သင့်နေရာကို ရှာတွေ့ခြင်းက အဓိကသော့ချက်ဖြစ်သည်
တစ်ခါ စကားစမြည်ပြောနေတဲ့ အတောအတွင်းမှာ အသင်းတော် ခေါင်းဆောင် ပြောတာကို ကြားမိတယ်၊ “ညီမ ဂေါင်က အစွမ်းအစကောင်းရှိတယ်၊ ကိစ္စတွေကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်တော် ယုံကြည်လာတဲ့နှစ်တွေတစ်လျှောက် အဓိကအားဖြင့် စာနဲ့ပတ်သက်တဲ့ တာဝန်တွေကိုပဲ လုပ်ခဲ့တယ်။ အချိန်ကြာလာတော့ ညီအစ်ကိုမောင်နှမ တော်တော်များများက ကျွန်တော့်ကို အထင်ကြီးပြီး လေးစားလာကြတယ်။ ဘုရားသခင်က ကျွန်တော့်ကို တကယ်ပဲ ကျေးဇူးတော်ချပေးထားတယ်လို့ ခံစားရပြီး ကိုယ့်တာဝန်မှာ အမြဲတမ်း တက်ကြွနေခဲ့တာပေါ့။ ဒါပေမဲ့ ယှဉ်ကြည့်စရာမရှိရင် ကွာခြားချက်ကို မသိနိုင်ဘူးလေ။ ကျွန်တော်နဲ့ ရွယ်တူဖြစ်ပြီး၊ ယုံကြည်လာတဲ့ သက်တမ်းလည်း မတိမ်းမယိမ်းရှိတဲ့ ညီအစ်ကိုမောင်နှမတွေက ခေါင်းဆောင်တွေ၊ ကြီးကြပ်ရေးမှူးတွေအဖြစ် တာဝန်ထမ်းဆောင်နေတာကို ကျွန်တော် မြင်တော့ ကျွန်တော့် စိတ်ထား ပြောင်းသွားတယ်။ ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူး ဖြစ်ရတာက ပိုပြီး ဂုဏ်ရှိတယ်၊ ပေါ်လွင်တယ်လို့ ခံစားရပြီး တစ်နေ့နေ့မှာ ငါလည်း ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးဖြစ်လာရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့ တွေးမိတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီလတုန်းက အသင်းတော်မှာ လူတွေကို ရှင်းလင်းဖယ်ထုတ်ဖို့အတွက် စာရွက်စာတမ်းတွေ ကျွန်တော် စီစဉ်နေခဲ့တယ်။ တစ်ခါတော့ လီဝေးက ကျွန်တော်တို့ကို စုဝေးပွဲတစ်ခု ဦးဆောင်ပေးဖို့ ရောက်လာတယ်။ သူက ကျွန်တော်နဲ့ ရွယ်တူလောက်၊ အသက် သုံးဆယ်ဝန်းကျင်လောက်ပဲ ရှိသေးတာကို သတိထားမိလိုက်တယ်။ သူက ခရိုင်ခေါင်းဆောင်တစ်ယောက်ဆိုတာကို သိလိုက်ရတော့ ကျွန်တော် အံ့သြသွားသလို၊ မနာလိုလည်း ဖြစ်သွားပြီး တွေးမိတယ်။ “လီဝေးက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခရိုင်ခေါင်းဆောင် ဖြစ်နေပြီပဲ။ သူ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်တယ်ဆိုရင် သူက အစွမ်းအစ အကောင်းဆုံးဖြစ်ပြီး ခရိုင်ထဲက အသင်းတော်တွေမှာ သမ္မာတရားကို အလိုက်စားဆုံး ဖြစ်ရမယ်။ ညီအစ်ကိုမောင်နှမတွေ အားလုံးကလည်း သူ့ကို လေးစားကြမှာပဲ။ ငါလည်း သူလိုမျိုး ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်လာနိုင်ရင် ညီအစ်ကိုမောင်နှမတွေကလည်း ငါ့ကို သေချာပေါက် လေးစားကြမှာပဲ” ပေါ့။ ဒါပေမဲ့ ယုံကြည်လာတဲ့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော်ရောက်နိုင်ခဲ့တဲ့ အမြင့်ဆုံးအဆင့်က အဖွဲ့ခေါင်းဆောင်ပဲ ရှိသေးတယ်ဆိုတာကို တွေးမိတော့ ကျွန်တော် နည်းနည်း စိတ်ပျက်သွားပြီး တွေးမိတယ်၊ “ငါ ယုံကြည်လာတာ ဒီလောက်ကြာတာတောင် အသင်းတော်ခေါင်းဆောင် တစ်ခါမှ မဖြစ်ဖူးဘူးဆိုတာကို ညီအစ်ကိုမောင်နှမတွေ သိသွားရင် ငါ့ကို သမ္မာတရား လိုက်စားတဲ့သူ မဟုတ်ဘူးလို့ ထင်သွားကြမလား။ လူတိုင်းရဲ့ တာဝန်ကို ဘုရားသခင်က စီစဉ်ပေးပြီး အမိန့်နဲ့ ပြဋ္ဌာန်းထားတာဆိုတော့ ဘာလို့ ဘုရားသခင်က လီဝေးကိုကျ ခေါင်းဆောင်ဖြစ်လို့ရတယ်လို့ အမိန့်နဲ့ပြဋ္ဌာန်းထားပြီး ငါကကျတော့ စာနဲ့ပတ်သက်တဲ့ တာဝန်တွေပဲ လုပ်နိုင်ရတာလဲ” ပေါ့။ ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ အသင်းတော်က ခေါင်းဆောင်တစ်ယောက် ရွေးတော့မလို့ ဖြစ်နေတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ ဘုရားသခင်ကို ယုံကြည်လာတာ ဆယ်နှစ်ကျော်ပြီ၊ ဒီနှစ်တွေတစ်လျှောက်လုံး ငါ စာနဲ့ပတ်သက်တဲ့ တာဝန်တွေ လုပ်ခဲ့တယ်။ သမ္မာတရားတချို့ကိုလည်း နားလည်ပြီး ပြဿနာတချို့ကို ဖြေရှင်းနိုင်တယ်ဆိုတော့ ငါလည်း အသင်းတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ လေ့ကျင့်လို့ မရဘူးလား” ပေါ့။ တခြားသူတွေ ကျွန်တော့်ကို ထောက်ခံပေးဖို့ မျှော်လင့်နေခဲ့ပေမဲ့ နောက်ဆုံးတော့ ဘယ်သူမှ ထောက်ခံမပေးခဲ့ဘူး။ ကျွန်တော် နည်းနည်း စိတ်ပျက်သွားတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော် တွေးလိုက်တယ်။ “အင်းလေ၊ ဒီကလူတွေက ငါနဲ့သိပ်ပြီး အတူမရှိဖူးတော့ ငါ့အကြောင်း သေချာမသိကြဘူး။ နောက်ပြီးတော့ ငါက ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်အနေနဲ့ တစ်ခါမှ တာဝန်မထမ်းဆောင်ဖူးတော့ အလုပ်အတွေ့အကြုံလည်း မရှိဘူး။ တကယ်လို့ ခေါင်းဆောင်တာဝန်ကို ငါ့ကို ပေးလိုက်ရင်တောင် ငါ ကောင်းကောင်း လုပ်နိုင်ချင်မှ လုပ်နိုင်မှာ” ပေါ့။ ဒါနဲ့ပဲ အဲဒီအတွေးကို ကျွန်တော် လက်လျှော့လိုက်တယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ အလုပ်တာဝန် အပြောင်းအလဲတွေကြောင့် စာမူတွေကို ကျွန်တော် စတင်စိစစ်ရွေးချယ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ကြီးကြပ်ရေးမှူး လီချင်းကို မြင်တော့ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားပြီး တွေးမိတယ်၊ “လီချင်းက ငါနဲ့ ရွယ်တူပဲ။ ငါတို့နှစ်ယောက်စလုံး ကောလိပ်မှာ ဘုရားသခင်ကို စယုံကြည်ခဲ့ကြတာ။ လွန်ခဲ့တဲ့ သုံးလေးနှစ်က ငါ အဖွဲ့ခေါင်းဆောင် ဖြစ်နေချိန်မှာ လီချင်းက အဖွဲ့သားတစ်ယောက်ပဲ ရှိသေးတာ။ ဒါပေမဲ့ ခွဲခွာနေတာ သုံးလေးနှစ်ပဲ ကြာသေးတယ်၊ သူက အခု စာနဲ့ပတ်သက်တဲ့အလုပ်ကို ကြီးကြပ်နေရပြီး ငါကတော့ အဖွဲ့သားတစ်ယောက်ပဲ ဖြစ်နေတုန်းပဲ။ လီချင်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးကြပ်ရေးမှူး ဖြစ်နေပြီဆိုတာကို ညီအစ်ကိုမောင်နှမတွေ မြင်တဲ့အခါ သူက အစွမ်းအစကောင်းပြီး သမ္မာတရားကို လိုက်စားတယ်လို့ ထင်ကြမှာပဲ။ ငါ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေ ဒီလောက်ကြာတာတောင် ဘာလို့ ကြီးကြပ်ရေးမှူးဖြစ်ဖို့ အခွင့်အရေး မရခဲ့တာလဲ။ စာနဲ့ပတ်သက်တဲ့ တာဝန်တွေ လုပ်နေရလို့ ဘုရားသခင်က ငါ့ကို တကယ် ကျေးဇူးပြုထားတယ်လို့ အရင်ကတော့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ ဒါမှမဟုတ် ကြီးကြပ်ရေးမှူးတွေအဖြစ် တာဝန်ထမ်းဆောင်နိုင်တဲ့ ဒီညီအစ်ကိုမောင်နှမတွေနဲ့ ယှဉ်လိုက်ရင် ငါက သာမန် ယုံကြည်သူတစ်ယောက်ပဲ ရှိသေးတယ်။ ငါက သမ္မာတရားကို မလိုက်စားတဲ့သူနဲ့ မတူနေဘူးလား။ ဒီအတိုင်းသာ ဆက်သွားနေရင် ဘယ်သူမှ ငါ့ကို လေးစားကြတော့မှာ မဟုတ်ဘူး” ပေါ့။ ဒါကို တွေးမိတော့ ကျွန်တော့်ထဲမှာ ညည်းညူမှုတွေ ထွက်ပေါ်လာတယ်၊ “ဘာလို့ ဘုရားသခင်က သူများတွေကိုကျတော့ ကျေးဇူးပြုပြီး ငါ့ကိုကျတော့ မပြုရတာလဲ” ပေါ့။ အဲဒီနောက်ပိုင်း တာဝန်တွေ လုပ်တဲ့အခါ ကျွန်တော် နည်းနည်း မတက်မကြွဖြစ်လာတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အလုပ်ထဲက ပြဿနာတွေကို ဖြေရှင်းပေးဖို့ လီချင်းက မိတ်သဟာယဖွဲ့ပေးနေတာကို ကျွန်တော် မြင်ရတယ်။ သူ အဲဒီလို လုပ်တဲ့အခါတိုင်း အားလုံးက သေသေချာချာ နားထောင်ကြပြီး တစ်ခါတလေ မှတ်စုတွေတောင် လိုက်မှတ်ကြတယ်။ ဒါကို မြင်ရတော့ ကျွန်တော့်စိတ်ထဲမှာ မနာလိုမှုတွေ၊ အားကျမှုတွေအပြင် ဒီအခြေအနေကို လက်မခံချင်တဲ့စိတ်တွေ ရောထွေးပြီး ဖြစ်လာတယ်။ ဒါကြောင့် လီချင်း မိတ်သဟာယဖွဲ့နေတဲ့အခါ ကျွန်တော် နားမထောင်ချင်ခဲ့ဘူး။ နောက်တော့ ကျွန်တော့် အခြေအနေ မှားနေမှန်း သတိထားမိလာတယ်။ လီချင်း ကြီးကြပ်ရေးမှူး ဖြစ်သွားတာကို မြင်တော့ ကျွန်တော် မနာလိုဖြစ်ပြီး လက်မခံနိုင်ခဲ့ဘူး။ ပြီးတော့ ဘုရားသခင်က ကျွန်တော့်ကို ကြီးကြပ်ရေးမှူး မဖြစ်စေခဲ့ဘူးဆိုပြီးတော့တောင် ညည်းညူခဲ့သေးတယ်။ ဒီကိစ္စမှာ ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ ကျိုးနွံနာခံခြင်း ကင်းမဲ့နေတာ မဟုတ်ဘူးလား။ ဒါနဲ့ ကျွန်တော့် ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေခဲ့တယ်။
