နောက်ကွယ်၌ရှိသော တာဝန်တစ်ခုရှိ ကျွန်မ၏ စိတ်အခြေအနေ

21.07.2022

ဝူယမ် တရုတ်နိုင်ငံ

၂၀၂၁ခုနှစ်၊ ဇွန်လကုန်ခါနီးမှာ ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို အရူးအမူးလိုက်ဖမ်းနေတာကြောင့် ကျွန်မရဲ့ ဧည့်ခံတဲ့အိမ်က စောင့်ကြည့်ခံရတယ်။ ကျွန်မချက်ချင်း ပြောင်းသွားလိုက်တယ်။ ဒါပေမဲ့ ရဲတွေကလည်း ကျွန်မကို စောင့်ကြည့်နေဖို့ ဖြစ်နိုင်ခြေတော်တော်များတယ်။ အဲဒါနဲ့ အလုပ်လုပ်ဖို့ အိမ်မှာ ပုံးနေရတာပေါ့။ အဲဒီအချိန်တုန်းက ကျွန်မက အုပ်စုတချို့ရဲ့ ရေလောင်းတဲ့အလုပ်ကို တာဝန်ယူရတယ်။ ကျွန်မ အလုပ်ပမာဏက တိုးလာပြီး တချို့ကိစ္စတွေက စာတွေရေးရုံနဲ့ မပြီးဘူး။ မျက်နှာချင်းဆိုင် စကားပြောရတာလောက် မထိရောက်ဘူး။ အဲဒါနဲ့ အလုပ်လိုအပ်ချက်တွေနဲ့ အညီ ခေါင်းဆောင်က အစ်မဝမ်ကို ကျွန်မရဲ့ တွဲဖက်အဖြစ် ခန့်ထားလိုက်တယ်။

သူက အစတုန်းကတော့ ညီအစ်ကိုမောင်နှမတွေကို ကောင်းကောင်းမသိဘူး။ အဲဒါနဲ့ အစည်းအဝေးတိုင်း မစခင်မှာ သူ့ကို ပိုပြီးထိရောက်မှုရှိအောင် ကူညီဖို့အတွက် ကိုင်တွယ်ဖို့လိုတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သူနဲ့တွေ့ပြီး စကားပြောတယ်။ နောက်တော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အစ်မလီက သူ့တာဝန်မှာ အမြဲတမ်းပေါ့ဆတာကို ကျွန်မ တွေ့ရတယ်။ သူက သုံးလေးကြိမ်လောက် မိတ်သဟာယပြုပြီးတဲ့နောက်မှာ မပြောင်းလဲသေးဘဲ ကျွန်မတို့အလုပ်က နှောင့်နှေးနေတယ်။ စည်းမျဉ်းတွေကို အခြေခံကြည့်ရင် သူ့ကို ချက်ချင်း ထုတ်ပစ်ဖို့လိုတယ်။ အဲဒါနဲ့ ကျွန်မက အစ်မဝမ်စစ်ကြည့်ဖို့အတွက် အခြေအနေကို ရှင်းပြတဲ့ စာရွက်စာတမ်းတစ်ခုနဲ့ လူတွေကို ထုတ်တဲ့ စည်းမျဉ်းတွေကို အတူစုလိုက်ပြီး အစ်မလီကို ဘာကြောင့်ထုတ်ဖို့လိုသလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မအမြင်ကို သူနဲ့ မျှဝေလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သင်ယူတဲ့နေရာမှာ အစ်မလီအတွက် အကျိုးရှိအောင် အစ်မလီနဲ့ မိတ်သဟာယပြုတဲ့နေရာမှာ တကယ်ကို နှံ့နှံ့စပ်စပ်ဖြစ်နိုင်အောင်ပေါ့။ နောက်တစ်နေ့မှာ အစ်မဝမ်က သူ့ကိုထုတ်ဖို့ ထွက်သွားတယ်။ အဲဒီနေ့ နောက်ပိုင်းမှာ သူ အိမ်ပြန်လာတော့ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကျွန်မကို ပြောပြတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ပိုင်းခြားသိမြင်အောင်၊ ပြဿနာကို ကိုင်တွယ်နိုင်အောင် ကူညီပေးခဲ့တာကို သူပြောတဲ့ တစ်လျှောက်လုံးမှာ တစ်ကြိမ်မှ မပြောဘူး။ ကျွန်မ နည်းနည်း စိတ်ပျက်သွားတယ်။ ကျွန်မက နောက်ကွယ်မှာ ဘာလုပ်နေတယ်ဆိုတာကို ဘယ်သူမှ မသိလိုက်ဘူးလို့ ခံစားမိတယ်။ အစ်မဝမ်က အစ်မလီရဲ့ အခြေအနေကို ချက်ချင်း သဘောပေါက်သွားတယ်၊ သူက ကျွန်မထက်ပိုပြီး ပိုင်းခြားသိမြင်မှုရှိတယ်လို့ သူတို့က ထင်မှာလားလို့ ကျွန်မ တွေးမိတယ်။ ဘယ်သူမှမသိတာတွေကို ကျွန်မ ဘယ်လောက်ထိလုပ်ခဲ့ပြီး အဲဒါကြောင့် အစ်မဝမ်က အမြင်ကောင်းသွားတာကို တွေးမိတော့ ကျွန်မအတွက် စိတ်တိုချင်စရာမျိုးဖြစ်မိတယ်။

