ဖိအားများတဲ့ ပညာရေးဟာ ကျွန်မသမီးကို ထိခိုက်စေခဲ့တယ်
ကျွန်မ တော်တော်လေးငယ်သေးတဲ့အချိန်မှာ ကျွန်မမိဘတွေက ကွာရှင်းခဲ့ကြတယ်။ ကျွန်မအစ်မအကြီးနဲ့ကျွန်မက အဖေနဲ့ အတူနေခဲ့ပြီးတော့ ကျွန်မတို့ဘဝက တကယ့်ကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ကျွန်မတို့မိသားစုက မချမ်းသာတဲ့အပြင်၊ ကျွန်မရဲ့ အဆင့်တွေကလည်း ညံ့တယ်၊ ဒါကြောင့် ကျွန်မအလယ်တန်းရောက်တဲ့အခါ ကျောင်းထွက်ပြီးတော့ အလုပ်စလုပ်ခဲ့တယ်။ ကျွန်မက ပညာမတတ်တဲ့အတွက် လက်လုပ်လက်စားအလုပ်တချို့ကိုပဲ လုပ်ကိုင်နိုင်ခဲ့တယ်။ အဲဒီအလုပ်က ပင်ပန်းပြီး ရှက်စရာလည်းကောင်းတယ်။ ပညာမတတ်တဲ့သူဖြစ်လို့ ဒီဘဝမှာတော့ အောက်ခြေလူတန်းစားအလုပ်သမားပဲ ဖြစ်နိုင်တော့မယ်။ ဒါကြောင့် ကျွန်မအိမ်ထောင်ကျပြီး သမီးဦးလေးရတဲ့အချိန််မှာ၊ သမီးကို စာအရမ်းကြိုးစားပြီး အနာဂတ်မှာ တက္ကသိုလ်ကောင်းတစ်ခုတက်ရောက်နိုင်ဖို့ မျှော်လင့်ခဲ့တယ်၊ ဒါက သမီးမှာ အနာဂတ်ကောင်းကောင်းတစ်ခုရဖို့တင်မဟုတ်ပဲ သမီးရဲ့အမေအဖြစ်ကျွန်မအပေါ်လည်း ကောင်းကောင်းထင်ဟပ်လိမ့်မယ်။ အဲဒီအချိန်တွေမှာ ကျွန်မသမီးကို ပြုစုစောင့်ရှောက်ရင်း အိမ်မှာပဲ ခင်ပွန်းဖြစ်သူနဲ့အတူ စီးပွားရေးနည်းနည်းလုပ်ခဲ့ပါတယ်။ သမီး နှစ်နှစ်သားအရွယ်မှာ သမီးကို သင်ပေးဖို့အတွက် အွန်လိုင်းကနေ အခြေခံအဆင့်စာအုပ်တချို့ကို ဝယ်ခဲ့တယ်။ ကျွန်မ ချက်ပြုတ်နေတဲ့အချိန် ဒါမှမဟုတ် အဝတ်လျှော်နေတဲ့အချိန်တွေမှာ သမီးကို ဂန္ထဝင်မြောက်ဇာတ်ကောင်သုံးယောက် အကြောင်းသင်ပေးတာ ဒါမှမဟုတ် တန် ကဗျာကို မှတ်မိအောင်ကျက်ခိုင်းတာတို့ကို လုပ်ဖြစ်တယ်။ တစ်ခါတလေ ကျွန်မကစာကြောင်းတစ်ကြောင်းကို ပြောတဲ့အခါ သမီးက နောက်တစ်ကြောင်းကို သူမှတ်ထားတာကနေ ပြောပြနိုင်ခဲ့တယ်။ သမီးက သင်ယူတာ ဘယ်လောက်မြန်တယ်ဆိုတာ ကျွန်မတွေ့လိုက်ရပြီးတော့၊ ကျွန်မသမီးက တော်တော်လေး ထက်မြက်ပြီး၊ အနာဂတ်မှာ သေချာပေါက် ပညာရေးမှာ ထူးချွန်မယ်လို့ ကျွန်မထင်ခဲ့တယ်။ သမီး လေးနှစ်ရောက်တော့ ကျွန်မက သမီးကို မူကြို ပို့လိုက်တယ်။ နှစ်ဝက်လောက်ကြာတော့ သမီးက အခြေခံအဆင့်မှာ အတော်ကိုစာမလေ့လာတာကိုတွေ့တော့ သူ့ကို အလယ်တန်းအဆင့်ကို ကျွန်မပြောင်းလိုက်တယ်၊ ပြီးတော့ အဲ့ဒီအဆင့်ကို မပြီးခင်မှာဘဲ ကျွန်မကသူ့ကို အထက်တန်း အဆင့်ကို ပြောင်းလိုက်တယ်။ သမီးအတွက် ရွေးချယ်တဲ့ ပထမ မူကြိုက ကျွန်မတို့အိမ်နဲ့ သိပ်မဝေးဘူး၊ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မသမီးက အဲဒီမှာ သိပ်တတ်မလာတာကို သတိထားမိပြီးတော့ ကျွန်မ့ဘာသာကျွန်မ တွေးလိုက်တယ်၊ “ဒီအချိန်က ကလေးတွေက သူတို့အခြေခံအုတ်မြစ်ကို တည်ဆောက်တဲ့ အချိန်ပဲ။ သူဒီမှာ ဆက်သင်မယ်ဆိုရင် သူ့အနာဂတ်အလားအလာအတွက် အတားအဆီးဖြစ်လာလိမ့်မယ်” ပေါ့။ အဲဒါနဲ့ လူတစ်ယောက်ကို ကျွန်မအတွက် မေးပေးဖို့ ခိုင်းလိုက်ပြီး ကောင်းပေမဲ့ ကျွန်မတို့နေတဲ့နေရာနဲ့ တော်တော်ဝေးတဲ့ မူကြိုကျောင်းတစ်ခုကို ကျွန်မတွေ့ခဲ့တယ်။ ကျွန်မက သမီးကို ကျောင်းနဲ့အိမ် နေ့တိုင်း အကြိုအပို့လုပ်တယ်။ ပြီးတော့ အဲဒီအချိန်တွေမှာ ကျွန်မ တွေးနေမိတယ်၊ “ငါ သမီးကို မူကြိုကျောင်းကောင်းကောင်း ပို့တာက သူ့အနာဂတ်အတွက် အကျိုးရှိတယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ တန်ပါတယ်” ပေါ့။ ကျွန်မ့သမီးလေး အဆင့်ကောင်းကောင်းရဖို့အတွက်၊ အစားအသောက်နဲ့ တခြားကုန်ကျစရိတ်တွေကို ချွေတာပြီး စမတ်ဘောပင်တစ်ချောင်းအတွက် ယွမ် ၅၀၀ ကျော် သုံးစွဲခဲ့တယ်။ ဒါက သူ့အဆင့်တွေကို အထောက်အကူဖြစ်စေမယ်လို့ ကျွန်မထင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မသမီး ပထမတန်းစတက်ပြီး သူက ဆော့ကစားရတာ အရမ်းကြိုက်လာတယ်၊ ဒါကြောင့် နေ့တိုင်း မနက်စာစားပြီးတိုင်း စာလုံးပေါင်းရေးတာလေ့ကျင့်ဖို့ စည်းကမ်းတစ်ခု ချမှတ်ခဲ့တယ်။ အဲဒီနောက်မှာတော့ သူက သူ့သင်ရိုးစာအုပ်ထဲက စာပိုဒ်တစ်ပိုဒ်ကို ရွတ်ဆိုရမှာဖြစ်ပြီး အဲ့ဒါပြီးမှ အပြင်ထွက်ကစားရမယ်။ ကျွန်မက သူ့အတွက် စာလေ့လာဖို့အားလုံးကိုစီစဥ်ထားပြီး သူမပြီးမချင်း မကစားရအောင်လုပ်ထားတာကို သူကသိတော့ ငိုယိုပြီး ပြဿနာရှာတယ်။ ကျွန်မလည်း စိတ်ဆိုးပြီး သူ့ကို ကြိမ်းမောင်းပြီး ပြောလိုက်တယ်၊ “နင်စာကြိုးစားပြီးဒီအိမ်စာအားလုံးလုပ်နိုင်ရင် ဒီစည်းကမ်းတွေကို ငါသတ်မှတ်စရာ မလိုတော့ဘူး။ ဒီစည်းကမ်းတွေက နင့်ကောင်းကျိုးအတွက် မဟုတ်ဘူးလား။ သူ့သမီးကိုကြည့်စမ်း။ သူ့အဆင့်တွေဘယ်လောက်ကောင်းလဲ ကြည့်။ သူ့မိဘတွေက အိမ်မှာဘယ်တော့မှမရှိတာတောင် စာဘယ်လိုကြိုးစားရမလဲသိတယ်။ နင်စာသေချာမကြိုးစားရင် တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ဖို့ နေနေသာသာ ကျောင်းပြီးရင် အလုပ်တောင် ရှာနိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်ရောက်လို့ စားစရာမရှိရင် ငါ့ဆီ ပြေးမလာနဲ့” ပေါ့။ ကျွန်မ ဆူပူကြိမ်းမောင်းလိုက်တော့ ကျွန်မသမီးတိတ်သွားတယ် ပြီးတော့ သူက စိတ်မပါတပါနဲ့ ကျွန်မ တောင်းဆိုတဲ့အတိုင်းလိုက်လုပ်ပြီး စာလုပ်တယ်။ ကျွန်မရဲ့ ဒီလို တင်းကျပ်တဲ့ထိန်းချုပ်မှုအောက်မှာပဲ ကျွန်မသမီးရဲ့အဆင့်တွေတက်လာတယ်။ သမီးက အမှတ် ၉၀လောက်ရပြီး တစ်ခါတလေ ၉၉မှတ်လောက်ထိ စာမေးပွဲမှာရတတ်တယ်။ ဒါပေမယ့် ကျွန်မက သူ့ကို ဆက်ဆူနေပြီးတော့ ပြောလိုက်သေးတယ်၊ “ဘာလို့၁၀၀ အစား ၉၉ ပဲရခဲ့တာလဲ” ပေါ့။ ပြီးတော့ စာကြိုးစားသင်ဖို့ တိုက်တွန်းပြီး၊ တတ်နိုင်သမျှမြန်မြန်နဲ့ စာမေးပွဲတွေမှာ အမှတ် ၁၀၀ ရနိုင်ဖို့၊ အားလပ်ချိန်တွေမှာ အပိုလေ့လာမှုတွေလုပ်တဲ့အခါသုံးဖို့ သူ့အတွက် သင်ထောက်ကူပစ္စည်းတွေ ဝယ်ပေးခဲ့တယ်။
၂၀၂၁ ခုနှစ် ဇွန်လမှာ၊ သမီးက ဒုတိယတန်းရောက်ပြီး သူ့အဆင့်တွေက တဖြည်းဖြည်းနဲ့ ကျလာတယ်၊ ဒါနဲ့ ကျွန်မက သူ့ကို ကြိမ်းမောင်းဆူပူပြီး ပြောလိုက်တယ်၊ “နင့် စာမေးပွဲအမှတ်တွေက ဘာလို့ လျော့နေတာလဲ” ပေါ့။ အတန်းထဲမှာ အာရုံသေချာမစိုက်ဘူးလို့လည်း ကျွန်မ သူ့ကိုစွပ်စွဲလိုက်တယ်။ အိမ်မှာဆိုရင် သူစာကျက်နေတာကို ကျွန်မစောင့်ကြည့်ပြီး တစ်ခါတလေ ကျွန်မစကားနားမထောင်တဲ့အခါ ကျွန်မသူ့ကိုရိုက်မိတယ်။ ကျွန်မသမီးက ကျွန်မကိုမြင်တိုင်း ကြောက်လန့်ပြီး ကျွန်မကို အာမခံရဲဘူး။ သူ့ကိုယ်သူပဲ ရိုက်တယ်။ ကျွန်မအနားကိုလည်း မလာဘူး။ ကျွန်မက သူ့ကို မချစ်ဘူးလို့ သူ့အဖွားကိုတောင် ပြောတယ်။ အဲဒီအချိန်တုန်းက ကျွန်မဒေါသအရမ်းထွက်ပြီး သမီးကိုပြောမိတယ်၊ “နင်က ငယ်သေးတော့ နားမလည်သေးဘူး၊ ငါဒါတွေအားလုံးကိုလုပ်နေရတာက နင့်အကျိုးအတွက်ချည်းပဲ။ ငါ နင့်အရွယ်တုန်းက ငါက ကျောင်းသားကောင်းတစ်ယောက်မဟုတ်ခဲ့လို့ ငါ့မှာ အနာဂတ်အလားအလာဆိုတာ ဘာမှမရှိလို့ အောက်ခြေလူတန်းစားပဲဖြစ်လာနိုင်တယ်။ နင်က ကျောင်းသားကောင်းတစ်ယောက်ဖြစ်မှ ဖြစ်မယ်။ နင် ငါ့လိုဖြစ်လို့မရဘူး။” ကျွန်မသမီးက ကျွန်မ့တောင်းဆိုချက်တွေကို လိုက်နာဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။
