တာဝန်များအကြား အနိမ့်အမြင့် ခွဲခြားမှုရှိပါသလား

03.02.2026

-နိုအီထံသို့ စာတစ်စောင်

ယွီရွှန်၊ တရုတ်နိုင်ငံ

ချစ်ခင်ရတဲ့ နိုအီရေ၊

အခုတလော နေကောင်းရဲ့လား။ နင့်ရဲ့နောက်ဆုံးစာထဲမှာ ရေလောင်းခြင်းတာဝန်ကို မထမ်းဆောင်တော့ဘဲ၊ ခေါင်းဆောင်တွေက အထွေထွေကိစ္စရပ်တွေမှာ တာဝန်ပေးထားတယ်လို့ ရေးထားတယ်နော်။ ဒီတာဝန်က လူကြားထဲမှာ ထင်ပေါ်ကျော်ကြားတာမျိုး၊ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရတာမျိုး မဟုတ်ဘူးလို့ နင်ခံစားရလို့၊ နင်က အတိုက်အခံဖြစ်ပြီး ပူးပေါင်းလုပ်ချင်စိတ်မရှိခဲ့ဘူး။ ခုတစ်လော နင့်အခြေအနေက တိုးတက်လာပြီလားလို့ ငါ တွေးမိတယ်။ အရင်တုန်းက ငါလည်း ဒီလိုအခြေအနေမျိုးကို တွေ့ကြုံခံစားခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းကနေတစ်ဆင့် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတဲ့ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်မှုတချို့ ရရှိခဲ့တယ်၊ တာဝန်တွေအပေါ်ထားတဲ့ ငါ့ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အမြင်တွေကိုလည်း ပြုပြင်ပြီး တာဝန်တွေကို လုံ့လဝီရိယရှိရှိနဲ့ စထမ်းဆောင်နိုင်ခဲ့တယ်။ ဒီတစ်ခါမှာတော့ ငါက ဒီစာထဲမှာ ငါ့ရဲ့ အတွေ့အကြုံကို နင်နဲ့ မျှဝေချင်တယ်၊ ဒါက နင့်အတွက် အကူအညီနည်းနည်းလောက် ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတုန်းက ငါ ခေါင်းဆောင်တစ်ယောက်အနေနဲ့ စလုပ်တဲ့အချိန်မှာ၊ နေ့တိုင်းအလုပ်ပြီးလို့ ဘယ်လောက်ပဲ နောက်ကျနေပါစေ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖြစ်တယ်။ ငါ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါက သမ္မာတရားကို ပိုနားလည်ပြီး ကြုံတွေ့ရတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သရွေ့ ညီအစ်ကိုမောင်နှမတွေက ငါ့မှာ သမ္မာတရား လက်တွေ့ကျမှုတွေ ရှိတယ်ဆိုတာကို တွေ့တဲ့အခါမှာ ငါ့ကို သေချာပေါက် အထင်ကြီးကြမှာပဲ” လို့ပေါ့။ ခြောက်လကြာပြီးတဲ့နောက်မှာ ငါ့ရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစ၊ မာနနဲ့ အဆင့်အတန်းအပေါ်မှာ အရမ်းကာရော အာရုံစိုက်မှု၊ ပြီးတော့ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချုပ်ချယ်မှုကို ခဏခဏ ခံရတာတွေကြောင့် ငါ့ရဲ့ တာဝန်တွေမှာ ရလဒ်ကောင်းတွေ မရရှိနိုင်ခဲ့ဘဲ ဖြုတ်ချခံခဲ့ရတယ်။ ခေါင်းဆောင်တွေက ငါ့ရဲ့ကျွမ်းကျင်မှုတွေပေါ် အခြေခံပြီး ညီအစ်ကိုမောင်နှမတွေကို ကွန်ပျူတာပြဿနာတွေ ကူညီဖြေရှင်းပေးဖို့ စီစဉ်ပေးခဲ့တယ်။ အဲဒီအချိန်မှာ ငါဖော်ပြခဲ့တဲ့ အခြေအနေက နင်နဲ့ ဆင်တယ်။ ငါ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒါက ပေါ်လွင်ထင်ရှားမှု မရှိတဲ့ အလုပ်တစ်ခုပဲ၊ ကာယလုပ်အား လိုအပ်တယ်၊ ပြီးတော့ ငါ ဘယ်လောက်ပဲ လုပ်လုပ်၊ ဘယ်သူမှ သိမှာမဟုတ်ဘူး” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းကနေ တာဝန်တွေကို ပြန်လည်ခန့်အပ်ရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုတာနဲ့ အဲဒါကို ကျိုးနွံနာခံပြီး လက်ခံသင့်တယ်ဆိုတာကို ငါ သိလိုက်ရတယ်။ ဒါပေမဲ့လည်း ငါ မတွေးဘဲ မနေနိုင်ခဲ့ဘူး၊ “အထွေထွေကိစ္စရပ်တွေမှာ လုပ်တာက အနာဂတ်မှာ တိုးတက်မှုရှိမှာမဟုတ်ဘူး။ ငါဘယ်လောက်ပဲ ကောင်းကောင်းလုပ်လုပ် သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရမှာမဟုတ်ဘူး။ ရာထူးပိုမြင့်ပြီး ပိုဂုဏ်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ရတာက ပိုကောင်းတယ်” လို့ပေါ့။ ငါ့တာဝန်ကိုငါ ထမ်းဆောင်နေပေမဲ့ စိတ်အားထက်သန်မှု သိပ်မရှိခဲ့ဘူး။ အထူးသဖြင့် လူသစ်ညီအစ်မ ကျိုးထင်က အစွမ်းအစကောင်းပြီး တိုးတက်မှုမြန်လို့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတယ်လို့ ကြားလိုက်ရတဲ့အခါ၊ ငါ အရမ်းကို စိတ်မကောင်းဖြစ်သွားတယ်၊ “ပြဿနာဖြေရှင်းနိုင်တဲ့ ငါ့စွမ်းရည်က နည်းနည်းညံ့ပေမဲ့၊ လူသစ်တစ်ယောက်ထက်တော့ သာသင့်တာပေါ့။ လူသစ်တောင် ခေါင်းဆောင်ဖြစ်နေပြီ၊ ဘာလို့ ငါ့ကို အထွေထွေကိစ္စရပ်မှာပဲ တာဝန်ပေးထားသေးတာလဲ။ ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုများ ထင်ကြမလဲ” ပေါ့။

