တာဝန်တွင် အပြောင်းအလဲများက ကျွန်မကို ဖော်ထုတ်ခဲ့သည်
မုကျိန်း အမေရိကန်နိုင်ငံ အသင်းတော်မှာ ဗီဒီယိုတွေကို ကျွန်မ လုပ်နေတာ။ ဒါပေမဲ့ လုပ်စရာသိပ်မရှိတော့ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့ဆီ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၀ ခုနှစ် မတ်လတုန်းက အသင်းတော် ခေါင်းဆောင်အဖြစ် ကျွန်မ အရွေးခံခဲ့ရတယ်။ မကြာခင်မှာပဲ၊ ကွန်ပျူတာ ကျွမ်းကျင်မှုတွေကို လာသင်ပေးဖို့နဲ့ ကွန်ပျူတာ နည်းပညာရှင်တချို့ကို ပျိုးထောင်ပေးဖို့ ညီအစ်ကိုမောင်နှမတချို့ လာမယ်လို့ ကျွန်မ ကြားလိုက်ရတယ်။ ဒါကို ကြားကြားချင်းပဲ ကျွန်မ အရမ်း စိတ်ဝင်စားသွားတယ်။ ကျွန်မက ကွန်ပျူတာ နည်းပညာကို အမြဲတမ်း စိတ်ဝင်စားခဲ့ပြီး အားတဲ့အချိန်တွေမှာ ကိုယ့်ဘာသာတောင် လေ့လာဖူးတော့၊ ဒီကျွမ်းကျင်မှုတွေကို သင်ယူချင်တဲ့ ဆန္ဒ ပြင်းပြခဲ့တယ်။ ကျွန်မတို့ အသင်းတော်က အဖွဲ့ဝင်တွေကို စဉ်းစားကြည့်လိုက်ရင်၊ ဒီအပိုင်းမှာ အခြေခံအသိပညာ နည်းနည်းရှိတာ ကျွန်မ တစ်ယောက်တည်းပဲ ရှိတာဆိုတော့၊ ဒီတာဝန်ကိုသာ ကျွန်မ လုပ်ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ လက်ရှိ ခေါင်းဆောင် တာဝန်မှာ ကျွန်မက အပြောသိပ်မကောင်းတာရယ်၊ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေမှာ မေးခွန်းတွေ၊ အခက်အခဲတွေ ရှိလာတဲ့အခါ ဘယ်လို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးရမှန်း မသိတော့ တော်တော်လေး ရှက်စရာကောင်းတယ်လို့ ကျွန်မ တွေးမိတယ်။ နည်းပညာပိုင်းဆိုင်ရာ တာဝန်တစ်ခုကိုသာ ကျွန်မ လုပ်နိုင်ရင်၊ ဒီကျွမ်းကျင်မှုတွေကို တတ်မြောက်တာက ကျွန်မကို နည်းပညာ အရည်အချင်းရှိသူ တစ်ယောက် ဖြစ်စေပြီး အသိအမှတ်ပြုခံရမှာမို့လို့၊ ဒီကွန်ပျူတာ နည်းပညာ တာဝန်မှာ ကျွန်မရဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့ မျှော်လင့်နေခဲ့တယ်။ အခြေခံအသိပညာ အားနည်းတဲ့ ညီအစ်မတစ်ယောက်က နည်းပညာ လေ့လာနေတာကို မြင်တော့၊ သူ့ကို ကျွန်မ နည်းနည်း အထင်သေးသွားပြီး အကြံဉာဏ်တချို့ သာမန်ကာလျှံကာ ပေးလိုက်တယ်။ အဲဒီညီအစ်မက အံ့သြသွားတဲ့ မျက်နှာနဲ့ “အစ်မ ဒါတွေ သိနေမယ်လို့ ကျွန်မ မထင်ထားဘူး” လို့ ပြန်ပြောတယ်။ သူ့ရဲ့ ချီးမွမ်းစကားကို ကြားတော့ ကျွန်မ သဘောကျသွားပြီး၊ ကိုယ့်ဘာသာ တွေးလိုက်တယ်။ “နင် ငါ့ကို တကယ် လျှော့တွက်တာပဲ။ ငါသာ ခေါင်းဆောင်အနေနဲ့ ကိုယ့်တာဝန် မထမ်းဆောင်နေရရင် နည်းပညာသွားသင်နေလောက်ပြီ” လို့ပေါ့။
မေလ အစောပိုင်းမှာ၊ ညီအစ်ကို ကျန်မင်က ကျွန်မတို့ အသင်းတော်ကို ကွန်ပျူတာ ကျွမ်းကျင်မှုတွေ လာသင်ပေးတော့ ကျွန်မ တော်တော်လေး ပျော်သွားတယ်။ ကိုယ့်ဘာသာ တွေးမိတယ်။ “သင်တန်းကို နေ့တိုင်း မသွားနိုင်ရင်တောင်၊ လေ့လာဖို့ အချိန်ရှာလို့ရတာပဲ၊ တတ်ကျွမ်းတဲ့သူတွေဆီကနေ သင်ယူတာက ကျွမ်းကျင်မှုတွေ ပိုရစေပြီး၊ အခွင့်အရေးရတာနဲ့ ငါ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်မှာပဲ” လို့ပေါ့။ ကျွန်မ စပြီး လေ့လာဖို့ သွားတဲ့အခါ၊ နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာတချို့မှာ အင်္ဂလိပ် ဝေါဟာရတွေ ပါနေတာကို သတိထားမိတော့၊ ကျွန်မရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို မပြဘဲ မနေနိုင်ဖြစ်ပြီး သူတို့အတွက် ဖတ်ပြ၊ ဘာသာပြန်ပြခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို လေးစားတဲ့ အကြည့်တွေနဲ့ ကြည့်ကြတယ်။ ညီအစ်မတစ်ယောက်က “အစ်မရဲ့ အင်္ဂလိပ်စာ အဆင့်က ဘယ်လောက်တောင်လဲ။ နည်းပညာ ဝေါဟာရတွေကိုတောင် သိနေတာပဲ။ အစ်မက လေ့လာဖို့ အသင့်တော်ဆုံးပဲ၊ အစ်မမှာ အားသာချက် ရှိတယ်” လို့ ပြောတယ်။ ကျွန်မက ခေါင်းညိတ်ပြီး “ဒါက ကျွန်မ လေ့လာရတာ ဝါသနာပါလို့ပါ” လို့ ပြောလိုက်တယ်။ လက်တွေ့လုပ်တဲ့ အချိန်မှာ ညီအစ်မတွေက တချို့လုပ်ဆောင်ချက်တွေမှာ အခက်တွေ့နေတာကို မြင်တော့၊ သူတို့ကို ကျွန်မ လမ်းညွှန်မှု နည်းနည်း ပေးလိုက်ပြီး၊ တွေးမိတယ်။ “ငါက ခေါင်းဆောင်ဖြစ်နေပြီး အချိန်မရှိလို့သာ၊ ကြိုကြားကြိုကြားပဲ လေ့လာနိုင်တာ။ မဟုတ်ရင် နင်တို့ထက် သေချာပေါက် ပိုမြန်မြန် တတ်မှာပဲ” လို့လေ။ ဝမ်းနည်းစရာက ကျွန်မ သင်တန်းကို နှစ်ရက်၊ သုံးရက်လောက်ပဲ သွားနိုင်ခဲ့ပြီး အသင်းတော် အလုပ်တွေနဲ့ အလုပ်များနေတာကြောင့် ဆက်မသွားဖြစ်တော့ဘူး။ ကျွန်မ အရမ်း ဝမ်းနည်းသွားပြီး နည်းနည်းလည်း မခံချင်စိတ်ဖြစ်လာတာနဲ့ “ငါ နင်တို့နောက် ကျန်ခဲ့လို့ မဖြစ်ဘူး။ ငါ မသင်ရသေးတာတွေကို အမီလိုက်နိုင်ဖို့ အချိန်ရှာမှ ဖြစ်မယ်” လို့ တွေးမိတယ်။ အဲဒီနောက်မှာ၊ လေ့လာဖို့အတွက် သင်ခန်းစာ ဗီဒီယိုတွေကို ကျွန်မ ကြည့်ခဲ့ပြီး၊ နားမလည်တာရှိရင် သေချာလေ့လာဖို့ အားထုတ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့ နားမလည်တဲ့အရာတွေကို မေးတဲ့အခါ၊ ကျွန်မက သူတို့ကို နည်းနည်းပါးပါး လမ်းညွှန်ပြသပေးနိုင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေဆီက ချီးမွမ်းစကားတွေ ရတဲ့အခါ၊ ကျွန်မ ဂုဏ်ယူမိပြီး၊ ကွန်ပျူတာ နည်းပညာနဲ့ သက်ဆိုင်တဲ့ တာဝန်တွေကို ပိုပြီးတောင် သဘောကျလာခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ၊ အခက်အခဲ အမျိုးမျိုးကို ကျွန်မ ခဏခဏ ကြုံရပြီး တစ်ခါတလေကျရင် အဲဒါတွေကို မဖြေရှင်းနိုင်တော့ ကျွန်မ တော်တော်လေး မျက်နှာပူရတယ်။ ကျွန်မ ကိုယ့်တာဝန်ကို ထမ်းဆောင်နေပေမဲ့၊ ကွန်ပျူတာ နည်းပညာကို လေ့လာတုန်းကလောက် ကျွန်မ စိတ်ထဲမှာ ထက်ထက်သန်သန် မရှိဘူး။ ပြီးတော့ ကိုယ့်တာဝန်ကို ဘယ်လို ကောင်းကောင်းလုပ်ရမလဲ ဆိုတာကိုလည်း မတွေးဖြစ်ဘူး။ အဲဒီအစား၊ ကွန်ပျူတာ နည်းပညာ လေ့လာဖို့ကိုပဲ အာရုံစိုက်နေမိတယ်။ တစ်ခါတလေကျရင် ကျွန်မ နည်းနည်း အပြစ်ရှိသလိုခံစားရပြီး “ငါက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို မလုပ်ဘဲ နေနေတာလား” လို့ တွေးမိတယ်။ ဒါပေမဲ့ အသင်းတော်ထဲက ကွန်ပျူတာ နည်းပညာရှင်တွေရဲ့ ကျွမ်းကျင်မှုက သာမန်လောက်ပဲ ရှိတာကို တွေးမိတယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေကို ကွန်ပျူတာ ပြဿနာတွေ ကူညီဖြေရှင်းပေးဖို့ကလည်း အရေးတကြီး လိုအပ်ချက်တစ်ခု ဖြစ်နေတယ်ဆိုတော့၊ အဲဒီလို တွေးလိုက်တာနဲ့ ကျွန်မရဲ့ အပြစ်ရှိတဲ့စိတ်က ပျောက်သွားရော။ တစ်နေ့မှာတော့၊ ကွန်ပျူတာကို အချိန်အတော်ကြာ ကလိနေပြီးမှ ကျွန်မ ကိုယ့်တာဝန်ကို သွားထမ်းဆောင်တော့၊ တော်တော်လေး အရေးကြီးတဲ့ အလုပ်တစ်ခုကို ကျွန်မ လွတ်သွားပြီး ကြန့်ကြာမှုတွေ ဖြစ်သွားမှန်း သိလိုက်ရတယ်။ အဲဒီတော့မှပဲ ကျွန်မ လန့်သွားတယ်။ ငါ့ရဲ့ အဓိက တာဝန်ကို အာရုံမစိုက်ခဲ့လို့ ဒီလို ကြန့်ကြာသွားရတာပဲ။ အကောင်အထည်ဖော်ရမဲ့ အလုပ်တွေ မဖော်ဖြစ်တာ၊ ဆက်လုပ်ရမဲ့ အလုပ်တွေ ဆက်မလုပ်ဖြစ်တာတွေကိုလည်း ကျွန်မ တွေးမိတယ်။ ဒါတွေက အလုပ်တိုးတက်မှုကို ထိခိုက်စေခဲ့လို့ ကျွန်မ နောင်တရသွားပြီး၊ “ခေါင်းဆောင်တစ်ယောက် ဖြစ်နေလျက်သားနဲ့၊ ငါ့ရဲ့ အဓိက တာဝန်အပေါ် အာရုံမစိုက်ဘဲ ကွန်ပျူတာ နည်းပညာကိုချည်းပဲ အမြဲ လေ့လာနေမိတယ်။ ငါက ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေကို တကယ် ပစ်ထားတာပဲ” လို့ တွေးမိတယ်။ အဲဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်မရဲ့ တာဝန်ပေါ်ကိုပဲ စိတ်ကို ပြန်နှစ်ထားချင်ပါတယ်၊ ကျွန်မ သဘောကျ အမှုကိစ္စတွေကို မလုပ်ချင်တော့ပါဘူး။ အခုကစပြီး ကျွန်မရဲ့ တာဝန်ကို သေသေချာချာ ကောင်းကောင်း ထမ်းဆောင်ပါတော့မယ်” လို့ပေါ့။ ဒါပေမဲ့ ရက်နည်းနည်း ကြာတော့၊ ကျွန်မကို ထပ်ပြီး ဖော်ထုတ်လိုက်တဲ့ ကိစ္စတစ်ခု ဖြစ်လာတယ်။
ညီအစ်မတစ်ယောက် သူ့တာဝန် လုပ်တဲ့အခါ အခက်အခဲတချို့ ကြုံရလို့၊ သူနဲ့ ဘယ်လို မိတ်သဟာယဖွဲ့ပေးရမှန်း ကျွန်မ မသိဘူးဖြစ်နေတယ်။ သူ့ပြဿနာတွေကို ကျွန်မ မဖြေရှင်းပေးနိုင်တော့၊ မျက်နှာပူသွားပြီး နည်းနည်းလည်း အပျက်သဘောဆောင်သွားတယ်။ “ခေါင်းဆောင်တစ်ယောက် ဖြစ်နေလျက်သားနဲ့၊ ပြဿနာ တစ်ခုလေးကိုတောင် မဖြေရှင်းနိုင်ဘူး။ တော်တော် ရှက်စရာကောင်းတာပဲ။ ဒီညီအစ်မက ကွယ်ရာမှာ ငါ့ကို ဘယ်လိုများ ဝေဖန်နေမလဲ မသိဘူး။ နည်းပညာ သွားလေ့လာတာကမှ ငါ့အတွက် ပိုကောင်းဦးမယ်။ ညီအစ်ကိုမောင်နှမတွေမှာ ကွန်ပျူတာ ပြဿနာတွေ ရှိလာရင်၊ ငါက ချက်ချင်း ဖြေရှင်းပေးနိုင်မှာပဲ၊ ပြီးတော့ လူတိုင်းရဲ့ ချီးမွမ်းတာနဲ့ လေးစားတာကိုလည်း ရနိုင်သေးတယ်” လို့ တွေးလိုက်တယ်။ ဒီအတွေးနဲ့ပဲ၊ ကျွန်မ ခေါင်းဆောင် မလုပ်ချင်တော့ဘူး။ ရက်နည်းနည်း ကြာတော့၊ တရားဟောဆရာမ တစ်ယောက်က ကျွန်မ ကိုယ့်တာဝန်ကို ပစ်ထားလို့ အလုပ်တချို့ သေချာ မပြီးမြောက်ဘူး ဆိုတာကို သိသွားပြီး ကျွန်မကို ပြုပြင်ပါလေရော။ အဲဒီမှာ ကွန်ပျူတာ နည်းပညာကိုပဲ လေ့လာချင်တဲ့အကြောင်း ကျွန်မ ပြောပြလိုက်တယ်။ သူက ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပေးပြီး၊ ခေါင်းဆောင် လုပ်မဲ့အစား နည်းပညာ တာဝန်ကို ဘာလို့ လုပ်ချင်ရတာလဲ ဆိုတာကို ဆင်ခြင်သုံးသပ်ဖို့ ပြောတယ်။ ကျွန်မ ဆင်ခြင်သုံးသပ်နေတုန်းမှာ၊ ဒီ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “သင် ထမ်းဆောင်သော တာဝန်သည် သင် ကျွမ်းကျင်ပြီး နှစ်သက်သည့်အရာတစ်ခု ဖြစ်ပါက ယင်းမှာ သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟုလည်းကောင်း၊ ယင်းကို လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည့် အရာတစ်ခု ဖြစ်သည်ဟုလည်းကောင်း သင် ခံစားရသည်။ သင်သည် ဝမ်းမြောက်သည်၊ ပျော်ရွှင်သည်၊ စိတ်သက်သာရာရသည်။ ယင်းမှာ သင် လုပ်ဆောင်လိုစိတ်ရှိသည့်အရာတစ်ခု ဖြစ်ပြီး သင်သည် ယင်းကို သစ္စာစောင့်သိနိုင်ကာ ယင်းကို လုပ်ဆောင်ခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေသည်ဟု