ဘဝင်မြင့်ခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူပါ

31.08.2022

ဟွမ်အိုက် ဂျပန်နိုင်ငံ

၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ဗီဒီယိုအလုပ် လိုအပ်ချက်တွေကြောင့် ကြီးကြပ်သူက ညီမကို ဗီဒီယိုတွေလုပ်ဖို့ စီစဉ်ပေးတယ်။ အဲဒီအချိန်တုန်းက ညီမ တော်တော်ပျော်တယ်။ ဒါပေမဲ့ တာဝန်အသစ်မှာ ပြဿနာနဲ့ အခက်အခဲနည်းနည်းကို ကြုံတွေ့ရမယ်၊ ဒါကြောင့် နားမလည်တဲ့အခါမှာ သင်ယူမေးမြန်းရမယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ ဗီဒီယိုတွေလုပ်တဲ့ အစ်မလျူက သူ့အလုပ်ကို ညီမကို လွှဲပေးတဲ့အခါမှာ သူက အလုပ်ပမာဏများတဲ့ တာဝန်အသစ်ရှိနေတယ်၊ ညီမနဲ့ မြန်မြန်ပြီးချင်တယ်လို့ ပြောတယ်။ အလုပ်ကို ညီမကျွမ်းကျင်တဲ့အထိစောင့်ပြီးမှ ထွက်သွားဖို့ သူ စီစဉ်မထားဘူးဆိုတာ ညီမသိတယ်။ ညီမ စိတ်မပူဘဲ မနေနိုင်ဘူး။ “ဒီအလုပ်က အရမ်းရှုပ်ထွေးတာ။ ငါ အကုန်လုံး တစ်ခါတည်း ယူနိုင်ပါ့မလား” ပေါ့။ ဖုန်းခေါ်တာ မပြီးခင်မှာ ညီမ အခက်အခဲတစ်ခုခုရှိလားဆိုပြီး အစ်မလျူက မေးတယ်။ ညီမ စိုးရိမ်တာတွေကို ပြောပြမလို့ပဲ။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “ငါက သူ့ကို အခုမှ တွေ့တာ။ စတွေ့တွေ့ချင်းအမြင်က အရေးကြီးတယ်။ သူ့တာဝန်အသစ်ကို ထိန်းချုပ်ဖို့ သူကအလျင်လိုနေတာဆိုတော့ ငါသူ့ကို ဆွဲထားလို့မဖြစ်ဘူး။ ငါက အလုပ်မစခင်မှာ အခက်အခဲတွေအကြောင်းမေးပြီး တောင်းဆိုတာတွေလုပ်ရင် သူက ငါ့ကို ဘယ်လိုထင်မလဲ။ အရူးတစ်ယောက်က သူ့အလုပ်ကို ယူလုပ်နေတယ်၊ ငါက အလုပ်အတွက် မသင့်တော်တဲ့သူပဲလို့ ထင်မှာမဟုတ်ဘူးလား” ပေါ့။ အဲဒါနဲ့ ညီမဆန္ဒကို ဆန့်ကျင်ပြီး “မေးစရာမရှိပါဘူး” လို့ပြောလိုက်တယ်။ ညီမက အစွမ်းအစရှိပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ သက်သေပြဖို့အတွက် သူ ညီမကို မိတ်ဆက်ပေးတဲ့ အတတ်ပညာပိုင်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အကြံနည်းနည်းပေးလိုက်တယ်။ အဲဒီအချိန်မှာ ညီမက ကိုယ့်အားနည်းချက်တွေကို ဖုံးကွယ်ဖို့အတွက် ကိုယ့်အားသာချက်တွေကို အသုံးပြုနေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ညီမက အစွမ်းအစကောင်းရှိတယ်လို့ သူက မှားထင်ပြီး သူ ညီမကို သင်ပေးတဲ့အချိန်ကို လျှော့လိုက်ရင်၊ အလုပ်ကို ညီမက ဖြည်းဖြည်းလေးပဲ လုပ်ပြီး နှောင့်နှေးနေရင် ဘယ်လိုလုပ်မလဲ ပေါ့။ ဒါပေမဲ့ နောက်တော့ ညီမ တွေးမိတယ်။ ညီမက ပြောပြီးပြီဆိုတော့ စကားကို ပြန်ရုတ်သိမ်းလို့ မရတော့ဘူး။ အနာဂတ်မှာ ပြဿနာတွေရှိရင် သူ့ကို အကူအညီတောင်းလို့ရတယ် ပေါ့။

