင်းသည် ကောင်းချီးဖြစ်မည်လော၊ သို့မဟုတ် ကံဆိုးခြင်း ဖြစ်မည်လော။ (ကံဆိုးခြင်း ဖြစ်ပါလိမ့်မည်။) ဟုတ်သည်။ ကံဆိုးခြင်း ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီးတဲ့နောက်မှာ သမီးအတွက် ကျွန်မရဲ့ချစ်ခြင်းမေတ္တာက ကျဉ်းမြောင်းပြီး တစ်ကိုယ်ကောင်းဆန်ခဲ့ပုံကို ကျွန်မ သဘောပေါက်သွားတယ်။ ထင်ပေါ်ဖို့ဆိုတဲ့ ကျွန်မရဲ့ကိုယ်ပိုင် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့ ကျွန်မရဲ့အမြင်တွေကို သူ့အပေါ် တစ်ဖက်သတ်ပုံချခဲ့တယ်၊ သူ့ရဲ့ စွမ်းရည်တွေ ဒါမှမဟုတ် အစွမ်းအစကို ထည့်မစဉ်းစားဘဲ သူ့အနာဂတ်အတွက် အစီအစဉ်တွေဆွဲခဲ့တယ်၊ ပြီးတော့ ဖိအားနဲ့ ဘောင်ခတ်တာတွေ သုံးပြီး သူ့ကို စာကြည့်ဖို့ အတင်းအကျပ်ပြုတဲ့နည်းလမ်းတွေ သုံးခဲ့တယ်။ သူ့အမှတ်တွေ တိုးတက်မလာတာကိုမြင်တော့ ရူးသွားသလိုပဲ သူ့ကို အော်ဟစ်ငေါက်ငမ်းခဲ့တယ်၊ ဒါကြောင့် သူက ပိုပိုပြီးတစ်ယောက်တည်း သီးခြားနေတတ်လာပြီး လွတ်လပ်မှုနဲ့ နေရာ ဆုံးရှုံးသွားစေခဲ့တယ်။ ကျွန်မလုပ်ခဲ့သမျှအားလုံးက သူ့ကို ချုပ်ချယ်ပြီး ချည်နှောင်နေခဲ့တာပဲ။ ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို နှစ်သက်ပြီး အမြဲ ထင်ပေါ်ချင်ခဲ့တယ်၊ ဒါကြောင့် ကိုယ့်လိုအင်ဆန္ဒတွေ တကယ်ဖြစ်မလာတဲ့အခါ၊ အဲဒါတွေကို ကျွန်မသမီးအပေါ် ထားခဲ့တယ်၊ ကျွန်မရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ သူ့ကို အတင်းအကျပ်ခိုင်းပြီး စာလုပ်ဖို့ လွန်ကဲတဲ့ဖိအားတွေ ပေးခဲ့တယ်။ သူဘာကိုကြိုက်တယ်၊ ဘာကိုတော်တယ်ဆိုတာကို သူ့နေရာကနေ ဝင်ပြီး တစ်ခါမှ မစဉ်းစားပေးခဲ့ဘူး။ ကျွန်မရဲ့ဖိအားကြောင့် သူက ပိုပိုပြီး တသီးတသန့်နေတတ်လာပြီး ပိုသိမ်ငယ်လာတာကို မြင်နေရတဲ့အခါမှာတောင် ကျွန်မရဲ့ မျှော်လင့်ချက်တွေကို ပြည့်မီဖို့ သူ့ကို မရမက တောင်းဆိုနေတုန်းပဲ။ ဒါကြောင့် သူက နာကျင်မှုတွေကြားမှာ အမြဲတမ်း အသက်ရှင်နေခဲ့ရတယ်။ ကျွန်မ တကယ်ကို ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ ကျွန်မသမီးက ငယ်သေးတယ်၊ ပျော်ပျော်ပါးပါးနေချင်တဲ့အရွယ်ဖြစ်ပေမဲ့၊ ကျွန်မက သူ့အထဲကို စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ဥပဒေသတွေ အတင်းအကျပ် သွတ်သွင်းခဲ့တယ်၊ သူ မခံစားသင့်တဲ့ ဖိအားတွေနဲ့ နာကျင်မှုတွေကို အတင်းခံစားစေခဲ့တယ်။ ကျွန်မသမီးအပေါ်လုပ်ခဲ့တဲ့အရာတွေက ချစ်ခြင်းမေတ္တာလုံးဝမဟုတ်ဘဲနဲ့၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတစ်မျိုးပဲ။ တကယ်လို့ ကျွန်မသမီးကို တကယ်ချစ်ပြီး သူ့အတွက် တာဝန်ယူတယ်ဆိုရင် ကိုယ့်ဆန္ဒတွေကို သူ့အပေါ် ချမှတ်မဲ့အစား၊ သူ့ရဲ့ စိတ်ဝင်စားမှုတွေနဲ့ စွမ်းရည်တွေအတိုင်း သူ့ကို ပညာသင်ပေးသင့်ပြီး မှန်မှန်ကန်ကန် လမ်းညွှန်ပေးသင့်တယ်။ ကိုယ့်လုပ်ရပ်တွေကို ပြန်သုံးသပ်ကြည့်တော့ ကျွန်မအရမ်းကို နောင်တရတယ်၊ ကျွန်မမှာ လူ့သဘာဝမရှိဘူးဆိုတာကို သဘောပေါက်သွားတယ်။ ဒီမသင့်တော်တဲ့မျှော်လင့်ချက်တွေကို သူ့အပေါ်မှာ ကျွန်မ ချမှတ်လို့မဖြစ်တော့ဘူး။
