မိမိကိုယ်ကို သူတစ်ပါးဖြင့် နှိုင်းယှဉ်ခြင်းအားဖြင့် ဖြစ်ပေါ်လာသည့် နာကျင်မှု

14.04.2026

ရေးသူ- ရွှီထောင်း၊ တရုတ်နိုင်ငံ

၂၀၂၃ ခုနှစ်တုန်းက အသင်းတော်မှာ လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ လေ့ကျင့်မှုတွေကတစ်ဆင့် ကဏ္ဍအသီးသီးက စည်းမျဉ်းတချို့ကို ကျွန်မ သဘောပေါက်လာနိုင်ခဲ့တယ်။ ကျွန်မနဲ့ တွဲဖက်လုပ်ဆောင်တဲ့ ညီအစ်မတွေက လေ့ကျင့်တာ သိပ်မကြာသေးတော့၊ သူတို့ရဲ့ တာဝန်တွေမှာဖြစ်ဖြစ်၊ ကိုယ်ပိုင် အသက် ဝင်ရောက်မှုမှာဖြစ်ဖြစ် အခက်အခဲတွေ ကြုံရတဲ့အခါ၊ ဖြေရှင်းဖို့ ကျွန်မဆီ လာအကူအညီတောင်းတတ်ကြတယ်။ အဖွဲ့ထဲမှာ ကျွန်မက အရေးပါတဲ့လူတစ်ယောက်လူမျိုး နည်းနည်း ခံစားရပြီး၊ သူများတွေက အားကိုးတာ၊ အထင်ကြီးလေးစားတာကို ခံရတာကို ကျွန်မ သဘောကျခဲ့တယ်။ တစ်နေ့ကျတော့ ကြီးကြပ်ရေးမှူးဆီက စာတစ်စောင် ရုတ်တရက် ရခဲ့တယ်။ ဧဝံဂေလိ တရားဟောချက်တွေကို သုံးသပ်ပေးဖို့ တောင်းဆိုထားတယ်။ ဒါနဲ့ ကျွန်မ စိတ်နည်းနည်း ဂနာမငြိမ် ဖြစ်သွားပြီး၊ “လူသစ်တွေကို ရေလောင်းပေးတဲ့ နေရာမှာ စည်းမျဉ်းတချို့ကို ငါသဘောပေါက်ထားပြီးပြီ၊ ဒီတာဝန်ကိုလည်း တော်တော်လေး ကျွမ်းကျင်နေပြီလို့ ခံစားရတယ်။ ဒါပေမဲ့ တာဝန်သစ်တစ်ခုကိုသာ ယူလိုက်ရင် အစကနေ ပြန်လေ့ကျင့်ပြီး အလုပ်သဘောသဘာဝကို အသစ်ကနေ ပြန်သင်ယူရဦးမယ်။ ပြီးတော့ ဒီတာဝန်ကို သေချာမထမ်းဆောင်လို့ ဖြုတ်ချခံရရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လို ထင်ကြမလဲ။ ငါ လုံးဝ အရှက်ကွဲသွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ သေချာ စဉ်းစားကြည့်ပြီးတဲ့နောက် လက်ရှိတာဝန်မှာပဲ နေတာက ငါ့အတွက် ပိုစိတ်ချရမယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ဒါက အသင်းတော်ရဲ့ စီစဉ်မှုဆိုတာကို တွေးမိတော့၊ ငြင်းလိုက်ရင် ငါ့မှာ ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့နေသလို ဖြစ်သွားမယ်လို့ ခံစားရတာနဲ့၊ အင်တင်တင်နဲ့ပဲ ကျွန်မ ကျိုးနွံနာခံလိုက်တယ်။

အစပိုင်းမှာတော့ ညီအစ်မ ယွီရှင်းက စည်းမျဉ်းတွေကို သင်ယူဖို့ ကျွန်မကို လမ်းပြပေးခဲ့တယ်။ ကျွန်မ နားမလည်တာ ရှိတဲ့အခါ အချက်အလက်တွေကို အတူတူ ရှာဖွေခဲ့ကြပြီး၊ တဖြည်းဖြည်းနဲ့ တရားဟောချက်တွေကို သုံးသပ်ဖို့ စည်းမျဉ်းတချို့ကို ကျွန်မ သဘောပေါက်စပြုလာတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီတာဝန်ကို ငါ ထမ်းဆောင်နိုင်သားပဲ” လို့ပေါ့။ ရက်အနည်းငယ် ကြာတော့ ညီအစ်မ ချင်းမင်က အဖွဲ့ထဲ ရောက်လာတယ်။ အစပိုင်းမှာ ချင်းမင်က သူ့အမြင်တွေကို သိပ်မပြောပေမဲ့၊ တစ်ပတ်လောက် ကြာတဲ့အခါ၊ သူ တော်တော်လေး တိုးတက်လာတာကို ကျွန်မ သတိထားမိတယ်။ တရားဟောချက်တစ်ခုကို ဖတ်ပြီးလို့ ကျွန်မက ပြဿနာတွေကို ရှာမတွေ့သေးတဲ့အချိန်မှာ သူက အဲဒီထဲက ပြဿနာတွေကို ထောက်ပြနိုင်နေပြီလေ။ တရားဟောချက် တော်တော်များများမှာ ဆက်တိုက်ဆိုသလို ပြဿနာတွေကို သူက အရင်ဆုံး မြင်တွေ့ခဲ့တာပဲ။ ဒါနဲ့ ကျွန်မ စိုးရိမ်စိတ်တွေ ဝင်လာတာကို မတားဆီးနိုင်တော့ဘူး။ “ချင်းမင်က ငါ့ထက် နောက်မှ ရောက်လာတာကို ပိုပြီး မြန်မြန် တိုးတက်နေတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ငါ ပိုလို့တောင် သူ့နောက်မှာ ကျန်ရစ်ခဲ့မှာ မဟုတ်ဘူးလား။ အဲဒါဆို အဖွဲ့ထဲမှာ ငါက အညံ့ဆုံး ဖြစ်သွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒီအတွေးကြောင့် ကျွန်မ တော်တော်လေး စိတ်မကောင်း ဖြစ်သွားတယ်။ နောက်ပိုင်း ကျွန်မတို့ တရားဟောချက်တွေကို အတူတူ သုံးသပ်ကြတဲ့အခါတိုင်း၊ ပြဿနာတွေကို ငါမမြင်ဘဲ နေမလား၊ ဒါမှမဟုတ် ငါ့အမြင်တွေက မတိကျဘဲ ဖြစ်နေမလားဆိုပြီး ကျွန်မ စိတ်ပူနေခဲ့တယ်။ တစ်ခါတလေဆိုရင် တရားဟောချက်တစ်ခုကို ဖတ်ပြီးလို့၊ ကျွန်မ စဉ်းစားနေတုန်းမှာပဲ၊ ချင်းမင်က သူ့ရဲ့ ယုတ္တိရှိတဲ့ အမြင်တွေကို စပြီး ဝေမျှတော့တာပဲ။ သူ့ရဲ့ သုံးသပ်ချက်တွေကို ယွီရှင်းကလည်း သဘောတူတယ်။ သူတို့နှစ်ယောက် ရယ်မောပြီး အဲဒီအကြောင်းတွေ အတူတူ ဆွေးနွေးနေကြတာကို မြင်ရတဲ့အခါ၊ ကျွန်မက အဖတ်မလုပ်ခံရသလို ခံစားရပြီး၊ စိတ်ထဲမှာ အရမ်း ကျဉ်းကျပ်လာတဲ့အပြင် အဲဒီကနေ ထွက်သွားချင်စိတ်တောင် ပေါက်လာတယ်။ ပြီးတော့ ကျွန်မ သံသယတောင် ဝင်စပြုလာတယ်။ “တစ်နေ့နေ့ ကြီးကြပ်ရေးမှူးက စုဝေးပွဲကို လာလို့ ငါ မတိုးတက်တာကို မြင်သွားရင်၊ ငါ့မှာ အစွမ်းအစ မရှိဘူး၊ ဒီတာဝန်ကို ငါ့ကို ပေးလိုက်တာ မှားသွားတယ်လို့များ သူ ထင်မလား။ ငါ့ရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့်သာ ငါ ဖြုတ်ချခံရရင် လုံးဝကို အရှက်ကွဲတော့မှာပဲ” လို့ပေါ့။ လူသစ်တွေကို ရေလောင်းပေးတဲ့ ကျွန်မရဲ့တာဝန် ထမ်းဆောင်ခဲ့တဲ့အချိန်ကို ကျွန်မ ပြန်မတွေးဘဲ မနေနိုင်ခဲ့ဘူး။ အဲဒီတုန်းက အဖွဲ့ထဲမှာ ကျွန်မက အဓိကလူတစ်ယောက် ဖြစ်ခဲ့ပြီး၊ ကျွန်မရဲ့ အလုပ်ဖော် ညီအစ်မတွေက အလုပ်ပြဿနာတွေနဲ့ ပတ်သက်လာရင် ကျွန်မဆီ လာအကူအညီတောင်းကြတယ်။ ပြီးတော့ ဆွေးနွေးတဲ့အခါ အချိန်အများစုမှာ ကျွန်မရဲ့ အကြံပြုချက်တွေကို လက်ခံကျင့်သုံးကြတယ်လေ။ ဒါပေမဲ့ အခုတော့ အဖွဲ့ထဲမှာ ကျွန်မက အညံ့ဆုံး ဖြစ်နေပြီ။ ဒီလောက်ထိ ညံ့ဖျင်းနေတာကို ကျွန်မ လုံးဝ လက်မခံနိုင်ခဲ့ဘူး။ အဲဒီအကြောင်းကို တွေးမိလေလေ၊ ပိုပြီး နောင်တရလေလေပဲ။ “ကိစ္စတွေ ဒီလိုဖြစ်လာမယ်မှန်းသာ ငါသိခဲ့ရင်၊ ငါ့ကိုယ်ငါ အရှက်ကွဲစေမယ့် ဒီတာဝန်ကို ငါ ယူခဲ့မှာ မဟုတ်ဘူး” လို့ တွေးမိတယ်။ ဆက်တိုက်ဆိုသလို ရက်အတော်ကြာကြာ ကျွန်မဟာ စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေထဲမှာ ပိတ်မိနေခဲ့တယ်။ ကိုယ့်တာဝန်မှာ ပိုပြီး မတက်မကြွဖြစ်လာတဲ့အပြင် တရားဟောချက်တွေကို သုံးသပ်တဲ့အခါမှာလည်း ပြဿနာတွေကို ကျွန်မ ပိုင်းခြားသိမြင်နိုင်တာမျိုး မရှိဘူး။ ကျွန်မရဲ့ အခြေအနေ မမှန်တော့ဘူးဆိုတာကို သတိပြုမိတဲ့အတွက် ဘုရားသခင်ရှေ့မှောက်လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး တကယ်ကို အပျက်သဘောဆောင်နေပါတယ်။ သမီးရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့် တာဝန်ပြောင်းခံရမှာကို တွေးမိရုံနဲ့တင် သမီး အရှက်ရပါတယ်။ ဒီအခြေအနေထဲမှာ သမီး မနေချင်တော့တဲ့အပြင် စာတန် ကြိုးကိုင်ညွှန်ကြားတာကိုလည်း မခံချင်တော့ပါဘူး။ ဒီအခြေအနေထဲကနေ ထွက်လာနိုင်ဖို့ သမီးကို လမ်းပြပေးတော်မူပါ” ပေါ့။