နောက်နေ့မှာ အစ်မလျူက ညီမကိုပြောတယ်။ နောက်ကျရင် ညီမတာဝန်မှာ အစ်မဝမ်က ညီမရဲ့ တွဲဖက်ဖြစ်မယ်တဲ့။ အစ်မဝမ်က လွန်ခဲ့တဲ့ တစ်လမပြည့်ခင်လောက်က ဗီဒီယိုတွေကိုစလုပ်ပြီး အမြန်တတ်သွားတယ်၊ အခု သူ့တာဝန်ကို အမှီအခိုကင်းကင်းနဲ့ လုပ်နိုင်တယ်လို့ သူက ပြောတယ်။ နောက်ပိုင်းမှာ အလုပ်ကို အစ်မဝမ်နဲ့ ညီမ ဆွေးနွေးတဲ့အခါမှာ သူက အလုပ်အသွားအလာကို တော်တော် ကျွမ်းကျွမ်းကျင်ကျင်နဲ့ ရှင်းပြတယ်။ အလုပ်ကို ဘယ်လိုခွဲပြီး ပူးပေါင်းဆောင်ရွက်ရမယ် စသဖြင့် ဆွေးနွေးတယ်။ သူလုပ်တဲ့အလုပ်ကို ကျွမ်းကျင်တဲ့ပုံစံ သေချာပေါက်ရှိတယ်။ ညီမက အစ်မဝမ်လောက်အရည်အချင်းမရှိတာကို သိပါတယ်။ ဒါပေမဲ့ ညီမနဲ့ အစ်မဝမ်ကြားက ကွာဟမှုကို အစ်မလျူမမြင်အောင်လို့ ညီမက သူ့အနားမှာ အရမ်းသတိထားလာတယ်။ ညီမအားနည်းချက်တွေကို ဖော်ပြမိမှာကို စိတ်ပူမိတယ်။ ညီမ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေရှိတဲ့အခါမှာ သူ့ကိုမေးရမယ့်အစား သတင်းအချက်အလက်တွေ တတ်နိုင်သလောက်ဖတ်ပြီး ကိုယ့်ဘာသာ ဖြေရှင်းတယ်။ ညီမက အလုပ်ကြိုးစားပေမဲ့ တိုးတက်မှုက နှေးနေတယ်။ ညီမတို့အလုပ်ကိုကြည့်ဖို့ ခေါင်းဆောင်လာတဲ့အခါမှာ ညီမနားမလည်တဲ့ အသေးစိတ်အချက်တွေအများကြီးရှိတယ်။ ခေါင်းဆောင်ရဲ့ မေးခွန်းတွေအားလုံးနီးပါးကို အစ်မဝမ်ကဖြေတယ်။ ဒီဟာကြောင့် ညီမ စိတ်ဓာတ်ကျပြီး အသုံးမဝင်သလို ခံစားရတယ်။ မကြာခင်မှာ တစ်ပတ်ကျော်ကြာသွားပြီး ညီမက ကိုယ့်ဘာသာအလုပ်မလုပ်နိုင်တာကြောင့် အစ်မလျူက သူ့တာဝန်အသစ်ကို မစနိုင်သေးဘူး။ ဒီဟာကြောင့် ညီမက ပိုပြီးတော့တောင် ရှက်မိတယ်။ ဒါပေမဲ့ ညီမက အမြန်မသင်ယူတာကြောင့် အလွယ်တကူနဲ့ စိတ်ဓာတ်ကျတာကို သူသိသွားရင် ညီမရဲ့ ဝိညာဉ်ရင့်ကျက်မှုက နည်းတယ်၊ အစွမ်းအစနည်းတယ်၊ အရည်အချင်းမရှိဘူးလို့ သူထင်နိုင်တယ်လို့လည်း ညီမ တွေးမိတယ်။ အဲဒီအချိန်ကာလမှာ ညီမက ကောက်ရိုးပုံထဲမှာ ပုန်းနေရသလို ခံစားမိတယ်။ ညီမရဲ့ ဆိုးဝါးတဲ့ အခြေအနေကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး။ အဖွဲ့ထဲမှာ အမှုကိစ္စတွေနဲ့ အမြန်ဆုံးရင်းနှီးပြီး အလုပ်စလုပ်ချင်ခဲ့တယ်။ ဒါဆိုရင် အစ်မလျူက နောက်ဆုံးမှာ ထွက်သွားနိုင်ပြီး နေ့တိုင်း သူ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် မလုပ်ရတော့ဘူးပေါ့။ ဒါပေမဲ့ ညီမရဲ့ တိုးတက်မှုက အရမ်းနှေးနေသေးတယ်။ ဘုရားရဲ့လမ်းပြမှုကို လုံးဝ မခံစားရဘူး။ နာကျင်မှုတွေနဲ့ ညီမ ဆုတောင်းပြီး ရှာဖွေဖို့ ဘုရားရှေ့ကိုလာပြီးတော့ ကိုယ့်ကိုယ်ကိုယ်သိအောင် ကူညီပေးဖို့ ဘုရားကို ဆုတောင်းတယ်။ တစ်နေ့မှာတော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ညီမဖတ်ရတယ်။ “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဟန်ဆောင်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ၊ ယင်းက အဘယ်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်၊ ဆိုးယုတ်သည့်အရာတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ)လူတို့ကိုယ်တိုင်သည် အဖန်ဆင်းခံအရာများ ဖြစ်ကြ၏။ အဖန်ဆင်းခံ အရာများက အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ရရှိနိုင်ပါသလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ေထိုးဖောက်သိမြင်နိုင်ပြီး အရာရာကို စွမ်းဆောင်နိုင်သလော။ မဖြစ်စေနိုင်ပေ။ သို့သော်၊ လူသားများထဲတွင်၊ ဖောက်ပြန်ပျက်စီးခြင်းများနှင့် ဆိုးရွားသော အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် တတ်ကျွမ်းမှုတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက်၊ သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားမိကြသည်။ ၎င်းတို့သည် မည်သို့ပင် ထူးခြားမှုမရှိသည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် နာမည်ကြီးသော၊ သို့မဟုတ် အဆင့်မြင့်သောပုဂ္ဂိုလ်တစ်ယောက်ယောက်အဖြစ် ပြရုပ်တင်လိုကြသည်။ အသေးစား နာမည်ကြီးသူတစ်ယောက်ယောက်အဖြစ် ပြောင်းလဲလိုကြသည်။ ချို့ယွင်းချက်တစ်ခုမှမရှိဘဲ ၎င်းတို့က စုံလင်ပြီး အပြစ်အနာအဆာကင်းသည်ဟု လူတို့ကို ထင်စေလိုကြသည်။ သူတစ်ပါးတို့၏အမြင်တွင် ၎င်းတို့သည် ကျော်ကြားလာကာ၊ အာဏာကြီး၍၊ ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်လိုပြီး စွမ်းအားကြီးလိုကြသည်။ မလုပ်နိုင်သည့်အရာမရှိဘဲ၊ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်လိုကြသည်။ ၎င်းတို့သည် အခြားလူတို့၏ အကူအညီကို ရှာဖွေလျှင် ၎င်းတို့သည် မစွမ်းဆောင်နိုင်၊ အားနည်းသည်၊ နိမ့်ကျသည် ဆိုသည့်ပုံပေါ်မည်၊ လူတို့သည် ၎င်းတို့အား အထင်သေးကြမည်ဟု ထင်မြင်ကြသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် လှည့်ဖြား၍ဟန်ပြလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နှစ်ရက်သုံးရက် လေ့လာပြီးသည့်နောက် မည်သို့လုပ်ရမည်ကို ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့ အခြေအနေမည်သို့ရှိသည်ကို အမေးခံရသည့်အခါ ၎င်းတို့က ‘မကြာမီ ပြီးမည်၊ မကြာမီပြီးမည်’ ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ ‘မရသေးဘူး။ ငါ ဘာမှ မသိ။ ငါ ဘာလုပ်ရမည်ကိုလည်း မသိ။ ငါ လက်လျှော့၍မဖြစ်ပေ၊ ဆက်၍ ဟန်ဆောင်ရမည်၊ ငါ၏ အားနည်းချက်များ၊ မသိနားမလည်မှုများကို လူတို့အား မြင်ခွင့်ပေး၍ မဖြစ်။ ငါ့ကို အထင်သေးခွင့်ပြု၍ မဖြစ်။’ ဟု ၎င်းတို့ တွေးနေကြသည်။ ဤသည်မှာ အဘယ်ပြဿနာနည်း။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ သိက္ခာဆည်ရန် ကြိုးစားသည့် အသက်ရှင်နေစဉ်ဖြစ်သော ငရဲဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် အသိစိတ်အားလုံး ပျောက်ဆုံးပြီးဖြစ်သည်။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများမဖြစ်လိုကြဘဲ မဟာလူသား၊ အဆင့်မြင့်သောသူတစ်ယောက်၊ အစွမ်းထက်သူတစ်ယောက်ယောက် ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် သာမန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍၊ ယင်းကို သူတို့ အပြီးသတ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကိုယ် ဆက်လက် အယောင်ဆောင်ကြလေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်က ညီမအခြေအနေကို အတိအကျဖွင့်ပြပါတယ်။ အလုပ်ကို ညီမ လွဲယူပြီးတဲ့နောက်မှာ ညီမတွေးသမျှက အလုပ်ကို ဖြစ်နိုင်သမျှအမြန်ဆုံးကျွမ်းကျင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာပဲ။ ညီမက အစွမ်းအစကောင်းရှိပြီး အလုပ်လုပ်နိုင်တယ်လို့ လူတိုင်းက မြင်အောင်ပေါ့။ ညီမဝင်လုပ်ရတဲ့အချိန်မှာ အစ်မလျူက အမြန်ထွက်ချင်နေတယ်ဆိုတာ သိရတယ်။ ဒီလိုတိုတောင်းတဲ့အချိန်အတွင်းမှာ ကျွမ်းကျင်မှုတွေ၊ လုပ်ငန်းစဉ်တွေအများကြီးကို မကျွမ်းကျင်နိုင်တာ သိသာပါတယ်။ ဒါပေမဲ့ “ညီမက ဒီလောက် မမှတ်မိနိုင်ဘူး၊ နောက်ထပ် သုံးလေးရက်လောက် သင်ပေးစေချင်တယ်” ဆိုတာမျိုးကိုတောင် ညီမ မပြောရဲခဲ့ဘူး။ ညီမက အတတ်ပညာပိုင်း အစွမ်းအစရှိတယ်လို့ သက်သေပြဖို့အတွက် လှည့်ကွက်တွေတောင်သုံးပြီး အစ်မကို အကြံတွေပေးလိုက်သေးတယ်။ ညီမက အစ်မဝမ်ထက် နိမ့်တယ်လို့ အစ်မလျူကို မမြင်စေချင်ဘူးလေ။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့တောင် ဖုံးကွယ်ပြီး အယောင်ဆောင်တယ်။ ညီမရဲ့ အားနည်းချက်တွေကို အမှတ်တမဲ့ ဖော်ထုတ်မိမှာကြောက်လို့ အစ်မလျူအနားမှာ အရမ်းသတိထားခဲ့တယ်။ နောက်ပြီးတော့ အခုအချိန်က အလုပ်ကို လွဲယူရမယ့်အချိန်လို့ ခံစားမိတယ်။ ဒါကြောင့် ခေါင်းဆောင်နဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးကပါ ညီမရဲ့ စွမ်းဆောင်မှုကို ကြည့်နေကြတယ်။ ညီမရဲ့ အစွမ်းအစနဲ့ တကယ့်ဝိညာဉ်ရင့်ကျက်မှုက