ကျွန်မရဲ့ တာဝန်ကို ကျွန်မ ဘာကြောင့်ဇီဇာကြောင်ခဲ့တာလဲ

06.06.2026

တရုတ်နိုင်ငံ၊ ကျိုးဖုန်း

၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားပြီး တကယ့်အလုပ်ကို မလုပ်ခဲ့လို့ ခေါင်းဆောင်တာဝန်ကနေ ကျွန်မ ဖြုတ်ချခံခဲ့ရတယ်။ နှစ်ပတ်ကြာတော့ အရင်က ကျွန်မရဲ့ တွဲဖက်ဖြစ်တဲ့ ညီအစ်မ လျှိုရှောင်က ကျွန်မဆီ လာတွေ့တယ်။ သူက ပြောတယ်၊ “စီစီပီက အခုဆိုရင် ဘုရားသခင်ကို ယုံကြည်သူတွေကို နေရာအနှံ့မှာ ဖမ်းဆီးနေတယ်။ ဧည့်ခံတဲ့ မိသားစုတချို့က လူသိရှင်ကြား ဘုရားသခင်ကို ယုံကြည်သူတွေဆိုတော့ သူတို့တွေ မလုံခြုံတော့ဘူး။ အစ်မကတော့ လူသိရှင်ကြား ယုံကြည်သူမဟုတ်ဘူးလေ၊ ပြီးတော့ အစ်မရဲ့ မိသားစုအခြေအနေကလည်း သင့်တော်တယ်။ အခုကစပြီး အစ်မအိမ်မှာ ဧည့်ခံတဲ့တာဝန်ကို ထမ်းဆောင်ပေးလို့ ရတယ်နော်” တဲ့။ လျှိုရှောင်ကို မြင်တော့ ကျွန်မ ရှက်သွားတယ်။ တွေးမိတာက “လွန်ခဲ့တဲ့ နှစ်ပတ်ကမှ ငါက သူနဲ့တွဲဖက်ပြီး ခေါင်းဆောင်တာဝန်တွေကို ထမ်းဆောင်နေခဲ့သေးတာ။ အခုကျတော့ သူက ငါ့ရဲ့တာဝန်ကို လာစီစဉ်ပေးနေပါလား။ ပိုဆိုးတာက ဒါဟာ ဧည့်ခံတဲ့တာဝန် ဖြစ်နေတာပဲ။ ငါ တော်တော်အခြေအနေဆိုးသွားပြီပဲ။ ငါက သမ္မာတရားကို မလိုက်စားတဲ့သူ၊ ဧည့်ခံတဲ့တာဝန်နဲ့ပဲ သင့်တော်တဲ့သူလို့ သူက ထင်နေတာလား” ပေါ့။ အဲဒီနောက် ဧည့်ခံတဲ့တာဝန်ကို ထမ်းဆောင်တဲ့ ညီအစ်ကိုမောင်နှမ အများစုက အသက်ကြီးတဲ့သူတွေ၊ အစွမ်းအစ သာမန်ပဲရှိတဲ့သူတွေဆိုတာကို ကျွန်မ တွေးမိတယ်။ ကျွန်မကို သိတဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မ အိမ်မှာ ဧည့်ခံတဲ့တာဝန် ထမ်းဆောင်နေတယ်ဆိုတာကို သိသွားရင် အရမ်း ရှက်ဖို့ကောင်းမှာပဲ။ ဧည့်ခံတဲ့တာဝန်ကို ကျွန်မ တကယ်ပဲ၊ လုံးဝ မထမ်းဆောင်ချင်ခဲ့ဘူး၊ သွားလေရာတိုင်းမှာ ဂုဏ်ရှိပြီး ထင်ပေါ်ကျော်ကြားတဲ့ ခေါင်းဆောင်တွေနဲ့ မတူဘဲ ဧည့်ခံတဲ့တာဝန်က အောက်ကျတယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ တာဝန်ပေးလာတဲ့အခါ ငြင်းပယ်တာက ဆင်ခြင်တုံတရား ကင်းမဲ့တာကို ပြနေတယ်လေ၊ ဒါကြောင့် ကျွန်မ အင်တင်တင်နဲ့ပဲ သဘောတူလိုက်တယ်။ ကိုယ့်ဘာသာကိုယ်လည်း တွေးနေမိတယ်၊ “နည်းနည်းပါးပါး ဝတ်ပြုပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်လို့ ကိုယ့်အကြောင်း နားလည်မှုတချို့ ရလာတဲ့အခါ၊ နောက်ထပ်တာဝန်တစ်ခုကို ငါ အပြောင်းခံရရင်အပြောင်းခံရမှာပဲ” ပေါ့။

ဧည့်ခံတဲ့တာဝန် စထမ်းဆောင်ပြီးတဲ့နောက်မှာ လျှိုရှောင်က ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်ကိစ္စ ဆွေးနွေးဖို့ တစ်ခါတလေ ကျွန်မအိမ်ကို လာတယ်။ အရင်ကဆို ငါလည်း သူနဲ့ တန်းတူပဲဖြစ်ခဲ့တာ၊ အခုကျတော့ နေ့တိုင်း သူတို့အတွက် ထမင်းဟင်းချက်ပေး၊ ပန်းကန်တွေဆေး၊ သန့်ရှင်းရေးတွေ လုပ်ပေးနေရပါလားလို့ တွေးမိတယ်။ ဒီထက်ပိုပြီး ရှက်စရာကောင်းတာ မရှိနိုင်တော့ဘူးလေ။ တစ်နေ့တော့ လူခေါ်ခေါင်းလောင်း မြည်လာလို့ တံခါးဖွင့်လိုက်တော့ ညီအစ်မ ဝမ်တန် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကျွန်မ မျက်နှာ ချက်ချင်းပဲ ပူထူသွားတာပေါ့။ အရင်တုန်းက အချိန်တွေကို ပြန်တွေးကြည့်ရင် ဝမ်တန် လုပ်စရာရှိတာ မှန်သမျှကို ငါကပဲ အမြဲ စီစဉ်ပေးခဲ့တာ၊ အခုကျတော့ ဝမ်တန်က ငါ့အတွက် အလုပ်စီစဉ်ပေးနေပါလားပေါ့။ ဒီလောက်ကြီးမားတဲ့ အခြေအနေ အပြောင်းအလဲကြီးက အရမ်းကို ရှက်စရာကောင်းလိုက်တာ။ ဝမ်တန်က ပြောတယ်၊ “နောက်ရက်ပိုင်းအတွင်းမှာ အစ်မအိမ်မှာ တည်းနေတဲ့ ညီအစ်ကိုမောင်နှမတွေကို ခေါ်သွားပြီး နောက်ထပ် ဧည့်ခံတဲ့အိမ်တစ်ခုကို ပြောင်းပေးမယ်နော်” တဲ့။ ဒါကိုကြားတော့ ကျွန်မ အရမ်းပျော်သွားတယ်၊ “သူတို့က ငါ့ကို နောက်ထပ်တာဝန်တစ်ခု ထမ်းဆောင်ဖို့ စီစဉ်ပေးတော့မလို့လား။ ဧည့်ခံတဲ့တာဝန်သာ မဟုတ်ရင် ယုံကြည်သူအသစ်တွေကို ရေလောင်းပေးရတာပဲဖြစ်ဖြစ်၊ ဧဝံဂေလိတရား ဟောပြောရတာပဲဖြစ်ဖြစ် ငါ ကိစ္စမရှိဘူး။ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်ခွင့်ရနေသရွေ့ အသင်းတော်မှာ ရွေးကောက်ပွဲလုပ်တဲ့နေ့ရောက်ရင် ခေါင်းဆောင် ဒါမှမဟုတ် သင်းထောက်နေရာအတွက် အရွေးခံဖို့ ငါ့မှာ အခွင့်အရေးရှိမှာပဲ။ မျက်နှာပြစရာ အခွင့်အရေးလေးတောင် မရှိတဲ့ ဧည့်ခံတဲ့တာဝန်နဲ့တော့ မတူဘူးလေ” လို့ပေါ့။ ကျွန်မ စိတ်ကူးယဉ်နေတုန်းမှာပဲ ဝမ်တန်က “သူတို့ကို ခေါ်သွားပြီး သူတို့နေရာမှာ တခြား ညီအစ်ကိုမောင်နှမတွေနဲ့ အစားထိုးပေးမယ်နော်” လို့ ပြောလိုက်တယ်။ ဒါကိုကြားတော့ ကျွန်မ အရမ်းကို စိတ်ပျက်သွားတာပဲ။ “ဒီဧည့်ခံတဲ့တာဝန်က ဘယ်တော့မှ ပြီးမှာလဲ” ပေါ့။ နောက်ပိုင်းမှာ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင်ကို ကျွန်မ တွေ့လိုက်ရတယ်။ အဲဒီစာထဲမှာ စီစီပီက ဘုရားသခင်ကို ယုံကြည်သူတွေကို စုံစမ်းတာတွေ၊ ရှာဖွေတာတွေနဲ့ ဖမ်းဆီးတာတွေ လုပ်နေတယ်၊ ဒါကြောင့် လူတိုင်းက လုံခြုံရေးကို ဂရုစိုက်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်၊ အထူးသဖြင့် ဧည့်ခံတဲ့ မိသားစုတွေက ပတ်ဝန်းကျင်ကောင်းတစ်ခုကို ထိန်းသိမ်းထားပြီး ညီအစ်ကိုမောင်နှမတွေကို ကာကွယ်ပေးရမယ်လို့ ရေးထားတယ်။ စာကို ဖတ်ပြီးတော့ ကျွန်မ တွေးမိတယ်၊ “လက်ရှိ ပတ်ဝန်းကျင်အခြေအနေက ပိုပိုပြီး တင်းမာလာနေတယ်၊ ပြီးတော့ လုံခြုံတဲ့ ဧည့်ခံတဲ့မိသားစုတွေ ပိုလိုနေတယ်။ ငါ့ရဲ့ ဧည့်ခံတဲ့တာဝန်ကို ပြောင်းဖို့ဆိုတာ လွယ်မယ့်ပုံ မပေါ်ဘူး” လို့ပေါ့။ အဲဒီအချိန်တုန်းက တစ်နေကုန် ကျွန်မ စိတ်မချမ်းမသာဖြစ်ပြီး စိတ်ဆင်းရဲနေခဲ့တယ်။ နေ့စဉ်ဘဝမှာ ညီအစ်မတွေက ကျွန်မ မကြိုက်တာလုပ်ရင်၊ ကျွန်မ မကြိုက်တာပြောရင်၊ သူတို့ကို မြင်တာနဲ့ အမြင်ကပ်မိတယ်။ သန့်ရှင်းရေးလုပ်တဲ့အခါ ရှင်းလင်းစရာတွေ အများကြီးရှိနေရင်လည်း ဒေါသထွက်ပြီး အတိုက်အခံဖြစ်မိတယ်။ ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်တွေအကုန်လုံး လုပ်နေရတော့ ကိုယ့်ကိုယ်ကိုယ် အိမ်ဖော်တစ်ယောက်လိုပဲ ခံစားရတယ်၊ ပြီးတော့ ဒေါသတကြီးနဲ့ ပစ္စည်းတွေကို ဆောင့်အောင့်ပြီး ရှင်းလင်းတတ်တယ်။ ညီအစ်မတွေနဲ့ စကားပြောရင်လည်း မျက်နှာက မကြည်သာဘူးလေ။ အဲဒီအချိန်အတောအတွင်းမှာ ညီအစ်မတွေအားလုံးက ကျွန်မကြောင့် ဘောင်ခတ်ခံရတယ်၊ ကျွန်မရဲ့ ကိုယ်ပိုင်အခြေအနေကလည်း ပိုပိုပြီး ဆိုးလာတယ်။ ပုံမှန်တောင် ဝတ်မပြုဖြစ်တော့ဘူး၊ တစ်ခါတလေ ဖုန်းသုံးပြီး ဇာတိပကတိ သာယာမှုကိုတောင် ထင်သလို မွေ့လျော်ခံစားနေမိတယ်။ ကျွန်မ အခြေအနေဆိုးနေတာကို ညီအစ်မ လီလုက မြင်တော့၊ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖို့၊ ဓမ္မတေးတွေ ပိုသင်ယူဖို့နဲ့ ဆောင်းပါးတွေရေးဖို့ လေ့ကျင့်ပါလို့ သတိပေးပေမဲ့ ကျွန်မက သူ့စကားကို နားမထောင်ခဲ့ဘူး။ တစ်နေ့တော့ လီလုက ကျွန်မရဲ့ အခြေအနေကို ထောက်ပြတယ်၊ အပြင်ပန်းမှာတော့ တာဝန်ကို ထမ်းဆောင်နေပေမဲ့ ကျွန်မက စိတ်မပါဘူးတဲ့။ သူ့စကားကို ကြားပြီးတော့ ကျွန်မ နည်းနည်း အတိုက်အခံဖြစ်သွားတယ်၊ “ငါက နေ့တိုင်း နင်တို့အဖွဲ့အတွက် ထမင်းဟင်းချက်ပေးရတာနဲ့ အလုပ်များနေတာပဲ။ အဲဒါက ဘယ်လိုလုပ်ပြီး စိတ်မပါတာဖြစ်မှာလဲ” ပေါ့။ အဲဒီနောက်တော့ သူ့စကားတွေက ကျွန်မခေါင်းထဲမှာ ခဏခဏ ပြန်ပေါ်လာတယ်။ အဲဒီညက အိပ်ရာထဲမှာ ဟိုဘက်ဒီဘက် လူးလွန့်ရင်းနဲ့ အိပ်လို့မရဘူး။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့ညီအစ်မက ငါ့ကို ဘာလို့ ဝေဖန်ရတာလဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ” ပေါ့။ လတ်တလော ကျွန်မအခြေအနေက ဆိုးနေပြီး ကိုယ့်တာဝန်ကို အာရုံမစိုက်ခဲ့သလို၊ ညီအစ်မတွေအပေါ်မှာလည်း မေတ္တာမပြခဲ့ဘူးဆိုတာကို တွေးမိတယ်။ သူတို့ကို ကျွန်မ မျက်စောင်းခဲပြီး ခဏခဏ ဘောင်ခတ်ခဲ့တယ်လေ...