ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု
ကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက အားနည်းပြီး၊ သူ ငယ်စဉ်ကတည်းက နာမကျန်းဖြစ် လွယ် သည်။ ကျွန်တော့်အဖေက ကျွန်တော် ၁၀နှစ်သားတွင် မတော်တဆမှု တစ်ခု၌ဒဏ်ရာရခဲ့သည်။ ထိုသို့ဒဏ်ရာရပြီးနောက် နှစ်နှစ်ကြာတွင် လုံးလုံး အကြောသေသွားခဲ့သည်။ ကျွန်တော့် မိသားစုက အစကတည်း က ဆင်းရဲပြီးသားဖြစ်ကာ၊ ကျွန်တော့်အဖေ၏ ဆေးကုသမှုအတွက် များစွာ အကြွေးတင်ရှိလေသည်။ ကျွန်တော်တို့၏ မိတ်ဆွေများနှင့် ဆွေမျိုးများက ကျွန်တော်တို့ အကြွေးလုံးဝ ပြန်မဆပ်နိုင်မည်ကို ကြောက်သောကြောင့်၊ သူတို့က ကျွန်တော်တို့ကို ငွေတစ်ပြားမျှ မချေးလိုခဲ့ကြပါ၊ ထို့ကြောင့် မည်သည့်ရွေးချယ်စရာမျှ မကျန်ဘဲ၊ အခြား နေရာတစ်ခုတွင် အလုပ်သွားရှာဖို့ ကျွန်တော့်မှာ ၁၆နှစ်တွင် ကျောင်း ထွက်ခဲ့ရပါသည်။ အရာအားလုံးဆိတ်ငြိမ်နေသည့် ညသန်းခေါင် တွင် ကျွန်တော် မကြာခဏ တွေးမိသည်။ “ငါတို့အားလုံး ငယ်ငယ်တုန်း က၊ ငါတို့နဲ့ သက်တူရွယ်တူတွေဟာ ကျောင်းပြီးတာနဲ့ ကစားဖို့ အားလပ်နေ တုန်း၊ ငါ့မှာတော့ လယ်အလုပ်လုပ်ဖို့ လယ်ကွင်းတွေထဲ သွားခဲ့ရတယ်။ အခုတော့ ငါတို့အားလုံး ကြီးပြင်းလာပြီး၊ သူတို့က သူတို့မိဘတွေရှေ့မှာ ကလေးဆိုးကြီးတွေလို ပြုမူရင်း ကျောင်းတက် နေတုန်းပဲ၊ ဒါပေမဲ့ ငါ့မှာတော့ ငါ့မိသားစုကို ထောက်ပံ့ဖို့ အရမ်းငယ်တဲ့ အရွယ်မှာ အလုပ် စလုပ်ခဲ့ရပြီး၊ အခက်အခဲအမျိုးမျိုးကို ခံရတယ်။” ထိုအချိန်တွင် ဒုက္ခခံဖို့ နှင့် အလုပ်ပင်ပင်ပန်းပန်း လုပ်ဖို့သက်သက်နဲ့ ဒီကမ္ဘာထဲကို ကျွန်တော် လာရသည့် အကြောင်းအရင်းကို စဉ်းစားလျက် ပထမတည်းက ကျွန်တော့်ကို မွေးခဲ့သည့် ကျွန်တော့် မိဘများကို အပြစ်တင်ခဲ့သည်။ သို့သော်လည်း ထိုအရာနှင့် ပတ်သက်ပြီး ကျွန်တော် လုပ်နိုင်သည့် အရာတစ်ခုမျှ မရှိဘဲ၊ ဤလက်တွေ့အရှိတရားကို လက်ခံရုံသာ လုပ်နိုင် ခဲ့သည်။ ထိုအချိန်တွင် ကျွန်တော့်၏ အကြီးမားဆုံးဆန္ဒမှာ ကျွန်တော့် မိဘများ သက်သောင့်သက်သာ အသက်ရှင်နေထိုင်ပြီး၊ တခြားလူများ၏ အနှိမ်မခံရစေဖို့ အလုပ်ကြိုးစား ပြီး၊ ငွေရှာရန်သာ ဖြစ်ပါသည်။
ကျွန်တော် ပုဂ္ဂလိကပိုင် အလူမီနီယမ် သတ္တုစပ် စက်ရုံတစ်ခုတွင် စတင်အလုပ်လုပ်ခဲ့သည်။ ကျွန်တော်က ကလေးအလုပ်သမား တစ်ယောက်ဖြစ်သည့်အတွက်၊ အလုပ်ရှင်က ကျွန်တော့်ကို အစား အစာနှင့် နေရာထိုင်ခင်းအတွက် အမြဲတမ်း ကောင်းမွန်စွာ တာဝန်ယူ စောင့်ရှောက်ခဲ့သည်။ တစ်နှစ်ကုန်သွားပြီးနောက်၊ ကျွန်တော့် လုပ်အားခက အလွန်နည်းပါးသည်ဟု စတင် ခံစားရသောကြောင့်၊ တခြားလူများ မလုပ်ချင်သည့် ကြွေရည်သုတ်ဆေးဖြန်းခြင်း အလုပ်ကို လုပ်လျက် ပရိဘောဂ စက်ရုံတစ်ခုတွင် ကူးပြောင်းအလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်က ကျွန်တော် ပိုက်ဆံပိုရနိုင်မည် ဆိုပါက၊ ဥပဒေမချိုးဖောက်သရွေ့ မည်သည့်အလုပ်ကိုမဆို ကျွန်တော် လုပ်မည် သာ ဖြစ်သည်။ ၎င်းမှာ ဆင်းရဲသားတစ်ယောက်ကဲ့သို့ ကျွန်တော် လုံးဝ ထပ်ပြီး အသက်မရှင်ရလေအောင်၊ ကျွန်တော့် တစ်ခုတည်းသော ရည်မှန်းချက်မှာ ချမ်းသာလာဖို့ ဖြစ်သောကြောင့်ပင်တည်း။ အချိန် တစ်ခုကြာပြီးနောက် ကျွန်တော့် ဆွေမျိုးများထဲမှ တစ်ယောက်က အလုပ်အတွက် နိုင်ငံမှထွက်ခွာဖို့ အခွင့်အလမ်းရှိသည့် ကုမ္ပဏီတစ်ခု ထဲသို့ ကျွန်တော့်ကို အလုပ်သွင်းပေးခဲ့ပြီး၊ အံ့အားသင့်ဖွယ်ရာပင် နှစ်အနည်းငယ် ကြာပြီးနောက် ကျွန်တော် အမှန်တကယ် နိုင်ငံရပ်ခြား သို့ သွားခဲ့ရလေသည်။
