အစားထိုးခံရပြီးနောက်

03.04.2021

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို သူ၏ အစေခံခြင်းတွင် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်- သင့်ကို ကယ်တင်ရန်ပင်တည်း။ သင့်ကို မကယ်တင်မီ သူသည် သင့်ကို သဏ္ဌာန်ပြောင်းလဲစေရန် လိုအပ်သောကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ တစ်ခါတစ်ရံတွင် သင်အနေဖြင့် သင့်ကိုယ်သင် သိနားလည်လာရန်အတွက် ဘုရားသခင်သည် သင့်ဝန်းကျင်တွင် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများတို့ကို ဘုရားသခင်ဖြစ်ပေါ်စေသည်၊ သို့တည်းမဟုတ်ပါက သင်သည် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ခံရနိုင်လေသည်။ ခွဲစိတ်ကုသကုတင်ပေါ်တွင်ရှိသော လူတစ်ဦးကဲ့သို့ပင်၊ သင်သည် ရလဒ်ကောင်းတစ်ခုအတွက် နာကျင်မှုအတန်အသင့် ခံရဖို့လိုပါသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”)အကြိမ်များစွာ ကျရှုံးခြင်းနှင့် ပြိုလဲကျခြင်းသည် ဆိုးသည့် အရာမဟုတ်သလို၊ ဖော်ထုတ်ခံနေရခြင်းသည်လည်း ဆိုးသည့် အရာ မဟုတ်ပါ။ သင် ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ဖော်ထုတ်ခံရသည်ဖြစ်စေ၊ ဤအရာကို တစ်ချိန်လုံး သင် မှတ်မိရမည်- ဖော်ထုတ်ခံရခြင်းဆိုသည်မှာ သင်သည် ရှုတ်ချခံနေရခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ ဖော်ထုတ်ခံနေရခြင်းသည် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်၊ မိမိကိုယ်ကိုယ် သိရှိရန် ယင်းမှာ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင့်အတွင်းရှိ အမှုအရာများ၊ သတိပြုမိဖို့ ခဲယဉ်းပြီး တူးဖော်ဖို့ ခက်ခဲ့သည့် သင့်အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် ထိုရှုထောင့်များအားလုံးကို သင် သိရှိလာနိုင်လျှင်၊ ဤသည်မှာ ကောင်းသော အရာတစ်ခု ဖြစ်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ၊ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကိုယ် စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင်၊ သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) ဘုရားဟာ တစ်ယောက်ယောက်အပေါ်မှာ အလုပ်လုပ်တဲ့အခါ စစ်ဆေးခြင်းဖြစ်ဖြစ် တရားစီရင်ခြင်းဖြစ်ဖြစ်၊ ပြုပြင်ခြင်းဖြစ်ဖြစ် ကိုင်တွယ်ဖြေရှင်းတာ ဒါမှမဟုတ် အမှုတော်ဆောင်တဲ့နေရာမှာ လူစားထိုးခံရတာတွေဟာ သူတို့ရဲ့စိတ်သဘောထားပြောင်းလဲသွားအောင် သူတို့ကိုယ်သူတို့ သိနားလည်ပြီး ပြန်လည်ဆန်းစစ်နိုင်ဖို့ လုပ်ဆောင်ပေးတယ်ဆိုတာ ဘုရားရဲ့နှုတ်ကပတ်တော်တွေကနေ သိရပါတယ်။

ကျွန်မ ယုံကြည်သူတစ်ယောက်ဖြစ်တာ လပိုင်းလောက်ပဲရှိတုန်းကပေါ့ ခေါင်းဆောင်အစ်မကျိုး မိတ်သဟာယမှာပြောခဲ့တာက တကယ်ကိုဉာဏ်ပွင့်စေပြီးတော့ လက်တွေ့လုပ်ဆောင်ရတဲ့ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အရမ်းကောင်းပါတယ်။ သူ့ကိုတကယ်လေးစားခဲ့ပြီးတော့ တွေးမိခဲ့တာက ငါသာ သမ္မာတရားနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့တာကနေတစ်ဆင့် ညီအစ်ကိုမောင်နှမတွေရဲ့ပြဿနာတွေကို အစ်မကျိုးလို ဖြေရှင်းပေးနိုင်မယ့်အချိန် ရောက်လာရင် သိပ်ကောင်းမှာပဲလို့ပေါ့ တစ်ယောက်ယောက်ကို ခေါင်းဆောင် ဒါမှမဟုတ် ဝတ်ပြုဆရာအဖြစ် ရွေးချယ်လိုက်ပြီလို့ကြားတိုင်း ကျွန်မ အရမ်း စိတ်လှုပ်ရှားတယ်။ တစ်ရက် သူတို့လိုဖြစ်လာရမယ်ဆိုတဲ့စိတ်နဲ့ပေါ့ နောက်တော့ ကျွန်မစပြီး ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်တယ်။ အလေးအနက်ဆင်ခြင်တယ်။ ဝတ်ပြုဒိုင်ယာရီတစ်ခုလည်း လုပ်ထားလိုက်ပါတယ်။ အသင်းတော်ရဲ့အလုပ်တိုင်းမှာ စိတ်အားထက်သန်စွာပါဝင်ခဲ့တာပေါ့