ကျွန်မ ဝတ်ပြုချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “လူခပ်သိမ်းတို့သည် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း၊ မျှော်လင့်ချက် ကင်းမဲ့နေခြင်းနှင့် နုနယ်ခြင်းတို့ကဲ့သို့သော မမှန်ကန်သည့် အခြေအနေအချို့ ၎င်းတို့အတွင်း၌ ရှိ၏။ သို့မဟုတ် ၎င်းတို့တွင် ယုတ်ညံ့သော ကြံရွယ်ချက်များရှိသည်။ သို့မဟုတ် မိမိတို့၏ မာန၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားများဖြင့် စဉ်ဆက်မပြတ် သောကရောက်ကြသည်။ သို့မဟုတ် ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစရှိသည်ဟု တွေးထင်ကြပြီး အပျက်သဘောဆောင်သည့် အခြေအနေအချို့ကို ၎င်းတို့ တွေ့ကြုံကြရသည်။ သင်သည် ဤအခြေအနေများတွင် အမြဲ အသက်ရှင်ပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရရှိရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် သင့်အတွက် ခက်ခဲပါက သင့်အတွင်းရှိ တက်ကြွသော အရိပ်လက္ခဏာများ နည်းပါးလိမ့်မည်ဖြစ်ပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ပေါ်ထွက်လာကာ သင့်ကို နှောင့်ယှက်လိမ့်မည်။ လူတို့သည် ထိုအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော အခြေအနေများကို ချုပ်တည်းရန် မိမိတို့ကိုယ်ပိုင် စိတ်စွမ်းအားအပေါ်သာ အမြဲ မှီခိုကြသည်။ သို့ရာတွင် ယင်းတို့ကို ၎င်းတို့ မည်မျှ ခါချပါစေ ခါမချနိုင်ကြချေ။ ဤအရာအတွက် အဓိကအကြောင်းရင်းမှာ လူတို့သည် ဤအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသောအရာများကို လုံးလုံးလျားလျား ပိုင်းခြားမသိမြင်နိုင်ခြင်း ဖြစ်သည်။ ယင်းတို့၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ ဤအရာက ၎င်းတို့အတွက် ဇာတိပကတိနှင့် စာတန်ကို ပုန်ကန်ရန် အလွန်ခက်ခဲစေသည်။ ထို့အပြင် လူတို့သည် ဤအပျက်သဘောဆောင်သည့်၊ စိတ်အားငယ်ပြီး ဆုတ်ယုတ်သော အခြေအနေများတွင် အမြဲ ပိတ်မိကြပြီး ၎င်းတို့သည် ဆုမတောင်းကြဘဲ၊ သို့မဟုတ် ဘုရားသခင်ကို အားမကိုးကြဘဲ ထိုအစား ယင်းတို့ကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားကြသည်။ အကျိုးဆက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲ၌ အလုပ်မလုပ်သကဲ့သို့ ၎င်းတို့သည် ထိုအကြောင်းကြောင့် သမ္မာတရားကို နားမလည်နိုင်ကြ၊ ၎င်းတို့ လုပ်သမျှတိုင်းတွင် လမ်းကြောင်းတစ်ခု ကင်းမဲ့ပြီး မည်သည့်ကိစ္စကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ သင့်အတွင်းတွင် အပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော အရာများစွာ များလွန်းပြီး ယင်းတို့က သင်၏ စိတ်နှလုံးကို ဖြည့်ပြီးဖြစ်သောကြောင့် သင်သည် စိတ်ဝိညာဉ်၌ မကြာခဏ အပျက်သဘောဆောင်၍ အားငယ်ကာ ဘုရားသခင်ထံမှ ပို၍ပို၍ သွေဖည်သွားပြီး အားနည်းသည်ထက် အားနည်းလာခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလုပ်ကို သင် မရရှိနိုင်ပါက ဤအခြေအနေများကို သင်လွတ်မြောက်နိုင်လိမ့်မည်မဟုတ်သကဲ့သို့ သင်၏ အပျက်သဘောဆောင်သော အခြေအနေများသည် ပြောင်းလဲသွားလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်မနေပါက လမ်းကြောင်းတစ်ခုကို သင်ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်း နှစ်ခုကြောင့် သင်၏ အပျက်သဘောဆောင်သော အခြေအနေကို စွန့်ပယ်ပြီး ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ရန် သင့်အတွက် အလွန်ခက်၏။...လူတို့၏ စိတ်နှလုံးများကို ဆိုးယုတ်သော အရာများက လုံးဝ နေရာယူထား၏။ ဤသည်မှာ အားလုံးအတွက် မြင်ရန် ရှင်းလင်းသိသာပေသည်။ ဤအရာများကို သင် မဖယ်ထုတ်ပါက၊ ဤအပျက်သဘောဆောင်သော အခြေအနေများကို သင် မစွန့်ပယ်နိုင်ပါက ကလေးသူငယ်တစ်ဦး၏ သဏ္ဌာန်ကဲ့သို့ သင့်ကိုယ်သင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ရှေ့မှောက်သို့ တက်ကြွ၊ နှစ်သက်ဖွယ်ဖြစ်သော၊ အပြစ်ကင်း၊ ရိုးရှင်းကာ မှန်ကန်ပြီး ဖြူစင်သော နည်းလမ်းဖြင့် လာနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၊ သို့မဟုတ် သမ္မာတရားကို ရရှိရန် သင့်အတွက် ခက်ခဲလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို သေချာ စဉ်းစားဆင်ခြင်ကြည့်တဲ့အခါ၊ လူတစ်ယောက်က သန့်စင်ပြီး ရိုးသားတဲ့ စိတ်နှလုံးမရှိဘဲ တာဝန် ထမ်းဆောင်ရင်၊ ကိုယ့်တာဝန်ကို အာရုံစိုက်မယ့်အစား ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် အမြဲတမ်း တွက်ချက်နေရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရရှိဖို့ အရမ်းခက်ခဲတယ်ဆိုတာကို ကျွန်မ နားလည်လာတယ်။ ပြန်တွေးကြည့်တဲ့အခါ လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက ငါ့ခေါင်းထဲမှာ ဘာလို့ ခဏခဏ ဗလာဖြစ်နေရတာလဲ၊ တရားဟောချက်တွေထဲမှာ ပြဿနာတွေ ရှိမရှိ ဘာလို့ ပိုင်းခြားသိမြင်နိုင်တာမျိုး မရှိခဲ့တာလဲ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ဘာလို့ မခံစားနိုင်ခဲ့တာလဲဆိုပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်။ အကြောင်းရင်းက ဘုရားသခင်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးက ပုံမှန်မဟုတ်တော့လို့ပဲ။ တရားဟောချက်တွေကို စပြီး သုံးသပ်ခဲ့တဲ့ အချိန်တုန်းကကို ကျွန်မ ပြန်တွေးကြည့်မိတယ်။ ကိုယ့်တာဝန်ကို သေချာထမ်းဆောင်နိုင်ဖို့ သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြင်ဆင်ရမလဲဆိုတာကို ကျွန်မ မစဉ်းစားခဲ့ဘဲ၊ အဲဒီအစား ကျွန်မရဲ့ ဂုဏ်သိက္ခာ၊ အဆင့်အတန်းနဲ့ အဖွဲ့ထဲမှာ အရေးပါတယ်လို့ ခံစားရတဲ့စိတ်တွေကိုပဲ အာရုံစိုက်နေခဲ့တာကို သဘောပေါက်လိုက်တယ်။ ကျွန်မတို့ တရားဟောချက်တွေကို အတူတူ သုံးသပ်ကြတဲ့အခါ ချင်းမင်က ကျွန်မထက် ပိုမြန်မြန် တိုးတက်နေတာကို မြင်တော့ ကျွန်မမှာ စိုးရိမ်စိတ်တွေ ဝင်လာခဲ့တယ်။ ချင်းမင်က ကျွန်မကို ကျော်တက်သွားပြီး ကျွန်မကို အောက်ဆုံးမှာ ချန်ထားရစ်ခဲ့မှာကို အမြဲတမ်း ကြောက်နေခဲ့တယ်။ ကျွန်မက စဉ်းစားနေတုန်းမှာပဲ ချင်းမင်က သူ့အမြင်တွေကို ပြောပြနေပြီဖြစ်ပြီး ယွီရှင်းကလည်း သူ့ကို ထောက်ခံနေတာကို မြင်ရတဲ့အခါ၊ ကျွန်မ အရမ်းကို သိမ်ငယ်သလို ခံစားရပြီး ဒီအခြေအနေကနေ ထွက်ပြေးချင်ခဲ့တယ်။ စာနဲ့ပတ်သက်တဲ့ ဒီတာဝန်ကို ယူခဲ့မိတာကိုတောင် နောင်တရမိတယ်။ ကျွန်မရဲ့ အတွေးတွေ အားလုံးက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအကြောင်းချည်းပဲ ဖြစ်နေပြီး ဘုရားသခင်အပေါ်ထားတဲ့ ရိုးသားမှု တစ်စက်မှ မရှိခဲ့ဘူး။ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင်က