တာဝန်များတွင် ဂုဏ်၊ အဆင့်အတန်းကွဲပြားမှု မရှိပါ
လိုက်ဘင်း၊ တရုတ်ပြည်ကျွန်တော့်အစွမ်းအစက ညံ့ပြီး စာပေတာဝန်တွေကို မလုပ်နိုင်ဘူးဆိုတာ သေချာသွားလို့ ခေါင်းဆောင်တွေက ကျွန်တော့်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတုန်းက ဓာတ်ပုံရိုက်တဲ့အလုပ်မှာ မိုဟန်နဲ့ ကျွန်မ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အရင်က ဓာတ်ပုံပညာကို ကျွန်မ သင်ယူဖူးတော့ စံနှုန်းပြည့်မီတဲ့ ပုံကောင်းတွေရဖို့ ကျွန်မရဲ့ အောင်မြင်မှုနှုန်းက သူ့ထက် အများကြီး ပိုမြင့်နေခဲ့တာပေါ့။ ကျွန်မ တွေးမိတယ်၊ “စစချင်းမှာပဲ အဆင်သင့်သုံးလို့ရတဲ့ ပုံတွေ အများကြီး ငါ ထုတ်နိုင်တာကို ကြည့်ရင် ငါက ဓာတ်ပုံရိုက်တဲ့နေရာမှာ ပင်ကိုစွမ်းရည်နည်းနည်း ရှိပုံရတယ်။ ကြီးကြပ်ရေးမှူးကတော့ ငါ့ကို ရှားရှားပါးပါး ဓာတ်ပုံပညာမှာ ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်လို့ ထင်မှာ သေချာတယ်” လို့ပေါ့။ ကျွန်မ ရင်ထဲမှာ တိတ်တိတ်လေး ကျေနပ်နေပြီး မိုဟန်ကိုလည်း အထင်သေးမိတယ်။ “နင်က အရင်တုန်းက ဓာတ်ပုံအသင်းမှာတောင် ပါခဲ့သေးတာပဲ၊ ဒါပေမဲ့ နင့်ရဲ့ ကျွမ်းကျင်မှုက အဲဒီလောက်လည်း အထင်ကြီးစရာ မကောင်းပါဘူး” လို့ တွေးမိတာကိုး။ နောက်ပိုင်း စုဝေးပွဲတစ်ခုမှာ ကြီးကြပ်ရေးမှူးက ကျွန်မရဲ့ ကျွမ်းကျင်မှုတွေနဲ့ တာဝန်တွေအပေါ် စိတ်နှစ်ထားတာကို ချီးကျူးခဲ့ပြီး ကျွန်မဆီကနေ ပိုသင်ယူဖို့ မိုဟန်ကို ပြောခဲ့တယ်။ ဒါဟာ ကျွန်မအတွက်တော့ နားဝင်ပီယံဖြစ်ရတယ်လေ။ အဲဒီနောက်မှာ ကိုယ့်တာဝန်တွေမှာ ကျွန်မ ပိုပြီးတော့တောင် အားစိုက်ထုတ်ခဲ့တယ်။ တစ်ခါတလေ နေ့ခင်းဘက် ပြင်းထန်တဲ့ အပူရှိန်ကို အံတုပြီး ကိုင်းတောတွေထဲ တစ်ယောက်တည်း ဓာတ်ပုံသွားရိုက်တယ်။ တစ်ခါကဆို နေမကောင်းဖြစ်နေတာတောင် မုန်တိုင်းကျပြီး မိုးသည်းနေတဲ့ကြားကနေ ကျွန်မ ဆက်ပြီး ရိုက်နေခဲ့တာ။ ပုံကောင်းတွေ ပိုရနေသရွေ့ လူတိုင်းက ကိုယ့်ကို ပိုပြီး အထင်ကြီးကြမှာပဲ၊ ဒါအတွက်ကြောင့် ဒုက္ခခံရတာ တန်ပါတယ်လို့ ကျွန်မ တွေးခဲ့တယ်။ အချိန်နည်းနည်းကြာတော့ ကြီးကြပ်ရေးမှူးက ကျွန်မကို တော်တော်တန်ဖိုးထားမှန်း သိသာလာတယ်။ နည်းပညာပိုင်း ဆွေးနွေးပွဲတိုင်းမှာ ကျွန်မရဲ့ ဓာတ်ပုံရိုက်တဲ့ အတွေ့အကြုံတွေအကြောင်း ကျွန်မကို အမြဲ ပြောပြခိုင်းတယ်။ လေ့ကျင့်ရေးတွေ လုပ်တဲ့အခါမှာလည်း သုံးသပ်ဖို့နဲ့ အနှစ်ချုပ်ဖို့ ကျွန်မက အရင်ဆုံး အမေးခံရတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ မြင်ရတော့ ကျွန်မကိုယ်ကျွန်မ ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်လို့ ပိုပြီးတော့တောင် ခံစားလာရတယ်။
တစ်ညနေမှာ ကြီးကြပ်ရေးမှူးက ကျွန်မတို့အဖွဲ့ဆီလာပြီး အလုပ်ကို စီမံခန့်ခွဲဖို့ အဖွဲ့ခေါင်းဆောင်တစ်ယောက် ရွေးဖို့လိုတယ်လို့ ပြောတယ်။ စည်းမျဉ်းတွေကို မိတ်သဟာယပြုပြီးတဲ့နောက် မိုဟန်နဲ့ တခြားညီမတစ်ယောက်က ကျွန်မကို အဖွဲ့ခေါင်းဆောင်အနေနဲ့ အကြံပြုကြတယ်။ ကျွန်မ ရင်ထဲမှာ တိတ်တိတ်လေး ကျေနပ်နေပြီး “ငါ့တာဝန်မှာ ငါအားထုတ်ခဲ့တာတွေ အလကားမဖြစ်ပါဘူး။ အားလုံးက သတိထားမိကြတယ်” လို့ တွေးမိတာပေါ့။ ဒါပေမဲ့ အပြင်ပန်းမှာတော့ နှိမ့်ချဟန်ဆောင်ပြီး ပြောလိုက်တယ်။ “အို၊ ကျွန်မ မလုပ်နိုင်ပါဘူး။ နည်းပညာပိုင်းမှာ ကျွန်မ တော်တော်လေး ကောင်းတယ်ဆိုပေမဲ့ အသက် ဝင်ရောက်မှုမှာ လိုအပ်ချက်တွေ ရှိနေတယ်။ အဖွဲ့ခေါင်းဆောင်ရဲ့ တာဝန်တွေကို ကျွန်မ မယူနိုင်ဘူး” လို့ပေါ့။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက အဘက်ဘက်ကနေ အကဲဖြတ်ပြီး မိုဟန်ကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးလိုက်တယ်။ မိုဟန်က သူ့အလုပ်မှာ တည်ငြိမ်တယ်၊ စည်းမျဉ်းတချို့ကို နားလည်သဘောပေါက်နိုင်တယ်၊ ပြီးတော့ သူ့မှာ ပိုကောင်းတဲ့ အသက် ဝင်ရောက်မှု ရှိတယ်ဆိုတာတွေကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တာ သိပ်မကြာသေးဘဲ နည်းပညာပိုင်းမှာပဲ ပိုတော်တာလေ၊ လောလောဆယ်တော့ ကျွန်မက တာဝန်တစ်မျိုးတည်းလုပ်ရတဲ့ အလုပ်မျိုးနဲ့ပဲ တကယ်ကို ပိုသင့်တော်ပါတယ်။ ဒါပေမဲ့ ဒီရလဒ်ကို မြင်ရတော့ ကျွန်မ စိတ်ထဲမှာ အရမ်းရှုပ်ထွေးနေပြီး ပြင်းပြင်းထန်ထန် ဆုံးရှုံးစိတ်ကို ခံစားမိတုန်းပဲ။ တစ်နေ့လုံး စိတ်လေလွင့်နေပြီး ဘာတစ်ခုကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ အဖွဲ့ခေါင်းဆောင်အတွက် မိုဟန်က မှန်ကန်တဲ့ ရွေးချယ်မှုဆိုတာ ကျွန်မ သိပေမဲ့လည်း စိတ်မကောင်းဖြစ်နေတုန်းပဲ၊ ပြီးတော့ ကျွန်မ တွေးမိတယ်။ “ကြီးကြပ်ရေးမှူးက ငါ့ကို သမ္မာတရား နားမလည်ဘူး၊ ဘာအသက် ဝင်ရောက်မှုမှ မရှိဘူး၊ ပြီးတော့ အလုပ်ပဲလုပ်တဲ့ အလုပ်လုပ်ပေးသူတစ်ယောက်ပဲလို့ ထင်ပြီး ငါ့ကို ပျိုးထောင်ဖို့ မစီစဉ်တာလား” လို့ပေါ့။ နောက်ပိုင်း ကြီးကြပ်ရေးမှူးက ကျွန်မတို့နဲ့အတူ စုဝေးတဲ့အခါ သူက ကျွန်မကို ပိုအာရုံစိုက်လား၊ မိုဟန်ကို ပိုအာရုံစိုက်လားဆိုတာကို ကျွန်မ စပြီး စောင့်ကြည့်လေ့လာတော့တာပဲ။ တစ်ခါတလေ ကြီးကြပ်ရေးမှူးက မိုဟန်ရဲ့ အခြေအနေကို အသေးစိတ် မေးမြန်းတာကို ကျွန်မ သတိထားမိတယ်၊ နှစ်ခေါက်သုံးခေါက်လောက် ကြီးကြပ်ရေးမှူးက သူ့ကို သီးသန့်တောင် မိတ်သဟာယပြုပေးသေးတယ်။ ဒါက ကျွန်မရဲ့ အတွေးတွေကို ပိုပြီး သေချာသွားစေတယ်၊ ကြီးကြပ်ရေးမှူးက မိုဟန်ကို ပိုပြီး တန်ဖိုးထားတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ အရမ်း စိတ်ဓာတ်ကျပြီး စိတ်မကောင်းဖြစ်ရတယ်၊ ပြီးတော့ မိုဟန်ကိုတောင် စပြီး မကျေမနပ် ဖြစ်လာခဲ့တယ်။ တစ်ခါက ကြီးကြပ်ရေးမှူးက မိုဟန်ဟာ ဓာတ်ပုံရိုက်တဲ့နေရာမှာ တိုးတက်လာတယ်လို့ ပြောပြီး သူ့ရဲ့ ဓာတ်ပုံရိုက်တဲ့ အတွေ့အကြုံကို ဝေမျှဖို့ ပြောတယ်။ ဒါက ကျွန်မကို မိုဟန်အပေါ် ပိုပြီးတော့တောင် မနာလိုဖြစ်စေခဲ့တယ်၊ ပြီးတော့ သူက ကျွန်မနေရာကို လုယူသွားတယ်လို့ ခံစားရတယ်။ အဲဒီနောက်ပိုင်း မိုဟန်နားမှာရှိနေရတာ ကျွန်မ တကယ်ကို နေရခက်လာတယ်၊ တစ်ခါတလေ သူစကားပြောတာကို ကြားရုံနဲ့တင် စိတ်အနှောင့်အယှက်ဖြစ်ရပြီး သူ့ကို တမင်သက်သက် ဆန့်ကျင်ပြီး အတိုက်အခံလုပ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မိတယ်။ ကျွန်မရဲ့ ဒီသဘောထားကို မြင်တော့ မိုဟန်က ဘောင်ခတ်ခံရတယ်လို့ ခံစားရပြီး ကျွန်မက သူ့ကို အမြဲငြင်းခုံပြီး အတိုက်အခံလုပ်နေတာက သူ့ကို စိတ်ဆင်းရဲစေတယ်၊ ပြီးတော့ ကျွန်မနဲ့ ဆက်ဆံရတာ ပင်ပန်းတယ်လို့ သူထင်ကြောင်း တစ်ခါက ကျွန်မကို ပြောပြတယ်။ သူ့ကို ဒီလိုမျိုး မနာလိုဖြစ်နေတာက မှားမှန်း ကျွန်မ သိပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ဘူး။ အရင်တုန်းကဆို ဗီဒီယို သင်ခန်းစာကောင်းကောင်းတွေ တွေ့ရင် မိုဟန်ကို ကျွန်မ အကြံပြုတတ်တယ်၊ သူရိုက်ထားတာတွေမှာ ပြဿနာရှိတာကို သတိထားမိရင်လည်း သူ့ကို ကူညီဖို့ ကျွန်မ ထောက်ပြတတ်တယ်။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးက သူ့ကို ပိုတန်ဖိုးထားတယ်လို့ ခံစားရကတည်းက နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေမှာ သူ့ကို ကျွန်မ မကူညီချင်တော့ဘူး။ တစ်ခါတလေဆို သူ့ရဲ့အခင်းအကျင်းတွေက ညံ့ဖျင်းပြီး အလှအပ မပါဘူးလို့ သူ့မျက်နှာချင်းဆိုင်မှာတင် သရော်တတ်သေးတယ်။ ဒီလိုမျိုး နှစ်ခါသုံးခါလောက် လုပ်ပြီးတဲ့နောက် မိုဟန်က သူ့ရဲ့ အစွမ်းအစက ဒီတာဝန်အတွက် သင့်တော်လောက်အောင် ကောင်းရဲ့လားဆိုတာကို စပြီး သံသယဝင်လာတယ်။ ကျွန်မရဲ့ ထိုးနှက်ချက်တွေကြောင့် သူ ယုံကြည်မှု ပျောက်ဆုံးသွားတာကို မြင်ရတဲ့အခါ ကျွန်မက စိတ်မကောင်းမဖြစ်တဲ့အပြင် တကယ်တော့ နည်းနည်းတောင် ကျေနပ်နေမိတယ်၊ တကယ်လို့ သူသာ အပျက်သဘောဆောင်သွားရင် ကြီးကြပ်ရေးမှူးက သူ့ကို အရည်အချင်းမရှိဘူးလို့ မြင်ပြီး ကျွန်မကို ပြန်ပြီး တန်ဖိုးထားလာနိုင်တယ်လို့ တွေးမိလို့လေ။ တစ်ခါက ကျွန်မတို့ ပုံတချို့ကို မြန်မြန်ရိုက်ဖို့ လိုအပ်နေချိန်မှာ မိုဟန်က နေရာတွေရှာဖို့ တစ်နေ့လုံး ကြိုးကြိုးစားစား လုပ်နေတာကို ကြည့်ရုံနဲ့တင် ကျွန်မ စိတ်အနှောင့်အယှက် ဖြစ်လာတယ်။ သူက နေရာကောင်းတချို့ကို တွေ့သွားပြီး လက်ခံလို့ရတဲ့ ပုံကောင်းတွေ ရသွားနိုင်မှာကို ကျွန်မ ကြောက်ခဲ့တယ်၊ အဲဒီလိုဆိုရင် ကြီးကြပ်ရေးမှူးက သူ့ကို ပိုပြီး တန်ဖိုးထားလာမှာလေ။ ဒါနဲ့ သူ့ရဲ့ စိတ်အားထက်သန်မှုကို လျှော့ချဖို့ ကြိုးစားတဲ့အနေနဲ့ သူက လူတွေရဲ့ အားကျမှုကို ရဖို့အတွက်ပဲ ကြိုးစားနေတာ၊ ပြီးတော့ ဒါတွေ အားလုံးကို ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ လုပ်နေတာဆိုပြီး ပြောလိုက်တယ်။ ကျွန်မ ဒီလိုပြောတာကို ကြားတော့ မိုဟန်က သူ့တာဝန်မှာ ဘောင်ခတ်ခံရတယ်လို့ ခံစားခဲ့ရတယ်။ နောက်တစ်ခါမှာ ကြီးကြပ်ရေးမှူးက မိုဟန်ရဲ့ အခြေအနေကို ဖြေရှင်းပေးဖို့ တောက်လျှောက် မိတ်သဟာယပြုပေးနေတာကို သတိထားမိတော့ ကျွန်မ မနာလိုဖြစ်သွားတယ်။ ကျွန်မ မိတ်သဟာယပြုရမဲ့ အလှည့်ရောက်တော့ ကိုယ့်ကိုယ်ကိုယ် သိတဲ့ဟန်ဆောင်ပြီး ကြီးကြပ်ရေးမှူးရှေ့မှာ တမင်သက်သက် သွယ်ဝိုက်ပြီး ပြောခဲ့တယ်၊ “ကျွန်မ မိုဟန်အပေါ် အရမ်း တောင်းဆိုလွန်းခဲ့တယ်။ သူက ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေကြာပြီဆိုတော့ သူ့မှာ သမ္မာတရား လက်တွေ့ကျမှုတွေ ရှိသင့်တယ်လို့ ခံစားမိလို့ ကျွန်မရဲ့ အသက် ဝင်ရောက်မှုအတွက် သူ့ကို ကူညီစေချင်ခဲ့တာ။ ဒါပေမဲ့ သူ ကျွန်မကို မကူညီတဲ့အခါကျတော့ သူ့ကို ကျွန်မ စပြီး အထင်သေးလာမိတယ်” လို့ပေါ့။ အရင်က တွေ့ဖူးတဲ့ တခြားညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဘယ်လိုကူညီတတ်တယ် ဆိုတာမျိုးတွေကိုလည်း ထည့်ပြောခဲ့သေးတယ်။ ဒီလိုပြောပြီးနောက်မှာ ကျွန်မ အပြစ်ရှိသလို ခံစားရတယ်။ ကြီးကြပ်ရေးမှူးက မိုဟန်ကို ဘယ်လိုထင်လဲလို့ မေးတယ်။ မိုဟန်က “သူပြောတာတွေက ကျွန်မကို တော်တော်လေး စိတ်ဆင်းရဲစေတယ်။ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ပြီးတဲ့နောက်မှာ အယူဝါဒတချို့ကို နားလည်တယ်ဆိုပေမဲ့ ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှု၊ သူ့အပေါ် ချစ်တဲ့မေတ္တာ သိပ်မရှိဘူးလို့ ခံစားရတယ်” လို့ ပြောတယ်။ ညီအစ်မက ဘုရားသခင်ဆီက ခံယူပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်သေးတာကို မြင်တော့ ကျွန်မ တော်တော် ရှက်ရွံ့သွားပြီး ရှက်လွန်းလို့ မြေကြီးထဲ ဝင်သွားချင်စိတ်တောင် ပေါက်သွားတယ်။ ဒီဖြစ်ရပ်ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်မိတယ်၊ ပြီးတော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် မိုဟန်ကို ဖိနှိပ်ပြီး နှိမ့်ချနေခဲ့မှန်း သဘောပေါက်သွားတယ်။ နောက်ပိုင်းမှာ အန္တိခရစ်တွေက အဆင့်အတန်းအတွက် သဘောထားကွဲလွဲသူတွေကို ဘယ်လိုဖိနှိပ်ပြီး ဖယ်ကြဉ်တယ်ဆိုတာကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရပြီး ကျွန်မ ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုအပေါ် နားလည်သဘောပေါက်မှု တချို့ ရသွားတယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့အပေါ် အန္တိခရစ်များ၏ လူသိရှင်ကြား ဖိနှိပ်ခြင်း၊ ဖယ်ကြဉ်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် လူတို့၏ ပြဿနာများကို ဖော်ထုတ်ခြင်းတို့သည် တိကျစွာ ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားလိုက်စားပြီး ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်သူတို့ကို ပစ်မှတ်ထားရန် ဤသို့သော နည်းလမ်းများကို ဧကန်မုချ အသုံးပြုကြသည်။ ဤလူတို့ကို ဖြိုလှဲခြင်းဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရာထူးများကို ခိုင်ခံ့စေခြင်းဟူသည့် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိကြသည်။ ဤကဲ့သို့ လူတို့ကို တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းသည် သဘာဝအားဖြင့် မလိုမုန်းထားခြင်း ဖြစ်သည်။ ၎င်းတို့၏ စကားနှင့် ပြောပုံဆိုပုံတွင် ရန်လိုစိတ်ရှိသည်။ ဖော်ထုတ်ခြင်း၊ ရှုတ်ချခြင်း၊ အသရေပျက်အောင် မမှန်မကန် ပြောခြင်းနှင့် ဆိုးယုတ်သော မတော်မတရားပြောဆိုခြင်းတို့ ရှိသည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အပျက်သဘော ဆောင်သည့်အလား၊ အပျက်သဘောဆောင်သည့် အရာများကို အပြုသဘော ဆောင်သည့်အလား ပြောဆိုလျက် အမှန်တရားများကို