ပြဿနာတွေကို ထောက်ပြခြင်းနောက်ကွယ်မှာ ဘယ်လို မရိုးရှင်းမှုတွေ ပုန်းကွယ်နေသလဲ

02.02.2026

တင်းကျိန်း၊ တရုတ်ပြည်

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တယ်။ ကျွန်မက ကျွန်မတာဝန်တွေမှာ တက်တက်ကြွကြွရှိပြီး ကျွန်မအလုပ်မှာလည်း အကျိုးရလဒ်တချို့ ရခဲ့တာကြောင့်၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို တော်တော်လေး အထင်ကြီးလေးစားကြတယ်။ အထက်ခေါင်းဆောင်တွေကလည်း ကျွန်မကို အထင်ကြီးလေးစားကြပြီး ကျွန်မရဲ့အခြေအနေကို ခဏခဏ မေးမြန်းကြတယ်။ တခြားအသင်းတော်တွေမှာ ဧဝံဂေလိတရားဟောဖို့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေရှိကြပြီး၊ ဧဝံဂေလိကြီးကြပ်‌ရေးမှူးက ဧဝံဂေလိဖြန့်ဝေဖို့ ကျွန်မကို ရှေ့တင်ပေးခဲ့တယ်။ ကျွန်မနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ညီအစ်မကလည်း ကျွန်မကို ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အစွမ်းအစရှိလို့ ချီးကျူးခဲ့တယ်။ ကျွန်မ အရမ်းပျော်ပြီး တွေးမိတယ်၊ “ငါ ခေါင်းဆောင်လုပ်တာ မကြာသေးပေမဲ့၊ ညီအစ်ကိုမောင်နှမတွေနဲ့ အထက်ခေါင်းဆောင်တွေအားလုံးက ငါ့ကို အထင်ကြီးလေးစားကြတယ်၊ တခြားအသင်းတော်တွေက ညီအစ်ကိုမောင်နှမတွေကလည်း ငါ အလုပ်လုပ်နိုင်စွမ်းရှိမှန်း သိကြတယ်။ ကြည့်ရတာ ငါက ငါ့အလုပ်မှာ တကယ်တော်တဲ့ပုံပဲ၊ လူတိုင်းက ငါ့ကို ရှားပါးတဲ့လူတော်တစ်ယောက်လို့ သတ်မှတ်ကြမှာပဲ” လို့ပေါ့။ ဒီအတွေးတွေက ကျွန်မကို အရမ်းပျော်ရွှင်စေပြီး အင်အားတွေ အမြဲပြည့်နေသလို ခံစားခဲ့ရတယ်။

၂၀၂၂ ခုနှစ်၊ မေလမှာ လျူယွင်က ကျွန်မတို့အသင်းတော်ကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ ပြောင်းရွှေ့လာခဲ့တယ်။ လျူယွင်ဟာ အသင်းတော်ကို ရောက်ပြီဆိုတာနဲ့၊ အမှုထမ်းတွေကို စပြီးအကျွမ်းတဝင်လုပ်လာသလို၊ အလုပ်အမျိုးမျိုးရဲ့ တိုးတက်မှုကိုလည်း လိုက်လံစစ်ဆေးခဲ့တယ်။ သူက စာအုပ်တွေထားတဲ့အိမ်တွေထဲက တစ်လုံးက မလုံခြုံဘူးဆိုတာနဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတဲ့ ပြဿနာတချို့ရှိနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်။ စုဝေးပွဲတွေမှာ မယုံကြည်တဲ့မှတ်ချက်တချို့ကို ထုတ်ပြော၊ အသင်းတော်အသက်တာကို နှောင့်ယှက်နေပြီး၊ အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပေမဲ့လည်း ပြုပြင်ပြောင်းလဲခြင်း မရှိတဲ့သူကိုတစ်ယောက်ကိုလည်း သူတွေ့ခဲ့တယ်။ လျူယွင်က ကျွန်မတို့ကို ပိုင်းခြားသိမြင်မှု သင်ယူပြီး စည်းမျဉ်းတွေအတိုင်း ဒီလူကို သီးသန့်ခွဲထုတ်ရမယ်လို့ သတိပေးခဲ့တယ်။ အဲဒီနောက်မှာ လျူယွင်က အပျက်သဘောဆောင်ပြီး အားနည်းနေတဲ့၊ စုဝေးပွဲမမှန်တဲ့ လူသစ်တွေကို တက်တက်ကြွကြွ ကူညီထောက်ပံ့ခဲ့တော့၊ လူသစ်တွေရဲ့အခြေအနေတွေက တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူက လူတချို့ကိုလည်း ဘုရားကို ယုံကြည်လာအောင် လုပ်နိုင်ခဲ့တယ်။ ဒီအရာတွေကို မြင်တော့ လျူယွင်က ပြဿနာတွေကို ရှာဖွေပြီး ဖြေရှင်းနိုင်တဲ့ တကယ်ကို အလုပ်လုပ်နိုင်စွမ်းရှိတဲ့အမှုဆောင်တစ်ယောက်လို့ ကျွန်မ ခံစားမိတယ်၊ ဒါပေမဲ့ ကျွန်မစိတ်ထဲလည်း ခါးခါးသီးသီးစိတ် ခံစားမိတယ်။ “ငါတို့နှစ်ယောက်လုံးက အသင်းတော်ခေါင်းဆောင်တွေပဲ၊ ဒါပေမဲ့ ငါတောင် သတိမထားမိတဲ့ပြဿနာတချို့ကို သူက ဖြေရှင်းခဲ့တယ်။ လူတိုင်းက ငါတို့ကို နှိုင်းယှဉ်ကြမှာပဲ။ ပြီးတော့ လျူယွင်က ငါ့ထက်သာတယ်လို့ ထင်ကြမှာပဲ။ တခြားသူတွေရဲ့စိတ်ထဲမှာ ငါ့ရဲ့အဆင့်အတန်းက နည်းနည်းကျဆင်းသွားမှာမဟုတ်ဘူးလား” လို့ပေါ့။ နောက်ပိုင်းမှာ လုပ်ဖော်ကိုင်ဖက်အစည်းအဝေးတစ်ခုမှာ၊ လျူယွင်က မကြာသေးခင်က လူသစ်တွေကို သူဘယ်လို ကူညီထောက်ပံ့ခဲ့တယ်ဆိုတာကို ပြောပြခဲ့တယ်။ အထက်ခေါင်းဆောင်တွေက နားထောင်ရင်းနဲ့ သဘောတူညီပြီး ခေါင်းညိတ်ခဲ့ကြသလို၊ ပူးပေါင်းလုပ်ဆောင်နေတဲ့ ညီအစ်ကိုမောင်နှမတွေကလည်း အာရုံစိုက်ပြီး နားထောင်နေခဲ့ကြတယ်။ လူတိုင်းက သူ့ကို ပိုပိုပြီး အာရုံစိုက်လာတာကို ကျွန်မတွေ့တော့၊ ကျွန်မ မသက်မသာဖြစ်ပြီး နည်းနည်းလျစ်လျူရှုခံရသလို ခံစားခဲ့ရတယ်၊ “အရင်က စုဝေးပွဲတွေမှာ ငါ့ရဲ့အတွေ့အကြုံဆိုင်ရာ အသိပညာတွေကို ငါ အများကြီးပြောပြနေကျ၊ ခေါင်းဆောင်တွေကလည်း ငါ့ကို တော်တော်လေး တန်ဖိုးထားခဲ့ကြတယ်။ အခုတော့ လူတိုင်းရဲ့အာရုံက လျူယွင်အပေါ်မှာပဲ စုစည်းနေပြီ။ ဒီအတိုင်းသာဆက်သွားရင် ဘယ်သူက ငါ့ကို အာရုံစိုက်ပြီး အထင်ကြီးလေးစားတော့မှာလဲ။ မဖြစ်ဘူး၊ သူ့မှာ အားနည်းချက်တွေရှိတယ်ဆိုတာကို လူတိုင်းကို ငါ မြင်အောင်လုပ်ရမယ်။ ဒါဆိုရင် သူ့ကို နည်းနည်းအညွှန့်ချိုးလိုက်ပြီး သူ စိတ်ဓာတ်ကျသွားမှာပဲ။ လူတိုင်းကလည်း သူ့ကို အထင်ကြီးလေးစားတော့မှာမဟုတ်ဘူး။ ဒါဆိုရင် လူတိုင်းရဲ့အာရုံစိုက်မှုက ငါ့ဆီပြန်ရောက်လာပြီး ငါ့ရဲ့ကိုယ်ပိုင်ဂုဏ်ရောင်ကို ပြန်ရယူနိုင်မှာပဲ” လို့ တွေးမိတယ်။