ကျွန်မကို မြှင့်တင်ပေးခဲ့တာ၊ ဘုရားသခင်ကို သက်သေခံဖို့ တန်ဖိုးရှိတဲ့ တရားဟောချက်တွေကို ရွေးချယ်နိုင်အောင် စည်းမျဉ်းတွေကို မြန်နိုင်သမျှ မြန်မြန် ကျွန်မ ကြိုးစားလေ့လာပြီး သဘောပေါက်သင့်တာပေါ့။ အဲဒါမှသာ ဘုရားသခင်ကို ကျွန်မ ကျေနပ်စေနိုင်မှာလေ။ ဒါပေမဲ့ ကိုယ့်တာဝန်မှာ ကျွန်မရဲ့ ရည်ရွယ်ချက်တွေက မှားယွင်းနေပြီး စိတ်ထား မမှန်ကန်တဲ့အတွက်၊ ဘုရားသခင်ရဲ့ ဦးဆောင်မှုနဲ့ လမ်းပြမှုကို ကျွန်မ မရရှိနိုင်ခဲ့ဘူး။ အချိန်အတော်ကြာတဲ့အထိ တိုးတက်မှု ဘာမှ မရှိခဲ့ဘူး။ ကျွန်မရဲ့ အသက်တာမှာ ဆုံးရှုံးမှုတွေ ဖြစ်ရုံသာမက အသင်းတော်ရဲ့ အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တယ်။ ကိုယ့်ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ဝတ္တရားတွေကို ဂရုမစိုက်ဘဲ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ ဆက်ပြီး အာရုံစိုက်နေရင်၊ ကျွန်မ တာဝန်ကို ဆုံးရှုံးရလိမ့်မယ်။ ဒါကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မ ကြောက်စိတ် ဝင်လာတာနဲ့၊ ဘုရားသခင်ရှေ့ကို သွားပြီး နောင်တရပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ဝတ္တရားတွေကို သမီး ဂရုမစိုက်ခဲ့ပါဘူး။ ပြီးတော့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ သမီး အမြဲတမ်း လိုက်စားနေခဲ့လို့ ကိုယ်တော့်ကို ရွံရှာစေခဲ့ပါတယ်။ ဘုရားသခင်၊ ဒီမှားယွင်းတဲ့ လမ်းကြောင်းအတိုင်း သမီး ဆက်မသွားချင်တော့ပါဘူး။ နောင်မှာ ကိုယ့်တာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျကျ သမီး ထမ်းဆောင်ချင်ပါတယ်။ သမီးရဲ့ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတော်မူပါလို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အမှန်တကယ်တွင် မည်သူက စဉ်းစားပုံ စဉ်းစားနည်းမှန်ကန်သည်ကို သင် မြင်နိုင်မည်မဟုတ်ပေ။ သို့သော် တစ်ချိန်တည်းတွင် သင်၏ ကိုယ်ပိုင်အယူအဆကိုလည်း စွန့်လွှတ်လိုစိတ် ရှိမည်မဟုတ်ပေ။ ဤသို့သော အခြေအနေမျိုးတွင် သင်သည် သမ္မာတရားကို ရှာဖွေသင့်သည်။ စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ ဘုရားသခင် လိုအပ်သည်မှာ မည်သည့်စံနှုန်းများဖြစ်သည်ကို သင် ရှာဖွေသင့်သည်။ ဘုရားသခင်လိုအပ်သည့် စံနှုန်းများကို သင် ရှာဖွေပြီးသည်နှင့် ထိုအခြားလူနှင့် မိတ်သဟာယဖွဲ့လော့။ ထို့နောက်တွင် သူသည် သူ၏ အမြင်နှင့် အသိပညာအနည်းငယ်ကို မိတ်သဟာယဖွဲ့လျှင် သင်၏ စိတ်နှလုံးသည် ရှင်းလင်းပြီး ဉာဏ်အလင်းရလိမ့်မည်။ သင်က ‘ငါ၏ စဉ်းစားပုံသည် အနည်းငယ် လမ်းလွဲသည်။ အနည်းငယ်ပေါ့တန်သည်။ သူ၏ စဉ်းစားပုံသည် ပို၍ ကောင်းသည်။ ဘုရားသခင် လိုအပ်သော စံနှုန်းများနှင့် ပို၍ နီးစပ်သည်။ ထို့ကြောင့် ငါ၏ စဉ်းစားပုံကို ဘေးဖယ်ထားပြီး သူ၏ စဉ်းစားပုံကို လက်ခံမည်။ နာခံမည်။ သူ၏ နည်းလမ်းအတိုင်း လုပ်ကြစို့’ ဟူ၍ သင့်ဘာသာ စဉ်းစားလိမ့်မည်။ ပြီးလျှင် သူ့ထံမှ တစ်စုံတစ်ခုကို သင်ယူရရှိပြီးသောအခါ သင့်အတွက် အကျိုးမရှိသလော။ သူသည် အနည်းငယ်ပေးအပ်ခဲ့ပြီး သင်က အဆင်သင့်ပြုလုပ်ထားသောအရာကို နှစ်သက်ခံစားခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဟု ခေါ်ပြီး သင်သည် မျက်နှာသာပေးခြင်းခံရပြီး ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းပေးသည့်အခါမှသာ သင်သည် မျက်နှာသာပေးခံရခြင်း အမှန်တကယ် ဖြစ်သည်ဟု သင် တွေးထင်သလော။ တစ်စုံတစ်ယောက်က ထင်မြင်ချက်တစ်ခုရှိကာ၊ သို့မဟုတ် ဉာဏ်အလင်းအချို့ ရှိကာ၊ မိတ်သဟာယတွင် သင့်ကို ဝေမျှပေး၍၊ သို့မဟုတ် တစ်စုံတစ်ခုကို ယင်းတို့၏ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်၍ သင်က ရလဒ်မှာ မဆိုးဟု ထင်မြင်သည့်အခါ ယင်းမှာ တစ်စုံတစ်ခုကို ရရှိခြင်းမဟုတ်လော။ ဤသည်မှာ မျက်နှာသာပေးခံရခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ယောက်သောသူ၏ အားနည်းချက်အား အခြားသောသူ၏ အားသာချက်ဖြင့် ထေမိစေခြင်းကိုဆိုလိုသည်။ အခြားသူများ၏ အားနည်းချက်များအတွက် သင်၏အားသာချက်များကိုအသုံးပြု၍ ဖာထေးပေးခြင်းနှင့် အခြားသူများသည်လည်း သင်၏ ချို့တဲ့မှုများကို ဖာထေးပေးဖို့ရန် သူတို့၏အားသာချက်များအသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူများ၏ အားသာချက်များဖြင့် တစ်ယောက်သောသူ၏ အားနည်းချက်များကို အားဖြည့်ခြင်းနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ လူတို့က သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ရှေ့၌ ကောင်းချီးခံစားရရှိပြီး အမှုအရာများကို ပို၍ တွေ့ကြုံခံစားလေ၊ ၎င်းတို့သည် လက်တွေ့အရှိတရားကို ပို၍ ပိုင်ဆိုင်လာလေ ဖြစ်ပြီး ၎င်းတို့၏ လမ်းကြောင်းသည် ၎င်းတို့ ပိုလျှောက်လေ၊ ယင်းက သာ၍ တောက်ပလေဖြစ်ပြီး ၎င်းတို့သည်လည်း ပို၍စိတ်တည်ငြိမ်လာမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မရဲ့ စိတ်နှလုံးဟာ ပိုပြီး လင်းလက်သွားတယ်။ ချင်းမင်နဲ့ ကျွန်မ ပူးပေါင်းဆောင်ရွက်ဖို့ ဘုရားသခင်ရဲ့ စီစဉ်မှုက သူ့ရဲ့ ရည်ရွယ်ချက်ကို ထင်ဟပ်နေတယ်ဆိုတာ ကျွန်မ နားလည်လာတယ်။ ချင်းမင်က အရင်တုန်းက ဧဝံဂေလိတရား ဟောခဲ့ဖူးတော့ သာမန် ဘာသာရေး အယူအဆတွေကို ကောင်းကောင်း နားလည်ထားတယ်။ ဒါကြောင့် သူသတိထားမိတဲ့ ပြဿနာတွေကို ထောက်ပြတဲ့အခါ၊ ဒါက ကျွန်မရဲ့ အားနည်းချက်တွေကို အတိအကျ ဖြည့်ဆည်းပေးပြီး၊ ဘာသာရေးသမားတွေရဲ့ အယူအဆတွေနဲ့ အခြေအနေတွေကို မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်ဖို့ ကျွန်မကို ကူညီပေးတယ်။ ဒါကနေ ကျွန်မ အကျိုးအမြတ် အကြီးကြီး ရနေတာ မဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတဲ့အခါ ကျွန်မ နည်းနည်း သက်သာရာရသွားခဲ့တယ်။ နောက်ပိုင်း တရားဟောချက်တွေကို သုံးသပ်တဲ့အခါတိုင်း ကျွန်မက ချင်းမင်နဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲ နှိုင်းယှဉ်နေတာကို ရပ်လိုက်တယ်။ အဲဒီအစား ကျွန်မ ကိုယ်တိုင် ပိုင်းခြားသိမြင်နိုင်တာမျိုး မရှိတဲ့ ပြဿနာတွေမှာ သူ့အမြင်တွေကို အရင် နားထောင်လိုက်တယ်။ ဒီလိုမျိုး လက်တွေ့လုပ်ဆောင်လိုက်တော့ ကျွန်မရဲ့ ဂုဏ်သိက္ခာအတွက် စိုးရိမ်ပူပန်မှုတွေရဲ့ ဘောင်ခတ်တာကို မခံရတော့ဘူး။ အချိန်အတိုင်းအတာတစ်ခုအထိ လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ၊ ကျွန်မ တိုးတက်မှု တချို့ ရှိလာပြီး ကိုယ့်တာဝန်မှာ ပိုပြီး သက်သောင့်သက်သာနဲ့ လွတ်လပ်လာတယ်လို့ ခံစားရတယ်။