သုံးလေးရက်ကြာပြီးတော့ အစ်မဝမ်နဲ့ အလုပ်ဆွေးနွေးနေတုန်းမှာ အုပ်စုတစ်ခုက အခြေအနေ ပိုပိုဆိုးလာနေတာကို တွေ့ရတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို ကျွန်မ မမြင်နိုင်ဘူး။ အုပ်စုခေါင်းဆောင်မှာ ပြဿနာတစ်ခုရှိနိုင်တယ်လို့ သူက ကျွန်မကို ပြောပြတယ်။ အဲဒါကို ထည့်စဉ်းစားပြီး အုပ်စုခေါင်းဆောင်ရဲ့ အကြမ်းဖျဉ်းအပြုအမူကို စဉ်းစားကြည့်တော့ သူက သူ့ရဲ့ ဂုဏ်အဆင့်အတန်းကိုပဲ ကာကွယ်ပြီး သူဂုဏ်ရှိမယ့်တာဝန်တွေပဲလုပ်တယ်၊ ဒါပေမဲ့ ဘယ်တော့မှ လက်တွေ့အလုပ်ကိုမလုပ်ဘူး၊ ဒါကြောင့် ကိစ္စတွေက နှောင့်နှေးနေတယ်ဆိုတာကို တွေ့လိုက်ရတယ်။ စည်းမျဉ်းတွေကို အခြေခံကြည့်ရင် သူ့ကို ထုတ်ဖို့လိုတယ်။ ဒီပြဿနာကို ကျွန်မကိုယ်တိုင်ဖြေရှင်းလို့မရဘူး၊ ကျွန်မနားလည်မှုကို အစ်မဝမ်နဲ့ မျှဝေသင့်တယ်ဆိုတာကို သိလိုက်တယ်။ သူများတွေနဲ့ သူပိုပြီး မိတ်သဟာယဖွဲ့နိုင်အောင်၊ သူတို့ရိပ်စားမိဖို့ ကူညီပေးနိုင်အောင်၊ ခေါင်းဆောင်အသစ်ကို ချက်ချင်းနေရာချထားနိုင်အောင်ပေါ့။ ဒါပေမဲ့ အစ်မလီကို ထုတ်ခဲ့တဲ့အကြောင်း ပြန်စဉ်းစားကြည့်တော့ စည်းမျဉ်းတွေကိုရှာပြီး စာရွက်စာတမ်းတွေကို စုတာတွေ၊ အစ်မဝမ်နဲ့ အများကြီး မိတ်သဟာယဖွဲ့တာတွေ၊ ဒါပေမဲ့ ဘယ်သူမှတောင် မသိတာတွေကို ပြန်စဉ်းစားမိတော့ ဒီတစ်ခါမှာ ကျွန်မအတွေးတွေအားလုံးကို သူနဲ့ မျှဝေလိုက်ပြီး သူက အဲဒီအုပ်စုခေါင်းဆောင်ကို ထုတ်လိုက်ရင် အားလုံးကို သူပဲလုပ်တာလို့ သူများတွေက သေချာပေါက်ထင်မှာပဲလို့ ကျွန်မ ခံစားမိတယ်။ ကျွန်မက အဲဒီတာဝန်နေရာမှာအကြာကြီးရှိနေပြီးတဲ့နောက်မှာ ကျွန်မက မထုတ်တဲ့ မသင့်တော်တဲ့လူနှစ်ယောက်ကို သူက ဒီအလုပ်ကိုလုပ်တဲ့ အချိန်တိုအတွင်းမှာ ရိပ်စားမိတယ်လို့ သူတို့က ထင်မှာပဲ။ သူက ပိုင်းခြားသိမြင်မှုပိုကောင်းပြီး သမ္မာတရားကိုပိုနားလည်တယ်လို့ သူတို့က ထင်မှာပဲ ပေါ့။ အစ်မဝမ်ရဲ့ မိတ်သဟာယက မရှင်းလင်းအောင်၊ သူများတွေ သူ့ကို မလေးစားအောင်၊ ကျွန်မလည်း အရမ်းအမြင်မကောင်းတာမဖြစ်အောင် ကျွန်မရဲ့ တချို့အမြင်တွေကို ကိုယ့်ဘာသာပဲ သိမ်းထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်တုန်းက ကျွန်မ အပြစ်ရှိသလိုမျိုး ခံစားမိတယ်။ သူ့ရဲ့ မိတ်သဟာယက မရှင်းလင်းဘဲ အုပ်စုခေါင်းဆောင်က သူ့ရဲ့ ကိုယ်ပိုင်ပြဿနာကို နားမလည်ရင် အုပ်စုခေါင်းဆောင်က နားလည်မှုလွဲပြီး အပျက်သဘောဆောင်နိုင်တယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မှုကို ထိခိုက်ရုံမကဘဲ နောက်ပိုင်းမှာသူ့တာဝန်အပေါ်လည်း သက်ရောက်မှုရှိနိုင်တယ်။ ပြီးတော့လည်း ဒီလိုမျိုး လှည့်စားတာက ဘုရားသခင်ကို သေချာပေါက် ရွံရှာစေမှာပဲ။ ဒီလိုတွေးမိပြီး ကျွန်မနားလည်တာအားလုံးကို အစ်မဝမ်ကို မျှဝေလိုက်တယ်။ ဒါပေမဲ့ အစ်မဝမ်က ကိစ္စတွေကို ကိုင်တွယ်ဖို့ ထွက်သားတဲ့အချိန်မှာ ကျွန်မ မပျော်နေဘူး။ ဒီအလုပ်ကို ကိုင်တွယ်ဖို့ ဘာလို့ကျွန်မက သွားလို့မရတာလဲ။ အစ်မဝမ်က လူတွေကို ထုတ်တာ၊ လူတွေကို ရိပ်စားမိတာကို လူတိုင်းမြင်တယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးနောက်ကွယ်က ငါ့အားစိုက်ထုတ်မှုတွေကို ဘယ်သူမြင်လဲ ပေါ့။ ကျွန်မလုပ်နေတာအားလုံးက အစ်မဝမ်ကိုပဲ အမြင်ကောင်းအောင်လုပ်နေတာ၊ သူများတွေအမြင်မှာ အစ်မဝမ်ရဲ့ ပုံရိပ်ကို ပိုကောင်းအောင်လုပ်နေတာကို တွေးမိတော့ သိပ်ပျော်မနေခဲ့ဘူး။ ဒီလိုမကောင်းတဲ့အခြေအနေမှာ ကျွန်မကိုထားပေးလို့ ဘုရားကိုတောင် ကျွန်မ မကျေမနပ်ပြောခဲ့တယ်။ ဘာလို့ ဘုရားသခင်က ကျွန်မကို စောင့်ကြည့်ခံရဖို့ ခွင့်ပြုခဲ့တာလဲပေါ့။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ညီအစ်ကိုမောင်နှမတချို့က အလုပ်ပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ဆီကို စာရေးကြပြီးတော့ တချို့က အဲဒီပြဿနာတွေကို ကိုင်တွယ်ဖို့ အစ်မဝမ်ကို သီးသန့် တောင်းဆိုကြတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မက ပိုပြီးတော့တောင် မပျော်တော့ဘူး။ လူတိုင်းက အစ်မဝမ်ကိုပဲမြင်တယ်။ ဒါပေမဲ့ နောက်ကွယ်က ကျွန်မအလုပ်ကို မမြင်ကြဘူးလို့ ခံစားမိတယ်။ ဒီလိုဆက်ဖြစ်နေရင် ကျွန်မက အသုံးမဝင်တဲ့ တွဲဖက်ပစ္စည်းတစ်ခုပဲလို့ လူတိုင်းက ပြောမှာမဟုတ်ဘူးလား ပေါ့။ အစ်မဝမ်က အပြင်မှာ လျှောက်သွားနေရပေမဲ့ အိမ်မှာ ကျွန်မအတွက်လည်း မလွယ်ပါဘူးလို့ ခံစားမိတယ်။ ကျွန်မ အလုပ်ကြိုးစားတာအားလုံးကို ဘယ်သူမှ မမြင်နိုင်ဘူးပေါ့။ ဒါနဲ့ပတ်သက်ပြီး ကျွန်မက မပျော်ဘူး။ အခြေအနေကို ပြောင်းပစ်ဖို့ နည်းတစ်ခုကိုစဉ်းစားချင်ခဲ့တယ်။ ကျွန်မက အပြင်ထွက်ပြီး ညီအစ်ကိုမောင်နှမတွေကို ကိုယ်တိုင်မတွေ့နိုင်ပေမဲ့ အလုပ်တွေအများကြီးလုပ်နေတယ်ဆိုတာ၊ အရေးပါတဲ့နေရာမှာရှိတယ်ဆိုတာ သက်သေပြဖို့ တာဝန်တွေကို စီစဉ်ဖို့ စာတွေရေးနိုင်တယ်။ ဒါဆိုရင် တခြားလူတွေရဲ့စိတ်ထဲမှာ ကျွန်မပုံရိပ်က ခိုင်မာသွားမှာပဲပေါ့။ အဲဒီအချိန်မှာပဲ စီစဉ်ဖို့လိုအပ်တဲ့ အလှည့်ကျလုပ်ရတဲ့ အသင်းတော်ကိစ္စတချို့နဲ့ပတ်သက်ပြီး အဖွဲ့တချို့ဆီက စာတွေကိုရတယ်။ ဒါတွေကို ပြင်ဆင်ဖို့ အသေးစိတ်အချက်တွေကို ကျွန်မပြန်ရေးလိုက်ပြီး အစ်မဝမ်က ဘယ်အချိန်မှာ သွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းရေးလိုက်တယ်။ ဒါတွေအားလုံးကို စီစဉ်တာ ကျွန်မပဲဆိုတာ၊ ကျွန်မက ဆုံးဖြတ်ပေးနေတယ်ဆိုတာ လူတိုင်း သိအောင်ပေါ့။ တစ်နေ့မှာ ကျွန်မ အစ်မတစ်ယောက်ဆီကိုစာရေးပြီး သူ ဘယ်လိုအခြေအနေရှိလဲဆိုတာ မေးချင်ခဲ့တယ်။ ဒါပေမဲ့ စာကိုရေးပြီးတဲ့နောက်မှာ ဒီစာကိုရေးတာက ကျွန်မဆိုတာကို သူပါ့မလားလို့ တွေးမိတယ်။ ကျွန်မက သဲလွန်စ နည်းနည်းချန်မထားခဲ့ရင် သူ့ကိုစိုးရိမ်တာက အစ်မဝမ်ပဲလို့ ထင်ကောင်းထင်နိုင်တယ်ပေါ့။ ဒါဆိုရင် မဖြစ်ဘူး။ ကျွန်မရေးတယ်ဆိုတာကို အဲဒီအစ်မသိအောင် သေချာလုပ်မှဖြစ်မယ်ပေါ့။ ဒါပေမဲ့ ဒီလိုတဲ့တိုးပြောလိုက်ရင် အရမ်းသိသာသွားမယ်။ နောက်တော့ ကျွန်မ ရုတ်တရက် သတိရသွားတယ်။ သိပ်မကြာခင်တုန်းက အဲဒီအစ်မကို ဓမ္မသီချင်းတစ်ပုဒ်ကို အကြံပေးခဲ့ဖူးတယ်။ ဒီတော့ အဲဒီသီချင်းကို သူသင်နေသလားဆိုတာ မေးလို့ရတယ်။ ဒီလိုဆိုရင် ကျွန်မပဲဆိုတာကို သူသိနိုင်တယ်ပေါ့။ ဒီစိတ်ကူးနဲ့ ကျွန်မ စာကို အမြန်ပြီးအောင်ရေးလိုက်ပြီး ပို့လိုက်တယ်။ စာရေးတာ ကျွန်မပဲဆိုတာ အဲဒီအစ်မသိတယ်ဆိုတာကို သူ့ပြန်စာကနေ ကျွန်မ မြင်လိုက်ရပြီး တော်တော်ပျော်သွားတယ်။ နောက်ကွယ်ကနေတောင်မှ ကိုယ့်ကိုယ်ကိုယ် အမြင်ကောင်းအောင်လုပ်နိုင်သေးတယ်၊ ကျွန်မက စစ်မှန်မှုရှိပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တာကို သူများတွေမြင်အောင်လုပ်နိုင်သေးတယ်လို့ ကျွန်မ ခံစားမိခဲ့တယ်။ အဲဒါနဲ့ ဒီလိုပုံစံနဲ့ ကျွန်မက မှန်ကန်တဲ့ အခြေအနေမှာ ရှိမနေဘူးဆိုတာ လုံးဝ အမှန်တကယ် မမြင်ခဲ့ဘူး။ အစ်မတစ်ယောက်က သူကိုယ်တိုင်ရဲ့ အခြေအနေကို ကျွန်မကိုပြောပြတာက ကျွန်မအတွက် သတိပေးချက်တစ်ခုဖြစ်သွားတယ်။ သူက တော်တော်ကို စိတ်သောကရောက်နေရင်းနဲ့ ကျွန်မကိုပြောတယ်။ သူ တော်တော်ကြိုးစားပြီးလုပ်ထားတဲ့ လေ့လာဖို့ စာရွက်စာတမ်းတချို့ကို သူ့တွဲဖက်က ပို့လိုက်တယ်။ အဲဒါနဲ့ သူ့အလုပ်အတွက် သူ့တွဲဖက်က သူ့နာမည်ကို လုယူသွားတယ်လို့ သူ ခံစားမိခဲ့တယ်။ သူ့တာဝန်အပေါ် စိတ်ထက်သန်မှု လျော့သွားတယ်တဲ့။ ဒါကိုကြားရတာ ကျွန်မအတွက် တကယ့်ထိတ်လန့်စရာပဲ။ ကျွန်မလည်း အခုရက်ပိုင်းမှာ ဒီအခြေအနေမှာပဲ အသက်ရှင်နေတာမဟုတ်ဘူးလား။ ဒါကို ဖြေရှင်းဖို့ကိုလည်း သမ္မာတရားကို ကျွန်မ မရှာဖွေနေဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိအောင်လုပ်ဖို့ သတိပေးချက်တစ်ခုအဖြစ် ဘုရားသခင်က ဒီအခြေအနေကို ပြင်ဆင်ပေးနေတာ ဖြစ်နိုင်မလားပေါ့။ အဲဒါနဲ့ ကျွန်မရှိနေတဲ့ အခြေအနေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာတယ်။ ဒီအပိုဒ်ကို ကျွန်မ ဖတ်တယ်။ “အန္တိခရစ်များ ပြုမူဆောင်ရွက်သည့်အခါ၊ ၎င်းတို့က ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ဘာသာစကား၊ လုပ်ရပ်များနှင့် ၎င်းတို့ ရွေးချယ်သည့် စကားလုံးများပင် အားလုံး အလွန် ရည်ရွယ်ချက်ရှိသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ခဏတာမျှပင် မပြပေ၊ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသူများ မဟုတ်ပေ၊ သို့မဟုတ် ၎င်းတို့သွားသည့် နေရာတိုင်းတွင် အဓိပ္ပာယ်မဲ့သော အရာများကို စကားရှည်နေသည့် မသိနားမလည်သည့် မိုက်မဲသော သူများ မဟုတ်ပေ။ ယင်းမှာ ထိုသို့သော လူများ၌ မမှန်ကန်ပေ။ ၎င်းတို့၏နည်းစနစ်များ၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့် နည်းလမ်းများနှင့် ၎င်းတို့ ရွေးချယ်သည့် စကားလုံးများကို ကြည့်သည့်အခါတွင်၊ အန္တိခရစ်တို့သည် စဉ်းလဲပြီး ဆိုးယုတ်သည်ကို ငါတို့ မြင်နိုင်သည်။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းအတွက်၊ လူများကို ထိန်းချုပ်ခြင်းဖြစ်သည့် ၎င်းတို့၏ရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့ရာ၊ အန္တိခရစ်တို့သည် အခွင့်အရေးတစ်ခုမျှ တစ်ခါမျှ လက်အလွတ်မခံဘဲ၊ အခွင့်အရေးရတိုင်း မိမိတို့ကိုယ်ကိုယ် ကြွားလုံးထုတ်ကြသည်။ ထိုသို့သော လူများသည် ဤအပြုအမူများကို ငါ့ရှေ့တွင် ထုတ်ဖော်ပြလိမ့်မည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ၎င်းတို့ ထုတ်ဖော်ပြသည်ဟု သင် အဘယ်ကြောင့်ပြောသနည်း။ (၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့က မိမိတို့ကိုယ်ကိုယ် ကြားလုံးထုတ်ဖို့ ဖြစ်သည်။) အန္တိခရစ်တို့သည် မိမိတို့ကိုယ်ကိုယ် ကြွားလုံးထုတ်ခြင်းမျှသာ ဖြစ်သလော။ မိမိတို့ကိုယ်ကိုယ် ကြွားလုံးထုတ်ရခြင်း၌ ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို တောင်းဆိုနေခြင်း ဖြစ်သည်။ ၎င်းတို့ ပြောရန် ရည်ရွယ်သည့်အရာမှာ ‘ကျွန်ုပ် မည်သူဖြစ်သည်ကို သင် မသိသလော။ ကျွန်ုပ် လုပ်ဆောင်ပြီးဖြစ်သည့် အရာများကို ကြည့်လော။ ကျွန်ုပ်သည် ဤကောင်းသည့်အရာကို လုပ်ဆောင်ခဲ့ပြီး၊ ဘုရားအိမ်တော်အဖို့ အရေးပါသည့် ဖြည့်ဆည်းမှုများ ကျွန်ုပ် ပြုခဲ့သည်။ ဤအရာကို သင် သိသည့်အတွက် သင်သည် ကျွန်ုပ်ကို ပို၍ အရေးကြီးသောအလုပ် မပေးသင့်သလော။ သင်သည် ကျွန်ုပ်ကို အထင်မကြီးသင့်သလော။ သင်သည် သင်လုပ်သမျှအရာအတွက် ကျွန်ုပ်ကို မမှီခိုသင့်သလော’ ဟူ၍ဖြစ်သည်။ ဤနေရာတွင် ၎င်းတို့၌ ရည်မှန်းချက် မရှိသလော။ အန္တိခရစ်တို့သည် မည်သူပင်ဖြစ်ပါစေ လူတိုင်းကို ထိန်းချုပ်လိုကြသည်။ ထိန်းချုပ်ခြင်းကို သရုပ်ဖော်သည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ အဘယ်နည်း။ ယင်းမှာ လူများလုပ်ဆောင်သည့် အရာကို စိုးမိုးဖို့ ကြိုးစားရင်း၊ အခြားသူများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် လူများကို ကစားခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် ညီအစ်ကိုမောင်နှမများသည် တစ်စုံတစ်ခုကို ကောင်းစွာလုပ်ဆောင်ထားခြင်းအတွက် ချီးမွမ်းသည့်အခါတွင် အန္တိခရစ်တို့က ၎င်းတို့အား လူတိုင်းက ကျေးဇူးတင်စေဖို့အလို့ငှာ၊ ယင်းကို ၎င်းတို့ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ချက်ချင်း ပြောကြသည်။ အမှန်ပင် ကျိုးကြောင်းဆီလျော်သော လူတစ်ဦးသည် ဤအရာကို လုပ်ဆောင်မည်လော။ လုံးဝ မလုပ်ဆောင်မည် မဟုတ်ပါ။ အန္တိခရစ်တို့သည် အနည်းငယ်သော ကောင်းမှုကို ပြုသည့်အခါတွင်ပင်၊ လူတိုင်းကို အသိပေးဖို့ ၎င်းတို့ကြိုးစားကြသည်၊ ဤနည်းအားဖြင့် လူတိုင်းက သူတို့အား အထင်ကြီးပြီး ချီးမွမ်းကြပေမည်။ ဤအရာက ၎င်းတို့ကို ကျေနပ်အားရစေသည့်အရာ ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏”) အန္တိခရစ်တွေက အမြဲတမ်း ကြွားဝါနေတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ရတယ်။ သူတို့ပြောသမျှ၊ လုပ်သမျှတိုင်းက သူများတွေရဲ့ လေးစားမှုကို ရဖို့ပဲ။ ဂုဏ်အဆင့်အတန်းရဖို့ တိတ်တဆိတ် ကြိုးစားမှုတစ်ခုပဲ။ ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားပြီး ကျွန်မ ဖွင့်ပြတဲ့ စိတ်သဘောထားကို ဆင်ခြင်ကြည့်တော့ ကျွန်မက အန္တိခရစ်တစ်ယောက်လိုမျိုးပဲမဟုတ်လား။ ကျွန်မအကြောင်းလုံးဝ မပြောဘဲနဲ့ အဲဒီအစ်မနှစ်ယောက်ကို အစ်မဝမ်က ထုတ်လိုက်တော့ ကျွန်မ မတရားခံရသလို ခံစားမိခဲ့တယ်။ သူတို့ကို ရိပ်စားမိတာက အဓိကအားဖြင့် ကျွန်မဖြစ်ပေမဲ့ နောက်ဆုံးမှာ အစ်မဝမ်ကပဲ နာမည်အကုန်ယူသွားသလိုမျိုး ခံစားမိခဲ့တယ်။ သူ့မျက်နှာကိုပြတာက သူပဲဖြစ်နေပြီးတော့ ကျွန်မက ဘယ်လောက်ပဲလုပ်လုပ် ဘယ်သူကမှ မမြင်ဘူးပေါ့။ ကျွန်မက ကိစ္စတွေကို ဆက်ပြီး တိတ်တဆိတ်လုပ်နေရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဒါဆိုရင် အရမ်းကို စိတ်တိုစရာပဲပေါ့။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို လေးစားပြီး သူတို့အမြင်မှာ ကျွန်မက ဂုဏ်အဆင့်အတန်းရှိဖို့အတွက် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကြွားဝါဖို့ဦးနှောက်ခြောက်ခံစဉ်းစားပြီး အရမ်းကြိုးစားတယ်။ ကျွန်မက အလုပ်ကိုစီစဉ်တဲ့စာတွေကို ရေးနေတာသက်သက်လို့ မြင်ရပေမဲ့ တကယ်တော့ ကျွန်မရှိနေတာကို မမေ့ဖို့၊ အဲဒီအစ်မဝမ်က ကျွန်မကိုယ်စားအလုပ်နည်းနည်းလုပ်နေတာပဲဖြစ်ပြီး ကျွန်မက အဓိကတာဝန်ရှိတယ်ဆိုတာ လူတိုင်းကို သတိပေးဖို့ တိတ်တဆိတ် ကြိုးစားနေတာပါ။ အစ်မတစ်ယောက်ကို သူ့အခြေအနေနဲ့ပတ်သက်ပြီး ကူညီဟန်ဆောင်ရင်းနဲ့ ကျွန်မက သူ့ကိုဂရုစိုက်သလိုမျိုး လုပ်ခဲ့တာပါ။ ကျွန်မကိုယ်တိုင်ရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေကို မြင်ခွင့်မပေးဘဲ ကျွန်မရှိနေတာကို သူ့ကိုသတိပေးပြီး သူ့လေးစားမှုကိုရဖို့ပေါ့။ ကျွန်မက ဒီလိုဉာဏ်များပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားရှိခဲ့တာပါ။ အမှန်တကယ်တော့ ဘုရားရဲ့ ဖွင့်ပြခြင်းနဲ့ လမ်းပြမှုမပါဘဲ အဲဒီအစ်မနှစ်ယောက်က သူတို့တာဝန်တွေအတွက် မသင့်တော်ဘူးဆိုတာ ကျွန်မ လုံးဝ သိမှာမဟုတ်ဘူး။ နောက်ပြီးတော့လည်း သူတို့ကို ထုတ်တဲ့အချိန်မှာ အလုပ်မှာ ထိခိုက်မှုတွေအများကြီးဖြစ်နေပြီးပြီ။ ဒါက အဲဒီအဖွဲ့ခေါင်းဆောင်အတွက် အထူးသဖြင့် မှန်တယ်။ အစ်မဝမ်က ဒါကိုပြောမပြဘဲနဲ့ ကျွန်မက ရိပ်စားမိမှာမဟုတ်ဘူး။ သူ့ကို နေရာမှာပဲ ထားထားမိမှာပဲ။ ကျွန်မက ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်မနေခဲ့ဘူး။ ပြီးတော့ ကျွန်မက အပြစ်ရှိတဲ့စိတ် မရှိရုံမကဘဲ ကြွားဝါပြီး ဂုဏ်အဆင့်အတန်းကိုရဖို့၊ ကျွန်မကို လူတိုင်းက အထင်ကြီးလေးစားအောင်လုပ်ဖို့ နာမည်ရအောင် အရှက်မရှိတောင်းဆိုနေပြီး စက်ဆုပ်ရာနည်းလမ်းတွေကို အသုံးပြုနေတာပါ။ ကျွန်မက အရမ်းကို အရှက်မရှိခဲ့တာပဲ။