၂၀၁၂ ခုနှစ် နွေဦးတွင် ကျွန်တော် မျှော်လင့်ထားခဲ့သည့်အတိုင်း၊ ဂျပန်နိုင်ငံသို့ ကျွန်တော် ရောက်လာခဲ့ပြီး၊ ကျွန်တော့် ဘဝသစ်ကို စတင် ခဲ့သည်။ သင်္ဘောတည်ဆောက်မှုလုပ်ငန်းတွင် ကျွန်တော် ပါဝင်လုပ် ကိုင်ခဲ့ပြီး၊ ထိုကုမ္ပဏီနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ အလုပ် စလုပ် သည့်အချိန်က၊ ထမင်းဟင်းမချက်တတ်သောကြောင့် တစ်လကြာ အသင့်စား ခေါက်ဆွဲများသာ စားသောက်ခဲ့သည်မှာ၊ ကျွန်တော့်ကို ထမင်းဟင်းချက်တတ်ဖို့ အတင်းအကျပ် သင်ယူစေလျက် ထိုခေါက်ဆွဲ များကို စားသည့်အချိန်တိုင်း အန်ထွက်တော့မည်ဟု ခံစားရသည့်အချိန် အထိပင် ဖြစ်သည်။ မကျက်တကျက်ထမင်းများကို ကျွန်တော် ရက်ပေါင်းမည်မျှ စားခဲ့ရသည်ကို မသိပါ။ ကျွန်တော်တို့က ဂျပန် နိုင်ငံတွင် နိုင်ငံခြားသားများ ဖြစ်သောကြောင့်၊ နယ်ခံအလုပ်ရှင်များက ကျွန်တော်တို့ကို အတော်အတန် မမျှမတ ဆက်ဆံသည်ကို မလွဲမရှောင် သာ ခံရလေသည်။ သူတို့က ညစ်ပတ်ကာ၊ ပင်ပန်းနွမ်းနယ်ပြီး အန္တရာယ် များသော အလုပ်တာဝန်များစွာကို ကျွန်တော်တို့အား လုပ်စေခဲ့သည်။ အထူးသဖြင့် ကျွန်တော် ကြွေရည်သုတ်ဆေး ဖြန်းနေသည့်အချိန်တွင်၊ ဓာတ်ငွေ့က မည်သည့် မီးဖြင့်မဆို ထိတွေ့မိပါက၊ မီးထတောက် မည်ဖြစ်သည့်အပြင်၊ ကျွန်တော့် တစ်ခဏလောက် အာရုံပျံ့သွားပါက၊ ကျွန်တော့် အသက်အန္တရာယ် ရှိနိုင်သောကြောင့် ကျွန်တော် မကြာခဏ ဆိုသကဲ့သို့ တော်တော်ကြောက်ခဲ့ရသည်။ သို့သော် ကျွန်တော့် မိသားစု ကို ငွေပို့ပေးဖို့ ငွေပိုရှာခြင်း၊ အခြားလူများကို ဆရာလုပ်နိုင်ဖို့နှင့်၊ အခြား သူများ၏ အထင်သေး ခံရကာ၊ ဆင်းရဲသော ဘဝတစ်ခုတွင် နောက်ထပ် အသက်ရှင်စရာ မလိုတော့သလို၊ တရုတ်ပြည်ပြန်ရောက်ပြီးနောက် ကားတစ်စီးနှင့် အိမ်တစ်လုံး ဝယ်နိုင်မည့် အကြောင်းတို့ကို တွေးလိုက် သည့်အချိန်တိုင်း၊ ကျွန်တော့် ဘဝထဲက ဆင်းရဲဒုက္ခဖြစ်စေ၊ ကျွန်တော့် အလုပ်ထဲက အန္တရာယ်ဖြစ်စေ၊ ထိုအချိန်က ကျွန်တော့်၏ဒုက္ခခံ ရခြင်းသည် အမှန်တော့ သိပ်မဆိုးလှဟု ခံစားခဲ့ရသည်။ ကျွန်တော့် ဘဝ၏ သုံးနှစ်တာသည် ထိုနေရာတွင် အလုပ်လုပ်ရင်း မျက်တောင် တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့သည်။ ကျွန်တော့် ဗီဇာသက်တမ်း ကုန်ဆုံးခါနီးတွင်၊ ထိုကုမ္ပဏီက စာချုပ်အသစ်ချုပ်ခြင်းနှင့် ပတ်သက် သည့် မူဝါဒတစ်ခုရှိသည်ကို ကျွန်တော်သိခဲ့ရသည်။ ငွေပိုရှာရန် အတွက်၊ ကျွန်တော်က ရှေ့ဆက် စာချူပ်သစ်ချုပ်ဆိုပြီး ဂျပန်နိုင်ငံတွင် အလုပ် ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ကျွန်တော့် စာချုပ်ကို အသစ် ချုပ်ဆို ပြီးနောက်မကြာမီပင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိ ကျွန်တော့်ဆီ ရောက်လာသည်မှာ ကျွန်တော် မမျှော်လင့်ဘဲ ဝမ်းမြောက်ခဲ့ရသည့် အရာပင် ဖြစ်သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကျွန်တော် ဂျပန်နိုင်ငံတွင် ဆုံတွေ့ခဲ့သည့် မိတ်ဆွေတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင် ၏ နောက်ဆုံးသောကာလ အမှုတော်အကြောင်း ကျွန်တော့်ကို ပြောခဲ့ သည်။ ယုံကြည်မှုနှင့်ပတ်သက်သည့် အရာများအကြောင်း သူမက ကျွန်တော့်အား စပြောခဲ့သည့်အချိန်တွင် ယင်းမှာ ယုံကြည်မှု အမျိုးအစားတစ်ခုခု ဖြစ်သည်ဟု ကျွန်တော် တွေးလျက် တစ်စက်မျှ စိတ်မဝင်စားခဲ့ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းက ကျွန်တော့် ကံကြမ္မာကို ပြောင်းလဲပေးမည်မဟုတ်ဟု ကျွန်တော် ခံစားခဲ့ရသည်။ ထိုနောက် မကြာမီတွင် ကျွန်တော့် အမြင်ရှုထောင့်ကို ကျွန်တော့် မိတ်ဆွေထံ ဝေငှပြီး၊ သူမအား “ဘုရားသခင်ကို ယုံကြည်ခြင်းက ကျွန်တော့် ကံကြမ္မာကို ပြောင်းလဲနိုင်လို့လား။ ကျွန်တော်က ကံမကောင်းတဲ့ လူတစ်ယောက်ပါပဲ၊ ကျွန်တော် ငယ်ငယ်လေးတည်းက အများကြီး ဒုက္ခခံခဲ့ရပြီးပြီ။ ကျွန်တော့်မှာ ပိုက်ဆံသာရှိခဲ့ရင်၊ ကျွန်တော် နောက်ထပ် ဒုက္ခခံရမှာမဟုတ်ဘူး။ အခု ကျွန်တော့်အတွက် လက်တွေ့ အကျဆုံးက ငွေပိုရှာဖို့ပဲလို့ ကျွန်တော် ထင်တယ်။ ကျွန်တော့် သဘောအရဆိုရင်တော့ ဘုရားသခင်ကို ယုံကြည်တာဟာ အလှမ်းဝေး တဲ့ အရာတစ်ခုပဲ” ဟု မေးခဲ့သည်။ ကျွန်တော့် သူငယ်ချင်းက ပြန်ဖြေ ရာတွင် ဘုရား နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုကို ကျွန်တော့်ကို ဖတ်ပြခဲ့သည်။ “သင်နေ့တိုင်း မည်သည့်နေရာသွားမည်၊ မည်သည့် အရာလုပ်မည်၊ အဘယ်သူကို သို့မဟုတ် မည်သည့်အရာကို သင်ကြုံတွေ့မည်၊ သင် မည်သည့်အရာပြောမည်၊ သင့်ထံ မည်သည့် အရာဖြစ်မည်၊ ဤအရာတစ်ခုတစ်လေကို သင် ကြိုတင်ခန့်မှန်း နိုင်ပါသလော။ လူတို့သည် အခြေအနေများ မည်သို့ဖြစ်ပေါ်သည်ကို ထိန်းချုပ်ဖို့ မပြောနှင့်၊ ဤအဖြစ်အပျက်အားလုံးကို ကြိုမမြင်နိုင်ပေ။ ဘဝတွင် ဤကြိုမမြင်နိုင်သည့် အဖြစ်အပျက်များက တစ်ချိန်လုံး ဖြစ်ပျက်လေသည်၊ ၎င်းတို့သည် နေ့စဉ်ဖြစ်ပေါ်သည့် အရာတစ်ခု ဖြစ်၏။ ဤနေ့စဉ်လောကဓံတရားများနှင့် ၎င်းတို့ဖြစ်ပေါ်သည့် နည်းလမ်း သို့မဟုတ် ၎င်းတို့ လိုက်နာသည့် ပုံစံတို့သည် လူသားမျိုးနွယ်အဖို့ မည်သည့်အရာမျှ ကြုံရာကျပန်း ဖြစ်ပျက်နေခြင်းမဟုတ်ကြောင်း၊ အဖြစ်အပျက်အသီးသီး၏ ဖြစ်စဉ်၊ အဖြစ်အပျက်အသီးသီး၏ မရှောင်လွဲသာသော သဘော သဘာဝတို့သည် လူသား၏ အလိုဆန္ဒအားဖြင့် ပြောင်းလဲမရ နိုင်ကြောင်း အစဉ်တစိုက် သတိပေးချက်များ ဖြစ်ကြလေသည်။ အဖြစ်အပျက်တိုင်းက ဖန်ဆင်းရှင်ထံမှ လူသားမျိုးနွယ်သို့ သတိပေးချက်တစ်ခု သယ်ဆောင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို လူသားမျိုးနွယ် မထိန်းချုပ်နိုင်ဆိုသည့် သတင်းစကားကိုလည်း ပေးပို့လေသည်။ အဖြစ်အပျက်တိုင်းက မိမိကံကြမ္မာ ကိုယ်ဖန်တီး လိုသည့် လူသားမျိုးနွယ်၏ ရိုင်းစိုင်းကာ အချည်းနှီးဖြစ်သော ရည်မှန်းချက်နှင့် ဆန္ဒအတွက် ပြန်လည်ချေပချက်တစ်ခု ဖြစ်သည်။...ဤနေ့စဉ် လောကဓံတရားမှ လူသားတို့ဘဝတစ်ခုလုံး၏ ကံကြမ္မာများအထိ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့် သူ၏ အချုပ်အခြာအာဏာကို ဖွင့်မပြသည့်အရာ တစ်ခုမျှမရှိပေ။ ‘ဖန်ဆင်းရှင်၏ အခွင့် အာဏာသည် သာလွန်ကြီးမြတ်သည်’ ဆိုသည့် ထာဝရ အမှန်တရားကို မပြသည့် ‘ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်၍မရနိုင်’ ဆိုသည့် သတင်းစကားကို မပေးပို့သည့်အရာ တစ်ခုမျှမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဤနှုတ်ကပတ်တော်များက ကျွန်တော့်အတွက် အလွန်အဓိပ္ပါယ်ရှိပြီး၊ ကျွန်တော့်စာချုပ် အသစ်ချုပ် နိုင်ခြင်းက ဘုရားသခင်က စီစဉ်ပေးသည့် အရာတစ်ခု ဖြစ်ပုံရသည်ဟု ကျွန်တော် မတွေးဘဲမနေနိုင်ပါ။ ကျွန်တော် မွေးဖွားလာခဲ့သည့် မိသားစု၊ ကျွန်တော့် မိသားစုနှင့် ကျွန်တော့် ဘဝအကြောင်း၊ ပြီးလျှင် ကျွန်တော့် အနီးအနားတွင် ဖြစ်ပျက်ခဲ့သည့် အရာမှန်သမျှအကြောင်းကိုလည်း ကျွန်တော်တွေးခဲ့သည်- ၎င်းတို့အားလုံးက ကျွန်တော့် ထိန်းချုပ်မှု အောက်တွင်မရှိသည့်၊ ကျွန်တော် ကြိုမမြင်နိုင်သည့် အရာများ ဖြစ်လေ သည်။ အပြင် တစ်နေရာရာတွင် ထိန်းချုပ်ထားသည့် အချုပ်အခြာ အာဏာပိုင် အုပ်စိုးသူ တစ်ယောက်က ထိန်းချုပ်ထားသည်မှာ မှန်နိုင် သည်ဟု ကျွန်တော် တွေးမိလေသည်။
ထို့နောက် ကျွန်တော့် သူငယ်ချင်းက နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃) ထဲကဘုရားနှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ခုကို ကျွန်တော့်အား ဖတ်ခိုင်းခဲ့သည်၊ ယင်းက ဘဝတွင် လူတစ်ယောက် ဖြတ်သန်းရမည့် အဆင့် ခြောက်ခုကို ဖော်ပြထားသည်။ ပထမအဆင့်က မွေးဖွားခြင်း ဖြစ်သည်။ ဒုတိယအဆင့်က ကြီးပြင်းခြင်း ဖြစ်သည်။ တတိယအဆင့်က အမှီအခိုကင်းခြင်း ဖြစ်သည်။ စတုတ္ထမြောက် အဆင့်က အိမ်ထောင်ပြုခြင်း ဖြစ်သည်။ ပဉ္စမအဆင့်မှာ သားသမီး မွေးဖွားခြင်းဖြစ်သည်။ ဆဌမအဆင့်မှာ သေခြင်းတရား ဖြစ်သည်။ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင် ကျွန်တော် အံ့အားသင့်ခဲ့ရသည်။ ဘုရားသခင်က လူတစ်ယောက်၏ ဘဝတစ်လျှောက်လုံး သူ့ကံကြမ္မာအကြောင်းကို အလွန် သိသာ ထင်ရှားစွာ ပြောခဲ့ပြီးဖြစ်သည်ကို ကျွန်တော် တစ်ခါမျှ စိတ်မကူးခဲ့ ဘူးပါ။ သို့သော်လည်း အချက်အလက်များက သူဖော်ပြသည့်အတိုင်း အမှန်တကယ် ဖြစ်နေသည်။ လူတစ်ယောက်က သူမွေးဖွားလာသည့် မိသားစုကို ရွေးချယ်ခွင့်မရှိသလို၊ သူတို့က မည်သည့်မိဘမျိုးရမည် ကိုလည်း မရွေးချယ်နိုင်ပါ။ သူတို့ကြီးပြင်းပြီးနောက်၊ သူတို့ ရရှိသည့် အိမ်ထောင်ဖက်မျိုးကလည်း သူတို့ပေါ်တွင် မမူတည်ပါ။ ၎င်းတို့ကို ကျွန်တော် ပို၍ တွေးဆလေ၊ ဤနှုတ်ကပတ်တော်များသည် အလွန် လက်တွေ့ကျသည်ဟု ကျွန်တော် ပိုခံစားရလေဖြစ်သည်၊ ပြီးနောက် ကံကြမ္မာဆိုသည်မှာ သင့်ဘာသာ သင် ပြောင်းလဲနိုင်သည့် အရာတစ်ခု မဟုတ်ကြောင်း အနန္တတန်ခိုးရှင် ဘုရားသခင် ပြောခဲ့သည့်အရာကို ကျွန်တော် စိတ်နှလုံးအတွင်း စတင်ယုံကြည်လာခဲ့သည်။ ထို့နောက်တွင် ကျွန်တော်က ယုံကြည်မှုကို ပိုပို၍ စိတ်ဝင်စားလာခဲ့သည်။ ဘုရားသခင် တည်ရှိကြောင်း၊ လူတစ်ယောက်၏ကံကြမ္မာက သူ့ ထိန်းချုပ်မှုအောက် တွင် မရှိကြောင်းတို့ကို ကျွန်တော် ယုံကြည်လာသည်။ သို့သော် ကျွန်တော်က ဘုရားသခင်အကြောင်း သိပ်မသိသောကြောင့်၊ ဘုရား သခင်က ကျွန်တော်နှင့် အလွန်အလှမ်းကွာဝေးသည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ထို့နောက် မကြာမီ အတွေ့အကြုံတစ်ခုမှတစ်ဆင့်၊ ဘုရားသခင်က ကျွန်တော့်ကို စောင့်ကြည့်ပြီး ကွယ်ကာလျက် ကျွန်တော့် နံဘေးတွင်ရှိနေသည်ဟု အမှန်ပင် ခံစားခဲ့ရသည်။
ထိုနေ့က မိုးရွာနေခဲ့ပြီး၊ ကျွန်တော်က ပုံမှန်အတိုင်း အလုပ်သို့ အချိန်မှန်ရောက်ခဲ့သည်။ မနက် ၁၀ နာရီအကျော်လေးတွင် ကျွန်တော် အလုပ်ဆိုဒ်ထဲတွင် အလုပ်လုပ်နေချိန် ဝုန်းခနဲအသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ မည်သည့်အရာမှန်း ကျွန်တော် မသိ သည့် အရာတစ်စုံတစ်ခုက မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြိုလဲသွားပြီး၊ ကျွန်တော့်ကို ကျောချမ်းသွားစေခဲ့သည်။ ကျွန်တော် ကြည့်ဖို့ ခေါင်းလှည့်လိုက်ချိန်တွင် မြင်လိုက်ရသည့်အရာက ကျွန်တော့်ကို မှင်သက်သွားစေခဲ့သည်- ၎င်းမှာ လုံးပတ် စင်တီမီတာ ၄၀ နှင့် အရှည် ၄ မီတာ၊ အလေးချိန် တန်ဝက်ခန့်ရှိသည့် သံပိုက်ချောင်း ရှည်တစ်ချောင်း ဖြစ်သည်။ ၎င်းက ကရိန်းဆီက ကျလာခဲ့ခြင်း ဖြစ်သည်။ ထိုသံချောင်း က ကျွန်တော် မတ်တပ်ရပ်နေသည့်နေရာမှ မီတာဝက် မရှိတရှိလောက် ကျွန်တော့်နောက်က မြေကြီးပေါ်သို့ ကျခဲ့လေသည်။ ထိုအခိုက် အတန့်တွင် ကျွန်တော်က အလွန်ကြောက်လန့်သည်မှာ လုံးလုံးဆွံ့အ သွားခဲ့ပြီး၊ ထိတ်လန့်မှုမှ ပြန်လည်ဟန်ကိုယ့်ဖို့ အချိန်အနည်းငယ် ကြာခဲ့ လေသည်။ ကျွန်တော့် စိတ်နှလုံးထဲတွင် ကျွန်တော် မရပ်မနား ငိုယို အော်ဟစ်နေခဲ့သည်။ “ဘုရားသခင် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်၊ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တော် ကျွန်တော့်ကို စောင့်ကြည့်ပြီး၊ ကွယ်ကာခြင်း မရှိရင်၊ အဲဒီသံချောင်းက ကျွန်တော့်ပေါ် တည့်တည့်ကျလာမှာပဲ၊ ပြီးတော့ ကျွန်တော့်ရဲ့ အရေးမပါတဲ့ ဘဝလေးကလည်း ပြီးဆုံးသွားခဲ့မှာပဲ။”