အဲဒီနောက်မှာ လျူယွင်နဲ့အတူ ပူးပေါင်းလုပ်နေတဲ့အချိန်မှာ ကျွန်မက သူ့ရဲ့အပြစ်အနာအဆာတွေနဲ့ အားနည်းချက်တွေကို သတိရှိရှိနဲ့ အာရုံစိုက်ခဲ့တယ်။ သူက တစ်ခါတလေ ကြွားတတ်တာကို ကျွန်မတွေ့ပြီး သူ့ရဲ့ဒီပြဿနာအကြောင်းကို ကျွန်မ ပြောချင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ တခြားသူတွေက သူ့ရဲ့ဒီအားနည်းချက်ကို အရင်က ထောက်ပြခဲ့ဖူးပြီး၊ သူလည်း အတော်အသင့် ပြုပြင်ပြောင်းလဲခဲ့ပြီးပြီ။ ဒါပေမဲ့ လျူယွင်ရဲ့ စိတ်ထက်သန်မှုကို လျှော့ချဖို့ ဒီအခွင့်အရေးကို အရယူချင်လို့၊ သူ ဘယ်ကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါခဲ့တယ်ဆိုတာကို ကျွန်မ စိတ်ထဲမှာ စာရင်းလုပ်ခဲ့ပြီး၊ အဲဒါတွေကို စိတ်ထဲမှာ မှတ်ထားခဲ့တယ်။ အဲဒါမှ သူ့ကို နည်းနည်း “လမ်းပြကူညီ” ပေးတဲ့အခါမှာ ကျွန်မမှာ ငြင်းပယ်လို့မရတဲ့ အခြေခံအကြောင်းရင်းရှိမှာဖြစ်ပြီး၊ ဒီနယ်ပယ်မှာ သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အရမ်းကို ပြင်းထန်နေသေးတယ်ဆိုတာနဲ့၊ သူ ဘာမှသိပ်မပြောင်းလဲသေးဘူးဆိုတာ သူမြင်အောင် လုပ်မယ်။ ဒီလိုဆိုရင် သူ နည်းနည်း ပိုပြီး နှိမ့်ချသွားနိုင်ပြီး ကျွန်မက ပေါ်လွင်လာနိုင်မှာပဲ။ နောက်ပိုင်းမှာတော့ သူ့အတွက် အသုံးချဖို့ ဘုရားသခင်ရဲ့ ပြင်းထန်တဲ့ ဖော်ထုတ်ခြင်းနဲ့ တရားစီရင်ခြင်းနှုတ်ကပတ်တော်တချို့ကို ကျွန်မ ရှာဖွေခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီပြင်းထန်တဲ့နှုတ်ကပတ်တော်တွေကို မြင်တော့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “လျူယွင်က ဖောက်ပြန်ပျက်စီးမှုနည်းနည်းပဲ ထုတ်ဖော်နေတာ၊ ပြောင်းလဲဖို့လည်း ကြိုးစားနေတာ။ ငါသာ ဒီဘုရားနှုတ်ကပတ်တော်တွေကို သူ့အပေါ် အသုံးချလိုက်ရင် သူ ကိုင်တွယ်နိုင်ပါ့မလား” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးလိုက်တယ်၊ “သူက ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့တဲ့သူပဲ၊ သူ အဆင်ပြေမှာပါ။ ပြီးတော့ သူ့မှာ တကယ်ပဲ ဒီပြဿနာရှိနေတာပဲ၊ ဒါကို သူလက်မခံနိုင်လို့ အပျက်သဘောဆောင်၊ အားနည်းသွားပြီး သူ့အလုပ်ကလည်း စပြီးကျဆင်းလာရင်၊ ဒါဆိုရင် ငါက ပေါ်လွင်သွားမှာပဲ”လို့ပေါ့။ ပြီးတော့ သူဝင်ရောက်ဖို့အတွက် လက်တွေ့လုပ်ဆောင်ခြင်းနဲ့ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ရိုးရိုးလေးပဲ တွေ့ခဲ့တယ်။ ဒီလိုဆိုရင် ကျွန်မရဲ့ မသမာတဲ့ရည်ရွယ်ချက်တွေကို ဘယ်သူမှသံသယရှိမှာမဟုတ်ဘူးလို့ တွေးတာပေါ့။ နောက်တစ်နေ့ တွဲဖက်အမှုဆောင်အစည်းအဝေးတစ်ခုမှာ၊ သူက သူ့အခြေအနေအကြောင်းကို ပြောပြတာကို ကျွန်မ နားထောင်ခဲ့တယ်၊ သူက မကြာသေးခင်က အပြင်ကိစ္စတွေနဲ့ အလုပ်များနေပြီး အသက်ဝင်ရောက်မှုအပေါ် အာရုံမစိုက်ဖြစ်ဘူး၊ ပေါလုရဲ့လမ်းကို မလိုက်ချင်ပေမဲ့လည်း သူ့ဘာသာသူ မထိန်းနိုင်ဘူးလို့ ပြောနေတုန်း... သူ စကားမဆုံးခင်မှာပဲ ကျွန်မ မချုပ်တည်းနိုင်တော့ဘူး။ ကျွန်မ တွေးမိတယ်၊ “သူက အသက်ဝင်ရောက်မှုအပေါ် အာရုံစိုက်ချင်တော့၊ ကျွန်မက သူ့ပြဿနာတွေကို ထောက်ပြဖို့ ဒီအခိုက်အတန့်ကို အခွင့်အရေးယူပြီး သူ့အားနည်းချက်တွေကို မြင်အောင်လုပ်လို့ရတာပဲ။ ပိုအရေးကြီးတာက၊ အထက်ခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတွေအားလုံး ဒီမှာရှိနေတယ်၊ ဒါကြောင့် ငါသာ ထုတ်ပြောလိုက်ရင် လူတိုင်းက သူ့ရဲ့အားနည်းချက်တွေကို သိသွားပြီး သူ့ကို သိပ်အထင်ကြီးတော့မှာမဟုတ်ဘူး။ ပြီးတော့ လူတိုင်းက ငါ သူ့ကို လမ်းပြကူညီပေးနိုင်တာကို မြင်တဲ့အခါ၊ သူတို့က ငါ့ကို ဝန်တာရှိတဲ့သူတစ်ယောက်လို့ မြင်ကြမှာပဲ။ ဒါဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။” ပေါ့။ ဒီလိုတွေးပြီးတော့ ကျွန်မရဲ့အသံကို ပုံမှန်ထက် နည်းနည်းပိုမြှင့်လိုက်ပြီး၊ နည်းနည်းစိတ်လှုပ်ရှားတဲ့လေသံနဲ့ လျူယွင်ကို ပြောလိုက်တယ်၊ “ရှင်က အသက်ဝင်ရောက်မှုအပေါ် အာရုံမစိုက်ဘူးလို့ အမြဲပြောနေပေမဲ့၊ ရှင့်မှာ တိကျတဲ့လက်တွေ့လုပ်ဆောင်ဖို့လမ်းကြောင်း မရှိဘူး။ တကယ်တော့ ရှင်က သေးငယ်တဲ့ကိစ္စတွေကနေစပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်လို့ရတယ်။ ကျွန်မမြင်ခဲ့တဲ့ ရှင့်ရဲ့ပြဿနာတချို့ကို ကျွန်မ ချရေးထားတယ်။ ဒါတွေကို ရှင် ဆင်ခြင်သုံးသပ်ကြည့်နိုင်ပါတယ်”လို့ပေါ့။ ကျွန်မ ပြောနေရင်းနဲ့ ကျွန်မရေးထားတဲ့ သူကြွားခဲ့တဲ့နည်းတွေကို စာရင်းလုပ်ထားတဲ့စာကို စဖွင့်လိုက်တယ်။ ပြီးတော့ ကျွန်မ သူ့ကို တည်ကြည်လေးနက်တဲ့လေသံနဲ့၊ ဘုရားသခင်က ကြွားတဲ့သူတွေအပေါ် ထားရှိတဲ့သဘောထားအကြောင်း ပြောပြခဲ့ပြီး၊ သူတို့လျှောက်နေတဲ့လမ်းကြောင်းနဲ့ ဒါကိုလျှောက်လှမ်းခြင်းရဲ့ အကျိုးဆက်တွေကို စိစစ်ခဲ့တယ်။ အဲဒီနောက်မှာ လက်တွေ့လုပ်ဆောင်ဖို့လမ်းကြောင်းတချို့ကို အဆိုပြုခဲ့တယ်။ ကျွန်မ ဒါတွေအားလုံးလုပ်ပြီးတဲ့နောက်မှာ၊ လျူယွင်က နည်းနည်းကသိကအောက်ဖြစ်ပြီး ရှက်ရွံ့သွားပုံရတယ်၊ “ရှင်ပြောတာတွေကို ကျွန်မ လက်ခံပါတယ်၊ ကျွန်မ ဆင်ခြင်သုံးသပ်ဖို့ အချိန်နည်းနည်းလိုအပ်တယ်” လို့ ပြောတယ်။ သူ ဒီလိုပြောတဲ့အခါ ကျွန်မလည်း နည်းနည်းစိတ်မလုံမလဲဖြစ်သွားပြီး၊ ကျွန်မမှာ မသမာတဲ့ရည်ရွယ်ချက်ရှိမှန်း လူတွေသိသွားမှာကို ကြောက်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးလိုက်တယ်၊ “ငါပြောတာတွေက အမှန်တရားပဲလေ၊ ပြီးတော့ ငါ လက်တွေ့လုပ်ဆောင်ဖို့လမ်းကြောင်းတချို့ကိုလည်း တွေ့ခဲ့တာပဲ။ အဲဒီတော့ သိပ်ကြီးကြီးမားမား ပြဿနာမရှိလောက်ပါဘူး”ပေါ့။ အထက်ခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မနဲ့ မငြင်းခဲ့ဘူး၊ အဲဒီတော့ သူတို့က ကျွန်မနဲ့သဘောတူသလို ထင်ရတာပေါ့။ ဒီအတွေးကြောင့် ကျွန်မနည်းည်းစိတ်သက်သာသွားတယ်။