မလိမ့်တပတ်ပင် လုပ်ကြသည်။ ဤကဲ့သို့ အဖြူအမည်းကို ပြောင်းပြန်လှန်ပြီး အမှန်အမှားကို ရောထွေးစေခြင်းက လူတို့ကို အနိုင်ယူခြင်းနှင့် ၎င်းတို့နာမည်များ ပျက်စီးစေခြင်းတည်းဟူသော အန္တိခရစ်တို့၏ ရည်မှန်းချက်ကို ပြည့်စုံစေသည်။ အမြင်မတူသူများအပေါ် ဤတိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းတို့အား မည်သည့် စိတ်ဓာတ်က ဖြစ်ပေါ်စေသနည်း။ အချိန်အများစုတွင် ယင်းသည် မနာလိုသော စိတ်ဓာတ်မှ လာသည်။ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတွင် မနာလိုမှုသည် ယင်းနှင့်အတူ အားကောင်းသော မုန်းတီးမှုကို သယ်ဆောင်ပြီး ၎င်းတို့၏ မနာလိုမှု အကျိုးဆက်အနေဖြင့် အန္တိခရစ်များသည် လူတို့ကို တိုက်ခိုက်ကာ ဖယ်ကြဉ်ကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အန္တိခရစ်တို့သည် ဖော်ထုတ်ခံရခြင်း၊ တိုင်ကြားခံရခြင်း၊ မိမိတို့၏ အဆင့်အတန်းများ ဆုံးရှုံးခြင်းနှင့် ထိုးနှက်ခံရခြင်းတို့ကို ကြုံတွေ့ရပါက သူတို့သည် အာခံကာ မကျေမနပ် ဖြစ်လာကြမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြင်းပြင်းထန်ထန် အငြိုးထားလိုစိတ်လည်း ပို၍ပင် ရှိလာရန် လွယ်ကူပေလိမ့်မည်။ အငြိုးထားခြင်းသည် စိတ်ထားတစ်မျိုးဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ တစ်စုံတစ်ဦး လုပ်သည့်အရာက မိမိတို့အဖို့ ထိခိုက်နစ်နာစရာဖြစ်သည်ကို အန္တိခရစ်တို့က မြင်သည့်အခါ ၎င်းတို့ထက် အခြားသူများ ပိုစွမ်းဆောင်နိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ဦး၏ ပြောဆိုချက်များနှင့် အကြံပြုချက်များက ၎င်းတို့ထက် ပိုကောင်းပြီး သို့မဟုတ် ပို၍ အမြော်အမြင်ရှိပြီး လူတိုင်းက ထိုလူ၏ ပြောဆိုချက်များနှင့် အကြံပြုချက်များအား သဘောတူ လက်ခံကြသည်ကို မြင်သည့်အခါ၊ အန္တိခရစ်များက ၎င်းတို့၏ ရာထူး ခြိမ်းခြောက်ခံရသည်ဟု ခံစားကြသည်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် မနာလိုမှုနှင့် မုန်းတီးခြင်းတို့ ဖြစ်ပေါ်ပြီး ၎င်းတို့က တိုက်ခိုက်ကာ လက်စားချေကြသည်။ လက်စားချေသည့်အခါ အန္တိခရစ်များသည် ယေဘုယျအားဖြင့် မိမိတို့၏ ပစ်မှတ်များကို လက်ဦးမှုယူသည့် ထိုးနှက်ချက်တစ်ခု လုပ်ကြသည်။ တစ်ဖက်လူက အညံ့ခံသည်အထိ လူတို့ကို တိုက်ခိုက်ပြီး ဖြိုလှဲရာတွင် လက်ဦးမှုရယူကြသည်။ ထိုအခါမှသာ ၎င်းတို့သည် စိတ်ခံစားချက်များ ထွက်ပေါက်ပေးလိုက်ရပြီ ဖြစ်သည်ဟု ခံစားကြသည်။ လူတို့ကို တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းနှင့်ဆိုင်သည့် အခြားသော သရုပ်သကန်များမှာ အဘယ်နည်း။ (အခြားသူများကို သိမ်ငယ်စေခြင်း ဖြစ်သည်။) အခြားသူများကို သိမ်ငယ်စေခြင်းသည် ပေါ်လွင်အောင်ပြသသည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ အလုပ်ကို သင် မည်မျှကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ သင် အပျက်သဘောဆောင်ပြီး အားနည်းကာ မရပ်တည်နိုင်သည်အထိ အန္တိခရစ်များက သင့်ကို သိမ်ငယ်စေဦးမည်၊ သို့မဟုတ် ရှုတ်ချဦးမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ကျေနပ်လိမ့်မည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက် ပြည့်စုံပြီးဖြစ်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၂- အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏) “၎င်းတို့သည် မိမိတို့ထက် သာလွန်သော တစ်စုံတစ်ဦးကို မြင်သည့်အခါ ၎င်းကို အောက်သို့ဆွဲချရန် ကြိုးစားကြသည်၊ ၎င်းနှင့်ပတ်သက်၍ ကောလာဟလများကို ဖန်တီးကြသည် သို့မဟုတ် ၎င်းကို အပုပ်ချရန်နှင့် ၎င်းကို အရိုအသေတန်အောင် လုပ်ရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးပြုကြပြီး လူတို့၏ စိတ်ထဲတွင် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ ၎င်းကို ခြေအောက်တွင်ပင် နင်းခြေကြလေသည်။ ယင်းမှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုမျှသာ မဟုတ်ပေ၊ ထိုသို့သော လူများတွင် စာတန်ဆန်သော သဘာဝ အနှစ်သာရ ရှိကြသည်၊ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ဖြစ်ပေသည်။ ၎င်းတို့သည် မိမိတို့ထက် သာလွန်ပြီး မိမိတို့ထက် အဆင့်မြင့်သော လူများကို တိုက်ခိုက်ကာ ဖယ်ကြဉ်ကြသည်၊ ၎င်းတို့သည် စဉ်းလဲပြီး ကောက်ကျစ်ဆိုးယုတ်ကြလေသည်။ ပြီးလျှင် လူများကို အောက်သို့ဆွဲချရန် ၎င်းတို့ မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ၎င်းတို့အတွင်း၌ ကြီးမားသော နတ်ဆိုးဆန်သည့် သဘာဝ ရှိကြောင်း ပြသနေပေသည်။ စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်လျက် ၎င်းတို့သည် လူများကို သေးသိမ်စေသည်၊ ထိုလူတို့ကို အမှုဆင်ရန် ကြိုးစားကြပြီး ၎င်းတို့ကို ညှဉ်းပန်းကြလေသည်။ ဤသည်မှာ မကောင်းမှုပြုခြင်း မဟုတ်လော။ ပြီးလျှင် ဤကဲ့သို့ အသက်ရှင်နေသည့်တိုင် ၎င်းတို့သည် အဆင်ပြေနေဆဲဖြစ်သည်ဟုလည်းကောင်း၊ မိမိတို့သည် လူကောင်းတစ်ဦးဖြစ်သည်ဟုလည်းကောင်း ထင်နေကြဆဲ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် မိမိတို့ထက် သာလွန်သော တစ်စုံတစ်ဦးကို မြင်သည့်အခါ ၎င်းကို ညှဉ်းပန်းနိုင်စွမ်းရှိပြီး ၎င်းကို ခြေအောက်တွင် နင်းခြေနိုင်စွမ်း ရှိကြလေသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာ ဖြစ်သနည်း။ ထိုသို့သော ဒုစရိုက်အမှုများကို ကျူးလွန်သည့် လူများသည် ထိန်းချုပ်မှုကင်းမဲ့ပြီး ထင်ရာစိုင်းကြသည် မဟုတ်လော။ ဤသို့သောလူတို့သည် မိမိတို့၏ အကျိုးစီးပွားများနှင့် မိမိတို့၏ ခံစားချက်များကိုသာ ထည့်သွင်းစဉ်းစားကြပြီး ၎င်းတို့ လိုလားသမျှမှာ မိမိတို့၏ လိုအင်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို အောင်မြင်စေရန်သာ ဖြစ်၏။ အသင်းတော်၏အလုပ်အပေါ် မည်မျှ ထိခိုက်နစ်နာစေသည်ကို ဂရုမစိုက်ပေ။ ၎င်းတို့သည် လူတို့စိတ်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့ ပို၍ နှစ်သက်ကြသည်။ ဤသို့သောလူတို့သည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမရှိသလော။ ဤသို့သောသူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ရုံသာမက အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားပေ။ ဤသို့သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ ဤအတွက်ကြောင့် ၎င်းတို့က အသိစိတ်၏ အပြစ်တင်ခြင်း လုံးဝမရှိဘဲ၊ ကြောက်ရွံ့ခြင်း လုံးဝမရှိဘဲ၊ စိုးရိမ်ကြောင့်ကြခြင်း လုံးဝမရှိဘဲ၊ သို့မဟုတ် စိတ်ပူခြင်းလုံးဝ မရှိဘဲ၊ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ လက်လွတ်စပယ် လုပ်ဆောင်ကာ အလိုရှိသလို ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော အပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ သက်သက်သာသာ ပြောရမည်ဆိုလျှင် ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလွန် ပြင်းထန်သည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားကြပြီး မသိမသာ ဒုက္ခပေးတတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင် ပြဿနာ၏ အနှစ်သာရမှာ ထိုသို့သော လူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိကြခြင်းဖြစ်သည်။ ဘုရားသခင်ကို သူတို့ မကြောက်ပေ၊ မိမိတို့ကိုယ်ကို အကြီးမြတ်ဆုံးအဖြစ် ယုံကြည်ကြပြီး မိမိတို့နှင့် ပတ်သက်သည့်အရာမှန်သမျှကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဘဲ အရေးမပါဖြစ်ကာ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်စက်မျှ မရှိချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတာ ကျွန်မ တကယ်ကို ကြောက်ရွံ့ပြီး စိတ်ဆင်းရဲသွားတယ်။ တာဝန်တွေမှာ မိုဟန်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မြင်ကွင်းတွေက ကျွန်မရဲ့ ခေါင်းထဲမှာ ဆက်တိုက် ပေါ်လာတယ်။ ကျွန်မရိုက်ထားတဲ့ ပုံတွေနဲ့ ရလဒ်တချို့ စရလာပြီး ကြီးကြပ်ရေးမှူးက ကျွန်မကို ပိုပြီး အာရုံစိုက်လာတာကို မြင်ရတဲ့အခါ ကျွန်မက ပင်ကိုစွမ်းရည်ရှိတယ်လို့ ခံစားခဲ့ရတယ်။ အဖွဲ့ခေါင်းဆောင် ရွေးရမဲ့အချိန်ရောက်တော့ ကိုယ်ပဲ ရွေးခံရမှာ သေချာတယ်လို့ တွေးခဲ့တာ။ ဒါပေမဲ့ မိုဟန် ရွေးခံရတဲ့အခါ ကျွန်မ တကယ်ကို အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျသွားတယ်၊ ပြီးတော့ မိုဟန်က ကိုယ့်နေရာကို လုယူသွားတယ်လို့ တွေးပြီး သူ့ကို မကျေမနပ်ဖြစ်ခဲ့တယ်၊ မနာလိုဖြစ်လာခဲ့တယ်။ ကြီးကြပ်ရေးမှူးအမြင်မှာ ကျွန်မရဲ့ နေရာကို ပြန်ရအောင် မိုဟန်ကို ဖယ်ထုတ်ဖို့ စပြီး ကြိုးစားခဲ့တယ်။ သူနဲ့ အမြဲတမ်း ဆန့်ကျင်ဘက်ကနေ ရပ်တည်ရုံတင်မကဘူး၊ သူရိုက်ထားတဲ့ ပုံတွေမှာ အားနည်းချက်တွေ တွေ့တဲ့အခါ သူ့ရဲ့ စိတ်အားထက်သန်မှုကို လျှော့ချဖို့ သရော်ပြီး နှိမ့်ချခဲ့တယ်။ သူက ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်နေတာကို မြင်ရတဲ့အခါ ကျွန်မ တိတ်တိတ်လေး ဝမ်းသာခဲ့ပြီး သူ ဆက်ပြီး အပျက်သဘောဆောင်မှုထဲ နစ်မွန်းသွားဖို့ မျှော်လင့်ခဲ့တယ်၊ အဲဒီလိုဆိုရင် ကြီးကြပ်ရေးမှူးက သူ့ကို အရည်အချင်းမရှိဘူးလို့ မြင်ပြီး ကျွန်မကို ပြန်တန်ဖိုးထားမှာလေ။ သူက နေရာတွေရှာဖို့ ဟိုပြေးဒီလွှား လုပ်နေတာကို မြင်တော့ သူ ပုံကောင်းတချို့ရသွားပြီး ကြီးကြပ်ရေးမှူးက သူ့ကို ပိုတန်ဖိုးထားလာမှာ ကြောက်လို့ သူ့ကို တိုက်ခိုက်ဖို့အတွက် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူ လိုက်စားနေတာပါလို့ စွပ်စွဲခဲ့တယ်။ စုဝေးပွဲတွေမှာတောင် ကြီးကြပ်ရေးမှူးက သူ့ကို ပိုပြီး မိတ်သဟာယပြုပေးတဲ့အခါ ကျွန်မ မကျေမနပ်ဖြစ်ရလို့ ကြီးကြပ်ရေးမှူးရှေ့မှာ သူ့ကို နှိမ့်ချခဲ့တယ်၊ ကြီးကြပ်ရေးမှူးအနေနဲ့ သူ့ကို သမ္မာတရား လက်တွေ့ကျမှုနဲ့ တခြားသူတွေအပေါ် မေတ္တာ ကင်းမဲ့နေတယ်လို့ မြင်လာအောင် ကြိုးစားခဲ့တာပေါ့။ ညီအစ်မကို ဖိနှိပ်ဖို့ ကျွန်မရဲ့ မသမာတဲ့ ကြိုးပမ်းမှုတွေက တကယ်ကို စက်ဆုပ်စရာကောင်းပြီး ဆိုးညစ်လွန်းပါတယ်။ ကျွန်မရဲ့ ဒီဒုစရိုက်အမှုတွေက ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့ အန္တိခရစ်တွေ ပြုမူတဲ့ပုံစံနဲ့ ဘာများ ကွာခြားနေလို့လဲ။ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်ကတည်းက မိုဟန်ဟာ ကျွန်မအပေါ် အမြဲ သည်းခံပြီး စိတ်ရှည်ခဲ့တယ်။ ကျွန်မ အခြေအနေ ဆိုးနေတဲ့အချိန်တွေမှာဆို ကျွန်မကို လမ်းပြဖို့နဲ့ ကူညီဖို့ သူ့အတွေ့အကြုံတွေကို သူ ဝေမျှပေးတတ်တယ်။ နည်းပညာပိုင်းမှာ သူ့ရဲ့ အားနည်းချက်တွေကို သူသိပြီး သင်ယူဖို့ ဆက်ကြိုးစားနေခဲ့တယ်၊ ပြီးတော့ ပုံကောင်းတွေရဖို့ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ်။ အပြင်ထွက်ရိုက်ရတဲ့အခါ ဘယ်လောက်ပဲ အခက်အခဲတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ ကြုံရကြုံရ သူ ညည်းညူတာ ခပ်ရှားရှားပဲ။ သူ့ရဲ့ အသက် ဝင်ရောက်မှုမှာဖြစ်ဖြစ်၊ ကိုယ့်တာဝန်တွေအပေါ်ထားတဲ့ သဘောထားမှာဖြစ်ဖြစ် သူက ကျွန်မထက် သာတယ်၊ ဒါကြောင့် သူ့ကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးချယ်တာက စည်းမျဉ်းတွေနဲ့ လုံးဝကိုက်ညီနေပါတယ်။ ဒါပေမဲ့ ကျွန်မက မနာလိုဖြစ်ပြီး သူ့ကို ထပ်ခါတလဲလဲ ဖိနှိပ်ပြီး ဖယ်ကြဉ်ခဲ့တယ်။ ကျွန်မက လူ့သဘာဝ တကယ်ကို ကင်းမဲ့နေခဲ့တာပါ။ ဘုရားသခင်က အန္တိခရစ်တွေရဲ့ စိတ်သဘောထားကို မိတ်သဟာယမှာ စိတ်ဖြာလေ့လာဆွေးနွေးပေးနေခဲ့ပေမဲ့ ကျွန်မကတော့ ဒါနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် မရှုမြင်ခဲ့သလို ဆင်ခြင်သုံးသပ်တာမျိုးလည်း မလုပ်ခဲ့ဘူး၊ ပြီးတော့ ညီအစ်မကို ဖိနှိပ်ဖို့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း ဆက်သွားခဲ့တယ်။ အခြေခံအကျဆုံးဖြစ်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးတောင် ကျွန်မမှာ မရှိခဲ့ပါဘူး။ ကျွန်မရဲ့ လုပ်ရပ်တွေက ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာမှုနဲ့ မုန်းတီးမှုကို ဘယ်လိုလုပ်ပြီး မဖြစ်စေဘဲ နေမှာလဲ။ မိုဟန်နဲ့ ဆက်ဆံခဲ့တာတွေကို ပြန်တွေးမိလေလေ ပိုနောင်တရပြီး အပြစ်ရှိသလို ခံစားရလေလေပဲ။ သမ္မာတရား မလိုက်စားဘဲ စာတန်ဆန်တဲ့ သဘာဝကို အလိုလိုက်ပြီး ဆိုးယုတ်မှုတွေ အများကြီး ကျူးလွန်ခဲ့မိလို့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။