သုံးလေးနှစ်လောက်ကြာပြီးတော့ကျွန်မကို အသင်းတော်ရဲ့ခေါင်းဆောင်အဖြစ် မဲပေးရွေးချယ်ခဲ့ကြတယ်။ အသင်းတော်ရဲ့အလုပ်အတွက် အစ်မလျူနဲ့ကျွန်မ တာဝန်ခွဲယူခဲ့ကြပါတယ် အသင်းတော်ရဲ့အလုပ်မှာပြဿနာတစ်ခု တွေ့တိုင်း ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေ သူတို့ရဲ့အမှုတော်ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ့တိုင်း ကျွန်မက အစ်မလျူကိုလိုက်ရှာ ဆွေးနွေးပြီးတော့ ဖြေရှင်းဖို့အတွက်သမ္မာတရားကိုရှာတယ်။ လပိုင်းလောက်ကြာတော့ ကျွန်မတို့အသင်းတော်ရဲ့အလုပ်မှာ တကယ့်ရလဒ်တွေကို စတွေ့လာရတယ် ပြီးတော့ ခေါင်းဆောင်က ကျွန်မသင်ယူခဲ့ရတာတွေကို လုပ်ဖော်ကိုင်ဖက်တွေ့ဆုံပွဲမှာ အားလုံးကိုပြောပြပေးဖို့ တောင်းဆိုခဲ့ပါတယ် ခေါင်းဆောင်က ကျွန်မကိုတန်ဖိုးထားတာမြင်လိုက်ရပြီးတော့ ညီအစ်ကိုမောင်နှမတွေ ကျွန်မကိုလေးစားတာကိုသိလိုက်ရတော့ အရမ်းဝမ်းသာခဲ့ပါတယ် ကျွန်မ တွေ့ဆုံပွဲမှာ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ စပြီးကြွားဝါမိတယ်။ ကျွန်မအမြဲတမ်း မိတ်သဟာယမှာ ညီအစ်ကိုမောင်နှမတွေကို ဘယ်လိုကူညီထောက်ပံ့ပေးတာ ကျွန်မရဲ့ ပြဿနာတွေကိုဖြေရှင်းပုံ ကျွန်မထမ်းရတဲ့အမှုတော်မှာ ဘယ်လိုဒုက္ခခံခဲ့ရပြီး ဘယ်လိုတန်ဖိုးတွေပေးဆပ်ခဲ့ရပုံနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အသင်းတော်ရဲ့အလုပ်ဟာ ဘယ်လိုအောင်မြင်လာပုံတွေကိုပြောပြနေကြပါ ဒီလိုလုပ်တော့ တစ်ချို့ညီအစ်ကိုမောင်နှမတွေ ကျွန်မကိုလေးစားပြီးအထင်ကြီးလာကြပါတယ် ဒီတော့ သူတို့ပြဿနာတွေကြုံလာပြီဆိုတာနဲ့ ဆုတောင်းဖို့၊ သမ္မာတရားကို ရှာဖွေဖို့ အာရုံမစိုက်တော့ဘဲ ကျွန်မဆီကိုပဲ တိုက်ရိုက်လာကြတော့တယ်။ ကျွန်မကိုယ်ကျွန်မ ခေါင်းဆောင်တစ်ယောက် ပိုပီသလာတယ်လို့ ခံစားလာခဲ့ရပါတယ် အသင်းတော်ရဲ့အောင်မြင်မှုအများစုက ကျွန်မတစ်ယောက်တည်းကြိုးစားမှုကြောင့်လို့ထင်လာတဲ့အတွက် အစ်မလျူကို နည်းနည်းလေး စပြီးအထင်သေးလာမိခဲ့ပါတယ် ပြီးတော့ သူ့အကြံပြုချက်တွေကို ကျွန်မနားမထောင်တော့ပါဘူး ကျွန်မတစ်ယောက်တည်းကပဲ အသင်းတော်ရဲ့အလုပ်တွေကို အဆုံးအဖြတ်ပေးခဲ့တယ်။ ကျွန်မကြောင့် အစ်မလျူက စိတ်ကျဉ်းကျပ်လာတာကို ကျွန်မ တွေ့ရတဲ့အခါမှာ ကျွန်မကိုယ်ကျွန်မ မဆင်ခြင်ခဲ့ဘဲ တွေ့ဆုံပွဲမှာတောင် ဒီလိုကြွားဝါခဲ့ပါသေးတယ် “အစ်မလျူနဲ့ကျွန်မ နှစ်ယောက်လုံးအသင်းတော်ရဲ့အလုပ်အတွက် တာဝန်ရှိပေမယ့် သူက အဆိုးဘက်ကိုရောက်အောင် တွန်းပို့ချင်နေပြီး သူ့တာဝန်ကိုလည်းလျစ်လျူရှုထားတော့ ကျွန်မကပဲ စိတ်ပူပြီးတော့ တန်ဖိုးတစ်ခုကို ပေးဆပ်ရတော့မှာပါ့ ကျွန်မ အစ်မလျူကို တကယ်စိတ်ပူမိတယ် ဒီလိုသာဆက်ဖြစ်နေရင် အသင်းတော်ရဲ့အလုပ်ကိုထိခိုက်လာမှာ စိုးရိမ်မိတယ်” လို့ပြောခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေကတော့ ကျွန်မက တကယ်တာဝန်သိပြီး အမှုတော်ရဲ့ဝန်ကိုထမ်းထားတာပဲလို့ ပြောခဲ့ကြပါတယ် ဒီလိုကြားရတော့ တကယ်ဝမ်းသာမိခဲ့ပြီးတော့ သူတို့ရဲ့ အားပေးလေးစားမှုအပေါ်မှာ သာယာနေခဲ့မိပါတယ်။