အဲဒီအချိန်ကစပြီး ဘုရားနှုတ်ကပတ်တော်ကိုဖတ်ရာကနေ မိခင်တစ်ယောက်အနေနဲ့ ကျွန်မဖြည့်ဆည်းသင့်တဲ့တာဝန်ကို နားလည်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိဘများ၏ မိမိတို့၏ သားသမီးများအပေါ်ထားရှိသော မျှော်လင့်ချက်များ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် ဤမျှော်လင့်ချက်များသည် တစ်ကိုယ်ကောင်းဆန်ကြောင်း၊ လူ့သဘာဝနှင့် ဆန့်ကျင်ကြောင်းနှင့် မိဘများ၏ တာဝန်ဝတ္တရားများနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ မိဘများသည် မိမိတို့၏ သားသမီးများအပေါ် မျှော်လင့်ချက်များနှင့် တောင်းဆိုချက်အမျိုးမျိုးကို အတင်းအကျပ် သက်ရောက်စေသည့်အခါ ၎င်းတို့အပေါ် အလွန်အမင်း ပိုလျှံသော ဖိအားတစ်ခုကို သက်ရောက်စေခြင်းဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း မဟုတ်ပေ။ သို့ဆိုလျှင် မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ အနည်းဆုံးတော့ ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ရိုးသားသောသူများဖြစ်ရန်၊ ရိုးသားသောစကားကို ပြောဆိုရန်နှင့် အမှုအရာများကို ရိုးသားစွာ လုပ်ဆောင်ရန် သင်ကြားပေးသင့်သည့်အပြင် ၎င်းတို့ကို ကြင်နာတတ်သောစိတ်နှလုံးရှိသူများ ဖြစ်လာစေရန်နှင့် မကောင်းမှုများကို မပြုလုပ်ရန် သင်ကြားပေးကာ အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခု၌ လမ်းညွှန်ပေးသင့်သည်။ ဤသည်တို့မှာ ၎င်းတို့၏ အခြေခံအကျဆုံးသော တာဝန်ဝတ္တရားများ ဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ အစွမ်းအစနှင့် အခြေအနေများပေါ်မူတည်၍ လက်တွေ့ကျသော အသိပညာနှင့် ကျွမ်းကျင်မှုများကို လေ့လာရန် စသည်ဖြင့် လမ်းညွှန်ပေးသင့်သည်။ အကယ်၍ မိဘများသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို နားလည်ပါက ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုစေပြီး သမ္မာတရားကို လက်ခံစေသင့်သည်၊ သို့မှသာ ၎င်းတို့သည် ဖန်ဆင်းရှင်ကို သိရှိလာမည်ဖြစ်ပြီး လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်းနှင့် ဤစကြဝဠာတွင် ဘုရားသခင် တည်ရှိတော်မူကြောင်းကို နားလည်လာမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်သင့်သည်၊ သို့မှသာ ၎င်းတို့သည် အချို့သော သမ္မာတရားများကို နားလည်နိုင်မည်ဖြစ်ပြီး ကြီးပြင်းလာပြီးနောက်တွင် ဘုရားသခင်ကို ယုံကြည်နိုင်မည်ဖြစ်ကာ ဘုရားသခင်နောက်လိုက်နိုင်မည်ဖြစ်ပြီး လောကီရေးရာ ခေတ်ရေစီးကြောင်းများနောက် လိုက်ခြင်း၊ အမျိုးမျိုးသော ရှုပ်ထွေးသည့် လူအချင်းချင်း ဆက်ဆံရေးများအတွင်း ပိတ်မိနေခြင်းနှင့် ဤလောက၏ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများ၏ သွေးဆောင်ဖြားယောင်းခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် နင်းခြေဖျက်ဆီးခြင်းတို့ကို ခံရမည့်အစား ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ဤသည်တို့မှာ မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ အမှန်တကယ်ပင် ဖြစ်ကြသည်။ ၎င်းတို့ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများမှာ မိဘများ၏ အခန်းကဏ္ဍ၌ မိမိတို့၏ သားသမီးများ အရွယ်မရောက်မီ ၎င်းတို့အား အပြုသဘောဆောင်သော လမ်းညွှန်မှုနှင့် သင့်လျော်သော အကူအညီများ ပေးရန်အပြင် နေ့စဉ်သုံးလိုအပ်ချက်များနှင့်ပတ်သက်၍ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာများတွင် ၎င်းတို့ကို အချိန်မီ ဂရုစိုက်စောင့်ရှောက်ရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့၏ သားသမီးများ ဖျားနာပါက မိဘများသည် လိုအပ်သည့်အခါတိုင်း ၎င်းတို့ကို ဆေးကုသမှု ခံယူစေသင့်သည်၊ ၎င်းတို့သည် မိမိတို့၏ သားသမီးများ၏ ကျောင်းစာများ နောက်ကျမည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့ကို ကျောင်းဆက်တက်စေပြီး ဆေးကုသမှုကို လျစ်လျူရှုခြင်း မပြုသင့်ပေ။ ၎င်းတို့၏ သားသမီးများ ပြန်လည်ကျန်းမာလာစေရန် အနားယူရန် လိုအပ်သည့်အခါ ၎င်းတို့ကို အနားယူခွင့်ပြုရမည်ဖြစ်ပြီး အနားယူရန် လိုအပ်သည့်အခါ အနားယူခွင့်ပြုရမည် ဖြစ်သည်။ ၎င်းတို့၏ သားသမီးများ၏ ကျန်းမာရေးကို သေချာစေခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့်အရာ ဖြစ်သည်၊ အကယ်၍ သားသမီးများသည် ၎င်းတို့၏ ကျောင်းစာများတွင် နောက်ကျကျန်ရစ်ပါက မိဘများသည် နောက်ပိုင်းတွင် ယင်းကို ပြန်လည်ကာမိစေရန် နည်းလမ်းတစ်ခု ရှာဖွေနိုင်သည်။ ဤသည်တို့မှာ မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ ဖြစ်ကြသည်။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ခိုင်မာသော အသိပညာများ ရရှိစေရန် ကူညီရမည်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို လမ်းမှန်ပေါ် လျှောက်လှမ်းနိုင်စေရန် လမ်းညွှန်ပြီး ပညာပေးရမည်ဖြစ်ကာ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ မကောင်းသော လားရာများနှင့် ဆိုးယုတ်သော အလေ့အကျင့်များ၏ လွှမ်းမိုးခြင်းကို မခံရစေရန် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာစေရမည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာစေရန်အလို့ငှာ သင့်လျော်သော လေ့ကျင့်ခန်းများကို အလေးထားလုပ်ဆောင်စေရမည်။ ဤသည်တို့မှာ မိဘများက မိမိတို့၏ သားသမီးများအပေါ် မည်သည့် လက်တွေ့မကျသော မျှော်လင့်ချက်များ သို့မဟုတ် တောင်းဆိုချက်များကိုမဆို အတင်းအကျပ် သက်ရောက်စေမည့်အစား လုပ်ဆောင်သင့်သော အမှုအရာများ ဖြစ်ကြသည်။ မိဘများသည် မိမိတို့၏ သားသမီးများ ၎င်းတို့၏ ဝိညာဉ်အတွက် လိုအပ်သော အမှုအရာများနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာများတွင် လိုအပ်သော အမှုအရာများ နှစ်မျိုးစလုံးနှင့်ပတ်သက်၍ မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည်။ ၎င်းတို့သည် အနွေးဓာတ်ရှိသော အစားအစာများကို စားသင့်ပြီး အအေးစာများကို မစားသင့်ကြောင်း၊ ရာသီဥတု အေးသည့်အခါ အအေးမိခြင်း သို့မဟုတ် တုပ်ကွေးမိခြင်းကို ရှောင်ရှားရန် အနွေးထည်များ ဝတ်ဆင်သင့်ကြောင်းကဲ့သို့သော အချို့သော သာမန်အသိပညာများကို ၎င်းတို့အား ပြောပြသင့်ပြီး မိမိတို့၏ ကိုယ်ပိုင်ကျန်းမာရေးကို ဂရုစိုက်တတ်စေရန် ကူညီပေးသင့်သည်။ ထို့အပြင် ၎င်းတို့၏ သားသမီးများ၏ နုနယ်သောစိတ်ထဲတွင် ၎င်းတို့၏ အနာဂတ်များနှင့်ပတ်သက်၍ ကလေးဆန်ပြီး မရင့်ကျက်သော အတွေးအခေါ်အချို့ သို့မဟုတ် အစွန်းရောက်သော အတွေးအခေါ်အချို့ ပေါ်ပေါက်လာသည့်အခါ မိဘများသည် ဤအရာကို ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အား မှန်ကန်သော လမ်းညွှန်မှု ပေးရမည်ဖြစ်ပြီး ထိုကလေးဆန်သော စိတ်ကူးယဉ်မှုများနှင့် အစွန်းရောက်သော အမှုအရာများကို ပြုပြင်ပေးရမည်၊ သို့မှသာ ၎င်းတို့၏ သားသမီးများသည် ဘဝ၏ လမ်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ ဤသည်မှာ မိဘများ၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ တစ်ဖက်တွင် မိဘ၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် မိမိတို့၏သားသမီးကို ဂရုစိုက်ခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် မိမိတို့၏သားသမီးကို လမ်းညွှန်အကြံပြုခြင်းနှင့် ပြုပြင်ပေးခြင်း၊ မှန်ကန်သော အတွေးများ၊ အမြင်များနှင့်ပတ်သက်ပြီး ၎င်းတို့အား လမ်းပြပေးခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) “၎င်းတို့၏ သားသမီးများက အရွယ်ရောက်သည်နှင့်အမျှ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် ဝတ္တရားများသည် ၎င်းတို့၏ သားသမီးများအပေါ် ဖိအားပေးရန်၊ ၎င်းတို့ကို ချည်နှောင်ရန်၊ သို့မဟုတ် ဝန်ထုပ်တစ်ခုပြီးတစ်ခု တိုးစေရင်း ၎င်းတို့၏ ရွေးချယ်မှုများနှင့် ပတ်သက်၍ မစွက်ဖက်ရန် ဖြစ်သည်။ ထိုအစား ၎င်းတို့၏ သားသမီးများ အရွယ်ရောက်လာနေသည်နှင့်အမျှ ၎င်းတို့၏ ပင်ကိုစရိုက်နှင့် အစွမ်းအစ မည်သို့ရှိစေ မိဘများ၏ တာဝန်မှာ ၎င်းတို့ကို အပြုသဘောဆောင်ပြီး မထိခိုက်စေသည့် ဦးတည်ချက်ဖြင့် လမ်းညွှန်ပေးရန်ဖြစ်သည်။ တစ်မူထူးပြီး မလျော်ကန်သည့် ဘာသာစကား၊ အပြုအမူ သို့မဟုတ် အတွေးများက မိမိတို့ သားသမီးများထံမှ ပေါ်ထွက်လာသည့်အခါ မိဘများက အချိန်မီ ဝိညာဉ်ရေးရာ အကြံပေးခြင်းနှင့် အပြုအမူဆိုင်ရာ လမ်းညွှန်ပေးခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကို ပေးသင့်ပေသည်။ ၎င်းတို့၏ သားသမီးများက