တစ်နေ့မှာ ခေါင်းဆောင်တွေက စုဝေးပွဲအတွက် ရောက်လာကြပြီး၊ ပြီးတော့ ငါက တခြားအခန်းတစ်ခန်းမှာ ကွန်ပျူတာပြဿနာတွေ ကူညီပေးနေခဲ့တယ်။ လူတွေကို ပျိုးထောင်ပေးတဲ့အကြောင်း ခေါင်းဆောင်တွေ မိတ်သဟာယဖွဲ့နေတာကို နားစွန်နားဖျား ကြားလိုက်ရတယ်၊ သူတို့ပြောတာက တချို့လူတွေဆို ဘုရားသခင်ကို ယုံကြည်တာ သုံးလေးနှစ်လောက်ပဲ ရှိသေးပေမဲ့၊ အစွမ်းအစကောင်းပြီး သမ္မာတရားကို ပိုလိုက်စားကြတယ်၊ ဒါကြောင့် သူတို့က ပျိုးထောင်ပေးရကျိုးနပ်တယ်တဲ့။ တစ်ဖက်မှာလည်း တချို့လူတွေက ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ တိုးတက်မှုနည်းနည်းပဲရှိပြီး၊ အစွမ်းအစလည်း ညံ့ဖျင်းတယ်၊ ဒါကြောင့် သူတို့က ပျိုးထောင်ပေးရကျိုးမနပ်တော့ဘူးတဲ့။ ဒီလိုကြားလိုက်ရတော့ ငါ့နှလုံးသားထဲမှာ အရမ်းကို နာကျင်သွားပြီးတော့ တွေးမိတယ်၊ “ငါက ပျိုးထောင်ပေးဖို့ မထိုက်တန်တဲ့ လူစားမျိုးမဟုတ်ဘူးလား။ ငါက အထွေထွေကိစ္စရပ်အလုပ်တချို့ကိုပဲ လုပ်နိုင်ပြီး ထင်ပေါ်ကျော်ကြားဖို့ အခွင့်အရေး မရှိဘူးထင်တယ်” လို့ပေါ့။ ခဏကြာတော့ ခေါင်းဆောင်တစ်ယောက်က တံခါးကို ပိတ်လိုက်တယ်၊ ဒီအချိန်မှာ ငါ ပိုပြီးတော့တောင် စိတ်ဆင်းရဲသွားပြီး တွေးမိတယ်၊ “အရင်တုန်းက ငါခေါင်းဆောင်ဖြစ်ခဲ့တုန်းက အထက်ခေါင်းဆောင်တွေက ငါတို့နဲ့ မိတ်သဟာယဖွဲ့ဖို့ စုဝေးပွဲတွေ ကျင်းပပေးခဲ့ပြီး၊ ငါကလည်း ပျိုးထောင်ခံရတဲ့သူတွေထဲက တစ်ယောက်ဖြစ်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါက ကွန်ပျူတာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒီကိုရောက်နေတာသက်သက်ပဲ၊ ကာယအားစိုက်ထုတ်ပြီး ဝေယျာဝစ္စလုပ်ပေးရတဲ့သူသက်သက်ပဲ” လို့ပေါ့။ စုဝေးပွဲတက်နေတဲ့ အသင်းတော်ခေါင်းဆောင်တွေအားလုံးက ငါ့ကို သိကြတယ်၊ အခု ဒီတာဝန်ကို ငါလုပ်နေတယ်ဆိုတာကို သူတို့သိရင် ငါ့ကို ဘယ်လိုများထင်ကြမလဲဆိုတာကိုလည်း တွေးမိတယ်။ ငါ တွေးလေလေ ပိုပြီး စိတ်ဆင်းရဲလာလေလေပဲ။ ကွန်ပျူတာပြဿနာတွေ ဖြေရှင်းပြီးလို့ ပစ္စည်းကိရိယာတွေ ဘယ်လိုသုံးရမယ်ဆိုတာ သူတို့ကို ရှင်းပြရမဲ့အချိန်ရောက်တော့ ငါ အဲဒီကို လုံးဝမသွားချင်ဘူး။ ငါ့ကိုယ်ငါ အစေခံတစ်ယောက်လိုပဲ ခံစားခဲ့ရတယ်၊ သူတို့နဲ့ အဆင့်အတန်းမတူဘူးပေါ့။ အခန်းထဲမှာ အချိန်အကြာကြီး ပတ်လျှောက်နေပြီးတော့မှ သူတို့ကို အင်တင်တင်နဲ့ စကားသွားပြောခဲ့တယ်။ ငါပြန်ရောက်လာတော့ အတော်ကို စိတ်မသက်မသာဖြစ်မိတယ်၊ ငါ ဘယ်လောက်ပဲ ကောင်းကောင်းလုပ်လုပ် ဘယ်သူမှ သိမှာမဟုတ်ဘူး၊ ငါ့ကို အထင်ကြီးမှာလည်း မဟုတ်ဘူးလို့ တွေးမိတယ်။ ဒီလောက် အချိန်ကုန်၊ လူပန်းခံပြီးတော့ ဘာလုပ်ဖို့လဲ။ ငါ တတ်နိုင်သလောက်ပဲ လုပ်လိုက်တာ ပိုကောင်းမယ်။ အဲဒီနောက်မှာတော့ ငါ့တာဝန်အပေါ် စိတ်မနှစ်တော့ဘူး။ ညီအစ်ကိုမောင်နှမတွေက ငါ့ကို မေးခွန်းတွေမေးတဲ့အခါတိုင်း သေချာမစဉ်းစားဘဲ ပြန်ဖြေတယ်၊ ငါ့အလုပ်မှာဖြစ်တဲ့ ပြဿနာတွေ၊ လမ်းလွဲမှုတွေကိုလည်း အနှစ်ချုပ်မထားတော့ဘူး။ ကျွမ်းကျင်မှုတွေ သင်ယူတဲ့နေရာမှာလည်း ဂရုမစိုက်တော့ဘူး၊ လေ့လာဖို့ အချိန်မပေးချင်တော့ဘူး၊ အားမစိုက်ချင်တော့ဘူး။ လက်ထဲက အလုပ်တွေပြီးတာနဲ့ပဲ ကျေနပ်ခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ ငါ့ရဲ့တာဝန်အပေါ် ဝန်တာထားတဲ့စိတ်မရှိလို့ ညနေစောင်းတာနဲ့ စပြီးအိပ်ငိုက်တတ်လာတယ်။ နောက်ပိုင်းမှာ ငါ့အခြေအနေ မမှန်ဘူးဆိုတာ သဘောပေါက်လာတော့ ငါ့ရဲ့ပြဿနာတွေကို သိမြင်နိုင်ဖို့ လမ်းပြပေးပါလို့ ဘုရားသခင်ဆီ တောင်းလျှောက်ခဲ့တယ်။