ရက်ပိုင်းလောက်ကြာတော့ ကျွန်မပြဿနာကို အစ်မတစ်ယောက်က သဘောပေါက်သွားပြီး သတိပေးခဲ့တယ် “အစ်မ..အခုနောက်ပိုင်း အစ်မရဲ့လက်တွေ့လုပ်ဆောင်မှုအတွေ့အကြုံတွေကို မိတ်သဟာယမှာ သိပ်မပြောဖြစ်တာ သတိထားမိတယ် ပြဿနာတစ်ခုရင်ဆိုင်ရတဲ့အခါ ဘယ်လိုဖောက်ပြန်ပျက်စီးခြင်း ဒါမှမဟုတ် ဘယ်လို ဆန့်ကျင်ခြင်းတွေကိုဖော်ထုတ်ခဲ့သလဲ ကိုယ့်ကိုကိုယ်ဘယ်လိုဆင်ခြင်ပြီး သိနားလည်လာသလဲ ဒါမှမဟုတ် ပြဿနာကိုဖြေရှင်းဖို့ သမ္မာတရားကိုရှာဖွေပုံနဲ့ နောက်ဆုံးမှာ ပြောင်းလဲသွားပုံမျိုးတွေလေ အဲဒီအကြောင်းတွေပြောတာ သိပ်မကြားရတော့ဘူး အစ်မက တခြားလူတွေရဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းတယ်၊ အစ်မက ဘယ်လို ဒုက္ခခံတယ်ဆိုတာတွေကိုပဲ မိတ်သဟာယဖွဲ့တာ များတယ် လူတွေ အစ်မကို အထင်ကြီးပြီး မြှောက်စားစေမယ့် အကြောင်းတွေပေါ့။ အစ်မ လမ်းကြောင်းမှန်ပေါ်မှာမဟုတ်တာ့ဘူး..အချိန်မဖြုန်းပါနဲ့တော့ ကိုယ့်ကိုကိုယ်ဆင်ခြင်ပါဦး” တဲ့ ဒါပေမဲ့ သူပြောစရာရှိတာတွေကို ကျွန်မလုံး၀ နားမဝင်ခဲ့ဘူး။ ကျွန်မတွေးမိတာက “ငါမိတ်သဟာယမှာပြောတာတွေက ငါ့ရဲ့တကယ့်အတွေ့အကြုံတွေပဲ ညီအစ်ကိုမောင်နှမတွေ ငါ့ကိုလက်ခံပေးတာကလည်း ငါကပြဿနာတွေကို သမ္မာတရားနဲ့ ဖြေရှင်းနိုင်လို့ပဲ ဘယ်လိုကြောင့်များ ငါ့ကိုချီးမွမ်းအောင်လုပ်ပြီး လမ်းမှန်ပေါ်မှာမဟုတ်ဘူးလို့ ပြောရက်ရတာလဲ နင်ဒီလိုပြောတာ ငါ့ကိုမနာလိုလို့ပဲဖြစ်ရမယ်..” လို့တွေးမိခဲ့ပါတယ် အဲဒီအချိန်က ကျွန်မရဲ့နာမည်နဲ့ဂုဏ် အပေါ်မှာ ယစ်မူးနေခဲ့မိပြီးတော့ ကျွန်မရဲ့နှလုံးသားကလည်း တင်းမာထုံထိုင်းနေခဲ့ပါတယ် အချိန်ကြာလာတော့ အတွင်းစိတ်မှာ မှောင်သထက်မှောင်မိုက်လာပြီး တခြားလူတွေရဲ့ အမှုတော်နဲ့ပတ်သက်တဲ့အခက်အခဲတွေ အခြေအနေတွေကို နားမလည် မဖြေရှင်းပေးနိုင်တော့ပါဘူး နောက်ဆုံးတော့ လက်တွေ့လုပ်ဆောင်မှုတွေ မလုပ်နိုင်တော့လို့ ခေါင်းဆောင်တာဝန်ကနေ ရပ်စဲခံခဲ့ရပါတယ်။

အဲဒီကိစ္စပြီးတော့... ရှိသမျှခွန်အားတွေကုန်ခမ်းသွားသလိုခံစားရပြီးတော့ အမှန်တရားကိုရင်မဆိုင်ချင်ခဲ့ဘူး တွေ့ဆုံပွဲတောင်မတက်ချင်တော့လောက်အောင် အဆိုးဘက်ကိုရောက်သွားတယ် ညီအစ်ကိုမောင်နှမတွေကိုမျက်နှာချင်းဆိုင်ဖို့ အရမ်းရှက်နေခဲ့တာ အရင်ကတော့ တွေ့ဆုံပွဲတွေကိုကျွန်မပဲ ဦးစီးပြီး သူများတွေကိုမိတ်သဟာယဖွဲ့ခဲ့တာလေ ဒါပေမဲ့ အခုတော့ကျွန်မက အဆုံးသတ်ကိုလက်ခံနေရတဲ့လူပေါ့ သူများတွေ ကျွန်မကိုထင်မြင်မယ့်ပုံကို အရမ်းစိုးရိမ်မိခဲ့တယ် အဲဒီအကြောင်းတွေးမိလေလေ ပိုပြီးစိတ်ပျက်ဖိစီးလာလေလေပဲ တွေ့ဆုံပွဲ တွေမှာအာရုံမစိုက်နိုင်တော့ဘဲ တခါတလေဆို ငိုက်ပါငိုက်နေတယ် တကယ်ကိုအားနည်းပြီးအဆိုးဘက်ရောက်နေတော့ ဘုရားကကျွန်မကိုစွန့်ပစ်လိုက်ပြီးလို့ ခံစားခဲ့ရတယ် မျက်ရည်တဖြိုင်ဖြိုင်ကျပြီး ဘုရားထံမှာ ဒူးထောက်ဆုတောင်းရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး “ဘုရားသခင်..ကျွန်မတကယ်ခံစားနေရပါပြီ ဒီလိုအခြေအနေမျိုးနဲ့ မနေချင်တော့ပါဘူး အရှင့်ရဲ့လမ်းညွှန်မှုနဲ့ကယ်တင်မှုကို တောင်းခံပါတယ် ကျွန်မကိုယ်ကျွန်မ ပြန်လည်ဆင်ခြင်ပြီး အရိုးသားဆုံးသိမြင်ချင်ပါတယ်” လို့ပေါ့

ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုရွတ်နေတဲ့ ဗီဒီယိုတစ်ခုကိုကြည့်ခဲ့ပါတယ် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- "အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။...ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းမှ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မဖယ်ရှားနိုင်ကြပါသနည်း။ အဖြေမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်သည် မဟုတ်လော။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း)

ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ယုံကြည်မှုမှာ ဂုဏ်အဆင့်အတန်း နောက်လိုက်မိတဲ့ စိတ်ကူးနဲ့ရည်ရွယ်ချက်တွေကို အကုန်လုံးဖော်ပြပေးခဲ့တယ်။ ကျွန်မ ယုံကြည်သူတစ်ယောက်ဖြစ်ခါစအချိန်ကိုစဉ်းစားမိလိုက်တာပေါ့..အဲဒီတုန်းက ခေါင်းဆောင်တွေကို တကယ်လေးစားအားကျခဲ့ပြီးတော့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး လေးစားခံရဖို့ အရမ်းဖြစ်ချင်ခဲ့တယ် ခေါင်းဆောင်တစ်ယောက်ဖြစ်လာတော့ မိုးလင်းကနေမိုးချုပ် အမှုတော်ကိုထမ်းဆောင်ပြီး ဘယ်လောက်မောမော ပျော်နေခဲ့တာပေါ့ ခေါင်းဆောင်ရဲ့တန်ဖိုးထားမှုနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားမှုကိုခံစားရတဲ့အခါ ပိုပြီးစိတ်အားထက်သန်လာခဲ့တာပေါ့ တွေ့ဆုံပွဲ တွေမှာဆိုလည်း အမြဲတမ်းကြွားဝါပြီး အလုပ်ကိုဘယ်လိုမြန်မြန်လုပ်တာ..ဘယ်လောက်ဒုက္ခခံခဲ့ရတာတွေကို ထုတ်ကြွားတယ်။ အစ်မလျူကိုရှုတ်ချပြီး ကျွန်မကတော့ လူလေးစားခံရအောင် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ခဲ့တယ်ပေါ့။ ခေါင်းဆောင်နေရာကနေ အစားထိုးခံရပြီး ဘာ ဂုဏ်အဆင့်အတန်းမှ မရှိတော့တဲ့နောက်မှာ ပြန်တက်လာလို့မရတဲ့ အပျက်သဘောဆောင်တဲ့ တွင်းနက်ထဲကို ရုတ်တရက်ပြုတ်ကျခဲ့ပါတယ်။ အရှိတရားနဲ့ရင်ဆိုင်ကြည့်မှ ကျွန်မကသမ္မာတရားကိုလိုက်နာနေတာ ဒါမှမဟုတ် ယုံကြည်ရာအပေါ်မှာ အမှုတော်ထမ်းနေတာမဟုတ်ခဲ့ဘဲ ဂုဏ်နောက်လိုက်နေမိမှန်း မြင်ခဲ့ရတယ် ကျွန်မမှာ ဂုဏ်တွေရှိတုန်းက တွန်းအားရှိခဲ့ပေမယ့် ဂုဏ်မရှိတော့ အဆိုးထဲကိုလဲကျသွားခဲ့တယ်။ ကိုယ့်ကိုကိုယ်တောင် မျှော်လင့်ချက်မရှိတော့ဘူးလို့ သတ်မှတ်ခဲ့မိတယ် ကျွန်မရဲ့ ဂုဏ်အပေါ်တပ်မက်မှုက ဘယ်လောက်ပြင်းထန်လဲဆိုတာ သိခဲ့ရတယ်။ ဒီလိုဂုဏ်နောက်လိုက်တဲ့ရလဒ်က ဘယ်လိုလုပ် သမ္မာတရားနဲ့ ဘုရားရဲ့ကယ်တင်မှုကို ရရှိနိုင်မှာလဲ ကျွန်မက သမ္မာတရားတချို့ကိုနားလည်ပြီး ခေါင်းဆောင်ဖြစ်ဖို့အရည်အချင်း ကောင်းကောင်းမှီတယ်လို့ထင်ခဲ့ဖူးတယ် အစားထိုးခံရပြီးတဲ့နောက်မှာတော့ တော်တော်ကိုအဆိုးဘက်ရောက်သွားမယ်လို့ တစ်ခါမှမတွေးခဲ့မိဘူး အဲဒီအချိန်မှာပဲ ကျွန်မမှာသမ္မာတရား ဒါမှမဟုတ် ဝိညာဉ်ရင့်သန်မှုအစစ်အမှန် မရှိဘူးဆိုတာ သိလိုက်ရတယ် လူတွေကို အနှစ်မပါတဲ့စကားလုံးနဲ့ ယုံကြည်မှုတွေအကြောင်းပဲပြောခဲ့မိတယ် ကိုယ့်ကိုယ်ကိုယ်လုံး၀ မသိခဲ့သလို ကိုယ့်ကိုယ်ကိုယ်လုံး၀နားမလည်ခဲ့ဘူး။ ကျွန်မကိုအမှုတော်ကသာ မရုတ်သိမ်းခဲ့ရင် အခုထိ ကိုယ့်ကိုကိုယ်ဆင်ခြင်ပြီးသိမြင်နိုင်ဦးမှာမဟုတ်ဘဲ... ဂုဏ်နောက်လိုက်ပြီး ဘုရားကိုဆန့်ကျင်တဲ့လမ်းကြောင်းပေါ်မှာပဲ ရှိနေဦးမှာ အဲဒါက ဘုရားသခင်အိမ်တော်ရဲ့ အမှုတော်ကို အတားအဆီးဖြစ်စေပြီး မောင်နှမတွေရဲ့ အသက်တာဝင်ရောက်မှုကိုထိခိုက်စေမှာပါပဲ နောက်ဆုံးမှာ သဘောပေါက်ခဲ့တယ် ခေါင်းဆောင်နေရာအစားထိုးခံရတာက ဘုရားရဲ့ဖြောင့်မတ်တဲ့တရားစီရင်မှုဖြစ်ပြီး ကျွန်မကို ကာကွယ်ပေးတယ်ဆိုတာပါပဲ ဘုရားက ကျွန်မရဲ့ဂုဏ်မက်မှုကို ကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီး ဘုရားကို ဝန်ချတောင်းပန်နိုင်ဖို့အတွက် လမ်းမှားပေါ်ကို ကျွန်မ ရောက်နေတယ်ဆိုတာကို မြင်စေခဲ့တယ်။ ဒါကိုသဘောပေါက်ခြင်းက လွတ်မြောက်သွားသလိုခံစားချက်ကိုပေးခဲ့ပါတယ်

နောက်တော့ လူတွေရဲ့ဂုဏ်အမည်နာမနောက်လိုက်မှုကို ဖွင့်ဟပြထားတဲ့ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ထပ်ပြီးဖတ်မိပြီးတော့ တချို့အပိုဒ်တွေက ကျွန်မနဲ့တကယ်တိုက်ဆိုင်နေပါတယ် “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”)၎င်းတို့သည် လူများကို သိမ်းသွင်းနိုင်ဖို့နှင့် ထိန်းချုပ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားရင်း၊ လူတို့ကို ၎င်းတို့အား ကိုးကွယ်စေရန် နည်းလမ်းအမျိုးမျိုးနှင့် ဆောင်ရွက်မှုအမျိုးမျိုးကို အသုံးပြုကြလေသည်။ အချို့သည် ဘုရားသခင်ကဲ့သို့ ဆက်ဆံခြင်းခံရနိုင်ဖို့အလို့ငှာ၊ ၎င်းတို့မှာ ဘုရားသခင် ဖြစ်သည်ဟု တွေးထင်စေရန် လူများကို တမင်တကာ လှည့်စားကြသည်။ ၎င်းတို့သည် ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရဖူးသည်- ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးပြီး မာနထောင်လွှားသော သူများဖြစ်သည်၊ ၎င်းတို့ကို မကိုးကွယ်ကြဖို့နှင့် သူတို့မည်မျှကောင်းစွာ လုပ်ဆောင်ကြသည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့် ဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ ပြောမည်မဟုတ်။ အဘယ့်ကြောင့် ဤအရာများကို ၎င်းတို့ မပြောကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို အလွန်အမင်း စိုးရွံ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူတို့သည် ဘုရားသခင်ကို သိနားလည်ရန် မည်သည့်အခါမျှ မကြိုးစားကြသကဲ့သို့၊ ဘုရားသခင်ကို‌ မည်သည့်အခါတွင်မျှ မချီးမြှောက်ဘဲ ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေ မခံကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁))