နောက်တော့ ကျွန်မ ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ရှိတယ်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုသည်၊ သို့တိုင်အောင် သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်ဂုဏ်၊ ဂုဏ်သတင်းသို့မဟုတ် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး တွက်ဆလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းမှန်တယ်။ ဘုရားရဲ့ စိစစ်ခြင်းကို လက်ခံတာဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အဓိကအချက်ပဲ။ ပြီးတော့ လူတွေ ဘယ်လိုထင်လဲဆိုတာ ဂရုစိုက်နေလို့မရဘဲ ဘုရားကို ကျေနပ်စေပြီး တာဝန်ထမ်းဆောင်ဖို့ကိုပဲ ဂရုစိုက်ရမယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တာကြောင့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ကျွန်မရသွားတယ်။ ဒါကြောင့် နောက်ပိုင်း ကျွန်မရဲ့စာတွေနဲ့ သူများတွေနဲ့ မိတ်သဟာယပြုတာတွေမှာ သူများတွေရဲ့ လေးစားမှုကိုရပြီး သူတို့စိတ်နှလုံးထဲမှာ နေရာယူဖို့ စာတွေကို အသုံးပြုမယ့်အစား မှန်ကန်တဲ့ ရည်ရွယ်ချက်တွေရှိပြီး ဘုရားရဲ့ စိစစ်မှုကို လက်ခံဖို့ အမြဲတမ်း အားထုတ်တယ်။ အသင်းတော်တွေဆီကို ပေါလုရေးခဲ့တဲ့ အဲဒီစာတွေအားလုံးကို ကျွန်မ စဉ်းစားတယ်။ စာတွေထဲမှာ သူက သခင်ယေရှုကို လုံးဝ မချီးမြှောက်ဘူး။ သက်သေမခံဘူး။ သခင်ယေရှုရဲ့ စကားတွေနောက်လိုက်ဖို့ ယုံကြည်သူတွေကို မတိုက်တွန်းခဲ့ဘူး။ သူဘယ်လောက်လုပ်ခဲ့တယ်၊ ဘယ်လောက်ဒုက္ခခံတယ်ဆိုတဲ့အကြောင်းပြောပြီး သူ့ကိုယ်သူပဲ မြှင့်တင်ပြီး သက်သေခံတယ်။ သူကပြောတယ်။ “ငါသည်အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်” (ကောရိန္သု ဩဝါသစာ ဒုတိယစောင် ၁၁:၅)၊ ဘုရားကို ဆန့်ကျင်တဲ့လမ်းကြောင်းပေါ်မှာ လူတွေကို သူ့ရှေ့ကိုပဲ ခေါ်ဆောင်တယ်။ ညီအစ်ကိုမောင်နှမတွေဆီကို ကျွန်မရေးတဲ့စာတွေကလည်း ဘုရားကို ချီးမြှောက်တာ၊ သက်သေခံတာမဟုတ်ဘူး။ သွယ်ဝိုက်ပြီး ကြွားဝါနေခဲ့တာပါ။ ကျွန်မက အခြေခံအားဖြင့် ပေါလုလိုမျိုးပဲ လုပ်နေတာမဟုတ်ဘူးလား။ နောင်တမရရင် ပေါလုလိုပဲ အဆုံးမှာ စွန့်ပစ်ခံရပြီး အပြစ်ဒဏ်ပေးခံရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါကို သဘောပေါက်ရင်းနဲ့ ဘုရားကို ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီးက ဂုဏ်အဆင့်အတန်းကို အရမ်းအလေးထားနေပါတယ်။ ဒါရဲ့ ထိန်းချုပ်မှုကိုခံရပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိခိုက်ဖို့ တစ်ခုခုကို မလုပ်ချင်ပါဘူး။ သမီး ထင်ပေါ်သည်ဖြစ်စေ၊ မထင်ပေါ်သည်ဖြစ်စေ တာဝန်ကို တည်ကြည်ခိုင်မာစွာပဲ ထမ်းဆောင်ချင်ပါတယ်” ပေါ့။