ငါ ရှာဖွေနေရင်းနဲ့ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “ဘုရားသခင်၏ အိမ်တော်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား လက်ခံခြင်းနှင့် မိမိတာ၀န်ကို ကောင်းစွာထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်၍ အစဉ်ပြောဆိုကြသည်။ တာဝန် မည်သို့မည်ပုံ ပေါ်ပေါက်လာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် လူသားတို့ထံ ကယ်တင်ခြင်းကို ယူဆောင်လာခြင်းတည်းဟူသော ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ အတိအကျ ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် လူသားတို့ကြားတွင် သိသာထင်ရှားလာသည်နှင့်အမျှ လူတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်မျိုးစုံ ပေါ်ပေါက်လာသည်။ ယင်းမှ လူတို့ဖြည့်ဆည်းရန် တာဝန်များနှင့် အထူးတာဝန်များ ပေါ်ပေါက်လာရာ ယင်းတာဝန်များနှင့် အထူးတာဝန်များသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားသည့် တာဝန်များပေတည်း။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း)သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ ‘ဤအလုပ်သည် ဘုရားသခင်ထံမှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ပုန်ကန်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ပါစေ၊ အဲဒါဟာ ဘုရားသခင်ပေးအပ်တဲ့ အထူးတာဝန်နဲ့ ဝတ္တရားတစ်ခုဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ငါ နားလည်ခဲ့တယ်။ တာဝန်တွေမှာ အမြင့်အနိမ့်ဆိုတာ မရှိဘူး။ တာဝန်တွေကို အမြင့်အနိမ့်ခွဲခြားပြီး ထင်ပေါ်ကျော်ကြားစေမယ့် တာဝန်တွေကိုပဲ ထမ်းဆောင်ချင်ပြီး တခြားတာဝန်တွေကို ရှောင်ဖယ်နေမယ်ဆိုရင်၊ ဒါဟာ ကိုယ့်တာဝန်ကို ငြင်းပယ်တာဖြစ်ပြီး ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံခြင်းမရှိတာကို ပြနေတာပဲ။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ဆက်စပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ငါက ငါ့ရဲ့ တာဝန်တွေကို ကိုယ်ပိုင်နှစ်သက်မှုအပေါ်မှာ အခြေခံပြီး ချဉ်းကပ်ခဲ့တယ်၊ အမြဲတမ်း ပိုထင်ပေါ်ကျော်ကြားတဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်ချင်ခဲ့တယ်ဆိုတာကို ငါ သိလိုက်ရတယ်။ ငါ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တုန်းက အချိန်ကို ပြန်တွေးကြည့်တော့ အထက်အဆင့်ခေါင်းဆောင်တွေရဲ့ အထင်ကြီးမှုကို ခံရဖို့နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားမှုကို ရရှိဖို့ အများကြီး အားစိုက်ထုတ်ခဲ့ပြီး ငါ့ရဲ့ တာဝန်တွေကို ကြီးမားတဲ့ စိတ်အားထက်သန်မှုနဲ့ ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ အထွေထွေကိစ္စရပ်အလုပ်ကို လုပ်ရတဲ့အခါမှာ ငါက ကာယအားစိုက်ထုတ်ရုံသက်သက်ပဲ၊ ငါ့အခန်းကဏ္ဍက အရေးမပါဘူးလို့ ခံစားခဲ့ရတယ်။ ဒီလိုတာဝန်မျိုးကို အဆင့်အတန်းနိမ့်တယ်လို့မြင်ပြီး ထင်ပေါ်ကျော်ကြားဖို့ အခွင့်အလမ်းမရှိဘူးလို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် တာဝန်ထမ်းဆောင်ရာမှာ စိတ်အားထက်သန်မှုမရှိခဲ့ဘူး။ အထူးသဖြင့် ခေါင်းဆောင်က နှစ်ရှည်ယုံကြည်သူတချို့ အစွမ်းအစညံ့ဖျင်းပြီး တိုးတက်မှုနှေးကွေးတဲ့သူတွေဟာ ပျိုးထောင်ပေးဖို့ တန်ဖိုးမရှိဘူးလို့ ပြောတာကို ကြားလိုက်ရတဲ့အခါ၊ ငါက လူသစ်တွေလောက်တောင် မထိုက်တန်တော့ဘူး၊ ပြီးတော့ အထွေထွေကိစ္စရပ်အလုပ်တချို့ကိုပဲ ကိုင်တွယ်နိုင်တယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ငါ အရမ်းစိတ်ဓာတ်ကျသွားပြီး၊ တာဝန်တွေထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု ပျောက်ဆုံးသွားခဲ့တယ်။ ကျွန်မလုပ်သင့်တာကို စိတ်နှစ်ပြီးမလုပ်ခဲ့ဘူး၊ ဒါကြောင့် ကျွန်မရဲ့တာဝန်တွေမှာ ဆုံးရှုံးမှုတချို့ ဖြစ်ခဲ့တယ်။ အဲဒီနောက် တာဝန်ဆိုတာ ဘုရားသခင်ပေးတဲ့ ဝတ္တရားတစ်ခုပဲလို့ တွေးမိတယ်၊ ဒါက ထင်ထင်ရှားရှားပဲဖြစ်ဖြစ်၊ မထင်မရှားပဲဖြစ်ဖြစ်၊ ဘုရားသခင်ဆီက ငါ လက်ခံပြီး ကျိုးနွံနာခံသင့်တယ်၊ ကိုယ်ထမ်းဆောင်ရမဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းသင့်တယ်လို့ တွေးမိတယ်။ ဒါပေမဲ့ ငါ မျက်နှာပျက်ရတယ်၊ အဆင့်အတန်းကို လိုချင်တဲ့ ဆန္ဒက မပြည့်ဝခဲ့ဘူးလို့ ခံစားရတာကြောင့် အတိုက်အခံလုပ်ပြီး အကြောင်းပြချက်တွေပေးတယ်၊ အပျက်သဘောဆောင်လာပြီး အလုပ်မှာ ပေါ့ပေါ့ဆဆလုပ်လာတယ်။ တာဝန်တွေမှာ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စဉ်းစားရာမှာ အားမထုတ်ခဲ့သလို၊ လိုအပ်တဲ့ကျွမ်းကျင်မှုတွေကိုလည်း လေ့လာသင်ယူတာမျိုး မလုပ်ခဲ့ဘူး။ ရလဒ်အနေနဲ့ ပြဿနာတချို့ကို ကိုယ့်ဘာသာမဖြေရှင်းနိုင်ခဲ့ဘူး၊ ဒါကြောင့် ငါနဲ့အတူ အလုပ်လုပ်တဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်ဝန်ကို ပိုများစေခဲ့တယ်။ ငါ့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ် အာရုံစိုက်မှုက အရမ်းပြင်းထန်လွန်းတယ်။ အသင်းတော်အလုပ်ကို နှောင့်နှေးစေတဲ့အထိတောင် ကိုယ့်ရဲ့ မာန်မာန၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျိုးစီးပွားကိုပဲ ငါ အလေးထားခဲ့တယ်။ ငါ့တာဝန်ကို ပြန်လည်ခန့်အပ်တဲ့အပေါ်မှာ နာခံခြင်းစိတ်မရှိတဲ့အပြင် အသိစိတ်နဲ့ ဆင်ခြင်တုံတရားလည်း လုံးဝမရှိဘူးဆိုတာကို တွေ့ခဲ့ရတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ငါဖတ်ခဲ့ရတယ်။ “အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မမျှော်ကိုး၊ သို့မဟုတ် အထင်မကြီး၊ သို့မဟုတ် မလိုက်နာဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ ငါသည် မျှော်လင့်ချက် မမဲ့သလော’ ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ပံ့ပိုးကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများကို အဘယ်ကြောင့် အစဉ်သဖြင့် အလေးထားကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့၌ တည်ရှိလေသည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့၏စိတ်နှလုံးတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝအနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အန္တိခရစ်ဖြစ်တဲ့သူတွေဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ရဲ့အသက်အဖြစ် မှတ်ယူတယ်လို့ ဖော်ထုတ်ထားတယ်။ ဘယ်တာဝန်ကိုပဲထမ်းဆောင်ပါစေ၊ ဘယ်သူတွေကြားမှာပဲဖြစ်ဖြစ်၊ သူတို့ရဲ့အတွေးတွေဟာ အမြဲတမ်း ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ ဖြစ်တယ်။ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို မရရင် သူတို့ဘဝဟာ တန်ဖိုးမရှိဘူးလို့ ခံစားရတယ်။ ဒါကို ဆင်ခြင်သုံးသပ်ကြည့်တော့ ငါ့ရဲ့ လိုက်စားမှုအပေါ်ထားတဲ့ အမြင်တွေက အန္တိခရစ်တွေနဲ့ တူမနေဘူးလား။ ငယ်ငယ်ကတည်းက “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတာမျိုး စာတန်ရဲ့အဆိပ်အတောက်တွေရဲ့ လွှမ်းမိုးမှုကို ငါ ခံခဲ့ရတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာကို ဘဝရဲ့ပန်းတိုင်အဖြစ် ငါသတ်မှတ်ခဲ့ပြီး၊ ဘာပဲလုပ်လုပ် သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရချင်ခဲ့တယ်။ ကျောင်းတက်တုန်းက ရာထူးရှိပြီး ဂုဏ်သိက္ခာရှိတဲ့သူတွေကို အားကျခဲ့တယ်၊ သူတို့က သွားလေရာတိုင်းမှာ လူတွေရဲ့ လေးစားမှုကို ခံရတယ်လို့ ယုံကြည်ခဲ့တယ်။ အဲဒီလိုလူမျိုးဖြစ်လာမှ ဘဝက တန်ဖိုးရှိမယ်လို့ တွေးခဲ့တယ်၊ ဒါကြောင့် ငါ စာကြိုးစားခဲ့တယ်၊ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေက အနာဂတ်မှာ အလုပ်ကောင်းတစ်ခုကို ရရှိစေပြီး တခြားသူတွေရဲ့ လေးစားအားကျမှုကို ရရှိစေမယ်လို့ မျှော်လင့်ခဲ့တယ်။ ငါ ဘုရားသခင်ကို ယုံကြည်လာပြီးတဲ့နောက်မှာ ငါ့ရဲ့ လိုက်စားမှုအပေါ်ထားတဲ့ အမြင်တွေက အရင်အတိုင်းပဲ ရှိနေခဲ့တယ်။ ငါ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တုန်းက ငါ့ရဲ့ တာဝန်က ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကိုယ့်မှာ သမ္မာတရားတွေပိုပြီး ရှိထားဖို့ ရည်ရွယ်ပြီး သူတို့ရဲ့ လေးစားအားကျမှုကို ရဖို့အတွက်ပေါ့။ စုဝေးပွဲတွေမှာဆိုရင် ညီအစ်ကိုမောင်နှမတွေ ငါ့ကို အထင်မသေးအောင် ဘယ်လိုမိတ်သဟာယဖွဲ့ရမလဲဆိုတာကို အမြဲတမ်း တွေးတောနေခဲ့တယ်။ ငါ့ရည်ရွယ်ချက်က မှားယွင်းပြီး အခြေအနေမကောင်းခဲ့လို့ စုဝေးပွဲတွေရဲ့ ထိရောက်မှုကို ထိခိုက်စေခဲ့တယ်။ အထွေထွေကိစ္စရပ်တွေ လုပ်ရတဲ့အခါမှာလည်း လမ်းဟောင်းအတိုင်းပဲ ငါလျှောက်နေခဲ့တုန်းပဲ။ လူတွေအထင်သေးမှာကြောက်လို့ ခေါင်းဆောင်တွေအတွက် ကွန်ပျူတာပြဿနာတွေ ဖြေရှင်းပြီးတဲ့နောက် သူတို့ကို စကားတစ်ခွန်းလောက်ပြောဖို့လို ရိုးရှင်းတဲ့ကိစ္စလေးကိုတောင် မရင်ဆိုင်ရဲဘဲ၊ စိတ်ထဲမှာ အရမ်းကို ဖိနှိပ်ခံနေရသလို ခံစားခဲ့ရတယ်။ အဲဒီနောက်ပိုင်း ငါ့တာဝန်တွေမှာ အရမ်းကို မတက်မကြွဖြစ်ခဲ့တယ်၊ ဒါက အလုပ်ကိုလည်း ထိခိုက်ခဲ့တယ်။ ဘယ်တာဝန်ကိုပဲ ငါ ထမ်းဆောင်နေပါစေ၊ ငါ့ရဲ့ အတွေးတွေ၊ ရည်ရွယ်ချက်တွေအားလုံးဟာ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ ဖြစ်နေတာကို တွေ့ခဲ့ရတယ်။ ဒါဟာ အန္တိခရစ်ရဲ့လမ်းကြောင်းကို လိုက်နေတာ မဟုတ်ဘူးလား။ ငါဘာမှမဟုတ်တာ ရှင်းနေတာပဲ၊ ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှုတွေမရှိဘူး၊ ကျွန်မရဲ့အစွမ်းအစက ညံ့ဖျင်းတယ်၊ ပြီးတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကလည်း တော်တော်လေးပြင်းထန်တယ်။ ကိုယ့်တာဝန်ကို ခေါင်းငုံ့ပြီးမထမ်းဆောင်ဘဲ၊ ကိုယ့်ရဲ့မာနနဲ့ အဆင့်အတန်းကိုပဲ အမြဲတမ်း စိုးရိမ်နေခဲ့တယ်။ အဲဒါတွေကို မရတဲ့အခါမှာတော့ အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျလာတယ်၊ တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုလည်း ပျောက်ဆုံးသွားခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက ငါ့ကို တကယ်ကိုလုံးဝ တင်းတင်းကျပ်ကျပ် ချည်နှောင်ထားခဲ့ပြီး၊ ငါ့ဘဝရဲ့ နေ့ရက်တိုင်းကို လွှမ်းမိုးထားခဲ့တယ်။ ငါလုပ်သမျှအရာတိုင်းမှာ လူတွေရဲ့အထင်ကြီးလေးစားမှုနဲ့ ထောက်ခံမှုကို လိုလားခဲ့တယ်။ ဒီလိုအသက်ရှင်ရတာက တကယ်ပဲ အရမ်းကို နာကျင်စရာကောင်းလိုက်တာ။ ဘုရားသခင်က ငါ့ကို တာဝန်ထမ်းဆောင်ရင်းနဲ့ သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထားပြောင်းလဲမှုကို ရရှိနိုင်အောင် တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ ငါက ငါ့ရဲ့ တာဝန်ကို စေ့စေ့စပ်စပ် ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့ပြီး သမ္မာတရားကို လိုက်စားရာမှာ အားမထုတ်ခဲ့ဘူး၊ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အမြဲရှာဖွေခဲ့တယ်။ ငါ မျက်နှာပျက်ရတဲ့အခါ ဒါမှမဟုတ် အဆင့်အတန်း ဆုံးရှုံးတဲ့အခါမှာ ငါ့ရဲ့ တာဝန်အပေါ်မှာ ဒေါသပုံချခဲ့ပြီး၊ အဲဒီလိုလုပ်ရာမှာလည်း လက်လွတ်စပယ် ပြုမူခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေတာပဲ။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို မျက်စိစုံမှိတ်ပြီး လိုက်စားတာဟာ တကယ်ပဲ အရမ်း အန္တရာယ်များတယ်ဆိုတာကို အခု ငါ ရှင်းရှင်းလင်းလင်း မြင်သွားပြီ။ ငါ့ရဲ့ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ဒါမှမဟုတ် အဆင့်အတန်းက အန္တရာယ်ကျရောက်တဲ့အခါတိုင်းမှာ အတိုက်အခံလုပ်ပြီး ညည်းညူလာတယ်၊ တာဝန်မှာ အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်လာတယ်၊ ဒါတွေက အလုပ်မှာ ဆုံးရှုံးမှုတွေဖြစ်စေခဲ့တယ်။ ငါသာ ဒီလိုခေါင်းမာမာနဲ့ ဆက်ပြီးလိုက်စားနေမယ်ဆိုရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပယ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကိုပဲ ခံရမှာပဲ။ နိုအီ၊ နင်သိလား။ ဒီအရာတွေကို ငါ သဘောပေါက်သွားတဲ့အခါ ကြောက်စိတ်ဝင်ခဲ့ပြီး တွေးမိတယ်၊ “ငါ ဒီ မှားယွင်းတဲ့ လမ်းကြောင်းပေါ်မှာ ဆက်ပြီး လိုက်စားလို့မဖြစ်တော့ဘူး။ ဘုရားသခင်က ငါ့ကိုပေးထားတဲ့ တာဝန်ထမ်းဆောင်ခွင့်ကို ငါ အပြည့်အဝ တန်ဖိုးထားရမယ်” လို့ပေါ့။

