ခေါင်းဆောင်ဖြစ်ဖို့ မပြိုင်ဆိုင်တော့ပါ

08.11.2025

ဖုန့်ရှန့်၊ တရုတ်ပြည်

၂၀၁၆ ခုနှစ်တုန်းက အသင်းတော်မှာ စာနဲ့ပတ်သက်တဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့တယ်။ အဲဒီအချိန်က တာဝန်တစ်ခုရဲ့ရလဒ်တွေက အမြဲတမ်းညံ့နေတော့ ခေါင်းဆောင်က အဲဒါကို တိုက်ရိုက်နေဆက်တွဲစစ်ဆေးဖို့ ကျွန်မကို ပြောခဲ့တယ်။ ဘုရားသခင်ကို အားကိုးပြီး စည်းမျဉ်းတွေကို အမှန်တကယ် အားစိုက်လေ့လာတော့ မကြာခင်မှာပဲ အလုပ်က တိုးတက်လာတာကို ကျွန်မ တွေ့ခဲ့ရတယ်။ နောက်ပိုင်းမှာ နောက်ထပ် တာဝန်တစ်ခုမှာ ပြဿနာတွေကြုံရတော့ ခေါင်းဆောင်က အဲဒါတွေကို တာဝန်ယူပြီး ဖြေရှင်းဖို့ ကျွန်မကို ထပ်ပြီးတောင်းဆိုခဲ့တယ်။ ဒီလိုကြားရတော့ ကျွန်မ အရမ်းဝမ်းသာသွားတာပေါ့။ ခက်ခဲတဲ့ တာဝန်အားလုံးကို ခေါင်းဆောင်က ကျွန်မကိုပဲ အပ်နှံတာကို မြင်တော့ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိတဲ့ ရှားရှားပါးပါး လူတစ်ယောက်၊ အသင်းတော်ရဲ့ ထောက်တိုင်တစ်ခုလို့ ကျွန်မ ခံစားခဲ့မိတယ်။

နောက်ပိုင်းမှာ ကျွန်မတို့အသင်းတော်က ခေါင်းဆောင်တစ်ယောက် ရွေးကောက်တင်မြှောက်ဖို့ လုပ်တော့ ကျွန်မ တွေးမိတယ်၊ “ဒီတစ်ခါ ငါ ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရမှာလား။ အခု ငါလုပ်နေရတဲ့ စာနဲ့ပတ်သက်တဲ့ တာဝန်က ထင်ပေါ်ခွင့်မပေးဘူး၊ ဘာအဆင့်အတန်းမှ ရခွင့်မပေးဘူး။ ငါသာ ခေါင်းဆောင်အနေနဲ့ အရွေးခံရနိုင်ရင်တော့ ဒါမျိုးဖြစ်မှာ မဟုတ်ဘူး။ ငါ့မှာ ပြောဆိုပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့်အာဏာတွေ ရှိလာမှာ။ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ငါ့ဆီကို လာကြမှာ။ ဒါဆိုရင် ဘယ်လောက်ဂုဏ်တက်လိုက်မလဲ။ ကျောင်းတုန်းကလည်း ငါ အတန်းခေါင်းဆောင်ဖြစ်ချင်ခဲ့တာ၊ ဒါပေမဲ့ အဲဒီဆန္ဒ တစ်ခါမှ မပြည့်ခဲ့ဘူး။ အသင်းတော်မှာသာ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရရင် ငါ့အရည်အချင်းကို သက်သေပြနိုင်ပြီး ငါ့အိပ်မက်ကိုလည်း အကောင်အထည်ဖော်နိုင်မှာပဲ” လို့ပေါ့။ အဲဒီနောက်ပိုင်းမှာ ကျွန်မရဲ့ တာဝန်မှာ တော်တော်ကို ကြိုးစားခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေမှာ ဘယ်လိုအခြေအနေမျိုးပဲရှိရှိ ကျွန်မက တက်တက်ကြွကြွနဲ့ မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးခဲ့တယ်။ သူတို့ရဲ့ အသိအမှတ်ပြုမှုကို ရတဲ့အခါ ကျွန်မ အရမ်းပျော်ခဲ့ပြီး ရွေးကောက်ပွဲကျရင် သူတို့ ကျွန်မကို မဲပေးကြမှာပဲလို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်မ အရွေးမခံခဲ့ရဘူး။ ကျွန်မ အရမ်းကို စိတ်ပျက်သွားတယ်။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေပြောတာ ကြားရတာကတော့ ကျွန်မက မရင့်ကျက်ဘူး၊ အသက်ဝင်ရောက်မှု အပေါ်ယံဆန်တယ်လို့ သူတို့ခံစားရတဲ့အတွက် ကျွန်မအရွေးမခံခဲ့ရတာတဲ့။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ရင့်ကျက်တည်ငြိမ်တဲ့ပုံ ပေါက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်မ အမြန်ချင့်ချိန်စဉ်းစားလိုက်တယ်။ အသက်ဝင်ရောက်မှုနဲ့ပတ်သက်ရင် လူတို့ရဲ့သဘာဝ အနှစ်သာရကို တရားစီရင်ပြီး ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီးဖတ်ခဲ့တယ်၊ ပိုပြီးသင်ယူပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်နိုင်ဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ တစ်ချိန်တည်းမှာပဲ နေ့စဉ်အသက်တာမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ခဲ့တယ်၊ ဒါမှ လူတိုင်းက ကျွန်မရဲ့တိုးတက်ပြောင်းလဲမှုတွေကို မြင်တွေ့နိုင်ပြီး နောက်ရွေးကောက်ပွဲမှာ ကျွန်မကို မဲပေးကြမှာပေါ့လေ။

ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မ သုံးလေကြိမ်လောက် အရွေးမခံခဲ့ရဘူး။ အထူးသဖြင့် ရွေးကောက်ပွဲတစ်ခုမှာ ညီအစ်မ ဆီယွီက ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ ဒီသတင်းကိုကြားတော့ ကျွန်မ အရမ်းအံ့ဩသွားပြီး၊ “သူ့ရဲ့ အရည်အချင်းနဲ့ အလုပ်လုပ်နိုင်စွမ်းက သာမန်ပဲဟာ။ ညီအစ်ကိုမောင်နှမအများစုက သူ့ကို ဘယ်လိုလုပ် မဲပေးလိုက်ကြတာလဲ။ သူက ငါ့ထက် ဘယ်လိုနည်းနဲ့ သာနေလို့လဲ” ပေါ့။ ကျွန်မ မနာလိုဖြစ်ပြီး ပမာမခန့်ဖြစ်သွားတယ်။ နောက်ပြီး ပါးစပ်ကနေ လွှတ်ခနဲထွက်သွားတယ်၊ “သူက လုပ်နိုင်လို့လား” တဲ့။ ညီအစ်မတွေက သိချင်စိတ်နဲ့ ကျွန်မကို မေးကြတယ်၊ “နင် သူ့ကို ကောင်းကောင်းသိလို့လား” တဲ့။ ကျွန်မလည်း မစဉ်းစားဘဲ ပြောလိုက်တယ်၊ “အရင်က သူနဲ့ အတူအလုပ်လုပ်ဖူးတယ်။ ငါထင်တယ် သူ့ရဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းက သာမန်ပဲ၊ ပြီးတော့ သူ အတွေ့အကြုံသက်သေခံချက် ဆောင်းပါးကောင်းတွေ ရေးတာလည်း မတွေ့ဖူးဘူး။ သူ့မှာ အသက်ဝင်ရောက်မှု ရှိရဲ့လားလို့တောင် ငါ သံသယဖြစ်မိတယ်” လို့ပေါ့။ ဒီလိုကြားတော့ ညီအစ်မတွေအားလုံးက ပြောကြတယ်၊ “နင် သူ့ကို ကောင်းကောင်းသိပြီး သူက မသင့်တော်ဘူးလို့ထင်ရင် နင် ထုတ်ပြောသင့်တယ်။ အသင်းတော်ခေါင်းဆောင်ပိုင်းက အရမ်းအရေးကြီးတယ်၊ ငါတို့ လူရွေးမှန်ဖို့လိုတယ်” တဲ့။ ညီအစ်ကိုမောင်နှမတွေအားလုံး အဲဒီကိစ္စကို စပြီး ဆွေးနွေးငြင်းခုံကြတော့တာပဲ။ နောက်တစ်နေ့မှာ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ညီအစ်မက ကျွန်မကို ပြင်းပြင်းထန်ထန် ပြုပြင်ပြီး ပြောတယ်၊ “မနေ့က နင်ပြောခဲ့တာတွေက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ဝေဖန်စကားပြောတဲ့သဘော ရောက်တယ်။ ဆီယွီရဲ့ အသက်ဝင်ရောက်မှုက အပေါ်ယံဆန်ပေမဲ့ သူ့မှာ အစွမ်းအစကောင်းရှိတယ်၊ စိတ်နှလုံးမှန်ကန်တယ်၊ သမ္မာတရားအတွက်လည်း ကြိုးစားတယ်၊ ပြီးတော့ အလုပ်အတွက် ဝန်တာလည်းရှိတယ်။ နင်က သူ့ကို စည်းမျဉ်းတွေကိုအခြေခံပြီး အကဲဖြတ်တာမျိုး၊ သူ့ရဲ့ လက်ရှိစွမ်းဆောင်ရည်ကိုလည်း ထည့်စဉ်းစားတာမျိုး လုပ်ရမဲ့အစား အရင်က သူ့ရဲ့အားနည်းချက်တွေကိုပဲ ဖက်တွယ်ထားတယ်။ နင် ဒီလိုမျိုး မသမာတဲ့ ရည်ရွယ်ချက်နဲ့စကားပြောတာက ညီအစ်ကိုမောင်နှမတွေကို ဆီယွီအပေါ် အမြင်စောင်းသွားစေတယ်၊ အသင်းတော်က လူရွေးမှားသွားတဲ့အတိုင်းပဲ။ ဒီအပြုအမူရဲ့သဘာဝက တော်တော်လေးပြင်းထန်ပြီး၊ ရွေးကောက်ပွဲကို ကမောက်ကမဖြစ်အောင်လုပ်တဲ့သဘော ရောက်တယ်။ ဒါကို သေချာ ဆင်ခြင်သုံးသပ်ပြီး နားလည်အောင်လုပ်သင့်တယ်” တဲ့။ ညီအစ်မရဲ့စကားတွေကြောင့် ကျွန်မ မျက်နှာ ပူထူသွားတယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ဝေဖန်စကားပြောတဲ့သဘာဝက သူတို့ကို နှောင့်ယှက်တာ၊ အရိုအသေတန်အောင် လုပ်တာဖြစ်ပြီး ဒါက ဒုစရိုက်မှုတစ်ခုပဲ၊ ကျွန်မ နည်းနည်းကြောက်သွားတယ်။ ပါးစပ်ကနေတော့ ဆက်ပြီး မဝေဖန်ရဲတော့ဘူး၊ ဒါပေမဲ့ ကျွန်မစိတ်နှလုံးထဲမှာတော့ ကျိုးနွံနာခံဖို့ငြင်းဆန်နေတုန်းပဲ။