အချိန်အနည်းငယ် ကြာတော့ ညီအစ်မ ဖန်းဟွာက ကျွန်မတို့ အဖွဲ့ထဲ ရောက်လာတယ်။ ဖန်းဟွာက ဘုရားသခင်ကို ယုံကြည်လာတာ တော်တော် ကြာပြီလေ။ တရားဟောချက်တွေကို အတူတူ သုံးသပ်ကြတဲ့အခါ၊ ဖန်းဟွာက တရားဟောချက်တွေထဲက ပြဿနာတွေကို မြန်မြန်ဆန်ဆန် ထောက်ပြနိုင်ပြီး အဲဒါတွေကို ယုတ္တိရှိရှိနဲ့ ယုံကြည်လောက်အောင် ရှင်းပြနိုင်တယ်။ ကျွန်မကတော့ ဘေးမှာ ထိုင်နေပြီး ဘာမှ မဖြည့်စွက်နိုင်သလို ခံစားရတယ်။ ကျွန်မ ရင်ထဲမှာ ဆူပွက်နေပြီး နေမထိထိုင်မသာ ဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ အလုပ်ဖော် ညီအစ်မတွေက ဖန်းဟွာကို အထင်ကြီးလေးစားလာကြတာကို ကျွန်မ သတိထားမိတယ်။ သူတို့ နားမလည်တာ တစ်ခုခု ကြုံရတိုင်း သူ့ဆီက လမ်းပြမှုကို ရှာကြတယ်။ အဲဒီတော့ ကျွန်မ ရင်ထဲမှာ မသက်မသာဖြစ်တဲ့ ခံစားချက်လေး ပေါ်လာပြီး ကိုယ့်ဘာသာ တွေးမိတယ်၊ “ဖန်းဟွာက အစစအရာရာ ငါ့ထက် သာနေတာပဲ။ ဒါဆို အဖွဲ့ထဲမှာ ငါက အညံ့ဆုံး ပြန်ဖြစ်သွားတာ မဟုတ်ဘူးလား” လို့ပေါ့။ အဲဒီညီအစ်မ နှစ်ယောက်က ကျွန်မရဲ့ အခြေအနေ မမှန်တာကို သတိထားမိပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို ကူညီပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက နားမဝင်နိုင်ဘဲ၊ အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်တဲ့ အခြေအနေထဲမှာပဲ ဆက်ပြီး အသက်ရှင်နေခဲ့တယ်။ တရားဟောချက်တွေကို သုံးသပ်တဲ့အခါ ပြဿနာတွေကို ကျွန်မ ပိုင်းခြားသိမြင်နိုင်တာမျိုး မရှိတော့ဘူး။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါက အစွမ်းအစ ညံ့ဖျင်းတော့ အဖွဲ့အတွက် သိပ်ပြီး အထောက်အကူ မပေးနိုင်ဘူး။ အရှက်မကွဲရအောင် ထောင့်တစ်နေရာမှာပဲ နေပြီး ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်တာက အကောင်းဆုံးပဲ” လို့ပေါ့။ ညဘက်ရောက်တော့လည်း ဟိုလှည့် ဒီလှည့်နဲ့ အိပ်မရဘဲ စိတ်ဆင်းရဲပြီး ညှဉ်းပန်းခံနေရသလို ခံစားရတယ်။ အဲဒီအချိန်ကျမှပဲ ကျွန်မ တန်ဖိုးထားခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းတွေ၊ လူတွေရဲ့ အထင်ကြီးလေးစားမှုတွေဟာ ဘာတန်ဖိုးမှ မရှိတဲ့အပြင် အနှစ်သာရလည်း မရှိဘူးဆိုတာကို ကျွန်မ နောက်ဆုံးမှာ သဘောပေါက်သွားတယ်။ ပြီးတော့ အဲဒါတွေက ကျွန်မရဲ့ ဝိညာဉ်ရေးရာ နာကျင်မှုကို နည်းနည်းလေးတောင် မသက်သာစေနိုင်ဘူးလေ။ ဘုရားသခင်ရဲ့ မျက်မှောက်တော် ရှိခဲ့တဲ့ အချိန်တွေကို ကျွန်မ တကယ် လွမ်းမိတယ်။ အဲဒီတုန်းက ဘာနဲ့မှ လဲလို့မရတဲ့ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ကျွန်မရဲ့ ဝိညာဉ်ထဲမှာ ခံစားခဲ့ရတာကိုး။ ကျွန်မရဲ့ ပုန်ကန်မှုတွေ၊ ကိုယ့်ဇာတိပကတိကို မပုန်ကန်နိုင်တာတွေနဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်တာတွေကို ကျွန်မ အရမ်း မုန်းတီးမိတယ်။ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာတာ ခံရပြီး အမှောင်ထဲမှာ ချန်ထားခံရတာဟာ ကိုယ့်အမှားနဲ့ကိုယ်ပါပဲ။ ကျွန်မ စိတ်ဆင်းရဲတဲ့ကြားထဲကနေ ဘုရားသခင်ရှေ့မှောက်ကို လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး လျှောက်နေတဲ့ လမ်းကြောင်း မှားနေမှန်း သမီး သိပါတယ်။ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ သမီး အမြဲတမ်း လိုက်စားနေခဲ့ပါတယ်။ စာတန်ရဲ့ ဒီလို လှည့်ဖြားတာကို သမီး ဆက်မခံချင်တော့ပါဘူး။ သမီးရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားကို ပုန်ကန်နိုင်ဖို့ သမီးကို ကူညီပေးတော်မူပါ” လို့ပေါ့။ နောက်နေ့ မနက်မှာ ကျွန်မရဲ့ အလုပ်ဖော် ညီအစ်မတစ်ယောက်ကို ကျွန်မရဲ့ အခြေအနေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တယ်။ သူက ကျွန်မကို ပြောတယ်၊ “အစ်မရဲ့ ပြဿနာက အစွမ်းအစ ညံ့ဖျင်းနေတာ မဟုတ်ဘူး။ အစ်မ လျှောက်နေတဲ့ လမ်းကြောင်းက မှားနေလို့ပါ။ အစ်မက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲတမ်း လိုက်စားနေပြီး ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်နေလို့ပါ” တဲ့။ ပြီးတော့ အဲဒီညီအစ်မက သူ့ရဲ့ အတွေ့အကြုံတွေကိုပါ မိတ်သဟာယဖွဲ့ပေးပြီး ကျွန်မကို ကူညီပေးဖို့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ရှာပေးခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူတို့သည် မိမိတို့ကိုယ်ကို အလွန်စုံလင်သည် အလွန်ဂုဏ်ရှိသည်၊ အလွန်မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် အလွန်ကွဲပြားခြားနားသည်ဟု မတွေးထင်သင့်ပေ။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို အများနှင့်မတူဟု အစဉ်တွေးထင်ခြင်းဟူသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို ဘယ်သောအခါမျှ လက်မခံနိုင်ခြင်းနှင့် မိမိတို့၏ အမှားများနှင့် ကျရှုံးမှုများကို ဘယ်သောအခါမျှ ရင်မဆိုင်နိုင်ခြင်းသည် မာနထောင်လွှားသော စိတ်သဘောထားမှ အရင်းခံ၏။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ ပိုကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ။ ဤအရာသည် မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုကြောင့် ဖြစ်သည်။ အခြားသူများ၏ အားသာချက်များကို မိမိတို့ထက်ပို၍ မကျော်စေခြင်း သို့မဟုတ် မသာလွန်စေခြင်း ဖြစ်သည့် ဤအရာသည် မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခုကြောင့် ဖြစ်သည်။ အခြားသူများကို မိမိတို့ထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က အခြားသူများသည် မိမိတို့ထက် ပိုကောင်းသည်ကို တွေ့ရှိလာသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး စိတ်ပျက် အားလျော့ကာ စိတ်မချမ်းမသာ ဖြစ်လာကြသည်။ ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင်၏ ဂုဏ်သိက္ခာကို ကာကွယ်တတ်ခြင်းကြောင့် အခြားသူများ၏ အမှားပြုပြင်မှုကို လက်ခံနိုင်စွမ်း မရှိအောင်လုပ်ဆောင်နိုင်သည်။ သင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိအောင် လုပ်ဆောင်နိုင်သည်။ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိအောင်လုပ်ဆောင်နိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ပေါ်ပေါက်စေနိုင်ပြီး သင်သည် ဘောင်ခတ်ခံရနိုင်ပြီး သင်၏တာဝန်ကို ထမ်းဆောင်ဖို့ပင် ဆန္ဒမရှိတော့ဘဲ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်အထိပင် ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ပေါ်ပေါက်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကတစ်ဆင့်၊ ကျွန်မထက် အစွမ်းအစ ပိုကောင်းတဲ့သူတွေနဲ့ ဆက်ဆံရတိုင်း ဘာလို့၊ အပျက်သဘောဆောင်တဲ့ အခြေအနေထဲ နစ်မွန်းသွားရတာလဲ၊ ဘာလို့ ကိုယ့်တာဝန်ကို စွန့်ပစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ချင်လာရတာလဲ ဆိုတာကို နောက်ဆုံးတော့ ကျွန်မ နားလည်သွားတယ်။ အဲဒါက ကျွန်မရဲ့ လွန်ကဲလွန်းတဲ့ မာနထောင်လွှားတဲ့ သဘာဝနဲ့၊ တခြားသူတွေကြားထဲမှာ အရေးပါတဲ့လူလို့ ခံစားရတဲ့စိတ်ကို အမြဲတမ်း လိုက်စားနေလို့ပဲ ဖြစ်တယ်။ ကျွန်မထက် ပိုတော်တဲ့သူ၊ ဒါမှမဟုတ် အစွမ်းအစ ပိုကောင်းတဲ့သူတွေကို မြင်လိုက်တာနဲ့၊ သူတို့ကြားထဲမှာ ငါ ထင်ပေါ်နိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားရပြီး၊ သိမ်ငယ်လာတယ်၊ အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာပဲ နေပြီး ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ပစ်လိုက်တယ်။ တကယ်တော့ လူတိုင်းရဲ့ အစွမ်းအစဟာ ကောင်းကောင်း ဆိုးဆိုး ဘုရားသခင်က အမိန့်နဲ့ ပြဋ္ဌာန်းထားတာပါ။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ အမြဲတမ်း နှိုင်းယှဉ်နေတာ၊ ကိုယ်က သူတို့လောက် မတော်တဲ့အခါ အပျက်သဘောဆောင်လာတာတွေဟာ၊ ဘုရားသခင်ကို အတိုက်အခံလုပ်တာ၊ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံမှု မရှိတာ မဟုတ်ဘူးလား။ ကျွန်မ ဘယ်လောက်တောင် မာနထောင်လွှားခဲ့လဲဆိုတာကို ကျွန်မ မြင်သွားတယ်။