စာလေ့လာရန် လိုလားနေသည်ဖြစ်စေ၊ မလိုလားနေသည်ဖြစ်စေ၊ ၎င်းတို့ မည်မျှကောင်းစွာ စာလေ့လာသည်ဖြစ်စေ၊ အသိပညာနှင့် ကျွမ်းကျင်မှုများကို လေ့လာရာတွင် ၎င်းတို့ မည်မျှ စိတ်ဝင်စားမှုရှိသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့ ကြီးပြင်းလာသည့်အခါ မည်သည့်အရာ လုပ်ဆောင်နိုင်သည်ဖြစ်စေ ဤအရာများကို ၎င်းတို့၏ သဘာဝကျသော ပင်ကိုအရည်အချင်းများနှင့် နှစ်သက်မှုများအပြင် ၎င်းတို့၏ စိတ်ဝင်စားမှုများကို ဖော်ထုတ်ခြင်းတို့နှင့် အံဝင်ခွင်ကျ စီမံသင့်ပြီး ထိုသို့ဖြင့် ၎င်းတို့၏ ကြီးပြင်းလာရသည့် ဖြစ်စဉ်အတောအတွင်းတွင် ကျန်းမာစွာ၊ လွတ်လပ်စွာနှင့် သန်မာစွာ ကြီးပြင်းခွင့်ပေးသင့်ပေသည်။ ဤသည်မှာ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ ထို့အပြင် ဤသည်မှာ မိဘများက မိမိတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ရည်မှန်းချက်များ၊ နှစ်သက်မှုများအပြင် စိတ်ဆန္ဒတို့ကို ၎င်းတို့၏ သားသမီးများအား အတင်းအကျပ် အကောင်အထည် ဖော်ခိုင်းခြင်းထက် မိမိတို့ သားသမီးများ၏ ကြီးထွားဖြစ်ထွန်းမှု၊ လေ့လာမှုများနှင့် အသက်မွေးလုပ်ငန်းအပေါ် မိဘများက ရှိသင့်သည့် သဘောထား ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) မိဘတစ်ယောက်ရဲ့တာဝန်ဆိုတာ ကလေးရဲ့အစွမ်းအစနဲ့ အားသာချက်တွေအပေါ် အခြေခံပြီး ပုံမှန် သင်ယူဖို့ လမ်းညွှန်ပေးရမယ်၊ သူတို့ ကြီးပြင်းတဲ့အတောအတွင်းမှာ ပြဿနာတွေပေါ်ပေါက်တဲ့အခါ အပြုသဘောဆောင်ပြီး တက်ကြွတဲ့ လမ်းညွှန်ချက်ပေးရမယ်၊ သူတို့တစ်ခုခု အမှားလုပ်မိတဲ့အခါ ဆုံးမပဲ့ပြင်ပေးပြီး အပြုသဘောနဲ့ အပျက်သဘောဆောင်တဲ့ အရာတွေကြား ခွဲခြားသိမြင်တတ်အောင် သွန်သင်ပေးရမယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မသိခဲ့တယ်။ ကလေးရဲ့အနာဂတ်ဘဝ၊ သူဘယ်လိုလူစားမျိုးဖြစ်လာမလဲ၊ ဘယ်လိုအသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်မလဲဆိုတာတွေအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေထဲမှာပဲရှိတယ်၊ မိဘတွေအနေနဲ့ ဘုရားသခင်ရဲ့အချုပ်အခြာအာဏာကို လက်ခံပြီး ကျိုးနွံနာခံသင့်တယ်။ ကိုယ့်တာဝန်ကို သေသေချာချာသိသွားတာနဲ့ သမီးကို ဘယ်လိုပညာပေးရမလဲဆိုတာကို ကျွန်မသိခဲ့တယ်။ ကျွန်မသမီးက ကျောင်းနဲ့အလုပ်မများတဲ့အခါ ကျွန်မတို့အတူတူ ဘုရားနှုတ်ကပတ်တော်ဖတ်တယ်၊ ဓမ္မသီချင်းတွေနားထောင်တယ်။ သူ့ရဲ စာလုပ်တဲ့နေရာမှာ ပြဿနာတွေရှိတဲ့အခါ ကျွန်မက တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကို သင်ပေးပြီး ဖိအားမထားဖို့လည်း ပြောပြခဲ့တယ်။ မမျှော်လင့်ဘဲ သူ့ရဲ့အမှတ်တွေက နည်းနည်းတိုးတက်လာတယ်။ နောက်ပိုင်း ကျွန်မသမီးက ပန်းချီဆွဲတာကို ဝါသနာပါတာမြင်တော့ သူ့ကို ပန်းချီသင်တန်းအပ်ပေးလိုက်တယ်။ သူက ကိုယ်ပိုင်ဝါသနာလေးတွေနဲ့ ဖြစ်လာတော့ သူ့ရဲ့စိတ်အခြေအနေကလည်း ပိုကောင်းလာတယ်။ ကျွန်မသမီးနဲ့ ကျွန်မလည်း ပိုရင်းနှီးသထက်ရင်းနှီးလာတယ်။