ခံစားရသည်။ သို့သော် တစ်နေ့နေ့တွင် သင် မကြိုက်နှစ်သက်သော သို့မဟုတ် ယခင်က တစ်ခါမျှ မထမ်းဆောင်ဖူးသော တာဝန်တစ်ခုကို သင် ရင်ဆိုင်ရသောအခါ ထိုအချိန်တွင် သင်သည် သစ္စာစောင့်သိနိုင်မည်လော။ ဤအရာက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဟူသည်ကို စမ်းသပ်လိမ့်မည်။ ဥပမာအားဖြင့် သင်သည် ဓမ္မတေးအဖွဲ့တွင် သင်၏ တာဝန်ကို ထမ်းဆောင်နေသည် ဆိုကြပါစို့။ သင်သည် သီချင်းဆိုနိုင်သည်၊ ဤသည်မှာ သင် နှစ်သက်သည့်အရာဖြစ်ပြီး ဤတာဝန်ကို ထမ်းဆောင်လိုစိတ်ရှိသည်။ သင့်အား ဧဝံဂေလိတရားဟောရန်ကဲ့သို့သော အခြားတာဝန်တစ်ခုကို ပေးခဲ့ပြီး အလုပ်မှာ အနည်းငယ် ခက်ခဲပါက သင် ကျိုးနွံနာခံနိုင်မည်လော။ သင်သည် ဧဝံဂေလိတရားမဟောချင်သောကြောင့် ‘ကျွန်ုပ်က သီချင်းဆိုခြင်းကို နှစ်သက်ပါသည်’ ဟူ၍သာ မပြတ် ပြောနေသည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးက ‘ဧဝံဂေလိတရားဟောခြင်းကို လေ့ကျင့်ပြီး သမ္မာတရားဖြင့် သင့်ကိုယ်သင် ပို၍ ပြင်ဆင်ပါ၊ ယင်းက သင်၏ အသက်တာ ကြီးထွားမှုအတွက် ပို၍ အကျိုးရှိလိမ့်မည်’ ဟု ပြောဆိုလျက် သင့်ကို အားပေးပါက သင်သည် ‘ကျွန်ုပ်က သီချင်းဆိုခြင်းကို နှစ်သက်ပြီး ကခုန်ခြင်းကိုလည်း နှစ်သက်ပါသည်’ ဟု မလျှော့တမ်း ပြောဆိုနေဆဲဖြစ်သည်။ ၎င်းတို့ မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ သင်သည် သွားရောက်၍ ဧဝံဂေလိတရားဟောလိုစိတ် မရှိပေ။ အဘယ်ကြောင့် သင် မသွားချင်သနည်း။ (စိတ်ဝင်စားမှုမရှိခြင်းကြောင့် ဖြစ်ပါသည်။) သင်သည် စိတ်ဝင်စားမှုမရှိသောကြောင့် မသွားချင်ပေ၊ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ သင်၏ နှစ်သက်မှုများနှင့် တစ်ကိုယ်ရေ အကြိုက်များအတိုင်း သင်၏ တာဝန်ကို သင် ရွေးချယ်ခြင်း ဖြစ်ပြီး သင်သည် ကျိုးနွံနာခံခြင်းမရှိပေ။ ကျိုးနွံနာခံမှု မရှိခြင်းသည် ပြဿနာ ဖြစ်သည်။ သင်သည် ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပါက သင်သည် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့် ကျွန်မ စိတ်ဝင်စားတဲ့၊ ကျွန်မ ကျွမ်းကျင်တဲ့၊ ကိုယ်ရည်သွေးနိုင်တဲ့၊ ပြီးတော့ သူများတွေရဲ့ လေးစားမှုကို ရနိုင်တဲ့ တာဝန်တွေဆိုရင်၊ အဲဒါတွေကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျွန်မ အားထုတ်ချင်မှန်း နားလည်သွားတယ်။ ဒါပေမဲ့၊ ကျွန်မ စိတ်မဝင်စားတဲ့၊ ကျွန်မရဲ့ စွမ်းဆောင်ရည်တွေကို မပြသနိုင်တဲ့ တာဝန်တွေမှာကျတော့၊ အဲဒီမှာပါတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားချင်စိတ် မရှိဘူး။ ဒါက ကျွန်မဟာ တာဝန်တွေကို ကိုယ်ပိုင် အကြိုက်တွေအပေါ် အခြေခံပြီး ရွေးချယ်နေတာဖြစ်ပြီး၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံမှု ကင်းမဲ့နေတယ် ဆိုတာကို ပြနေတာပဲ။ ကွန်ပျူတာ နည်းပညာကို ကျွန်မ လေ့လာခဲ့တာကို ပြန်တွေးကြည့်တော့၊ ကိုယ်ရည်သွေးဖို့ အခွင့်အရေး ရတဲ့အခါ လေ့လာရှာဖွေမှုတွေထဲမှာ ကျွန်မ နစ်မြုပ်နေခဲ့ပြီး အောင်မြင်မှု သေးသေးလေးတစ်ခု ရတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် သိပ်တော်နေပြီလို့ ထင်ခဲ့တယ်။ သူများတွေဆီက ချီးမွမ်းတာနဲ့ လေးစားတာကို ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သဘောကျခဲ့ပေမဲ့၊ ခေါင်းဆောင် တာဝန်မှာ အခက်အခဲတွေ၊ ပြဿနာတွေ ကြုံရပြီး မဖြေရှင်းနိုင်တဲ့အခါကျတော့၊ ရှက်သွားပြီး အခြေအနေကို အတိုက်အခံလုပ်ဖို့ ဒါမှမဟုတ် ရှောင်ပြေးဖို့ လုပ်ခဲ့တယ်။ ဒါကြောင့် အဲဒီအစား၊ နည်းပညာပိုင်းကို လေ့လာဖို့ အချိန်လုပြီး ကြိုးစားခဲ့လို့၊ နောက်ဆုံးမှာ ကျွန်မရဲ့ အဓိက တာဝန်တွေကို ကြန့်ကြာစေခဲ့တာပဲ။ ကျွန်မက ကိုယ့်ရဲ့ အဓိက တာဝန်ကို တကယ်ပဲ ပစ်ထားခဲ့တာပါလား။ အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ညီအစ်ကိုမောင်နှမတွေ သူတို့တာဝန်တွေမှာ အခက်အခဲတွေ ကြုံရပြီး ကျွန်မ သေသေချာချာ မိတ်သဟာယမဖွဲ့ပေးနိုင်တဲ့အခါ၊ သမ္မာတရားကို ရှာဖွေဖို့ ဘုရားသခင်ကို ကိုးစားသင့်တယ်၊ ဒါမှမဟုတ် ကျွန်မကို လမ်းညွှန်ကူညီပေးဖို့ သမ္မာတရား နားလည်တဲ့သူတွေဆီကနေ အကူအညီ တောင်းသင့်တာပေါ့။ ဒါပေမဲ့ လူတွေအမြင်မှာရှိတဲ့ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို မကာကွယ်နိုင်လို့ ကျွန်မက ရှောင်လွှဲပြီး နောက်ဆုတ်ချင်နေခဲ့တယ်။ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ထက်၊ ကိုယ်ပိုင် အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းကို ဖြည့်ဆည်းဖို့ လိုက်စားရင်း ကိုယ်ပိုင် အကျိုးစီးပွားနဲ့ အကြိုက်တွေအပေါ် အခြေခံပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့တာပဲ။ ပြီးတော့ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာမှာလည်း