တာဝန်များအကြား အဆင့် သို့မဟုတ် ကွဲပြားမှုမရှိပါ
၂၀၁၉ ခုနှစ်မှာ ဖေဖော်ဝါရီလမှာ၊ ကျွန်မဟာ တကယ်အလုပ်လုပ်ရမယ့်အစား ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခဲ့လို့ ခေါင်းဆောင်မှုတာဝန်ကနေ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက အသင်းတော်ရဲ့ အထွေထွေကိစ္စရပ်တွေဆိုင်ရာ အလုပ်ကို တာဝန်ယူဖို့ ခေါင်းဆောင်က ကျွန်မကို တာဝန်ပေးခဲ့တယ်။ အထွေထွေကိစ္စရပ်က အမှုထမ်းတွေမှာ ဘာပြဿနာပဲရှိရှိ ကျွန်မက တက်တက်ကြွကြွနဲ့ ကူညီဖြေရှင်းပေးခဲ့တယ်၊ လူတိုင်းကလည်း ကျွန်မကို အသိအမှတ်ပြုကြတော့ ကျွန်မကိုယ်ကျွန်မ အသင်းတော်မှာ မရှိမဖြစ် အဖွဲ့ဝင်တစ်ယောက်လို ခံစားခဲ့ရတယ်။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာတော့ အထွေထွေကိစ္စရပ်တွေဆိုင်ရာ အလုပ်ကို ကြီးကြပ်ဖို့ အစ်မ ထျန်ယွီနဲ့ ကျွန်မကို အတူတူ တွဲဖက် တာဝန်ပေးခဲ့တယ်။ အစပိုင်းမှာတော့ ကျွန်မတို့နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေး အဆင်ပြေပါတယ်။ သူက ကျွန်မရဲ့ အသက် ဝင်ရောက်မှုမှာလည်း ကူညီပေးခဲ့တော့ သူနဲ့အတူ တွဲဖက်တာဝန်ထမ်းဆောင်ရတာကို ကျွန်မ တော်တော်လေး ပျော်နေခဲ့တယ်။ ဒါပေမဲ့ ခဏကြာတော့ ထျန်ယွီက အစွမ်းအစလည်းကောင်း၊ ဉာဏ်လည်း ထက်ပြီး သမ္မာတရားကို မိတ်သဟာယပြုတာနဲ့ ပြဿနာဖြေရှင်းတာတွေမှာ ကျွန်မထက် ပိုတော်တာကို ကျွန်မ တွေ့ခဲ့ရတယ်။ တစ်ခါ စုဝေးပွဲတစ်ခုမှာ ညီအစ်မတစ်ယောက်က သူ့အလုပ်ထဲက အခက်အခဲတချို့ကို ပြောပြလာတယ်။ အဲဒါ ဘာပြဿနာလဲဆိုတာ ကျွန်မ သဘောတောင် မပေါက်သေးဘူး၊ ထျန်ယွီက သူ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ အဲဒီညီအစ်မကို မိတ်သဟာယပြုပေးပြီး သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်တချို့ကိုလည်း ဖတ်ပြခဲ့တယ်။ သူ မိတ်သဟာယပြုပြီးတဲ့အခါမှာ အဲဒီအစ်မက သဘောတူကြောင်း အကြိမ်ကြိမ် ခေါင်းညိတ်ပြခဲ့တယ်။ အကျိုးသင့်အကြောင်းသင့် ပြောရရင်တော့ ညီအစ်မရဲ့ပြဿနာ ပြေလည်သွားတာက ကောင်းတဲ့ကိစ္စပါပဲ၊ ဒါပေမဲ့ ကျွန်မကတော့ အဲဒီအတွက် မပျော်နိုင်ခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ထျန်ယွီက အစွမ်းအစကောင်းပြီး ပြဿနာတွေကို အမြဲတမ်း မိတ်သဟာယပြုပြီး ဖြေရှင်းပေးနိုင်တော့ ညီအစ်ကိုမောင်နှမတွေက သူနဲ့ယှဉ်ပြီး ငါ့ကို ဘယ်လိုမြင်ကြမှာလဲ။ ငါ့အစွမ်းအစက ထျန်ယွီလောက် မကောင်းဘူးလို့ သူတို့ ထင်သွားကြမှာလား။ နောက်ဆိုရင် ညီအစ်ကိုမောင်နှမတွေနဲ့ ငါ ဘယ်လို စုဝေးပွဲတက်ရမှာလဲ” လို့ပေါ့။ နောက်ပိုင်းမှာ ထျန်ယွီက ကွန်ပျူတာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတချို့ကိုလည်း နားလည်မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ကွန်ပျူတာတွေ၊ ဗီဒီယိုဖွင့်စက်တွေမှာ ပြဿနာရှိတဲ့အခါ သူတို့က အမြဲတမ်း ထျန်ယွီဆီကိုပဲ သွားကြတယ်။ ထျန်ယွီက ကျွန်မထက် အရာရာမှာ ပိုတော်တာကို တွေ့လိုက်ရတော့ ကျွန်မမှာ မနာလိုတဲ့စိတ်တွေ၊ အားကျတဲ့စိတ်တွေနဲ့ ပြည့်သွားတယ်။ ဖိနှိပ်ခံရသလိုတောင် ခံစားခဲ့ရတယ်။ စိတ်ထဲမှာ ညည်းမိတာပေါ့၊ “ငါတို့နှစ်ယောက်လုံးက ကြီးကြပ်ရေးမှူးတွေပဲ၊ ဒါပေမဲ့ ဘာလို့ ငါတို့ကြားထဲမှာ ဒီလောက်ကြီး ကွာနေရတာလဲ။ နောက်ဆိုရင် ခေါင်းဆောင်နဲ့ ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုမြင်ကြမှာလဲ” လို့ပေါ့။ ကျွန်မတစ်ယောက်တည်း တာဝန်ယူခဲ့တဲ့အချိန်တုန်းက ကျွန်မရဲ့ တာဝန်မှာ ရလဒ်တချို့ရှိခဲ့ပြီး ညီအစ်ကိုမောင်နှမတွေအားလုံးကလည်း ကျွန်မကို အထင်ကြီးခဲ့ကြတာကို ပြန်တွေးမိတယ်။ ဒါပေမဲ့ ထျန်ယွီရောက်လာတော့ သူက ကျွန်မထက် အရာရာမှာ ပိုတော်နေပြီး ကျွန်မကိုယ်ကျွန်မ ပြစရာ နည်းမရှိတော့ဘူး၊ ဒါကြောင့် ကျွန်မကတော့ ထျန်ယွီက ကျွန်မရဲ့ ကျော်စောမှုကို လုယူသွားတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ ထျန်ယွီအပေါ် မကျေမနပ်ဖြစ်လာပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “နင်ကတော့ အရာရာတိုင်းမှာ တော်နေပုံပဲ၊ ဒါပေမဲ့ နင်မလုပ်နိုင်တာများ ရှိရဲ့လား ကြည့်ကြသေးတာပေါ့” လို့ပေါ့။
မကြာပါဘူး၊ ခေါင်းဆောင်က ညီအစ်ကိုမောင်နှမတချို့ကို သွားကြိုဖို့ ကျွန်မနဲ့ ထျန်ယွီကို တာဝန်ပေးခဲ့တယ်။ အဲဒီမှာ ကျွန်မမရှိတော့ ထျန်ယွီက တခြားတစ်ယောက်ကို သွားခိုင်းလိုက်တယ်။ ဒါပေမဲ့ သူက ကောင်းကောင်းမစီစဉ်နိုင်ခဲ့တော့ ညီအစ်ကိုမောင်နှမတွေကို မကြိုနိုင်ခဲ့ဘူး၊ သူတို့တွေက စိုးရိမ်တကြီးနဲ့ စောင့်နေခဲ့ရတယ်။ ကျွန်မက ဒီအခွင့်အရေးကို အသုံးချပြီး ညီအစ်မတစ်ယောက်ရှေ့မှာ ထျန်ယွီကို အထင်သေးအောင် ပြောခဲ့တယ်၊ ဘာလို့လဲဆိုတော့ ထျန်ယွီက ဒီလောက် သေးသေးမွှားမွှားကိစ္စလေးတောင် မကိုင်တွယ်နိုင်ဘူးဆိုတာကို အဲဒီညီအစ်မ မြင်စေချင်လို့ပဲ။ ကျွန်မ ဖြန့်လိုက်တဲ့စကားကြောင့် အဲဒီအစ်မက ထျန်ယွီအပေါ်မှာ အပျက်သဘောဆောင်တဲ့အမြင်တချို့ ထားလာပြီး၊ ထျန်ယွီက အမှုအရာတွေကို ကောင်းကောင်းမစီစဉ်တတ်ဘူးလို့ ညည်းညူခဲ့တယ်။ နောက်တစ်ခါမှာ ထျန်ယွီတာဝန်ယူထားတဲ့ ညီအစ်မတစ်ယောက်ဖြစ်တဲ့ ရှင်းရူက အပြင်ပန်းမှာပဲ စိတ်အားထက်သန်ပြီး သမ္မာတရားကို မလိုက်စားသလို ဘုရားနှုတ်ကပတ်တော်တွေကိုလည်း သိပ်မစားသောက်တာကို ကျွန်မ သိခဲ့ရတယ်။ သူက လောကီရဲ့ရေစီးကြောင်းနောက်ကိုပဲ လိုက်တယ်၊ စားလိုက်သောက်လိုက်နဲ့ ပျော်ပါးနေတာပဲ။ မိတ်သဟာယပြုပြီးတဲ့နောက်မှာလည်း ဘာအပြောင်းအလဲမှ မရှိတော့ သူ့ကို ဖြုတ်ချသင့်နေပြီ။ ကျွန်မ တွေးမိတယ်၊ “ထျန်ယွီက ရှင်းရူရဲ့အလုပ်ကို တာဝန်ယူထားပြီး ရှင်းရူအပေါ်မှာ ပိုင်းခြားသိမြင်နိုင်စွမ်း သိပ်မရှိဘူး။ ကြည့်ရတာ လူတွေကို ပိုင်းခြားသိမြင်တဲ့နေရာမှာ ထျန်ယွီက ငါ့လောက် တော်ပုံမရဘူး” လို့ပေါ့။ နောက်ဆုံးတော့ ကျွန်မမှာ ထျန်ယွီထက် သာတဲ့အရာတစ်ခု ရှိပြီလို့ ခံစားခဲ့ရပြီး သာလွန်တဲ့စိတ်ကို ခံစားလိုက်ရတယ်။ ကျွန်မ တွေးလိုက်တယ်၊ “နင့်မှာလည်း အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိတာပဲကိုး။ ခေါင်းဆောင်လည်း ဒီမှာရှိနေတုန်း ရှင်းရူရဲ့အပြုအမူအကြောင်းကို ငါထုတ်ပြောလိုက်မယ်။ ဒါမှ ခေါင်းဆောင်က လူတွေကို ပိုင်းခြားသိမြင်တဲ့နေရာမှာ နင်က ငါ့လောက်မတော်ဘူးဆိုတာ မြင်သွားမှာ။ အဲဒါက နင့်ရဲ့မာန်စွယ်ကို နည်းနည်းတော့ ချိုးနှိမ်ပေးမှာပဲ” လို့ပေါ့။ ဒါပေမဲ့ ထျန်ယွီက