ငါ့ရဲ့ အခြေအနေကို ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရရအောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ နောက်ထပ်အပိုဒ်တစ်ပိုဒ်ကို ငါ ဖတ်ခဲ့တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အကယ်၍ သင်က သင်၏အစွမ်းအစသည် အလွန်ညံ့ဖျင်းသည်ဟုလည်းကောင်း၊ အမှားနှင့်အမှန်ကို ပိုင်းခြားနိုင်စွမ်းမရှိဟုလည်းကောင်း၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းမရှိဟုလည်းကောင်း တွေးထင်ပါက၊ သင်မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စိတ်အလိုလိုက်ခြင်း မပြုလုပ်နှင့်၊ အသင်းတော်၌ အရာရှိတစ်ဦးဖြစ်လာရန်၊ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်လာရန် ကြိုးပမ်းဖို့ မစဉ်းစားနှင့်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရခြင်းသည် ထိုမျှ မလွယ်ကူပေ။ အကယ်၍ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ဘဲ သမ္မာတရားကို မချစ်မြတ်နိုးပါက သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် အန္တိခရစ် သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မည်။...သင်သည် အသင်းတော်အလုပ်အပေါ်တွင် တာဝန်ခံယူစိတ်ရှိပြီး ပါဝင်လုပ်ကိုင်လိုလျှင် ဤသည်မှာ ကောင်းသည်။ သို့သော် သင်သည် သမ္မာတရားကို နားလည်ခြင်းရှိမရှိလည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ခြင်းရှိမရှိလည်းကောင်း၊ ဘုရားသခင်၏ အလုပ်ကို အမှန်တကယ် နာခံနိုင်ခြင်း ရှိမရှိလည်းကောင်း၊ အလုပ်အစီအစဉ်များနှင့်အညီ အသင်းတော်အလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းရှိမရှိကိုလည်းကောင်း ဆင်ခြင်သုံးသပ်ရမည်။ သင်သည် ဤစံသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ရန် မိမိကိုယ်ကို တင်ပြနိုင်သည်။ ဤအရာကို ပြောရာတွင် ငါဆိုလိုသည်မှာ အနည်းဆုံးအနေဖြင့် လူတို့သည် မိမိကိုယ်ကို သတိထားမိခြင်းကို ပိုင်ဆိုင်ရမည်။ ရှေးဦးစွာ သင်သည် လူတို့ကို ပိုင်းခြားသိမြင်နိုင်သလော၊ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်သလောဆိုသည်ကို ကြည့်လော့။ ဤလိုအပ်ချက်များနှင့် သင်ကိုက်ညီလျှင် သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ရန် သင့်တော်သည်။ သင်သည် မိမိကိုယ်ကို အကဲဖြတ်ခြင်းကို မစွမ်းဆောင်နိုင်လျှင် သင်နှင့် ရင်းနှီးသည့်၊ သို့မဟုတ် သင်နှင့် နီးစပ်သည့် သင့်အနီးမှလူများကို မေးမြန်းနိုင်သည်။ သင်သည် ခေါင်းဆောင်ဖြစ်ရန် အစွမ်းအစ မလုံလောက်၊ သင်၏ လက်ရှိအလုပ်ကိုသာ လုပ်ဆောင်ခြင်းက ကောင်းနေပြီဖြစ်သည် ဟု ၎င်းတို့အားလုံးက ဆိုလျှင် သင်သည် သင့်ကိုယ်သင် အလျင်အမြန် သိရှိလာသင့်သည်။ သင်သည် အစွမ်းအစနည်းသည့်အတွက် ခေါင်းဆောင်ဖြစ်လိုစိတ်ရှိလျက်ဖြင့် သင်၏ အချိန်အားလုံးကို မကုန်ဆုံးစေနှင့်။ အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်တတ်နိုင်သမျှသာ လုပ်ဆောင်လျက် သင့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်လော့။ ဤသို့ဖြင့် သင်သည် စိတ်ငြိမ်သက်ခြင်းရှိနိုင်သည်။ ဤသည်မှာလည်း ကောင်းသည်။ သင်သည် ခေါင်းဆောင်ဖြစ်နိုင်စွမ်းရှိလျှင်၊ ဤသို့သော အစွမ်းအစနှင့် ပင်ကိုစွမ်းရည်ကို အမှန်တကယ်ပိုင်ဆိုင်လျှင်၊ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်လျှင်၊ တာဝန်ခံယူစိတ်ရှိလျှင် သင်သည် ဘုရားအိမ်တော်တွင် လိုအပ်နေသော ပင်ကိုစွမ်းရည်ရှိသည့်လူအမျိုးအစား အတိအကျပင် ဖြစ်ပြီး ရာထူးတိုးပြီး ပျိုးထောင်ခံရရန် သေချာသည်။ သို့သော် အရာရာတွင် ဘုရားသခင်၏ အချိန်ရှိသည်။ ဤရာထူးတိုးလိုသည့် ဆန္ဒသည် ရည်မှန်းချက်မဟုတ်ပေ။ သို့သော် သင့်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစရှိရမည်ဖြစ်ပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်။ သင်သည် အစွမ်းအစညံ့ဖျင်းသည့်တိုင်အောင် ခေါင်းဆောင်ဖြစ်လိုလျက်၊ သို့မဟုတ် အဘက်ဘက်မှ အလုပ်အားလုံးအတွက် တာဝန်ယူလိုလျက်၊ သို့မဟုတ် အသိအမှတ်ပြုခြင်းခံစေသည့်အရာတစ်ခုကို လုပ်ဆောင်လိုလျက် သင်၏ အချိန်အားလုံးကို ကုန်ဆုံးဆဲဖြစ်လျှင်၊ ဤသည်မှာ ရည်မှန်းချက်ဖြစ်သည်။ ရည်မှန်းချက်ကြီးခြင်းသည် ဘေးဥပဒ်ကို ဆောင်ကြဉ်းပေးနိုင်သည်၊ ထို့ကြောင့် သင်သည် ယင်းကို သတိထားသင့်သည်။ လူအားလုံးသည် တိုးတက်လိုစိတ်ရှိကြပြီး သမ္မာတရားဆီသို့ ကြိုးပမ်းလိုစိတ်ရှိကြရာ ယင်းမှာ ပြဿနာမဟုတ်ပေ။ အချို့လူများတွင် အစွမ်းအစရှိသည်၊ ခေါင်းဆောင်များဖြစ်ရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည်၊ သမ္မာတရားဆီသို့ ကြိုးပမ်းနိုင်စွမ်းရှိသည်၊ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ အခြားသူများမှာမူ အစွမ်းအစကို မပိုင်ဆိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်တာဝန်ကို စွဲကိုင်ထားသင့်ပြီး မိမိတို့ရှေ့မှောက်၌ရှိသော တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ကာ ယင်းကို စည်းမျဉ်းနှင့်အညီ၊ ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်သင့်သည်၊ ၎င်းတို့အတွက်မူ ယင်းမှာ ပိုကောင်းသည်၊ ပိုလုံခြုံသည်၊ ပို၍ လက်တွေ့ကျသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) နိုအီ၊ ဒီနှုတ်ကပတ်တော်ကိုဖတ်ပြီးတော့ နင်လည်း အကျိုးကျေးဇူးတချို့ ရခဲ့တယ်မဟုတ်လား။ ဒီကျမ်းပိုဒ်ကနေ ငါနားလည်ခဲ့တာက လူတစ်ယောက်မှာ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းရှိပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ စံနှုန်းတွေနဲ့ ကိုက်ညီရင် ဘုရားသခင်ရဲ့အိမ်တော်က သူတို့ကို သေချာပေါက် ရာထူးတိုးပေးပြီး ပျိုးထောင်ပေးမှာပဲ။ ဒါပေမဲ့ လူတစ်ယောက်က အစွမ်းအစညံ့ဖျင်းပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ စံနှုန်းတွေနဲ့ မကိုက်ညီရင်၊ သူခေါင်းဆောင်ဖြစ်လာရင်တောင် တကယ့်အလုပ်ကို လုပ်နိုင်မှာမဟုတ်ဘဲ အသင်းတော်အလုပ်မှာ ဆုံးရှုံးမှုတွေကို မလွဲမသွေ ဖြစ်စေမှာပဲ။ ခေါင်းဆောင်ဖြစ်ရတာက သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရစေမှာပဲလို့ ငါ အမြဲတွေးခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ စံနှုန်းတွေနဲ့ ငါ တကယ်ကိုက်ညီရဲ့လားဆိုတာကို ဘယ်တုန်းကမှ ဆင်ခြင်သုံးသပ်မှု မလုပ်ခဲ့ဘူး။ ငါခေါင်းဆောင်ဖြစ်ခဲ့တဲ့အချိန်ကို ပြန်ကြည့်လိုက်တော့ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေမှာ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့သလို ဖြေရှင်းမှုလည်း မပေးနိုင်ခဲ့ဘူး။ အလုပ်တွေများလာတဲ့အခါမှာလည်း တစ်ပြိုင်နက်တည်း အကုန်လုံးကို မစီမံနိုင်ခဲ့ဘူး၊ ငါ အဓိကတာဝန်ယူရတဲ့အလုပ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ နောက်ပြီး ငါ့အဆင့်အတန်းကိုလည်း အရမ်း စိုးရိမ်ခဲ့တယ်၊ တာဝန်ထမ်းဆောင်ရာမှာ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ အာရုံမစိုက်ခဲ့ဘဲ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ရနိုင်မဲ့နည်းလမ်းနဲ့ ဘယ်လိုမိတ်သဟာယဖွဲ့ရမလဲဆိုတာကို အမြဲတမ်းတွေးနေခဲ့တယ်။ ငါ့ရဲ့စိတ်နှလုံးက တာဝန်အပေါ်မှာ အမှန်တကယ် မအပ်နှံနိုင်ခဲ့ဘူး၊ တာဝန်ထမ်းဆောင်ရာကနေ ဘာရလဒ်မှလည်း ထွက်မလာခဲ့ဘူး။ အထက်ခေါင်းဆောင်တွေက စည်းမျဉ်းတွေနဲ့အညီ ငါ့တာဝန်ကို ပြန်လည်ခန့်အပ်ခဲ့တာဟာ အသင်းတော်အလုပ်အတွက် အကျိုးရှိပြီး ငါ့အတွက်လည်း ကာကွယ်မှုတစ်ခုဖြစ်ခဲ့တယ်။ အခု ငါ ထမ်းဆောင်နေတဲ့ တာဝန်က နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတချို့ကို သိဖို့ လိုအပ်တယ်၊ ပြီးတော့ ဒီကျွမ်းကျင်မှုတွေကို ငါက ကျွမ်းကျင်ပိုင်နိုင်ပြီး ဒီတာဝန်မှာ အကျိုးပြုနိုင်စွမ်းရှိတယ်။ ဒီတာဝန်က ငါနဲ့ သင့်တော်ပါတယ်။ ဘုရားသခင်ပြောသလိုပဲ။ “အချို့လူများတွင် အစွမ်းအစရှိသည်၊ ခေါင်းဆောင်များဖြစ်ရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည်၊ သမ္မာတရားဆီသို့ ကြိုးပမ်းနိုင်စွမ်းရှိသည်၊ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ အခြားသူများမှာမူ အစွမ်းအစကို မပိုင်ဆိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်တာဝန်ကို စွဲကိုင်ထားသင့်ပြီး မိမိတို့ရှေ့မှောက်၌ရှိသော တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ကာ ယင်းကို စည်းမျဉ်းနှင့်အညီ၊ ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်သင့်သည်၊ ၎င်းတို့အတွက်မူ ယင်းမှာ ပိုကောင်းသည်၊ ပိုလုံခြုံသည်၊ ပို၍ လက်တွေ့ကျသည်။” တကယ်ပါပဲ၊ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့သူတွေအတွက် ဘုရားသခင်ရဲ့အိမ်တော်က ရာထူးတိုးပေးပြီး ပျိုးထောင်ပေးတာဟာ ကောင်းတဲ့အရာတစ်ခုပဲ၊ ဒါက သူတို့ကို လေ့ကျင့်မှုတွေ ပိုပြီးရရှိစေတယ်၊ သမ္မာတရား စည်းမျဉ်းတွေရဲ့ ရှုထောင့်အမျိုးမျိုးထဲကို ဝင်ရောက်စေပြီး၊ သူတို့ရဲ့လက်တွေ့အတွေ့အကြုံတွေကိုသုံးပြီး ညီအစ်ကိုမောင်နှမတွေကို ကူညီနိုင်စေတယ်၊ ဒါက အသင်းတော်အလုပ်အတွက် ကောင်းတဲ့အရာတစ်ခုပဲလေ။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့သူတွေအတွက်ကတော့ သူတို့တတ်နိုင်တဲ့ တာဝန်တွေကို ခိုင်ခိုင်မာမာထမ်းဆောင်သင့်တယ်၊ ပြီးတော့ သူတို့လည်း သမ္မာတရား လက်တွေ့ကျမှုတချို့ထဲကို ဝင်ရောက်နိုင်ပြီး နောက်ဆုံးမှာ ကယ်တင်ခြင်းအတွက် အခွင့်အရေးရှိကြမှာပဲ။ ဒါကို သိမြင်ပြီးတဲ့နောက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နည်းနည်းပိုပြီး ငါနားလည်လာခဲ့တယ်။ ဘုရားသခင်က ငါ့ကိုယ်ငါ တိကျတဲ့နားလည်မှုတစ်ခုရအောင်ကူညီဖို့အတွက် ဒီလိုပတ်ဝန်းကျင်တွေကို စီစဉ်ပေးခဲ့တာပဲ။ ငါ့အနေနဲ့ ကိုယ့်ရဲ့မှန်ကန်တဲ့နေရာကိုရှာပြီး ကိုယ့်တာဝန်ကို လက်တွေ့ကျကျ ထမ်းဆောင်ဖို့လိုတယ်။ ဒါက အရေးကြီးဆုံးအရာပဲ၊ ဒါက ငါ့မှာရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။

