ခေါင်းဆောင်များက ပါရမီရှင်များကို ထိန်းထားရမည် မဟုတ်

21.07.2022

ရှရှင်း စပိန်နိုင်ငံ

၂၀၂၀ ခုနှစ် ဩဂုတ်လမှာ၊ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရပြီး အသင်းတော်ရဲ့ ဗီဒီယိုနဲ့ဆက်နွှယ်တဲ့ အလုပ်ကို ကြီးကြပ်နေခဲ့တယ်။ အလုပ်နဲ့ စိမ်းနေတော့၊ စည်းမျဉ်းတော်တော်များများကို မရင်းနှီးခဲ့သလို၊ အလုပ်လုပ်နေတုန်း ပြဿနာ၊ အခက်အခဲတချို့ကို ကြုံရတယ်။ ဒါကြောင့် အကြံနဲ့ ဩဝါဒအတွက် အဖွဲ့ခေါင်းဆောင် အစ်မကျန်းကို ကျွန်မ မကြာခဏ ရှာခဲ့ရတယ်။ အစ်မကျန်းက စည်းမျဉ်းတွေနဲ့ အလုပ်ကို ကောင်းကောင်း အကျွမ်းဝင်တယ်လေ။ သူက တော်တော် အထောက်အကူဖြစ်ခဲ့တယ်။ အစ်မကျန်းက စေ့စပ်တယ်၊ သူ့တာဝန်ကို လေးလေးနက်နက် သဘောထားပြီး တာဝန်သိစိတ်ရှိမှန်း သတိထားမိတယ်။ တစ်ခါတစ်လေ ကျွန်မ မနိုင်ဝမ်ထမ်းရတဲ့အခါ၊ ကျွန်မရဲ့အလုပ်တချို့ကို သူ့ဆီ လွှဲပေးခဲ့ရတယ်။ ကျွန်မတို့က အဖွဲ့ကောင်းတစ်ခုဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေ ပြဿနာကြုံရတိုင်း၊ အားလုံးက အစ်မကျန်းကို ရှာကြပြီး၊ သူနု့ တွေ့ပြီးတဲ့နောက်မှာ ဆုံးဖြတ်ချက်တွေကိုတောင် တိုက်ရိုက်ချကြမှန်း ကျွန်မ တဖြည်းဖြည်း တွေ့ခဲ့ရတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်မ တော်တော် စိတ်မချမ်းမသာဖြစ်မိတယ်။ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ “ဒီလိုသာဆက်ဖြစ်ရင်၊ ခေါင်းဆောင်အနေနဲ့ ငါ့ရာထူးကို ဆုံးရှုံးသွားမှာ မဟုတ်လား။ ဒါအဆင်ပြေမှာမဟုတ်ဘူး။ အနာဂတ်မှာ ကိုယ့်ကို တာဝန်ပေးထားတဲ့ အလုပ်အားလုံးကို ကိုယ်တိုင် ကိုင်တွယ်ပြီး အစ်မကျန်းကို အကူအညီ မတောင်းတော့ဘူး။ မဟုတ်ရင်၊ သူက တော်တဲ့၊ ပါရမီရှိတဲ့ အမှုဆောင်လို့ တခြားလူတွေအားလုံးက ထင်သွားမယ်”လို့ပေါ့။ တစ်ခါ၊ ညီအစ်ကိုတွေထဲက တစ်ယောက်က သူ့ရဲ့ ဗီဒီယို ထုတ်လုပ်ရေးအလုပ်မှာ တိုးတက်မှု နှေးနေတာကို အစ်မကျန်းက တွေ့သွားတယ်။ သူ စစ်ဆေးကြည့်တော့၊ အဲဒီညီအစ်ကိုရဲ့ ကျွမ်းကျင်မှုက အဆင့်မမီသလို၊ သူ့တာဝန်တွေမှာ စည်းမျဉ်းတွေကို မရှာဖွေခဲ့လို့၊ အလုပ်ကို မကြာခဏ ပြန်လုပ်ခဲ့ရမှန်း သိသွားခဲ့တယ်။ အဲဒီပရောဂျက်ကို ကူညီဖို့ နောက်ထပ် ပါရမီရှိတဲ့ ညီအစ်ကို တစ်ယောက်ကို သူ တာဝန်ပေးလိုက်တယ်။ နောက်ပိုင်းကျမှ ဒီအကြောင်းကို ကျွန်မ ကြားခဲ့ရတယ်။ အစ်မကျန်းက မှန်ကန်တဲ့ တောင်းဆိုချက်လုပ်ခဲ့ပေမဲ့၊ အခြေအနေနဲ့ပတ်သက်လို့ ကျွန်မ နည်းနည်း မသက်မသာ ဖြစ်မိတုန်းပဲ။ ကျွန်မကို အသိမပေးဘဲ အဲဒီလို ကြီးမားတဲ့ ဆုံးဖြတ်ချက်ချတာဟာ မလေးစားတဲ့ လက္ခဏာလိုမျိုး ကျွန်မ ခံစားခဲ့ရတယ်။ သူက ဆုံးဖြတ်ချက်တွေချရင် ကျွန်မမှာ ဘာဩဇာအာဏာရှိတော့လို့လဲ။ နောက်ပိုင်းမှာ၊ ဒီအကြောင်းကို ဘာလို့ အကြောင်းမကြားခဲ့လဲလို့ ကျွန်မ မေးခဲ့တယ်။ အံ့ဩစရာက၊ သူက “ကျွန်မ အလုပ်များပြီး ရှင့်ကို ပြောဖို့မေ့သွားတယ်”တဲ့။ သူအဲဒါကိုပြောတော့၊ ကျွန်မ ဒေါသထွက်မိတယ်။ ရှင်က ဩဇာအာဏာ ပိုရသထက်ရပြီး ကျွန်မရဲ့ လက်ခံချက်မရှိဘဲ ဆုံးဖြတ်ချက်တွေ လုပ်နေတယ်။ ကျွန်မအတွက် ဘာလေးစားမှုမှ မရှိတာပဲ။ အဲဒါက အသင်းတော်အနေနဲ့ ကျွန်မကို မလိုအပ်တဲ့ပုံပေါ်စေတာပဲ မဟုတ်လား။ ဒီလိုဆက်ဖြစ်ရင်၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ဘာများထင်ကြမလဲ။ ကျွန်မက အသုံးမကျဘူးလို့ ထင်ကြမှာအမှန်ပဲ။ အဲဒါဆိုရင် ကျွန်မက ခေါင်းဆောင်အနေနဲ့ ဘယ်လိုအစေခံလို့ရမှာလဲ။ ဒါကို သဘောပေါက်တော့၊ ကျွန်မ ပိုလို့တောင် အထိတ်တလန့် ဖြစ်သွားတယ်။

နောက်တစ်ခါမှာ အစ်ကျန်းက ကျွန်မကို ပြောတယ်၊ သင်ကြားရေး ပစ္စည်းတချို့ကို သူ စုဆောင်းထားပြီး လူတိုင်းကို ကျွမ်းကျင်မှုတချို့ အတူလေ့လာခိုင်းဖို့ စီစဉ်နေတယ်တဲ့။ ကျွန်မ တွေးခဲ့တယ်၊ “တစ်ခါတစ်လေ ကျွန်မက ရှင့်ကို ဒီအရာတွေ လုပ်ဖို့ သတိပေးနေတာပဲ၊ ဒါပေမဲ့ ပြောတာပြီးသွားတော့ တခြားလူတွေကို မိတ်သဟာပြုပြီး လမ်းညွှန်တာက ရှင်ပေါ့လေ။ နောက်ကွယ်မှာ ကျွန်မ လုပ်တဲ့ အလုပ်ကို ဘယ်သူမှ မသိသလို၊ ကျွန်မထက် ရှင်က ပိုကြီးမားတဲ့ ဝန်ထုပ်သယ်တယ်လို့ လူတိုင်း ထင်ကြမှာပဲ။ ဒီလိုဆက်ဖြစ်ရင်၊ ခေါင်းဆောင်အနေနဲ့ ကျွန်မရဲ့ နေရာကို ဘယ်လိုထိန်းရမှာလဲ။” တကယ်တော့၊ လေ့လာမှုတွေမှာ ညီအစ်ကို မောင်နှမတွေကို ဦးဆောင်ပေးဖို့က အစ်မကျန်းရ့ တာဝန်ဖြစ်မှန်း ကျွန်မ သိခဲ့ပြီး၊ ဒီအလုပ်က နှောင့်နှေးလို့ မရမှန်း သိတာကြောင့်၊ ကျွန်မအနေနဲ့ ရေးကြီးခွင့်ကျယ် မလုပ်သင့်မှန်း သိတယ်။ ဒါပေမဲ့ ဒီအလုပ်ကို အစ်မကျန်းကို ကျွန်မ ကိုင်တွယ်ခွင့်ကို မပေးချင်ခဲ့တာ။ ကျွန်မတွေးတယ်၊ “အစ်မကျန်းက ငါ တာဝန်ယူထားတဲ့ အလုပ်တချို့အပါအဝင်၊ ပိုများသထက်များတဲ့ ပရောဂျက်တွေမှာ ပါဝင်လာနေတယ်။ တခြားလူတွေက ပြဿနာတွေရှိတဲ့အခါ သူ့ဆီ ပိုသွားချင်ကြတယ်။ မကြာခင် ငါ သူနဲ့ အစားထိုးခံရတော့မှာလား”ပေါ့။ ဒီအတွေးက ကျွန်မကို တော်တော် စိတ်မချမ်းမသာ ဖြစ်စေခဲ့တယ်။ ဒါကြောင့် သူ့အလုပ်ထဲမှာရှိတဲ့ သူ့အမှားတွေနဲ့ ပြဿနာတွေကို ကျွန်မ စဖော်ထုတ်တယ်။ သူ့အလုပ်မှာ သူ သိပ်မကျွမ်းသလို ကျွန်မက ပိုပါရမီရှိမှန်း တခြားလူတွေကို ကျွန်မ ပြချင်ခဲ့တယ်။

တစ်နေ့၊ ကျွန်မတို့အလုပ်အကြောင်း အထက်အဆင့် ခေါင်းဆောင်နဲ့ ဆွေးနွေးတဲ့ အတောအတွင်းမှာ၊ အစ်မကျန်းရဲ့ ဗီဒီယို ပရောဂျက်တစ်ခုက တိုးတက်မှု နှေးနေတယ်လို့ သူက သာမန်ကာလျှံကာ ပြောခဲ့တယ်။ ဒါ ကျွန်မ ကြားချင်တာပဲဖြစ်ပြီး ချက်ချင်း ကျွန်မ ပြန်ဖြေလိုက်တယ်။ “မှန်တယ်။ သူ့မှာ တာဝန်ပေးခံရတဲ့ ပရောဂျက်တွေ အများကြီးပဲ၊ ဒါပေမဲ့ အားလုံးကို ကိုင်တွယ်မဖြေရှင်းနိုင်ဘူး။ သူ့ရဲ့ ပရောဂျက်တချို့ကလည်း သိပ်မထိရောက်ဘူး။ သူ့ကို အလုပ်အများကြီး မပေးတာ အကောင်းဆုံးပဲလို့ ထင်တယ်။ ဒီလောက်များတဲ့ ဩဇာအာဏာကို သူ့ကို ပေးမထားသင့်ဘူး...”လို့ပေါ့။ အဲဒီတုန်းက၊ နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ အဲဒီလိုမျိုး အရာတစ်ခုကို ကျွန်မဘာလို့ ပြောနိုင်ခဲ့ရတာလဲ။ ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်တွေက ဘုရားဆီက လာတယ်၊ အဲဒါတွေဟာ ဘုရားရဲ့ စေခိုင်းချက်ပဲလေ။ သူ့ကို ဒီတာဝန်တွေ ကျွန်မ အပ်သလိုမျိုး၊ ကိစ္စတွေကို လုပ်ဖို့ ဩဇာအာဏာကို ကျွန်မ ခွင့်ပြုခဲ့ပြီး အခု အဲဒါကို နုတ်ယူသလိုမျိုး ကျွန်မ စကားပြောနေခဲ့တာ။ ကျွန်မက နေရာမှားနေခဲ့တာ မဟုတ်လား။ အဲဒီလိုအရာကို ပြောရက်တာ မယုံနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း နည်းနည်း လန့်သွားတယ်။ ပြီးတော့ အဲဒီအလုပ်တချို့က တကယ်တော့ အစ်မကျန်း တာဝန်တွေရဲ့တစ်စိတ်တစ်ပိုင်းလေ၊ ဒါပေမဲ့ သူအဲဒါလုပ်တာကို တားဖို့ ကျွန်မ ကြိုးစားခဲ့သလို၊ သူ့အလုပ်ထဲက အမှားတွေကို ဆက်ဖော်ထုတ်နေမိတယ်။ သူက တော်တဲ့ အမှုဆောင်မဟုတ်သလို ကျွန်မထက် ညံ့တယ်ဆိုတာ လူတိုင်းကို မြင်စေချင်ခဲ့တယ်။ ကျွန်မရဲ့ အပြုအမူအပေါ် သုံးသပ်ရင်းနဲ့၊ “ဘာလို့ ငါ အရမ်းစက်ဆုပ်စရာ ဖြစ်ရတာလဲ” လို့ တွေးမိတယ်။

