အထူးသီးသန့် ဆုံးမပဲ့ပြင်ခြင်း အတွေ့အကြုံတစ်ခု

21.07.2022

ရှောင်းဟန် တရုတ်နိုင်ငံ

ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အားကောင်းတဲ့ လိုအင်ဆန္ဒတစ်ခု ကျွန်မမှာ ရှိဖူးတယ်၊ မနာလိုမှုနဲ့ ညီအစ်ကို မောင်နှမတွေကို နာကျင်စေတဲ့ အရာတချို့တောင် လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျွန်မကို နောက်ဆုံး နိုးထစေပြီး ပြောင်းလဲခွင့်ပေးခဲ့တဲ့ အထူးနည်းလမ်းနဲ့ ကျွန်မ ပဲ့ပြင်ဆုံးမခံခဲ့ရတယ်။

၂၀၁၉ ခုနှစ်မှာ၊ အသင်းတော်မှာ စာနဲ့ဆက်နွှယ်တဲ့ အလုပ်ကို ကျွန်မ လုပ်ခဲ့တယ်။ တစ်နေ့၊ ကြီးကြပ်ရေးမှူးက အစ်မဝမ်ကို ကျွန်မတို့နဲ့ အတူလာလုပ်ဖို့ စီစဉ်တယ်။ ကျွန်မက ဒီအလုပ်ကို လုပ်နေခဲ့တာ ကြာပြီဖြစ်ပြီး တချို့ စည်းမျဉ်းတွေကို ကျွမ်းကျင်ခဲ့ပြီဖြစ်လို့၊ ကြီးကြပ်ရေးမှူးက အစ်မဝမ်ကို ကူညီဖို့ ကျွန်မကို ခိုင်းတယ်။ စာနဲ့ဆက်နွှယ်တဲ့ အမှုဆောင်တွေ မရှိတဲ့ အသင်းတော်တစ်ပါးရှိလို့၊ အစ်မဝမ်ကို ပျိုးထောင်ပေးနိုင်ရင်၊ သူ့တာဝန်ကို အဲဒီမှာ ထမ်းဆောင်ဖို့ သူသွားနိုင်မှာလို့လည်း ကြီးကြပ်ရေးမှူးက ပြောတယ်။ ဒါကို ကြားတော့၊ ကျွန်မ တွေးမိတယ်၊ “အဲဒါဆိုရင် အစ်မဝမ်ကို အမြန်ဆုံး လေ့ကျင့်ပေးရမယ်”ပေါ့။ ဒါကြောင့် အစ်မဝမ်ကို စိတ်ရှည်လက်ရှည် ကျွန်မ စကူညီခဲ့တယ်။ သူ့တာဝန်မှာ ဘာပြဿနာနဲ့ အခက်အခဲတွေကြုံပါစေ၊ အဲဒါတွေကို ကူဖြေရှင်းဖို့ သူနဲ့ အချိန်မီ မိတ်သဟာယပြုခဲ့ပြီး တဖြည်းဖြည်းနဲ့ အစ်မဝမ်က တိုးတက်မှုတချို့ ဖြစ်ပေါ်စေခဲ့တယ်။ ပထမတော့၊ သူ့ရဲ့ တိုးတက်မှုကို မြင်ရတာ ကျွန်မ ပျော်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သူ အရမ်းကို မြန်မြန်ဆန်ဆန် တိုးတက်နေမှန်း ကျွန်မ သိရတယ်။ တစ်ခါတစ်လေ အလုပ်မှာ အခြေခံကျတဲ့ ပြဿနာလေးတွေကိုပဲ ကျွန်မ ရှာတွေ့နိုင်ခဲ့ပေမဲ့ သူက အရေးကြီးတဲ့ ပြဿနာတွေကို ရှာတွေ့နိုင်ပြီး၊ အဖွဲ့ထဲက တခြားညီအစ်မတွေကလည်း သူ့ရဲ့ ရှုထောင့်အမြင်ကို သဘောတူကြတယ်။ ဒီအချိန်မှာ၊ ကျွန်မနည်းနည်း မသက်မသာဖြစ်မိတယ်။ ကျွန်မ တွေးမိတယ်၊ “သူ အရမ်းကို မြန်မြန် တိုးတက်နေတာပဲ။ ဒီနှုန်းနဲ့ဆို၊ သူ ငါ့ကို သေချာပေါက် ကျော်သွားမှာ။ အဲဒီနောက် ဘယ်သူက ငါ့ကို အထင်ကြီးတော့မလဲ”ပေါ့။ ကြီးကြပ်ရေးမှူးက အစ်မဝမ်အပေါ် အရေးပေးပုံကိုလည်း ကျွန်မ သတိထားမိတယ်။ အဖွဲ့ကို ကြီးကြပ်ရေးမှူးလာတိုင်းမှာ၊ အများအားဖြင့် မိတ်သဟာယအတွက် အစ်မဝမ်ကို ခိုင်းတယ်၊ ပြီးတော့ သူ့ရဲ့ အစွမ်းအစကောင်းနဲ့ မြန်ဆန်တဲ့ တိုးတက်မှုအတွက် ကျွန်မရှေ့မှာ မကြာခဏ ချီးကျူးပေမဲ့၊ သူ့အတွက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဝမ်းကိုမသာနိုင်ဘူး ဖြစ်နေတယ်။ ကျွန်မ တွေးမိတယ်၊ “ကဲ ကောင်းရော။ အခု ငါ့ရဲ့ ကြီးကြပ်ရေးမှူးနဲ့ တွဲဖက်တွေက ငါ့ကို အာရုံမစိုက်ကြဘူး၊ အရင်လို ငါ့ကို အထင်မကြီးကြတော့ဘူး။ အစ်မဝမ် ရောက်ကတည်းက ဘယ်လောက်တိုးတက်ခဲ့မှန်း သူတို့ မြင်ကြပြီးပြီ။ အချိန်အကြာပြီး ဒီအဖွဲ့မှာ ငါရှိခဲ့ပေမဲ့ တိုးတက်တာ သူ့လောက် မမြန်ဘူး။ ငါ့ရဲ့ အစွမ်းအစက အစ်မဝမ်ထက် ပိုနိမ့်ကျတယ်လို့များ သူတို့ ထင်ကြမလား”ပေါ့။ ပိုတွေးလေ၊ ပိုစိတ်ဆင်းရဲလေ ဖြစ်ခဲ့တာ၊ “အစ်မဝမ်က တကယ်ကို အရမ်းတိုးတက်သွားတယ်၊ ဒါပေမဲ့ ဒီအရာရဲ့နောက်မှာ၊ သူ့ကို ကူညီဖို့ တစ်ယောက်ယောက်က အချိန်နဲ့ အားအင်စိုက်ထုတ်ဖို့ လိုခဲ့တာပဲလေ။ အခုတော့ သူက သူ့ကိုယ်သူ နာမည်ရအောင် လုပ်နေတယ်၊ သူ့ကို ကူညီခဲ့တဲ့ ငါ့ကို တစ်ယောက်ယောက်က သတိထားမိရဲ့လား။ အစ်မဝမ်ရဲ့ နောက်ခံအနေနဲ့ပဲ ငါဘာလို့ အစေခံရမှာလဲ” လို့တောင် ဒေါသတကြီး စဉ်းစားမိတဲ့အထိပါပဲ။ အဲဒီအကြောင်းကိုတွေးလေ၊ ပိုစိတ်ပျက်မိလေပဲ။ အစ်မဝမ်ကို မြင်တောင် မမြင်ချင်ခဲ့ဘူး။ ကျွန်မအခြေအနေမှားပြီး ကျွန်မအစ်မအပေါ် မနာလိုနေမိမှန်း ကျွန်မ သိခဲ့တယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခဲ့ပေမဲ့၊ သူ့ကို မပြိုင်ဆိုင်ဘဲ မနေနိုင်ခဲ့သလို၊ သူ့ကို နောက်ထပ်ဘယ်လိုမှ စကားတောင် မပြောချင်ခဲ့ဘူး။

တစ်ခါ သတိရမိတယ်၊ အစ်မဝမ်ရဲ့အလုပ်မှာ ပြဿနာတချို့ ကျွန်မ တွေ့လို့၊ အဲဒါတွေကို ကူဖြေရှင်းပေးခဲ့တယ်။ နောက်ပိုင်းမှာ အစ်မဝမ်က အလုပ်ကောင်းကောင်းလုပ်တယ်၊ ပြီးတော့ ခုတလော တိုးတက်မှုဖြစ်စေခဲ့တယ်လို့ ကြီးကြပ်ရေးမှူးက ပြောပါလေရော။ ဒါနဲ့ပတ်သက်လို့ ကျွန်မရဲ့တွဲဖက်တွေက သူ့ကို အားကျတဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်။ ကြီးကြပ်ရေးမှူး ပြောတဲ့အရာပြီးသွားတော့၊ ကျွန်မ ဝမ်းနည်းသွားတယ်။ ကျွန်မတွေးမိတယ်၊ “သူ့အလုပ်ကောင်းသွားတာက ငါ့အကူအညီကြောင့်မဟုတ်လား။ ဒါက သိသိသာသာ ငါ့ရဲ့လုပ်ဆောင်မှုဖြစ်ပေမဲ့ အခုတော့ လူတိုင်းက သူ့ကို အထင်ကြီး၊ အားကျကြတယ်”ပေါ့။ အဲဒီအကြောင်းတွေးလေ၊ ပိုခါးခါးသီးသီး ဖြစ်လေပဲ။ အစ်မဝမ်ကို အပြစ်မတင်ဘဲ မနေနိုင်ဘူး။ ကျွန်မရဲ့ အကူအညီကြောင့် သူ အရမ်းကို တိုးတက်သွားတာ အသိသာနေတာပဲလေ။ မကောင်းတဲ့အခြေအနေမှာ သူရှိခဲ့တုန်းက၊ သူနဲ့ မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော် အပိုင်းတွေကို ကျွန်မ ရှာခဲ့တယ်။ စည်းမျဉ်းတွေနဲ့ သူ မရင်းနှီးခဲ့ချိန်မှာ သူ့ကို ကျွန်မ ရှင်းပြခဲ့တာလေ။ သူ့ကို ထောက်ကူဖို့ ကျွန်မ အရမ်း အဖိုးအခပေးခဲ့ရတာ၊ ဒီတော့ အဲဒီအကြောင်းကို ကြီးကြပ်ရေးမှူးဆီ သူ ဘယ်လိုလုပ် မပြောနိုင်ရတာလဲ။ ကျွန်မ တွေးမိတယ်၊ “ကြည့်ရတာ နင့်ကို ငါ ကူညီလို့ မဖြစ်တော့တဲ့ပုံပဲ။ မဟုတ်ရင် ငါ့ကို နင်ကျော်သွားမှာ။ အဲဒါဆို ကြီးကြပ်ရေးမှူး၊ ညီအစ်ကို မောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ငါ နေရာ နည်းနည်းလေးတောင် ရှိမှာ မဟုတ်တော့ဘူး” လို့ပေါ့။