ငါ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “လူတိုင်းသည် သမ္မာတရား ရှေ့မှောက်တွင် တန်းတူဖြစ်သည်။ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်း ခံရသူများသည် သူတစ်ပါးတို့ထက် များစွာ ပိုတော်ခြင်းမရှိပေ။ လူတိုင်းက ဘုရားသခင်၏ လုပ်ဆောင်မှုကို တစ်ချိန်တည်းနီးပါး တွေ့ကြုံခဲ့ကြသည်။ ရာထူးမတိုးခံရသော၊ သို့မဟုတ် ပျိုးထောင်ခြင်းမခံရသော သူတို့သည်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားသင့်သည်။ မည်သူကမျှ သမ္မာတရားကို လိုက်စားရန် သူတစ်ပါးတို့၏ အခွင့်အရေးကို မပိတ်ပင်နိုင်ပေ။ အချို့လူတို့သည် သမ္မာတရားကို လိုက်စားရာတွင် ပို၍ စိတ်ထက်သန်ပြီး အစွမ်းအစအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏အိမ်တော်သည် လူတို့ကို ရာထူးတိုးပြီး အသုံးပြုခြင်းအတွက် အဘယ်ကြောင့် ထိုသို့သော စည်းမျဉ်းများရှိသနည်း။ လူတို့၏ အစွမ်းအစနှင့် ကိုယ်ကျင့်စရိုက်က ကွာခြားမှုများရှိသောကြောင့်၊ လူအသီးသီးက မတူညီသည့် လမ်းကြောင်းကို ရွေးချယ်ကြသောကြောင့် ဤအရာက ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုတွင် မတူညီသော ရလဒ်များကို ရရှိစေသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ကယ်တင်ခံရပြီး နိုင်ငံတော်၏ လူများဖြစ်လာကြကာ သမ္မာတရားကို လုံးဝ လက်မခံသူများ၊ မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိခြင်းမရှိသော သူများကမူ ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ဘုရားသခင်၏ အိမ်တော်သည် လူတို့ကို သမ္မာတရား လိုက်စားခြင်းရှိမရှိနှင့် သူတို့၏တာဝန်ထမ်းဆောင်ခြင်းတွင်သစ္စာစောင့်သိခြင်းရှိမရှိအပေါ်တွင် အခြေခံပြီး ပျိုးထောင်ပေးကာ အသုံးပြုသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမျိုးမျိုးသောလူတို့၏ ရာထူးအဆင့်ဆင့်တွင် ကွဲပြားခြင်းရှိသလော။ လက်ရှိအချိန်တွင် အမျိုးမျိုးသောလူတို့၏ ၊ နေရာ၊ တန်ဖိုး၊ ဂုဏ် သို့မဟုတ် အဆင့်အတန်းနှင့်ပတ်သက်ပြီး အထက်အောက်စနစ်မရှိပေ။ အနည်းဆုံး လူတို့ကို ဘုရားသခင်က ကယ်တင်ပြီး လမ်းပြရန် အလုပ်လုပ်သောအခါတွင် အမျိုးမျိုးသောလူတို့၏ အဆင့်များ၊ နေရာများ၊ တန်ဖိုး၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းတွင် ကွဲပြားမှုမရှိပေ။ ကွဲပြားသောအရာများမှာ အလုပ်ခွဲဝေခြင်းနှင့် ထမ်းဆောင်ကြသော တာဝန်ကဏ္ဍများသာ ဖြစ်သည်။ ခြွင်းချက်အဖြစ် ဤအချိန်ကာလအတွင်းတွင် လူအချို့သည် အထူးအလုပ်အချို့ကို ထမ်းဆောင်ရန် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းခံရပြီး လူအချို့မှာ ၎င်းတို့၏ အစွမ်းအစ၊ သို့မဟုတ် မိသားစုပတ်ဝန်းကျင်နှင့်ပတ်သက်သော ပြဿနာများကဲ့သို့သော အကြောင်းပြချက်အမျိုးမျိုးကြောင့် ဤသို့သော အခွင့်အလမ်းများကို မရရှိသည်မှာ မှန်ပေသည်။ သို့သော် ထိုသို့သော အခွင့်အလမ်းများကို မရရှိသောသူများကို ဘုရားသခင်က မကယ်တင်သလော။ ဤသို့ မဟုတ်ပေ။ ၎င်းတို့၏ တန်ဖိုးနှင့် နေရာသည် အခြားလူများထက် ပို၍ နိမ့်ကျသလော။ မနိမ့်ကျပေ။ လူတိုင်းက သမ္မာတရားရှေ့တွင် ညီမျှသည်။ လူတိုင်းက သမ္မာတရားကို လိုက်စားပြီး ရရှိရန် အခွင့်အလမ်းရှိပြီး၊ ဘုရားသခင်က လူတိုင်းကို မျှတစွာနှင့် ကျိုးကြောင်းသင့်စွာ ဆက်ဆံသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းကနေ သမ္မာတရားရှေ့မှာ လူတိုင်းဟာ တန်းတူညီမျှဖြစ်တယ်ဆိုတာကို ငါ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်ရဲ့အိမ်တော်မှာ လူတွေကို ပျိုးထောင်ပေးနိုင်မလားဆိုတာကို ဆုံးဖြတ်ဖို့အတွက် သူတို့ရဲ့ အစွမ်းအစ၊ စရိုက်နဲ့ သမ္မာတရားလိုက်စားမှုအပေါ်အခြေခံပြီး အကဲဖြတ်ပါတယ်။ ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရတဲ့သူတွေနဲ့ ပျိုးထောင်မခံရသူတွေကြားမှာ အဆင့်အတန်းအရ ကွဲပြားမှုမရှိဘူး၊ တစ်ခုတည်းသောကွာခြားချက်က လူတိုင်းရဲ့ အလုပ်ခွဲဝေမှုပဲ။ ဒါပေမဲ့ ငါက ခေါင်းဆောင်တစ်ယောက်ဖြစ်ရတာက အရာရှိတစ်ယောက်လို အဆင့်အတန်းပိုမြင့်တယ်၊ အထွေထွေအလုပ်ကို လုပ်ရတာက အစေခံတစ်ယောက်လို အဆင့်အတန်းနိမ့်တယ်လို့ တွေးခဲ့တယ်။ ဘုရားသခင်ရဲ့အိမ်တော်က တာဝန်တွေကို လောကီအမြင်နဲ့ ငါတိုင်းတာနေခဲ့တာ၊ ဒါက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ လုံးဝမကိုက်ညီဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ငါ့ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အမြင်တွေကို ပြုပြင်ပေးခဲ့တယ်။ ဘုရားသခင်ရဲ့အိမ်တော်မှာ ဘယ်တာဝန်ကိုပဲထမ်းဆောင်ပါစေ၊ ဘုရားသခင်က လူတွေကို ထောက်ပံ့ပေးတဲ့ သမ္မာတရားက အတူတူပဲ၊ ပြီးတော့ ဘုရားသခင်က လူတွေကို သမ္မာတရားရရှိဖို့ပေးတဲ့ အခွင့်အရေးတွေကလည်း အတူတူပဲ။ ဘုရားသခင်က လူတစ်ယောက် ဘယ်တာဝန်ကို ထမ်းဆောင်သလဲဆိုတာကို မကြည့်ဘူး၊ သူတို့ သမ္မာတရားကို လိုက်စားသလားဆိုတာကိုပဲ ကြည့်တယ်။ လူတစ်ယောက်ရဲ့ အစွမ်းအစက ညံ့ဖျင်းရင်တောင်မှ သူတို့ရဲ့စိတ်နှလုံးက မှန်ကန်နေသရွေ့၊ ဘုရားသခင်ရဲ့စီစဉ်မှုတွေကို ကျိုးနွံနာခံနိုင်ပြီး၊ နားလည်သလောက် လက်တွေ့လုပ်ဆောင်နေသရွေ့ ဘုရားသခင်က ဉာဏ်ပွင့်စေပြီး ဦးဆောင်နေဦးမှာပဲ။ ငါ့ရဲ့ တာဝန်မှာ ငါ့တွဲဖက်ဖြစ်တဲ့ ညီအစ်မ ဟိုင်လွန်းကို တွေးမိတယ်။ သူမရဲ့ အစွမ်းအစက သိပ်မကောင်းပေမဲ့ တာဝန်အပေါ်မှာ ဝန်တာထားတဲ့စိတ်ရှိတယ်။ လိုအပ်တဲ့ကျွမ်းကျင်မှုမှန်သမျှကို ချက်ချင်းသင်ယူပြီး ပြဿနာတွေကိုဖြေရှင်းဖို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် တာဝန်ပေးအပ်သမျှကို အဆင်သင့်လက်ခံပြီး ကျိုးနွံနာခံခဲ့တယ်။ ဟိုင်လွန်းက သူ့တာဝန်အပေါ် စိတ်နှစ်ထားတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်ပွင့်စေမှုနဲ့ လမ်းပြမှုကို ရရှိခဲ့ပြီး သူ့တာဝန်မှာလည်း အကျိုးသက်ရောက်မှုတွေရှိခဲ့တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်တယ်၊ ကိုယ်တော်ဟာ ဘယ်သူ့ကိုမှ မျက်နှာသာမပေးဘူး။ လူတစ်ယောက်ဟာ သမ္မာတရားကို စိတ်ရင်းအမှန်နဲ့ လိုက်စားနေသရွေ့ ဘယ်တာဝန်ကိုပဲထမ်းဆောင်ပါစေ သမ္မာတရားကို ရရှိနိုင်မှာပဲ။ ဒါကို သိမြင်ပြီးတဲ့နောက်မှာ တော်တော်ပိုပြီးရှင်းလင်းသွားတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ အဆင့်အတန်းကို စိုးရိမ်နေမဲ့အစား သမ္မာတရားကို လိုက်စားဖို့ အာရုံစိုက်သင့်တယ်ဆိုတာကို နားလည်ခဲ့တယ်။

