အရည်အချင်းရှိတဲ့သူတွေကို မနာလိုဖြစ်ခြင်းကို ကျွန်မ ဘယ်လိုရပ်တန့်ခဲ့သလဲ

05.12.2025

ဖိလစ်ပိုင်နိုင်ငံ၊ ရို့စ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြတယ်။ တစ်နေ့တော့ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်မကို ပြောတယ်၊ ညီအစ်မအက်စတာက အစွမ်းအစကောင်းပြီး သူ့တာဝန်မှာလည်း အရမ်းတက်ကြွတယ်၊ သူ့ကို ကျွန်မ ပျိုးထောင်ပေးရမယ် တဲ့။ အထက်ခေါင်းဆောင် ဒီလိုပြောတာကိုကြားတော့ ကျွန်မ နည်းနည်းစိုးရိမ်သွားပြီး ညီအစ်မအက်စတာဟာ မကြာခင်မှာ သူ့တာဝန်တွေနဲ့ပတ်သက်ပြီး ကျွန်မထက် ပိုကောင်းအောင် လုပ်နိုင်လောက်တယ်လို့ တွေးမိတယ်။ အထက်ပိုင်းခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးက သူ့ကို အထင်ကြီးလေးစားကြရင် ကျွန်မ မျက်ကွယ်ပြုခံရနိုင်ပြီးတော့ နောက်ဆိုရင် အသင်းတော်ကိစ္စတွေအတွက် ဘယ်သူမှ ကျွန်မဆီ လာတော့မှာမဟုတ်ဘူး။ နောက်ပိုင်းမှာ အသင်းတော်အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ အက်စတာကို ကျွန်မ ပြောပြခဲ့ပေမဲ့ အသင်းတော်ရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ တကယ့်အသေးစိတ်အချက်အလက်အားလုံးကိုတော့ သူ့ကို မမျှဝေခဲ့ဘူး၊ ပြီးတော့ အလုပ်ကို ကောင်းကောင်း ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး သူ့ကို အသေးစိတ် မိတ်သဟာယ မဖွဲ့ပေးခဲ့ဘူး။ အက်စတာက သူ့တာဝန်တွေမှာ တက်ကြွတာကို ကျွန်မတွေ့ခဲ့တယ်။ သူက အလုပ်နဲ့ မြန်မြန်ကျွမ်းဝင်သွားပြီး သူ့တာဝန်တွေရဲ့ ရလဒ်တွေက ပိုပိုပြီး ကောင်းလာခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေဆီက ချီးမွမ်းတာကို သူခံခဲ့ရပြီး အထက်ခေါင်းဆောင်တွေကလည်း ဒါကို သတိထားမိခဲ့တယ်။ မကြာခင်မှာပဲ အက်စတာဟာ အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး အသင်းတော်အလုပ်မှာ ကျွန်မနဲ့အတူ စပြီးပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ကျွန်မက အရှေ့အလယ်ပိုင်းမှာရှိပြီး ဖိလစ်ပိုင်နဲ့ အချိန်ကွာခြားချက်ရှိတဲ့အတွက် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဆက်သွယ်ဖို့ အခက်အခဲရှိခဲ့ကြတယ်၊ ဒါကြောင့် သူတို့က စုဝေးပွဲတွေ ဧည့်ခံကျင်းပဖို့ အက်စတာကို အမြဲ ဆက်သွယ်ခဲ့ကြတယ်။ စုဝေးပွဲတိုင်းမှာ သူ့ကို ကျွန်မ တွေ့ရပြီး သူက သူ့တာဝန်တွေမှာ တကယ်ကို တက်ကြွခဲ့တယ်။ ကျွန်မ သူ့ကို အရမ်းမနာလိုဖြစ်မိတယ်၊ ညီအစ်ကိုမောင်နှမတွေက သူ့ကို ကျွန်မထက် ပိုတက်ကြွတယ်၊ ပိုအရည်အချင်းရှိတယ်လို့ ထင်သွားမှာကိုလည်း စိုးရိမ်မိတယ်။ ပြီးတော့ သူက ကျွန်မထက် အလုပ်ပိုလုပ်နိုင်တော့ ကျွန်မထက် သူ့ကို ပိုတန်ဖိုးထားကြမှာကိုလည်း စိုးရိမ်မိတယ်။ ကျွန်မ တွေးမိတယ်၊ “နောင်ကျရင် ငါ့ရဲ့ အသင်းတော်အလုပ်အတွေ့အကြုံတချို့ကို သူ့ကို ချက်ချင်း ဝေမျှလို့မဖြစ်ဘူး။ သူက အသင်းတော်အလုပ်နဲ့ သမ္မာတရားတချို့အကြောင်းကို အများကြီး နားလည်ပြီးသား၊ ဒါကြောင့် ငါနားလည်သမျှအရာအားလုံးကို သူ့ကို ပြောပြလိုက်ရင် တစ်နေ့ကျရင် သူက အသင်းတော်အလုပ်ကို ငါ့ထက်ပိုနားလည်ပြီး ငါ့ထက် ပိုကောင်းအောင် လုပ်မှာပဲ။ အဲဒီအခါကျရင် ညီအစ်ကိုမောင်နှမတွေက ငါ့ထက် သူ့ကို ပိုပြီးမျက်နှာသာပေးပြီး လေးစားကြလိမ့်မယ်၊ ပြီးတော့ အထက်ခေါင်းဆောင်တွေကလည်း သူ့ကို ပိုတန်ဖိုးထားပြီး ငါ့ကို ပျိုးထောင်ဖို့ သိပ်မတန်တော့ဘူးလို့ ထင်သွားကြမှာပဲ”လို့ပေါ့။ ရလဒ်အနေနဲ့ အက်စတာကို ကျွန်မ မပျိုးထောင်ပေးချင်ခဲ့ဘူး။ ရက်တွေကြာလာတာနဲ့အမျှ အက်စတာက သူ့တာဝန်တွေမှာ ပိုတက်ကြွလာခဲ့တယ်။ သူက အလုပ်ပိုလုပ်လာပြီး သူနဲ့အတူရှိတဲ့အခါတိုင်း ကျွန်မက အရည်အချင်းမရှိသလို၊ စိတ်ဓာတ်ကျသလို ခံစားခဲ့ရတယ်။

တစ်ခါတုန်းက လူသစ်တွေ အများကြီး အသင်းတော်ထဲ ဝင်လာတဲ့အတွက် ကျွန်မတို့ စုဝေးပွဲအဖွဲ့ငယ်လေးတွေ ပိုဖွဲ့စည်းဖို့ လိုအပ်ခဲ့တယ်။ အက်စတာနဲ့ကျွန်မက ဒီအလုပ်ကို သီးခြားစီလုပ်ခဲ့ကြတယ်။ အပေါ်ယံမှာတော့ ကျွန်မတို့နှစ်ယောက်က အတူတူ ကောင်းကောင်း အလုပ်လုပ်ကြပုံပေါက်ပေမဲ့ ဒီအလုပ်ကို အမြန်စီစဉ်ဖို့လိုမှန်း ကျွန်မက သူ့ကို မပြောခဲ့ဘဲ ကိုယ့်အလုပ်နဲ့ကိုယ်ပဲ အလုပ်ရှုပ်နေခဲ့တယ်။ ကျွန်မ တွေးလိုက်တယ်၊ “ငါသာ အဖွဲ့တွေ ပိုဖွဲ့စည်းနိုင်ပြီး လူတွေ စုဝေးပွဲပိုတက်ဖို့ စီစဉ်ပေးနိုင်ရင် ညီအစ်ကိုမောင်နှမတွေဆီက ချီးမွမ်းတာကို ခံရမှာပဲ” လို့ပေါ့။ အက်စတာကို သူ့အလုပ်တိုးတက်မှုအကြောင်း ကျွန်မမေးတော့ သူက သူ့အလုပ်ဝန်က များလို့ စုဝေးပွဲတက်ဖို့လိုတဲ့လူတွေကို ပိုပြီးဂရုမစိုက်နိုင်ခဲ့ဘူးလို့ ကျွန်မကို ပြောတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ဘာအကူအညီမှ မပေးခဲ့ဘူး။ အထက်ခေါင်းဆောင်တွေက အက်စတာရဲ့အလုပ်အကြောင်း ကျွန်မကို မေးတဲ့အခါမှာ သူက သူ့အလုပ်ဝန်များတဲ့အကြောင်း ညည်းညူတယ်လို့တောင် ကျွန်မ ပြောခဲ့တယ်။ အထက်ခေါင်းဆောင်တွေက ကျွန်မပြောတာကို သဘောတူပုံရတော့ ကျွန်မ အရမ်းပျော်သွားတယ်။ သူတို့ရဲ့အမြင်မှာ အက်စတာရဲ့တန်ဖိုးက ကျဆင်းသွားပြီ၊ သူက အလုပ်လုပ်နိုင်စွမ်းကောင်းတယ်လို့ သူတို့ ထင်တော့မှာမဟုတ်ဘူးလို့ ခံစားရတယ်။ နောက်တစ်ခါမှာ အက်စတာက အဖွဲ့တစ်ဖွဲ့အတွက် စုဝေးပွဲကို ဧည့်ခံတဲ့အခါ လူသစ်တစ်ယောက်က ဘုရားသခင်ရဲ့ အလုပ်နဲ့ ပေါ်ထွန်းခြင်းအကြောင်း အယူအဆတချို့ ရှိခဲ့တယ်။ အက်စတာက ဒီအယူအဆတွေကို ဖြေရှင်းဖို့ ဘယ်လိုမိတ်သဟာယပြုရမှန်း မသိဘူးလို့ ကျွန်မကို ပြောတယ်။ တကယ်တော့ အဲဒါတွေကို ဖြေရှင်းဖို့ ဘယ်သမ္မာတရားတွေကို မိတ်သဟာယပြုရမလဲဆိုတာ ကျွန်မသိပေမဲ့ သူပိုပြီးသင်ယူသွားမှာကို ကျွန်မမလိုလားခဲ့ဘူး။ ကျွန်မ တွေးမိတယ်၊ “နင်က အခုတောင် ကောင်းကောင်းလုပ်နေပြီ။ နင်သာ ပိုသင်ယူပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ရင် ညီအစ်ကိုမောင်နှမတွေအားလုံးက နင့်ကို ချီးကျူးကြမှာပဲ။ အားလုံးက နင့်ကို လေးစားတာ ငါမလိုလားဘူး။ ငါတို့နှစ်ယောက်လုံးက အသင်းတော်ခေါင်းဆောင်တွေဖြစ်ပေမဲ့ ငါက အရင်ခေါင်းဆောင်ဖြစ်ခဲ့တာ၊ ငါက အကောင်းဆုံးဖြစ်ချင်တယ်။ လူတွေ နင့်ကို မေးတဲ့ ပြဿနာတိုင်းကို နင် ဖြေရှင်းပေးနိုင်ရင် နင့်အလုပ်က ငါ့အလုပ်ထက် ပိုထိရောက်တယ်လို့ ညီအစ်ကိုမောင်နှမတွေက ထင်ကြမှာပဲ။ အဲဒီအခါကျရင် ငါက ဘယ်လိုဆက်ပြီး အလုပ်လုပ်နိုင်တော့မှာလဲ” လို့ပေါ့။ ဒါကြောင့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျွန်မ သူ့ကို မပြောခဲ့ဘူး။ အဲဒီအစား အထက်ခေါင်းဆောင်တွေကို သွားမေးဖို့ပဲ သူ့ကို ပြောလိုက်တယ်။ ဒီလိုဆိုရင် အထက်ခေါင်းဆောင်တွေက သူ သမ္မာတရားကို နားမလည်ဘူးလို့ ထင်သွားပြီး သူ့ကို အထင်ကြီးတော့မှာ မဟုတ်ဘူးလို့ ကျွန်မ တွေးခဲ့တယ်။ ဒီလိုလုပ်ပြီးတဲ့နောက်မှာ ကျွန်မ တကယ်ကို အပြစ်ရှိသလို ခံစားခဲ့ရပေမဲ့ သူ့ကို ကျွန်မ မကူညီခဲ့သေးဘူး။ အထက်ခေါင်းဆောင်တွေက သူ့ကို ကူညီဖို့ ကျွန်မကို ပြောတဲ့အခါကျမှပဲ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ နောက်ဆုံးမှာ သူ့ကို ပြောပြခဲ့တယ်။

ကျွန်မ တကယ်ကို စိတ်နှလုံးမာကျောလာတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ အက်စတာကို တကယ်ပဲ မနာလိုမဖြစ်ချင်ခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး။ ကိုယ့်လုပ်ရပ်တွေအတွက် ဝမ်းနည်းမိပြီး ကိုယ့်အခြေအနေက ဆိုးရွားမှန်း ကျွန်မသိခဲ့တယ်။ ကိုယ့်ပြဿနာကို သဘောပေါက်ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အသင်းတော်ခေါင်းဆောင်တစ်ဦးအနေဖြင့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူဖို့ လိုအပ်ရုံမျှသာမကဘဲ ပါရမီရှိသောသူများကို ရှာဖွေပြီး ပျိုးထောင်ပေးဖို့လည်း လိုအပ်လေသည်။ ၎င်းတို့ကို သင်သည် လုံးဝ မနာလိုခြင်း၊ သို့မဟုတ် ဖိနှိပ်ခြင်းမရှိရပေ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်အတွက် အကျိုးရှိစေသည်။ သင်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အလုပ်အားလုံးကို ကောင်းစွာလုပ်ဆောင်ရန်တို့အတွက် သမ္မာတရားကို လိုက်စားသူအချို့အား ပျိုးထောင်နိုင်ပြီး အဆုံး၌ သင်တို့အားလုံးသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ရှိလျှင် သင်သည် စံနှုန်းပြည့်မီသည့် ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် အမှုဆောင်တစ်ယောက် ဖြစ်သည်။ သင်သည် အရာအားလုံးကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ပါက သင်သည် သင်၏ သစ္စာစောင့်သိခြင်းကို ပူဇော်ဆက်ကပ်နေခြင်း ဖြစ်သည်။ လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုလည်းကောင်း၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုလည်းကောင်း၊ မိမိတို့က လျစ်လျူရှုခြင်း ခံရသော်လည်း အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပါရမီရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုမုန်းထားစိတ်ပါတကား။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် နှစ်သက်ခြင်း မရှိပါ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို စိတ်ထိခိုက် ခံစားခဲ့ရတယ်။ ကျွန်မက အရည်အချင်းရှိတဲ့သူတွေကို မနာလိုဖြစ်တဲ့လူတစ်ယောက်ဆိုတာ သဘောပေါက်ခဲ့တယ်။ အထက်ခေါင်းဆောင်တွေက အက်စတာကို ပျိုးထောင်ဖို့ ကျွန်မကို တောင်းဆိုတဲ့အခါ သူက အရည်အချင်းရှိတာ၊ စုဝေးပွဲတွေကို ကောင်းကောင်းဧည့်ခံကျင်းပတတ်တာ၊ သူ့အလုပ်မှာ ရလဒ်ကောင်းတွေရတာကို ကျွန်မတွေ့တော့ သူ့ကို မနာလိုဖြစ်ခဲ့တယ်။ သူက ကျွန်မကို ကျော်တက်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှု ခံရမှာကို ကျွန်မ ကြောက်ခဲ့တယ်၊ အထက်ခေါင်းဆောင်တွေက သူ့ကို တန်ဖိုးထားမှာကို စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် သူတို့က ကျွန်မကို ပျိုးထောင်တာကို ရပ်လိုက်မှာကိုလည်း စိုးရိမ်ခဲ့တယ်။ အက်စတာက သူ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တဲ့အတွက် ရာထူးတိုးပြီး ပျိုးထောင်ခံရတာကို တားဆီးဖို့အတွက် ကျွန်မ သူ့ကို ဖိနှိပ်ခဲ့တယ်။ သူက အစွမ်းအစကောင်းမှန်း ကောင်းကောင်းသိပေမဲ့ သူ့ကို ကျွန်မ မပျိုးထောင်ခဲ့ဘူး၊ အသင်းတော်အလုပ်ကို ဘယ်လိုကောင်းကောင်းလုပ်ရမလဲဆိုတာ သူ့ကို မပြောခဲ့ဘူး။ ကျွန်မ တစ်ယောက်ပဲ အထင်ကြီးလေးစားခံရတဲ့သူဖြစ်ချင်ခဲ့တယ်။ သူက ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါမှာ ကျွန်မက အဲဒါတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိပေမဲ့ သူ့ကို မပြောခဲ့ဘူး။ အပေါ်ယံမှာတော့ အထက်ခေါင်းဆောင်တွေကို သွားမေးဖို့ သူ့ကို အားပေးနေခဲ့ပေမဲ့ တကယ်တော့ ဒီလိုလုပ်ခြင်းအားဖြင့် အထက်ခေါင်းဆောင်တွေ သူ့အပေါ် အထင်အမြင်မကောင်းဖြစ်စေချင်ခဲ့တာ၊ သူက သမ္မာတရားကို နားမလည်ဘူး၊ ဒီတာဝန်ကို ဖြည့်ဆည်းနိုင်စွမ်းမရှိဘူးလို့ သူတို့ကို ထင်စေချင်ခဲ့တာ။ ကျွန်မ တကယ်ကို စဉ်းလဲကောက်ကျစ်၊ လှည့်ဖြားတတ်ပြီး တစ်ကိုယ်ကောင်းဆန်လိုက်တာ၊ စက်ဆုပ်စရာကောင်းလိုက်တာ။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ အရည်အချင်းရှိတဲ့လူတွေကို တွေ့တဲ့အခါ ပျိုးထောင်ပေးသင့်တယ်၊ ပြီးတော့ သူတို့ကို အသင်းတော်အလုပ် ကောင်းကောင်းလုပ်နိုင်အောင် အစွမ်းကုန် ကူညီပေးသင့်တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ထည့်မစဉ်းစားဘူး၊ အသင်းတော်အလုပ်ကိုလည်း ထည့်မစဉ်းစားခဲ့ဘူး။ ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ အလုပ်လုပ်ခဲ့တယ်။ အရည်အချင်းရှိသူတွေကို မနာလိုဖြစ်တဲ့ အခြေအနေမှာ နေထိုင်ရင်း ကျွန်မက အရည်အချင်းရှိတဲ့လူတွေကို ဖိနှိပ်ပြီး အက်စတာကို ပျိုးထောင်ဖို့ ငြင်းဆန်ခဲ့တယ်၊ သူ အသင်းတော်အလုပ်မှာ မအောင်မြင်ဖို့ကိုတောင် မျှော်လင့်ခဲ့တယ်။ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ကျွန်မက မလိုမုန်းထားတဲ့ စိတ်သဘောထားတစ်ခုကို ထုတ်ဖော်နေခဲ့တယ်။ မလိုမုန်းထားတဲ့ စိတ်သဘောထားရှိသူတွေသာ သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ဖိနှိပ်လိမ့်မယ်။ ပုံမှန် လူ့သဘာဝရှိတဲ့ လူတွေက သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို အန္တရာယ် မပြုကြဘူး။ အဲဒီအချိန်မှာ ကျွန်မက ကိုယ့်တာဝန်မှာ စာတန်ဆန်တဲ့ စိတ်သဘောထားအတိုင်း ပြုမူနေခဲ့တာ၊ ဒါက ဘုရားသခင်ရဲ့အမြင်မှာ ရွံရှာစရာကောင်းတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ အက်စတာက အစွမ်းအစကောင်းပြီး သူ့တာဝန်မှာ တက်ကြွတယ်။ သူ့ကို ပျိုးထောင်ပေးခြင်းအားဖြင့် အသင်းတော်အလုပ်ကို ပိုလွယ်လွယ်ကူကူလုပ်နိုင်ပြီး အသင်းတော်အလုပ်ရဲ့ အဘက်ဘက်က ရလဒ်တွေက တိုးတက်လာမှာပဲ။ ကျွန်မ သူ့ကို မနာလိုမဖြစ်ခဲ့သင့်ဘူး၊ အဲဒီအစား သူ့ကို ပျိုးထောင်ပေးပြီး သူ့တာဝန်မှာ ကူညီပေးသင့်တယ်၊ ပြီးတော့ အသင်းတော်အလုပ်ကို တာဝန်သိသိနဲ့ လုံ့လဝီရိယရှိရှိ လုပ်ခဲ့သင့်တယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး စာတန်ဆန်တဲ့ စိတ်သဘောထားအတိုင်း မပြုမူချင်တော့ပါဘူး။ ကိုယ်တော့်ကို သမီး မပုန်ကန်၊ မဆန့်ကျင်ချင်တော့ပါဘူး။ ကိုယ်တော့်ရှေ့မှာ နောင်တရချင်တယ်၊ သမီးရဲ့ညီအစ်မကို ကူညီချင်တယ်၊ ပြီးတော့ သမီးတို့ရဲ့တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့ သူနဲ့အတူ အလုပ်လုပ်ချင်ပါတယ်” လို့ပေါ့။ ကျွန်မ ဘုရားသခင်ဆီ အထပ်ထပ်ဆုတောင်းခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မရဲ့စိတ်နှလုံးထဲမှာ အပြစ်ရှိသလို အရမ်းခံစားခဲ့ရတယ်။ ကျွန်မက အက်စတာကို မနာလို မဖြစ်သင့်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်၊ ဒါဟာ ဘုရားသခင် မနှစ်သက်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုပဲ။ အဲဒီနောက်မှာ ကျွန်မ အက်စတာကို တက်တက်ကြွကြွနဲ့ စပြီးကူညီခဲ့တယ်။ နေ့တိုင်း သူနဲ့ စကားပြောတယ်၊ တိုးတက်မှုရှိလာအောင် အသင်းတော်အလုပ်ကို ဘယ်လိုကောင်းကောင်းလုပ်ရမလဲဆိုတာကို သူ့ကို တဖြည်းဖြည်း လမ်းညွှန်ပေးခဲ့တယ်။ အထက်ခေါင်းဆောင်တွေက အကောင်အထည်ဖော်ဖို့လိုတဲ့အလုပ်အကြောင်း ကျွန်မကို အသိပေးတဲ့အခါတိုင်းမှာ အလုပ်ကို ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာကို အက်စတာနဲ့ ဆွေးနွေးခဲ့တယ်။ သူက ကျွန်မကို ကျော်တက်သွားမှာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ခံရမှာ၊ ပြီးတော့ ကျွန်မရဲ့ အရှိန်အဝါကို လုယူသွားမှာကို ကျွန်မ မကြောက်တော့ဘူး။ ကျွန်မတို့ တာဝန်တွေကို အတူတူလုပ်ဆောင်တဲ့အခါ အက်စတာနဲ့ သဟဇာတရှိရှိလုပ်ဆောင်ခဲ့တယ်၊ အလုပ်တော်တော်များများက ပိုလွယ်လာခဲ့ပြီး အသင်းတော်အလုပ်ရဲ့ရလဒ်တွေကလည်း တိုးတက်လာခဲ့တာကို တွေ့ခဲ့ရတယ်။

