ကျွန်မကလွဲ၍ လူတိုင်း ရာထူးတိုးပြီးနောက်တွင်
၂၀၂၁ခုနှစ်၊ ဇန်နဝါရီလမှာ ကျွန်မတာဝန်ယူရတဲ့ ပရောဂျက်က အပြီးသတ်တော့မယ်။ ညီအစ်ကိုမောင်နှမတွေကို တခြားတာဝန်တွေကို တဖြည်းဖြည်းချင်းပြောင်းပေးနေတယ်။ အဆုံးသတ်အလုပ်ကိုလုပ်ဖို့ ကျွန်မနဲ့ အလုပ်ဖော်နည်းနည်းပဲ ကျန်တဲ့အထိပေါ့။ အဲဒီအချိန်တုန်းက ကျွန်မက လက်ရှိ ရှိနေတဲ့ကျွန်မအလုပ်ကို အပြီးလုပ်ပြီး တာဝန်ကို နောက်ဆုံးအထိ ကိုင်စွဲထားဖို့ စဉ်းစားနေတာ။ အံ့သြစရာကောင်းတာက တစ်နေ့မှာ ကျွန်မရဲ့အလုပ်ဖော်တစ်ယောက်က ခေါင်းဆောင်အဖြစ် ရာထူးတိုးသွားတာကို ကျွန်မ ရုတ်တရက် သိလိုက်ရတယ်။ သူက ဧဝံဂေလိအလုပ်ကို ဦးဆောင်ရမှာ။ ဒီကိစ္စကြောင့် ကျွန်မ အနေအထိုင်ရခက်သွားပြီး မကျေမနပ်ဖြစ်သွားတယ်။ ဘာလို့ ကျွန်မက ခေါင်းဆောင်ရာထူးမတိုးတာလဲ။ ကျွန်မလည်း ခေါင်းဆောင်၊ ဒါမှမဟုတ် ကြီးကြပ်သူအဖြစ် အစေမခံနိုင်ဘူးလားပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်။ “သူက ပိုပြီးလုပ်နိုင်တဲ့အမှုဆောင်တစ်ယောက်ဖြစ်လို့ သူအရင်ဆုံး ရာထူးတိုးခံရတာနေမှာပါ။ ပြီးတော့လည်း ဒီမှာရှိတဲ့ ငါ့အလုပ်ကလည်း မပြီးသေးဘူး။ ငါ့အလုပ်ဖော်တွေကလည်း သူတို့တာဝန်တွေကို ဒီမှာ ဆက်လုပ်နေတာ။ ဒီတော့ အလုပ်ပြီးသွားတာနဲ့ ငါတို့အတွက် တာဝန်အသစ်တွေကို စီစဉ်ပေးဖို့ များတယ်” ပေါ့။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်မရဲ့ တခြားအလုပ်ဖော်သုံးယောက်ကလည်း အသင်းတော်ခေါင်းဆောင်အဖြစ် ရာထူးတိုးခံရတယ်၊ ဒါမှမဟုတ် လူသစ်အသင်းတော်တွေကို ဦးဆောင်ရတယ်။ ဒီသတင်းကိုကြားရတော့ ကျွန်မ ပိုပြီး အနေရခက်သွားတယ်။ သူတို့အားလုံးက ခေါင်းဆောင်တွေ၊ အမှုဆောင်တွေဖြစ်သွားကြပေမဲ့ ကျွန်မက လုံးဝ နေရာမရွေ့ဘူး။ သူတို့လုပ်နေတဲ့အလုပ်တွေအားလုံးကို ကျွန်မ လွှဲပြောင်းယူရတယ်။ အဆုံးထိ ဒါတွေအားလုံးကို တာဝန်ယူရမယ့်ပုံပဲ။ ကျွန်မလည်း အဖွဲ့ထဲမှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒီတော့ ကျွန်မအစားဘာလို့ သူတို့အားလုံး ရာထူးတိုးသွားတာလဲ။ ကျွန်မ တကယ် အဲဒီလောက်ဆိုးလို့လား။ သူတို့က ကျွန်မထက်သာတယ်လို့ ညီအစ်ကိုမောင်နှမတွေက ထင်ပုံပဲ။ အခု ကျွန်မက ကျွန်မအလုပ်ဖော်တွေအားလုံးထဲမှာ အဆိုးဆုံးပဲ။ ကျွန်မက ပျိုးထောင်ပေးဖို့ မတန်ဘူးလို့ ခေါင်းဆောင်တွေက ထင်တာလား။ ကျွန်မအပေါ် တစ်ဖက်သတ်အမြင်တွေရှိနေတာလား ပေါ့။ သူတို့အလုပ်ကို ကျွန်မ တကယ်ကိုတာဝန်မယူချင်ခဲ့ဘူး။ ပိုပြီး တာဝန်ယူလေလေ တခြားအလုပ်အမျိုးအစားတွေကို ပိုပြီးမလုပ်နိုင်လေလို့ ခံစားမိတယ်။ ကျွန်မအလုပ်ပြီးသွားတဲ့အချိန်မှာ ကျွန်မအလုပ်ဖော်တွေက နည်းနည်းလေ့ကျင့်ပြီးနေကြပြီ။ သူတို့က သူတို့အလုပ်ကို ရင်းနှီးပြီး စည်းမျဉ်းတချို့ကို ကျွမ်းကျင်သွားမှာပဲ။ ဒါပေမဲ့ ကျွန်မကတော့ လုံးဝ လူသစ်ပဲဖြစ်နေမှာ။ နောက်ပိုင်းမှာ ကျွန်မက ဧဝံဂေလိဟောဖို့၊ လူသစ်တွေကို ရေလောင်းဖို့ စေလွှတ်ခံရပြီး ကျွန်မရဲ့ အရင်ကအလုပ်ဖော်က ကျွန်မရဲ့ ကြီးကြပ်သူဖြစ်လာရင် ဒီလောက်ကြီးတဲ့ ကွာဟမှုက တော်တော်ရှက်စရာကောင်းမှာပဲ ပေါ့။ ကျွန်မ တွေးကြည့်လေလေ၊ ခံစားရတာ ဆိုးလေလေပဲ။ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေကို ကျွန်မ လွှဲပြောင်းယူဖို့ ပြောတော့ ကျွန်မ တော်တော်ဆန့်ကျင်မိတယ်။ ကျွန်မ စိတ်ဆိုးပြီး မလုပ်ချင်ခဲ့ဘူး။ နှစ်ရက်ကျော်ကြာတဲ့အထိ သူတို့ ကျွန်မကို လွှဲပေးတဲ့တာဝန်တွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ဖို့ မကြိုးစားဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်အလုပ်ကို သိပ်ဂရုမစိုက်ခဲ့ဘူး။ အချိန်ဆွဲပြီး အလုပ်ကို နောက်ဆက်တွဲ ဆက်မလုပ်ခဲ့ဘူး။ ဘယ်ပြဿနာတွေက ဖြေရှင်းဖို့လိုတယ်၊ ကိစ္စတွေကို ဘယ်လိုကောင်းအောင်လုပ်ရမယ်ဆိုတာ မစဉ်းစားခဲ့ဘူး။ ဘုရားသခင် စီစဉ်တဲ့ ပတ်ဝန်းကျင်ကို နာခံဖို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ပေမဲ့ ကျွန်မက မတက်မကြွဖြစ်တာ၊ စိတ်မပါတာ၊ စိတ်မဝင်စားတာတွေ ဖြစ်နေတုန်းပဲ။ ဆုတောင်းတဲ့အခါမှာ ဘာပြောရမှန်းမသိဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မရဲ့ စိတ်နှလုံးနဲ့ မဖတ်ခဲ့ဘူး။ နည်းနည်းတော့ သတိထားမိတယ်။ ကျွန်မ ဘုရားရှေ့ကိုလာပြီး ဆုတောင်းတယ်။ “ဘုရားသခင် အခုရက်ပိုင်းမှာ သမီးအလုပ်ဖော်ရဲ့အလုပ်ကို လွှဲယူဖို့ အရမ်းဆန့်ကျင်မိနေပါတယ်။ သမီးအခြေအနေက မမှန်တာကို သိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သိဖို့အတွက် သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။
ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မအခြေအနေအပေါ် နည်းနည်းသတိထားမိစေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ယခုအခါတွင် သင်တို့အားလုံးသည် သင်တို့တာဝန်များကို အချိန်ပြည့် ထမ်းဆောင်သူများဖြစ်သည်။ သင်တို့သည် မိသားစု၊ အိမ်ထောင်၊ သို့မဟုတ် ချမ်းသာကြွယ်ဝမှု၏ ချုပ်ချယ်ခြင်း၊ သို့မဟုတ် ချည်နှောင်ခြင်းကို မခံရပေ။ သင်တို့သည် ယင်းမှ ထွက်မြောက်ပြီးဖြစ်သည်။ သို့ရာတွင်သင်တို့၏ ခေါင်းထဲတွင် ပြည့်နေသော အယူအဆများ၊ စိတ်ကူးခြင်းများ၊ အသိပညာများ၊ တစ်ကိုယ်ရေ ရည်ရွယ်ချက်နှင့် ဆန္ဒများသည် နဂိုပုံစံကနေ မပြောင်းလဲဘဲ တည်ရှိနေသည်။ ထို့ကြောင့် ဂုဏ်သတင်း၊ အဆင့်အတန်း၊ သို့မဟုတ် ၎င်းတို့ကို ထိတွေ့မှုပေးနိုင်သောအရာပါဝင်သော အရာတစ်ခုခုတွင် ဥပမာအားဖြင့် ဘုရားသခင်၏ အိမ်တော်သည် ပါရမီရှိသူ အမျိုးမျိုးတို့ကို ပြုစုပျိုးထောင်ရန် စီစဉ်သည်ဟု လူတို့က ကြားသည့်အခါ လူတိုင်း၏ စိတ်နှလုံးက ကြိုတင်မျှော်မှန်းကြပြီး သင်တို့တစ်ဦးချင်းစီတိုင်းက မိမိကိုယ်ကိုယ်အတွက် အစဉ်နာမည်တစ်ခုရရှိလိုပြီး အသိအမှတ်ပြုခြင်း ခံရလိုသည်။ လူတိုင်းက အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်လိုကြသည်။ ၎င်းတို့သည် ဤအရာကို ရှက်ကြသည်။ သို့သော် ဤသို့မပြုလုပ်လျှင် ၎င်းတို့က မကျေနပ်ကြချေ။ ၎င်းတို့သည် လူတစ်ယောက်က ထင်ပေါ်သည်ကို မြင်သည့်အခါ မနာလိုမုန်းတီးပြီး မကျေမနပ်ဖြစ်ကြသည်။ ဤသည်မှာ မမျှတဟု ခံစားကြသည်။ ‘အဘယ်ကြောင့် ငါက မထင်ပေါ်နိုင်သနည်း။ အဘယ်ကြောင့် အခြားလူတို့က ဂုဏ်ကျက်သရေကို အမြဲ ရရှိသနည်း။ အဘယ်ကြောင့် ငါ့အလှည့် လုံးဝ မရောက်သနည်း။’ ဟု စဉ်းစားကြသည်။ ထို့နောက် ၎င်းတို့သည် မကျေမချမ်းမှု ခံစားရ ပြီးနောက်တွင် ယင်းကို ၎င်းတို့က ချုပ်တည်းရန် ကြိုးစားသော်လည်းမတတ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး တစ်ခဏမျှ သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် ကြုံရသည့်အခါ၊ ၎င်းတို့သည် ယင်းကို မကျော်လွှားနိုင်ပေ။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ လူတို့သည် ထိုသို့သော အခြေအနေတွေထဲ ကျဆင်းရသောအခါ ၎င်းတို့သည် စာတန်၏ ထောင်ချောက်အတွင်းသို့ ကျဆင်းပြီးဖြစ်သည် မဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။...သင် ပိုမို ကြိုးပမ်းလေလေ၊ အမှောင်ထုက သင့်ကို ဝိုင်းရံ လေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မနာလို ဝန်တိုမှုနှင့် မုန်းတီးမှုတို့ကို သာ၍ သင်ခံစားရလေလေဖြစ်ကာ သင်၏ ရယူလိုသည့်စိတ်ဆန္ဒက ပို၍သာ သန်မာလာလိမ့်မည်ဖြစ်သည်။ သင်၏ ရယူလိုသည့်ဆန္ဒ ပိုမိုသန်မာလေလေ၊ ထိုသို့လုပ်ဆောင်နိုင်စွမ်း လျော့နည်းလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ရရှိမှုလျော့နည်းသည်နှင့်အမျှ သင်၏ မုန်းတီးမှု တိုးပွားလေလေ ဖြစ်လိမ့်မည်။ သင်၏ မုန်းတီးမှု တိုးပွားသည်နှင့်အမျှသင်သည် အတွင်း၌ ပိုတိုး၍ မှောင်မိုက်လေလေ ဖြစ်မည်။ အတွင်း၌ သင် မှောင်မိုက်လေလေ၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေဖြစ်ပြီး၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေ၊ ဘုရားသခင်၏ အိမ်တော်အတွက် သင် အသုံးဝင်မှု လျော့နည်းလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ ချိတ်ဆက်ထားသော ရုန်းမထွက်နိုင်သည့် ဝဲသြဃ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ မဆောင်ရွက်နိုင်ပါက၊ တဖြည်းဖြည်း ထုတ်ပယ်ခံရလိမ့်မည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်က ကျွန်မအခြေအနေကို ဖွင့်ပြတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုလိုချင်တဲ့ ကျွန်မဆန္ဒက မပြည့်တာကြောင့် ဒီရက်တွေအတွင်းမှာ ကျွန်မ အရမ်းအာခံပြီး မကျေမနပ်ဖြစ်နေတာပါ။ ကျွန်မ အလုပ်ဖော်တွေက ရာထူးတိုးတာကို ကျွန်မမြင်တော့ ကျွန်မစိတ်နှလုံးက နိုးကြွလာတယ်။ ကျွန်မလည်း ရာထူးတိုးခံရဖို့ မျှော်လင့်တယ်။ ဂုဏ်အဆင့်အတန်းကို ရပြီး လူတွေအထင်ကြီးတာ ခံရဖို့ပေါ့။ ဒါပေမဲ့ ကျွန်မခေါင်းဆောင်တွေက ကျွန်မကို ရာထူးတိုးပေးဖို့ မရည်ရွယ်ဘဲ ကျွန်မအလုပ်ဖော်တွေရဲ့အလုပ်ကို လွှဲပြောင်းယူခိုင်းတာကို ကျွန်မသိတဲ့အချိန်မှာ ကျွန်မအလုပ်ဖော်တွေကို မနာလိုဖြစ်ခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မကို တစ်ဖက်သတ်အမြင်တွေထားတယ်၊ ကျွန်မကို အထင်တောင်သေးတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ခေါင်းဆောင်တွေရဲ့ အမြင်မှာ ကျွန်မက အဆိုးဆုံးဖြစ်နေတာ၊ ကျွန်မက လုံးဝ ဘာရာထူးမှမရှိဘဲ ကျွန်မအလုပ်ဖော်တွေအားလုံးက ခေါင်းဆောင်တွေ၊ ကြီးကြပ်သူတွေအဖြစ် ရာထူးတိုးခံရတာတွေကို တွေးမိတော့ ကျွန်မ စိတ်ဆင်းရဲပြီး မကျေမနပ်ဖြစ်တယ်။ ကျွန်မရဲ့ ဒေါသကို ကျွန်မတာဝန်အပေါ်တောင် ဖွင့်ချခဲ့တယ်။ ကျွန်မကိုပေးထားတဲ့ တာဝန်တွေမှာဖြစ်ပျက်နေတာတွေကို ဂရုမစိုက်ခဲ့ဘူး။ ကိုယ်ပိုင်အလုပ်ကို စိတ်ထည့်ပြီးမလုပ်ခဲ့ဘူး။ ကျွန်မက ဒီပုန်ကန်တဲ့အခြေအနေမှာအသက်ရှင်နေတာကို မြင်ရတာကို ဘုရားက မုန်းတီးတယ်။ ဒါကြောင့် ဆုတောင်းတဲ့အခါ ကျွန်မ စကားလုံးမရှိခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ကနေ ဉာဏ်အလင်းဖွင့်ပြမှုမရှိဘူး။ ကျွန်မတာဝန်မှာ ပိုဆိုးလာတယ်။ ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်တာက မှောင်မိုက်ခြင်းဆီကို ခေါ်ဆောင်သွားတဲ့ ရုန်းမထွက်နိုင်တဲ့စက်ဝန်းတစ်ခုဖြစ်တယ်လို့ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ ကျွန်မက အဲဒီထဲမှာရှိနေတာ။ ဒီအချိန်ကာလကို ပြန်စဉ်းစားကြည့်တော့ ကျွန်မတာဝန်ကို အဆုံးထိ ကိုင်စွဲထားမယ်ဆိုတဲ့ ကျွန်မရဲ့ ကျိန်ဆိုမှုကို ပြန်အမှတ်ရမိတယ်။ ဒါပေမဲ့ သူများတွေ ရာထူးတိုးခံရတာကို မြင်ရပြီး ဂုဏ်အဆင့်အတန်းလိုချင်တဲ့ ကျွန်မဆန္ဒ မပြည့်တာနဲ့ တစ်ပြိုင်နက် တာဝန်မှာ စိတ်ဝင်စားမှုမရှိတော့ဘူး။ ဂုဏ်အဆင့်အတန်းလိုချင်တဲ့ ကျွန်မဆန္ဒက ပြင်းလွန်းတယ်။ ကျွန်မအခြေအနေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အမြန်ရှာဖွေခဲ့ပါတယ်။
အဲဒီနောက်မှာ ကျွန်မအခြေအနေကို ဖြေရှင်းပေးတဲ့ ရာထူးတိုးခြင်းနဲ့ပျိုးထောင်ပေးခြင်းကို ဘယ်လိုမြင်ရမယ်ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်သည် မိမိကိုယ်ကို ခေါင်းဆောင်ဖြစ်ရန် သင့်တော်သည်၊ ပါရမီ၊ အစွမ်းအစနှင့် ခေါင်းဆောင်မှုအတွက် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည်ဟု ထင်သည့်တိုင်အောင် ဘုရားသခင်၏အိမ်တော်က သင့်ကို ရာထူးမတိုးပေးဘဲ ညီအစ်ကိုမောင်နှမများက သင့်ကို မတင်မြှောက်လျှင် ဤကိစ္စကို သင်မည်သို့ ကိုင်တွယ်သင့်သနည်း။ ဤတွင် သင် လက်တွေ့လုပ်ဆောင်နိုင်သည့် လမ်းကြောင်းတစ်ခုရှိသည်။ သင်သည် မိမိကိုယ်ကို နှံ့နှံ့စပ်စပ်သိရမည်။ သင်သည် အမှန်တကယ်ပင် သင်၏ လူ့သဘာဝ၌ ပြဿနာတစ်ခုရှိမရှိ၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချို့သွင်ပြင်လက္ခဏာများက လူတို့ကို သဘောမကျဖြစ်စေခြင်း ရှိမရှိ၊ သင်သည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ဘဲ သူတစ်ပါးတို့အတွက် လက်မခံနိုင်ဖွယ်ဖြစ်ခြင်း ရှိမရှိ၊ သို့မဟုတ် သင်ထမ်းဆောင်သည့်တာဝန်သည် ကျေနပ်ဖွယ်မရှိခြင်း ဖြစ်မဖြစ်တို့ကို ကြည့်ရှုလော့။ ဤအရာအားလုံးကို သင် ဆင်ခြင်ကြည့်ရမည်ဖြစ်ပြီး အတိအကျ မည်သည့်နေရာတွင် လိုအပ်ချက်ရှိသည်ကို ကြည့်ရမည်။ အချိန်အနည်းငယ် ဆင်ခြင်ပြီးနောက် သင်၏ ပြဿနာက မည်သည့်နေရာတွင်ရှိသည်ကို တွေ့ပြီးနောက်တွင် ယင်းကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်းရှာဖွေပြီး သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရမည်။ ပြောင်းလဲမှုတစ်ခုကို ရရှိဖို့၊ ကြီးထွားဖို့ ကြိုးပမ်းရမည်။ ဤသို့ဖြင့် သင့်အနီးမှလူများက မြင်သောအခါ ၎င်းတို့က ‘ယခုတစ်လောတွင် သူသည် ယခင်ကထက်ပို၍ ကောင်းမွန်နေသည်။ သူသည် အဆက်မပြတ် အလုပ်လုပ်ပြီး