တွေးလေလေ၊ ပိုပြီး အပြစ်ရှိသလို ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေလေပဲ။ ဒါနဲ့ ကိုယ့်အကြောင်း နားလည်အောင် ဦးဆောင်ပေးဖို့ ဘုရားသခင်ကို ကျွန်မ ဆုတောင်းတောင်းလျှောက်ခဲ့တယ်။ အရင်က ဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ သတိရသွားတယ်။ “သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ ‘ဤအလုပ်သည် ဘုရားသခင်ထံမှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ပုန်ကန်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင်၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်း၊ သင်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ထိုသို့သော အခြားအရာများကို အလေးထားသောအခါ သင်၏ တာဝန်အပေါ် သင၏ သဘောထားသည် ကျိုးနွံနာခံခြင်းနှင့်ဆိုင်သော သဘောထားတစ်ခု မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) ဘုရားသခင် ပြောခဲ့တာက ကျွန်မရဲ့ အခြေအနေနဲ့ ကွက်တိပဲ။ အရင်က အသင်းတော်မှာ ခေါင်းဆောင်လုပ်ခဲ့ပြီး မျက်နှာပြနိုင်ခဲ့တဲ့အချိန်တွေကို ကျွန်မ ပြန်တွေးကြည့်တယ်။ သွားလေရာတိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ရတော့ ကျွန်မ စိတ်နှလုံးထဲမှာ ပျော်ရွှင်ပြီး တာဝန်တွေ ထမ်းဆောင်ဖို့ ခွန်အားတွေ ရှိခဲ့တယ်လေ။ အထူးသဖြင့် ခရိုင်ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရတုန်းကဆို ကိုယ်က လူတွေကြားမှာ ထင်ပေါ်ကျော်ကြားပြီး ဂုဏ်ရှိတယ်လို့ တွေးပြီး အရမ်းကို ဝမ်းသာခဲ့တာ။ တာဝန်ထမ်းဆောင်ဖို့ ကျွန်မခွန်အားတွေက နှစ်ဆတိုးသွားခဲ့တယ်။ အဲဒီအချိန်တုန်းက နေ့တိုင်း မိုးလင်းကနေ မိုးချုပ်အထိ ကျွန်မ အလုပ်လုပ်ခဲ့တယ်။ ဆောင်းရာသီဆိုတော့ အရမ်းအေးတယ်၊ ဒါပေမဲ့ ည ၁၁ နာရီ၊ ၁၂ နာရီလောက်မှ အိမ်ပြန်ရောက်ရင်တောင် ကျွန်မ ပျော်နေတုန်းပဲ၊ အေးမှန်းလည်း မသိ၊ ပင်ပန်းမှန်းလည်း မသိခဲ့ဘူး။ ဒါပေမဲ့ ဖြုတ်ချခံရပြီး ခေါင်းဆောင်က ကျွန်မကို ဧည့်ခံတဲ့တာဝန် ထမ်းဆောင်ဖို့ စီစဉ်ပေးပြီးတဲ့နောက်မှာတော့၊ ပင်ပန်းတဲ့အလုပ်တွေနဲ့ အသေးအဖွဲ ကိစ္စတွေကို လုပ်ပေးရတဲ့ အိမ်ဖော်တစ်ယောက်လို၊ အောက်ကျတဲ့ အစေခံတစ်ယောက်လို ခံစားခဲ့ရတယ်။ ကျွန်မစိတ်နှလုံးက ကျိုးနွံနာခံနိုင်မှုမရှိခဲ့ဘဲ ခေါင်းဆောင်တွေက ကျွန်မကို နောက်ထပ်တာဝန်တစ်ခု ပြောင်းပေးမယ့်နေ့ကိုပဲ စောင့်မျှော်နေခဲ့တယ်။ နောက်ပိုင်းမှာ အထက်ခေါင်းဆောင်တွေက စာတစ်စောင် ပို့လိုက်တယ်၊ စာထဲမှာ လက်ရှိ ပတ်ဝန်းကျင်က ပိုပိုပြီး တင်းမာလာနေလို့ ပိုလုံခြုံတဲ့ ဧည့်ခံတဲ့ မိသားစုတွေ လိုအပ်တယ်လို့ ပြောထားတယ်။ လတ်တလောမှာ ကျွန်မတာဝန်အပြောင်းခံရဦးမှာ မဟုတ်မှန်း သဘောပေါက်လိုက်တဲ့အခါ၊ စိတ်မသက်မသာဖြစ်ပြီး အပျက်သဘောဆောင်မှုထဲမှာ အသက်ရှင်ခဲ့တယ်။ တာဝန်ကို ထမ်းဆောင်ခဲ့ပေမဲ့ ကျွန်မစိတ်နှလုံးက လုံးဝကို စိတ်မပါခဲ့ဘူး။ ပြီးတော့ ညီအစ်မတွေကိုလည်း မျက်စောင်းခဲပြီး မလိုမုန်းထားတဲ့ အကြည့်တွေနဲ့ ကြည့်ရင်း သူတို့ကို ဘောင်ခတ်ခဲ့တယ်။ ဘုရားသခင်အပေါ် ကျွန်မ ဘယ်လို ကျိုးနွံနာခံမှုမျိုး ရှိခဲ့လို့လဲ။ ကျွန်မရဲ့ ကျိုးနွံနာခံမှုက အပေးအယူဆန်ပြီး ကိုယ်ပိုင်နှစ်သက်မှုတွေ၊ မသန့်ရှင်းတဲ့အရာတွေ ပါဝင်နေခဲ့တယ်။ အဲဒါက ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံခြင်း မဟုတ်ဘူး။ ကိုယ့်အတွက် အကျိုးရှိပြီး နည်းနည်းပါးပါး ဂုဏ်သိက္ခာရမှပဲ ကျိုးနွံနာခံခဲ့တာ၊ ကိုယ့်အတွက် အကျိုးမရှိဘဲ မျက်နှာပြစရာ မရှိရင်တော့ ကျိုးနွံနာခံနိုင်မှု မရှိခဲ့ဘူး။ ဒီအခြေအနေကိုသာ ကျွန်မ မပြောင်းလဲရင် အရမ်းကို အန္တရာယ်များမှာပဲ။

တစ်နေ့တော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ဘုရားသခင်၏ အိမ်တော်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား လက်ခံခြင်းနှင့် မိမိတာ၀န်ကို ကောင်းစွာထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်၍ အစဉ်ပြောဆိုကြသည်။ သို့ဆိုလျှင် တာဝန်သည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယေဘုယျအားဖြင့် ပြောရလျှင် ယင်းသည် လူသားမျိုးနွယ်ထံသို့ ကယ်တင်ခြင်း ဆောင်ကြဉ်းပေးသည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်၏ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာသည်။ တိတိကျကျ ပြောရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို လူသားမျိုးနွယ်အကြားတွင် လုပ်ဆောင်သည်နှင့်အမျှ အလုပ်အမျိုးမျိုး ပေါ်ပေါက်လာပြီး ယင်းတို့အားလုံးသည် လူတို့က မိမိတို့၏ အပိုင်းကို ပူးပေါင်းဆောင်ရွက်ကာ ပြီးမြောက်စေရန် လိုအပ်သည်။ ဤနည်းအားဖြင့် လူတို့၏ တာဝန်ဝတ္တရားများနှင့် အထူးတာဝန်များ ဖြစ်ပေါ်လာပြီး ဤတာဝန်ဝတ္တရားများနှင့် အထူးတာဝန်များသည် ဘုရားသခင်က လူတို့အပေါ် ပေးအပ်ချီးမြှင့်သည့် တာဝန်များ ဖြစ်ကြသည်။ ဘုရားသခင်၏ အိမ်တော်တွင် လူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အလုပ်အမျိုးမျိုးမှာ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များဖြစ်သည်။ ထို့ကြောင့် တာဝန်များကြားတွင် သာ၍ကောင်းမွန်ခြင်းနှင့် သာ၍ဆိုးခြင်း၊ မြင့်မားခြင်းနှင့် နိမ့်ကျခြင်း၊ သို့မဟုတ် ကြီးမြတ်ခြင်းနှင့် သေးငယ်ခြင်းတို့အရ ခြားနားချက်များရှိသလော။ ထိုသို့သော ခြားနားချက်များ မတည်ရှိပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် ပတ်သက်သရွေ့၊ တစ်စုံတစ်ရာသည် သူ့အိမ်တော်အမှု၏ သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ ဘုရားသခင်၏ ဧဝံဂေလိဖြန့်ဝေခြင်း၌ လိုအပ်သရွေ့ ယင်းသည် လူတစ်ဦး၏ တာဝန်ဖြစ်သည်။ ဤသည်မှာ တာဝန်၏ ဇာစ်မြစ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု မရှိဘဲနှင့်၊ ကမ္ဘာပေါ်ရှိ လူတို့၌ ၎င်းတို့မည်သို့အသက်ရှင်ကြသည်ဖြစ်စေ တာဝန်များ ရှိကြမည်လော။ ရှိမည်မဟုတ်ပါ။ ယခု သင်တို့ ရှင်းလင်းစွာ မြင်ရပြီ။ လူတစ်ဦး၏ တာဝန်သည် မည်သည့်အရာနှင့် ပတ်သက်သနည်း။ (ယင်းသည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် ပတ်သက်သည်။) မှန်ပေ၏။ လူသားမျိုးနွယ်၏ တာဝန်များ၊ ဖန်ဆင်းခံများ၏ တာဝန်များနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သော ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတို့ကြားတွင် တိုက်ရိုက်ဆက်နွှယ်မှုတစ်ခု ရှိသည်။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်းမရှိဘဲ၊ ထို့ပြင် လူသားကြားတွင် လူဇာတိခံယူသော ဘုရားသခင်အစပျိုးထားသည့် စီမံခန့်ခွဲမှုအလုပ် မရှိဘဲ၊ လူတို့၌ ပြောစရာ မည်သည့်တာဝန်များမျှ ရှိမည်မဟုတ်ကြောင်း ဆိုနိုင်သည်။ တာဝန်များသည် ဘုရားသခင်၏အလုပ်မှ ထွက်ပေါ်လာသည်။ ယင်းမှာ လူတို့အပေါ် ဘုရားသခင်တောင်းဆိုသည့် အရာဖြစ်၏။ ယင်းကို ဤရှုထောင့်မှ ကြည့်သည့်အခါ တာဝန်သည် ဘုရားသခင်နောက်လိုက်သည့် လူတိုင်းအတွက် အရေးကြီး၏၊ ဟုတ်သည် မဟုတ်လော။ ယင်းမှာ အလွန်အရေးကြီး၏။ ယေဘုယျအားဖြင့် ပြောရလျှင် သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့်သက်ဆိုင်သော အလုပ်တွင် ပါဝင်ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် သင်သည် ဘုရားသခင်က အချိန်အခါအမျိုးမျိုးနှင့် လူအုပ်စုအမျိုးမျိုးတို့တွင် ဆောင်ရွက်တော်မူသော အလုပ်၏ အချက်အမျိုးမျိုးတို့၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။သင်၏တာဝန်သည် မည်သည့်အရာဖြစ်နေပါစေ ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် လုပ်ငန်းတာဝန်ဖြစ်၏။ တစ်ခါတစ်ရံ အရေးကြီးသော အရာဝတ္ထုတစ်ခုကို စောင့်ရှောက်ဖို့၊ သို့မဟုတ် ကာကွယ်ပေးဖို့ သင်သည် တောင်းဆိုခံရကောင်း ခံရနိုင်သည်။ ဤသည်မှာ ကြီးကျယ်သော ကိစ္စတစ်ရပ် မဟုတ်ပေ၊၊ ဤသည်ကို သင်၏ တာဝန်တစ်ရပ်ဟုသာ ဆိုနိုင်သည်၊၊ သို့သော်လည်း ဤသည်မှာ ဘုရားသခင်က သင့်ကို ပေးအပ်ထားသည့် တာဝန်တစ်ရပ် ဖြစ်သည်၊၊ သင်သည် ကိုယ်တော့်ထံမှ ယင်းကို ခံယူခဲ့ပြီး ယခုအခါ သင်၏ တာဝန် ဖြစ်လာသည်။ ဤကိစ္စ၏ အရင်းခံကို ပြောရလျှင် လူတစ်ဦး၏ တာဝန်ကို ဘုရားသခင်က ယုံကြည်စွာ အပ်နှံထားခြင်း ဖြစ်သည်။ ယင်းတွင် အဓိကအားဖြင့် ဧဝံဂေလိတရားဟောခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းနှင့် အသင်းတော်တွင် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ခြင်းတို့ ပါဝင်သည်၊၊ သို့မဟုတ်ပါက ပို၍ အန္တရာယ်များသော အလုပ် သို့မဟုတ် ပို၍ အရေးကြီးသော အလုပ် ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ယင်းသည် ဘုရားသခင်၏ အလုပ်နှင့်လည်းကောင်း၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်၏ လိုအပ်ချက်များနှင့်လည်းကောင်း သက်ဆိုင်နေသရွေ့ လူတို့သည် ယင်းကို ဘုရားသခင်ထံမှ တာဝန်တစ်ရပ်အဖြစ် ခံယူသင့်သည်။ပို၍ပင် ကျယ်ပြန့်သော စကားလုံးဖြင့် ဖော်ပြရလျှင် တာဝန်ဟူသည် လူတစ်ဦး၏ အထူးတာဝန်၊ ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်ပင် ဖြစ်သည်။ ပို၍အတိအကျဆိုရလျှင် ယင်းမှာ သင်၏တာဝန်၊ သင်၏ဝတ္တရားဖြစ်၏။ ယင်းသည် သင်၏အထူးတာဝန်၊ သင့်အား ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက် ဖြစ်သည့်အပြင် သင်၏ တာဝန်နှင့်ဝတ္တရားတို့ဖြစ်သည်ကို ထောက်ဆလျှင် သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် သင်၏တစ်ကိုယ်ရေ အရေးကိစ္စများနှင့် သက်ဆိုင်မှုမရှိ‌ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ လူသားတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ကြောင့်သာ လူတွေက တာဝန်တွေ ထမ်းဆောင်ဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးရှိတာဖြစ်ပြီး၊ ဘုရားသခင်ရဲ့ အိမ်တော်မှာ ထမ်းဆောင်ဖို့လိုအပ်တဲ့ တာဝန်တွေ အများကြီးရှိတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ တချို့က အသင်းတော်ကို ဦးဆောင်တယ်၊ တချို့က ဧဝံဂေလိတရား ဟောပြောတယ်၊ တချို့ကကျတော့ အထွေထွေကိစ္စရပ်တွေ လုပ်တယ်၊ အစရှိသဖြင့်ပေါ့။ ဘုရားသခင်ရဲ့ အမြင်မှာတော့ ပိုကောင်းတဲ့၊ ဒါမှမဟုတ် ပိုဆိုးတဲ့ တာဝန်တွေ၊ အဆင့်မြင့်တဲ့၊ ဒါမှမဟုတ် အောက်ကျတဲ့ တာဝန်တွေဆိုပြီး ခွဲခြားထားတာ မရှိပါဘူး။ ဖန်ဆင်းခံတွေအနေနဲ့ ဘယ်လိုတာဝန်ကိုပဲ ထမ်းဆောင်ရပါစေ၊ ကိုယ့်ကိုယ်ကိုယ် မျက်နှာပြခွင့်ရရ မရရ ဘုရားသခင်ကို ကျွန်မတို့ ကျိုးနွံနာခံသင့်တယ်၊ ကိုယ်ပိုင်နှစ်သက်မှုတွေအပေါ် အခြေခံပြီး မရွေးချယ်သင့်ဘူး။ အဲဒီအစား ဘုရားသခင်ဆီက လာတဲ့ တာဝန်တွေကို အဆင့်အမျိုးမျိုး ကျွန်မ ခွဲခြားခဲ့တယ်၊ ခေါင်းဆောင်လုပ်ရတာက သွားလေရာတိုင်းမှာ အထင်ကြီးခံရ၊ အားကျခံရလို့ အရမ်းကို ဂုဏ်ရှိတယ်လို့ ယုံကြည်ခဲ့တယ်။ သူတို့က ကုမ္ပဏီတစ်ခုက အကြီးတန်း မန်နေဂျာတွေလိုပဲ၊ သူတို့ကို လေးစားအားကျတဲ့ သူတွေက ဝိုင်းရံနေတာပေါ့။ ဒါပေမဲ့ ဧည့်ခံတဲ့တာဝန် ထမ်းဆောင်ရတဲ့အခါ ပင်ပန်းပြီး ညစ်ပတ်တဲ့ အသေးအဖွဲအလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ရတယ်လေ၊ အပြင်လောကမှာ အိမ်ဖော်တစ်ယောက်ဖြစ်ရင် အစေခံဖြစ်ပြီး အထင်သေးခံရသလိုမျိုးပေါ့။ ဒါကြောင့် ခေါင်းဆောင်က ဧည့်ခံတဲ့တာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးတော့၊ ဒီတာဝန်က အရမ်းရှက်စရာကောင်းပြီး အဆင့်အတန်းနိမ့်တယ်လို့ တွေးခဲ့တယ်၊ တာဝန်ထမ်းဆောင်နေရင်းနဲ့ ညည်းညူနေခဲ့မိတယ်။ နောက်ဆုံးတော့ ပုံမှန်တောင် ဝတ်မပြုဖြစ်တော့တဲ့အထိ၊ ဆောင်းပါးတွေတောင် မရေးချင်တော့တဲ့အထိ ကျွန်မရဲ့ အခြေအနေက ပိုပိုပြီး ဆိုးလာတယ်။ ဒါတွေအားလုံးက တာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ မှားယွင်းတဲ့အမြင်ကြောင့် ဖြစ်ရတာပါ။ ဘာသာတရား မရှိသူတစ်ယောက်ရဲ့ ရှုထောင့်ကနေ အမှုအရာတွေကို ကျွန်မ ကြည့်ခဲ့ပြီး၊ ကိုယ့်တာဝန်ကို ကိုယ့်ရဲ့ ဝတ္တရားနဲ့ တာဝန်ခံယူမှုတစ်ခုအနေနဲ့ မသတ်မှတ်ခဲ့ဘူး။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ လူသားတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်တာဟာ အဓိပ္ပာယ်အရှိဆုံးအရာပဲလေ။ ဒါဟာ အကြီးမားဆုံး ဂုဏ်ကျေးဇူးဖြစ်ပြီး၊ ဒီအခွင့်အရေးပေးတဲ့ ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်သင့်တာပါ။ စီစီပီက ဘုရားသခင်ကို အရူးအမူး အတိုက်အခံလုပ်နေပြီး၊ ဘုရားသခင်ရဲ့ အလုပ်ကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးဖို့ ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်ပြီး ဖမ်းဆီးတဲ့ နည်းလမ်းတွေကို မရိုးမသား သုံးနေတယ်။ ဒီလို ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ ညီအစ်ကိုမောင်နှမတွေကို ကောင်းကောင်း ဧည့်ခံပေးပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်အောင် ကူညီပေးဖို့က ကျွန်မရဲ့ ဝတ္တရားနဲ့ တာဝန်ယူမှုတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်မက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းရဲ့ တင်းတင်းကျပ်ကျပ် ချည်နှောင်တာကို ခံခဲ့ရပြီး၊ ဧည့်ခံတဲ့တာဝန် ထမ်းဆောင်တဲ့သူတွေဟာ သမ္မာတရားကို မလိုက်စားတဲ့သူတွေဖြစ်တယ်၊ အသက်ကြီးတဲ့သူတွေပဲ ဒီတာဝန်ကို လုပ်တယ်လို့ မှားယွင်းပြီး အဓိပ္ပါယ်မဲ့ ယုံကြည်ခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးယဉ်မှုတွေချည်းပါပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ပြန်ဆွဲသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ အောက်တန်းကျသော ဘဝအမြင်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် စက်ဆုပ်ဖွယ်အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ၏ စိတ်သဘောထားသည် တစ်နေ့ထက်တစ်နေ့ ပို၍ ရက်စက်ကြမ်းကြုတ်လာပြီး ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်သောသူ တစ်ဦးတစ်ယောက်မျှ မရှိ၊ ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံသောသူ တစ်ဦးတစ်ယောက်မျှ မရှိ၊ ထို့ထက်မက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လိုလိုလားလား ရှာဖွေသောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထိုအစား လူသည် စာတန်၏ အာဏာအောက်တွင် အပျော်အပါးကို အားရပါးရ လိုက်စားကာ နွံထဲတွင် ပေါက်လွှတ်ပဲစား နေခြင်းအားဖြင့် သူ၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အချိန်တွင်ပင် အမှောင်ထဲတွင် ရှင်သန်နေထိုင်သည့်လူများ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအင်ဆန္ဒတစ်စက်မျှ မရှိဘဲ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ရှာဖွေရန် ဆန္ဒမရှိကြချေ။ ဤကဲ့သို့ ယုတ်ညံ့သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် မည်သို့ အခွင့်အလမ်းရှိနိုင်မည်နည်း။ ဤကဲ့သို့ အကျင့်စာရိတ္တယိုယွင်းသော လူသားမျိုးနွယ်သည် အလင်းတွင် မည်သို့များ အသက်ရှင်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စိတ်သဘောထားတွင် မပြောင်းလဲဘဲ ရှိနေခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်ကို ကျွန်မ မကျိုးနွံနာခံနိုင်တဲ့ အဓိကအကြောင်းရင်းက “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” နဲ့ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေ၊ အမြင်တွေရဲ့ ပုံသွင်းတာကို ခံခဲ့ရလို့ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကျွန်မ အရမ်း အလေးထားခဲ့တာကိုး။ အရင်က နိုင်ငံပိုင်လုပ်ငန်းမှာ အလုပ်လုပ်တုန်းက ကိုယ့်ကိုယ်ကိုယ် သူများထက် သာတယ်လို့ အမြဲ ခံစားခဲ့ရတာကို ကျွန်မ ပြန်တွေးမိတယ်။ အုတ်ဖုတ်တဲ့နေရာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ဒါမှမဟုတ် စက်ရုံအသေးလေးတွေမှာ အလုပ်လုပ်တဲ့သူတွေကိုဆို ကျွန်မ အထင်သေးခဲ့တာ။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာလည်း အတူတူပဲ၊ ခေါင်းဆောင်လုပ်ရတာ ဂုဏ်ရှိတယ်လို့ တွေးခဲ့ပြီး ဧည့်ခံတဲ့တာဝန် ဒါမှမဟုတ် အထွေထွေကိစ္စရပ်တာဝန် ထမ်းဆောင်တဲ့သူတွေကိုကျတော့ အထင်သေးခဲ့တယ်။ အဲဒီတာဝန်တွေက ဟိုပြေးဒီလွှားနဲ့ ကာယအလုပ်တွေ လုပ်နေရတာ၊ အောက်ကျတယ်လို့ ခံစားခဲ့ရတာလေ။ ဒါကြောင့် လျှိုရှောင်က ဧည့်ခံတဲ့တာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သူများထက် အောက်ကျတယ်လို့ ခံစားခဲ့ရပြီး သူ့ကို မြင်ရင် ပုန်းနေချင်ခဲ့တာ။ ဝမ်တန်က ကိစ္စတစ်ခုခုရှိလို့ ကျွန်မဆီ လာရင်တောင် သူ့ကို တွေ့ရမှာ အရမ်းရှက်ခဲ့တာ၊ ပြီးတော့ သူတို့တွေ ခေါင်းဆောင်ဖြစ်ပြီး သွားလေရာတိုင်းမှာ ဂုဏ်ရှိတာတွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ရတာတွေကို ကျွန်မ မနာလိုဖြစ်ခဲ့တယ်။ ဧည့်ခံတဲ့တာဝန်ကို ထမ်းဆောင်ရတော့ ကိုယ်က သူတို့နဲ့ အဆင့်မတူဘူးလို့ တွေးပြီး အရမ်းကို ရှက်ခဲ့ရတယ်။ ဝမ်တန်က ညီအစ်ကိုမောင်နှမတွေကို ခေါ်သွားမယ်လို့ ပြောတာ ကြားတာနဲ့ ကျွန်မ ပျော်သွားပြီး၊ တစ်နေ့ကျရင် အသင်းတော်က စုဝေးတဲ့ အဖွဲ့တွေကို ကြီးကြပ်ခွင့်ရပြီး