သူတစ်ပါးကို အမြဲမနာလိုဖြစ်ခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်း

14.04.2026

လူရှင်း၊ တရုတ်ပြည်

ကျွန်မရဲ့ အိမ်နီးချင်း ရှောင်ယွဲ့နဲ့ ကျွန်မက လုပ်ဖော်ကိုင်ဖက်တွေဖြစ်သလို သူငယ်ချင်းကောင်းတွေလည်း ဖြစ်ကြတယ်။ ၂၀၁၃ ခုနှစ်မှာ ကျွန်မတို့နှစ်ယောက်စလုံး နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို တစ်ချိန်တည်း လက်ခံခဲ့ကြပြီး ကျွန်မ အရမ်းပျော်ရွှင်ခဲ့ရတယ်။ ဘုရားသခင်ကို ယုံကြည်ရှိပြီးနောက်မှာ ကျွန်မတို့ စုဝေးပွဲတွေ အတူတက်ခဲ့ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ရှောက်ယွဲ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး သူ့ရဲ့ သမ္မာတရား မိတ်သဟာယက အလင်းပေးတာကို ကျွန်မ သတိပြုမိခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့ သူ့ရဲ့ သဘောပေါက်နားလည်မှုကို ရှောင်ယွဲ့ မိတ်သဟာယပြုတိုင်း ခေါင်းဆောင်တွေက သဘောကျပြီး ခေါင်းညိတ်ကြတော့ ကျွန်မ စိတ်မချမ်းမသာဖြစ်လာမိတယ်။ ခေါင်းဆောင်တွေက ရှောင်ယွဲ့ကို တကယ်လေးစားတယ်လို့ ထင်ရတဲ့အတွက် ကျွန်မ ပိုပြီး ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်၊ ရှောက်ယွဲ့သာတာကို မခံနိုင်ဘူးလို့ တွေးမိပါတယ်။ ဒါကြောင့် စုဝေးပွဲမတိုင်ခင်တိုင်း အိမ်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးဆပေမဲ့ စုဝေးချိန်တွေမှာတော့ ကျွန်မရဲ့ မိတ်သဟာက ရှောင်ယွဲ့ မိတ်သဟာယလောက် အလင်းပေးတာမျိုး မရှိခဲ့သေးဘူး။ ကျွန်မ ဘေးကျပ်နံကျပ်ဖြစ်သလို စခံစားလာရတယ်။ နောက်ပိုင်းမှာ ကျွန်မတို့ နှစ်ယောက်လုံး အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ တာဝန်ယူခဲ့ကြတယ်၊ ရှောင်ယွဲ့က ကျွန်မထက် တာဝန်ယူရတဲ့ အဖွဲ့ပိုများတာကို ကျွန်မ သတိထားမိတယ်။ စုဝေးပွဲတွေမှာဆို ခေါင်းဆောင်တွေက ရှောင်ယွဲ့ကို အရင် မိတ်သဟာယပြုခိုင်းတတ်တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတာပေါ့။ “ခေါင်းဆောင်တွေက သူ့ကို တကယ်တန်ဖိုးထားပုံရတယ်၊ သူတို့က အမြဲတမ်း ရှောင်ယွဲ့ကိုပဲ ဦးစားပေးတယ်။ ငါတို့နှစ်ယောက်စလုံး နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို တစ်ချိန်တည်း လက်ခံခဲ့ကြတာပဲဟာ၊ ဘာလို့ ငါ့ထက် အဖွဲ့တွေကို ပိုပြီး တာဝန်ယူရတာလဲ။ သူက ငါ့ထက် တကယ်တော်နေတာလား။ သူ့ယုံကြည်ခြင်းက ငါ့ထက် တကယ်ပိုခိုင်မာနေတာလား” လို့ပေါ့။ ကျွန်မ တော်တော် မကျေမနပ်ဖြစ်ခဲ့တယ်။ လူက စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေခဲ့ပြီး ဆုံးရှုံးသွားသလိုမျိုး ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရှိခဲ့ပါတယ်။ အရင်တုန်းကဆို နားမလည်တာတစ်ခုခုရှိရင် ရှောင်ယွဲ့နဲ့ ကျွန်မ ဆွေးနွေးတတ်ပေမဲ့ အခုတော့ သူ့ဆီ ကျွန်မ မသွားတော့ဘူး။ သူ့ကို ခဏခဏ မေးခွန်းမေးတာက ကျွန်မကို သူ့ထက်နိမ့်ကျသလို ဖြစ်စေတယ်လို့ ကျွန်မ ထင်မိတယ်။ တစ်ခါတလေ ရှောင်ယွဲ့ကို တွေ့ရင် ကျွန်မ သူ့ကို ရှောင်နေတတ်ပြီး အရင်ကလောက် ကျွန်မတို့ မရင်းနှီးတော့ဘူး။ နောက်ပိုင်းမှာ အသင်းတော်က ခေါင်းဆောင်ရွေးကောက်ပွဲ ကျင်းပတော့ ရှောင်ယွဲ့ရော၊ ကျွန်မရော ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာကြတယ်။ အစွမ်းအစနဲ့ သမ္မာတရား လိုက်စားမှုအပိုင်းမှာ ရှောင်ယွဲ့က ခေါင်းဆောင်ဖြစ်ဖို့ တော်တော်သင့်တော်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ ပြီးတော့ ကျွန်မ ပြန်တွေးမိတယ်။ “ငါတို့နှစ်ယောက်စလုံး ဘုရားသခင်ကို စယုံပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာ အတူတူပဲဟာ။ ငါက အဖွဲ့ခေါင်းဆောင်ပဲ ဖြစ်နေသေးတဲ့အချိန်မှာ သူက ခေါင်းဆောင်ဖြစ်သွားရင် သူများတွေ ငါ့ကို ဘယ်လိုမြင်ကြမလဲ။ ငါက သူ့လောက် မတော်ဘူးလို့ သူတို့ ထင်ကြမှာ မဟုတ်လား” လို့ပေါ့။ သူ ခေါင်းဆောင်အနေနဲ့ ရွေးကောက်မခံရအောင် ဘယ်လိုလုပ်ရမလဲလို့ စတွေးမိတယ်။ သူများတွေ သူ့ကို မဲပေးတာကို ကျွန်မ မထိန်းချုပ်နိုင်ပေမဲ့ အနည်းဆုံးတော့ သူ့ကို ကျွန်မ မဲမပေးဘဲ နေနိုင်တာပဲလေ။ ဒါနဲ့ ကျွန်မ တခြားသူတစ်ယောက်ကို မဲပေးလိုက်တယ်။ ဒါပေမဲ့ အဆုံးမှာတော့ ရှောင်ယွဲ့က ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရတုန်းပဲ။ ကျွန်မ နည်းနည်း မကျေမနပ်ဖြစ်မိပြီး အဲဒီညမှာ အိပ်မပျော်နိုင်ဘဲ အိပ်ရာထဲ လူးလိမ့်နေခဲ့တယ်။ ကျွန်မ တွေးမိတယ်။ “ရှောင်ယွဲ့နဲ့ ငါက ဘုရားသခင်ကို ယုံတဲ့သက်တမ်းတူတူပဲ၊ ဒါပေမဲ့ အခု သူက ခေါင်းဆောင်ဖြစ်နေပြီး ငါကတော့ အဖွဲ့ခေါင်းဆောင်ပဲ ဖြစ်နေတုန်း။ ဒါ ငါ့ကို သူ့ထက်နိမ့်ကျသလို ဖြစ်စေတာ မဟုတ်ဘူးလား” လို့ပေါ့။ ကျွန်မ တကယ် စိတ်မကောင်းဖြစ်ခဲ့ရတယ်။