အဲဒီနောက်မှာ၊ သူ့အလုပ်မှာ အမှားတွေ တွေ့တဲ့အခါ၊ စည်းမျဉ်းတွေနဲ့ပတ်သက်လို့ သူနဲ့ ကျွန်မ မိတ်သဟာယမဖွဲ့တော့သလို၊ သူ နားမလည်တဲ့ ကိစ္စတွေကိုလည်း သူ့ကို မပြောတော့ဘူး။ တခြားခန်းကို ဒီအတိုင်း သွားလိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်တယ်။ အစ်မဝမ်ရဲ့ တိုးတက်မှုက ကျွန်မရဲ့ အားထုတ်မှုကြောင့်ဖြစ်ပြီး၊ ကျွန်မရဲ့ အကူအညီနဲ့ မိတ်သဟာယမရှိဘဲနဲ့ ဒီနေ့ရှိတဲ့နေရာမှာ သူ ရှိမှာမဟုတ်ဘူးလို့ ကြီးကြပ်ရေးမှူးကို ပြချင်လို့ ကျွန်မ ဒါကိုလုပ်ခဲ့တာပဲ။ တစ်ခါ သတိရမိသေးတယ်၊ သူ့ကို လျစ်လျူရှုလိုက်ဖို့ တခြားအခန်းကို သွားတော့မလိုလုပ်တုန်းမှာ၊ မျက်လုံးထောင့်ကနေ သူ့ကို မြင်ရပြီး၊ သူ စိတ်ထိခိုက်သွားတာကို သူ့မျက်လုံးမှာ မြင်လို့ရတယ်။ တူတစ်ခုနဲ့ ကျွန်မနှလုံးကို ထုလိုက်သလို ခံစားရတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကျွန်မ ပြုမူနေမိမှန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကျွန်မ စွန့်လွတ်သင့်မှန်း သိခဲ့ပေမဲ့၊ နောက်တော့ ဘယ်လောက်အားထုတ်မှုနဲ့ အချိန်ကို ကျွန်မ ကုန်ခဲ့တယ်၊ နောက်ဆုံးမှာ သူက ထင်ပေါ်မှုနဲ့ ချီးကျူးမှုကို ခိုးယူသွားခဲ့ပုံနဲ့ သူ့ကို ကြီးကြပ်ရေးမှူးက မကြာခဏ ချီးကျူးခဲ့ပုံအကြောင်းကို ကျွန်မ တွေးမိတယ်။ အားလုံးက အရမ်းကို မမျှတသလို ခံစားရပြီး ခံစားခဲ့ရတဲ့ အပြစ်တင်စိတ် နည်းနည်းက ပျောက်သွားတယ်။ သိပ်မကြာခင်၊ ကျွန်မကြောင့် စိတ်ကျဉ်းကျပ်လို့ သူ ပိုပိုပြီး စိတ်မချမ်းမသာ ဖြစ်လာခဲ့တယ်၊ တိုးတက်နေတာ ရပ်သွားပြီး စပြီး ဆုယုတ်တောင် ဆုတ်ယုတ်လာခဲ့တယ်။ အဲဒီကာလအတောအတွင်းမှာ၊ အဖွဲ့ထဲက အစ်မလျူက အစ်မဝမ်နဲ့ ကောင်းကောင်း အလုပ်မလုပ်နိုင်ခဲ့သလို၊ သူ့အပေါ် မလိုမုန်းထားတာတချို့ ရှိခဲ့တယ်။ အစ်မလျူက အစ်မဝမ်ရဲ့ ထိရောက်မှု ကျဆင်းတာကို မြင်တော့၊ အစ်မဝမ်က စာနဲ့ဆက်နွှယ်တဲ့အလုပ်အတွက် မသင့်တော်ဘူးလို့ ထင်သွားတယ်။ သူက ဒါကို ကျွန်မဆီပြောတော့၊ သူ့ရဲ့ မလိုမုန်းထားမှုကို ကျွန်မ မပြင်ပေးခဲ့ရုံမက၊ တိတ်တဆိတ် ကျေနပ်ခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “အခု နောက်ဆုံးတော့ လူတိုင်းက အစ်မဝမ်ရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို တွေ့သွားပြီ။ အစောပိုင်းမှာ ငါသာ သူ့ကို မကူညီခဲ့ရင် သူ ဘယ်လိုလုပ် ချီးမွမ်းတာတွေအများကြီး ရနိုင်ခဲ့မှာလဲ”ပေါ့။ အစ်မလျူကို ကျွန်မ စောင်းပါးရိပ်ခြည် ပြောလိုက်တယ်၊ “ကျွန်မတို့ ချစ်ခင်တတ်တဲ့ နှလုံးသားတွေ ရှိဖို့လိုတယ်။ အစ်မဝမ်က ကျွန်မတို့နဲ့ အတူ အလုပ်လုပ်ဖို့ စီစဉ်ထားတာဖြစ်လို့ ကျွန်မတို့ ဘာမှလုပ်လို့မရဘူး။ နာခံကြရုံပဲ ရှိတယ်”လို့ပေါ့။ အဲဒါကို ကျွန်မပြောပြီးတော့၊ အစ်မဝမ်အပေါ် သူ့ရဲ့ မလိုမုန်းထားမှုက ကျန်နေရုံမက ပိုလို့တောင် နက်သထက်နက်လာခဲ့တယ်။ အလုပ်ကို နှောင့်နှေးစေပြီး ကျွန်တို့တာဝန်ကို ထိရောက်မှုလျော့နည်းစေတာက အစ်မဝမ်ပဲလို့ သူတွေးခဲ့တယ်။ တစ်ခါတစ်လေ၊ အစ်မဝမ်ကို သူ စကားပြောတဲ့အခါ၊ အရမ်းကို ရန်လိုပြီး အစ်မဝမ်ကို တွန်းထုတ်တယ်။ အစ်မဝမ်က ပိုပိုပြီး စိတ်ကျဉ်းကျပ်လာခဲ့သလို၊ စကားသိပ်မပြောတော့ဘူး။ ကျွန်မပြောခဲ့တဲ့အရာက ညီအစ်မနှစ်ယောက်ကြားမှာ မလိုမုန်းထားမှု ပိုဆိုးသွားစေခဲ့မှန်း ရေးတေးတေး သိလိုက်ပြီး၊ နည်းနည်း စိုးရိမ်သွားမိတယ်၊ ဒါပေမဲ့ အစ်မဝမ်က အာရုံစိုက်မှုနဲ့ သဘောကျမှုအားလုံး ရခဲ့ပုံကို တွေးမိတော့၊ ဂရုစိုက်နေတာကို ရပ်လိုက်တယ်။ ကျွန်မတို့ရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း မရှိမှုကြောင့်၊ ကျွန်မတို့တာဝန်တွေမှာ ထိရောက်မှု နည်းသထက်နည်းလာခဲ့တယ်။ ကျွန်မတို့တာဝန်အပေါ် သဘောထားတွေကို သုံးသပ်ဖို့ ကြီးကြပ်ရေးမှူးက မိတ်သဟာယပြုပြီး ကျွန်မတို့ကို ပြောခဲ့တယ်။ ဒီအခြေအနေနဲ့ ရင်ဆိုင်ရတော့၊ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ တကယ်တော့၊ ကျွန်မ လုပ်ဖို့လိုသမျှက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို နည်းနည်းလေး လက်လွှတ်လိုက်ဖို့၊ တခြားလူတွေရဲ့ နှလုံးသားထဲက ကိုယ့်အဆင့်အတန်းကို အာရုံအရမ်းစိုက်တာ ရပ်လိုက်ပြီး အလုပ်က ပုံမှန် ရှေ့ဆက်နိုင်အောင် လူတိုင်းနဲ့ ပူးပေါင်းလုပ်လိုက်ဖို့ပါပဲ။ ဒါပေမဲ့ အဖိုးအခအများကြီးပေးခဲ့ပြီး ဘယ်သူကမှ အဲဒီအကြောင်း မသိခဲ့ပုံကို တွေးမိတော့၊ အရမ်းခါးခါးသီးသီး ခံစားရပြီး၊ အစ်မဝမ်ကို လျစ်လျူရှုလိုက်ချင်နေတုန်းပဲ။