အလုပ်သိမ်းပြီးနောက် ထိုနေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ ကို ညီအစ်ကိုမောင်နှမများကို ကျွန်တော် ပြောပြခဲ့ပြီး၊ သူတို့က ယင်းမှာ ဘုရားသခင်၏ ကွယ်ကာမှုဖြစ်သည်ဟု ကျွန်တော့်ကို မိတ်သဟာယ ပြုခဲ့ကြသည်။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှလည်း ကျွန်တော့်ကို ဖတ်ပြခဲ့သည်။ “လူ့ဘဝ၏ ရှည်လျားသော လမ်းကြောင်းတွင်၊ လူအယောက်စီတိုင်းနီးပါး အန္တရာယ်ရှိသော အခြေအနေများစွာကို ကြုံဖူးသကဲ့သို့ ဖြားယောင်း သွေးဆောင်မှုများစွာကို ရင်ဆိုင်ဖူးကြ၏။ ဤသည်မှာ စာတန်သည် သင်၏အနားတွင် ရပ်နေသောကြောင့်၊ ၎င်း၏မျက်လုံးတို့သည် သင့်အပေါ် စဉ်ဆက်မပြတ် စူးစိုက်ကြည့် နေသောကြောင့် ဖြစ်သည်။ သင့်ကို ဘေးဒုက္ခရိုက်ခတ်သည့်အခါ၊ သင့်အပေါ် ကပ်ဘေးများ ကျရောက်သည့်အခါ၊ ဤအရာ၌ စာတန် အကြိုက်တွေ့ လေသည်။ သင့်အတွက် မည်သည့်အရာမျှ အဆင်မပြေသည့်အခါ၊ စာတန်၏ ကွန်ယက်တွင် သင် ငြိတွယ်ခံရသည့်အခါတွင်၊ ဤအရာများမှ ကြီးစွာသော ပျော်ရွှင်မှုကို စာတန်က ရယူလေသည်။ ဘုရားသခင် လုပ်ဆောင်နေသည့် အရာအတွက်မူ၊ သူသည် သင့်အား ကုန်လွန်သည့်အချိန်တိုင်းတွင် ကာကွယ် ပေးလျက်ရှိကာ၊ ကံဆိုးခြင်းတစ်ခုပြီး တစ်ခုမှ လည်းကောင်း၊ ဘေးဒုက္ခတစ်ခုပြီး တစ်ခုမှ လည်းကောင်း သင့်ကို ထိန်းကျောင်းပေးနေ၏။ ဤသည်မှာ လူသားတွင် ရှိသောအရာ အားလုံးဖြစ်သည့် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု၊ ကောင်းချီးမင်္ဂလာများနှင့် တစ်ကိုယ်ရေဘေးကင်းရေးတို့သည် အမှန်တွင် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် အားလုံး ရှိကြသည်ဟု ငါက ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ သူသည် လူတစ်ဦးစီတိုင်း၏ ကံကြမ္မာကို လမ်းပြကာ ဆုံးဖြတ်ပေး၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှု ပြီးနောက်၊ လူများသည် စာတန်၏ ကျော့ကွင်းထဲတွင် နေ့စဉ် အသက် ရှင်နေရပြီး၊ အချိန်မရွေး စာတန်ထံမှ အန္တရာယ်ရှိသော စုံစမ်း နှောင့်ယှက်မှုမျိုးစုံကို ရင်ဆိုင်ရနိုင်သည်ကို ကျွန်တော် နားလည် သဘောပေါက်ခဲ့သည်။ ၎င်းတို့က ဘေးဒုက္ခများ၊ ကပ်ဘေးများနှင့် သူတို့ ဆန္ဒရှိသည့်အတိုင်း မဖြစ်လာသည့် အရာများစွာတို့ကို ကြုံတွေ့ကောင်း ကြုံတွေ့နိုင်သည်။ သူတို့ကို ဘုရားသခင်က စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်း မရှိပါက၊ လူများသည် ကြာမြင့်သောအချိန်ကတည်းက စာတန်၏ ဝါးမျိုခံခဲ့ရမည်သာ ဖြစ်သည်။ ကျွန်တော့်အလုပ်တွင် တန်ဝက်နီးပါးလေးသည့် သံပိုက်ချောင်းတစ်ခု ကျွန်တော့်နှင့် မီတာဝက် သာသာ အကွာ မြေကြီးပေါ်သို့ ပြုတ်ကျကာ ထိမှန်ခြင်းတို့ဖြင့် ကျွန်တော် ကြုံတွေ့ရသည့် အန္တရာယ်ကို တွေးလျက်၊ ဤသည်မှာ ကျွန်တော့် ကိုယ်ပိုင်ကံသာ မဟုတ်သည်ကို ကျွန်တော်သိခဲ့သည်။ တကယ်တမ်း မှာမူ ကျွန်တော့်ကို သီသီလေးလွတ်ခွင့်ပြုခဲ့သည်မှာ ဘုရားသခင်က ကျွန်တော့်ကို စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်း ဖြစ်သည်။ ထိုနှစ်များအတွင်းတွင် ဘုရားသခင်က ကျွန်တော့်ကို စောင့်ရှောက်ပြီး၊ ကာကွယ်ခြင်းမှ ကျွန်တော် အကြိမ်ရေမည်မျှ အကျိုးရှိခဲ့သည်ကို ကျွန်တော် မသိသော်လည်းပဲ၊ ဘုရားသခင်ကို ကျွန်တော် မည်သည့်အခါမျှ နားမလည်သကဲ့သို့၊ ကိုးလည်း မကိုးကွယ်ခဲ့ပါ။ ကျွန်တော့်မှာ တကယ်ကို အသိစိတ်လုံးဝ မရှိခဲ့ပါ။ ထိုအခိုက်အတန့်မှစ၍၊ ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ပိုမိုကောင်းစွာ သိနားလည်လာခဲ့သည်။ ကျွန်တော် အသက်ရှင်သေး သည့်အချက်မှာ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းသော လက်တော်က ကျွန်တော့်ကို ကွယ်ကာထားသည့် ကျေးဇူးသက်သက်ကြောင့် ဖြစ်သည်။ ကျွန်တော့် စိတ်နှလုံးထဲမှ ဘုရားသခင်ကို ကျေးဇူးတင် ပါသည်။ ထိုအချိန်မှစပြီး ဘုရားသခင်နောက်လိုက်ဖို့ ကျွန်တော် တတ်နိုင်သမျှ လုပ်ဆောင်ရန်လည်း ဆုံးဖြတ်ခဲ့သည်။ နောက်နေ့ များတွင် ကျွန်တော်က ဝတ်ပြုအစည်းအဝေးများကို မကြာခဏ တက်ရောက်သည်၊ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုသည်၊ ဘုရား နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး အတွေ့အကြုံများနှင့် နားလည်မှု များကို မိတ်သဟာယပြုဝေငှပြီး၊ ဘုရားသခင်ကို ချီးမွမ်းခြင်း ဓမ္မသီချင်း များကို ညီအစ်ကိုမောင်နှမများဖြင့် သီဆိုခဲ့သည်။ ကျွန်တော့် စိတ်နှလုံး ထဲတွင် လွတ်လပ်ပြီး၊ လွတ်မြောက်သွားသည်ဟု ခံစားခဲ့ရသည်။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများသည် ကျွန်တော်တို့၏ ဝိညာဉ် ရေးရာ အသက်တာများတွင် အချင်းချင်း ကူညီထောက်ပံ့ ကြသည်။ သူတို့ထဲမှတစ်ယောက်မှ ကျွန်တော့်ကို အထင်မသေး ကြသလို၊ ဆင်းရဲသားကို မတူမတန် သဘောထားပြီး၊ သူဌေးများကို မျက်နှာလို မျက်နှာရ လုပ်သည့်သူ တစ်ယောက်မျှ မရှိပါ- ကျွန်တော် ဂုဏ်သိက္ခာ ဖြင့် အသက်ရှင်နိုင်သည်ဟု ခံစားခဲ့ရသည်။ ဤကြီးမား၊ နွေးထွေးပြီး ပျော်ရွှင်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်တွင် အသက်ရှင်လျက်၊ ကျွန်တော့်ဘဝတွင် ပြောင်းလဲမှုများ တဖြည်းဖြည်း ချင်း ပေါ်ပေါက်လာခဲ့သည်။ ကျွန်တော်က စိုးရိမ် ကြောင့်ကြမှု၊ ဆင်းရဲဒုက္ခနှင့် ကုန်ဆုံးသွားသည့်ရက်များ၏ အနှစ်သာရမဲ့မှုတို့ကို နောက်ထပ် မခံစားရတော့ပါ။ ကျွန်တော် ယခင်က ရှိသည်ထက် များစွာ ပို၍ပျော်ရွှင်ပြီး၊ ကျေနပ်ခဲ့သည်။
တစ်နေ့တွင် ကျွန်တော့် ကုမ္ပဏီတွင် နှစ်ရှည်ဝန်ထမ်းတစ်ဦးကို ဆိုးရွားသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူက ဂျပန်လူမျိုး တစ်ယောက်ဖြစ်ပြီး၊ ထိုကုမ္ပဏီတွင် အလုပ်လုပ်လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီဖြစ်သည်။ သူက လုံခြုံရေး အသိရှိမှု နှင့် ပိုမိုသော နည်းပညာပိုင်းဆိုင်ရာ နယ်ပယ်နှစ်ခုလုံးတွင် အမှန်တကယ် အားကောင်းသော်လည်း၊ ထို့နေက သူ့အဆိုင်းတွင် သူက သယ်မသည့် ထရပ်ကားကို မောင်းနေခဲ့ပြီး၊ လေထဲ မီတာနှစ်ဆယ်တွင် အလုပ် နည်းနည်း လုပ်နေခဲ့သည်။ စက်မောင်းစဉ်တွင်၊ သူ၏ ဂရုမစိုက်ခြင်း အကျိုးဆက်အနေဖြင့် သူ့ ထရပ်ကား၏ ဓာတ်ငွေ့အရည်များက စတင် ယိုစိမ့်လာခဲ့သည်။ နောက်ထပ် အလုပ်သမားတစ်ယောက်က သူ့အပေါ် လေထဲတွင်ပင် တွဲလောင်းချိတ်လျက် ဂဟေဆော်ခြင်းအလုပ်တစ်ချို့ လုပ်နေခဲ့သည်။ မီးစက သူ့အဝတ်အစားပေါ်ကျပြီး၊ ဓာတ်ငွေ့နှင့် ထိကာ- ဆိုင်းမဆင့်ဗုံမဆင့်၊ မီးတောက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။ ကျွန်တော်တို့၏ နှစ်ရှည် လုပ်ဖော်ကိုင်ဖက် မီးတောက်ထဲ ဝါးမျိုးခံနေရ သည့်အခိုက်၊ ကျွန်တော်တို့ လုပ်နိုင်သည့်အရာ လုံးလုံး တစ်ခုမျှ မရှိဘဲ၊ ကျွန်တော်တို့အားလုံးက ထိုနေရာတွင် လက်ပိုက်သာ ကြည့်နေခဲ့ ရသည်။ သူ့ကို တစ်ယောက်ယောက် သွားကယ်ဖို့ အချိန်အလုံ အလောက် မရှိခဲ့ဘဲ၊ မိနစ်အနည်းငယ် အတွင်းတွင်၊ သူက ရှင်လျက် မီးလောင်ပြီးသားဖြစ်ခဲ့သည်။ ဤအဖြစ်ဆိုး ဖြစ်ပေါ်နေ သည့်အခိုက် လက်ပိုက်ကြည့်နေကြသူများစွာမှာ သူ့အတွက် ဆိုးဆိုး ရွားရွား ခံစားခဲ့ ကြရပြီး၊ ဘဝနှင့်ပတ်သက်သည့် နားလည် သဘောပေါက်မှုတစ်ခုကို ရရှိလာခဲ့သည်။ အမှန်မှာမူ လူများ အသက်ရှင်သန်နေကြသည်မှာ မည်သည့်အတွက် ဖြစ်ပါသနည်း။ ဤကဲ့သို့သော အရာက ကျွန်တော့် နံဘေးတွင် ဖြစ်ပျက်ခဲ့သောကြောင့်၊ တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘုရားသခင်နှင့် ကင်းကွာစေပြီး၊ ဘုရားသခင်က သူတို့ကို စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ မရှိထားပါက၊ သူတို့၏ ဘဝများသည် အသက်ဘေးနှင့် သီသီလေးသာ လိုသည်ကို ကျွန်တော် အမှန်တကယ် နားလည်ခဲ့သည်။ မည်သည့် ဘေးဒုက္ခနှင့်မဆို ရင်ဆိုင် ရလျက်၊ လူ့အသက်သည် အလွန်ထိခိုက်လွယ်ပြီး၊ အပျော့ဆုံး ထိုးနှက်မှုကိုပင် တောင့်ခံနိုင်စွမ်း မရှိပါ။ လူတစ်ယောက်၏ ကျွမ်းကျင်မှု မည်မျှကြီးမားပါစေ၊ သို့မဟုတ် သူတို့မှာ ငွေမည်မျှရှိပါစေ၊ သူ့၏ကံကြမ္မာကို သူတို့ ထိန်းချုပ်နိုင်စွမ်းမရှိသည့်အပြင်၊ အထူးသဖြင့် ဘေးဒုက္ခများနှင့် သေခြင်းတရားတို့မှ မိမိကိုယ်ကို ကယ်တင်နိုင်စွမ်း မရှိသည်ကိုလည်း ကျွန်တော် အလွန်အမင်းခံစားခဲ့ရသည်။