ရပ်တည်မနေခဲ့ဘူး။ ကိုယ့်တာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ ဒီသဘောထားက ဘုရားသခင် စက်ဆုပ်ရွံရှာတဲ့အရာ ဖြစ်နေခဲ့တယ်။ နားလည်မှု တချို့ရပြီးတဲ့နောက်၊ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်မရဲ့ အကြိုက်တွေအတိုင်း မလုပ်ချင်တော့ပါဘူး။ ကျွန်မရဲ့ တာဝန်ပေါ်မှာပဲ စိတ်ကို နှစ်ထားပြီး အလေးအနက် ထမ်းဆောင်ချင်ပါတယ်” လို့ပေါ့။ နောက်ပိုင်းမှာတော့ ကျွန်မ စိတ်လေး နည်းနည်း ပိုတည်ငြိမ်သွားပြီး၊ ကျွန်မရဲ့ အဓိက အလုပ်ကို ကြိုးစားပမ်းစား စပြီး အာရုံစိုက်လာတယ်။ အလုပ်မှာ အခက်အခဲတွေ ပေါ်လာတဲ့အခါ၊ တွဲလုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ တိုင်ပင်ပြီး၊ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေခဲ့တယ်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ရောက်တော့၊ ဧဝံဂေလိအလုပ်မှာ ရလဒ် သိပ်မထွက်လို့၊ အထက်ခေါင်းဆောင်ပိုင်းရဲ့ ပြုပြင်တာကို ကျွန်မ ခံရတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမဲ့အစား၊ လက်လျှော့ချင်စိတ်ဖြစ်ပြီး နုတ်ထွက်ဖို့တောင် အကြံပြုခဲ့တယ်။ ကျွန်မက ဆင်ခြင်သုံးသပ်တာ၊ သမ္မာတရားထဲ ဝင်ရောက်တာတွေ မလုပ်ဘဲ၊ အရမ်းကို အပျက်သဘောဆောင်နေတာကို အထက်ခေါင်းဆောင်ပိုင်းက မြင်တော့၊ ကျွန်မ နုတ်ထွက်တာကို သဘောတူလိုက်တယ်။ သုံးလေးရက် ကြာတော့ ကွန်ပျူတာ နည်းပညာနဲ့ သက်ဆိုင်တဲ့ တာဝန်တစ်ခုကို ကျွန်မ ယူလိုက်ရတော့ တော်တော်လေး ပျော်သွားတယ်။ ဒီတာဝန်က ငါနဲ့ ကိုက်ညီပြီး ငါ့ရဲ့ တန်ဖိုးကို ပြသနိုင်မှာပဲလို့ တွေးမိတယ်။ နည်းပညာကို လေ့လာတဲ့အထဲမှာ ကျွန်မ စိတ်နှစ်ထားပြီး အခြေခံ ကျွမ်းကျင်မှု တချို့ကို မြန်မြန်ဆန်ဆန်ပဲ တတ်မြောက်သွားတော့ ညီအစ်ကိုမောင်နှမတွေရဲ့ ကွန်ပျူတာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို သင်ပေးတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ခေါင်းမော့ထားနိုင်လို့၊ ဒီတာဝန်က အရမ်း ကျေနပ်စရာကောင်းတယ်လို့ ခံစားရတယ်။
မထင်မှတ်ထားဘဲ၊ သုံးလေးလ ကြာတော့ လုံခြုံရေး အန္တရာယ်တချို့ ကြုံရလို့ ကျွန်မ ကိုယ့်တာဝန် မထမ်းဆောင်နိုင်တော့ဘူး။ ကျွန်မ ခဏခဏ စိတ်ဆင်းရဲရပြီး တွေးမိတယ်။ “နည်းပညာက အရမ်းမြန်မြန် ပြောင်းလဲ တိုးတက်နေတာ။ ငါ အချိန်တွေ အများကြီး ဖြုန်းတီးလိုက်မိပြီဆိုတော့ သေချာပေါက် နောက်ကျကျန်ခဲ့တော့မှာပဲ” လို့ပေါ့။ အရမ်း နောက်ကျ မကျန်ခဲ့အောင်၊ တစ်နေ့ကျရင် နည်းပညာ တာဝန်တွေ ပြန်လုပ်နိုင်ဖို့ မျှော်လင့်ပြီး နည်းပညာကို အစွမ်းကုန် ကြိုးစားလေ့လာခဲ့တယ်။ နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မရဲ့ အခြေအနေကို နားလည်မှု တချို့ စရလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့တွင် မွေးရာပါ ဗီဇရှိသည်။ ၎င်းတို့၏ အားသာချက်များက မည်သည့်အရာများဖြစ်သည်၊ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ လုံးဝ မသိလျှင် ၎င်းတို့၌ အသိအမှတ်ပြုခံရသည်ဟူသော ခံစားချက်မရှိ၊ ၎င်းတို့၏ကိုယ်ပိုင်တန်ဖိုးကို အကောင်အထည်မဖော်နိုင်ဟု ၎င်းတို့ခံစားရပြီး အသုံးမကျဟု ခံစားကြရသည်။ ၎င်းတို့သည် ၎င်းတို့၏ တန်ဖိုးကို ထုတ်ဖော်ပြသနိုင်ခြင်းမရှိပေ။ သို့ရာတွင် လူတစ်ယောက်က သူ၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို ရှာဖွေတွေ့ရှိသည်နှင့် သူ၏ ကိုယ်ပိုင်တန်ဖိုးကို အကောင်အထည်ဖော်ရန် ယင်းတို့ကို တံတားတစ်ခုအဖြစ်၊ သို့မဟုတ် ခုတုံးအဖြစ် ပြောင်းလဲပစ်လိမ့်မည်။ သူသည် သူ၏ ရည်သန်မျှော်မှန်းချက်များကို လိုက်စားရန်လည်းကောင်း၊ ပို၍တန်ဖိုးရှိသော ဘဝကို နေထိုင်ရန်လည်းကောင်း၊ အသုံးဝင်သောပုဂ္ဂိုလ်ဖြစ်ရန်လည်းကောင်း၊ လူအုပ်ထဲတွင် ထင်ပေါ်ပြီး သတိထားမိခြင်းခံရရန်လည်းကောင်း၊ လေးစားခြင်း၊ အသိအမှတ်ပြုခြင်း ခံရရန်လည်းကောင်း၊ သာမန်ထက်ထူခြားသူဖြစ်ရန်လည်းကောင်း အဖိုးအခ ပေးဆပ်လိုစိတ်ရှိသည်။ ဤသို့အားဖြင့် သူသည် စိတ်ကျေနပ်အားရမှု ရှိသောဘဝကို နေထိုင်နိုင်သည်။ ဤကမ္ဘာတွင် အောင်မြင်သော အသက်မွေးအလုပ်ရှိနိုင်ပြီး ၎င်းတို့၏ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများကို ဖြည့်ဆည်းနိုင်သည်။ ဤသို့ဖြင့် ၎င်းတို့သည် တန်ဖိုးရှိသောဘဝတစ်ခုကို နေထိုင်နိုင်သည်။ ပျားပန်းခတ်မျှ လှုပ်ရှားနေကြသော လူစုများကို ကြည့်သည့်အခါ ထိုသူကဲ့သို့ အလိုအလျောက် ဆုကျေးဇူးရှိသောသူ၊ မြင့်မားသော ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများ ချမှတ်ပြီးဖြစ်သောသူ၊ အဆုံးတွင် မရပ်မနား အားထုတ်ခြင်းမှတစ်ဆင့် ဤအရာများကို ရရှိပြီးဖြစ်သောသူ အနည်းငယ်သာရှိသည်။ ၎င်းတို့သည် ၎င်းတို့နှစ်ခြိုက်သည့်အရာကို လုပ်ဆောင်လျက် အသက်မွေးအလုပ်တစ်ခုကို တည်ဆောက်ကြပြီး ဖြစ်သည်။ ၎င်းတို့ဆန္ဒရှိသော ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်သိက္ခာကို ရရှိပြီး ဖြစ်သည်။ ၎င်းတို့၏ တန်ဖိုးကို ထုတ်ဖော်ပြသပြီးဖြစ်ကာ ၎င်းတို့၏ မိမိကိုယ်ကိုတန်ဖိုးထားမှုကို အကောင်အထည်ဖော်ကြပြီး ဖြစ်သည်။ ဤသည်မှာ လူတို့၏ လိုက်စားမှုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့၊ ကျွန်မရဲ့ စံတွေနဲ့ လိုအင်ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့၊ သူများတွေရဲ့ လေးစားအားကျတာကို ခံရတဲ့ နည်းပညာ အရည်အချင်းရှိသူ တစ်ယောက် ဖြစ်လာဖို့၊ ပြီးတော့ နောက်ဆုံးမှာ ကျွန်မ လိုချင်တဲ့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ရဖို့အတွက်၊ ကျွန်မ စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေနဲ့ဆိုင်တဲ့ တာဝန်တွေကိုပဲ အမြဲတမ်း ထမ်းဆောင်ချင်ခဲ့မှန်း ကျွန်မ နားလည်သွားတယ်။ ကွန်ပျူတာ နည်းပညာမှာ ကျွမ်းကျင်တာက သူများတွေရဲ့ ချီးမွမ်းတာနဲ့ လေးစားတာကို ရစေနိုင်မှန်း သိလိုက်ရတဲ့အခါ၊ ကျွန်မ အရေးပါတဲ့လူလို၊ အောင်မြင်မှုတစ်ခု ရသွားသလို စွမ်းအားတစ်ခုကို ခံစားခဲ့ရတယ်။ ဒါကြောင့် ကွန်ပျူတာ နည်းပညာကို ပိုပိုပြီး စိတ်ဝင်စားလာပြီး၊ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာအောင် မိုးလင်းကနေ မိုးချုပ်အထိ ကြိုးစားလေ့လာချင်စိတ်တွေ ဖြစ်လာတယ်။ လူတွေ ပိုပြီး ချီးမွမ်း လေးစားလာအောင် ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူ ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင် တာဝန်မှာတော့ ကျွန်မက အရမ်း အားနည်းနေခဲ့ပြီး၊ တက်တက်ကြွကြွ လုပ်ချင်တဲ့ စိတ်ထားမျိုး မရှိခဲ့ဘူး။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ ကြုံရတဲ့အခါ၊ အပျက်သဘောဆောင်ပြီး နောက်ဆုတ်သွားတယ်၊ နုတ်ထွက်ပြီး တာဝန်ကို စွန့်ပြေးတဲ့သူတောင် ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ ဝါသနာတွေ၊ စိတ်ဝင်စားမှုတွေကို ကိုယ့်ရဲ့ တန်ဖိုးကို အကောင်အထည်ဖော်ဖို့ ခြေကုပ်ယူစရာ အရာတစ်ခုလို သဘောထားခဲ့တယ်။ ကွန်ပျူတာ နည်းပညာ သင်ယူတာကနေတစ်ဆင့် သူများတွေရဲ့ လေးစားတာကို ကျွန်မ ရချင်ခဲ့တယ်။ ဒါက ကိုယ်ကျိုးအတွက် အကြံအစည်ထုတ်နေတာပဲ၊ လူတွေရဲ့ စိတ်နှလုံးထဲမှာ ကျွန်မရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို တည်ဆောက်ဖို့၊ ပြီးတော့ ကျွန်မရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် ဒီလို လုပ်နေခဲ့တာပါလား။
တစ်နေ့မှာတော့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်မိပြီးတဲ့နောက်၊ ကျွန်မရဲ့ အကြိုက်တွေအပေါ် အခြေခံပြီး ကိုယ့်တာဝန်တွေ ထမ်းဆောင်တတ်တဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ နားလည်မှု တချို့ ရလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်ပြီး ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေကို ဖော်ထုတ်ထားတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ ရင်ထဲ တော်တော်လေး ထိမိသွားတယ်။ ကျွန်မက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အသက်လို တန်ဖိုးထားပြီး၊ သူများတွေရဲ့ လေးစားအားကျတာကိုပဲ အမြဲတမ်း လိုက်စားနေခဲ့တာလေ။ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေ လွှမ်းမိုးတာကို ကျွန်မ ခံနေရပြီး သူများတွေရဲ့ စိတ်နှလုံးထဲမှာ အဆင့်အတန်းတစ်ခု၊ ပုံရိပ်ကောင်းတစ်ခု ရဖို့ကိုပဲ အမြဲတမ်း ရှာဖွေနေခဲ့တယ်။ နာမည်ရစေမဲ့၊ သူများတွေရဲ့ လေးစားအားကျတာကို ခံရစေမဲ့ ဘယ်တာဝန်ကိုမဆို ကျွန်မ လုပ်ချင်ခဲ့တယ်။ အဲဒီလို တာဝန်မျိုးအတွက်ဆို ဒုက္ခခံပြီး အဖိုးအခပေးဖို့ ကျွန်မ ဆန္ဒရှိပေမဲ့၊ ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်းကို ထိခိုက်စေမဲ့ ဘယ်တာဝန်ကိုမဆို ကျွန်မက ရှောင်လွှဲပြီး ငြင်းဆန်ခဲ့တယ်။ ကွန်ပျူတာ နည်းပညာကို သင်ယူတုန်းကလိုမျိုးပေါ့၊ အဲဒါက ကျွန်မကို နာမည်ရစေတဲ့အတွက် ကွန်ပျူတာ မျက်နှာပြင်ကို တစ်နေ့ကုန် ထိုင်ကြည့်ပြီး ကြိုးစားပမ်းစား လေ့လာဖို့ ဆန္ဒရှိနေတယ်၊ မျက်လုံးတွေ ကျိန်းစပ်၊ ဇက်ကြောတွေတက်လာရင်တောင် ကြိတ်မှိတ်ပြီး ကြိုးစားလေ့လာခဲ့တယ်။ ဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့၊ ကိုယ့်ရဲ့ခေါင်းဆောင်ပိုင်း တာဝန်မှာကျတော့ ကျွန်မက အရမ်းကို တက်ကြွမှု မရှိခဲ့ဘူး။ ပြဿနာတွေ မဖြေရှင်းနိုင်ရင် ညီအစ်ကိုမောင်နှမတွေ အမြင်မှာ ကျွန်မရဲ့ ပုံရိပ်ကောင်း ပျောက်သွားမှာကို ကြောက်နေခဲ့လို့လေ။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်၊ နုတ်ထွက်နိုင်ပြီး တာဝန်ကို စွန့်ပြေးတဲ့သူတောင် ဖြစ်လာခဲ့တယ်။ လူတွေ ကိုယ့်တာဝန်တွေ ထမ်းဆောင်ရင်းနဲ့ သမ္မာတရားကို လိုက်စားဖို့၊ ပြီးတော့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ဆိုတာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ပဲ။ ဒါပေမဲ့ ကျွန်မကကျတော့ ကိုယ့်ရဲ့ အချည်းနှီး ဂုဏ်မောက်မှုကို ဖြည့်ဆည်းဖို့အတွက် နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခဲ့တယ်၊ အဲဒါက ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို ဆန့်ကျင်နေတာပဲ။ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာပဲ။ ကျွန်မရဲ့ အချည်းနှီး ဂုဏ်မောက်မှု ပြည့်ဝသွားရင်တောင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ပြောင်းလဲမှာ မဟုတ်ဘဲ၊ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲလေ။ ကျွန်မ အရမ်းကို နောင်တရသွားပြီး ဘုရားသခင်ရှေ့မှာ ပျပ်ဝပ်ဆုတောင်းတဲ့အပြင် ကိုယ်တော့်ဆီ ပြန်လှည့်လာခဲ့တယ်၊ ပြီးတော့ သမ္မာတရား လိုက်စားတဲ့ လမ်းကြောင်းပေါ် ရောက်အောင် လမ်းပြပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။
အဲဒီနောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်လိုက်ရတော့ ကျွန်မရဲ့ ဝါသနာတွေ၊ စိတ်ဝင်စားမှုတွေကို ဘယ်လို သဘောထားပြုမူရမလဲ ဆိုတာ နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို တာဝန်ယူပြီးဖြစ်သည်ဟု ဆိုကြပါစို့။ ထို့ကြောင့် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ အိမ်တော်တွင် စစ်မှန်သော အသင်းသားတစ်ဦး ဖြစ်သည်၊ ဆိုလိုသည်မှာ သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ယနေ့မှစ၍ သင်သည် သင်၏ ဘဝအစီအစဉ်များကို ပြန်လည်ရေးဆွဲသင့်သည်၊ သင်သည် ယခင်က သင်၏ ဘဝအတွက် သင် သတ်မှတ်ခဲ့သော ရည်သန်မျှော်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ပန်းတိုင်များကို နောက်ထပ် မလိုက်စားသင့်တော့ပေ။ ထိုအစား သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင် ရှိသင့်သော ဘဝပန်းတိုင်များနှင့် ဦးတည်ချက်ကို စီစဉ်ရန် သင်၏ ပင်ကိုလက္ခဏာအသစ်နှင့် ရှုထောင့်အမြင်အသစ်တို့ကို ခံယူကျင့်သုံးသင့်သည်။ ပထမဦးစွာ သင်၏ ပန်းတိုင်များနှင့် ဦးတည်ချက်သည် ခေါင်းဆောင်ပိုင်း အခန်းကဏ္ဍကို တာဝန်ယူဆောင်ရွက်ရန် သို့မဟုတ် မည်သည့် လုပ်ငန်းနယ်ပယ်တွင်မဆို ဦးဆောင်ရန် သို့မဟုတ် ထူးချွန်ရန်၊ သို့မဟုတ် အလုပ်တစ်ခုခုတွင် ဆောင်ရွက်သော သို့မဟုတ် သီးခြားလုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို ကျွမ်းကျင်သော ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် မဖြစ်သင့်ပေ။ ထိုအစား သင်သည် ဘုရားသခင်ထံမှ သင်၏ တာဝန်ကို ခံယူသင့်သည်၊ ဆိုလိုသည်မှာ ယခုအချိန် ဤအခိုက်အတန့်တွင် သင်သည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ မည်သည့်တာဝန်ကို သင် လုပ်ဆောင်ရန် လိုအပ်သည်ကိုလည်းကောင်း သိရမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် ရှာဖွေရမည်။ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် တောင်းဆိုသည့် မည်သည့်အရာကိုမဆိုဖြစ်စေ၊ သူ၏ အိမ်တော်တွင် သင့်အတွက် မည်သည့်တာဝန်ကိုမဆို စီစဉ်ပေးထားသည်ဖြစ်စေ ထိုတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အတွက် သင် နားလည်သင့်သော သမ္မာတရားများနှင့် သင် လိုက်နာပြီး သဘောပေါက်သင့်သော စည်းမျဉ်းများကို နားလည်သဘောပေါက်ပြီး ရှင်းလင်းရမည်။ သင်သည် ယင်းတို့ကို မမှတ်မိနိုင်ပါက ယင်းတို့ကို ချရေးထားနိုင်ပြီး အချိန်ရသောအခါတွင် ယင်းတို့ကို ပို၍ ကြည့်ရှုကာ ပို၍ တွေးဆနိုင်သည်။ ဘုရားသခင်၏ ဖန်ဆင်းခံများထဲမှ တစ်ဦးအနေဖြင့် သင်၏ အဓိက ဘဝပန်းတိုင်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်နှင့် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန် ဖြစ်သင့်သည်။ ဤသည်မှာ သင် ရှိသင့်သော အခြေခံအကျဆုံးသော ဘဝပန်းတိုင် ဖြစ်သည်။ ဒုတိယအနေဖြင့် ပို၍တိကျသောအချက်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းပြီး စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန်ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသောဂုဏ်နှင့် တစ်ကိုယ်ရေ အလားအလာတို့ကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် လိုက်စားသည့် ဤဦးတည်ချက်များနှင့် ပန်းတိုင်များသည် သင် စွန့်လွှတ်သင့်သော အရာများအားလုံး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) “ဘုရားသခင်ကို ယုံကြည်သူအနေဖြင့် သင်သည် သမ္မာတရားကို လိုက်စားလိုစိတ်ရှိပြီး ကယ်တင်ခြင်းကို ရရှိရန် ဆန္ဒရှိသည့်အတွက်၊ သင်၏ လိုက်စားမှုများ၊ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများကို လက်လွှတ်သင့်သည်။ ဤလမ်းကြောင်းကို စွန့်ပစ်သင့်သည်။ ယင်းသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာသည့် လမ်းကြောင်းဖြစ်ပြီး၊ ဤရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများကို လက်လွှတ်လော့။ သင်၏ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို သင်၏ ဘဝ ရည်မှန်းချက်ပန်းတိုင်အဖြစ် မရွေးချယ်သင့်ပေ။ ထိုအစား သင်၏ဘဝပန်းတိုင်မှာ သမ္မာတရားအားလိုက်စားပြီး ကယ်တင်ခြင်းကိုရရှိရန် ဖြစ်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈)) ဟုတ်တာပေါ့။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ ကျွန်မမှာ ရှိသင့်တဲ့ ရည်မှန်းချက်က ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ လိုက်စားရသင့်တာ။ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားဖို့ မဟုတ်တဲ့အပြင် ကိုယ့်ရဲ့ စံတွေကို အကောင်အထည်ဖော်ဖို့လည်း မဟုတ်ဘူး။ ထူးချွန်တဲ့သူ၊ ပညာရှင်၊ ဒါမှမဟုတ် နည်းပညာ အရည်အချင်းရှိသူ တစ်ယောက် ဖြစ်လာတော့ အခုကစပြီး၊ အသင်းတော်က ကျွန်မအတွက် ဘာပဲ စီစဉ်ပေးပေး၊ ဘုရားသခင်ဆီကနေ ကျွန်မ ခံယူပြီး ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမယ်။ ကွန်ပျူတာ နည်းပညာဆိုတာ ကျွန်မ ဝါသနာပါတဲ့ အရာတစ်ခုပါ။ အသင်းတော် အလုပ်က လိုအပ်လာတဲ့အခါ၊ ကျွန်မ သေသေချာချာ ကြိုးစားလေ့လာပြီး၊ ရလဒ်ကောင်းတွေ ရအောင် ကျွန်မရဲ့ တာဝန်တွေမှာ အသုံးချသွားမယ်။ ဒါပေမဲ့ ကျွန်မထဲက မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေကိုလည်း ဖြေရှင်းဖို့ လိုသေးတယ်လေ။ မဟုတ်ရင်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေရင် ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ရမှာ မဟုတ်ဘူး။ နောင်တစ်ချိန် အလုပ်လိုအပ်ချက်အရ တခြားတာဝန်တွေ လုပ်ဖို့ အသင်းတော်က စီစဉ်ပေးလာရင်၊ အဲဒါတွေက ကျွန်မရဲ့ အားသာချက်တွေ မဟုတ်ရင်တောင်မှ၊ ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ကျွန်မ ရင်ဆိုင် ကျော်လွှားရမယ်။ သမ္မာတရား စည်းမျဉ်းတွေအပေါ် ပိုပြီး အားစိုက်ထုတ်ရမယ်၊ ပြီးတော့ ကျွန်မ မလုပ်တတ်တဲ့ အရာတွေအတွက် ညီအစ်ကိုမောင်နှမတွေဆီကနေ ပိုပြီး သင်ယူရမယ်။ ဒါနဲ့ ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်းကို လက်လွှတ်ဖို့၊ ဘုရားသခင်ရဲ့ အိမ်တော်က စီစဉ်ပေးတဲ့ ဘယ်တာဝန်ကိုမဆို ကျိုးနွံနာခံဖို့ လိုလားပြီး ကိုယ့်အကြိုက်တွေအပေါ် အခြေခံရင်း ကိုယ့်တာဝန်တွေကို ဆက်မထမ်းဆောင်တော့ပါဘူးလို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ ဇာတိမြို့ကို ပြန်ရောက်တော့၊ ကွန်ပျူတာ နည်းပညာ ကိုယ့်တာဝန်ကို ပြန်ထမ်းဆောင်ဖြစ်တယ်။ ငါးလလောက် ကြာတော့၊ ခေါင်းဆောင်ပိုင်းဆီက စာတစ်စောင် ရခဲ့တယ်။ အဲဒီစာထဲမှာ၊ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ကူညီပေးဖို့ လူအရေးတကြီး လိုအပ်နေတယ်လို့ ပါတာပေါ့။ ခေါင်းဆောင်ပိုင်းကလည်း ကျွန်မ အရင်က ဒီတာဝန်ကို လုပ်ဖူးမှန်း သိတော့၊ တာဝန်ယူ ဆောင်ရွက်ချင်စိတ် ရှိမရှိ မေးလာတယ်။ အဲဒီအချိန်မှာ ကျွန်မက နည်းပညာအသစ်တစ်ခုကို လေ့လာနေတာ၊ အသင်းတော်ထဲမှာ ဒီအပိုင်းနဲ့ပတ်သက်ရင် ကျွန်မက တော်တော်လေး ထူးချွန်တယ်လို့ သတ်မှတ်ခံထားရတာလေ။ ဒါကြောင့် ဒါကို ကျွန်မ တကယ်ပဲ လက်လွှတ်ဖို့ အင်တင်တင်ဖြစ်ခဲ့တယ်၊ တစ်ခဏလောက်တော့ ဘာလုပ်ရမှန်းမသိဖြစ်ပြီး ဗျာများသွားပြန်တယ်။ အရင်တုန်းက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘယ်လို လိုက်စားခဲ့သလဲ ဆိုတာကို ကျွန်မ ဆင်ခြင်သုံးသပ်မိပြီး၊ ဒီတစ်ကြိမ်မှာတော့ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းရအောင် သမ္မာတရားကို ရှာဖွေဖို့ လိုအပ်မှန်း ကျွန်မ သိလိုက်တယ်။ အဲဒါနဲ့ ဒီ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “သင်၏တာဝန်ခန့်အပ်မှုက ပြုပြင်ခြင်း ခံရသည့်အခါတွင် နာခံဖို့ သင်ယူသင့်သည်။ သင်၏ တာဝန်အသစ်တွင် အတန်ကြာ လေ့ကျင့်ပြီးဖြစ်ကာ ထိုတာဝန် ထမ်းဆောင်ရာတွင် ရလဒ်များ စွမ်းဆောင်ရရှိပြီးသည့်နောက်တွင် သင်သည် ဤတာဝန် ထမ်းဆောင်ဖို့ ပို၍ သင့်တော်သည်ကို တွေ့ရလိမ့်မည်ဖြစ်ပြီး သင်၏ နှစ်သက်မှုများအရ တာဝန်များကို ရွေးချယ်ခြင်းသည် အမှားတစ်ခုဖြစ်ကြောင်း သဘောပေါက်လာလိမ့်မည်။ ဤသည်မှာ ပြဿနာကို မဖြေရှင်းပေးသလော။ အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်သည် တာဝန်တစ်ခုခုကို လူတို့ ထမ်းဆောင်ဖို့ စီစဉ်ပေးရာတွင် လူများ၏ နှစ်သက်မှုများကို အခြေပြုခြင်း မဟုတ်ဘဲ အလုပ်၏ လိုအပ်ချက်များအပေါ်နှင့် ထိုတာဝန်ကို လူတစ်ဦး ထမ်းဆောင်ခြင်းက ရလဒ်များ စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိအပေါ်တွင် အခြေပြုခြင်း ဖြစ်သည်။ ဘုရားအိမ်တော်သည် လူတစ်ဦးချင်း၏ နှစ်သက်မှုများအရ တာဝန်များကို စီစဉ်ပေးသင့်သည်ဟု သင်တို့ဆိုမည်လော။ လူတို့၏ တစ်ကိုယ်ရေ နှစ်သက်မှုများကို ဖြည့်ဆည်းသည့် အခြေအနေပေါ် အခြေခံ၍ လူတို့ကို အသုံးပြုသင့်သလော။ (အသုံးမပြုသင့်ပါ။) ဤအရာများထဲမှ မည်သည့်အရာသည် လူများကို အသုံးပြုရာတွင် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီသနည်း။ မည်သည့်အရာသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသနည်း။ ဘုရားအိမ်တော်အလုပ်၏ လိုအပ်ချက်များနှင့်အညီ၊ မိမိတို့၏ တာဝန်ကို လူတို့ ထမ်းဆောင်ခြင်း၏ ရလဒ်များနှင့်အညီ လူများကို ရွေးချယ်ခြင်းဖြစ်သည်။ သင်သည် အချို့သော ခုံမင်မှုများနှင့် စိတ်ပါဝင်စားမှုများ ရှိပြီး သင်၏တာဝန်များကို ထမ်းဆောင်ရန် ဆန္ဒအနည်းငယ်ရှိသည်။ သို့ရာတွင် သင်၏ဆန္ဒများ၊ စိတ်ပါဝင်စားမှုများနှင့် ခုံမင်မှုများကို ဘုရားအိမ်တော်၏ အလုပ်ထက် ပို၍ဦးစားပေးသင့်သလော။ ‘ဤအလုပ်ကို ကျွန်ုပ် လုပ်ရမှ ဖြစ်မည်။ လုပ်ခွင့်မပြုလျှင် ကျွန်ုပ် အသက်မရှင်လိုပါ။ ကျွန်ုပ်၏ တာဝန်ကို မထမ်းဆောင်လိုပါ။ ဤအလုပ်ကို လုပ်ခွင့်မပြုလျှင် ကျွန်ုပ်သည် အခြားမည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှု ရှိမည် မဟုတ်သကဲ့သို့ အပြည့်အဝ အားစိုက်ထုတ်မည်လည်း မဟုတ်ပါ’ ဟုဆိုလျက် ခေါင်းမာစွာဖြင့် မလျှော့တမ်း ပြောနေလျှင် ဤအရာက တာဝန်ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထား၌ ပြဿနာရှိကြောင်း ပြသည် မဟုတ်လော။ ယင်းမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးလုံးလျားလျား ကင်းမဲ့ခြင်း မဟုတ်လော။ သင်၏ တစ်ကိုယ်ရေ ဆန္ဒများ၊ စိတ်ပါဝင်စားမှုများနှင့် ခုံမင်မှုများကို ဖြည့်ဆည်းရန်အတွက် အသင်းတော်အလုပ်ကို ထိခိုက်စေဖို့နှင့် နှောင့်နှေးစေဖို့ သင် ဝန်မလေးပေ။ ဤအရာက သမ္မာတရားနှင့် ကိုက်ညီသလော။ လူတစ်ဦးသည် သမ္မာတရားနှင့် မကိုက်ညီသော အရာများကို မည်သို့ သဘောထားသင့်သနည်း။...အရေးအကြီးဆုံးဖြစ်သည့် အခြားသွင်ပြင်လက္ခဏာတစ်ခုမှာ မည်သည့် သိနားလည်မှု အတိုင်းအတာကို သင် ရရှိသည်ဖြစ်စေ သို့မဟုတ် ဤအရာများကို သင် နားလည်နိုင်သည်ဖြစ်စေ ဘုရားအိမ်တော်က သင့်အတွက် စီစဉ်မှုများ ပြုလုပ်သောအခါ သင်သည် အနည်းဆုံးအနေဖြင့် ဇီဇာကြောင်ခြင်း သို့မဟုတ် သင့်ကိုယ်ပိုင် အစီအစဉ်များနှင့် ရွေးချယ်မှုများရှိခြင်းထက် ရှေးဦးစွာ နာခံခြင်းသဘောထားကို ခံယူရမည်ဖြစ်သည်။ ဤသည်မှာ သင် အဓိက ပိုင်ဆိုင်ရမည့် ဆင်ခြင်တုံတရား ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို တို့ထိခဲ့တယ်။ ဘုရားသခင်ရဲ့ အိမ်တော်က ကိုယ့်အကြိုက်တွေအပေါ် အခြေခံပြီး တာဝန်တွေကို စီစဉ်ပေးတာမျိုး မဟုတ်ဘဲ အလုပ် လိုအပ်ချက်တွေအပေါ် အခြေခံတာလေ။ နည်းပညာနဲ့ သက်ဆိုင်တဲ့ တာဝန်ကို ကျွန်မ ထမ်းဆောင်ချင်ပေမဲ့၊ ကိုယ့်စိတ်ဝင်စားမှုကို အသင်းတော် အလုပ်ထက် ပိုပြီး ဦးစားမပေးသင့်ဘူး။ ပြီးတော့၊ အဲဒီအချိန်တုန်းက ဒီနည်းပညာပိုင်း အလုပ်ကို လုပ်ဖို့ လူမရှားဘူး၊ ဒါပေမဲ့ စာနဲ့ပတ်သက်တဲ့ အလုပ်မှာကျတော့ လူလိုနေတာ။ ကျွန်မက အရင်က စာနဲ့ပတ်သက်တဲ့ တာဝန်ကို လုပ်ဖူးတော့၊ အဲဒီမှာပါတဲ့ စည်းမျဉ်းတွေကို နားလည်မှု တချို့ ရှိထားပြီးသားလေ။ ကျွန်မအနေနဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး၊ အသင်းတော်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမယ်၊ ပြီးတော့ အသင်းတော်ရဲ့ အလုပ်ကို ဦးစားပေးရမယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတဲ့အခါ၊ ကျွန်မရဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့ပြီး၊ စာနဲ့ပတ်သက်တဲ့ တာဝန်ကို သွားလုပ်ခဲ့တယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုနဲ့ တရားစီရင်မှုတွေကြောင့်သာ ကျွန်မရဲ့ မှားယွင်းတဲ့ လိုက်စားမှုတွေကို သိမြင်လာခဲ့တာပါ။ ပြီးတော့ ကျွန်မရဲ့ ဝါသနာတွေ၊ စိတ်ဝင်စားမှုတွေကို ဘယ်လို မှန်မှန်ကန်ကန် သဘောထားရမလဲ ဆိုတာကိုလည်း သင်ယူနိုင်ခဲ့တယ်။ လမ်းပြပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန်မှာ ဘယ်လို အခြေအနေတွေနဲ့ပဲ ရင်ဆိုင်ရပါစေ၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ သမ္မာတရားကို လိုက်စားဖို့ ဆန္ဒရှိပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
မုကျိန်း အမေရိကန်နိုင်ငံ အသင်းတော်မှာ ဗီဒီယိုတွေကို ကျွန်မ လုပ်နေတာ။ ဒါပေမဲ့ လုပ်စရာသိပ်မရှိတော့ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့ဆီ...
၂၀၁၈ ခုနှစ်မှာ ကျွန်တော် အသင်းတော်မှာ ဗီဒီယိုတွေ လုပ်နေခဲ့တယ်။ ကျွန်တော်က ကိုယ့်ရဲ့ အတတ်ပညာပိုင်း အရည်အချင်းတွေမှာ မြန်မြန် တိုးတက်ခဲ့ပြီး၊...
ရှီးအင်း အမေရိကန်နိုင်ငံဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည်...
ရှီးဖန် တောင်ကိုရီးယားနိုင်ငံဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊...