တာဝန်တစ်ခုကို အယောင်ပြသက်သက်ထမ်းဆောင်ခြင်း၏ အကျိုးဆက်များ
ရှောင်မော့ စပိန်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော်သုံးလေးခုရဲ့ အလုပ်တွေကို ကျွန်မ ဦးဆောင်ရတယ်။ ဒီအသင်းတော်တွေက တည်ထောင်တာ မကြာသေးဘူး။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက ခေါင်တဲ့ တောင်ပေါ်ရွာလေးတစ်ရွာမှာ ကြီးပြင်းခဲ့တာပါ။ အိမ်က ဆင်းရဲတော့ အိမ်နီးနားချင်းတွေက ကျွန်မတို့ကို အထင်သေးကြတယ်။ မိဘတွေက ကျွန်မကို ခဏခဏ ဆုံးမတယ်။ “လူဆိုတာ ရည်မှန်းချက် ရှိရမယ်၊ ဂုဏ်သိက္ခာနဲ့ နေရမယ်။ သူများ အထင်သေးတာ မခံရစေနဲ့။ သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” တဲ့။ ဒီစကားတွေရဲ့ လွှမ်းမိုးမှုကြောင့် ကျောင်းတက်တုန်းက သူများ အထင်ကြီးတာ ခံရအောင် ကျွန်မ စာကြိုးစားခဲ့တယ်။ နေ့တိုင်း ကျွန်မက ရေနံဆီမီးခွက်ရဲ့ အလင်းရောင်နဲ့ ည ၁၁ နာရီ၊ ၁၂ နာရီအထိ စာကျက်ခဲ့တယ်။ အလုပ်စလုပ်တော့လည်း သူဌေးရဲ့ အသိအမှတ်ပြုမှုနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုကို ရဖို့ အချိန်ပိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့တယ်။ စံပြဝန်ထမ်း ရွေးတိုင်း ကျွန်မ အမြဲ ပါတာပေါ့။ ဒီလို ဂုဏ်ပြုမှုတွေ ရလာတော့ ကျွန်မရဲ့ ရာထူးနဲ့ အဆင့်အတန်းလည်း မြင့်တက်လာတယ်လို့ ခံစားရတယ်။ ဘုရားသခင်ကို တွေ့ရှိပြီးနောက်မှာလည်း ကျွန်မ တက်တက်ကြွကြွ လိုက်စားခဲ့တော့ တစ်နှစ်အကြာမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ရွေးကောက်တင်မြောက်ခံရတယ်။ နောက်ပိုင်းမှာ ကျွန်မကို တရားဟောဆရာမ၊ ပြီးတော့ စာနဲ့ပတ်သက်တဲ့ အလုပ် ကြီးကြပ်ရေးမှူးဆိုပြီး ရာထူးတိုးပေးခဲ့ကြတယ်။ ဘုရားသခင်ကို တွေ့ရှိပြီးကတည်းက ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးအနေနဲ့ပဲ အမြဲ အစေခံခဲ့ရတော့ ကိုယ့်ကိုယ်ကိုယ် သမ္မာတရား လိုက်စားတဲ့သူလို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်မှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ လိုက်စားပြီး လက်တွေ့ကျတဲ့ အလုပ်မလုပ်တာ၊ တာဝန်မှာ အကျိုးရလဒ် တစ်ခုမှ မထွက်တာတွေကြောင့် ကျွန်မ ဖြုတ်ချခံလိုက်ရတယ်။ အိမ်မှာ ဆင်ခြင်သုံးသပ်နေတဲ့ အချိန်အတွင်း ကျွန်မ တော်တော်ကို စိတ်ဆင်းရဲပြီး ညှဉ်းပန်းခံခဲ့ရတယ်။ ဒါနဲ့ “နောက်တစ်ကြိမ် အခွင့်အရေးသာ ရရင် ငါ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်မယ်” လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချလိုက်တယ်။
တစ်လကြာတော့ ညနေခင်းတစ်ခုမှာ ခေါင်းဆောင်က ကျွန်မကို ပြောတယ်။ “ဗီဒီယိုလုပ်တဲ့ ညီအစ်ကိုမောင်နှမတချို့ လုံခြုံရေးဆိုင်ရာ အကြောင်းအရာကြောင့် နေရာရွှေ့ဖို့ လိုနေတယ်။ သင့်တော်တဲ့ ဧည့်ခံမယ့်အိမ် ရှာမတွေ့သေးလို့။ သူတို့ကို အစ်မ ဧည့်ခံစေချင်တယ်” တဲ့။ ခေါင်းဆောင် ဒီလိုပြောတာကြားတော့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ဘာလို့ ငါ့ကို ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်ဖို့ စီစဉ်ပေးရတာလဲ။ ဖြုတ်ချခံရပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် သိဖို့ ငါ ဆင်ခြင်သုံးသပ်တာ မရှိဘူးလို့ သူတို့ ထင်လို့ ငါ့ကို ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်ခိုင်းပြီး အစေခံစေချင်တာလား။ ဧည့်ခံဝတ်ပြုတဲ့ တာဝန်က အရေးမပါဘူး မဟုတ်လား။ ညီအစ်ကိုမောင်နှမတွေသာ သိသွားရင် ငါ့ကို ဘယ်လို ထင်ကြမလဲ။ ငါ သမ္မာတရား မလိုက်စားလို့ ဧည့်ခံဝတ်ပြုတဲ့တာဝန် ထမ်းဆောင်နေရတယ်လို့ သူတို့ ပြောကြမလား။ ဧည့်ခံဝတ်ပြုတဲ့ တာဝန်ဆိုတာ နေ့တိုင်း ဒယ်အိုးတွေ၊ ပန်းကန်ခွက်ယောက်တွေနဲ့ လုံးပန်းရပြီး ပင်ပန်းတဲ့ အလုပ်လေ။ ငါ ကောင်းကောင်း လုပ်ရင်တောင် ညီအစ်ကိုမောင်နှမတွေက မြင်မှာ မဟုတ်ဘူး။ ဒါ့အပြင် အသင်းတော်မှာ ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်တဲ့သူ အများစုက အသက်ကြီးတဲ့သူတွေ၊ ဒါမှမဟုတ် အစွမ်းအစ ညံ့တဲ့ ညီအစ်ကိုမောင်နှမတွေလေ။ ငါက သိပ်မငယ်တော့ပေမဲ့ ဧည့်ခံဝတ်ပြုတဲ့ တာဝန်ပဲ ထမ်းဆောင်နိုင်တဲ့ အဆင့်တော့ မရောက်သေးပါဘူး။ ပြီးတော့ ဘုရားသခင်ကို တွေ့ကတည်းက ငါက ခေါင်းဆောင်နဲ့ ကြီးကြပ်ရေးမှူး အမြဲ လုပ်လာခဲ့တာ။ အခုကျမှ ဘာလို့ သူတို့က ငါ့ကို ဧည့်ခံဝတ်ပြုတဲ့ တာဝန် စီစဉ်ပေးရတာလဲ” ပေါ့။ ကျွန်မ စိတ်ထဲကနေ ကျိုးနွံနာခံနိုင်ခြင်း မရှိခဲ့ဘူး။ ဒါနဲ့ ဆင်ခြေနည်းနည်းပေးပြီး ငြင်းလိုက်တယ်။ ခေါင်းဆောင် ပြန်သွားတော့ ကျွန်မ စိတ်ဒွိဟဖြစ်ပြီး နောင်တရမိတယ်။ ဘုရားသခင်ကို ယုံကြည်တာ နှစ်တွေကြာပြီဖြစ်ပေမဲ့ ကိုယ့်တာဝန်မှာ ကျိုးနွံနာခံမှု မရှိသေးတာကို တွေးမိတယ်။ ကျွန်မက ဘယ်လိုများ ယုံကြည်သူတစ်ယောက် ဖြစ်ခဲ့လို့လဲ။ ကျွန်မမှာ ဘယ်လိုများ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိခဲ့လို့လဲ။ ကျွန်မ ဒူးထောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်။ ဒီနေ့ ခေါင်းဆောင်က သမီးကို ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့ပေမဲ့ သမီး ကျိုးနွံနာခံနိုင်မှု မရှိဘဲ ငြင်းဖို့ ဆင်ခြေတောင် ရှာခဲ့မိပါတယ်။ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဒါကို ဖြစ်စေလဲဆိုတာ သမီး မသိပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိအောင် ကူညီပေးဖို့ သမီးကို ဉာဏ်ပွင့်စေပြီး လမ်းပြပါလို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ တာဝန်ထမ်းဆောင်တာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိလို့ ရှာဖတ်ကြည့်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တာဝန်များသည် ဘုရားသခင်ထံမှ လာသည်။ ယင်းတို့သည် ဘုရားသခင်က လူအား ပေးအပ်သော ဝတ္တရားများနှင့် တာဝန်ပေးစေခိုင်းချက်များဖြစ်သည်။ ဤသို့ဆိုလျှင် လူက ယင်းတို့အား မည်သို့နားလည်သင့်သနည်း။ ‘ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အား ပေးအပ်ခဲ့သော ကျွန်ုပ်၏ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက်ဖြစ်သောကြောင့် ယင်းသည် ကျွန်ုပ်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ယင်းကို ကျွန်ုပ် မဖြစ်မနေလုပ်ရမည်ဖြစ်သော တာဝန်အဖြစ်လက်ခံမှသာ မှန်ကန်ပေသည်။ ယင်းကို ကျွန်ုပ် ငြင်းဆို၍မရပေ၊ သို့မဟုတ် ငြင်းပယ်၍မရပေ။ ကျွန်ုပ် ရွေး၍မရပေ။ ကျွန်ုပ်အပေါ်သို့ ကျရောက်သောအရာသည် အသေအချာပင် ကျွန်ုပ်လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ ကျွန်ုပ်သည် ရွေးချယ်မှုတစ်ခုလုပ်ဆောင်ရန် အခွင့်မရှိခြင်းမဟုတ်။ ရွေးချယ်မှု မပြုလုပ်သင့်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အသိစိတ်ဖြစ်သည်’ ဟူ၍တည်း။ ဤသည်မှာ ကျိုးနွံနာခံခြင်း သဘောထားတစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) “သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ ‘ဤအလုပ်သည် ဘုရားသခင်ထံမှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ပုန်ကန်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တာက တာဝန်ဆိုတာ လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက် ဖြစ်ပြီး လူတွေရဲ့ တာဝန်ဝတ္တရား ဖြစ်တယ်။ တာဝန်တွေကို အဆင့်အတန်း ခွဲခြားမသတ်မှတ်သင့်ဘူး။ ဒါ့အပြင် ကျွန်မတို့က ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် ကိုယ့်ရဲ့ ဦးစားပေးမှုတွေအပေါ် အခြေခံပြီး တာဝန်တွေကို မရွေးချယ်သင့်ဘူး၊ အဲဒီအစား ကျွန်မတို့က လက်ခံပြီး ကျိုးနွံနာခံသင့်တယ်၊ အဲဒါတွေကို ကျွန်မတို့ ရှောင်လွှဲလို့မရတဲ့ တာဝန်တစ်ခုအဖြစ် မြင်သင့်တယ်။ ဒါမှ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိတဲ့သူ ဖြစ်မှာဖြစ်ပြီး ဒါက တာဝန်တွေအပေါ် လူတစ်ယောက် ထားရှိသင့်တဲ့ သဘောထား ဖြစ်ပါတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကို ဖတ်ပြီးတော့ ကိုယ့်တာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားနဲ့ အမြင် မမှန်ကန်တာကို သဘောပေါက်သွားတယ်။ တာဝန်တွေကို အဆင့်အတန်း တွေ ခွဲခြားခဲ့မိတယ်။ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်ဖြစ်ရင် လူတစ်ယောက်က သမ္မာတရားကို လိုက်စားတယ်လို့ အဓိပ္ပာယ်ရပြီး၊ အဆင့်အတန်းနဲ့ ရာထူး ရှိတယ်၊ ဘယ်သွားသွား ညီအစ်ကိုမောင်နှမတွေ အလေးထားကြတယ်လို့ ယုံကြည်ခဲ့တာကိုး။ အဲဒီလိုတာဝန်တွေ ထမ်းဆောင်ရတာက ပိုပြီး အသရေတင့်တယ် ထင်ရပေမဲ့ ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်ရတာကျတော့ အလုပ်ကြမ်းပဲ လုပ်ရတယ်၊ နာမည်ရဖို့၊ အဆင့်အတန်းနဲ့ ရာထူးရဖို့ ဘာအခွင့်အရေးမှ မပေးဘူး၊ ဒီတာဝန် ထမ်းဆောင်တဲ့သူတွေကို သူများတွေက ဘယ်တော့မှ အားကျမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တာ။ ဒီလို မှားယွင်းပြီး အဓိပ္ပါယ်မဲ့တဲ့ အမြင်ကြောင့် ခေါင်းဆောင်က ကျွန်မကို ဧည့်ခံဝတ်ပြုတဲ့တာဝန် ထမ်းဆောင်ဖို့ စီစဉ်ပေးတဲ့အခါ ကျွန်မ ငြင်းဖို့ ဆင်ခြေရှာခဲ့တာပေါ့။ အသင်းတော် အလုပ်ရဲ့ လိုအပ်ချက်ထက် ကိုယ့်ဂုဏ်သိက္ခာကိုပဲ အမြဲ စဉ်းစားခဲ့တယ်။ ကျွန်မမှာ ဘယ်လိုများ လူ့သဘာဝရှိခဲ့လို့လဲ။ ကျွန်မမှာ ကိုယ့်တာဝန်နဲ့ပတ်သက်ပြီး ကိုယ်ပိုင် ရွေးချယ်မှုတွေ၊ တောင်းဆိုမှုတွေ မရှိခဲ့သင့်ဘူး။ ခေါင်းဆောင်က ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်ဖို့ စီစဉ်ပေးတာဟာ အသင်းတော် အလုပ်ရဲ့ လိုအပ်ချက်ကြောင့်မို့လို့ ကျွန်မ အနေနဲ့ ဒါကို လက်ခံပြီး ကျိုးနွံနာခံခြင်းနဲ့ စတင်သင့်ခဲ့တာ။
နောက်ပိုင်းမှာ နောဧ သင်္ဘောဆောက်တာနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ မိတ်သဟာယကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်နဲ့ ရင်ဆိုင်ရတဲ့အခါ နောဧက ဘာဆင်ခြေမှ မပေးဘဲ ခြွင်းချက်မရှိ လက်ခံပြီး ကျိုးနွံနာခံခဲ့တာကို တွေ့ရတယ်။ သူက ဧဝံဂေလိတရားကို ဟောပြောရင်းနဲ့ သင်္ဘောကို တည်ဆောက်ခဲ့တယ်၊ နှစ်ပေါင်း ၁၂၀ ကြာအောင် မဆုတ်မနစ် လုပ်ခဲ့တယ်။ ကျွန်မက နောဧကို မယှဉ်နိုင်ပေမဲ့ နောဧရဲ့ နမူနာကို လိုက်ပြီး ကျိုးနွံနာခံတတ်တဲ့သူ ဖြစ်သင့်တာပေါ့။ အဲဒီနောက်မှာ ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်ဖို့ လိုလားပါတယ်လို့ ခေါင်းဆောင်ကို ပြောလိုက်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကိုဗစ်ကပ်ရောဂါကြောင့် ဒီ ဧည့်ခံဝတ်ပြုတဲ့ တာဝန်က ယာယီ ရွှေ့ဆိုင်းသွားတယ်။ အသွားအလာ ကန့်သတ်ချက်တွေ ပြီးသွားလို့ ပထမဆုံး ပြန်စုဝေးတဲ့အခါ ခေါင်းဆောင်က ပြောတယ်။ “အခု အသွားအလာ ကန့်သတ်တာတွေ ဖြေလျှော့လိုက်ပြီဆိုတော့ အစ်မကို ဧည့်ခံဝတ်ပြုတဲ့ တာဝန် ပြန်ထမ်းဆောင်ဖို့ စီစဉ်ချင်တယ်” တဲ့။ ကျွန်မ အဲဒီအချိန်မှာ တကယ်ကို ရှက်သွားခဲ့တယ်၊ ဘာလို့လဲဆိုတော့ သင်းထောက်နှစ်ယောက်အပြင် ဧဝံဂေလိ အမှုဆောင် ညီအစ်မနှစ်ယောက်လည်း ရှိနေလို့လေ။ ခေါင်းဆောင်ကို မကျေမနပ်စိတ်တွေ စဖြစ်လာတယ်။ “ညီအစ်ကိုမောင်နှမတွေ အများကြီးရှေ့မှာ ဘာလို့ ဒါကို ပြောရတာလဲ။ ငါ ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်နေတာကို အခု လူတိုင်း သိကုန်ပြီ။ ငါ ဘယ်လိုများ မျက်နှာပြရတော့မလဲ” လို့ တွေးမိတာပေါ့။ မျက်နှာ ပူထူလာပြီး ကျွန်မ သမ္မာတရား မလိုက်စားလို့၊ ဒီအတွက်ကြောင့် ဧည့်ခံဝတ်ပြုတဲ့ တာဝန် ပေးခံရတယ်လို့ ညီအစ်ကိုမောင်နှမတွေက လှောင်နေသလိုပဲလို့ ကျွန်မ ထင်မိတယ်။ နောက်ပိုင်း စုဝေးပွဲမှာ ညီအစ်ကိုမောင်နှမတွေက ဧဝံဂေလိ ဘယ်လိုဟောရမယ်၊ ဘာသာရေး အယူအဆတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ တက်တက်ကြွကြွ မိတ်သဟာယ ပြုကြပေမဲ့ သူတို့ထဲက တချို့က ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ ဖြစ်နေပြီး တခြားသူတွေက ဧဝံဂေလိ အမှုဆောင်တွေ ဖြစ်နေချိန်မှာ ကျွန်မကတော့ ဧည့်ခံဝတ်ပြုတဲ့ တာဝန်ပဲ ထမ်းဆောင်နေရပါလား ဆိုတာကိုပဲ တွေးနေမိလို့ ခေါင်းထဲ ဘာမှမဝင်ခဲ့ဘူး။ တွေးလေလေ၊ ပိုပြီး စိတ်မကောင်းဖြစ်လေပဲ။ အဲဒီ စုဝေးပွဲမှာ အချိန်ကုန်တာ အရမ်း နှေးနေသလို ခံစားရပြီး “ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်နေတယ်” ဆိုတဲ့ စကားလုံးတွေက ခေါင်းထဲမှာ ဆက်တိုက် ပဲ့တင်ထပ်နေတာပေါ့။ စုဝေးပွဲပြီးတော့ ညီအစ်ကိုမောင်နှမတွေ ကိုယ့်ကို ဘယ်လိုထင်မလဲ ဆိုတဲ့ အတွေးတွေနဲ့ ပြည့်နေတယ်။ ကျွန်မ ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်နေတာကို လူတိုင်း သိသွားပြီဆိုတော့ ကျွန်မဂုဏ်သိက္ခာနဲ့ အဆင့်အတန်း လုံးဝ ဆုံးရှုံးသွားပြီလို့ ယုံကြည်ခဲ့တာပေါ့။ နောက်သုံးလေးရက်လောက် ကျွန်မ ဘာလုပ်လုပ် စိတ်မပါဘူး။ ဘယ်သွားသွား ခေါင်းငိုက်စိုက်နဲ့ပေါ့။ ကျွန်မ ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်နေတာကို သူတို့ သိမှာစိုးလို့ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့မှာကို တော်တော် ကြောက်နေခဲ့တာ။
နောက်ရက်တွေမှာ ကျွန်မ တွေးဆမိတယ်။ “ခေါင်းဆောင်က ငါ့ကို ဧည့်ခံဝတ်ပြုတဲ့ တာဝန် ပေးတာက အသင်းတော် အလုပ်ရဲ့ လိုအပ်ချက်ကြောင့်ဆိုတာ ရှင်းနေတာပဲ။ ဒါပေမဲ့ သူများတွေ သိမှာကို ငါ ဘာလို့ ကြောက်နေရတာလဲ။ ဧည့်ခံဝတ်ပြုတဲ့ တာဝန် ပေးခံရတာကို ငါ ဘာလို့ ကျိုးနွံနာခံဖို့ မလိုလားရတာလဲ။ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဒါကို ဖြစ်စေတာလဲ” ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်လိုက်တယ်။ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်ပြီး ဤအကြောင်းကြောင့်ပင် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မမျှော်ကိုး၊ သို့မဟုတ် အထင်မကြီး၊ သို့မဟုတ် မလိုက်နာဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ ငါသည် မျှော်လင့်ချက် မမဲ့သလော’ ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ပံ့ပိုးကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများကို အဘယ်ကြောင့် အစဉ်သဖြင့် အလေးထားကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့၌ တည်ရှိလေသည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့၏စိတ်နှလုံးတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝအနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီးတော့ အန္တိခရစ်တွေက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တကယ် တန်ဖိုးထားမှန်း နားလည်လိုက်တယ်။ ဘယ်လူအုပ်စုထဲမှာ ဘာပဲလုပ်လုပ် လူတွေရဲ့ အားကျမှုနဲ့ ကိုးကွယ်မှုကို ရဖို့ချည်းပါပဲ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက သူတို့ တစ်ဘဝလုံး လိုက်စားတဲ့ ပန်းတိုင်တွေလေ။ ကိုယ့်လိုက်စားမှုကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မရဲ့ အမြင်တွေက အန္တိခရစ်တစ်ယောက်ရဲ့ အမြင်တွေနဲ့ အတူတူပဲဆိုတာ သတိပြုမိတယ်။ ကျွန်မလည်း ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရာရာထက် ပိုဦးစားပေးခဲ့တာကိုး။ ငယ်ငယ်ကတည်းက လူဆိုတာ ရည်မှန်းချက်နဲ့ ဂုဏ်သိက္ခာ ရှိရမယ်၊ သူများ အထင်သေးတာ မခံရစေနဲ့၊ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုပြီး မိဘတွေက သင်ပေးခဲ့တာကိုး။ ဒီစာတန်ဆန်တဲ့ အဆိပ်တွေက ကျွန်မ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာခဲ့တယ်လေ။ ဘယ်လူအုပ်စုထဲမှာမဆို သူများ အထင်ကြီးတာ ခံရမှ ဘုန်းကြီးတယ်လို့ ကျွန်မ ယုံကြည်ခဲ့တာ။ ကျောင်းတက်တုန်းက ဆရာတွေ၊ အတန်းဖော်တွေရဲ့ အားကျမှုနဲ့ ချီးကျူးမှု ရအောင် စာမေးပွဲမှာ ပထမရဖို့ ရည်မှန်းခဲ့တယ်။ အိမ်စာလုပ်ဖို့ ခဏခဏ ညဉ့်နက်တဲ့အထိ နေခဲ့ပြီး စာမေးပွဲတစ်ခုပြီးတိုင်း ဂုဏ်ပြုမှတ်တမ်းလွှာတွေ ရတဲ့အခါ ဂုဏ်ယူခဲ့တာပေါ့။ အလုပ်စလုပ်တော့လည်း အထက်လူကြီးတွေရဲ့ အသိအမှတ်ပြုမှု၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချီးကျူးမှု ရဖို့ အချိန်ပို ဆင်းခဲ့တယ်။ နားရက်တွေကိုတောင် အလုပ်လုပ်ဖို့ သုံးခဲ့တာ။ တကယ့်ကို အလုပ်ကြိုးစားချင်စိတ် ပြင်းပြခဲ့တာလေ။ ဘုရားသခင်ကို တွေ့ရှိပြီးနောက်မှာလည်း ဒီအဆိပ်တွေနဲ့ ဆက်ပြီး အသက်ရှင်ခဲ့တယ်။ ဘယ်တာဝန်ပဲ ထမ်းဆောင်ရပါစေ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်း ရနိုင်မလား၊ သူများ အထင်ကြီးတာ ခံရနိုင်မလား ဆိုတာ အရင်ဆုံး စဉ်းစားတယ်။ အသင်းတော် ခေါင်းဆောင် ဖြစ်တာက သူများ အထင်ကြီးတာ ခံရမယ်၊ ရာထူးနဲ့ အဆင့်အတန်း ပေးမယ်၊ ဘယ်သွားသွား အားကျခံရမယ်လို့ ခံစားရတော့ ဝမ်းသာအားရနဲ့ ဒီတာဝန်ကို သဘောတူခဲ့ပြီး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့ ဒုက္ခခံ၊ အဖိုးအခ ပေးဖို့လည်း လိုလားခဲ့တယ်။ ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်ဖို့ တာဝန်ပေးခံရတော့ စီစီပီက ခရစ်ယာန်တွေကို သဲကြီးမဲကြီး ဖမ်းဆီးနေပြီး အခြေအနေ ဆိုးရွားနေခဲ့တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ တာဝန်ထမ်းဆောင်ဖို့ လုံခြုံတဲ့နေရာ အရေးတကြီး လိုအပ်နေတယ်ဆိုတာ ကောင်းကောင်း သိရဲ့သားနဲ့ ကိုယ့် ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ စဉ်းစားပြီး ဧည့်ခံဝတ်ပြုတဲ့ တာဝန်က မထင်ရှားဘူး၊ သူများ အထင်သေးတာ ခံရမယ်လို့ တွေးပြီး ငြင်းဖို့ ဆင်ခြေရှာခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက ကျွန်မကို တင်းတင်းကျပ်ကျပ် တုပ်နှောင်ထားခဲ့တယ်။ လုပ်သမျှ ကိစ္စတိုင်းမှာ ညီအစ်ကိုမောင်နှမတွေ ငါ့ကို ဘယ်လိုထင်မလဲ ဆိုတာပဲ အမြဲ တွေးပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရာရာထက် ပိုဦးစားပေးခဲ့တယ်။ ကျွန်မက တကယ့်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ လူလို့ ခေါ်ဖို့တောင် မတန်ပါဘူး။ ဖြုတ်ချခံရပြီး ဆင်ခြင်သုံးသပ်တဲ့ အချိန်ကာလကို ပြန်တွေးမိတယ်။ အဲဒီတုန်းက တာဝန်တစ်ခု ထမ်းဆောင်ရဖို့ နေ့တိုင်း မျှော်လင့်ခဲ့တာ။ အခု ဘုရားသခင်က တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးလာတော့ ကျွန်မက ဇီဇာကြောင်နေပြီး ကိုယ့်ဂုဏ်သိက္ခာအတွက်ပဲ အမြဲ အသက်ရှင်နေတယ်။ ကိုယ့်တာဝန်ကို ဘုရားသခင်ဆီကလာတဲ့ တာဝန်ပေးစေခိုင်းချက်လို့ လုံးဝ မရှုမြင်ခဲ့ဘူး။ ခေါင်းဆောင်က ဧည့်ခံဝတ်ပြုတဲ့ တာဝန် စီစဉ်ပေးခဲ့တဲ့အတွက် ဘုရားသခင်ဆီကနေ လက်ခံပြီး ညီအစ်ကိုမောင်နှမတွေ တာဝန်ထမ်းဆောင်ဖို့ လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ရနိုင်အောင် ဒီတာဝန်ကို အလေးအနက်ထားပြီး ကောင်းကောင်း ထမ်းဆောင်သင့်တာပေါ့။ နောင်တရပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်။ ဒီတာဝန်က ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကြောင့် သမီးဆီ ရောက်လာတာပါ။ ဒါပေမဲ့ သမီးက ဂုဏ်သိက္ခာရဲ့ ဘောင်ခတ်တာ ခံနေရပြီး ဇီဇာကြောင်မိခဲ့တယ်၊ ကျိုးနွံနာခံဖို့ မလိုလားခဲ့ပါဘူး။ သမီး တကယ်ကို အသိစိတ် ကင်းမဲ့ပါတယ်။ ဘုရားသခင်။ ကိုယ်တော် ကျေနပ်ဖို့ သမီး ကျိုးနွံနာခံပြီး ဒီတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ လိုလားပါတယ်” လို့ပေါ့။
ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ဧည့်ခံဝတ်ပြုတဲ့ တာဝန် မထမ်းဆောင်ချင်ရတဲ့ အကြောင်းရင်းက နောက်ထပ် မှားယွင်းတဲ့ အမြင်တစ်ခုကြောင့်မှန်း သဘောပေါက်မိခဲ့တယ်။ ဧည့်ခံဝတ်ပြုတဲ့ တာဝန်က မထင်ရှားဘူး၊ အသက်ကြီးပြီး အစွမ်းအစညံ့တဲ့ ညီအစ်ကိုမောင်နှမတွေပဲ ထမ်းဆောင်ကြတယ်၊ ခေါင်းဆောင်မှု တာဝန်တွေ ထမ်းဆောင်တဲ့သူကျတော့ သမ္မာတရား လိုက်စားသူတွေ ဖြစ်ပြီး ဘယ်သွားသွား လူတွေ အထင်ကြီးခံရတယ်၊ အဲဒီလိုတာဝန်တွေက လူတစ်ယောက်မှာ ရာထူးနဲ့ အဆင့်အတန်း ရှိတာကို ပြတယ်လို့ ထင်ခဲ့တာကိုး။ နောက်ထပ် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်လိုက်တယ်။ “လူတိုင်းသည် သမ္မာတရား ရှေ့မှောက်တွင် တန်းတူဖြစ်သည်။ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်း ခံရသူများသည် သူတစ်ပါးတို့ထက် များစွာ ပိုတော်ခြင်းမရှိပေ။ လူတိုင်းက ဘုရားသခင်၏ လုပ်ဆောင်မှုကို တစ်ချိန်တည်းနီးပါး တွေ့ကြုံခဲ့ကြသည်။ ရာထူးမတိုးခံရသော၊ သို့မဟုတ် ပျိုးထောင်ခြင်းမခံရသော သူတို့သည်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားသင့်သည်။ မည်သူကမျှ သမ္မာတရားကို လိုက်စားရန် သူတစ်ပါးတို့၏ အခွင့်အရေးကို မပိတ်ပင်နိုင်ပေ။ အချို့လူတို့သည် သမ္မာတရားကို လိုက်စားရာတွင် ပို၍ စိတ်ထက်သန်ပြီး အစွမ်းအစအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏အိမ်တော်သည် လူတို့ကို ရာထူးတိုးပြီး အသုံးပြုခြင်းအတွက် အဘယ်ကြောင့် ထိုသို့သော စည်းမျဉ်းများရှိသနည်း။ လူတို့၏ အစွမ်းအစနှင့် ကိုယ်ကျင့်စရိုက်က ကွာခြားမှုများရှိသောကြောင့်၊ လူအသီးသီးက မတူညီသည့် လမ်းကြောင်းကို ရွေးချယ်ကြသောကြောင့် ဤအရာက ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုတွင် မတူညီသော ရလဒ်များကို ရရှိစေသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ကယ်တင်ခံရပြီး နိုင်ငံတော်၏ လူများဖြစ်လာကြကာ သမ္မာတရားကို လုံးဝ လက်မခံသူများ၊ မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိခြင်းမရှိသော သူများကမူ ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ဘုရားသခင်၏ အိမ်တော်သည် လူတို့ကို သမ္မာတရား လိုက်စားခြင်းရှိမရှိနှင့် သူတို့၏တာဝန်ထမ်းဆောင်ခြင်းတွင်သစ္စာစောင့်သိခြင်းရှိမရှိအပေါ်တွင် အခြေခံပြီး ပျိုးထောင်ပေးကာ အသုံးပြုသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမျိုးမျိုးသောလူတို့၏ ရာထူးအဆင့်ဆင့်တွင် ကွဲပြားခြင်းရှိသလော။ လက်ရှိအချိန်တွင် အမျိုးမျိုးသောလူတို့၏၊ နေရာ၊ တန်ဖိုး၊ ဂုဏ် သို့မဟုတ် အဆင့်အတန်းနှင့်ပတ်သက်ပြီး အထက်အောက်စနစ်မရှိပေ။ အနည်းဆုံး လူတို့ကို ဘုရားသခင်က ကယ်တင်ပြီး လမ်းပြရန် အလုပ်လုပ်သောအခါတွင် အမျိုးမျိုးသောလူတို့၏ အဆင့်များ၊ နေရာများ၊ တန်ဖိုး၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းတွင် ကွဲပြားမှုမရှိပေ။ ကွဲပြားသောအရာများမှာ အလုပ်ခွဲဝေခြင်းနှင့် ထမ်းဆောင်ကြသော တာဝန်ကဏ္ဍများသာ ဖြစ်သည်။ ခြွင်းချက်အဖြစ် ဤအချိန်ကာလအတွင်းတွင် လူအချို့သည် အထူးအလုပ်အချို့ကို ထမ်းဆောင်ရန် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းခံရပြီး လူအချို့မှာ ၎င်းတို့၏ အစွမ်းအစ၊ သို့မဟုတ် မိသားစုပတ်ဝန်းကျင်နှင့်ပတ်သက်သော ပြဿနာများကဲ့သို့သော အကြောင်းပြချက်အမျိုးမျိုးကြောင့် ဤသို့သော အခွင့်အလမ်းများကို မရရှိသည်မှာ မှန်ပေသည်။ သို့သော် ထိုသို့သော အခွင့်အလမ်းများကို မရရှိသောသူများကို ဘုရားသခင်က မကယ်တင်သလော။ ဤသို့ မဟုတ်ပေ။ ၎င်းတို့၏ တန်ဖိုးနှင့် နေရာသည် အခြားလူများထက် ပို၍ နိမ့်ကျသလော။ မနိမ့်ကျပေ။ လူတိုင်းက သမ္မာတရားရှေ့တွင် ညီမျှသည်။ လူတိုင်းက သမ္မာတရားကို လိုက်စားပြီး ရရှိရန် အခွင့်အလမ်းရှိပြီး၊ ဘုရားသခင်က လူတိုင်းကို မျှတစွာနှင့် ကျိုးကြောင်းသင့်စွာ ဆက်ဆံသည်။ လူတို့၏ နေရာ၊ တန်ဖိုးနှင့် ဂုဏ်အဆင့်အတန်းတို့တွင် မည်သည့်အချိန်၌ သိသာထင်ရှားသော ခြားနားမှုများ ရှိသနည်း။ ယင်းမှာ လူတို့သည် မိမိတို့၏ လမ်းခရီးအဆုံးသို့ ရောက်ရှိသည့်အခါ၊ ဘုရားသခင်၏အလုပ် ပြီးဆုံးသည့်အခါ၊ ကယ်တင်ခြင်းကို လိုက်စားခြင်းဖြစ်စဉ်နှင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း လူတစ်ဦးစီက ပြသခဲ့သော သဘောထားများနှင့် အမြင်များအပေါ်၌သာမက ဘုရားသခင်အပေါ် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် သဘောထားများအပေါ်၌ပါ နောက်ဆုံးတွင် ကောက်ချက်တစ်ခု ချမှတ်ပြီးသည့်အခါ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ မှတ်စုစာအုပ်တွင် ပြည့်စုံသော မှတ်တမ်းတစ်ခု ရှိသည့်အခါ ထိုအချိန်တွင် လူတို့၏ အဆုံးသတ်နှင့် ပန်းတိုင်များက မတူညီကြသောကြောင့် ၎င်းတို့၏ တန်ဖိုး၊ နေရာများနှင့် ဂုဏ်အဆင့်အတန်းတို့တွင်လည်း ခြားနားမှုများ ရှိလိမ့်မည်ဖြစ်သည်။ သို့မှသာလျှင် ဤအရာအားလုံးကို အရိပ်အမြွက်တွေ့မြင်နိုင်ပြီး ခန့်မှန်းခြေအားဖြင့် သိရှိနိုင်သည်၊ သို့သော် ယခုမူ လူတိုင်းသည် တူညီကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်တွေက ပြောထားတာက သမ္မာတရားနဲ့ ဘုရားနှုတ်ကပတ်တော် ရှေ့မှောက်မှာ လူတိုင်း တန်းတူပဲ၊ ရာထူး အနိမ့်အမြင့် ခွဲခြားထားတာ အခြေခံအားဖြင့် မရှိဘူးတဲ့။ ဘုရားအိမ်တော်မှာ လူတွေရဲ့ အစွမ်း၊ အားသာချက်တွေ၊ ဒါမှမဟုတ် အသင်းတော် လိုအပ်ချက်တွေအပေါ် မူတည်ပြီး မတူညီတဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ လူတွေကို တာဝန်ပေးထားတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ကွာခြားချက်က သူတို့ထမ်းဆောင်တဲ့ တာဝန်ပါပဲ။ ဒါပေမဲ့ ဘယ်တာဝန်ပဲ လုပ်လုပ် လူတိုင်းရဲ့ ရာထူးနဲ့ အဆင့်အတန်းက တူတူပါပဲ။ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင် ဖြစ်တာက သူများထက် ရာထူး ပိုမြင့်တယ်လို့ မဆိုလိုသလို ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်တာက တခြားတာဝန် ထမ်းဆောင်တဲ့သူတွေထက် ရာထူးနဲ့ အဆင့်အတန်း ပိုနိမ့်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကျွန်မကတော့ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင် ဖြစ်တာက သမ္မာတရား လိုက်စားတဲ့သူတွေရဲ့ အမှတ်အသား ဖြစ်ပြီး ဘယ်သွားသွား သူများ အထင်ကြီးခံရတယ်၊ ဧည့်ခံဝတ်ပြုတဲ့ တာဝန်ကျတော့ အလုပ်ကြမ်းပဲမို့လို့ ရာထူးနဲ့ အဆင့်အတန်း နိမ့်တယ်လို့ ယုံကြည်ခဲ့တာ။ ကျွန်မရဲ့ အမြင်တွေက တကယ်ကို မှားယွင်းနေခဲ့တာပါ။ အသင်းတော်က အသက်ကြီးကြီး ညီအစ်မ တစ်ယောက်ကို သတိရမိတယ်၊ ဘုရားသခင်ကို စတွေ့ကတည်းက ဧည့်ခံဝတ်ပြုတဲ့ တာဝန်ပဲ သူ ထမ်းဆောင်လာခဲ့တာပေါ့၊ ဒါပေမဲ့ သူ့ရည်ရွယ်ချက်တွေက မှန်ကန်တယ်၊ တာဝန်မှာ သစ္စာရှိပြီး ဘုရားသခင်ရဲ့ လမ်းပြမှု ရှိတယ်။ တစ်ချိန်တည်းမှာပဲ တချို့က နှစ်နဲ့ချီပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ ဖြစ်ခဲ့ကြတယ်၊ ဒါပေမဲ့ သမ္မာတရား မလိုက်စားလို့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ရှာဖွေပြီး ကိုယ်ပိုင်လုပ်ငန်းကို ပါဝင်ဆောင်ရွက်ကြတယ်။ ကိုယ်ကျိုးအတွက် တခြားသူတွေကို တိုက်ခိုက်ဖယ်ထုတ်ပြီး အသင်းတော် အလုပ်ကို အဖျက်အမှောင့်လုပ်၊ နှောင့်ယှက်တာမျိုးတောင် လုပ်ကြတယ်။ နောက်ဆုံးကျတော့ ဆိုးယုတ်တဲ့သူတွေ၊ အန္တိခရစ်တွေလို့ သတ်မှတ်ခံရပြီး အသင်းတော်ကနေ နှင်ထုတ်ခံရတယ်။ ရလဒ်အနေနဲ့ ကယ်တင်ခြင်း ခံရမယ့် အခွင့်အရေး ဆုံးရှုံးသွားကြတာပေါ့။ ဒီအချက်အလက်တွေကနေ သမ္မာတရား ရှေ့မှောက်မှာ လူတိုင်း တန်းတူပဲဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ လူတစ်ယောက် ကယ်တင်ခံရနိုင်မလား ဆိုတာက သူတို့ထမ်းဆောင်တဲ့တာဝန်၊ အသက်၊ အဆင့်အတန်းတွေနဲ့ မဆိုင်ပါဘူး။ အဓိကသောချက်က လူတစ်ယောက်ဟာ သမ္မာတရား လိုက်စားသလား၊ သူတို့တာဝန်မှာ သစ္စာရှိသလား ဆိုတာပါပဲ။ ဘုရားသခင်က ဖြောင့်မတ်ပါတယ်။ လူတွေမှာ သမ္မာတရား ရှိမရှိ၊ သူတို့ရဲ့ စိတ်သဘောထား ပြောင်းလဲခြင်း ရှိမရှိဆိုတာကို ကြည့်ပါတယ်။ ဒါက လူတွေကို ဘုရားသခင် တိုင်းတာတဲ့ စံနှုန်းပါပဲ။