နောက်ပိုင်းမှာတော့ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံရတယ်။ ကျွန်မက ခေါင်းဆောင်မှု တာဝန်တွေနဲ့ တော်တော်လေး အလုပ်ရှုပ်နေခဲ့တယ်၊ ပြီးတော့ အိမ်မှာ ကျွန်မသမီးရဲ့ စာလေ့လာတာတွေကို ကြီးကြပ်ဖို့ အချိန်သိပ်မရှိတော့ဘူး။ သူ့ရဲ့ အဆင့်တွေက တော်တော်လေး ကျသွားတယ်။ အစပိုင်းမှာတော့ သူက အမှတ်၉၀လောက်ထိ ရသေးတယ်၊ အဲဒီနောက်မှာတော့ ၇၀လောက်ထိ တောက်လျှောက်ကျသွားတယ်။ ကျွန်မဘာသာတွေးမိတယ်။ “ဒီလိုတွေ ဆက်ဖြစ်ရင် သမီးက တက္ကသိုလ်ကောင်းကောင်းတက်ဖို့နဲ့ တောက်ပတဲ့ အနာဂတ်ရဖို့ နေနေသာသာ အလယ်တန်းကျောင်းကဘွဲ့ရဖို့တောင် မဖြစ်နိုင်လောက်တော့ဘူး။ တကယ်လို့ ကျွန်မသမီးမှာ အနာဂတ်အလားအလာမရှိရင် ကျွန်မအပေါ်လည်း မကောင်းတဲ့ပုံစံနဲ့ ထင်ဟပ်လာမှာပဲ။” ဒါကြောင့် နေ့ခင်းဘက်တွေမှာ ကျွန်မဘာသာကျွန်မ အသင်းတော်အလုပ်တွေနဲ့ အလုပ်ရှုပ်နေပြီး ညဘက်မှာ ကျွမ်မသမီးကို အပို စာပြပြီး သင်ပေးတယ်။ ဒါပေမယ့် သမီးက ကစားရတာကိုပဲ ကြိုက်ပြီး ကိုယ့်ဘာကိုယ် စည်းကမ်းသိပ်မလုပ်ဘဲ သူ့အဆင့်တွေက ပိုပိုပြီးဆိုးလာခဲ့ပါတယ်။ သူ့ဆရာမက ကျွန်မကို ဖုန်းဆက်ပြီး ကျွန်မသမီးရဲ့ အဆင့်တွေက အရမ်းကျဆင်းနေတယ်လို့ပြောပြီး၊ ကျွန်မကိုလည်း ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပါစေ ကျွန်မသမီးရဲ့ သင်ကြားမှုတွေကို စိတ်ဝင်စားသင့်တုန်းပဲလို့ ပြောလာပါတယ်။ ဆရာမစကားကိုကြားတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စောဒကတက်မိတယ်၊ ဒါက ကျွန်မတာဝန်မှာ အလုပ်တွေအရမ်းများနေလို့ ကျွန်မသမီးရဲ့သင်ကြားမှုတွေမှာ အာရုံစိုက်ဖို့ မစီမံနိုင်တာကြောင့် သူ့အဆင့်တွေက ဆိုးဆိုးရွားရွားကိုကျဆင်းနေတာပဲလို့ ထင်ခဲ့တယ်။ ဒီဟာကြောင့် ခေါင်းဆောင်တာဝန်တွေကို ကျွန်မ မလုပ်ချင်တော့ဘဲ အပတ်တိုင်းပဲ စုဝေးပြီး ဒီလိုလုပ်တာ အဆင်ပြေတယ်လို့ပဲ ပြောချင်ခဲ့တယ်။ ဒီလိုနည်းနဲ့ အိမ်မှာ ကျွန်မသမီးရဲ့ စာလေ့လာတာကို စောင့်ကြည့်ဖို့ အချိန်ပိုရလာလိမ့်မယ်။ အဲဒီနေ့မွန်းလွဲပိုင်းမှာ ကျွန်မတို့နဲ့စုဝေးဖို့ ခေါင်းဆောင်တစ်ယောက်ရောက်လာခဲ့ပြီး ကျွန်မက မသွားချင်ခဲ့ဘူး။ အဲဒီလိုတွေးတာ မှားမှန်း ကျွန်မသိပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင် ကျွန်မသမီးရဲ့ အဆင့်တွေက ဆိုးဆိုးရွားရွား ကျဆင်းနေတာ တွေ့ရပါတယ်၊ ဒီလိုပဲဆက်ဖြစ်နေမယ်ဆိုရင် သူ့အနာဂတ် အလားအလာတွေကို သက်ရောက်မှုရှိလာမှာကို ကျွန်မစိုးရိမ်မိပါတယ်။ ဒီအကြောင်းပြချက်ကြောင့် ခေါင်းဆောင်တဲ့ တာဝန်ကို မလုပ်ချင်တော့ပါဘူး။ ဒါကမှားမှန်းသိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကို လက်တွေ့လုပ်ဆောင်တဲ့လမ်းကြောင်းကို လမ်းပြပေးပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတာနဲ့ စုဝေးပွဲမှာပါဝင်ဖို့ ကျွန်မသွားခဲ့တယ်၊ အဲဒီမှာကျွန်မရဲ့အခြေအနေကိုခေါင်းဆောင်ကို ကျွန်မပြောပြခဲ့တယ်။ သူက ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပြီး အိမ်ပြန်ပြီးတော့ မိဘတွေက သားသမီးတွေကို ဘယ်လို ပညာပေးသင့်ကြောင်း ထုတ်ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ဖို့လည်း သတိပေးတယ်။
ကျွန်မအိမ်ပြန်ရောက်တဲ့အခါ ဒီအကြောင်းအရာနဲ့သက်ဆိုင်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရှာတွေ့ခဲ့ပြီးဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိဘ သို့မဟုတ် လူကြီးသူမတိုင်းတွင် မိမိတို့ သားသမီးများအတွက် အမျိုးမျိုးသော မျှော်မှန်းချက် ကြီးကြီးငယ်ငယ် ရှိကြသည်။ ၎င်းတို့က မိမိတို့ သားသမီးများအနေဖြင့် စာကြိုးစားလေ့လာမည့်အရေး၊ လိမ္မာစွာ ပြုမူဆောင်ရွက်မည့်အရေး၊ ကျောင်းတွင် ထူးချွန်ပြီး တောက်လျှောက် အမှတ်အများဆုံးရသော ကျောင်းသားများဖြစ်ကာ မခိုမကပ်ဘဲ နေကြမည့်အရေးတို့ကို မျှော်လင့်ကြသည်။ မိမိတို့၏ သားသမီးများကို ဆရာများနှင့် အတန်းဖော်များ၏ လေးစားမှုကို ခံရစေချင်ကြပြီး ၎င်းတို့၏ အမှတ်ကို ၈၀ အထက်တွင် ပုံမှန်ရှိစေချင်ကြသည်။ ကလေးက အမှတ် ၆၀ ရလျှင် အရိုက်ခံရလိမ့်မည်ဖြစ်ပြီး အမှတ် ၆၀ အောက်ရလျှင် နံရံကို မျက်နှာမူကာ မိမိတို့၏ အမှားများကို စဉ်းစားရမည် သို့မဟုတ် အပြစ်ဒဏ်အဖြစ် လုံးဝ မလှုပ်မယှက် မတ်တတ်ရပ်ခိုင်းသည်ကို ခံရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် စားခွင့်၊ အိပ်ခွင့်၊ ရုပ်မြင်သံကြား ကြည့်ရှုခွင့် သို့မဟုတ် ကွန်ပြူတာသုံး၍ ကစားခွင့် ရမည်မဟုတ်သကဲ့သို့ ယခင်က ကတိပြုထားခဲ့သည့် ဝတ်ကောင်းစားလှများနှင့် အရုပ်များကို ၎င်းတို့အတွက် ဝယ်ပေးတော့မည် မဟုတ်ပေ။ မိဘနှစ်ပါးတိုင်းတွင် မိမိတို့၏ သားသမီးများအတွက် အမျိုးမျိုးသော မျှော်မှန်းချက်များရှိကြပြီး ၎င်းတို့အပေါ် ကြီးမားသည့် မျှော်လင့်ချက်များ ထားရှိကြသည်။ မိမိတို့၏ သားသမီးများက ဘဝတွင် အောင်မြင်မှုရလိမ့်မည်၊ ၎င်းတို့၏ အသက်မွေးမှုလုပ်ငန်းများတွင် မြန်ဆန်သော တိုးတက်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ဘိုးဘေးများနှင့် မိသားစုကို လေးစားမှုနှင့် ဂုဏ်အသရေ ဆောင်ကြဉ်းပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ မည်သည့် မိဘများကမျှ မိမိတို့၏ သားသမီးများကို သူတောင်းစားများ၊ လယ်သမားများ သို့မဟုတ် လုယက်သူများနှင့် ဓားပြများ မဖြစ်စေလိုကြပေ။ မိဘများက မိမိတို့သားသမီးများကို လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ပြီးနောက်တွင် ဒုတိယတန်းစား နိုင်ငံသားများ ဖြစ်မလာစေချင်ကြပေ၊ အမှိုက်ကောက်သူ၊ လမ်းဘေးပျံကျစျေးသည်၊ လမ်းတကာလှည့်ရောင်းသည့် စျေးသည်များဖြစ်ရန် သို့မဟုတ် အခြားသူများ၏ အထင်သေးခြင်းကို မခံစေလိုကြပေ။ မိဘများ၏ ဤမျှော်မှန်းချက်များကို ၎င်းတို့၏ သားသမီးများက အကောင်အထည် ဖော်နိုင်သည်ဖြစ်စေ၊ မဖော်နိုင်သည်ဖြစ်စေ မိဘများတွင် မိမိတို့၏ သားသမီးများအတွက် မျှော်မှန်းချက်မျိုးစုံ ရှိကြလေသည်။ မိဘများ၏ မျှော်မှန်းချက်များမှာ ၎င်းတို့က ကောင်းမွန်ပြီး မြင့်မြတ်သည့်အရာများ ဖြစ်သည်ဟု တွေးထင်သည့်အရာများ သို့မဟုတ် လိုက်စားမှုများကို ၎င်းတို့ သားသမီးများအပေါ် လွှဲပြောင်းပေးခြင်း ဖြစ်ကာ ၎င်းတို့၏ သားသမီးများအပေါ် မျှော်လင့်ချက် ပေး၍ သားသမီးများက ၎င်းတို့၏ ဤအလိုဆန္ဒများကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်လေသည်။ သို့ဆိုလျှင် မိဘများထံမှ ဤစိတ်ဆန္ဒများသည် ၎င်းတို့၏ သားသမီးများအတွက် မည်သည့်အရာကို အမှုမဲ့အမှတ်မဲ့ ဖန်တီးသနည်း။ (ဖိအားကို ဖန်တီးပါသည်။) ယင်းတို့က ဖိအားဖန်တီးပြီး အခြားမည်သည့်အရာကို ဖန်တီးသေးသနည်း။ (ဝန်ထုပ်များကို ဖန်တီးပါသည်။) ယင်းတို့သည် ဖိအားများဖြစ်လာပြီး အချုပ်အနှောင်များလည်း ဖြစ်လာသည်။ မိဘများက မိမိတို့ သားသမီးများအတွက် မျှော်လင့်ချက်များရှိသည့်အတွက် ထိုမျှော်မှန်းချက်များအတိုင်း မိမိတို့၏ သားသမီးများကို ၎င်းတို့က ဆုံးမပဲ့ပြင်ကြလိမ့်မည်၊ လမ်းပြကာ သွန်သင်လေ့ကျင့် ပေးကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းရန် ၎င်းတို့ သားသမီးများ၌ပင်လျှင် ရည်စူးမြှုပ်နှံကြလိမ့်မည် သို့မဟုတ် မိမိတို့သားသမီးများအတွက် မည်သည့် အဖိုးအခမဆို ပေးကြလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့် မိဘများတွင် မိမိတို့ သားသမီးများကို ကျောင်းတွင် ထူးချွန်မည်၊ အတန်းထဲတွင် ထိပ်ဆုံး၌ ရှိလိမ့်မည်၊ စာမေးပွဲတိုင်းတွင် အမှတ် ၉၀ အထက်ရလိမ့်မည်၊ အမြဲ နံပါတ်တစ်ဖြစ်လိမ့်မည် သို့မဟုတ် အဆိုးဆုံးအနေဖြင့် အဆင့် ၅ အောက်တွင် မည်သည့်အခါတွင်မျှ ရှိမည်မဟုတ်ဟု မျှော်လင့်ကြသည်။ ဤမျှော်မှန်းချက်များကို ဖော်ပြပြီးသည့်နောက်တွင် မိဘများသည် တစ်ချိန်တည်းတွင်ပင် ဤရည်မှန်းချက်များကို လက်လှမ်းမီရန် မိမိတို့၏သားသမီးများကို ကူညီဖို့ စတေးမှုအချို့ကိုလည်း ပြုလုပ်ကြသည်မဟုတ်လော။ (ပြုလုပ်ကြပါသည်။) ၎င်းတို့၏ သားသမီးများက ဤရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်အတွက် အလို့ငှာ သားသမီးများကသင်ခန်းစာများကို ပြန်လည်ဆန်းစစ်ပြီး စာများကို အလွတ်ကျက်ရန် နံနက်စောစော ထကြသည့်အခါ ၎င်းတို့၏ မိဘများကလည်း ၎င်းတို့ကို အဖော်ပြုပေးရန် စောစောထကြလိမ့်မည် ဖြစ်သည်။ ပူပြင်းသော နေ့များတွင် ၎င်းတို့၏ သားသမီးများကို ကူ၍ ယပ်ခတ် ပေးကြလိမ့်မည်၊ အအေးများ ဖျော်ပေးကြလိမ့်မည်၊ သို့မဟုတ် ၎င်းတို့ စားဖို့အတွက် ရေခဲမုန့်များ ဝယ်ပေးကြလိမ့်မည်။ ၎င်းတို့ အိပ်ရာမှ နိုးနိုးချင်း ဦးဆုံးအနေဖြင့် ၎င်းတို့၏ သားသမီးများအတွက် ပဲနို့၊ အီကြာကွေးများနှင့် ကြက်ဥများကို ပြင်ဆင်ပေးကြလိမ့်မည်။ အထူးသဖြင့် စာမေးပွဲများအတောအတွင်းတွင် အီကြာကွေးတစ်ချောင်းနှင့် ကြက်ဥနှစ်လုံးကို စားခြင်းသည် အမှတ် ၁၀၀ ရဖို့ ကူညီပေးလိမ့်မည်ဟု မိဘများက မျှော်လင့်လျက် မိမိတို့၏သားသမီးများကို ထိုသို့ စားခိုင်းကြလိမ့်မည်ဖြစ်သည်။ သင်က ‘ဤအရာအားလုံးကို ကျွန်ုပ် မစားနိုင်ပါ၊ ကြက်ဥတစ်လုံးမျှက လုံလောက်ပါသည်’ဟု ပြောလျှင် ၎င်းတို့က ‘မိုက်သည့်ကလေး၊ ကြက်ဥတစ်လုံး စားလျှင် ဆယ်မှတ်သာ ရလိမ့်မည်။ မေမေ့အတွက် နောက်တစ်လုံးကို စားလော့။ တတ်နိုင်သမျှ ဝင်အောင် စားကြည့်ပါ။ ဤတစ်လုံးကို သင် စားနိုင်လျှင် အမှတ်တစ်ရာ ရလိမ့်မည်’ဟု ပြောလိမ့်မည်။ ကလေးက ‘ကျွန်ုပ် ယခုတင် အိပ်ရာထပါသည်။ မစားနိုင်သေးပါ’ဟု ပြောသည်။ ‘မဟုတ်ပါ၊ သင် စားမှဖြစ်မည်။ လိမ္မာပြီး သင့်မိခင်စကား နားထောင်လော့။ မေမေက သင်ကောင်းဖို့အတွက် ဤအရာကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့် မိမိ၏မိခင်အတွက် စားသာ စားချလိုက်လော့’ ကလေးက ‘မေမေက အရမ်းဂရုစိုက်သည်။ သူ လုပ်သမျှတိုင်းက ငါကောင်းဖို့အတွက် ဖြစ်သောကြောင့် ငါ စားလိုက်မည်’ဟု ချင့်ချိန်စဉ်းစား၏။ စားလိုက်သည့်အရာမှာ ကြက်ဥတစ်လုံး ဖြစ်သော်လည်း အမှန်တကယ် မျိုချလိုက်သည့်အရာမှာ မည်သည့်အရာနည်း။ ဖိအားဖြစ်၏။ မလိုလားခြင်းနှင့် စိတ်မပါခြင်းဖြစ်သည်။ စားခြင်းက ကောင်းပြီး ၎င်းတို့ မိခင်၏ မျှော်မှန်းချက်များက မြင့်မားကာ လူ့သဘာဝနှင့် အသိစိတ်တို့၏ ရှုထောင့်မှကြည့်လျှင် ယင်းတို့ကို လက်ခံသင့်သော်လည်း ဆင်ခြင်တုံတရားအရ ဤချစ်ခြင်းမေတ္တာမျိုးကို အတိုက်အခံလုပ်သင့်ပြီး အမှုအရာများကို ဤသို့လုပ်ဆောင်ပုံလုပ်ဆောင်နည်းကို လက်မခံသင့်ပေ။ သို့ရာတွင် ကံမကောင်းအကြောင်းမလှစွာပင် သင် လုပ်နိုင်သည့်အရာ ဘာမျှမရှိပေ။ သင် မစားလျှင် သူမက ဒေါသထွက်လိမ့်မည်ဖြစ်ပြီး သင် အရိုက်ခံရလိမ့်မည်၊ ကြိမ်းမောင်းခံရလိမ့်မည်၊ သို့မဟုတ် ကျိန်ဆဲခြင်းပင် ခံရလိမ့်မည်။...သင့်မိဘများ၏ မျှော်မှန်းချက်များမှ မည်သည့် သွန်သင်လေ့ကျင့်ပေးမှုမျိုးကို သင် ရရှိသနည်း။ (စာမေးပွဲများတွင် အမှတ်ကောင်းကောင်း ရရှိရန်နှင့် အောင်မြင်သည့် အနာဂတ်တစ်ခု ရှိရန်ဖြစ်ပါသည်။) သင့်အနေဖြင့် အလားအလာရှိကြောင်း ပြရမည်၊ သင့်မိခင်၏ ချစ်ခြင်းမေတ္တာ၊ သူ၏ ကြိုးစားလုပ်ဆောင်မှုနှင့် စွန့်လွှတ်စတေးမှုများနှင့်လျော်ညီအောင် နေရမည်ဖြစ်ပြီး သင့်မိဘများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းကာ ၎င်းတို့ကို စိတ်ပျက်အောင် မလုပ်ရပေ။ ၎င်းတို့က သင့်ကို အလွန်ချစ်ကြသည်၊ သင့်အတွက် အရာရာ ပေးဆပ်ထားပြီးဖြစ်ကာ ၎င်းတို့၏ ဘဝတစ်ခုလုံးပေး၍ သင့်အတွက် အရာရာ လုပ်ဆောင်နေကြသည်။ ထို့ကြောင့် ၎င်းတို့၏ အားလုံးသော စွန့်လွှတ်စတေးမှုများ၊ ၎င်းတို့၏ သွန်သင်လေ့ကျင့်ပေးမှုနှင့် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည်ပင်လျှင် မည်သည့်အရာ ဖြစ်လာပြီနည်း။ သင် ပြန်ဆပ်ရမည့် တစ်စုံတစ်ရာ ဖြစ်လာပြီး တစ်ချိန်တည်းတွင် သင်၏ ဝန်ထုပ်ဖြစ်လာပေသည်။ ဤသည်မှာ ဝန်ထုပ်ဖြစ်လာပုံ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) မိဘတွေက သားသမီးတွေအပေါ်မျှော်လင့်ချက်တွေထားတဲ့အခါ သူတို့လုပ်သမျှအရာအားလုံးက သားသမီးတွေကောင်းဖို့အတွက်ပဲ ဖြစ်တယ်လို့ အမြဲထင်ကြကြောင်း ဘုရားသခင်က ဖော်ထုတ်ခဲ့တယ်။ သူတို့ရဲ့ သားသမီးတွေကို ကောင်းမွန်တဲ့ ကျောင်းသားတွေ ဖြစ်စေချင်တယ်၊ ကောင်းမွန်တဲ့ တက္ကသိုလ်တွေတက်ပြီး ဘွဲ့တွေ ကောင်းကောင်းရစေချင်တယ်၊ ဒီလိုနဲ့ သူတို့ရဲ့ ဘိုးဘေးတွေကို ဂုဏ်ရှိစေပြီး လူမှုအဆင့်အတန်းမြင့်နိုင်ဖို့ပေါ့။ သူတို့ သားသမီးတွေကို သူတို့မှာရှိတဲ့ မျှော်လင့်ချက်တွေကို အခြေခံပြီး ပုံစံတစ်ခုနဲ့လုပ်ဖို့ကိုလည်း သူတို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ သူတို့ ဆက်တိုက်တောင်းဆိုတာတွေကြောင့် သူတို့သားသမီးတွေမှာ ဖြစ်တဲ့ ဖိအားတွေကို ထည့်မစဉ်းစားကြဘူး။ ဘုရားသခင် ဖော်ထုတ်ခဲ့တဲ့အရာက ကျွန်မရဲ့ တကယ့်အခြေအနေပါပဲ။ ကျွန်မသမီးက အသက်နှစ်နှစ်လောက်မှာ အတော်လေး ဉာဏ်ကောင်းတာကို တွေ့ခဲ့ရတယ်၊ ဒါကြောင့်ပဲ သူကြီးလာတဲ့အခါ စာကြိုးစားပြီး တက္ကသိုလ်ကောင်းကောင်းတစ်ခုတက်နိုင်မယ်လို့ ကျွန်မမျှော်လင့်ခဲ့တယ်။ ဒီလိုနည်းနဲ့ တခြားသူတွေရဲ့အထင်ကြီးခံရရုံသာမက၊ ကျွန်မတို့ရဲ့ မိသားစုနာမည်ကိုပါ ဂုဏ်တက်စေလိမ့်မယ်။ ဒီလိုမျှော်လင့်ချက်တွေ ရှိလာတာနဲ့တပြိုင်တည်း ငယ်ငယ်ကတည်းက အခြေခံအုတ်မြစ်ခိုင်မာဖို့အတွက် ကျွန်မသမီးအတွက် ကျောင်းကောင်းကောင်းကို စပြီးရှာခဲ့တယ်။ ကျွန်မလည်း အစားအသောက်နဲ့ နေ့စဥ်အသုံးစရိတ်တွေကို လျှော့ချပြီး သမီးရဲ့ စာလေ့လာမှုအတွက် စမတ်ဘောပင်တစ်ချောင်းကို ဝယ်ခဲ့တယ်၊ သူ့ရဲ့စာမေးပွဲတွေမှာ အမှတ်တွေ အပြည့်ရအောင် တောင်းဆိုတယ်၊ ပြီးအမှတ်ကောင်းကောင်းရတဲ့ အိမ်နီးနားချင်းရဲ့ ကလေးနဲ့ အမြဲတမ်း နှိုင်းယှဉ်ခဲ့ပါတယ်။ သမီးက ကျွန်မချမှတ်ထားတဲ့ အစီအစဥ်အတိုင်း မလုပ်ချင်ခဲ့ဘူးဆိုရင် ကျွန်မလုပ်သမျှ အရာအားလုံးကသူ့အကျိုးအတွက်ပဲလို့ ပြောပြီး ဒါကိုမှသူနားမထောင်သေးရင် နောင်အနာဂတ်မှာ သူတောင်းစားတစ်ယောက်လို နေထိုင်သွားရမယ်ဆိုတဲ့ အကြောင်းပြောပြီး ဆုံးမတယ်။ ဒါတွေကြောင့်သမီးကကျွန်မကို မလွန်ဆန်ဝံ့တော့ဘဲ ဘာလွတ်လပ်ခွင့်မှလည်း မရခဲ့ပါဘူး။ သူက ကျွန်မကို ကျိုးကြောင်းရှင်းမပြရဲဘဲ ဒီအစား သူ့ကိုယ်သူ ရိုက်တယ်။ ပြီးတော့ သူက ကျွန်မနဲ့ ပိုပိုပြီး ခပ်တန်းတန်းဖြစ်လာတယ်။ ဒါတွေအားလုံးလုပ်တဲ့အတွက် သူ့ငယ်ရွယ်တဲ့စိတ်ကို ထိခိုက်နစ်နာစေတာကလွဲလို့ ဘာမှမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သမီးကို ဒီလိုနည်းနဲ့ ဆုံးမတာဟာ တကယ်တော့ မှားမှန်း မသိဘဲ သူ့အကျိုးအတွက် လုပ်နေတယ်လို့ ကျွန်မထင်နေတုန်းပါပဲ။
နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဆက်ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သားသမီးများ အရွယ်မရောက်မီတွင် မိဘများက သားသမီးများအပေါ်ထားရှိသော ‘သူတို့က အမှုအရာများစွာ သင်ယူဖို့လိုသည်။ စမှတ်တွင် ရှုံးနိမ့်၍ မဖြစ်ပါ’ ဟူသည်မှ ‘သူတို့ ကြီးလာလျှင် လောကတွင် တိုးတက်အောင်မြင်ပြီး လူ့အဖွဲ့အစည်းတွင် အခြေခိုင်ဖို့လိုသည်’ ဟူသည်အထိ မျှော်မှန်းချက်များသည် တဖြည်းဖြည်းချင်းဖြင့် သားသမီးများအပေါ် ၎င်းတို့ တောင်းဆိုသော တောင်းဆိုချက်တစ်မျိုး ဖြစ်လာသည်။ ထိုတောင်းဆိုချက်မှာ သင်ကြီးပြင်းပြီး လူ့အဖွဲ့အစည်း၌ အခြေခိုင်ပြီးသည့်နောက်တွင် သင်၏ ဇာစ်မြစ်ကို မမေ့လျာ့နှင့်၊ သင့်မိဘများကို မမေ့နှင့်၊ သင့်မိဘများသည် သင်ဦးစွာ ပြန်လည်ပေးဆပ်သင့်သည့် လူများဖြစ်သည်၊ သင်သည် ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရမည်၊ ပြီးလျှင် ၎င်းတို့အား ကောင်းသောဘဝကို ရှင်သန်နိုင်ရန် ကူညီရမည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤလောကတွင် သင်၏ ကျေးဇူးရှင်များ၊ သင့်အား လေ့ကျင့်ပေးသောလူများ ဖြစ်သောကြောင့် ဖြစ်သည်ဟူ၍တည်း။ ယခု သင် လူ့အဖွဲ့အစည်း၌ အခြေခိုင်ခြင်း၊ ထို့အပြင် သင်နှစ်သက်သည့် အရာရာတိုင်းနှင့် သင်ပိုင်ဆိုင်သည့် အရာရာတိုင်းတို့ကို သင့်မိဘများ၏ အပင်ပန်းခံအားထုတ်မှုနှင့် ရယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို ပြန်လည်ပေးဆပ်ရန်၊ အစားပြန်လည်လုပ်ဆောင်ပေးရန် သင်၏ ကျန်သည့်ဘဝတစ်လျှောက်ကို အသုံးပြုပြီး ၎င်းတို့အပေါ် ကောင်းသင့်သည်ဟူ၍ ဖြစ်သည်။ သားသမီးများ အရွယ်မရောက်မီတွင် မိဘများက သားသမီးများအပေါ် ထားရှိသည့် မျှော်မှန်းချက်များဖြစ်သော ၎င်းတို့၏ သားသမီးများသည် လူ့အဖွဲ့အစည်းတွင် အခြေခိုင်ပြီး လောကတွင် တိုးတက်အောင်မြင်မည်ဟူသည့် မျှော်မှန်းချက်များသည် ဤသို့ ဆင့်ကဲပြောင်းလဲပြီး အလွန်ပင် သာမန်ဖြစ်သော မိဘ၏ မျှော်မှန်းချက်မှ မိဘက သားသမီးအပေါ် တောင်းဆိုချက်၊ တောင်းခံချက်တစ်မျိုးအဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ သားသမီးများက အရွယ်မရောက်မီ အချိန်ကာလတွင် အဆင့်ကောင်းများ မရဟုဆိုပါစို့။ သားသမီးများက ပုန်ကန်သည်၊ စာမသင်လိုကြ၊ သို့မဟုတ် မိဘများကို နားမထောင်လိုကြ၊ မိဘများကို မနာခံကြဟုဆိုပါစို့။ ၎င်းတို့မိဘများက ‘ငါ့အတွက် အဆင်ပြေနေသည်ဟုများ မင်ထင်သလား။ မည်သူအတွက် ဤအရာများ အားလုံးကို လုပ်ဆောင်နေသည်ဟု မင်းထင်သနည်း။ ဤအရာအားလုံးကို ငါက မင်းအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး မင်းက တန်ဖိုးမထားပါ။ မင်းတုံးအနေသလား’ ဟု ဆိုလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့သားသမီးများကို ခြိမ်းခြောက်ပြီး ခေါ်ထားရန်အတွက် ဤစကားများကို အသုံးပြုသည်။ ဤနည်းလမ်းမျိုးမှာ မှန်သလော။ (မမှန်ပါ။) မမှန်ပေ။ မိဘများ၏ ဤ ‘မြင့်မြတ်သော’ အပိုင်းသည် မိဘများ၏ စက်ဆုပ်ဖွယ်ကောင်းသော အပိုင်းလည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) မိဘတွေရဲ့ သားသမီးတွေအတွက် မျှော်လင့်ချက်တွေနောက်ကွယ်မှာ လျှို့ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ စေ့ဆော်မှုတွေရှိကြောင်း ဘုရားသခင် ဖော်ထုတ်ခဲ့တယ်။ သားသမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အဖိုးအခ ပေးပြီးရင် သူတို့သားသမီးတွေက သူများတွေကြားမှာ ထင်ပေါ်လာပြီး မိသားစုနာမည်ကို ဂုဏ်တက်စေတဲ့အခါ ဒီလိုအရာကနေ အကျိုးခံစားခွင့်တချို့ ရရှိမယ်လို့ မျှော်လင့်ထားကြတယ်။ ဒါကို ဘုရားသခင်ကသာ မဖော်ထုတ်ခဲ့ရင်၊ ကျွန်မသမီးကို စာကြိုးစားဖို့ ဆုံးမပြီး ကျွန်မရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာ ထားတာဟာ တောက်ပတဲ့ အနာဂတ်ကို သူရနိုင်ဖို့ပဲလို့ အမြဲတမ်း ထင်ခဲ့မိမှာပဲ ဒါပေမယ့် အဲဒါတွေအားလုံးရဲ့နောက်ကွယ်မှာ လက်စသတ်တော့ ကျွန်မက ကျွန်မရဲ့ကိုယ်ကျိုးအတွက်လုပ်နေတာသက်သက်ပဲ။ သမီးကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ခဲ့ပြီး သူ့အသက်ငယ်တုန်းမှာပဲ ပညာရေးအခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ခဲ့တယ်၊ ပြီးတော့ သူ့ကို