သုံးလေးရက်လောက်ကြာပြီးညနေခင်းတစ်ခုမှာ၊ လျူယွင်နဲ့ကျွန်မ အလုပ်ကိစ္စတွေ အတူတူဆွေးနွေးနေတုန်း၊ သူ့ကို ကျွန်မပေးခဲ့တဲ့ “အကူအညီ” အကြောင်း စိတ်ထဲမှာ မတင်မကျဖြစ်နေလို့ သူ့အခြေအနေကို မေးလိုက်တယ်။ သူက အခြေအနေသိပ်မကောင်းဘူးလို့ ပြောတယ်။ သူက ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ သူ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဒီလက္ခာဏာသွင်ပြင်က ဘာမှသိပ်မပြောင်းလဲသေးဘူးဆိုတဲ့အချက်ကြောင့် သူ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ သူ ကောက်ချက်ချလိုက်ပြီး၊ အရမ်းကို အပျက်သဘောဆောင်နေတယ်။ ဒါကိုကြားတော့ ကျွန်မ စိတ်ထဲမှာ မသက်မသာဖြစ်သွားပြီး တွေးမိတယ်၊ “ငါ သူ့ပြဿနာကို ထောက်ပြခဲ့တာက သူ့ကို အပျက်သဘောဆောင်သွားတဲ့အထိ နာကျင်စေခဲ့လို့များ ဖြစ်နိုင်မလား”လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို အသုံးချပြီး သူ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဒီလက္ခဏာသွင်ပြင်ကို ဖြေရှင်းဖို့လမ်းကြောင်းကို သေချာဂရုတစိုက် မိတ်သဟာယဖွဲ့ပေးခဲ့တယ်၊ ပြီးတော့ သူက ဒါကို မှန်မှန်ကန်ကန် ရင်ဆိုင်ပြီး သူ့အခြေအနေကို ပြုပြင်ဖို့ လိုအပ်တယ်လို့ သူ့ကို ပြောခဲ့တယ်။ သူ နည်းနည်းနားလည်သွားတာကို မြင်တော့ ကျွန်မစိတ်ထဲမှာ နည်းနည်းလေးပိုပြီးငြိမ်းချမ်းသွားတယ်။ နောက်ပိုင်းမှာ ကျွန်မ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်နိုင်အောင် လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုလည်းကောင်း၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုလည်းကောင်း၊ မိမိတို့က လျစ်လျူရှုခြင်း ခံရသော်လည်း အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပင်ကိုစွမ်းရည်ရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်၏။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့ကို ဘုရားသခင် မနှစ်သက်ပါ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)အန္တိခရစ်များက လူတို့ကို ထိန်းချုပ်ဖို့ အသုံးပြုသည့် တတိယမြောက် နည်းနိဿယမှာ သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြသည်။ လူအချို့သည် အပြုသဘောဆောင်သော အရာများ၊ တရားမျှတမှုနှင့် အလင်းကိုသာမက သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းကို ချစ်မြတ်နိုးသည်။ ၎င်းတို့သည် မိတ်သဟာယပြုဖို့အတွက် သမ္မာတရားကို လိုက်စားပြီး ရှာဖွေသော ညီအစ်ကိုမောင်နှမများကို မကြာခဏဆိုသလို တကူးတက လိုက်ရှာကြသည်။ ဤသည်ကို တွေ့မြင်သောအခါ အန္တိခရစ်၏ ဒေါသမှာ ခြောင်းခြောင်းထွက်တော့သည်။ ၎င်းတို့အတွက်မှာမူ သမ္မာတရားကို လိုက်စားသူတိုင်းသည် ၎င်းတို့၏ မျက်လုံးထဲမှ အပ်တစ်ချောင်း၊ ၎င်းတို့၏နံဘေးမှ ဆူးတစ်ချောင်းပင် ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူအားလုံးကို ၎င်းတို့၏ တိုက်ခိုက်မှုများ၊ ဖယ်ကြဉ်ခြင်းနှင့် ချေမှုန်းခြင်း ပစ်မှတ်အဖြစ် သတ်မှတ်ကြသည်။ အန္တိခရစ်တစ်ဦးသည် လူတို့အနေဖြင့် ရိပ်စားမိဖို့ သိသာထင်ရှားလှသည့် လူမဆန်သော၊ ရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာများဖြင့် ဤလူတို့ကို အသေအချာပင် တိုက်ခိုက်မည်သာမကပေ။ ၎င်းတို့သည် သမ္မာတရားအား မိတ်သဟာယပြုခြင်းပုံစံကို ယူပြီး အနည်းငယ်သော စကားများနှင့် အယူဝါဒများ လူတို့အပေါ် ဝေဖန်ကာ သူတို့ကို ထိုးနှက်မည် ဖြစ်သည်။ ဤအရာက လူတို့အား ၎င်းတို့ ပြုလုပ်နေသည့်အရာက သင့်တော်ပြီး ကျိုးကြောင်းဆီလျော်သည်၊ ၎င်းတို့သည် ကူညီတတ်သည်၊ ၎င်းတို့ ပြုလုပ်နေသည့်အရာ၌ မည်သည့်အရာမျှ အမှားမရှိဟု ထင်စေသည်။ ၎င်းတို့၏ ‘သင့်တော်ပြီး ကျိုးကြောင်းဆီလျော်သည့်’ ဤနည်းစနစ်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ (၎င်းတို့သည် လူတို့အပေါ် ဝေဖန်ပြီး သူတို့ကို ထိုးနှက်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားကြပါသည်။) မှန်ပေ၏၊ ၎င်းတို့သည် လူတို့ကို ဖော်ထုတ်ပြီး သူတို့အပေါ် ဝေဖန်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားကြသည်။ ယင်းမှာ ၎င်းတို့ အသုံးအပြုဆုံး နည်းစနစ်ဖြစ်၏။ အပေါ်ယံတွင် ဤစကားပြောနည်းမှာ မျှတသည်၊ ကျိုးကြောင်းဆီလျော်ပြီး အတော်ပင် သင့်တော်ဟန် တူသော်လည်း အတွင်းထဲ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများ အကျိုးရှိဖို့ ကူညီခြင်း မဟုတ်ဘဲ သူတို့ကို ဖော်ထုတ်ဖို့၊ သူတို့အပေါ် ဝေဖန်ဖို့၊ သူတို့ကို ပြစ်တင်ရှုတ်ချဖို့နှင့် သိက္ခာချဖို့သာ ဖြစ်၏။ ယင်းမှာ ၎င်းတို့ပြီးမြောက်ဖို့ ကြိုးပမ်းနေသည့်အရာ ဖြစ်သည်မှာ အသေအချာဖြစ်သည်။ ထို့ကြောင့် ပြဿနာမှာ ၎င်းတို့အစပြုသည့် နေရာ၌ပင် ရှိလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြသည်)လူတို့အပေါ် အန္တိခရစ်များ၏ လူသိရှင်ကြား ဖိနှိပ်ခြင်း၊ ဖယ်ကြဉ်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် လူတို့၏ ပြဿနာများကို ဖော်ထုတ်ခြင်းတို့သည် တိကျစွာ ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားလိုက်စားပြီး ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်သူတို့ကို ပစ်မှတ်ထားရန် ဤသို့သော နည်းလမ်းများကို ဧကန်မုချ အသုံးပြုကြသည်။ ဤလူတို့ကို ဖြိုလှဲခြင်းဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရာထူးများကို ခိုင်ခံ့စေခြင်းဟူသည့် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိကြသည်။ ဤကဲ့သို့ လူတို့ကို တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းသည် သဘာဝအားဖြင့် မလိုမုန်းထားခြင်း ဖြစ်သည်။ ၎င်းတို့၏ စကားနှင့် ပြောပုံဆိုပုံတွင် ရန်လိုစိတ်ရှိသည်။ ဖော်ထုတ်ခြင်း၊ ရှုတ်ချခြင်း၊ အသရေပျက်အောင် မမှန်မကန် ပြောခြင်းနှင့် ဆိုးယုတ်သော မတော်မတရားပြောဆိုခြင်းတို့ ရှိသည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အပျက်သဘော ဆောင်သည့်အလား၊ အပျက်သဘောဆောင်သည့် အရာများကို အပြုသဘော ဆောင်သည့်အလား ပြောဆိုလျက် အမှန်တရားများကို မလိမ့်တပတ်ပင် လုပ်ကြသည်။ ဤကဲ့သို့ အဖြူအမည်းကို ပြောင်းပြန်လှန်ပြီး အမှန်အမှားကို ရောထွေးစေခြင်းက လူတို့ကို အနိုင်ယူခြင်းနှင့် ၎င်းတို့နာမည်များ ပျက်စီးစေခြင်းတည်းဟူသော အန္တိခရစ်တို့၏ ရည်မှန်းချက်ကို ပြည့်စုံစေသည်။ အမြင်မတူသူများအပေါ် ဤတိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းတို့အား မည်သည့် စိတ်ဓာတ်က ဖြစ်ပေါ်စေသနည်း။ အချိန်အများစုတွင် ယင်းသည် မနာလိုသော စိတ်ဓာတ်မှ လာသည်။ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတွင် မနာလိုမှုသည် ယင်းနှင့်အတူ အားကောင်းသော မုန်းတီးမှုကို သယ်ဆောင်ပြီး ၎င်းတို့၏ မနာလိုမှု အကျိုးဆက်အနေဖြင့် အန္တိခရစ်များသည် လူတို့ကို တိုက်ခိုက်ကာ ဖယ်ကြဉ်ကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အန္တိခရစ်တို့သည် ဖော်ထုတ်ခံရခြင်း၊ တိုင်ကြားခံရခြင်း၊ မိမိတို့၏ အဆင့်အတန်းများ ဆုံးရှုံးခြင်းနှင့် ထိုးနှက်ခံရခြင်းတို့ကို ကြုံတွေ့ရပါက သူတို့သည် အာခံကာ မကျေမနပ် ဖြစ်လာကြမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြင်းပြင်းထန်ထန် အငြိုးထားလိုစိတ်လည်း ပို၍ပင် ရှိလာရန် လွယ်ကူပေလိမ့်မည်။ အငြိုးထားခြင်းသည် စိတ်ထားတစ်မျိုးဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ တစ်စုံတစ်ဦး လုပ်သည့်အရာက မိမိတို့အဖို့ ထိခိုက်နစ်နာစရာဖြစ်သည်ကို အန္တိခရစ်တို့က မြင်သည့်အခါ ၎င်းတို့ထက် အခြားသူများ ပိုစွမ်းဆောင်နိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ဦး၏ ပြောဆိုချက်များနှင့် အကြံပြုချက်များက ၎င်းတို့ထက် ပိုကောင်းပြီး သို့မဟုတ် ပို၍ အမြော်အမြင်ရှိပြီး လူတိုင်းက ထိုလူ၏ ပြောဆိုချက်များနှင့် အကြံပြုချက်များအား သဘောတူ လက်ခံကြသည်ကို မြင်သည့်အခါ၊ အန္တိခရစ်များက ၎င်းတို့၏ ရာထူး ခြိမ်းခြောက်ခံရသည်ဟု ခံစားကြသည်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် မနာလိုမှုနှင့် မုန်းတီးခြင်းတို့ ဖြစ်ပေါ်ပြီး ၎င်းတို့က တိုက်ခိုက်ကာ လက်စားချေကြသည်။ လက်စားချေသည့်အခါ အန္တိခရစ်များသည် ယေဘုယျအားဖြင့် မိမိတို့၏ ပစ်မှတ်များကို လက်ဦးမှုယူသည့် ထိုးနှက်ချက်တစ်ခု လုပ်ကြသည်။ တစ်ဖက်လူက အညံ့ခံသည်အထိ လူတို့ကို တိုက်ခိုက်ပြီး ဖြိုလှဲရာတွင် လက်ဦးမှုရယူကြသည်။ ထိုအခါမှသာ ၎င်းတို့သည် စိတ်ခံစားချက်များ ထွက်ပေါက်ပေးလိုက်ရပြီ ဖြစ်သည်ဟု ခံစားကြသည်။ လူတို့ကို တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းနှင့်ဆိုင်သည့် အခြားသော သရုပ်သကန်များမှာ အဘယ်နည်း။ (အခြားသူများကို သိမ်ငယ်စေခြင်း ဖြစ်သည်။) အခြားသူများကို သိမ်ငယ်စေခြင်းသည် ပေါ်လွင်အောင်ပြသသည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ အလုပ်ကို သင် မည်မျှကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ သင် အပျက်သဘောဆောင်ပြီး အားနည်းကာ မရပ်တည်နိုင်သည်အထိ အန္တိခရစ်များက သင့်ကို သိမ်ငယ်စေဦးမည်၊ သို့မဟုတ် ရှုတ်ချဦးမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ကျေနပ်လိမ့်မည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက် ပြည့်စုံပြီးဖြစ်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၂- အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်ခဲ့ရတာက၊ ကျွန်မက တခြားသူတွေက လျူယွင်ကိုပဲ ဂရုစိုက်ပြီး ကျွန်မကို အထင်မကြီးမလေးစားမာကို ကြောက်ခဲ့လို့၊ သူ့ကို တိုက်ခိုက်ဖယ်ကျဉ်ခဲ့တာဖြစ်ပြီး၊ ဒါဟာ မလိုမုန်းထားတဲ့ စိတ်သဘောထားဖြစ်တယ်ဆိုတာကိုပါ။ လျူယွင်က ကျွန်မတို့အသင်းတော်ကို ကူညီထောက်ပံ့ဖို့ ရောက်လာပြီး တကယ့်အလုပ်တချို့ လုပ်ခဲ့ရုံတင်မကဘူး၊ ကျွန်မရဲ့ကိုယ်ပိုင်တာဝန်တွေမှာလည်း ကျွန်မကို ကူညီခဲ့တယ်။ ဒါပေမဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းရာမှာ ဒါမှမဟုတ် အသင်းတော်အလုပ်ကို ကာကွယ်ရာမှာ သူနဲ့ ဘယ်လို သဟဇာတရှိရှိ ပူးပေါင်းလုပ်ဆောင်ရမလဲဆိုတာကို ကျွန်မ မစဉ်းစားခဲ့ဘူး၊ သူ့ကို ကျွန်မရဲ့အဆင့်အတန်းအတွက် ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ပဲ ကျွန်မ တွေးခဲ့ပြီး အခြေအနေတွေ အရင်ကလိုဆက်သွားရင် ဘယ်သူမှ ကျွန်မကို အထင်မကြီးမလေးစားတော့မှာကို ကြောက်ခဲ့တယ်၊ ဒါကြောင့် ကျွန်မက သူ့ရဲ့အားနည်းချက်တွေကို တမင်တကာ ရှာဖွေပြီး အဲဒါတွေကို အသုံးချခဲ့တယ်၊ သူ့ကို တိုက်ခိုက်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ “လမ်းပြကူညီခြင်း” ကို အသုံးပြုခဲ့တယ်။ သူ့ကိုယ်သူနားလည်အောင် ကျွန်မက ကူညီပေးနေပုံရပေမဲ့၊ တကယ်တမ်းမှာတော့ သူက ကျွန်မထက် အရာရာမှာသာလို့ ကျွန်မ မနာလိုဖြစ်နေတာသက်သက်ပဲ။ ဘုရားသခင်ရဲ့ ဖော်ထုတ်ခြင်းနဲ့ တရားစီရင်ခြင်းနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ သူ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ပြီး စိတ်ဓာတ်ကျသွားဖို့ ကျွန်မ လိုလားခဲ့တယ်၊ သူ သိပ်ပြီး မပေါ်လွင်တော့အောင်ပေါ့။ လျူယွင်ကို ကျွန်မရဲ့ “ကူညီ” မှုက၊ တကယ်တော့ သူ့ကို တိုက်ခိုက်ဖို့ ဟန်ဆောင်မှုတစ်ခုသက်သက်ဆိုတာ ကျွန်မတွေ့ခဲ့တယ်။ ကျွန်မ သူ့ကို မနာလိုဖြစ်ခဲ့တယ်၊ သူ့ကို ချိုးနှိမ်ချင်ခဲ့တယ်၊ သူ့ကို အပျက်သဘောဆောင်စေချင်ခဲ့တယ်၊ သူ့ကို ကျွန်မအောက်မှာပဲ ထားချင်ခဲ့တယ်။ ကျွန်မရဲ့လုပ်ရပ်တွေက သမ္မာတရားကို လိုက်စားတဲ့သူတွေကို တိုက်ခိုက်ပြီး ဖယ်ကျဉ်တဲ့ အန္တိခရစ်တစ်ယောက်ရဲ့ လုပ်ရပ်တွေနဲ့ အတူတူပဲ၊ လူတွေကို ဖိနှိပ်ဖို့အတွက် တရားဝင်ပြီး ကျိုးကြောင်းဆီလျော်တယ် ထင်ရတဲ့နည်းလမ်းတွေကို အသုံးပြုခဲ့တယ်၊ ဒီနည်းနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့မျက်လုံးထဲမှာ ကိုယ့်ရဲ့အဆင့်အတန်းကို ခိုင်မာစေတာပေါ့။ ဒါက ဖော်ထုတ်ခဲ့တာက ရက်စက်ကြမ်းကြုတ်တဲ့ စိတ်သဘောထားပဲ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဆိုလိုရင်းကနေ ကျွန်မ ခံစားခဲ့ရတာက၊ ဘုရားသခင်က အန္တိခရစ်တွေရဲ့စိတ်သဘောထားတွေအပေါ် စက်ဆုပ်ရွံရှာပြီး မုန်းတီးတယ်ဆိုတာကိုပေါ့၊ ကျွန်မမှာ သောကစိတ်နဲ့ ကြောက်ရွံ့စိတ် ပြည့်နှက်သွားခဲ့တယ်။ ဘုရားသခင်က ကျွန်မကို သေချာပေါက် ရွံရှာမုန်းတီးမှာပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ သမီး နောင်တရချင်ပါတယ်။ သမီးရဲ့ညီအစ်ကိုမောင်နှမတွေကို နောက်တစ်ခါ မတိုက်ခိုက်၊ မဖယ်ကျဉ်ချင်တော့ပါဘူး။ ကျေးဇူးပြုပြီး သမီးအပေါ် သနားကရုဏာထားတော်မူပါ၊ ဒါကနေ စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုမှုတချို့ သမီး ရရှိနိုင်အောင် ခွင့်ပြုတော်မူပါ”လို့ပေါ့။