တစ်ခါတုန်းက ရွေးကောက်ပွဲအကြောင်း ခေါင်းဆောင်နဲ့ သူ့အိမ်မှာ စကားပြောနေတုန်းပေါ့။ ခေါင်းဆောင်က ကျွန်မရဲ့ မနာလိုဝန်တိုမှုကို သတိထားမိပြီး ကျွန်မကို မေးတယ်။ “ရှောင်ယွဲ့ ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရတာကို မြင်တော့ ညီမ ဘယ်လိုခံစားရလဲ။ သူ့ကို မနာလိုဖြစ်မိလား” တဲ့။ ဒါကို ကြားတော့ ကျွန်မ မျက်နှာပူသွားပြီး ရှက်ရှက်နဲ့ ခေါင်းခါရင်း ပြောလိုက်တယ်။ “ကျွန်မတို့က သူငယ်ချင်းအရင်းခေါက်ခေါက်တွေပါ၊ ကျွန်မက သူ့ကို ဘယ်လိုလုပ် မနာလိုဖြစ်မှာလဲ” လို့ပေါ့။ အိမ်ပြန်လမ်းမှာ ခေါင်းဆောင်ပြောလိုက်တာကို ကျွန်မ တောက်လျှောက် တွေးနေမိတယ်။ ကျွန်မ ရှောင်ယွဲ့ကို မနာလိုဖြစ်နေတယ်လို့ ခေါင်းဆောင်က ပြောမှတော့ ဒါ ကျွန်မမှာ ရှိနေတဲ့ ပြဿနာတစ်ခုဖြစ်မယ်ဆိုတာ ကျွန်မ သိလိုက်တယ်။ အိမ်ရောက်ခါနီးမှာ အိမ်နီးချင်းက သူ့ခွေးတွေကို အစာကျွေးနေတာ မြင်လိုက်ရတယ်။ ခွေးနှစ်ကောင်က အစာစားနေတုန်း အာရှုန်လို့ခေါ်တဲ့ နောက်တစ်ကောင်က ဘေးမှာ ဒီအတိုင်း ရပ်ကြည့်နေတယ်။ ကျွန်မက အိမ်နီးချင်းကို မေးလိုက်တယ်။ “အာရှုန်ကို ဘာလို့ အစာမကျွေးတာလဲ” လို့ပေါ့။ အိမ်နီးချင်းက ပြောတယ်။ “ဒီခွေးက လိမ္မာတယ်၊ အစာမကျွေးရင်တောင် သူက စောင့်နေတာ၊ ရန်မဖြစ်ဘူး၊ မလုဘူး” တဲ့။ အိမ်နီးချင်းရဲ့ စကားကို ကြားတော့ ခေါင်းဆောင် ထောက်ပြတာကို ကျွန်မ သတိရသွားပြီး စိတ်နှလုံးထဲမှာ တော်တော်ကိုဖိစီးသွားတယ်။ ကျွန်မ တွေးမိတယ်။ “ခွေးတောင်မှ မလုဘူး၊ မယှဉ်ပြိုင်ဘူး၊ ငါကျတော့ ရှောင်ယွဲ့နဲ့ အမြဲ ပြိုင်ဆိုင်နေတာဆိုတော့ ငါက ခွေးလောက်တောင် မကောင်းတာပဲ” လို့လေ။ ကျွန်မ အိမ်ပြန်ရောက်တော့ ဘုရားရှေ့မှောက် ဒူးထောက်ပြီး ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ရှောင်ယွဲ့ ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရတာကို မြင်တော့ သမီး စိတ်မကောင်းဖြစ်ရပါတယ်။ ခေါင်းဆောင်က သမီး ရှောင်ယွဲ့ကို မနာလိုဖြစ်နေတယ်လို့ ပြောပေမဲ့ သမီး ဒါကို သဘောမပေါက်မိပါဘူး။ သမီးရဲ့ ပြဿနာတွေကို သိမြင်နိုင်ဖို့ သမီးကို ဉာဏ်ပွင့်စေတော်မူပါ” လို့ပေါ့။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်တွေကို ကျွန်မ ဖတ်ရတယ်။ “ယခုတွင် သင်တို့အားလုံးသည် မိမိတို့တာဝန်များကို အချိန်ပြည့် ထမ်းဆောင်ကြ၏။ သင်တို့သည် မိသားစု၊ အိမ်ထောင်၊ သို့မဟုတ် ချမ်းသာကြွယ်ဝမှု၏ ချုပ်ချယ်ခြင်း၊ သို့မဟုတ် ချည်နှောင်ခြင်းကို မခံရပေ။ သင်တို့သည် ထိုအရာများ ထွက်မြောက်လာပြီးသားဖြစ်သည်။ သို့ရာတွင် သင်တို့၏ ခေါင်းထဲတွင် ပြည့်နေသော အယူအဆများ၊ စိတ်ကူးများ၊ အသိပညာ၊ တစ်ကိုယ်ရေ ရည်ရွယ်ချက်များနှင့် ဆန္ဒများသည် လုံးလုံးလျားလျား ပကတိအတိုင်း ရှိနေသည်။ သို့ဖြစ်၍ ဂုဏ်သတင်း၊ အဆင့်အတန်း သို့မဟုတ် ထင်ပေါ်ကျော်ကြားမည့် အခွင့်အရေးတို့နှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ကြုံလာသောအခါ ဥပမာအားဖြင့် ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို ပျိုးထောင်ရန် စီစဉ်နေသည်ဟု သင်ကြားရသောအခါ သင်တို့တစ်ဦးချင်းစီတိုင်းသည် လိုအင်ဆန္ဒဖြင့် မရိုးမရွဖြစ်လာကြပြီး မိမိတို့ကိုယ်ကို နာမည်ရအောင်လုပ်ရန်နှင့် လူပုံအလယ်တွင် ပေါ်လွင်ရန် လိုလားကြသည်။ သင်တို့အားလုံးသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုကြသည်။ သင်သည် ဤအပြုအမူကို ပြုလုပ်ရန် ရှက်ရွံ့သော်လည်း ထိုသို့မလုပ်ဘဲ နေရန်လည်း မကျေနပ်နိုင်ပေ။ ရွေးချယ်ခံရပြီး လူပုံအလယ်တွင် ထင်ပေါ်သောသူများကို သင်မြင်ရသည့်အခါတိုင်း သင်သည် မနာလိုခြင်း၊ အမုန်းတရားတို့ကို ခံစားရပြီး ညည်းညူပြောဆိုကာ ယင်းမှာ တရားမမျှတဟု ထင်သည်၊ ‘အဘယ်ကြောင့် ငါ မထင်ပေါ်နိုင်ရသနည်း။ အဘယ်ကြောင့် အခြားသူများက အစဉ်သဖြင့် ထင်ပေါ်ရသနည်း။ အဘယ်ကြောင့် ငါ့အလှည့် မည်သည့်အခါမျှ မရောက်ရသနည်း’ ဟူ၍ ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် နာကြည်းမှုကို ခံစားရပြီး သင်က ယင်းကို ချုပ်တည်းရန် ကြိုးစားသော်လည်း မချုပ်တည်းနိုင်ပေ။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏အခြေအနေသည် ခဏတာ တိုးတက်ကောင်းမွန်လာနိုင်သော်လည်း ဤသို့သောအခြေအနေမျိုးကို သင် ထပ်မံကြုံတွေ့ရသောအခါ သင်သည် ယင်းကို ကျော်လွှားနိုင်ခြင်းမရှိသေးပေ။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ သင်သည် ထိုသို့သော အခြေအနေများတွင် ပိတ်မိနေသောအခါ သင်သည် စာတန်၏ ကျော့ကွင်းထဲသို့ ကျရောက်ပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် သဘာဝက လူတို့ကို ချည်နှောင်ပုံ ဖြစ်သည်။...သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ပို၍ ယှဉ်ပြိုင်လေလေ၊ သင်၏စိတ်နှလုံးသည် ပို၍ မှောင်မိုက်လာလိမ့်မည်။ သင်သည် ၎င်းတို့ကို ပို၍ ယှဉ်ပြိုင်လေလေ၊ သင်၏ မနာလိုခြင်းနှင့် အခြားသူများအပေါ် သင်၏ အမုန်းတရားတို့သည် ပို၍ ကြီးမားလာလေလေ ဖြစ်မည်။ သင်သည် ယင်းတို့အတွက် ပို၍ပင် လုယူလိုစိတ်ရှိလာမည်ဖြစ်ပြီး ယင်းတို့ကို မရရှိသောအခါ သင် ခံစားရမည့် အမုန်းသည် ပို၍ ကြီးမားလာလိမ့်မည်။ သင် ခံစားရသည့် အမုန်းက ပိုကြီးမားလေလေ၊ သင်၏အတွင်းစိတ်သည် ပို၍ မှောင်မိုက်လာလေလေ ဖြစ်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှုသည် ပို၍ ဆိုးရွားလာလေလေ ဖြစ်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှု ပိုဆိုးရွားလေလေ၊ ဘုရားအိမ်တော်၏ အသုံးတော်ခံရဖို့ ပိုနည်းလေလေ ဖြစ်မည်။ ဤသည်မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော ဆိုးကျိုးသံသရာတစ်ခု ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါမျှ ကောင်းမွန်စွာ မထမ်းဆောင်ပါက သင်သည် တဖြည်းဖြည်း ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဒီနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်က ကျွန်မရဲ့ အခြေအနေကို တိုက်ရိုက်ပြောနေတယ်လို့ ခံစားခဲ့ရပါတယ်။ လူအများကြားမှာ ထင်ပေါ်ကျော်ကြားနိုင်မဲ့ ကိစ္စတွေဆိုရင် ကျွန်မက ပြိုင်ဆိုင်ချင်ပြီး လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာရချင်တယ်။ ရှောင်ယွဲ့နဲ့ ကျွန်မက ဘုရားသခင်ကို အတူတူစယုံပြီး စုဝေးပွဲတွေ အတူတက်ခဲ့ကြပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သူက ကျွန်မထက် ပိုနားလည်သဘောပေါက်ပြီး တာဝန်ယူရတဲ့အဖွဲ့ ပိုများတာကို မြင်တဲ့အခါ ခေါင်းဆောင်တွေက ကျွန်မထက် သူ့ကို ပိုတန်ဖိုးထားတယ်လို့ ခံစားရပြီး ကျွန်မ စိတ်ဆင်းရဲရာကနေ သူ့ကို စပြီး မနာလိုဖြစ်လာတာကို ကျွန်မ တွေးမိတယ်။ အရင်တုန်းကဆို ကိစ္စတွေကို ရှောင်ယွဲ့နဲ့ ကျွန်မ အမြဲတိုင်ပင်တတ်ပေမဲ့ ဘက်ပေါင်းစုံမှာ သူက ကျွန်မထက် သာနေတာကို မြင်တော့ ကျွန်မ ဒေါသထွက်လာပြီး သူ့ကို မတွေ့ချင်တော့ဘူး။ ကျွန်မတို့ အရင်ကလောက် မရင်းနှီးတော့ဘူးလေ။ အသင်းတော် ခေါင်းဆောင် ရွေးကောက်ပွဲ ရောက်လာတော့ ရှောင်ယွဲ့က နေရာအများကြီးမှာ ကျွန်မထက် သာတယ်ဆိုတာ၊ ခေါင်းဆောင်ရာထူးနဲ့ တော်တော်သင့်တော်တယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိပေမဲ့လည်း တကယ်လို့ သူက ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရပြီး ကျွန်မက အဖွဲ့ခေါင်းဆောင်ပဲ ရှိသေးတယ်ဆိုရင် ကျွန်မက သူ့ထက်နိမ့်ကျသလို ဖြစ်သွားမှာကို စိုးရိမ်ပြီး ကျွန်မ တမင်သက်သက် သူ့ကို မဲမပေးခဲ့ဘူး။ နောက်ပိုင်းမှာ ရှောင်ယွဲ့ ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရတာကို မြင်တော့ ကျွန်မ မကျေမနပ်ဖြစ်မိတယ်။ ကိုယ့်ကိုယ်ကိုယ် ရှောင်ယွဲ့နဲ့ နှိုင်းယှဉ်နေမိပြီး သူက ကျွန်မထက် သာနေတာကို မြင်တိုင်း ကျွန်မ မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်လာခဲ့တယ်။ သူ့ကို ဘယ်လိုကျော်တက်ရမလဲ ဆိုတာကိုပဲ ကျွန်မ ခေါင်းထဲမှာ တွေးနေခဲ့ပေမဲ့ မကျော်နိုင်တဲ့အခါကျတော့ ကျွန်မ စိတ်ဆင်းရဲပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်မပါတော့ဘူး၊ ပြီးတော့ ကျွန်မရဲ့ အသက်ဝင်ရောက်မှုလည်း ထိခိုက်နစ်နာခဲ့ရတယ်။ အဲဒီအချိန်ကျမှ ကျွန်မရဲ့ ဆင်းရဲဒုက္ခတွေဟာ လွန်လွန်ကဲကဲ မနာလိုဝန်တိုစိတ်ကြောင့် ဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်မိတယ်။ ညီအစ်ကိုမောင်နှမတွေဟာ တစ်ယောက်နဲ့တစ်ယောက် အားသာချက်၊ အားနည်းချက်တွေကို အပြန်အလှန် ဖြည့်စွက်ပေးသင့်တယ်၊ သိက္ခာနဲ့ ရာထူးနေရာအတွက် မနာလိုဖြစ်ပြီး သူများကို ဖယ်ကြဉ်မဲ့အစား ကိုယ့်တာဝန်တွေကို အတူတူ ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ အချင်းချင်း ကူညီပေးသင့်တယ်။ မနာလိုဖြစ်တာက ဘုရားသခင် ကျွန်မတို့ကို ရွံမုန်းအောင် လုပ်မိရုံပဲ ရှိမှာပါ။ ကျွန်မရဲ့ လိုအင်ဆန္ဒတွေကို စွန့်လွှတ်ပြီး လူတွေအာရုံစိုက်တာကို မရှာဖွေဘဲ ကိုယ့်တာဝန်တွေကို တိတ်တိတ်ဆိတ်ဆိတ် ကောင်းကောင်းထမ်းဆောင်နိုင်အောင် သင်ယူဖို့ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ ကိုယ့်တာဝန်နဲ့ပတ်သက်ပြီး နားမလည်တာရှိရင် ရှောင်ယွဲ့ကို ကိုယ်က အလျင်ဦးအောင် သွားပြီး မေးလိုက်တယ်၊ ပြီးတော့ အဲဒါကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အတူတူ မိတ်သဟာယပြုကြတယ်။ လူက အများကြီး စိတ်သက်သာရာရသွားခဲ့တယ်။

၂၀၁၆ ခုနှစ်ရဲ့ တစ်နေ့မှာ ခေါင်းဆောင်တွေက ရှောင်ယွဲ့ကို တခြားနေရာမှာ တာဝန်သွားထမ်းဆောင်ခိုင်းဖို့ စီစဉ်ထားကြောင်း ပြောပြီး သူ့အကြောင်း ကျွန်မကို အကဲဖြတ်ချက်ရေးခိုင်းတယ်။ မသိလိုက်မသိဘာသာပဲ မနာလိုဝန်တိုစိတ် ပြန်ကြွလာပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ဘုရားသခင်ကို စယုံကြည်ကတည်းက ရှောင်ယွဲ့က အဖွဲ့ခေါင်းဆောင်ကနေ အသင်းတော်ခေါင်းဆောင်ဆိုပြီး ရာထူးတိုးလာခဲ့တာ၊ အခုကျတော့ တခြားနေရာမှာ သူ့တာဝန်သွားထမ်းဆောင်ဖို့ စေလွှတ်ခံရပြီး ပိုပိုများတဲ့ အသင်းတော်တွေကို တာဝန်ယူရတော့မယ်။ ဒါပေမဲ့ ငါကတော့ ဒီနေရာမှာပဲ ပိတ်မိနေလို့ အဖွဲ့ခေါင်းဆောင်ပဲ ဖြစ်နေတုန်း။ ညီအစ်ကိုမောင်နှမတွေ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါက ရှောင်ယွဲ့လောက် မတော်ဘူး၊ ရှောင်ယွဲ့နဲ့ ငါ့ကြားက ကွာဟချက်က အရမ်းကြီးတယ်လို့ သူတို့ ပြောကြမှာလား။ ဒီလိုဆို မဖြစ်ဘူး။ ငါ သူ့ကို ပေးမသွားနိုင်ဘူး။ ခေါင်းဆောင်တွေအနေနဲ့ သူ သိပ်မတော်ပါဘူးဆိုတာ မြင်သွားအောင် ရှောင်ယွဲ့ရဲ့ အားနည်းချက်တချို့ကို ငါ ရေးမှဖြစ်မယ်။ အဲဒီလိုဆိုရင် သူ ရာထူးတိုးမှာ မဟုတ်ဘူး” လို့ပေါ့။ ဒီကိစ္စကြောင့် ရက်နဲ့ချီပြီး ကျွန်မ စိတ်ဒုက္ခရောက်ခဲ့တယ်၊ နေမထိထိုင်မသာ ဖြစ်ခဲ့ရတယ်။ ကျွန်မ တောက်လျှောက် တွေးနေမိတယ်။ “အကဲဖြတ်ချက်ကို ငါ ဘယ်လိုရေးသင့်လဲ။ ရှောင်ယွဲ့မှာ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အားနည်းချက်တွေ ရှိပေမဲ့ ဘယ်သူမှ ခြောက်ပစ်ကင်းသဲလင်စင် မဟုတ်ဘူးလေ၊ လူတိုင်းမှာ အပြစ်တွေ၊ အားနည်းချက်တွေ ရှိတာပဲ။ နေ့ချင်းညချင်း ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တကယ်လို့ ငါက သူ့ရဲ့ အားနည်းချက်တွေကိုပဲ ရေးရင် အဲဒါက သူများကို မတရားဆက်ဆံရာ ကျနေမှာပေါ့။ ဒါဆို ငါ မကောင်းမှု ကျုးလွန်တာ ဖြစ်မသွားဘူးလား။ ဒါပေမဲ့ ငါက အရှိအတိုင်း၊ အမှန်အတိုင်း ရေးလိုက်လို့ ရှောင်ယွဲ့ တကယ် ရာထူးတိုးသွားရင် ငါက စိတ်ဆင်းရဲဦးမှာ” လို့ပေါ့။ ကျွန်မ ဗျာများနေရင်း အကဲဖြတ်ချက်ကို ထပ်ခါတလဲလဲ ရေးလိုက်ဖျက်လိုက် တောက်လျှောက် လုပ်နေမိတယ်။ နောက်ဆုံးကျတော့ ဘာရေးရမှန်း မသိတော့လို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ အခုအချိန်မှာ ကိုယ်တော် သမီးကို စိစစ်နေမှန်း သမီး သိပါတယ်။ တကယ်လို့ ဒီအကဲဖြတ်ချက်ကို သမီးရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေအတိုင်း ရေးပြီး ရှောင်ယွဲ့ တခြားနေရာမှာ သူ့တာဝန်သွားမထမ်းဆောင်နိုင်အောင် ဆွဲထားရင် သမီး တကယ်ပဲ မကောင်းမှုပြုမိမှာပါ။ အမှန်အတိုင်း ရေးနိုင်ဖို့နဲ့ ရိုးသားတဲ့လူ ဖြစ်လာဖို့အတွက် သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပုန်ကန်နိုင်အောင် ကူညီပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ အကဲဖြတ်ချက်ကို ကျွန်မ အမှန်အတိုင်း ရေးလိုက်တယ်။ ဒါပေမဲ့ ရှောင်ယွဲ့ ထွက်သွားမှာကို တွေးမိတော့ ကျွန်မ စိတ်မကောင်းဖြစ်ပြီး ရင်ထဲမှာ ကျောက်ခဲကြီး ဖိထားသလို ခံစားရတယ်။ အဲဒီအချိန်အတောအတွင်း ရှောင်ယွဲ့က သူ့တာဝန်ထမ်းဆောင်တာ ဘယ်လိုနေလဲဆိုတာကို ကျွန်မ ရံဖန်ရံခါ မေးတတ်ပြီး သူ့အခြေအနေ ဆိုးနေတယ်၊ ဒါမှမဟုတ် သူ့တာဝန်ထမ်းဆောင်တာ သိပ်အဆင်မပြေဘူးလို့ ကြားရဖို့ မျှော်လင့်နေမိတယ်။ ဒါပေမဲ့ သတင်းကြားရတိုင်း သူ့အခြေအနေက တော်တော်ကောင်းနေတော့ ကျွန်မ နည်းနည်း စိတ်ပျက်မိတယ်။ တစ်နေ့မှာ ရှောင်ယွဲ့အိမ်ကို ကျွန်မ သွားရင်း ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “တခြားနေရာမှာ တာဝန်တွေကို သွားထမ်းဆောင်တာက ဒုက္ခခံရမယ်ဆိုတာ ရှောင်ယွဲ့ မသိဘူး။ ဒီအကြောင်း ငါ သူ့ကို ပြောပြလိုက်ရင် သူ သွားချင်မှာ မဟုတ်တော့ဘူး” လို့ပေါ့။ ဒါနဲ့ ရှောင်ယွဲ့ကို ကျွန်မ ပြောလိုက်တယ်။ “တခြားနေရာမှာ တာဝန်သွားထမ်းဆောင်တာက အိမ်မှာနဲ့ မတူဘူးနော်။ နင် အဲဒီလို ဒုက္ခမျိုး တကယ် ခံနိုင်ပါ့မလား။ ငါ့မှာတော့ နင့်လို စိတ်ပိုင်းဖြတ်မှုမျိုး မရှိဘူး” လို့လေ။ ကျွန်မ ပြောတာကို နားထောင်ပြီးတဲ့နောက် ရှောင်ယွဲ့က ဘယ်လိုမှမနေဘူး။ ကျွန်မကတော့ ကိုယ်ပြောလိုက်တဲ့စကားရဲ့ သဘောသဘာဝနဲ့ အဲဒါက ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို သတိမထားမိခဲ့ဘူး။ တစ်နေ့မှာ အလုပ်ကနေ အိမ်ပြန်ရောက်တော့ ကျွန်မရဲ့ခွေးက ရုတ်တရက် ကျွန်မကို ကိုက်လိုက်တယ်။ ဒါ ပုံမှန်မဟုတ်ဘူး။ အိမ်မွေးခွေးက သခင်ကို ကိုက်တယ်ဆိုတာ ဘယ်တုန်းက ရှိဖူးလို့လဲ။ ဒါက တိုက်ဆိုင်မှု မဟုတ်မှန်း၊ ကျွန်မ တစ်ခုခု အမှားလုပ်မိလို့ ဆုံးမပဲ့ပြင်ခံရတာဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ အရာအားလုံး ကိုယ်တော့်လက်ထဲမှာ ရှိပါတယ်။ သမီးရဲ့ခွေးက သမီးကို ကိုက်တယ်၊ ဒါ ကိုယ်တော် ခွင့်ပြုလို့ ဖြစ်ရတာပါ။ သမီးရဲ့ အမှားကို သိမြင်နိုင်အောင် သမီးကို ဉာဏ်ပွင့်စေတော်မူပါ။ သမီး နောင်တရဖို့ လိုလားပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်မိတယ်။ “လူ့သဘာဝကင်းမဲ့သည်ဟု ဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ကိုယ်ကျင့်တရားပင် မပိုင်ဆိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်ကျင့်တရားကင်းမဲ့သည်ဟု ဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ ထိုညီအစ်မသည် ကောင်းမွန်သော နေထိုင်မှုအခြေအနေများနှင့် ချမ်းသာသော မိသားစုတစ်ခု ရှိသည်၊ ပြီးလျှင် ဤလူတို့၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ အားကျပြီးနောက် ကောင်းကျိုးအတွက် ဆန္ဒပြုကာ မေ့ထားလိုက်ခြင်းမျှသာလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ မကျေမချမ်းဖြစ်ခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ စောဒကတက်ခြင်းများကို သိုထားခြင်း ဖြစ်သည်။ ‘သူသည် ထိုမျှများသောငွေကို ပိုင်ဆိုင်ထိုက်ပါသလော။ အဘယ်ကြောင့် ငါ့ထံတွင် ထိုမျှများသောငွေ မရှိရသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် သူ့ကို ကောင်းချီးပေးပြီး ကျွန်ုပ်ကို မပေးသနည်း’ ဟူ၍ ဖြစ်၏။ ထိုညီအစ်မသည် ချမ်းသာပြီး ပြည့်စုံသောကြောင့် ၎င်းတို့သည် စစ်မှန်သော အားကျမှု သို့မဟုတ် ကောင်းကျိုးအတွက် ဆန္ဒပြုခြင်း စကားတစ်ခွန်းမျှ မရှိဘဲ မနာလိုခြင်းနှင့် မုန်းတီးခြင်းကို ခံစားကြရသည်။ ဤသည်မှာ အခြေခံအကျဆုံးသော ကိုယ်ကျင့်တရားများပင် လုံးဝမရှိခြင်းကို ညွှန်ပြသည်။...၎င်းတို့သည် အခြားသူများကို ကောင်းသော ဆန္ဒမပြုကြပေ။ ကောင်းစားနေသော သို့မဟုတ် မိမိတို့ထက် သာလွန်သော မည်သူ့ကိုမဆို မြင်တွေ့ခြင်းသည် ၎င်းတို့ကို မနာလိုခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းတို့ဖြင့် ပြည့်စေသည်။ ဘုရားသခင်အပေါ် အခြားတစ်စုံတစ်ဦး၏ ယုံကြည်ခြင်းသည် မည်မျှပင် ခိုင်မာသည်ဖြစ်စေ ထိုလူပုဂ္ဂိုလ်သည် ၎င်းတို့ထက် သာလွန်ပါက လက်ခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် လူ့သဘာဝ လုံးဝကင်းမဲ့ပြီး ကောင်းချီးပေးခြင်း သို့မဟုတ် တည်ဆောက်ပေးခြင်း စကားတစ်ခွန်းကိုမျှ ပြောဆိုနိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့သောစကားများကို မပြောဆိုနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လူ့သဘာဝသည် အလွန်ဆိုးယုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မပြောဆိုလိုခြင်းကြောင့် မဟုတ်သကဲ့သို့ မှန်ကန်သောစကားလုံးများ ကင်းမဲ့နေခြင်းကြောင့်လည်း မဟုတ်ပေ၊ ထိုအစား ၎င်းတို့၏ စိတ်နှလုံးများသည် မနာလိုခြင်း၊ မကျေမချမ်းဖြစ်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ဖြင့် ပြည့်နှက်နေသောကြောင့် ကောင်းချီးပေးခြင်းစကားများကို ပြောဆိုရန် မဖြစ်နိုင်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ စိတ်နှလုံးများသည် ထိုသို့သော ဖောက်ပြန်ပျက်စီးသည့်အရာများဖြင့် ပြည့်နှက်နေသည်ဟူသောအချက်က ၎င်းတို့၏ လူ့သဘာဝသည် မလိုမုန်းထားသောသဘောရှိကြောင်းကို ညွှန်ပြနိုင်သလော။ (ဟုတ်ပါသည်။) ညွှန်ပြနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ပြသသောကြောင့် အခြားသူများအတွက် ပိုင်းခြားသိမြင်ရန် လွယ်ကူသွားပြီး အခြားသူများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ထွင်းဖောက်မြင်နိုင်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၄)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ လူတွေဟာ သူတို့ထက် ပိုတော်တယ်လို့မြင်တဲ့ သူတွေကို မနာလိုဖြစ်ပြီး မကျေမနပ် ဖြစ်တတ်ကြတယ်၊ ဒါက ညံ့ဖျင်းပြီး မလိုမုန်းထားတဲ့ လူ့သဘာဝကို ထင်ဟပ်နေတယ်၊ ပြီးတော့ ဒီလိုလူမျိုးကို ဘုရားသခင် မကြိုက်ဘူးဆိုပြီး ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ကျွန်မက ဘုရားသခင် ပြောနေတဲ့ လူစားမျိုး အတိအကျ ဖြစ်ခဲ့တာပေါ့။ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ရှောင်ယွဲ့က ကျွန်မထက် တာဝန်ယူရတဲ့အဖွဲ့ ပိုများတာကို မြင်တော့ ကျွန်မ မနာလိုဖြစ်ခဲ့တယ်၊ သူက ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်မှန်း ကျွန်မ သိပေမဲ့လည်း တကယ်လို့ သူ ရွေးကောက်ခံရရင် ကျွန်မက သူ့ထက်နိမ့်ကျသလို ဖြစ်သွားမှာစိုးလို့ ကျွန်မ တမင်သက်သက် သူ့ကို မဲမပေးခဲ့ဘူး။ ခေါင်းဆောင်တွေက ရှောင်ယွဲ့အကြောင်း အကဲဖြတ်ချက်ရေးခိုင်းတုန်းကလည်း တကယ်လို့ သူ တခြားနေရာမှာ သူ့တာဝန်ကို သွားထမ်းဆောင်ရင် ကျွန်မတို့ကြားက ကွာဟချက်က ပိုကြီးသွားမှာ စိုးရိမ်လို့ သူ့ရဲ့ အားသာချက်တွေကို ကျွန်မ မရေးပေးချင်ခဲ့ဘူး။ နောက်ဆုံးမှာ ကျွန်မ အမှန်အတိုင်း ရေးပေးလိုက်ပေမဲ့ ရင်ထဲမှာတော့ သူ အဆင်ပြေသွားမှာကို မလိုချင် ဖြစ်မိတုန်းပဲ။ သူ့အခြေအနေ ဆိုးနေတယ်၊ ဒါမှမဟုတ် သူ့တာဝန်ထမ်းဆောင်တာ သိပ်အဆင်မပြေဘူးဆိုပြီး ကြားရဖို့ မျှော်လင့်ခဲ့တယ်၊ ပြီးတော့ သူ့တာဝန်ထမ်းဆောင်ချင်တဲ့ သူ့ရဲ့ စိတ်ပါဝင်စားမှုကို လျော့နည်းသွားအောင်လို့ ကြိုးစားရာမှာ ကျွန်မက သူ့ရှေ့မှာ တမင်သက်သက် အပျက်သဘောဆောင်တဲ့ စကားတွေတောင် ပြောခဲ့သေးတယ်။ အဲဒီလိုလုပ်ရင် သူ တခြားနေရာမှာ သူ့တာဝန်သွားထမ်းဆောင်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်မတို့ကြားက ကွာဟချက်လည်း သိပ်ကြီးမှာ မဟုတ်တော့ဘူးလေ။ ကျွန်မ များများ ဆင်ခြင်သုံးသပ်လေလေ၊ ကျွန်မ ဘယ်လောက်ဆိုးခဲ့မှန်း ပိုသဘောပေါက်မိလေလေပဲ။ သူများတွေ ကျွန်မကို အထင်ကြီးအောင်လုပ်ဖို့အတွက်နဲ့ မသမာတဲ့ နည်းလမ်းတွေကို သုံးခဲ့တာ၊ ဒါက တကယ်ကို တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာကောင်းပြီး မလိုမုန်းထားတာပဲ။ ကျွန်မမှာ ဘာလူ့သဘာဝမှ မရှိခဲ့ဘူး။ ရှောင်ယွဲ့ တခြားနေရာမှာ တာဝန်သွားထမ်းဆောင်တာက သူ့အသက်ကြီးထွားမှုအတွက် အကျိုးရှိသလို အသင်းတော်အလုပ်အတွက်လည်း အကျိုးရှိတယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီတဲ့အရာ ဖြစ်ပေမဲ့ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ ရာထူးနေရာအတွက် ကျွန်မက ကိစ္စတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ကြိုးစားခဲ့တယ်။ သူ့ကို အားပေးရမဲ့အစား တမင်သက်သက် အပျက်သဘောဆောင်တဲ့ စကားတွေတောင် ပြောခဲ့သေးတယ်။ ကျွန်မ လုပ်နေတာတွေက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်တာ၊ နှောင့်ယှက်တာနဲ့ ဟန့်တားတာပဲ။ ကျွန်မ ပိုတွေးမိလေလေ ပိုနောင်တရပြီး စိတ်မကောင်းဖြစ်မိလေလေပဲ။ သုံးပြည်ထောင်အချစ်ဇာတ်လမ်းထဲက ကျိုးယွီအကြောင်းကို ကျွန်မ တွေးမိတယ်။ သူက သဘောထားသေးသိမ်ပြီး ကျူးကော်လျန်ကို မနာလိုဖြစ်ခဲ့တာ၊ သူ့ကိုယ်သူ ကျူးကော်လျန်နဲ့ ပြိုင်ဆိုင်ပြီး နှိုင်းယှဉ်ခဲ့ပေမဲ့ အဆုံးမှာ သူက ကျူးကော်လျန်ကို မကျော်နိုင်ဘဲ ဒေါသနဲ့ သေခဲ့ရတယ်လေ။ တကယ်လို့ ကျွန်မသာ ကိုယ့်ကိုယ်ကိုယ် ရှောင်ယွဲ့နဲ့ ဆက်နှိုင်းယှဉ်နေရင် ကျွန်မ စိတ်ဆင်းရဲရရုံတင်မကဘဲ အသင်းတော်အလုပ်ကို ဟန့်တားတဲ့ စာတန်ရဲ့ အစေခံအနေနဲ့ ပြုမူမိမှာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ဘုရားရှေ့မှောက် ဒူးထောက်ပြီး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီး ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေလဲဆိုတာ သမီး မြင်ပါပြီ။ သမီးရဲ့ မနာလိုဝန်တိုစိတ်က အရမ်းကြီးမားနေပါတယ်။ ရှောင်ယွဲ့ သမီးထက် သာနေတာကို သမီး ဘာလို့ မကြည့်ရက်နိုင်ရတာလဲ။ သမီး ကိုယ့်ကိုယ်ကိုယ် တကယ် မုန်းပါတယ်။ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝကို ကျိန်ဆဲပေးတော်မူပါ၊ ကိုယ့်ကိုယ်ကိုယ် ပိုနက်နက်ရှိုင်းရှိုင်း နားလည်အောင် ဦးဆောင်ပေးတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ရတယ်။ “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ပြန်ဆွဲသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ အောက်တန်းကျသော