အနာဂတ်မှာ ရာထူးတိုးမယ့် အခွင့်အရေးရဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ဧည့်ခံတဲ့တာဝန်ကိုပဲ ဆက်ထမ်းဆောင်ရမယ်လို့ ကြားလိုက်တာနဲ့ ကျွန်မ အခြေအနေက ထိုးကျသွားပြီး အပျက်သဘောဆောင်သွားတယ်၊ တာဝန်ထမ်းဆောင်တဲ့နေရာမှာ အချောင်ခိုခဲ့တယ်။ ခေါင်းဆောင်ဖြစ်ခဲ့တုန်းက အချိန်ကို ပြန်တွေးကြည့်တော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားပြီး လမ်းကြောင်းအမှားကို လျှောက်ခဲ့လို့ ဖြုတ်ချခံခဲ့ရတာလေ။ အခု ဧည့်ခံတဲ့တာဝန် ထမ်းဆောင်နေတာတောင် ကျွန်မရဲ့ သဘာဝဟောင်းက မပြောင်းလဲသေးဘူး။ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ တွေးနေတုန်းမို့ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့ဘူး။ စာတန်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အတွေးတွေ၊ အမြင်တွေရဲ့ ချည်နှောင်မှုနဲ့ ထိန်းချုပ်မှုကို ကျွန်မ ခံနေရပြီး၊ တာဝန်ထမ်းဆောင်ရာမှာ အချိန်တိုင်း ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ တွေးနေခဲ့တာကို သတိပြုမိသွားတယ်။ ကျိုးနွံနာခံမှု တစ်စက်မှ မပြခဲ့ဘူး၊ သစ္စာစောင့်သိမှုဆိုတာကတော့ ပိုတောင် နည်းသေးတာပေါ့။ လူတွေ၊ အမှုအရာတွေကို ကြည့်တဲ့ ကျွန်မရဲ့ အမြင်က ဘာသာတရား မရှိသူတစ်ယောက်လို ဖြစ်နေခဲ့တာ။ အမှုအရာတွေကို ဘုရားနှုတ်ကပတ်တော်တွေပေါ် အခြေမခံခဲ့ဘူးလေ။ ကျွန်မ လုပ်ခဲ့သမျှက သမ္မာတရားကို ရန်လိုပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေတာချည်းပဲ။ ဒါကို နားလည်သွားတော့ ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ ကိုယ်ပိုင် ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကိုယ်တော့်ရဲ့ စီစဉ်မှုတွေကို သမီး မကျိုးနွံနာခံနိုင်ခဲ့ဘူး။ စာတန်ဆန်တဲ့ အတွေးတွေ၊ အမြင်တွေနဲ့ ဆက်ပြီး အသက်မရှင်ချင်တော့ပါဘူး။ လူတွေ၊ အမှုအရာတွေကို ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ ကြည့်မြင်နိုင်ဖို့နဲ့ ကိုယ်တော့်ရဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံနိုင်ဖို့ သမီးကို ဦးဆောင်ပေးတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ခဲ့ရတယ်။ “တာဝန်ထမ်းဆောင်သောသူ အားလုံးအတွက် ၎င်းတို့၏ သမ္မာတရားကို နားလည်မှုသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အရာရာတိုင်း၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားရန်၊ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တာဝန်ထမ်းဆောင်သောသူတစ်ဦးသည် ဤမျှလောက်ကိုပင် မလုပ်ဆောင်နိုင်ပါက ၎င်းသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ ယင်းမှာ လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ၊ ထို့နောက်မှသာ သင်သည် သင်၏ အဆင့်အတန်း တည်ငြိမ်မှု သို့မဟုတ် အခြားသူများ သင့်ကို မည်သို့ သဘောထားသည်ကို စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ဆင့်ခွဲ၍ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေလိုက်ပါ၊ ဤအရာက အမှုအရာများကို အနည်းငယ် ပိုမိုလွယ်ကူစေသည်ဟု သင်တို့ မခံစားရသလော။ သင်သည် ဤသို့ ခဏတာ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ခက်ခဲသောအရာမဟုတ်ကြောင်း သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်သည် သင်၏ တာဝန်ယူမှုများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး သင်၏ ဝတ္တရားများနှင့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထား၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အလုပ်နှင့် သင် ထမ်းဆောင်သင့်သည့် တာဝန်ကို ဦးစားပေးနိုင်လျှင် ဤသို့ အချိန်တစ်ခုကြာ တွေ့ကြုံခံစားပြီးနောက် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် ကောင်းကြောင်း၊ လူတို့သည် ရိုးသားပြီး ပွင့်လင်းသောပုံစံဖြင့် အသက်ရှင်သင့်ကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်ပျော့ညံ့ပြီး အောက်တန်းကျကာ ယုတ်ညံ့သော တည်ရှိမှုဖြင့် အသက်မရှင်သင့်ဘဲ ထိုအစား ၎င်းတို့သည် တော်ဖြောင့်ပြီး တရားမျှတသင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ လူတစ်ဦး အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖြည့်ဆည်းလိုသော သင်၏ လိုအင်ဆန္ဒသည် လျော့နည်းသွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတော့ ကျွန်မရဲ့ စိတ်နှလုံး လင်းလက်သွားတယ်။ ကျွန်မတို့ တာဝန်တွေကို ထမ်းဆောင်တဲ့အခါ၊ ကိုယ်ကျိုးစီးပွားတွေ၊ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းတွေကို အရင်ဆုံး စွန့်လွှတ်ရမယ်။ တခြားသူတွေက ကိုယ့်ကို ဘယ်လိုပဲထင်ထင်၊ ကိုယ့်တာဝန်ကို ရှေ့တန်းတင်ပြီး ဘုရားသခင်အိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်။ ဒီနည်းနဲ့ ဘုရားသခင်ရှေ့မှောက်မှာ ကျွန်မတို့ ပြုမူပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ကြတာပဲ။ အခုခေတ်မှာ စီစီပီက ဘုရားသခင် ယုံကြည်သူတွေကို အရူးအမူး ဖမ်းဆီးဖို့ နည်းလမ်းပေါင်းစုံကို သုံးပြီး ကြိုးစားနေတယ်။ သူတို့က အဆင့်မြင့် နည်းပညာသုံး စောင့်ကြည့်ရေး ကိရိယာမျိုးစုံကို မိတ်ဆက်ပြီး လမ်းတွေ၊ လမ်းကြားတွေမှာ ရုပ်ထွက်ကောင်းတဲ့ ကင်မရာတွေ တပ်ဆင်ထားတယ်၊ ပြီးတော့ ဘုရားသခင် ယုံကြည်သူတွေကို စောင့်ကြည့်ပြီး နောက်ယောင်ခံလိုက်ဖို့ ရပ်ကွက်ကော်မတီတွေနဲ့ အနိမ့်ဆုံး နေထိုင်မှုစရိတ် ရနေတဲ့ လူတွေကြားထဲမှာ သတင်းပေးတွေကိုလည်း ပျိုးထောင်ထားသေးတယ်။ ဧည့်ခံတဲ့ မိသားစုတော်တော်များများက လုံခြုံရေး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး၊ လုံခြုံတဲ့ ဧည့်ခံတဲ့ မိသားစုကို ရှာဖို့ဆိုတာ မလွယ်ကူဘူးလေ။ ကျွန်မက လူသိရှင်ကြား ယုံကြည်သူမဟုတ်ဘူး၊ ပြီးတော့ ဘာလုံခြုံရေး အန္တရာယ်မှလည်း မရှိတော့ ဧည့်ခံတဲ့တာဝန် ထမ်းဆောင်ဖို့က ကျွန်မအတွက် သင့်တော်ပါတယ်။ အသင်းတော်ရဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံပြီး ကျွန်မရဲ့ ဧည့်ခံတဲ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်။ ဒါက အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်တာလည်း ဖြစ်တယ်လေ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတော့ ညီအစ်ကိုမောင်နှမတွေကို ကာကွယ်ပေးဖို့၊ သူတို့တာဝန်တွေ ထမ်းဆောင်ဖို့ လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ပေးနိုင်ဖို့အတွက် ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို စွန့်လွှတ်ပြီး ဧည့်ခံတဲ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျွန်မ စိတ်ပါသွားပြီ။ အဲဒီနောက်ပိုင်း အားတဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်တယ်၊ ဝတ်ပြုဖြစ်တယ်၊ ပြီးတော့ ဆောင်းပါးတွေရေးဖို့ လေ့ကျင့်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့ ကျွန်မ စိတ်နှလုံးက အများကြီး ပိုပြီး အေးချမ်းသွားတယ်။ အခုလို အကျိုးကျေးဇူးတွေ ရရှိနိုင်တာဟာ ဘုရားသခင်ရဲ့ ဦးမှုကြောင့်ပါပဲ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ အိပ်မက်များ ကြေမွသွားပြီးနောက်

လင်ယို၊ တရုတ်ပြည်ငယ်ငယ်ကတည်းက ကျွန်မဟာ ကခုန်ရတာကို တကယ်ပဲ အမြဲကြိုက်ခဲ့ပါတယ်။ ကျွန်မအမေပြောတာကတော့ ကျွန်မ တော်တော်ငယ်ငယ်တုန်းက ဘယ်အချိန်ပဲ...

အထုတ်ခံရခြင်းမှ ကျွန်တော် သင်ယူခဲ့ရသည့် သင်ခန်းစာများ

ရှောင်ဝေ စပိန်နိုင်ငံ၂၀၁၈ခုနှစ်မှာ ကျွန်တော်က ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ တစ်ခါတလေမှာ ဗီဒီယိုအလုပ်တချို့က တစ်ပြိုင်တည်းရောက်လာပြီး...

မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ဖုဒမ်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...

ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြည့်ခြင်းအကြောင်းဖြစ်၏

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ရေလောင်းအဖွဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံရတယ်၊ ကျွန်မ အရမ်းပျော်မိခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။