သူ၏ အလုပ်အကိုင်ကို အလေးအနက်ထားသည်။ အထူးသဖြင့် သမ္မာတရားစည်းမျဉ်းများအပေါ် အာရုံစိုက်သည်။ ကိစ္စများကို စိတ်မြန်လက်မြန်မလုပ်၊ သို့မဟုတ် ဂရုမစိုက်ဘဲ ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ပေ။ သူ၏ အလုပ်နှင့်ပတ်သက်ပြီး ပို၍ တာဝန်ကျေပွန်ကာ တာဝန်သိတတ်သည်။ သူသည် အနည်းငယ် ကြွားဝါပြောဆိုလေ့ရှိခဲ့သည်။ သို့သော် ယခုအခါတွင် သူသည် အလွန်ပင်ပို၍ အပြောအဆိုသိုသိပ်ပြီး ခြယ်လှယ်လွန်းခြင်းမရှိတော့ပေ။ သူမည်သည့်အရာလုပ်နိုင်သည်ကို မကြွားဝါပေ။ တစ်စုံတစ်ခုကို ပြီးစီးသောအခါ တစ်ခုခုကို မှားယွင်းစွာ လုပ်ဆောင်မိမည်စိုးသောကြောင့် ယင်းကို ထပ်ခါထပ်ခါ ဆင်ခြင်ကြည့်သည်။ အမှုအရာများကို လုပ်ဆောင်သောအခါတွင် သူသည် ပို၍ သတိရှိသည်။ ယခုအခါတွင် သူ၏ စိတ်နှလုံး၌ ဘုရားသခင်ကို ကြောက်ရွံ့သည်။ အထူးသဖြင့် ပြဿနာအနည်းငယ်ကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်သည်။ သူသည် အမှန်တကယ်ပင် ကြီးထွားရင့်ကျက်လာပြီဖြစ်သည်။’ ဟု ပြောဆိုကြလိမ့်မည်။ သင့်အနီးတွင် ရှိသောသူတို့သည် သင်နှင့် အချိန်အတန်ကြာ ဆက်ဆံပြီးသောအခါ သင်သည် သိသိသာသာပြောင်းလဲပြီး ကြီးထွားရင့်ကျက်လာပြီဖြစ်သည်ကို ၎င်းတို့ တွေ့ကြလိမ့်မည်။ သင်၏ နေ့စဉ်အသက်တာနှင့် သူတစ်ပါးတို့အပေါ် သင်၏ ပြုမူဆောင်ရွက်မှုတွင်၊ သင်၏အလုပ်အပေါ် သင်၏ သဘောထားတွင်၊ သမ္မာတရားစည်းမျဉ်းများကဲ့သို့သောအရာများကို သင် ကိုင်တွယ်ဆက်ဆံရာတွင်၊ သင်သည် ယခင်ကထက်ပို၍ အားစိုက်ထုတ်ကြောင်း၊ သင်၏ပြောဆိုပြုမူမှုများတွင် ပို၍ စည်းကမ်းရှိကြောင်းကို တွေ့ကြလိမ့်မည်။ ညီအစ်ကိုမောင်နှမများက ဤအရာအားလုံးကိုမြင်ပြီး အလေးအနက်ထားလျှင် နောက်တစ်ကြိမ်ရွေးကောက်ပွဲတွင် သင်သည် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်နိုင်လိမ့်မည်။ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေဖြင့် သင်သည် မျှော်လင့်ချက်တစ်ခုရှိလိမ့်မည်။ အရေးကြီးတာဝန်အချို့ကို သင် အမှန်တကယ် ထမ်းဆောင်နိုင်လျှင် ဘုရားသခင်၏ ကောင်းချီးကို သင်ရရှိလိမ့်မည်။ သင်သည် အမှန်တကယ် ဝန်ထုပ်ဝန်ပိုးထမ်းရွက်ပြီး တာဝန်သိစိတ်ရှိလျှင်၊ ဝန်ထုပ်ကို သယ်ဆောင်လိုလျှင် သင့်ကိုယ်သင် အလျင်အမြန် လေ့ကျင့်လော့။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်ပြီး စည်းမျဉ်းနှင့်အညီ ဆောင်ရွက်လော့။ သင်သည် ဘဝအတွေ့အကြုံရှိပြီး သက်သေခံချက် စာများရေးနိုင်သည်နှင့် သင်သည် အမှန်တကယ် ကြီးထွားရင့်ကျက်လိမ့်မည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနိုင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သေချာပေါက် ရနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်လျှင် ဘုရားသခင်က သင့်အား မျက်နှာသာပေးပြီး ကြည့်ရှုလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို လမ်းပြလျက်ဖြင့် သင်၏ အခွင့်အလမ်းသည် မကြာခင်တွင် ထွက်ပေါ်လာမည်။ ယခုတွင် သင်သည် ဝန်ထုပ်ဝန်ပိုးရှိနိုင်သည်။ သို့သော် သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် မလုံလောက်ဘဲ သင်၏ ဘဝအတွေ့အကြုံက နည်းပါးလွန်းသည်။ ထို့ကြောင့် သင်သည် ခေါင်းဆောင်ဖြစ်လာခဲ့လျှင်ပင် သင်သည် လဲကျဖို့ ဖြစ်နိုင်ခြေရှိပေမည်။ အသက်ဝင်ရောက်မှုကို သင်လိုက်စားရမည်။ သင်၏ လွန်ကျူးသောဆန္ဒများကို ဖြေရှင်းရမည်။ ဘုရားသခင်က မည်သည့်အရာကို စီစဉ်ညွှန်ကြားသည်ဖြစ်စေ၊ စီစဉ်သည်ဖြစ်စေ မကျေမနပ်ဖြစ်သော စကားများမရှိဘဲ နောက်လိုက်တစ်ယောက် လိုလိုလားလားဖြစ်ပြီး ဘုရားသခင်ကို ရိုးသားစွာ နာခံလာရမည်။ ဤဝိညာဉ်ရင့်ကျက်မှုကို သင်ပိုင်ဆိုင်သောအခါ သင်၏ အခွင့်အလမ်းက ရောက်လာလိမ့်မည်။ လေးလံသောဝန်ကို သင် ထမ်းလိုခြင်း၊ သင့်တွင် ဤဝန်ထုတ်ဝန်ပိုးရှိခြင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ ဤသည်မှာ သင့်တွင် အပြုသဘောဆောင်သော၊ တက်ကြွသော စိတ်နှလုံးရှိသည်၊ ဘုရားသခင်၏ အလိုတော်နောက်သို့ လိုက်ချင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထောက်ထားလိုသည်ကို ပြသည်။ ဤသည်မှာ ရည်မှန်းချက်မဟုတ်ဘဲ စစ်မှန်သည့် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ ယင်းသည် သမ္မာတရားကိုလိုက်စားသူတို့၏ တာဝန်ဖြစ်ပြီး ၎င်းတို့လိုက်စားမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ သင်သည် တစ်ကိုယ်ကောင်းမဆန်ဘဲ သင်၏ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ဘုရားသခင်ကို သက်သေခံပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ဖြစ်လျှင် သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင် ကောင်းချီးအပေးဆုံးအရာဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် သင့်တော်သော အစီအစဉ်များကို လုပ်ဆောင်လိမ့်မည်။...ဘုရားသခင်၏ အလိုတော်သည် သူ့အတွက် သက်သေခံနိုင်သောလူများကို ပို၍ ရရှိရန်ဖြစ်သည်။ ဤသည်မှာ သူ့ကိုချစ်သောသူအားလုံးကို စုံလင်စေရန်၊ သူနှင့် စိတ်နှလုံးတစ်လုံးတစ်ဝတည်းရှိသော လူတစ်စုကို အမြန်ဆုံး ပြုလုပ်ရန်အတွက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အိမ်တော်တွင် သမ္မာတရားကို လိုက်စားသူအားလုံးသည် ကြီးမားသော အလားအလာများရှိကြသည်။ ဘုရားသခင်ကို ရိုးသားစွာချစ်သောသူများ၏ အလားအလာသည် အကန့်အသတ်မရှိပေ။ ဘုရားသခင်၏ အလိုတော်ကို လူတိုင်း နားလည်သင့်သည်။ ဤဝန်ထုပ်ဝန်ပိုးကို ရရှိခြင်းသည် အမှန်တကယ်ပင် အပြုသဘောဆောင်သောအရာဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတို့ ပိုင်ဆိုင်သင့်သည့် အရာတစ်ခုဖြစ်သည်။ သို့သော် လေးလံသောဝန်ကို လူတိုင်းက မလွဲမသွေ ခံယူနိုင်လိမ့်မည်မဟုတ်ပေ။ ဤခြားနားချက်က မည်သည့်နေရာမှ လာသနည်း။ သင်၏ အားသာချက်များ၊ သို့မဟုတ် လုပ်ကိုင်နိုင်စွမ်းက မည်သည့်အရာဖြစ်စေ၊ သင်၏ ဉာဏ်ရည်က မည်မျှမြင့်သည်ဖြစ်စေ အရေးပါသည့်အရာမှာ သင်၏ လိုက်စားမှုနှင့် သင်လျှောက်သည့်လမ်းကြောင်း ဖြစ်သည်။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ကိုယ်က ရာထူးတိုးခံရပြီး ပျိုးထောင်ခံရမလားဆိုတာ ကိုယ့်ရဲ့ လိုက်စားမှုနဲ့ လမ်းကြောင်းအပေါ်မူတည်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။ သမ္မာတရားကိုလိုက်စားပြီး အမှန်တကယ် တာဝန်ခံယူရင် အစွမ်းအစနဲ့ ပါရမီတချို့ရှိရင် ဘုရားအိမ်တော်က အခွင့်အရေးပေးမယ်။ ရာထူးတိုးပြီး ပျိုးထောင်ပေးမယ်။ အရေးကြီးတဲ့ တာဝန်တွေကို ပေးလိမ့်မယ်။ ဒါပေမဲ့ လူတွေက သမ္မာတရားကို မလိုက်စားဘဲ လမ်းမှားလိုက်ရင် ခေါင်းဆောင်ဖြစ်လာရင်တောင် ကြာရှည်ခံမှာမဟုတ်ဘူး။ ဒီလိုလူတွေက ရာထူးတိုးဖို့အတွက် မသင့်တော်ဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်ပြီး ရှက်မိတယ်။ ကျွန်မက ကျိုးကြောင်းမသင့်ခဲ့ဘဲ ကိုယ့်ကိုယ်ကိိုယ်နဲ့ ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို အမှန်တကယ် သိမြင်မှုမရှိခဲ့ဘူးဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်မက အထူးသဖြင့် လုပ်နိုင်ကိုင်နိုင်ပြီး တော်တယ်၊ ကျွန်မ အလုပ်ဖော်တွေ ရာထူးတိုးရင်၊ ကျွန်မလည်း ရာထူးတိုးခံရသင့်တယ်လို့ ထင်ခဲ့တယ်။ ကျွန်မက သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက်ဖြစ်သလား၊ ကျွန်မလူ့သဘာဝက အရည်အချင်းပြည့်မီသလား၊ အလုပ်ရဲ့တာဝန်ကို ခံနိုင်သလားဆိုတာကို ကျွန်မ မကြည့်ခဲ့ဘူး။ အဒီအစား ကျွန်မက မစဉ်းမစားနဲ့ ယှဉ်ကြည့်ခဲ့ပြီး ရာထူးတိုးခံရဖို့ အားထုတ်တယ်။ တကယ်တမ်းတော့ ကျွန်မက ဘုရားသခင်ရဲ့ အလိုတော်ကို လုံးဝ မထောက်ထားခဲ့ဘူး။ အသင်းတော်အလုပ်ကို မျှဝေမလုပ်ချင်ခဲ့ဘဲ တာဝန်တွေကို မဖြည့်ဆည်းချင်ခဲ့ဘူး။ ကျွန်မက ကျွန်မအလုပ်ဖော်တွေထက် ပိုမဆိုးဘူးဆိုတာ သက်သေပြချင်ခဲ့တယ်။ ပိုများတဲ့လူတွေရှေ့မှာ ကြွားဝါပြီး သူများတွေ ကျွန်မကို အထင်ကြီးအောင်လုပ်ဖို့ မြင့်မားတဲ့ အဆင့်အတန်းကို ရချင်ခဲ့တယ်။ ကျွန်မက တာဝန်ကို ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ ဆန္ဒတွေနဲ့ ထမ်းဆောင်ခဲ့တာ။ ဒါကြောင့် ကျွန်မက ခေါင်းဆောင်ဖြစ်လာရင်တောင် ဂုဏ်အဆင့်အတန်းနောက်ကို လိုက်နေဦးမှာပဲ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အလုပ်လုပ်တာက တာဝန်တစ်ခုကို ကောင်းကောင်းလုပ်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်မ ခေါင်းဆောင်မဖြစ်တာက ကျွန်မအတွက် ကာကွယ်ပေးခြင်းပဲ။ ရာထူးမတိုးတာကို ရင်ဆိုင်ရတဲ့အခါမှာ စစ်မှန်တဲ့ အသိစိတ်ရှိသူတစ်ယောက်က ကိုယ်ပိုင်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျေနပ်ရောင့်ရဲမှာပဲဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့ပါတယ်။ သူတို့ရဲ့ အားနည်းချက်တွေကိုလည်း ဆင်ခြင်ပြီး သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကိုရှာဖွေကြမယ်။ တိုးတက်မှုရှိပြီး ပြောင်းလဲဖို့ ကြိုးပမ်းကြလိမ့်မယ်။ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်စဉ်းစားရင်းနဲ့ ကျွန်မက တကယ်တမ်းမှာ သာမန်အစွမ်းအစရှိပြီး သမ္မာတရားကို လိုက်စားသူမဟုတ်ဘူးဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်မက နေ့စဉ်တာဝန်တွေ ပြီးအောင်လုပ်ဖို့နဲ့တင် ကျေနပ်နေပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ အာရုံမစိုက်ခဲ့ဘူး။ ဒါကြောင့် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မက ယှဉ်ပြိုင်တတ်နေတုန်းပဲ။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ခဏခဏ စိတ်ပူနေတုန်းပဲ။ အဆင့်အတန်းကို မရတဲ့အခါမှာ ကျွန်မဒေါသကို ကျွန်မတာဝန်အပေါ် ဖွင့်ချပြီး အလုပ်ကို လျစ်လျူရှုခဲ့တယ်။ ကျွန်မက ဘယ်သမ္မာတရားစစ်မှန်မှုမှ လုံးဝ မရှိခဲ့ပါဘူး။ ဒါတောင်မှပဲ ကျွန်မက ရာထူးတိုးချင်တယ်။ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေးမှ သိမြင်မှုမရှိခဲ့ဘူး။ ကျွန်မ ရာထူးတိုးဖို့နောက်ကို ဆက်မလိုက်သင့်ဘူးဆိုတာ သိသွားတယ်။ အဲဒီအစား ကျွန်မ နာခံသင့်ပြီး တာဝန်ကို လက်တွေ့ကျကျထမ်းဆောင်သင့်တယ်။ ဒါက ကျွန်မပိုင်ဆိုင်သင့်တဲ့ အသိစိတ်ပါပဲ။ ဒါကို သဘောပေါက်တော့ ကျွန်မ စိတ်အနှောင့်အယှက်မဖြစ်တော့ဘူး။ လက်ရှိ ရှိနေတဲ့အလုပ်အပေါ်မှာ ပုံမှန်တိုးတက်မှုတွေ စရှိလာခဲ့တယ်။ အဆုံးသတ်အလုပ်ကို ပိုအသေးစိတ်ပြီး ပိုပြီး နှံ့နှံ့စပ်စပ်လုပ်ဖို့နည်းလမ်းကိုလည်း ကျွန်မ စစဉ်းစားတယ်။ နောင်တမရဘဲ ပြီးအောင်လုပ်နိုင်ဖို့ပေါ့။ တာဝန်ရဲ့ လမ်းလွဲမှုတွေ၊ အမှားတွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အကျိုးအမြတ်တွေကိုလည်း စစ်ဆေးကြည့်တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်ပြီး ကျွန်မ စိတ်အေးပြီး စိတ်ချလက်ချဖြစ်တယ်။
အချိန်နည်းနည်းကြာတော့ လူသစ်အသင်းတော်တချို့ကို အချိန်ပိုင်း ကြီးကြပ်ဖို့ အသင်းတော်က ကျွန်မအတွက် စီစဉ်ခဲ့တယ်။ ဒီအစီအစဉ်ကို ကျွန်မ ကြားတော့ ခံစားချက်တွေက ရောထွေးနေတယ်။ ကျွန်မက ချို့ယွင်းချက်တွေ အများကြီးရှိတယ်လို့ ခံစားမိပြီး လူသစ်တွေကို ရေလောင်းခြင်းအားဖြင့် ကျွန်မရဲ့ လေ့ကျင့်မှုကို စမယ်ပေါ့။ ဒါပေမဲ့ အသင်းတော်က ကျွန်မကို ကြီးကြပ်သူအဖြစ်လုပ်ခိုင်းပြီး ပျိုးထောင်ဖို့အတွက် အခွင့်အရေးတစ်ခုပေးခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မအပေါ် တစ်ဖက်သတ်အမြင်တွေရှိပြီး ကျွန်မကို တမင်သက်သက် ရာထူးတိုးမပေးတာဆိုပြီး သူတို့ကို မှန်းဆပြီး အထင်လွဲခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ သူတို့က လူတွေကို ရွေးချယ်ပြီး အသုံးပြုတဲ့စည်းမျဉ်းတွေနဲ့ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံပြီး အမှုကိစ္စတွေကို အကဲဖြတ်တာပါ။ ကျွန်မက ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်တဲ့ အခြေအနေတစ်မှာ အသက်ရှင်နေတာကြောင့် ဒီလိုတွေးမိတာပါ။ ဒါကြောင့် ကျွန်မက ကျိုးကြောင်းမသင့်ခဲ့တာ။ စဉ်းစားကြည့်ရတာ တော်တော်ရှက်စရာကောင်းပါတယ်။ ကြီးကြပ်သူအဖြစ် လက်တွေ့လုပ်ဆောင်ရင်းနဲ့ ကျွန်မ ဖိအားတွေ အများကြီးခံရတယ်။ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့အတွက် သမ္မာတရားနဲ့ ကောင်းကောင်းပြင်ဆင်ထားချင်ခဲ့တယ်။ နောက်ပိုင်းနေ့တွေမှာ ကျွန်မနားမလည်တဲ့အရာတွေကို ကြုံရတဲ့အခါ ကျွန်မအလုပ်ဖော်တွေနဲ့ အဖြေတွေရှာတယ်။ ကျွန်မအချိန်တွေအားလုံးနီးပါးကို အသင်းတော်အလုပ်နဲ့ ကုန်ဆုံးတယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာတော့ ကျွန်မ ကြီးကြပ်တဲ့ အသင်းတော်အလုပ်က သိပ်မထိရောက်ဘူး။ အဲဒီအခါကျမှ ကျွန်မက ချို့ယွင်းချက်တွေ အများကြီးရှိတာကို သိလိုက်ရတယ်။ ဂုဏ်အဆင့်အတန်းရှိရင်တောင်မှ ကိုယ်က သမ္မာတရားမရှိရင် ကောင်းကောင်းလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် ကျွန်မက အရင်က အမြဲတမ်းပဲ ခေါင်းဆောင်ဖြစ်ချင်ခဲ့တာကို ပိုပြီးတော့တောင် ရှက်မိတယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်မကို သူများတွေလေးစားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို မစဉ်းစားတော့ဘဲ ကျွန်မတာဝန်ကိုပဲ ကောင်းကောင်းထမ်းဆောင်ချင်တယ်။ ကျွန်မတာဝန်အပေါ် ပိုပြီး လက်တွေ့ကျတဲ့ သဘောထားရှိခဲ့တယ်။ ဒီတော့ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ကျွန်မ လိုက်စားတာက နည်းနည်းပြောင်းသွားတယ်၊ တာဝန်ကို မှန်မှန်ကန်ကန်ထမ်းဆောင်ဖို့ အာရုံစိုက်နိုင်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ နောက်ထပ်ပတ်ဝန်းကျင်တစ်ခုက ကျွန်မအပေါ် ကျရောက်လာတဲ့အခါ ကျွန်မ ထပ်ပြီး ဖော်ထုတ်ခံရတယ်။
၂၀၂၁ခုနှစ်၊ ဇွန်လမှာ အလုပ်ပိုများပြီး ပြီးရမယ့်အချိန်အရမ်းနီးကပ်တဲ့ နောက်ထပ်ပရောဂျက်တစ်ခုကို တာဝန်ယူဖို့ အသင်းတော်ကကျွန်မကို စီစဉ်ပေးတယ်။ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ရပေမဲ့ ကျွန်မတို့အားလုံးအလုပ်ကြိုးစားကြပြီး သုံးလေးလကြာပြီးတဲ့နောက်မှာ ကျွန်မတို့အလုပ်က ပိုပြီး ထိရောက်လာတယ်။ အရင်နှစ်ကအလုပ်ထက် နှစ်ဆပိုပြီးခဲ့တယ်။ ကျွန်မ တော်တော်ဂုဏ်ယူမိတယ်။ ကျွန်မတို့ ဒီရလဒ်တွေကိုရတဲ့နေရာမှာ ကျွန်မက တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တယ် ဒါကြောင့် ခေါင်းဆောင်တွေက တစ်ယောက်ယောက်ကို ရာထူးတိုးပေးချင်ရင် ကျွန်မကို စဉ်းစားဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ခံစားမိခဲ့တယ်။ မျှော်လင့်မထားဘဲနဲ့ နောက်သုံးလေးရက်မှာ ခေါင်းဆောင်တွေက လူတွေကို ရာထူးတိုးပေးပြီး လေ့ကျင့်ပေးဖို့ ဆွေးနွေးနေတာကို ကျွန်မ ကြားရတယ်။ ပြီးတော့ ကျွန်မ သိခဲ့ဖူးတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ နာမည်တွေကို ရံဖန်ရံခါ ကြားနေရတယ်။ ဒီသတင်းကိုကြားရတော့ ကျွန်မစိတ်နှလုံးက မကျေမနပ်ဖြစ်သွားပြီး ကျွန်မစိတ်တွေက အပြင်းအထန်လှုပ်ရှားလာပြန်တယ်။ “သူတို့က နေရာတိုင်းမှာ ရာထူးတိုးပြီး ပျိုးထောင်ပေးဖို့ လူတွေကို ရှာနေတဲ့ပုံစံပဲ။ အတော်အတန်သင့်တော်တဲ့ ဘယ်သူကိုမဆို သူတို့ ထည့်စဉ်းစားမှာပဲ။ ငါက တာဝန်မှာ ထိရောက်မှှုရှိနေတာ။ ဒီလို လူနည်းနေတာကို ခေါင်းဆောင်တွေက ဘာလို့ ငါ့ကို ရာထူးမတိုးပေးသေးတာလဲ။ ခေါင်းဆောင်တွေက ငါ့အကြောင်းသိပြီးတော့ ငါက သမ္မာတရားကို လိုက်စားသူမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာလား ငါက အပြင်ပိုင်းကိစ္စတွေကိုပဲ ကိုင်တွယ်နိုင်တဲ့သူလို့ ထင်ကြတာလား။ သူတို့က ဒီလိုထင်တာဆိုရင် ငါက ရာထူးတိုးပြီး ပျိုးထောင်ခံရဖို့ အခွင့်အရေးကို ရပါဦးမလား” ပေါ့။ ဒီအတွေးကြောင့် ကျွန်မ စိတ်မသက်မသာဖြစ်ပြီး အနာဂတ်အတွက် အားလျော့နေမိတယ်။ ဘယ်လောက်ပဲ လိုက်စားပါစေ ကျွန်မတာဝန်မှာ ဘယ်တော့မှ တိုးတက်ဖို့အခွင့်အလမ်းရှိမှာမဟုတ်ဘူးလို့ ခံစားမိခဲ့တယ်။ ခေါင်းဆောင်တွေအပေါ်လည်း တစ်ဖက်သတ်အမြင်ဖြစ်လာခဲ့တယ်။ တစ်ခါတလေမှာ ခေါင်းဆောင်တွေက ကျွန်မကို စကားပြောတဲ့အခါ ကျွန်မက လျစ်လျူရှုလိုက်တယ်။ ကျွန်မက တတ်နိုင်သမျှ အနည်းဆုံးပဲပြောပြီး ကျွန်မဘေးက ညီအစ်မတွေကိုတောင် မမြင်ချင်တော့ဘူး။ အမြဲတမ်း သုန်မှုန်နေပြီး စကားတွေအများကြီးမပြောချင်ခဲ့ဘူး။ တစ်ချိန်လုံး တစ်ယောက်တည်းပဲ နေချင်ခဲ့တယ်။ မသိစိတ်ကနေ တာဝန်ခံယူတာမရှိတော့ဘူး။ ဘယ်လောက်ပဲကောင်းအောင်လုပ်လုပ် ခေါင်းဆောင်တွေက ကျွန်မ အားစိုက်မှုနဲ့ မြုပ်နှံမှုကို မမြင်နိုင်ဘူးလို့ ခံစားမိခဲ့တယ်။ ဒီတော့ ဘာလို့ ကြိုးစားလုပ်နေမှာလဲ ပေါ့။ ဖြစ်ရုံလောက်ပဲ လုပ်တော့မယ်ပေါ့။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သိက္ခာ၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် မကြည်ညို၊ သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် မချင့်မရဲဖြစ်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် ပြောဆိုခွင့်ရှိရန်၊ ဂုဏ်သတင်းတစ်ခုရှိရန်၊ ဤသို့ဖြင့် အကျိုးအမြတ်များကို ခံစားရရန်၊ ဂုဏ်အဆင့်အတန်းရှိရန်ဖြစ်သည်။ ဤအရာများကို ၎င်းတို့ မကြာခဏ တွေးဆကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့နှင့် စတင်သည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့စိတ်နှလုံးတွင် သမ္မာတရားကို စိတ်ကုန်နေသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) အန္တိခရစ်တွေဟာ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ချစ်မြတ်နိုးတယ်၊ ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်လို့မြင်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။ အဆင့်အတန်းကို သူတို့ မရတဲ့အခါမှာ ဘုရားသခင်ကို ယုံကြည်ခြင်းက ငြီးငွေ့ဖွယ်ကောင်းတယ်လို့ မြင်ကြတယ်။ ဘုရားသခင်အပေါ် သူတို့ရဲ့ ယုံကြည်မှုနဲ့ တာဝန်တွေမှာ ရိုးသားစစ်မှန်မှုမရှိကြဘူး။ သမ္မာတရားကို နားလည်ဖို့အတွက်လည်း ဒါတွေကို မလုပ်ဆောင်ကြဘူး။ အဲဒီအစား ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းကိုရဖို့၊ သူတို့ကို လူတွေ အထင်ကြီးလေးစားအောင်လုပ်ဖို့ ဒါတွေကို လုပ်ဆောင်ကြတယ်။ ဒါဟာ အန္တိခရစ်တွေရဲ့ စိတ်သဘောထားတွေက အထူးသဖြင့် ဆိုးယုတ်တယ်ဆိုတာ ပြတယ်။ ရာထူးတိုးပြီး ပျိုးထောင်ခံရတာကို ကျွန်မ အမြဲတမ်းလိုက်စားပုံကို စဉ်းစားမိတယ်။ အဲဒီလိုမလုပ်တဲ့အချိန်မှာ ကျွန်မက မတက်မကြွဖြစ်ပြီး စိတ်မပါတော့ဘူး။ ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းကို ကျွန်မ လိုက်စားတာကို ကျွန်မ ထိန်းလို့ရမနေတော့ဘူး။ အန္တိခရစ်က ပြသတဲ့အရာနဲ့ အတူတူပါပဲ။ ကျောင်းတက်နေတုန်းမှာ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်။ ရေသည် နိမ့်ရာသို့ စီးဆင်း၏” “ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ရန် စိတ်မကူးသော စစ်သားတစ်ဦးသည် စစ်သားဆိုးတစ်ဦးဖြစ်သည်”ဆိုတာနဲ့ အဲဒါတွေနဲ့ ဆင်တူတဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေကို အသက်ရှင်သန်ရေး နိယာမတွေအဖြစ်ယူခဲ့တာကြောင့် အကောင်းဆုံးအဆင့်တွေရဖို့ ကျွန်မ အားထုတ်ခဲ့ပုံကို စဉ်းစားမိတယ်။ ကျွန်မက ပထမနေရာမရရင် အနည်းဆုံးတော့ ဂုဏ်ပြုထိုက်တဲ့ ကျေင်းသားဖြစ်အောင်လုပ်ခဲ့ပြီး အတန်းဖော်တွေ၊ ဆရာတွေက ချီးကျူးတာကို ရခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ခေါင်းဆောင်ဖြစ်ဖို့ကို ကျွန်မပန်းတိုင်အဖြစ် လိုက်စားခဲ့တယ်။ ဂုဏ်အဆင့်အတန်းရှိရင် ဘုရားအိမ်တော်မှာ နေရာတစ်ခုရှိနိုင်တယ်၊ ကျွန်မကို လူတွေသိအောင်လုပ်နိုင်တယ်၊ ကျွန်မကို လူတွေပိုပြီး အထင်ကြီးလေးစားအောင်လုပ်နိုင်တယ် ကျွန်မစကားတွေကို အရေးပါအောင်လုပ်နိုင်တယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် အသင်းတော်အလုပ်မှာ လူတွေကို အရေးတကြီးလိုအပ်ပြီး ခေါင်းဆောင်တွေက ကျွန်မကို ထည့်မစဉ်းစားတဲ့ပုံစံရှိတဲ့အခါမှာ ကျွန်မက မတက်မကြွဖြစ်ပြီး စိတ်ဆင်းရဲခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့ တွန်းအားမရှိတော့ဘူး။ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ဦးတည်ချက်နဲ့ ပန်းတိုင်မရှိဘူးလို့တောင် ခံစားမိခဲ့တယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက်ကိုလိုက်တာက ကျွန်မဘဝဖြစ်လာတာကို မြင်ခဲ့တယ်။ နေ့တိုင်း ဒါက ကျွန်မဘဝနဲ့ ကျွန်မရဲ့လုပ်ရပ်တွေကို ထိန်းချုပ်တယ်။ ဒီတော့ ဘယ်အုပ်စုထဲမှာ ကျွန်မရောက်နေပါစေ သူများတွေက လေးစားပြီး ချီးမွမ်းတာကိုအမြဲတမ်း ခံချင်ခဲ့ပြီး နောက်မှာကျန်နေရတာကို မုန်းခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မကို အသိအမှတ်ပြုတဲ့အခါ၊ အထင်ကြီးတဲ့အခါ၊ အရေးကြီးအလုပ်လုပ်ဖို့ ရာထူးတိုးပေးတဲ့အခါမှာ အရမ်း ကျေနပ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ အသိအမှတ်ပြုမှု၊ ရာထူးတိုးပေးမှုမရှိရင် အပျက်သဘောဆောင်လာပြီး အကျင့်ပျက်လာတယ်။ တာဝန်တွေကို ဖြစ်သလိုလုပ်ပြီး စိတ်မဝင်စားတော့ဘူး။ လက်တောင်လျှော့လိုက်ချင်ခဲ့တယ်။ အခု ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်မှုက ရိုးသားစစ်မှန်မှုမရှိဘူး၊ ဂုဏ်အဆင့်အတန်းအတွက်ပဲဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ ကျွန်မရဲ့ ဂုဏ်အဆင့်အတန်းကမြင့်တဲ့အခါမှာ အားမာန်တက်ကြွပြီး ကြိုးစားအားထုတ်တယ်။ ဒါပေမဲ့ ဂုဏ်အဆင့်အတန်းကို မရနိုင်တဲ့အခါ ကျွန်မ လိုက်စားတဲ့နေရာမှာ ဦးတည်ချက်နဲ့ ပန်းတိုင်ပျောက်သွားတယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ကျွန်မ လိုက်စားတာက ကျွန်မရဲ့ ရိုးတွင်းချဉ်ဆီထဲမှာ ဖြစ်တည်လာတာကို မြင်ခဲ့တယ်။ ဒီလိုမျိုး အခြေအနေကို ကျွန်မ ကြုံရတဲ့အခါတိုင်း အပျက်သဘောဆောင်ပြီး အားနည်းလာတယ်။ ပုန်ကန်တဲ့ အခြေအနေမှာ အသက်ရှင်ပြီး တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒီလိုဆက်သွားနေရင် ကျွန်မ တော်တော်အန္တရာယ်ရှိတယ်ဆိုတာ ရုတ်တရက် သဘောပေါက်လိုက်တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တယ်။ “လူအချို့သည် ဂုဏ်အဆင့်အတန်းနှင့် သြဇာတိက္ကမကို အမှန်တကယ် ချစ်မြတ်နိုးကြသည်။ ယင်းတို့ကို နက်နက်ရှိုင်းရှိုင်း တွယ်တာလျက် မစွန့်နိုင်ပေ။ ၎င်းတို့သည် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမမရှိဘဲ အသက်ရှင်ရာ၌ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်မရှိ၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက် အသက်ရှင်သည့်အခါမှသာ ဤဘဝတွင် မျှော်လင့်ချက်ရှိသည်ဟု၊ အနည်းငယ်မျှကျော်ကြားရန်အတွက်ပင် ဆက်လက်၍ ယှဉ်ပြိုင်ကြိုးစားဦးမည်၊ မည်သည့်အခါမျှ အရှုံးမပေးဟု အစဉ် ခံစားကြသည်။ ဤသည်မှာ သင့်တွင် ရှိသော အတွေးအမြင်ဖြစ်လျှင် သင်၏ စိတ်နှလုံးသည် ဤသို့သောအရာများဖြင့် ပြည့်နေလျှင် သင်သည် သမ္မာတရားကိုချစ်ပြီး လိုက်စားခြင်းကို မစွမ်းဆောင်နိုင်ပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် မှန်ကန်သောဦးတည်ချက်နှင့် ရည်ရွယ်ချက်ကင်းမဲ့သည်။ သင့်ကိုယ်သင် သိမြင်မှုကို လိုက်စားခြင်း၊ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်ခြင်းနှင့် လူ၏ ပုံရိပ်ကို အသက်ရှင်နေထိုင်ခြင်းတို့ကို မစွမ်းဆောင်နိုင်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ အရေးကိစ္စများကို လျစ်လျူရှုသည်။ သင်သည် မည်သည့်တာဝန်သိစိတ်မျှမရှိဘဲ မကောင်းမှုကို မကျူးလွန်ခြင်း၊ ပြဿနာမဖြစ်စေခြင်း၊ အထုတ်မခံရခြင်းတို့ဖြင့်သာ ကျေနပ်နေသည်။ ဤသို့သောလူတို့သည် တာဝန်ကို လက်ခံနိုင်ဖွယ်ဖြစ်သည့် စံနှုန်းဖြင့် ထမ်းဆောင်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သလော။ မဖြစ်နိုင်ပေ။ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် လုပ်ဆောင်သောအခါ သင်က ‘ကြွားဝါခြင်းက မကောင်းမှု မဟုတ်။ ငါသည် ငါ၏တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာသည် မကောင်းမှုမဟုတ်ဘဲ အနှောင့်အယှက်မပါဝင်သရွေ့ ငါ၏ ရည်ရွယ်ချက်က မှားလျှင်ပင် မည်သူကမျှ မမြင်နိုင်၊ သို့မဟုတ် ငါ့အား မရှုတ်ချနိုင်ပေ။’ ဟု ထင်မြင်ဆဲဖြစ်သည်။ ဘုရားသခင်က အရာအားလုံးကို စိစစ်သည်ကို သင်မသိပေ။ သင်သည် သမ္မာတရားကို လက်မခံလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်လျှင်၊ ဘုရားသခင်၏ ရွံရှာခြင်း၊ ငြင်းပယ်ခြင်းကို ခံရလျှင် သင့်အတွက် အားလုံးပြီးဆုံးသွားပြီဖြစ်သည်။ ဘုရားသခင်ကို မကြောက်ရွံ့သောသူအားလုံးတို့သည် မိမိတို့ကိုယ်ကို တော်သည်ဟု ထင်မြင်ကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ပုန်ကန်ပြစ်မှားခဲ့သည်ကိုပင် မသိကြပေ။ လူအချို့မှာ ဤအရာတို့ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ၎င်းတို့က ‘ငါသည် ပို၍ အလုပ်လုပ်ရန်၊ တာဝန်ကိုပို၍ ယူရန်အတွက်သာ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အပေါ် ကြားဝင်ခြင်း၊ သို့မဟုတ် နှောင့်ယှက်ခြင်းမပါဝင်ပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သေချာပေါက် မထိခိုက်ပေ။ ဤသည်မှာ အကြီးစား ပြဿနာတစ်ခုမဟုတ်။ ဘုရားသခင် တောင်းဆိုသောအရာမှာ များပြားခြင်းမရှိ။ လူတို့မလုပ်နိုင်သည့်၊ လုပ်မည်မဟုတ်သည့် အရာများကို လုပ်ဆောင်ရန် ဘုရားသခင်က