ဘဝအမြင်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် စက်ဆုပ်ဖွယ်အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စိတ်သဘောထားတွင် မပြောင်းလဲဘဲ ရှိနေခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်)ရက်စက်သော လူသားမျိုးနွယ်ပါတကား။ လျှို့ဝှက်ကြံစည်ခြင်းနှင့် စီမံကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် ဥစ္စာဓနအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ မပယ်ထုတ်သူ မည်မျှရှိသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ရှောင်ယွဲ့အပေါ်ထားတဲ့ ကျွန်မရဲ့ မနာလိုဝန်တိုမှုက ဂုဏ်သတင်းနဲ့ ရာထူးနေရာကို အလွန်အကျွံ အလေးထားတာကနေ မြစ်ဖျားခံတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ “ပြောင်မြောက်ပြီး ထူးချွန်အောင်လုပ်”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” နဲ့ “သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတာမျိုး စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာလေ။ ဒီအတွေးအခေါ်တွေက ကျွန်မကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့စေခဲ့တယ်။ ကျွန်မ ဘာပဲလုပ်လုပ် သူများ အထင်ကြီးလေးစားတာကို ခံချင်ခဲ့ပြီး သူတို့ရဲ့ စိတ်နှလုံးထဲမှာ နေရာရဖို့ ကျွန်မ ကြိုးစားခဲ့တယ်။ ငယ်ငယ်ကတည်းက ကျွန်မထက် သာတဲ့သူတွေကို မြင်တိုင်း ကျွန်မ စိတ်ဆင်းရဲခဲ့တာတွေကို ပြန်တွေးမိတယ်။ ကျောင်းမှာ တစ်ယောက်ယောက်က ကျွန်မထက် စာပိုတော်ရင် ကျွန်မ ဒေါသထွက်တတ်တယ်၊ တစ်ယောက်ယောက်ရဲ့ နေထိုင်မှုအဆင့်အတန်းက ပိုမြင့်နေရင် ကျွန်မ မနာလိုဖြစ်တတ်တယ်။ ကျွန်မရဲ့ ဝမ်းကွဲတစ်ယောက်က ကျွန်မထက် စာပိုတော်ပြီး သူ့မိသားစု အခြေအနေက ကျွန်မတို့ထက် ပိုကောင်းလို့ သူ့ကို ကျွန်မ မနာလိုဖြစ်ခဲ့တာကို မှတ်မိတယ်။ သူတို့အိမ်က တီဗီဝယ်တုန်းကဆို မနာလိုဖြစ်ပြီး ဒေါသထွက်လို့ ကျွန်မ သွားမကြည့်ခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာ ကျွန်မက စာတန်ရဲ့ ဒီအဆိပ်အတောက်တွေနဲ့ ဆက်ပြီး အသက်ရှင်နေခဲ့တာ။ ရှောင်ယွဲ့က ဘက်ပေါင်းစုံမှာ ကျွန်မထက် သာနေတာကို မြင်တော့ ကျွန်မ သူ့ကို မနာလိုဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် သူ့နဲ့ အမြဲနှိုင်းယှဉ်နေခဲ့တယ်၊ ကျွန်မ သူ့ကို မမီနိုင်တဲ့အခါကျတော့ စိတ်ဆင်းရဲခဲ့ရတယ်။ ဒါတွေအားလုံးက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေမှုနဲ့ ဒုက္ခပေးမှုကြောင့် ဖြစ်ရတာပါ။ ကျွန်မရဲ့ စိတ်ခံစားချက်အားလုံးကို ကျော်ကြားမှုနဲ့ အကျိုးအမြတ်က ထိန်းချုပ်ထားတဲ့အထိ ကျွန်မက အဲဒါတွေကို လိုက်စားခဲ့တာလေ။ ကိုယ့်ဂုဏ်သတင်းနဲ့ ရာထူးနေရာအတွက် သူများတွေကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ခဲ့တယ်၊ အသင်းတော်အလုပ်ကို လျစ်လျူရှုခဲ့ပြီး တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး မလိုမုန်းထား ဖြစ်လာခဲ့တယ်။ ရှောင်ယွဲ့နဲ့ ကျွန်မက အရာအားလုံးကို အတူမျှဝေခံစားတဲ့ သူငယ်ချင်းအရင်းအချာတွေ ဖြစ်ပေမဲ့ ကျွန်မရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့အတွက် ယုတ်ညံ့တဲ့ နည်းလမ်းတွေကို သုံးချင်ပြီး သူ့ရဲ့ ကွယ်ရာမှာ သူ့ကို အဖျက်အမှောင့် လုပ်နိုင်နေခဲ့ပါသေးတယ်။ တကယ်လို့ စာတန်ဆန်တဲ့ ဒီအဆိပ်အတောက်တွေနဲ့သာ ကျွန်မ ဆက်အသက်ရှင်နေရင် လူသားပုံသဏ္ဌာန် ပိုကင်းမဲ့လာရုံပဲ ရှိမှာဖြစ်ပြီး အဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာနဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပါပဲ။ ဒီအခြေအနေကို အသုံးပြုပြီး ကျွန်မကို ထုတ်ဖော်ပေးပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်တွေကနေတစ်ဆင့် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို သိမြင်ခွင့်ပေးလို့၊ နောင်တရပြီး ပြောင်းလဲဖို့ အခွင့်အရေး ပေးလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ မေတ္တာပါပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေထဲက လက်တွေ့လုပ်ဆောင်မှုနဲ့ ဝင်ရောက်မှု လမ်းကြောင်းကို ကျွန်မ ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “တာဝန်ထမ်းဆောင်သောသူ အားလုံးအတွက် ၎င်းတို့၏ သမ္မာတရားကို နားလည်မှုသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အရာရာတိုင်း၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားရန်၊ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တာဝန်ထမ်းဆောင်သောသူတစ်ဦးသည် ဤမျှလောက်ကိုပင် မလုပ်ဆောင်နိုင်ပါက ၎င်းသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ ယင်းမှာ လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ၊ ထို့နောက်မှသာ သင်သည် သင်၏ အဆင့်အတန်း တည်ငြိမ်မှု သို့မဟုတ် အခြားသူများ သင့်ကို မည်သို့ သဘောထားသည်ကို စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ဆင့်ခွဲ၍ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေလိုက်ပါ၊ ဤအရာက အမှုအရာများကို အနည်းငယ် ပိုမိုလွယ်ကူစေသည်ဟု သင်တို့ မခံစားရသလော။ သင်သည် ဤသို့ ခဏတာ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ခက်ခဲသောအရာမဟုတ်ကြောင်း သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်သည် သင်၏ တာဝန်ယူမှုများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး သင်၏ ဝတ္တရားများနှင့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထား၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အလုပ်နှင့် သင် ထမ်းဆောင်သင့်သည့် တာဝန်ကို ဦးစားပေးနိုင်လျှင် ဤသို့ ခဏတာ တွေ့ကြုံခံစားပြီးနောက် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် ကောင်းကြောင်း၊ လူတို့သည် ရိုးသားပြီး ပွင့်လင်းသောပုံစံဖြင့် အသက်ရှင်သင့်ကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်ပျော့ညံ့ပြီး အောက်တန်းကျကာ ယုတ်ညံ့သော တည်ရှိမှုဖြင့် အသက်မရှင်သင့်ဘဲ ထိုအစား ၎င်းတို့သည် တော်ဖြောင့်ပြီး တရားမျှတသင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ လူတစ်ဦး အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖြည့်ဆည်းလိုသော သင်၏ လိုအင်ဆန္ဒသည် လျော့နည်းသွားလိမ့်မည်။...ယခုအခါတွင် ငါသည် သင်တို့ကို ဤရိုးရှင်းသောနည်လမ်းကို ပြောပြီးဖြစ်သည်။ ဤနည်းကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သင်တို့ အစပြုလော့။ ဤသို့ အချိန်ခဏကြာ လုပ်ဆောင်ပြီးနောက်တွင် သင်တို့အတွင်းရှိ အခြေအနေသည် သင် မသိဘဲနှင့် ပြောင်းလဲလိမ့်မည်။ ယင်းက သင့်အနေဖြင့် ဘုရားသခင်၌ ယုံကြည်ခြင်းကို အလွန်အမင်း စိတ်ဝင်စားနေခြင်း မရှိသကဲ့သို့ အလွန်အမင်း ဆိုးဆိုးရွားရွား မနှစ်မြို့ခြင်း မဖြစ်သည့် မတင်မကျ အခြေအနေမှသည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းတို့သည် ကောင်းမွန်သော အရာများဖြစ်သည်ဟု သင်ခံစားရပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို သင်စိတ်ဝင်စားကာ ထိုနည်းအားဖြင့် အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်နှင့် အားဖြည့်ခြင်းတို့ရှိသည်ကို ခံစားရသည့် အခြေအနေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သင်သည် တည်ငြိမ်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သင်၏ စိတ်နှလုံးထဲတွင် ခံစားရလိမ့်မည်။ ယင်းမှာ သင်၏ အခြေအနေ ဖြစ်လာမည့်ပုံစံ ဖြစ်သည်။ ယင်းမှာ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အကျိုးစီးပွားများနှင့် တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒများကို သင်၏ လက်လွှတ်ခြင်းမှ ဖြစ်လာသော ရလဒ်တစ်ခုဖြစ်သည်။ ယင်းမှာ ရလဒ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)ဘုရားသခင်က သင့်အား တုံးအအောင်ပြုပါက သင်၏တုံးအမှု၌ အဓိပ္ပာယ်ရှိပေသည်။ အကယ်၍ သူက သင့်အား ထက်မြက်အောင်ပြုပါက သင်၏ထက်မြက်မှု၌ အဓိပ္ပာယ်ရှိ၏။ ဘုရားသခင်က သင့်အား မည်သည့်စွမ်းရည်များကိုမဆို ပေးပါစေ၊ သင်၏အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သင်၏ဉာဏ်ရည်ဉာဏ်ကဲက မည်မျှမြင့်မားပါစေ ယင်းတို့အားလုံးသည် ဘုရားသခင်အတွက် ရည်ရွယ်ချက် တစ်ခုရှိလေသည်။ ဤအရာများအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်။ သင်၏ ဘဝတွင် သင်ပါဝင်လုပ်ဆောင်ရသောနေရာနှင့် သင်ထမ်းဆောင်သောတာဝန်တို့ကို ရှေးယခင်ကတည်းက ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ အချို့သောလူတို့သည် ၎င်းတို့မပိုင်ဆိုင်သော အားသာချက်များကို အခြားလူများက ပိုင်ဆိုင်သည်ကိုမြင်ပြီး မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့က သာ၍ သင်ယူလေ့လာခြင်း၊ သာ၍ကြည့်ခြင်းနှင့် သာ၍ လုံ့လဝီရိယရှိခြင်းတို့အားဖြင့် အမှုကိစ္စများကို ပြောင်းလဲလိုကြသည်။ သို့သော် ၎င်းတို့၏ လုံ့လဝီရိယက စွမ်းဆောင်ရရှိနိုင်သည့်အရာတွင် အကန့်အသတ်ရှိသည်။ ၎င်းတို့သည် ဆုကျေးဇူးများနှင့် ကျွမ်းကျင်မှုများ ရှိသည့်လူတို့ကို မကျော်နိုင်ပေ။ သင်မည်မျှ တွန်းလှန်တိုက်ခိုက်ပါစေ အသုံးမဝင်ပေ။ သင်ဖြစ်မည့်အရာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းပြီးဖြစ်ကာ ယင်းကိုပြောင်းလဲရန် မည်သူကမျှ လုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ သင်သည် မည်သည့်အရာ၌ တော်ပါစေ ယင်းသည် သင်အားထုတ်ကြိုးပမ်းသင့်သည့် နေရာဖြစ်သည်။ သင်နှင့် သင့်တော်သည့် မည်သည့်တာဝန်မဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင် မကျွမ်းကျင်သည့် အခြားအပိုင်းများကို အတင်းလုပ်ဆောင်ရန် မကြိုးစားနှင့်၊ အခြားသူများကို မနာလိုမဖြစ်နှင့်။ လူတိုင်း၌ ၎င်းတို့၏အသုံးဝင်မှုရှိသည်။ သင်သည် အရာရာတိုင်းကို ကောင်းစွာလုပ်ဆောင်နိုင်သည်၊ သို့မဟုတ် သင်သည် အခြားလူများထက်ပို၍ ပြည့်စုံသည်၊ သို့မဟုတ် တော်သည်ဟု မထင်နှင့်။ အခြားလူများကို လူစားထိုးပြီး သင့်ကိုယ်သင် ကိုယ်ရည်သွေးဖို့အတွက် အစဉ် ဆန္ဒမရှိနှင့်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ကျွမ်းကျင်မှုလုံးဝမရှိဟု တွေးသည့်သူများ ရှိပေသည်။ ယင်းမှာ မှန်ကန်ပါက သင်သည် လက်တွေ့ကျကျ နားထောင်ကာ ကျိုးနွံနာခံသည့်သူသာ ဖြစ်လော့။ သင်တတ်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ယင်းကို အစွမ်းကုန် ကောင်းစွာ လုပ်ဆောင်လော့။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့သွားတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကျိုးတွေကို ဘေးဖယ်ထားရမယ်၊ အသင်းတော်အလုပ်ကို ဘယ်လိုကာကွယ်မလဲ၊ ဘုရားသခင် ကျေနပ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို အရင်စဉ်းစားရမယ်။ သူများတွေ ကျွန်မကို ဘယ်လိုပဲမြင်မြင် ကိုယ့်တာဝန်ကို တိတ်တိတ်ဆိတ်ဆိတ် ကောင်းကောင်း ထမ်းဆောင်ရမယ်။ တာဝန်ထမ်းဆောင်ရာမှာ သမ္မာတရားကို လိုက်စားပြီး ကိုယ့်စိတ်သဘောထား ပြောင်းလဲဖို့ ကြိုးစားရမယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အရာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်မက ဂုဏ်သတင်းနဲ့ ရာထူးကို လိုက်စားပြီး သူများကို မနာလိုဖြစ်မယ်၊ သူတို့နဲ့ ပြိုင်ဆိုင်မယ်၊ ဒါမှမဟုတ် မသမာတဲ့ နည်းလမ်းတွေကို သုံးပြီး ယုတ်မာတဲ့၊ စက်ဆုပ်စရာကောင်းတဲ့ ကိစ္စတွေကို လုပ်ရင် ဘုရားသခင် ကျွန်မကို ရွံမုန်းအောင် လုပ်သလိုပဲ ဖြစ်နေမှာပါ။ ပြီးတော့ ကျွန်မ နားလည်လာတာကတော့ ဘုရားသခင်ရဲ့ အိမ်တော်မှာ တာဝန်တွေကို ရာထူးကြီးငယ်၊ တာဝန်ကြီးငယ် ဆိုပြီး ခွဲခြားထားတာ မဟုတ်ဘဲ လူတိုင်းက ကိုယ့်လုပ်ငန်းဆောင်တာကို ကိုယ် ထမ်းဆောင်နေကြတာပဲ ဖြစ်ပါတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ တာဝန်က ဧည့်ခံဝတ်ပြုတာဆိုရင် သူက ဧည့်ခံဝတ်ပြုတဲ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်၊ တကယ်လို့ တစ်ယောက်ယောက်က ခေါင်းဆောင်ဖြစ်နိုင်ရင် သူက ခေါင်းဆောင်တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်။ ကျွန်မတို့ ဘာတာဝန်ပဲ ထမ်းဆောင်ထမ်းဆောင် သမ္မာတရားကို လိုက်စားရမယ်။ ဘုရားသခင်က လူတစ်ယောက် ကိုယ့်တာဝန်အပေါ်ထားတဲ့ သဘောထားကို ကြည့်တယ်၊ သူက သမ္မာတရားကို လိုက်စားနေလား၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြောင်းလဲနေလား ဆိုတာကို ကြည့်တယ်။ လူတစ်ယောက်ကို ရာထူးပိုမြင့်တာ၊ ဒါမှမဟုတ် အရင်းအနှီး ပိုများတာကို မြင်ပြီး ဘုရားသခင်က အသိအမှတ်ပြုတာ မဟုတ်ဘူး။ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပါပဲ။ ရှောင်ယွဲ့ ဘာတာဝန်ပဲ ထမ်းဆောင်ထမ်းဆောင် သူ့မှာ သူ့တာဝန်တွေ ရှိသလို ကျွန်မမှာလည်း ကိုယ့်တာဝန်နဲ့ကိုယ် ရှိတယ်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သူ့နဲ့ နှိုင်းယှဉ်တာကိုပဲ အာရုံစိုက်ပြီး ကိုယ့်တာဝန်ကို လျစ်လျူရှုတာမျိုး မဖြစ်သင့်ဘူး။ သူများတွေ ကျွန်မကို အထင်ကြီးရင်တောင်မှ အဲဒါက ကျွန်မမှာ သမ္မာတရားရှိတယ်၊ ဒါမှမဟုတ် ကျွန်မရဲ့ စိတ်သဘောထား ပြောင်းလဲသွားပြီလို့ ဆိုလိုတာ မဟုတ်ဘူး။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစက အဖွဲ့ခေါင်းဆောင် တာဝန်နဲ့ သင့်တော်တယ်၊ ဒါကြောင့် အဖွဲ့ခေါင်းဆောင် တာဝန်ကို လက်တွေ့ကျကျ ကောင်းကောင်း ထမ်းဆောင်သင့်တယ်။ ညီအစ်ကိုမောင်နှမတွေမှာ ပြဿနာတွေ၊ အခက်အခဲတွေ ရှိတဲ့အခါ ဘုရားသခင်ကို အားကိုးပြီး သူတို့နဲ့ မိတ်သဟာယပြုမယ်၊ ပြဿနာတွေကို ဖြေရှင်းပေးမယ်၊ ပြီးတော့ ကျွန်မ ထမ်းဆောင်သင့်တဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းမယ်။

နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရှောင်ယွဲ့က တာဝန်ထမ်းဆောင်ဖို့ တခြားနေရာကို မသွားဖြစ်တော့ဘူး။ အရင်တုန်းကဆိုရင် ဒီကိစ္စအတွက် ကျွန်မ ပျော်မိမှာဖြစ်ပေမဲ့ အခုတော့ ကျွန်မ အဲဒါကို မှန်မှန်ကန်ကန် ရှုမြင်နိုင်ခဲ့ပြီ၊ ဒါကြောင့် ကျွန်မရဲ့ အခြေအနေအကြောင်း၊ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်းတွေကို ရှောင်ယွဲ့နဲ့ ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုလိုက်တယ်။ ရှောင်ယွဲ့ကလည်း ဒီကိစ္စနဲ့ပတ်သက်တဲ့ သူ့ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို ကျွန်မနဲ့ မိတ်သဟာယပြုတယ်။ အရင်တုန်းကဆိုရင် ကျွန်မက မနာလိုဝန်တိုမှုကြောင့် မျက်စိကွယ်နေပြီး ရှောင်ယွဲ့ မိတ်သဟာယပြုတဲ့အခါ သူ သက်သက် ကိုယ်ရည်သွေးနေတာပဲလို့ ထင်ပြီး ဘယ်တုန်းကမှ သေချာနားမထောင်ခဲ့ဘူး။ အဲဒီနေ့မှာ သူ့အတွေ့အကြုံတွေကို သူ မိတ်သဟာယပြုတာကို ကျွန်မ အာရုံစိုက် နားထောင်လိုက်တဲ့အခါ ကျွန်မ အရမ်း တိုးတက်သွားမှန်း တွေ့လိုက်ရတယ်၊ ပြီးတော့ စိတ်နှလုံးထဲမှာ အများကြီး စိတ်သက်သာရာရပြီး လွတ်မြောက်သလို ခံစားလိုက်ရတယ်။ ကျွန်မဆီက ဒီအပြောင်းအလဲလေးကို မြင်ရတော့ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားသခင်ကို ကျေးဇူးတင်ခြင်းတွေနဲ့ ပြည့်သွားခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ ချည်နှောင်မှုများ

ကျယ်လိ စပိန်နိုင်ငံ၂၀၁၅ ခုနှစ်တွင်၊ နှစ်ပတ်လည် ရွေးကောက်ပွဲတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော် အရွေးခံခဲ့ရသည်။ ညီအစ်ကို...

ကျွန်ုပ်၏ တာဝန်မှတစ်ဆင့် နာခံရန် သင်ယူခြင်း

နိုဗို ဖိလစ်ပိုင်နိုင်ငံ၂၀၁၂ခုနှစ်မှာ၊ ထိုင်ဝမ်မှာ ကျွန်တော် အလုပ်လုပ်နေတဲ့အချိန်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

အလွန်အကျွံ မနာလိုခြင်းရဲ့ အကျိုးဆက်များ

ချင်းမော့၊ တရုတ်ပြည်၂၀၁၆ ခုနှစ်မှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုတွေ ဖန်တီးနေခဲ့တယ်။ ညီအစ်မ ရှင်းချန်က အတော်ကလေး ဗီဒီယိုတွေ ပိုထုတ်လုပ်တာကို...

သင့်တာဝန်တွင် မှန်ကန်သော သဘောထား၏ အရေးပါမှု

အယ်လာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ အောက်တိုဘာမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ စုဝေးပွဲတွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။