ဘုရားရဲ့နှုတ်ကပတ်တော်တွေကနေ သိလာရတာက... လူတွေကအမြဲတမ်းနာမည်နဲ့ ဂုဏ်အဆင့်အတန်း နောက်ကိုလိုက်နေကြပြီး ဘုရားကိုသက်သေမခံဘူး၊ မချီးမွမ်းကြဘူးဆိုတာပါပဲ အဲဒီအစား ဆက်တိုက်ဆိုသလိုကြွားဝါနေကြပြီး လူတွေဝန်းရံလာအောင်နဲ့ လူလေးစားအောင်ပဲလုပ်နေကြတယ် သူတို့ရဲ့ စာတန်စိတ်သဘောထားကြောင့်ပါ။ ဒါတွေကို ဘုရားက ကျိန်ဆဲပြီး အပြစ်ဒဏ်ခတ်ပါတယ်။ ပေါလု က အကောင်းဆုံးဥပမာပဲမဟုတ်လား သူ့ရဲ့ ရာထူးနဲ့အောင်မြင်မှုကိုပဲတကယ်အာရုံစိုက်ပြီး ဂုဏ်နဲ့အာဏာရှိတာကို ပျော်မွေ့နေခဲ့တာလေ သူပြောပုံအရဆို သူဘယ်လောက်အလုပ်တွေလုပ်ခဲ့တယ် သခင့်အတွက်ဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာကိုပဲ မကြာမကြာသက်သေခံခဲ့ပြီးတော့ သူလည်း တခြားတမန်တော်တွေထက် မညံ့ပါဘူးလို့ပြောခဲ့သေးတယ် သူ့ရဲ့ကြိုးစားမှုနဲ့ သူပေးခဲ့ရတဲ့တန်ဖိုးတွေက သမ္မာတရားကို လိုက်လျှောက်ဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့မဟုတ်ခဲ့ဘူး။ လူချစ်လူခင်များဖို့နဲ့ ဆုချီးမြှင့်ခံရပြီးထိပ်ဆုံးရောက်ဖို့အတွက် သူ့ရဲ့ မှန်ကန်မှုမရှိတဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ဖြစ်နေတယ် ဒါကြောင့်ပဲ သူ့အသက်စိတ်သဘောထားက နှစ်တွေအကြာကြီးကြိုးစားခဲ့တာတောင် မပြောင်းလဲဘဲ သူ့ရဲ့မာနထောင်လွှားမှုမှာ အကြောင်းရင်းလုံး၀ပျောက်ဆုံးသွားပြီးတော့ ခရစ်တော်မှာအသက်ရှင်ဖို့ သူ့ကိုယ်သူ သက်သေခံခဲ့တယ် လူတွေသူ့ကိုအတုယူပြီး သူ့နောက်လိုက်စေဖို့အတွက် သခင်ယေရှုရဲ့နေရာကိုခေါ်သွားတယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်ပါ မက်ခဲ့သေးတယ် သူက တကယ့်ကို ဘရားရဲ့စိတ်သဘောထားကို ပုန်ကန်ပစ်မှားခဲ့တာပဲ ပေါလုမှာ မယုံနိုင်လောက်အောင် မာနထောင်လွှားပြီးတလွဲမာနဖြစ်နေတဲ့ စာတန်ရဲ့သဘာ၀ရှိခဲ့တယ် သူလုပ်ခဲ့သမျှတိုင်းက သူ့ရဲ့ မှန်ကန်မှုမရှိတဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ဖြစ်ပြီးတော့ အဲဒါတွေ အားလုံးကလည်း ဘုရားကိုပုန်ကန်ပစ်မှားနေခဲ့တာပဲ သူက ဘုရားကရှုတ်ချကျိန်ဆဲတဲ့၊ ဘုရားကိုပုန်ကန်ပစ်မှားတဲ့ အန္တိခရစ်တစ်ယောက်ရဲ့လမ်းပေါ်ကိုရောက်နေခဲ့တယ် ကျွန်မကျတော့... ကျွန်မရဲ့အမှုတော်ကို နည်းနည်းလေးပြီးသွားတာနဲ့ ဘုရားရဲ့လမ်းညွှန်မှုအတွက် ဘုရားကိုကျေးဇူးတင်ပါတယ်လို့ပြောခဲ့ပေမယ့် ကျွန်မစိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အသိအမှတ်ပြုခဲ့တယ် မျက်နှာပြောင်တိုက်ပြီး ဘုရားရဲ့ ကျက်သရေကိုခိုးယူခဲ့ပြီး အခွင့်အရေးရတိုင်းကြွားဝါတယ်။ ဘယ်လောက်ဖိစီးပြီးခံစားခဲ့ရတာတွေနဲ့ ဖြေရှင်းခဲ့ရတဲ့ပြဿနာတွေ ဘယ်လောက်များကြောင်းကြွားဝါခဲ့မိတယ် ဒါမှပဲ သူများတွေက လေးစားအားကျမှာပေါ့ အစ်မလျူ အဆိုးဘက်ရောက်ပြီးအားနည်းနေတာမြင်တော့ အပေါ်ယံလောက် ကူညီအားပေးခဲ့ပြီး စိတ်ထဲမှာတော့ သူ့ကိုဝေဖန်ပြီး ပစ်ပယ်နေတာပေါ့။ တွေ့ဆုံပွဲတွေမှာလည်း မောင်နှမတွေက ကျွန်မကိုအားကိုးပြီး ကျွန်မပြောတာနားထောင်လာအောင် သူ့ကိုနှိမ့်ချပြီး ကိုယ့်ကိုကိုယ် ဂုဏ်တင်ပြောဆိုခဲ့တယ် အစ်မတစ်ယောက်က ကျွန်မပြဿနာကိုမြင်ပြီး မေတ္တာနဲ့အကူအညီဖြစ်အောင် သတိပေးခဲ့ပေမယ့်... ခေါင်းမာစွာနဲ့ပဲ လက်ခံဖို့ငြင်းဆန်ခဲ့တယ် သူ ကျွန်မကိုမနာလိုလို့ သိမ်ငယ်အောင်လုပ်နေတယ်လို့တောင် ထင်ခဲ့မိတယ် ကျွန်မဘယ်လောက်တောင် မယုံနိုင်အောင်ဆင်ခြင်ဉာဏ်နည်းလာတာကို တွေ့ခဲ့ရတယ်။ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံဖို့အတွက် သမ္မာတရားကို မိတ်သဟာယပြုဖို့ ကျွန်မတာဝန်ကို အာရုံမစိုက်ခဲ့ဘဲ အဲဒီအစားကြွားဝါပြီး လူအထင်ကြီးအောင် အခွင့်သာတိုင်းကျွန်မရဲ့ဂုဏ်သိက္ခာကို ကာကွယ်ခဲ့တယ် ကျွန်မရဲ့သဘာ၀မှာ ဘယ်လောက် မာနထောင်လွှားပြီး တလွဲမာနတွေရှိနေလဲ သိခဲ့ရတယ် စာတန်ရဲ့သဘာ၀နဲ့ အလုံးစုံနေထိုင်ခဲ့မိပြီးတော့ ပေါလုလျှောက်ခဲ့တဲ့ ဘုရားကိုပုန်ကန်ပြစ်မှားတဲ့ အန္တိခရစ်လမ်းကြောင်းပေါ် လျှောက်ခဲ့မိတယ်။ ကျွန်မသာ နောင်တမရသေးရင် ဘုရားရဲ့ ပြစ်တင်ရှုတ်ချပြီး စွန့်ပစ်မှုကိုခံရနိုင်တယ်ဆိုတာ သိခဲ့ပါတယ် အဲဒီအတွေးကြောင့် ကျွန်မကြောက်သွားတယ် သမ္မာတရားကိုရှာဖွေဖို့နဲ့ ဘုရားကိုဝန်ချတောင်းပန်ဖို့ ဘုရားရှေ့မှောက်ကို အမြန်ဆုံးသွားပြီးဆုတောင်းခဲ့တယ် နောက်တော့ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ထပ်မံမှတ်သားပြီးတော့ ကိုယ့်အကြောင်းကိုယ် ဆင်ခြင်ပြီးပိုလေ့လာခဲ့တယ် ကျွန်မရဲ့လုပ်ရပ်တွေနောက်ကွယ်က စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်တွေကို ဆန်းစစ်ခဲ့တယ် ပြဿနာတွေနဲ့ရင်ဆိုင်ရတိုင်း ဘုရားရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ဖို့ကိုပဲ အာရုံစိုက်ခဲ့တော့ ကျွန်မရဲ့အခြေအနေလည်း တဖြည်းဖြည်းတိုးတက်လာခဲ့တယ်