အဲဒီနောက်မှာ၊ ကိုယ့်အခြေအနေကို ဖြေရှင်းဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်ပိုဒ်တွေကို စရှာခဲ့တယ်။ အန္တိခရစ်တွေကို ဘုရားဖော်ထုတ်တဲ့ ကျွန်မရဲ့ အခြေအနေကို ထင်ဟပ်တဲ့ စာတစ်ပိုဒ်ကို ရှာတွေ့ခဲ့တယ်။ “အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အာဏာရှင်စနစ်ကို အုပ်ချုပ်မင်းလုပ်နေသည့် အာဏာရှင်များကဲ့သို့ဖြစ်သည်- ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် လူတိုင်းကို အထင်သေးပြီး၊ လူတို့၏ အားသာချက်များ၊ သို့မဟုတ် လူတို့ပြောဆိုလုပ်ဆောင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ ရှိသည့် အသိအမြင်၊ ထင်မြင်ချက်များက မည်သို့ရှိသည်ဖြစ်စေ ၎င်းတို့က အရေးမစိုက်ပေ။ မည်သူကမျှ ၎င်းတို့နှင့်အတူ အလုပ်လုပ်ရန်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာမှန်သမျှတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသည့်အလား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ ညံ့ဖျင်းသော လူ့သဘာဝရှိခြင်းဖြစ်သည်ဟု လူအချို့က ပြောကြသည်။— ဤသည်မှာ ထူးမခြားနားသော ညံ့ဖျင်းသည့်လူ့သဘာဝမျှသာ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လုံးလုံး ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ဤစိတ်သဘောထားမျိုးသည် အလွန့်အလွန် ခက်ထန်သည်။ ၎င်းတို့၏ စိတ်သဘောထားသည် အလွန့်အလွန် ခက်ထန်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်တို့သည် အသင်းတော်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးလုံး ၎င်းတို့၏ကိုယ်ပိုင်အဖြစ်၊ အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ၎င်းတို့သာ လုံးလုံး စီမံခန့်ခွဲသင့်သည့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအဖြစ် ယူဆကြသည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်အဆင့်အတန်းနှင့် ပုံရိပ်တို့ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစရှိသော၊ မိမိတို့၏ အတွေ့အကြုံနှင့် သက်သေခံချက်ကို ပြောဆိုနိုင်သောသူတစ်ဦးတစ်လေကို ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအား ခြိမ်းခြောက်ခွင့်ပြုဖို့ မဆိုထားနှင့်။ မည်သူ့ကိုမျှ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခွင့်မပြုပေ။...လူတစ်ယောက်က အလုပ်အနည်းငယ်ဖြင့် အသိအမှတ်ပြုခံရအောင် လုက်သည့်အခါ၊ ဘုရားသခင် ရွေးချယ်ထားသောသူများကို အကျိုးဖြစ်စေရန်၊ စိတ်ဓာတ်မြှင့်တင်ပေးရန်၊ ပံ့ပိုးရန်အတွက် စစ်မှန်သည့်အတွေ့အကြုံနှင့်သက်သေခံချက်များကို ပြောဆိုနိုင်ပြီး လူတိုင်းထံမှ အလွန်ချီးကျူးမှုကို ရရှိသောအခါ အန္တိခရစ်များ၏ စိတ်နှလုံးတွင် မနာလိုခြင်းနှင့် မုန်းတီးခြင်းကြီးထွားလာသည်။ ထိုသူတို့ကို ဖယ်ကြဉ်ပြီး အားနည်းအောင်ပြုလုပ်ဖို့ ကြိုးစားကြသည်။ အန္တိခရစ်များသည် ထိုသူများက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန် ထိုသို့သောလူများကို မည်သည့်အခြေအနေတွင်ဖြစ်စေ မည်သည့်အလုပ်ကိုမျှ တာဝန်ယူလုပ်ဆောင်ခွင့်မပြုပေ။... အန္တိခရစ်များက ‘ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ တတ်နိုင်စွမ်းသည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် သာ၍ ပညာတတ်ပြီး ကျွန်ုပ်ထက် လူကြိုက်များသည်။ သင်က ကျွန်ုပ်ကို သင်နှင့်အတူ အလုပ်လုပ်စေလိုပါသလား။ ကျွန်ုပ်၏ ထင်ရှားကျော်ကြားမှုနှင့် ဩဇာအာဏာကို သင် လုယူသွားပါက ကျွန်ုပ် မည်သို့လုပ်ရမည်နည်း။’ ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားနေခြင်းလော။ မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်အရာကို စဉ်းစားနေကြသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား မည်သို့ ထိန်းသိမ်းထားရမည်ကိုသာ စဉ်းစားကြသည်။ ၎င်းတို့သည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသည်ကို မိမိတို့ကိုယ်ကိုယ် သိကြသော်လည်း သမ္မာတရားကို လိုက်စားသော အစွမ်းအစကောင်းရှိသည့်လူများကို ပြုစုပျိုးထောင်ခြင်း၊ သို့မဟုတ် ရာထူးတိုးပေးခြင်း မပြုကြပေ။ ၎င်းတို့ ရာထူးတိုးပေးသည့်သူများမှာ ၎င်းတို့ကို မြှောက်ပင့်ပြောဆိုသူများ၊ သူတစ်ပါးတို့ကို ကိုးကွယ်တတ်သူများ၊ စိတ်နှလုံးထဲတွင် ၎င်းတို့ကို ချီးမွမ်းပြီး လေးစားသောသူများ၊ လူလည်ဖြစ်သူများ၊ သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ခွဲခြားသိမြင်နိုင်စွမ်းမရှိသော သူများသာ ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) အရင်က၊ ဒီစာပိုဒ်က အန္တိခရစ်တွေကို ဖော်ထုတ်ပြီး ကျွန်မနဲ့ မသက်ဆိုင်ဘူးလို့ အမြဲ ထင်ခဲ့တာ၊ ဒါပေမဲ့ နောက်တော့ ကျွန်မရဲ့ အန္တိခရစ် စိတ်သဘောထားက တော်တော် ဆိုးမှန်း သဘောပေါက်ခဲ့တယ်။ အစတော့၊ အစ်ကျန်း တာဝန်ယူတတ်ပြီး အလုပ်ကြိုးစားပုံကို မြင်တော့၊ ကျွန်မရဲ့ အလုပ်တချို့ကို သူ့ကို ဝမ်းမြောက်ဝမ်းသာ တာဝန်ပေးခဲ့တယ်၊ ဒါပေမဲ့ တခြားလူအားလုံးက သူ့ကို လေးစားတာ၊ သူတို့ရဲ့ မေးခွန်းတွေအများကြီးနဲ့ သူ့ဆီ သွားကြပြီး၊ တချို့ ပရောဂျက်နဲ့ပတ်သက်လို့ ကျွန်မကို မမေးဘဲ သူ ဆက်လုပ်တာကို သဘောပေါက်လိုက်တာနဲ့၊ ကျွန်မရဲ့ ထင်ပေါ်မှုကို သူ ခိုးနေပြီး ကျွန်မရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်နေတယ်လို့ စိုးရိမ်မိလို့၊ တကယ် သူ့တာဝန်တွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပရောဂျက်တွေအပါအဝင်၊ ပိုများတဲ့ ပရောဂျက်တွေမှာ သူ ပါဝင်တာကို တားဖို့ ကြိုးစားခဲ့တယ်၊ သူကောင်းကောင်း ဆောင်ရွက်ရင်၊ ညီအစ်ကို မောင်နှမတွေက ပိုလို့တောင် လေးစားကြပြီး နှိုင်းလိုက်ရင် ကျွန်မက အကြည့်ရဆိုးပြီး ခေါင်းဆောင်အနေနဲ့ ကိုယ့်အဆင့်အတန်းတောင် ဆုံးရှုံးသွားနိုင်တာကို ကျွန်မ စိုးရိမ်မိခဲ့တယ်။ အစ်မကျန်းကို အလုပ်ပိုပေးတာ တားဖို့ အထက်ခေါင်းဆောင်ကိုတောင် ကျွန်မ လှည့်စားခဲ့တယ်။ ဒီအပြုအမူတွေကို သုံးသပ်တော့၊ ကျွန်မက လူ့သဘာဝ တကယ် ကင်းမဲ့သလို၊ ကိုယ့်အဆင့်အတန်းကို ထိန်းသိမ်းဖို့ တခြားလူတွေကို သိသိသာသာ ဖယ်ကြဉ်မှန်း တွေ့ရတယ်။ အန္တိခရစ်တွေက တခြားအရာအားလုံးထက် ဩဇာအာဏာကို တန်ဖိုးထားကြပြီး၊ ဘုရားအိမ်တော်ရဲ့ အလုပ်၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို လုံးဝ မစဉ်းစားကြဘူး။ ဘာအလုပ်ပဲ သူတို့လုပ်လုပ်၊ သူတို့ကိုယ်ပိုင် အဆင့်အတန်းကိုပဲ ဂရိုစိုက်ကြသလို၊ သူတို့ထက် တစ်ယောက်ယောက်က ပိုပါရမီရှိပြီး သူတို့အဆင့်အတန်းကို ခြိမ်းခြောက်တဲ့အခါ၊ အဲဒီလူတွေကို ဖိနှိပ်ပြီး ဖယ်ကြဉ်ဖို့နဲ့ သူတို့ တာဝန်ယူထားတဲ့ ဘယ်တာဝန်မှာမဆို အဓိက အခန်းကဏ္ဍမှာ ဆောင်ရွက်တာကို တားဆီးဖို့ တတ်နိုင်သမျှ လုပ်ကြတယ်။ ကျွန်မရဲ့ အပြုအမူက အန္တိခရစ်နဲ့ ဘာကွာခြားတာများ ရှိလို့လဲ။ အသင်းတော်အလုပ်က ကိုယ့်ရဲ့ သီးသန့် ပိုင်ဆိုင်မှုလို ကျွန်မ ပြုမူခဲ့တယ်။ တာဝန်တချို့ကို ဘယ်သူ့ကို ခန့်အပ်ရမယ်ဆိုတာနဲ့ အလုပ်ဘယ်လောက် တာဝန်ပေးရမယ်ဆိုတာကို စဉ်းစားတဲ့အခါ၊ ကျွန်မရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို သူတို့ ခြိမ်းခြောက်ခြင်း ရှိမရှိဆိုတာကို အမြဲ စိုးရိမ်ခဲ့တယ်။ ဒါက အသင်းတော်အလုပ်ကို ဘယ်လိုထိခိုက်မယ်ဆိုတာကို ကျွန်မ နည်းနည်းမှ မတွေးခဲ့ဘူး။ ကိုယ့်အဆင့်အတန်းကို ထိန်းသိမ်းဖို့တောင် လူတွေကို ဖိနှိပ်ပြီး ဖယ်ကြဉ်ခဲ့တယ်။ ကျွန်မရဲ့ စိတ်သဘောထားက အရမ်းဆိုးယုတ်ပြီး စိတ်မသက်သာစရာပဲ။