တက္ကသိုလ်ကောင်းကောင်းတက်ပြီး အနာဂတ်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေထက် ထူးချွန်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ဒီလိုဆိုရင် သူက ကျွန်မတို့ရဲ့ဘိုးဘေးတွေအတွက် ဂုဏ်ကျက်သရေယူလာပေးမယ့်အပြင်၊ သူ့အနေနဲ့ ကောင်းမွန်တဲ့အနာဂတ်ဘဝရှိတာကလည်း ကျွန်မအတွက် မိခင်တစ်ဦးအနေနဲ့ လည်း အကျိုးရှိမှာဖြစ်ပြီးတော့ အနာဂတ်မှာ ကျွန်မကိုလည်း သားသမီးဝတ်နဲ့အညီ စောင့်ရှောက်လိမ့်မယ်။ သမီးက ဆော့ကစားရတာကို ဝါသနာပါတာတွေ့တော့ ဒါက သူ့အဆင့်တွေထိခိုက်မှာကို စိုးရိမ်မိတဲ့အတွက် သူ့ကိုဆူပူပြီးရိုက်နှက်ဆုံးမခဲ့တယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်နေချိန်မှာ၊ ကျွန်မသမီး စာလေ့လာတာအတွက် လမ်းညွှန်ဖို့ အချိန်သိပ်မရတာကြောင့် သူ့အဆင့်တွေ တော်တော်လေး ကျသွားတာကို မြင်လိုက်တဲ့အခါ ကျွန်မရဲ့ခေါင်းဆောင်မှု တာဝန်တွေကိုတောင် မထမ်းဆောင်ချင်တော့ဘူး။ အခု ဒါကိုစဉ်းစားမိတော့၊ ကျွန်မသမီးအတွက် ကျွန်မလုပ်ခဲ့တဲ့အရာတွေရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်တွေနဲ့ စေ့ဆော်မှုတွေရှိပြီး၊ ဒါဟာ ကျွန်မကိုယ်တိုင်ရဲ့အကျိုးစီးပွားအတွက်ချည်းပါပဲ။ ကျွန်မက “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်”၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ဘယ်သူသေသေ ငတေမာပြီးရော”ဆိုတာမျိုး စာတန်ဆန်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်ခဲ့ပါတယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖို့ကောင်းခဲ့ပါတယ်။
နောက်တော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိတို့၏သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များ၏ အနှစ်သာရကို စိတ်ဖြာလေ့လာ ဆွေးနွေးခြင်းမှတစ်ဆင့် ဤမျှော်မှန်းချက်များသည် တစ်ကိုယ်ကောင်းဆန်သည်ကိုလည်းကောင်း၊ လူ့သဘာဝကို ဆန့်ကျင်သည်ကိုလည်းကောင်း၊ ထို့အပြင် မိဘများ၏ တာဝန်များနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည်ကိုလည်းကောင်း ငါတို့ မြင်နိုင်သည်။ မိဘများက မိမိတို့၏သားသမီးများအပေါ် အမျိုးမျိုးသော မျှော်မှန်းချက်များနှင့် တောင်းဆိုချက်များ သတ်မှတ်သောအခါတွင် ၎င်းတို့သည် ၎င်းတို့တာဝန်များကို ဖြည့်ဆည်းနေခြင်း မဟုတ်။ ဤသို့ဆိုလျှင် ၎င်းတို့၏ ‘တာဝန်များ’မှာ အဘယ်နည်း။ မိဘများက ဖြည့်ဆည်းသင့်သော အခြေခံအကျဆုံး တာဝန်များမှာ ၎င်းတို့၏သားသမီးအား စကားပြောရန် သင်ပေးခြင်း၊ သနားကြင်နာတတ်ပြီး မကောင်းသောလူများမဖြစ်ရန် ညွှန်ကြားပြသပေးခြင်း၊ ကလေးများအား အပြုသဘောဆောင်သော ဦးတည်ရာသို့ လမ်းပြပေးခြင်းတို့ဖြစ်သည်။ ဤသည်တို့မှာ အခြေခံအကျဆုံး တာဝန်များဖြစ်သည်။ ထို့အပြင် သားသမီးများ၏ အသက်အရွယ်၊ ၎င်းတို့သည် မည်မျှ ကိုင်တွယ်နိုင်သည်ဆိုသည်နှင့် ၎င်းတို့၏ အစွမ်းအစ၊ စိတ်ဝင်စားမှုများကို အခြေခံပြီး ၎င်းတို့နှင့် သင့်တော်သည့် မျိုးစုံသော အသိပညာ၊ ပါရမီ စသည်တို့ကို လေ့လာခြင်းတွင် မိမိတို့၏သားသမီးများအား ကူညီထောက်မသင့်သည်။ အနည်းငယ်ပိုတော်သော မိဘများမှာ ၎င်းတို့၏ သားသမီးများအား လူတို့ကို ဘုရားသခင်က ဖန်ဆင်းသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် ဤစကြဝဠာတွင် တည်ရှိသည်ကိုလည်းကောင်း နားလည်ရန် ကူညီပေးမည်ဖြစ်ပြီး မိမိတို့၏သားသမီးများအား ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်ဖတ်ရန် ဦးဆောင်လိမ့်မည်။ ကျမ်းစာထဲမှ ဇာတ်လမ်းအချို့ကို ပြောပြလိမ့်မည်။ ပြီးလျှင် သားသမီးများသည် အရွယ်ရောက်ပြီးသည့်နောက်တွင် လောကီရေပန်းစားမှုများနောက်သို့လိုက်ခြင်း၊ ရှုပ်ထွေးသော လူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးများအတွင်း ပိတ်မိနေခြင်း၊ ဤလောကနှင့် လူ့အဖွဲ့အစည်း၏ ရေပန်းစားမှုအမျိုးမျိုးကြောင့် စိတ်ထိခိုက်ခံရခြင်းတို့ ဖြစ်မည့်အစား ဘုရားနောက်သို့လိုက်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်မည်ဟု မျှော်လင့်လိမ့်မည်။ မိဘများက ဖြည့်ဆည်းသင့်သည့် တာဝန်များသည် ၎င်းတို့၏မျှော်မှန်းချက်များနှင့် လုံးဝ မသက်ဆိုင်ပေ။ မိဘများအနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍတွင် ၎င်းတို့ ဖြည့်ဆည်းသင့်သော တာဝန်များမှာ သားသမီးများ အရွယ်မရောက်မီတွင် မိမိတို့၏သားသမီးများအား အပြုသဘောဆောင်သော လမ်းပြမှုနှင့် သင့်လျော်သော ကူညီထောက်မမှုပေးရန်၊ ထို့အပြင် အစားအစာ၊ အဝတ်အစား၊ အိုးအိမ်နေရာချထားခြင်းတို့နှင့် ပတ်သက်ပြီး သားသမီးများ၏ ဇာတိပကတိ ဘဝများတွင်၊ သို့မဟုတ် ၎င်းတို့ဖျားနာသောအခါတွင် ၎င်းတို့ကို မဆိုင်းမတွ ဂရုစိုက်ပေးရန်ဖြစ်သည်။ ၎င်းတို့၏သားသမီးများက ဖျားနာလျှင် မိဘများက ကုသရန်လိုသည့် မည်သည့်ရောဂါကိုမဆို ကုသပေးသင့်သည်။ ၎င်းတို့သည် မိမိတို့၏သားသမီးများအား လျစ်လျူမရှုသင့်ပေ၊ သို့မဟုတ် ‘ကျောင်းဆက်တက်ပါ၊ စာဆက်သင်ပါ၊ မင်းအတန်းမှာ နောက်ကျလို့ မဖြစ်ပါ။ အရမ်းနောက်ကျသွားပါက လိုက်မီနိုင်မည်မဟုတ်ပါ’ ဟု မပြောသင့်ပေ။ မိမိတို့၏သားသမီးများက အနားယူဖို့လိုအပ်သောအချိန်တွင် မိဘများက ၎င်းတို့ကို အနားယူခွင့်ပေးသင့်သည်။ မိမိတို့၏သားသမီးများက ဖျားနာသောအခါ မိဘများက ပြန်လည်သက်သာလာရန် ကူညီပေးရမည်။ ဤသည်တို့မှာ မိဘများ၏ တာဝန်များဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့သားသမီးများ၏ ကိုယ်ခန္ဓာကျန်းမာရေးကို ၎င်းတို့ ဂရုစိုက်ရမည်။ အခြားတစ်ဖက်တွင် မိမိတို့၏သားသမီးများ၏ စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး သားသမီးများအား ကူညီရမည်၊ ပညာသင်ပေးရမည်၊ ထောက်ပံ့ရမည်။ ဤသည်တို့မှာ မိမိတို့၏သားသမီးများအပေါ် လက်တွေ့မကျသော မျှော်မှန်းချက်များ၊ သို့မဟုတ် တောင်းဆိုချက်များ သတ်မှတ်ခြင်းအစား မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များဖြစ်သည်။ မိမိတို့၏သားသမီးများ၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ရုပ်ပိုင်းဆိုင်ရာဘဝတွင် မိမိတို့၏ သားသမီးများ လိုအပ်သည့်အရာ နှစ်မျိုးလုံးနှင့် ပတ်သက်လျှင် မိဘများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရမည်။ မိဘများသည် ဆောင်းရာသီတွင် မိမိတို့၏သားသမီးများကို အအေးဒဏ်ခံစားရအောင် မထားသင့်ပေ။ မည်သည့်အခြေအနေမျိုးတွင် ၎င်းတို့ အအေးမိနိုင်သည်ကိုလည်းကောင်း၊ ပူနွေးသော အစားအစာများကို ၎င်းတို့ စားသင့်သည်ကိုလည်းကောင်း၊ အေးသောအစားအစာများကို စားလျှင် ဗိုက်နာမည်ကိုလည်းကောင်း၊ ရာသီဥတုက အေးသောအခါတွင် လေစိမ်းတိုက်သောနေရာများ၌ သာမန်ကာလျှံကာဖြင့် လေတိုက်မခံသင့်၊ သို့မဟုတ် အဝတ်အစားမချွတ်သင့်သည်ကိုလည်းကောင်း သားသမီးများအား မိမိကိုယ်တိုင်၏ ကျန်းမာရေးကို ဂရုစိုက်တတ်ရန် ၎င်းတို့ကို ကူညီပေးရင်း ဘဝနှင့်ဆိုင်သော အထွေထွေဗဟုသုတအချို့ကို ၎င်းတို့ကို သွန်သင်ပေးသင့်သည်။ ထို့အပြင် မိမိတို့သားသမီးများ၏ နုနယ်သောစိတ်တွင် ၎င်းတို့အနာဂတ်နှင့်ပတ်သက်ပြီး ကလေးဆန်သော၊ မရင့်ကျက်သောအယူအဆ၊ သို့မဟုတ် အလွန်အကျူးဖြစ်သော အတွေးအချို့ ဖြစ်ပေါ်လာသောအခါတွင် မိဘများသည် ဤအရာကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အား အတင်းအဓမ္မ ဖိနှိပ်မည့်အစား မှန်ကန်သော လမ်းပြမှု ချက်ချင်း ပေးရမည်။ ပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်ရန်အတွက် မိမိတို့၏သားသမီးများအား ၎င်းတို့၏ အယူအဆများကို ဖော်ပြပြီး ရင်ဖွင့်ခိုင်းသင့်သည်။ ဤသည်မှာ မိဘများ၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ တစ်ဖက်တွင် မိဘ၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် မိမိတို့၏သားသမီးကို ဂရုစိုက်ခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် မိမိတို့၏သားသမီးကို ညွှန်ကြားခြင်းနှင့် ပြုပြင်ပေးခြင်း၊ မှန်ကန်သော အတွေးများ၊ အမြင်များနှင့်ပတ်သက်ပြီး ၎င်းတို့အား လမ်းပြပေးခြင်း ဖြစ်သည်။ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များသည် အမှန်တကယ်တွင် သားသမီးများအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များနှင့် လုံးဝ မသက်ဆိုင်ပေ။ သင်၏ သားသမီးများသည် အရွယ်ရောက်ပြီးနောက်တွင် ကိုယ်ခန္ဓာကျန်းမာမည့်အရေး၊ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်မည့်အရေးတို့ကို သင်မျှော်လင့်နိုင်သည်၊ သို့မဟုတ် သင်၏ သားသမီးများသည် သင့်အပေါ် သားသမီးဝတ်ကျေပွန်မည်ဟု သင်မျှော်လင့်နိုင်သည်။ သို့သော် သင်၏ သားသမီးများသည် အရွယ်ရောက်ပြီးနောက်တွင် ဤနာမည်ကြီးသူမျိုး၊ သို့မဟုတ် ကြီးမြတ်သောသူမျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်သင့်ပေ။ ပြီးလျှင် ‘ဘေးအိမ်က ရှောင်မင်သည် မည်မျှစကားနားထောင်သည်ကို ကြည့်ဦး’ ဟု သင်၏ သားသမီးအား မကြာခဏပြောခြင်းကို ပို၍ပင် မလုပ်သင့်ပေ။ သင်၏ သားသမီးများသည် သင်၏ သားသမီးများဖြစ်သည်။ သင်ဖြည့်ဆည်းသင့်သည့် တာဝန်သည် သူ၏ အိမ်နီးချင်းရှောင်မင်က မည်မျှတော်သည်ဆိုသည်ကို ပြောပြရန်၊ သို့မဟုတ် သူ၏ အိမ်နီးချင်းရှောင်မင်ထံမှ သင်ယူရန် ပြောဖို့ မဟုတ်ပေ။ ဤသည်မှာ မိဘက လုပ်ဆောင်သင့်သည့်အရာတစ်ခု မဟုတ်ပေ။ လူတိုင်းက မတူပေ။ လူတို့သည် ၎င်းတို့၏ အတွေးများ၊ အမြင်များ၊ စိတ်ဝင်စားမှုများ၊ ဝါသနာများ၊ အစွမ်းအစ၊ ပင်ကိုစရိုက်များနှင့် ၎င်းတို့လူ့သဘာဝ အနှစ်သာရက ကောင်းသလော၊ ကြမ်းတမ်းသလောဆိုသည်တို့နှင့်ပတ်သက်လျှင် ကွဲပြားကြသည်။ လူအချို့သည် မွေးကတည်းက လေပေါသူများဖြစ်ပြီး အခြားလူများမှာမူ မွေးရာပါ အေးသောသူများဖြစ်သည်။ ပြီးလျှင် တစ်နေကုန် စကားတစ်ခွန်းမျှမပြောဘဲ နေသွားပါကလည်း စိတ်မကြည်မလင် ဖြစ်မည်မဟုတ်ပေ။ ထို့ကြောင့် မိဘများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းလိုလျှင် လောကီ၊ ဂုဏ်သိက္ခာ၊ အကျိုးအမြတ်တို့နှင့်သက်ဆိုင်သည့် ၎င်းတို့ကိုယ်တိုင်၏ အရွယ်ရောက်ပြီးသူများ၏ လိုက်စားမှုများကို မိမိတို့၏သားသမီးများအပေါ် မျှော်မှန်းချက်များအဖြစ် ပြောင်းလဲခြင်း၊ လူ့အဖွဲ့အစည်းမှလာသော ဤဂုဏ်သိက္ခာ၊ အကျိုးအမြတ်၊ လောကီတို့နှင့်သက်ဆိုင်သော အရာများကို သားသမီးများအပေါ်သို့ ချမှတ်ခြင်းအစား မိမိတို့သားသမီးများ၏ ပင်ကိုစရိုက်များ၊ စိတ်သဘောထားများ၊ စိတ်ဝင်စားမှုများ၊ အစွမ်းအစနှင့် သားသမီးများ၏ လူ့သဘာဝလိုအပ်ချက်တို့ကို နားလည်ဖို့ ကြိုးစားသင့်သည်။ မိဘများသည် ဤအရာများကို ‘မိမိတို့၏သားသမီးများအပေါ် မျှော်မှန်းချက်များ’ ဟူသည့် ချိုသာသောစကားအပေါ် ယိုးမယ်ဖွဲ့လေသည်။ သို့သော် လက်တွေ့တွင် ထိုအရာများသည် ထိုသို့ မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏သားသမီးများကို မီးတွင်းထဲသို့ တွန်းပို့ပြီး နတ်ဆိုးများ၏ လက်ထဲသို့ ပို့ဖို့ ကြိုးစားနေသည်မှာ ရှင်းသည်။ သင်သည် အမှန်ပင် အရည်အချင်း ပြည့်မီသောမိဘဖြစ်လျှင် သားသမီးများအရွယ်မရောက်မီတွင် သင်၏ စိတ်အလိုအတိုင်း ၎င်းတို့ကို အတင်းအကျပ်စေခိုင်းခြင်း၊ ၎င်းတို့၏ နုနယ်သောစိတ်က မခံယူသင့်သည့်အရာများကို အတင်းခံယူစေခြင်းတို့အစား ၎င်းတို့၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး သင့်တာဝန်များကို ဖြည့်ဆည်းသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်ခဲ့တယ် မိဘတွေက သူတို့သားသမီးအပေါ်ထားတဲ့ မသင့်လျော်တဲ့တောင်းဆိုမှုတွေနဲ့ မျှော်လင့်ချက်တွေကို စွန့်လွှတ်သင့်ပါတယ်။ လက်တွေ့အခြေအနေကို အခြေခံပြီး ကိုယ့်သားသမီးကို ဆက်ဆံရမှာဖြစ်ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားချင်တဲ့ သူတို့ ဆန္ဒကို သူတို့သားသမီးတွေအပေါ် ချမှတ်လို့ မရပါဘူး။ သမီးကို ပညာသင်ပေးတဲ့ပုံစံနဲ့ ပတ်သက်တဲ့အခါမှာ ကျွန်မက ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့မလုပ်ခဲ့ဘူး။ ကျွန်မသမီးက ငယ်သေးတဲ့အရွယ်မှာ တော်ကောင်းတော်နိုင်ပေမယ့် သူ့စာမေးပွဲတွေမှာ အမှတ်ပြည့်ကိုတော့ ဘယ်တုန်းကမှ မရရှိခဲ့ပါဘူး။ ကျွန်မဒါကို မှန်မှန်ကန်ကန် အလေးထားသင့်တယ်။ သူ့ကို အိမ်နီးနားချင်းတွေရဲ့ ကလေးနဲ့ မနှိုင်းယှဉ်သင့်ဘူး၊ ပြီးတော့ ငယ်သေးတဲ့အရွယ်မှာ မှားယွင်းတဲ့ အတွေးတွေ သူ့ကို မပေးသင့်ဘူး။ ဘိုးဘေးတွေအတွက် ဂုဏ်ရှိအောင်လုပ်ပေးရင်းနဲ့ ရွယ်တူတွေကြားမှာ ထင်ပေါ်ဖို့ သူ့ကို ကျောင်းသားကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပြီး တက္ကသိုလ်ကောင်းတစ်ခုကို ရအောင်လုပ်မပေးသင့်ဘူး။ ပြီးတော့ အသက်အရွယ် အမျိုးမျိုးရှိတဲ့ကလေးတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ လက်တွေ့ အခြေအနေပေါ် မူတည်ပြီး တောင်းဆိုသင့်ပါတယ်။ ကျွန်မ့သမီးက အသက်၁၀ နှစ်တောင်မပြည့်သေးဘူး။ အိမ်စာမလုပ်ခင် ခဏလောက် ပျော်ပျော်ပါးပါး