နောက်ပိုင်း ကျွန်မ ထပ်ပြီး ဆင်ခြင်သုံးသပ်ကြည့်တယ်၊ ကိုယ့်ဘာသာ မေးမိတယ်၊ “ငါ့တာဝန်ကို သေချာ လုပ်ချင်နေရက်သားနဲ့၊ ဘာလို့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို အမြဲတမ်း ရှာဖွေနေမိတာလဲ” လို့ပေါ့။ အဲဒါကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ ဆက်ပြီး ရှာဖွေခဲ့တယ်။ ကျွန်မရဲ့ ဝတ်ပြုချိန်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မမျှော်ကိုး၊ သို့မဟုတ် အထင်မကြီး၊ သို့မဟုတ် မလိုက်နာဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ ငါသည် မျှော်လင့်ချက် မမဲ့သလော’ ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ပံ့ပိုးကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ အန္တိခရစ်တွေဟာ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တကယ် တန်ဖိုးထားကြတယ်ဆိုတာကို ကျွန်မ မြင်သွားတယ်။ သူတို့က ဘယ်သူနဲ့ပဲ နေနေ၊ ဘုရားသခင်ရဲ့ အိမ်တော်မှာ ဘယ်တာဝန်ကိုပဲ လုပ်လုပ်၊ သူတို့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်း အကြောင်းကိုပဲ အမြဲ စဉ်းစားနေကြတယ်။ သူတို့က နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ လိုက်စားရမယ့် ပန်းတိုင်လို သဘောထားပြီး၊ သူတို့ရဲ့ အသက်လိုတောင် တန်ဖိုးထားကြတယ်။ တခြားသူတွေဆီကနေ အထင်ကြီးလေးစားတာကို မခံရတော့ဘဲ တခြားသူတွေရဲ့ စိတ်နှလုံးထဲမှာ သူတို့နေရာ ပျောက်သွားတာနဲ့၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ချင်တဲ့ စိတ်အားထက်သန်မှုလည်း ပျောက်သွားတော့တာပဲ။ ဒါကို အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တဲ့အခါ၊ ကျွန်မရဲ့ အပြုအမူတွေနဲ့ ကျွန်မ လျှောက်ခဲ့တဲ့ လမ်းကြောင်းဟာ အန္တိခရစ်တစ်ယောက်လိုပဲ ဖြစ်နေတာကို ကျွန်မ မြင်သွားတယ်။ ပြန်တွေးကြည့်တဲ့အခါ ကျွန်မ ဘယ်သူနဲ့ပဲ နေနေ၊ ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ ဘယ်လို ကောင်းအောင် လုပ်ရမလဲဆိုတာကို ဘယ်တုန်းကမှ မတွေးခဲ့ဘူး၊ လူတွေရဲ့ အထင်ကြီးလေးစားမှုကို ရနိုင်မလား၊ တခြားသူတွေရဲ့ စိတ်နှလုံးထဲမှာ ငါဟာ ကောင်းတဲ့ ပုံရိပ်နဲ့ အရေးပါမှု ရထားရဲ့လား ဆိုတာကိုပဲ ဂရုစိုက်ခဲ့တယ်လေ။ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ လိုအင်ဆန္ဒ မပြည့်ဝတော့တာနဲ့၊ အဖွဲ့ထဲမှာ ကျွန်မက ဆုံးဖြတ်ခွင့် မရှိတော့ဘူး၊ အရေးမပါတော့ဘူးလို့ ခံစားရတာနဲ့၊ ကျွန်မဟာ အပျက်သဘောဆောင်လာပြီး မတက်မကြွဖြစ်လာတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်စိတ်တွေ ပျောက်သွားတယ်၊ ကိုယ့်တာဝန်ကို စွန့်ပစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ဖို့တောင် စဉ်းစားမိခဲ့တယ်။ ရေလောင်းပေးတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တုန်းက၊ ဘယ်လိုကိစ္စတွေကိုပဲ ဆွေးနွေးဆွေးနွေး၊ အများစုက ကျွန်မရဲ့ အမြင်တွေနဲ့ အကြံပြုချက်တွေကို လက်ခံကြတော့၊ ကိုယ်က အရေးပါတယ်၊ ကိုယ့်စကားက အရာရောက်တယ်လို့ ခံစားရပြီး ကျွန်မရဲ့ ဂုဏ်မောက်မှုတွေ ပြည့်ဝခဲ့တယ်။ အဲဒီတော့ ကိုယ့်တာဝန်မှာ ကျွန်မ အရမ်း တက်ကြွလာပြီး အလုပ်ဖိအား ဘယ်လောက်ပဲ ရှိရှိ ဘယ်တော့မှ မညည်းညူခဲ့ဘူး။ ဒါပေမဲ့ တရားဟောချက်တွေကို စပြီး သုံးသပ်တဲ့အချိန်ကစလို့၊ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မတွေ အားလုံးက ကျွန်မထက် သာနေတာကို မြင်ရပြီး၊ အဖွဲ့ထဲမှာ ကျွန်မက အညံ့ဆုံး ဖြစ်သွားတယ်လို့ ခံစားရတယ်။ အကျိုးဆက်အနေနဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ လိုအင်ဆန္ဒတွေ မပြည့်ဝတော့တဲ့အတွက် ကိုယ့်တာဝန်ထမ်းဆောင်ချင်စိတ်တွေ ပျောက်သွားပြီး၊ ဒီတာဝန်ကို စွန့်ပစ်ချင်လာတယ်။ ကျွန်မက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲတမ်း လိုက်စားခဲ့ပြီး လမ်းကြောင်းမှားကို လျှောက်နေခဲ့တာပဲ။ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “အောက်ခြေမှာ နေရတာထက်၊ သေးငယ်တဲ့ နေရာမှာပဲဖြစ်ဖြစ် ခေါင်းဆောင် လုပ်ရတာက ပိုကောင်းတယ်” တဲ့။ စာတန်ဆန်တဲ့ ဒီလို ရှင်သန်ရေး စည်းမျဉ်းတွေဟာ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီး နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ လိုက်စားရမယ့် ပန်းတိုင်အနေနဲ့ သဘောထားပြုမူတဲ့အပြင် ဒီအရာတွေကို ကျွန်မရဲ့ အသက်လို တန်ဖိုးထားခဲ့တယ်။ လူတွေရဲ့ အထင်ကြီးလေးစားမှု မရရင် ကျွန်မရဲ့ အသက်ကို နုတ်ယူသွားသလို ခံစားရတယ်။ တရားဟောချက် သုံးသပ်တာဟာ အသင်းတော်မှာ အရေးကြီးတဲ့ အလုပ်တစ်ခုမှန်း ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ရှင်းရှင်းလင်းလင်း သိနေပေမဲ့၊ ဒီတာဝန်မှာ ကျွန်မ စိတ်မနှစ်ခဲ့ဘူး။ ကျွန်မရဲ့ အတွေးတွေ အားလုံးက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအကြောင်းချည်းပဲ ဖြစ်နေလို့၊ အကျိုးဆက်အနေနဲ့ တရားဟောချက်တွေကို သုံးသပ်တဲ့အခါ ပြဿနာတွေကို ကျွန်မ ပိုင်းခြားသိမြင်နိုင်တာမျိုး မရှိတော့ဘဲ ကျွန်မရဲ့ တာဝန်ဟာ ရလဒ် တစ်ခုမှ မထွက်တော့ဘူး။ ဒီလိုမျိုး ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာဟာ ဘုရားသခင်ကို သေချာပေါက် စက်ဆုပ်ရွံရှာစေတာပဲ။ ဒီအရာတွေကို ပြန်လည် ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ၊ ထုံထိုင်းနေတဲ့ ကျွန်မရဲ့ စိတ်နှလုံးဟာ တစ်ခုခုကို စတင် ခံစားလာရတယ်။ ကျွန်မ ရင်ထဲမှာ ကြောက်စိတ်တချို့ ဝင်လာတဲ့အပြင်၊ အပြစ်ရှိသလို ခံစားရပြီး အကြွေးတင်နေသလိုလည်း ခံစားရတယ်။ ကျွန်မ ဘုရားသခင်ရှေ့ကို လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး လျှောက်နေတဲ့ မှားယွင်းတဲ့ လမ်းကြောင်းကို သမီး သိမြင်လာအောင် ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် သမီးကို ဖော်ထုတ်ပြီး တရားစီရင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါက သမီးအတွက် ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းပါပဲ။ ဘုရားသခင်၊ ဒီလို တန်ဖိုးမရှိတဲ့ အရာတွေကို သမီး ဆက်ပြီး မလိုက်စားချင်တော့ပါဘူး။ ကိုယ်တော့်ဆီမှာ သမီး နောင်တရချင်ပါတယ်၊ အခုကစပြီး သမီးရဲ့ ပြစ်မှားမှုတွေကို ပြေရာပြေကြောင်း လုပ်ဖို့ ကိုယ့်တာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျကျ သမီး ထမ်းဆောင်သွားပါမယ်” လို့ပေါ့။