တစ်နေ့မှာတော့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရသည် လူ၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့နှင့် မည်သည့်အခါမျှ တန်းတူညီမျှ မဖြစ်နိုင်သကဲ့သို့ ဤအရာများသည် မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထာဝစဉ် ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး လူသည် ထာဝစဉ် လူဖြစ်လိမ့်မည်။ အကယ်၍ လူတစ်ဦးသည် ဤအရာကို နားလည်နိုင်ပါက ၎င်းတို့ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်၊ ဤသည်မှာ အမှုအရာများနှင့်ပတ်သက်၍ လုပ်ဆောင်ရန် ဆင်ခြင်တုံတရားအရှိဆုံးသော နည်းလမ်းဖြစ်ပြီး ဤအရာမှလွဲ၍ ရွေးချယ်နိုင်သော အခြားလမ်းကြောင်း မရှိပေ။ အကယ်၍ သင်သည် ကျိုးနွံနာခံခြင်းမရှိပါက ပုန်ကန်သူဖြစ်ပြီး သင်သည် အာခံကာ ငြင်းခုံပါက မတန်တဆ ပုန်ကန်နေခြင်းဖြစ်ကာ ဖျက်ဆီးခြင်းကို ခံရသင့်ပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်းက သင့်အနေဖြင့် ဆင်ခြင်တုံတရားရှိကြောင်းကို ပြသသည်။ ဤသည်မှာ လူတို့ ရှိရမည့် သဘောထားဖြစ်ပြီး ဤအရာသည်သာ ဖန်ဆင်းခံများ ရှိသင့်သော သဘောထား ဖြစ်သည်။ ဥပမာအားဖြင့် သင်၌ ကြောင်ကလေးတစ်ကောင် သို့မဟုတ် ခွေးကလေးတစ်ကောင် ရှိသည် ဆိုပါစို့။ ထိုကြောင် သို့မဟုတ် ထိုခွေးသည် သင့်အား အရသာရှိသော အစားအစာအမျိုးမျိုး သို့မဟုတ် ပျော်စရာအရုပ်အမျိုးမျိုးကို ဝယ်ပေးရန် တောင်းဆိုဖို့အတွက် အရည်အချင်းပြည့်မီသလော။ မိမိတို့၏ သခင်များထံ တောင်းဆိုချက်များ ပြုလုပ်ရန် ထိုမျှ ဆင်ခြင်တုံတရားမဲ့သော ကြောင်များ သို့မဟုတ် ခွေးများ တစ်ကောင်တလေရှိသလော။ (မရှိပါ။) ပြီးလျှင် အခြားတစ်စုံတစ်ဦး၏ အိမ်တွင်ရှိသည့် ခွေးတစ်ကောင်သည် မိမိထက် ပိုမိုကောင်းမွန်သော ဘဝရှိသည်ကို တွေ့မြင်ပြီးနောက် မိမိ၏ သခင်နှင့်အတူ မနေရန် ရွေးချယ်မည့် ခွေးတစ်ကောင်တလေ ရှိသလော။ (မရှိပါ။) ၎င်းတို့၏ ပင်ကိုဗီဇမှာ၊ ‘ငါ့သခင်က ငါ့ကို အစားအစာနှင့် နေစရာနေရာ ပေးသည်။ ထို့ကြောင့် ငါ့သခင်အတွက် ငါအိမ်စောင့်ပေးရမည်။ ငါ့သခင်က ငါ့ကို အစားအစာ မပေးလျှင်ပင် သို့မဟုတ် သိပ်မကောင်းသည့် အစားအစာကို ပေးလျှင်ပင် ငါ သူတို့အိမ်ကို စောင့်ပေးရဦးမည်ဖြစ်သည်’ဟု တွေးရန်ဖြစ်သည်။ ထိုခွေး၌ မိမိ၏ အနေအထားကို ကျော်လွန်သွားရန် အခြား မလျော်ကန်သော အတွေးများ မရှိပေ။ ၎င်း၏ သခင်က ၎င်းအပေါ် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ၎င်း၏ သခင် အိမ်ပြန်ရောက်လာသည့်အခါတိုင်း ထိုခွေးက အလွန် ပျော်ရွှင်သည်၊ ၎င်း၏ အမြီးသည် အဆက်မပြတ် လှုပ်ယမ်းနေပြီး တတ်နိုင်သမျှ ပျော်ရွှင်နေသည်။ ၎င်း၏ သခင်က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ၎င်း၏ သခင်က ၎င်းအား အရသာရှိသော အရာများကို ဝယ်ကျွေးသည်ဖြစ်စေ မကျွေးသည်ဖြစ်စေ ၎င်းက မိမိ၏ သခင်အပေါ် အမြဲ မပြောင်းမလဲ ပြုမူပြီး သူ၏ အိမ်ကို စောင့်ကြည့်ပေးနေဆဲ ဖြစ်သည်။ ဤအရာကို အခြေခံ၍ အကဲဖြတ်ရလျှင် လူတို့သည် ခွေးများထက် ပိုဆိုးသည် မဟုတ်လော။ (ပိုဆိုးသည်။) လူတို့သည် ဘုရားသခင်ထံ အမြဲ တောင်းဆိုချက်များ ပြုလုပ်နေကြပြီး သူ့ကိုအမြဲ ပုန်ကန်နေကြသည်။ ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ ၎င်းတို့သည် ဖန်ဆင်းခံများ၏ နေရာ၌ မနေနိုင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ ပင်ကိုအသိစိတ်များ ဆုံးရှုံးပြီး စာတန်များ ဖြစ်လာကြသည်။ ၎င်းတို့၏ ပင်ကိုအသိစိတ်များသည် ဘုရားသခင်ကို ဆန့်ကျင်ရန်၊ သမ္မာတရားကို ငြင်းပယ်ရန်၊ မကောင်းမှုကို ပြုလုပ်ရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိရန် စာတန်ဆန်သော ပင်ကိုအသိစိတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့၏ လူ့ပင်ကိုအသိစိတ်များကို မည်သို့ ပြန်လည်ရရှိနိုင်မည်နည်း။ ၎င်းတို့ကို အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိစေရမည်။ လူတစ်ဦး ပြုလုပ်သင့်သော အရာများကို ပြုလုပ်စေရမည်၊ ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်ကို ထမ်းဆောင်စေရမည်။ ယင်းမှာ ခွေးတစ်ကောင်က အိမ်ကို စောင့်ကြပ်ခြင်းနှင့် ကြောင်တစ်ကောင်က ကြွက်များကို ဖမ်းခြင်းကဲ့သို့ ဖြစ်သည်။ ၎င်းတို့၏ သခင်က ၎င်းတို့ကို မည်သို့ပင် ဆက်ဆံသည်ဖြစ်စေ ၎င်းတို့သည် ဤအရာများကို ပြုလုပ်ရန် မိမိတို့၌ ရှိသမျှ အစွမ်းခွန်အားကို အသုံးပြုကြသည်။ ၎င်းတို့သည် ဤတာဝန်များကို ခေါင်းမဖော်တမ်းလုပ်ဆောင်ကြပြီး မိမိတို့၏ နေရာ၌ နေကာ မိမိတို့၏ ပင်ကိုအသိစိတ်များကို အပြည့်အဝ အသုံးပြုကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ သခင်က ၎င်းတို့ကို နှစ်သက်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) လူတွေဟာ စာတန်က ဖောက်ပြန်ပျက်စီးအောင်လုပ်တာကို ခံရပြီးနောက်မှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ဆုံးရှုံးသွားပြီး ဘုရားသခင်ကို ပုန်ကန်မှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့က ခွေးတွေ၊ ကြောင်တွေထက်တောင် ဆိုးသေးတယ်။ ခွေးတွေ၊ ကြောင်တွေအကြောင်း စဉ်းစားကြည့်ပါ၊ သူတို့သခင်က သူတို့ကို ကောင်းကောင်း ကျွေးသည်ဖြစ်စေ၊ မကျွေးသည်ဖြစ်စေ၊ ဆိုဖာပေါ်မှာ သိပ်သည်ဖြစ်စေ၊ အပြင်ဘက် တံစက်မြိတ်အောက်မှာ သိပ်သည်ဖြစ်စေ သူတို့ကတော့ သူတို့သခင်အတွက် ကြွက်ဖမ်းပေးဖို့ ဒါမှမဟုတ် အိမ်စောင့်ပေးဖို့ အမြဲ သစ္စာရှိကြပြီး သူတို့ရဲ့ ပင်ကိုယ်ဗီဇကို အကောင်းဆုံး အသုံးချကြတယ်။ ဒါကို ကိုယ့်ကိုယ်ကိုယ်နဲ့ ယှဉ်ကြည့်လိုက်တော့ ကျွန်တော်ဟာ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်တာဝန်ကို မထမ်းဆောင်ခဲ့ရပေမဲ့လည်း ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့ပေးမှုတွေကို