နောက်ပိုင်းမှာတော့ ကျွန်မရဲ့ပြဿနာအပေါ် နားလည်မှုတချို့ကို ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ပြီး ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့ထက် သာလွန်သော လူတစ်ဦးကို ၎င်းတို့တွေ့မြင်သည့်အခါ လူတို့၏ စိတ်နှလုံးထဲရှိ မိမိတို့၏ နေရာကို ကာကွယ်ရန်အလို့ငှာ ထိုသူကို ပြိုလဲစေရန် ကြိုးစားကြ၏၊ ထိုသူအကြောင်း အခြေအမြစ်မရှိသော ကောလာဟလများ လုပ်ကြံဖန်တီးကြသည်၊ သို့မဟုတ် ထိုသူကို အပုပ်ချပြီး ထိုသူ၏ ဂုဏ်သတင်းကို လျော့ပါးစေရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးချကြသည်၊ ထိုသူကို မိမိတို့၏ ခြေဖဝါးအောက်တွင်ပင် နင်းချေကြလေသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားအမျိုးအစားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း သက်သက်မဟုတ်ပေ။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ မလိုမုန်းထားသော စိတ်သဘောထားဖြစ်သည်။ ဤပုဂ္ဂိုလ်သည် မိမိတို့ထက် ပိုတော်ပြီး သာလွန်သောသူများကို တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းမှာ ဆိုးညစ်၍ ကောက်ကျစ်ဆိုးယုတ်၏။ ထို့ပြင် ၎င်းတို့သည် လူများကို ဖြိုချရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ၎င်းတို့အတွင်း၌ မသေးလှသော မကောင်းဆိုးဝါးသဘာဝ ရှိကြောင်းကို ပြသနေ၏။ စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်လျက် ၎င်းတို့သည် လူများကို မထီမဲ့မြင်ပြုကြသည်၊ ထောင်ချောက်ဆင်ရန် ကြိုးပမ်းကြသည်၊ ညှဉ်းပန်းကြ၏။ ဤသည်မှာ မကောင်းမှုပြုခြင်း မဟုတ်လော။ ဤသို့ အသက်ရှင်နေထိုင်ကြသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို အကောင်းပကတိဖြစ်သည်ဟုလည်းကောင်း၊ လူကောင်းတစ်ဦးဖြစ်သည်ဟုလည်းကောင်း ထင်မှတ်နေကြဆဲ ဖြစ်၏။ သို့သော် ၎င်းတို့ထက် သာလွန်သော တစ်စုံတစ်ဦးကို မြင်သောအခါ ထိုသူကို ညှဉ်းပန်းပြီး အလုံးစုံ နင်းခြေကြ၏။ ဤ၌ ပြဿနာကား အဘယ်နည်း။ ဤသို့သော ဒုစရိုက်အမှုများကို ကျူးလွန်ကြသော၎င်းတို့သည် ဗြောင်ကျကျ ထင်ရာမြင်ရာပြုသောသူများ မဟုတ်လော။ ဤသို့သောလူတို့သည် မိမိတို့၏ အကျိုးစီးပွားများနှင့် မိမိတို့၏ ခံစားချက်များကိုသာ ထည့်သွင်းစဉ်းစားကြပြီး ၎င်းတို့ လိုလားသမျှမှာ မိမိတို့၏ လိုအင်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို အောင်မြင်စေရန်သာ ဖြစ်၏။ အသင်းတော်၏အလုပ်အပေါ် မည်မျှ ထိခိုက်နစ်နာစေသည်ကို ဂရုမစိုက်ပေ။ ၎င်းတို့သည် လူတို့စိတ်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့ ပို၍ နှစ်သက်ကြသည်။ ဤသို့သောလူတို့သည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမရှိသလော။ ဤသို့သောသူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ရုံသာမက အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားပေ။ ဤသို့သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ ဤအတွက်ကြောင့် ၎င်းတို့က အသိစိတ်၏ အပြစ်တင်ခြင်း လုံးဝမရှိဘဲ၊ ကြောက်ရွံ့ခြင်း လုံးဝမရှိဘဲ၊ စိုးရိမ်ကြောင့်ကြခြင်း လုံးဝမရှိဘဲ၊ သို့မဟုတ် စိတ်ပူခြင်းလုံးဝ မရှိဘဲ၊ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ လက်လွတ်စပယ် လုပ်ဆောင်ကာ အလိုရှိသလို ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော အပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ သက်သက်သာသာ ပြောရမည်ဆိုလျှင် ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလွန် ပြင်းထန်သည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားကြပြီး မသိမသာ ဒုက္ခပေးတတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင် ပြဿနာ၏ အနှစ်သာရမှာ ထိုသို့သော လူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိကြခြင်းဖြစ်သည်။ ဘုရားသခင်ကို သူတို့ မကြောက်ပေ၊ မိမိတို့ကိုယ်ကို အကြီးမြတ်ဆုံးအဖြစ် ယုံကြည်ကြပြီး မိမိတို့နှင့် ပတ်သက်သည့်အရာမှန်သမျှကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဘဲ အရေးမပါဖြစ်ကာ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်စက်မျှ မရှိချေ။ မိမိတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားထုတ်မှုများစွာကို အသုံးပြုကြကာ တက်ကြွလှုပ်ရှားစွာ လျှောက်သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ စည်းမျဉ်းနှင့် ရည်ရွယ်ချက်တို့မှာ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက်၊ ၎င်းတို့၏ အကျိုးစီးပွားအားလုံးကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးကို ကြောက်စရာကောင်းသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ မည်သည့် လူစားမျိုးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည့်တိုင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိရသနည်း။ ၎င်းတို့သည် မာနထောင်လွှားသူများ မဟုတ်သလော။ ၎င်းတို့သည် စာတန်များ မဟုတ်သလော။ မည်ကဲ့သို့သော အရာများသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိဆုံး ဖြစ်သနည်း။ သားရဲတိရစ္ဆာန်များမှလွဲ၍ ဆိုးယုတ်သူများနှင့် အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စာတန်၏ အမျိုးများ ဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးလုံးလျားလျား ကင်းမဲ့ကြပေသည်။ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ ရန်သူများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်အပြုအမူနဲ့ ချိန်ညှိကြည့်တဲ့အခါ၊ ကျွန်မ နားလည်ခဲ့တယ်၊ တခြားသူတွေကို ကျွန်မ ဖယ်ကျဉ်ပြီး ဖိနှိပ်ခဲ့တာဟာ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံး လုံးဝမရှိတာမှာ အရင်းခံတယ်ဆိုတာကိုပေါ့။ ကျွန်မရဲ့စိတ်ကူးတွေ၊ အတွေးအခေါ်တွေနဲ့ လုပ်ရပ်တွေအားလုံးက ကိုယ့်ရဲ့ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ချည်းပဲ ဖြစ်ခဲ့တယ်။ လျူယွင် မရောက်လာခင်မှာ ကျွန်မက အရာရာမှာ ပေါ်လွင်ခဲ့တယ်၊ ဒါပေမဲ့ သူက ကျွန်မထက် အရာရာမှာ သာလွန်သွားတာကို မြင်တဲ့အခါ၊ ကျွန်မ မနာလိုဖြစ်ပြီး သူ့ရဲ့သာလွန်မှုကို လက်မခံနိုင်ခဲ့ဘူး၊ သူ ကျွန်မကို ကျော်တက်သွားတာကို မလိုလားခဲ့ဘူး။ ဒါကြောင့်ပဲ သူ ထုတ်ဖော်ခဲ့တဲ့ဖောက်ပြန်ပျက်စီးမှုကို ကျွန်မက အသုံးချပြီး သူ့ကိုအရှက်ခွဲဖို့ သူ့ကို “ကူညီ” တာကို သဘာဝကျပုံရတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုခဲ့တယ်။ လူတိုင်း သူ့ရဲ့အပြစ်အနာအဆာတွေကို မြင်အောင်လုပ်ပြီး၊ လူတွေရဲ့အထင်ကြီးလေးစားမှုကို ပြန်ရဖို့ပေါ့။ ဒီဖြစ်စဉ်မှာ၊ ကျွန်မက သူ့ကို တိုက်ခိုက်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို လက်နက်တစ်ခုအနေနဲ့ အသုံးပြုခဲ့တယ်၊ သူ့ကို အပျက်သဘောဆောင်စေပြီး သူ့တာဝန်ကို ထမ်းဆောင်ချင်စိတ်မရှိအောင်လုပ်ဖို့ ကျွန်မ လိုလားခဲ့တယ်၊ ဒီလိုနဲ့ ကျွန်မ ပေါ်လွင်လာပြီး ကျွန်မရဲ့စက်ဆုပ်စရာကောင်းတဲ့ရည်ရွယ်ချက်ကို တခြားသူတွေမမြင်အောင် တားဆီးနိုင်တာပေါ့။ ကျွန်မ အရမ်းကို စဉ်းလဲကောက်ကျစ်ပြီး ဆိုးညစ်ခဲ့တာပဲ။ ကျွန်မက စာတန်ဆန်တဲ့အဆိပ်အတောက်တွေအတိုင်း အသက်ရှင်ခဲ့ပြီး၊ အသင်းတော်က ကျွန်မတို့နှစ်ယောက်လုံးစာအတွက် မကြီးဘူးလို့ ထင်ခဲ့တယ်။ အသင်းတော်မှာ ကျွန်မထက်သာတဲ့ ဒါမှမဟုတ် ကျွန်မကို ကျော်လွန်တဲ့ဘယ်သူ့ကိုမှ ကျွန်မ သည်းမခံနိုင်ခဲ့ဘူး။ ကိုယ့်အလုပ်မှာ အကျိုးရလဒ်တချို့ ရရှိနေရုံနဲ့ပဲ တခြားသူတွေရဲ့အထင်ကြီးလေးစားမှုကို ဆက်မွေ့လျော်ခံစားချင်ခဲ့ပြီး သူတို့စိတ်နှလုံးထဲမှာ နေရာတစ်နေရာကို ပိုင်ဆိုင်ချင်ခဲ့တယ်။ လျူယွင်က လုပ်နိုင်စွမ်းရှိတဲ့အမှုဆောင်တစ်ယောက်ဖြစ်တယ်၊ သူ့တာဝန်တွေမှာ ထိရောက်မှုရှိတယ်၊ အသင်းတော်ရဲ့အလုပ်အမျိုးမျိုးကို ရှေ့ဆက်မောင်းနှင်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက တာဝန်တွေထမ်းဆောင်ရာမှာ ဒါမှမဟုတ် အသင်းတော်အလုပ်ကို ကာကွယ်ရာမှာ သူနဲ့ ဘယ်လို သဟဇာတရှိရှိ ပူးပေါင်းလုပ်ဆောင်ရမလဲဆိုတာကို မစဉ်းစားခဲ့ဘူး။ ကျွန်မက အတောက်ပဆုံးဖြစ်တဲ့သူတစ်ယောက်ဖြစ်ဖို့ပဲ တွေးခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် ကြီးမြတ်အောင်လုပ်ဖို့အတွက် လျူယွင်ကို တိုက်ခိုက်ပြီး အပျက်သဘောဆောင်စေတဲ့အထိတောင် ဖြစ်ခဲ့တယ်။ ဒါက အသင်းတော်အလုပ်ကို ထိခိုက်စေမလားဆိုတာကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး၊ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံး လုံးဝမရှိခဲ့ဘူးဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဘုရားသခင်က ညီအစ်ကိုမောင်နှမတွေကို အစေခံခြင်းမှာ ပူးပေါင်းလုပ်ဆောင်ဖို့၊ သူတို့ရဲ့စိတ်နဲ့ နှလုံးသားကို တစ်လုံးတစ်ဝတည်းထားပြီး သူတို့တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းဖို့ တောင်းဆိုတယ်။ ဒါပေမဲ့၊ အသင်းတော်ထဲမှာ တကယ့်အလုပ်ကို လုပ်နိုင်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့တစ်စုံတစ်ယောက်ကို ကျွန်မတွေ့တဲ့အခါ၊ သူက ကျွန်မဆီကနေ တခြားသူတွေရဲ့အထင်ကြီးလေးစားမှုကို လုယူသွားနိုင်တယ်လို့ပဲ ကျွန်မ တွေးခဲ့ပြီး သူ့ကို ဖယ်ကျဉ်ပြီး ဖိနှိပ်ခဲ့တယ်။ ကျွန်မက အသင်းတော်ကို ကိုယ့်ရဲ့အရည်အချင်းတွေပြသဖို့ နေရာတစ်ခုအနေနဲ့ သဘောထားခဲ့ပြီး၊ ကျွန်မလုပ်ခဲ့တာက အနှောင့်အယှက်ဖြစ်စေပြီး အဖျက်အမှောင့်လုပ်နေခဲ့တာပဲ၊ ဒါက ဘုရားသခင် တကယ်ကို ရွံရှာမုန်းတီးတဲ့အရာပဲ။ ကျွန်မ စိတ်ထဲမှာ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော့်ရဲ့တရားစီရင်ခြင်း၊ ဖော်ထုတ်ခြင်း၊ လမ်းပြခြင်းနဲ့ ထောက်ပံ့ခြင်းနှုတ်ကပတ်တော်တွေက သမီးကို ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်း နားလည်မှုတချို့ ရရှိစေခွင့်ပေးခဲ့ပါတယ်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခြင်းက သမီးကို ကိုယ်တော်နဲ့ အတိုက်အခံလုပ်ခြင်းမှာပဲ ထားနိုင်တယ်ဆိုတာကို သမီး မြင်ပါတယ်။ သမီး ကိုယ်တော်နဲ့ဆန့်ကျင်ပြီး ဆက် မရပ်တည်ချင်တော့ပါဘူး။ ကိုယ်တော့်နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ သမီး ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြတော်မူပါ”လို့ပေါ့။