နောက်သုံးလေးရက်မှာ အသင်းတော်ရဲ့ အကျိုးစီးပွားတွေက အရေးကြီးဆုံးဖြစ်တယ်၊ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ခဏခဏသတိပေးပြီး ကိုယ့်ရည်ရွယ်ချက်တွေကို သတိရှိရှိနဲ့ ပြုပြင်တယ်။ နောက်တော့ တစ်နေ့မှာ အစ်ကိုချန်းဆီကနေ နုတ်ထွက်တဲ့စာတစ်စောင်ရတယ်။ သူက သူ့တွဲဖက်နဲ့ အဆင်မပြေနေလို့ နုတ်ထွက်ချင်တယ်လို့ ပြောတယ်။ သူ့ပြဿနာကို အရင်က ကျွန်မတို့ နည်းနည်းသိထားတယ်လေ။ အဓိကကတော့ သူက အရမ်းမာနကြီးပြီး ခေါင်းမာတော့ သူများတွေနဲ့ ကောင်းကောင်းမလုပ်ဘူး။ အစ်မဝမ်က သူနဲ့ သုံးလေးခါလောက် မိတ်သဟာယပြုပြီးပြီဆိုပေမဲ့ သူက မပြောင်းလဲဘူး။ သူက ရုတ်တရက် ဒီလို နုတ်ထွက်တော့ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်မတို့အတွက် ခက်ခဲမယ့်ပုံစံရှိတယ်။ အစ်မဝမ်နဲ့ ကျွန်မက သူ့ပြဿနာကို ဆွေးနွေးတဲ့အခါမှာ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်ရှုထောင့်ကို မျှဝေပြီး သက်ဆိုင်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို တွေ့တယ်။ ဒါက သင့်လျော်တဲ့ မိတ်သဟာယပဲလို့ အစ်မဝမ်လည်း ခံစားမိတယ်။ ဒီအချိန်မှာ ကျွန်မ တွေးမိတယ်။ ကျွန်မမိတ်သဟာယက ဘယ်လောက်အသုံးဝင်ပါစေ သူ့ကို တကယ်စကားပြောမှာက အစ်မဝမ်ပဲပေါ့။ နောက်ကွယ်မှာ ကျွန်မ အားစိုက်ထုတ်တယ်၊ ကျွန်မက ဦးဆောင်နေတယ်ဆိုတာ ဘယ်သူသိမှာလဲ ပေါ့။ ဒီလိုနဲ့ ကျွန်မက အစ်မဝမ်နဲ့ မိတ်သဟာယပြုတာကို ရပ်လိုက်ချင်တယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မအတွေးတွေ၊ စိတ်ကူးတွေအားလုံးကို စိစစ်နေတယ်ဆိုတာသိပြီး နည်းနည်းဒုက္ခရောက်သလို ခံစားမိတယ်။ ဘာလို့ ကျွန်မရဲ့ ကိုယ်ပိုင်နာမည်နဲ့ အဆင့်အတန်းကို အမြဲတမ်း ကာကွယ်ချင်ရတာလဲပေါ့။ ဂုဏ်အဆင့်အတန်းနောက်လိုက်တဲ့ အကျိုးဆက်တွေကို နားလည်သွားအောင် ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအားလုံး— ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။ အဆင့်အတန်းနှင့် သိက္ခာတို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်— ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် အဟန့်အတားတို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ၊ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) နာမည်နဲ့ အဆင့်အတန်းနောက်လိုက်တာက လူတစ်ယောက်ရဲ့ အသက်ဝင်ရောက်မှုကိုပဲ သက်ရောက်မှုရှိပြီး မကောင်းမှုအကြီးကြီးတွေမကျူးလွန်သရွေ့ အသင်းတော်အလုပ်ကို အနှောင့်အယှက်မဖြစ်စေဘူးလို့ ကျွန်မ အမြဲတမ်း ထင်လေ့ရှိခဲ့တယ်။ နာမည်နဲ့ အဆင့်အတန်းနောက်လိုက်တာကို ဘုရားက ဘာလို့အရမ်း ရွံရှာမုန်းတီးသလဲဆိုတာ ကျွန်မ နားမလည်ခဲ့ဘူးလေ။ ကျွန်မတာဝန်မှာ တစ်ကိုယ်ရေ အဆင့်အတန်းနောက်လိုက်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို မကာကွယ်တာဟာ နောက်ဆုံးမှာ အသင်းတော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို သေချာပေါက်ထိခိုက်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး ကျွန်မ သိခဲ့ပါတယ်။ ဒါက အသင်းတော်အလုပ်ကို ပိတ်ဆို့ပြီး နှောင့်ယှက်လိမ့်မယ်။ ဒါကို ဘုရားက ရှုတ်ချပါတယ်။ အစ်ကိုချန်းရဲ့ ပြဿနာကို ဆွေးနွေးတဲ့အခါမှာ ကျွန်မက ထင်ပေါ်မှုမရှိတာကြောင့် မိတ်သဟာယဆက်မဖွဲ့ချင်ခဲ့ဘူး။ ကြီးကျယ်တဲ့အရာတစ်ခုလို ပုံစံမရှိပေမဲ့ တကယ်ကို လေးနက်ခဲ့ပါတယ်။ အစ်ကိုချန်းရဲ့ ပြဿနာတွေကို သူနဲ့မိတ်သဟာယဖွဲ့ဖို့ နှောင့်နှေးနေရင် သူ့အသက်ဝင်ရောက်မှုကို ထိခိုက်ရုံတင်မဟုတ်ဘဲ လူသစ်တွေကို ရေလောင်းတဲ့အလုပ်ကိုလည်း ထိခိုက်မှာပဲ။ တာဝန်ယူပြီးတော့ အသင်းတော်အလုပ်ကို လမ်းကြောင်းပေါ်တည့်ပေးဖို့အတွက် ကိုယ့်တာဝန်မှာ အခက်အခဲဖြစ်နေတဲ့သူတစ်ယောက်ကို ကျွန်မ ချက်ချင်းကူညီပေးသင့်ပါတယ်။ အထူးသဖြင့် ကွန်မြူနစ်ပါတီက ဖမ်းဆီးမှုတွေအများကြီးလုပ်နေတဲ့အချိန်မှာ အစ်မဝမ်က စုဝေးပွဲတစ်ခုအတွက် သူအပြင်ထွက်တဲ့အချိန်တိုင်းမှာ ဖမ်းခံရဖို့ အန္တရာယ်ရှိနေတာ။ သူက လုံလုံလောက်လောက် မပြင်ဆင်ထားရင် စုဝေးပွဲတွေထဲမှာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ဒါဆိုရင် သူက စွန့်စားနေရပေမဲ့ အလုပ်မှာ ထိရောက်မှုရှိမှာမဟုတ်တဲ့ သဘောပဲ။ ဒါဆိုရင် သူ့အတွက် ဆိုးမှာမဟုတ်ဘူးလား။ ကျွန်မက ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့၊ ဒါမှမဟုတ် အစ်မဝမ်ရဲ့ ဘေးကင်းရေးကို မစဉ်းစားနေဘူး။ ကျွန်မရဲ့ ထင်ပေါ်မှုကို သူခိုးယူနိုင်ခြေရှိနေတာကိုပဲ စိတ်ထဲစွဲနေတယ်။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝကင်းမဲ့ခဲ့တာပဲ။ ကျွန်မက တာဝန်ရှိပေမဲ့ လက်တွေ့အလုပ်ကို မလုပ်ခဲ့ဘူး။ ကျွန်မက ဘုရားအိမ်တော်ရဲ့အလုပ်ကို အထိခိုက်ခံပြီး ကျွန်မရဲ့ ကိုယ်ပိုင်အဆင့်အတန်းကိုတောင် ကာကွယ်နေခဲ့တာပါ။ ဒါဟာ ဘုရားကို အာခံတာပဲ။ ကျွန်မက အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် ရောက်နေခဲ့တာပါ။ ကျွန်မက အရင်က လုံးဝ တာဝန်သိတတ်ပြီး ဘယ်လောက်ခက်ခဲပါစေ၊ ပင်ပန်းပါစေ အကောင်းဆုံးလုပ်ခဲ့တယ်။ ဒါပေမဲ့ ပါတီရဲ့ ဖမ်းဆီးမှုတွေကြောင့် အပြင်မထွက်နိုင်တော့ဘူး။ နောက်ကွယ်ကနေပဲ အလုပ်လုပ်နိုင်တယ်။ ထင်ပေါ်မှုအတွက် အစ်မဝမ်နဲ့ အမြဲတမ်းယှဉ်ပြိုင်နေရင်းနဲ့ တာဝန်ထမ်းဆောင်ဖို့ တွန့်ဆုတ်နေခဲ့တယ်။ အဲဒီမှာ အရင်က ကျွန်မတာဝန်အပေါ် စိတ်ထက်သန်မှုအားလုံးက နာမည်နဲ့ အဆင့်အတန်းအတွက် သက်သက်ပဲဆိုတာ သဘောပေါက်သွားတယ်။ ဒီအခြေအနေက ကျွန်မရဲ့ လွဲမှားတဲ့ ရည်ရွယ်ချက်တွေ၊ လိုက်စားမှုတွေကို ဖွင့်ပြတယ်။ ဒါတွေအားလုံးက ကျွန်မအတွက် ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ ချစ်ခြင်းပါပဲ။

လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းနဲ့ပတ်သက်ပြီး ကျွန်မကို ပိုပြီးရှင်းလင်းသွားစေတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို နောက်ပိုင်းမှာ ကျွန်မ တွေးမိတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့)မိမိတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ မိမိတို့၏ စိတ်နှလုံး၊ အားအင်ရှိသမျှဖြင့် ထမ်းဆောင်ရမည်။ စိတ်နှလုံး၊ အားအင်ရှိသမျှကို အသုံးပြုခြင်းဆိုသည်မှာ တာဝန်ထမ်းဆောင်သည့်အပေါ်တွင် မိမိ၏ အတွေးများအားလုံးကို ထားရှိခြင်း၊ အခြားသောအရာများကို လွှမ်းမိုးခွင်မပေးခြင်း၊ ထို့နောက်တွင် မိမိတွင်ရှိသော အားအင်ကို အသုံးချခြင်း၊ မိမိ၏ အစွမ်းအလုံးစုံကို အသုံးပြုခြင်း၊ မိမိ၏ အစွမ်းအစ၊ ဆုကျေးဇူး၊ အားသာချက်များနှင့် တာဝန်ကို ခံယူရန် မိမိတို့နားလည်သည့်အရာများကို ယူဆောင်လာခြင်းအား ဆိုလိုသည်။ သင်သည် နားလည်သဘောပေါက်ကာ လက်ခံတတ်ပြီး ကောင်းသောစိတ်ကူးတစ်ခုရှိလျှင် ယင်းကို အခြားလူတို့နှင့် ဆက်သွယ်ပြောဆိုရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်သည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ပုံ၊ သင့်တာဝန်တွင် ကျေနပ်ဖွယ်စွမ်းဆောင်မှုကို ရရှိမည့်ပုံ ဖြစ်သည်။ အလုပ်အားလုံးကို အစဉ်သယ်ဆောင်ပြီး အရာရာတိုင်းကို သင့်ဘာသာ တာဝန်ယူလုပ်ဆောင်ဖို့ ဆန္ဒရှိလျှင်၊ အခြားသူများအစား သင့်ကိုယ်သင်ပြသလျှင် သင့်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သလော။ သင်လုပ်ဆောင်သည့်အရာသည် အာဏာရှင်စနစ်ဟုခေါ်သည်။ ကြွားဝါနေခြင်းဖြစ်သည်။ ယင်းသည် ဆိုးယုတ်သော အပြုအမူဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ မိမိတို့၏ အားသာချက်များ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အထူးပါရမီများက မည်သို့ဖြစ်စေ မည်သူကမျှ အလုပ်အားလုံးကို မိမိတို့ဘာသာ တာဝန်မယူနိုင်ပေ။ အသင်းတော်အလုပ်ကို ကောင်းစွာလုပ်ဖို့ဆိုလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူရမည်။ ထိုအတွက်ကြောင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတာဝန်ထမ်းဆောင်ခြင်း၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ အားအင်ရှိသမျှကို၊ သင်၏ သစ္စာစောင့်သိမှုရှိသမျှကို အသုံးချပြီး သင်လုပ်နိုင်သည့်အရာရာတိုင်းအား ပေးဆပ်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နေခြင်းဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ကျွန်မတို့တာဝန်ကို ကောင်းကောင်းလုပ်ဖို့ ဘုရားရဲ့ စိတ်နှလုံးကို ထည့်စဉ်းစားပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။ အချင်းချင်းရဲ့ အားနည်းချက်တွေကို ဖာထေးလုပ်ဆောင်ပေးဖို့အတွက် အစွမ်းကုန်လုပ်ပြီး ကျွန်မတို့ အားသာချက်တွေကို အသုံးပြုရမယ်။ ဒါက ဘုရားရဲ့ ကောင်းချီးတွေကိုရပြီး ကျွန်မတို့အလုပ်မှာ ရလဒ်ကောင်းတွေရနိုင်တဲ့ နည်းလမ်းပဲ။ ကျွန်မတို့ထဲက ဘယ်သူက ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းသလဲက အရေးမကြီးဘူးဆိုတာကိုလည်း ကျွန်မ မြင်ခဲ့တယ်။ သူများတွေရဲ့ အခြေအနေတွေ၊ အခက်အခဲတွေကို ဖြေရှင်းနိုင်သရွေ့ ကျွန်မ အားထုတ်မှုကို မမြင်ရဘဲ နောက်ကွယ်မှာရှိနေရင်တောင် တာဝန်ထမ်းဆောင်ပြီး ဘုရားကို ကျေနပ်စေတာက ကျွန်မကို စိတ်ချစေပြီး ငြိမ်းချမ်းစေမှာပဲ။ အဲဒီနောက်တော့ အစ်ကိုချန်းရဲ့ အခြေအနေအတွက် ဘယ်သမ္မာတရားတွေကို ကျွန်မ မိတ်သဟာယပြုသင့်တယ်ဆိုတာ နည်းနည်းစဉ်းစားပြီး အစ်မဝမ် စစ်ဆေးကြည့်ဖို့အတွက် သက်ဆိုင်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို တွေ့တယ်။ အစ်ကိုချန်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး တော်တော်ပြတ်သားတဲ့၊ ကျွန်မ မတွေးမိတဲ့ အပိုဒ်နည်းနည်းကိုလည်း သူတွေ့သွားတယ်။ ဒါတွေပေါင်းလိုက်ရင် ပိုပြီးတော့တောင် ပြည့်စုံသွားတယ်။ မောရှေက အရမ်းကို စကားမပြောရဲဘဲ အာရုံက အရမ်းစကားပြောကောင်းပုံကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ သူတို့က ဘုရားရဲ့ စေခိုင်းချက်ကို အတူတကွ ဆောင်ရွက်ကြပြီး ဣသရေလတွေကို အီဂျစ်ကနေ ခေါ်ထုတ်ကြတယ်။ ကျွန်မက အလုပ်လုပ်ဖို့ မထွက်နိုင်ဘူး။ ဒါပေမဲ့ ကျွန်မမြင်တဲ့၊ တွေးမိတဲ့အရာတိုင်းကို အစ်မဝမ်နဲ့ ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်တယ်။ အတူအလုပ်လုပ်ရင်းနဲ့ ပြဿနာတွေအပေါ် ပိုပြီး ပြည့်စုံတဲ့အမြင်တွေ ရှိခဲ့ကြတယ်။ ဒါကြောင့် ပိုပြီး ဖြေရှင်းနိုင်ခဲ့တာပေါ့။ ဒါက အသင်းတော်အလုပ်အတွက် ပိုအကျိုးမဖြစ်ဘူးလား။ ကျွန်မတို့ အကုန်ဆွေးနွေးပြီးတဲ့နောက်မှာ အစ်မဝမ်က အစ်ကိုချန်းဆီသွားပြီး မိတ်သဟာယဖွဲ့တယ်။ သူတို့အတွက် ကျွန်မစိတ်နှလုံးထဲမှာ ဆုတောင်းနေပြီး သူတို့ကို ဘုရားသခင်လမ်းပြဖို့ မျှော်လင့်နေမိတယ်။

နောက်တော့ တစ်နေ့မှာ ညီအစ်ကိုမောင်နှမတချို့ဆီကနေ စာတစ်စောင်ရတယ်။ စာထဲမှာ ပြောထားတာက အစ်မဝမ်ရဲ့ မိတ်သဟာယကတစ်ဆင့် တချို့အမှားတွေကို သူတို့ ပြုပြင်နိုင်ပြီး တာဝန်တွေမှာ ပိုကောင်းလာကြတယ်တဲ့။ ဒါကို ဖတ်ပြီးတော့ ကျွန်မ နည်းနည်းစိတ်ပျက်သွားတယ်။ အဲဒီအမှားတွေ၊ ပြဿနာတွေကို ကျွန်မ ရှာတွေ့ခဲ့ပေမဲ့ လူတိုင်းမြင်တာက အစ်မဝမ်လုပ်တာပဲလို့ ကျွန်မ ခံစားမိတယ်။ နောက်ကွယ်မှာ ကျွန်မဘာလုပ်နေတယ်ဆိုတာကို ဘယ်သူမှ မမြင်ဘူး။ အဲဒီမှာ ကျွန်မက နာမည်နဲ့ အကျိုးအမြတ်အတွက် ထပ်ပြီး ယှဉ်ပြိုင်နေတယ်ဆိုတာ တွေးမိလိုက်တယ်။ အဲဒါနဲ့ ကျွန်မ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်တယ်။ နောက်ပိုင်းမှာ ကျွန်မအတွက် အရမ်းကို တို့ထိစရာဖြစ်တဲ့ စာတစ်ပုဒ်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင့်တွင် အားသာချက်အနည်းငယ်သာ ရှိကောင်းရှိနိုင်သည်။ သို့သော် သင်သည် သူတစ်ပါးတို့နှင့် အလုပ်လုပ်နိုင်စွမ်းရှိလျှင်၊ သင့်တော်သော အကြံပြုချက်များကို လက်ခံနိုင်လျှင်၊ မှန်ကန်သော အရင်းခံအကြောင်းများရှိပြီး၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်နိုင်လျှင် သင်သည် မှန်ကန်သောသူဖြစ်သည်။ တစ်ခါတစ်ရံတွင် ဝါကျတစ်ကြောင်းမျှဖြင့် ပြဿနာတစ်ခုကို သင် ဖြေရှင်းနိုင်ပြီး လူတိုင်းကို အကျိုးဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရား၏ ဖော်ပြချက်တစ်ခုအပေါ် မိတ်သဟာယဖွဲ့ပြီးနောက်တွင် လူတိုင်းက လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းတစ်ခုရှိပြီး အတူတကွ သဟဇာတဖြစ်စွာ လုပ်ဆောင်နိုင်ကြသည်။ အားလုံးက ဘုံပန်းတိုင်အတွက် ကြိုးပမ်းကြပြီး တူညီသော အမြင်နှင့် ထင်မြင်ချက်များရှိကြသည်။ ထို့ကြောင့် အလုပ်သည် အထူးသဖြင့် ထိရောက်မှုရှိသည်။ သင်သည် ဤအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်ကို မည်သူကမျှ မမှတ်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ သင်က များစွာအားစိုက်ထုတ်ခဲ့သည်ဟု မခံစားရနိုင်သော်လည်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သောသူဖြစ်သည်ကို ဘုရားသခင်က မြင်လိမ့်မည်။ ဘုရားသခင်က သင်ထိုသို့လုပ်ဆောင်ခဲ့သည်ကို အမှတ်ရလိမ့်မည်။ ဤသည်မှာ သင့်တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်းဟု ခေါ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) မှန်တယ်။ နောက်ကွယ်က ကျွန်မအလုပ်ကို ဘယ်သူမှမမြင်နိုင်ပေမဲ့ ကျွန်မက ဘုရားရှေ့မှာ တာဝန်ထမ်းဆောင်နေတာပါ။ တခြားလူတွေသိမသိက အရေးမကြီးပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားကို ကျေနပ်စေခြင်းက အရေးကြီးတာပါ။ ကြီးကြပ်သူတစ်ယောက်အနေနဲ့ အမှားတွေ၊ ပြဿနာတွေကို ကျွန်မ သတိထားမိတဲ့အခါမှာ ဒါဟာ ကျွန်မတာဝန်၊ ကျွန်မလုပ်သင့်တဲ့အရာဖြစ်ပါတယ်။ ကျွန်မ နာမည်ယူသင့်တဲ့အရာတစ်ခုမဟုတ်ဘူး။ အရင်တုန်းက သူများတွေရှေ့မှာ ကျွန်မ အမြဲတမ်းကြွားဝါဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အခု နောက်ကွယ်ကနေပဲ ကျွန်မ အလုပ်လုပ်နိုင်တယ်။ ဒါက ဘုရားသခင်ရဲ့ အစီအစဉ်ဖြစ်ပြီး ကျွန်မ လိုအပ်တဲ့အရာဖြစ်ပါတယ်။ ဒါကို နာခံရမယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းအသုံးပြုရမယ်။ ကိုယ့်တာဝန်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ရမယ်။ တာဝန်ကို ကောင်းကောင်းလုပ်ဖို့ ကြိုးပမ်းရမယ်။