အဲဒီနောက် မကြာခင်မှာ၊ အစည်းအဝေးတစ်ခုမှာ ရဲတွေ ဖမ်းတာ ကျွန်မခံလိုက်ရတယ်။ အစမှာတော့၊ ကွန်မြူနစ်ပါတီက ဘုရားကို အာခံတဲ့ မကောင်းဆိုးဝါးဖြစ်ပြီး၊ တရုတ်ပြည်မှာ ဘုရားကို ယုံကြည်ရင် အနှေးနဲ့ အမြန် အဖမ်းခံရမှာပဲလို့ တွေးခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ ဒါပေမဲ့ ဒီအဖမ်းအဆီးက နှိပ်စက်ညှဉ်းပန်းခြင်းပဲ မဟုတ်သလို၊ ဘုရားရဲ့ အလိုတော် ပါရှိတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်မ မခါထုတ်နိုင်ခဲ့ဘူး။ ကျွန်မတွေးမိတယ်၊ “ရုတ်တရက် ဘာလို့ ငါ အဖမ်းခံလိုက်ရတာလဲ။ ဘုရားကို တစ်နည်းနည်းနဲ့ ငါ ပုန်ကန်ပြစ်မှားမိခဲ့လား”ပေါ့။ ဒါကြောင့် ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ကျွန်မ ရှာဖွေတာနဲ့အမျှ၊ ကျွန်မ ဖတ်ခဲ့ဖူးတဲ့ အတွေ့အကြုံ သက်သေခံချက်ကို သတိရမိတယ်။ စာရေးသူက အဆင့်အတန်းနောက်လိုက်ပြီး၊ အလေးစားခံချင်ခဲ့သလို၊ မမှန်တဲ့လမ်းကြောင်းကို ခေါင်းမာမာ လျှောက်ခဲ့လို့၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်တဲ့ ဆိုးယုတ်မှုကို သူ ကျူးလွန်ခဲ့တယ်။ နောက်မကြာခင်မှာ၊ သူ အဖမ်းခံရပြီး နှိပ်စက်ခံခဲ့ရတယ်။ သူအချုပ်ကျနေတဲ့အတောအတွင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး၊ ဘုရားက သူ့ကို မကောင်းမှု လုပ်ရာကနေ တားဆီးဖို့ အဆင်းနီတဲ့ နဂါးကြီးကို သုံးနေမှန်း သဘောပေါက်သွားခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းအပေါ် သူ့ရဲ့ လိုက်စားခြင်း သဘာဝ၊ အကျိုးဆက်တွေနဲ့ဆိုင်တဲ့ အသိကို ရခဲ့ပြီး၊ လိုက်စားခြင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ မမှန်တဲ့ အမြင်တွေကို ပြောင်းလဲခဲ့တယ်။ အခု ကျွန်မ အဖမ်းခံရတယ်။ မမှန်တဲ့ လမ်းကြောင်း လျှောက်မိလို့ ဘုရားရဲ့ ပဲ့ပြင်ဆုံးမမှုကို ကျွန်မ ရရှိနေခဲ့တာများ ဖြစ်နိုင်မလား။ ကျွန်မတာဝန်မှာ ဖြစ်ပျက်ခဲ့တာကို သတိမရဘဲ မနေနိုင်ခဲ့ဘူး။ ဘုရားအိမ်တော်က စာနဲ့ဆက်နွှယ်တဲ့ ပါရမီရှင် အရေးတကြီး လိုအပ်မှန်း ကျွန်မ ရှင်းရှင်း သိခဲ့ပေမဲ့၊ အစ်မဝမ် ကျွန်မကို ကျော်အောင်တားခဲ့တယ်၊ သူ မတက်မကြွ ဖြစ်လာတာနဲ့အမျှ ကျွန်မ ကြည့်ရုံကြည့်ပြီး မကူညီခဲ့ဘူး၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို လုံးဝ အလေးမထားခဲ့သလို၊ အကျိုးဆက်အနေနဲ့၊ စာနဲ့ဆက်နွှယ်တဲ့ အလုပ်က တားဆီးခံလိုက်ရတယ်။ ဒါကို တွေးမိတော့၊ နာကျင်မှုနဲ့ ဝမ်းနည်းမှုကို မခံသားဘဲ မနေနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ “အရင်က၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက် လိုက်ရင်းနဲ့ အဲဒါတွေကို ဘယ်လိုရပြီး ထိန်းသိမ်းထားရမယ်ဆိုတာ တွေးရင်းနဲ့ ငါ့နေ့ရက်တွေကို ကုန်လွန်ခဲ့တယ်။ အခု ငါ အဖမ်းခံရပြီ၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းက ငါ့ယုံကြည်ချက်ကို တိုးပွားစေနိုင်လား။ ငါ့ရဲ့ သူရဲဘောကြောင်မှုကို ဖြေရှင်းနိုင်လား။ သက်သေရပ်တည်အောင် ငါ့ကို ကူညီနိုင်လို့လား။ ကျော်ကြားမှုနဲ့ အဆင့်အတန်းက ဘာအသုံးဝင်တာလို့လဲ”ပေါ့။ ကျွန်မရဲ့ အတောမသတ်တဲ့ ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက်လိုက်တာက နောက်ဆုံးတော့ ရယ်စရာပဲ ဖြစ်သွားမှန်း ကျွန်မ ရုတ်တရက် သဘောပေါက်လိုက်တယ်။ ကျွန်မ နောင်တရလို့ မျက်လုံးမှာ မျက်ရည်တွေနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက် ကျွန်မ မလိုက်သင့်ပါဘူး။ သမ္မာတရားလိုက်စားဖို့ ကျွန်မရဲ့အခွင့်အရေးကို လွဲသွားမိတယ်။ ကျွန်မတာဝန်ကို ထပ်လုပ်ခွင့်ရမယ်ဆိုရင်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက် ကျွန်မ မလိုက်ချင်ဘူး။ ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြ၊ ဦးဆောင်ပါ”လို့ပေါ့။ ကျွန်မရဲ့ အားနည်းချက်အပေါ် ဘုရားက ကရုဏာထားခဲ့တယ်။ မကြာခင်၊ ကျွန်မမိဘတွေက ကျွန်မအဖမ်းခံရတဲ့ သတင်းကို ရသွားခဲ့ပြီး၊ ဆိုင်းငံ့ရုံးတင်စစ်ဆေးခြင်းအတွက် အာမခံ ယွမ် ၁၄၀,၀၀၀ ပေးဆောင်ပြီးနောက်မှာ ကျွန်မကို ပြန်လွှတ်ပေးခဲ့တယ်။

အိမ်ပြန်သွားပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တွေကို အကြိမ်ကြိမ်ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်တယ်။ တစ်နေ့ ကျွန်မရဲ့ ဝတ်ပြုဆုတောင်းတဲ့အတောအတွင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်မိတယ်။ “ဘုရားသခင် ကာကွယ်ပေးလိုသည့်အရာများနှင့် ပတ်သက်သောအခါတွင် သင်သည် ယင်းတို့ကို အစဉ်သဖြင့် အနှောင့်အယှက်ပေးပြီး အလျဉ်ပြတ်စေကာ ဖြိုဖျက်နေလျှင်၊ သင်သည် ယင်းတို့ကို အစဉ်သဖြင့် စက်ဆုပ်ရွံရှာပြီး သင်၌ သင်ကိုယ်တိုင်၏ အယူအဆများ၊ အတွေးများရှိလျှင် ဤသည်မှာ သင်သည် ဘုရားသခင်နှင့် အချည်းနှီး ငြင်းခုံလိုကြောင်း၊ သူနှင့် မတူသည့်ဘက်တွင် နေလိုကြောင်း ညွှန်ပြသည်။ သင်သည် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ကို ဦးစားမပေးပေ။ သင်သည် ယင်းကို လျော့ပါးစေရန် အစဉ်သဖြင့် ကြိုးစားနေသည်၊ အစဉ်သဖြင့် ဖျက်လိုဖျက်ဆီး လုပ်ဆောင်လိုသည်၊ သို့မဟုတ် အစဉ်သဖြင့် ယင်းထံမှ အမြတ်ထုတ်ဖို့၊ လိမ်ညာဖို့နှင့် အလွဲသုံးစားလုပ်ဖို့ အစဉ် မျှော်လင့်နေသည်။ ထိုသိုဖြင့် ဘုရားသခင်သည် သင့်အပေါ် အမျက်ဒေါသထွက်မည် မဟုတ်လော။ (ထွက်ပါမည်။) ဘုရားသခင်၏ အမျက်ဒေါသ၏ အကျိုးဆက်မှာ အဘယ်နည်း။ (အပြစ်ဒဏ်ပေးခြင်း။) ဖြစ်ပါသည်။ ဤသည်မှာ ဧကန်ဖြစ်သောအရာ ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ခွင့်လွှတ်မည်မဟုတ်။ ခွင့်လွှတ်ပေးမည့် အလားအလာဟူ၍ လုံးဝမရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်ခဲ့သော အရာများသည် အသင်းတော်အလုပ်ကို လျော့ပါးစေကာ ထိခိုက်စေသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ဖြင့် ဝိရောဓိဖြစ်ပြီး ကြီးမားသော မကောင်းမှုဖြစ်ကာ ဘုရားသခင်ကို ဆန့်ကျင်သည့်အပြင် ဘုရားသခင်၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သင့်အပေါ် မည်သို့အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ လူအချို့သည် ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစကြောင့် အလုပ်တစ်ခုကို မလုပ်ဆောင်နိုင်ဘဲ အနှောင့်အယှက်၊ အဖျက်အဆီးများ မတော်တဆ ဖြစ်ပွားစေလျှင် ဤအရာကို သတိမမူမိနိုင်ပေ။ သို့ရာတွင် သင်ကိုယ်တိုင်၏ အကျိုးစီးပွားအတွက် သင်သည် မနာလိုမှုနှင့် အငြင်းပွားမှုများကို လုပ်ဆောင်လျှင်၊ ဘုရားသခင်၏ အလုပ်ကို အနှောင့်အယှက်ပေး၊ အလျဉ်ပြတ်စေပြီး ဖျက်ဆီးသောအရာအချို့ကို လုပ်ဆောင်လျှင် သင်သည် တမင်တကာ အပြစ်ကျူးလွန်ပြီး ဖြစ်လိမ့်မည်။ ဤအရာက သူ၏စိတ်သဘောထားကို သင် ပုန်ကန်ပြစ်မှားလိမ့်မည်။ သူသည် သင့်အပေါ် ညှာတာမည်လော။ ဘုရားသခင်သည် သူ၏နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဆိုင်ရာ အလုပ်ထဲသို့ ဤနေရာတွင်ပင် သူ၏ သွေး၊ ချွေး၊ မျက်ရည်တို့ကို ထည့်သွင်းပြီးဖြစ်သည်။ သင်သည် သူ့ကို ဆန့်ကျင်လုပ်ဆောင်ပြီး သူ့အိမ်တော်၏ အကျိုးစီးပွားများကို တမင်တကာ ထိခိုက်စေကာ မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို ရရှိအောင် သူ့အိမ်တော်၏ အကျိုးစီးပွားများကို စတေးခံ၍ ကြိုးစားအားထုတ်လျှင်၊ တစ်ကိုယ်ရေကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းကို ရှာဖွေလျှင်၊ ဘုရားအိမ်တော်၏ အလုပ်ကို ဖျက်ဆီးမိမည်၊ သို့မဟုတ် နှောင့်နှေးစေပြီး ပျက်စီးပျက်စီးကြောင်း လုပ်မိမည်ကို ဂရုမစိုက်လျှင်၊ ထို့အပြင် ဘုရားအိမ်တော်အဖို့ ပစ္စည်းဥစ္စာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုများ ကြီးမားစွာ ဖြစ်ပေါ်စေလျှင် သင်တို့ကဲ့သို့သောသူသည် ခွင့်လွှတ်ခံရသင့်သည်ဟု ဆိုမည်လော။ (မဆိုပါ။)...သင်၏ အာရုံပျက်စေမှု၊ နှောင့်ယှက်မှုနှင့် ဖျက်ဆီးမှုတို့ကြောင့်၊ သို့မဟုတ် သင့်တာဝန်များအပေါ် သင်၏ လျစ်လျူရှုမှု၊ သို့မဟုတ် ပျက်ကွက်မှုကြောင့်၊ သို့မဟုတ် သင်၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လိုက်စားခြင်းအတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အကျိုးစီးပွားများ၊ အခြားအမျိုးမျိုးသော ကဏ္ဍများကို သင် ဆုံးရှုံးများဖြစ်စေခဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်ပေါ်သို့ ပြင်းထန်သော အနှောင့်အယှက်၊ အဖျက်အဆီးများပင် ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် သင်၏ အသက်စာအုပ်ရှိ စာမျက်နှာများတွင် ဘုရားသခင်က သင်၏ ရလဒ်ကို မည်သို့ တွက်ဆသင့်သနည်း။ သင်နှင့်ပတ်သက်ပြီး မည်သည့်ကောက်ချက်ကို သူ ချမှတ်သင့်သနည်း။ မျှတစွာပြောရလျှင် သင်သည် အပြစ်ဒဏ်ပေးခံရသင့်သည်။ ဤသည်မှာ ကိုယ်နှင့် ထိုက်တန်သည့်အရာကို ကိုယ်ရသည်ဟု ခေါ်ဆိုသည့်အရာဖြစ်သည်။ ယခုတွင် မည်သည့်အရာကို သင်တို့ နားလည်သနည်း။ လူတို့၏ စိတ်ဝင်စားမှုများမှာ အဘယ်နည်း။ အမှန်တကယ်တွင် ယင်းတို့သည် လွန်ကျူးသောဆန္ဒများမှလွဲ၍ အခြားမဟုတ်ပေ။ တဲ့တိုးပြောရလျှင် ယင်းတို့အားလုံးက စုံစမ်းသွေးဆောင်ခြင်း ဖြစ်သည်။ ယင်းတို့အားလုံးသည် အတုအယောင်များဖြစ်သည်။ ယင်းတို့အားလုံးသည် လူသားများကို အစုံအစမ်းပြုရန် ရည်ရွယ်သည့် စာတန်၏ သွေးဆောင်မှုများဖြစ်သည်။ သင်၏ အကျိုးစီးပွားများ နောက်လိုက်ခြင်းသည် စာတန်၏ ဆိုးယုတ်သော နည်းလမ်းများအပေါ် အလိုတူအလိုပါ ဖြစ်သည့်သဘောဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သည်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်၏အမှုကို ပိတ်ဆို့ရန် စာတန်သည် လူတို့ကို သွေးဆောင်၍ နှောင့်ယှက်ရန်အတွက် ပတ်ဝန်းကျင်မျိုးစုံကို ဖြစ်ပေါ်စေသည်။ သင်သည် ဘုရားသခင်နောက်သို့လိုက်သောအခါ ဘုရားသခင်ကို မနာခံဘဲ ထိုအစား စာတန်နှင့် ပူးပေါင်းဆောင်ရွက်သည်။ ဘုရားအိမ်တော်၏ အလုပ်အပေါ်သို့ တမင်တကာ အဖျက်အဆီး၊ အနှောင့်အယှက်များဖြစ်ပေါ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မည်သို့ ခံရသည်ဖြစ်စေ သမ္မာတရားကို လက်မခံဘဲ သင့်အပေါ်တွင်ရှိသော ဘုရားသခင်၏ သတ်မှတ်ချက်များကို မနာခံပေ။ ထိုအစား သင်သည် သင့်သဘောကျလုပ်ဆောင်လျက် ခေါင်းမာစွာဖြင့် ပြုမူဆောင်ရွက်သည်။ ရလဒ်အနေဖြင့် သင်သည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ခဲ့ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်မှုဖြစ်စေပြီးဖြစ်ကာ ဘုရားအိမ်တော်၏ အလုပ်တိုးတက်မှုကို အလွန်အမင်း ထိခိုက်သည်။ ဤသည်မှာ အလွန်ကြီးမားသော ပမာဏရှိသည့် အပြစ်ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို သင် သေချာပေါက်ခံရလိမ့်မည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ၊ ကြောက်ရွံ့မှုနဲ့ ကျွန်မ တုန်လှုပ်သွားတယ်။ ကျွန်မအတွက် ဘုရားရဲ့အမျက်ဒေါသကို ခံစားလို့ရတယ်။ အထူးသဖြင့် ဘုရားက သူနဲ့ ပြိုင်ဆိုင်ပြီး ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဘုရားအိမ်တော်ရဲ့အလုပ်ကို အလေးမထားသူတွေကို လုံးဝ ခွင့်မလွတ်သလို၊ ဆိုးဆိုးရွားရွား ပြစ်မှားသူတွေဟာ ဘုရားရဲ့ အပြစ်ပေးတာ ခံရမယ်ဆိုတာကို ပြောတဲ့အခါမှာပေါ့။ ကျွန်မ စိတ်နှလုံးမှာ စူးရှတဲ့ နာကျင်မှု ခံစားခဲ့ရတယ်။ ဒီနှစ်တွေတစ်လျှောက်မှာ၊ စာနဲ့ဆက်နွှယ်တဲ့ အလုပ်လုပ်ဖို့ ဘုရားက ချီးမြှောက်ခဲ့တယ်။ ကျွန်မရဲ့တာဝန်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြပြီး ဘုရားနှုတ်ကပတ်တော်က ပံ့ပိုး၊ ထောက်ပံ့ပေးခဲ့တယ်။ ကျွန်မ ပြင်းပြင်းထန်ထန် တရားစီရင်၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရရင်တောင်၊ ကျွန်မကို သန့်စင်၊ ပြောင်းလဲပေးဖို့လည်း ဖြစ်ပါတယ်။ ဘုရားဆီကနေ ချစ်မေတ္တာ အများကြီး မွေ့လျော်ခံစားခဲ့ပြီး၊ သူ့ကို ပြန်ပေးဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်သင့်တယ်။ အစ်မဝမ်ကို ကူညီဖို့ ကြီးကြပ်ရေးမှူးက စီစဉ်တဲ့အခါ၊ အကောင်းဆုံး လုပ်ခဲ့သင့်ပေမဲ့၊ ဘုရားအလိုတော်ကို ကျွန်မ အလေးမထားခဲ့သလို၊ ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ပတ်သက်လို့ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မအချိန်အားလုံးကို မနာလိုတာနဲ့ တခြားလူတွေကို ပြိုင်ဆိုင်တာနဲ့ပဲ ကုန်ခဲ့တယ်။ အထူးသဖြင့် အစ်မဝမ်ရဲ့ မြန်ဆန်တဲ့ တိုးတက်မှုကို မြင်ပြီး၊ ကြီးကြပ်ရေးမှူးနဲ့ တွဲဖက်တွေရဲ့ သဘောကျမှုကို သူရတာမြင်တော့၊ ကျွန်မ မနာလိုဖြစ်ပြီး ဒေါသထွက်တယ်၊ ဒီတော့ ပွင့်ပွင့်လင်းလင်းရော တိတ်တဆိတ်ပါ သူ့ကို စိတ်ထိခိုက်စေဖို့ ကိစ္စတွေ လုပ်ခဲ့တယ်။ သူ နားမလည်တဲ့ စည်းမျဉ်းနဲ့ဆိုင်တဲ့ နယ်ပယ်တွေ အများကြီး ရှိသေးမှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့ပေမဲ့၊ သူ့ကို လမ်းညွှန်ပေးဖို့ အဲဒါတွေအပေါ် ကျွန်မ မိတ်သဟာယမပြုခဲ့ဘူး။ သူ့ကို မကောင်းတဲ့ အခြေအနေမှာ မြင်ရတော့၊ ပံ့ပိုးတာ၊ ကူညီတာ မပေးခဲ့ဘူး။ အစ်မလျူက အစ်မဝမ်အပေါ် မလိုမုန်းထားမှုနဲ့ အပြစ်ရှာတဲ့ အယူအဆတွေ ရှိခဲ့တယ်၊ ဒါပေမဲ့ ဒါတွေကို ဖြေရှင်းမဲ့အစား၊ ကျွန်မက အကြိုက်တွေ့ပြီး ကျွန်မရဲ့ စကားလုံးတွေနဲ့ တမင်း မီးလောင်ရာလေပင့်ခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ အစ်မဝမ်အပေါ် အစ်မလျူရဲ့ မလိုမုန်းထားစိတ်က ပိုနက်သထက်နက်သွားတယ်။ အစ်မဝမ်က ဖယ်ကြဉ်ခံနေရတာကြောင့်၊ ဝမ်းနည်း၊ စိတ်မကောင်းဖြစ်ပြီး သူ့တာဝန်ကို ပုံမှန် မလုပ်နိုင်ခဲ့ဘူး။ အစ်မဝမ်ကို ကျွန်မလုပ်ခဲ့တဲ့အရာနဲ့ ကျွန်မအစ်မအပေါ် ကျွန်မ ယူဆောင်ပေးခဲ့တဲ့ စိတ်ထိခိုက်မှုနဲ့ နာကျင်မှုတွေအားလုံးကို ပြန်တွေးကြည့်တော့၊ လူ့သဘာဝတစ်ခုတစ်လေရှိတယ်လို့ ကျွန်မ ဘယ်လိုလုပ်ပြီး အခိုင်အမာပြောနိုင်မှာလဲ။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြခြင်းကတစ်ဆင့်၊ အစ်မဝမ်ကို ကျွန်မ မနာလိုဖြစ်ခဲ့မှန်း ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ သူ ကျွန်မကို ကျော်တာ ကျွန်မ မမြင်ချင်ခဲ့သလို၊ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မထိခိုက်မနစ်နာစေချင်ခဲ့ဘူး။ ဒါက သူနဲ့ အဆင်မပြေရုံသက်သက် မဟုတ်ဘဲ၊ ဘုရားကို ဆန့်ကျင်နေတာပဲ။ စာနဲ့ဆက်နွှယ်တဲ့အလုပ်က အသင်းတော်မှာ အရေးကြီးတဲ့ အလုပ်တာဝန်တစ်ခုပဲ။ ကိုယ့်ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်၊ အလုပ်အပေါ် ကျွန်မ ဒေါသနဲ့မဲဖို့ သတ္တိရှိခဲ့တယ်။ သူ့အခြေအနေ ဆိုးတာ၊ သူ့အလုပ်မှာ မထိမရောက်ဖြစ်တာ၊ အဖွဲ့ထဲက လူတွေ အဆင်မပြေနိုင်ဖြစ်သလို၊ ကျွန်မတို့အလုပ်ရဲ့ ထိရောက်မှု ကျဆင်းတာကို ကျွန်မ မြင်တော့၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်၊ ဘုရားဆီ နောင်တမရခဲ့သေးသလို၊ မနာလိုမှုနဲ့ ရန်တွေ့ခြင်း မျိုးစေ့ချရာမှာ ဦးဆောင်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကျွန်မ နှောင့်ယှက်နေခဲ့တာ၊ စာတန်ရဲ့ အစေခံအနေနဲ့ ပြုမူပြီး မကောင်းမှု လုပ်နေခဲ့တာပဲ။ ဘုရားအလိုတော်ကို တကယ် အလေးထားတဲ့သူတွေအတွက်၊ သူတို့ထက် တော်တဲ့ တစ်ယောက်ယောက်၊ သူတို့ထက် ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်တဲ့ သူတွေကို တွေ့တဲ့အခါ၊ ဝမ်းသာကြတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ကျော်ကြားမှုနဲ့ အဆင့်အတန်းကြောင့်၊ အစ်မဝမ်ကို ကျွန်မ မနာလိုဖြစ်ခဲ့တယ်၊ သူ ကောင်းကောင်း လုပ်တာကို မကြည့်ရက်နိုင်ခဲ့သလို၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို လုံးဝ ထည့်မတွက်ခဲ့ဘူး။ ဒါက ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခုပါပဲ။ ယောဘက ဘုရားကို ကြောက်ပြီး မကောင်းမှု ရှောင်ကြဉ်တာကို စာတန်က မြင်တော့ စိတ်ပျက်တယ်၊ ဒီတော့ ယောဘကို သူ ညှဉ်းဆဲပြီး သေစေချင်ခဲ့တယ်။ ကျွန်မ ထုတ်ဖော်ပြတဲ့အရာရဲ့ အနှစ်သာရက အတူတူပဲမဟုတ်လား။ အစ်မဝမ်က စိတ်မကောင်းဖြစ်ပြီး သူ့တာဝန် မလုပ်နို်ငတာကို ကျွန်မ မြင်ဖို့တောင့်တခဲ့တယ်။ အရမ်းရက်စက်ပြီး ဆိုးယုတ်ခဲ့တာပဲ။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) အရင်က ဒီဘုရားနှုတ်ကပတ်တော်ပိုဒ်ကို ကျွန်မ သိပ်နားမလည်ခဲ့ဘူး။ အဲဒီအခါမှပဲ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ခြင်းက ကျွန်မကို လုပ်ခဲ့တာ ဘယ်လောက်ရက်စက်ပြီး လန့်စရာကောင်းမှန်း ကျွန်မ သိလာခဲ့တာ။ စာတန်က လူတွေကို အရမ်းဖောက်ပြန်ပျက်စီးစေတယ်။ “လူတို့သည် ၎င်းတို့နှင့်တစ်ခေတ်တည်း မွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်”၊ “ထင်ရှားကျော်ကြားမှုရရှိခြင်း” ဆိုတာနဲ့ “အခြားသူများထက် သာလိုခြင်း” ဆိုတာတွေအားလုံးက လူတွေကို လှည့်ဖြားတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေပဲ ဖြစ်တယ်။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ ကျွန်မ အသက်ရှင်ခဲ့တုန်းက၊ မမှန်မကန် တွေးမိခဲ့တယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ကြိုက်ခဲ့ပြီး၊ ဘယ်လူအုပ်စုမှာမဆို အကောင်းဆုံး ဖြစ်ချင်ခဲ့တယ်။ အထူးချွန်အပြောင်မြောက်ဆုံး လူဖြစ်ချင်လာခဲ့ပြီး၊ တခြားလူတွေရဲ့ အရမ်းအလေးထားတာကို ရချင်ခဲ့တယ်။ ဒီနည်းလမ်းက တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝကို အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းလို့ ယုံကြည်ခဲ့တယ်။ ဒီဆိုးယုတ်တဲ့ အတွေးတွေရဲ့ ထိန်းချုပ်မှုအောက်မှာ၊ အထူးသဖြင့် အဖက်မလုပ်သလို ဘဝင်ကိုင်လာခဲ့ပြီး၊ ကျွန်မရဲ့တာဝန်ကို ဂုဏ်သတင်းနဲ့ ကျော်ကြားမှုအတွက် ပြိုင်ဆိုင်ဖို့ တန်ဆာပလာတစ်ခုလိုတောင် မှတ်ယူခဲ့တယ်။ အဲဒါက ဘုရားအိမ်တော်ရဲ့ စာနဲ့ဆက်နွှယ်တဲ့ အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်နှေးစေပြီး၊ ကျွန်မရဲ့ အစ်မကိုလည်း နာကျင်၊ ဝမ်းနည်းစေခဲ့တယ်။ မကောင်းတာတွေ အများကြီး ကျွန်မ လုပ်ခဲ့မိပြီး ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် လှည့်ကွက်တွေအများကြီး လုပ်ခဲ့မိမှန်း၊ အဲဒီအရာအားလုံးက ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ဘဝတွေကို နစ်နာဆုံးရှုံးမှု ဖြစ်စေခဲ့မှန်း ကျွန်မ မြင်ခဲ့ရတယ်။ ဒီအရာအားလုံးကို တွေးကြည့်တော့၊ ကျွန်မ အရမ်းကြောက်သွားတယ်။ ဒီအချိန်မှပဲ ကျွန်မ ဘယ်လို ဆိုးယုတ်ပြီး တစ်ကိုယ်ကောင်းဆန်ခဲ့မှန်း သဘောပေါက်တာ။ အဆင်းနီတဲ့ နဂါးကြီးက ဘုရားရဲ့အမှုတော်ကို အပြင်ပန်းမှာ သွေးရူးသွေးတန် နှောင့်ယှက်ပြီး ညီအစ်ကို မောင်နှမတွေကို ဖမ်းဆီးတယ်၊ ဒါတောင် ကျွန်မက အဆင်းနီတဲ့ နဂါးကြီး လုပ်စေချင်တဲ့ အရာကို လုပ်ခဲ့ပေမဲ့ အသင်းတော်ထဲမှာ မရှိနိုင်ခဲ့ဘူး။ ကျွန်မ ဘယ်လိုလုပ် အရမ်းကို စက်ဆုပ်စရာ ဖြစ်နိုင်ရတာလဲ။ အန္တိခရစ်တွေက အဆင့်အတန်းအတွက် လူတွေကို အပြစ်ပေးနိုင်တယ်၊ ပြီးတော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်လည်း လူတွေကို ဖယ်ကြဉ်ပြီး ဖိနှိပ်နိုင်တယ်။ ကျွန်မက အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာပဲ။ ဒီကျရှုံးမှုနောက်မှာ၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက်လိုက်တာက မမှန်တဲ့ လိုက်စားမှုမှန်း ကျွန်မ မြင်သွားတယ်။ ဘုရားကို အာခံခြင်းနဲ့ ပျက်စီးခြင်း လမ်းကြောင်းတစ်ခုပဲ။ တစ်ချိန်တည်းမှာပဲ ဘုရားရဲ့ ကွယ်ကာမှုကို ခံစားရတယ်။ ဘုရားက ကျွန်မကို ပြင်းပြင်းထန်ထန် မရိုက်နှက်၊ မပဲ့ပြင်မဆုံးမခဲ့ရင်၊ ကျွန်မရဲ့ မကောင်းမှုတွေကို တားဆီးဖို့ အခြေအနေတစ်ခု မပြင်ဆင်ပေးခဲ့ရင်၊ ကျွန်မရဲ့ ထုံတဲ့၊ မာကြောတဲ့ စိတ်နှလုံးက ဘယ်တော့မှ နိုးထမှာ မဟုတ်ဘူး။ မမှန်တဲ့ လမ်းကြောင်းကို ဆက်လျှောက်မှာဖြစ်ပြီး နောက်ဆုံးမှာ ကျွန်မရဲ့ မကောင်းမှုတွေအတွက် ဘုရားရဲ့ ရှုတ်ချ၊ စွန့်ပစ်တာကိုပဲ ခံခဲ့ရမှာပဲ။ အဲဒီအချိန်မှာ၊ ကယ်တင်ခံရဖို့ ကျွန်မရဲ့ အခွင့်အရေးကို ကျွန်မ လုံးဝ ပျက်စီးသွားစေမိမှာ။ အဲဒီနောက်၊ ကျွန်မ နောင်တရချင်တယ်လို့ပြောဖို့ ဘုရားဆီ ဆုတောင်းခဲ့ပြီး၊ နာမည်နဲ့ အဆင့်အတန်းကို ကျွန်မ ထပ်လိုက်စားခဲ့ပြီး၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်ခဲ့မိရင်၊ ကျွန်မကို ဘုရားက ထုတ်ဖော်၊ ရိုက်နှက်ပြီး ဆုံးမပဲ့ပြင်လို့ရအောင် ကျွန်မစိတ်နှလုံးကို စောင့်ကြည့်လေ့လာပေးဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။