ထပ်တူ ပျော်မွေ့ခံစားခဲ့ရပါသေးတယ်။ ပြီးတော့ အခက်အခဲတွေ ကြုံရလို့ ဘုရားသခင်ကို ကိုးစားပြီး မျှော်လင့်တဲ့အခါ ကိုယ်တော်ရဲ့ လမ်းပြမှုနဲ့ ဦးဆောင်မှုတွေကို ရရှိခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်အပေါ် ဘက်လိုက်ခွဲခြားတာမျိုး တစ်စက်လေးတောင် မရှိခဲ့ပါဘူး၊ ဒါပေမဲ့ ကျွန်တော်ကတော့ ဘုရားသခင်ဆီကနေ အမြဲတမ်း တောင်းဆိုမှုတွေ လုပ်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတချို့ ခေါင်းဆောင်တွေ၊ ကြီးကြပ်ရေးမှူးတွေအဖြစ် ရွေးချယ်ခံရတာကို မြင်တော့ ဘုရားသခင်ကို ကျွန်တော် ညည်းညူခဲ့တယ်။ ဘုရားသခင်က တခြားသူတွေကို ကျေးဇူးတော်ချပေးပြီး ငါ့ကိုတော့ မချပေးဘူးလို့ ခံစားခဲ့ရတယ်။ ဘုရားသခင်အပေါ် အခုလို တောင်းဆိုမှုတွေ လုပ်နေတာဟာ ကျွန်တော့်မှာ ဆင်ခြင်တုံတရား မရှိဘူး၊ ပြီးတော့ ကိုယ်တော့်ကို ပုန်ကန်နေတာပဲဆိုတာ ပြသနေတယ်။ ဒီအရာတွေကို သဘောပေါက်သွားတော့ ကျွန်တော် အတော်လေး ရှက်သွားပြီး ကိုယ့်တာဝန်ကိုပဲ အာရုံစိုက်ပြီး လက်တွေ့ကျကျ လုပ်ဆောင်ဖို့ ဆန္ဒရှိလာတယ်။
နှစ်လကြာတော့ နောက်ထပ် ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်တဲ့ ညီအစ်ကို ချန်ယုဟာ အစွမ်းအစ ညံ့ဖျင်းတာကြောင့် တာဝန်ပြောင်းခံလိုက်ရတယ်။ ဒီတော့ နောက်ထပ် အခွင့်အရေးတစ်ခု ပေါ်လာပြီလို့ ကျွန်တော် မြင်လိုက်တယ်။ ချန်ယု တာဝန်ကနေ ဖြုတ်ချခံလိုက်ရပြီဆိုတော့ ကြီးကြပ်ရေးမှူး အသစ်တစ်ယောက် သေချာပေါက် ရွေးရတော့မယ်။ အတူတူ ပူးပေါင်းဆောင်ရွက်နေကြတဲ့ ညီအစ်ကိုမောင်နှမတွေထဲမှာ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းအရဆိုရင် ကျွန်တော်က နည်းနည်းပိုပြီး ထင်ပေါ်နေတယ်။ ကြီးကြပ်ရေးမှူးအဖြစ် ကျွန်တော် ရွေးချယ်ခံရဖို့ အလားအလာ ပိုများနေတာပေါ့။ ကျွန်တော် တွေးလိုက်တယ်၊ “ကောင်းကောင်းထမ်းဆောင်ဖို့အတွက် ဒီအခွင့်အရေးကို ငါ အရယူရမယ်။ ငါသာ ရွေးချယ်ခံရလို့ ငါ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးကြပ်ရေးမှူး ဖြစ်သွားတာကို အားလုံး မြင်သွားရင် ငါ့ကို အစွမ်းအစကောင်းပြီး သမ္မာတရား လိုက်စားတယ်လို့ သေချာပေါက် ထင်ကြမှာပဲ။ အဲဒါက ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းလိုက်မလဲ” ပေါ့။ အဲဒီအချိန်ကစပြီး ကိုယ့်တာဝန်မှာ ကျွန်တော် တော်တော်လေး တက်တက်ကြွကြွ ဖြစ်လာတယ်။ နည်းပညာတွေကို လေ့လာဖို့ အားလုံးကို စုစည်းပေးတယ်၊ ပြီးတော့ အလုပ်ထဲက ပြဿနာတွေကို ဖြေရှင်းဖို့ ဆွေးနွေးပွဲတွေမှာလည်း ပါဝင်ခဲ့တယ်။ တစ်ခါတော့ တာဝန်လုပ်နေရင်းနဲ့ ကျွန်တော့်ရဲ့ မာနထောင်လွှားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ကန်တယ်လို့ ယူမှတ်မှုတို့ကြောင့် စည်းမျဉ်းတွေကို ချိုးဖောက်မိပြီး ပြုပြင်ခြင်း ခံခဲ့ရတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “တစ်ယောက်ယောက်က ပြုပြင်ခြင်းခံရတာကို လက်ခံနိုင်သလားဆိုတာက သူ သမ္မာတရားကို လက်ခံသလားဆိုတာကို ဆုံးဖြတ်ဖို့ အရေးကြီးတဲ့ သက်သေပြချက်ပဲ။ ကိုယ့်ကိုယ်ကိုယ် သိမြင်တဲ့နေရာမှာ ငါ ပိုပြီး ရိုးသားရမယ်။ အဲဒီလိုဆိုရင် အားလုံးက ငါ့အပေါ် အမြင်ကောင်းသွားပြီး ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခံရဖို့ အခွင့်အရေးလည်း ပိုများလာမှာပဲ” ပေါ့။ ဒါနဲ့ ကျွန်တော်က ဒီလို တုံ့ပြန်ပြောဆိုခဲ့တယ်၊ “ခင်ဗျားရဲ့ ပြုပြင်ပေးမှုက သင့်လျော်ပါတယ်။ ကျွန်တော်လည်း လက်ခံဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော့်ရဲ့ စိတ်သဘောထားက တကယ်ကို မာနထောင်လွှားလွန်းနေတာပါ၊ ကျွန်တော့်ရဲ့ ပြဿနာတွေကို သတိထားမိရင် ကျေးဇူးပြုပြီး လမ်းပြပေးပါ၊ ဒါက ကျွန်တော့်အတွက် အကျိုးရှိပါလိမ့်မယ်” ပေါ့။ သိပ်မကြာခင်မှာပဲ အဖွဲ့က ကြီးကြပ်ရေးမှူးတစ်ယောက် ရွေးရတော့မယ်၊ ထင်တဲ့အတိုင်းပါပဲ၊ ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကို ထောက်ခံပေးတယ်။ ဒါပေမဲ့ နောက်ဆုံး ရွေးချယ်ပွဲ မတိုင်ခင်မှာပဲ ခေါင်းဆောင်တွေက ကျွန်တော့်ကို တခြားတာဝန်တစ်ခုကို မြှင့်တင်ပေးလိုက်တယ်။ ကြီးကြပ်ရေးမှူးဖြစ်ချင်တဲ့ ကျွန်တော့်ဆန္ဒ မအောင်မြင်ခဲ့ပေမဲ့ မြှင့်တင်ပေးခံရလို့ ကျွန်တော် အရမ်းဝမ်းသာခဲ့တုန်းပဲ။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ခေါင်းဆောင်တွေဆီက စာတစ်စောင်ရတော့မှသာ အဆင့်အတန်း လိုက်စားမှုအပေါ် ကျွန်တော် စတင်ပြီး ဆင်ခြင်သုံးသပ်မိတော့တယ်။ အဲဒီစာထဲမှာ ပါတာကတော့ ကြီးကြပ်ရေးမှူး လီချင်းဟာ မကြာသေးခင်က ဆရာဝန်ပြဖို့ အိမ်ပြန်သွားခဲ့တယ်၊ ဒါပေမဲ့ အိမ်မပြန်ခင်မှာ သူက အိမ်နဲ့ဝေးပြီး တာဝန်တွေ ထမ်းဆောင်ရတာ အရမ်းခက်ခဲတယ်လို့ ညည်းညူခဲ့တယ်၊ ပြီးတော့ အိမ်ပြန်ရောက်ပြီး တစ်လကျော်လေးမှာပဲ ဘာသာတရားမရှိသူ တစ်ယောက်နဲ့ အိမ်ထောင်ကျသွားပြီး သူ့တာဝန်တွေကို မလုပ်ချင်တော့ဘူးတဲ့။ ကျွန်တော် အံ့သြသွားပြီး တွေးမိတယ်၊ “လီချင်းက ဒီနှစ်တွေတစ်လျှောက်လုံး အိမ်နဲ့ဝေးတဲ့နေရာမှာ သူ့တာဝန်တွေ ထမ်းဆောင်ခဲ့တာ၊ ပြီးတော့ သူက ကြီးကြပ်ရေးမှူးဆိုတဲ့ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နေခဲ့တာလေ။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး တာဝန်ကို ပစ်ချပြီး ဘာသာတရားမရှိတဲ့သူ တစ်ယောက်နဲ့ ထွက်သွားနိုင်ရတာလဲ” ပေါ့။ ဒီဖြစ်ရပ်က ကျွန်တော့်အပေါ် တော်တော်လေး ဂယက်ရိုက်သွားတယ်။ အဆင့်အတန်းရှိတယ်ဆိုတာက လူတစ်ယောက် သမ္မာတရားကို လိုက်စားတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်သလို၊ ဘုရားသခင်က သူ့ကို လက်ခံတယ်၊ အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း မဟုတ်ဘူးဆိုတာ ကျွန်တော့်အတွက် ထင်ရှားလာတယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိလိုက်တယ်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်းတို့ မည်မျှ သနားစရာကောင်းသည်ကိုမဆိုထားနှင့်၊ အသက်၊ ဝါ၊ သို့မဟုတ် ဒုက္ခခံစားရမှု ပမာဏကို အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ၎င်းတို့၌ သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့်အညီသာ ဆုံးဖြတ်ပေသည်။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းကို ရှင်းလင်းပါတယ်။ ဘုရားသခင်က လူတွေရဲ့ အဆုံးသတ်ကို ဆုံးဖြတ်တဲ့အခါ သူတို့မှာ သမ္မာတရား ရှိမရှိဆိုတာကို အခြေခံပြီး ဆုံးဖြတ်တာပါ၊ သူတို့ရဲ့ အဆင့်အတန်း၊ လုပ်သက် ဒါမှမဟုတ် သူတို့ ဘယ်လောက် ဒုက္ခခံခဲ့ရတယ်ဆိုတာတွေ အပေါ် အခြေခံတာ မဟုတ်ပါဘူး။ ကျွန်တော်က ဘုရားနှုတ်ကပတ်တော်တွေကို ကိုယ့်နှလုံးသားထဲ လုံးဝ လက်မခံခဲ့ဘူး၊ ပြီးတော့ သမ္မာတရားကိုလည်း ကျွန်တော့်ရဲ့ လိုက်စားရမယ့် ပန်းတိုင်အဖြစ် သတ်မှတ်မထားခဲ့ဘူးလေ။ သမ္မာတရားကို မလိုက်စားတဲ့ ဒါမှမဟုတ် လက်တွေ့အလုပ်ကို မလုပ်ဘဲ ခေါင်းဆောင်အယောင်ဆောင်တွေ ဖြစ်လာပြီး ဖြုတ်ချခံရတဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အများကြီးကို ကျွန်တော် မြင်ခဲ့ဖူးတယ်၊ ပြီးတော့ အဆင့်အတန်းကို ခေါင်းမာမာနဲ့ လိုက်စားရင်း သဘောထားမတိုက်ဆိုင်သူတွေကို တိုက်ခိုက်ဖယ်ကျဉ်တာ၊ အဲဒီကနေတစ်ဆင့် အန္တိခရစ်တွေ ဖြစ်လာပြီး နှင်ထုတ်ခံရတာတွေကို မြင်ခဲ့ရပေမဲ့လည်း ကျွန်တော်က ဘာမှ သဘောမပေါက်ခဲ့ဘဲ သမ္မာတရားကို လိုက်စားဖို့ အားမထုတ်ခဲ့ဘူး။ အဲဒီအစား အဆင့်အတန်းကိုပဲ ကျွန်တော် စွဲလမ်းနေခဲ့တယ်။ အဆင့်အတန်းကိုပဲ အမြဲတမ်း လိုက်စားချင်နေခဲ့တယ်။ ကျွန်တော် တကယ်ကို မိုက်မဲပြီး စိတ်နှလုံး မာကျောခဲ့တာပါပဲ။ ဒီအချိန်ရောက်မှသာ အမြဲတမ်း အဆင့်အတန်းကို လိုက်စားနေတဲ့ ကျွန်တော့်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို သေသေချာချာ ရှာဖွေမယ်လို့ ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တယ်။
နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ ဝတ်ပြုခြင်းတွေ လုပ်နေတုန်း ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “သင်သည် ဂုဏ်အဆင့်အတန်းကို အဘယ်ကြောင့် အလွန် တန်ဖိုးထားရသနည်း။ ဂုဏ်အဆင့်အတန်းမှ မည်သည့်အကျိုးအမြတ်များ ရနိုင်သနည်း။ ဂုဏ်အဆင့်အတန်းက သင့်အား ဘေးဒုက္ခ၊ အခက်အခဲများ၊ အရှက်ရခြင်းနှင့် နာကျင်မှုတို့ကို ဆောင်ကြဉ်းပေးလျှင် သင်သည် ယင်းကို တန်ဖိုးထားဦးမည်လော။ (မထားပါ။) ဂုဏ်အဆင့်အတန်းရှိခြင်းမှရသော အကျိုးအမြတ်များစွာရှိသည်။ အခြားလူများထံမှ မနာလိုမှု၊ လေးစားမှု၊ အထင်ကြီးမှုနှင့် မြှောက်ပင့်ခြင်းတို့အပြင် ၎င်းတို့၏ လေးစားအားကျခြင်းနှင့် ကြည်ညိုခြင်းတို့ကဲ့သို့သော အရာများဖြစ်သည်။ သင်၏ ဂုဏ်အဆင့်အတန်းက ယူဆောင်ပေးသော သာလွန်ခြင်း၊ အခွင့်ထူးခံစားခွင့်တို့နှင့် သက်ဆိုင်သော အသိစိတ်လည်း ရှိသည်။ ယင်းတို့က ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို တန်ဖိုးထားစိတ်တို့ကို ပေးသည်။ ထို့အပြင် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များနှင့် အထူးအကျိုးခံစားခွင့်တို့ကဲ့သို့ အခြားသူများ မခံစားရသည့်အရာများကိုလည်း သင်ခံစားနိုင်သည်။ ဤအရာများအားလုံးသည် သင် တွေးပင်မတွေးဝံ့သည့် အရာများဖြစ်ပြီး သင်၏အိပ်မက်များထဲ၌ တောင့်တနေခဲ့သည့် အရာများဖြစ်သည်။ ဤအရာများကို သင် တန်ဖိုးထားသလော။ ဂုဏ်အဆင့်အတန်းသည် အနှစ်မဲ့ရုံသာရှိပြီး တကယ့်အဓိပ္ပာယ် မရှိလျှင်၊ ယင်းကို ကာကွယ်ခြင်းက မည်သည့်ရည်ရွယ်ချက်မျှ မရှိလျှင် ယင်းကို တန်ဖိုးထားသည်မှာ မိုက်မဲသည် မဟုတ်လော။ ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် ပျော်မွေ့မှုများတို့ကဲ့သို့သော အရာများကို သင်လက်လွှတ်နိုင်လျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့သည် သင့်ကို ချည်နှောင်ထားတော့မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) “အခြားလူတစ်ဦး၏ စိတ်ထဲတွင် သင့်ကို ဂုဏ်အဆင့်အတန်း ပေးအပ်သည့်အခါ၊ ထို့နောက်တွင် ၎င်းတို့သည် သင်နှင့် အပေါင်းအဖော်ပြုသည့်အခါ၊ ၎င်းတို့သည် သင့်အပေါ် ရိုသေကြပြီး သင့်ကို ၎င်းတို့ စကားပြောသည့်အခါ အထူးသဖြင့် ယဉ်ကျေးကြသည်။ ၎င်းတို့သည် သင့်အပေါ် အစဉ် ကြည်ညိုလေးစားကြသည်၊ အရာအားလုံး၌ သင့်အား အစဉ် ဦးစားပေးကြသည်၊ ၎င်းတို့က သင့်အား အလျှော့ပေးကြပြီး သင့်အား မြှောက်ပင့်ကာ နာခံကြသည်။ အရာရာတွင် ၎င်းတို့က သင့်အား ရှာဖွေပြီး သင့်အား ဆုံးဖြတ်ချက်များ ချခွင့်ပြုကြသည်။ ပြီးလျှင် ဤအရာမှ သင်သည် သာယာကြည်နူးစိတ်ကို ရရှိသည်။ သင်သည် ပို၍ ဩဇာကြီးမားပြီး အခြားလူတိုင်းထက် ပိုသာသည်ဟု ခံစားရသည်။ လူတိုင်းက ဤခံစားချက်ကို နှစ်သက်ကြသည်။ ဤသည်မှာ လူတစ်ဦး၏စိတ်နှလုံးထဲတွင် အဆင့်အတန်းရှိခြင်း ခံစားချက်ဖြစ်သည်။ လူများက ဤအရာတွင် မွေ့လျော်ခံစားလိုကြသည်။ ဤသည်မှာ လူများက အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည့် အကြောင်းအရင်းဖြစ်ပြီး အားလုံးသည် အခြားလူများ၏ စိတ်နှလုံးထဲတွင် အဆင့်အတန်း ပေးအပ်ခံလိုကြသည်။ အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ခံလိုကြသည်။ ၎င်းတို့သည် ယင်းမှ ထိုမျှပျော်ရွှင်မှုကို မရရှိနိုင်လျှင် အဆင့်အတန်းကို လိုက်စားကြမည် မဟုတ်ချေ။ ဥပမာအားဖြင့် သင်သည် လူတစ်ဦး၏ စိတ်ထဲတွင် အဆင့်အတန်း မရှိလျှင် ၎င်းတို့သည် သင့်ကို အဆင့်အတန်းတစ်ပြေးညီ ထိတွေ့ရင်ဆိုင်ကာ သင့်ကို တန်းတူကဲ့သို့ ဆက်ဆံကြမည်။ သူတို့သည် လိုအပ်သည့်အခါတွင် သင့်ကို ဆန့်ကျင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်အပေါ် ယဉ်ကျေးမှုရှိမည်မဟုတ်၊ သို့မဟုတ် လေးစားမည်မဟုတ်။ သင်သည် စကားပြော၍ မပြီးဆုံးသေးခင်၌ပင် ထွက်ခွာသွားကောင်း သွားနိုင်သည်။ သင် စိတ်အနှောင့်အယှက်ဖြစ်မည်လော။ လူတို့က သင့်ကို ဤသို့ဆက်ဆံသောအခါ သင်မကြိုက်ပေ။ သူတို့ သင့်ကို မြှောက်ပင့်သောအခါ၊ သင့်ကို လေးစားပြီး သင့်ကို အချိန်တိုင်း ကိုးကွယ်သောအခါ သင်သဘောကျသည်။ သင်သည် အရာအားလုံး၏ အချက်အချာဖြစ်သောအခါ၊ အရာအားလုံးက သင့်ကို ဝန်းရံပြုသောအခါ၊ ထို့ပြင် လူတိုင်းက သင့်ကို နားထောင်သောအခါ၊ သင့်ကို လေးစားပြီး သင်၏ လမ်းညွှန်မှုကို ကျိုးနွံနာခံသောအခါ ယင်းကို သင်နှစ်သက်သည်။ ဤသည်မှာ ရှင်ဘုရင်အဖြစ် စိုးစံ၍ အာဏာရလိုသော ဆန္ဒမဟုတ်လော။ သင်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များသည် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ရယူခြင်းက တွန်းအားပေးခြင်းခံရပြီး ယင်းအတွက် အခြားသူများနှင့် ယှဉ်ပြီး လုယူကာ ပြိုင်ဆိုင်လေသည်။ သင်၏ပန်းတိုင်က ရာထူးနေရာတစ်ခုကို အရယူပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သင်၏စကားကို နားထောင်စေရန်၊ သင့်ကို ထောက်ခံစေရန်နှင့် ကြည်ညိုကိုးကွယ်စေရန် ဖြစ်သည်။ ထိုရာထူးကို သင်အရယူပြီးသည်နှင့် သင်သည် သြဇာအာဏာရရှိပြီး အဆင့်အတန်း၏ အကျိုးအမြတ်များ၊ အခြားသူများထံမှ အထင်ကြီးလေးစားမှုသာမက ထိုရာထူးနှင့် အတူပါလာသည့် အခြားသော အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ခေါင်းဆောင်ဖြစ်တဲ့ လီဝေးနဲ့ ကြီးကြပ်ရေးမှူးဖြစ်တဲ့ လီချင်းတို့ကို ကျွန်တော် မနာလိုဖြစ်ရတဲ့ အကြောင်းရင်းက သူတို့ ခေါင်းဆောင်နဲ့ ကြီးကြပ်ရေးမှူးတွေ ဖြစ်လာပြီးနောက် တခြားသူတွေရဲ့ ထောက်ခံမှုနဲ့ အထင်ကြီးလေးစားမှုတွေကို ရရှိသွားတာကို တကယ်ပဲ မနာလိုဖြစ်ခဲ့တာဆိုတာ နားလည်သွားတယ်။ အဆင့်အတန်းနဲ့အတူ ပါလာတဲ့ သူများထက်သာတယ်ဆိုတဲ့ ခံစားချက်နဲ့ အကျိုးခံစားမှုတွေကို ကျွန်တော် အားကျမနာလို ဖြစ်နေခဲ့တာပါ။ ကျွန်တော် ဘုရားသခင်ကို စပြီး မယုံကြည်ခင်တုန်းကလိုမျိုးပဲပေါ့။ ပြင်ပလောကမှာ ခေါင်းဆောင်တွေကို ကျွန်တော် မြင်ရပြီး အားလုံးက သူတို့ကို ရိုရိုသေသေ နှုတ်ဆက်ကြတာ၊ သူတို့ ဘာသဘောထားပဲ ပြောပြော လက်အောက်ငယ်သားတွေက နာခံပြီး လိုက်လုပ်ကြတာ၊ ပြီးတော့ လူအုပ်ကြားထဲမှာ သူတို့က သူများထက်သာတဲ့ခံစားချက် တော်တော်လေးရှိကြတာတွေကို မြင်ခဲ့ရတယ်။ ဒီလိုမျိုး အသက်ရှင်မှသာ လူတစ်ယောက်က ဂုဏ်သိက္ခာရှိပြီး အောင်မြင်တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဘုရားသခင်ကို စယုံကြည်ပြီးနောက်မှာ လီဝေးနဲ့ လီချင်းတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်တစ်ယောက်၊ ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်လာတာကို မြင်ရတဲ့အခါ ညီအစ်ကိုမောင်နှမတွေ အားလုံးက သူတို့ကို အထင်ကြီးအားကျကြတယ်၊ သူတို့ရဲ့ အစွမ်းအစ ကောင်းမွန်မှုနဲ့ သမ္မာတရားကို လိုက်စားမှုတွေအတွက် ချီးကျူးကြတယ်လို့ ကျွန်တော် ထင်ခဲ့တယ်၊ ဒါကြောင့် ကျွန်တော်လည်း ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်တစ်ယောက် ဖြစ်လာဖို့ လိုလားတောင့်တခဲ့တာပေါ့။ အဲဒီလိုဆိုရင် ကျွန်တော်ကလည်း ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးအားကျမှုတွေကို ရနိုင်မယ်၊ ပြီးတော့ လူအုပ်ကြားမှာ စကားပြောတဲ့အခါ သူတို့က ကျွန်တော့်စကားကို ဂရုတစိုက် နားထောင်ကြမှာလေ။ ဒီလိုဘဝမျိုးက ဘယ်လောက်တောင် ဂုဏ်သိက္ခာရှိပြီး အရေးပါလိုက်မလဲပေါ့။ ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူး ဖြစ်ချင်တဲ့ ကျွန်တော့်ဆန္ဒက ကြီးမားတဲ့ ဝန်တာကို ထမ်းဆောင်ဖို့နဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားဖို့ မဟုတ်ဘဲ အဆင့်အတန်းကို ရယူဖို့၊ အဲဒီကနေတစ်ဆင့် တခြားသူတွေကြားမှာ ဂုဏ်သိက္ခာရှိပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ထောက်ခံမှုနဲ့ အထင်ကြီးလေးစားမှုတွေကို ပျော်မွေ့ခံစားချင်လို့ပဲ ဆိုတာကို ကျွန်တော် မြင်လာတယ်။ ဒါက ဘာသာတရားမရှိသူတွေ အာဏာနဲ့ ခေါင်းဆောင်နေရာတွေကို လိုက်စားတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ကျွန်တော် လိုက်စားနေခဲ့တာက အဆင့်အတန်းရဲ့ အကျိုးခံစားမှုတွေအပေါ် သာယာယစ်မူးဖို့ပဲ ဖြစ်နေတယ်။ ဒီလိုနည်းနဲ့ ကျွန်တော် ဘယ်လိုလုပ်ပြီး သမ္မာတရားကို ရရှိနိုင်မှာလဲ၊ ဘယ်လိုလုပ် ကယ်တင်ခံရနိုင်မှာလဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “ဘုရားသခင်က သမ္မာတရား လိုက်စားသောလူများကို နှစ်သက်ပြီး လူများ လုပ်ဆောင်သည့်အရာတွင် သူ အစက်ဆုပ်ဆုံးမှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်း ဖြစ်သည်။ လူအချို့သည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို အမှန်တကယ် ချစ်မြတ်နိုးကြသည်။ ယင်းတို့ကို နက်နက်ရှိုင်းရှိုင်း တွယ်တာလျက် မစွန့်နိုင်ပေ။ ၎င်းတို့သည် ရာထူးအဆင့်အတန်းနှင့် ဂုဏ်သတင်းမရှိဘဲ အသက်ရှင်ရာ၌ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်မရှိဟုလည်းကောင်း၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အသက်ရှင်သည့်အခါမှသာ ဤဘဝတွင် မျှော်လင့်ချက် ရှိသည်ဟုလည်းကောင်း၊ အနည်းငယ်မျှသော ကျော်ကြားမှုလေး ရှိလျှင်ပင် ဆက်လက်၍ ယှဉ်ပြိုင်ကြိုးစားဦးမည်ဟုလည်းကောင်း၊ မည်သည့်အခါမျှ အရှုံးမပေးဟုလည်းကောင်း အစဉ် ခံစားကြသည်။ ဤသည်မှာ သင့်တွင် ရှိသော အတွေးအမြင်ဖြစ်လျှင် သင်၏ စိတ်နှလုံးသည် ဤသို့သောအရာများဖြင့် ပြည့်နေလျှင် သင်သည် သမ္မာတရားကိုချစ်ပြီး လိုက်စားခြင်းကို မစွမ်းဆောင်နိုင်ပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် မှန်ကန်သောဦးတည်ချက်နှင့် ရည်ရွယ်ချက်ကင်းမဲ့သည်။ သင့်ကိုယ်သင် သိမြင်မှုကို လိုက်စားခြင်း၊ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်ခြင်းနှင့် လူ၏ ပုံရိပ်ကို အသက်ရှင်နေထိုင်ခြင်းတို့ကို မစွမ်းဆောင်နိုင်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ အရေးကိစ္စများကို လျစ်လျူရှုသည်။ သင်သည် မည်သည့်တာဝန်သိစိတ်မျှမရှိဘဲ မကောင်းမှုကို မကျူးလွန်ခြင်း၊ မနှောင့်ယှက်ခြင်း၊ ဖယ်ထုတ်ပစ်ခြင်း မခံရခြင်းတို့ဖြင့်သာ ကျေနပ်နေသည်။ ဤသို့သောလူတို့သည် တာဝန်ကို စံနှုန်းပြည့်မီသော ပုံစံတစ်ခုဖြင့် ထမ်းဆောင်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သလော။ မဖြစ်နိုင်ပေ။ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် လုပ်ဆောင်သောအခါ သင်က ‘ငါလုပ်ဆောင်သည့်အရာသည် ဒုစရိုက်အမှု မဟုတ်ဘဲ အနှောင့်အယှက်မပါဝင်သရွေ့ ငါ၏ ရည်ရွယ်ချက်က မှားလျှင်ပင် မည်သူကမျှ မမြင်နိုင်၊ သို့မဟုတ် ငါ့အား မရှုတ်ချနိုင်ပေ’ ဟူ၍ပင် ထင်မြင်ကြသည်။ ဘုရားသခင်က အရာအားလုံးကို စိစစ်သည်ကို သင်မသိပေ။ သင်သည် သမ္မာတရားကို လက်မခံလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်လျှင်၊ ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းကို ခံရလျှင် သင့်အတွက် အားလုံးပြီးဆုံးသွားပြီဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသူအားလုံးတို့သည် မိမိတို့ကိုယ်ကို တော်သည်ဟု ထင်မြင်ကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ပုန်ကန်ပြစ်မှားခဲ့သည်ကိုပင် မသိကြပေ။ လူအချို့မှာ ဤအရာတို့ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ၎င်းတို့က ‘ငါသည် ပို၍ အလုပ်လုပ်ရန်၊ တာဝန်ကိုပို၍ ယူရန်အတွက်သာ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အလုပ်အပေါ် အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မဖြစ်စေသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သေချာပေါက် မထိခိုက်ပေ။ ဤသည်မှာ အကြီးစား ပြဿနာတစ်ခုမဟုတ်။ ငါသည် အဆင့်အတန်းကို တကယ်ကို ချစ်ပြီး ငါ၏ အဆင့်အတန်းကို ကာကွယ်သည်။ သို့သော် ယင်းသည် မကောင်းသော လုပ်ဆောင်မှုမဟုတ်ပေ။’ ဟု ထင်မြင်ကြသည်။ အပေါ်ယံတွင် ဤသို့သောလိုက်စားမှုသည် မကောင်းမှုတစ်ခု ဖြစ်သည့်ပုံစံမရှိပေ။ သို့သော် အဆုံးတွင် မည်သို့ ဖြစ်စေသနည်း။ ဤသို့သောလူတို့သည် သမ္မာတရားကို ရလိမ့်မည်လော။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိမည်လော။ လုံးဝ မရရှိပေ။ ထို့ကြောင့် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် မှန်ကန်သောလမ်းကြောင်းမဟုတ်ပေ။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်း၏ ဆန့်ကျင်ဘက် ဦးတည်ရာသို့ သွားသည်။ အနှစ်ချုပ်လျှင် သင့်လိုက်စားမှု၏ ဦးတည်ချက်၊ သို့မဟုတ် ပန်းတိုင်က