အဲဒီနောက်မှာတော့ အလုပ်မှာ ပြဿနာတွေကို ကျွန်မ သတိထားမိတဲ့အခါ အစ်မဝမ်ကို ကျွန်မအရင်ဆက်သွယ်တယ်။ တစ်ခါတလေမှာ ပြဿနာတွေနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေဆီ ကျွန်မ စာရေးတဲ့အခါ ရေးတာက ကျွန်မဖြစ်တယ်ဆိုတာပြဖို့အတွက် ထောက်ပြချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက တိတ်တဆိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ပြီး ကြွားဝါနေတယ်ဆိုတာ သတိထားမိပြီး ဆုတောင်းလိုက်ပြီး ကျွန်မရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို လွတ်ချလိုက်တယ်။ ကိုယ့်စိတ်ကို ထိန်းပြီး သူများတွေကို ကူညီပေးမယ့် ဘယ်အရာကို ရေးနိုင်သလဲ ကိုယ့်တာဝန်တွေကို ဘယ်လိုဖြည့်ဆည်းနိုင်သလဲဆိုတာကို စဉ်းစားတယ်။ ဒီနည်းနဲ့ လက်တွေ့လုပ်ဆောင်တာက တကယ်ကို ကျွန်မစိတ်နှလုံးကို လင်းလက်စေပြီး တော်တော်လွတ်လပ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပြုမူဆောင်ရွက်ဖို့ သိပ်ကောင်းတဲ့နည်းတစ်ခုပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အထူးသီးသန့် ဆုံးမပဲ့ပြင်ခြင်း အတွေ့အကြုံတစ်ခု