ဝတ်ပြုတဲ့အချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရပြီး လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ တောင်းဆိုချက်တွေကို ကျွန်မ နားလည်လာတယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်က သင့်အား တုံးအအောင်ပြုပါက သင်၏တုံးအမှု၌ အဓိပ္ပာယ်ရှိပေသည်။ အကယ်၍ သူက သင့်အား ထက်မြက်အောင်ပြုပါက သင်၏ထက်မြက်မှု၌ အဓိပ္ပာယ်ရှိ၏။ ဘုရားသခင်က သင့်အား မည်သည့်စွမ်းရည်များကိုမဆို ပေးပါစေ၊ သင်၏အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သင်၏ဉာဏ်ရည်ဉာဏ်ကဲက မည်မျှမြင့်မားပါစေ ယင်းတို့အားလုံးသည် ဘုရားသခင်အတွက် ရည်ရွယ်ချက် တစ်ခုရှိလေသည်။ ဤအရာများအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်။ သင်၏ ဘဝတွင် သင်ပါဝင်လုပ်ဆောင်ရသောနေရာနှင့် သင်ထမ်းဆောင်သောတာဝန်တို့ကို ရှေးယခင်ကတည်းက ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ အချို့သောလူတို့သည် ၎င်းတို့မပိုင်ဆိုင်သော အားသာချက်များကို အခြားလူများက ပိုင်ဆိုင်သည်ကိုမြင်ပြီး မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့က သာ၍ သင်ယူလေ့လာခြင်း၊ သာ၍ကြည့်ခြင်းနှင့် သာ၍ လုံ့လဝီရိယရှိခြင်းတို့အားဖြင့် အမှုကိစ္စများကို ပြောင်းလဲလိုကြသည်။ သို့သော် ၎င်းတို့၏ လုံ့လဝီရိယက စွမ်းဆောင်ရရှိနိုင်သည့်အရာတွင် အကန့်အသတ်ရှိသည်။ ၎င်းတို့သည် ဆုကျေးဇူးများနှင့် ကျွမ်းကျင်မှုများ ရှိသည့်လူတို့ကို မကျော်နိုင်ပေ။ သင်မည်မျှ တွန်းလှန်တိုက်ခိုက်ပါစေ အသုံးမဝင်ပေ။ သင်ဖြစ်မည့်အရာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းပြီးဖြစ်ကာ ယင်းကိုပြောင်းလဲရန် မည်သူကမျှ လုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ သင်သည် မည်သည့်အရာ၌ တော်ပါစေ ယင်းသည် သင်အားထုတ်ကြိုးပမ်းသင့်သည့် နေရာဖြစ်သည်။ သင်နှင့် သင့်တော်သည့် မည်သည့်တာဝန်မဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင် မကျွမ်းကျင်သည့် အခြားအပိုင်းများကို အတင်းလုပ်ဆောင်ရန် မကြိုးစားနှင့်၊ အခြားသူများကို မနာလိုမဖြစ်နှင့်။ လူတိုင်း၌ ၎င်းတို့၏အသုံးဝင်မှုရှိသည်။ သင်သည် အရာရာတိုင်းကို ကောင်းစွာလုပ်ဆောင်နိုင်သည်၊ သို့မဟုတ် သင်သည် အခြားလူများထက်ပို၍ ပြည့်စုံသည်၊ သို့မဟုတ် တော်သည်ဟု မထင်နှင့်။ အခြားလူများကို လူစားထိုးပြီး သင့်ကိုယ်သင် ကိုယ်ရည်သွေးဖို့အတွက် အစဉ် ဆန္ဒမရှိနှင့်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ကျွမ်းကျင်မှုလုံးဝမရှိဟု တွေးသည့်သူများ ရှိပေသည်။ ယင်းမှာ မှန်ကန်ပါက သင်သည် လက်တွေ့ကျကျ နားထောင်ကာ ကျိုးနွံနာခံသည့်သူသာ ဖြစ်လော့။ သင်တတ်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ယင်းကို အစွမ်းကုန် ကောင်းစွာ လုပ်ဆောင်လော့။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ ကျွန်မမှာရှိတဲ့ အစွမ်းအစဟာ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့အကြောင်း၊ ကိုယ့်အစွမ်းအစနဲ့အညီ ကိုယ့်တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်ရမယ်၊ အဲဒါကသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အထမြောက်စေနိုင်တဲ့အကြောင်း ကျွန်မ နားလည်လာတယ်။ ဒါပေမဲ့ ကျွန်မ လိုက်စားရမယ့်အရာတွေနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အမြင်တွေက မှားယွင်းနေတဲ့အတွက်၊ ကျွန်မမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေ အမြဲတမ်း ရှိနေခဲ့တယ်။ ကျွန်မထက် အစွမ်းအစ ပိုကောင်းတဲ့သူတွေကို မြင်ရတိုင်း၊ မကျေမနပ် ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သူတို့နဲ့ အမြဲ နှိုင်းယှဉ်နေခဲ့တယ်၊ သူတို့ကို ကျော်တက်ပြီး လူတွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့ အမြဲတမ်း လိုလားနေခဲ့တယ်။ ဘုရားသခင် အမိန့်နဲ့ ပြဋ္ဌာန်းထားတာကို ကျွန်မ ကျိုးနွံနာခံတာမျိုး မရှိခဲ့ဘဲ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို အမြဲတမ်း ကျော်လွန်ချင်နေခဲ့တယ်။ ဒီလိုလုပ်တာဟာ ဘုရားသခင်ကို အတိုက်အခံလုပ်နေတာ မဟုတ်ဘူးလား။ တစ်ချိန်တည်းမှာပဲ၊ ဘုရားသခင်က လူတစ်ယောက်ရဲ့ အစွမ်းအစ ကောင်းမကောင်းဆိုတာကို မကြည့်ဘဲ၊ ကိုယ့်တာဝန်တွေအပေါ် ထားတဲ့ လူတစ်ယောက်ရဲ့ သဘောထား၊ တာဝန်ယူစိတ် ရှိမရှိ၊ ကိုယ့်တာဝန်တွေကို သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ထမ်းဆောင်နိုင်တာမျိုး ရှိမရှိဆိုတာကိုသာ ကြည့်တယ်ဆိုတာကို ကျွန်မ နားလည်လာတယ်။ လူတစ်ယောက်က အစွမ်းအစ ညံ့ဖျင်းရင်တောင်၊ သူက နားထောင်ပြီး ကျိုးနွံနာခံမယ်၊ စည်းမျဉ်းတွေနဲ့အညီ ကိုယ့်တာဝန်တွေကို အသိတရားရှိရှိ လက်တွေ့ကျကျ ထမ်းဆောင်ရင်၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ရနိုင်တုန်းပါပဲ။ လူတချို့က အစွမ်းအစ ကောင်းပြီး အရာရာကို မြန်မြန်ဆန်ဆန် သဘောပေါက်ကြပေမဲ့၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါ အမြဲတမ်း ဉာဏ်များပြီး