နိုအီ၊ အခုဆိုရင် အထွေထွေကိစ္စရပ်တွေကို ထမ်းဆောင်ဖို့ ငါ ကျိုးနွံနာခံနိုင်ပြီ၊ သင်ခန်းစာတချို့လည်း ရခဲ့ပြီ။ အရင်တုန်းက ငါဟာ အပျက်သဘောဆောင်ပြီး အချောင်ခိုတယ်၊ တာဝန်ထမ်းဆောင်ရာမှာ ဝန်တာထားတဲ့စိတ်မရှိဘဲ အလုပ်ထဲက ပြဿနာတွေကို ဖြေရှင်းဖို့ တွေးတောရာမှာ အားမထုတ်ခဲ့ဘူး။ အခုတော့ အများကြီး ပိုကောင်းလာပါပြီ။ ငါ့တာဝန်တွေမှာ လမ်းလွဲမှုတွေကို ဖော်ထုတ်ဖို့ အာရုံစိုက်ပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့ တက်တက်ကြွကြွ လုပ်တယ်။ အရင်တုန်းက နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ယူရာမှာ တက်ကြွမှုမရှိခဲ့ဘူး၊ ပိုရှုပ်ထွေးတဲ့အရာတွေကို လေ့လာဖို့ အချိန်နဲ့အားစိုက်ထုတ်မှု မလုပ်ခဲ့ဘူး။ အခုတော့ ငါ့ရဲ့တာဝန်တွေအတွက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ယူလိုစိတ်ရှိနေပြီ။ အခက်အခဲတချို့နဲ့ ကြုံတွေ့နေရသေးပေမဲ့ အရင်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ချဉ်းကပ်တာမျိုး မလုပ်တော့ဘူး။ ဆုတောင်းခြင်းနဲ့ ဘုရားသခင်အပေါ် အားကိုးခြင်းကနေ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေအများကြီးကို ငါ သင်ယူနိုင်ခဲ့ပြီ။ အရင်က ညီအစ်ကိုမောင်နှမတွေကို ကွန်ပျူတာပြဿနာတွေ ကူညီပေးတာကို အလုပ်တစ်ခုအနေနဲ့ပဲ သဘောထားခဲ့တယ်။ အခုတော့ ငါ့ရဲ့ အသက်ဝင်ရောက်မှုကို သတိရှိရှိနဲ့ အာရုံစိုက်တယ်။ တာဝန်တွေမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ဖော်ပြမိတဲ့အခါ ငါ့ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ မှားယွင်းတဲ့အခြေအနေကို ပြုပြင်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေနိုင်ပြီ။ လူသစ်တွေ ခေါင်းဆောင်ဖြစ်လာတာကို တွေ့တဲ့အခါ စိတ်အနှောင့်အယှက်မဖြစ်တော့ဘူး။ ဒါကို တည်ငြိမ်စွာနဲ့ မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ပြီ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ရိုးသားတဲ့စိတ်နှလုံးရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ငါ သိမြင်လာခဲ့ပြီ။ ဘယ်တာဝန်ကိုပဲထမ်းဆောင်ပါစေ၊ သန့်စင်ပြီး ကျိုးနွံနာခံတဲ့စိတ်နှလုံးရှိပြီး အကောင်းဆုံးလုပ်ဆောင်မယ်ဆိုရင် ဘုရားသခင်ရဲ့ ဉာဏ်ပွင့်စေခြင်းနဲ့ လမ်းပြမှုကို ရရှိနိုင်ပြီး ကိုယ့်တာဝန်တွေကနေ အများကြီး အကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်။ နိုအီ၊ ဒါကိုတွေ့တော့ နင့်အတွက် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတချို့ ရပြီလား။