နောက်ပိုင်းမှာ ကျွန်မက အသင်းတော်တချို့ရဲ့အလုပ်ကို ကြီးကြပ်နေခဲ့ပြီး အထက်ခေါင်းဆောင်တွေက ညီအစ်မမေလင်ကို ကျွန်မကြီးကြပ်တဲ့အသင်းတော်တစ်ခုမှာ သူ့တာဝန်တွေ ထမ်းဆောင်ဖို့ တာဝန်ပေးခဲ့တယ်။ အစပိုင်းမှာ သူက စုဝေးပွဲတွေမှာ စကားသိပ်မပြောဘဲ အရမ်းတိတ်ဆိတ်နေပေမဲ့ နောက်ပိုင်းမှာ သူက အများကြီးပိုပြီးမိတ်သဟာယပြုလာတယ်၊ သူ့မိတ်သဟာယကလည်း အရမ်းကောင်းတယ်။ သူ့ကို ကျွန်မ နည်းနည်းမနာလိုဖြစ်မိပြီး စိုးရိမ်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက ဘုရားသခင်ကို ယုံကြည်တာကြာပြီ၊ သမ္မာတရားတွေကို ပိုနားလည်တယ်၊ အလုပ်အကြောင်းအများကြီးသိတယ်၊ ပြီးတော့ အလုပ်မှာ အတွေ့အကြုံ ပိုရှိလို့ပဲ။ ညီအစ်ကိုမောင်နှမတွေက သူ့ကို သေချာပေါက် ချီးမွမ်းပြီး လေးစားကြလိမ့်မယ်လို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မ အဲဒီလို မဖြစ်စေချင်ခဲ့ဘူး။ တစ်နေ့မှာ ညီအစ်မမေလင် ကြီးကြပ်နေတဲ့ အဖွဲ့တချို့ရဲ့အခြေအနေကို သူနဲ့ ကျွန်မ ဆွေးနွေးခဲ့ပြီး ညီအစ်ကိုမောင်နှမတွေ ပုံမှန်စုဝေးပွဲမတက်တဲ့အကြောင်းရင်းတွေကို သူ့ကို မေးခဲ့တယ်။ သူက ဒီကိစ္စကို စုံစမ်းနေတယ်လို့ ကျွန်မကို ပြောခဲ့တယ်၊ ဒါပေမဲ့ အလုပ်တွေအများကြီး လုပ်ခဲ့ပေမဲ့ ဘာတွေမှားနေလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်း မသိသေးဘူး။ ဒီလိုကြားပြီးတဲ့နောက်မှာ သူက ညည်းညူနေတယ်လို့ ခံစားရပြီး သူ့မှာ အားနည်းချက်တွေအများကြီးရှိတယ်လို့ တွေးခဲ့တယ်။ အထက်ခေါင်းဆောင်တွေက အလုပ်အကြောင်းလာမေးတဲ့အခါ ကျွန်မက သူတို့ကို ပြောလိုက်တယ်၊ “မေလင်က ညည်းညူရတာကို ကြိုက်တယ်၊ သူ့တာဝန်တွေကို ဖြည့်ဆည်းဖို့ ဇွဲမရှိဘူး” လို့ပေါ့။ ကျွန်မတို့ရဲ့ စကားပြောဆိုမှု ဓာတ်ပုံမှတ်တမ်းတွေကိုတောင် ခေါင်းဆောင်တွေဆီ ကျွန်မ ပို့ခဲ့ပြီး သူက ညည်းညူနေပြီး တခြားသူတွေရဲ့ အကြံဉာဏ်ကို လက်မခံချင်ဘူးလို့ ခေါင်းဆောင်တွေကို ထင်စေချင်ခဲ့တယ်။ သူ့ကို အထင်သေးပြီး ကျွန်မကို ပိုတန်ဖိုးထားစေချင်တယ်၊ သူ့ထက် ကျွန်မက ပိုပြီးပျိုးထောင်ထိုက်တယ်လို့ ထင်စေချင်ခဲ့တယ်။ ဒီအတွေးတွေကို ကျွန်မ ထုတ်ဖော်မိတဲ့အခါ ကိုယ့်အခြေအနေ မှားနေမှန်း သဘောပေါက်သွားပြီး ဘုရားသခင်ဆီမှာ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “၎င်းတို့ထက် သာလွန်သော လူတစ်ဦးကို ၎င်းတို့တွေ့မြင်သည့်အခါ လူတို့၏ စိတ်နှလုံးထဲရှိ မိမိတို့၏ နေရာကို ကာကွယ်ရန်အလို့ငှာ ထိုသူအကြောင်း အခြေအမြစ်မရှိသော ကောလာဟလများ လုပ်ကြံဖန်တီးလျက် သို့မဟုတ် ထိုသူကို အပုပ်ချပြီး ထိုသူ၏ ဂုဏ်သတင်းကို လျော့ပါးစေရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးချလျက် ထိုသူကို မိမိတို့၏ ခြေဖဝါးအောက်တွင်ပင် နင်းချေလျက် ထိုသူကို ပြိုလဲစေရန် ကြိုးစားကြ၏။ ဤသည်မှာ မည်သို့သော စိတ်သဘောထားအမျိုးအစားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း သက်သက်မဟုတ်ပေ။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ မလိုမုန်းထားသော စိတ်သဘောထားဖြစ်သည်။ ဤလူက သူ့ထက်ပိုသာလွန်ပြီး ပို၍ စွမ်းဆောင်နိုင်သောသူတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နိုင်ခြင်းသည် မသိမသာ ဒုက္ခပေးတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သည်။ လူတို့ကို ပြိုလဲအောင်ပြုလုပ်ရန် ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်သည်မှာ ၎င်းတို့ထဲတွင် နတ်ဆိုးဆန်သောသဘာဝ မသေးလှကြောင်းကို ပြသည်။ စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်လျက် ၎င်းတို့သည် လူတို့ကို သေးသိမ်စေရန်၊ ချောက်ချရန်၊ လူတို့ကို ညှဉ်းပန်းရန် လုပ်ဆောင်တတ်ကြသည်။ ဤသည်မှာ မကောင်းမှုလုပ်ဆောင်ခြင်း မဟုတ်လော။ ဤသို့အသက်ရှင်လျက်ဖြင့် ၎င်းတို့ အဆင်ပြေသည်၊ လူကောင်းဖြစ်သည်ဟု ထင်ကြဆဲဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့ထက် ပိုတော်သောသူကို မြင်သောအခါ ၎င်းတို့သည် ထိုသူတို့ကို ညှဉ်းပန်းရန်၊ ထိုသူတို့ကို အားလုံး နင်းချေပစ်ရန် လုပ်ဆောင်တတ်ကြသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ ထိုသို့ ဒုစရိုက်အမှုများကို ကျူးလွန်နိုင်စွမ်း ရှိသည့်လူများသည် စိုးရိမ်ကြောင့်ကြမှုမဲ့သကဲ့သို့ ဇွတ်တရွတ်နိုင်သည် မဟုတ်လော။ ထိုသို့သော လူများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ တွေးတောသည်၊ မိမိတို့၏ ကိုယ်ပိုင်ခံစားချက်များကို ဆင်ခြင်စဉ်းစားပြီး ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လိုအင်များ၊ ရည်မှန်းချက်များနှင့် ပန်းတိုင်များကို စွမ်း‌ဆောင်ရရှိဖို့ကိုသာ အလိုရှိကြသည်။ အသင်းတော်၏အလုပ်အပေါ် ၎င်းတို့က မည်မျှ ထိခိုက်နစ်နာစေသည်ကို ဂရုမစိုက်ပေ။ ၎င်းတို့သည် လူတို့စိတ်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့ ပို၍ နှစ်သက်ကြသည်။ ဤသို့သောလူတို့သည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ဟုထင်မြင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမရှိသလော။ ဤသို့သောသူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ဟု ထင်မြင်ရုံသာမက အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားပေ။ ဤသို့သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ ဤအတွက်ကြောင့် ၎င်းတို့က အသိစိတ်၏ အပြစ်တင်ခြင်း လုံးဝမရှိဘဲ၊ စိုးရိမ်ပူပန်ခြင်း လုံးဝမရှိဘဲ၊ ကြောက်ရွံ့ခြင်း လုံးဝမရှိဘဲ၊ သို့မဟုတ် စိတ်ပူခြင်းလုံးဝ မရှိဘဲ၊ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ လက်လွတ်စပယ် လုပ်ဆောင်ကာ အလိုရှိသလို ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော အပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ သက်သက်သာသာ ပြောရမည်ဆိုလျှင် ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားကြပြီး မသိမသာ ဒုက္ခပေးတတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင် ပြဿနာ၏ အနှစ်သာရမှာ ထိုသို့သော လူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိကြခြင်းဖြစ်သည်။ ဘုရားသခင်ကို သူတို့ မကြောက်ပေ၊ မိမိတို့ကိုယ်ကို အကြီးမြတ်ဆုံးအဖြစ် ယုံကြည်ကြပြီး မိမိတို့၏ ရှိသမျှအရာအားလုံးကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဘဲ အရေးမပါဖြစ်ကာ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်စက်မျှ မရှိချေ။ မိမိတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားထုတ်မှုများစွာကို အသုံးပြုကြကာ ခွန်အားပြည့်ဝစွာ သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးတော်ခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ စည်းမျဉ်းနှင့် ရည်ရွယ်ချက်တို့မှာ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက်၊ ၎င်းတို့၏ အကျိုးစီးပွားအားလုံးကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ မည်သည့် လူစားမျိုးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည့်တိုင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိရသနည်း။ ၎င်းတို့သည် မာနထောင်လွှားသူများ မဟုတ်သလော။ ၎င်းတို့သည် စာတန်များ မဟုတ်သလော။ မည်ကဲ့သို့သော အရာများသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိဆုံး ဖြစ်သနည်း။ သားရဲတိရစ္ဆာန်များမှလွဲ၍ ဆိုးယုတ်သူများနှင့် အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စာတန်၏ အမျိုးများ ဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးလုံးလျားလျား ကင်းမဲ့ကြပေသည်။ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ ရန်သူများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ တကယ့်အခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မက ကိုယ့်ထက် အလုပ်ရလဒ် ပိုကောင်းတဲ့ ညီအစ်ကိုမောင်နှမတွေကို မနာလိုဖြစ်ခဲ့တယ်၊ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ သူတို့ကို တိုက်ခိုက်ပြီး ဖယ်ကျဉ်ခဲ့တယ်။ သူတို့က ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်နေမှန်း သိပေမဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ ထည့်မစဉ်းစားခဲ့ဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားပြီး အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်မဲ့အစား တခြားသူတွေရဲ့ လေးစားမှုကိုရပြီး အထင်ကြီးခံရမဲ့နည်းလမ်းနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်ခဲ့တယ်၊ မေလင်က