ဝတ်ကျေတမ်းကျေ လုပ်ကြတယ်၊ ခိုကပ်ကြတယ်။ သူတို့တာဝန်တွေအပေါ် တာဝန်ယူစိတ် တစ်စက်မှ မပြကြဘူး၊ အဲဒီလိုလူတွေကို ဘုရားသခင်က စက်ဆုပ်ရွံရှာပါတယ်။ ရှေ့ဆက်ပြီးတော့၊ ကျွန်မပတ်ဝန်းကျင်က လူတွေရဲ့ အစွမ်းအစ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ ကျွန်မ နှိုင်းယှဉ်လို့ မရဘူးလေ။ ဘာလို့လဲဆိုတော့ ဘုရားသခင်က လူတစ်ယောက်ချင်းစီကို မတူညီတဲ့ အစွမ်းအစတွေ ပေးထားပြီး သူတို့အပေါ် တောင်းဆိုချက်တွေကလည်း မတူညီလို့ပဲ။ ကျွန်မရဲ့ အစွမ်းအစက နည်းနည်း ချို့တဲ့ရင်တောင်၊ ကျွန်မရဲ့ အစွမ်းအစနဲ့အညီ ကိုယ့်တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ပြီး လူတိုင်းနဲ့ လိုက်ဖက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ အဲဒါမှသာ ကျွန်မရဲ့ တာဝန်တွေကို ငြိမ်သက်ခြင်း၊ စိတ်ချယုံကြည်မှု အပြည့်နဲ့ ကျွန်မ ထမ်းဆောင်နိုင်မှာပါ။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကတစ်ဆင့်၊ ကျွန်မရဲ့ အခြေအနေဟာ တဖြည်းဖြည်း တိုးတက်လာပြီး၊ ပိုပြီး အေးဆေးသက်သာရှိပြီး လွတ်လပ်လာသလို ခံစားရတယ်။ အဲဒီအချိန်ကစလို့၊ ကိုယ့်တာဝန်တွေမှာ ကျွန်မ စိတ်နှစ်ပြီး ထမ်းဆောင်ခဲ့တာ၊ အချိန်တစ်ခု ကြာတဲ့အခါ ကျွန်မရဲ့ တာဝန်တွေဟာ ရလဒ်တချို့ စပြီး ထွက်လာတယ်။ ကျွန်မရဲ့ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မက တရားဟောတဲ့သူအဖြစ် အရွေးခံရတယ်။ ကျွန်မရဲ့ အလုပ်ဖော် ညီအစ်မတွေက ကျွန်မထက် အသက်ငယ်ပြီး အစွမ်းအစလည်း ပိုကောင်းတာကို မြင်ရတဲ့အခါ ကျွန်မ ဖိအား နည်းနည်း ဝင်လာတာကို မတားဆီးနိုင်ခဲ့ဘူး။ အထူးသဖြင့် ကျွန်မတို့ အတူတူ မိတ်သဟာယဖွဲ့ပြီး အလုပ်တွေ တွဲလုပ်ကြတဲ့အခါ၊ အဲဒီညီအစ်မတွေက သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့နိုင်ပြီး၊ လူတွေကို လွယ်လွယ်ကူကူ နားလည်သွားစေတာကို ကျွန်မ တွေ့ရတယ်။ ယှဉ်ကြည့်လိုက်ရင် ကျွန်မရဲ့ ပြောဆိုရှင်းပြမှုက သိပ်မရှင်းလင်းဘူး၊ မပြည့်စုံဘူးလေ၊ အဲဒီတော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် စဘောင်ခတ်ပြီး တွေးတော့တာပဲ။ “ငါ့အစွမ်းအစနဲ့ဆို ဒီတာဝန်ကို သေချာ ထမ်းဆောင်နိုင်ပါ့မလား” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မရဲ့ အခြေအနေ မှားနေပြန်ပြီဆိုတာကို သတိပြုမိပြီး စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ ထပ်မနှိုင်းယှဉ်ချင်တော့ပါဘူး၊ သမီးရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားထဲမှာပဲ ဆက်မနေချင်တော့ဘူး၊ စာတန်ရဲ့ လှည့်ဖြားတာကိုလည်း မခံချင်တော့ပါဘူး။ သမီးကို စောင့်ရှောက်ပေးတော်မူပါ” ပေါ့။ ပြီးတော့ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အစွမ်းအစကို အကျိုးသင့်အကြောင်းသင့် ချဉ်းကပ်နိုင်ပြီးနောက် လက်တွေ့ကျသော နည်းလမ်းဖြင့် ဘုရားသခင် အလိုရှိသည့် ဖန်ဆင်းခံများအဖြစ် ပြုမူဆောင်ရွက်လျက် ၎င်းတို့၏ ပင်ကိုအစွမ်းအစကို အခြေခံ၍ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို မှန်ကန်စွာ လုပ်ဆောင်ရင်း၊ မိမိတို့၏ သစ္စာစောင့်သိမှုနှင့် အားထုတ်မှုအားလုံးတို့ကို ရည်စူးမြှုပ်နှံထားရင်း မိမိတို့၏ ကိုယ်ပိုင် နေရာကို မှန်ကန်စွာ ပိုင်းခြားသိမြင်သည့်အခါ ဘုရားသခင်၏ စိတ်ကျေနပ်မှုကို ၎င်းတို့ စွမ်းဆောင်ရရှိကြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မရဲ့ စိတ်နှလုံးဟာ ပိုပြီး လင်းလက်သွားတယ်။ ကျွန်မမှာရှိတဲ့ အစွမ်းအစဟာ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းပေးထားတာ ဖြစ်လို့၊ ဒါကို မှန်မှန်ကန်ကန် ရှုမြင်ပြီး ကိုယ့်နေရာကိုယ် ဖော်ထုတ်ရမယ်လေ။ ဘုရားသခင်က ကျွန်မတို့ တစ်ယောက်ချင်းစီကို မတူညီတဲ့ အစွမ်းအစတွေ ပေးသနားထားပြီး၊ ကျွန်မတို့အပေါ် သူ့ရဲ့ တောင်းဆိုချက်တွေကလည်း မတူညီဘူး။ ကျွန်မတို့ရဲ့ တာဝန်တွေမှာ ပူးပေါင်းဆောင်ရွက်ကြတဲ့အခါ အချင်းချင်း ကိုယ့်အားသာချက်နဲ့ အားနည်းချက်တွေကို အပြန်အလှန် ဖြည့်ဆည်းပေးကြရမှာ ဖြစ်တယ်။ လူတိုင်းမှာ အသုံးချရမယ့် ကိုယ်ပိုင် အားသာချက်တွေ ရှိတယ်၊ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားမှသာ ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်မှုက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီနိုင်မှာပါ။ နောက်ပိုင်း ကိုယ့်တာဝန်တွေမှာ ပူးပေါင်းဆောင်ရွက်ကြတဲ့အခါ ကျွန်မရဲ့ ညီအစ်မတွေက ကျွန်မထက် ပိုကောင်းအောင် လုပ်နိုင်တာကို မြင်ရရင်၊ ကျွန်မရဲ့ ကိုယ်ပိုင် အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ သူတို့ရဲ့ အားသာချက်တွေဆီကနေ သင်ယူဖို့ ကြိုးစားတယ်။ ဒီလိုမျိုး လက်တွေ့လုပ်ဆောင်တဲ့အခါ ကျွန်မ ပိုပြီး အေးဆေးသက်သာနဲ့ လွတ်လပ်လာသလို ခံစားရတယ်။ ဒီလို နားလည်သဘောပေါက်မှုနဲ့ ဝင်ရောက်မှုမျိုး ရနိုင်တာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကြောင့် သက်သက်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မနာလိုခြင်းက သင့်ကို လွှမ်းမိုးမသွားစေနှင့်