တစ်နေ့ ကျောင်းဆင်းချိန်မှာ သမီးကိုကျောင်းကြိုပြီး အိမ်ပြန်လာတဲ့လမ်းမှာ မိခင်တစ်ယောက်က သူ့သမီးကို အော်ဟစ်ပြီး စာမေးပွဲအမှတ်ညံ့လို့ ဆူပူနေတာကို တွေ့လိုက်တယ်။ ကလေးမလေးက ကြောက်လို့ တုန်နေတာပဲ။ အဲဒီအချိန်မှာ ကျွန်မသမီးလေးက ကျွန်မနားထဲကို တိုးတိုးလေးပြောတယ်၊ “မေမေ၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကျေးဇူးကြောင့် သမီးဒုက္ခမခံရတော့ဘူး။ သမီးနဲ့ပတ်သက်လို့ အမေလည်း ကြမ်းတမ်းခဲ့ပေမဲ့ အမေက အရင်လိုမဟုတ်တော့ဘူး၊ ပြီးတော့ အမေကောင်းတစ်ယောက် ဖြစ်လာပြီ” တဲ့။ သူဒီလိုပြောတာကို ကြားလိုက်ရတော့ ကျွန်မရင်ထဲမှာ နွေးထွေးသွားပြီး ငိုမိတော့မလိုဖြစ်ခဲ့တယ်။ ကျွန်မနှလုံးသားထဲမှာ ဘုရားသခင်အပေါ် ကျေးဇူးတင်စိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ လူ့ကံကြမ္မာက ဘုရားသခင်ရဲ့လက်ထဲမှာရှိတယ်ဆိုတာကို သိစေခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါ။ အဲဒါထက်ပိုပြီး သူတို့ကလေးတွေအပေါ် မိဘတွေရဲ့တာဝန်က ဘာဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ပြခဲ့တယ်။ ကျွန်မသမီးကို စာလုပ်ဖို့ အတင်းအကျပ်မခိုင်းတော့ဘူး၊ ဒါက သူ့မျက်စိထဲမှာ ကျွန်မကို အမေကောင်းတစ်ယောက်ဖြစ်စေခဲ့တယ်။ ကျွန်မက သမီးကို ညင်ညင်သာသာနဲ့ တိုးတိုးပြောလိုက်တယ်။ “ငါတို့နှစ်ယောက်လုံး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်သင့်တယ်” လို့ပေါ့။
အခု ကျွန်မသမီးက သူနာပြုကျောင်းတက်နေပြီ။ တစ်ခါတလေ ကျွန်မတို့ အနာဂတ်အလုပ်အကိုင်ကိစ္စတွေကို ဆွေးနွေးကြပေမဲ့ ကျွန်မစိတ်နှလုံးက အေးချမ်းနေပြီး အရာရာက ဘုရားသခင်ရဲ့လက်ထဲမှာပဲရှိတယ်လို့ ယုံကြည်တယ်။ ကလေးရဲ့အနာဂတ်အလုပ်အကိုင်အခြေအနေ ဘာပဲဖြစ်နိုင်ပါစေ ဘုရားသခင်ရဲ့စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားနေပါတယ်။ ဒီလိုပြောင်းလဲမှုနဲ့ အကျိုးရရှိတာတွေအားလုံးက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မ ငယ်ငယ်တုန်းက အိမ်မှာ မွေးချင်းငါးယောက်ရှိပြီး ကျွန်မက အကြီးဆုံးပါ။ ကျွန်မအဖေက အိမ်ရဲ့အဝေးမှာ နှစ်အတော်များများ အလုပ်လုပ်ခဲ့ပြီး၊...
ချန်မော့၊ တရုတ်ပြည်ကျွန်မက ပညာတတ်မိသားစုတစ်စုမှာ မွေးဖွားခဲ့တာပါ။ ကျွန်မမိဘတွေက “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင်...
လင်းကျိ၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ ညနေစောင်းမှာ၊ ရှင်းကွမ်းအသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက် ရဲအဖမ်းခံလိုက်ရတယ်လို့...
ကျွန်မ တော်တော်လေးငယ်သေးတဲ့အချိန်မှာ ကျွန်မမိဘတွေက ကွာရှင်းခဲ့ကြတယ်။ ကျွန်မအစ်မအကြီးနဲ့ကျွန်မက အဖေနဲ့ အတူနေခဲ့ပြီးတော့ ကျွန်မတို့ဘဝက...