ဘုရားသခင်ကို ယုံကြည်တာကြာပြီ၊ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းရှိတယ်၊ ပြီးတော့ သူက သူ့တာဝန်အတွက် ဝန်တာထားတဲ့စိတ် ပြင်းပြတယ်ဆိုတာကို ကျွန်မ သဘောပေါက်တဲ့အခါ၊ သူ့ကို ကျွန်မ မနာလိုဖြစ်ပြီး ကျွန်မကို ကျော်တက်သွားမှာကို စိုးရိမ်ခဲ့တယ်။ ကျွန်မက အထက်လူကြီးတွေရှေ့မှာ သူက သူ့တာဝန်အကြောင်း အမြဲညည်းညူတယ်လို့ ပြောပြီး သူ့ကို ဝေဖန်ခဲ့တယ်၊ တကယ်တမ်းမှာတော့ မေလင်းက သူ့တာဝန်မှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်၊ ပြီးတော့ သူ အများကြီးလုပ်ခဲ့ပေမဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သေးဘူးလို့ပဲ ပြောပြခဲ့တာ။ ဒါပေမဲ့ သူက ညည်းညူနေတယ်လို့ အထက်ခေါင်းဆောင်တွေကို ကျွန်မ လိမ်ပြောခဲ့တယ်။ ကျွန်မရဲ့ပန်းတိုင်က အထက်ခေါင်းဆောင်တွေက သူ့ကို ပျိုးထောင်ဖို့မထိုက်တန်ဘူးလို့ ထင်စေချင်တာ၊ နောက်ပြီး ခေါင်းဆောင်တွေ သူ့အပေါ်ထားတဲ့ပုံရိပ်ကို ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့တယ်။ ဒီလိုဆိုရင် ခေါင်းဆောင်တွေက သူ့ကို အထင်မကြီးတော့ဘူး၊ မပျိုးထောင်တော့ဘူး၊ ကျွန်မကို သူကျော်တက်သွားမှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။ ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကိုယ့်ညီအစ်မကို တကယ်ပဲ အသရေဖျက်ခဲ့တယ်။ ကျွန်မက လုံးဝကို စဉ်းလဲကောက်ကျစ်ပြီး မလိုမုန်းထားခဲ့တာပဲ။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေနဲ့ သဟဇာတရှိရှိ ပူးပေါင်းလုပ်ဆောင်သင့်တယ်၊ တစ်ယောက်ရဲ့အားသာချက်၊ အားနည်းချက်တွေကို အပြန်အလှန်ဖြည့်ဆည်းခွင့်ပေးသင့်တယ်၊ ကိုယ့်တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းသင့်တယ်။ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ပြိုင်ဘက်တွေလို မဆက်ဆံသင့်ဘူး။ ဒါပေမဲ့ ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ဂရုစိုက်ခဲ့တယ်။ ကျွန်မက တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ခံရတဲ့ တစ်ဦးတည်းသောသူ ဖြစ်ချင်ခဲ့တယ်။ အပေါ်ယံမှာတော့ အသင်းတော်အလုပ်အတွက် ဝန်တာထားတဲ့စိတ်ရှိပုံရပေမဲ့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးမရှိခဲ့ဘူး။ မေလင်က အရည်အချင်းရှိတာကို တွေ့တော့ ကျွန်မ မနာလိုဖြစ်ပြီး ကျွန်မကို သူကျော်တက်သွားမှာကို လက်မခံခဲ့ဘူး။ ကျွန်မရဲ့ ပန်းတိုင်တွေကို ရောက်ဖို့အတွက် သူ့တာဝန်မှာ အခက်အခဲတွေကြုံနေမှန်း ရှင်းရှင်းလင်းလင်းသိတာတောင် သူ့ကို ကူညီဖို့ ငြင်းခဲ့တယ်။ ကိုယ့်ရဲ့ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အသင်းတော်အလုပ်ကို ထိခိုက်စေဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ မာနထောင်လွှားပြီး မလိုမုန်းထားတဲ့ စိတ်သဘောထားကို ကြောက်လန့်မိတယ်။ အသင်းတော်အလုပ်ကို ထည့်မစဉ်းစားဘဲ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ငန်းမှာပဲ ပါဝင်လုပ်ဆောင်ခဲ့တယ်။ ဒါက ဘုရားသခင်ကို တကယ်ကို စက်ဆုပ်ရွံရှာစေခဲ့တယ်။ နိုင်ငံတော်ဧဝံဂေလိတရားက ဘယ်လောက်မြန်မြန်ပျံ့နှံ့နေလဲ၊ နေရာတိုင်းမှာ အသင်းတော်တွေ ဘယ်လောက်များများတည်ထောင်နေလဲ၊ လူသစ်တွေကို ရေလောင်းဖို့နဲ့ အသင်းတော်တွေကို ဦးဆောင်ဖို့ လူတွေ ဘယ်လောက်အရေးတကြီးလိုအပ်နေလဲဆိုတာကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မရဲ့အတွေးတွေက ဆိုးညစ်ခဲ့တယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ကာကွယ်ဖို့ ကြိုးစားခဲ့တယ်၊ အရည်အချင်းရှိတဲ့လူတွေကို တွေ့တဲ့အခါ သူတို့ကို မပျိုးထောင်ရုံတင်မကဘဲ ဖယ်ကျဉ်ပြီး ဖိနှိပ်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို ဆန့်ကျင်ပြီး ဧဝံဂေလိအလုပ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်နေခဲ့တယ်။ လူ့သဘာဝကောင်းရှိတဲ့ လူတစ်ယောက်က အသင်းတော်အလုပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လူတွေ ပိုများများ ပေါ်ထွက်လာတာကို တွေ့ရရင် ပျော်ရွှင်မှာပဲ၊ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေသာ သူတို့ထက် ပိုအရည်အချင်းရှိတဲ့ တခြားသူတွေကို တွေ့တဲ့အခါ ခြိမ်းခြောက်ခံရတယ်လို့ ခံစားရပြီး ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ တခြားသူတွေကို တိုက်ခိုက်ပြီး ဖယ်ကျဉ်ကြမှာ။ ကျွန်မရဲ့စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိဘူး၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးလည်းမရှိဘူး။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းတန်ဖိုးထားခဲ့တယ်။ ကျွန်မရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် ကျွန်မက မေလင်းကို မကူညီရုံသာမက သူ့ကို ဖိနှိပ်ဖို့ နည်းလမ်းတွေ သုံးခဲ့ပြီး သူ့တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်စွမ်းကို ထိခိုက်စေခဲ့တယ်။ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားပဲ။ ကျွန်မက ဘုရားသခင်ကို အတိုက်အခံလုပ်နေခဲ့တာ။ နောင်တမရဘဲ ဒီလိုသာဆက်လုပ်နေရင် ဘုရားသခင်ရဲ့ စွန့်ပစ်တာကို သေချာပေါက်ခံရမှာပဲ။ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီကို စိတ်နှလုံးကိုဖွင့်ပြီး ဆုတောင်းတယ်၊ ကိုယ်တော်ရဲ့ခွင့်လွှတ်မှုကို တောင်းခံခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ရှာဖွေနိုင်ဖို့ ကျွန်မကို ဉာဏ်အလင်းပေးပြီး အလင်းပြဖို့လည်း ဘုရားသခင်ဆီ တောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းအား သင် အမှန်တကယ် ပြနိုင်စွမ်းရှိပါက အခြားလူတို့ကို မျှမျှတတ သင်ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး လေ့ကျင့်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေ၍ ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပါရမီရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်ကို ပို၍ မလွယ်ကူစေသလော။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်၌ သစ္စာစောင့်သိခြင်းကို ပြနေခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများ အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိတရားနှင့် အသိစိတ် ဖြစ်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့ လုပ်ဆောင်သည့် အမှုအရာများတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏စိတ်နှလုံးသည် အမြင်မှန်ရလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုကာ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ထည့်စဉ်းစားရမယ်၊ အသင်းတော်အလုပ်ကို အမြဲတမ်း ပထမဦးစားပေးထားရမယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ အစွမ်းအစကောင်းပြီး အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို တွေ့တဲ့အခါ ကိုယ့်ရဲ့ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက် သူတို့ကို မနာလိုဖြစ်တာ၊ ဖယ်ကျဉ်တာ မလုပ်သင့်ဘူး၊ အဲဒီအစား သူတို့ကို ထောက်ခံပြီး ပျိုးထောင်ပေးရမယ်၊ သူတို့ ပိုမြန်မြန်ကြီးထွားလာအောင် သူတို့ရဲ့တာဝန်တွေကို ဖြည့်ဆည်းဖို့ ကူညီပေးရမယ်။ ဒါက ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားပဲ။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်သင့်တယ်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းရဲ့ ချည်နှောင်မှုကနေ၊ မနာလိုမှုကနေ လွတ်မြောက်သင့်တယ်၊ ကိုယ့်အကျိုးစီးပွားတွေကို ဘေးဖယ်ထားပြီး ညီအစ်ကိုမောင်နှမတွေကို စိတ်ရင်းမှန်နဲ့ ပျိုးထောင်ပေးသင့်တယ်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းသင့်တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို စပြီးပြင်ဆင်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်က မနာလိုမှုကို စက်ဆုပ်ရွံရှာတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် မပြတ်သတိပေးနေခဲ့တယ်။ မေလင်နဲ့ အလုပ်အကြောင်း ထပ်ဆွေးနွေးတဲ့အခါ သူပြောတာကို နားထောင်ဖို့ ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် ထားခဲ့တယ်၊ သူကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် သူ့ကို ဂရုစိုက်ကူညီဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်၊ ကျွန်မကြုံတွေ့ခဲ့ရတဲ့ ဆင်တူအတွေ့အကြုံတွေအကြောင်း မိတ်သဟာယဖွဲ့ရင်းနဲ့ပေါ့။ ကျွန်မရဲ့အလုပ်ကနေ ရခဲ့တဲ့ နည်းလမ်းကောင်းတွေကိုလည်း ဝေမျှခဲ့တယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်မ တကယ်ကို စိတ်ငြိမ်းချမ်းတယ်လို့ ခံစားခဲ့ရပြီး အလုပ်က ရလဒ်ကောင်းတွေ မြန်မြန်ဆန်ဆန် ထွက်ပေါ်လာခဲ့တယ်။