ဒီစာပိုဒ်ကို ကျွန်မ အမှတ်တမဲ့ တွေ့ခဲ့တယ်။ “လူတစ်ယောက်သည် လူတို့၏ စိတ်ထဲရှိ သူ၏ ကိုယ်ပိုင်နေရာကို ကာကွယ်ရန်အတွက် သူ့ထက်ပိုသာလွန်သောသူကို မြင်ပြီး ထိုသူအကြောင်း ကောလာဟလများဖြန့်လျက်၊ သို့မဟုတ် ထိုသူကို အပုပ်ချပြီး ထိုသူ၏ ဂုဏ်သတင်းကို လျော့ပါးစေရန် နည်းလမ်းအချို့ကို အသုံးချလျက်၊ ထိုသူကို အထင်အမြင်သေးစွာဖြင့်ပင် ဆက်ဆံလျက် ထိုသူကို ပြိုလဲစေရန် ကြိုးစားသောအခါတွင် ဤသည်မှာ မည်သို့သော စိတ်သဘောထားအမျိုးအစားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း သက်သက်မဟုတ်ပေ။ ကောက်ကျစ်ဆိုးယုတ်သူ၏ စိတ်သဘောထားဖြစ်သည်။ ဤလူက သူ့ထက်ပိုသာလွန်ပြီး ထက်မြက်သောသူတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နိုင်ခြင်းသည် အန္တရာယ်ရှိပြီး ဆိုးယုတ်သည်။ လူတို့ကို ပြိုလဲအောင်ပြုလုပ်ရန် ၎င်းတို့သည် မည်သို့မျှ ရပ်တန့်မည်မဟုတ်ကြောင်းက ၎င်းတို့ထဲတွင် အလွန်ပင် နတ်ဆိုးရှိနေသည်ကို ပြသည်။ စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်လျက် ၎င်းတို့သည် လူတို့ကို သေးသိမ်စေရန်၊ ချောက်ချရန်၊ လူတို့အတွက် အခက်အခဲဖြစ်စေရန် လုပ်ဆောင်တတ်ကြသည်။ ဤသည်မှာ မကောင်းမှုလုပ်ဆောင်ခြင်း မဟုတ်လော။ ဤသို့အသက်ရှင်လျက်ဖြင့် ၎င်းတို့ အဆင်ပြေသည်၊ လူကောင်းဖြစ်သည်ဟု ထင်ကြဆဲဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့ထက် ပိုမိုသာလွန်သောသူကို မြင်သောအခါ ၎င်းတို့သည် ထိုသူတို့ကို အခက်အခဲဖြစ်စေရန်၊ မကောင်းမှုကျူးလွန်ရန် လုပ်ဆောင်တတ်ကြသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ ထိုသို့သောလူတို့တွင် ကောင်းမြတ်သည့်အရာ အဘယ်မှာ ရှိသနည်း။ ဤသည်မှာ မကောင်းမှုကို အချိန်မရွေး ကျူးလွန်နိုင်သောသူ မဟုတ်သလော။ ဤသို့လုပ်ဆောင်ရာ၌၊ ၎င်းတို့သည် မိမိတို့နှစ်သက်သည်အတိုင်း လုပ်ဆောင်နေကြသည် မဟုတ်သလော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် ထောက်ထားခြင်း တစ်ခုတလေရှိသလော။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ခံစားချက်များကိုသာ ထည့်စဉ်းစားကြသည်။ အခြားလူတို့စိတ်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကိုသာ ထည့်စဉ်းစားကြသည်။ ၎င်းတို့၏ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ ရရှိလိုကြသည်။ ဘုရားအိမ်တော်၏အလုပ်အပေါ် ၎င်းတို့က မည်မျှထိခိုက်နစ်နာစေသည်ကို ဂရုမစိုက်ပေ။ ၎င်းတို့သည် လူတို့စိတ်ထဲရှိ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့ ပို၍ နှစ်သက်ကြသည်။ ဤသို့သောလူတို့သည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ဟုထင်မြင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမရှိသလော။ ဤသို့သာသူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ဟု ထင်မြင်ရုံသာမက အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို လုံးဝ သတိမထားပေ။ ဤသို့သောသူတို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း တစ်ခုတလေရှိသလော။ ဘုရားသခင်အပေါ် စိုးစဉ်းမျှပင် ကြောက်ရွံ့ခြင်း မရှိပေ။ ဤအတွက်ကြောင့် ၎င်းတို့က အပြစ်ကို သိမြင်စိတ် လုံးဝမရှိဘဲ၊ စိုးရိမ်ပူပန်ခြင်း လုံးဝမရှိဘဲ၊ ထိတ်လန့်ခြင်း၊ သို့မဟုတ် စိတ်ပူခြင်းလုံးဝ မရှိဘဲ လက်လွတ်စပယ် လုပ်ဆောင်ကာ အလိုရှိသလို ဆောင်ရွက်ကြခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော လူများ ရင်ဆိုင်ရသည့် အကျိုးဆက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ဒုက္ခရောက်ကြလိမ့်မည်၊ ဟုတ်ပါသလော။ သက်သက်သာသာ ပြောရမည်ဆိုလျှင်၊ ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားတတ်ကြပြီး သစ္စာဖောက်ဖျက် တတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင်၊ ပြဿနာ၏ အနှစ်သာရမှာ ထိုသို့သော လူများ၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စိုးစဉ်းမျှပင် မကြောက်ရွံ့ကြချေ။ ဘုရားသခင်ကို သူတို့ မကြောက်ပါ၊ မိမိတို့ကိုယ်ကိုယ် အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်၏ လက္ခဏာသွင်ပြင်တိုင်းကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဘဲ အရေးမပါဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်ခုတစ်လေမျှ မရှိပါ။ ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို မကြောက်ရွံ့သောသူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားအင်အတော်များများ အသုံးပြုကြကာ ပျော်ရွှင်မြူးထူးစွာ သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးတော်ခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ အခြေခံသဘောတရားနှင့် ရည်ရွယ်ချက်တို့မှာ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက်၊ ၎င်းတို့၏ အကျိုးစီးပွားအားလုံးကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မကြောက်ရွံ့သောသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မာနထောင်လွှားခြင်း မရှိသလော။ ၎င်းတို့သည် စာတန်မဟုတ်သလော။ မည်ကဲ့သို့သော အရာများက ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသနည်း။ တိရစ္ဆာန်များမှလွဲ၍၊ ဆိုးညစ်သူများ၊ အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စာတန်တို့ ဖြစ်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယှဉ်ပြိုင်ဖို့ ရိုင်းစိုင်းရဲတင်းကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ကင်းမဲ့နေကြသည်။ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၏ ရန်သူများဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဘုရားနှုတ်ကပတ်တော်တွေကို သေချာဖတ်တဲ့အခါ၊ ကျွန်မကို သူက တရားစီရင်နေသလို၊ ကျွန်မရဲ့ မာနထောင်လွှားပြီး၊ မကောင်းတဲ့ သဘာဝကို ဖော်ထုတ်နေသလိုမျိုး ခံစားရတယ်။ အစ်မကျန်း ကြီးကြပ်ခဲ့တဲ့ အလုပ်နဲ့ပတ်သက်လို့ ဘာကြီးကြီးမားမား ပြဿနာမှ မရှိခဲ့တာ သိသာပေမဲ့၊ ကျွန်မရဲ့ အဆင့်အတန်းကို သူ ခြိမ်းခြောက်မှုဖြစ်စေလို့၊ အထက်ခေါင်းဆောင်ရှေ့မှာ သူ့ကို ချိုးချိုးဖဲ့ဖဲ့ပြောဖို့ အခွင့်အရေးကို အမိအရာအသုံးချရင်း၊ အစ်မကျန်းက တခြားလူတွေဆီက လေးစားမှု ပိုလို့တောင်မရအောင်နဲ့ ကျွန်မရဲ့ ရာထူးကို အစားထိုးမခံရအောင် အစ်မကျန်းကို အထက်ခေါင်းဆောင်က အလုပ်လျှော့ပေးအောင် လှည့်စားဖို့ မျှော်လင့်ရင်းနဲ့ အစ်မကျန်းကို ဖိနှိပ်ဖို့နည်းလမ်း ကျွန်မရှာခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အဆင့်အတန်းကို ခိုင်မာစေဖို့ ဘယ်မကောင်းမှုကိုမဆို လုပ်ဖို့ လိုလားခဲ့ပြီး၊ စိတ်နှလုံးထဲမှာ ဘုရားကို ကြောက်စိတ်နည်းနည်းမှ မရှိခဲ့ဘူး။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” ဆိုတာနဲ့ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” ဆိုတာတွေလို ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ ကျွန်မရဲ့ သဘာဝက တကယ်ကို တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာ၊ မာနထောင်လွှားပြီး ဆိုးယုတ်ခဲ့တယ်။ ကျွန်မရဲ့ ဩဇာအာဏာနဲ့ အဆင့်အတန်းကို ခြိမ်းခြောက်မှုပေးတဲ့ ဘယ်သူကိုမဆို ဖိနှိပ်၊ ဖယ်ကြဉ်ရင်းနဲ့ နိုင်လိုမင်းထက်လုပ်ပြီး အာဏာရှင် စီစီပီလို ကျွန်မ ပြုမူခဲ့တယ်။ အထူးသဖြင့် ပါရမီရှိပြီး သူတို့အလုပ်မှာ ထိရောက်တဲ့ ဘယ်ညီအစ်ကို မောင်နှမတွေကိုမဆို ကျွန်မ ဖိနှိပ်ခဲ့တယ်။ အသင်းတော်ထဲမှာ ကိုယ့်ရဲ့ ဩဇာအာဏာကို ထူထောင်ပြီး ညီအစ်ကို မောင်နှမတွေကို ကျွန်မကိုပဲ လေးစားဖို့နဲ့ သူတို့နှလုံးသားတွေထဲမှာ ကျွန်မပဲ ရှိစေဖို့ ကြိုးစားခဲ့တယ်။ ကျွန်မက ကိုယ်ပိုင်နိုင်ငံတော် တည်ထောင်ဖို့ ကြိုးစားပြီး ဘုရားနဲ့ ဖက်ပြိုင်နေခဲ့တာ မဟုတ်လား။ ကျွန်မက မကောင်းမှုလုပ်ပြီး ဘုရားကို ဆန့်ကျင်ရင်းနဲ့ အန္တိခရစ်ရဲ့လမ်းကြောင်းကို လျှောက်နေခဲ့တာပဲ။ သူတို့ရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်သူတွေကို အသားထဲက ဆူးလို ဆက်ဆံရင်းနဲ့၊ မတရား စွပ်စွဲ၊ အပြစ်ပေးပြီး သူတို့နှင်ထုတ်ခံရတဲ့အထိ လုံးဝ အလျှော့မပေးဘဲ၊ မကောင်းမှုမျိုးစုံ လုပ်ပြီးတဲ့နောက်မှာ၊ ဘုရားအိမ်တော်ကနေ နောက်ဆုံး နှင်ထုတ်ခံရရင်းနဲ့ ကိုယ့်ရဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ လူတွေကို အပြစ်ပေးပြီး နှိပ်စက်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်း အသုံးပြုကြတဲ့ အဲဒီ အန္တိခရစ်တွေအကြောင်း ကျွန်မ တွေးမိတယ်။ အဲဒီလို ကျွန်မ ဆက်လုပ်ပြီး နောင်တမရနိုင်ရင်၊ နောက်ဆုံးမှာ အဲဒီကံကြမ္မာကို ကျွန်မ ကြုံရမှာ မဟုတ်လား။ ဒီပြီးခဲ့တဲ့ နှစ်နှစ်မှာ၊ အန္တိခရစ်တွေကို ပိုင်းခြားပုံ၊ အန္တိခရစ် လမ်းကြောင်းလျှောက်တာကို ဘယ်လို ရှောင်ကြဉ်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ ဘုရားက မိတ်သဟာယပြုပေးနေခဲ့တာ။ အန္တိခရစ်အပေါ် ချင့်ချိန်နိုင်စွမ်း ရှိအောင်၊ ကိုယ့်ကိုယ်ပိုင် အန္တိခရစ်လို အပြုအမူတွေကို သုံးသပ်ပြီး သမ္မာတရား၊ နောင်တနဲ့ ပြောင်းလဲမှုတွေကို လိုက်စားအောင်လို့ ဒီသမ္မာတရား သွင်ပြင်နဲ့ပတ်သက်ပြီး ဘုရားက အရမ်းကို ရှင်းရှင်းလင်းလင်း မိတ်သဟာယ ပြုပြီးပြီ။ ဒါပေမဲ့ ကျွန်မက ကိုယ့်အလုပ်မှာရှိတဲ့ ကိုယ့်ရဲ့ အန္တိခရစ်စိတ်သဘောထားကို ဖြေရှင်းခြင်းအပေါ် အာရုံမစိုက်ခဲ့ဘူး၊ ကိုယ့်ရဲ့ တာဝန်တွေကို ဘယ်လို အကောင်းဆုံး ဖြည့်ဆည်းပြီး အသင်းတော်အလုပ်ကို ကာကွယ်သင့်လဲဆိုတာကို မတွေးဆခဲ့ဘူး။ အဲဒီအစား၊ အဆင့်အတန်းအတွက် ပြိုင်တယ်၊ ကျွန်မရဲ့တာဝန်ကို ကိုယ်ပိုင်လုပ်ငန်းလို၊ အဆင့်အတန်း ရရှိခြင်းနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ လေးစားမှုကို ရယူဖို့အတွက် နည်းလမ်းတစ်ခုလို သဘောထားခဲ့ပြီး၊ ကိုယ့်တာဝန်မှာ ဩဇာအာဏာအားလုံး လိုချင်ခဲ့တယ်။ ကျွန်မရဲ့ ဆန္ဒတွေနဲ့ ကျွန်မ စိတ်ထိန်းမနိုင် သိမ်းမရဖြစ်သွားတယ်။

တစ်ခါ ဝတ်ပြုဆုတောင်းတဲ့အတောအတွင်းမှာ၊ အရမ်းကို အထောက်အကူဖြစ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို အမှတ်မထင် တွေ့ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး အနေဖြင့် သင်သည် သင့်ရာထူး၏ အဆောင်အယောင်များကို အစဉ်မွေ့လျော်လျက်၊ သင်၏ကိုယ်ပိုင်အစီအစဉ်များကို အစဉ် ချမှတ်လျက်၊ သင်၏ ကိုယ်ပိုင်ကျော်ကြားမှု၊ စည်းစိမ်နှင့် အဆင့်အတန်းကို အစဉ်ထည့်စဉ်းစားပြီး မွေ့လျော်လျက်၊ သင်၏ ကိုယ်ပိုင်လုပ်ငန်းကို အစဉ်စီမံလျက်၊ ပိုမိုမြင့်မားသော အဆင့်အတန်းရရှိရန်၊ ပိုမိုများသောလူတို့ကို စီမံထိန်းချုပ်ရန်နှင့် သင်၏ အာဏာနယ်ပယ်ကို ချဲ့ထွင်ရန် အစဉ်ကြိုးစားလျက်ဖြင့် သင့်ကိုယ်သင် အခြားသူများထက် သာသည်ဟု အစဉ်တွေးထင်ကာ အစိုးရအရာရှိအချို့ကဲ့သို့ သင်၏ တာဝန်တွင် ပျော်မွေ့နေလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ အစိုးရအရာရှိတစ်ဦးဖြစ်သည့်အလား အရေးကြီးသောတာဝန်တစ်ခုကို သင်၏ ရာထူးအား မွေ့လျော်ခံစားရန် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူခြင်းသည် အန္တရာယ်ရှိသည်။ သင်သည် အခြားသူများနှင့်အတူ အလုပ်လုပ်ရန် ဆန္ဒမရှိဘဲ၊ သင်၏ အာဏာကို လျော့ပါးစေပြီး အခြားမည်သူနှင့်မျှ မျှဝေရန် အလိုမရှိဖြစ်လျက်၊ အခြားမည်သူ့ကိုမျှ အသားစီရစေရန်၊ သင်၏ထင်ပေါ်မှုကို ခိုးယူရန် အလိုမရှိဘဲ ဤသို့ အစဉ်ပြုမူဆောင်ရွက်လျှင်၊ အာဏာကို သင်ကိုယ်တိုင်သာ ခံစားချင်လျှင် သင်သည် အန္တိခရစ်တစ်ဦးဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို မကြာခဏ ရှာဖွေလျှင်၊ ဇာတိပကတိကို ဘေးဖယ်ထားလျှင်၊ သင်၏ကိုယ်ပိုင် အကြောင်းရင်းများနှင့် အစီအစဉ်များကို စွန့်ပစ်လျှင်၊ အခြားသူများနှင့် အလုပ်လုပ်ရန် ကိုယ်တိုင်စတင်လုပ်ဆောင်နိုင်လျှင်၊ အခြားသူများနှင့် တိုင်ပင်ပြီး ရှာဖွေရန် သင်၏ စိတ်နှလုံးကို ဖွင့်ဟလျှင်၊ အခြားသူများ၏ စိတ်ကူးများ၊ အကြံပြုချက်များကို အာရုံစိုက် နားထောင်လျှင်၊ မည်သူ့ဆီကလာသည်ဖြစ်စေ မှန်ကန်ပြီး သမ္မာတရားနှင့်ညီသော အကြံကို လက်ခံလျှင် သင်သည် ဉာဏ်ပညာရှိပြီး မှန်ကန်သောပုံစံဖြင့် လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ကာ မှားယွင်းသောလမ်းကြောင်းကို လျှောက်ခြင်းအား ရှောင်ကြဉ်နိုင်သည်။ ဤသည်မှာ သင့်အတွက် အကာအကွယ်ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”)သင်သည် မည်သည့်အရာကိုလုပ်လုပ်၊ ထိုအရာက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သင့်ကိုကူညီရန်၊ သင့်ကို နည်းပေးလမ်းညွှန်မှုများ ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အမှုအရာများအတွက် သင့်ကိုကူညီရန် အမြဲတမ်း လူများရှိနေသင့်သည်။ ဤနည်းဖြင့် သင်သည် အမှုအရာများကို ပို၍မှန်ကန်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်ကာ အမှားများလုပ်မိရန် ပို၍ခက်ခဲပြီး လမ်းကြောင်းလွဲရန် ဖြစ်နိုင်ခြေ ပို၍နည်းပါးလိမ့်မည်— ယင်းမှာ ကောင်းကျိုးအတွက်ချည်းသာ ဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်ကို အစေခံခြင်းသည် အရေးကြီးပြီး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းခြင်းသည် သင့်ကို အန္တရာယ်ဖြစ်စေနိုင်သည်။ လူတို့တွင် ဆိုးယုတ်သော စိတ်သဘောထားများရှိသည့်အခါ ၎င်းတို့သည် အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ပုန်ကန်ပြီး အာခံနိုင်သည်။ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်သောသူတို့သည် ဘုရားသခင်ကို အချိန်မရွေး ငြင်းဆန်နိုင်၊ အာခံနိုင်ပြီး သစ္စာဖောက်နိုင်သည်။ အန္တိခရစ်များက မိုက်မဲ၏၊ ၎င်းတို့သည် ဤအရာကို သဘောမပေါက်ကြဘဲ ‘ငါ၏ ကိုယ်ပိုင်အာဏာကို ကိုင်စွဲထားရင်း ဒုက္ခများလှပြီဖြစ်သည်။ အဘယ်ကြောင့် ထိုအာဏာကို အခြားတစ်ယောက်ယောက်နှင့် မျှဝေရမည်နည်း။ ထိုအာဏာကို အခြားလူတို့အား ပေးခြင်းက ငါကိုယ်တိုင်အတွက် လုံးဝ ရှိတော့မည်မဟုတ်ဟူသည့် သဘောမဟုတ်လော။ အာဏာမရှိဘဲနှင့် ငါ၏ ပါရမီများနှင့် အရည်အချင်းများကို မည်သို့ ထင်ရှားစေနိုင်မည်နည်း’ ဟူ၍ တွေးကြသည်။ လူတို့ကို ဘုရားသခင်က အပ်နှံခဲ့သည်မှာ အာဏာ၊ သို့မဟုတ် အဆင့်အတန်းမဟုတ်ဘဲ တာဝန်တစ်ခုဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် အာဏာနှင့် အဆင့်အတန်းကိုသာ လက်ခံကြသည်။ တာဝန်များကို ဘေးဖယ်ထားကြပြီး၊ လက်တွေ့အလုပ်ကို မလုပ်ဆောင်ကြပေ။ ထိုအစား ကျော်ကြားမှု၊ စည်းစိမ်နှင့် အဆင့်အတန်းနောက်ကိုလိုက်ကြပြီး ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားကြသည်။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် အလွန် အန္တရာယ်ရှိသည်။ ဤသည်မှာ ဘုရားသခင်ကို အာခံခြင်းဖြစ်သည်။ မိမိတို့တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ခြင်းထက် ကျော်ကြားမှု၊ စည်းစိမ်နှင့် အဆင့်အတန်းနောက်ကိုလိုက်သော မည်သူမဆိုသည် မီးနှင့် ဆော့ကစားနေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်ကို ဆော့ကစားနေခြင်းဖြစ်သည်။ မီးနှင့် ၎င်းတို့၏အသက်နှင့် ဆော့ကစားသူတို့သည် အချိန်မရွေး မိမိတို့ကိုယ်ကိုယ် ပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။ ယနေ့တွင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင်သည် ဘုရားသခင်ကို အစေခံနေခြင်းဖြစ်ပြီး ယင်းမှာ သာမန်ကိစ္စမဟုတ်ပေ။ သင်သည် ကျသင့်ငွေပေးချေပြီး စားပွဲပေါ်သို့ အစားအစာရောက်ရှိစေရန် အလုပ်လုပ်နေခြင်းကို မဆိုထားနှင့်။ အမှုအရာများကို လူအချို့အတွက် လုပ်ဆောင်နေခြင်းပင်မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ အထူးသဖြင့် ဤတာဝန်ကို ဘုရားသခင်က သင့်အား အပ်နှံခဲ့သည်ကို ထောက်ဆလျှင်၊ ယင်းကို ထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်သည် ကောင်းစွာလုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ သင်၏ တာဝန်အတွက် ဘုရားသခင်ပေါ် တာဝန်ရှိသည်။ အဆုံးတွင် ဘုရားသခင်ကို ဖြေရှင်းချက်တစ်ခု ပေးရမည်။ ရလဒ်တစ်ခုရှိရမည်။ သင်လက်ခံခဲ့သည့်အရာမှာ ဘုရားသခင်၏ စေခိုင်းချက်၊ မြင့်မြတ်သော တာဝန်တစ်ခုဖြစ်သည်။ ထို့ကြောင့် ယင်းသည် မည်မျှအရေးကြီးပါစေ၊ အသေးအဖွဲဖြစ်ပါစေ လေးနက်သည့် အလုပ်တစ်ခုဖြစ်သည်။ မည်မျှ လေးနက်သနည်း။ ယင်းသည် သင်၏ အနာဂတ်၊ ကံကြမ္မာ၊ သင်၏ အဆုံးသတ်အပေါ် တိုက်ရိုက် ဆက်နွှယ်နေသည်။ သင်သည် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို အာခံလျှင် ရှုတ်ချခံရပြီး အပြစ်ဒဏ်ပေးခံရမည်။ သင်၏တာဝန်ကို ထမ်းဆောင်သောအခါ သင်လုပ်ဆောင်သမျှတိုင်းကို ဘုရားသခင်က မှတ်သားထားသည်။ ထိုအရာကို အမှတ်ပေးပြီး အကဲဖြတ်ပုံအတွက် ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင်စည်းမျဉ်းများ၊ စံနှုန်းများရှိသည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်သောအခါတွင် ထင်ရှားသော အရာအားလုံးကို အခြေခံပြီး သင်၏ အဆုံးသတ်ကို ဘုရားသခင်က ဆုံးဖြတ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) အရင်က ခေါင်းဆောင်အနေနဲ့ ကိုယ့်ရာထူးကို အဆင့်အတန်း တင်္ကေတအနေနဲ့ မြင်ခဲ့တာလေ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာမှ၊ ကိုယ့်တာဝန်ဟာ အဖန်ဆင်းခံအနေနဲ့ ဘုရားက ကျွန်မကို ပေးခဲ့တဲ့ စေခိုင်းချက်တစ်ခုမှန်း သဘောပေါက်ခဲ့တာ။ အဲဒါက ဘုရားအပ်နှင်းခဲ့တဲ့ တာဝန်တစ်ခုဖြစ်ပြီး၊ အဆင့်အတန်း၊ ဩဇာအာဏာနဲ့ ဘာမှ မပတ်သက်ဘူး။ ဘုရားအိမ်တော်ထဲမှာ ကိုယ့်တာဝန်ကို လုပ်တာက အပြင်လောကမှာ အသက်မွေးအလုပ်တစ်ခု ရှိသလိုပဲ။ ပြိုင်ဆိုင်မှု မရှိဘူး။ လူတိုင်းက ကိုယ့်ရာထူးမှာရှိတဲ့ တာဝန်တွေကို ဖြည့်ဆည်းကြတယ်။ အသင်းတော်အလုပ်ကို ကိုင်တွယ်ဖို့ ဘုရားက ကျွန်မကို ချီးမြှောက်ခဲ့ပြီး၊ လက်တွေ့လုပ်ဆောင်ဖို့၊ အလုပ်ကတစ်ဆင့် စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်ပုံကို သင်ယူပြီး သမ္မာတရားကို နားလည်လာဖို့ အခွင့်အရေးအများကြီး ပေးခဲ့တယ်။ ကိုယ့်တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ပြီး အသင်းတော် အလုပ်ကို ကောင်းကောင်း လုပ်နိုင်အောင်လို့၊ ဘုရားက ကျွန်မနဲ့အတူအလုပ်လုပ်ဖို့ ပါရမီရှိတဲ့ ညီအစ်ကို မောင်နှမတွေကိုလည်း တာဝန်ပေးခဲ့တယ်။ ဒါပေမဲ့ ဘုရားရဲ့ မျှော်လင့်ချက်တွေအတိုင်း ကျွန်မ အသက်မရှင်နိုင်ခဲ့ဘူး။ သမ္မာတရား လိုက်စားတာ၊ တခြားလူတွေနဲ့ တွဲဖက်ညီညီ အလုပ်လုပ်တာကို ကျွန်မ အာရုံမစိုက်ခဲ့ဘူး။ အဲဒီအစား၊ အဆင့်အတန်းကို မြတ်နိုးခဲ့ပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးကို ညီအစ်ကို မောင်နှမတွေဆီက လုယူရင်းနဲ့ ကိုယ့်အဆင့်အတန်းကို ထိန်းသိမ်းဖို့ တခြားလူတွေကိုတောင် ဖိနှိပ်ပြီး ဖယ်ကြဉ်ခဲ့တယ်။ ကျွန်မက ညီအစ်ကို မောင်နှမတွေကို ထိခိုက်စေခဲ့ရုံမက၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကိုလည်း တမင်ဖျက်ဆီးခဲ့တယ်။ ကျွန်မရဲ့ အပြုအမူအားလုံးကို ထောက်ဆရင်၊ တကယ်ကို ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူး... ဒီလမ်းမှာကို ကျွန်မ ဆက်မသွားချင်တော့ဘူး။ ရိုးရိုးသားသားနဲ့ လက်တွေ့ကျကျ ကိုယ့်တာဝန်တွေကို ဆောင်ရွက်ဖို့၊ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းဖို့ပဲ ဆန္ဒရှိခဲ့တယ်။ အဲဒီနောက်မှာ၊ ကိုယ့်တာဝန်ကို ကျွန်မ စပိုအားစိုက်လာခဲ့ပြီး တခြားလူတွေက မေးစရာတွေနဲ့ အစ်မကျန်းဆီ သွားကြတာ မြင်တဲ့အခါ၊ အဲဒီလောက် ခံစားချက် မဆိုးတော့ဘူး၊ ပြီးတော့ ကျွန်မအစား သူ့ကို သူတို့ အထင်ကြီးကြမှာကို မစိုးရိမ်တော့ဘူး။ ကျွန်မတို့တာဝန်တွေကို ဖြည့်ဆည်းဖို့ အစ်မကျန်းနဲ့ ဘယ်လို အကောင်းဆုံး အလုပ်လုပ်ရမယ်ဆိုတာပဲ တွေးခဲ့တယ်။ အစ်မကျန်းက သူ့အလုပ်မှာ ပြဿနာတွေရှိတာ ကျွန်မ သတိထားမိတဲ့အခါ၊ သူ့ကို ဆက်သွယ်စကားပြောပြီး လမ်းကြောင်းပေါ် ပြန်ရောက်အောင် ကူညီခဲ့တယ်။ တချို့ ပရောဂျက်တွေ တိုးတက်တာ နှေးတဲ့အခါ၊ ကျွမ်းကျင်မှုကို ဘယ်လိုတိုးတက်စေမယ်ဆိုတာကို သူနဲ့ ဆွေးနွေးခဲ့တယ်။ ကျွန်မမှာ ထိုးထွင်းအမြင်မရှိရင်၊ တချို့ကိစ္စကို ကိုင်တွယ်ပုံ မသိရင်၊ သူ့မိတ်သဟာယအတွက် သူ့ကို ကျွန်မ ရှာနေမှာပဲ။ အချိန်ကုန်တာနဲ့အမျှ၊ ကျွန်မတို့ အတူတူ စပြီး ပိုကောင်းသထက် ကောင်းအောင် အလုပ်လုပ်နေခဲ့ပြီး၊ ကျွန်မ တည်ကြည်ခိုင်မာပြီး လွတ်လပ်တာကို ခံစားရတယ်။

