ကျွန်ုပ် ဘာကြောင့် မိမိ၏ တာဝန်ကို တည်တည်ငြိမ်ငြိမ် လက်မခံနိုင်ခဲ့ရသနည်း

15.04.2026

၂၀၂၃ ခုနှစ်၊ မတ်လကုန်ပိုင်းတုန်းက ခေါင်းဆောင်တွေက ကျွန်မကို အသင်းတော်ရဲ့ ဖယ်ရှားရေးအလုပ်ကို ကြီးကြပ်ခိုင်းခဲ့ကြတယ်။ သူတို့က ကျွန်မကို ဒီလိုပြောတဲ့အခါမှာ ဖိအားတွေ အများကြီး ခံစားခဲ့ရပြီး ကျွန်မ တွေးမိတယ်၊ “ငါ့ရဲ့ သမ္မာတရား နားလည်မှုက ပေါ့တန်တယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းလည်း ချို့တဲ့နေတယ်။ အမှန်တကယ် အလုပ်မလုပ်နိုင်ရင် သိပ်မကြာခင်မှာ ဖြုတ်ချခံရနိုင်တယ်။ အဲဒါဆိုရင် အရမ်းရှက်စရာကောင်းမှာပဲ။ အဖွဲ့သားတစ်ယောက်ဖြစ်ရတာက တာဝန်ယူရတာ ပိုနည်းပြီး ကိစ္စတွေကို စစ်ဆေးသုံးသပ်ဖို့ ကြီးကြပ်ရေးမှူးလည်း ရှိတော့ အမှားလုပ်မိနိုင်ချေက ပိုနည်းတယ်။ ငါသာ ကြီးကြပ်ရေးမှူးဖြစ်သွားရင် အလုပ်ဝန်က ပိုများလာမှာ၊ ပြီးတော့ ငါ အမှားလုပ်မိတာနဲ့ အလုပ်ကို နှောင့်နှေးစေနိုင်တယ်၊ ဒါမှမဟုတ် ပိုဆိုးရင် မှားယွင်းတဲ့ စွပ်စွဲချက်တွေနဲ့ အပြစ်ဒဏ်ပေးတာတွေကို ဖြစ်စေနိုင်တယ်။ ဒါဆိုရင် ဆိုးရွားတဲ့ ပြစ်မှားခြင်း ဖြစ်သွားမှာပဲ။ တာဝန်ထမ်းဆောင်တယ်ဆိုတာက ကောင်းမှုတွေ ပြင်ဆင်ဖို့အတွက်ပဲ၊ ဒါပေမဲ့ ငါသာ ပြစ်မှားခြင်းတွေ အရမ်းများသွားရင် ဖြုတ်ချခံရပြီး အရှက်ရတာနဲ့တင် ပြီးသွားရင် တော်သေးတယ်၊ မတော်လို့ အသင်းတော်ကနေနှင်ထုတ်တာတောင် ခံရနိုင်တယ်။ အဲဒီအခါကျရင် ငါ့မှာ ကောင်းတဲ့ အဆုံးသတ်နဲ့ ပန်းတိုင် ရှိနေဦးမှာလား” လို့ပေါ့။ ဒီလိုတွေးမိတာနဲ့ ကျွန်မရဲ့ အသက်ဝင်ရောက်မှုက ပေါ့တန်တယ်၊ ဒီတာဝန်အတွက် မသင့်တော်ဘူးပြောရင်း ဆင်ခြေတွေပေးပြီး ငြင်းလိုက်တာပေါ့။ အဲဒီတုန်းက ခေါင်းဆောင်က ဘာမှအများကြီးမပြောဘဲ ဆက်ပြီးရှာဖွေဖို့ပဲ ပြောခဲ့တယ်။ နောက်ရက်တွေမှာတော့ ခေါင်းဆောင်ရဲ့စကားကို ပြန်တွေးမိတိုင်း စိတ်ထဲမှာ လေးလံနေခဲ့တယ်။ ဖြစ်ချင်တော့ အဲဒီအချိန်တုန်းက လူတစ်ယောက်ရဲ့ အပြုအမူကို သုံးသပ်တဲ့နေရာမှာ ကျွန်မမှာ ပြဿနာတစ်ခုရှိခဲ့တယ်။ အဲဒီလူရဲ့ သဘာဝ အနှစ်သာရ ဒါမှမဟုတ် မပြောင်းလဲတဲ့ အပြုအမူကိုတော့ မစစ်ဆေးဘဲ သူ့ရဲ့ ဆိုးယုတ်တဲ့လုပ်ရပ်တွေရဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေကိုပဲ ကြည့်ပြီး သူ့ကို ဆိုးယုတ်သူလို့ သတ်မှတ်လိုက်တယ်။ နောက်တော့မှ ဒီလူဟာ မကောင်းမှုတချို့ လုပ်ခဲ့ပေမဲ့ ဆိုးယုတ်သူတစ်ယောက်တော့ မဟုတ်ဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့် ကျွန်မ ပိုပြီး စိတ်လေးသွားရတယ်။ ကိုယ့်ရဲ့ဒီအမှားကြောင့် လူတစ်ယောက်ကို ထိခိုက်လုနီးပါးဖြစ်ခဲ့ပြီး ဖယ်ရှားတဲ့အလုပ်ကိုလည်း အဖျက်အမှောင့်လုပ်တော့မလို့။ ကျွန်မရဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းက တကယ်ကို ချို့တဲ့နေခဲ့တယ်။ ငါသာ ကြီးကြပ်ရေးမှူးဖြစ်သွားပြီး အမှားတွေ ထပ်လုပ်မိရင် ပြစ်မှားခြင်းတွေပဲ ပိုများလာမှာ မဟုတ်ဘူးလား။ အဲဒီနောက် အစ်မလင်ဖန်အကြောင်းကို ကျွန်မတွေးမိတယ်၊ သူက အမှန်တကယ် အလုပ်မလုပ်ခဲ့ဘဲ အလုပ်ကို ကြီးကြပ်ထိန်းညှိဖို့ ပျက်ကွက်ခဲ့လို့ ဖြုတ်ချခံရတာ မကြာသေးတဲ့ ကြီးကြပ်ရေးမှူးပေါ့။ သူ့အရင်က ကြီးကြပ်ရေးမှူးနှစ်ယောက်ဆိုရင်လည်း ဒုစရိုက်အမှုတွေ အများကြီးကျုးလွန်ခဲ့လို့ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတယ်။ ဒါကြောင့် ကြီးကြပ်ရေးမှူးလုပ်ရတာဟာ အရမ်းအန္တရာယ်များတယ်လို့ ကျွန်မ ပိုလို့တောင် အသေအချာ ခံစားခဲ့ရတယ်၊ တကယ်လို့ ဒီအလုပ်ကို ကောင်းကောင်းမလုပ်နိုင်ခဲ့ရင် သိပ်မကြာခင်မှာပဲ ဖြုတ်ချခံရ ဒါမှမဟုတ် ဖယ်ရှားရှင်းလင်းခံရမှာပဲ။ အဖွဲ့သားတစ်ယောက်အနေနဲ့ နေတာကပဲ ပိုလုံခြုံတယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ တာဝန်ကို တိုက်ရိုက်ငြင်းလိုက်တာကလည်း သင့်တော်တာမဟုတ်တော့ ကျွန်မ စိတ်နှစ်ခွဖြစ်နေခဲ့တယ်။ နောက်ရက်တွေမှာလည်း ဒီအကြောင်းတွေကိုပဲ ဆက်တွေးနေမိပြီး ဖိအားတွေအရမ်းများလာသလို ကျွန်မရဲ့ အခြေအနေကိုပါ ထိခိုက်လာတယ်လို့ ခံစားခဲ့ရတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ်တော့်ဆီက လမ်းပြမှုကို ရှာဖွေခဲ့တယ်။