လူတို့ကို အတင်းအကျပ်မခိုင်းပေ။ ငါသည် အဆင့်အတန်းကိုချစ်ပြီး ငါ၏ အဆင့်အတန်းကို ကာကွယ်ကောင်းကာကွယ်နိုင်သည်။ သို့သော် ယင်းသည် မကောင်းသော လုပ်ဆောင်မှုမဟုတ်ပေ။’ ဟု ထင်မြင်ကြသည်။ အပေါ်ယံတွင် ဤသို့သောလိုက်စားမှုသည် မကောင်းမှုတစ်ခု ဖြစ်သည့်ပုံစံမရှိပေ။ သို့သော် အဆုံးတွင် မည်သို့ ဖြစ်စေသနည်း။ ဤသို့သောလူတို့သည် သမ္မာတရားကို ရလိမ့်မည်လော။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိမည်လော။ လုံးဝ မရရှိပေ။ ထို့ကြောင့် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် မှန်ကန်သောလမ်းကြောင်းမဟုတ်ပေ။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်း၏ ဆန့်ကျင်ဘက် ဦးတည်ရာသို့ သွားသည်။ အနှစ်ချုပ်လျှင် သင့်လိုက်စားမှု၏ ဦးတည်ချက်၊ သို့မဟုတ် ပစ်မှတ်က မည်သည့်အရာဖြစ်စေ၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားခြင်းအား ဆင်ခြင်သုံးသပ်ခြင်းမရှိလျှင်၊ ဤအရာများကို ဘေးချထားရန် အလွန်ခက်ခဲသည်ဟု မြင်လျှင် ယင်းတို့သည် သင်၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဂုဏ်အဆင့်အတန်းက နေရာတစ်နေရာရှိနေသရွေ့ ယင်းသည် သင်၏ ဘဝဦးတည်ချက်နှင့် သင်ကြိုးပမ်းသော ပန်းတိုင်များကို လုံးဝ ထိန်းချုပ်ပြီး လွှမ်းမိုးလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန်၊ သင်၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ မပြောဆိုရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အဆုံးတွင် ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ခြင်း ရှိမရှိဆိုသည်မှာ အခြားကိစ္စတစ်ခုဖြစ်သည်မှာ မှန်သည်။ ထို့အပြင် သင်၏ အဆင့်အတန်းကို လိုက်စားခြင်းအား မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်လျှင်၊ သင်၏ တာဝန်ကို လုံလောက်စွာ ထမ်းဆောင်နိုင်ရန် သင်၏ အရည်အချင်းအပေါ် သက်ရောက်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာရန် သင့်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အမုန်းတီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အမှန်းတီးဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ သဘာဝအရ ဤအရာအားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး— ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ— နောက်ဆုံးတွင် ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ သေးငယ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ ချီးကျူးခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်။ ဤသည်မှာ လမ်းဆုံးတစ်ခုဖြစ်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ကြောက်လန့်သွားပြီး ဒါ ကျွန်မကို ဘုရားသခင် သတိပေးတာပဲလို့ ခံစားမိတယ်။ ကျွန်မရဲ့ ဂုဏ်အဆင့်အတန်းကို မြတ်နိုးနေဆဲဖြစ်ပြီး ဘဝက ဂုဏ်အဆင့်အတန်းနဲ့ အရေးကြီးတဲ့ကဏ္ဍတွေမပါရင် မျှော်လင့်ချက်မရှိဘူးလို့ ထင်ရင် ဒီလို လိုက်စားခြင်းက ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်းပဲ။ ကိုယ့်ကိုယ်ကိုယ် ဦးစီးစီမံတာမဟုတ်ဘဲ ဖန်ဆင်းခံတစ်ယောက်ရဲ့နေရာကနေ ကိုယ့်တာဝန်ကို မထမ်းဆောင်ဘူး။ ဒါကြောင့် ဒီလမ်းကို ဆက်သွားနေရင် လမ်းရှိမှာမဟုတ်တော့ဘူး။ အဆုံးမှာ ငရဲကို ပို့ခံရပြီး အပြစ်ဒဏ်ပေးခံရမှာပါ။ ကြောက်ရွံ့တုန်လှုပ်ရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တစ်ခါတည်း သုံးလေးခေါက်လောက်ဖတ်လိုက်တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့မရနိုင်ဘူးဆိုတာ ကျွန်မစိတ်နှလုံးထဲကနေ ခံစားလိုက်ရတယ်။ လူသားတွေမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရှိတယ်၊ ဒါကြောင့် ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းနောက်လိုက်တာသာ သာမန်ပဲ၊ လူတိုင်းက သူတို့ဂုဏ်အဆင့်အတန်းကို တိုးတက်ဖို့ ကြိုးစားတယ်၊ မကြိုးစားတဲ့သူတွေက ရည်မှန်းချက်မရှိဘူး၊ ပန်းတိုင်၊ ဒါမှမဟုတ် စိတ်ပြတ်သားမှုမရှိဘူးလို့ ကျွန်မ ထင်လေ့ရှိခဲ့တယ်။ ဒါကြောင့် ဒီနယ်ပယ်မှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို အလေးအနက်မထားခဲ့ဘူး။ တစ်ခါတလေမှာ ဒီအတိုင်းပဲ အပျက်သဘောဆောင်မိတယ်။ သုံးလေးရက်ကြာပြီးရင် ကောင်းသွားလိမ့်မယ်လို့ ထင်ခဲ့တာ။ အဲဒါက ကျွန်မအလုပ်ကို အရမ်း မနှောင့်နှေးသွားစေဘူး။ ကျွန်မက အလွန်အကျွံ ဘာမှမလုပ်ခဲ့ဘူး။ ဒီတော့ ပြဿနာက ကြီးတယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ ဂုဏ်အဆင့်အတန်းနောက်လိုက်တာက လမ်းဆုံးပဲလို့ ဘုရားက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ချင့်ချိန်စဉ်းစားပြီး ကျွန်မ တစ်ခုကို နားလည်သွားတယ်။ ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းနောက်လိုက်တာက ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခုပဲ။ ဘုရားကို အာခံတဲ့ လမ်းကြောင်းဖြစ်တယ်။ ဒီလိုမျိုး လိုက်စားတာက ဘုရားကို ဆန့်ကျင်ပြီး ဂုဏ်အဆင့်အတန်းအတွက် ဘုရားကို ယှဉ်ပြိုင်တာပဲ။ ဒီလိုလုပ်တဲ့သူတွေဟာ ဘုရားကို အာခံတဲ့အတွက် ဘုရားရဲ့ အပြစ်ဒဏ်ပေးတာကို ခံရမယ်။ ကောင်းကင်တမန်မင်းအကြောင်း ကျွန်မ တွေးမိတယ်။ သူ့ရဲ့ အဆင့်အတန်းက မြင့်နေပြီ။ ဒါပေမဲ့ မကျေနပ်ဘူး။ ဘုရားသခင်ရဲ့ အဆင့်အတန်းကို အရမ်းလိုချင်ပြီး ဘုရားသခင်နဲ့ ညီတူညီမျှဖြစ်ချင်တယ်။ အဆုံးမှာ ဘုရားသခင်က သူ့ကို လေထဲကို ပစ်ချလိုက်တယ်။ ကျွန်မက အသင်းတော်မှာ တချို့အလုပ်တွေကို ဦးဆောင်နေရပြီ။ ကျွန်မရဲ့ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုကို ကြည့်ရင် ဒီလိုအရေးကြီးတဲ့အလုပ်ကို ယူဖို့ မထိုက်တန်ပါဘူး။ ဒါတောင်မှ ကျွန်မက မကျေနပ်ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်တာဝန်မှာ အကောင်းဆုံး ရလဒ်တွေကို ရဖို့ မကြိုးပမ်းခဲ့ဘူး။ အဲဒီအစား ကျွန်မက ကြွားဝါပြီး ကျွန်မကို လူတွေအထင်ကြီးလေးစားအောင်လုပ်ဖို့ ပိုမြင့်တဲ့အလုပ်ကို လုပ်ချင်ခဲ့တယ်။ ကျွန်မက ကောင်းကင်တမန်မင်းလိုပဲ မဟုတ်ဘူးလား။ ပြီးတော့ ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းအတွက် ကြိုးစားတဲ့ ကျွန်မရဲ့ အခြေအနေမှာ အသက်ရှင်နေတဲ့အခါ ကျွန်မစိတ်ကူးသလို သုံးလေးရက်လောက်ပဲ အပျက်သဘောဆောင်တာမဟုတ်ဘူး။ အဆုံးမှာ အလုပ်ကို နှောင့်နှေးစေတယ်။ ဂုဏ်အဆင့်အတန်းကို မရတဲ့အခါမှာ နုတ်ထွက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အဆင့် ဘုရားအိမ်တော်ရဲ့အလုပ်ကို အလေးအနက်မထားတဲ့အဆင့် တာဝန်ကို စိတ်မဝင်စားဘဲ တတ်နိုင်သမျှ ဖြစ်သလိုလုပ်ပြီး အချိန်ဆွဲတဲ့ အဆင့် ဘုရားအိမ်တော်ရဲ့အလုပ်က ထိခိုက်သလားဆိုတာကို လုံးဝ ဂရုမစိုက်တဲ့အဆင့်ထိ ရောက်ခဲ့တယ်။ ဘုရားသခင်ရဲ့ အစီအစဉ်တွေကို ကျွန်မ နာခံဖို့ မလိုလားခဲ့ဘူး။ ဂုဏ်အဆင့်အတန်းအတွက် အမြဲတမ်း ကြိုးစားတယ်။ မရခဲ့ရင် မတက်မကြွဖြစ်ပြီး ရန်လိုလာတယ်။ ကျွန်မက ဘုရားကို အာခံတဲ့လမ်းကြောင်းကို လျှောက်နေတာပါ။ ဘုရားသခင်က ကျွန်မကို ဘယ်လို မမုန်းဘဲ နေမှာလဲ။ ဒီလိုတွေးရင်းနဲ့ ကျွန်မ ကြောက်ပြီး နောင်တရလာတယ်။ နောင်တရချင်ပြီး ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းနောက်ကို မလိုက်ချင်တော့ပါဘူးဆိုတာပြောဖို့ ဘုရားကို အမြန်ဆုတောင်းလိုက်တယ်။
နောက်ပိုင်းမှာ ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းရဲ့ ချည်နှောင်မှုတွေကနေ လွတ်မြောက်ဖို့ နည်းလမ်းကို ဘုရားနှုတ်ကပတ်တော်ထဲကနေ ကျွန်မ တွေ့ပြီး ဖန်ဆင်းခံတစ်ယောက်က ဘာကို လိုက်စားသင့်သလဲဆိုတာကို နားလည်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) အဆင့်အတန်းနဲ့ ကြီးမြတ်တဲ့လူဖြစ်ဖို့ လိုက်စားတာဟာ ဘုရားသခင်မုန်းတီးတဲ့ အရာတစ်ခုပဲလို့ ဘုရားနှုတ်ကပတ်တော်က ရှင်းရှင်းလင်းလင်း ပြောပါတယ်။ လူတွေရှိသင့်တဲ့ တကယ့်လိုက်စားမှုက စစ်မှန်တဲ့ ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းပဲ။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဘာကိုလိုက်စားသင့်တယ်ဆိုတာ ကျွန်မ သိသွားတယ်။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ဘယ်အလုပ်ကို ကျွန်မ တာဝန်ယူနိုင်တယ်ဆိုတာ ဘုရားက အသိဆုံးပဲ။ ဘယ်ရာထူးမှာကျွန်မရှိနေပါစေ ဘုရားသခင်လိုချင်တာက ဖန်ဆင်းခံတစ်ယောက်ရဲ့ ကဏ္ဍကို လက်တွေ့ကျတဲ့ပုံစံနဲ့ ထမ်းဆောင်ပြီး ကျွန်မတာဝန်ကို မှန်မှန်ကန်ကန်ဖြည့်ဆည်းဖို့ပဲ။ ကျွန်မရဲ့ ရည်မှန်းချက်တွေနဲ့ ဆန္ဒတွေကို လက်လွတ်ဖို့ ဘုရားကို ကျွန်မ ဆုတောင်းဖို့လိုတယ်။ ဘယ်တာဝန်ကိုပဲ ကျွန်မ ထမ်းဆောင်ရပါစေ ဘုရားသခင်ရဲ့ အစီအစဉ်တွေကို ကျွန်မ နာခံရမယ်။ ကိုယ်ပိုင်တာဝန်တွေကို ဖြည့်ဆည်းပြီး ကျွန်မတာဝန်မှာ ထိရောက်မှုရှိဖို့ ကြိုးပမ်းရမယ်။ ဒါက ဖန်ဆင်းခံတစ်ယောက်လုပ်ဆောင်သင့်တဲ့အရာပဲ။ အဲဒီနောက်မှာ ကျွန်မ ရာထူးတိုးခံရမလားဆိုတာကို ထည့်မစဉ်းစားတော့ဘူး။ အဲဒီအစား အကောင်းဆုံးရလဒ်တွေကိုရဖို့ ဘယ်လိုပိုပြီးတော့ ထိရောက်အောင်လုပ်ရမယ်ဆိုတာကို သတိရှိရှိနဲ့ ချင့်ချိန်စဉ်းစားတယ်။ ပြဿနာတွေ ပေါ်လာတဲ့အခါ ဖြေရှင်းဖို့ နည်းလမ်းတွေကို စဉ်းစားတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ အခက်အခဲတချို့ကို ကျော်လွှားဖို့အတွက် ညီအစ်ကိုမောင်နှမတွေနဲ့ အတူ အလုပ်လုပ်တယ်။ ကျွန်မတို့အလုပ် ထိရောက်မှုကလည်း တိုးတက်လာတယ်။
နောက်နေ့တွေမှာ ကျွန်မရဲ့ အရင်က အလုပ်ဖော်တွေက ခေါင်းဆောင်တွေ၊ ကြီးကြပ်သူတွေအဖြစ် ရာထူးတိုးခံရတယ်ဆိုတာကို ရံဖန်ရံခါ ကြားနေရတုန်းပဲ။ သူများတွေက ရာထူးတိုးခံရတာကြောင့် သူတို့ကို လူသိများအောင်လုပ်နိုင်တယ်၊ ကျွန်မကတော့ အရင်နေရာမှာပဲ ပိတ်မိနေတယ်လို့ ခံစားမိတာကြောင့် ကျွန်မ နည်းနည်း စိတ်ပျက်မိပေမဲ့ ဒါဟာ ဂုဏ်အဆင့်အတန်းလိုချင်တဲ့ ကျွန်မဆန္ဒကြောင့်ဖြစ်တယ်ဆိုတာ အမြန်သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ အမြန်ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်တယ်။ ဘုရားနှုတ်ကပတ်တော်ကို တွေးတယ်။ “ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး— ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ— နောက်ဆုံးတွင် ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ သေးငယ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။” အဲဒီမှာ ကျွန်မပန်းတိုင်တွေက ကျွန်မစိတ်နှလုံးထဲမှာ ရှင်းလင်းသွားတယ်။ ဂုဏ်အဆင့်အတန်းကို ဘုရားသခင်က လူတွေအတွက် ကြိုတင်ပြဌာန်းထားတာမဟုတ်ဘူးဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ကိုယ့်တာဝန်က ဘာပဲဖြစ်နိုင်ပါစေ ကိုယ်က တာဝန်ထမ်းဆောင်နေတာပဲ။ ဒါက သင့်တော်တဲ့နေရာမှာ ကိုယ်ပိုင်အားသာချက်တွေနဲ့ အရည်အချင်းတွေကို အသုံးပြုနေတာလည်းဖြစ်တယ်။ ခေါင်းဆောင်ဖြစ်တာက အဆင့်အတန်းရှိတယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ ပိုမြင့်တဲ့၊ ပိုနိမ့်တဲ့ရာထူးတွေမရှိဘူး။ လူတွေအတွက် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေက အရည်အသွေးပြည့်မီတဲ့ ဖန်ဆင်းခံတွေဖြစ်လာပြီး ဘုရားသခင်ရဲ့ အစီအစဉ်တွေကို လိုက်နာဖို့ပဲ။ ဒါတွေကသာ မှန်ကန်တဲ့ လိုက်စားမှုတွေပဲ။ လူတွေက ဘုရားသခင်ကို မနာခံနိုင်ရင်၊ တာဝန်တွေကို မထိန်းသိမ်းနိုင်ရင် လှေကားပေါ်တက်ပြီး ဂုဏ်အဆင့်အတန်းကိုရယူတာကိုပဲ လိုက်စားရင် ဒါဟာ ရှက်စရာပါပဲ။ ကျွန်မဘေးက ညီအစ်ကိုမောင်နှမတွေ ရာထူးတိုးတာကို မြင်ပြီး ကြားရတာဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ စမ်းသပ်မှုဖြစ်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်က ကျွန်မ သဘောထားကို စောင့်ကြည့်နေတာပါ။ ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းအားဖြင့် ဒါတွေကို ကျွန်မ မှန်မှန်ကန်ကန် လက်ခံရရှိနိုင်တယ်။ အပျက်သဘောမဆောင်တော့ဘူး။ တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်တယ်။ ဒါတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ ဘုရားရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက ဂုဏ်အဆင့်အတန်းကို ချစ်ပြီး တကယ်ပဲ ခေါင်းဆောင်ဖြစ်လာရင် အန္တိခရစ်ရဲ့လမ်းကြောင်းကို ကိုယ်တိုင်မသိဘဲ လျှောက်နေမိမှာပဲ။ ကိုယ့်ကိုယ်ကိုယ်ပဲ ဖျက်ဆီးပစ်နိုင်တယ်။ အခု ကျွန်မ နာခံနိုင်ပြီး တာဝန်မှာ လက်တွေ့ကျလာတယ်။ ဒါတွေက ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းရဲ့ သက်ရောက်မှုတွေပဲ။ ကျေးဇူးတော်ပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။