တာဝန်များတွင် ဂုဏ်၊ အဆင့်အတန်းကွဲပြားမှု မရှိပါ

18.03.2026

လိုက်ဘင်း၊ တရုတ်ပြည်

ကျွန်တော့်အစွမ်းအစက ညံ့ပြီး စာပေတာဝန်တွေကို မလုပ်နိုင်ဘူးဆိုတာ သေချာသွားလို့ ခေါင်းဆောင်တွေက ကျွန်တော့်ကို ဧဝံဂေလိဟောဖို့ ၂၀၂၃ ခုနှစ်မှာ စီစဉ်ပေးခဲ့တယ်။ အဲဒီတုန်းက ကျွန်တော် သိက္ခာကျသွားသလို ခံစားခဲ့ရတယ်။ ကျွန်တော် တွေးမိတယ်၊ “ငါ့အစွမ်းအစညံ့လို့ အဖြုတ်ခံရတာကို ညီအစ်ကိုမောင်နှမတွေ သိသွားရင် ငါ့ကို ဘယ်လိုထင်ကြမလဲ” လို့ပေါ့။ ခံစားရတာ တော်တော်ဆိုးပါတယ်။ တစ်ရက်ကျတော့ ဧဝံဂေလိဟောပြီး ပြန်လာတဲ့အချိန် ခေါင်းဆောင်တွေဆီက စာတစ်စောင် ရောက်လာတယ်။ လူလိုနေလို့ ကျွန်တော့်ကို အရင်မူလတာဝန်ထမ်းဆောင်ခဲ့တဲ့နေရာကို ပြန်လာစေချင်တယ်လို့ ပြောတယ်။ အဲဒါကို မြင်တော့ ကျွန်တော် တော်တော်ဝမ်းသာသွားပြီး “ဒီတစ်ခါတော့ စာပေတာဝန်တွေ ပြန်လုပ်ရတော့မယ်” လို့ တွေးလိုက်မိတယ်။ ဒါပေမဲ့ ဆက်ဖတ်ကြည့်လိုက်တော့ ချက်ချင်းပဲ စိတ်ဓာတ်ကျသွားတယ်။ လက်စသတ်တော့ ခေါင်းဆောင်တွေက ကျွန်တော့်ကို အဲဒီမှာ ဧည့်ခံတာဝန်သွားလုပ်စေချင်နေတာကိုး။ ကျွန်တော် လုံးဝ စိတ်ပျက်သွားတယ်။ ကျွန်တော့်ဘာသာ တွေးမိတာပေါ့။ “သွားပါပြီ။ ဒီဧည့်ခံတာဝန်ဆိုတာက အသက်ကြီးတဲ့ ညီအစ်ကိုမောင်နှမတွေ လုပ်နေကျလေ။ ငါက ဘယ်လိုလုပ်ပြီး သူများတွေအတွက် ထမင်းချက်ပေးရတဲ့ ဘဝရောက်သွားရတာလဲ။ ဒါက တော်တော် သိက္ခာကျစရာကောင်းတာပဲ။ ရှက်စရာကြီး။ နောက်ပြီးတော့ အရင်တုန်းက စာပေတာဝန်တွေကို ငါလုပ်ခဲ့တာ၊ အခုတော့ မျက်စိတစ်မှိတ်အတွင်းမှာ ဧည့်ခံတာဝန် လုပ်နေရပြီ။ အရင်က ငါနဲ့ တွဲဖက်လုပ်ကိုင်ဖူးတဲ့ ညီအစ်ကိုတွေကို ငါ ဘယ်လိုလုပ် မျက်နှာချင်းဆိုင်ရဲတော့မလဲ။ ငါက ခေါင်းဆောင်ဖြစ်ခဲ့ဖူးတယ်၊ စာပေတာဝန်တွေလဲ လုပ်ခဲ့ဖူးတော့ ဇာတိမြေက ညီအစ်ကိုမောင်နှမတွေအကုန်လုံးက ငါ့ကို ပင်ကိုစွမ်းရည်ရှိသူလို့ သတ်မှတ်ထားကြတာ။ အခု ငါ ဧည့်ခံတာဝန်လုပ်နေတာ သူတို့သိသွားရင် ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါတော့ လုံးဝ မျက်နှာပျက်ရမှာပဲ” ပေါ့။ အဲဒီလို တွေးမိတဲ့အခါ ကျွန်တော် စိတ်ထဲမှာ အတိုက်အခံဖြစ်မိပြီး ဒီတာဝန်ကို လက်မခံချင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် မနာခံဘူးလို့ ခေါင်းဆောင်တွေ ပြောမှာစိုးတာနဲ့ပဲ မလုပ်ချင်လုပ်ချင်နဲ့ လက်ခံလိုက်တယ်။

ဧည့်ခံတဲ့အိမ်ကို ရောက်တဲ့အခါ အရင်ကသိခဲ့တဲ့ ညီအစ်ကိုတွေကို မျက်နှာချင်းဆိုင်ဖို့ ကျွန်တော် နည်းနည်း ခက်ခဲနေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတယ်လို့ ခံစားရတာပေါ့။ အရှက်ကွဲတာကို ရှောင်ဖို့ ကျွန်တော့်အခန်းထဲမှာပဲ တတ်နိုင်သမျှ တစ်ယောက်တည်းနေပြီး သူတို့နဲ့ ထိတွေ့မှုနည်းအောင် ကြိုးစားခဲ့တယ်။ စားသောက်ပြီးလို့ သူတို့တာဝန်တွေသွားလုပ်ကြတာကို မြင်ရတဲ့အချိန်မှာ ကျွန်တော်ကတော့ ပန်းကန်ဆေး၊ စားပွဲသုတ်၊ တံမြက်စည်းလှည်းနဲ့ အလုပ်ရှုပ်နေတော့ လုပ်ရင်းနဲ့ ကျွန်တော် ခံပြင်းလာတယ်။ ကိုယ့်ကိုယ်ကိုယ် အိမ်ဖော်တစ်ယောက်လို ခံစားရတာ။ တစ်ခါတလေဆို ကျွန်တော် တံမြက်စည်းကို ပစ်ထားပြီး နှစ်ရက်လောက် သန့်ရှင်းရေးမလုပ်ဘဲ နေလိုက်တယ်၊ တစ်ခါတလေကျတော့ ညီအစ်ကိုတွေက သန့်ရှင်းရေးလုပ်တာ ဝင်ကူပေးကြတယ်။ ညီအစ်ကိုတစ်ယောက်မှာ ကျန်းမာရေးပြဿနာရှိလို့ အရမ်းစပ်တဲ့ အစားအစာ မစားနိုင်ဘူး၊ ဒါနဲ့ ဟင်းအရမ်းမစပ်အောင် ချက်ဖို့ ကျွန်တော့်ကို ခဏခဏ သတိပေးတယ်။ ဒါပေမဲ့ ကျွန်တော်က ဒါကို မှန်မှန်ကန်ကန် လက်မခံနိုင်ခဲ့ဘဲ သူတို့က ကျွန်တော့်ကို အစေခံတစ်ယောက်လို ဆက်ဆံနေကြတာလို့ ယုံကြည်ပြီး စိတ်မကြည်ဖြစ်ခဲ့တယ်။ ကျွန်တော် ချက်တဲ့အခါ ငရုတ်သီးတစ်တောင့်မှ မထည့်ဘူး၊ ကျွန်တော့်ရဲ့ မကျေမနပ်မှုကို ဖွင့်ထုတ်ဖို့အတွက် ငရုတ်သီးတွေကို မစားဘဲ ပုပ်သိုးခံလိုက်တယ်။ ကျွန်တော့်သဘောထားကို မြင်တော့ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အကြံမပြုကြတော့ဘူး။ နောက်ပိုင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ဖြစ်ပြီး အဲဒီလိုမလုပ်သင့်ဘူးဆိုတာ သိပေမဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး။ ကျွန်တော် တာဝန်တွေမှာ ပိုပြီး တာဝန်မဲ့လာတယ်၊ ဟင်းချက်ရင် များရင်များ၊ မများရင် နည်းသွားတာမျိုး ဖြစ်လာတယ်။ ညီအစ်ကိုတွေ စားဖို့လောက်မလောက်လဲ ကျွန်တော် မမေးဘူး၊ ဒီတာဝန်ကနေ ခေါင်းရှောင်ဖို့ပဲ အမြဲ တွေးနေမိတယ်။ ဒါပေမဲ့ ကျွန်တော်က ကျိုးနွံနာခံခြင်းမရှိဘူးလို့ ညီအစ်ကိုမောင်နှမတွေ ပြောမှာကြောက်တာနဲ့ပဲ ထုတ်မပြောခဲ့ဘူး။ ဒါပေမဲ့ ဒယ်အိုးတွေ၊ ဒယ်ပြားတွေ၊ ဆေးကြောတိုက်ချွတ်ရတာတွေကို ရင်ဆိုင်ရတိုင်း ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်တွေးမိတာက ဒီတာဝန်ဆိုတာ အသက်ကြီးတဲ့ ညီအစ်ကိုမောင်နှမတွေ လုပ်နေကျပဲ၊ ကျွန်တော့်ကိုသိတဲ့ ညီအစ်ကိုမောင်နှမတွေသာ ကျွန်တော် ထမင်းချက်ဖြစ်နေတာကို သိသွားရင် ဘယ်သူကမှ ကျွန်တော့်ကို အထင်ကြီးတော့မှာ မဟုတ်ဘူးပေါ့။ အဲဒီအကြောင်း တွေးမိတဲ့အခါ မျိုသိပ်ထားရတဲ့ ခံပြင်းချက်ကြောင့် နေရထိုင်ရ တော်တော်ခက်လာတယ်။ ကျွန်တော့်အခြေအနေ မမှန်ဘူးဆိုတာ သတိပြုမိပြီး စိတ်ထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ဒီတာဝန် ကျွန်တော့်ဆီ ရောက်လာတာဟာ ကိုယ်တော့်ခွင့်ပြုချက် ပါမှန်း ကျွန်တော် သိပါတယ်။ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်၊ ကျွန်တော့်ကို ကျိုးနွံနာခံစေဖို့ လမ်းပြတော်မူပါ” ပေါ့။

ပြီးတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်မိတယ်၊ “ငါ ဘာလို့ ဧည့်ခံတာဝန်ကို ဘယ်တော့မှ မလုပ်ချင်ရတာလဲ” ပေါ့။ တစ်ရက်ကျတော့ ကျွန်တော်ဝတ်ပြုတဲ့အချိန်မှာ ကျွန်တော့်အခြေအနေနဲ့ အရမ်းကိုက်ညီတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ ဘုရားသခင်က ပြောသည် “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်ပြီး ဤအကြောင်းကြောင့်ပင် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။...အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မမျှော်ကိုး၊ သို့မဟုတ် အထင်မကြီး၊ သို့မဟုတ် မလိုက်နာဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ ငါသည် မျှော်လင့်ချက် မမဲ့သလော’ ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ပံ့ပိုးကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို သူတို့ရဲ့ အသက်တမျှ သဘောထားကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ အန္တိခရစ်တွေက ဘယ်လိုတာဝန်မျိုးပဲ လုပ်လုပ် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဘယ်တော့မှ ထည့်မတွက်ကြဘူး။ အဲဒီအစား သူတို့က ဂုဏ်ရှိဖို့နဲ့ သူများတွေရဲ့ အားကျတာခံရဖို့လောက်ပဲ စဉ်းစားကြပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မရနိုင်တော့တာနဲ့ တစ်ပြိုင်နက် သူတို့အသက်ကို နှုတ်ယူခံလိုက်ရသလို ဖြစ်သွားကြတာ။ ဒါက အန္တိခရစ်တွေရဲ့ အနှစ်သာရက ဆုံးဖြတ်ပေးတာပဲ။ ကျွန်တော် ထုတ်ဖော်ခဲ့တဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ အတူတူပဲ။ ခေါင်းဆောင်ဖြစ်တာ၊ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ တာဝန်တစ်ခုခု လုပ်တာကမှ လေးစားစရာကောင်းပြီး ထင်ပေါ်ကျော်ကြားမယ်၊ လူတွေ အားကျတာ ခံရမယ်၊ အဲဒီလိုမှပဲ ဘဝက တန်ဖိုးရှိမယ်၊ အဓိပ္ပာယ်ရှိမယ်လို့ ကျွန်တော် ယုံကြည်ခဲ့တာ။ ဆန့်ကျင်ဘက်အနေနဲ့ ဧည့်ခံတာဝန်လုပ်တာက နိမ့်ကျပြီး ဘယ်သူမှ ကျွန်တော့်ကို အထင်ကြီးမှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ စာပေတာဝန်တွေကနေ အဖြုတ်ခံရပြီးတဲ့နောက် ကျွန်တော့်အစွမ်းအစညံ့လို့ တာဝန်ပြောင်းခံရတာကို ညီအစ်ကိုမောင်နှမတွေသာ သိသွားရင် ကျွန်တော့်ကို အထင်သေးကြမှာ ကြောက်ပြီး တော်တော်လေး ရှက်ခဲ့မိတယ်။ အထူးသဖြင့် ဧည့်ခံတာဝန်လုပ်ဖို့ အခိုင်းခံရတဲ့အချိန်မှာ ကျွန်တော် လုံးဝ အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့တယ်။ အရင်တုန်းက အသင်းတော်မှာ ခေါင်းဆောင်ဖြစ်ခဲ့တုန်းကဆိုရင် ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ စုဝေးပြီး မိတ်သဟာယပြုခဲ့တာတွေ၊ အလုပ်တွေ အကောင်အထည်ဖော်ခဲ့တာတွေကို ကျွန်တော် ပြန်တွေးမိတယ်၊ အခုတော့ ကျွန်တော်က ထမင်းချက်ဖြစ်သွားပြီး လုံးဝ သိက္ခာကျသွားသလို ခံစားလိုက်ရတယ်။ အဲဒီအကြောင်း တွေးမိတိုင်း ကျွန်တော် ရင်ထဲမွန်းကျပ်ပြီး နာကြည်းရတယ်၊ စိတ်ဆင်းရဲရပြီး ကျိုးနွံနာခံမှုမရှိနိုင်ခဲ့ဘူး။ ညီအစ်ကိုတစ်ယောက်က ကျန်းမာရေးကြောင့် အရမ်းစပ်တဲ့ အစားအစာ မစားနိုင်လို့ ငရုတ်သီး လျှော့ထည့်ဖို့ ကျွန်တော့်ကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးတယ်။ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ တောင်းဆိုမှုတစ်ခုဖြစ်သလို ဧည့်ခံတာဝန်လုပ်နေတဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော် ထည့်သွင်းစဉ်းစားသင့်တဲ့အရာပါ၊ ပြီးတော့ ကျွန်တော် ဒါကို လက်ခံသင့်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်က သူ့ကို ထောက်ထားညှာတာမှု မပြခဲ့တဲ့အပြင် သူက ကျွန်တော့်ကို အထင်သေးနေတာလို့တောင် ယုံကြည်ခဲ့လို့ ကျွန်တော် သူနဲ့ အတိုက်အခံလုပ်ခဲ့တယ်၊ ပြီးတော့ တာဝန်အပေါ်မှာတောင် ဒေါသပုံချခဲ့မိတယ်။ ကျွန်တော်က အဆင့်အတန်းနဲ့ ဂုဏ်သတင်းနောက်ပဲ အရမ်းသွားလို့ ပုံမှန်လူ့သဘာဝတောင် ပျောက်ဆုံးခဲ့ရတယ်။ ညီအစ်ကိုတွေကို ကောင်းကောင်း ဧည့်ခံဖို့ ကိုယ့်တာဝန်ကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် မစဉ်းစားခဲ့ဘူး။ ကျွန်တော့်ခေါင်းထဲမှာ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အတွေးတွေနဲ့ပဲ ပြည့်နေပြီး တာဝန်ကနေ အမြဲတမ်း ခေါင်းရှောင်ချင်ခဲ့တယ်။ ကျွန်တော် တကယ်ကို လူ့သဘာဝ ကင်းမဲ့နေခဲ့တာပဲ။ ကျွန်တော် စိတ်ထဲကနေ ဘုရားသခင်ဆီ ဆုတောင်းခဲ့ပြီးတော့ နောင်တရပြီး တာဝန်တွေကို မှန်မှန်ကန်ကန် သဘောထားချင်စိတ်ရှိခဲ့ပါတယ်။