အဲဒီအချိန်တုန်းက ကျွန်မ အရမ်းကို စိတ်မချမ်းမသာဖြစ်ခဲ့ရတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မ ဘယ်လို မကောင်းမှုပြုခဲ့တယ်၊ အန္တိခရစ်ရဲ့ လမ်းကြောင်းကို ဘယ်လိုလျှောက်ခဲ့တယ် ဆိုတာတွေကို တွေးမိတိုင်း နောင်တတွေနဲ့ ပြည့်နေခဲ့တယ်။ ညနက်သန်းခေါင်အချိန်တွေမှာ စောင်ထဲမှာ ပုန်းပြီး တိတ်တိတ်လေး ငိုခဲ့ရတာ ခဏခဏပဲ။ ကျွန်မ ဒီလိုလူမျိုးမှန်း ညီအစ်မကိုမောင်နှမတွေ သိသွားရင် သူတို့က ကျွန်မကို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်သွားမှာနဲ့ ကိုယ့်တာဝန်တွေ ထမ်းဆောင်ခွင့်တောင် ဆုံးရှုံးသွားနိုင်မှာကို ကြောက်လို့ သူတို့ကို ဖွင့်မပြောရဲခဲ့ဘူး။ ကျွန်မလို လူမျိုးက ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာမှုနဲ့ မုန်းတီးမှုကို ခံရတာ ကြာပြီဖြစ်လို့ ဘုရားသခင်က ကျွန်မဆုတောင်းတာတွေကို နားထောင်မှာမဟုတ်ဘူးလို့ ခံစားရတာမို့ ဘုရားသခင်ဆီကိုလည်း ဆုမတောင်းရဲခဲ့ဘူး။ ဒီလိုနဲ့ ကျွန်မဟာ လွန်လွန်ကဲကဲ အပျက်သဘောဆောင်မှုနဲ့ နာကျင်မှုတွေထဲ နစ်မွန်းသွားခဲ့တယ်။
တစ်နေ့မှာ ကျွန်မကို နက်နက်ရှိုင်းရှိုင်း တို့ထိခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် ဒေါသထွက်ခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်ကို ဝတ်ဆင်ကာ ပြာထဲထိုင်ပြီးသည်နှင့် သူ၏စိတ်နှလုံးသည် တဖြည်းဖြည်းပျော့ပျောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ထံ မကြေညာမီ အခိုက်အတန့်တွင်၊ သူတို့၏အပြစ်များအတွက် သူတို့ မဝန်ခံမီနှင့် နောင်တမရမီ အခိုက်အတန့်တွင် ဘုရားသခင်က သူတို့ကို ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတတန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းတို့အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ အဖြစ်အပျက်တစ်ခုတည်းတွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ခုကို တစ်ချိန်တည်း၌ ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ မကိုက်ညီမှု တစ်ခုမျှမရှိပေ။ သို့ဖြစ်၍ ဤမကိုက်ညီမှုမရှိခြင်းကို မည်ကဲ့သို့နားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တမရမီနှင့် နောင်တရပြီးတွင် ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ပုန်ကန်ပြစ်မှား၍ မရနိုင်မှုကို လူတို့အား မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်းမျိုး၊ သို့မဟုတ် သူတို့အပေါ် သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ အမှန်တကယ် ပြန်လှည့်လာပြီး မိမိတို့၏ လက်ရှိပြုနေကြသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေခြင်းသာဖြစ်သည်။ ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်၏။ ပြီးလျှင် လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ထိုကဲ့သို့ဖြစ်လာပါက ထိုအချိန်တွင် သူသည် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ရက်ရက်ရောရော ဆက်လက်၍ ပေးသနားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ဒုစရိုက်အမှုများက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေသည်၊ ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့၌ အမှန်တကယ် နောင်တရသူများအပေါ်မှာမူ၊ မိမိတို့၏ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်ပြီး မိမိတို့လက်ရှိပြုနေကြသည့် အဓမ္မအမှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ်၌မူ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရားသခင်၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ မခဲယဉ်းပေ။ သူလိုအပ်သည့်အရာမှာ လူ၏ စစ်မှန်သည့် နောင်တဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်ပြီး မိမိတို့၏ အဓမ္မအမှုများကို စွန့်လွှတ်သရွေ့ ဘုရားသခင်က သူ၏စိတ်နှလုံးကို ပြောင်းလဲမည်ဖြစ်ပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်ရဲ့ ဒီအပိုဒ်ကို ဖတ်လိုက်ရတော့ ဖော်ပြလို့မရတဲ့ ခံစားချက်တစ်ခု ရလိုက်တယ်။ ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ သနားကရုဏာကို ခံစားလိုက်ရတယ်။ မှောင်မိုက်နေတဲ့ လမ်းဆုံးမှာ အလင်းတန်းတစ်ခုကို မြင်လိုက်ရသလိုပါပဲ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မ လုပ်ခဲ့တဲ့ မကောင်းမှုတွေအားလုံးကို တွေးမိတယ်၊ ညီအစ်မကို ကျွန်မ ပေးခဲ့တဲ့ ဒုက္ခတွေအကြောင်း တွေးမိတယ်၊ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို လက်မလျှော့ခဲ့ဘဲ အဲဒီအစား သူ့နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို ဆက်ဉာဏ်ပွင့်စေပြီး လမ်းပြပေးနေခဲ့တယ်၊ ကျွန်မမှာရှိတဲ့ ပြဿနာတွေကို မြင်ဖို့၊ ပြီးတော့ ထုတ်ဖော်ခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်တာ၊ အပျက်သဘောဆောင်တာနဲ့ အားနည်းတာတွေထဲ နစ်မွန်းနေတာက အလကားပဲဆိုတာရယ်၊ အရေးကြီးဆုံးက နောင်တရဖို့ဆိုတာကိုရယ် နားလည်ခွင့်ပေးခဲ့တယ်။ သောဒုံမြို့နဲ့ နိနေဝေမြို့က လူတွေဟာ ဘုရားသခင်က သူတို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ရတဲ့အထိ ဒုစရိုက်အမှုတွေ ဘယ်လိုကျူးလွန်ခဲ့ကြတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ နိနေဝေမြို့သားတွေကျတော့ သူတို့ရဲ့ လုပ်ရပ်တွေက ပျက်စီးရကိန်းဆိုက်တဲ့အထိ ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာစရာ ဖြစ်ခဲ့မှန်း သဘောပေါက်ပြီး နောင်တရဖို့နဲ့ သူတို့ရဲ့ အပြစ်တွေကို ဝန်ခံဖို့ ဘုရားသခင်ရှေ့မှောက်ကို အချိန်မီ ရောက်လာနိုင်ခဲ့ကြတယ်။ သူတို့ရဲ့ စစ်မှန်တဲ့ နောင်တကြောင့် ဘုရားသခင်ရဲ့ သနားကရုဏာကို သူတို့ ရရှိခဲ့တယ်။ ဘုရားသခင်က လူတွေရဲ့ ဒုစရိုက်အမှုတွေကို မုန်းတီးပေမဲ့လည်း လူတွေကို ဂရုစိုက်ပြီး သနားကရုဏာထားတုန်းပဲဖြစ်ပြီး နောင်တရဖို့ အခွင့်အရေးတိုင်းကို လူတွေကို ပေးတယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မ နက်နက်ရှိုင်းရှိုင်း တို့ထိခံခဲ့ရတယ်။ လူသားတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက အရမ်း စစ်မှန်တာပဲ။ မိုဟန်နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ တစ်နှစ်နီးပါးကာလကို ပြန်တွေးကြည့်တော့ ကျွန်မက သူ့ကို အမြဲမနာလိုဖြစ်ပြီး ဖယ်ထုတ်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်တုန်းကမှ မဆင်ခြင်သုံးသပ်ခဲ့ဘူးဆိုတာကို မြင်လိုက်ရတယ်။ ကျွန်မက အရမ်းကို ထုံထိုင်းနေခဲ့တာပါ။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုနဲ့ ဖော်ထုတ်ချက်သာ မရှိခဲ့ရင် ကျွန်မမှာရှိတဲ့ ပြဿနာတွေကို လုံးဝမြင်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ စာတန်ဆန်တဲ့ သဘာဝအတိုင်း ဆက်ပြုမူနေပြီး ဒုစရိုက်အမှုတွေ ပိုကျူးလွန်နေဦးမှာပဲ။ ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမခြင်းဟာ သူ့ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ဒါကို တွေးမိတော့ ကျွန်မ စိတ်ပိုင်းဖြတ်မှုရရှိသွားပြီး ကျွန်မဆီက ပြဿနာတွေကို ရင်ဆိုင်ဖို့နဲ့ ကိုယ်တော့်ထံ နောင်တရဖို့ လိုလားပါတယ်ဆိုပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။
ဒါပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို ဝေးလံခေါင်ဖျားသော တောနက်တောင်နက်ကြီးထဲတွင် သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို လက်လွှတ်မည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားနိုင်ပြီး ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် တန်းတူညီမျှ ထားရှိပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းကို မရရှိဟု ခံစားခဲ့ရပါက ၎င်းတို့ကို လေးစားမည့်သူ တစ်ဦးမျှ မရှိဟုလည်းကောင်း၊ ၎င်းတို့ကို အထင်ကြီးမည့်သူ တစ်ဦးမျှ မရှိဟုလည်းကောင်း၊ ၎င်းတို့နောက် လိုက်မည့်သူ တစ်ဦးမျှ မရှိဟုလည်းကောင်း ခံစားရပါက ၎င်းတို့ စိတ်ပျက်အားငယ်သွားကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၌ အကျိုးမရှိ၊ တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြကာ ‘ငါ ဤသို့ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ရှုံးနိမ့်ခဲ့ပြီလော။ ငါ့အတွက် မျှော်လင့်ချက် မရှိတော့ပြီလော’ ဟု အတွင်းစိတ်၌ တွေးမိကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် တွက်ချက်နိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ချီးမွမ်းကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများကို အဘယ်ကြောင့် အစဉ်သဖြင့် အလေးထားကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့၌ တည်ရှိလေသည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့၏စိတ်နှလုံးတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝအနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေ လုပ်သမျှဟာ သူတို့ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲဖြစ်ပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ရဲ့ အသက်လိုမျိုး တန်ဖိုးထားကြတယ်လို့ ဘုရားသခင်က ပြောထားတယ်။ သူတို့က အဆင့်အတန်းအတွက်ဆို ဘုရားသခင် အိမ်တော်ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာရရင်တောင် ဘာမဆိုလုပ်ကြမှာပါ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားကို ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့ ဒါက အန္တိခရစ်တွေရဲ့ သဘောထားနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ကျွန်မရဲ့ ဓာတ်ပုံရိုက်တဲ့ တာဝန်မှာ ရလဒ်ကောင်းလေးတွေ နည်းနည်းရပြီး ကြီးကြပ်ရေးမှူးအမြင်မှာ တန်ဖိုးရှိလာကတည်းက ကျွန်မက ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တယ်လို့ ခံစားခဲ့ရပြီး တခြားသူတွေ တန်ဖိုးထားတာကို တကယ် သာယာနေခဲ့တာ။ ကြီးကြပ်ရေးမှူးအမြင်မှာ ပုံရိပ်ကောင်းတစ်ခုကို ထိန်းသိမ်းထားဖို့ဆိုရင် တာဝန်ထမ်းဆောင်ရာမှာ ဘယ်လိုအဖိုးအခ၊ ဘယ်လိုအခက်အခဲကိုမဆို ခံရတာ တန်တယ်လို့ ခံစားရတယ်၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုက ကျွန်မအတွက် အရာအားလုံး ဖြစ်နေသလိုပဲလေ။ ကြီးကြပ်ရေးမှူးက မိုဟန်ကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးလိုက်တာကို မြင်တော့ တခြားသူတွေရဲ့ စိတ်နှလုံးထဲက ကျွန်မနေရာကို သူယူသွားပြီလို့ ခံစားရပြီး မခံမရပ်နိုင်အောင် နာကျင်ရတယ်။ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ဆုံးရှုံးရတာက ကျွန်မအတွက်တော့ ကျောရိုး ဆုံးရှုံးလိုက်ရသလိုပါပဲ။ လူက လုံးဝကို အရုပ်ကြိုးပြတ် ဖြစ်သွားတယ်။ ကြီးကြပ်ရေးမှူးအမြင်မှာ ကျွန်မရဲ့ တန်ဖိုးကို ပြန်ရဖို့ မိုဟန်ကို သရော်တယ်၊ လှောင်ပြောင်တယ်၊ ဖယ်ကြဉ်ပြီး ဖိနှိပ်ခဲ့တယ်။ ညီအစ်မကို နာကျင်စေတဲ့ ဒုစရိုက်အမှုတွေကို ကျူးလွန်ပြီး အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့ရုံတင်မကဘူး၊ ကျွန်မကိုယ်တိုင်လည်း အမှောင်ထဲကျရောက်ပြီး ကြီးမားတဲ့ ဆင်းရဲဒုက္ခထဲမှာ အသက်ရှင်နေခဲ့ရတယ်။ ဒါတွေအားလုံးဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မဆုတ်မနစ်လိုက်စားခဲ့တာကြောင့် ဖြစ်ရတာပါ။ ကျွန်မဟာ “ကောင်းကင်နှင့်မြေကြီး တစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” ဆိုတာနဲ့ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေခဲ့ပြီး ကျွန်မ တစ်ယောက်တည်းပဲ ထင်ပေါ်တဲ့သူ ဖြစ်ချင်ခဲ့တာ။ ကြီးကြပ်ရေးမှူးက ညီအစ်မကို နည်းနည်းပိုပြီး အာရုံစိုက်တာကို မြင်တာနဲ့ မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်လာတော့တာပဲ။ သူ့ကို ရန်သူတစ်ယောက်လိုတောင် သဘောထားပြီး သည်းမခံနိုင်ဖြစ်တာကို တွေ့လိုက်ရတယ်။ ကျွန်မက အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာပါ။ ဂုဏ်သတင်းနဲ့ အကျိုးအမြတ်ဆိုတာ စာတန်က လူတွေကို ခတ်ထားတဲ့ မျက်စိနဲ့မမြင်ရတဲ့ လက်ထိပ်တွေဖြစ်ပြီး လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့နဲ့ ဒုက္ခပေးဖို့ သုံးတဲ့ နည်းလမ်းတွေပဲဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မရဲ့ ထုံထိုင်းနေတဲ့ စိတ်နှလုံးကို နိုးကြားစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်နဲ့ တရားစီရင်မှုသာ မရှိရင် ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေမိဦးမှာပါ၊ ပြီးတော့ ဒီအတိုင်းသာ ဆက်သွားရင် မျိုးစုံတဲ့ ဒုစရိုက်အမှုတွေကို ကျူးလွန်မိပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားကို အနှေးနဲ့အမြန် ပုန်ကန်ပြစ်မှားမိမှာဖြစ်သလို ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာနဲ့ အပြစ်ဒဏ်ပေးတာကိုပါ ခံခဲ့ရမှာပါပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ လိုက်စားလျှင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ လိုက်စားလျှင် သမ္မာတရားနှင့် အသက်ကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ ပြီးလျှင် အဆုံး၌ ဆုံးရှုံးမှုကို ခံစားရသည်မှာ ၎င်းတို့ပင် ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားသူတို့ကို ဘုရားသခင်က ကယ်တင်သည်။ သမ္မာတရားကို သင်လက်မခံလျှင် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် သိမြင်နိုင်စွမ်းတို့ မရှိလျှင် သင်သည် အမှန်တကယ် နောင်တရလိမ့်မည်မဟုတ်၊ ပြီးလျှင်အသက်ဝင်ရောက်မှုလည်း ရှိမည်မဟုတ်ပေ။ သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိခြင်းသည် သင့်အသက်တာရှိ ကြီးထွားတိုးတက်မှုနှင့် ကယ်တင်ခြင်း ရရှိခြင်းဆီသို့ လမ်းကြောင်းဖြစ်သည်။ သူ၏စိစစ်မှု၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး အသက်နှင့် သမ္မာတရားကို ရရှိရန်အတွက် ဘုရားသခင် ရှေ့မှောက်ကို လာဖို့ သင့်အတွက် အခွင့်အရေးဖြစ်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သင်ကိုယ်တိုင်၏ အကျိုးစီးပွားတို့ကို လိုက်စားခြင်းအတွက် သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်း အခွင့်အလမ်းကို စွန့်လွှတ်သည့် သဘောသက်ရောက်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို သင်ရွေးချယ်နေခြင်းဖြစ်သည်။ သို့သော် သင် စွန့်လွှတ်နေသည့်အရာမှာ သမ္မာတရားဖြစ်သည်။ ပြီးလျှင် သင်ဆုံးရှုံးနေသည့်အရာမှာ အသက်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးဖြစ်သည်။ မည်သည့်အရာက ပိုအရေးပါသနည်း။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပြီး သမ္မာတရားကို စွန့်လွှတ်လျှင် ဤသည်မှာ မမိုက်မဲသလော။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ သေးငယ်သော အကျိုးကျေးဇူးအတွက် ကြီးမားစွာ ဆုံးရှုံးခြင်းကို ခံစားရခြင်းဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေးနှင့် အကျိုးစီးပွားများအားလုံးတို့သည် ခဏတာသာ ဖြစ်သည်၊ ယင်းတို့သည် မီးခိုးငွေ့လေးတစ်ခုအလား ပျောက်ပြယ်သွားသည်။ သမ္မာတရားနှင့် အသက်မှာမူ ထာဝရဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုလိုက်စားဖို့ ဖြစ်လာစေသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းလျှင် ၎င်းတို့သည် ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည်။ ထို့အပြင် လူတို့ရရှိသည့် သမ္မာတရားများမှာ ထာဝရဖြစ်သည်။ စာတန်က ဤသမ္မာတရားများကို လူတို့ထံမှ နုတ်မယူနိုင်သကဲ့သို့ အခြားမည်သူကမျှ နုတ်မယူနိုင်ပေ။ သင်သည် သင်၏အကျိုးစီးပွားများကို စွန့်လွှတ်ပြီး သင်ရရှိသည့်အရာသည် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ဖြစ်ပါက ဤရလဒ်များသည် သင်၏ ရလဒ်များဖြစ်ပြီး သင့်ဘာသာသင် ရရှိသည့်အရာဖြစ်သည်။ လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်ပါက သူတို့၏ အကျိုးစီးပွားများကို သူတို့ဆုံးရှုံးသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သူတို့ရရှိနေကြသည်။ ထိုသူတို့မှာ အတော်ဆုံးသောသူများ ဖြစ်ကြသည်။ အကယ်၍ လူတို့သည် မိမိတို့၏ အကျိုးစီးပွားများအတွက် သမ္မာတရားကို စွန့်လွှတ်လျှင် ၎င်းတို့သည် အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ဆုံးရှုံးရလေသည်။ ထိုသူတို့မှာ အမိုက်မဲဆုံးသောသူများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေကို ရရှိတာဟာ ခဏတာပဲဖြစ်ပြီး သမ္မာတရားကို ရရှိတာမှသာ ထာဝရဖြစ်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့ဆီမှာ ဖြစ်ပျက်လာတဲ့ ကိစ္စတွေမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေတာ၊ ပြီးတော့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကျင့်ကြံပြုမူဖို့ ကိုယ်ကျိုးတွေကို စွန့်လွှတ်တာက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိနိုင်တဲ့ နည်းလမ်းပါပဲ။ ဒါက ဘဝမှာ အသက်ရှင်နေထိုင်ဖို့ အတန်ဖိုးအရှိဆုံး နည်းလမ်းပါပဲ။ ကြီးကျယ်တဲ့ ရာထူးနဲ့ အဆင့်အတန်း ရှိပေမဲ့ သူ့ရာထူးမှာ သာယာမနေခဲ့တဲ့ ယောဘအကြောင်းကို ကျွန်မ တွေးမိတယ်။ သူ့မှာ မြင့်မားတဲ့ အဆင့်အတန်းရှိပြီး တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ခံရချိန်မှာ သူက သာယာမှုကို မမက်မောဘဲ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ဆက်ရှောင်ကြဉ်ခဲ့တယ်။ ဘုရားသခင်ရဲ့ စမ်းသပ်မှုတွေ သူ့ဆီရောက်လာလို့ သူ့ရဲ့ အဆင့်အတန်း၊ သားသမီးတွေနဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတဲ့အခါမှာ ပြာပုံပေါ်ထိုင်ရင်း ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ချီးမွမ်းခဲ့သေးတာလေ။ တခြားသူတွေ သူ့အပေါ် ဘယ်လိုထင်လဲ၊ ဘယ်လိုမြင်လဲဆိုတာကို သူ ဂရုမစိုက်ခဲ့ဘဲ ဘုရားသခင် စီစဉ်တဲ့ အခြေအနေတွေကိုပဲ ကျိုးနွံနာခံခဲ့တယ်။ သူ့ရဲ့ လုပ်ရပ်တွေကနေတစ်ဆင့် ဖန်ဆင်းခံတစ်ဦး အသက်ရှင်နေထိုင်ပြရမဲ့ သင့်တော်တဲ့ ပုံသဏ္ဌာန်ကို ယောဘက ပြသသွားခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့ နည်းပညာပိုင်းလေး နည်းနည်းသိပြီး ပုံကောင်းလေးနည်းနည်း ရိုက်နိုင်ရုံနဲ့ တခြားသူတွေဆီက ခဏတာ အထင်ကြီးလေးစားမှုကို ရခဲ့လို့ ကျွန်မက ကိုယ့်နေရာနဲ့ ကိုယ့်အဆင့်အတန်းကို မေ့သွားခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တယ်လို့ ထင်ပြီး တခြားသူတွေက ကိုယ့်ကို အရေးကြီးတဲ့သူအနေနဲ့ မြင်သင့်တယ်လို့ တွေးခဲ့တာ။ တခြားသူတွေက ကိုယ့်ထက်သာသွားတာကို မြင်တော့ မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်လာတယ်။ မကောင်းမှုတွေတောင် ကျူးလွန်ပြီး သူများတွေကို နာကျင်စေခဲ့သေးတယ်။ ယောဘနဲ့ ယှဉ်လိုက်ရင် ကျွန်မက လုံးဝကို ဆင်ခြင်တုံတရား ကင်းမဲ့ပြီး အရှက်မရှိတာပဲ။