သူ့မှာ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိတဲ့အကြောင်းကို ထုတ်မပြောခဲ့ဘူး။ မိုးချုပ်တော့မှာဖြစ်ပြီး ခေါင်းဆောင်ကလည်း ပြန်တော့မှာကို တွေ့လိုက်တော့ ကျွန်မ စိတ်မရှည်ဖြစ်ပြီး ဒေါသထွက်လာတယ်။ ဒါနဲ့ ထျန်ယွီကို ဆုံးမတဲ့လေသံနဲ့ ပြောလိုက်တယ်၊ “အစ်မက ကိုယ့်ရဲ့အားသာချက်တွေကိုပဲ ပြောပြီး အားနည်းချက်တွေကိုတော့ မပြောဘူး။ ကြည့်ရတာ အစ်မလည်း ကိုယ့်ကိုယ်ကိုယ် မသိဘူးပဲ” လို့ပေါ့။ ကျွန်မ ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ အခန်းထဲက အခြေအနေက ချက်ချင်းကို အေးစက်သွားတယ်၊ ဘယ်သူမှ စကားမပြောတော့ဘူး။ ခေါင်းဆောင်က ကျွန်မရဲ့အခြေအနေမှာ တစ်ခုခုမှားနေတာကို သတိထားမိပြီး ဘာဖြစ်တာလဲလို့ မေးတယ်။ ဒါနဲ့ ကျွန်မက ထျန်ယွီကို အရှက်ရစေချင်ပြီး သူ့မှာ ကျွန်မလောက်မတော်တဲ့ နေရာတွေရှိတယ်ဆိုတာကို သူ့ကို မြင်စေချင်တဲ့ ကျွန်မရဲ့အခြေအနေမှန်ကို ထုတ်ဖော်လိုက်တယ်။ ထျန်ယွီက မျက်ရည်တွေကျလာတယ်၊ ကျွန်မ စိတ်ထဲမှာ အရမ်းကို မလုံမလဲဖြစ်ပြီး အပြစ်ရှိသလို ခံစားရတယ်၊ ဒါနဲ့ သူ့ကို ကျွန်မ တောင်းပန်လိုက်တယ်။ အဲဒီအချိန်တုန်းက ကျွန်မက ကိုယ့်သိက္ခာကို တန်ဖိုးထားပြီး ရာထူးဂုဏ်ဒြပ်ကို လိုချင်တဲ့စိတ် ပြင်းပြတယ်ဆိုတာကို ရိုးရိုးလေးပဲ နားလည်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကတော့ မပြေလည်သေးခဲ့ဘူး။
နောက်ပိုင်းမှာ ကျွန်မရဲ့အလုပ်ရလဒ်တွေက ထျန်ယွီလောက် မကောင်းတော့ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင်မလုပ်နိုင်ဘူး၊ မျက်နှာပြလို့မရဘူးလို့ ခံစားရပြီး ပိုပြီးတော့တောင် စိတ်မချမ်းမသာဖြစ်လာတယ်။ စုဝေးပွဲတက်ရမယ့် အချိန်မှာလည်း မတက်ချင်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုနဲ့ တာဝန်တွေမှာ ကြုံရတဲ့အခက်အခဲတွေကိုလည်း ကျွန်မ လျစ်လျူရှုထားလိုက်တယ်၊ အလုပ်အများစုကို ထျန်ယွီတစ်ယောက်တည်းပဲ လုပ်ခဲ့ရတယ်။ ခဏကြာတော့ ကျွန်မ ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာ၊ ချောင်းဆိုးတာတွေ ခံစားလာရပြီး ဆေးစစ်ကြည့်တဲ့အခါမှာတော့ လေအိတ်ကြား အဆုတ်ရောင်ရောဂါဆိုပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆရာဝန်က ဒီရောဂါက ဖြစ်ပွားမှုမြန်ပြီး ချက်ချင်းကုသဖို့ လိုတယ်လို့ ပြောတယ်။ နေမကောင်းဖြစ်ပြီးတဲ့နောက်မှာတောင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ သိပ်မရှိခဲ့ဘူး၊ တာဝန်မှာလည်း အမှားတွေ ဆက်တိုက်လုပ်နေမိတယ်၊ ဒါကြောင့် ခေါင်းဆောင်က ကျွန်မကို ဖြုတ်ချလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်မက နာကျင်မှုတွေနဲ့ နစ်မွန်းနေခဲ့တယ်၊ ပြီးတော့ ကျွန်မကို ဘုရားသခင်က ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းလိုက်ပြီလို့ ယုံကြည်ခဲ့တယ်၊ အဲဒါကြောင့် ပိုပြီးတော့တောင် စိတ်မချမ်းမသာဖြစ်သွားခဲ့တယ်။ တစ်ခါမှာ ဘုရားနှုတ်ကပတ်တော် ရွတ်ဖတ်သံကို ကျွန်မ ကြားလိုက်ရတယ်။ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် သူတို့ ကြားဖို့ လုံးဝမဟုတ်ချေ။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မရဲ့ နှလုံးသားကို စူးနစ်သွားစေခဲ့တယ်။ ကျွန်မ အဖြုတ်ချခံရတုန်းက ခေါင်းဆောင်က ကျွန်မဟာ အမြဲတမ်း ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရာထူးဂုဏ်ဒြပ်ကို လိုက်စားခဲ့တာ၊ အကြိမ်ကြိမ် မိတ်သဟာယပြုခဲ့ပေမဲ့ ပြောင်းလဲဖို့ ပျက်ကွက်ခဲ့တာ၊ သမ္မာတရားကို လုံးဝ လက်မခံခဲ့တာတွေကို ဖော်ထုတ်ခဲ့မှန်း ကျွန်မ အမှတ်ရမိတယ်။ ပြီးတော့ ထျန်ယွီနဲ့ ကျွန်မ ပူးပေါင်းဆောင်ရွက်ခဲ့တာ သုံးနှစ်နီးပါးရှိပြီ၊ ထျန်ယွီကို မနာလိုဖြစ်တာ၊ သူနဲ့ ယှဉ်ပြိုင်တာက မှားမှန်းသိခဲ့တာတောင်မှ ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေခဲ့ဘူးဆိုတာကိုလည်း ကျွန်မ တွေးမိတယ်။ ကျွန်မက ဘုရားသခင်ပြောတဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တဲ့သူမျိုး အတိအကျပဲ မဟုတ်ဘူးလား။ အဲဒီအချိန်မှာ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့ဘဲ အပျက်သဘောဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးအဖြတ်ပေးခဲ့တယ်။ အဲဒီကာလအတွင်းမှာ ကျွန်မ စားချင်စိတ်မရှိခဲ့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ရာကနေ ဉာဏ်အလင်း ဘာမှမရခဲ့ဘူး၊ ပြီးတော့ ဘာလုပ်ဖို့မှ အားမရှိခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မရဲ့အခြေအနေက မမှန်ဘူးဆိုတာကို သဘောပေါက်လာတော့ ဘုရားသခင်ဆီ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ အဲဒီနောက်မှာ “ကျရှုံးခြင်းများနှင့် နိမ့်ကျပျက်စီးခြင်းများကို ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ အခြေခံသဘောတရားများ” ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင် နေ့စဉ် ဖြစ်ပျက်သောအရာများသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ကျပန်း ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်းကို သင် ယုံကြည်ရပေမည်။ ယင်းသည် တစ်စုံတစ်ဦးက သင့်ကို တမင်သက်သက် ခက်ခဲအောင် လုပ်နေခြင်း သို့မဟုတ် ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ပြီး စီစဉ်ညွှန်ကြားခြင်း ဖြစ်၏။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ဖော်ထုတ်ပြရန်၊ သို့မဟုတ် သင့်ကို ထုတ်ဖော်ဖို့ရန်နှင့် ဖယ်ရှားရှင်းလင်းဖို့ရန် မဟုတ်ပေ။ သင့်ကို ထုတ်ဖော်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်အောင်ပြုရန်နှင့် ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်သို့စုံလင်အောင်ပြုသနည်း။ ပြီးလျှင် ဘုရားသခင်က သင့်ကို မည်သို့ ကယ်တင်သနည်း။ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သတိပြုမိစေခြင်း၊ သင်၏သဘာဝအနှစ်သာရ၊ သင်၏ ချို့ယွင်းချက်များနှင့် သင်ချို့တဲ့သောအရာတို့ကို သင့်အား သိစေခြင်းအားဖြင့် သူ စတင်သည်။ ဤအရာများကို သိခြင်းနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် သိနားလည်မှုတစ်ခု ရှိခြင်းအားဖြင့်သာ သမ္မာတရားကို သင်လိုက်စားနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန် အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ခန်းစာယူရမည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့အခါ ကျွန်မ အဖြုတ်ချခံရတာက ဘုရားသခင်က ကျွန်မကို ဖယ်ရှားရှင်းလင်းတာမဟုတ်ဘဲ၊ ဒါဟာ ကျွန်မအပေါ် သက်ရောက်တဲ့ ကိုယ်တော့်ရဲ့ ဆုံးမပဲ့ပြင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းသာဖြစ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ဒါဟာ ကျွန်မက ညီအစ်မနဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ခဲ့လို့၊ အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့လို့၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မဲ့အစား ညီအစ်မကိုတောင် တိုက်ခိုက်ပြီး ဖယ်ကျဉ်ခဲ့လို့ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့လို့ပဲ။ ဒီလိုအခြေအနေမျိုးမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မကို သမ္မာတရားရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်စေဖို့၊ သိကျွမ်းစေဖို့ပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတော့ ကျွန်မရဲ့အခြေအနေက နည်းနည်း တိုးတက်လာပြီး ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဆင်ခြင်သုံးသပ်ဖို့နဲ့ ကိုယ်တော့်ဆီမှာ နောင်တရဖို့ ဘုရားသခင်ကို အားကိုးလိုစိတ်ရှိလာတယ်။
နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကို ပြခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိတယ်။ “အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားကြသောကြောင့် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်အလို့ငှာ သေချာပေါက် စကားပြောကာ အလုပ်လုပ်သည်။ ၎င်းတို့သည် အခြားအရာအားလုံးအထက်တွင် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို တန်ဖိုးထားကြသည်။ ၎င်းတို့ အနီးဝန်းကျင်ရှိ တစ်စုံတစ်ဦးတွင် အစွမ်းအစကောင်းရှိပြီး သမ္မာတရားကို လိုက်စားကာ ဤလူက ညီအစ်ကို မောင်နှမများကြားတွင် ဂုဏ်ဒြပ်တစ်ခုခု ရရှိသည့်အပြင် အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရပြီး ညီအစ်ကို မောင်နှမများက ဤလူကို အမှန်တကယ် လေးစားကာ အသိအမှတ်ပြုလျှင် အန္တိခရစ်များက မည်သို့ တုံ့ပြန်ကြလိမ့်မည်နည်း။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ မုချ ဝမ်းသာမည်မဟုတ်သကဲ့သို့ ၎င်းတို့ထဲတွင် မနာလိုမှု ဖြစ်ပေါ်လိမ့်မည်။ အန္တိခရစ်များက မနာလိုမှု ထားရှိလျှင် ငါ့ကို ပြောလော့၊ ၎င်းတို့သည် ဣန္ဒြေရရနေထိုင်ကြသလော။ ထိုအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်ရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူကို ၎င်းတို့ အမှန်တကယ် မနာလိုလျှင် မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့၏ စိတ်များတွင် ‘ဤလူတွင် အတော်လေး ကောင်းမွန်သော အစွမ်းအစရှိသည်။ ဤအလုပ်အကိုင်နှင့်ဆိုင်သည့် သိနားလည်မှုတစ်ခုခု ပိုင်ဆိုင်ပြီး ငါ့ထက် ပိုအားကောင်းသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိသော်လည်း ငါ့အတွက် အကျိုးမရှိပါ။ ငါ့နေရာကို သူ လုယူမည်လော။ တစ်နေ့တွင် ငါ့ကို သူ အမှန်တကယ် အစားထိုးလျှင် ယင်းသည် ဒုက္ခပေးတတ်မည် မဟုတ်လော။ လက်ဦးမှုယူလျက် ငါ ပြုမူဆောင်ရွက်သင့်သည်။ တစ်နေ့တွင် သူက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လျှင် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ ငါ့အတွက် သိပ်လွယ်ကူမည် မဟုတ်ပါ။ အရင်ဆုံး တိုက်ခိုက်ခြင်းက ငါ့အတွက် ပိုကောင်းသည်။ ငါ နှောင့်နှေးပြီး ငါ့ကို ဖော်ထုတ်ခွင့် သူ့ကို ပေးလျှင် အကျိုးဆက်က မည်သည့်အရာဖြစ်မည်ကို မည်သူ သိမည်နည်း။ သို့ဆိုလျှင် အဘယ်သို့ ငါ တိုက်ခိုက်၍ရသနည်း။ ဆင်ခြေတစ်ခုကို ငါ ရှာဖို့လိုသည်၊ အခွင့်အရေးတစ်ခုကို ရှာဖို့လိုသည်’ဟူသော ဤအပိုင်ကြံခြင်းမျိုးကို မုချ ပြုလုပ်ကြမည်ဖြစ်သည်။ ငါ့ကို ပြောလော့၊ လူတို့က တစ်စုံတစ်ဦးကို နှိပ်စက်လိုလျှင် ထိုသို့အပြစ်ပေးရန် ဆင်ခြေနှင့် အခွင့်အရေးတစ်ခုကို ရှာရသည်မှာ ၎င်းတို့အတွက် လွယ်ကူသည် မဟုတ်လော။ မည်သည့်အရာသည် နတ်ဆိုး၏ နည်းစနစ်များထဲမှ တစ်ခု ဖြစ်သနည်း။ (‘မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်’ဟူ၍ ဖြစ်သည်။) အတိအကျပင် ‘မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်’ ဟူ၍ ဖြစ်သည်။ စာတန်၏ လောကတွင် ဤဆင်ခြင်တွေးခေါ်မှုစနစ်မျိုး တည်ရှိပြီး ဤအရာမျိုး ဖြစ်ပျက်ပေသည်။ ဤသည်မှာ ဘုရားသခင်အဖို့ လုံးဝ မတည်ရှိပေ။ အန္တိခရစ်များသည် စာတန်နှင့် သက်ဆိုင်ပြီး ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်။ ၎င်းတို့က ဤသို့ တွေးဆကြလိမ့်မည်။ ‘မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်။ ငါသည် သင့်အပေါ် စွပ်စွဲချက်တစ်ခု ထားမည်၊ သင့်ကို နှိပ်စက်ဖို့ သင်၏ မာနထောင်လွှားမှုနှင့် မောက်မာမှုတို့ကို ဖိနှိပ်ဖို့နှင့် ညီအစ်ကို မောင်နှမများ သင့်ကို လေးစားသမှုရှိခြင်းနှင့် နောက်တစ်ကြိမ် အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းမှ တားဆီးဖို့ အခွင့်အရေးတစ်ခုကို ရှာမည်ဖြစ်သည်။ ထိုအခါ သင်သည် ငါ့အဖို့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်တော့မည်မဟုတ်၊ ဟုတ်သလော။ ဤအလားအလာရှိသော ပြဿနာကို ဖယ်ရှားရှင်းလင်းပြီး ဤပြိုင်ဘက်ကို ဖယ်ရှားလျှင် ငါသည် စိတ်အေးလက်အေးဖြစ်မည် မဟုတ်လော’ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်များက ဤကဲ့သို့ ချီတုံချတုံ စဉ်းစားနေလျှင် ပြုမူဆောင်ရွက်ခြင်းမှ အပြင်ပန်းအားဖြင့် ၎င်းတို့ ချုပ်တည်းနိုင်သလော။ အန္တိခရစ်များ၏ သဘာဝကို ထောက်ရှုသော် ၎င်းတို့သည် ဤစိတ်ကူးကို ၎င်းတို့ထဲတွင် သိုဝှက်ထားပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေနိုင်သလော။ လုံးဝ မနေနိုင်ပေ။ ၎င်းတို့အနေဖြင့် ပြုမူဆောင်ရွက်ရန် နည်းလမ်းတစ်ခု မုချ ရှာကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ရက်စက်မှု ဖြစ်သည်။ ၎င်းတို့သည် ဤကဲ့သို့ တွေးကြသည်သာမက ဤရည်မှန်းချက်ကိုလည်း စွမ်းဆောင်ရရှိလိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဦးနှောက်ခြောက်ခံစဉ်းစားရင်း ဤကိစ္စရပ်အပေါ် အသည်းအသန် တွေးဆကြလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ၎င်းတို့ အလေးမထားကြသကဲ့သို့ အသင်းတော်၏ အလုပ်ကိုလည်း အလေးမထားကြပေ။ ၎င်းတို့၏ လုပ်ရပ်များက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်းရှိမရှိဟူသည်ကို သာ၍ပင် အရေးမစိုက်ကြချေ။ ၎င်းတို့ တွေးသမျှမှာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မည်သို့ ထိန်းသိမ်းရမည်၊ ၎င်းတို့၏ တန်ခိုးအာဏာကို မည်သို့ ကာကွယ်ရမည်ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ပြိုင်ဘက်က ၎င်းတို့၏ အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေါ်စေနှင့်ပြီးဖြစ်သည်ဟု ၎င်းတို့ တွေးကြသည်။ ထို့ကြောင့် ထိုသူကို ဖြုတ်ချဖို့ အခွင့်အရေးတစ်ခု ကြိုးစားရှာကြသည်။ ၎င်းတို့၏ ပြိုင်ဘက်က မိမိတာဝန်ကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တစ်စိုက်မတ်မတ် လုပ်ဆောင်နေခဲ့သူတစ်ဦးကို ၎င်းတို့ကို တိုင်ပင်ခြင်းမရှိဘဲ ဖြုတ်ချကြောင်းကို ၎င်းတို့ သိသည့်အခါ ၎င်းတို့ ဤအရာကို ၎င်းတို့၏ ပြိုင်ဘက်အပေါ် တစ်စုံတစ်ခုနှင့်ပတ်သက်၍ အပြစ်တင်စွပ်စွဲရန် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုအဖြစ် မြင်ကြလေသည်။ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့က ‘လူတိုင်း ယနေ့ ဤနေရာတွင် ရှိသဖြင့် ဤကိစ္စရပ်ကို စိစစ်ဖို့အတွက် တင်ပြကြစို့။ တစ်စုံတစ်ဦးကို ခွင့်ပြုချက်မရှိဘဲ၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် အလုပ်ဖော်များနှင့် ဆွေးနွေးခြင်းမရှိဘဲ ဖြုတ်ချခြင်းသည် အာဏာရှင်ဆန်သော လုပ်ရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အမှားတစ်ခုကို တစ်စုံတစ်ဦးက အဘယ်ကြောင့် ပြုလုပ်မိမည်နည်း။ ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ ၎င်းတို့ ပြုပြင်ခံရသင့်သည် မဟုတ်လော။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို စွန့်ပစ်သင့်သည် မဟုတ်လော’ ဟု ပြောကြသည်။ ဤကိစ္စကို ၎င်းတို့က မလွတ်တမ်းအသုံးချပြီး ၎င်းတို့၏ ပြိုင်ဘက်ကို မတရားသဖြင့် ပြစ်တင်ဝေဖန်ကာ မိမိတို့ကိုယ်ကို မြှင့်တင်ရန် တစ်ဆိတ်ကိုတစ်အိတ်လုပ်၍ ပြောဆိုကြလေသည်။ လက်တွေ့အရှိတရားတွင် အခြေအနေက ထိုမျှ မပြင်းထန်ပေ။ ဖြုတ်ချခြင်း သို့မဟုတ် တာဝန်ခန့်အပ်မှုကို ပြုပြင်ခြင်း စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းသရွေ့ အဖွဲ့ဝင်တစ်ဦး ဖြုတ်ချခြင်းခံရပြီးနောက် သို့မဟုတ် သူ၏တာဝန်ခန့်အပ်မှုမှ ပြုပြင်ခြင်း ခံရပြီးနောက်တွင် အစီရင်ခံချက်တစ်ခု ပြုလုပ်ခြင်းက လုံးဝ လက်ခံနိုင်စရာ ဖြစ်သည်။ သို့သော် အန္တိခရစ်များက ဤကိစ္စကို တစ်ဆိတ်ကိုတစ်အိတ်လုပ်၍ ပြောဆိုကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ ပြိုင်ဘက်ကို တမင် တိုက်ခိုက်ပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ကြသည်။ ဤသည်မှာ အခြားသူများကို နှိပ်စက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့၏ ပြိုင်ဘက်ကို ရက်စက်စွာ ပြုပြင်ပြီး ထိုသူနှင့်ပတ်သက်သည့် ပုံကြီးချဲ့ထားသော စွပ်စွဲချက်များကို ပြုလုပ်ကြသည်။...ဤအန္တိခရစ်များက ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ် လုပ်နေကြခြင်း ဖြစ်သည်။ ထိုအရာသည် လုံးလုံး လက်တုံ့ပြန်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ လက်စားချေခြင်းသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုနဲ့ ရင်ဆိုင်လိုက်ရတော့ ကျွန်မရဲ့ နှလုံးသားက ကြောက်ရွံ့တုန်လှုပ်သွားတယ်။ ထျန်ယွီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အချိန်ကို ဆင်ခြင်သုံးသပ်ကြည့်တော့ သူက ကျွန်မထက် အရာရာမှာ သာလွန်တာကို တွေ့ရတယ်၊ ဒါကြောင့် ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရှာဖွေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ ပိတ်မိနေပြီး ထျန်ယွီအပေါ် မနာလိုဖြစ်ပြီး မုန်းတီးနေခဲ့တယ်။ ထျန်ယွီက ကျွန်မရဲ့ ကျော်စောမှုကို လုယူသွားတယ်လို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် တခြားသူတွေ သူ့အပေါ် အထင်ကြီးတာ လျော့သွားအောင်လို့ သူ့ရဲ့အားနည်းချက်တွေကို ဖော်ထုတ်ဖို့ အခွင့်အရေးတွေ ကျွန်မ ရှာခဲ့တယ်။ ဒီလိုဖြစ်လာဖို့ မုဆိုးတစ်ယောက်က သားကောင်ကို စောင့်နေသလိုမျိုးပဲ အခွင့်အခါကောင်းကို ကျွန်မ စောင့်ခဲ့တယ်။ ထျန်ယွီက ညီအစ်ကိုမောင်နှမတွေကို ကြိုဖို့ လူတစ်ယောက်ကို စီစဉ်ပေးတာ မအောင်မြင်ခဲ့တဲ့အခါ ညီအစ်မတစ်ယောက်ရှေ့မှာ သူက အမှုအရာတွေကို ကောင်းကောင်းမစီစဉ်တတ်ဘူးလို့ တမင်သက်သက် အထင်သေးစကားပြောခဲ့တယ်။ ထျန်ယွီရဲ့ ကြီးကြပ်မှုအောက်က အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ရှင်းရူက ကောင်းကောင်းမလုပ်ဆောင်တာကို တွေ့လိုက်ရတော့ ထျန်ယွီက သူ့ရဲ့အားနည်းချက်တွေကို ဝန်ခံအောင်လုပ်ဖို့ အခွင့်အရေးတစ်ခု ရှာတွေ့လိုက်သလိုမျိုး ကျွန်မ ဝမ်းသာသွားတယ်။ ဒါကြောင့် ခေါင်းဆောင်က ကျွန်မတို့နဲ့ စုဝေးပွဲလုပ်တဲ့အခါ ထျန်ယွီက သူ့မှာ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိတဲ့အကြောင်း မထုတ်ပြောတာကို တွေ့တော့၊ ကျွန်မက သူ့ရဲ့စိတ်ဓာတ်ကို ချိုးနှိမ်ဖို့နဲ့ ကျွန်မက သူ့ထက် လူတွေကို ပိုင်းခြားသိမြင်ရာမှာ ပိုတော်တယ်ဆိုတာ ခေါင်းဆောင်ကို ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ သူက ကိုယ့်ကိုယ်ကိုယ်မသိဘူးလို့ လူအများရှေ့မှာ ဝေဖန်ခဲ့တယ်။ ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရှာဖွေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေခဲ့ပြီး ဘယ်လိုပဲလုပ်လုပ် ထျန်ယွီကို မကျော်လွှားနိုင်ဘူးဆိုတာကို တွေ့လိုက်ရတဲ့အခါ ကျွန်မ အပျက်သဘောဆောင်ပြီး အလုပ်မှာ ခိုကပ်လာတယ်၊ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့တာဝန်တွေနဲ့ အသက် ဝင်ရောက်မှုမှာ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုလည်း လျစ်လျူရှုခဲ့တယ်၊ အဲဒါကြောင့် အလုပ်မှာ နှောင့်နှေးမှုတွေ ဖြစ်ခဲ့ရတယ်။ ထျန်ယွီက သူ့တာဝန်တွေမှာ ဝန်တာထားတဲ့စိတ်ရှိတာ၊ တာဝန်ယူတတ်တာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့်ပြဿနာတွေကို ဖြေရှင်းပေးနိုင်တာတွေက အသင်းတော်အလုပ်အတွက် အကျိုးရှိတယ်ဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ဒါပေမဲ့ ကျွန်မကတော့ တစ်နေ့လုံး သူနဲ့ ယှဉ်ပြိုင်ပြီး အန်တုဖို့ပဲ ကြိုးစားနေခဲ့တယ်၊ သူ့ထက်သာအောင် မလုပ်နိုင်တဲ့အခါမှာတော့ သူ့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ခဲ့တယ်။ ကျွန်မလုပ်နေခဲ့တာက တစ်စုံတစ်ယောက်ကို အခက်တွေ့အောင်လုပ်ရုံ သက်သက်မဟုတ်ဘူး၊ ကျွန်မက အသင်းတော်ရဲ့အလုပ်ကို ကဖျက်ယဖျက်လုပ်ပြီး နှောင့်ယှက်နေခဲ့တာ။ ဘယ်လိုလူမျိုးက ဒီလိုလုပ်မှာလဲ။ ဒီလိုသဘောပေါက်လိုက်တော့ ကျွန်မ အရမ်းကို စိတ်ဆင်းရဲသွားပြီး မထိန်းနိုင်တော့ဘဲ မျက်ရည်တွေ ကျခဲ့တယ်။ အရင်တုန်းက ကျွန်မကိုယ်ကျွန်မ ဘုရားသခင်ကို ရိုးရိုးသားသားယုံကြည်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းနိုင်တဲ့သူတစ်ယောက်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အဖြစ်မှန်တွေရဲ့ ထုတ်ဖော်မှုကနေတစ်ဆင့် ကျွန်မဟာ ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းပြီး လူ့သဘာဝ လုံးဝကင်းမဲ့နေလဲဆိုတာကို တွေ့လိုက်ရတယ်။ ကျွန်မ ဒါကို စဉ်းစားလေလေ၊ ဒါဟာ ဖောက်ပြန်ပျက်စီးမှုရဲ့ သာမန်ထုတ်ဖော်မှုလေးတစ်ခု မဟုတ်ဘဲ၊ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကို ရောက်နေနှင့်ပြီဆိုတာကို ပိုပြီးသဘောပေါက်လာလေလေပဲ။ ကြောက်စိတ်က ကျွန်မရဲ့နှလုံးသားကို ဖမ်းဆုပ်ခဲ့တယ်။ ကျွန်မရဲ့အခြေအနေက ဘယ်လောက်တောင် အန္တရာယ်များနေလဲဆိုတာရယ်၊ နောင်တမရရင် ကျွန်မ ဖယ်ရှားရှင်းလင်းပြီး အပြစ်ပေးခံရတော့မယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်သည် ဘုရားသခင်နောက်လိုက်သည်၊ ကယ်တင်ခြင်း လိုက်စားသည်၊ ဘုရားသခင်၏ စိစစ်မှုနှင့် လမ်းပြမှုတို့ကို လက်ခံပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံကာ ကျိုးနွံနာခံသည်ဟု ဆက်ပြောနေသော်လည်း ဤစကားလုံးများကို သင် ပြောနေစဉ်တစ်လျှောက်လုံး အသင်းတော်၏ အလုပ်အမျိုးမျိုးကို သင် နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးနေပြီး သင်၏ အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကြောင့်၊ သင်၏ ပေါ့ဆမှု သို့မဟုတ် တာဝန်ကို တမင်ပျက်ကွက်ခြင်းကြောင့် သို့မဟုတ် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကြောင့်၊ ပြီးလျှင် သင်၏ ကိုယ်ကျိုးစီးပွားများကို လိုက်စားခြင်းအတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အကျိုးစီးပွားများနှင့် အခြားကဏ္ဍ အမြောက်အမြား ထိခိုက်ခံရပြီးဖြစ်လျှင် ဘုရားအိမ်တော်၏ အလုပ်က ဆိုးရွားစွာ အဖျက်အမှောင့်လုပ်ခြင်းခံရကာ နှောင့်ယှက်ခံရပြီးသည်အထိပင် ဖြစ်လျှင် ဘုရားသခင်သည် သင်၏ အသက်စာစောင်ရှိ သင်၏ အဆုံးသတ်ကို မည်သို့ ချိန်ဆသင့်သနည်း။ သင့်ကို မည်သို့ သတ်မှတ်သင့်သနည်း။ တရားမျှတစွာ ပြောရလျှင် သင် အပြစ်ဒဏ်ခံထိုက်ခြင်းပင် ဖြစ်သည်။ ဤအရာကို သင်၏ ပြစ်ဒဏ်နှင့် ထိုက်တန်ခြင်းဟု ခေါ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ဘုရားသခင်ရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားတာကို သည်းမခံဘူးဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့တာဝန်မှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ မပါဝင်ခဲ့ဘူး၊ ကျွန်မနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ခဲ့တယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ ဒါတွေက ဘုရားသခင်ရဲ့ ရှုတ်ချခြင်းကို ခံရတဲ့အရာတွေပဲ။ တာဝန်စယူကတည်းက ကျွန်မက သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ကျေနပ်စေချင်တယ်လို့ ပါးစပ်က အမြဲပြောခဲ့တယ်၊ ဒါပေမဲ့ အဖြစ်မှန်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မရဲ့ရည်ရွယ်ချက်တွေက တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့၊ ဒါမှမဟုတ် ဘုရားသခင်ကို ကျေနပ်စေဖို့မဟုတ်ဘဲ ကိုယ့်ရဲ့ရာထူးဂုဏ်ဒြပ်ကိုပဲ စီမံခန့်ခွဲဖို့ ဆိုတာကို တွေ့လိုက်ရတယ်။ ကျွန်မက တခြားသူတွေရဲ့ အထင်ကြီးမှုကို အမြဲရှာဖွေခဲ့ပြီး တစ်ယောက်ယောက်က ကျွန်မရဲ့ရာထူးဂုဏ်ဒြပ်ကို ခြိမ်းခြောက်လာတာနဲ့ သူတို့ရဲ့အပြစ်တွေကို ရှာဖွေပြီး အားနည်းချက်တွေ အမိဖမ်းဖို့ အခွင့်အရေးတွေရှာတယ်၊ ပြီးတော့ အဲဒါတွေကို ပုံကြီးချဲ့ပြီး သူတို့ကို တိုက်ခိုက်ဖယ်ကြဉ်ဖို့ အသုံးချခဲ့တယ်။ အသင်းတော်အလုပ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းအစကောင်းပြီး တကယ့်အလုပ်ကို လုပ်နိုင်တဲ့လူတွေ ပိုလိုအပ်နေတာပါ၊ ဒါပေမဲ့ ကျွန်မကတော့ တခြားသူတွေကို တိုက်ခိုက်ဖယ်ကြဉ်ခဲ့ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးခဲ့တယ်။ ဒါက နတ်ဆိုးတွေလုပ်တဲ့အလုပ်ပဲ။ ကျွန်မရဲ့လုပ်ရပ်တွေရဲ့ သဘောသဘာဝကို သဘောပေါက်သွားတဲ့အခါ ဒူးထောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးက ကိုယ်တော့်နှုတ်ကပတ်တော်တွေ အများကြီးရဲ့ ထောက်ပံ့မှုကို ခံစားခဲ့ရပေမဲ့ ကိုယ်တော့်နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့မလုပ်ဆောင်ခဲ့ပါဘူး။ အဲဒီအစား သမီးရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို အားကိုးပြီး ကိုယ်တော့်ကို ဆန့်ကျင်ခဲ့ပါတယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရာထူးဂုဏ်ဒြပ်ကို လိုက်စားရင်း မကောင်းမှုတွေ အများကြီးလုပ်ခဲ့မိပါတယ်၊ ဒါပေမဲ့ သမီး နောင်တရပြီး အသစ် ပြန်စချင်ပါတယ်” လို့ပေါ့။