တစ်ခါ စုဝေးပွဲတစ်ခုမှာ ခေါင်းဆောင်တစ်ယောက် မိတ်သဟာယပြုနေတုန်း၊ လူတိုင်းရဲ့အာရုံက သူ့အပေါ်မှာပဲရှိနေတာကို ကျွန်မ သတိထားမိလိုက်တယ်။ အဲဒီအခိုက်အတန့်မှာ ခေါင်းဆောင်ဆီကနေ အလင်းတွေ ဖြာထွက်နေသလိုပဲလို့ ကျွန်မ ခံစားခဲ့ရပြီး၊ ကျွန်မ စိတ်ကူးယဉ်နေမိတယ်၊ ကျွန်မသာ ခေါင်းဆောင်ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ပေါ့။ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တော့ ကျွန်မနှာခေါင်း တရှုံ့ရှုံဖြစ်လာပြီး မျက်ရည်ဝဲတက်လာတယ်၊ တွေးမိတယ်၊ “ဘုရားသခင်ကို ယုံကြည်လာတဲ့အချိန်ကစပြီး ငါ တစ်ခါမှ ခေါင်းဆောင်မဖြစ်ခဲ့ဖူးဘူး။ ငါ ဘာလို့ အခွင့်အရေးမရခဲ့တာလဲ။ ငါ ဒီလောက် ကောင်းကောင်းအလုပ်လုပ်နေခဲ့တာတောင် ခေါင်းဆောင်မဖြစ်နိုင်သေးဘူး။ ဘုရားသခင်က ငါ့အပေါ် မတရားဘူး။ ဒီလိုမျိုး ဆက်ပြီးလိုက်စားနေတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ” လို့ပေါ့။ အဲဒီအချိန်အတောအတွင်းမှာ စိတ်ထဲမှာ အရမ်းကို မှောင်မိုက်ပြီးတော့ စိတ်ဓာတ်ကျခဲ့တယ်၊ ဘုရားသခင်ဆီ တိုးဝင်ချဉ်းကပ်တာမျိုး၊ ကိုယ်တော့်ကို ရင်ထဲကအရာတွေ ပြောပြတာမျိုး မလုပ်ချင်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေ အခြေအနေမကောင်းတာကို မြင်ရင်လည်း မိတ်သဟာယဖွဲ့ပြီး ကူညီပေးချင်စိတ်မရှိခဲ့တော့ဘူး။ ဆီယွီကိုလည်း ကျွန်မ အထင်သေးနေတုန်းပဲ၊ သူ့ရဲ့ဉာဏ်ရည်၊ အရည်အချင်းနဲ့ အလုပ်လုပ်နိုင်စွမ်းတွေက ကျွန်မထက်နိမ့်တယ်လို့ ခံစားမိတယ်။ “ဘာလို့ ငါ ခေါင်းဆောင်အဖြစ် အရွေးမခံရနိုင်တာလဲ” လို့ ကျွန်မ တွေးမိတယ်။ မသိလိုက်ဘဲ ကျွန်မရဲ့မကျေနပ်ချက်ကို ကိုယ့်မိသားစုဝင်တွေရှေ့မှာ ထုတ်ပြောမိတယ်။ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ်သိစိတ် လုံးဝမရှိတာကို မြင်တော့ သူတို့က ကျွန်မကို ပြုပြင်ပြီး ပြောတယ်၊ “နင်က အဆင့်အတန်းကို လိုက်စားနေတာ၊ အဲဒါကို လိုက်လေလေ၊ ပိုပြီး ဝေးလေလေဖြစ်မှာပဲ” တဲ့။ ကျွန်မက ပမာမခန့်နဲ့ ပြန်ပြောလိုက်တယ်၊ “ဘာကြောင့် ဒီလိုပြောတာလဲ” အဲဒီလိုပြောပြီးတော့ ကျွန်မ ကြောက်သွားတယ်၊ ဒါ ငါ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ပွက်ပွက်ညံအောင်ကန့်ကွက်နေတာ မဟုတ်ဘူးလား။ ကျွန်မ ဘာမှဆက်ပြီးမပြောရဲတော့ဘူး။

စုဝေးပွဲတစ်ခုမှာ၊ အမြဲတမ်း ခေါင်းဆောင်ဖြစ်ချင်တဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒရှိတဲ့ ကိုယ့်အခြေအနေကို ကျွန်မ ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ခဲ့တယ်။ ညီအစ်မတစ်ယောက်က သူ့အတွေ့အကြုံကို မိတ်သဟာယဖွဲ့ပြီး ကျွန်မကို ကူညီခဲ့တယ်၊ သူကပြောတယ်၊ “ငါတို့က ကိုယ့်ကိုယ်ကိုယ် သူများထက်သာတယ်လို့ အမြဲထင်တယ်၊ ဘာလို့ သူတို့က ခေါင်းဆောင်ဖြစ်နိုင်ပြီး ငါတို့က မဖြစ်နိုင်ရတာလဲလို့ တွေးတယ်၊ ပမာမခန့်ဖြစ်တယ်၊ စိတ်တိုင်းမကျဘူး၊ သူတို့နောက်ကွယ်မှာတောင် သူတို့အပေါ် ဝေဖန်စကားတွေပြောတယ်။ ဒီအပြုအမူရဲ့သဘာဝက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ကိုယ်တော့်ကို ပွက်ပွက်ညံအောင်ကန့်ကွက်နေတာပဲ” တဲ့။ ညီအစ်မရဲ့ မိတ်သဟာယစကားကိုကြားတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ ဒီအချိန်တစ်လျှောက်လုံး ကျွန်မ ခေါင်းဆောင်အဖြစ် အရွေးမခံခဲ့ရဘူး၊ စိတ်နှလုံးထဲမှာလည်း အာခံနေတုန်းပဲ၊ ဘုရားသခင်နဲ့ ငြင်းခုံခဲ့တယ်၊ “ဘာအကြောင်းကြောင့် ကိုယ်တော်က သမီးကို ခေါင်းဆောင်ဖြစ်ခွင့် မပြုတာလဲ”ပေါ့။ ဒီ “ဘာအကြောင်းကြောင့်လဲ” ဆိုတာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျွန်မ ကျိုးနွံနာခံဖို့ ငြင်းတာ၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ပွက်ပွက်ညံအောင်ကန့်ကွက်နေတာပဲ။ ဖောက်ပြန်ပျက်စီးတဲ့သူတစ်ယောက်အနေနဲ့ ဘုရားသခင်ဆီက ဘယ်လိုဆက်ဆံမှုကိုပဲရရ၊ ကျွန်မနဲ့ထိုက်တန်တယ်။ ဒါ့အပြင် ခေါင်းဆောင်တွေကို ညီအစ်ကိုမောင်နှမတွေက ရွေးကောက်တင်မြှောက်ကြတာ၊ ကျွန်မ အကြိမ်ကြိမ် အရွေးမခံခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှုမလုပ်ရုံသာမကဘဲ ဘုရားသခင်ကိုတောင် ဆန့်ကျင်ပြီး ငြင်းခုံခဲ့တယ်။ ကျွန်မဟာ တကယ်ကို ဆင်ခြင်တုံတရားမရှိတာပဲ။ ခေါင်းဆောင်က ကျွန်မရဲ့ပြဿနာကိုလည်း ထောက်ပြခဲ့တယ်၊ “နင်က အဆင့်အတန်းကို လိုက်စားဖို့အတွက်ပဲ တာဝန်ထမ်းဆောင်တာ၊ အဲဒါကို မရတဲ့အခါ အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်တယ်။ နင်က အန္တိခရစ်ရဲ့လမ်းကြောင်းကို လျှောက်နေတာ၊ ဒါကြောင့် ဘယ်သူမှ နင့်ကို ခေါင်းဆောင်အဖြစ် မရွေးချယ်ရဲကြဘူး” တဲ့။ ခေါင်းဆောင်ပြောတဲ့ စကားလုံးတိုင်းက ကျွန်မနှလုံးသားထဲကို စိုက်ဝင်သွားတယ်။ ကျွန်မ အရမ်းကို စိတ်ထိခိုက်ပြီး နောင်တရခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ အခု သမီး အရမ်းကြောက်နေပါတယ်။ သမီးရဲ့ အဆင့်အတန်းလိုက်စားမှုက ကိုယ်တော့်ကို စက်ဆုပ်ရွံရှာစေတဲ့အရာပါ။ ကျေးဇူးပြုပြီး သမီးကို သနားတော်မူပါ။ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်ခွင့်ပေးပါ၊ ဒါမှ သမီး ကိုယ်တော်နဲ့ ငြင်းခုံတာမျိုး၊ ကိုယ်တော့်ကို ဆန့်ကျင်တာမျိုး မလုပ်တော့မှာ” လို့ပေါ့။ အိမ်ပြန်ရောက်တော့ အဆင့်အတန်းလိုက်စားတာကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာဖတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုများ၊ စိတ်ကူးများ ရှိကြသူများ သို့မဟုတ် လွန်ကဲသည့် ဆန္ဒများရှိသည့်သူများ သို့မဟုတ် သူ့အပေါ် တောင်းဆိုချက်များရှိကြသည့်သူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် အလွန် မသန့်စင်မှု ရှိကြသည်။ ၎င်းတို့သည် သိက္ခာ၊ အဆင့်အတန်းနှင့် ဆုလာဘ်များ အလိုရှိကြပြီး ကြီးမားသည့် ဆုလာဘ်တစ်ခုခုက အလှမ်းဝေးနေဆဲဖြစ်ကာ ၎င်းတို့၏ မြင်ကွင်းတွင်မရှိလျှင် ၎င်းတို့က ‘ထိုအရာကို ငါ ချက်ချင်း မရနိုင်မှတော့ စောင့်ဆိုင်းကာ သည်းညည်းခံရုံသာ ရှိမည်။ သို့သော် ယခုတွင် ပထမဆုံး အကျိုးကျေးဇူး အနည်းငယ် သို့မဟုတ် အဆင့်အတန်းတစ်ခုခု အနည်းဆုံး ငါ ရသင့်သည်။ အသင်းတော်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ လူဒါဇင်ချီအတွက် တာဝန်ယူရန် ပထမဆုံး ငါ ကြိုးပမ်းမည်။ ကိုယ့်အနီးဝန်းကျင်တွင် လူများအမြဲ ဝန်းရံလျက်ရှိရန်မှာ အတော်လေး မက်မောဖွယ်ဖြစ်သည်’ဟု တွေးဆကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ဤမသန့်စင်မှု ဖြစ်ပေါ်လေသည်။ သင့်အနေဖြင့် ဘုရားအိမ်တော်အတွက် မည်သည့်တာဝန်မျှ မထမ်းဆောင်ရသေးချိန်တွင် သို့မဟုတ် လက်တွေ့ကျသည့် မည်သည့်အရာမျှ မလုပ်ဆောင်ရသေးချိန်တွင် သင် အရည်အချင်း ပြည့်မီခြင်းမရှိဟု ခံစားရလိမ့်မည်ဖြစ်ပြီး ဤအရာများ သင့်အထဲတွင် ထွက်ပေါ်မည်မဟုတ်ပေ။ သို့ရာတွင် တစ်စုံတစ်ရာကို သင် လုပ်ဆောင်နိုင်စွမ်းရှိပြီး လူအများစုထက် သင် အနည်းငယ် သာလွန်ကြောင်းနှင့် အယူဝါဒအချို့ကို သင် ဟောပြောနိုင်ကြောင်း ခံစားရသည့်အခါ ဤအရာများ ထွက်ပေါ်လာလိမ့်မည်။ ဥပမာအားဖြင့် ခေါင်းဆောင်တစ်ဦး အရွေးခံရသည့်အခါ သင်သည် ဘုရားသခင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာသာ ယုံကြည်ပြီးဖြစ်လျှင် သင်၏ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ကြောင်း၊ မည်သည့်တရားဒေသနာကိုမျှ သင် မဟောပြောနိုင်ကြောင်းနှင့် သင်သည် အရည်အချင်း မပြည့်မီကြောင်း ခံစားရမည်ဖြစ်သည်၊ ထို့ကြောင့် ရွေးကောက်ပွဲအတွင်းတွင် သင် နောက်ဆုတ်လိမ့်မည်ဖြစ်သည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်ရှိပြီးသည့်နောက်တွင် ဝိညာဉ်ရေးရာ အယူဝါဒအနည်းငယ်ကို သင် ဟောပြောနိုင်လိမ့်မည် ဖြစ်သောကြောင့် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရမည့်အချိန် တစ်ဖန် ကျရောက်လာသည့်အခါ ထိုရာထူးအတွက် သင် တက်ကြွစွာ အားထုတ်လိမ့်မည်ဖြစ်ပြီး ‘အို ဘုရားသခင်။ ကျွန်ုပ် ဝန်ထုပ်တစ်ခု ထမ်းပါသည်၊ အသင်းတော်ထဲတွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် ကျွန်ုပ် လိုလားနေပြီး ကိုယ်တော်၏ ရည်ရွယ်ချက်များကို ထောက်ထားရန် လိုလားနေပါသည်။ သို့သော် ကျွန်ုပ် အရွေးခံရသည်ဖြစ်စေ၊ အရွေးမခံရသည်ဖြစ်စေ၊ ကိုယ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံရန် ကျွန်ုပ် အမြဲ လိုလားနေပါသည်’ဟု ဆုတောင်းလိမ့်မည်။ ကျိုးနွံနာခံရန် လိုလားနေသည်ဟု သင် ပြောလိမ့်မည်ဖြစ်သော်လည်း သင်၏ စိတ်နှလုံးတွင် ‘သို့သော် ခေါင်းဆောင်တစ်ဦးအဖြစ် ကိုယ်တော် ကျွန်ုပ်ကို လုပ်ဆောင်ခွင့်ပေးလျှင် ကောင်းမည်ဖြစ်သည်’ဟု တွေးလိမ့်မည်။ သင်သည် ထိုသို့သော တောင်းဆိုချက်တစ်ခု ရှိလျှင် ဘုရားသခင်က ထိုအရာကို စိတ်ကျေနပ်လိမ့်မည်လော။ မုချ ကျေနပ်လိမ့်မည် မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် သင်၏ ဤတောင်းဆိုချက်သည် သဘာဝကျသော တောင်းဆိုချက် မဟုတ်ဘဲ လွန်ကဲသော ဆန္ဒတစ်ခုသာဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဝန်ထုပ်အတွက် အလေးထားမှု ပြနိုင်ရန်အလို့ငှာ ခေါင်းဆောင်တစ်ဦး ဖြစ်လာချင်ကြောင်း ဤဆင်ခြေကို သင်၏ ကျိုးကြောင်းပြချက်အဖြစ် အသုံးပြုကာ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသည်ဟု ခံစားလျက် သင် ပြောလျှင်ပင် သင်၏ တောင်းဆိုချက်ကို ဘုရားသခင် မဖြည့်ဆည်းပေးသည့်အခါ မည်သည့်အရာကို သင် စဉ်းစားလိမ့်မည်နည်း။ မည်သည့် သရုပ်သကန်များကို သင် ပြသလိမ့်မည်နည်း။ (ဘုရားသခင်ကို ကျွန်ုပ် အထင်လွဲလိမ့်မည်ဖြစ်ပြီး သူ၏ဝန်ထုပ်အတွက် အလေးထားမှု ပြရန်သာ ကျွန်ုပ် အလိုရှိချိန်တွင် ကျွန်ုပ်ကို သူ အဘယ်ကြောင့် မဖြည့်ဆည်းပေးသည်ကို ကျွန်ုပ် တွေးနေမိမည်ဖြစ်သည်။ ကျွန်ုပ် အပျက်သဘောဆောင်လာလိမ့်မည်၊ အတိုက်အခံ လုပ်ကာ ညည်းညူမိလိမ့်မည်ဖြစ်သည်။) သင်သည် အပျက်သဘောဆောင် လာလိမ့်မည်ဖြစ်ကာ ‘သူတို့ ရွေးချယ်ကြသည့်လူသည် ငါ့လောက် အချိန်ကြာမြင့်စွာ ဘုရားသခင်ကို မယုံကြည်သေးပါ၊ ငါ့လောက် သူတို့ ပညာကောင်းကောင်းတတ်ခြင်း မရှိသလို သူတို့၏ အစွမ်းအစသည် ငါ့ထက် ပိုညံ့သည်။ တရားဒေသနာများကိုလည်း ငါ ဟောပြောနိုင်သည်။ ထို့ကြောင့် မည်သည့်ပုံစံဖြင့် ငါ့ထက် သူတို့ ပိုတော်ကြသနည်း’ဟု တွေးလိမ့်မည်။ သင်သည် တွေးပြီးရင်း တွေးဆလိမ့်မည် ဖြစ်သော်လည်း ထိုအရာကို သင် သဘောပေါက်နိုင်မည်မဟုတ်။ ထို့ကြောင့် အယူအဆများ သင့်အထဲတွင် ထွက်ပေါ်လိမ့်မည် ဖြစ်ကာ ဘုရားသခင်ကို မတရားသောသူအဖြစ် ဝေဖန်မိလိမ့်မည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်လော။ သင်သည် ကျိုးနွံနာခံနိုင်လိမ့်ဦးမည်လော။ ကျိုးနွံနာခံနိုင်လိမ့်မည် မဟုတ်။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်လိုသည့် ဤလိုအင်ဆန္ဒမရှိခဲ့လျှင်၊ သမ္မာတရားကို သင် လိုက်စားနိုင်လျှင်၊ မိမိကိုယ်ကို သိမြင်မှု ပိုင်ဆိုင်နိုင်လျှင် သင်က ‘သာမန် နောက်လိုက်တစ်ဦး ဖြစ်ရုံမျှဖြင့် ကျွန်ုပ် အဆင်ပြေပါသည်။ သမ္မာတရား စစ်မှန်မှုကို ကျွန်ုပ် မပိုင်ဆိုင်ပါ၊ သာမန် လူ့သဘာဝ ရှိပြီး သိပ်အပြောမကောင်းပါ။ ကျွန်ုပ်သည် အတွေ့အကြုံအနည်းငယ် ရှိသော်လည်း ထိုအကြောင်းကို တကယ် မပြောတတ်ပါ။ ထိုအကြောင်းကို ကျွန်ုပ် ပိုမိုပြောဆိုချင်သော်လည်း ကျွန်ုပ်ကိုယ်ကျွန်ုပ် ရှင်းလင်းစွာ မရှင်းပြတတ်ပါ။ ကျွန်ုပ် ပိုမိုစကားပြောလျှင် လူတို့က ကျွန်ုပ်စကားနားထောင်ခြင်းကို ငြီးငွေ့ကြဖို့ အလားအလာ ရှိသည်။ ဤရာထူးအတွက် ကျွန်ုပ် အလွန်စံမမီပါ။ ခေါင်းဆောင်ဖြစ်ရန် မသင့်တော်သလို အခြားသူများထံမှ ဆက်လက်၍သာ သင်ယူသင့်သည်၊ ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်သင့်ပြီး အသိတရားရှိရှိ လက်တွေ့ကျသည့်သဘောထားဖြင့် သမ္မာတရားကို လိုက်စားသင့်ပါသည်။ ကျွန်ုပ်၌ ဝိညာဉ်ရင့်ကျက်မှုရှိကာ ခေါင်းဆောင်ရန် သင့်တော်သည့်တစ်နေ့တွင် ညီအစ်ကို မောင်နှမများ၏ ရွေးချယ်ခြင်းခံရလျှင် ကျွန်ုပ် ငြင်းမည်မဟုတ်ပါ’ဟု ပြောပေမည်။ ဤသည်မှာ မှန်ကန်သည့် စိတ်အခြေအနေဖြစ်သည်။...မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ သင်၏ စေ့ဆော်မှုများ၊ သင်၏ ဇာစ်မြစ်အကြောင်းရင်း၊ သင်၏ ရည်ရွယ်ချက်များ၊ သင်၏ ရည်မှန်းချက်များနှင့် သင်၏ အတွေးများအားလုံးကို သမ္မာတရားအတိုင်း သင် ပြန်လည်သုံးသပ်ကာ သိနားလည်လာရမည်ဖြစ်ပြီး ထိုအရာများက မှန်ခြင်း၊ မှားခြင်း ရှိမရှိဆိုသည်ကို ဆုံးဖြတ်ရမည်။ သင့်အနေဖြင့် မှားယွင်းသည့်လမ်းကြောင်းကို ဆင်းမသွားရန်အလို့ငှာ ဤအရာများအားလုံးက ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အခြေခံအုတ်မြစ်နှင့် အရင်းခံရာအဖြစ် ရှိရမည်ဖြစ်သည်။ မည်သည့်အရာကို သင် လုပ်ဆောင်လိုသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင် ရှေ့မှောက်တွင် မည်သည့်အရာကို သင် ရှာဖွေ၊ ဆုတောင်း သို့မဟုတ် တောင်းလျှောက်သည်ဖြစ်စေ၊ ထိုအရာသည် သဘာဝကျကာ အကျိုးသင့်အကြောင်းသင့် ဖြစ်ရမည်။ တင်ပြ၍ရပြီး လူတိုင်းက အသိအမှတ်ပြုနိုင်သည့် တစ်စုံတစ်ရာ ဖြစ်ရမည်ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ထုတ်ပြ၍မရနိုင်သည့် အရာများကို ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းတွင် အကျိုးမရှိပေ။ ထိုအရာများအတွက် သင် မည်မျှဆုတောင်းသည်ဖြစ်စေ၊ အချည်းနှီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏) ဘုရားသခင် ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ တကယ့်အခြေအနေ အတိအကျပဲ။ ဘုရားသခင်ကို စယုံကြည်တုန်းက ကျွန်မ ခေါင်းဆောင်ဖြစ်ဖို့ လိုအင်ဆန္ဒမရှိခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ဝိညာဉ်ရင့်ကျက်မှုက သေးငယ်ပြီး အရည်အချင်းမရှိဘူးလို့ ခံစားရလို့ပါ။ ကျွန်မတာဝန်ထမ်းဆောင်တာ အချိန်ကြာလာတာနဲ့အမျှ၊ ကျွန်မ ဝိညာဉ်ရေးရာ အယူဝါဒတချို့ကို ပြောနိုင်လာတယ်၊ ကျွန်မအလုပ်မှာလည်း ရလဒ်တချို့တွေ့လာရတော့၊ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းကောင်းတယ်၊ အရင်းအနှီးရှိတယ်လို့ ထင်ခဲ့တယ်၊ အသင်းတော်မှာ ရှားပါးတဲ့ အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး၊ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရသင့်တယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ရွေးကောက်ပွဲတိုင်းမှာ ကျွန်မ စိတ်အားထက်သန်နေခဲ့ပြီး၊ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရဖို့အတွက်ပဲ တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ အရွေးမခံခဲ့ရတဲ့အခါမှာတော့ ကျွန်မရဲ့ စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေ လုံးလုံး ထုတ်ဖော်ခံရတယ်။ ကျွန်မ တာဝန်အတွက် ဝန်တာမရှိတော့ရုံမကဘူး၊ ပြဿနာတွေတွေ့ရင်တောင် မဖြေရှင်းတော့ဘူး၊ ဒါ့အပြင် မနာလိုဖြစ်တယ်၊ မုန်းတီးတယ်၊ အသစ်ရွေးချယ်ခံရတဲ့ ခေါင်းဆောင်ကို ဝေဖန်စကားပြောတယ်၊ စိတ်နှလုံးထဲမှာတောင် ဘုရားသခင်ကို စောဒကတက်ပြီး ဘုရားသခင်က မတရားဘူး၊ ကျွန်မရဲ့အရည်အချင်းကို ဖုံးကွယ်ထားတယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်ကို ကျိုးနွံနာခံမှု ဒါမှမဟုတ် ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံး လုံးဝမရှိတာကို ကျွန်မ တွေ့ခဲ့ရတယ်၊ ကျွန်မရဲ့ ဒုစရိုက်မှုတွေက အဆင့်အတန်းကို လိုက်စားရာကနေ ဖြစ်ပေါ်လာတာပဲ။ တကယ်လို့သာ ကျွန်မရဲ့ရည်ရွယ်ချက်က အသင်းတော်အလုပ်ကို ကာကွယ်ဖို့ အမှန်တကယ်ဖြစ်ခဲ့ရင်၊ သာမန်ယုံကြည်သူတစ်ယောက်အနေနဲ့တောင် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားနိုင်ပြီး၊ ကိုယ့်ရဲ့အဓိကအလုပ်ကို တိတ်တဆိတ် ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့မှာပါ။ အဖြစ်မှန်တွေက ပြသတာကတော့ ကျွန်မလုပ်ဆောင်ချက်တွေရဲ့ အရင်းခံနဲ့ စတင်ရာ နှစ်ခုလုံးက အဆင့်အတန်းအတွက်ပဲ။ ကျွန်မက ခေါင်းဆောင်ဖြစ်ချင်တယ်၊ လူတွေ ကျွန်မကို ဝန်းရံတာ လိုချင်တယ်။ “အရာရှိလုပ်” ချင်တဲ့ ကျွန်မရဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းချင်ခဲ့တယ်။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ကျွန်မတာဝန်ထမ်းဆောင်ရာမှာ၊ ကျွန်မ ခေါင်းဆောင်အဖြစ် အရွေးမခံခဲ့ရရုံမကဘူး၊ ကိုယ့်ရဲ့အဓိကအလုပ်ကိုလည်း ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တော့၊ ကိုယ့်ပြဿနာတွေအပေါ် နားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ နားလည်မှုလွဲခြင်းများသည် အဘယ်ကြောင့် ထွက်ပေါ်ရသနည်း။ လူတို့က မိမိတို့ကိုယ်တိုင်၏ စွမ်းဆောင်နိုင်မှုများကို မတိုင်းတာနိုင်သောကြောင့် ထွက်ပေါ်ရပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန် မြင့်မားစွာ သတ်မှတ်ကြပြီး ဘုရားသခင်၏ အမြင်ရှိ ၎င်းတို့၏ နေရာကို အလွန်မြင့်မားစွာ ခန့်မှန်းကြပြီး လူတစ်ဦး၏ တန်ဖိုးနှင့် အရင်းအနှီးအဖြစ် ၎င်းတို့ ယူဆသည့်အရာအား သမ္မာတရားအဖြစ်၊ ၎င်းတို့ ကယ်တင်ခံရမည်၊ မခံရမည်ကို ဘုရားသခင် တိုင်းတာသည့် စံနှုန်းများအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးတွင် မည်သည့် နေရာမျိုး ရှိသည်၊ ဘုရားသခင် သင့်ကို မည်သို့မြင်သည်ဆိုသည်နှင့် ဘုရားသခင်ကို ချဉ်းကပ်သည့်အခါ သင် ခံယူသင့်သည့် သင့်တင့်လျောက်ပတ်သော နေရာတို့ကို သင် သိရမည်ဖြစ်သည်။ ဤစည်းမျဉ်းကို သင် သိသင့်သည်။ ဤသို့ဖြင့် သင်၏ အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အမြင်များနှင့် သဟဇာတဖြစ်လိမ့်မည်။ သင်သည် ဤအသိစိတ်ကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရမည်။ သူက သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ သင် ကျိုးနွံနာခံရမည်။ ထို့နောက် သင်နှင့် ဘုရားသခင်ကြားတွင် မည်သည့် ဆန့်ကျင်ကွဲလွဲမှုမျှ ရှိတော့မည် မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်က သူ၏ ပုံစံဖြင့် သင့်ကို တစ်ဖန် ဆက်ဆံသည့်အခါ သင် ကျိုးနွံနာခံနိုင်လိမ့်မည် မဟုတ်လော။ သင်သည် ဘုရားသခင်နှင့် ရင်ဆိုင်တွန်းလှန်ကာ သူ့ကို ဆန့်ကျင်လိမ့်ဦးမည်လော။ သင် ဆန့်ကျင်လိမ့်မည် မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် ကသိကအောက်ဖြစ်ခြင်းတစ်ခုခု ခံစားရလျှင်ပင်၊ သို့မဟုတ် သင့်အပေါ် ဘုရားသခင်၏ ဆက်ဆံမှုက သင် ဆန္ဒရှိမည့်အတိုင်း မဟုတ်ဟု ခံစားရပြီး အဘယ်ကြောင့် သူက သင့်ကို ထိုသို့ ဆက်ဆံသည်ကို သင် မသိလျှင်ပင် မည်သို့ဆိုစေ သင့်အနေဖြင့် သမ္မာတရားအချို့ကို နားလည်နှင့်ပြီးဖြစ်ကာ လက်တွေ့ကျမှုအချို့ကို ပိုင်ဆိုင်သောကြောင့်လည်းကောင်း၊ သင်၏ သင့်တင့်လျောက်ပတ်သော နေရာတွင် သင် ခိုင်မာစွာ ရပ်တည်နိုင်သောကြောင့်လည်းကောင်း သင်သည် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်လိမ့်မည် မဟုတ်တော့ပေ။ ယင်းမှာ သင့်ကို ပျက်စီးဆုံးရှုံးစေမည့် သင်၏ ထိုလုပ်ရပ်များနှင့် အပြုအမူများသည် ရပ်စဲသွားလိမ့်မည်ဟု ဆိုလိုပေသည်။ ထိုအခါ သင်သည် ဘေးကင်းလုံခြုံလိမ့်မည် မဟုတ်လော။ သင် ဘေးကင်းလုံခြုံသည်နှင့်တစ်ပြိုင်နက် သင် တည်ငြိမ်သည်ဟု ခံစားရလိမ့်မည်။ ယင်းမှာ သင်သည် ပေတရု၏ လမ်းကြောင်းကို စလျှောက်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ နားလည်ခဲ့တယ်၊ ကျွန်မ ဘုရားသခင်ကို အထင်လွဲပြီး ဝေဖန်ခဲ့တာ၊ ကျွန်မရဲ့ ပြင်းထန်တဲ့ပြစ်မှားမှုတွေဟာ၊ ကျွန်မရဲ့ သဘာဝက အရမ်းကို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလို့ ဖြစ်တယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ သိပ်မကြာသေးပေမဲ့ ကျွန်မမှာ အရည်အချင်းနဲ့ အလုပ်လုပ်နိုင်စွမ်းရှိတယ်၊ အမြဲတမ်း ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်၊ အရေးကြီးတဲ့အလုပ်ရှိတိုင်း ခေါင်းဆောင်တွေက ကျွန်မကို စဉ်းစားကြတယ်လို့ ထင်ခဲ့တယ်။ အသင်းတော်မှာ ရှားပါးတဲ့ ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ကျွန်မသတ်မှတ်ခဲ့တယ်၊ ဒါကြောင့် ခေါင်းဆောင်တွေကြားမှာ ကျွန်မ ရှိသင့်တယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်မရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေ မပြည့်ဝဘဲ ရွေးကောက်ပွဲတချို့မှာ ရှုံးနိမ့်ခဲ့ရတဲ့အခါ၊ ကျွန်မ မကျေမနပ်ဖြစ်ပြီး ဘုရားသခင်က မဖြောင့်မတ်ဘူးလို့ ထင်ခဲ့တယ်၊ ဘုရားသခင်နဲ့ အမြဲတမ်း ပြိုင်ဆိုင်နေခဲ့တယ်။ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ်သိစိတ်မရှိဘူး၊ ကိုယ့်အရည်အချင်းကိုယ် အကဲမဖြတ်နိုင်ခဲ့ဘူးဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ သိပ်မကြာသေးတဲ့အပြင် အလုပ်အတွေ့အကြုံလည်း မရှိခဲ့ဘူး။ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတချို့ကို နားလည်ပေမဲ့ သမ္မာတရားစည်းမျဉ်းတွေအများကြီးကို ကျွန်မ ရှင်းရှင်းလင်းလင်းမသိခဲ့ဘူး။ အခက်အခဲတွေကြုံရတိုင်း ဘုရားသခင်ဆီ စိတ်ပါလက်ပါ ဆုတောင်းပြီး စည်းမျဉ်းတွေကို ရှာဖွေခဲ့တယ်။ ကျွန်မရဲ့ရည်ရွယ်ချက်တွေ မှန်ကန်တဲ့အခါမှာ အကြောင်းအရာတချို့ကို အမှုမဲ့အမှတ်မဲ့ နားလည်လာနိုင်ခဲ့တယ်၊ ဒါဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသိဉာဏ်ပွင့်လင်းစေခြင်းနဲ့ လမ်းပြမှုပဲ။ ဒါပေမဲ့ ဘုရားသခင်ကို ကျေးဇူးတင်မယ့်အစား၊ ကျွန်မက ဒါတွေကို အရင်းအနှီးအဖြစ် သဘောထားခဲ့တယ်၊ ကိုယ့်မှာ အစွမ်းအစကောင်းနဲ့ အလုပ်လုပ်နိုင်စွမ်းရှိတယ်လို့ ကြွားဝါခဲ့တယ်၊ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်သင့်တယ်လို့ ကျွန်မ သဘောထားခဲ့တယ်။ ကျွန်မ တကယ်ကို ဆင်ခြင်တုံတရားနဲ့ ကိုယ့်ကိုယ်ကိုယ်သိစိတ် ကင်းမဲ့ခဲ့တာပဲ။ တစ်ချိန်တည်းမှာပဲ ကျွန်မလည်း နားလည်ခဲ့တယ်၊ အသင်းတော်ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအဖြစ် ရွေးကောက်ခံရသူတွေဟာ၊ အနည်းဆုံးတော့ စိတ်နှလုံးမှန်ကန်ပြီး လူ့သဘာဝကောင်းမွန်ရမယ်၊ သမ္မာတရားကို လိုက်စားရမယ်ဆိုတာကိုပေါ့။ ဒါပေမဲ့ ကျွန်မက အဆင့်အတန်းကိုပဲ လိုက်စားနေခဲ့တယ်၊ ရွေးကောက်ပွဲတွေမှာ အကြိမ်ကြိမ် ရှုံးနိမ့်ပြီး ဘုရားသခင်က ကျွန်မရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေကို မဖြည့်ဆည်းပေးတဲ့နေရာမှာ၊ ကျွန်မ အပျက်သဘောဆောင်ပြီး ကိုယ်တော်ကို ဆန့်ကျင်ခဲ့တယ်၊ ရာထူးမရတဲ့အခါ ကျွန်မတာဝန်အတွက် ကျွန်မ ဝန်တာ ဆုံးရှုံးခဲ့တယ်။ ကျွန်မက သမ္မာတရားလိုက်စားတဲ့ လမ်းကြောင်းကို လျှောက်နေတာမဟုတ်ဘူး၊ တကယ်ကို ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းလည်း မပြည့်မီခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို မရွေးချယ်တာ မှန်ကန်ခဲ့တယ်။ ဒါတွေအားလုံးကို ဘုရားသခင်က စစ်ဆေးနေတယ်ဆိုတာကိုလည်း ဒါက ကျွန်မကို မြင်စေခဲ့တယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တော့၊ အမြဲတမ်း ခေါင်းဆောင်ဖြစ်ချင်တဲ့ ကျွန်မရဲ့ပြဿနာအပေါ် နားလည်မှုတချို့ ပိုရခဲ့တယ်။ ဘုရားသခင်က ပြောသည် “အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ မည်သည့်သရုပ်သကန်များသည် ဘုရားအိမ်တော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ဤသဘောသဘာဝနှင့် ဆက်စပ်နေသနည်း။ အဖြစ်အများဆုံးမှာ အဆင့်အတန်းအတွက် လူတို့က အသင်းတော်ခေါင်းဆောင်များနှင့် ပြိုင်ဆိုင်ခြင်းဖြစ်သည်။ ယင်းမှာ ခေါင်းဆောင်များနှင့်ပတ်သက်သည့် အချို့အရာများနှင့် ၎င်းတို့၏ အမှားများကို အခွင့်ကောင်းယူ၍ ၎င်းတို့ကို အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချခြင်းတွင်လည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများအပြင်၊ ၎င်းတို့၏ လူ့သဘာဝနှင့် အစွမ်းအစတို့တွင်ရှိသော အားနည်းချက်များနှင့် ချိူ့ယွင်းချက်များကို ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်ခြင်းတွင်လည်းကောင်း၊ အထူးသဖြင့် ၎င်းတို့၏ အလုပ်တွင် သို့မဟုတ် လူတို့ကို ကိုင်တွယ်သည့်အခါတွင် ၎င်းတို့ပြုလုပ်မိခဲ့သော သွေဖည်မှုများ၊ အမှားများနှင့် ပတ်သက်လာသည့်အခါတွင်လည်းကောင်း အဓိကအားဖြင့် ပေါ်လွင်ထင်ရှားသည်။ ဤသည်မှာ အဆင့်အတန်းအတွက် အသင်းတော်ခေါင်းဆောင်များနှင့် ပြိုင်ဆိုင်ခြင်း၏ အတွေ့ရအများဆုံးနှင့် အပေါ်လွင်ဆုံး သရုပ်သကန် ဖြစ်သည်။ ထို့အပြင်၊ ဤလူတို့သည် အသင်းတော်ခေါင်းဆောင်များက ၎င်းတို့အလုပ်ကို မည်မျှကောင်းမွန်စွာ လုပ်ဆောင်သည်၊ စည်းမျဉ်းများနှင့်အညီ ၎င်းတို့ ပြုမူခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာများ ရှိမရှိဟူသည်တို့ကို ဂရုမစိုက်ဘဲ၊ ဤခေါင်းဆောင်များအပေါ် အာခံနေကြခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ အာခံကြသနည်း။ အကြောင်းမှာ ၎င်းတို့သည်လည်း အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လိုသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်မှန်းချက်၊ ၎င်းတို့၏ လိုအင်ဆန္ဒဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့ အာခံကြခြင်း ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်များက မည်သို့ပင် အလုပ်လုပ်သည်ဖြစ်စေ သို့မဟုတ် ပြဿနာများကို မည်သို့ပင် ကိုင်တွယ်သည်ဖြစ်စေ၊ ဤလူတို့သည် ၎င်းတို့နှင့်ပတ်သက်သည့် အကြောင်းအရာများကို အမြဲတစေ အခွင့်ကောင်းယူပြီး၊ ၎င်းတို့ကို ဝေဖန်ကာ ရှုတ်ချသည့်အပြင်၊ တစ်စိတ်ကို တစ်အိတ်လုပ်သည်အထိ၊ အဖြစ်မှန်များကို လိမ်လည်လှည့်ဖြားသည်အထိ၊ အတိုင်းထက်အလွန် ချဲ့ကားပြောဆိုသည်အထိပင် ပြုလုပ်ကြသည်။ ၎င်းတို့သည် ဤခေါင်းဆောင်များက စည်းမျဉ်းများနှင့်အညီ ပြုမူခြင်း ရှိမရှိ၊ မှန်ကန်သောလူများ ဟုတ်မဟုတ်၊ သမ္မာတရားကို လိုက်စားသောလူများ ဟုတ်မဟုတ်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိဟူသည်တို့ကို တိုင်းတာရန် ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှ ဘုရားအိမ်တော်က တောင်းဆိုသည့် စံနှုန်းများကို အသုံးမပြုကြပေ။ ၎င်းတို့သည် ခေါင်းဆောင်များကို ဤစည်းမျဉ်းများအတိုင်း အကဲမဖြတ်ကြပေ။ ထိုအစား၊ မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို အခြေခံ၍ ၎င်းတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များကို အပြစ်တင်ရန် အကြောင်းအရာများ ရှာဖွေလျက်၊ ၎င်းတို့၏ နောက်ကွယ်တွင် သမ္မာတရားနှင့် မကိုက်ညီသော အမှုအရာများ လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ကောလာဟလများ ဖြန့်ဝေလျက်၊ သို့မဟုတ် ၎င်းတို့၏ ချို့ယွင်းချက်များကို ဖော်ထုတ်လျက် စဉ်ဆက်မပြတ် အပြစ်မရှိ အပြစ်ရှာပြီး၊ တိုင်ကြားချက်များကို ဖန်တီးကြလေသည်။...ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့ကို သမ္မာတရား နားလည်စေပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်စေရန် ကူညီဖို့မဟုတ်သည့်အပြင်၊ လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ပို့ဆောင်ရန်လည်း မဟုတ်ပေ။ ထိုအစား၊ ၎င်းတို့၏ ရည်မှန်းချက်မှာ လူတိုင်းက ၎င်းတို့အား ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံရန် အသင့်တော်ဆုံးသော ကိုယ်စားလှယ်လောင်းအဖြစ် မြင်ကြရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို အနိုင်ယူပြီး အောက်သို့ဆွဲချရန်ဖြစ်သည်။ ဤအချိန်တွင်၊ ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများက ၎င်းတို့အား ခေါင်းဆောင်တစ်ဦးအဖြစ် အမည်စာရင်းတင်သွင်းဖို့အတွက် စောင့်ဆိုင်းနေရုံသာ ရှိလိမ့်မည်။ အသင်းတော်တွင် ထိုသို့သောလူများ ရှိသလော။ ၎င်းတို့၏ စိတ်သဘောထားများမှာ မည်သည့်အရာဖြစ်သနည်း။ ဤပုဂ္ဂိုလ်များသည် စိတ်သဘောထားအားဖြင့် ရက်စက်ကြမ်းကြုတ်သည်၊ သမ္မာတရားကို လုံးဝမချစ်သည့်အပြင်၊ ထိုသမ္မာတရားကို လက်တွေ့လည်းမလုပ်ဆောင်ပေ။ ၎င်းတို့သည် အာဏာကိုင်စွဲရန်သာ ဆန္ဒရှိကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄)) ဘုရားသခင်က ဖော်ထုတ်ထားတာကတော့ အဆင့်အတန်းအတွက် ပြိုင်ဆိုင်တဲ့သူတွေရဲ့ စိတ်သဘောထားက အင်မတန်ကို ရက်စက်ကြမ်းကြုတ်တယ်၊ သူတို့မှာ သမ္မာတရားကို ချစ်မြတ်နိုးစိတ် လုံးဝမရှိဘူး၊ လူ့သဘာဝလည်း မကောင်းဘူးတဲ့။ ကိုယ့်အပြုအမူကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မက အာဏာအတွက် ရည်မှန်းချက်တွေ၊ လိုအင်ဆန္ဒတွေနဲ့ စိတ်ထိခိုက်နေခဲ့တယ်။ ကိုယ့်ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ကို လျစ်လျူရှုပြီး အဆင့်အတန်းအတွက်ပဲ တောက်လျှောက်ပြိုင်ဆိုင်နေခဲ့တယ်၊ ခေါင်းဆောင်ကို ဝေဖန်ပြီးတော့လည်း အသင်းတော်ရွေးကောက်ပွဲကို နှောင့်ယှက်ခဲ့တယ်။ ဆီယွီ ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတာကို မြင်တော့ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ သူနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို စဉ်းစားမယ့်အစား၊ ကျွန်မက အာခံတယ်၊ မခံမရပ်နိုင်ဖြစ်တယ်၊ သူ့ကို အထင်သေးပြီး နှိမ့်ချခဲ့တယ်၊ မသမာတဲ့ရည်ရွယ်ချက်နဲ့ ဝေဖန်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေက ဆီယွီကို ကျွန်မထက် အရည်အချင်းနည်းတယ်၊ ခေါင်းဆောင်တာဝန်အတွက် အရည်အချင်းမမီဘူးလို့ မြင်ဖို့ မျှော်လင့်ခဲ့တယ်၊ ဒါမှ ကျွန်မ ရွေးချယ်ခံရဖို့ အခွင့်အရေးရမှာပေါ့။ နောက်ဆုံးမှာတော့ ညီအစ်ကိုမောင်နှမတွေက ဆီယွီအပေါ် မကောင်းတဲ့အမြင်တွေ ဖြစ်သွားစေခဲ့ပြီး၊ အသင်းတော်ရွေးကောက်ပွဲကို နှောင့်ယှက်မှုဖြစ်စေခဲ့တယ်။ ညီအစ်မပြုပြင်ပေးပြီးတဲ့နောက်မှာ ကျွန်မ အသင်းတော်ထဲမှာ ပေါ့ပေါ့ဆဆ မဝေဖန်ရဲတော့ပေမဲ့၊ စိတ်ထဲက အာခံမှုက မပြေလည်သေးဘဲ ကျွန်မမိသားစုဝင်တွေရှေ့မှာ ဆက်ပြီး မကျေမနပ်ထုတ်ပြောခဲ့တယ်။ တကယ်ကို ဆင်ခြင်တုံတရား တစ်စက်မှ မရှိခဲ့ဘူး။ ကျွန်မ စဉ်းစားကြည့်တဲ့အခါမှာ ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရတဲ့သူတွေဟာ သမ္မာတရားကို လိုက်စားနေတုန်းပဲ၊ သူတို့အားလုံးမှာ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ ရှိကြတယ်။ တကယ်လို့သာ ကျွန်မမှာ စိတ်နှလုံးမှန်ကန်ပြီး အသင်းတော်ရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့သူတစ်ယောက်ဖြစ်ခဲ့ရင်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကို မြင်တဲ့အခါ သူ့ကို အထင်သေး၊ နှိမ့်ချခဲ့မှာမဟုတ်ဘဲ သူနဲ့ သဟဇာတဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့မှာပဲ၊ ဒါမှတစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို တစ်ယောက်က ဖြည့်ဆည်းပေးခဲ့မှာလေ။ ဒါကမှ လူ့သဘာဝရှိတဲ့သူတစ်ယောက် လုပ်ခဲ့မယ့်အရာပဲ။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ ဆိုးယုတ်တဲ့လူတွေအကြောင်းကို ကျွန်မ တွေးမိတယ်။ သူတို့က အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရင်းနဲ့ အခွင့်အရေးရတိုင်း ခေါင်းဆောင်တွေကို ဆန့်ကျင်တယ်၊ ခဏခဏ အပြစ်ရှာတယ်၊ နောက်ကွယ်မှာ သွေးခွဲစကားတွေ ပြောတယ်၊ ဒါကညီအစ်ကိုမောင်နှမတွေကို ခေါင်းဆောင်တွေအပေါ် အမြင်စောင်းစေပြီး၊ နောက်ဆုံးမှာ အသင်းတော်အလုပ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်လို့ နှင်ထုတ်ခံခဲ့ရတယ်။ ဒါကို သဘောပေါက်သွားတော့ ကျွန်မ အရမ်းကြောက်သွားတယ်၊ သိလိုက်တယ်၊ တကယ်လို့ ကျွန်မ နောင်တမရရင် အဲဒီဆိုးယုတ်တဲ့လူတွေလိုပဲ ဘုရားသခင် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲဆိုတာကိုပေါ့။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ်တော်ရဲ့ သနားကရုဏာနဲ့ ကယ်တင်ခြင်းကို တောင်းခံခဲ့တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ တွေးမိတယ်။ “အဆင့်အတန်းမရှိခြင်းသည် သင်၏ အကာအကွယ် ဖြစ်သည်။ သာမန်နောက်လိုက်တစ်ဦးအနေဖြင့်၊ သင်သည် ကြီးမားသောမကောင်းမှုကို ပြုလုပ်ရန် အခွင့်အလမ်း လုံးဝ မရှိကောင်းမရှိနိုင်သကဲ့သို့ သင် အပြစ်ဒဏ်ပေးခံရနိုင်ခြေမှာလည်း သုညဖြစ်နိုင်ပေသည်။ သို့ရာတွင်၊ သင် အဆင့်အတန်းရရှိသည့်အခိုက်အတန့်၌ပင်၊ သင် မကောင်းမှုကျူးလွန်နိုင်ခြေသည် ရာနှုန်းပြည့်ဖြစ်သကဲ့သို့၊ သင် အပြစ်ဒဏ်ပေးခံရနိုင်ခြေမှာလည်း ရာနှုန်းပြည့်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်အတွက် အားလုံးအဆုံးသတ်ပြီဖြစ်ကာ၊ သင်သည် ကယ်တင်ခြင်းရရှိရန် သင့်၌ ရှိကောင်းရှိနိုင်သည့် မည်သည့်အခွင့်အလမ်းကိုမဆို လုံးဝ ဖျက်ဆီးမိပြီး ဖြစ်သွားလိမ့်မည်။ အကယ်၍ သင်သည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိနေပါက၊ အမြန်လုပ်ပြီး ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ ပြဿနာကိုဖြေရှင်းရန် သမ္မာတရားကိုရှာဖွေသင့်သည်။ ဘုရားသခင်ကိုမှီခိုပြီး မိမိကိုယ်ကိုချုပ်တည်းခြင်းအား လက်တွေ့လုပ်ဆောင်သင့်ပြီး၊ သင်၏အဆင့်အတန်းကို အခိုင်အမာမပြသင့်ပေ။ ထိုအခါ သင်သည် သင်၏တာဝန်ကို ပုံမှန်ထမ်းဆောင်နိုင်လိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ကျွန်မ ရွေးကောက်ပွဲမှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တာကို ဆင်ခြင်သုံးသပ်ကြည့်တော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ပါတယ်ဆိုတာကို နားလည်ခဲ့တယ်။ ကျွန်မရဲ့ အဆင့်အတန်းအတွက် လိုအင်ဆန္ဒက အရမ်းပြင်းထန်ပြီး ကျွန်မရဲ့သဘာဝကလည်း အရမ်းကို မာနထောင်လွှားတယ်။ တကယ်လို့သာ ကျွန်မ ရာထူးတစ်ခုရခဲ့ရင်၊ ကျွန်မစကားကို နားမထောင်တဲ့သူ၊ ဒါမှမဟုတ် ကျွန်မရဲ့အဆင့်အတန်းကို ခြိမ်းခြောက်တဲ့ ဘယ်သူ့ကိုမဆို၊ ကျွန်မက နှိပ်ကွပ်၊ ဖယ်ကြဉ်မှာပဲ။ နောက်ဆုံးမှာတော့ ကျွန်မက ဒုစရိုက်မှုတွေအများကြီးကို ကျူးလွန်ပြီး အန္တိခရစ်တစ်ယောက်လိုပဲ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဘုရားသခင် ကျွန်မကို အဆင့်အတန်းမပေးတာဟာ ကျွန်မအတွက် အကာအကွယ်တစ်ခုပဲလို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက ဒီအဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ ဖုံးကွယ်နေခဲ့တာ၊ ဒါပေမဲ့ ကျွန်မက ကိုယ်တော်နဲ့ပတ်သက်ပြီး အထင်လွဲပြီး စောဒကတက်ခဲ့တယ်။ ကိုယ့်အတွက် ဘာကောင်းတယ်ဆိုတာကို မသိခဲ့ဘူး၊ ဒါက ဘုရားသခင်ရဲ့ စိတ်နှလုံးကို တကယ်ပဲ နာကျင်စေခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ စိတ်ထဲမှာ အရမ်းကို တောက်ပပြီး လွတ်မြောက်သွားသလို ခံစားခဲ့ရတယ်၊ ဘုရားသခင်နဲ့ ကျွန်မကြားက အတားအဆီးလည်း ပျောက်သွားတယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “တစ်ခုခုကို သင်ပြုလုပ်နေသည့်အခါတိုင်းနှင့် ဆက်စပ်အခြေအနေသည် မည်သို့ပင် ဖြစ်ပါစေ သမ္မာတရားကို သင်ရှာဖွေရမည်၊ ရိုးသားပြီး ဘုရားသခင်ကို နာခံသူတစ်ဦး ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်၊ ပြီးလျှင် အဆင့်အတန်းနှင့် ဂုဏ်သတင်းနောက်လိုက်ခြင်းကို ဘေးဖယ်ရမည်။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် အစဉ်သဖြင့် ပြင်းပြသောအတွေးနှင့် ဆန္ဒတို့ သင်၌ ရှိသောအခါ မဖြေရှင်းဘဲထားလျှင် ဤအခြေအနေမျိုးသည် မည်သည့်ကောင်းကျိုးမပြုသော အကျိုးဆက်များအား ဖြစ်ပေါ်စေသည်ကို သင်သဘောပေါက်ရမည်။ ထို့ကြောင့် အချိန်ဖြုန်းမနေဘဲ သမ္မာတရားကို ရှာဖွေလော့။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် သင်၏ဆန္ဒ ဖွံ့ဖြိုးစအခြေအနေ၌ ရှိစဉ်တွင် ယင်းကိုချိုးနှိမ်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သောအခါ အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် သင်၏ ဆန္ဒနှင့် ရည်မှန်းချက်သည် မှေးမှိန်လာလိမ့်မည်။ ပြီးလျှင် အသင်းတော်အလုပ်ကို သင် နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရပြီး လက်ခံလိမ့်မည်။ ဤသို့ဆိုလျှင် ငါသည် အဘယ်အရာကို အလေးပေးပြောရန် ကြိုးစားနေခြင်းဖြစ်သနည်း။ ဤအရာဖြစ်သည်။ သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များသည် ကြီးထွားရင့်သန်လာကာ အကောင်အထည်ပေါ်လာပြီး ကြီးမားသော ဘေးဒုက္ခမဖြစ်စေမီတွင် ထိုအရာများကို ရှင်းပစ်ရမည်။ ကနဦးအဆင့်၌ ရှိနေဆဲတွင် ယင်းတို့ကို သင်မကိုင်တွယ်လျှင် သင်သည် ကြီးမားသော အခွင့်အလမ်းနှင့် လွဲချော်လိမ့်မည်။ ထိုအရာများကြောင့် ကြီးမားသော ဘေးဒုက္ခဖြစ်သွားသည်နှင့် ယင်းတို့ကို ဖြေရှင်းရန် အလွန်နောက်ကျသွားလိမ့်မည်။ သင်သည် ဇာတိပကတိကို ပုန်ကန်ရန် စိတ်ပိုင်းဖြတ်ချက်ပင် မရှိလျှင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ ခြေချရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားရာတွင် အနှောင့်အယှက်နှင့် ကျရှုံးမှုများကို ကြုံရသော်လည်း အသိစိတ်ဝင်မလာလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ အဆင့်အတန်းကို လက်လွှတ်ဖို့အတွက် သမ္မာတရားကို ရှာဖွေဖို့လိုတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မမှာ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေရှိတဲ့အခါမှာ အဲဒါတွေကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ အစားထိုးဖို့လိုတယ်။ ကျွန်မရဲ့ မမှန်ကန်တဲ့ အတွေးအခေါ်တွေနဲ့စိတ်ကူးတွေကို ချက်ချင်း ပုန်ကန်ပြီး၊ ကျွန်မရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အမြန်ရှာဖွေရမယ်။ ဘုရားသခင်က လူတစ်ယောက်ရဲ့အဆုံးသတ်ကို၊ သူတို့ရဲ့အဆင့်အတန်း၊ ဒါမှမဟုတ် ဂုဏ်ပုဒ်အပေါ်မူတည်ပြီး ဆုံးဖြတ်တာမဟုတ်ဘဲ၊ လူတစ်ယောက်က သမ္မာတရား လက်တွေ့ကျမှုထဲကို ဘယ်လောက်ဝင်ရောက်သလဲ၊ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံမှုရှိသလား၊ အဖြစ်အပျက်တွေကြုံရတဲ့အခါ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်သလားဆိုတဲ့အပေါ်မှာ မူတည်တယ်ဆိုတာကိုလည်း နားလည်ခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ ကျိုးနွံနာခံလိုစိတ်ရှိခဲ့တယ်။ ကျွန်မကို စာနဲ့ပတ်သက်တဲ့တာဝန်ကို ထမ်းဆောင်ခိုင်းတဲ့အတွက်၊ ကျွန်မ လက်ခံနာခံပြီး ကိုယ့်တာဝန်ကို လက်တွေ့ကျကျနဲ့ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းသင့်တယ်။

၂၀၂၃ ခုနှစ်၊ မတ်လမှာ အသင်းတော်က ခေါင်းဆောင်နေရာတွေဖြည့်ဖို့ နောက်ထပ်ရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့တယ်။ ကျွန်မမှာ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေ ရှိနေသေးပေမဲ့၊ ဒါက ဝင်ပြိုင်ဖို့ နောက်တစ်ကြိမ်အခွင့်အရေးပဲလို့ တွေးပြီး ရွေးကောက်ခံရဖို့ မျှော်လင့်နေပေမဲ့၊ ကျွန်မရဲ့ အဆင့်အတန်းလိုချင်စိတ်က အရမ်းပြင်းထန်ပြီး အန္တိခရစ်ရဲ့လမ်းကြောင်းကို အလွယ်တကူ လျှောက်သွားနိုင်တယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ ကျွန်မ အဆင့်အတန်းကို ဆက်ပြီးမလိုက်စားနိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး ပုန်ကန်ရမယ်။ အဆင့်အတန်းရဲ့ ဘောင်ခတ်တာကနေ ကာကွယ်ပေးဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ တကယ်လို့ ကျွန်မသာ အရွေးခံခဲ့ရရင် ကျွန်မတာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်မယ်။ အရွေးမခံခဲ့ရရင်လည်း အပျက်သဘောမဆောင်ဘူး၊ ဒါကို ကျွန်မတာဝန်ထိခိုက်ခွင့်ပေးမှာ မဟုတ်ဘူး။ ရာထူးရှိရှိမရှိရှိ ကျွန်မ ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းလိုစိတ်ရှိခဲ့တယ်။ ရွေးကောက်ပွဲနေ့မှာ၊ ကျွန်မရဲ့စိတ်နေစိတ်ထားက ခေါင်းဆောင်နေရာအတွက် သဲကြီးမဲကြီး ပြိုင်ပွဲဝင်ဖို့ မဟုတ်ခဲ့ဘူး။ ကျွန်မ အဆင့်အတန်းလိုက်စားခဲ့တဲ့ အတွေ့အကြုံကို မိတ်သဟာယဖွဲ့ပြီး ကျွန်မရဲ့ အဆင့်အတန်းလိုက်စားမှုကြောင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခဲ့တဲ့ ကျွန်မရဲ့ အရင်ကလုပ်ရပ်တွေအတွက် စက်ဆုပ်ရွံရှာမိကြောင်းကို ဖော်ပြခဲ့တယ်။ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ ကျွန်မ အဲဒီမှာ ထိုင်နေရင်း အရမ်းကို တည်ငြိမ်အေးချမ်းနေခဲ့တယ်။ မမျှော်လင့်ဘဲ ရွေးကောက်ပွဲရလဒ်တွေ ကြေညာတဲ့အခါမှာ ကျွန်မက မဲအများဆုံးရပြီး အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရတယ်။ အရင်ကဆိုရင် ကျွန်မ အရမ်းပျော်မှာပဲ၊ ဒါပေမဲ့ အခုတော့ ဒီတာဝန်က ကြီးမားတဲ့တာဝန်ဝတ္တရားနဲ့အတူ လာတယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ ရာထူးနဲ့အတူပါလာတဲ့ ဂုဏ်ရှိန်ကို မွေ့လျော်ခံစားမယ့်အစား ဒါကို ကြီးမားတဲ့ တာဝန်တစ်ခုအဖြစ် ကျွန်မ လက်ခံခဲ့တယ်။ ကျွန်မမှာ ဒီလိုပြောင်းလဲမှုလေးရှိတာဟာ လုံးဝ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကြောင့်ပဲဆိုတာကို ကျွန်မ သိခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်များပြောင်းရွှေ့ပြီးနောက် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၀ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မက ဓမ္မတေးအသံပိုင်းဆိုင်ရာ ထုတ်လုပ်ရေးနောက်ပိုင်း အလုပ်တွေကို ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ယူရတယ်။...

တရားစီရင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်

ရှီးအင်း အမေရိကန်နိုင်ငံဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည်...

အထုတ်ခံရခြင်းမှ ကျွန်တော် သင်ယူခဲ့ရသည့် သင်ခန်းစာများ

ရှောင်ဝေ စပိန်နိုင်ငံ၂၀၁၈ခုနှစ်မှာ ကျွန်တော်က ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ တစ်ခါတလေမှာ ဗီဒီယိုအလုပ်တချို့က တစ်ပြိုင်တည်းရောက်လာပြီး...

ဂုဏ်အဆင့်အတန်းမှ လွတ်မြောက်မှုကို ရှာဖွေခြင်း

ဒေါင်အန်း ပြင်သစ်၂၀၁၉ ခုနှစ်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သည်။ ကျွန်မသည် အကြောင်းကိစ္စများကို ကိုယ်ပိုင် နည်းလမ်းနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။