သိပ်မကြာခင်မှာပဲ ညီအစ်မ ကျန်းနိုက ကျွန်မတို့အဖွဲ့ကို ပြောင်းလာတယ်။ သိပ်မကြာခင်မှာပဲ သူက အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးခံရတယ်။ အလုပ်မှာ နားမလည်တာရှိရင် အနားက ညီအစ်မတွေက ကျန်းနိုကို သွားမေးကြတာကို မြင်ရတဲ့အခါ၊ ပြီးတော့ သူ့တာဝန်တွေအပေါ်ထားတဲ့ သူ့ရဲ့ ဝန်တာထားတဲ့စိတ်နဲ့ နည်းပညာပိုင်း လေ့လာတဲ့နေရာမှာ ကြိုးစားမှုတွေအတွက် ကြီးကြပ်ရေးမှူးက ကျန်းနိုကို တစ်ခါတလေ ချီးကျူးတာကို ကြားရတဲ့အခါ ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်ပြီး စိတ်ဓာတ်ကျခဲ့ရတယ်။ အရင်တုန်းက ကြီးကြပ်ရေးမှူးက ကျွန်မကို ပိုတန်ဖိုးထားခဲ့ပေမဲ့ အခု ကျန်းနိုလည်း အနားမှာရှိနေတော့ ကျွန်မက သူ့လောက် မတော်သလို ဖြစ်သွားတာပေါ့။ တစ်နေ့ ကွန်ပျူတာရှေ့မှာ ထိုင်နေရင်း ကျွန်မ ထုတ်ဖော်နေမိတဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဆင်ခြင်သုံးသပ်ကြည့်တယ်။ ကျန်းနို တော်တာကို မြင်တော့ ငါ ဘာလို့ စိတ်မကောင်းဖြစ်ရတာလဲ။ ဘေးက ညီမတွေက သူ့ကို အထင်ကြီးကြတော့ ငါ ဘာလို့ ဒီလောက် စိတ်ဓာတ်ကျရတာလဲ။ ဒါက ငါ့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိခိုက်သွားလို့ မဟုတ်ဘူးလားပေါ့။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ သမီးရဲ့ ပြိုင်ဆိုင်ချင်တဲ့ဆန္ဒက ပြန်ပေါ်လာပြန်ပါပြီ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းရဲ့ ချည်နှောင်တာ၊ ဘောင်ခတ်တာကို သမီး ဆက်မခံချင်တော့ပါဘူး။ သူများတွေ သမီးကို ဘယ်လိုပဲထင်ထင် သမီးတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ပဲ လိုလားပါတယ်။ သမီးရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးတော်မူပါ” လို့ပေါ့။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “အကယ်၍ အခြားတစ်စုံတစ်ယောက်သည် သင့်ထက်တော်ပြီး သမ္မာတရားကို သင့်ထက်ပို၍နားလည်လျှင်၊ သင်သည် ၎င်းတို့ထံမှ သင်ယူသင့်သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ ဤသည်မှာ လူတိုင်း ဝမ်းမြောက်သင့်သော အရာတစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ လူ့သမိုင်းတွင်ရှိသည့် ဘုရားသခင်၏ နောက်လိုက်များထဲတွင် ယောဘဆိုသူ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအလုပ်တွင် ဖြစ်ပျက်ခဲ့သော ဂုဏ်ကျက်သရေရှိသည့် အရာတစ်ခုလော၊ သို့မဟုတ် အရှက်ရဖွယ်သောအရာတစ်ခု ဖြစ်သလော။ (ဂုဏ်ကျက်သရေရှိသောအရာတစ်ခု ဖြစ်ခဲ့သည်။) ဂုဏ်ကျက်သရေရှိသောအရာတစ်ခု ဖြစ်ခဲ့သည်။ ဤကိစ္စအပေါ် သင်မည်သည့်သဘောထား ခံယူသင့်သနည်း။ မည်သည့် ရှုထောင့်အမြင် သင်ရှိသင့်သနည်း။ သင်သည် ဘုရားသခင်အတွက် ပျော်ရွှင်ပြီး သူ့ကို ဂုဏ်ပြုသင့်သည်၊ ဘုရားသခင်၏တန်ခိုးကို ချီးမွမ်းသင့်သည်၊ ဘုရားသခင် ဘုန်းအသရေရရှိပြီဖြစ်ကြောင်း ချီးမွမ်းသင့်သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကြောင့် အရာအားလုံးက ချက်ချင်း ရှင်းလင်းသွားတယ်။ တကယ်တော့၊ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ ပိုကောင်းတဲ့ရလဒ်တွေ ရလာတယ်ဆိုတာ လူတွေအပေါ်လုပ်တဲ့ ဘုရားသခင်ရဲ့ အလုပ်က အသီးအပွင့်တွေ သီးလာတယ်ဆိုတာကို ပြနေတာ မဟုတ်ဘူးလား။ ဒါက ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်မှုပေးတဲ့အရာပဲ။ ဒါက ကောင်းတဲ့ကိစ္စလေ။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချည်နှောင်တာကို ခံပြီး ဘုရားသခင်ကို ဆက်ပြီး ရန်လိုနေလို့မရတော့ဘူး။ နောက်နေ့မှာ ကျွန်မက အရင်ဦးအောင် ကျန်းနိုဆီသွားပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ဟ မိတ်သဟာယပြုလိုက်တယ်။ ဒီလိုမျိုး လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက် ရင်ထဲမှာ အများကြီး လွတ်လပ်ပေါ့ပါးသွားသလို ခံစားရပြီး သူနဲ့ ကျွန်မရဲ့ ဆက်ဆံရေးလည်း အများကြီး ပိုရင်းနှီးလာတယ်။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျန်းနိုဟာ နည်းပညာပိုင်းမှာ မြန်မြန်ဆန်ဆန် တိုးတက်နေပြီး ပျိုးထောင်ပေးလို့ရတဲ့ အလားအလာရှိတယ်လို့ တစ်ခါတလေ ပြောတုန်းပဲ။ ကြီးကြပ်ရေးမှူးက သူ့ကို အဲဒီလောက် အရေးပေးတာကို မြင်ရတဲ့အခါ ကျွန်မ တစ်ခါတလေ စိတ်ဓာတ်ကျမိသေးပေမဲ့ အရင်ကလောက်တော့ မနာကျင်ရတော့ဘူး။ အဲဒီအစား သူ့ဆီကနေ သင်ယူဖို့နဲ့ သူ့ရဲ့ အားသာချက်တွေကို အတုယူဖို့ပဲ အာရုံစိုက်လိုက်တယ်။ ဒီလိုမျိုး လက်တွေ့လုပ်ဆောင်တာက ရင်ထဲမှာ အများကြီး ပိုသက်သောင့်သက်သာဖြစ်စေပြီး လွတ်လပ်ပေါ့ပါးသွားစေတယ်၊ ပြီးတော့ သူ့အကူအညီနဲ့ ကျွန်မလည်း နည်းပညာပိုင်းမှာ တိုးတက်မှုတချို့ ရလာခဲ့တယ်။
ဒီလို ထုတ်ဖော်ခံရတဲ့ အတွေ့အကြုံက ကျွန်မအတွက် နာကျင်ရပေမဲ့ တန်ဖိုးလည်း ရှိပါတယ်၊ ကျွန်မ တွေ့ကြုံခံစားဖို့အတွက် ဒီလိုအခြေအနေမျိုး စီစဉ်ပေးခဲ့တဲ့ ဘုရားသခင်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ကျွန်မ ရရှိနိုင်ခဲ့တဲ့ အပြောင်းအလဲတွေက လုံးလုံးလျားလျား ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လိုက်ဘင်း၊ တရုတ်ပြည်ကျွန်တော့်အစွမ်းအစက ညံ့ပြီး စာပေတာဝန်တွေကို မလုပ်နိုင်ဘူးဆိုတာ သေချာသွားလို့ ခေါင်းဆောင်တွေက ကျွန်တော့်ကို...
ရှီးဖန် တောင်ကိုရီးယားနိုင်ငံဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊...
ရှန့်ဆန့် အမေရိကန်နိုင်ငံ ပြီးခဲ့တဲ့နှစ်အစောပိုင်းက အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မရွေးချယ်ခံခဲ့ရတယ်။ အစကတော့ ကျွန်မမှာ...
ဟန်ကျိုရီ၊ တရုတ်နိုင်ငံကျွန်မ အသင်းတော်မှာ အီလက်ထရောနစ် ပစ္စည်းတွေ ပြင်ဆင်ပေးနေခဲ့တာ နှစ်နှစ်ကျော်ပါပြီ။ ဒီတာဝန်ကို စထမ်းဆောင်ခဲ့တုန်းက...