ပေါ်သွားတာနဲ့ လူတွေက ညီမကို အထင်သေးကြမှာ။ ညီမက အစွမ်းအစမရှိဘဲ ဗီဒီယိုတွေလုပ်ဖို့ မသင့်တော်တာကို ခေါင်းဆောင်က သတိထားမိပြီး ညီမကို ထုတ်လိုက်ရင် တော်တော်ရှက်ဖို့ကောင်းမှာပဲ ပေါ့။ အဲဒါနဲ့ မေးခွန်းတွေ၊ အခက်အခဲတွေရှိတဲ့အခါမှာ မမေးချင်ခဲ့ဘူး။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဖုံးကွယ်ပြီး အယောင်ဆောင်နေတော့ ဘယ်လိုလုပ် တိုးတက်မှာလဲ။ လူတွေက တာဝန်အသစ်ကိုစတဲ့အခါမှာ အားလုံးက မရင်းနှီးဘူးလေ။ ဒါကြောင့် သူတို့နားမလည်တဲ့ဟာတွေ အများကြီးရှိတာက သာမန်ပဲ။ ဒါ့အပြင်ကို ညီမရဲ့ အလုပ်အရည်အချင်းတွေက အဲလောက်မကောင်းဘူးဆိုတော့ ပိုပြီးတော့ မေးခွန်းမေးပြီး ရှာဖွေဖို့လိုတယ်။ ဒါပေမဲ့ ညီမက မာနထောင်လွှားလွန်းတယ်။ ညီမက ကိုယ့်ဘာသာ အဆင်ပြေတယ်၊ အလုပ်ကို ကိုင်တွယ်နိုင်တယ်လို့ သက်သေပြချင်တယ်။ ဒါကြောင့် အမြဲတမ်းပဲ ကိစ္စတွေကို နားလည်ဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် အယောင်ဆောင်တယ်။ ဒါကြောင့် ညီမ သိထားသင့်တာတွေကို နားလည်ထားဖို့ နှောင့်နှေးသွားတယ်။ အလုပ် လွှဲပြောင်းတာက နှောင့်နှေးသွားပြီး အစ်မလျူထွက်သွားဖို့ မဖြစ်နိုင်ဖြစ်သွားတယ်။ ညီမလုပ်တာက တကယ်တမ်း ထိခိုက်နစ်နာစေပါတယ်။ အလုပ်ကို နှောင့်နှေးအောင်လုပ်ပြီး တစ်ခါတောင် အပြစ်ရှိသလို မခံစားခဲ့ဘူး။ အဲဒီတစ်ချိန်လုံးမှာ ညီမရဲ့ တကယ့်အရည်အချင်းကို လူတွေမြင်မှာ၊ အထင်သေးခံရမှာကို စိုးရိမ်နေခဲ့တယ်။ ညီမက လုံးဝ ကျိုးကြောင်းမသင့်ခဲ့တာပါ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ညီမတွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်သို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာဖြစ်လိမ့်မည်။ သင်သည် ချည်နှောင်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။ သင်မိတ်သဟာယပြုသည့်အချိန်တွင် မည်သို့ဖွင့်ဟပြောဆိုရမည်ကို သင်ယူခြင်းသည် အသက်အတွင်းသို့ ဝင်ရောက်ရာတွင် ပထမ အဆင့်ဖြစ်သည်။ ဆက်လက်၍ မည်သည့်အရာက မှားသည်၊ ဘုရားသခင်ကမည်သည့်အရာကို မနှစ်သက်သည်ကို မြင်ရန် သင်၏ အတွေးများနှင့် လုပ်ရပ်များကို စိစစ်ဖို့ သင်ယူရန်လိုပြီး ၎င်းတို့ကို ချက်ချင်း ပြောင်းပြန်လှန်ကာ၊ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအရာများကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အတွင်းရှိ စာတန်နှင့်သက်ဆိုင်သော အရာများကို ငြင်းပယ်ပြီး ၎င်းတို့ကို သမ္မာတရားနှင့် အစားထိုးနေစဉ်တွင်၊ သမ္မာတရားကို လက်ခံပြီး စတင် နားလည်သဘောပေါက်ဖို့ ဖြစ်သည်။ ယခင်က သင်သည် အရာရာကို သင်၏ ကောက်ကျစ်သော စိတ်သဘောထားအတိုင်း လုပ်ဆောင်ခဲ့သည်၊ ယင်းက လိမ်လည်လှည့်စားခြင်း ဖြစ်သည်။ မလိမ်ညာဘဲ မည်သည့်အရာမျှ သင်လုပ်ဆောင်၍ မရနိုင်ဟု သင်ခံစားရသည်။ ယခုအခါ သမ္မာတရားကို သင်နားလည်ပြီး အမှုကိစ္စများကို စာတန် လုပ်ဆောင်သည့် နည်းလမ်းများအား စက်ဆုပ်ရွံရှာသောကြောင့် ထိုနည်းအတိုင်း သင် မပြုမူတော့ချေ၊ သင်သည် ရိုးသားသည့်၊ သန့်စင်သည့်၊ နာခံသည့် စိတ်အနေအထားနှင့် လုပ်ဆောင်သည်။ သင်သည် မည်သည့်အရာကိုမျှ ထိန်းထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ ဟန်ဆောင်လှည့်စားခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အယူအဆများနှင့်အတွေးများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ ဘုရားသခင်ကို အမှန်တကယ် နာခံသည့်သူများသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိပေသည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကိုယ်က အားနည်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုရှိပြီး သူများတွေအတွက် အထင်မှားအောင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းအယောင်ဆောင်ရင် ဒါဟာ ဉာဏ်များပြီး လှည့်စားတာပဲ။ ဆိုးယုတ်တဲ့ သဘာဝကြောင့် ဖြစ်တာပဲ။ ဒီလိုလုပ်ရင် သမ္မာတရားထဲကို လုံးဝ ဝင်ရောက်မှာမဟုတ်ဘူး။ ညီမရဲ့ ကောင်းတဲ့ဘက်၊ ဆိုးတဲ့ဘက်နှစ်ခုလုံးကို ဖွင့်ချပြသင့်တယ်။ ဘုရားနဲ့ တခြားလူတွေနဲ့ ညီမ ရိုးသားသင့်တယ်။ ဒီလိုဆိုရင် ညီမစိတ်နှလုံးက ပိုပိုပြီး ရိုးသားလာမယ်။ ဘုရားရဲ့ မျက်မှောက်တော်မှာ အသက်ရှင်နိုင်တယ်။ ညီမရဲ့ ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကို အချိန်မီပြောင်းပစ်နိုင်တယ်။ ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းနောက်လိုက်တဲ့ မှားယွင်းတဲ့လမ်းကြောင်းကို လျှောက်တာကနေ တားဆီးပေးနိုင်တယ်။ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းရှိပြီးတဲ့နောက်မှာ ညီမရဲ့ အခြေအနေကို အစ်မလျူကို ဖွင့်ပြောပြခဲ့တယ်။ မျှော်လင့်မထားဘဲ အစ်မလျူကပြောတယ်။ ညီမ ဖွင့်ပြောပြီးတဲ့နောက်မှာ သူက သူ့တာဝန်ကို မဖြည့်ဆည်းခဲ့ဘူးဆိုတာကိုလည်း သဘောပေါက်သွားတယ် တဲ့။ သူက သူ့တာဝန်အသစ်ကို ကိုင်တွယ်ဖို့ပဲစဉ်းစားနေတာဆိုတော့ အလုပ်ကို ကောင်းကောင်းလွှဲမပေးခဲ့ဘူး။ အလုပ်တွေကို ညီမနားလည်သွားပြီးမှ သူ ထွက်မယ်လို့လည်း ပြောတယ်။ ဒါကိုကြားတော့ ညီမ တော်တော်စိတ်လှုပ်ရှားမိတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကို ဖွင့်ချပြီး ပြသခြင်းအားဖြင့် ညီအစ်ကိုမောင်နှမတွေရဲ့ အကူအညီ၊ အထောက်အပံ့ကို ရနိုင်တယ်၊ တာဝန်တွေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ လက်တွဲလုပ်နိုင်တယ် ပိုအရေးကြီးတာက ရိုးသားပြီး နာခံတဲ့ သဘောထားနဲ့ အလုပ်တွေကို လုပ်နိုင်တယ်ဆိုတာကို ညီမ ကြုံတွေ့ခဲ့ရတယ်။ ဒါက ဘုရားရဲ့ မျက်မှောက်တော်မှာ အသက်ရှင်ပြီး ဘုရားရဲ့ စေခိုင်းချက်အပေါ် တာဝန်သိတတ်တာပါ။ ဒါက ဘုရားရဲ့ လက်ခံမှုကို ရရှိနိုင်တယ်။ အဲဒီနောက်တော့ ညီမက အလုပ်နဲ့ ဘယ်လောက်ရင်းနှီးတယ်ဆိုတာကို အစ်မကို အမှန်အတိုင်းပြောပြခဲ့တယ်။ သူက ဦးတည်ချက်ထားပြီးလုပ်တဲ့ပုံစံနဲ့ ညီမကို ကူညီခဲ့တာကြောင့် အများကြီး သင်ယူခဲ့ရတယ်။ ညီမတာဝန်ကို လုပ်ဖို့ ဘာကြောင့်အရမ်းခက်နေတယ်ဆိုတဲ့ အကြောင်းပြချက်ကိုလည်း သဘောပေါက်ခဲ့တယ်။ ညီမက အလုပ်လုပ်ဖို့ အရည်အချင်းရှိတယ်ဆိုတာ သက်သေပြဖို့ အလုပ်အားလုံးကို တစ်ပြိုင်နက်ရင်းနှီးချင်တယ်။ ဒါကြောင့် တာဝန်တွေကို ဦးစားပေးလုပ်ဖို့ အရည်အချင်း ပျောက်သွားပြီး တိုးတက်မှုက နှောင့်နှေးသွားတယ်။ အဲဒီနောက်မှာ ညီမက အလုပ်ကို အမျိုးအစားခွဲပြီး ဦးစားပေးလုပ်တယ်။ ဒါကြောင့် ဦးတည်ချက်ထားပြီး အစီအစဉ်ကျတဲ့ပုံစံနဲ့ လုပ်နိုင်တယ်။ အလုပ်နဲ့ အမြန် ရင်းနှီးလာတယ်။ ဒီအတွေ့အကြုံကနေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း ဆောင်ရွက်ခြင်းရဲ့ ချိုမြိန်မှုကို ညီမ မြည်းစမ်းခဲ့ရတယ်။ ကိုယ့်တာဝန်မှာ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ရိုးသားတဲ့သဘောထားရှိခြင်းရဲ့ အရေးကြီးမှုကိုလည်း မြင်ခဲ့တယ်။ ဒီနည်းနဲ့သာ ဘုရားရဲ့လမ်းပြမှုနဲ့ ကောင်းချီးတွေကို ညီမရနိုင်ပါတယ်။ အဲဒီနောက်မှာ ညီမနားမလည်တဲ့ ပြဿနာတွေကို ကြုံရတဲ့အခါမှာ ဖြေရှင်းချက်တွေရှာဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ တက်တက်ကြွကြွရှာဖွေတယ်။ ဒီနည်းနဲ့ အချိန်ခဏလောက် လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုလိုချင်တဲ့ ညီမဆန္ဒက လျော့သွားတယ်၊ ဖွင့်ပြောပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ရာမှာ ဝင်ရောက်မှုတချို့ရခဲ့တယ်လို့ ညီမ ထင်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာ ဘုရားသခင်က ညီမကို ထုတ်ဖော်ဖို့ ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ခဲ့တယ်။ အဲဒါကြောင့် ညီမက ကိုယ့်ကိုယ်ကိုယ်အပေါ် အမြင်ကို ငြင်းဆန်ခဲ့ပါတယ်။