ပြီးတော့ ကျွန်မ ဆက်ပြီး ဆင်ခြင်သုံးသပ်မိတယ်၊ “ဘာလို့ ငါက မလုပ်ချင်တဲ့အချိန်မှာတောင် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရာထူးဂုဏ်ဒြပ်ကို အမြဲလိုက်စားနေရတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်တော့ ကျွန်မစိတ်နှလုံးထဲမှာ လင်းထိန်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မက ထျန်ယွီနဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ခဲ့တာ၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ မကောင်းတဲ့လုပ်ရပ်တွေဟာ စာတန်ရဲ့ အထင်အမြင်မှားစေမှုနဲ့ ဖောက်ပြန်ပျက်စီးစေမှုရဲ့ ရလဒ်တွေပဲဆိုတာကို နားလည်သွားခဲ့တယ်။ စာတန်က လူတွေကို “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ ပြီးတော့ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” ဆိုတဲ့ အတွေးအခေါ်တွေကို လူတွေထဲ သွတ်သွင်းတယ်။ ဒါတွေနဲ့ တခြား ဒီလို အတွေးအခေါ်တွေက ကျွန်မရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီး ကျွန်မကို ချည်နှောင်ပြီး ထိန်းချုပ်ထားခဲ့တယ်။ ကလေးဘဝကတည်းက ဘယ်နေရာကိုပဲရောက်ရောက် အထင်ကြီးခံရတာ၊ ချီးမွမ်းခံရတာကို အမြဲကြိုက်ခဲ့တယ်၊ အသင်းတော်က ကျွန်မတာဝန်တွေမှာလည်း အတူတူပဲ။ ဘာတာဝန်ပဲလုပ်လုပ် အမြဲတမ်း ထင်ပေါ်ကျော်ကြားချင်တယ်၊ လူတွေရဲ့ အထင်ကြီးမှုနဲ့ ထောက်ခံမှုကို ရနိုင်သရွေ့ ဘယ်လိုအခက်အခဲမျိုးကိုမဆို ခါးစည်းခံဖို့ လိုလားခဲ့တယ်။ ထျန်ယွီက အလုပ်လုပ်နိုင်စွမ်း၊ အစွမ်းအစနဲ့ တခြားကဏ္ဍတွေမှာ ကျွန်မထက်သာတာကို တွေ့လိုက်ရတော့ ကျွန်မ ထင်ပေါ်ကျော်ကြားလို့မရအောင် တားဆီးထားတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အရိပ်အောက်မှာ ရပ်နေရသလိုမျိုး ခံစားခဲ့ရတယ်။ စိတ်ထဲမှာ မွန်းကျပ်ပြီး ဖိနှိပ်ခံရတယ်လို့ ခံစားခဲ့ရတယ်၊ ပြီးတော့ ကျွန်မရဲ့စိတ်နှလုံးထဲမှာ ထျန်ယွီအပေါ် မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်လာတယ်၊ သူ့တာဝန်မှာ ချွတ်ချော်ပြီး အရှက်ကွဲတာ၊ ဒါမှမဟုတ် ဖြုတ်ချခံရတာမျိုးတွေတောင် ဖြစ်စေချင်ခဲ့တယ်။ အလုပ်ပမာဏက ကျွန်မတစ်ယောက်တည်း ကိုင်တွယ်နိုင်တာထက် ပိုများတယ်ဆိုတာရယ်၊ ထျန်ယွီက အလုပ်လုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပြီး ကျွန်မတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်တာက အသင်းတော်အလုပ်အတွက် အကျိုးရှိတယ်ဆိုတာရယ်ကို ကျွန်မ ကောင်းကောင်းသိတယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့အကျိုးစီးပွားအတွက် သူ့အလုပ်ကို မထောက်ခံခဲ့ရုံတင်မကဘဲ သူ့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ခဲ့တယ်။ ဒါက ထျန်ယွီကို နာကျင်စေခဲ့ရုံသာမက အသင်းတော်အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တယ်။ ကျွန်မ တကယ်ကို လူ့သဘာဝ ကင်းမဲ့နေခဲ့တာပါ။ ကျွန်မ သဘောပေါက်သွားတယ်၊ စာတန်က လူတွေကို သွတ်သွင်းဖို့ သုံးတဲ့ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” နဲ့ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” ဆိုတာလို အတွေးအခေါ်တွေအပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းက ကျွန်မကို မာနထောင်လွှားပြီး ဆင်ခြင်တုံတရားကင်းမဲ့စေခဲ့တယ်၊ ကျွန်မရဲ့ စိတ်သဘောထားကလည်း ပိုပိုပြီး မလိုမုန်းထားတတ်လာတယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒါက ကျွန်မကို စိတ်ထား ပိုသေးသိမ်စေခဲ့ပြီး လူ့သဘာဝကို ဆုံးရှုံးစေခဲ့တယ်။ တကယ်တော့ ထျန်ယွီကို ကျွန်မ နာကျင်စေခဲ့တာကို တွေ့တဲ့အခါ ကျွန်မစိတ်ထဲမှာ စွပ်စွဲခံရသလို ခံစားခဲ့ရတယ်၊ ဒါပေမဲ့ ထျန်ယွီ ထင်ပေါ်ကျော်ကြားပြီး အာရုံစိုက်ခံရတာကို တွေ့လိုက်ရတိုင်း သူ့ကို မနာလိုမဖြစ်ဘဲ မနေနိုင်ခဲ့ဘူး။ ဒီအခြေအနေကနေ ဖယ်ရှားချင်ခဲ့ပေမဲ့ လုံးဝမဖယ်ရှားနိုင်ခဲ့ဘူး။ ဘုရားသခင်ပြောခဲ့သလိုပဲ။ “လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။” ဘုရားသခင်ရဲ့ ဒီစကားတွေကို ဖတ်လိုက်ရတဲ့အခါ မျက်ရည်တွေကို လုံးဝ မထိန်းနိုင်ခဲ့ဘူး။ ဘုရားသခင်ရဲ့ စကားတွေက ကျွန်မရဲ့ နှလုံးသားကို တိုက်ရိုက်ပြောနေသလိုပဲ၊ ကျွန်မနဲ့ အရမ်းကို သက်ဆိုင်တယ်လို့ ခံစားခဲ့ရတယ်။ ဒီအချိန်မှာ ထျန်ယွီနဲ့ ကျွန်မ ပူးပေါင်းဆောင်ရွက်ခဲ့တာ သုံးနှစ်နီးပါးရှိပြီ၊ ခေါင်းဆောင်ကလည်း ကျွန်မရဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်တဲ့ပြဿနာနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် မိတ်သဟာယပြုခဲ့တယ်၊ ကျွန်မကို ဖော်ထုတ်ပြီးတောင် ပြုပြင်ခဲ့တယ်၊ အဲဒီအချိန်မှာ ကျွန်မ ဒါကို သိမြင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်မုန်းခဲ့တယ်၊ ဒါပေမဲ့ တူညီတဲ့အခြေအနေမျိုးနဲ့ ထပ်ကြုံရတဲ့အခါ အကျင့်ဟောင်းတွေထဲကိုပဲ ပြန်ရောက်သွားခဲ့တယ်။ ကျွန်မက ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရာထူးဂုဏ်ဒြပ်ကို ဆက်ပြီးလိုက်စားခဲ့လို့၊ နောက်ကွယ်မှာတောင် အသင်းတော်အလုပ်ကို ကဖျက်ယဖျက်လုပ်ပြီး နှောင့်ယှက်ခဲ့လို့ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းက ကျွန်မအပေါ် သက်ရောက်ခဲ့တယ်။ ကျွန်မ နေမကောင်းဖြစ်ခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှု မရှိခဲ့သေးဘူး။ နောက်ဆုံးမှာ အဖြုတ်ချခံလိုက်ရမှပဲ ကျွန်မ ကြောက်လာခဲ့တယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရာထူးဂုဏ်ဒြပ်ကို ကျွန်မ လိုက်စားခဲ့တာက တကယ်ကို ထိန်းချုပ်လို့မရတဲ့ အခြေအနေကို ရောက်သွားခဲ့ပြီဆိုတာကို တွေ့လိုက်ရတယ်။ ဘုရားသခင်က လူတွေကို ဘာကြောင့် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရာထူးဂုဏ်ဒြပ်ကို မလိုက်စားစေချင်တာလဲဆိုတာကို ကျွန်မ နောက်ဆုံးတော့ နားလည်သွားပြီ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းသာမရှိရင် ကျွန်မက ပိုပြီး နက်သည်ထက်နက်အောင် နစ်မြုပ်သွားခဲ့မှာပဲ။
ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ သမ္မာတရားကို ရှာဖွေပြီး ဒီစာတန်ဆန်တဲ့ စိတ်သဘောထားရဲ့ ချည်နှောင်မှုတွေကနေ လွတ်မြောက်ချင်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်တော့ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လက်လွှတ်ခြင်းက မလွယ်ပေ၊ လူတို့သည် သမ္မာတရားကို လိုက်စားခြင်းအားဖြင့်သာ ယင်းကို စွမ်းဆောင်ရရှိနိုင်သည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိရှိလာနိုင်သည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်း၏ အနှစ်မဲ့မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လူတို့သည် မိမိကိုယ်ကို အမှန်တကယ် သိရှိလာသည့်အခါတွင်သာ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို စွန့်ပစ်နိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် မလွယ်ပေ။ သင့်အနေဖြင့် သမ္မာတရားကို မပိုင်ဆိုင်ကြောင်း၊ သင့်ထံတွင် ချို့တဲ့မှုများစွာရှိကြောင်း၊ ဖောက်ပြန်ပျက်စီးမှု အလွန်များစွာ ထုတ်ဖော်နေကြောင်း ဝန်ခံပြီးဖြစ်သော်လည်း သမ္မာတရား လိုက်စားခြင်းတွင် အားထုတ်ခြင်း