မကြာခင်မှာပဲ၊ ကျွန်မရဲ့ စာနဲ့ဆက်နွှယ်တဲ့အလုပ်ကို ကျွန်မ ပြန်စခဲ့တယ်။ အဖွဲ့မှာ၊ အစ်မကျိုးက အလုပ်စတာ မကြာသေးသလို၊ သူ့ကို လေ့ကျင်၊ ကူညီပေးဖို့ ကြီးကြပ်ရေးမှူးက ကျွန်မကို ခိုင်းခဲ့တယ်။ ကျွန်မရဲ့ အရင်က ကျရှုံးမှုကို စဉ်းစားရင်းနဲ့၊ အလားတူ အမှားကို ကျွန်မ ထပ်မလုပ်ချင်လို့၊ သူ့ကို ကူညီဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ခဏကြာပြီးတဲ့နောက် အစ်မကျိုးက တိုးတက်မှုတချို့ ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ကြီးကြပ်ရေးမှူးက အစ်မကျိုးမှာ အစွမ်းအစကောင်းရှိပြီး မြန်မြန်ဆန်ဆန် သင်ယူတတ်လို့ သူ့ကို ပျိုးထောင်ပေးရတာ တန်တယ်လို့ ပြောတာ ကျွန်မ ကြားရတယ်။ ဒါကိုကြားတော့၊ အပ်တစ်ချောင်းက ကျွန်မနှလုံးကို ထိုးဖောက်နေသလိုပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်မထိန်းချုပ်နိုင်တော့သလို၊ သူ့ကို နောက်ထပ် ကျွန်မ မကူညီချင်တော့ဘူး။ ဒီအတွေး ကျွန်မ ရှိခဲ့ချိန်မှာ၊ ကျွန်မ အဖမ်းခံရတဲ့ မှတ်ဉာဏ်တွေ စိတ်ထဲ ပေါ်လာတယ်။ မမှန်တဲ့ လမ်းကြောင်း မလျှောက်မိအောင် ကျွန်မရဲ့ စိတ်နှလုံးကို ကွယ်ကာပေးဖို့ ကျွန်မ တိတ်တိတ်လေး ဘုရားဆီ ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ အခြေအနေနဲ့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခဲ့ပြီး၊ ကျွန်မအဖို့ အရမ်းအထောက်အကူဖြစ်ရတဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်ခြင်း ဗီဒီယိုတစ်ခုကို ကြည့်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင် စက်ဆုပ်သောသူ မဖြစ်လေနှင့်။ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်အောင်နေလော့။ ဤသို့ဆိုလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို အကြင်သူသည် မည်သို့ ရရှိနိုင်သနည်း။ သမ္မာတရားကို ကျိုးကျိုးနွံနွံ လက်ခံခြင်း၊ ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ရပ်တည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်သဘောထားဖြင့် ပြုမူဆောင်ရွက်ခြင်း၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်း၊ ရိုးသားသောသူတစ်ဦးဖြစ်ဖို့ ကြိုးစားခြင်းနှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဖြစ်ပေသည်။ ဤသည်မှာ လုံလောက်ပေသည်။ ဘုရားသခင်သည် ကျေနပ်လိမ့်မည်။ လူတို့သည် လူတို့သည် ရည်မှန်းချက်များကို မကိုင်စွဲထားရန်၊ သို့မဟုတ် အချည်းနှီး အိပ်မက်များကို လက်သင့်မခံရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို မရှာဖွေရန်၊ သို့မဟုတ် လူအများထဲတွင် ထင်ပေါ်ဖို့ မကြိုးစားရန် သေချာလုပ်ရမည်။ ထို့အပြင် ၎င်းတို့သည် လူသားတို့အလယ်တွင် သာလွန်ပြီး အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် ထင်ရှားကျော်ကြားသူတစ်ဦး၊ သို့မဟုတ် စွမ်းအားရှင်တစ်ဦး ဖြစ်ဖို့ မကြိုးစားရပေ။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အလိုဆန္ဒဖြစ်ပြီး ယင်းမှာ စာတန်လျှောက်သော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော လူများကို မကယ်တင်ပေ။ အကယ်၍ လူများက ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ပြီး နောင်တရဖို့ ငြင်းဆန်နေဆဲဖြစ်ပါက၊ ၎င်းတို့အတွက် ကုစားမှု မရှိပေ၊ ပြီးလျှင် ၎င်းတို့အတွက် အဆုံးသတ် တစ်ခုတည်းသာ ရှိသည်။ ဖယ်ရှားခံရဖို့ ဖြစ်ပေသည်။ ယနေ့တွင် သင်တို့သည် နောင်တရဖို့ အလျင်အမြန်ပြုလုပ်လျှင် အချိန်ရှိသေးသည်။ သို့သော် နေ့ရက်သည် ရောက်လာပြီး ဘုရားသခင်၏ အမှုပြီးဆုံးကာ၊ ကပ်ဘေးများသည် ယခင်ကထက် တိုး၍ ကြီးမားလာပြီး သင်၌ နောင်တရဖို့ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ထိုအချိန်ကျရောက်လာသောအခါ ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားသောသူများ၊ နောင်တရရန် ငြင်းဆန်သောသူတို့အားလုံးသည် ဖယ်ရှားခံရမည်ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မည်သို့သောလူစားမျိုးကို ကယ်တင်သည်၊ ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း အဓိပ္ပာယ်သည် မည်သည့်အရာဖြစ်သည်ကို သင်တို့အားလုံး ရှင်းလင်းသင့်သည်။ ဘုရားသခင်သည် လူများကို သူ့ရှေ့သို့ လာရောက်ဖို့၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်ဖို့၊ သမ္မာတရားကို လက်ခံဖို့၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖိုနှင့် ဘုရားသခင် ပြောသည့်အတိုင်း၊ အမိန့်ပေးသည့်အတိုင်း ပြုမူ၊ နေထိုင််ဖို့ တောင်းဆိုသည်။ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ဖို့ ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များသည် လူသား၏ အယူအဆများနှင့် စိတ်ကူးများဖြင့် အသက်ရှင်ခြင်း၊ သို့မဟုတ် စာတန်၏ တွေးခေါ်ပုံများအတိုင်း အသက်ရှင်ခြင်းနှင့် လူသား၏ ‘ပျော်ရွှင်မှု’ကို လိုက်စားခြင်းတို့နှင့် ဆန့်ကျင်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်ဘဲ၊ သို့မဟုတ် သမ္မာတရားကို လက်မခံဘဲ၊ စာတန်၏ အတွေးအခေါ်များဖြင့်၊ စာတန်၏ စိတ်သဘောထားများဖြင့် ရှင်သန်နေထိုင်ဆဲဖြစ်ပြီး နောင်တရရန် ငြင်းဆိုလျှင်၊ ဤလူစားမျိုးသည် ဘုရားသခင်၏ကယ်တင်ခြင်းကို မခံရနိုင်ပေ။ ဘုရားသခင်၏ နောက်သို့ သင်လိုက်သောအခါတွင် ဤသည်မှာ သင့်ကို ဘုရားသခင်က ရွေးချယ်ပြီးဖြစ်သောကြောင့် ဖြစ်သည်မှာလည်း မှန်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်ကို ရွေးချယ်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းသည် သင့်အား ဘုရားသခင်ကို ယုံကြည်သူ၊ ဘုရားနောက်သို့ အမှန်တကယ်လိုက်သူ၊ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်နိုင်သူ၊ ဘုရားသခင်၏ လမ်းခရီးနောက်သို့လိုက်နိုင်သောသူတစ်ယောက်၊ မိမိ၏ ဆိုးယုတ်သော စိတ်သဘောထားကို ခါချထားပြီး စာတန်နောက်ကို မလိုက်တော့သည့်၊ သို့မဟုတ် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်မရှင်တော့သည့် သူတစ်ဦးအဖြစ် ပြောင်းလဲရန်ဖြစ်သည်။ သင်သည် ဘုရားသခင်နောက်သို့လိုက်ပြီး ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း ကိစ္စရပ်တိုင်းတွင် သမ္မာတရားကို ချိုးဖောက်လျှင် ကိစ္စရပ်တိုင်းတွင် ဘုရားနှုတ်ကပတ်တော်အတိုင်း မလုပ်ဆောင်လျှင်၊ သို့မဟုတ် မတွေ့ကြုံလျှင်၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ရပ်တည်ခြင်းပင် ဖြစ်နိုင်ခြေရှိလျှင် သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရနိုင်သလော။ လုံးဝ မခံရနိုင်ပေ။ အဘယ်ကြောင့် ကျွန်ုပ်က ဤသို့ဆိုလိုသနည်း။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းက အမှန်တွင် မခက်ခဲသကဲ့သို့ သစ္စာရှိစွာနှင့် လက်ခံနိုင်ဖွယ် စံနှုန်းအထိ ထမ်းဆောင်ရန်လည်း မခက်ခဲပေ။ သင့်အသက်ကို စွန့်လွှတ်ရန်၊ သို့မဟုတ် ထူးခြားသည့်၊ သို့မဟုတ် ခက်ခဲသည့်အရာတစ်ခုခုကို လုပ်ဆောင်ရန် မလိုပေ၊ သင့်အနေဖြင့် သင့်ကိုယ်ပိုင် ထင်မြင်ချက်များကို ထပ်မဖြည့်ဘဲ၊ သို့မဟုတ် မိမိကိုယ်ပိုင် အရေးကိစ္စကို မလုပ်ဆောင်ဘဲ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်လှမ်းလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များကို ရိုးသားစွာနှင့် တည်ကြည်ခိုင်မာစွာ လိုက်နာရန်သာ လိုသည်။ အကယ်၍ လူတို့သည် ဤသို့ပြုလုပ်နိုင်ပါက သူတို့၌ ပင်ကိုအားဖြင့် လူသားအသွင် ရှိသည်၊ သူတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှုရှိပြီး ရိုးသားသောသူတစ်ယောက်ဖြစ်လာသည့်အခါ ၎င်းတို့သည် လူသားတစ်ယောက်၏ ပုံသဏ္ဍန်ကို ပိုင်ဆိုင်လိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်၊ သူတို့တာဝန်တွေကို လူတွေက ခိုင်မာတဲ့နည်းနဲ့ ထမ်းဆောင်တာ၊ ဘုရားနှုတ်ကပတ်တော်နဲ့ ပြုမူနေထိုင်ပြီး၊ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ အသက်မရှင်တော့တာ၊ သူတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေအတိုင်း မပြုမူတော့တာကို ဘုရားက မျှော်လင့်တယ်။ ဘုရားရဲ့ သတ်မှတ်ချက်တွေအတိုင်း ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ကျွန်မ လက်လွှတ်သင့်တယ်၊ သူတို့ ကျွန်မကို အထင်ကြီးခြင်း ရှိမရှိကို အာရုံမစိုက်သင့်တော့သလို၊ သမ္မာတရားကို လိုက်စားခြင်းနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ခြင်းအပေါ် အာရုံစိုက်သင့်တယ်။ ဒါက ကျွန်မရဲ့ သင့်တော်တဲ့ အလုပ်နဲ့ မှန်ကန်တဲ့ လမ်းကြောင်းပဲ။ ပြီးတော့ ကျွန်မတာဝန်မှာ စည်းမျဉ်းတချို့ကို ကျွန်မ သဘောပေါက်နိုင်တာက ဘုရားရဲ့ လမ်းပြမှုကြောင့်ပါ၊ ဒါက ဘုရားအိမ်တော်ထဲမှာ နှစ်ချီ ပျိုးထောင်ခံရခြင်းရဲ့ အကျိုးဆက်ပါပဲ။ ဒီအရာတွေကို ကိုယ့်ရဲ့ သီးသန့်ပိုင်ဆိုင်မှုတွေလို ကျွန်မ သဘောထားခဲ့ရင်၊ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကိစ္စတွေကို တခြားလူတွေဆီကနေ ကွယ်ဝှက်၊ ထိန်းသိမ်းခဲ့ပြီး၊ ဘုရားကို အာခံတဲ့ လမ်းကြောင်းပေါ် ခေါင်းမာမာဆက်လျှောက်ခဲ့ရင်၊ ဘုရားကို ကျွန်မအပေါ် စက်ဆုပ်၊ မုန်းတီးစေရုံပဲ ဖြစ်စေမှာ။ ဒါပေမဲ့ တခြားလူတွေကို ကျွန်မ သိခဲ့သမျှ ပြောပြနိုင်ခဲ့ရင်၊ ကျွန်မ လျစ်လျူရှုခံရတုန်းမှာ သူတို့က တိုးတက်မှု ဖြစ်ပြီး လေးစားမှု ခံရကောင်းခံရနိုင်ပေမဲ့၊ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်နေတာ၊ တည်ကြည်တဲ့ ဘဝကို အသက်ရှင်နေတာ ဖြစ်မှာဖြစ်ပြီး၊ စိတ်ချလုံခြုံမှုနဲ့ စိတ်အေးချမ်းမှုကို ခံစားရမှာပဲ။ ဒါက ဘယ်လိုလုပ် မကောင်းတဲ့အရာ ဖြစ်ရမှာလဲ။ ကျွန်မ အဖမ်းခံရပြီး အချုပ်ကျသလို၊ ရဲတွေရဲ့ နှိပ်စက်တာကို ရင်ဆိုင်နေရချိန်မှာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ တခြားလူတွေရဲ့ လေးစားမှုက ကျွန်မကို နည်းနည်းမှ အကူအညီမပေးခဲ့ဘူး။ စာတန်ရဲ့ ဝိုင်းတာခံရချိန်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ကျွန်မကို လမ်းပြခဲ့တာ ဘုရားနှုတ်ကပတ်တော်ဖြစ်ပြီး၊ ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တာ ဘုရားနှုတ်ကပတ်တော်ပါ။ ဘုရားကို ယုံကြည်ပေမဲ့ သမ္မာတရားကို မရနိုင်ခဲ့သလို၊ ဘုရားရဲ့ ငြင်းပယ်တာခံခဲ့ရရင်၊ လူတွေ ကျွန်မကို အထင်ကြီးရင်လည်း ဘာကောင်းကျိုးရှိလို့လဲ။ ကျွန်မ ကယ်တင်ခံရခြင်းရှိမရှိကို ဆုံးဖြတ်တာက လူတွေ ကျွန်မကို အထင်ကြီးခြင်း ရှိမရှိဆိုတာ မဟုတ်ဘူး၊ ဘုရားရဲ့ အမြင်မှာ ကျွန်မက အရည်အချင်းပြည့်မီတဲ့ အဖန်ဆင်းခံ ဟုတ်မဟုတ်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ပြောင်းလဲခြင်းရှိမရှိနဲ့ သမ္မာတရားကို ကျွန်မ ပိုင်ဆိုင်ခြင်း ရှိမရှိဆိုတာပဲ။ လူတွေကို ကြီးမြတ်ဖို့၊ ကျော်ကြားဖို့ ဘုရားက လုံးဝ မတောင်းဆိုဘူး။ အဲဒီအစား သူတို့တာဝန်ကို တည်ငြိမ်ပြီး လက်တွေ့ကျတဲ့ ပုံစံနဲ့ လုပ်နိုင်တဲ့ ရိုးသားတဲ့လူတွေကို ဘုရားက နှစ်သက်တယ်။ ဒီလိုလူတွေကသာ အမှန်တကယ် လူသားဖြစ်တယ်။ ဒါတွေကို ကျွန်မ နားလည်သွားတာနဲ့၊ ကျွန်မ စိတ်နှလုံးက အားတက်သွားပြီး လက်တွေ့လုပ်သင့်ပုံကို သိသွားတယ်။ ဒီအရာနောက်မှာ ကျွန်မ သိသမျှကို အစ်မကျိုးဆီ ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ သူ့မှာ တကယ်ကို မြင့်မားတဲ့ အစွမ်းအစရှိတယ်။ ပြဿနာတွေကို ကျွန်မတို့ အတူဆွေးနွေးတော့၊ ကျွန်မ မစဉ်းစားမိခဲ့တဲ့ အရာတွေကို သူ အမြဲ တွေးမိတယ်၊ အဲဒါက ကျွန်မရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းခဲ့ပြီး၊ တစ်ခါတစ်လေ ကြီးကြပ်ရေးမှူးက သူနဲ့ သဘောတူတာကို ကြားရတဲ့အခါ၊ ကျွန်မ စိတ်မထိခိုက်တော့ဘူး။