အခုတော့ ကျွန်မကသူများတွေကိုဖိတ်ရတော့မယ်..ကွာသွားလိုက်တာများနော် အစပိုင်းမှာတော့ သိပ်မပျော်ခဲ့ပါဘူး ကျွန်မခေါင်းဆောင်ဖြစ်တုန်းက တခြားလူတွေက ကျွန်မကိုဧည့်ခံရတာလေ... အခုတော့ ကျွန်မကသူများတွေကိုဧည့်ခံရတော့မယ်..ကွာသွားလိုက်တာများနော် နောက်တော့ တွေးမိတယ် “ငါအခုထိ နာမည်နဲ့ ဂုဏ်အဆင့်အတန်း တွေနောက် လိုက်တုန်းပဲလား ပေါ့ ညီအစ်ကိုမောင်နှမတွေကိုဖိတ်ရတာ သိပ်ထူးခြားတာလည်းမဟုတ်ပေမယ့် ကျွန်မလိုက်နာတာဝန်ယူရမယ့် ကျွန်မရဲ့တာဝန်ပဲလေ ဘုရားရဲ့ စည်းမျဉ်းနဲ့ စီစဉ်မှုအတိုင်းလုပ်ရုံကလွဲပြီး ကိုယ်ပိုင်ရွေးချယ်တာ ဒါမှမဟုတ်တောင်းဆိုတာတွေမရှိသင့်ဘူးလေ” နောက်တော့ ကျွန်မသဘောတူခဲ့တယ် နှစ်ရက်နေတော့ ခေါင်းဆောင်က ကျွန်မအိမ်ကို ညီအစ်မတွေခေါ်လာခဲ့ပေးတယ် အဲဒီနှစ်ယောက်နဲ့ အရင်ကအလုပ်ပြီးမြောက်ခဲ့ဖူးတာကို ကျွန်မမြင်တာနဲ့ချက်ချင်းသိလိုက်တယ် ကျွန်မမျက်နှာတွေ ချက်ချင်းနီရဲသွားပြီးတော့ ကျွန်မက သူတို့ထက်နိမ့်သွားသလိုမျိုး မယုံနိုင်အောင်အနေကြပ်လာခဲ့တယ် ကျွန်မတို့ စကားစမြည်ပြောခဲ့ကြပြီးတော့ ကျွန်မလည်းစားစရာလေးလုပ်ဖို့ မီးဖိုချောင်ထဲဝင်ခဲ့တယ် ချက်ပြုတ်နေတုန်းမှာပဲ အဲဒီညီအစ်မတွေနဲ့ကျွန်မ အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့အချိန်ကို ပြန်တွေးမိတယ် ကျွန်မကတွေ့ဆုံပွဲတွေကိုဦးဆောင်ပြီး မိတ်သဟာယ ဖွဲ့ပေးခဲ့တယ်လေ ကျွန်မက အိမ်မှာဧည့်ခံနေရချိန်မှာ သူတို့ကအခုဆို ခေါင်းဆောင်တွေဖြစ်နေမယ်လို့... တစ်ခါမှမတွေးခဲ့မိဘူး.. ကျွန်မတကယ် မကျေနပ်ခဲ့ဘူး နောက်တော့မှ ကျွန်မလည်း နာမည်နဲ့ ဂုဏ်အဆင့်အတန်းတွေအပေါ်ထပ်ပြီး အာရုံစိုက်နေမိမှန်း သဘောပေါက်ခဲ့ရတယ် ဒါကြောင့် ဘုရားကိုအမြန်ဆုံး ဆက်သွယ်ဆုတောင်းခဲ့တော့ နှုတ်ကပတ်တော်တွေထဲက ဒီအပိုဒ်လေးကိုစဉ်းစားမိခဲ့တယ် “ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်လိုက်တော့ ဘုရားဟာ တော်ပြီးထက်မြက်သူတွေကိုမလိုချင်ဘဲ ပကတိအတိုင်းဖန်ဆင်းခံတွေကိုပဲ လိုချင်တာကို နားလည်သွားတယ် ဂုဏ်ရှိရှိ မရှိရှိ ဘုရားရဲ့စည်းမျဉ်းနဲ့ စီစဉ်မှုကို လိုက်နာဖို့ပဲလိုပါတယ် ရိုးသားသူတစ်ယောက်ဖြစ်ဖို့၊ ဘုရားအလိုတော်နဲ့ညီတဲ့ အမှုတော်ကို ထမ်းရွက်ဖို့ပါပဲ။ ဘုရားက ကျွန်မကို မြက်ပင်လေးအဖြစ်ကြိုသတ်မှတ်ထားမှတော့ အပင်ကြီး​ဖြစ်လာအောင် မကြိုးစားဘဲ နာခံရမယ်။ မြက်ပင်လေးအနေနဲ့ အမှုတော်ကို ဆောင်ရမယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ရမယ်။ ကျွန်မခေါင်းဆောင်ဖြစ်တုန်းကအချိန်ကို ပြန်စဉ်းစားမိခဲ့တယ်...အဲဒီမှာဘုန်းတော်ထင်ရှားခဲ့ပေမယ့် သမ္မာတရားကိုရှာဖွေဖို့ အာရုံမစိုက်ခဲ့ဘဲ နာမည်နဲ့ ဂုဏ်အဆင့်အတန်းတွေနောက်ကိုပဲ အမြဲတမ်းလိုက်နေခဲ့တယ် ပျော်မွေ့ပြီး သွေးနားထင်ရောက်လာပြီးတော့ ပိုပိုပြီး မာနထောင်လွှားလာခဲ့တယ် စာတန်ရဲ့ စိတ်သဘောထားနဲ့အသက်ရှင်နေထိုင်ပြီး ဘုရားရှုတ်ချအောင်နေခဲ့မိတယ် အခုတော့ ကျွန်မလည်း အရင်နဲ့သိပ်မတူပေမယ့် ကျွန်မကိုယ်ပိုင် တာဝန်နဲ့၀တ္တရားကို... လုပ်ဆောင်နိုင်တာက ပိုငြိမ်းချမ်းပြီး စိတ်သက်သာရရစေပါတယ် သေချာစဉ်းစားကြည့်လိုက်မှ ဧည့်ခံပေးရတဲ့အလုပ်က ပိုနိမ့်သွားတယ်ဆိုတဲ့ခံစားချက်မျိုး မရှိတော့ပါဘူး နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်းလက်ခံနိုင်ခဲ့တယ်