အဲဒီနောက်မှာတော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ပြီး ဖတ်ခဲ့တယ်။ “ဖန်ဆင်းခံ လူသားမျိုးနွယ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် သင်သည် သင်၏ သင့်လျော်သောနေရာကို ထိန်းသိမ်းပြီး လိမ္မာသောဟန်အမူအရာဖြင့် ကျင့်ကြံပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်သောသူတစ်ဦး၊ မဟာလူသားတစ်ဦး သို့မဟုတ် ကြီးကျယ်ခမ်းနားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကို မလိုက်စားနှင့်။ ပြီးလျှင် ဘုရားဖြစ်အောင်လည်း မလိုက်စားနှင့်။ ဤသည်တို့အားလုံးမှာ လူတို့တွင် မရှိသင့်သည့် ဆန္ဒများဖြစ်သည်။ ကြီးမြတ်သောသူ၊ သို့မဟုတ် မဟာလူသားဖြစ်ခြင်းကို လိုက်စားခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် လိုက်စားခြင်းက ပို၍ပင် ရှက်ဖွယ်ကောင်း၏။ ဤသည်မှာ ရွံရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ အမှန်တကယ် တန်ဖိုးရှိပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ခြင်းဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်စားသင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁))တာဝန်ထမ်းဆောင်သောသူ အားလုံးအတွက် ၎င်းတို့၏ သမ္မာတရားကို နားလည်မှုသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အရာရာတိုင်း၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားရန်၊ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တာဝန်ထမ်းဆောင်သောသူတစ်ဦးသည် ဤမျှလောက်ကိုပင် မလုပ်ဆောင်နိုင်ပါက ၎င်းသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ ယင်းမှာ လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ၊ ထို့နောက်မှသာ သင်သည် သင်၏ အဆင့်အတန်း တည်ငြိမ်မှု သို့မဟုတ် အခြားသူများ သင့်ကို မည်သို့ သဘောထားသည်ကို စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ဆင့်ခွဲ၍ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေလိုက်ပါ၊ ဤအရာက အမှုအရာများကို အနည်းငယ် ပိုမိုလွယ်ကူစေသည်ဟု သင်တို့ မခံစားရသလော။ သင်သည် ဤသို့ ခဏတာ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ခက်ခဲသောအရာမဟုတ်ကြောင်း သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်သည် သင်၏ တာဝန်ယူမှုများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး သင်၏ ဝတ္တရားများနှင့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထား၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အလုပ်နှင့် သင် ထမ်းဆောင်သင့်သည့် တာဝန်ကို ဦးစားပေးနိုင်လျှင် ဤသို့ ခဏတာ တွေ့ကြုံခံစားပြီးနောက် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် ကောင်းကြောင်း၊ လူတို့သည် ရိုးသားပြီး ပွင့်လင်းသောပုံစံဖြင့် အသက်ရှင်သင့်ကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်ပျော့ညံ့ပြီး အောက်တန်းကျကာ ယုတ်ညံ့သော တည်ရှိမှုဖြင့် အသက်မရှင်သင့်ဘဲ ထိုအစား ၎င်းတို့သည် တော်ဖြောင့်ပြီး တရားမျှတသင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ လူတစ်ဦး အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖြည့်ဆည်းလိုသော သင်၏ လိုအင်ဆန္ဒသည် လျော့နည်းသွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်မ နားလည်ခဲ့တာက ဘုရားသခင်က ကျွန်မတို့ကို တာဝန်သိသိနဲ့ ကျင့်ကြံပြုမူဖို့၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့၊ အရာရာကို ကိုယ်တော်ရှေ့မှာ လုပ်ပြီး ကိုယ်တော်ရဲ့ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံဖို့ တောင်းဆိုတယ်ဆိုတာပါပဲ။ တခြားသူတွေက ကျွန်မတို့ထက် သာလွန်တာကို မြင်တဲ့အခါ၊ ကျွန်မတို့မှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံးရှိသင့်တယ်၊ ကိုယ်တော်ကို ပိုပြီးဆုတောင်းသင့်တယ်၊ အထင်ကြီးလေးစားခံရခြင်း၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မတို့လိုက်စားတာကို ဘေးဖယ်ထားသင့်တယ်၊ ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားကို ထည့်စဉ်းစားတာနဲ့ စရမယ်၊ ကိုယ့်တာဝန်တွေကို ဘယ်လိုကောင်းကောင်းထမ်းဆောင်မလဲ၊ ဘုရားသခင်ကို ကျေနပ်စေမဲ့နည်းလမ်းနဲ့ ဘယ်လိုပြုမူမလဲဆိုတာနဲ့၊ ပြီးတော့မှ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ တခြားသူတွေနဲ့ သဟဇာတရှိရှိ ပူးပေါင်းလုပ်ဆောင်သင့်တယ်၊ နောက်ပြီး ကျွန်မတို့ညီအစ်ကိုမောင်နှမတွေရဲ့အသက်တာအတွက် အကျိုးရှိတဲ့အရာတွေကို လုပ်သင့်တယ်။ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံပြုမူပြီး အမှုအရာတွေကို လုပ်ခြင်းအားဖြင့်၊ ကျွန်မတို့ ရိုးရိုးသားသား အသက်ရှင်နိုင်ပြီး ဘုရားသခင်ရဲ့အသိအမှတ်ပြုမှုကို ရရှိနိုင်တယ်။ ဒီအရာတွေကို နားလည်သွားတဲ့အခါ၊ ကျွန်မက လျူယွင်နဲ့ တခြားသူတွေကို ကျွန်မ ထုတ်ဖော်နေခဲ့တဲ့ဖောက်ပြန်ပျက်စီးမှုအကြောင်းကို ကျွန်မကစပြီးဖွင့်ဟခဲ့တယ်။ ဒီလိုလုပ်ရင်းနဲ့ ကျွန်မ တော်တော်ရှက်မိတယ်၊ ဒါကြောင့် ဘုရားသခင်ကို