တစ်ရက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီးတော့ ကိုယ့်ပြဿနာတွေနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ၎င်းတို့၏ သင့်တော်သောနေရာတို့တွင် နေရန် ပျက်ကွက်သည့်၊ ၎င်းတို့ ပြီးမြောက်ရမည့်အရာကို ပျက်ကွက်သည့် ကိစ္စများတွင် တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်တွင် ပျက်ကွက်လျှင် ယင်းသည် ၎င်းတို့၏ စိတ်ထဲတွင် အထုံးတစ်ခု ဖြစ်လာလိမ့်မည်။ ဤသည်မှာ အလွန့်အလွန် လက်တွေ့ကျသော ပြဿနာဖြစ်ပြီး ဖြေရှင်းမှဖြစ်မည့် အရာဖြစ်သည်။ ထို့ကြောင့် ဤအရာကို မည်သို့ဖြေရှင်းရမည်နည်း။ လူတို့တွင် မည်သည့်သဘောထားမျိုး ရှိရမည်နည်း။ အခြားအရာအားလုံးမတိုင်မီ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲလိုစိတ် ရှိရမည်။ သို့ဆိုလျှင် ဤပြောင်းလဲမှုပြုဖို့ ဆန္ဒရှိခြင်းကို မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဥပမာအနေဖြင့် လူတစ်ဦးသည် နှစ်နှစ်သုံးနှစ်မျှ ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း သူ၌ အစွမ်းအစ နိမ့်ပါးသဖြင့် သူ၏အလုပ်တာဝန်ကို ကောင်းစွာ မလုပ်ဆောင်၊ မည်သည့်အခြေအနေကိုမျှ ရှင်းလင်းစွာ မမြင်တွေ့နိုင်၊ ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားအား မည်သို့အသုံးပြုရမည်ကို မသိ၊ ပြီးလျှင် တကယ့်အလုပ် တစ်ခုတလေမျှ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ထိုသူသည် ဖြုတ်ချခြင်းခံရလေသည်။ ထုတ်ပယ်ခြင်းခံရပြီးနောက် သူသည် ကျိုးနွံနာခံနိုင်သည်၊ သူ၏တာဝန်ကို ဆက်လက်ထမ်းဆောင်သည်၊ ပြီးလျှင် ပြောင်းလဲလိုစိတ် ရှိသည်ဆိုလျှင် သူ ဘာလုပ်သင့်သနည်း။ ပထမအနေဖြင့် ‘ဘုရားသခင်သည် ပြုလုပ်နေသည်မှာ အမှားမရှိပေ။ ကျွန်ုပ်၏ အစွမ်းအစမှာ အလွန်တရာ ညံ့ဖျင်းပြီး ကျွန်ုပ်သည် ကာလကြာရှည်စွာ တကယ့်အလုပ်ကို မလုပ်ခဲ့သေး၊ ထိုအစား အသင်းတော်၏ အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတို့ကိုသာ ကြန့်ကြာစေခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် ကျွန်ုပ်အား ချက်ချင်း မမောင်းထုတ်ခဲ့သည်မှာ ကံကောင်းလှသည်။ ကျွန်ုပ်သည် တကယ်ပင် အတော်လေး အရှက်မဲ့နေကာ ကျွန်ုပ်၏ ရာထူးနေရာကို ဤကာလတစ်လျှောက်လုံး မြဲမြံစွာ ဆုပ်ကိုင်ထားသည့်အပြင် ကြီးမားသောအလုပ် လုပ်ဆောင်ထားပြီဟုပင် မိမိကိုယ်ကို ယုံကြည်မိသည်။ ကျွန်ုပ် မတော်တရော်ဖြစ်လှပါတကား’ ဟူ၍ ဤသို့ နားလည်ထားသင့်သည်။ မိမိကိုယ်ကို မုန်းတီးမှုနှင့် နောင်တစိတ်ကို ခံစားရနိုင်ခြင်းသည် ပြောင်းလဲမှုပြုဖို့ ဆန္ဒရှိခြင်း၏ ဖော်ပြချက်တစ်ခု ဟုတ်သလော၊ မဟုတ်သလော။ သူသည် ဤအရာကို ပြောနိုင်ပါက သူ၌ ဆန္ဒရှိနေသည်ကို ဆိုလိုသည်။ သူ၏စိတ်နှလုံးထဲ၌ ‘ကာလကြာရှည်စွာ ကျွန်ုပ်၏ ရာထူးနေရာတွင် ခေါင်းဆောင်တစ်ဦးအဖြစ် အဆင့်အတန်း၏ အကျိုးအမြတ်များအတွက် ကျွန်ုပ်အမြဲတမ်း ကြိုးပမ်းခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်သည် အယူဝါဒကို အမြဲတမ်း ဟောပြောပြီး မိမိကိုယ်ကို အယူဝါဒဖြင့် ပြင်ဆင်နေခဲ့သည်။ အသက်ဝင်ရောက်မှုအတွက် ကျွန်ုပ်မကြိုးပမ်းခဲ့ချေ။ ယခု ဖြုတ်ချခံရပြီးနောက်မှသာ ကျွန်ုပ်သည် အဘယ်မျှပင် ချို့ငဲ့နေသည့်အပြင် လိုအပ်နေသည်ကို မြင်တွေ့မိသည်။ ဘုရားသခင်သည် မှန်သောအရာကို လုပ်ဆောင်ခဲ့သည်၊ ကျွန်ုပ်သည် ကျိုးနွံနာခံရမည်ဖြစ်သည်။ အတိတ်တွင် ကျွန်ုပ်၌ အဆင့်အတန်း ရှိခဲ့ပြီး ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကို ကောင်းစွာ ဆက်ဆံခဲ့ကြသည်။ ကျွန်ုပ်သွားလေရာရာ၌ ၎င်းတို့က ဝိုင်းရံတတ်ကြသည်။ ယခုအခါတွင်မူ မည်သူကမျှ ကျွန်ုပ်အား မည်သည့်အာရုံကိုမျှ မစိုက်ကြတော့ဘဲ ကျွန်ုပ် ပစ်ပယ်ခံရပြီ။ ဤသည်မှာ ကျွန်ုပ်ရထိုက်သောအရာ၊ ကျွန်ုပ်ထိုက်တန်သည့် ဝဋ်လည်ခြင်းပင် ဖြစ်၏။ ထိုမျှမက ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်၏ရှေ့မှောက်၌ အဘယ်သို့များ အဆင့်အတန်းတစ်ခုခု ရှိနိုင်မည်နည်း။ လူတစ်ဦး၏ အဆင့်အတန်းသည် အဘယ်မျှ မြင့်မားသည်ဖြစ်စေ ယင်းသည် အဆုံးသတ်လည်း မဟုတ်သကဲ့သို့ ပန်းတိုင်လည်း မဟုတ်ပေ။ ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းချက် ပေးအပ်သည်မှာ ကျွန်ုပ်အနေဖြင့် မိမိ၏ အရှိန်အဝါကို သုံးနိုင်ဖို့ သို့မဟုတ် ကျွန်ုပ်၏အဆင့်အတန်းကို မွေ့လျော်နိုင်ဖို့ မဟုတ်ဘဲ ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်နိုင်ဖို့နှင့် ကျွန်ုပ်တတ်နိုင်သမျှကို လုပ်ဆောင်ရဖို့ ဖြစ်ပေသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားအိမ်တော်၏ အစီအစဉ်များအပေါ် ကျိုးနွံနာခံခြင်း သဘောထား ရှိသင့်သည်။ ကျိုးနွံနာခံခြင်းဟူသည် ခက်ခဲကောင်းခက်ခဲမည် ဖြစ်သော်လည်း ကျွန်ုပ် ကျိုးနွံနာခံရမည်။ ဘုရားသခင်သည် ပြုလုပ်နေသည်မှာ မမှားဘဲ အကယ်၍ ကျွန်ုပ်၌ အကြောင်းပြချက်များ ထောင်နှင့်၊ သောင်းနှင့် ချီ၍ ရှိခဲ့လျှင်ပင် ယင်းတို့တစ်ခုမျှ သမ္မာတရား ဖြစ်မည်မဟုတ်ပေ။ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသည် သမ္မာတရားဖြစ်၏’ ဟု ဆိုလျှင် ဤသည်တို့မှာ ပြောင်းလဲလိုစိတ်ရှိခြင်း၏ ဖော်ပြချက်များအတိအကျ ဖြစ်သည်။ ထို့ပြင် လူတစ်ဦးသည် ဤအရာများအားလုံးကို ပိုင်ဆိုင်ထားဖို့ဆိုပါက ဘုရားသခင်သည် ထိုကဲ့သို့သော လူတစ်ဦးကို မည်ကဲ့သို့ အကဲဖြတ်နိုင်မည်နည်း။ ဘုရားသခင်က ဤသည်မှာ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသည့် လူဖြစ်သည်ဟု ဆိုမည်။ ဤအကဲဖြတ်ချက်က မြင့်မားသလော။ ယင်းမှာ လွန်ကဲစွာ မြင့်မားသည်မဟုတ်ပေ။ အသိတရားနှင့် ဆင်ခြင်တုံတရားရှိခြင်းတစ်ခုတည်းသည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရရန် စံချိန်စံညွှန်းများကို မပြည့်မီပေ။ သို့သော် ဤလူစားမျိုးနှင့်ပတ်သက်၍ ယင်းသည် သေးငယ်သော ပြီးမြောက်အောင်မြင်မှု မဟုတ်တော့ပေ။ ကျိုးနွံနာခံနိုင်ခြင်းသည် အဖိုးတန်၏။ ဤအရာနောက်တွင် သူ့အပေါ် ဘုရားသခင်၏အမြင်ကို ပြောင်းလဲစေဖို့ ကြိုးပမ်းသည့်ပုံသည် မည်သည့်လမ်းကို သူရွေးချယ်သည် ဟူသည့်အပေါ် မူတည်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်တော် ရှက်ပြီး အပြစ်ရှိသလို ခံစားရတယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့လူတစ်ယောက်ဟာ တာဝန်တွေ ပြောင်းရွှေ့ခံရတာ၊ ဒါမှမဟုတ် အဖြုတ်ခံရတာ ကြုံရတဲ့အခါ ကျိုးနွံနာခံနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်သုံးသပ်ပြီး ကိုယ့်လိုအပ်ချက်တွေကို နားလည်သဘောပေါက်တယ်။ ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်းပြဖို့၊ စည်းမျဉ်းစည်းကမ်းတွေကို ညှိနှိုင်းဖို့ မကြိုးစားဘဲ လက်ခံတယ်။ ပြီးတော့ ပြောင်းလဲချင်စိတ်ရှိတယ်။ ကျွန်တော့်မှာ အစွမ်းအစညံ့ပြီး စာပေတာဝန်တွေ လုပ်ဖို့ အရည်အချင်းမမီခဲ့တာကို ပြန်စဉ်းစားမိတယ်။ တာဝန်ထမ်းဆောင်တာ လနဲ့ချီကြာတာတောင် ဘာရလဒ်မှ မထွက်ခဲ့ဘူး၊ ခေါင်းဆောင်တွေက ကျွန်တော့်တာဝန်တွေကို ပြုပြင်ပြောင်းလဲလိုက်တာဟာ သမ္မာတရား စည်းမျဉ်းနဲ့ လုံးဝကိုက်ညီပါတယ်။ ကျွန်တော်သာ အဲဒီတာဝန်ကို ဆက်လုပ်နေခဲ့ရင် အလုပ်ကို နှောင့်နှေးစေမှာဖြစ်သလို ကျွန်တော့်ရဲ့ လုံလောက်မှုမရှိတဲ့အစွမ်းအစကြောင့် အပျက်သဘောဆောင်လာမှာပဲ။ ဒီအစီအစဉ်က အသင်းတော်အလုပ်အတွက်ရော၊ ကျွန်တော့်အတွက်ပါ အကျိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘုရားသခင်ကို ကျေးဇူးမတင်ခဲ့တဲ့အပြင် အပျက်သဘောဆောင်ပြီး ညည်းတွားတာတောင်လုပ်ခဲ့တယ်၊ ဧည့်ခံတာဝန်လုပ်ရတာက ကျွန်တော့်အတွက် လုံးဝ သိက္ခာကျစရာလို့ ယုံကြည်နေခဲ့တာပါ။ အကြီးအကျယ် အရှက်ခွဲခံရသလိုမျိုးပေါ့။ နေ့တိုင်း ကျွန်တော် တာဝန်ကို မလုပ်ချင်လုပ်ချင်နဲ့ လုပ်ခဲ့တယ်။ ကျွန်တော့်အစွမ်းအစညံ့ပေမဲ့ ဘုရားအိမ်တော်က ကျွန်တော့်ကို ဖယ်ရှားရှင်းလင်းခြင်း မရှိခဲ့ဘဲ တာဝန်ထမ်းဆောင်ဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဖြစ်ပြီး ကျွန်တော် ဘုရားသခင်ကို ကျေးဇူးတင်သင့်သလို ခြွင်းချက်မရှိ လက်ခံပြီး ကျိုးနွံနာခံသင့်ခဲ့တယ်။ ဒါပေမဲ့ ကောင်းမှန်းဆိုးမှန်းမသိဘဲ ကျွန်တော် အပျက်သဘောဆောင်ပြီး အချောင်ခိုခဲ့တယ်၊ မခံမရပ်နိုင်ဖြစ်ပြီး လက်မခံနိုင်ဖြစ်ခဲ့တယ်။ ကျွန်တော် တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပဲ။

နောက်ပိုင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်မိတယ်၊ “တာဝန်မှာ ငါ ဘာလို့ အဆင့်အတန်းနဲ့ မာနရဲ့ ဘောင်ခတ်တာကို အမြဲ ခံနေရတာလဲ” ပေါ့။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီးတဲ့နောက် ကျွန်တော့်ပြဿနာရဲ့ အရင်းအမြစ်ကို တွေ့သွားတယ်။ ဘုရားသခင်က ပြောသည် “သင်တို့သည် မိမိတို့၏ အတောင်များကို အမြဲ ဖြန့်ကာ ပျံသန်းလိုကြသလော၊ အစဉ်သဖြင့် တစ်ဦးတည်းပျံသန်းလိုသလော။ ငှက်ငယ်လေးထက် လင်းယုန်တစ်ကောင်ဖြစ်လိုသလော။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ဤသည်မှာ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းဖြစ်သလော။ သင်၏ ကျင့်ကြံပြုမူခြင်းသည် ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသင့်သည်။ ဘုရားနှုတ်ကပတ်တော်များကသာ သမ္မာတရားဖြစ်သည်။ သင်တို့သည် စာတန်က ဖျက်ဆီးခြင်းကို အလွန်ပြင်းပြင်းထန်ထန်ခံထားရသည်။ စာတန်၏ စကားများဖြစ်သော ရိုးရာယဉ်ကျေးမှုကို သမ္မာတရားအဖြစ်၊ သင်၏ လိုက်စားမှု၏ ရည်ရွယ်ချက်အဖြစ် အစဉ် ခံယူသည်။ ထို့ကြောင့် သင်သည် လမ်းမှားလိုက်ရန်၊ ဘုရားအား အတိုက်အခံပြုသည့်လမ်းကို လျှောက်ရန် လွယ်ကူသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအမြင်များ၊ ၎င်းတို့ကြိုးပမ်းသည့် အရာများသည် ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ အရာခတ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာဥပဒေသများနှင့်လည်းကောင်း၊ အရာခပ်သိမ်းအပေါ် သူ၏ စီစဉ်ညွှန်ကြားမှုနှင့်လည်းကောင်း၊ ပြီးလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် သူ၏ ထိန်းချုပ်မှုနှင့်လည်းကောင်း ဆန့်ကျင်နေသည်။ ထို့ကြောင့် ဤလိုက်စားမှုမျိုးသည် လူသား၏ အတွေးများ၊ အယူအဆများအရ မည်မျှ သင့်တော်ပြီး ကျိုးကြောင်းသင့်သည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများမဟုတ်ပေ။ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် မညီပေ။ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာအမှန်တရားကို ဆန့်ကျင်သောကြောင့်၊ တစ်ဦးတည်းလျှောက်လှမ်းချင်ပြီး သင်၏ ကံကြမ္မာကို သင်ကိုယ်တိုင် စီမံခန့်ခွဲလိုသောကြောင့် သင်သည် အစဉ်သဖြင့် အတားအဆီးများနှင့် ဝင်ဝင်တိုးနေသည်မှာ အလွန်ပြင်းထန်သောကြောင့် သင်၏ခေါင်းမှ သွေးများစီးကျသည်အထိ ဖြစ်သည်။ မည်သည့်အရာကမျှ သင့်အတွက် အလုပ်မဖြစ်ပေ။ အဘယ်ကြောင့် မည်သည့်အရာကမျှ သင့်အတွက် အလုပ်မဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် တည်ဆောက်ထားသော ဥပဒေသများကို မည်သည့်ဖန်ဆင်းခံကမျှ ပြောင်းလဲ၍ မရနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးသည် အရာအားလုံးအထက်တွင် ရှိသည်။ မည်သည့်ဖန်ဆင်းခံကမျှ ချိုးဖျက်၍ မရပေ။ လူတို့သည် ၎င်းတို့၏ အရည်အချင်းများကို အလွန်အထင်ကြီးကြသည်။ လူတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ အစဉ် လွတ်မြောက်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို အစဉ်ထိန်းချုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို စီစဉ်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ မျှော်လင့်ချက်များ၊ ဦးတည်ချက်နှင့် ဘဝပန်းတိုင်များကို ထိန်းချုပ်လိုစိတ်ဖြစ်ရန် ဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ဤစမှတ်သည် မည်သည့်နေရာမှ လာသနည်း။ (ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သော စိတ်သဘောထားမှ လာသည်။) သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားက လူတို့အား မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်း။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။) လူတို့ ဘုရားသခင်ကို ဆန့်ကျင်ရာမှ မည်သည့်အရာလာသနည်း။ (နာကျင်မှုလာပါသည်။) နာကျင်မှုလော။ ယင်းမှာ ပျက်စီးခြင်းပင်တည်း။ နာကျင်မှုမှာ ယင်း၏ထက်ဝက်ပင် မဟုတ်ချေ။ သင့်မျက်စိရှေ့တည့်တည့်တွင် တွေ့ရသည်မှာ နာကျင်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် ပျော့ညံ့ခြင်းတို့ဖြစ်ပြီး ယင်းမှာ အာခံခြင်းနှင့် တိုင်တန်းခြင်းများ ဖြစ်သည်။ ဤအရာများက မည်သည့်အဆုံးသတ်ကို ဆောင်ကြဉ်းလိမ့်မည်နည်း။ ပျက်သုဉ်းခြင်းပင်တည်း။ ဤသည်မှာ သေးငယ်သောကိစ္စ မဟုတ်သည့်အပြင် ကစားစရာမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားများကို ဖြေရှင်းနိုင်၏) “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတာရယ် “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတာရယ်လိုမျိုး စာတန်ဆန်တဲ့ အဆိပ်အတောက်တွေရဲ့ ချည်နှောင်တာကို ကျွန်တော် အဓိက ခံထားရပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အသက်ရှင်နေမှန်း ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့ရတယ်။ ငယ်ငယ်တုန်းက ကျွန်တော့်မှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းလိုချင်တဲ့ ဆန္ဒရှိခဲ့တယ်။ ဆယ်ကျော်သက်အရွယ်တုန်းက လူတော်တော်များများ ပန်းရံလုပ်နေတာကို မြင်တော့ “ငါ ဆင်းရဲပြီး သေရင်သေပါစေ၊ ဘယ်တော့မှ ပန်းရံမလုပ်ဘူး” လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ အဲဒီလို တွေးခဲ့တာက ပန်းရံအလုပ်ဆိုတာ ကျွမ်းကျင်မှုမရှိတဲ့သူတွေ၊ အနာဂတ်မရှိတဲ့သူတွေ လုပ်တဲ့အလုပ်လို့ ကျွန်တော် ယုံကြည်ခဲ့လို့ပါ။ စီးပွားရေးအကြီးကြီးလုပ်တဲ့သူတွေ၊ တင့်တောင့်တင့်တယ် ဝတ်စားဆင်ယင်ပြီး ဘယ်သွားသွား လူတွေရဲ့ အားကျတာ၊ လေးစားတာ ခံရတဲ့သူတွေကို ကျွန်တော် တကယ် အားကျခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော် စီးပွားရေး ဘယ်လိုလုပ်ရမလဲဆိုတာ စလေ့လာတော့ ရွာသားတွေအကုန်လုံးက “ဒီကောင်လေး သတ္တိရှိတယ်။ သူ သေချာပေါက် ကြီးပွားမဲ့ကောင်” ဆိုပြီး ကျွန်တော့်ကို ချီးကျူးကြတယ်။ အဲဒီစကားကြားရတော့ ကျွန်တော် တော်တော် ပျော်ခဲ့တာ။ ကျွန်တော် ဘာပဲလုပ်လုပ်၊ အဲဒါက ဂုဏ်ရှိမရှိ၊ လူတွေ ကျွန်တော့်ကို အထင်ကြီးလာအောင် လုပ်ပေးနိုင်မလားဆိုတာကို ထည့်စဉ်းစားရတယ်။ ဘုရားသခင်ကို တွေ့ရှိပြီးတဲ့နောက်မှာလည်း ဒီ စာတန်ဆန်တဲ့အဆိပ်အတောက်တွေနဲ့ပဲ ကျွန်တော် ဆက်အသက်ရှင်နေခဲ့တယ်။ သာမန်ယုံကြည်သူတစ်ယောက်အနေနဲ့ ပင်ပင်ပန်းပန်းလုပ်ရတဲ့ တာဝန်တစ်ခုကို လုပ်တာက ကျွန်တော့်တန်ဖိုးကို မပြသနိုင်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ခေါင်းဆောင်လုပ်တာ၊ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ တာဝန်တစ်ခုခု လုပ်တာကမှ ကျွန်တော့်ကို ထင်ပေါ်ကျော်ကြားစေပြီး လူတွေရဲ့ အားကျတာ၊ လေးစားတာကို ခံရစေမယ်၊ အဲဒီလိုမှပဲ ဘဝက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိမယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်ရာမှာ ကျွန်တော် အရမ်းတက်ကြွခဲ့ပြီး အရာရာကို စွန့်လွှတ်ပြီး ချန်ထားနိုင်ခဲ့တယ်။ အရင်တုန်းက ခေါင်းဆောင်ဖြစ်ခဲ့တာတွေ၊ ဘယ်သွားသွား ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားအားကျမှုကို ခံခဲ့ရတာတွေကို ကျွန်တော် ပြန်တွေးမိတယ်။ အထူးသဖြင့် သူတို့နဲ့ ပိုပြီးတော့ စုဝေးပြီး မိတ်သဟာယပြုဖို့ ကျွန်တော့်ကို တောင်းဆိုကြတဲ့အခါ ကျွန်တော် ပျော်လွန်းလို့ ဘာပြောရမှန်းတောင် မသိခဲ့ဘူး။ ကျွန်တော့်ကို