ဝတ်ပြုနေတုန်းမှာ ကျွန်မက အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိခဲ့တယ်၊ အဲဒီထဲမှာ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က သူ့ရဲ့ သိက္ခာနဲ့ အကျိုးစီးပွားတွေကို တွေးတောနေတဲ့အတွက် ဆင်ခြေတွေ ဆက်တိုက်ပေးပြီး တာဝန်တွေကို ငြင်းပယ်ခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တာဝန်တွေဆိုတာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာ၊ အစီအစဉ်တို့နဲ့အတူ လာတယ်ဆိုတာရယ်၊ ဘုရားသခင်က သူ့ရဲ့ တာဝန်တွေအပေါ်ထားတဲ့ သဘောထားကို စောင့်ကြည့်လေ့လာနေတယ်၊ ပြီးတော့ သူက အရင်ဆုံး ကျိုးနွံနာခံဖို့ လိုအပ်တယ်ဆိုတာရယ်ကို သူသဘောပေါက်သွားခဲ့တယ်။ ကျွန်မလည်းပဲ အရင်ဆုံး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဆိုင်ရာ သမ္မာတရားထဲကို ဝင်ရောက်ဖို့ လိုအပ်နေတာပဲ။ ဒါကြောင့် သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောထားတာကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ဘုရားသခင် ညွှန်ကြားခဲ့သကဲ့သို့ နောဧလုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သူ မသိခဲ့ပေ။ ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်လိုခဲ့သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကာ၊ ရှင်းပြချက် သိပ်မရှိဘဲ နောဧသည် ရှေ့ဆက်ပြီး လုပ်ဆောင်ခဲ့သည်။ သူသည် ဘုရားသခင်၏လိုအင်ဆန္ဒများကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်ကို မခုခံခဲ့ပေ သို့မဟုတ် သစ္စာမရှိခြင်းကို မပြသခဲ့ပေ။ သူသည် ဖြူစင်ပြီး ရိုးရှင်းသည့် စိတ်နှလုံးနှင့် လျော်ညီစွာ သွားရောက်၊ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ဆောင်စေခဲ့သည်ဖြစ်စေ သူ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံခြင်းနှင့် နားထောင်ခြင်းတို့သည် သူ့လုပ်ရပ်များကို ကျောထောက်နောက်ခံပြုပေးသည့် ယုံကြည်လက်ခံမှုဖြစ်လေသည်။ ယင်းမှာ ဘုရားသခင် ပေးအပ်သည့်အရာနှင့် ပတ်သက်၍ ရိုးရိုးတန်းတန်းနှင့် ရိုးရှင်းစွာ သူကိုင်တွယ်ခဲ့သည့်ပုံ ဖြစ်သည်။ သူ၏ အနှစ်သာရ၊ သူ၏အပြုအမူများ၏ အနှစ်သာရသည် ကျိုးနွံနာခံခြင်းဖြစ်ပြီး၊ သံသယဝင်ခြင်းမဟုတ်၊ ခုခံခြင်း မဟုတ်သည့်အပြင်၊ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူ၏ အမြတ်အစွန်းများ နှင့် ဆုံးရှုံးမှုများကို တွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်ဟုပြောသည့်အချိန်တွင်၊ မည်သည့် အချိန်တွင် ဖြစ်မည် သို့မဟုတ် မည်သည့်အရာများ ဖြစ်လာမည် ဆိုသည်ကို နောဧ မမေးခဲ့သကဲ့သို့၊ ကမ္ဘာလောကကို ဘုရားသခင်က မည်သို့ ဖျက်ဆီးမည် ဆိုသည်ကို ဘုရားသခင်အား သူ သေချာပေါက် မမေးခဲ့ပေ။ ဘုရားသခင် ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်သို့မည်ပုံ လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ၊ ဘုရားသခင် စေခိုင်းခဲ့သည့် အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ဘုရားသခင် မိန့်မှာပြီးသည်နှင့် ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားတစ်ခုဖြင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကနေ ဘယ်လိုအခြေအနေမျိုးမှာမဆို ကျိုးနွံနာခံနိုင်တာဟာ ဘုရားသခင်က လူတွေဆီကနေ တောင်းဆိုတဲ့အရာဖြစ်ပြီး၊ ဒါဟာ ဖန်ဆင်းခံတွေ ပိုင်ဆိုင်သင့်တဲ့ ဆင်ခြင်တုံတရားပဲဆိုတာကို ကျွန်မ နားလည်သွားတယ်။ နောဧဟာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်အပေါ် ချဉ်းကပ်ရာမှာ စင်ကြယ်တဲ့စိတ်နှလုံး ရှိတာကို ကျွန်မတွေ့ခဲ့ရတယ်။ သူက ရိုးရိုးလေးပဲ ကျိုးနွံနာခံပြီး လိုက်နာခဲ့တယ်။ သင်္ဘောဆောက်တဲ့အခါ အခက်အခဲ ဘယ်လောက်များများ ရင်ဆိုင်ရနိုင်မလဲ၊ ကောင်းကောင်းမလုပ်နိုင်ခဲ့ရင် ဘယ်လိုတာဝန်တွေ ယူရမလဲဆိုတာကို သူ မစဉ်းစားခဲ့ဘူး။ သူက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုပဲ အလေးထားပြီး ဘုရားရဲ့အလိုတော်ကို လုပ်ဆောင်နိုင်ဖို့အတွက် ဘုရားသခင်တောင်းဆိုတဲ့အတိုင်း သင်္ဘောကို အမြန်ဆုံးဆောက်ချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မအပေါ်ကို တာဝန်တစ်ခုကျရောက်လာတဲ့အခါမှာတော့ ကျွန်မရဲ့ အတွေးတွေက အရမ်းသောကရောက်ခဲ့တယ်၊ ပြီးတော့ ကိုယ့်ရဲ့အခက်အခဲတွေ၊ ကိုယ့်အနာဂတ်နဲ့ ကိုယ့်ပန်းတိုင်အကြောင်းတွေကိုပဲ ဆက်တွေးနေခဲ့တယ်။ ကြီးကြပ်ရေးမှူးလုပ်ရတာက အရမ်းအန္တရာယ်များတယ်၊ ပြစ်မှားစေတတ်တယ်၊ ပြစ်မှားခြင်းတွေ ကျုးလွန်တာ အရမ်းများသွားရင် ကောင်းတဲ့အဆုံးသတ် ရမှာမဟုတ်ဘူးလို့ ကျွန်မထင်ခဲ့တယ်။ ဒီလိုအတွေးတွေ စိတ်ထဲမှာရှိနေတဲ့အခါ ကျွန်မ လုံးဝကို ကျိုးနွံနာခံနိုင်တာမျိုး မရှိတာကို တွေ့လိုက်ရပြီး ဒီတာဝန်ကိုရှောင်ဖယ်ဖို့ ဆင်ခြေတွေပဲ အမြဲပေးချင်နေခဲ့တယ်။ ဒီအကြောင်းကို တွေးမိတော့ ကျွန်မ အရမ်းကို ရှက်မိတယ်။ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ အခြေခံ ကျိုးနွံနာခံခြင်းတောင် မရှိသေးဘူး။ ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှု လုံးဝမရှိတာ အမှန်ပဲ။ ဒီအတိုင်းတော့ ဆက်သွားလို့မဖြစ်တော့ဘူး။ အခက်အခဲတွေ၊ စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း အရင်ဆုံး ကျိုးနွံနာခံပြီး ဒီတာဝန်ကို လက်ခံဖို့ လိုအပ်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မထပ်ဖတ်မိပြီး ကိုယ့်အခြေအနေအပေါ် နားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်အပေါ်တွင်လည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းထားသော ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ်တွင်လည်းကောင်း၊ အန္တိခရစ်တို့အား ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အပေါ်တွင်လည်းကောင်း စသည်တို့အပေါ် အန္တိခရစ်တို့၏ သဘောထားကို အကဲဖြတ်ရလျှင် ၎င်းတို့၌ သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက် စိုးစဉ်းမျှ ရှိသလော။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ ရှိသလော။ ၎င်းတို့၌ ဤအရာအားလုံးသည် မတော်တဆ မဟုတ်ဘဲ ထိုထက် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြောင်း စိုးစဉ်းမျှ ယုံကြည်ခြင်း ရှိသလော။ ၎င်းတို့တွင် ဤနားလည်မှုနှင့် သိမြင်မှု ရှိကြသလော။ မရှိသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့၏ သတိထားကာကွယ်မှု၏ အရင်းအမြစ်သည် ဘုရားသခင်အပေါ် ၎င်းတို့၏ သံသယများမှ လာသည်ဟု ပြော၍ရနိုင်ပေသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သင်္ကာမကင်းဖြစ်ခြင်း အရင်းအမြစ်သည် ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ သံသယများမှ လာသည်ဟုလည်း ပြော၍ရနိုင်၏။ ဘုရားသခင်အပေါ် ၎င်းတို့၏ စိစစ်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော ရလဒ်များက ၎င်းတို့အား ဘုရားသခင်အပေါ် ပို၍ သင်္ကာမကင်းဖြစ်စေသကဲ့သို့ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်ကို ပို၍ သတိထားကာကွယ်စေလေသည်။ အန္တိခရစ်တို့၏ တွေးခေါ်မှုမှ ဖြစ်ပေါ်လာသော အတွေးအခေါ်အမျိုးမျိုးနှင့် အမြင်ရှုထောင့်အမျိုးမျိုးအပြင် ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်တို့၏ စိုးမိုးခြင်းအောက်မှ ဖြစ်ပေါ်လာသော လုပ်နည်းကိုင်နည်းအမျိုးမျိုးနှင့် အပြုအမူအမျိုးမျိုးတို့ကို အကဲဖြတ်ရသော် ဤလူများသည် အလွန်ပင် ဆင်ခြင်တုံတရား မရှိကြချေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ခြင်းမရှိ၊ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မထားရှိနိုင်၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ လုံးလုံးလျားလျား ယုံကြည်ပြီး