သတ္တိပေးဖို့ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ကျွန်မ ဝန်ခံပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်မသေးခဲ့ကြဘူး၊ လျူယွင်ကလည်း ပြောခဲ့တယ်၊ ကျွန်မရဲ့လမ်းညွှန်မှုနဲ့ ပြုပြင်မှုကနေတစ်ဆင့် သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်းပိုပြီး နားလည်လာခဲ့တယ်တဲ့။ လျူယွင်က ကိစ္စတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ပြီး အသက်ဝင်ရောက်မှုတချို့ ရရှိခဲ့တာကို မြင်တော့၊ ကျွန်မ နှလုံးသားထဲကနေ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်၊ ကိုယ့်ကိုယ်ကိုယ် သိခွင့်၊ နောင်တရခွင့်နဲ့ ပြောင်းလဲခွင့်ကို ပေးခဲ့တဲ့အတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ခဏကြာတော့ လျူယွင်က ကျွန်မတို့နဲ့အတူ အလုပ်ကိစ္စတွေ ဆွေးနွေးနေတုန်း၊ အလုပ်နဲ့ပတ်သက်တဲ့ သူ့အမြင်တချို့ကို ပြောပြခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်၊ “နင်က ဒီလောက်ကောင်းကောင်းနဲ့ ဒီလောက်များများ ပြောနေတာ၊ ငါက ဘယ်လိုလုပ် ပေါ်လွင်တော့မှာလဲ။ တကယ်တော့ နင့်ရဲ့နောက်ဆက်တွဲအလုပ်ရဲ့ တချို့အပိုင်းတွေမှာ လိုအပ်မှုတွေ ရှိနေသေးတယ်။ နင့်ရဲ့နောက်ဆက်တွဲအလုပ်မှာရှိတဲ့ ဒီအားနည်းချက်တွေကို ငါ ထောက်ပြရမယ်၊ အဲဒါမှ ငါတို့လုပ်ဖော်ကိုင်ဖက်တွေက နင့်ရဲ့မကြာသေးခင်က တာဝန်တွေမှာ လမ်းလွဲမှုတွေရှိနေတာကို မြင်နိုင်မှာ” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မ သတိဝင်လာတယ်၊ ကျွန်မ တခြားသူတွေရဲ့အထင်ကြီးလေးစားမှုကို ထပ်ပြီးရှာဖွေချင်နေပြီး လျူယွင်ကို ကျော်လွန်ချင်နေတယ်ဆိုတာကိုပေါ့။ ဘုရားသခင် ပြောခဲ့တာကို ကျွန်မ တွေးမိတယ်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတဲ့သူတွေမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံး လုံးဝမရှိဘဲ၊ ဆိုးယုတ်တဲ့လူတွေနဲ့ အန္တိခရစ်တွေပဲ ဒီလိုအရာတွေ လုပ်ကြတယ်ဆိုတာကိုပေါ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် နည်းနည်းမုန်းလာမိပြီး ဒီလိုဆက်မလုပ်ချင်တော့ဘူး။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ သတိရလိုက်တယ်၊ “ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံမှသာ ကိုယ်တော်ရှေ့မှောက် အသက်ရှင်နိုင်မည်” ဒီလို ဆိုထားတယ် “သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာရမည်။ ဤအရာက ဆိုလိုသည်မှာ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာမှ အရာအားလုံးဖြစ်သည့် ဆုတောင်းခြင်းများ၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်း၊ ညီအစ်ကိုမောင်နှမများနှင့် သင်၏ မိတ်သဟာယပြုခြင်း၊ ပြီးလျှင် အသင်းတော် အသက်တာကို အသက်ရှင်နေထိုင်ခြင်းအပြင် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၌ သင်၏ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးဆေးခြင်းကို ခံရန်အတွက် ကိုယ်တော်၏ ရှေ့တော်သို့ ယူဆောင်လာသင့်သည်။ သင့်အား အသက်တာ၌ ကြီးထွားရင့်ကျက်မှု စွမ်းဆောင်ရရှိစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူများကို စုံလင်စေသည်) ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ရှာဖွေလိုတဲ့ သမီးရဲ့ဆန္ဒကို ပြုပြင်ပြီး လျူယွင်နဲ့ ယှဉ်ပြိုင်တာကို ရပ်တန့်ချင်ပါတယ်။ ကျေးဇူးပြုပြီး သမီးရဲ့စိတ်နှလုံးကို စောင့်ကြည့်ပြီး ကာကွယ်ပေးတော်မူပါ။ ကိုယ်တော်ရဲ့ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံဖို့ သမီး ဆန္ဒရှိပါတယ်” လို့ပေါ့။ ဒီလိုဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ အများကြီး ပိုပြီးငြိမ်းချမ်းသွားတယ်။ အဲဒီနောက် ကျွန်မတို့တာဝန်တွေကို ဘယ်လိုရှေ့ဆက်လုပ်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြတယ်။ ကျွန်မတို့ အပြန်အလှန် ပူးပေါင်းပြီး မိတ်သဟာယဖွဲ့ခဲ့ကြတယ်၊ ပန်းတိုင်နဲ့ ဦးတည်ချက်တချို့ ရရှိခဲ့ကြတယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးထဲမှာ ပိုပြီးတည်ငြိမ်ပြီး ရှင်းလင်းလာသလို ခံစားရတယ်၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ သက်သောင့်သက်သာရှိပြီး သဟဇာတဖြစ်စေတယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံသို့ ကျွန်မ၏နှလုံးသား ပေးအပ်ခြင်း

ရှင်းချဲ့ တောင်ကိုးရီးယားနိုင်ငံ၂၀၁၈ခုနှစ် ဇွန်လတွင် ကောင်းကင်နိုင်ငံတော်သီချင်း ဂီတသရုပ်ပြပွဲအတွက် အစမ်းလေ့ကျင့်ခဲ့သည်။ စင်ပေါ်တွင်...

တွဲဖက်သည် ပြိုင်ဖက်မဟုတ်

အိုဇန်း မြန်မာနိုင်ငံ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီး သိပ်မကြာဘူး၊ လူသစ်တွေ ရေလောင်းတာ စလုပ်ခဲ့တယ်။ ကျွန်မက...

လမ်းမှန်သို့ ပြန်ရောက်ခြင်း

ချန်ကွမ်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏...

တည်ကြည်ခိုင်မာခြင်းက ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသည်

၂၀၁၇ ခုနှစ်မှာ အသင်းတော်မှာရှိတဲ့ လူသစ်တွေကို ရေလောင်းတဲ့နေရာမှာ ကျွန်မ စအလုပ်လုပ်တော့၊ ကျွန်မအလုပ်မှာ ကျွန်မ ဖြစ်နိုင်သမျှ မြန်မြန်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။