လူတွေက အထင်ကြီးလေးစားကြတယ်လို့ ခံစားရပြီး တာဝန်ထမ်းဆောင်ဖို့ အရမ်းကို တက်ကြွခဲ့တယ်။ ဒါပေမဲ့ ဧည့်ခံတာဝန်လုပ်ဖို့ အခိုင်းခံရတဲ့အခါကျတော့ သစ်ရွက်ခြောက်လို ညှိုးငယ်သွားတော့တာပဲ။ ဒီတာဝန်လုပ်ရတာက နိမ့်ကျတယ်လို့ ခံစားရလို့ ကျွန်တော် စိတ်ထဲမှာ အတိုက်အခံဖြစ်ပြီး ညည်းတွားခဲ့တယ်၊ တာဝန်ထမ်းဆောင်ရာမှာ အပျက်သဘောဆောင်ပြီး ခိုကတ်ခဲ့တယ်။ ထမင်းချက်ရင် များရင်များ၊ မများရင် နည်းသွားပြီး စားဖို့ မလောက်တာတွေ ဖြစ်လာတယ်။ တစ်ခါတလေ လက်ကျန်ထမင်းဟင်းတွေ တွေ့ရင် ညီအစ်ကိုတွေ စားဖို့ လောက်မလောက် ဂရုမစိုက်ဘဲ ဝတ်ကျေတမ်းကျေ ရောချက်လိုက်တာမျိုး လုပ်တယ်။ ချက်ပြုတ်တဲ့အခါ ညီအစ်ကိုရဲ့ ကျန်းမာရေးကို ကျွန်တော် ထည့်မစဉ်းစားဘူး၊ သူ ကျွန်တော့်ကို ထပ်သတိပေးတဲ့အခါ ကျွန်တော် မကျေမနပ် ဖြစ်တယ်။ စိတ်အခြေအနေ မကောင်းတဲ့အခါဆိုရင် သန့်ရှင်းရေးတောင် မလုပ်ဘဲ နေလိုက်တယ်။ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေတာကြောင့် ကျွန်တော့်မှာ ဆင်ခြင်တုံတရားနဲ့ ပုံမှန်လူ့သဘာဝ ပိုပိုပြီး ကင်းမဲ့လာတယ်။ ကျွန်တော်သာ နောင်တမရရင် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို မနှစ်မြို့လာကြမှာတင် မကဘူး၊ ဘုရားသခင်လည်း စိတ်နှလုံး မသာမယာဖြစ်ပြီး ကြာလာရင် သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်တော့်ကို စွန့်ခွာသွားလိမ့်မယ်။ အဲဒါကို နားလည်သွားတဲ့အခါ ကျွန်တော် နည်းနည်း ကြောက်သွားတယ်၊ ဒါနဲ့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ ဆန္ဒရှိပါတယ်လို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ဖတ်ပြီးတော့ ကိုယ့်တာဝန်တွေကို ဘယ်လိုသဘောထားရမလဲဆိုတာ နားလည်သွားတယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်၏ အိမ်တော်တွင် သင် လုပ်ဆောင်ရန်အတွက် မည်သည့်အရာကို စီစဉ်ပေးသည်ဖြစ်စေ၊ ယင်းက ဆင်းရဲဒုက္ခ၊ သို့မဟုတ် ပင်ပန်းသောအလုပ်ဖြစ်စေ၊ သင် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ယင်းသည် သင်၏ တာဝန်ဖြစ်သည်။ သင်သည် ထိုအလုပ်အား ဘုရားသခင်က သင့်အားပေးထားသည့် စေခိုင်းချက်နှင့် တာဝန်တစ်ခုအဖြစ် မှတ်ယူနိုင်လျှင် သင်သည် လူကို ကယ်တင်သည့် သူ၏ အမှုနှင့် သက်ဆိုင်သည်။ သင်လုပ်ဆောင်သည့်အရာနှင့် သင်ထမ်းဆောင်သော တာဝန်သည် လူကို ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်ပြီး သင်သည် ဘုရားသခင်က သင့်အားပေးထားသည့် စေခိုင်းချက်ကို လေးနက်စွာ၊ ရိုးသားစစ်မှန်စွာ လက်ခံနိုင်လျှင် ဘုရားသခင်သည် သင့်အား မည်သို့ မှတ်ယူမည်နည်း။ ဘုရားသခင်သည် သင့်အား သူ၏ မိသားစုဝင်အဖြစ် မှတ်ယူလိမ့်မည်။ ဤသည်မှာ ကောင်းချီးဖြစ်သလော၊ ကျိန်ဆဲခြင်းဖြစ်သလော။ (ကောင်းချီးဖြစ်သည်။) ဤသည်မှာ ကြီးမြတ်သော ကောင်းချီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း)ဖန်ဆင်းခံများအနေဖြင့် သင်တို့၏ လုပ်ငန်းဆောင်တာမှာ အဘယ်နည်း။ ဤသည်မှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှု၊ တာဝန်တို့နှင့် ဆက်နွှယ်ပေသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်က သင့်ကို တေးသီချင်းနှင့်ဆိုင်သည့် ဆုကျေးဇူးပေးကာ ဘုရားအိမ်တော်က သင် သီချင်းဆိုဖို့အတွက် စီစဉ်ပါက ကောင်းစွာ သီဆိုရမည်ဖြစ်သည်။ သင်သည် ဧဝံဂေလိတရားဟောခြင်း ဆုကျေးဇူးရှိပြီး ဘုရားအိမ်တော်က ဧဝံဂေလိ တရားဟောရန် သင့်အတွက် စီစဉ်ပေးပါက သင်သည် ယင်းကို ကောင်းစွာ လုပ်ဆောင်သင့်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့က သင့်ကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်သည့်အခါ သင့်အနေဖြင့် ခေါင်းဆောင်မှုနှင့်ဆိုင်သည့် တာဝန်ပေးစေခိုင်းချက်ကို ယူသင့်ပြီး ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန်၊ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုရန်နှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့ကို ဦးဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်၏ တာဝန်ကို ကောင်းစွာ သင် ဆောင်ရွက်ပြီးဖြစ်လိမ့်မည်။ လူကို ဘုရားသခင် ပေးသည့် တာဝန်ပေးစေခိုင်းချက်သည် အလွန့်အလွန် အရေးကြီးပြီး အဓိပ္ပာယ်ရှိ၏။ ထို့ကြောင့် ဤစေခိုင်းချက်တာဝန်ကို သင် မည်သို့ ယူပြီး မိမိလုပ်ငန်းဆောင်တာကို ဖြည့်ဆည်းသင့်သနည်း။ ဤသည်မှာ သင် ရင်ဆိုင်သည့် အကြီးမားဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး ရွေးချယ်မှုတစ်ခု သင် ပြုလုပ်ရမည်။ ယင်းမှာ သမ္မာတရားကို သင် ရရှိနိုင်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်ခြင်း ရှိမရှိဆိုသည်ကို ဆုံးဖြတ်သည့် အရေးပါသော အခိုက်အတန့်တစ်ခု ဖြစ်သည်ဟု ဆို၍ရနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်) ဘုရားအိမ်တော်ရဲ့ တာဝန်တွေမှာ ကြီးတာနဲ့ငယ်တာ၊ မြင့်တာနဲ့နိမ့်တာ၊ မြင့်မြတ်တာနဲ့နိမ့်ကျတာဆိုပြီး ကွဲပြားတာမရှိဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့ရတယ်။ တာဝန်တွေဆိုတာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားသခင်ရဲ့ အမှုတော်ကနေ ပေါ်ထွက်လာတာပါ။ ဘယ်လိုတာဝန်ပဲ လုပ်သည်ဖြစ်စေ၊ ထင်ပေါ်ကျော်ကြားခွင့် ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ ကိုယ့်တာဝန်ကို စစ်မှန်တဲ့စိတ်နဲ့ လက်ခံနိုင်ရင်၊ အလေးအနက်ထားနိုင်ရင်၊ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကိုယ့်အခန်းကဏ္ဍကနေ ပါဝင်နိုင်ရင်၊ ပြီးတော့ လက်တွေ့ကျကျ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်နိုင်ရင် ဘုရားသခင် ကျေနပ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ခေါင်းဆောင်ဖြစ်တာ၊ စာပေတာဝန်လုပ်တာ၊ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ တာဝန်တစ်ခုခု လုပ်တာတွေကို အဆင့်မြင့်တဲ့ တာဝန်တွေလို့ သတ်မှတ်ခဲ့တယ်။ ဒီလိုတာဝန်မျိုး လုပ်တဲ့လူတွေက ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ခံရမဲ့သူတွေဖြစ်ပြီး ဧည့်ခံတာဝန်လုပ်တဲ့သူတွေ၊ တောက်တိုမည်ရလုပ်တဲ့သူတွေကတော့ ပင်ပင်ပန်းပန်းလုပ်ပြီး အစေခံသက်သက်ပဲလို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ တာဝန်တွေကို အမြင့်နဲ့အနိမ့်၊ အယုတ်နဲ့အမြတ်ဆိုပြီး အဆင့်အတန်း အမျိုးမျိုး ခွဲခြားခဲ့တယ်။ ဒီအမြင်က တကယ်ကို အဓိပ္ပာယ်မဲ့လွန်းပြီး သမ္မာတရားနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။ ကျွန်တော့်မှာ စာပေတာဝန်လုပ်ဖို့ ကျွမ်းကျင်မှုမရှိတာ၊ အစွမ်းအစညံ့တာ၊ ပြီးတော့ တာဝန်ထမ်းဆောင်တာ အကြာကြီးဖြစ်တာတောင် ဘာရလဒ်မှ မရခဲ့တာတွေကို ပြန်စဉ်းစားမိတယ်။ သိက္ခာဆည်ဖို့အတွက် ကျွန်တော် အတင်းကာရော ပူးပေါင်းလုပ်နေမယ်ဆိုရင် အသင်းတော်ရဲ့အလုပ်ကို နှောင့်နှေးစေမှာဖြစ်သလို ကျွန်တော်ကိုယ်တိုင်လဲ အပျက်သဘောဆောင်လာနိုင်တယ်၊ အဲဒါက ကျွန်တော့်အသက်တာအတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး။ အသင်းတော်က ကျွန်တော့်အတွက် ဧည့်ခံတာဝန် စီစဉ်ပေးတယ်။ ဒါက ကျွန်တော် လုပ်နိုင်တဲ့ တာဝန်ဖြစ်ပြီး လက်ခံသင့်တယ်၊ ကျိုးနွံနာခံပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းသင့်တယ်။ အဲဒီလိုမှသာ ကျွန်တော့်မှာ ရှိသင့်ရှိထိုက်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိမှာပါ။

နောက်ပိုင်းမှာ ကျွန်တော့်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တစ်ခု ရှိနေသေးတာကို သတိပြုမိလိုက်တယ်၊ အဲဒါကတော့ အရေးကြီးတဲ့ တာဝန်တစ်ခု လုပ်ရင် အဆင့်အတန်းမြင့်ပြီး မထင်ရှားတဲ့ တာဝန်တစ်ခု လုပ်ရင် အဆင့်အတန်းနိမ့်တယ်လို့ ယုံကြည်နေတာပါပဲ။ တစ်ရက်မှာ ကျွန်တော့်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်ကို ပြုပြင်ပေးလိုက်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ ဘုရားသခင်က ပြောသည် “တစ်စုံတစ်ဦး၏ လူမှုအဆင့်အတန်းသည် အလွန် နိမ့်ကျပြီး သူတို့၏ မိသားစုသည် အလွန် ဆင်းရဲကာ သူတို့၌ ပညာအရည်အချင်း အဆင့်အတန်း နိမ့်ပါးသည့်တိုင် သူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ကြပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သော အမှုအရာများကို ချစ်မြတ်နိုးကြပါက ဘုရားသခင်၏ အမြင်၌ သူတို့၏ တန်ဖိုးသည် မြင့်သလော သို့မဟုတ် နိမ့်သလော၊ ယင်းသည် မြင့်မြတ်သလော သို့မဟုတ် နိမ့်ကျသလော။ သူတို့သည် တန်ဖိုးရှိကြသည်။ ဤရှုထောင့်မှ ကြည့်လျှင် တစ်စုံတစ်ဦး၏ တန်ဖိုးသည် မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ၊ ယုတ်ညံ့သည်ဖြစ်စေ အဘယ်အရာအပေါ် မူတည်သနည်း။ ယင်းမှာ ဘုရားသခင်သည် သင့်ကို ရှုမြင်သည့်ပုံစံအပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို သမ္မာတရားကို လိုက်စားသောသူတစ်ဦးအဖြစ် ရှုမြင်ပါက သင်သည် တန်ဖိုး ရှိပြီး အဖိုးတန်သည်။ သင်သည် တန်ဖိုးရှိသော တန်ဆာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင် သမ္မာတရားကို မလိုက်စားသည်ကိုလည်းကောင်း၊ သင်သည် သူ့အတွက် စိတ်ရင်းမှန်ဖြင့် အသုံးမခံသည်ကိုလည်းကောင်း ရှုမြင်ပါက သင်သည် တန်ဖိုးမရှိသူဖြစ်ပြီး အဖိုးမတန်ပေ။ သင်သည် နိမ့်ကျသော တန်ဆာတစ်ရပ် ဖြစ်သည်။ သင်သည် မည်မျှပင်အဆင့်မြင့်ပညာတတ်ဖြစ်စေကာမူ သို့မဟုတ် သင်၏ လူ့အဖွဲ့အစည်းအတွင်းမှ အဆင့်အတန်းသည် မည်မျှပင် မြင့်မားစေကာမူ သင်သည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် နားမလည်ပါက သင်၏ တန်ဖိုးသည် မည်သည့်အခါမျှ မြင့်မားနိုင်မည် မဟုတ်ပေ။ လူများစွာတို့သည် သင့်ကို ထောက်ခံကြလျှင်ပင်၊ သင့်ကို ချီးမြှောက်ကြလျှင်ပင်၊ သင့်ကို ကြည်ညိုကြလျှင်ပင် သင်သည် ယုတ်ညံ့သော သတ္တဝါတစ်ဦးသာ ဖြစ်နေဆဲ ဖြစ်သည်။...ယခု ကြည့်လျှင် တစ်စုံတစ်ဦး၏ တန်ဖိုးကို မြင့်မြတ်သည် သို့မဟုတ် နိမ့်ကျသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုရန် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ (ယင်းမှာ ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အမှုအရာများအပေါ် သူတို့၏ သဘောထား ဖြစ်ပါသည်။) မှန်ပေသည်။ ဦးစွာပထမအနေဖြင့် ဘုရားသခင်၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကို နားလည်ရမည်။ ဘုရားသခင်၏ သဘောထားကို နားလည်ခြင်းနှင့် ဘုရားသခင် လူတို့ကို အမျိုးအစားခွဲသည့် စည်းမျဉ်းများနှင့် စံနှုန်းများကို နားလည်ခြင်း၊ ထို့နောက် ဘုရားသခင် လူတို့ကို ဆက်ဆံသည့် စည်းမျဉ်းများနှင့် စံနှုန်းများအပေါ် အခြေခံ၍ လူတို့အပေါ် ဆုံးဖြတ်သတ်မှတ်ခြင်း ဖြစ်သည်။ ဤသည်သာလျှင် အတိကျဆုံး၊ အသင့်လျော်ဆုံးနှင့် တရားအမျှတဆုံး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ဘုရားအိမ်တော်မှာ လူတစ်ယောက် မြင့်မြတ်တယ် မမြတ်ဘူးဆိုတာက သူ့မှာ အဆင့်အတန်း ရှိမရှိအပေါ် မမူတည်သလို ဘယ်သူက သူ့ကို လေးစားအားကျသလဲ၊ ကိုးကွယ်သလဲဆိုတာပေါ်လဲ မမူတည်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့ရတယ်။ အဲဒီအစား လူတွေက သမ္မာတရားကို ချစ်သလား၊ သမ္မာတရားကို လိုက်စားသလားဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ လူတစ်ယောက်က သမ္မာတရားကို မလိုက်စားဘူး၊ သမ္မာတရားကို မချစ်ဘူးဆိုရင် သူ့အဆင့်အတန်း ဘယ်လောက်မြင့်မြင့်၊ လူဘယ်နှယောက်က သူ့နားဝိုင်းပြီး ကိုးကွယ်နေပါစေ၊ အဲဒါတွေ အလကားဖြစ်သွားမှာတင် မကဘူး၊ အဆင့်အတန်းရဲ့ အကျိုးအမြတ်တွေကို ခံစားပျော်ပါးနေလို့ သူဟာ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မယ်။ လူတစ်ယောက်မှာ အဆင့်အတန်းမရှိလို့ ဘယ်သူမှ သူ့ကို အထင်မကြီးရင်တောင်မှ သူက သမ္မာတရားကို ချစ်ရင်၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိရင်၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ပြီး လက်တွေ့ကျကျ တာဝန်ထမ်းဆောင်နိုင်ရင် အဲဒီလိုလူမျိုးက ဘုရားသခင်ရဲ့ မျက်မှောက်မှာ တန်ဖိုးရှိပါတယ်။ အရင်တုန်းက ကျွန်တော် အမြဲထင်ခဲ့တာက ဧည့်ခံတာဝန်နဲ့ အထွေထွေကိစ္စရပ်တွေ လုပ်ရတဲ့တာဝန်တွေဟာ ပင်ပင်ပန်းပန်းလုပ်ရတဲ့ အလုပ်တွေမို့လို့ လူတိုင်းက အထင်သေးကြတယ်၊ ဒီတာဝန်တွေကို ဘယ်လောက်ပဲ ကောင်းကောင်းလုပ်ပါစေ အလကားပဲလို့ ထင်ခဲ့တာ။ ဒါကြောင့် ကျွန်တော် ဒီလိုတာဝန်မျိုးကို မလုပ်ချင်ခဲ့ဘဲ ခေါင်းဆောင်ဖြစ်ဖို့၊ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ တာဝန်တစ်ခုခု လုပ်ဖို့ပဲ လိုက်စားခဲ့တယ်။ အခုတော့ ကျွန်တော့်အမြင်က ဘယ်လောက်တောင် အဓိပ္ပာယ်မဲ့လဲဆိုတာ သဘောပေါက်သွားပြီ။ တမန်တော်တွေအကုန်လုံးရဲ့ အထက်မှာနေဖို့ တစိုက်မတ်မတ် လိုက်စားခဲ့တဲ့ ပေါလုအကြောင်း ကျွန်တော် တွေးမိတယ်။ သူက ဧဝံဂေလိဟောဖို့ ဥရောပရဲ့ နေရာအများစုကို ဖြတ်သွားခဲ့တယ်၊ ပြီးတော့ စာစောင်တွေအများကြီး ရေးသားခဲ့ပြီး လူအားလုံးရဲ့ လေးစားအားကျမှုနဲ့ ကိုးကွယ်မှုကို ရရှိခဲ့တယ်။ ဒါပေမဲ့ သူက သမ္မာတရားနဲ့ အသက်ကို မရရှိခဲ့ဘဲ နက်နက်နဲနဲ အမြစ်တွယ်နေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုရှိခဲ့တယ်။ နောက်ဆုံးမှာ သူက “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏” ဆိုတဲ့ လွန်ကျူးပြီး သစ္စာဖောက်တဲ့ စကားမျိုးတောင် ပြောခဲ့လို့ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာ ခံခဲ့ရတယ်။ ကျွန်တော် လျှောက်နေတဲ့ လမ်းက ပေါလုရဲ့လမ်းဖြစ်နေတာကို ကျွန်တော် မြင်လိုက်ရတယ်၊ ကျွန်တော်သာ အခြေအနေကို ပြန်မလှည့်ရင် နောက်ဆုံးမှာ ကျွန်တော့်အဆုံးသတ်ကလဲ ပေါလုလိုပဲ ဖြစ်သွားလိမ့်မယ်။ ကျွန်တော် ချက်ချင်း နောင်တရပြီး ပြောင်းလဲရမယ်။ အဲဒီနောက်မှာ ကျွန်တော့်ရဲ့ ဧည့်ခံတာဝန်ကို ဂရုတစိုက် လုပ်နိုင်ခဲ့ပြီး ဒီတာဝန်ကို ဘယ်လိုကောင်းကောင်းလုပ်မလဲ၊ ညီအစ်ကိုမောင်နှမတွေကို ဘယ်လိုကောင်းကောင်း ဧည့်ခံမလဲဆိုတာ နေ့တိုင်း ကျွန်တော် စဉ်းစားဆင်ခြင်ခဲ့တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတယ်လို့ မခံစားရတော့ဘူး။