သုံးလေးလကြာတော့ စာနဲ့ပတ်သက်တဲ့တာဝန်တွေ ထမ်းဆောင်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို ဧည့်ခံဖို့ ခေါင်းဆောင်က ကျွန်မကို ခိုင်းတယ်။ “အရင်တုန်းက ငါက စာနဲ့ပတ်သက်တဲ့အလုပ် ကြီးကြပ်ရေးမှူး၊ ဒီလူတွေက ငါ့အဖွဲ့သားတွေ ဖြစ်ခဲ့တာ။ အခုတော့ ငါက သူတို့ကို ဧည့်ခံနေရရုံ ဖြစ်နေပြီ။ သူတို့ ငါ့ကို ဘယ်လို ထင်မလဲ” ဆိုပြီး စိတ်နှလုံးထဲမှာ တွေးမိလာတယ်။ ဒီလို တွေးမိတဲ့အခါ ကိုယ့်ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ထပ်စဉ်းစားနေမိပြီဆိုတာ သဘောပေါက်လိုက်မိတယ်။ ဒါနဲ့ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းပြီး နှုတ်ကပတ်တော် တစ်ပိုဒ်ကို ပြန်သတိရလိုက်တယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ ခြွင်းချက်တစ်ခုမှာ သင်၏ အစွမ်းအစ ညံ့ဖျင်းပြီး သင်၏ အတွေ့အကြုံ ပေါ့တန်လျှင်၊ သို့မဟုတ် သင်သည် မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်တွင် ကျွမ်းကျင်မှုမရှိလျှင်၊ ဤအရာက သင်၏အလုပ်တွင် အမှားအယွင်းအချို့ သို့မဟုတ် ချို့ယွင်းချက်များ ပေါ်ပေါက်လာစေပြီး ကောင်းမွန်သောရလဒ်များ မရရှိနိုင်အောင် တားဆီးနေသော်လည်း သင်သည် မိမိတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေပြီးဖြစ်၏။ သင်သည် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ သို့မဟုတ် နှစ်သက်မှုများကို ဖြည့်ဆည်းရန်အတွက် ပြုမူဆောင်ရွက်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏ အိမ်တော်အကျိုးကို အစဉ်တစ်စိုက် ထည့်သွင်းစဉ်းစားနေ၏။ သင်သည် မိမိ၏တာဝန်တွင် ကောင်းမွန်သောရလဒ်များ မရရှိနိုင်သော်ငြားလည်း သင်၏စိတ်နှလုံးသည် မှန်ကန်ဖြောင့်မတ်နေပြီ ဖြစ်၏။ ထို့အပြင် သင်သည် မိမိ၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်နိုင်လိမ့်မည်။ ထိုအခါ သင်သည် သက်သေခံချက်ကို ပိုင်ဆိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်လာပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကိုလည်း သင်ယူလိုက်ရတယ်။ အရင်တုန်းက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက်ပဲ ကျွန်မ အမြဲ အသက်ရှင်ခဲ့ပေမဲ့ ဒီနေ့မှာတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို လက်ခံပြီး ကျိုးနွံနာခံသင့်တယ်၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်လေ။ ဒါကြောင့် ကျွန်မ လိုလိုလားလား သဘောတူလိုက်တယ်။ ရက်နည်းနည်းကြာတော့ စာနဲ့ပတ်သက်တဲ့တာဝန်တွေ လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေ စုဝေးပွဲအတွက် ကျွန်မအိမ်ကို ရောက်လာကြတယ်။ သူတို့ကို တွေ့တဲ့အခါ ကျွန်မ ဂုဏ်သိက္ခာ ထိခိုက်သလို မခံစားရဘဲ ဘယ်တာဝန်ကိုမဆို ထမ်းဆောင်ခြင်းက ဘုရားသခင်ရဲ့ မြှောက်စားမှု ဖြစ်တယ်လို့ ခံစားလိုက်ရတယ်။ ရှေ့ဆက်ပြီး ကျွန်မ လုံ့လဝီရိယရှိရှိ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ စုဝေးပြီး တာဝန်ထမ်းဆောင်ဖို့ လုံခြုံပြီး ငြိမ်းချမ်းတဲ့ နေရာတစ်ခု ရအောင် ပတ်ဝန်းကျင်ကောင်းကို ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာကို စဉ်းစားခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့ စိတ်နှလုံးထဲမှာ ငြိမ်သက်အေးချမ်းမှုကို ခံစားရတယ်။ ဧည့်ခံဝတ်ပြုတဲ့ တာဝန်မှာလည်း သင်ယူစရာ သင်ခန်းစာတွေ၊ ရှာဖွေစရာ သမ္မာတရားတွေ ရှိမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှောင်မော့ စပိန်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော်သုံးလေးခုရဲ့ အလုပ်တွေကို ကျွန်မ ဦးဆောင်ရတယ်။ ဒီအသင်းတော်တွေက တည်ထောင်တာ မကြာသေးဘူး။...
ရှင်းချဲ့ တောင်ကိုးရီးယားနိုင်ငံ၂၀၁၈ခုနှစ် ဇွန်လတွင် ကောင်းကင်နိုင်ငံတော်သီချင်း ဂီတသရုပ်ပြပွဲအတွက် အစမ်းလေ့ကျင့်ခဲ့သည်။ စင်ပေါ်တွင်...
ရှီးဖန် တောင်ကိုရီးယားနိုင်ငံဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊...
တစ်ခါ စကားစမြည်ပြောနေတဲ့ အတောအတွင်းမှာ အသင်းတော် ခေါင်းဆောင် ပြောတာကို ကြားမိတယ်၊ “ညီမ ဂေါင်က အစွမ်းအစကောင်းရှိတယ်၊ ကိစ္စတွေကို...