တစ်ခါတုန်းက မေလင်းက လူသစ်တချို့က စုဝေးပွဲတွေကို မှန်မှန်မတက်ကြသေးတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ ကျွန်မဆီကို စာပို့ခဲ့တယ်။ သူ့စာကိုတွေ့တော့ ကျွန်မ အပြစ်ရှိသလို ခံစားခဲ့ရတယ်၊ အဲဒါက ကျွန်မ သူ့ကို မနာလိုဖြစ်ခဲ့တုန်းက အချိန်တွေကို သတိရစေခဲ့လို့ပဲ။ အဲဒီတုန်းက သူ့တာဝန်တွေမှာ အခက်အခဲတွေကို သူ ကြုံတွေ့ရတဲ့အခါ ကျွန်မ သူ့ကို မကူညီရုံသာမက ခေါင်းဆောင်တွေရှေ့မှာ သူ့ကို ဝေဖန်ခဲ့တယ်၊ သူက တာဝန်ထမ်းဆောင်ရင်း အမြဲညည်းညူတယ်လို့ ပြောခဲ့တယ်။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်မှုက သူ့ကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ အဲဒီနေ့ကစပြီး သူ့ကို ကျွန်မ မကြာမကြာ နှစ်သိမ့်အားပေးခဲ့တယ်၊ စိတ်မပူဖို့ သူ့ကို ပြောပြီး သူနဲ့အတူ တက်တက်ကြွကြွ အလုပ်လုပ်ခဲ့တယ်။ သူ့တာဝန်တွေရဲ့ရလဒ်တွေက ကျွန်မထက်သာလား၊ သူက ကျွန်မထက် ပိုထင်ပေါ်လာလားဆိုတာကို ကျွန်မ ဂရုမစိုက်တော့ဘူး။ မကြာခင်မှာပဲ မေလင်ကို ဧဝံဂေလိအလုပ်ကို ကြီးကြပ်ဖို့ ရွေးချယ်လိုက်ကြပြီး ကျွန်မနဲ့အတူ အသင်းတော်တွေရဲ့ ဧဝံဂေလိအလုပ်ကို နောက်ဆက်တွဲလုပ်ဖို့တာဝန်ယူရတယ်။ ဧဝံဂေလိအလုပ်မှာ ပြဿနာတွေ၊ အခက်အခဲတွေရှိတဲ့အခါတိုင်းမှာ ကျွန်မတို့ အတူတူ ဖြေရှင်းနည်းတွေကို ဆွေးနွေးကြတယ်၊ မကြာမကြာ စိတ်နှလုံးထဲကနေ ပွင့်ပွင့်လင်းလင်း စကားပြောကြတယ်။ ကျွန်မ သူ့ကို မနာလိုမဖြစ်တော့ဘူး၊ ကျွန်မတို့ကြားမှာ အတားအဆီးတွေလည်း မရှိတော့ဘူး။ အဲဒီအချိန်ကစပြီး ကျွန်မရဲ့ စိတ်နှလုံးက ပိုပြီးပေါ့ပါးသွားတယ်။ ကျွန်မရဲ့ အတွေ့အကြုံအရ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် လိုအင်ဆန္ဒကို တကယ်ကို စွန့်လွှတ်ဖို့ လိုအပ်မှန်း သဘောပေါက်ခဲ့တယ်၊ အဲဒီအခါမှသာ ကျွန်မက ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းနိုင်မှာပါ။ ညီအစ်ကိုမောင်နှမတွေနဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် မပြိုင်ဆိုင်ချင်တော့ဘူး၊ ဘာလို့လဲဆိုတော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ပိုလိုက်စားလေလေ ဘုရားသခင်နဲ့ ပိုဝေးကွာသွားလေလေပဲဆိုတာကို ကျွန်မသိလို့ပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာပဲ အမြဲတမ်းအသက်ရှင်နေမှာဖြစ်ပြီး အသင်းတော်အလုပ်ကို ကောင်းကောင်းမလုပ်နိုင်၊ ကိုယ့်တာဝန်တွေကို မဖြည့်ဆည်းနိုင်ဖြစ်မှာပဲ။ အဲဒီနောက်ပိုင်းမှာ အသင်းတော်မှာ ပျိုးထောင်ဖို့လိုတဲ့လူသစ်တွေရှိတဲ့အခါတိုင်းမှာ ကျွန်မ သူတို့ကို အစွမ်းကုန် ကူညီပေးခဲ့တယ်။ တစ်ခါတလေ ကျွန်မ မနာလိုစိတ်ကို ထုတ်ဖော်မိတုန်းဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ် ရွံရှာမုန်းတီးမိတယ်။ ကိုယ့်စိတ်နှလုံးကို တည်ငြိမ်အောင်ထားပြီး ဘုရားသခင်ဆီ ဆုတောင်းတယ်၊ ဖောက်ပြန်ပျက်စီးတဲ့ အတွေးတွေရဲ့ ဘောင်ခတ်တာကို မခံရတော့အောင် ကိုယ့်စိတ်နှလုံးကို ကာကွယ်ပေးဖို့ ဘုရားသခင်ဆီမှာ တောင်းလျှောက်ခဲ့တယ်။ ဒီလို ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မရဲ့ စိတ်နှလုံးက ငြိမ်းချမ်းမှုကို တွေ့ရှိခဲ့တယ်၊ တခြားသူတွေကို မနာလိုမဖြစ်တော့ဘူး၊ သူတို့ ကျွန်မကို ကျော်တက်သွားမှာကို မကြောက်တော့ဘူး၊ ညီအစ်ကိုမောင်နှမတွေကို ကူညီချင်တယ်၊ သူတို့နဲ့ ကောင်းကောင်းမွန်မွန် ပူးပေါင်းလုပ်ဆောင်ပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းချင်စိတ်ပဲ ရှိတော့တယ်။

ကျွန်မကို အရည်အချင်းရှိသူတွေအပေါ်ထားတဲ့ ကိုယ့်ရဲ့ မနာလိုတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သဘောပေါက်စေခဲ့တာ၊ ဘုရားသခင်က ကျွန်မလိုလူတွေကို စက်ဆုပ်ရွံရှာမှန်း သိစေခဲ့တာက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှုပါပဲ။ ကျွန်မ အခု ကိုယ့်ဇာတိပကတိကို ပုန်ကန်ပြီး ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီ၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို စိတ်ရင်းမှန်နဲ့ ကူညီပြီး ထောက်ပံ့နိုင်ပြီ၊ ပြီးတော့ အသင်းတော်ရဲ့အလုပ်နဲ့ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို အကျိုးပြုတဲ့ အရာတွေကို လုပ်ဆောင်နိုင်ပြီ။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပဲ ဖြစ်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ဖုဒမ်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...

တာဝန်များအကြား အဆင့် သို့မဟုတ် ကွဲပြားမှုမရှိပါ

၂၀၁၉ ခုနှစ်မှာ ဖေဖော်ဝါရီလမှာ၊ ကျွန်မဟာ တကယ်အလုပ်လုပ်ရမယ့်အစား ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခဲ့လို့ ခေါင်းဆောင်မှုတာဝန်ကနေ...

နှစ်သက်မှုအပေါ် အခြေခံပြီး ကျွန်မတာဝန်တွေကို မရွေးချယ်တော့ပါ

ချန်မြောင်း၊ တရုတ်ပြည်၂၀၀၆ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အသင်းတော်မှာ...

ဘုရားသခင်ထံသို့ ကျွန်မ၏နှလုံးသား ပေးအပ်ခြင်း

ရှင်းချဲ့ တောင်ကိုးရီးယားနိုင်ငံ၂၀၁၈ခုနှစ် ဇွန်လတွင် ကောင်းကင်နိုင်ငံတော်သီချင်း ဂီတသရုပ်ပြပွဲအတွက် အစမ်းလေ့ကျင့်ခဲ့သည်။ စင်ပေါ်တွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။