ကစားရတာက သူ့အတွက် ပုံမှန်ပါပဲ။ သူ့ကို ပညာသင်ပေးတဲ့နေရာမှာ ကျွန်မရဲ့ ကိုယ်ပိုင်နည်းလမ်းအတိုင်း တောင်းဆိုမှုတွေ လုပ်ပြီး သူတစ်ခုခု မလုပ်နိုင်တဲ့အခါ သူ့ကို ဆူပူကြိမ်းမောင်းတာမျိုးမလုပ်သင့်ဘူး။ ဒီလိုလုပ်တာက သူ့ရဲ့ ငယ်ရွယ်တဲ့ စိတ်ကို ထိခိုက်နစ်နာစေရုံမကပဲ သူ့ကောင်းကျိုးအတွက်လည်း မမှန်ခဲ့ဘူး။ သားသမီးအတွက် မှန်ကန်တဲ့အလုပ်ကို တကယ်လုပ်ဖို့၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ပြီး၊ သူတို့ရဲ့ အစွမ်းအစ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အသက်အရွယ်အလိုက် ဆက်ဆံသင့်ပါတယ်။ သားသမီးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာပေးနည်းတွေ ရှိရင်၊ ကိုယ့်ကလေးကို ရွယ်တူတွေထက် ပိုထူးချွန်အောင်လုပ်ဖို့ ပန်းတိုင်ကို ဖြည့်ဆည်းရင်တောင်မှ အဲ့ဒီကလေးက ပိုသိလာတဲ့အခါ ဘုရားသခင်နဲ့ ပိုပြီးဝေးကွာသွားပါလိမ့်မယ်။ အနာဂတ်မှာ သူတို့ရဲ့မိဘတွေ သူတို့ကို ဧဝံဂေလိတရား ဖြန့်ဝေတဲ့အခါ၊ သူတို့တွေက ဘုရားသခင်ကို ဆန့်ကျင်ဖို့နဲ့ ငြင်းပယ်ဖို့အတွက် သူတို့သိခဲ့တဲ့ အသိပညာကို အသုံးပြုလာနိုင်တယ်။ အဲဒီလိုဖြစ်ရင် ကလေးကဖျက်ဆီးခံရမှာပဲ။ ဒါတွေအားလုံးကို နားလည်ရင်းနဲ့၊ ကျွန်မသမီးရဲ့ အဆင့်ကို သိပ်ပြီးဂရုမစိုက်တော့ဘူး၊ ပြီးတော့ သူ တက္ကသိုလ်တက်ပြီး အနာဂတ်မှာ ကျွန်မရဲ့နာမည်အတွက် ဂုဏ်သိက္ခာရယူဖို့ ကျွန်မထပ်ပြီး မမျှော်လင့်တော့ဘူး။ သူ ကျောင်းသူဘဝမှာ လက်တွေ့ ဗဟုသုတတွေတချို့ သင်ယူလာနိုင်ဖို့ပဲ ကျွန်မ မျှော်လင့်တော့တယ်။ ပညာရေးမှာ အောင်မြင်ပြီး ရှေ့အနာဂတ်မှာ အလုပ်ကောင်းကောင်းရအောင်ရှာနိုင်မလား၊ ပြီးတော့ သူ့မှာ ဘယ်လို အနာဂတ် အလားအလာတွေကြုံလာနိုင်မလဲဆိုတာတွေအတွက်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဥ်ကို ကျိုးနွံနာခံခဲ့တယ်။
အဲ့ဒီနောက်၊ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးဖတ်ရှုခဲ့ပါတယ်။ “လူတစ်ယောက်သည် မိဘများကို ထားခဲ့ပြီး အမှီအခိုကင်းသူ တစ်ယောက်ဖြစ်လာသည့်အခါ သူရင်ဆိုင်ရသည့် လူမှုရေး အခြေအနေများ၊ သူရရှိနိုင်သည့် အလုပ်နှင့် အသက်မွေးမှု လုပ်ငန်းအမျိုးအစားသည် ကံကြမ္မာအားဖြင့် ချမှတ်ထားခြင်းဖြစ်ပြီး ၎င်း၏ မိဘများနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိချေ။ လူအချို့က ကောလိပ်တွင် မေဂျာ ကောင်းကောင်းကို ရွေးချယ်ပြီး သူတို့ဘဝခရီးတွင် အောင်မြင်သည့် ပထမခြေလှမ်းကို လှမ်းရင်း ဘွဲ့ရပြီးနောက် ကျေနပ်စရာကောင်းသည့်အလုပ်ကို ရှာဖွေ တွေ့ရှိခြင်းဖြင့် အဆုံးသတ်ကြသည်။ လူအချို့က ပညာအမျိုးမျိုးကို သင်ယူပြီး ကျွမ်းကျင်သော်လည်း အသက်မွေးမှုလုပ်ငန်းတစ်ခု ရှိဖို့မပြောနှင့်၊ သူတို့နှင့် သင့်တော်သည့် အလုပ် သို့မဟုတ် သူတို့၏ ရာထူးနေရာကို လုံးဝရှာမတွေ့ကြချေ။ သူတို့၏ ဘဝခရီးအစတွင် အလှည့်အပြောင်းတိုင်း၌ ပိတ်ပင်တားဆီးခံရကာ၊ ဒုက္ခ ပြဿနာများဖြင့် ဝန်းရံခံရသည်ကို တွေ့ရပြီး၊ သူတို့ရှေ့ရေးသည် စိတ်ပျက်စရာဖြစ်လာကာ၊ သူတို့၏ဘဝများသည် သေချာမှုမရှိပေ။ လူအချို့တို့သည် လုံ့လရှိရှိနှင့် ၎င်းတို့၏ လေ့လာသင်ယူမှုများ၌ အားထုတ်ကြသည်၊ သို့သော်လည်း ပိုမြင့်သည့် ပညာရေးရရန် သူတို့၏ အခွင့်အရေးအားလုံး သီသီကလေး လွဲချော်ကြလေသည်။ ၎င်းတို့သည် ဘယ်သောအခါမျှ အောင်မြင်မှုမရရန် ကံစီမံရာ ဖြစ်ပုံရလေသည်၊ သူတို့ဘဝခရီးတွင် သူတို့၏ပထမဆုံး စိတ်အားထက်သန်မှုသည် လေထဲ ပျောက်ကွယ်သွားသည်။ ရှေ့မှာရှိသည့်လမ်းက ချောမွေ့ခြင်း သို့မဟုတ် ကြမ်းတမ်းခြင်း ရှိမရှိဆိုသည်ကို မသိဘဲ လူသား၏ ကံတရားက မည်မျှ ပြောင်းလဲနိုင်မှုများဖြင့် ပြည့်သည်ကို ပထမဆုံးအကြိမ် သူတို့ခံစားကြရပြီး ဘဝကို မျှော်လင့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ဖြင့် မှတ်ယူကြသည်။ လူအချို့တို့က ပညာသိပ်ကောင်းကောင်း မတတ်ကြသော်လည်း စာအုပ်များရေးပြီး အောင်မြင်မှု အတိုင်းအတာတစ်ခု ရရှိကြသည်။ တစ်ချို့ကတော့ လုံးဝနီးနီး စာမတတ်သော်လည်း စီးပွားရေးဖြင့် ငွေရှာပြီး ဤနည်းနှင့် သူတို့ကိုယ်သူတို့ ထောက်ပံ့နိုင်သည်။ လူတစ်ယောက်က မည်သည့်အလုပ်အကိုင် ရွေးချယ်သည်၊ မည်သို့ အသက်မွေးဝမ်းကျောင်း ပြုသည်၊ ဤအရာများ၌ ကောင်းမွန်သည့် ရွေးချယ်မှု သို့မဟုတ် မကောင်းသည့် ရွေးချယ်မှုကို လုပ်ဆောင်ခြင်း ရှိမရှိဆိုသည့်အပေါ် လူတို့အနေဖြင့် ထိန်းချုပ်မှုတစ်ခုတစ်လေ ရှိကြသလော။ ဤအရာများသည်လူတို့၏ စိတ်ဆန္ဒများ၊ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီကြသလော။ လူအများစုက အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံများများရချင်ကြသည်။ နေထဲ မိုးထဲတွင် မလုပ်ဖို့၊ အဝတ်ကောင်းကောင်းဝတ်ဖို့၊ နေရာတိုင်း၌ လင်းလက်တောက်ပနေဖို့၊ တစ်ခြားလူများအား လွှမ်းမိုးဖို့၊ သူတို့၏ ဘိုးဘေးများကို ဂုဏ်တက်စေရန် ဆန္ဒရှိကြသည်။ ပြီးပြည့်စုံခြင်းကို လူတို့ မျှော်လင့်ကြသည်၊ သို့သော်လည်း သူတို့ဘဝခရီးတွင် ပထမခြေလှမ်းကို စလှမ်းသည့်အခါ လူသား၏ကံတရားက အဘယ်မျှ ပြည့်စုံခြင်းမရှိသည်ကို တဖြည်းဖြည်း နားလည်လာ ကြပြီး လူတစ်ယောက်သည် သူ၏အနာဂတ်အတွက် ရဲရင့်သော အစီအစဉ်များကို ပြုလုပ်နိုင်သော်လည်း၊ လူတစ်ယောက်သည် ရဲတင်းသည့် စိတ်ကူးယဉ်အိပ်မက်များ သိုထားနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အိပ်မက်များကို အကောင်အထည်ဖော်ဖို့ မည်သူမျှ အရည်အချင်း သို့မဟုတ် တန်ခိုးအာဏာမရှိကြသကဲ့သို့ မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို ထိန်းချုပ်နိုင်သည့် နေရာတွင် မရှိသည့်အချက်ကို ပထမဆုံးအကြိမ် အမှန်တကယ် သဘောပေါက်လာကြသည်။ လူတစ်ယောက်၏ အိပ်မက်နှင့် သူရင်ဆိုင်ရမည့် လက်တွေ့အရှိတရားတို့ကြား အကွာအဝေးတစ်ချို့ အမြဲရှိနေပါလိမ့်မည်။ အမှုအရာများသည် လူတစ်ယောက် ဖြစ်စေချင်သည့်အတိုင်း ဘယ်သောအခါမှ မဖြစ်သကဲ့သို့ ထိုသို့သော လက်တွေ့အရှိတရားများနှင့် ရင်ဆိုင်ရလျက်၊ လူတို့သည် စိတ်ကျေနပ်မှု သို့မဟုတ် ရောင့်ရဲမှုကို ဘယ်သောအခါမျှ မရရှိကြချေ။ တစ်ချို့လူတို့သည် စိတ်ကူးလို့ရသည့် မည်သည့် အတိုင်းအတာအထိမဆို သွားကြလိမ့်မည်၊ သူတို့၏ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးပမ်းမှုတစ်ခုအနေဖြင့် သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် အနာဂတ်အတွက် ကြီးမားသည့် အားစိုက်မှုများ ပြုလုပ်ပြီး