အသိအမှတ်ပြုနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း၊ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း မယုံကြည်နိုင်ဘဲ အသိအမှတ်လည်း မပြုနိုင်ပေ။ ဤအရာအားလုံးသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရကြောင့် ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေကနေ အန္တိခရစ်တွေဟာ အမှုအရာတွေ ဖြစ်လာတဲ့အခါ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မယုံကြည်ဘူးဆိုတာ ကျွန်မတွေ့ခဲ့ရတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို သိဖို့ သမ္မာတရားကို လိုက်စားမယ့်အစား လူ့အယူအဆတွေ၊ စိတ်ကူးတွေနဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေကိုသုံးပြီး ဘုရားသခင်ရဲ့အမှုတော်နဲ့ ဘုရားသခင်စီစဉ်တဲ့ အခြေအနေတွေကို သုံးသပ်ကြတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ကို သတိထားရှောင်ပြီး အထင်လွဲကြတယ်။ ဒါဟာ အန္တိခရစ်တွေရဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့သဘာဝကြောင့် ဖြစ်ရတာပဲ။ ဘုရားနှုတ်ကပတ်တော်နဲ့ ကိုယ့်ကိုယ်ကိုယ် တိုက်ဆိုင်ပြီး ဆန်းစစ်တဲ့အခါ ကျွန်မရဲ့အခြေအနေကလည်း အတူတူပဲဖြစ်နေတာကို တွေ့လိုက်ရတယ်။ အရင်ကြီးကြပ်ရေးမှူးသုံးယောက် ဖြုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရတာကို တွေ့ခဲ့ပေမဲ့ ကျွန်မက သမ္မာတရားကို မလိုက်စားခဲ့ဘူး။ သူတို့ဘာကြောင့် ကျရှုံးခဲ့ရသလဲဆိုတာကိုလည်း မဆင်ခြင်ခဲ့ဘူး၊ သူတို့ရဲ့ကျရှုံးမှုတွေကနေ ပိုင်းခြားသိမြင်နိုင်စွမ်းနဲ့ သင်ခန်းစာတွေလည်း မရခဲ့ဘူး။ အဲဒီအစား သတိထားရှောင်လာခဲ့တယ်။ “သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးဖြစ်သည်” နှင့် “အမြင့်ရောက်လေ၊ အကျနာလေ” ဆိုတာလို စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ခဲ့တယ်။ ကြီးကြပ်ရေးမှူးလုပ်ရတာဟာ အရမ်းအန္တရာယ်များတယ်လို့ ကျွန်မခံစားခဲ့ရတယ်၊ တကယ်လို့ ကျွန်မကြောင့် မှားယွင်းတဲ့ စွပ်စွဲမှုတွေ၊ အပြစ်ဒဏ်ပေးတာတွေ ဖြစ်လာခဲ့ရင် ဒါဟာ ကြီးမားတဲ့ပြစ်မှားခြင်းဖြစ်ပြီး ကောင်းတဲ့အဆုံးသတ် ဒါမှမဟုတ် ပန်းတိုင် ရှိတော့မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်၊ အန္တရာယ်တွေကို ရှောင်ရမယ်လို့ တွေးပြီး ဒီတာဝန်ကိုရှောင်ဖို့ ဆင်ခြေတွေပဲ ဆက်တိုက်ပေးနေခဲ့တာ။ နောက်ပိုင်းမှာ ကျွန်မ တွေးဆမိတယ်၊ “ငါ့ကို ဒီတာဝန်ကို ပေးအပ်ခြင်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေက ဘာများဖြစ်မလဲ။ ဖယ်ရှားရေးအလုပ်ကို ကြီးကြပ်ရတာက တာဝန်ကြီးပေမဲ့၊ ဒါက ဆိုးယုတ်သူတွေ၊ အန္တိခရစ်တွေနဲ့ မယုံကြည်သူ အမျိုးမျိုးကို သိမြင်လာခွင့်ပေးပြီး လူတွေကို ပိုင်းခြားသိမြင်တဲ့နေရာမှာ မြန်မြန်ဆန်ဆန် တိုးတက်လာအောင် ကူညီပေးမှာပဲ။ ပြီးတော့ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်လာရင် ပြဿနာအများကြီးကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပြီး၊ ဒါက သက်ဆိုင်ရာ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့နဲ့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ ကျွန်မကို တွန်းအားပေးမှာပဲ၊ ဒါဟာ လေ့ကျင့်ဖို့အတွက် အခွင့်အရေးကောင်းကြီးတစ်ခုပဲ။ ဒါပေမဲ့ ဒီကိစ္စမှာ သမ္မာတရားကို ရှာဖွေမယ့်အစား၊ ကြီးကြပ်ရေးမှူးဆိုတာ တာဝန်ပိုကြီးတယ်၊ ပိုပြီး မြန်မြန် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်လို့ပဲ ကျွန်မ အမြဲတွေးနေခဲ့တယ်။ ဒါကြောင့် ဘုရားသခင်အပေါ် သံသယတွေ၊ သတိထားရှောင်တဲ့စိတ်နဲ့ ပြည့်နေခဲ့တယ်။ ငါ ဘုရားသခင်ရဲ့ စိတ်နှလုံးကို တကယ်ကို နာကျင်စေခဲ့တာပဲ” လို့ပေါ့။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မစဉ်းစားမိတယ်။ “ဘုရားသခင်သည် လူတိုင်းအဖို့ ဖြောင့်မတ်ကာ တရားမျှတခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယခင်က သင် မည်သို့ဖြစ်ခဲ့သည်၊ သို့မဟုတ် သင်၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှုကို မကြည့်ပေ။ သူသည် သမ္မာတရားကို သင် လိုက်စားခြင်း ရှိမရှိနှင့် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို သင် လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်သည်။...ဘုရားသခင်က သင့်ကို မှောက်မှားခွင့်ပေးသည်၊ ကျရှုံးခွင့်ပေးပြီး အမှားများ ပြုလုပ်ခွင့်ပေးသည်။ သမ္မာတရားကို နားလည်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ သူ၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်ရန်၊ သူ၏ ရည်ရွယ်ချက်များနှင့်အညီ အရာရာကို လုပ်ဆောင်ရန်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံပြီး လူတို့ ပိုင်ဆိုင်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စစ်မှန်မှုကို စွမ်းဆောင်ရရှိရန် ဘုရားသခင်သည် သင့်အား အခွင့်အရေးများနှင့် အချိန်ကာလကို ပေးလိမ့်မည်။ သို့ရာတွင် ဘုရားသခင် အစက်ဆုပ်ဆုံးသော လူမှာ မည်သူနည်း။ မိမိတို့ စိတ်နှလုံးတွင် သမ္မာတရားကို သိလင့်ကစား လက်တွေ့လုပ်ဆောင်ဖို့ ဝေးစွ ထိုသမ္မာတရားကို လက်ခံရန် ငြင်းပယ်သည့်သူ ဖြစ်သည်။ ထိုအစား ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်နေကြဆဲဖြစ်သည့်တိုင် အခြားသူများကို အထင်အမြင်မှားစေပြီး ဘုရားအိမ်တော်တွင် ရာထူးတစ်ခု ရရှိရန်လည်း ကြိုးစားနေစဉ်တွင် မိမိတို့ကိုယ်ကို အတော် ကောင်းမြတ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံတတ်သည်ဟု ယူဆကြလေသည်။ ဘုရားသခင်သည် ဤလူစားမျိုးကို အစက်ဆုပ်ဆုံးဖြစ်သည်၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်သည်။ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသော်လည်း ဤလုပ်ရပ်များသည် မတူကွဲပြားသည့် သဘာဝတစ်ခုနှင့် သက်ဆိုင်ပေသည်။ ယင်းသည် သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်း၏ ပုံမှန် ထုတ်ဖော်ပြခြင်းတစ်ခု မဟုတ်ပေ။ ထို့ထက် သင်သည် သတိရှိစွာနှင့် ခေါင်းမာစွာ အဆုံးထိ ဘုရားသခင်ကို အတိုက်အခံလုပ်လေသည်။ ဘုရားသခင် တည်ရှိကြောင်း သင် သိသည်၊ ဘုရားသခင်ကို သင်ယုံကြည်သည့်တိုင် သူ့ကို အတိုက်အခံလုပ်ရန် တမင်သက်သက် သင် ရွေးချယ်၏။ ဤသည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် အထင်လွဲခြင်း ပြဿနာတစ်ခု ရှိခြင်း မဟုတ်ပေ။ ထိုအစား သင်သည် အဆုံးထိ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်လေသည်။ ဘုရားသခင်သည် ဤကဲ့သို့သော တစ်စုံတစ်ဦးကို ကယ်တင်နိုင်သလော။ ဘုရားသခင်သည် သင့်ကို မကယ်တင်ပေ။ သင်သည် ဘုရားသခင်၏ ရန်သူဖြစ်၏၊ ထို့ကြောင့် သင်သည် နတ်ဆိုးဖြစ်သည်။ နတ်ဆိုးများကို ဘုရားသခင် ကယ်တင်နိုင်သေးသလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားသခင်ဟာ လူတွေအပေါ် တရားမျှတတယ်ဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။ ဘုရားသခင်က လူတွေကို ခဏတာအမှားတွေ၊ ကျရှုံးမှုတွေကြောင့် ဖယ်ရှားရှင်းလင်းတာမဟုတ်ဘဲ၊ သူတို့က သမ္မာတရားကို ဇွတ်ငြင်းပယ်ပြီး ခေါင်းမာမာနဲ့ သူ့ကို ဆန့်ကျင်တဲ့အခါကျမှ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာဖြစ်တယ်။ သမ္မာတရားကို နားမလည်လို့ လူတွေကို ပိုင်းခြားသိမြင်တဲ့နေရာမှာ အမှားတွေလုပ်ခဲ့ပေမဲ့၊ ဘယ်သူကမှ ဒီအတွက်ကြောင့် ကျွန်မကို တာဝန်ခံခိုင်းတာ၊ ဒီတာဝန်ကို ဆက်ထမ်းဆောင်ခွင့်ကို ပိတ်ပင်တာမျိုး မလုပ်ခဲ့ဘူးဆိုတာကို ကျွန်မ တွေးမိတယ်။ ကျွန်မရဲ့ အားနည်ချက်တွေကို ပြုပြင်ပေးဖို့အတွက် ဆိုးယုတ်သူတွေကို ပိုင်းခြားသိမြင်ခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်နိုင်အောင် ဘုရားသခင်က ကျွန်မရဲ့ အမှားတွေကို အသုံးချနေတာပါ။ လင်ဖန် ဘာကြောင့် ကျရှုံးခဲ့ရသလဲဆိုတာကို ကျွန်မ ထပ်ပြီးစဉ်းစားမိတယ်။ မကြာသေးခင်က သူ့တာဝန်မှာ မှားယွင်းတဲ့ရည်ရွယ်ချက်တွေရှိတဲ့အကြောင်း သူပြောတာကို ကျွန်မကြားခဲ့ရတယ်။ အလုပ်ရလဒ်မကောင်းတာကို တွေ့တဲ့အခါ အလုပ်ကို သူ့တွဲဖက်ဆီ ပုံချခဲ့ပြီး ကိုယ်တိုင်တာဝန်မယူခဲ့ဘူး။ အထက်ခေါင်းဆောင်က မိတ်သဟာယဖွဲ့ပြီး ပြုပြင်ပေးတဲ့အခါမှာလည်း၊ သူက ဆင်ခြေတွေပေးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုဖို့ပဲ ကြိုးစားနေခဲ့တယ်၊ ဒီပြဿနာတွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိဖို့ကို ငြင်းဆန်ခဲ့တယ်။ လင်ဖန် ဖြုတ်ချခံခဲ့ရတာဟာ သူ့အမှားတွေကြောင့်မဟုတ်ပါဘူး၊ အဓိကကတော့ သမ္မာတရားကို လက်မခံဘဲ တာဝန်မဲ့ခဲ့လို့ပဲ။ တခြားကြီးကြပ်ရေးမှူးနှစ်ယောက်လည်း ရှိသေးတယ်။ တစ်ယောက်က မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်၊ အာဏာရှင်ဆန်ပြီး အာဏာအားလုံးကို ကိုင်စွဲချင်တယ်၊ တခြားသူတွေက သူ့စကားနားမထောင်ရင် သူတို့ကို ဖိနှိပ်ပြီး ညှဉ်းပန်းဖို့ ကြိုးစားတယ်။ နောက်တစ်ယောက်ကတော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ တစိုက်မတ်မတ်လိုက်စားပြီး သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ပြီး ဖယ်ကြဉ်ခဲ့တယ်။ သူတို့နှစ်ယောက်လုံးဟာ အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်ခဲ့ကြပြီး ဒုစရိုက်မှုတွေ အများကြီးကြောင့် နှင်ထုတ်ခံခဲ့ရတာပဲ။ ဘုရားသခင်ဟာ ဖြောင့်မတ်မှန်း၊ လူတွေရဲ့ တာဝန်တွေမှာ အမှားလုပ်မိရုံနဲ့ သူတို့ကို ဖြုတ်မချဘဲ၊ မဖယ်ရှားဘဲ သမ္မာတရားနဲ့ ဘုရားသခင်အပေါ် လူတွေရဲ့ သဘောထားနဲ့ သူတို့လျှောက်လှမ်းတဲ့ လမ်းကြောင်းတို့အပေါ်မှာ မူတည်မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ သူတို့ရဲ့ မပြောင်းလဲတဲ့ အပြုအမူတွေအရ၊ သူတို့ရဲ့ သဘာဝ အနှစ်သာရက သမ္မာတရားကို တော်တော့်ကို မနှစ်မြို့ဘူး၊ မုန်းတီးတယ်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ လိုက်စားပြီး အသင်းတော်ရဲ့အလုပ်ကို လုံးဝမကာကွယ်ခဲ့တဲ့အတွက် ဘုရားသခင်က ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခဲ့တာဆိုတာ ရှင်းနေတာပဲ။ ဒါပေမဲ့ ကျွန်မကတော့ အဆင့်အတန်းရှိပြီး တာဝန်ကြီးကြီးယူရတဲ့သူတွေက ပိုပြီး ထုတ်ဖော်ခံဖို့လွယ်တယ်၊ ဖယ်ရှားရှင်းလင်းခံဖို့လွယ်တယ်။ လုပ်စရာတာဝန်နည်းတဲ့ သာမန်ညီအစ်ကိုမောင်နှမတစ်ယောက်အနေနဲ့ဆိုရင်တော့ ကြုံရတဲ့ အမှုအရာတွေလည်းနည်းတော့ ပြစ်မှားမှု ကျုးလွန်တာတွေလည်းနည်းပြီး ထုတ်ဖော်ခံရတာ၊ ဖယ်ရှားရှင်းလင်းခံရတာကို ရှောင်ရှားနိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေ သက်သက်ပါပဲ။ ကျွန်မဟာ ဘုရားသခင်ကို အမြဲတမ်း သတိထားရှောင်နေပြီး ကိုယ့်တာဝန်ကို ရှောင်နေခဲ့တယ်။ တကယ်လို့ ကျွန်မ ပြစ်မှားမှု မကျုးလွန်ခဲ့ရင်တောင်မှ သမ္မာတရားကို မလိုက်စားခဲ့ရင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သန့်စင်ခြင်း ဒါမှမဟုတ် ပြောင်းလဲခြင်းကို ခံရမှာမဟုတ်ဘူး၊ ကယ်တင်ခြင်းကိုလည်း ရမှာမဟုတ်ဘူး၊ နောက်ဆုံးမှာတော့ ကောင်းတဲ့အဆုံးသတ်လည်း ရှိဦးမှာမဟုတ်ဘူး။ ဒီအချက်ကို စိတ်ထဲမှာထားပြီး ဒီတာဝန်ကို လက်ခံဖို့ ကျွန်မ ဆန္ဒရှိလာခဲ့တယ်။ ဘုရားသခင်က လူတစ်ယောက်ရဲ့ တာဝန်မှာ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေ ရှိတာကို ခွင့်ပြုထားတယ်၊ လူတစ်ယောက်ဟာ အဲဒီနောက်မှာ သမ္မာတရားကို ရှာဖွေ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး အဲဒီလမ်းလွဲမှုတွေကို ချက်ချင်းပြုပြင်နိုင်သရွေ့ ဘုရားသခင်က သူတို့ကို ဆက်ပြီးလမ်းပြနေမှာပဲ။ ဒါကို စဉ်းစားကြည့်လိုက်တော့၊ ကျွန်မ ဖယ်ရှားရေးအလုပ်ကို လုပ်လာတာ အတော်လေးကြာပြီ၊ ပိုင်းခြားသိမြင်ခြင်းဆိုင်ရာ စည်းမျဉ်းတချို့ကိုလည်း နားလည်လာပြီဆိုတာ တွေ့ရတယ်။ အသင်းတော်အလုပ်ကို ထမ်းဆောင်ဖို့ လူတွေ အရေးတကြီးလိုအပ်နေတယ်၊ ဒါကြောင့် ကျွန်မဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး ဖယ်ရှားရေးအလုပ်ကို အကောင်းဆုံးထမ်းဆောင်ရမယ်၊ ဒါဟာ ကျွန်မမှာရှိရမယ့် ဆင်ခြင်တုံတရားနဲ့ ကျိုးနွံနာခံခြင်းပဲ။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အဆုံးသတ်နဲ့ ကိုယ့်ပန်းတိုင်အကြောင်းတွေနဲ့ပဲ ပြည့်နေခဲ့တယ်။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ပြီးဖတ်ခဲ့တယ်။ “ကောင်းချီးများအား လိုက်စားခြင်းကို ရည်မှန်းချက်တစ်ခုအဖြစ် မှတ်ယူခြင်းသည် မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ယင်းသည် သမ္မာတရားနှင့် လုံးလုံးဆန့်ကျင်ပြီး လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်ဖြင့် ထပ်တူညီခြင်းမရှိ။ ကောင်းချီးခံစားရခြင်းသည် လူတို့လိုက်စားရန်အတွက် သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု မဟုတ်သောကြောင့် အဘယ်အရာက သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု ဖြစ်သနည်း။ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပြောင်းလဲမှုများကို လိုက်စားခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများဖြင့် အစီအစဉ်များအားလုံးကို ကျိုးနွံနာခံနိုင်ခြင်း၊ ဤအရာတို့သည် လူတို့ လိုက်စားသင့်သည့် ရည်မှန်းချက်များဖြစ်သည်။ ဥပမာအားဖြင့် ပြုပြင်ခံရခြင်းက သင့်ကို အယူအဆများ၊ နားလည်မှုလွဲခြင်းများဖြစ်စေပြီး သင်သည် ကျိုးနွံနာခံခြင်းကို မလုပ်ဆောင်နိုင် ဖြစ်လာသည်ဆိုပါစို့။ အဘယ့်ကြောင့် မကျိုးနွံမနာခံနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ကောင်းချီးခံစားရဖို့ဖြစ်သည့် သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အိပ်မက်ကို ခက်ခဲသွားစေသည်ဟု သင် ခံစားရခြင်းကြောင့်ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်လာပြီး စိတ်မကောင်းဖြစ်လာသည်။ ပြီးလျှင် သင်၏တာဝန်ကို စွန့်လွှတ်လိုသည်။ ဤအရာအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ သင်၏ အားထုတ်လိုက်စားမှုတွင် ပြဿနာတစ်ခုရှိသည်။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤမှားယွင်းသော စိတ်ကူးများကို သင် ချက်ချင်းစွန့်ပစ်ရန်၊ သင်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ချက်ချင်းရှာဖွေရန် အလွန်အရေးကြီးသည်။ သင်သည် မိမိကိုယ်ကို ‘ငါ နုတ်ထွက်၍မဖြစ်။ ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို ငါ ကောင်းစွာထမ်းဆောင်ရဦးမည်ဖြစ်ပြီး ကောင်းချီးခံစားရဖို့ ငါ၏ ဆန္ဒကို ဘေးချထားရမည်’ ဟူ၍ ပြောသင့်သည်။ သင်သည် ကောင်းချီးခံစားရဖို့ ဆန္ဒကို စွန့်လွှတ်ပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သောအခါတွင် သင်၏ ပခုံး၌ ဝန်တစ်ခုပေါ့သွားသည်။ သင်သည် အပျက်သဘောဆောင်နိုင်စွမ်း ရှိဦးမည်လော။ သင် အပျက်သဘောဆောင်သည့် အချိန်များရှိဆဲဖြစ်သော်လည်း သင်က ဤအရာကို သင့်အား ဘောင်ခတ်ခွင့်မပြုဘဲ သင်၏ စိတ်နှလုံးတွင် ဆက်လက်၍ ဆုတောင်းကာ ကြိုးစားသည်။ သင်၏ လိုက်စားမှု ရည်မှန်းချက်ကို ကောင်းချီးခံရခြင်းနှင့် ခရီးပန်းတိုင်တစ်ခုထားရှိခြင်းမှ သမ္မာတရား လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲပြီး ‘သမ္မာတရားကို လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ဖြစ်သည်။ ယနေ့တွင် သမ္မာတရားအချို့ကို နားလည်ရန်အတွက် ပိုကောင်းသော အကျိုးတရားမရှိ။ ဤသည်မှာ အားလုံးထဲတွင် အကြီးမြတ်ဆုံးကောင်းချီးဖြစ်သည်။ ဘုရားသခင်က ငါ့အား အလိုမရှိလျှင်ပင်၊ ငါသည် ကောင်းမွန်သော ခရီးပန်းတိုင်မရှိဘဲ ငါ၏ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်များ ကြေမွသွားခဲ့လျှင်ပင် ငါ၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ဦးမည်။ ငါ ထိုသို့လုပ်ဆောင်ရန် ဝတ္တရားရှိသည်။ ငါ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ရာတွင် မည်သည့်အကြောင်းပြချက်ကိုမျှ ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ရာတွင် ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဤသည်မှာ ငါပြုမူနေထိုင်သည့် စည်းမျဉ်းဖြစ်သည်’ ဟူ၍ သင် စဉ်းစားသည်။ ဤတွင် သင်သည် ဇာတိပကတိ၏ ဘောင်ခတ်မှုများကို ကျော်လွန်ပြီးဖြစ်သည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသက်ဝင်ရောက်မှု ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်၏)လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း၌ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ လူတစ်ယောက်ဟာ ကောင်းချီးမင်္ဂလာတွေ ခံစားရသည်ဖြစ်စေ၊ ကံဆိုးမိုးမှောင်ကျမှုကို ခံစားရသည်ဖြစ်စေ၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းဟာ လုံးဝကို သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်ဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။ လူတွေဟာ ဘုရားသခင်နောက်ကို လိုက်တဲ့အတွက်ကြောင့် ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်၊ ဒါဟာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ဘဝကို ရှင်သန်နေထိုင်ခြင်းပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က လူတွေဟာ သူတို့ရဲ့တာဝန်ကနေတစ်ဆင့် သမ္မာတရား လက်တွေ့ကျမှုထဲကို ဝင်ရောက်စေဖို့ပဲ။ လူတစ်ယောက်ရဲ့ တာဝန်ထမ်းဆောင်နေတုန်းအချိန်မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအမျိုးမျိုး ထုတ်ဖော်ခံရမယ်၊ အားနည်းချက်အများကြီးလည်း ဖော်ထုတ်ခံရလိမ့်မယ်။ ဒီအခွင့်အရေးကနေတစ်ဆင့် လူတစ်ယောက်ဟာ သမ္မာတရားကို ရှာဖွေနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်တယ်၊ အဲဒီနည်းနဲ့ သန့်စင်ပြောင်းလဲခြင်းကို ခံရနိုင်တယ်။ အခု ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ လေ့ကျင့်နေရတဲ့အခါ အခက်အခဲတွေ ရင်ဆိုင်နေရပေမဲ့လည်း၊ ကျွန်မ ဘုရားသခင်ကို ပိုပြီးကိုးစားနိုင်တယ်၊ သမ္မာတရား လိုက်စားဖို့ အာရုံစိုက်နိုင်တယ်၊ စည်းမျဉ်းတွေနဲ့အညီ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်တယ်၊ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းပြီး ကိုယ့်ရဲ့သစ္စာစောင့်သိမှုကို ပြသနိုင်တယ်။ တကယ်လို့ လေ့ကျင့်ချိန်ကာလတစ်ခုပြီးတဲ့နောက်မှာ အရည်အချင်းမပြည့်မီလို့ တာဝန်နေရာပြောင်းရွှေ့ခံခဲ့ရရင်တောင် ကျွန်မ နောင်တရမှာမဟုတ်ဘူး။

ရှေ့ဆက်ပြီးတော့ ကြီးကြပ်ရေးမှူးတာဝန်ကို ထမ်းဆောင်တဲ့အခါ အခက်အခဲတွေကြုံရသည်ဖြစ်စေ၊ တာဝန်မှာ လမ်းလွဲမှုတွေရှိသည်ဖြစ်စေ၊ အဲဒါကို သမ္မာတရားရရှိဖို့ အခွင့်အရေးကောင်းတစ်ခုအဖြစ် ကျွန်မရှုမြင်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေနဲ့ ဒီအကြောင်းအရာတွေကို မိတ်သဟာယဖွဲ့ပြီး အနှစ်ချုပ်တယ်၊ ပြီးတော့ သက်ဆိုင်ရာ သမ္မာတရားစည်းမျဉ်းတွေကို လိုက်စားခဲ့တယ်။ တဖြည်းဖြည်းနဲ့ အရင်ကနားမလည်ခဲ့တဲ့ သမ္မာတရားတွေက ပိုပြီးရှင်းလင်းလာပြီး တိုးတက်မှုတချို့ ရှိလာခဲ့တယ်။ အခုဆိုရင် ကျွန်မ ဘုရားသခင်ကို သတိထားမရှောင်တော့ဘူး၊ ဘုရားသခင်စီစဉ်တဲ့ အခြေအနေတိုင်းမှာ လက်တွေ့ကျကျ သင်ခန်းစာပဲ ယူချင်ပါတယ်။ ကျွန်မကို စစ်မှန်တဲ့အကျိုးကျေးဇူးနဲ့ အမှန်တကယ် သိနားလည်မှုတချို့ ရရှိစေခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

တာဝန်တွင် အပြောင်းအလဲများက ကျွန်မကို ဖော်ထုတ်ခဲ့သည်

မုကျိန်း အမေရိကန်နိုင်ငံ အသင်းတော်မှာ ဗီဒီယိုတွေကို ကျွန်မ လုပ်နေတာ။ ဒါပေမဲ့ လုပ်စရာသိပ်မရှိတော့ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့ဆီ...

ဂုဏ်အဆင့်အတန်းနောက်သို့လိုက်ခြင်း၏ ဆင်းရဲဒုက္ခ

ကျိန်းယွမ် တရုတ်နိုင်ငံ ၂၀၁၇မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ အသင်းတော်တချို့ရဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက်...

ဂုဏ်အဆင့်အတန်းမှ လွတ်မြောက်မှုကို ရှာဖွေခြင်း

ဒေါင်အန်း ပြင်သစ်၂၀၁၉ ခုနှစ်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သည်။ ကျွန်မသည် အကြောင်းကိစ္စများကို ကိုယ်ပိုင် နည်းလမ်းနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။