ထို့နောက်မကြာမီတွင် ဘုရားနှုတ်ကပတ်တော်၏ ဤကျမ်းပိုဒ်ကို ကျွန်တော် ဖတ်ခဲ့သည်။ “ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်ပြဋ္ဌာန်းခြင်း တို့ကြောင့် သူ့အမည်တွင် ဘာမှ မရှိခြင်းမှ စတင်လာသည့် အထီးကျန် ဝိညာဉ်သည် မိဘနှင့် မိသားစုကို ရရှိလာသည်။ လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေး၊ လူသားဘဝကို ကြုံတွေ့ဖို့နှင့် လောကကို မြင်ဖို့အခွင့်အရေးကို ရရှိလေ၏။ ဤဝိညာဉ်သည်ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော ထူးခြား ဆန်းပြားမှုတွေကို သိရှိဖို့၊ ယင်းထက် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိပြီး ဝန်ခံလာဖို့ရန် အခွင့်အရေးလည်း ရရှိပေသည်။ သို့သော် လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် မဖမ်းဆုပ်ကြပါ။ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရင်း ဘဝတစ်ခုလုံးနှင့်တန်သည့် စွမ်းအင်များကို သုံးပစ်ကြသည်။ မိသားစုကို ကျွေးမွေးဖို့ ကြိုးစားရင်း လှုပ်ရှားရုန်းကန်ရင်း၊ ချမ်းသာခြင်းနှင့် အဆင့်အတန်းအကြားတွင် အပြန်အလှန် ကူးသန်းသွားလာရင်း အချိန်အားလုံး ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့ သည် မိသားစု၊ ငွေနှင့် ကျော်ကြားမှုများ ဖြစ်သည်။ ဤအရာတို့ကို ဘဝ၌ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက ၎င်းတို့၏ကံကြမ္မာနှင့်ပတ်သက်ပြီး ညည်းညူကြသည်။ သို့သော်လည်း ဆန်းစစ်ပြီး သိနားလည်ဖို့ အရေးအပါဆုံးသော ကိစ္စရပ်များကို ၎င်းတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်၏- လူသားက အဘယ်ကြောင့်အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပါယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည်။ ၎င်းတို့ နှစ်မည်မျှကြာပါစေ၊ ၎င်းတို့၏ ပျိုမျစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ ၎င်းတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည့်အထိ၊ ကျော်စောမှုနှင့် ဥစ္စာပစ္စည်းကို ရှာဖွေရင်း ပြေးလွှားခြင်းဖြင့်သာ ၎င်းတို့ဘဝတစ်ခုလုံးကို ကုန်ဆုံးကြလေသည်။ ကျော်စောမှုနှင့် ဥစ္စာပစ္စည်းတို့က ဇရာထောင်းခြင်းဘက်သို့ မိမိတို့ ရွေ့လျှောခြင်းကို မရပ်တန့်နိုင်ကြောင်း၊ ငွေက နှလုံးသား၏ လစ်ဟာနေခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်း၊ မည်သူမျှ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းတို့၏ နိယာမများမှ မကင်းလွတ်နိုင်ကြောင်း၊ ကံကြမ္မာက အဆင်သင့်ထားရှိသောအရာမှ မည်သူမျှ မလွတ်မြောက် နိုင်ကြောင်းကို ၎င်းတို့နားလည်သည်အထိ ဤနည်းဖြင့် အသက်ရှင်ကြလေသည်။ ၎င်းတို့သည် ဘဝ၏ နောက်ဆုံးအဆင့်ကို ရင်ဆိုင်ဖို့ ဖိအားပေးခံရသည့်အခါမှသာ လူတစ်ယောက်က အလွန်ကြီးမားသော ချမ်းသာကြွယ်ဝမှုနှင့် ကြီးကျယ်သော ဥစ္စာပစ္စည်းများ ပိုင်ဆိုင်နေသည့်တိုင်၊ အခွင့်ထူးခံဖြစ်ပြီး အဆင့်အတန်းမြင့်မားနေသည့်တိုင် သေခြင်းကို မလွတ်မြောက် နိုင်သကဲ့သို့ လူတိုင်း မိမိ၏မူလအနေအထားဖြစ်သော အဘယ်အရာမျှ မပိုင်သည့် တစ်ကိုယ်တည်းသော ဝိညာဉ် တစ်ခုသို့ ပြန်သွားရလိမ့်မည်ဟူသည်ကို သူတို့အမှန်တကယ် နားလည်ကြ လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ ကျွန်တော် အလွန်အမင်း နိုးကြားလာခဲ့သည်။ ဘုရားသခင်က ကြိုတင်ပြဌာန်းထားသည့် အရာကြောင့် လူများ၏ စိတ်ဝိညာဉ်များက ဘုရားသခင်ထံမှ လာပြီး၊ ကမ္ဘာထဲသို့ ရောက်လာ သည်။ သို့သော်ငြားလည်း လူများက ဘုရားသခင်ကို ယုံကြည်လိုခြင်း သို့မဟုတ် ကိုးကွယ်လိုခြင်း မရှိသေးပါ။ သူတို့က ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံခံစားဖို့ ဤအခွင့် အလမ်းကို တန်ဖိုးမထားကြပါ။ ထိုအစား သူတို့လုပ်ဖို့ သိသည့် တစ်ခုတည်း သောအရာမှာ ငွေကြေး၊ ကျော်ကြားမှုနှင့် ချစ်ခင်မှု တို့အတွက် အသက်ရှင်ဖို့ ဖြစ်သည်။ သူတို့အတွက် စီစဉ်ပြီးသား ဖြစ်သည့်အရာကို လွတ်မြောက်ဖို့ သူတို့က အရူးအမူး ဟိုဟိုသည်သည် ပြေးလွှားနေကြသော်လည်း၊ ဤအရာများကို ရှာဖွေခြင်းအားဖြင့် လူများ မည်သည့်အရာကို ရနိုင်ပါသနည်း။ သူတို့အပေါ် သေခြင်းတရား ကျရောက်ချိန်တွင်- ချစ်သောသူများ၊ ကျော်ကြားမှု သို့မဟုဟ် ဓနဥစ္စာ- တို့ထဲမှ မည်သည့်အရာက သူတို့ကို ကယ်တင်နိုင်သနည်း။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်၏ကွယ်လွန်ခြင်းက ဤအမှန်တရားကို အကောင်းဆုံး ပုံဆောင်ခြင်း မဟုတ်ပါလား။ ပြီးလျှင် ကျွန်တော် ယခင်က ရှာဖွေ ခဲ့သည့် အရာများအကြောင်း ကျွန်တော်တွေးသည့် အချိန်တွင်၊ ၎င်းတို့က မတူပါလား။ အလုပ်လုပ်ဖို့ ကျွန်တော် နိုင်ငံရပ်ခြားကို လာသည့်အချိန်တွင်၊ ကျွန်တော်က ငွေပိုရှာနိုင်ဖို့အတွက်၊ တခြား သူများ၏ ကြီးမားသော လေးစားမှုရရှိဖို့၊ ပြီးလျှင် ဆင်းရဲခြင်းမှ ဖြည်းဖြည်းချင်း ရုန်းထွက်ဖို့သာ- ညစ်ညူးသော၊ ပင်ပန်းနွမ်းနယ်သော သို့မဟုတ် အန္တရာယ်များသော- မည်သည့်အလုပ်ကိုမဆို လုပ်မည်သာ ဖြစ်သည်။ ပြင်းထန်သော ဆင်းရဲဒုက္ခဖြစ်လင့်ကစား၊ မိမိ၏ ဘဝ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းက ကျွန်တော့်ထံတွင် တစ်ခါမျှပင် အတွေးမပေါက်ခဲ့ဖူးပါ။ ကျွန်တော်က ထိုတစ်လမ်းတည်းတွင်သာ အိပက်အိပက် ဆက်သွားနေခဲ့သည်။ ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်တစ်ပါး ရှိမရှိကို သို့မဟုတ် လူ့ကံကြမ္မာက ဘုရားသခင်၏ လက်တော်ထဲတွင်ရှိမရှိကို မသိခဲ့ပါ၊ သို့သော် ကျွန်တော့် ကံကြမ္မာကို ပြောင်းလဲဖို့ ကျွန်တော့်၏ ကိုယ်ပိုင်အလုပ်ကြိုးစားခြင်း အပေါ်တွင်သာ မှီခိုခဲ့သည်။ ကျွန်တော့် ဘဝအတွက် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု များနှင့် စီစဉ်မှုများမှ လွတ်မြောက်ဖို့ ကျွန်တော် ကြိုးစားခဲ့သည်။ ကျွန်တော်က ပျက်စီးရာလမ်းကြောင်းပေါ်မှာ ရှိနေခဲ့ခြင်းမဟုတ်ပါလား။ ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့်သာ မဟုတ်ပါက၊ ဘုရားသခင်က ကျွန်တော့်ကို စောင့်ရှောက်ခြင်းနှင့် နှင့် ကွယ်ကာခြင်းတို့ကြောင့်သာ မဟုတ်ပါက၊ ဝမ်းနည်းစရာပင်၊ ကျွန်တော့် နုံချာသော ဘဝလေးက အချိန်ကြာမြင့်စွာကတည်းက စာတန်၏ ဖမ်းယူခံခဲ့ရမည်သာ ဖြစ်သည်။ သို့ပါက ကျွန်တော့်ဘဝက ယခုလောက် စိတ်ချမ်းသာပြီး၊ အဓိပ္ပာယ်ရှိ နိုင်မည်နည်း။ ထိုအခိုက်အတန့်တွင် ဘဝ၏ အဓိပ္ပာယ်က ဓနဥစ္စာ သို့မဟုတ် ကျော်ကြားမှုကို ရှာဖွေခြင်း မဟုတ်သကဲ့သို့၊ တခြားလူများ က ကျွန်တော်တို့ကို အထင်ကြီးစေဖို့၊ သူတို့ရှေ့သို့ ရောက်အောင် ကြိုးစားခြင်းလည်း မဟုတ်ဘဲ၊ ယင်းထက် ဘုရားသခင်၏ မျက်မှောက် တော်ရှေ့သို့ လာဖို့နှင့်၊ သူ့ကယ်တင်ခြင်းကို လက်ခံဖို့ ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ဖြင့်သာလျှင် ကျွန်တော်တို့က စာတန်၏ ဘေးဖြစ်စေခြင်းမှ ရုန်းထွက်လွတ်မြောက် နိုင်ပြီး၊ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတို့တွင် အသက်ရှင်နိုင်ပေသည်။ ဤအရာကို ကျွန်တော် ပိုတွေးလေ၊ ကျွန်တော်ပို၍ တို့ထိခံရလေ ဖြစ်သည်။ ကျွန်တော့်၏ ယုံကြည်မှုရှိနိုင်စွမ်းသည် ကျွန်တော့်အတွက် ဘုရားသခင်၏ အထူးကျေးဇူးတော်ဖြစ်သည်ကို ကျွန်တော် မြင်ရပြီး ဖြစ်သည်။ ကျွန်တော့်ကို ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။