ကြီးမားသည့် စွန့်လွတ်မှုများ ပြုလုပ်ကြပေလိမ့်မည်။ သို့သော်လည်း အဆုံးတွင်၊ သူတို့၏ ကိုယ်ပိုင်ကြိုးစားမှုများအားဖြင့် ၎င်းတို့၏ အိပ်မက်များနှင့် စိတ်ဆန္ဒများကို အကောင်အထည် ဖော်နိုင်လျှင်ပင်၊ ၎င်းတို့၏ ကံကြမ္မာတွေကို ဘယ်သောအခါမျှ ၎င်းတို့ မပြောင်းလဲနိုင်ပေ။ မည်မျှပင်ဇွဲကြီးကြီးနှင့် ကြိုးစားပါစေ ကံတရားက သူတို့ကို ပိုင်းခြားသတ်မှတ်ပေးသည်ထက် ဘယ်သောအခါမျှ ကျော်လွန် နိုင်မည်မဟုတ်ပေ။ အရည်အချင်း၊ ဉာဏ်ပညာ၊ စိတ်စွမ်းအား မတူညီမှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ၊ လူအားလုံးသည် ကံကြမ္မာ၏ ရှေ့မှောက်တွင် ညီတူညီမျှဖြစ်ပြီး ကြီးမြတ်သူနှင့် သေးနုတ်သူ၊ မြင့်သောသူနှင့် နိမ့်သောသူ၊ ချီးမြှောက်ခံရသူနှင့် နှိမ့်ကျသောသူတို့ကြား မခွဲခြားပေ။ လူတစ်ယောက်က မည်သည့် အလုပ်အကိုင်ကို ရှာဖွေလိုက်စားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ကြွယ်ဝချမ်းသာမှု မည်မျှ စုဆောင်းသည် စသည်တို့သည် မိမိ၏မိဘ၊ မိမိပါရမီ၊ အားစိုက်ထုတ်မှုများ သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်ခဲ့တယ် လူတွေရဲ့ ဖြစ်နိုင်ချေတွေနဲ့ သူတို့ တစ်သက်တာရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိနေတယ်ဆိုတာပါပဲ။ ကျွန်မကလေးက တက္ကသိုလ်ကောင်းကောင်းတက်ပြီး အလုပ်ကောင်းကောင်းရှာနိုင်မလားဆိုတာ ကျွန်မကသူ့ကိုတောင်းဆိုတဲ့အရာပေါ်မှာမမူတည်သလို၊ သူ့ရဲ့ကြိုးစားမှုအပေါ်လည်းမမူတည်ပါဘူး။ ဒါတွေအားလုံးက ဘုရားသခင်စီမံထားပြီးသားပါ။ လူတစ်ဦးချင်းစီ မွေးဖွားလာတဲ့အခါ ဘုရားသခင်က သူတို့ရဲ့ဘဝကို စီစဉ်ပေးထားပြီးဖြစ်ပါတယ်။ တချို့လူတွေက တက္ကသိုလ်တက်ပြီး ဘွဲ့ကောင်းကောင်းရကြတယ်။ ဒါပေမယ့် ကျေနပ်လောက်တဲ့ အလုပ်ကို မရှာနိုင်တဲ့အချိန်မှာ တခြားလူတွေကတော့ ပညာကောင်းကောင်းမတတ်ပေမဲ့ ကိုယ့်အတွက် အသက်မွေးဝမ်းကြောင်းကိုယ် လုပ်နိုင်ကြတယ်။ ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူ့သားက တက္ကသိုလ်တက်ရပေမယ့် အလုပ်မရဘဲ အလုပ်လက်မဲ့နဲ့ အိမ်မှာပဲနေတယ်။ ကျွန်မအဖွားရဲ့ချွေးမကလည်း တက္ကသိုလ်တက်ခဲ့ရတယ်၊ ဒါပေမယ့် အလုပ်ကောင်းကောင်းမရှာနိုင်ဘဲ လယ်သူမလုပ်ဖို့ပဲ အိမ်ကိုပြန်ခဲ့တယ်၊ ကျွန်ခင်ပွန်းရဲ့ဦးလေးကတော့ မူလတန်းကျောင်းတောင်မပြီးခဲ့ဘဲ စာကောင်းကောင်း မဖတ်နိုင်ပေမဲ့ စက်ရုံတစ်ရုံဖွင့်ပြီး သူဌေးဖြစ်လာပြီး ၀င်ငွေကောင်းခဲ့တယ်။ ဒီလက်တွေ့ဘဝရဲ့ဥပမာတွေကနေ၊ အလုပ်ကောင်းကောင်းရှာပြီး တောက်ပတဲ့အနာဂတ်ရှိဖို့က တက္ကသိုလ်တက်နိုင်တဲ့အပေါ်မှာမူတည်တာမဟုတ်သလို မိဘတွေက သူတို့ကို ဘယ်လိုပညာသင်ပေးလဲ ဆိုတဲ့အပေါ်မှာ မမူတည်ဘူးဆိုတာ ကျွန်မတွေ့လိုက်ရတယ်။ အားလုံးက ဘုရားသခင် စီမံထားတဲ့အထဲမှာ ရှိပါတယ်။ အနာဂတ်မှာ ကျွန်မရဲ့ဒီလွဲမှားတဲ့အမြင်ကို ပြောင်းပြန်လှန်ပြီး ကျွန်မသမီးအပေါ်ထားတဲ့ ကျွန်မရဲ့မျှော်လင့်ချက်တွေကို စွန့်လွှတ်ခဲ့တယ်၊ သူ့ရဲ့ စာလေ့လာမှုကို အသုံးချပြီး တခြားသူတွေထက် ပိုထင်ပေါ်စေချင်တဲ့ ကျွန်မရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ထပ်ပြီးမတောင်းဆိုတော့ပါဘူး။
အဲ့ဒီနောက်မှာတော့ ကျွန်မက ကျွန်မတာဝန်ကို ပုံမှန်အတိုင်းလုပ်ခဲ့ပြီး အရင်ကလုပ်ခဲ့သလို သမီးကို ပညာသင်မပေးတော့ပါဘူး။ သူ့အားလပ်ချိန်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း၊ ကောင်းကင်နဲ့မြေကြီးအရာခပ်သိမ်းတို့အပြင် လူသားတို့ကိုလည်း ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်း သူ့ကို နားလည်စေဖို့နဲ့၊ ကျွန်မတို့မှာရှိသမျှ အရာတို့ကို ဘုရားသခင်က ကျွန်မတို့အပေါ် အပ်နှင်းထားပြီး၊ လူတို့က ကိုယ်တော်ကို ယုံကြည် ကိုးကွယ်ဖို့လိုကြောင်း သူနဲ့ စကားပြောဖြစ်တယ်။ သမီးက ကျွန်မနဲ့အတူ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး ကျွန်မရဲ့ မိတ်သဟာယကို နားထောင်လိုစိတ်ရှိတဲ့အတွက် ကျွန်မအရမ်းပျော်မိတယ်။ အချိန်တစ်ခုရောက်လာတော့ ကျွန်မသမီးက နာခံတတ်လာတယ်။ အိမ်စာတွေကို အချိန်မီ ပြီးမြောက်ပြီး အဆင့်တွေ တဖြည်းဖြည်း တိုးတက်လာပြီးတော့ စာမေးပွဲတစ်ခုစီမှာ သူက အမှတ် ၈၀ လောက်ထိရတယ်။ ကျွန်မပျော်နေပေမဲ့ အရင်က ခံစားခဲ့ရတဲ့ ပျော်ရွှင်မှုမျိုးနဲ့ မတူဘူး။ ကျွန်မသမီးကိုပြောဖြစ်တယ်၊ “စာမေးပွဲမှာ သမီးအဆင့်ဘယ်လောက်ရလဲဆိုတာ အရေးမကြီးပါဘူး။ သမီး အမှတ်၁၀၀ရဖို့ အမေမတောင်းဘူး၊ သမီးအနာဂတ်မှာ တက္ကသိုလ်ကောင်းကောင်းတစ်ခုတက်ဖို့ အမေ မတောင်းဆိုဘူး။ ဘာလို့လဲဆိုတော့ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အမေ့ကို သင်ပေးလိုက်တာက လူသားရဲ့ အလားအလာနှင့် ကံကြမ္မာဆိုတာ ဘုရားသခင်ရဲ့လက်ထဲမှာပဲရှိတယ်။ လူရဲ့အသက်တာက ဘုရားသခင်ဆီကလာပြီး၊ သမီးကြီးလာတဲ့အခါ အမေမျှော်လင့်နိုင်တာအားလုံးက သမီးကဘုရားသခင်ကို မှန်မှန်ကန်ကန်ယုံကြည်ပြီး ဘုရားရဲ့အိမ်တော်မှာ သမီးတာဝန်ကို ထမ်းဆောင်ဖို့ပဲ။” သမီးက “သမီး သိပါတယ်” လို့ ဝမ်းမြောက်ဝမ်းသာနဲ့ပြန်ပြောတယ်။ ပြီးတော့အခု သူက တခြားကလေးတွေထက် တော်တော်ကိုပိုပျော်တယ်လို့လည်း ပြောသေးတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ကျွန်မ လက်တွေ့လုပ်လိုက်တာနဲ့ ကျွန်မသမီးမှာ ဝေဒနာ မခံစားရတော့တာ ကျွန်မတွေ့လိုက်ရတယ်။ အဲ့ဒါအပြင် သူ့ကို ကျွန်မက မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ပို့ပေးနိုင်ခဲ့တယ်။ ကျွန်မ လွတ်မြောက်မှုကို ခံစားရပြီး ကျွန်မတာဝန်မှာ ထမ်းဆောင်ဖို့ ခွန်အားတွေ ပိုထည့်နိုင်ခဲ့တယ်။
ဒီအတွေ့အကြုံကနေ၊ ဘုရားသခင်က လူသားရဲ့အသက်တာအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားတယ်ဆိုတာ ကျွန်မနားလည်ခဲ့တယ်။ ဒါက သူ့ထိန်းချုပ်မှုအောက်မှာမရှိဘူး။ ကျွန်မ ထိန်းချုပ်မှုအောက်မှာဆိုရင် ပိုပြီးတော့တောင် မရှိပါဘူး။ ကျွန်မလည်း နားလည်လာခဲ့တယ်။ ကျွန်မသမီးကို ကျောင်းသားကောင်းတစ်ယောက်ဖြစ်ပြီး တောက်ပတဲ့ အနာဂတ်ရှိစေချင်တာက ကျွန်မရဲ့ ကိုယ်ပိုင်ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ပဲ။ အဲ့ဒါက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ခဲ့တယ်။ အခုတော့ ကျွန်မသမီးအတွက် မျှော်လင့်ချက်တွေကို စွန့်လွှတ်လာနိုင်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်နိုင်ပါပြီ။ ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။