တစ်လကြာပြီးတဲ့နောက်မှာ ညီမက အလုပ်နဲ့မကိုက်တာကြောင့် ဗီဒီယို အလုပ်က နည်းသွားပြီး ဝန်ထမ်းလျှော့ချတာကြောင့် ခေါင်းဆောင်က ညီမကို လူသစ်တွေကို ရေလောင်းတာဆက်လုပ်ဖို့ စီစဉ်ပေးတယ်။ ဒီဟာကြောင့် တော်တော်ရှက်မိတယ်။ လူသစ်တွေကို ညီမ အတူရေလောင်းလေ့ရှိတဲ့ ညီအစ်ကိိုမောင်နှမတွေကို ရင်မဆိုင်ချင်ဘူး။ ရှောင်လွှဲပြီးတော့ ဧဝံဂေလိပဲ ဟောချင်တယ်။ ဒါပေမဲ့ လူသစ်တွေကိုရေလောင်းတဲ့တာဝန်ကို ပြန်လာရတာက ပြောင်းလို့မရတော့ဘူး။ လေလျော့နေတဲ့ ဘောလုံးတစ်လုံးလို ညီမ ခံစားရတယ်။ ခေါင်းက အောက်ပြုတ်ကျနေပြီး ပြန်မထနိုင်ဘူး။ ဒီအချိန်မှာ ကျွန်မအနားက အစ်မ ကျွန်မအခြေအနေက မမှန်ဘူးဆိုတာ မြင်ပြီး ညီမဆီကို နာခံခြင်းအကြောင်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုပို့လိုက်ပြီး ညီမနဲ့ စကားပြောချင်တယ်လို့ ပြောတယ်။ ညီမ ချက်ချင်း သတိဝင်သွားတယ်။ “ငါက မကောင်းတဲ့အခြေအနေမှာရှိနေတယ်ဆိုတာ ငါ့အစ်မက မြင်သွားတာလား။ ငါက ဗီဒီယိုအဖွဲ့ကနေ အဖယ်ခံရတာကို သူသိရင် ငါ့ကို အထင်သေးမှာလား။ ငါ့ပုံရိပ်ကို လက်မလွှတ်နိုင်လို့ အပျက်သဘောဆောင်တာကို သူသိရင် သမ္မာတရားစစ်မှန်မှုတစ်ခုမှ မရဘဲ ဘုရားကို နှစ်ချီပြီး ယုံကြည်ခဲ့တယ်လို့ သူထင်မှာလား။ ငါက သမ္မာတရားကို မလိုက်စားတဲ့သူလို့ သူ ထင်မှာလား” ပေါ့။ အဲဒါနဲ့ ညီမက ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံလိုက်တယ်။ “အခု ဗီဒီယိုအလုပ်က ပြီးနေပြီဆိုတော့ ညီမက အနှေးနဲ့အမြန် ပြောင်းရွှေ့ခံရမှာပဲ။ အစ်မကျောက်လည်း ပြန်ပြောင်းလာတယ်” ပေါ့။ အစ်မကျောက်က နဂိုက ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်တာဆိုတော့ ညီမက သူ့အကြောင်းပြောလိုက်တယ်။ သူ ပြန်ရောက်လာရင် ညီမပြန်ရောက်လာတာကလည်း သာမန်ပဲပေါ့။ ညီမအစ်မက ဒါကိုကြားပြီးတော့ ဘာမှ ထပ်မမေးတော့ဘူး။ ဒီအဆင့်မှာ ညီမ အားနည်းနေလို့မရဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ ညီမက ပြောင်းရွှေ့ခံရတာကို စိတ်မဆိုးဘူး၊ နာခံနိုင်တယ်လို့ လူတိုင်းမြင်နိုင်ဖို့အတွက် ညီမ စိတ်ဓာတ်ခိုင်မာပြီး ကိုယ့်တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်ရမယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် အယောင်ဆောင်ပြီး စိတ်ဓာတ်ခိုင်မာဟန်ဆောင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ညီမက စိတ်ဆင်းရဲပြီး စိတ်ဓာတ်ကျနေတယ်။ တစ်ခါတလေမှာ ညီမအစ်မရဲ့ အကူအညီကို ညီမ ငြင်းပယ်ခဲ့တာကို တွေးပြီး နောင်တရတယ်။ “သူက ငါ့ကို ကြင်ကြင်နာနာနဲ့ ကူညီပေးတာ။ ဒါဆို ငါက ကိုယ့်ပုံရိပ်ကိုကာကွယ်ဖို့ ဘာလို့ သူ့ကို ငြင်းဆန်ခဲ့တာလဲ။ ဘာလို့ သူ့ကို ငါ ရိုးရိုးပဲ ဖွင့်မပြောနိုင်တာလဲ” ပေါ့

နောက်ပိုင်းမှာ အစ်မတစ်ယောက်က ပို့လိုက်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ညီမအခြေအနေအပေါ် အသိအမြင်တချို့ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဖောက်ပြန်ပျက်စီးသောလူသားများသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင် ကျွမ်းကျင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်ဖောက်ပြန်ပျက်စီးမှုကို ပြသည်ဖြစ်စေ မိမိတို့ကိုယ်ကို အစဉ် ဟန်ဆောင်ကြသည်။ တစ်စုံတစ်ခုမှားယွင်းလျှင်၊ သို့မဟုတ် ၎င်းတို့သည် တစ်ခုခုကို မှားယွင်းစွာ လုပ်ဆောင်လျှင် အပြစ်ကို သူတစ်ပါးတို့အပေါ် ပုံချချင်သည်။ ၎င်းတို့သည် ကောင်းသောအရာများအတွက် အသိအမှတ်ပြုခံရခြင်းကို ၎င်းတို့ကိုယ်တိုင်အတွက် ရချင်သည်။ မကောင်းသောအရာများအတွက် အပြစ်ကို သူတစ်ပါးတို့ထံသို့ ရောက်စေချင်သည်။ လက်တွေ့ဘဝတွင် ဤသို့ဖြစ်သော ဟန်ဆောင်မှုများစွာမရှိသလော။ အလွန်ပင်များလွန်းသည်။ အမှားပြုလုပ်ခြင်း၊ သို့မဟုတ် အယောင်ဆောင်ခြင်းတွင် မည်သည့်အရာက စိတ်သဘောထားနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခြင်းသည် စိတ်သဘောထားနှင့်ဆိုင်သည်။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထား၊ ဆိုးယုတ်မှု၊ သစ္စာဖောက်မှုပါဝင်သည်။ ဘုရားသခင်က အလွန်အမင်း အထင်သေးသည်။ အမှန်တကယ်တွင် သင်က သင့်ကိုယ်သင် အယောင်ဆောင်သောအခါ လူတိုင်းက မည်သည့်အရာဖြစ်ပျက်နေသည်ကို နားလည်သည်။ သို့သော် သူတစ်ပါးတို့က မမြင်ဟု သင်က ထင်သည်။ သင်သည် သိက္ခာဆည်ပြီး သင်သည် လုံးဝ အမှားမလုပ်ခဲ့ဟု လူတိုင်းကို ထင်စေရန် အားထုတ်သည့်အနေဖြင့် ငြင်းခုံပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြရန် အစွမ်းကုန်ကြိုးစားသည်။ ဤသည်မှာ မမိုက်မဲသလော။ ဤအရာကို သူတစ်ပါးတို့က မည်သို့ ထင်သနည်း။ မည်သို့ ခံစားရသနည်း။ စိတ်ကုန်ပြီး ရွံရှာကြသည်။ သင်သည် အမှားတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ယင်းကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လျှင်၊ ယင်းကို အခြားလူတိုင်းအား ပြောဆိဆွေးနွေးခွင့်ပြု၊ ပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မှတ်ချက်ပေးခြင်း၊ ပိုင်းခြားသိမြင်ခြင်းကို ခွင့်ပြုလျှင်၊ ယင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုနိုင်ပြီး ပိုင်းခြားစိစစ်နိုင်လျှင်၊ ယင်းအပေါ် လူတိုင်း၏ ထင်မြင်ချက်သည် မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ ဖွင့်ဟထားသောကြောင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်၏ လုပ်ရပ်များ၊ အပြုအမူအများမှ တစ်ဆင့်သင့်စိတ်နှလုံးကို ၎င်းတို့ မြင်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ကိုယ်သင် အယောင်ဆောင်ပြီး လူတိုင်းကို လှည့်စားဖို့ ကြိုးပမ်းလျှင် လူတို့သည် သင့်ကို အထင်အမြင်သေးလိမ့်မည်။ သင်သည် မိုက်မဲသောသူဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် ဟန်ဆောင်ဖို့ မကြိုးစားပါက၊ သို့မဟုတ် ဆင်ခြေမပေးပါက၊ သင်၏ အမှားများကို ဝန်ခံနိုင်ပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူများ၏ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက်၊ သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည်မဟုတ်သကဲ့သို့ အခြားသူများက အမှားများ ပြုလုပ်သည့်အခါတွင် သူတို့အား သင်အကျပ်ရိုက်စေတော့မည် မဟုတ်ဘဲ၊ နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိပြီး မိုက်မဲသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိသူတစ်ဦးဖြစ်စေလိမ့်မည်။ ဉာဏ်ပညာမရှိသူများသည် မိုက်မဲသူများဖြစ်ပြီး နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ မြင်ရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့်အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် ဟန်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ လူပြက်တစ်ဦး ဖျော်ဖြေတင်ဆက်ခြင်းကဲ့သို့ ဖြစ်သည်။ ဤသည်မှာ မမိုက်မဲသလော။ ယင်းမှာ အမှန်တကယ် မိုက်မဲပေသည်။ မိုက်မဲသောလူများ၌ မည်သည့် ဉာဏ်ပညာမျှ မရှိပေ။ ဒေဿနာမည်မျှကို ၎င်းတို့ကြားပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဆဲဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ အရှိအတိုင်း မမြင်ဆဲဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့် ကွဲပြားခြားနားသည်၊ ၎င်းတို့သည် အခြားလူတိုင်းနှင့် မတူညီဖြစ်ပြီး ပို၍ ဂုဏ်သိက္ခာရှိသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ မာနကြီးခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ မိုက်မဲခြင်းဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ညီမက ဘုရားနှုတ်ကပတ်တော်မှာ ဖွင့်ပြတဲ့ အရူးပဲ။ လူပြက်တစ်ယောက်လို သူများတွေရှေ့မှာ အမြဲတမ်း ဖျော်ဖြေနေတယ်။ အဲဒီနေ့ရက်တွေမှာ ညီမ ပြောင်းရွှေ့ခံရတာကြောင့် ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ဆုံးရှုံးရပြီလို့ထင်ပြီး အထင်လွဲမှုတွေနဲ့ အပျက်သလောဆောင်မှုဖြစ်လာတယ်။ ညီမအစ်မက ညီမကို ကူညီချင်တယ်။ ဒါပေမဲ့ ညီမပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ သူနဲ့ သမ္မာတရားကို ရှာဖွေဖို့ ဖွင့်မပြောခဲ့ဘူး။ အဲဒီအစား ညီမက ချက်ချင်း သတိထားကာကွယ်တယ်။ ညီမက အပျက်သဘောဆောင်ပြီး မနာခံဘူးလို့ သူမြင်သွားမလား သံသယဝင်တယ်။ အဲဒါနဲ့ ညီမအားနည်းချက်တွေကို ဖုံးကွယ်ပြီး ကိစ္စတွေကို ကိုယ့်အတွက် ချောမွေ့အောင် ဘယ်လိုလုပ်ရမလဲ အဖြေရှာဖို့ ကြိုးစားခဲ့တယ်။ ညီမက အရမ်း လှည့်စားတတ်ခဲ့တယ်။ ဒီလိုလုပ်ပြီးတော့ ညီမအစ်မကို လှည့်စားခဲ့ပြီး ညီမရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းလိုက်ပေမဲ့ သူ့ဆီက အကူအညီ၊ အထောက်အပံ့ကို မရနိုင်ခဲ့ဘူး။ ညီမရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေက အချိန်မီမဖြေရှင်းနိုင်ခဲ့ဘဲ မှောင်မိုက်ခြင်းနဲ့ နာကျင်မှုထဲမှာ အသက်ရှင်ခဲ့ရတယ်။ ဒါ မိုက်မဲတာမဟုတ်ဘူးလား။ ညီမက ကိုယ့်ကိုယ်ကိုယ်လုပ်ခဲ့တာဖြစ်ပြီး ဒုက္ခခံရသင့်ပါတယ်။ ဘုရားသခင်ကို ညီမယုံကြည်တဲ့နှစ်အားလုံးမှာ ညီမရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သိပ်မပြောင်းလဲဘူး။ ညီမရဲ့ ပုံရိပ်၊ အဆင့်အတန်းပါဝင်ပတ်သက်တဲ့အချိန်တိုင်းမှာ ကိုယ်တိုင်သတိမထားမိဘဲ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး အယောင်ဆောင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို လုံးဝ ရင်မဖွင့်ခဲ့ဘူး။ စာတန်ရဲ့ ချည်နှောင်ခြင်းခံရတဲ့ အကျဉ်းသားတစ်ယောက်လို မှောင်မိုက်ထဲမှာ နေ့စဉ် ဖြတ်သန်းခဲ့တယ်။ ညီမက စိတ်ဆင်းရဲပြီး အားနည်းနေခဲ့တယ်။ မလွတ်မြောက်နိုင်ခဲ့ဘူး။ ညီမက သနားစရာအခြေအနေမှာရှိနေခဲ့တာ။ ညီမ ဘုရားကို ခဏခဏဆုတောင်းတယ်။ “ဘုရားသခင် သမီးက အလေးစားခံရဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အယောင်ဆောင်ပြီး စိတ်ဆင်းရဲမှုနဲ့ အသက်ရှင်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး မုန်းတီးနိုင်ဖို့၊ အမှန်တကယ် နောင်တရပြီး ပြောင်းလဲနိုင်ဖို့အတွက် သမီးကို ကူညီပြီး ဦးဆောင်တော်မူပါ” ဆိုပြီးတော့။