ရှောင်းဟန် တရုတ်နိုင်ငံ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အားကောင်းတဲ့ လိုအင်ဆန္ဒတစ်ခု ကျွန်မမှာ ရှိဖူးတယ်၊ မနာလိုမှုနဲ့ ညီအစ်ကို မောင်နှမတွေကို...

ကျွန်မတာဝန်မှာ အဖိုးအခ မပေးဆပ်ချင်ခဲ့တဲ့ အကြောင်းရင်း

ချန်ကျင့် ကိုးရီးယားနိုင်ငံ ကျွန်မက ဂရတ်ဖစ်ဒီဇိုင်းမှာ လုပ်နေတာပါ။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပုံအသစ်တစ်ခုဖန်တီးဖို့ တာဝန်ပေးတယ်။...

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဝိညာဉ်ကို လှုပ်နှိုးခဲ့ပြီ

နမ်နမ် အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က...

သမ္မာတရားကို လိုက်စားခြင်းက ကျွန်မကို ပြောင်းလဲစေခဲ့သည်

အိုးလင်း မြန်မာနိုင်ငံ ၂၀၁၈၊ မေလမှာ ကျွန်မ စစ်တပ်ထဲဝင်ဖို့ အိမ်ကထွက်ခဲ့တယ်။ စစ်တပ်ထဲမှာ ခေါင်းဆောင်က အမိန့်တစ်ခုထုတ်ရင် အဆင့်နိမ့်တဲ့သူတွေက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။