နောက်ပိုင်းမှာ၊ ကျွန်မရဲ့အတွေ့အကြုံကို ညီအစ်ကို မောင်နှမတွေက ကြားပြီးတဲ့နောက်၊ တခြားလူတွေရဲ့ တိုးတက်မှုအတွက် ချီးကျူးမှုကို ကျွန်မ ထိုက်တန်တယ်ဆိုတဲ့ ကျွန်မရဲ့ အမြင်ကို ကိုင်တွယ်ဖြေရှင်းတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် သူတို့ ရှာတွေ့ခဲ့ကြတယ်။ “ဘုရားသခင်သည် တစ်စုံတစ်ဦးကို ဉာဏ်အလင်းပေးသည့်အခါ၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ပြီးလျှင် သင်၏အပိုင်းတွင် အနည်းငယ်သော ထိုပူးပေါင်းဆောင်ရွက်ခြင်းက အဘယ်နည်း။ ယင်းမှာ သင် နာမည်ကောင်းရဖို့ ထိုက်တန်သည့် အရာတစ်ခုဖြစ်သလော— သို့မဟုတ် ယင်းမှာ သင်၏တာဝန်၊ သင်၏ ဝတ္တရားဖြစ်သလော။ (တာဝန်နှင့် ဝတ္တရားတို့ ဖြစ်ပါသည်။) ယင်းသည် တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု သင် သတိပြုမိသည့်အခါ၊ ဤသည်မှာ မှန်ကန်သော စိတ်နေစိတ်ထား ဖြစ်ပြီး သင်သည် နာမည်ကောင်းယူဖို့ ကြိုးစားသည့် အတွေးများ ရှိလိမ့်မည် မဟုတ်ချေ။ အကယ်၍ သင်ယုံကြည်သည့်အရာသည် ‘ဤသည်မှာ ကျွန်ုပ်၏ ကူညီထောက်ပံ့မှုဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည် ကျွန်ုပ်၏ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ဖြစ်နိုင်ခဲ့မည်လော။ ဤအရာသည် လူများ၏ ပူးပေါင်းဆောင်ရွက်ခြင်း လိုအပ်သည်။ ဤအရာ၏အများစုသည် လူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်သာ ဖြစ်သည်’ဟု အစဉ် ဖြစ်ပါက၊ ဤသည်မှာ မှားယွင်းပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းမပေးခဲ့ပါက၊ မည်သူကမျှ သမ္မာတရား စည်းမျဉ်းများကို သင့်ထံ မိတ်သဟာယမပြုခဲ့ပါက မည်သို့ ပူးပေါင်းဆောင်ရွက်မည်နည်း။ ဘုရားသခင် တောင်းဆိုသည့်အရာကို သင် သိမည်မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကိုလည်း သင် သိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို နာခံပြီး ပူးပေါင်းဆောင်ရွက်လိုလျှင် မည်သို့ပြုရမည်ကို သင် သိမည်မဟုတ်ပေ။ သင်၏ ဤ ‘ပူးပေါင်းဆောင်ရွက်ခြင်း’ သည် အနှစ်မဲ့သော စကားများသာ မဟုတ်လော။ စစ်မှန်သော ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ၊ သင်သည် သင်၏ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း ပြုမူဆောင်ရွက်နေခြင်းသာ ဖြစ်ပေသည်— ထိုအခြေအနေတွင် သင်ထမ်းဆောင်သည့် တာဝန်သည် စံနှုန်းမီသလော။ လုံးဝမမီပေ၊ ယင်းက ပြဿနာကို ရည်ညွှန်းပေသည်။ ဤအရာက အဘယ်ပြဿနာကို ရည်ညွှန်းသနည်း။ လူတစ်ယောက်က မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ သူသည် ရလဒ်များရရှိခြင်း၊ တာဝန်ကို စံနှုန်းနှင့် ကိုက်ညီစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းရှိမရှိသည် ဘုရားသခင်၏ လုပ်ရပ်များအပေါ်တွင် မူတည်သည်။ သင်သည် သင့်တာဝန်ဝတ္တရားများကို ထမ်းဆောင်လျှင်ပင် ဘုရားသခင်က အလုပ်မလုပ်လျှင်၊ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး လမ်းမပြလျှင် သင်၏ လမ်းကြောင်း၊ သင်၏ ဦးတည်ချက်၊ သို့မဟုတ် သင်၏ ပန်းတိုင်များကို သိမည်မဟုတ်ပေ။ အဆုံးတွင် မည်သည့်ရလဒ်ကို ရရှိသနည်း။ ထိုအချိန်တစ်လျှောက်လုံးပင်ပန်းစွာလုပ်ဆောင်ပြီးနောက် သင်သည် သင်၏တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့ သမ္မာတရား၊ သို့မဟုတ် အသက်ကိုလည်း ရရှိပြီးဖြစ်မည်မဟုတ်ပေ။ အားလုံးက အချည်းနှီးသာဖြစ်လိမ့်မည်။ ထို့ကြောင့် သင်၏တာဝန်က စံနှုန်းနှင့်ညီစွာ ထမ်းဆောင်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများကို အကျိုးဖြစ်စေခြင်း၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းအားလုံးသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ လူများသည် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်စွမ်းသည့် အရာများ၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာများ၊ ၎င်းတို့၏ ပင်ကိုစွမ်းရည်များအတွင်း ရှိသည့် အရာများကိုသာ လုပ်ဆောင်နိုင်သည်။ ထို့ထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ။ ထို့ကြောင့် အဆုံးတွင် သင့်တာဝန်များကို ထိရောက်သောပုံစံဖြင့် ထမ်းဆောင်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် ခေါင်းဆောင်မှုအပေါ်တွင် မူတည်သည်။ သို့မှသာ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး သင့်အား ဘုရားသခင်ပေးသောလမ်းကြောင်းနှင့် သူ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဘုရားသခင်၏ စေခိုင်းချက်ကို ပြီးမြောက်စေနိုင်သည်။ ဤအရာတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများဖြစ်သည်။ ဤအရာကို လူတို့ မမြင်နိုင်လျှင် ၎င်းတို့က မျက်ကန်း ဖြစ်ကြသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့၊ ကျွန်မ နားလည်သွားတယ်၊ တခြားလူတွေရဲ့ တိုးတက်မှုက ကျွန်မရဲ့ အားထုတ်မှုကြောင့်လို့ ကျွန်မယုံကြည်တာဟာ တကယ်တော့ ဘုရားရဲ့ဘုန်းကို ခိုးနေတာ။ ဘုရားက ကျွန်မကို ဉာဏ်အလင်းပေးနိုင်သလို၊ တခြားလူတွေကို ဉာဏ်အလင်းပေးနိုင်တယ်။ ကျွန်မတာဝန်ရဲ့ စည်းမျဉ်းတချို့ကို ကျွန်မ နားလည်တာဟာ ကျွန်မကိုယ်ပိုင် အားထုတ်မှုကြောင့်မဟုတ်ဘူး၊ အဲဒါက ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် အကျိုးဆက်ပဲ။ ဘုရားနှုတ်ကပတ်တော်တွေက လမ်းကြောင်းနဲ့ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတွေကို ထောက်ပြမှပဲ ကျွန်မ နားလည်သွားတယ်။ ဘုရားရဲ့ ဉာဏ်အလင်းပေးမှုနဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုမရှိဘဲ၊ ဘယ်ကိစ္စ၊ ပြဿနာကိုမဆို ကျွန်မ နားလည်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဘယ်နှစ်ညလောက် မအိပ်ဘဲနေပြီး ဘယ်လောက်ပဲ အားထုတ်နေပါစေ အသုံးဝင်မှာ မဟုတ်သလို၊ ဘာကိုမှ ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ တိုးတက်မှုအတွက် ချီးကျူးမှုနဲ့ ကျွန်မ ထိုက်တန်သလို၊ ကျွန်မရဲ့ အကူအညီမရှိဘဲနဲ့ ဘာတိုးတက်မှုမှ သူတို့ ဖြစ်ခဲ့မှာ မဟုတ်ဘူးလို့ ကျွန်မ တွေးခဲ့တယ်။ အောင်မြင်မှုအားလုံးကို ကိုယ့်ခေါင်းပေါ် ကျွန်မ တင်ခဲ့တယ်၊ အရမ်း မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့တာ။ လူတော်တော်များများက စာနဲ့ဆက်နွှယ်တဲ့ အလုပ်ကို စလုပ်ပြီး၊ ကျွန်မအကူအညီမပါဘဲနဲ့ သိသာတဲ့ တိုးတက်မှုတွေ ဖြစ်စေကြတယ်။ သူတို့ရဲ့ တိုးတက်မှုက သူတို့ထဲက ဘုရားရဲ့ အလုပ်လုပ်ခြင်း ရလဒ်တစ်ခုပဲ။ သူတို့ရဲ့ အစွမ်းအစက မွေးရာပါဖြစ်တဲ့ အရာတစ်ခုဖြစ်ပြီး၊ သမ္မာတရားနဲ့ စည်းမျဉ်းအရ အဖိုးအခတစ်ခုကို သူတို့ အစစ်အမှန် ပေးလိုက်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုကို ရတာနဲ့၊ တိုးတက်မှု လုပ်နိုင်ကြတယ်။ ညီအစ်ကို မောင်နှမတွေကို အခု ကျွန်မ ကူညီနိုင်တာက ကျွန်မ ထမ်းဆောင်ရမဲ့ တာဝန်ဖြစ်ပြီး ဘုရားရဲ့ ကျေးဇူးတော်လည်း ဖြစ်တယ်။ လေးစားဖို့၊ အဲဒီအရာမှာ ကြွားဝါဖို့ ဘာမှ မရှိဘူး။ အစ်မဝမ်နဲ့ ကုန်ဆုံးခဲ့တဲ့ ရက်တွေကို ပြန်ကြည့်တော့၊ ပထမမှာ သူနဲ့အတူ စည်မျဉ်းတချို့ကို ကျွန်မ မိတ်သဟာယပြုခဲ့ပေမဲ့၊ အဲဒီနောက်မှာ၊ ကိစ္စတွေကို သူက အလေးအနက် ကြည့်ရှုစစ်ဆေးပြီး ချင့်ချိန်စဉ်းစားခဲ့တယ်၊ ဒါကြောင့် ဘုရားရဲ့ ကောင်းချီးနဲ့ လမ်းပြမှုကို သူ အမြဲရနိုင်ခဲ့တာပဲ။ အစ်မကျိုးလည်း အတူတူပဲ။ သူ တင်ပြတဲ့ စိတ်ကူးတချို့က ကျွန်မ မစဉ်းစားမိခဲ့တဲ့ အရာတွေ မကြာခဏဖြစ်ခဲ့ပြီး၊ ကျွန်မရဲ့ အတွေးကို တကယ် ကျယ်ပြန့်လာစေခဲ့တယ်။ လူတိုင်းမှာ အားသာချက်တွေ ရှိမှန်း ကျွန်မ တွေ့ရတယ်၊ ဒီတော့ ကျွန်မတို့ အလုပ်ကြိုးစားပြီး ကိုယ့်တာဝန်မှာ ဝီရိယရှိရှိ လုပ်သရွေ့၊ အားလုံးက ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်း ရနိုင်ပြီး သမ္မာတရားရဲ့ စည်းမျဉ်းတချို့ကို နားလည်နိုင်တယ်။ ပြီးတော့ အချင်းချင်း ချင့်ချိန်စဉ်းစားခြင်းအားဖြင့်ပဲ ကျွန်မတို့တာဝန်တွေပို အတူတူ ကောင်းကောင်း ထမ်းဆောင်နိုင်တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေ အတိုင်း ကျွန်မ လက်တွေ့လုပ်ခဲ့တယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့အခါ၊ စိတ်နှလုံးကို ဘုရားရှေ့မှာ တည်ငြိမ်စေပြီး၊ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်းလုပ်ပြီး ကိုယ့်ဝတ္တရားတွေကို ဖြည့်ဆည်းရမယ်ဆိုတဲ့အပေါ် အာရုံစိုက်ခဲ့တယ်။ မသိလိုက်ဘဲနဲ့၊ တခြားလူတွေ ကျွန်မအပေါ် အထင်ကြီးခြင်း ရှိမရှိနဲ့ တခြားလူတွေရဲ့ စိတ်နှလုံးမှာ ကျွန်မ နေရာရှိမရှိဆိုတဲ့အပေါ် ကျွန်မ အာရုံစိုက်တာ လျော့နည်းသွားတယ်။ ညီအစ်ကို မောင်နှမတွေကို ကျွန်မ ကူညီတဲ့အချိန်မှာ၊ သူတို့ တစ်စတစ်စ တိုးတက်ပြီး တဖြည်းဖြည်းနဲ့ ကျွန်မကို ကျော်တာ မြင်ရတဲ့အခါ၊ ကျွန်မ သိပ်မနာလိုမဖြစ်တော့သလို၊ တစ်ချိန်လုံး ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အကျိုးစီးပွားတွေ မစဉ်းစားတော့ဘူး။ ဘုရားရဲ့ လေ့လာစောင့်ကြည့်မှုကို ကျွန်မ လက်ခံနိုင်တယ်၊ ဘုရားဘက်လှည့်ပြီး တာဝန် ထမ်းဆောင်နိုင်တယ်လို့ ခံစားရတယ်။ ဒီလိုလက်တွေ့လုပ်တာက လက်တွေ့ကျပြီး လွယ်ကူတယ်လို့ ခံစားရသလို၊ တခြားလူတိုင်ရဲ့ လေးစားတာကို ခံရတာထက် ပိုဝမ်းမြောက်ရတယ်။ ဘုရားက ဒီလိုပြောခြင်းအားဖြင့် ဆိုလိုတဲ့အရာကို ကျွန်မ တကယ် ခံစားရတယ်။ “လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး- မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်- အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) ကျွန်မကိုယ်တိုင်နဲ့ ညီအစ်ကို မောင်နှမတွေအားလုံးက မတူညီတဲ့ အတွေ့အကြုံတွေ၊ အစွမ်းအစနဲ့ အားသာချက်တွေ ရှိကြတယ်။ ကျွန်မတို့ အချင်းချင်း ဖြည့်ဆည်းပြီး လက်တွဲညီညီ ပူးပေါင်းလုပ်သင့်သလို၊ ကျွန်မတို့ရဲ့ တာဝန်အသီးသီးမှာ ကိုယ့်အခန်းကဏ္ဍကို လုပ်သင့်တယ်။ ဒီလိုအလုပ်လုပ်တာက ဘုရားအလိုတော်နဲ့ ညီတယ်။