ကဲ၊ လောလောဆယ် ပြောစရာရှိတာတော့ ဒီလောက်ပါပဲ။ ဒီတစ်ခါ ငါ့ရဲ့ အတွေ့အကြုံက နင့်အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်၊ ပြီးတော့ နင့်ရဲ့အပျက်သဘောဆောင်တဲ့ အခြေအနေကနေ မကြာခင် ကျော်လွှားနိုင်ပြီး ရိုးသားတဲ့စိတ်နှလုံးနဲ့ ကိုယ့်တာဝန်တွေကို ချဉ်းကပ်နိုင်စေဖို့၊ ဘုရားသခင် ငါတို့အပေါ် မြုပ်နှံထားတဲ့ အပင်ပန်းခံအားထုတ်မှုတွေကို အလဟဿမဖြစ်စေဖို့အတွက် လမ်းပြပေးဖို့ ငါမျှော်လင့်ပါတယ်။ နင့်မှာရှိတဲ့ အသိအမြင်၊ ဒါမှမဟုတ် ရလိုက်တဲ့အရာတစ်ခုခုကို လွတ်လွတ်လပ်လပ်ရေးပြီး မျှဝေနိုင်ပါတယ်။

ရိုးသားစွာဖြင့်၊

ယွီရွှန်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘဝင်မြင့်ခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူပါ

ဟွမ်အိုက် ဂျပန်နိုင်ငံ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ဗီဒီယိုအလုပ် လိုအပ်ချက်တွေကြောင့် ကြီးကြပ်သူက ညီမကို ဗီဒီယိုတွေလုပ်ဖို့ စီစဉ်ပေးတယ်။...

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း နေ့ရက်များ

လီမင် စပိန်နိုင်ငံ“သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။