တစ်နေ့မှာ အန္တိခရစ်တွေကို ထုတ်ဖော်ပြတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ညီမဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အခြေအနေမှာ မည်သို့ဖြစ်ပါစေ၊ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ အန္တိခရစ်သည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ၊ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ လုံးဝ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ မည်သည့်အခါမျှ မထုတ်ဖော်ပေ။ အမှန်တကယ်တွင် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင်၊ ၎င်းတို့ လုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့၌ အားနည်းခြင်း မရှိကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ပွင့်အန်ထွက်လာခြင်း မရှိကြောင်း ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး ဂုဏ်သရေရှိသည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး စစ်မှန်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ သိက္ခာရှိဖို့၊ လူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့်‌ နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကို ဖွင့်ဟလျှင်၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်ကို ထုတ်ဖော်ပြလျှင်၊ ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ကြီးလေးသော ထိခိုက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး— ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့က မိမိတို့၏အားနည်းချက်၊ ပုန်ကန်လိုစိတ်နှင့် အပျက်သဘောဆောင်ခြင်းတို့ကို စိတ်ထဲတွင်သာ ထားရှိလိုကြသည်။ ပြီးလျှင် လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင်၊ ၎င်းတို့က ဖောက်ပြန်ပျက်စီးပြီး လုံးဝ မပြောင်းလဲသည်ကို သူတို့ တွေ့မြင်သည့်အခါ၊ ၎င်းတို့က ဆက်လက် ဟန်ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ သေးငယ်ပြီး အရေးမပါသောသူတစ်ဦးဖြစ်ခြင်းကို ဝန်ခံလျှင်၊ လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးကာ လူတိုင်း၏ကြည်ညိုမှုနှင့် မြတ်နိုးမှုတို့ကို ဆုံးရှုံးပြီး၊ သို့ဖြစ်၍ လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ၊ လူများကို ၎င်းတို့ ဖွင့်ပြောမည် မဟုတ်ဘဲ၊ မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ ပေးမည် မဟုတ်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားကာ၊ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။...၎င်းတို့သည် ညီအစ်ကို မောင်နှမများအား ၎င်းတို့၏ အားနည်းချက်များကို မည်သည့်အခါတွင်မျှ မထုတ်ဖော်ပြသကဲ့သို့ ၎င်းတို့ ကိုယ်တိုင်၏ ချို့တဲ့ခြင်းများနှင့် အားနည်းချက်များကို အစဉ် မသိမှတ်ကြချေ။ ထိုအစား၊ ၎င်းတို့သည် ယင်းတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ လူတို့က ‘သင်သည် ဘုရားသခင်ကို နှစ်ပေါင်းအလွန်များလှစွာကြာ ယုံကြည်ပြီးလေပြီ၊ ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ တစ်ခုတစ်လေ သင်၌ ရှိဖူးပါသလော’ဟု ၎င်းတို့ကို မေးကြသည်။ ၎င်းတို့က ‘မရှိဖူးပါ’ ဟု ပြန်ဖြေကြသည်။ ၎င်းတို့သည် ‘ဘုရားသခင်အတွက် သုံးစွဲမှုတိုင်းကို စွန့်လွှတ်ရခြင်းကို နောင်တရဖူးသလား’ ဟု အမေးခံရသည်။ ၎င်းတို့က ‘မရဖူးပါ’ ဟု ဖြေသည်။ ‘နေမကောင်းဖြစ်ပြီး ဆင်းရဲဒုက္ခရောက်သောအခါ အိမ်ကိုလွမ်းပါသလား။’ ၎င်းတို့က ‘လုံးဝ မလွမ်းပါ’ ဟု ဖြေသည်။ ထို့ကြောင့် အန္တိခရစ်များသည် မိမိတို့ကိုယ်ကို စွဲမြဲစွာ အားကိုးထိုက်သော၊ စိတ်ခိုင်မာသောသူအဖြစ်၊ စွန့်လွှတ်ပြီး ဒုက္ခခံနိုင်သူ၊ အပြစ်အနာအဆာကင်းပြီး အမှားများ၊ ပြဿနာများမရှိသူအဖြစ် ဖော်ပြကြသည်။ လူတစ်ယောက်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် အားနည်းချက်များကို ထောက်ပြလျှင်၊ ၎င်းတို့ကို တန်းတူ ဆက်ဆံလျှင်၊ သာမန်ညီအစ်ကိုမောင်နှမအဖြစ် ဆက်ဆံလျှင်၊ ပွင့်ပွင့်လင်းလင်းပြောပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လျှင် ၎င်းတို့က ဤအရာကို မည်သို့ သဘောထားသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သက်သေထူပြီး မှန်ကန်ကြောင်းပြဖို့၊ ၎င်းတို့က မှန်ကန်သည်ဟု သက်သေပြရန်၊ နောက်ဆုံးတွင် ၎င်းတို့တွင် ပြဿနာမရှိ၊ ၎င်းတို့သည် ပြည့်စုံသော၊ ဝိညာဉ်ရေးရာပြည့်ဝသောသူဖြစ်သည်ဟု လူတို့အားမြင်စေရန် အစွမ်းကုန်လုပ်ဆောင်ကြသည်။ ဤအရာအားလုံးမှာ အယောင်ဆောင်ခြင်းမဟုတ်လော။ မိမိတို့ကိုယ်ကို အပြစ်အနာအဆာကင်းပြီး သန့်ရှင်းသည်ဟု ထင်သူအားလုံးသည် အယောင်ဆောင်များဖြစ်ကြသည်။ ၎င်းတို့အားလုံးက အယောင်ဆောင်များဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ငါ့ကို ပြောလော့။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် အပြစ်အနာအဆာကင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ အမှန်တကယ် သန့်ရှင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ (မရှိပါ။) မရှိသည်မှာ မှန်သည်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရပြီး၊ သမ္မာတရားကို ပင်ကိုအားဖြင့် မပိုင်ဆိုင်သောအခါတွင် အပြစ်အနာအဆာကင်းမဲ့ခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။ ဘုရားသခင်သာလျှင် သန့်ရှင်းသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် ညစ်ညမ်းသည်။ လူတစ်ယောက်သည် အပြစ်အနာဆာကင်းမဲ့သည်ဟု ပြောဆိုလျက် မိမိကိုယ်ကို သန့်ရှင်းသည်ဟု ဖော်ပြလျှင် ထိုသူသည် မည်သည့်အရာဖြစ်မည်နည်း။ စာတန်နတ်ဆိုး၊ ကောင်းကင်တမန်မင်းဖြစ်လိမ့်မည်။ ထိုသူသည် အန္တိခရစ်စစ်စစ်ဖြစ်လိမ့်မည်။ အန္တိခရစ်ကသာ အပြစ်အနာအဆာကင်းပြီး သန့်ရှင်းသည်ဟု ပြောဆိုလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁၀)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ညီမ အရမ်းစိတ်သောကရောက်မိတယ်။ လူတွေကြားမှာ သူတို့ရဲ့ရာထူးနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ လူတွေကို လှည့်စားပြီး အမြင်မှားအောင်လုပ်ဖို့၊ ဘယ်တော့မှ အားနည်းခြင်းမဖြစ်တဲ့၊ ဖောက်ပြန်ပျက်စီးမှုကို မဖော်ပြတဲ့ ပြည့်စုံပြီး ဝိညာဉ်ရေးဆန်တဲ့လူတွေဖြစ်တဲ့ပုံပေါ်အောင် သူတို့ကိုယ်သူတို့လုပ်ဖို့အတွက် အန္တိခရစ်တွေက အယောင်ဆောင်ပြီး လိမ်ညာခြင်းကို အသုံးပြုတယ်။ လူတွေကြားမှာ နေရာတစ်နေရာကို ရယူပြီး သူတို့ကို လူတွေအထင်ကြီးလေးစားအောင်လုပ်ဖို့ ဒီလိုလုပ်ကြတာပါ။ ညီမရဲ့ အပြုအမူကို ကြည့်ပြီး အန္တိခရစ်နဲ့အတူတူပဲဆိုတာ မြင်ခဲ့တယ်။ ညီမက စကားပြောဆိုပြုမူတဲ့အချိန်မှာ အမြဲတမ်းဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် အယောင်ဆောင်တယ်။ ဗီဒီယိုတစ်ခုလုပ်တဲ့အခါမှာ ညီမရဲ့ မေးခွန်းတွေ၊ အခက်အခဲတွေအတွက် ရှာဖွေဖို့ ဖွင့်မပြောခဲ့ဘူး။ ညီမရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် အလုပ်ကိုပဲ နှောင့်နှေးဖို့ ပိုနှစ်သက်ခဲ့တယ်။ ညီမ အရွှေ့ပြောင်းခံရတော့ ညီမက ကျွမ်းကျင်မှုနည်းလို့ အထုတ်ခံရတာဆိုတာကို ညီမအစ်မ တွေ့သွားမှာကို ကြောက်ခဲ့တယ်။ အဲဒါနဲ့ ညီမရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေကို ဖုံးကွယ်ဖို့ ဆင်ခြေပေးတယ်။ ရေလောင်းတဲ့အလုပ်ကိုလုပ်ဖို့ လိုတာကြောင့် ညီမက ပြောင်းရွှေ့ခံရတာလို့ သွယ်ဝိုက်ပြောလိုက်တယ်။ ညီမနည်းလမ်းက စက်ဆုပ်ဖွယ်ဖြစ်ပြီး ဆိုးယုတ်ပါတယ်။ ညီမမှာ အခက်အခဲတွေနဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေနှစ်ခုလုံးရှိနေတဲ့အချိန်မှာ အထင်သေးခံရမှာကြောက်ပြီး သိပ်ပြီး ဖွင့်မပြောခဲ့တဲ့အချိန် ဘယ်နှစ်ချိန်ရှိသလဲဆိုတာကိုလည်း ဆင်ခြင်ကြည့်ခဲ့တယ်။ ဖွင့်ပြောခဲ့ရင်တောင် ဝတ်ကျေတမ်းကျေပါပဲ။ အချိန်အများစုမှာ ညီမက ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရားကို နားလည်လိုက်တာနဲ့ လက်တွေ့လုပ်ဆောင်နိုင်တယ်လို့ လူတွေထင်အောင် ညီမရဲ့ အပြုသဘောဆောင်တဲ့ လက်တွေ့လုပ်ဆောင်မှုအကြောင်းပဲပြောတယ်။ ညီမရဲ့ ကိုယ်ပိုင်ပုံရိပ်နဲ့ အဆင့်အတန်းကို စီမံဖို့အတွက် အရမ်းကြိုးစားလုပ်တယ်။ ညီမပြောသမျှက အယောင်ဆောင်တာ၊ ဟန်ဆောင်တာတွေပဲ။ ကျရှုံးမှုတွေ၊ အတားအဆီးတွေကို ရင်ဆိုင်ရတဲ့အခါမှာ ညီမကို လူတွေ အထင်ကြီးလေးစားအောင်လုပ်ဖို့ သူများတွေထက် ပိုများတဲ့ ဝိညာဉ်ရင့်ကျက်မှုရှိတယ်လို့ ပြခဲ့တယ်။ ဘုရားအိမ်တော်ကနေ အထုတ်ခံရတဲ့ အန္တိခရစ်တွေကို ညီမ တွေးမိတယ်။ အယူဝါဒစကားတွေ ခဏခဏပြောပြီး ဆောင်ပုဒ်တွေကို အော်ပြောတဲ့၊ သမ္မာတရားကို စိတ်နှစ်မြုပ်ပြီး လိုက်စားသူတွေအဖြစ် သူတို့ကိုယ်သူတို့ အယောင်ဆောင်တဲ့သူတွေ အများကြီးရှိတယ်။ သူတို့က စာတန် ဖျက်ဆီးထားတာ မခံရသလိုမျိုးပေါ့။ သူတို့က ခဏလောက်တော့ အလေးစားခံရပြီး ကိုးကွယ်ခံရပေမဲ့ အဆုံးမှာ သမ္မာတရားကို မနှစ်သက်ဘဲ မုန်းတီးတဲ့ သူတို့သဘာဝကြောင့်၊ မကောင်းမှုတွေအများကြီးလုပ်တာကြောင့် ဘုရားက ဖော်ထုတ်ပြီး ထုတ်ပယ်တာကို ခံရတယ်။ ဘုရားက သူ့စိတ်သဘောထားအပေါ် ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံပါဘူး။ ဘုရားသခင်က ဒီလို ကြောင်သူတော်တွေကို ရှုတ်ချပြီး ဒီလိုလူတွေကို လုံးဝ မကယ်တင်ဘူး။ ညီမက သမ္မာတရားကို လိုက်စားဖို့ ငြင်းဆန်ပြီး ညီမရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို အခြေခံပြီး အမြဲတမ်း အယောင်ဆောင်နေရင် ညီမရဲ့ ဘဝကို ထိခိုက်မယ့်ကိစ္စတင်မဟုတ်ဘူး။ ဘုရားသခင်က ရှုတ်ချပြီး ထုတ်ပယ်တာကို ခံရမှာပဲ။ အဲဒီအချိန်မှာ ညီမရဲ့ အခြေအနေက အရမ်းအန္တရာယ်ရှိတာကို သဘောပေါက်သွားတယ်။ ညီမ သူတော်ကောင်းယောင်မဆောင်ချင်တော့ဘူး။ နောင်တရပြီးတော့ပဲ ပြောင်းလဲချင်ခဲ့တယ်။