လီဖန်း တရုတ်နိုင်ငံ ကျွန်မက ၂၀၁၇ နွေရာသီမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အလုပ်လိုအပ်ချက်တွေကြောင့် အထက်ခေါင်းဆောင်က...

မိမိ၏တာဝန်ကို မည်သို့သဘောထားသင့်ပုံ

ကျန့်ရဲ့ တောင်ကိုးရီးယားနိုင်ငံယုံကြည်သူတစ်ယောက် ဖြစ်လာပြီး သိပ်မကြာမီမှာ၊ ခေါင်းဆောင်များဖြစ်သည့် ညီအစ်ကိုမောင်နှမများက စည်းဝေးပွဲများကို...

ကျွန်ုပ် ဘာကြောင့် အစဉ်သဖြင့် ရာထူးတိုးချင်နေရသနည်း

ချင်းထန်၊ တရုတ်ပြည်၂၀၁၇ ခုနှစ်တုန်းက အသင်းတော်မှာ ဗီဒီယိုတွေလုပ်ရင်း ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ တစ်နေ့ကျတော့...

အထုတ်ခံရခြင်းမှ ကျွန်တော် သင်ယူခဲ့ရသည့် သင်ခန်းစာများ

ရှောင်ဝေ စပိန်နိုင်ငံ၂၀၁၈ခုနှစ်မှာ ကျွန်တော်က ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ တစ်ခါတလေမှာ ဗီဒီယိုအလုပ်တချို့က တစ်ပြိုင်တည်းရောက်လာပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။