ဂုဏ်သတင်းနဲ့အဆင့်အတန်းကို လိုက်စားတဲ့အတွက် ဘုရားရဲ့ ရိုက်နှက်ခြင်းနဲ့ ပဲ့ပြင်ဆုံးမခြင်းတွေ ကျွန်မဆီ ရောက်လာခဲ့ပေမဲ့၊ ဒီအတွေ့အကြုံကတစ်ဆင့်၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက် ကျွန်မရဲ့ လိုက်စားခြင်း သဘာဝနဲ့ အကျိုးဆက်တွေအပေါ် သိနားလည်မှု တချို့ ကျွန်မ ရခဲ့တယ်။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့ မရမှန်းလည်း ကျွန်မ သဘောပေါက်သွားပြီး၊ ဘယ်လို ပြုမူနေထိုင်ပြီး ကျွန်မတာဝန်ကို လက်တွေကျတဲ့ပုံစံနဲ့ ထမ်းဆောင်ရမယ်ဆိုတာကို သိခဲ့တယ်။ ကျွန်မ ရနိုင်ခဲ့တဲ့ ဒီပြောင်းလဲမှု နည်းနည်းလေးက ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းရဲ့ ရလဒ်သက်သက်ပါပဲ။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံ ကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ကျွန်မသည် ဖာရိရှဲတို့၏ လမ်းကြောင်းကို လျှောက်နေခဲ့ကြောင်း သတိပြုမိခြင်း