နောက်နေ့တွေမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာ၊ ရိုးသားသူတစ်ယောက်ဖြစ်တာနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုင်းတွေကို ညီမ သတိရှိရှိနဲ့ ရှာဖွေတယ်။ ညီမတွေ့တဲ့ တစ်ပိုဒ်မှာပြောထားတယ်။ “မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ သင်သည် မလိမ်ညာဖို့ဆိုလျှင်၊ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ဆိုလျှင် သင်၏ ကိုယ်ပိုင်မာနနှင့် ဘဝင်မြင့်မှုကို ဘေးချထားရမည်။ တစ်စုံတစ်ခုကို သင်နားမလည်လျှင် နားမလည်ဟုပြောလော့။ တစ်စုံတစ်ခုကို သင်မရှင်းလင်းလျှင် မရှင်းလင်းဟု ပြောလော့။ လူတို့က သင့်ကို လျှော့တွက်ခြင်း၊ သို့မဟုတ် အထင်သေးခြင်းကို မကြောက်နှင့်။ သင်သည် စိတ်နှလုံးအတွင်းမှနေ၍ အစဉ် စကားပြောဆိုပြီး စစ်မှန်လျှင် သင်၏ စိတ်နှလုံးတွင် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းရှိလိမ့်မည်။ လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းရှိလိမ့်မည်။ သင်၏ဘဝင်မြင့်မှုနှင့်၊ မာန၏ ထိန်းချုပ်ခြင်းကို ခံရတော့မည်မဟုတ်ပေ။ ရိုးသားသော သဘောထားဆိုသည်မှာ သင်သည် မည်သူနှင့် ဆက်ဆံသည်ဖြစ်စေ သင်၏ စိတ်နှလုံးတွင်ရှိသည့်အရာကို ဖော်ပြနိုင်ခြင်း၊ သင်၏ စိတ်နှလုံးကို ချခင်းပြနိုင်ခြင်း၊ တစ်စုံတစ်ခုကို နားမလည်သောအခါတွင် မည်သည့်အခါမျှ ဟန်မဆောင်ခြင်းကို ဆိုလိုသည်။ သင်ပြောသမျှသည် စစ်မှန်သောကြောင့် လူတို့က သင့်ကို အထင်သေးသောအချိန်များ၊ သင်သည် နုံအသည်ဟုပြောဆိုသောအချိန်များရှိလျှင် သင်သည် မည့်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ‘ငါသည် နုံအသည်ဟု သင်တို့အားလုံး ပြောဆိုလျှင်ပင် ငါသည် ရိုးသားမည်ဖြစ်ပြီး ကောက်ကျစ်မည်မဟုတ်ပေ။ မှန်ကန်စွာ ပြောဆိုမည်။ ငါသည် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသော်လည်း၊ ဘုရားသခင်ရှေ့တွင် မည်သည့်အရာမျှမဟုတ်သော်လည်း လိမ်ညာဦးမည်မဟုတ်ပေ၊ သို့မဟုတ် ဟန်ဆောင်မည်မဟုတ်၊ သို့မဟုတ် အတုအယောင်ဖြစ်မည်မဟုတ်ပေ။’ ဟု ပြောလော့။ သင်သည် ဤသို့ပြောဆိုသောအခါ သင်၏စိတ်နှလုံးတွင် ငြိမ်သက်ပြီး တည်ကြည်ခိုင်မာခြင်းရှိလိမ့်မည်။ ရိုးသားခြင်းသည် သင်၏ ဘဝင်မြင့်မှုနှင့် မာန်မာနကို ဘေးဖယ်ထားရန် လိုအပ်သည်။ သင်၏ စကားများက စစ်မှန်ပြီး စိတ်နှလုံးထဲမှ ပြောဆိုသောကြောင့် သူတစ်ပါးတို့၏ လှောင်ပြောင်ခြင်း၊ အထင်သေးခြင်းကို မကြောက်ရွံ့ခြင်းသည် လူတို့က သင့်ကို လူအတစ်ယောက်အဖြစ် ဆက်ဆံသောအခါ မငြင်းခုံခြင်း၊ သို့မဟုတ် သင့်ကိုယ်သင် မှန်ကန်ကြောင်းပြသရန် မကြိုးစားခြင်းကို ဆိုလိုသည်။ သင်သည် ဤနည်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ရိုးသားသောသူတစ်ယောက်ဖြစ်လာနိုင်လိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်က ညီမကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုပေးတယ်။ ညီမတို့မှာ ဘာဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်ရှိပါစေ နားမလည်တာတွေရှိပါစေ၊ သူများတွေက ဘယ်လိုပဲထင်ပါစေ ကိုယ့်ကိုယ်ကိုယ် ဖွင့်ပြောပြီး သမ္မာတရားကို ရှာဖွေမှသာ၊ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လိုက်စားမှသာ ညီမတို့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရဲ့ ချည်နှောင်မှု၊ ထိန်းချုပ်မှုကနေ တဖြည်းဖြည်းလွတ်မြောက်နိုင်ပြီး လွတ်လပ်မှု၊ စိတ်သက်သာမှုနဲ့ အသက်ရှင်နိုင်ပါတယ်။ ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ဆောင်ပြီး ရိုးရိုးလေး ဖွင့်ပြောနိုင်တဲ့သူတစ်ယောက်ဖြစ်အောင် လိုက်စားဖို့ အဆင့်သင့်ဖြစ်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုခဲ့တယ်။ လူသစ်တွေကို ရေလောင်းတဲ့အလုပ်ဆီ ပြန်လာပြီးတဲ့နောက်မှာ ညီမလုပ်လေ့ရှိတဲ့ပုံစံအတိုင်း ကိုယ့်ကိုယ်ကိုယ် အယောင်မဆောင်ချင်တော့ဘူး။ စုဝေးပွဲတွေမှာ ဒီအချိန်ကာလအတွင်း ညီမရဲ့ တကယ့်အခြေအနေအကြောင်းကို ညီအစ်ကိုမောင်နှမတွေကို ဖွင့်ပြောတယ်။ လူတိုင်းအပေါ် ညီမရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ဘယ်လိုထိန်းသိမ်းတယ်ဆိုတဲ့ ရုပ်ဆိုးတဲ့အချက်ကို ညီမ ထုတ်ဖော်ပြပေမဲ့ အနည်းဆုံးတော့ ညီမရဲ့ တကယ့်အခြေအနေကို သူတို့သိကြတာပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် ညီမရဲ့ စိတ်နှလုံးထဲက လေးလံတဲ့ဝန်တစ်ခု ပေါ့သွားသလိုဖြစ်ပြီး လွတ်မြောက်ပြီး စိတ်အေးတဲ့ သိပ်ကောင်းတဲ့ခံစားမှုကိုရတယ်။ ပြီးတော့လည်း ညီအစ်ကိုမောင်နှမတွေက ညီမကို အထင်မသေးဘူး။ ညီမရဲ့ အတွေ့အကြုံကနေ သင်ခန်းစာတချို့ကို သူတို့ သင်ယူနိုင်ကြတယ်။ ခေါင်းဆောင်က ညီမအခြေအနေကို သိပြီးတဲ့နောက်မှာ ညီမကို မိတ်သဟာယဖွဲ့ပေးတယ်။ ကူညီပံ့ပိုးတယ်။ ဒါကြောင့် ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားခြင်းရဲ့ အန္တရာယ်တွေနဲ့ အကျိုးဆက်တွေကို နည်းနည်းသိသွားတယ်။