မရှိသကဲ့သို့ သင်က မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြောင်း လူတို့အား မှားယွင်းစွာ ယုံကြည်စေလျက် သင့်ကိုယ်သင် ဟန်ဆောင်ကာ သူတော်ကောင်း အယောင်ဆောင်ခြင်း ပြုလျှင် ဤအရာက သင့်ကို အန္တရာယ် ရှိစေလိမ့်မည်ဖြစ်ပြီး အဟန့်အတားတစ်ခုကိုကြုံကာ ပြိုလဲမည့်အချိန်တစ်ချိန် အနှေးနှင့်အမြန်ဆိုသလို ရောက်လာလိမ့်မည်။ သင့်တွင် သမ္မာတရား မရှိသည်ကို သင် ဝန်ခံရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ရင်ဆိုင်ရလောက်အောင် သတ္တိရှိရမည်။ သင့်တွင် အားနည်းချက်များ ရှိသည်၊ ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြပြီး ချို့တဲ့မှုမျိုးစုံကို သင်ပိုင်ဆိုင်သည်။ ဤသည်မှာ ပုံမှန်ဖြစ်၏။ အကြောင်းမှာ သင်သည် သာမန်လူတစ်ဦးဖြစ်သောကြောင့်၊ သင်သည် မဟာလူသား သို့မဟုတ် အရာခပ်သိမ်းတတ်စွမ်းသောသူ မဟုတ်သောကြောင့်ဖြစ်ပြီး ယင်းကို သင် အသိအမှတ်ပြုရမည်။ အခြားလူတို့က သင့်ကို အထင်အမြင်သေးသည့်အခါ သို့မဟုတ် သရော်သည့်အခါ ၎င်းတို့ ပြောသည့်အရာက မဖွယ်မရာဖြစ်သောကြောင့် ရွံမုန်းမှုဖြင့် ချက်ချင်း မတုံ့ပြန်နှင့်၊ သို့မဟုတ် သင့်ကိုယ်သင် တတ်စွမ်းနိုင်ပြီး ပြီးပြည့်စုံသည်ဟု ယုံကြည်သောကြောင့် အတိုက်အခံ မလုပ်နှင့်။ ထိုသို့သော စကားများအပေါ် သင်၏ သဘောထား ဤသို့မဖြစ်သင့်ပေ။ သင်၏ သဘောထားက မည်သည့်အရာ ဖြစ်သင့်သနည်း။ သင်က ‘ငါသည် ကိုယ့်အပြစ်နှင့်ကိုယ် ရှိသည်၊ ငါနှင့်ပတ်သက်သည့် အရာရာတိုင်းသည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကာ ငါသည် သာမန်လူတစ်ဦး သက်သက် ဖြစ်သည်။ ငါ့အပေါ် သူတို့၏ အထင်အမြင်သေးခြင်းနှင့် သရော်ခြင်းတို့ ရှိစေကာမူ ထိုအရာတွင် သမ္မာတရားတစ်ခုတလေ ရှိပါသလော။ ၎င်းတို့ ပြောသည့်အရာ၏ တစ်စိတ်တစ်ပိုင်းက မှန်ကန်လျှင် ထိုအရာကို ဘုရားသခင်ထံမှ ငါ ခံယူရမည်’ဟု သင့်ကိုယ်သင် ပြောသင့်သည်။ သင်သည် ဤသဘောထားရှိလျှင် ယင်းမှာ သင်သည် အဆင့်အတန်းကိုလည်းကောင်း၊ ဂုဏ်သတင်းကိုလည်းကောင်း၊ သင်နှင့်ပတ်သက်၍ အခြားသူများ ပြောသည့်အရာကိုလည်းကောင်း မှန်ကန်စွာ ကိုင်တွယ်နိုင်စွမ်း ရှိသည့် သက်သေဖြစ်သည်။...အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် အစဉ်သဖြင့် ပြင်းပြသောအတွေးနှင့် ဆန္ဒတို့ သင်၌ ရှိသောအခါ မဖြေရှင်းဘဲထားလျှင် ဤအခြေအနေမျိုးသည် မည်သည့်ကောင်းကျိုးမပြုသော အကျိုးဆက်များအား ဖြစ်ပေါ်စေသည်ကို သင်သဘောပေါက်ရမည်။ ထို့ကြောင့် အချိန်ဖြုန်းမနေဘဲ သမ္မာတရားကို ရှာဖွေလော့။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် သင်၏ဆန္ဒ ဖွံ့ဖြိုးစအခြေအနေ၌ ရှိစဉ်တွင် ယင်းကိုချိုးနှိမ်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သောအခါ အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် သင်၏ ဆန္ဒနှင့် ရည်မှန်းချက်သည် မှေးမှိန်လာလိမ့်မည်။ ပြီးလျှင် အသင်းတော်အလုပ်ကို သင် နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရပြီး လက်ခံလိမ့်မည်။ ဤသို့ဆိုလျှင် ငါသည် အဘယ်အရာကို အလေးပေးပြောရန် ကြိုးစားနေခြင်းဖြစ်သနည်း။ ဤအရာဖြစ်သည်။ သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များသည် ကြီးထွားရင့်သန်လာကာ အကောင်အထည်ပေါ်လာပြီး ကြီးမားသော ဘေးဒုက္ခမဖြစ်စေမီတွင် ထိုအရာများကို ရှင်းပစ်ရမည်။ ကနဦးအဆင့်၌ ရှိနေဆဲတွင် ယင်းတို့ကို သင်မကိုင်တွယ်လျှင် သင်သည် ကြီးမားသော အခွင့်အလမ်းနှင့် လွဲချော်လိမ့်မည်။ ထိုအရာများကြောင့် ကြီးမားသော ဘေးဒုက္ခဖြစ်သွားသည်နှင့် ယင်းတို့ကို ဖြေရှင်းရန် အလွန်နောက်ကျသွားလိမ့်မည်။ သင်သည် ဇာတိပကတိကို ပုန်ကန်ရန် စိတ်ပိုင်းဖြတ်ချက်ပင် မရှိလျှင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ ခြေချရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားရာတွင် အနှောင့်အယှက်နှင့် ကျရှုံးမှုများကို ကြုံရသော်လည်း အသိစိတ်ဝင်မလာလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေရှိသည်။ သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့နှင့် ပတ်သက်၍ ကျရှုံးမှုနှင့် အနှောင့်အယှက်တစ်ခု၊ နှစ်ခုကြုံရသောအခါ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် လုံးဝ တန်ဖိုးမရှိသည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်နိုင်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို လုံးလုံးစွန့်ပစ်နိုင်ပြီး အဆင့်အတန်းကို လုံးဝ မရရှိနိုင်လျှင်ပင် သမ္မာတရားကို ဆက်လက်လိုက်စားပြီး တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဦးမည်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှဦးမည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဤသို့ဖြင့် ဘုရားသခင်အတွက် သက်သေခံချက်ပေးခြင်း၏ ရလဒ်ကို ရရှိကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်ဖြစ်လျှင်ပင် အဆုံးအထိ လိုက်လျှောက်နိုင်စွမ်းရှိဆဲဖြစ်သည်။ ၎င်းတို့အလိုရှိသမျှမှာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန်ဖြစ်သည်။ ထိုသူများကသာ သမ္မာတရားကို အမှန်တကယ် ချစ်ပြီး စိတ်ဆုံးဖြတ်ချက်ရှိသောသူများ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရာထူးဂုဏ်ဒြပ်ကို မလိုက်စားမိအောင် ရှောင်ဖို့ဆိုရင် ကိုယ့်ရဲ့အားနည်းချက်တွေနဲ့ မပြည့်စုံမှုတွေကို အရင်ဆုံး ဝန်ခံရမယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် တက်တက်ကြွကြွနဲ့ ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြသပြီး ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့တဲ့မှုတွေကို ဝန်ခံရမယ်ဆိုတာကို တွေ့လိုက်ရတယ်။ နောက်ပြီး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြန်ပေါ်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ဖို့ ဘုရားသခင်ဆီ ဆုတောင်းသင့်တယ်၊ ပြီးတော့ အဲဒါကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ အစားထိုးပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တဲ့ မကောင်းမှုတွေကို မကျူးလွန်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းသင့်တယ်။ ထျန်ယွီရဲ့ အစွမ်းအစကောင်းမှု၊ အလုပ်လုပ်နိုင်စွမ်းနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်းတွေရယ်၊ အသင်းတော်က ကျွန်မရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ထျန်ယွီကို ကျွန်မနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ပေးခဲ့တာရယ်၊ ဒီအရာတွေက အလုပ်အတွက်ရော ကျွန်မရဲ့ အသက် ဝင်ရောက်မှုအတွက်ပါ အကျိုးရှိတယ်ဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ နောက်ဆိုရင် ကျွန်မထက် အစွမ်းအစပိုကောင်းပြီး သာလွန်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ကြုံရတဲ့အခါ သူတို့ကို မှန်မှန်ကန်ကန် ဆက်ဆံရမယ်၊ ပြီးတော့ သူတို့ရဲ့ အားသာချက်တွေကို သင်ယူပြီး ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းရမယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မ သင်ခန်းစာတချို့ရသွားတာကို တွေ့တော့ ကျွန်မကို တာဝန်တစ်ခု ပေးခဲ့တယ်။ တာဝန်ထမ်းဆောင်နေတုန်းမှာ ထျန်ယွီနဲ့ ကျွန်မ ပြန်ဆုံခဲ့တယ်။ သူ့အပေါ်မှာ တော်တော်လေး အကြွေးတင်တယ်လို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် ကျွန်မက ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သူ့ဆီမှာ ကိုယ်တိုင် ဖော်ထုတ်ခဲ့တယ်။ သူကလည်း ကျွန်မတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အချိန်အတွင်းမှာ သူ ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်းကို ဖွင့်ဟခဲ့တယ်။ သူနဲ့ မိတ်သဟာယပြုလေလေ၊ စိတ်ထဲမှာ ပိုပြီး ပေါ့ပါးလွတ်လပ်သွားတယ်လို့ ခံစားရလေလေပဲ။
၂၀၂၄ ခုနှစ်၊ ဧပြီလမှာ အသင်းတော်ရဲ့ ရှင်းလင်းခြင်းအလုပ်ကို လုပ်ဆောင်ဖို့နဲ့ အစ်မ လျူရှင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မ တာဝန်ပေးခံခဲ့ရတယ်။ လျူရှင်းက အစွမ်းအစကောင်းပြီး အလုပ်လုပ်နိုင်စွမ်းလည်းရှိတယ်။ တစ်ခါမှာ ညီအစ်မနှစ်ယောက်နဲ့ ကျွန်မတို့ သွားတွေ့တော့ ရှင်းလင်းခြင်းအလုပ်အပေါ် သူတို့ရဲ့သဘောထားက နည်းနည်းပေါ့ပေါ့ဆဆနိုင်တာကို တွေ့လိုက်ရတယ်။ အဲဒီအခါ လျူရှင်းက သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်တွေကို သုံးပြီး သူတို့နဲ့ မိတ်သဟာယပြုခဲ့တယ်။ သူ မိတ်သဟာယပြုပြီးတဲ့နောက်မှာ ညီအစ်မနှစ်ယောက်လုံးက လျူရှင်းပြောတာကို တကယ်ကို သဘောတူလက်ခံခဲ့ကြတယ်၊ ခဏလောက်တော့ ကျွန်မက ကိုယ်ပဲ မရှိသလို ခံစားလိုက်ရပြီး စိတ်ထဲမှာ တွေးမိတယ်၊ “ဒီမနက်တစ်မနက်လုံး သူတို့နဲ့ မိတ်သဟာယပြုနေတာ လျူရှင်းတစ်ယောက်တည်းပဲ။ သူတို့က ငါ့ကို ဘယ်လိုထင်ကြမှာလဲ” လို့ပေါ့။ ကျွန်မ စိတ်ထဲမှာ နည်းနည်း မသက်မသာဖြစ်သွားပြီး လျူရှင်းရှိနေရင် ကျွန်မ ထင်ပေါ်နိုင်မှာမဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်တဲ့အခြေအနေထဲမှာ ထပ်ပြီး အသက်ရှင်နေပြန်ပြီဆိုတာကို သဘောပေါက်သွားတယ်၊ ဒါနဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီးကို ကိုယ်တော့်နှုတ်ကပတ်တော်တွေအပေါ် ကိုယ့်ကိုယ်ကိုယ် အခြေခံပြီး ကျင့်ကြံပြုမူဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့၊ စာတန်ဆန်တဲ့ စိတ်သဘောထားကို အားကိုးပြီး အသက်မရှင်မိအောင် ကူညီတော်မူပါ” လို့ပေါ့။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားရင်း ကျွန်မလုပ်ခဲ့တဲ့မကောင်းမှုတွေနဲ့ အဲဒါက ကျွန်မအပေါ် ဆောင်ကြဉ်းပေးခဲ့တဲ့ ဆင်းရဲဒုက္ခတွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မ တွေးလိုက်တယ်၊ “ငါ ကျရှုံးမှု လမ်းကြောင်းပေါ်မှာ ဆက်ပြီး မလျှောက်လှမ်းနိုင်တော့ဘူး။ ငါ့ရဲ့တာဝန်အပေါ် အာရုံစိုက်ပြီး အသင်းတော်ရဲ့အကျိုးစီးပွားကို ထည့်စဉ်းစားဖို့ လိုတယ်။ ဒီနေ့ ငါဒီကိုလာတာ ရှင်းလင်းခြင်းအလုပ်ကို အကောင်အထည်ဖော်ဖို့ပဲ၊ ညီအစ်မနဲ့ အပြိုင်အဆိုင်လုပ်ဖို့၊ အသာစီးရဖို့ မဟုတ်ဘူး။ ငါ့ညီအစ်မနဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်တတ်အောင် သင်ယူဖို့ လိုတယ်” လို့ပေါ့။ ဒီလိုတွေးလိုက်တော့ ကျွန်မရဲ့စိတ်နှလုံးက ငြိမ်သက်သွားတယ်။ လျူရှင်း မိတ်သဟာယပြုရာမှာ လိုအပ်နေတဲ့နေရာတွေကို ကျွန်မက ဖြည့်စွက်ပေးခဲ့တယ်၊ ပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့ သူနဲ့အတူ ပူးပေါင်းပြီး မိတ်သဟာယပြုခဲ့တယ်။ နောက်ဆုံးမှာ ညီအစ်မနှစ်ယောက်လုံးက သူတို့ရဲ့ပြဿနာတွေအပေါ် နားလည်မှုတချို့ရရှိခဲ့ပြီး ပြောင်းလဲလိုစိတ်ရှိလာကြတယ်။ ကိုယ့်ရဲ့နှလုံးသားကို တာဝန်ထဲမှာ နှစ်မြှုပ်လိုက်ရတဲ့ ချိုမြိန်မှုကိုလည်း ကျွန်မ မြည်းစမ်းခွင့်ရခဲ့တယ်။
ဒါဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှု၊ ဖော်ထုတ်မှု၊ ပြစ်တင်ဆုံးမခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းတွေကနေတစ်ဆင့် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရာထူးဂုဏ်ဒြပ်ကို လိုက်စားခြင်းက ကျွန်မအပေါ် ဆောင်ကြဉ်းပေးခဲ့တဲ့ ဆင်းရဲဒုက္ခကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး စာတန်က လူတွေကို ချည်နှောင်ဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဘယ်လိုအသုံးချတယ်ဆိုတာကို ပိုင်းခြားသိမြင်နိုင်စွမ်းတချို့ ရရှိခဲ့ပါတယ်။ အခုဆိုရင် ကျွန်မက ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရာထူးဂုဏ်ဒြပ်အပေါ်မှာ အများကြီး လျစ်လျူရှုနိုင်သွားပြီး၊ ပြီးတော့ ကိုယ့်ရဲ့တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းတာက အရေးအကြီးဆုံးပဲလို့ ခံစားရတယ်။ ကျွန်မရဲ့ နှလုံးသားထဲကနေ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
၂၀၁၉ ခုနှစ်မှာ ဖေဖော်ဝါရီလမှာ၊ ကျွန်မဟာ တကယ်အလုပ်လုပ်ရမယ့်အစား ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခဲ့လို့ ခေါင်းဆောင်မှုတာဝန်ကနေ...
လင်ရှင်းဟာ လူသူကင်းမဲ့တဲ့လမ်းတစ်လျှောက်မှာ သူ့စက်ဘီးကို စီးလာခဲ့ပါတယ်။ ဆောင်းရာသီရဲ့ အအေးဆုံးအချိန်မှာပေါ့။ အေးစက်နေတဲ့လေက သူ့ကို...
ရှရှင်း စပိန်နိုင်ငံ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ၊ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရပြီး အသင်းတော်ရဲ့ ဗီဒီယိုနဲ့ဆက်နွှယ်တဲ့ အလုပ်ကို...
လူရှင်း၊ တရုတ်ပြည်ကျွန်မရဲ့ အိမ်နီးချင်း ရှောင်ယွဲ့နဲ့ ကျွန်မက လုပ်ဖော်ကိုင်ဖက်တွေဖြစ်သလို သူငယ်ချင်းကောင်းတွေလည်း ဖြစ်ကြတယ်။ ၂၀၁၃...