မည်သည့်အရာဖြစ်စေ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားခြင်းအား ပြန်လည်သုံးသပ်ခြင်းမရှိလျှင်၊ ဤအရာကို ဘေးချထားရန် အလွန်ခက်ခဲသည်ဟု မြင်လျှင် ယင်းက သင်၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် အဆင့်အတန်းက နေရာတစ်နေရာရှိနေသရွေ့ ယင်းသည် သင်၏ ဘဝဦးတည်ချက်နှင့် သင့်လိုက်စားမှု၏ ပန်းတိုင်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိမည်ဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိမည်ဖြစ်သည်၊ ဤသို့ဆိုလျှင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ရန်၊ သင်၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ပြောစရာမလိုတော့ရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အဆုံးတွင် ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ခြင်း ရှိမရှိက သိသာသည်မှာ မှန်သည်။ ထို့အပြင် သင်၏ အဆင့်အတန်းကို လိုက်စားခြင်းအား မည်သည့်အခါမျှ မစွန့်လွှတ်နိုင်လျှင် ဤအရာသည် သင်၏ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် ထမ်းဆောင်နိုင်ရန် သင်၏ အရည်အချင်းအပေါ် သက်ရောက်လိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် စံနှုန်းပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာရန် အလွန်ခက်ခဲစေလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ ပေါက်ဖွားလာသည်။ ယင်းသည် ဘုရားသခင် ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်မည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင့်ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ရန် အစဉ် ကြိုးစားသည်။ ဤအရာအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် သဘာဝအနည်းငယ် မရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် အမိန့်ဖြင့်ပြဋ္ဌာန်းခြင်း မပြုခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်သည်၊ ဤသို့ဖြင့် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက ပျက်စီးရာသို့လမ်းဖြစ်၏။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ ယင်းကို ဘုရားသခင် သင့်ကို မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ကာ ပျက်စီးရာသို့လမ်းပေါ် ရောက်ရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေက အဆင့်အတန်း လိုက်စားတာနဲ့ ဆက်စပ်နေတဲ့ ဆိုးကျိုးနဲ့ အကျိုးဆက်တွေကို ရှင်းရှင်းလင်းလင်း ရှင်းပြထားပါတယ်။ လူတစ်ယောက်က အဆင့်အတန်းကိုပဲ အမြဲတမ်း စွဲလမ်းနေမယ်ဆိုရင် သိသာတဲ့ အဖျက်အမှောင့်လုပ်ခြင်း ဒါမှမဟုတ် နှောင့်ယှက်ခြင်းတွေ မလုပ်ဘူးလို့ ထင်ရရင်တောင် သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်းလုပ်လို့မရအောင် အနှောင့်အယှက်ဖြစ်ဦးမှာပဲ။ ဒါ့အပြင် သူတို့ရဲ့ စိတ်သဘောထား ပြောင်းလဲဖို့နဲ့ ကယ်တင်ခြင်းရဖို့ လိုက်စားမှုတွေကို နှောင့်နှေးစေလိမ့်မယ်။ ကိုယ့်အပြုအမူကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ကျွန်တော်က အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်တာ၊ ဒါမှမဟုတ် အဖျက်အမှောင့်လုပ်တာမျိုးတွေ မလုပ်ခဲ့ဘူးလို့ ထင်ရပေမဲ့ ကျွန်တော့် နှလုံးသားကတော့ အဆင့်အတန်းကို လိုချင်တဲ့ဆန္ဒနဲ့ အမြဲတမ်း ပြည့်နှက်နေခဲ့တာကို မြင်လိုက်ရတယ်။ လီဝေး ခေါင်းဆောင်ဖြစ်သွားတာနဲ့ လီချင်း ကြီးကြပ်ရေးမှူး ဖြစ်သွားတာကို ကျွန်တော် မြင်တဲ့အခါ ကျွန်တော့်စိတ်တွေ မတည်မငြိမ် ဖြစ်သွားပြီး မြှင့်တင်ပေးတာမခံရတဲ့အတွက် စိတ်ပျက်၊ ဝမ်းနည်းဖြစ်ခဲ့ရတယ်။ ဘုရားသခင်က သူများတွေကို ကျေးဇူးတော်ချပေးပြီး ငါ့ကိုကျတော့ မချပေးဘူးဆိုပြီးလည်း ညည်းညူခဲ့သေးတယ်။ အထူးသဖြင့် လီချင်း ကြီးကြပ်ရေးမှူး ဖြစ်သွားချိန်မှာ ကျွန်တော်က အဖွဲ့သားတစ်ယောက်ပဲ ရှိနေသေးတာကို မြင်ရတဲ့အခါ ကျွန်တော် မနာလိုဖြစ်တယ်၊ လက်မခံနိုင်ဘူး၊ သူ့ရဲ့ မိတ်သဟာယကိုလည်း နားမထောင်ချင်ခဲ့ဘူး၊ ပြီးတော့ ကိုယ့်တာဝန်မှာလည်း စိတ်မနှစ်တော့ဘူးလေ။ ချန်ယု တာဝန်ကနေ ပြောင်းလဲခံရပြီးနောက်မှာ ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခံရဖို့ ကျွန်တော် တက်တက်ကြွကြွ ကြိုးစားပြသခဲ့တယ်။ ကိုယ့်တာဝန်မှာ ကျွန်တော့်ရဲ့ မာနထောင်လွှားမှုနဲ့ မိမိကိုယ်ကို မှန်ကန်တယ်လို့ ယူမှတ်မှုတို့ကြောင့် ပြုပြင်ခြင်း ခံရတဲ့အခါ တခြားသူတွေက ကျွန်တော် သမ္မာတရားကို လက်ခံနိုင်တယ်လို့ ထင်အောင်လို့ ကိုယ့်ကိုယ်ကိုယ် သိမြင်သယောင် ဟန်ဆောင်ခဲ့ပြီး ရွေးချယ်ပွဲမှာ သူတို့ ကျွန်တော့်ကို မဲပေးကြဖို့ မျှော်လင့်ခဲ့တယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ရပ်တွေအားလုံးက အဆင့်အတန်းကို ရဖို့အတွက်ချည်းပဲဆိုတာနဲ့ ကျွန်တော်ဟာ အန္တိခရစ်တစ်ဦးရဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနေခဲ့တယ်ဆိုတာကို ကျွန်တော် သဘောပေါက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်တော် နားလည်သွားတာက လူတွေကို ကယ်တင်ဖို့ ဘုရားသခင် သမ္မာတရား ဖော်ပြတာဟာ လူတွေအနေနဲ့ သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲခြင်းကို ကောင်းကောင်း လိုက်စားပြီး နောက်ဆုံးမှာ စံနှုန်းပြည့်မီတဲ့ ဖန်ဆင်းခံတစ်ဦး ဖြစ်လာဖို့ မျှော်လင့်လို့ပါ၊ အဲဒါက သူတို့ ဂုဏ်သိက္ခာ ဒါမှမဟုတ် အဆင့်အတန်း တစ်ခုခုရှိတဲ့သူတွေ ဖြစ်လာဖို့ မဟုတ်ပါဘူး။ ကျွန်တော်က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားမလည်ခဲ့ဘူး။ သာမန် ယုံကြည်သူတစ်ယောက် ဖြစ်နေရတာကို အမြဲတမ်း မကျေမနပ် ဖြစ်နေခဲ့ပြီး သမ္မာတရား လိုက်စားဖို့ကို အာရုံမစိုက်ခဲ့ဘူး။ တခြားသူတွေ ကျွန်တော့်ကို အထင်ကြီးပြီး ကိုးကွယ်လာအောင် အဆင့်အတန်းကိုပဲ အမြဲ ရှာဖွေချင်ခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေခဲ့တာပါ။ ကျွန်တော်သာ ဒီအတိုင်း ဆက်သွားနေရင် ကျွန်တော့်ရဲ့ အသက်စိတ်သဘောထားက ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး၊ ကိုယ့်တာဝန်တွေကို စံနှုန်းပြည့်မီအောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘဲ နောက်ဆုံးမှာတော့ ဖယ်ရှားရှင်းလင်းခံရရုံပဲ ရှိလိမ့်မယ်။