ဧည့်ခံတာဝန်ထမ်းဆောင်နေတဲ့ ကာလတစ်လျှောက်လုံး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ဘယ်လိုကျိုးနွံနာခံရမလဲဆိုတာ ကျွန်တော် သင်ယူခဲ့ရတယ်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်မှုတချို့ ရရှိခဲ့တယ်၊ ကိုယ့်တာဝန်ကို လုပ်ဖို့ စိတ်ငြိမ်အောင် ထားနိုင်ခဲ့ပြီး လူသားပုံသဏ္ဌာန်တချို့ကို အသက်ရှင်နေထိုင်နိုင်ခဲ့တယ်။ ဒီအရာအားလုံးက ဧည့်ခံတာဝန်ထမ်းဆောင်ရင်း ကျွန်တော် သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေပါ။ ကျွန်တော် ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ ချည်နှောင်မှုများ

ကျယ်လိ စပိန်နိုင်ငံ၂၀၁၅ ခုနှစ်တွင်၊ နှစ်ပတ်လည် ရွေးကောက်ပွဲတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော် အရွေးခံခဲ့ရသည်။ ညီအစ်ကို...

နာမည်နှင့် အကျိုးအမြတ် ရှာဖွေခြင်းအပေါ် သုံးသပ်ဆင်ခြင်မှုများ

မာရှယ် အိုင်ဗရီကို့စ်နိုင်ငံ၂၀၂၁ မေလမှာ ရေလောင်းပေးတဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်တွေကို ကျွန်မယူခဲ့တယ်။ ညီအစ်ကို မောင်နှမ နှစ်ဖွဲ့ကို...

ဘုရားသခင်ထံသို့ ကျွန်မ၏နှလုံးသား ပေးအပ်ခြင်း

ရှင်းချဲ့ တောင်ကိုးရီးယားနိုင်ငံ၂၀၁၈ခုနှစ် ဇွန်လတွင် ကောင်းကင်နိုင်ငံတော်သီချင်း ဂီတသရုပ်ပြပွဲအတွက် အစမ်းလေ့ကျင့်ခဲ့သည်။ စင်ပေါ်တွင်...

တာဝန်တွင် အပြောင်းအလဲများက ကျွန်မကို ဖော်ထုတ်ခဲ့သည်

မုကျိန်း အမေရိကန်နိုင်ငံ အသင်းတော်မှာ ဗီဒီယိုတွေကို ကျွန်မ လုပ်နေတာ။ ဒါပေမဲ့ လုပ်စရာသိပ်မရှိတော့ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့ဆီ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။