နေ့လည်စာစားပြီးတော့ ကျွန်မတို့သုံးယောက် တွေ့ဆုံဆွေးနွေးခဲ့တာပေါ့ မိတ်သဟာယမှာပဲ အဲဒီတုန်းကကျွန်မအမှုတော်ကနေ သင်ယူခဲ့ရတာတွေကို ဖွင့်ပြောခဲ့ပြီးတော့... သူတို့ကလည်း သူတို့အတွေ့အကြုံတွေကို မိတ်သဟာယဖွဲ့ခဲ့ပါတယ်...ကျွန်မအတွက် တကယ်ကိုလွတ်လွတ်လပ်လပ်ပါပဲ နာမည်နဲ့ ဂုဏ်အဆင့်အတန်းတွေရဲ့ချုပ်နှောင်မှုကိုခံနေရတယ်လို့ မခံစားရတော့ဘူးလေ ဒါကတော့ ခေါင်းဆောင်ဖြစ်ပြီးနောက် အစားထိုးခံခဲ့ရတဲ့ ကျွန်မရဲ့ အတွေ့အကြုံပါ ဘုရားကျေးဇူးပါပဲ

နောက်တစ်ခုသို့- ကျွန်မရဲ့ရွေးချယ်မှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ စိတ်နှလုံးတော်က အယူအဆလွဲများကို ပယ်ရှင်းနိုင်သည်ကို သိနားလည်ခြင်း

ချင်ဂန်၊ ဟေဘေးစီရင်စု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊...

ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...

ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်ုပ် မရုန်းကန်ရတော့ပါ

ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ၊ အသင်းတော်မှာရှိတဲ့ နိုင်ငံခြားကလာတဲ့ လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ ရေလောင်းတဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။