နောက်ပိုင်း ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ အဆင့်အတန်းကို ကျွန်တော် အမြဲတမ်း လိုက်စားနေတာက ကျွန်တော့်အထဲက မှားယွင်းတဲ့ အမြင်ရှုထောင့်တစ်ခုကနေ မြစ်ဖျားခံလာတာကို သဘောပေါက်သွားတယ်။ ခေါင်းဆောင်တွေနဲ့ ကြီးကြပ်ရေးမှူးတွေဟာ အုပ်စုတစ်စုမှာ သမ္မာတရားကို အလိုက်စားဆုံးသူတွေ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ ပြီးတော့ ကျွန်တော်က သာမန် ယုံကြည်သူတစ်ယောက်ပဲ အမြဲဖြစ်နေခဲ့ပြီး ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူး တစ်ခါမှ မဖြစ်ဖူးတာကြောင့် အဲဒါက ကျွန်တော် သမ္မာတရားကို မလိုက်စားဘူး၊ ပြီးတော့ ဘုရားသခင်က ကျွန်တော့်ကို အသိအမှတ်မပြုဘူးဆိုတဲ့ အဓိပ္ပာယ်ပဲလို့ ယုံကြည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းအားဖြင့် ဒီလို မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်ရှုထောင့်ကို ကျွန်တော် နည်းနည်း ပိုင်းခြားသိမြင်နိုင်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးကောက်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က မြှင့်တင်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ရာထူးနေရာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အသေအချာပင် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤထဲမှ တစ်ခုကိုမျှ ၎င်းတို့မရရှိထားပေ။ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်း၊ ဘုရားသခင်က ထိုက်တန်သည်ဟု အမြင်ခံရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် မြှင့်တင်ပေးခြင်းခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်တော့်စိတ်ထဲမှာ ပိုပြီးလင်းလက်သွားတယ်။ ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခံရတာက လူတစ်ယောက် သမ္မာတရားကို လိုက်စားတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်သလို၊ သမ္မာတရား လိုက်စားတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း မဟုတ်ပါဘူး။ ဒါဟာ ဒီလူက လိုက်စားဖို့ ဆန္ဒရှိတယ်၊ အစွမ်းအစတချို့ ရှိတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အိမ်တော်က ရွေးချယ်ပြီး အသုံးပြုဖို့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့အတွက် အသင်းတော်က သူတို့ကို ပိုကောင်းကောင်း လေ့ကျင့်ဖို့ အခွင့်အရေး ပေးတာကိုပဲ ဆိုလိုတာပါ။ ဒါပေမဲ့ ဒီလူက နောက်ဆုံးမှာ သမ္မာတရား လိုက်စားတဲ့ လမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်မလား၊ ပြီးတော့ သမ္မာတရားကို ရရှိပြီး လက်တွေ့ကျမှုထဲကို ဝင်ရောက်နိုင်မလား ဆိုတာက သူတို့ တကယ်ပဲ သမ္မာတရားကို လိုက်စားရဲ့လားဆိုတာနဲ့ သူတို့ လျှောက်တဲ့ လမ်းကြောင်းအပေါ်မှာပဲ မူတည်ပါတယ်။ ဥပမာအနေနဲ့ လီချင်းကိုပဲ ကြည့်ကြည့်ပါ။ သူ့တာဝန်တွေမှာ ဝန်တာထားတဲ့စိတ် ရှိတဲ့အတွက် သူ့ကို အစက ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခဲ့တာပါ၊ ဒါပေမဲ့ ကြီးကြပ်ရေးမှူး ဖြစ်လာပြီးနောက်မှာ သူက သမ္မာတရား လိုက်စားဖို့ကို အာရုံမစိုက်ခဲ့ဘဲ အဆင့်အတန်းရဲ့ အကျိုးခံစားမှုတွေအပေါ် သာယာယစ်မူးဖို့ စတင်လာခဲ့တယ်။ သူက သူ့တာဝန်တွေမှာ ထုတ်ဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအကြောင်း ဒါမှမဟုတ် အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုရှာဖွေခဲ့တယ်ဆိုတာတွေအကြောင်း သိပ်မပြောဖြစ်ခဲ့ပါဘူး။ ကြီးကြပ်ရေးမှူး နေရာမှာရပ်ပြီး အလုပ်တွေကို ညွှန်ကြားရတာကို သူ နှစ်သက်ခဲ့တယ်၊ ပြီးတော့ လူတွေရဲ့ အထင်ကြီးအားကျမှုနဲ့ ထောက်ခံမှုကို သူ သာယာခဲ့တယ်။ သူ နေမကောင်းဖြစ်တဲ့အခါ အိမ်နဲ့ဝေးပြီး တာဝန်တွေထမ်းဆောင်ရတာ အရမ်းခက်ခဲတယ်လို့ သူတွေးခဲ့တယ်၊ နောက်ဆုံးမှာတော့ သူ့တာဝန်တွေကို စွန့်လွှတ်လိုက်တယ်။ အိမ်ပြန်ပြီးတော့ အိမ်ထောင်ပြုသွားခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ခေါင်းဆောင်တစ်ယောက် မကြာသေးခင်က အဖမ်းခံရတဲ့ အချိန်တစ်ခုကိုလည်း ကျွန်တော် တွေးမိတယ်။ သူက ထောင်ကျမှာကို ကြောက်ပြီး သူ့ကလေးတွေကိုလည်း လက်မလွှတ်နိုင်တဲ့အတွက် “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့တယ်။ ဒီအဖြစ်အပျက်တွေကနေတစ်ဆင့် အဆင့်အတန်းရှိတာက လူတစ်ယောက် သမ္မာတရားကို လိုက်စားတယ်၊ ဒါမှမဟုတ် သမ္မာတရား လက်တွေ့ကျမှုတွေ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး၊ ဘုရားသခင်ရဲ့ လက်ခံမှု ဒါမှမဟုတ် အသိအမှတ်ပြုမှုကို ရတယ်ဆိုတာမျိုးကတော့ ဝေလာဝေးပဲဆိုတာ ကျွန်တော် မြင်ခဲ့ရတယ်။ သမ္မာတရားကို လိုက်စားခြင်းကသာ ကယ်တင်ခံရဖို့နဲ့ စုံလင်အောင် ပြုခြင်းခံရဖို့အတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်။ အဆင့်အတန်း မရှိရင်တောင်မှ လူတစ်ယောက်က သမ္မာတရားကို လေးလေးနက်နက် လိုက်စားပြီး သူ့တာဝန်တွေကို ထမ်းဆောင်နေသရွေ့၊ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုတွေကို ရရှိနိုင်တယ်၊ သမ္မာတရားကို နားလည်နိုင်ပြီး လက်တွေ့ကျမှုထဲကို ဝင်ရောက်နိုင်ပါတယ်။ အဲဒီနောက်မှာ ကျွန်တော် စဉ်းစားမိတယ်၊ “ဘုရားသခင်ကို ယုံကြည်လာတဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ငါ ဘာလို့ ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်မခံရတာလဲ။ တကယ်တော့ ငါ့မှာ ဘာတွေ လိုအပ်နေတာလဲ” ပေါ့။ ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူး ဖြစ်ဖို့ဆိုရင် လူတစ်ယောက်မှာ သမ္မာတရားကို နားလည်နိုင်တဲ့ အစွမ်းအစ ရှိရမယ်၊ တာဝန်တွေမှာ စည်းမျဉ်းတွေကို သဘောပေါက်ရမယ်၊ ပြီးတော့ ဝန်တာထားတဲ့စိတ်နဲ့ အလုပ်လုပ်နိုင်စွမ်း ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော့်မှာ ဘုရားနှုတ်ကပတ်တော်တွေကို သဘောပေါက်နားလည်နိုင်စွမ်း တချို့ရှိပေမဲ့ ကျွန်တော့်ရဲ့ ဇာတိပကတိက ကျွန်တော့်အပေါ် လွှမ်းမိုးနေတယ်၊ ကိုယ့်တာဝန်တွေမှာ ဝန်တာထားတဲ့စိတ် ကင်းမဲ့နေတယ်၊ ပြီးတော့ အလုပ်လုပ်နိုင်စွမ်းလည်း ညံ့ဖျင်းတယ်ဆိုတာ တွေ့လိုက်ရတယ်။ အလုပ်တွေ အရမ်းများလာတဲ့အခါ ကျွန်တော် ပြာယာခတ်သွားပြီး အဓိကအချက်တွေကို မဆုပ်ကိုင်နိုင်ခဲ့ဘူး၊ ပြီးတော့ ပြဿနာတွေကို ရှာဖွေတွေ့ရှိဖို့နဲ့ ဖြေရှင်းဖို့မှာလည်း ကျွန်တော် မကျွမ်းကျင်ခဲ့ဘူးလေ။ ဒီအပြုအမူတွေကို အကဲဖြတ်ရင် ကျွန်တော်က ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူး ဖြစ်ဖို့ တကယ်ကို မသင့်တော်ပါဘူး။ နောက်ပြီးတော့ ဒီဆင်ခြင်သုံးသပ်တဲ့ ကာလကနေတစ်ဆင့် ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော်ဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အဆက်မပြတ် လိုက်စားနေခဲ့ပြီး သမ္မာတရားကို လိုက်စားတဲ့သူ လုံးဝ မဟုတ်ခဲ့ဘူးဆိုတာကို မြင်လိုက်ရတယ်။ အခုအချိန်အထိတောင်မှ ကျွန်တော့်မှာ ဘာသမ္မာတရား လက်တွေ့ကျမှုမှ မရှိသေးဘူး၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့်ပြဿနာတွေကို ဖြေရှင်းပေးဖို့ သမ္မာတရားကိုလည်း မိတ်သဟာယ မဖွဲ့ပေးနိုင်ဘူး။ ဒါကြောင့် ကျွန်တော် ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်မခံရတာက တကယ်ကို သင့်လျော်ပါတယ်။ အသင်းတော်က ကျွန်တော့်ကို စာနဲ့ပတ်သက်တဲ့ တာဝန်တွေလုပ်ဖို့ စီစဉ်ပေးတာဟာ ဘုရားသခင်က ကျွန်တော့်ကို ကျေးဇူးတော်ချပေးပြီး ချီးမြှောက်တာပဲ ဖြစ်တယ်၊ ဒါကြောင့် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်သင့်ပါတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ သတ်မှတ်ချက်တွေကို ပိုပြီး ကောင်းကောင်း နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ဘုရားသခင် တောင်းဆိုသောအခါ လုပ်ငန်းတချို့တလေကို ပြီးမြောက်ရန် သို့မဟုတ် ကြီးကျယ်သော ကြိုးပမ်းမှုများကို ဆောင်ရွက်အောင်မြင်ရန်၊ သို့တည်းမဟုတ် ကြီးမားသစ်လွင်သော စွမ်းဆောင်မှုတစ်ခုခုကို စွမ်းဆောင်ရရှိရန် တောင်းဆိုခြင်းမရှိပေ။ ဘုရားသခင် အလိုရှိသောအရာမှာ လူတို့အနေဖြင့် လက်တွေ့ကျသော နည်းလမ်းဖြင့် သူတို့တတ်နိုင်သမျှကို လုပ်ဆောင်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ကြီးမြတ်ရန် သို့မဟုတ် မွန်မြတ်ရန်၊ သို့မဟုတ် ထူးဆန်းသောတန်ခိုးများ ပြုစေရန် မလိုအပ်သည့်အပြင် သင့်တွင် ကျေနပ်စရာကောင်းသော အံ့သြဖွယ်ရာများကို မြင်လိုခြင်းမရှိပေ။ သူသည် ထိုသို့သောအရာများကို မလိုအပ်ချေ။ ဘုရားသခင် လိုအပ်သမျှမှာ သင်သည် သူ၏နှုတ်ကပတ်တော်များအတိုင်း လက်တွေ့ကျသောပုံစံဖြင့် လက်တွေ့လုပ်ဆောင်ရန်သာ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီးနောက် ယင်းတို့အတိုင်း ပြုမူပြီး လုပ်ဆောင်လော့၊ သို့မဟုတ် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားနာပြီးနောက် ယင်းတို့ကို ကောင်းစွာ မှတ်သားထားလော့၊ ပြီးလျှင် လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်လော့။ ယင်းတို့ကို သင်၏အသက်၊ သင်၏ လက်တွေ့ကျမှုများနှင့် သင်အသက်ရှင်နေထိုင်နေသော အရာများ ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင် ကျေနပ်လိမ့်မည်။...သင်သည် ဘုရားသခင်နောက် လိုက်သော်လည်း ဤသည်မှာ ဘုရားသခင်က သင့်ကို ရွေးချယ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်မှာ ပြောစရာမလိုချေ။ သို့သော် သင့်ကို ဘုရားသခင်က ရွေးချယ်သည့် အဓိပ္ပာယ်ကား အဘယ်နည်း။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သူ၊ အမှန်တကယ် ဘုရားသခင်နောက် လိုက်သူ၊ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်နိုင်သူနှင့် ဘုရားသခင်၏လမ်းခရီးကို လိုက်နိုင်သူတစ်ဦးအဖြစ်သို့လည်းကောင်း၊ စာတန်နောက် မလိုက်ဘဲ၊ သို့မဟုတ် ၎င်း၏အာဏာအောက်တွင် အသက်မရှင်တော့ဘဲ သူတို့၏ စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားထားခဲ့သူအဖြစ်သို့လည်းကောင်း သင့်အား ပြောင်းလဲရန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်တွေမှာ သတိပေးချက်တွေ၊ တိုက်တွန်းနှိုးဆော်ချက်တွေနဲ့ ဆုံးမစကားတွေ အပြည့်ပါဝင်နေပြီး အဲဒါတွေအားလုံးက ဘုရားသခင်ရဲ့ စိတ်နှလုံးအနက်ရှိုင်းဆုံးထဲကနေ လူတွေဆီ ပေးတဲ့ ရိုးသားတဲ့ အကြံဉာဏ်တွေပါပဲ။ ကျွန်တော် အရမ်းကို တို့ထိခြင်းခံရတယ်။ လူတွေအနေနဲ့ သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားမယ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံမယ်၊ ပြီးတော့ သူတို့ရဲ့ တာဝန်တွေကို ရောင့်ရဲတင်းတိမ်စွာနဲ့ သစ္စာရှိရှိ ကောင်းကောင်းလုပ်ဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘုရားသခင်နောက်ကို လိုက်ဖို့ လူတွေကို ဘုရားသခင်က ရွေးချယ်တာပါ။ ဒီလိုနည်းနဲ့ဆိုရင် ဘုရားသခင် ကျေနပ်မှာပါ။ ဘုရားသခင်ရဲ့ အိမ်တော်အလုပ်ကို လူတစ်ယောက်တည်းနဲ့ ပြီးမြောက်အောင် လုပ်လို့ မရပါဘူး၊ အလုပ်ကို ကြီးကြပ်ဖို့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ လိုအပ်သလို သီးခြားအလုပ်တွေလုပ်ဖို့ ညီအစ်ကိုမောင်နှမတွေလည်း လိုအပ်ပါတယ်။ ဒါမှသာ အသင်းတော်ရဲ့ အလုပ်က ပုံမှန်တိုးတက်နိုင်မှာပါ။ အသင်းတော်က ကျွန်တော့်ကို စာနဲ့ပတ်သက်တဲ့ တာဝန်တွေလုပ်ဖို့ စီစဉ်ပေးတာဟာ ကျွန်တော့်ရဲ့ စွမ်းရည်၊ လူ့သဘာဝနဲ့ အစွမ်းအစတွေကို ဘက်စုံ အကဲဖြတ်မှုအပေါ် အခြေခံထားတာဖြစ်လို့ ကျွန်တော်က ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်သင့်ပါတယ်။ ဒါဟာ ကျွန်တော့်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပါပဲ။ ဒီအရာတွေကို နားလည်သွားပြီးတဲ့နောက်မှာ ကျွန်တော် အများကြီး ပိုပြီး လွတ်လပ်ပေါ့ပါးသွားတယ်၊ ကျွန်တော်နဲ့ ရွယ်တူ၊ ဒါမှမဟုတ် ပိုငယ်တဲ့၊ ဒါမှမဟုတ် ကျွန်တော့်ထက် ယုံကြည်တဲ့သက်တမ်း ပိုတိုတဲ့ ညီအစ်ကိုမောင်နှမတွေက ခေါင်းဆောင်တွေ၊ ကြီးကြပ်ရေးမှူးတွေ ဖြစ်လာတာကို မြင်တဲ့အခါ ကျွန်တော် စိတ်အနှောင့်အယှက် မဖြစ်တော့ဘူး၊ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင် မဖြစ်ရလို့လည်း စိတ်မချမ်းမသာဖြစ်တာ၊ စိတ်ပျက်တာတွေ မဖြစ်တော့ပါဘူး။ အခုဆိုရင် ကျွန်တော် ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ကျွန်တော် ပိုပြီး အာရုံစိုက်လာတယ်၊ ပြီးတော့ ကျွန်တော် ဘုရားဝတ်ပြုတဲ့အချိန်တွေမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေပါတယ်။ ကိုယ့်တာဝန်တွေမှာ ပိုပြီး အားထုတ်ဖို့ကိုလည်း ကျွန်တော် အာရုံစိုက်လာတယ်။ အလုပ်ထဲမှာ ကျွန်တော်မြင်ရတဲ့ ပြဿနာတိုင်းကို တက်တက်ကြွကြွ တင်ပြဆွေးနွေးတယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ကောင်းကောင်းလုပ်နိုင်ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို အာရုံစိုက်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ထားကို ပြင်ဆင်နိုင်ခဲ့တဲ့အတွက် အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်မှာ ကျွန်တော့်ရဲ့ အသက် ဝင်ရောက်မှုနဲ့ တာဝန်တွေ နှစ်ခုစလုံးမှာ အကျိုးအမြတ်တချို့ ရရှိခဲ့ပါတယ်။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
တစ်ခါ စကားစမြည်ပြောနေတဲ့ အတောအတွင်းမှာ အသင်းတော် ခေါင်းဆောင် ပြောတာကို ကြားမိတယ်၊ “ညီမ ဂေါင်က အစွမ်းအစကောင်းရှိတယ်၊ ကိစ္စတွေကို...
ယဲ့ဝေး၊ တရုတ်ပြည်၂၀၂၀ ခုနှစ် မတ်လတုန်းက အသင်းတော် ခေါင်းဆောင်အဖြစ် ကျွန်မ အရွေးခံခဲ့ရတယ်။ မကြာခင်မှာပဲ၊ ကွန်ပျူတာ ကျွမ်းကျင်မှုတွေကို...
ဟွမ်အိုက် ဂျပန်နိုင်ငံ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ဗီဒီယိုအလုပ် လိုအပ်ချက်တွေကြောင့် ကြီးကြပ်သူက ညီမကို ဗီဒီယိုတွေလုပ်ဖို့ စီစဉ်ပေးတယ်။...
ယန်ဖေချီ တရုတ်နိုင်ငံ ၂၀၁၇ မှာ ဘွဲ့ယူပြီးတဲ့နောက်၊ အသင်းတော်မှာ ကိုယ့်တာဝန်ကို စခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကြားမှာ ကျွန်မက...