ရှန်ဇီနယ်မှ၊ ဝူဇင်ရေးသားသည်။ ယခင်တွေ့ဆုံစဉ်များက ကျွန်မတို့အမြဲတမ်းဆွေးနွေးဖြစ်ခဲ့သည့် အကြောင်းအရာမှာ ပေတရုနှင့်ပေါလုတို့ လျှောက်ခဲ့ကြသော...

မိမိ၏တာဝန်ကို မည်သို့သဘောထားသင့်ပုံ

ကျန့်ရဲ့ တောင်ကိုးရီးယားနိုင်ငံယုံကြည်သူတစ်ယောက် ဖြစ်လာပြီး သိပ်မကြာမီမှာ၊ ခေါင်းဆောင်များဖြစ်သည့် ညီအစ်ကိုမောင်နှမများက စည်းဝေးပွဲများကို...

မြန်မာခရစ်ယာန်တစ်ယောက်၏ တမလွန်ဘဝ ငရဲရောက် အတွေ့အကြုံ

ဒန်နီ မြန်မာနိုင်ငံ ကျွန်မ ငယ်ငယ်တုန်းက ခရစ်ယာန်ဘာသာကို စိတ်ဝင်စားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မိသားစုက ဗုဒ္ဓဘာသာဆိုတော့ ကျွန်မက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။