ဒီဘုရားနှုတ်ကပတ်တော်ပိုဒ်ကိုလည်း တွေးမိတယ်၊ ရှင်တို့အတွက် အခု ကျွန်မ ဖတ်ပေးမယ်။ “အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူရုံမျှသာမကဘဲ၊ ပါရမီရှိသောသူများကို ရှာဖွေပြီး ပျိုးထောင်ပေးခြင်းလည်းဖြစ်သည်။ ၎င်းတို့ကို သင်သည် လုံးဝ မနာလိုခြင်း၊ သို့မဟုတ် ဖိနှိပ်ခြင်းမရှိရပေ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်အတွက် အကျိုးရှိစေသည်။ သင်သည် သင်လုပ်သမျှအလုပ်အားလုံးတွင် သင်နှင့် ကောင်းစွာပူးပေါင်းဆောင်ရွက်ရန်အတွက် သမ္မာတရားကို လိုက်စားသူအချို့အား ပျိုးထောင်နိုင်လျှင်၊ အဆုံး၌ သင်တို့အားလုံးသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များရှိလျှင် သင်သည် အရည်အချင်းပြည့်မီသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်လိမ့်မည်။ သင်သည် အရာအားလုံးကို အခြေခံသဘောတရားများအတိုင်း တိုး၍ ပြုမူဆောင်ရွက်နိုင်ပါက၊ သင်သည် သင်၏သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည်။ အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံနေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်း၊ အခြားသူများအတွက် စာနာထောက်ထားမှု လုံးဝမပြခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး သင်တန်းတက်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေပြီး ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပါရမီရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်သည် လုပ်ဆောင်ဖို့ သာ၍ လွယ်ကူလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ဤတာဝန်၌ သင်၏ သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်ဖြစ်သည့်သူတစ်ဦး ပိုင်ဆိုင်သင့်သည့် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ပါရမီရှင်ကို ပျိုးထောင်ပေးတာက ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ဖြစ်ပြီး ဘုရားအိမ်တော်ရဲ့ လိုအပ်ချက်ဖြစ်မှန်း သိခဲ့တယ်။ ဒီအလုပ်က ဘယ်လောက်အဓိပ္ပာယ်ရှိမှန်း ဒီအတွေ့အကြုံက သဘောပေါက်အောင် ကူညီခဲ့တယ်။ တနည်းအားဖြင့် အဲဒါက သူတို့တာဝန်တွေကို ဖြည့်ဆည်းရာမှာ သူတို့ရဲ့ ပါရမီကို ပြခွင့်ပေးရင်းနဲ့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ပိုလို့တောင် တိုးတက်စေရင်း၊ ဘုရားအိမ်တော်ရဲ့ ယေဘုယျ အလုပ်အတွက်၊ အဲဒါက အကျိုးပြုပါတယ်။ နောက်တစ်နည်းအားဖြင့်၊ အဲဒါက ညီအစ်ကို မောင်နှမတွေကို လက်တွေ့လုပ်ဖို့ အခွင့်အရေးလည်း ပေးတယ်။ အဲဒါက သူတို့ရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိပါတယ်။ ဒါတွေအားလုံးက ကောင်းတဲ့ လုပ်ရပ်တွေဖြစ်ပြီး ဘုရားရဲ့ဂုဏ်ပြုတာကို ခံရမှာပါ။ အစ်မကျန်းက အတူအလုပ်လုပ်တဲ့အချိန်မှာ ကျွန်မအတွက် အရမ်းအထောက်အကူ ဖြစ်ခဲ့တယ်။ စည်းမျဉ်းတချို့ကို သဘောပေါက်ပြီး တိုးတက်မှုတချို့ လုပ်ဖို့ ကူညီပေးခဲ့သလို၊ ကျွန်မတို့အလုပ်က အများကြီးပိုချောမွေ့သွားခဲ့တယ်။ ဘုရားတောင်းဆိုချက်တွေကို လိုက်လျှောက်ပြီး တာဝန်တွေကို ဖြည့်ဆည်းဖို့ တခြားလူတွေနဲ့ အတူအလုပ်လုပ်ဖို့ ဘယ်လောက် အရေးကြီးမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒီလိုနည်းနဲ့ပဲ အသင်းတော်အလုပ်ကို ကျွန်မတို့ လုပ်ပြီး တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်တာပါ။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အဓိပ္ပာယ်မရှိတဲ့ အမြင်တချို့ကို နားလည်မှုရခဲ့ပြီး၊ ကျွန်မရဲ့ အဆင့်အတန်း စွဲလမ်းမှုကို တဖြည်းဖြည်း လက်လွှတ်ပြီး တာဝန်ကို ဖြည့်ဆည်းလာနိုင်ခဲ့တယ်။ ဒါက ကျွန်မအတွက် ဘုရားရဲ့ကယ်တင်ခြင်းပဲ။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ပြောင်းလဲခြင်း

ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၁၉ ဩဂုတ်လမှာ ကျွန်မ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ကို ယူခဲ့ပြီး အလုပ်မှာ ကြီးကြပ်ရတယ်။ အဲဒီအချိန်မှာအဖွဲ့ထဲက ဘယ်သူမဆိုထက်...

ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်မကို နိုးထစေခဲ့ပြီ

မြောင်ရှောင်၊ ရှန်တုန်းစီရင်စု “သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်...။” ဆို သည့်...

သင့်တာဝန်တွင် မှန်ကန်သော သဘောထား၏ အရေးပါမှု

အယ်လာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ အောက်တိုဘာမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ စုဝေးပွဲတွေကို...

စိတ်နှလုံး၏ လွတ်မြောက်ခြင်း

ကျန်ရှင်း အမေရိကန်နိုင်ငံ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ မှာ ကျွန်မ ခင်ပွန်းနဲ့ ကျွန်မတို့က နိုင်ငံခြားမှာ ရှိနေတုန်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။