ဒီအတွေ့အကြုံကတစ်ဆင့် ဖွင့်ပြောခြင်းက အပြင်ပန်းအပြုအမူတစ်ခုတင်မဟုတ်ဘဲ သမ္မာတရားကို ရိုးရိုးသားသား လက်တွေ့လုပ်ဆောင်တာဖြစ်ပြီး ဘုရားရှေ့မှာ စစ်မှန်တဲ့နောင်တသဘောထားကို ကိုယ်စားပြုတယ်ဆိုတာ ညီမ သဘောပေါက်သွားတယ်။ ဒါဟာအလင်းလမ်းခရီးကို ရှာဖွေဖို့ လက်တွေ့ကျတဲ့လမ်းကြောင်းပါ။ ရိုးသားသူဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ လမ်းဟာ ပိုကျယ်ပြီး တောက်ပနိုင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်ပွဲတွင် စာတန်ကို အနိုင်ယူခြင်း

ချမ်မိုရမ်၊ ဟီနန်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိန့်ကြားသည်။ “သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌...

မကောင်းမှုပြုသူကို ရိပ်စားမိခြင်းမှ ကျွန်တော်ရရှိခဲ့သည့်အရာ

ကျန်းယိ ဂျပန်နိုင်ငံ ၂၀၁၅၊ သြဂုတ်လမှာ အစ်မချန်းက လက်တွေ့အလုပ်ကိုမလုပ်လို့ အထုတ်ခံရတာကို ကျွန်တော် သိလိုက်ရတယ်။ သူက ကျော်ကြားမှုနဲ့...

အခက်အခဲမှတစ်ဆင့် ဖြစ်ပေါ်သည့် အကျိုးအမြတ်များ

၂၀၁၉ ခုနှစ် အကုန်တွင်၊ အမျိုးတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ဧဝံဂေလိ ဝေမျှသည်။ အနန္တတန်ခိုးရှင်...

ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။