ကျွန်မ ဘာကြောင့် အခြားသူများနှင့် အစဉ်သဖြင့် ပြိုင်ဆိုင်နေခဲ့သနည်း

30.07.2026

ဘာဘရာ၊ လာအို

၂၀၂၃ ခုနှစ်၊ ဇွန်လမှာ ခရိုင် ဆုံးဖြတ်ချက်ချတဲ့အဖွဲ့မှာ ကျွန်မ ရွေးချယ်ခံရပြီး ဂျန်နီနဲ့အတူ ရေလောင်းတဲ့အလုပ်ကို တာဝန်ယူခဲ့ရတယ်။ ကြီးကြပ်ရေးမှူးက အလုပ်တစ်ခုခု အကောင်အထည်ဖော်ဖို့ရှိတိုင်း ကျွန်မကို အရင်ဆုံး စာပို့တယ် ဒါမှမဟုတ် ဖုန်းဆက်တယ်၊ ပြီးမှ အသင်းတော်တွေမှာ ကျွန်မကို အဲဒါတွေအကောင်အထည်ဖော်ခိုင်းတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို အတော်လေး တန်ဖိုးထားပြီး ကျွန်မက ပျိုးထောင်ပေးဖို့ ထိုက်တန်တဲ့သူဆိုပြီး မြင်ပုံရတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်၊ ဒါကြောင့် အရမ်းဝမ်းသာပြီး ကိုယ့်တာဝန်ကို အင်တိုက်အားတိုက် ထမ်းဆောင်ခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ကြီးကြပ်ရေးမှူး အသစ်တစ်ယောက် ရောက်လာတယ်၊ သူက ဂျန်နီကို ပျိုးထောင်ဖို့ အာရုံစိုက်တာကို ကျွန်မ သတိထားမိတယ်။ အလုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ သူက များသောအားဖြင့် ဂျန်နီကိုပဲ ဦးဆောင်ခိုင်းတတ်တယ်။ စုဝေးပွဲတွေမှာ မိတ်သဟာယပြုပြီးတဲ့နောက် ဖြည့်စွက်ပြောစရာ ရှိမရှိ ဂျန်နီကို သူ အမြဲမေးတယ်။ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေကလည်း ဂျန်နီရဲ့ အကြံပြုချက်တွေကို တော်တော်လေး ထောက်ခံကြတယ်။ ကျွန်မ အရမ်း စိတ်မကောင်းဖြစ်ပြီး တွေးမိတယ်၊ “ဘာလို့ သူက ငါ့ကို အလုပ်တွေ အကောင်အထည်ဖော်ဖို့ ဦးဆောင်ခိုင်းတာမျိုး မလုပ်တာလဲ။ ဘာလို့ သူက ဂျင်နီကို ပျိုးထောင်ပေးပြီး ငါ့ကိုကျတော့ ပျိုးထောင်မပေးတာလဲ။ ငါက ဂျန်နီ့ထက် ညံ့တာမှ မဟုတ်တာ” ပေါ့။ ကျွန်မရဲ့ အစွမ်းက ဂျန်နီ့ထက် မညံ့ဘူးဆိုတာကို သက်သေပြချင်လို့ စုဝေးပွဲတွေမှာ တက်တက်ကြွကြွ မိတ်သဟာယပြုခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ရည်ရွယ်ချက်တွေက မှားနေတော့ ကျွန်မရဲ့ မိတ်သဟာယက မရှင်းမရှင်းဖြစ်ခဲ့တယ်။ ကျွန်မမှာ အစွမ်းရှိတယ်ဆိုတာ ကြီးကြပ်ရေးမှူးကိုပြဖို့ ရည်ရွယ်ခဲ့ပေမဲ့ အဲဒီအစား ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်ပဲ လုပ်မိသလို ဖြစ်သွားခဲ့ပြီး တော်တော့်ကို အပျက်သဘောဆောင်သွားတယ်။ နောက်ပိုင်း ကြီးကြပ်ရေးမှူးက အလုပ်ကို အကောင်အထည်ဖော်ဖို့ ခိုင်းတဲ့အခါ မပါဝင်ရအောင် ဆင်ခြေတွေပေးဖြစ်တယ်။ အလုပ်တစ်ခုကို အကောင်အထည်ဖော်တိုင်း ကြီးကြပ်ရေးမှူးက ဂျန်နီ့ကိုပဲ အာရုံစိုက်နေတော့ အဲဒီမှာ ကိုယ်ရှိနေရင်တောင် တန်ဖိုးထားခံရမှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ဘာအလုပ်တွေ အကောင်အထည်ဖော်ခဲ့လဲဆိုတာ ကိုယ့်တွဲဖက်ကို ပြန်မေးဖြစ်ပေမဲ့ ဒါကြောင့် အလုပ်တချို့က အချိန်မီ အကောင်အထည်မဖော်နိုင်တာတွေ ဖြစ်စေခဲ့သလို လူသစ်တချို့ စုဝေးပွဲမတက်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးဖို့ ချက်ချင်း မိတ်သဟာယ မပြုပေးဖြစ်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ကိုယ့်တာဝန်မှာ ဘာမှသိပ်အလုပ်မဖြစ်သလို ခံစားခဲ့ရတယ်၊ မရှိလဲ ဖြစ်တဲ့ လက်ထောက်တစ်ယောက်လိုမျိုးပေါ့။ အဲဒီမှာ ဆက်နေပြီး ကိုယ့်တာဝန်ကိုတောင် မထမ်းဆောင်ချင်တော့ဘူး။ ကျွန်မက အပြိုင်အဆိုင်ဖြစ်တာနဲ့ မနာလိုဖြစ်တဲ့ အခြေအနေမှာ အသက်ရှင်နေတယ်ဆိုတာ သဘောပေါက်လိုက်လို့ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ခုတလောမှာ သမီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်နေမိပြီး ရင်ထဲမှာ အရမ်းနာကျင်နေပါတယ်။ ဘယ်လို ရုန်းထွက်ရမလဲ သမီး မသိပါဘူး။ ကိုယ်ပိုင်ပြဿနာတွေကို သိမြင်အောင် သမီးကို ကျေးဇူးပြုပြီး လမ်းပြပေးပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရလိုက်ပြီး ဒီနှုတ်ကပတ်တော်ကနေ ကိုယ့်ပြဿနာတွေအပေါ် နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် မိမိတို့ကိုယ်ကို အလွန်စုံလင်သည် အလွန်ဂုဏ်ရှိသည်၊ အလွန်မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် အလွန်ကွဲပြားခြားနားသည်ဟု မတွေးထင်သင့်ပေ။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို အများနှင့်မတူဟု အစဉ်တွေးထင်ခြင်းဟူသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို ဘယ်သောအခါမျှ လက်မခံနိုင်ခြင်းနှင့် မိမိတို့၏ အမှားများနှင့် ကျရှုံးမှုများကို ဘယ်သောအခါမျှ ရင်မဆိုင်နိုင်ခြင်းသည် မာနထောင်လွှားသော စိတ်သဘောထားမှ အရင်းခံ၏။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ ပိုကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ။ ဤအရာသည် မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုကြောင့် ဖြစ်သည်။ အခြားသူများ၏ အားသာချက်များကို မိမိတို့ထက်ပို၍ ကျော်လွန်ရန် သို့မဟုတ် သာလွန်ရန် မည်သည့်အခါမျှ ခွင့်မပြုခြင်းဖြစ်သည့် ဤအရာသည် မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုကြောင့် ဖြစ်သည်။ အခြားသူများကို မိမိတို့ထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က အခြားသူများသည် မိမိတို့ထက် ပိုကောင်းသည်ကို တွေ့ရှိလာသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး စိတ်ပျက် အားလျော့ကာ စိတ်မချမ်းမသာ ဖြစ်လာကြသည်။ ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင်၏ ဂုဏ်သိက္ခာကို ကာကွယ်တတ်ခြင်းကြောင့် အခြားသူများ၏ အမှားပြုပြင်မှုကို လက်ခံနိုင်စွမ်း မရှိအောင်လုပ်ဆောင်နိုင်သည်။ သင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိအောင် လုပ်ဆောင်နိုင်သည်။ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိအောင်လုပ်ဆောင်နိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ပေါ်ပေါက်စေနိုင်ပြီး သင်သည် ဘောင်ခတ်ခံရနိုင်ပြီး သင်၏တာဝန်ကို ထမ်းဆောင်ဖို့ပင် ဆန္ဒမရှိတော့ဘဲ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်အထိပင် ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ပေါ်ပေါက်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ကျွန်မရဲ့ အခြေအနေက ဘုရားသခင် ဖော်ထုတ်ထားတဲ့အတိုင်း အတိအကျပါပဲ။ ကျွန်မ အပျက်သဘောဆောင်ပြီး ထွက်ပြေးချင်နေတာက ကိုယ့်ရဲ့ မာနထောင်လွှားမှုကြောင့် မဟုတ်ဘူးလား။ ကျွန်မက အစွမ်းအစကောင်းပြီး အလုပ်လုပ်နိုင်စွမ်း ရှိတယ်လို့ အမြဲခံစားခဲ့ရတယ်၊ ဘုရားအိမ်တော်မှာ ရာထူးတိုးပေးပြီး အရေးကြီးတဲ့နေရာမှာ အသုံးခံရသင့်တဲ့ ရှားရှားပါးပါး ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်ပေါ့။ ကြီးကြပ်ရေးမှူးက ကိုယ့်ကို ပျိုးထောင်ရမယ့်အစား ဂျန်နီ့ကို ပျိုးထောင်ဖို့ အာရုံစိုက်တာကို မြင်တော့ ကျွန်မ တကယ် စိတ်ပျက်သွားပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု ပျောက်သွားတယ်။ အလုပ်ကို အကောင်အထည်ဖော်မယ့် စုဝေးပွဲတွေကို မတက်ဖို့ ဆင်ခြေပေးခဲ့ပြီး အဲဒီမှာ ဆက်နေပြီး ကိုယ့်တာဝန်ကိုတောင် မထမ်းဆောင်ချင်တော့ဘူး။ တကယ်တော့ အရင်က ကိုယ့်တာဝန်မှာ ကျွန်မရခဲ့တဲ့ ရလဒ်တွေအားလုံးက ဘုရားသခင်ရဲ့ လမ်းပြမှုကြောင့်သာ ဖြစ်ပြီး ကျွန်မမှာ ဝါကြွားစရာ ဘာမှမရှိပါဘူး။ ဒါတောင်မှ ဒါတွေကို ကိုယ့်ရဲ့ ကိုယ်ပိုင်အရင်းအနှီးလို သဘောထားပြီး ကိုယ်က သူများထက် ပိုတော်တယ်လို့ ထင်ခဲ့တယ်။ တန်ဖိုးထားမခံရတာကို မြင်တော့ ကျွန်မ မကျေမနပ်ဖြစ်ပြီး အာခံလာမိခဲ့တယ်။ ကျွန်မမှာ ဆင်ခြင်တုံတရား တကယ် ကင်းမဲ့နေခဲ့တာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ အရမ်းစိတ်ထိခိုက်မိတယ်၊ အဲဒါနဲ့ ကျွန်မရဲ့ ပြဿနာတွေကို ပိုပြီး သိမြင်လာအောင် လမ်းပြပေးဖို့ တောင်းလျှောက်ရင်း ကျွန်မရဲ့ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို တိတ်တဆိတ် အော်ဟစ် ဆုတောင်းခဲ့ပါတယ်။

မနက်ခင်း ဝတ်ပြုချိန်တစ်ခုမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်၊ “အန္တိခရစ်က မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဓိကကျသော နေရာတစ်ခုတွင်၊ မြင့်မားသောရာထူးနေရာတွင် ထားရန် ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် သာမန်နောက်လိုက်တစ်ယောက် ဖြစ်ရခြင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ ရောင့်ရဲနိုင်မည်မဟုတ်။ ၎င်းတို့သည် မည်သည့်အရာကို စိတ်အပြင်းပြဆုံး ဖြစ်သနည်း။ လူတို့၏ ရှေ့တွင် ရပ်ပြီး အမိန့်များပေးခြင်း၊ လူတို့ကို ဆူငေါက်ခြင်း၊ လူတို့ကို သူတို့ပြောသည့်အတိုင်း လုပ်စေခြင်းတို့ဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေဖို့ကို မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို လုံးဝ မစဉ်းစားကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်လာပြီး အခြားလူတို့ကို ဦးဆောင်နိုင်ရန်အတွက် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရအောင် ပြုလုပ်ရန်၊ ခေါင်းဆောင်များက ၎င်းတို့ကို အထင်ကြီးပြီး ရာထူးတိုးပေးစေရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤသည်မှာ တစ်နေကုန် ၎င်းတို့စဉ်းစားပြီး မျှော်လင့်လျက် အချိန်ကုန်စေသည့်အရာဖြစ်သည်။ အန္တိခရစ်များသည် တာဝန်ကို တိတ်ဆိတ်စွာဖြင့် မထင်မရှား ထမ်းဆောင်ရန်ကို မဆိုထားနှင့်၊ အခြားလူတို့၏ ဦးဆောင်မှုကို မခံယူလိုသကဲ့သို့ သာမန်နောက်လိုက် တစ်ယောက်လည်း မဖြစ်လိုကြပေ။ ၎င်းတို့၏တာဝန်သည် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့က အရေးပါသည့်သူမဖြစ်ပါက၊ ၎င်းတို့က သူတစ်ပါးတို့အထက်တွင် မနေရပါက၊ အခြားသူများကို ဦးဆောင်၍ မရပါက မိမိတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ပျင်းရိဖွယ်ဖြစ်သည်ဟု မြင်လာကာ အပျက်သဘောဆောင်လာပြီး ခိုကပ်လာကြသည်။ သူတစ်ပါးတို့၏ ချီးမွမ်းမှု၊ သို့မဟုတ် ကြည်ညိုမှုမပါဘဲနှင့် ယင်းသည် ၎င်းတို့အတွက် သာ၍ပင် စိတ်ဝင်စားမှုနည်းပါးဖွယ် ဖြစ်လာပြီး၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ၎င်းတို့ စိတ်ဆန္ဒများ သာ၍ပင် နည်းပါးလာလေသည်။ သို့ရာတွင် ၎င်းတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်စဉ်တွင် အရေးပါသည့်သူဖြစ်ပြီး အဆုံးသတ် ဆုံးဖြတ်ချက်ချခွင့်ရနိုင်ပါက ၎င်းတို့သည် အင်အားခိုင်မာပြီး မည်သည့်ဒုက္ခဆင်းရဲကိုမဆို ခံလိမ့်မည်။ ၎င်းတို့၌ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ အစဉ်ရှိကြပြီး အခြားသူများကို သာလွန်ဖို့ ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန် နည်းလမ်းတစ်ခုအနေဖြင့် ၎င်းတို့သည် အသိအမှတ်ပြုခြင်း ခံလိုကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ထင်ပေါ်ဖို့၊ ထိပ်တွင်ရောက်ဖို့၊ အခြားလူများအထက်သို့ရောက်ဖို့ ကိစ္စရပ်တိုင်းတွင် ယှဉ်ပြိုင်လျက်ဖြင့် အလွန်အမင်း ယှဉ်ပြိုင်တတ်သည့်အပြင် ၎င်းတို့၏ လက်ရှိ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာတို့ကို ထိန်းသိမ်းရန်နည်းလမ်းကိုလည်း စဉ်းစားနေကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) အန္တိခရစ်တွေဟာ အရာရာမှာ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ ကြံစည်ကြတယ်၊ သူများထက် ဘယ်လိုထင်ပေါ်အောင်လုပ်မလဲ၊ သူများကို ဘယ်လိုဦးဆောင်မလဲ၊ ဘယ်လို ရာထူးတိုးပြီး အရေးကြီးတဲ့နေရာတွေမှာ ဘယ်လို အသုံးပြုခံရမလဲဆိုတာကိုပဲ ဦးနှောက်ခြောက်အောင် စဉ်းစားကြတယ်၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဘယ်လိုထမ်းဆောင်မလဲဆိုတာကို လုံးဝ မစဉ်းစားကြဘူးလို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ကျွန်မ လိုက်စားနေတာက အန္တိခရစ်တစ်ယောက် လိုက်စားတာနဲ့ ဘာမှမကွာပါဘူး။ အသင်းတော်မှာ သခင့်ကို ယုံကြည်ခဲ့တုန်းက အချိန်ကို ကျွန်မ ပြန်သတိရမိတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက စင်မြင့်ပေါ်ကနေ တရားဟောနေတာ၊ သူတို့ကို ကိုးကွယ်တဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ လူအများကြီးက ဝိုင်းရံထားတာကို မြင်ရတိုင်း ကျွန်မ အရမ်း အားကျခဲ့တယ်၊ ပြီးတော့ တစ်နေ့ကျရင် ကျွန်မလည်း စင်မြင့်ပေါ်ကနေ တရားဟောနိုင်ဖို့ ထိုင်းနိုင်ငံကိုသွားပြီး ဓမ္မပညာကို သင်ယူမှဖြစ်မယ်လို့ ကိုယ့်ဘာသာကိုယ် တိတ်တိတ်လေး ပြောခဲ့တယ်။ အဲဒီတုန်းက ကျွန်မရဲ့ စိတ်အားထက်သန်မှုက တော်တော်ကို ကြီးမားခဲ့တာ။ အသင်းတော်စုဝေးပွဲတွေကို တစ်နှစ်လောက် တက်ပြီးတဲ့နောက်မှာ သင်းအုပ်ဆရာက ကျွန်မကို စပြီး ပျိုးထောင်ပေးလာတယ်၊ အဲဒါနဲ့ စုဝေးပွဲတွေကို ပိုလို့တောင် တက်တက်ကြွကြွ တက်ခဲ့တာပေါ့၊ နောင်တစ်ချိန်ကျရင် ရာထူးတိုးပြီး အရေးပါတဲ့နေရာမှာ အသုံးပြုခံရမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့လေ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ တက်တက်ကြွကြွနဲ့ လိုက်စားခဲ့တယ်၊ ပြီးတော့ ဘုရားကိုယုံကြည်တာ ခြောက်လပဲရှိသေးတဲ့အချိန်မှာ အချိန်ပြည့်တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်လာခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတဲ့အချိန်မှာ ညီအစ်ကိုမောင်နှမတွေ ကိုယ့်ကို အထင်ကြီးလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ အရမ်းအာရုံစိုက်ခဲ့တယ်။ ကျွန်မမှာ ဝန်တာရှိတယ်၊ တာဝန်ယူစိတ်ရှိတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေ မြင်စေချင်လို့ ကြီးကြပ်ရေးမှူး တာဝန်ပေးတဲ့ အလုပ်မှန်သမျှကို ပြီးမြောက်အောင် အစွမ်းကုန် လုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေဆီက ချီးကျူးတာကိုခံရပြီး ကြီးကြပ်ရေးမှူးရဲ့ တန်ဖိုးထားတာကို ခံရတဲ့အခါ ကိုယ့်တာဝန်မှာ ခွန်အားအပြည့်ရှိခဲ့ပြီး ဘယ်လိုဒုက္ခမျိုးကိုမဆို သည်းခံဖို့ လိုလားခဲ့တယ်၊ ဒါပေမဲ့ ကြီးကြပ်ရေးမှူးအသစ်က ဂျန်နီ့ကို တန်ဖိုးထားတာ မြင်တော့ စိတ်မကောင်းဖြစ်ပြီး မနာလိုဖြစ်ခဲ့တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အမြဲ သက်သေပြချင်ခဲ့တယ်။ သူ့ကို မကျော်ဖြတ်နိုင်တဲ့အခါ အပျက်သဘောဆောင်လာတယ်၊ ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေ စလုပ်လာတယ်၊ ကြီးကြပ်ရေးမှူးက အလုပ်ကို အကောင်အထည်ဖော်တဲ့အခါ မပါဝင်ချင်တော့ဘူး၊ ပြီးတော့ လူသစ်တွေရဲ့ အခက်အခဲတွေကို ချက်ချင်း နောက်ဆက်တွဲလိုက်ပြီး မဖြေရှင်းပေးခဲ့ဘူး။ အဲဒီကနေ ထွက်ပြေးပြီး အဲဒီမှာ ကိုယ့်တာဝန်ကို မထမ်းဆောင်ချင်တဲ့ စိတ်ပဲရှိခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက ဘုရားသခင်ကို စိတ်ကျေနပ်ဖို့ မဟုတ်ဘဲ ကိုယ့်ရဲ့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက်သာ ဖြစ်နေပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို တစ်စက်လေးမှ အလေးမထားဘူးဆိုတာ မြင်ခဲ့ရတယ်။ ကျွန်မ တော်တော် တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ ဒီလိုလုပ်တာက ဘယ်လိုလုပ်ပြီး ကိုယ့်တာဝန်ထမ်းဆောင်ရာ ကျမှာလဲ။ ကျွန်မက မကောင်းမှုပြုပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေတာ၊ အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်နေတာ ရှင်းနေတာပဲ။ ဒီလိုပုံစံနဲ့သာ ဆက်ပြီး လိုက်စားခဲ့ရင် နေ့တိုင်း သူများတွေနဲ့ အပြိုင်အဆိုင်လုပ်နေမယ်၊ လူတိုင်းက ကိုယ့်ကိုပဲ ဝိုင်းရံပြီး အထင်ကြီးချီးကျူးတာကို လိုချင်နေရင် ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို လျှောက်နေမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ဘုရားသခင်က ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာကို ခံရမှာဖြစ်သလို ကယ်တင်ခံရမယ့် အခွင့်အရေးကိုလည်း ဆုံးရှုံးရမှာပဲ။

နောက်ပိုင်းမှာ ညီမဂျက်စီကို ကိုယ့်အခြေအနေအကြောင်း ရင်ဖွင့်ခဲ့တယ်၊ ဒီအခြေအနေကနေ ရုန်းထွက်ဖို့အတွက် သူ ကူညီပေးနိုင်ဖို့ မျှော်လင့်ခဲ့တာပေါ့။ သူက ကျွန်မကို သတိပေးတယ်၊ “အစ်မ အဆင့်အတန်းကို လိုက်စားနေတယ်ဆိုတာ အစ်မ သဘောပေါက်တယ်။ ဒါပေမဲ့ အစ်မ ဘာတွေ လိုအပ်နေလဲဆိုတာကိုရော မကြည့်သင့်ဘူးလား။ ကိုယ်က သူများထက် သာတယ်လို့ အမြဲခံစားနေရရင် ကိုယ့်ကိုယ်ကိုယ် လက်လွှတ်ဖို့ ခက်ပါတယ်။ ကျွန်မတို့က ကိုယ်ထင်ထားသလောက် တကယ်ရော တော်ရဲ့လား။ ခုတလော အစ်မ အခက်အခဲတွေနဲ့ ကြုံရရင် အမြဲတမ်း နောက်ဆုတ်သွားတာကို ကျွန်မ သတိထားမိတယ်။ အလုပ်စလုပ်တုန်းကတော့ တော်တော်လေး စိတ်ပိုင်းဖြတ်ထားတာပဲ၊ ဒါပေမဲ့ နောက်တော့ အဲဒီစိတ်က ပျောက်သွားတယ်။ ဒါက ခဏတာ စိတ်အားထက်သန်မှုလေးပါပဲ၊ အစ်မက လက်တွေ့ကျတဲ့ နည်းလမ်းနဲ့ အလုပ်မလုပ်နိုင်ဘူး။ ကျွန်မတို့ဆီမှာရှိတဲ့ ဒီပြဿနာတွေအပေါ် စစ်မှန်တဲ့ နားလည်သဘောပေါက်မှု ရှိရင် ကျွန်မတို့က သူများတွေထက် ပိုတော်တယ်လို့ အမြဲ ခံစားနေရမှာ မဟုတ်ပါဘူး” တဲ့။ သူ ဒီလိုပြောတာ ကြားလိုက်ရတော့ ကျွန်မ တော်တော်ခံစားသွားရတယ်၊ ဒါပေမဲ့ သူပြောခဲ့တာက တကယ်ပဲ ကျွန်မရဲ့ ပြဿနာဖြစ်နေတယ်။ ကျွန်မမှာ ဆင်ခြင်တုံတရား တကယ်ကင်းမဲ့နေတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မလိုလူမျိုးကို တကယ်များ ရာထူးတိုးပေးပြီး ပျိုးထောင်ပေးရင်တောင် ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ပါ့မလား။

စုဝေးပွဲတစ်ခုမှာ ကျွန်မကို အရမ်းတို့ထိခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ ဘုရားသခင်က ပြောသည် “အချို့သောလူတို့သည် မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်ခံခဲ့ကြခြင်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခွန်းကိုပင် လက်မခံကြပေ။ ဘုရားအိမ်တော်က ၎င်းတို့ကို မမြှောက်စား သို့မဟုတ် အသုံးမပြုသောအခါ ၎င်းတို့က ‘အဘယ်ကြောင့် ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်ရသနည်း။ အဘယ်ကြောင့် ဘုရားအိမ်တော်က ကျွန်ုပ်ကို မည်သည့်အခါမျှ မမြှောက်စား သို့မဟုတ် အရေးကြီးသောနေရာတွင် မထားရသနည်း။ ကျွန်ုပ်သည် အချို့သော သမ္မာတရားများကို နားလည်သည်၊ ကျွန်ုပ်တွင် ရည်သန်မျှော်မှန်းချက်များနှင့် စိတ်ပိုင်းဖြတ်မှုရှိပြီး ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံလိုစိတ်လည်း ရှိပါတကား။ ကျွန်ုပ်သည် ပညာတတ်ဖြစ်ပြီး အရည်အချင်း ရှိသည့်အပြင် ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်သည်၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ဘုရားအိမ်တော်က ကျွန်ုပ်ကို အခွင့်အရေး မပေးရသနည်း။ ကျွန်ုပ်ကို ဤသို့ဆက်ဆံခြင်းသည် တရားမမျှတပါ။ အခြားသူများ အခွင့်အရေးများ ရကြလျှင် ကျွန်ုပ် အဘယ်ကြောင့် မရရသနည်း။ ဘုရားသခင်သည် ဖြောင့်မတ်တော်မမူပါ’ ဟု စောဒကတက်ကြသည်။ သို့ဆိုလျှင် သင်သည် လူတို့ကို မြှောက်စားပြီး အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကို အဘယ်ကြောင့် မကြည့်သနည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အား ပိတ်ထားပြီး သင်သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကို အတိုက်အခံလုပ်သည်၊ ဘုရားသခင် ပြောသည့်အရာကို သင် နှလုံးသွင်းပြီးပြီလော။ သင် အမှုအရာများကို လုပ်ဆောင်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ရှာဖွေဖူးသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြောဆိုသည့်အရာကို နားမထောင်သည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေပေ၊ သို့ဖြစ်လျှင် ဘုရားအိမ်တော်က သင့်ကို မည်သို့ အသုံးပြုနိုင်မည်နည်း။ ဘုရားသခင်က သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ဖွဲ့စည်းပေးလျှင်ပင်၊ ဘုရားအိမ်တော်က သင့်ကို မြှောက်စားအသုံးပြုခံရမည့် အခွင့်အရေးတစ်ခု ပေးလျှင်ပင် သင်သည် မည်သည့်အလုပ်တွင် အရည်အချင်း ပြည့်မီနိုင်မည်နည်း။ မည်သည့်အလုပ်ကို သင် ထမ်းရွက်နိုင်မည်နည်း။ ထိုသို့သောလူတစ်ဦးကို အသင်းတော်အလုပ်အတွက် အသုံးပြုခဲ့ပါက ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အလိုအတိုင်း ထင်ရာစိုင်း၍ မကောင်းမှုများကို ကျူးလွန်မည်မှာ သေချာပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေကာ ယင်းက အရာတစ်ခုတည်းသို့သာ ဦးတည်နိုင်ပေသည်။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတာ ကျွန်မ ရင်ထဲ စူးနစ်သွားတာပဲ။ လူတချို့က သမ္မာတရားကို ဘယ်တော့မှ လက်မခံကြဘူး၊ သူတို့ရဲ့ စိတ်နှလုံးတွေကိုလည်း ဘုရားသခင်ဆီ ပိတ်ထားကြတယ်၊ သူတို့လုပ်သမျှအရာရာတိုင်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ ဒါမှမဟုတ် သမ္မာတရား စည်းမျဉ်းတွေကို ဘယ်တော့မှ မရှာဖွေကြဘူးလို့ ဘုရားသခင်က မိန့်ဆိုထားတယ်။ အဲဒီလိုလူမျိုးတွေကို အသင်းတော်အလုပ်လုပ်ဖို့ အခွင့်အရေးပေးရင်တောင် သူတို့က အဲဒါကို တာဝန်ယူနိုင်မှာ မဟုတ်ဘူးတဲ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်၊ “ငါက သမ္မာတရားကို လိုက်စားတဲ့သူလား။ သမ္မာတရားကို လက်ခံတဲ့သူလား။ မဟုတ်ဘူး” ပေါ့။ ကျွန်မက ကိုယ့်သဘောဆန္ဒတွေအတိုင်း အရာရာကို လုပ်ပြီး တော်တော်လေး ဇွတ်တရွတ်နိုင်တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မ စိတ်တိုင်းမကျတဲ့ အရာတွေကို လုပ်တဲ့အခါ စကားမပြောချင်တော့ဘဲ ကိုယ့်တာဝန်အပေါ် ဒေါသပုံချတတ်တယ်။ ပြီးတော့ သူတို့က ကိုယ့်ပြဿနာတွေကို ထောက်ပြတဲ့အခါ လက်ခံဖို့ခက်ခဲတာကိုလည်း တွေ့ရတယ်။ ကိုယ့်တာဝန်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကိုပဲ အမြဲ လိုက်စားခဲ့တယ်၊ ပြီးတော့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေ မပြည့်ဝတဲ့အခါ အပျက်သဘောဆောင်လာပြီး ပျင်းရိလာတယ်၊ ကိုယ့်တာဝန်ကို စွန့်လွှတ်ဖို့တောင် စဉ်းစားမိခဲ့တယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့နေတဲ့ ကျွန်မလို လူမျိုးကို ဘုရားသခင်က အထူး မြှောက်စားမှုနဲ့ ကျေးဇူးတော် ပြသခဲ့ပြီးပါပြီ၊ ဘုရားသခင်က ထူးခြားတဲ့ မြှောက်စားမှုနဲ့ ကျေးဇူးတော် ပြသခဲ့ပြီးပါပြီ၊ ဒါတောင်မှ ဒါကို ကျွန်မ တန်ဖိုးမထားခဲ့ဘူး၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ သမ္မာတရားကိုလည်း မရှာဖွေခဲ့ဘူး။ အဲဒီအစား သူများတွေနဲ့ပဲ အမြဲ အပြိုင်အဆိုင် လုပ်နေခဲ့တာ။ ကျွန်မအတွက် ဘာကကောင်းလဲဆိုတာကို တကယ်မသိခဲ့ဘူး။ ဒီလိုထုတ်ဖော်ပြမှုသာ မရှိရင် ကိုယ့်အကြောင်းကိုယ် တကယ် သိခဲ့မှာ မဟုတ်ဘူး။ နောက်ပိုင်းမှာ ဂျန်နီက စုဝေးပွဲတွေကို ဦးဆောင်တာ ဒါမှမဟုတ် အလုပ်ကို အကောင်အထည်ဖော်တာကို မြင်ရတဲ့အခါ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေက သူ့ကို ချီးကျူးနေတာ ကြားရတဲ့အခါ ကျွန်မက အဲဒါကို မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့တယ်၊ ပြီးတော့ အရင်ကလောက် စိတ်မကောင်းဖြစ်တာ၊ မွန်းကျပ်တာမျိုး မခံစားရတော့ဘူး။

နောက်တော့ ကိုယ့်တွဲဖက် ညီမဂျင်းက ကြီးကြပ်ရေးမှူးအနေနဲ့ ရွေးချယ်ခံရတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မ ရင်ထဲ ဒိတ်ကနဲဖြစ်သွားပြီး တွေးမိတယ်၊ “အလုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ များသောအားဖြင့် ငါက သူ့ထက် ပိုတက်ကြွတာ။ ဘာလို့ ကြီးကြပ်ရေးမှူးအနေနဲ့ ငါ့ကိုမရွေးဘဲ သူ့ကို ရွေးလိုက်ကြတာလဲ” ပေါ့။ သူများတွေနဲ့ အပြိုင်အဆိုင် ထပ်လုပ်နေမိပြီဆိုတာ သဘောပေါက်လိုက်လို့ တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သမီးကို ကျိုးနွံနာခံတတ်အောင် စောင့်ရှောက်တော်မူပါ။ ရာထူးတိုးသည်ဖြစ်စေ၊ မတိုးသည်ဖြစ်စေ ဒါတွေအားလုံးက ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်အောက်မှာပဲ ရှိပါတယ်။ သမီးရဲ့ စိတ်နှလုံးကို ကိုယ့်တာဝန်မှာပဲ အာရုံစိုက်ထားလို့ရအောင် ကျေးဇူးပြုပြီး လမ်းပြပေးပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက် စိတ်ထဲမှာ အများကြီး ပိုငြိမ်းချမ်းသွားတယ်။ နောက်ပိုင်း ဂျင်းနဲ့ ထပ်ပြီး ပူးပေါင်းဆောင်ရွက်တဲ့အခါ ကျွန်မမှာမရှိတဲ့ အားသာချက်တွေ အများကြီး သူ့ဆီမှာ ရှိနေတာကို မြင်ခဲ့ရတယ်။ သူက အလုပ်ကို အမှီအခိုကင်းကင်းနဲ့ ကိုင်တွယ်နိုင်တယ်၊ တစ်ခါတလေ ဧဝံဂေလိအမှုဆောင်တွေ ပြဿနာကြုံရရင် ပြဿနာတွေကို ဖြေရှင်းပေးဖို့ သူတို့ဆီ တက်တက်ကြွကြွ သွားပြီး မိတ်သဟာယ ပြုပေးတယ်။ အလုပ်ကို အသေးစိတ် နောက်ဆက်တွဲလိုက်လုပ်တယ်၊ ပြီးတော့ သူ့တာဝန်မှာ ရလဒ်တွေ ရရှိခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မမှာ လိုအပ်နေတဲ့ အရာတွေချည်းပါပဲ။ မနက်ခင်း ဝတ်ပြုချိန်တစ်ခုမှာ ကျွန်မအတွက် အရမ်း အထောက်အကူဖြစ်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဖန်ဆင်းခံ လူသားမျိုးနွယ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် သင်သည် သင်၏ သင့်လျော်သောနေရာကို ထိန်းသိမ်းပြီး လိမ္မာသောဟန်အမူအရာဖြင့် ကျင့်ကြံပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်သောသူတစ်ဦး၊ မဟာလူသားတစ်ဦး သို့မဟုတ် ကြီးကျယ်ခမ်းနားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကို မလိုက်စားနှင့်။ ပြီးလျှင် ဘုရားဖြစ်အောင်လည်း မလိုက်စားနှင့်။ ဤသည်တို့အားလုံးမှာ လူတို့တွင် မရှိသင့်သည့် ဆန္ဒများဖြစ်သည်။ ကြီးမြတ်သောသူ၊ သို့မဟုတ် မဟာလူသားဖြစ်ခြင်းကို လိုက်စားခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် လိုက်စားခြင်းက ပို၍ပင် ရှက်ဖွယ်ကောင်း၏။ ဤသည်မှာ ရွံရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ အမှန်တကယ် တန်ဖိုးရှိပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ခြင်းဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်စားသင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မရဲ့ စိတ်နှလုံးက အများကြီး ပိုလင်းလက်လာတယ်။ အမူအကျင့်ကောင်းကောင်းနဲ့ ကျင့်ကြံပြုမူဖို့၊ ကိုယ့်တာဝန်ကို လက်တွေ့ကျကျ ကောင်းကောင်း ဖြည့်ဆည်းဖို့ ဘုရားသခင်က ကျွန်မတို့ကို တောင်းဆိုတယ်ဆိုတာ နားလည်ခဲ့တယ်။ မဟာလူသား ဒါမှမဟုတ် ကြီးကျယ်ခမ်းနားတဲ့သူတစ်ယောက်ဖြစ်ဖို့ လိုက်စားခိုင်းတာ မဟုတ်ဘူး။ တာဝန်စထမ်းဆောင်ကတည်းက အဲဒါကို ကောင်းကောင်း ဘယ်လိုလုပ်ရမလဲဆိုတာကို သေချာ မတွေးတောခဲ့ဖူးတာ၊ ဒါမှမဟုတ် စစ်မှန်တဲ့ ဖန်ဆင်းခံတစ်ယောက်ဖြစ်ဖို့ ဘယ်လိုလိုက်စားရမလဲဆိုတာနဲ့ ကိုယ့်ရဲ့ နေရာမှန်မှာ ဘယ်လိုနေရမလဲဆိုတာ မတွေးတောခဲ့ဖူးတာတွေကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ အဲဒီအစား ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကိုပဲ မျက်ကန်းလို လိုက်စားခဲ့တယ်၊ ကြီးကြပ်ရေးမှူးတွေ ကိုယ့်ကို တန်ဖိုးထားလာအောင်၊ ညီအစ်ကိုမောင်နှမတွေ ကိုယ့်ကို ကိုးကွယ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားနေခဲ့တာ။ လူအုပ်တိုင်းရဲ့ကြားမှာ အမြဲ ထင်ပေါ်ချင်နေခဲ့တာ၊ ကျွန်မရဲ့ ရည်မှန်းချက်က ကြီးမားလွန်းတယ်။ အဲဒီမှာ ကျွန်မ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချလိုက်တယ်၊ အခုချိန်ကစပြီး သမ္မာတရားကို အလေးအနက် လိုက်စားမယ်၊ ပြီးတော့ ကိုယ့်တာဝန်ကို လက်တွေ့ကျတဲနည်းလမ်းနဲ့ ကောင်းကောင်း ဖြည့်ဆည်းမယ်လို့ပေါ့။ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ သတိရလိုက်တယ်၊ “ကျွန်ုပ်သည် သေးနုပ်သော ဖန်ဆင်းခံမျှသာဖြစ်သည်” “ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ယင်းမှာ ကိုယ်တော်၏ ချီးမြှောက်မှုကြောင့်ဖြစ်ပြီး အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ ကြိုတင်ပြဋ္ဌာန်းခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသည့်အပြင် ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကိုယ်တော်သည် ကျွန်ုပ်ကို ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာရန် ကြိုတင်ပြဋ္ဌာန်းခဲ့ပါ၏၊ ထို့ပြင် အရာခပ်သိမ်းသည် ကိုယ်တော် ကြိုတင်ပြဋ္ဌာန်းထားသည့်အရာ ဖြစ်သောကြောင့် ကျွန်ုပ် လုပ်ဆောင်နိုင်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ ကျိုးနွံနာခံရန်သာ ဖြစ်ပါ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဒီဓမ္မတေးကို လိုက်ဆိုရင်းနဲ့ ထပ်ခါတလဲလဲ နားထောင်ခဲ့တယ်။ သီချင်းစာသားတိုင်းက ကျွန်မ ရင်ထဲကို တိုက်ရိုက် ထိမှန်တယ်။ ကျွန်မဟာ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်တဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေတဲ့ သေးငယ်တဲ့ ဖန်ဆင်းခံတစ်ယောက်ပါ။ ဒီနေ့ အသင်းတော်မှာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နိုင်တာဟာ အထူး ဂုဏ်ယူစရာပါပဲ။ ဒါဟာ ဘုရားသခင်ရဲ့ မြှောက်စားမှုနဲ့ ကျေးဇူးတော်ပါပဲ။ ဘာတာဝန်ပဲ ထမ်းဆောင်ရပါစေ ကျွန်မ ကျိုးနွံနာခံဖို့ လိုလားပါတယ်။ နောက်ပိုင်းမှာ ဂျင်း ကြီးကြပ်ရေးမှူးအနေနဲ့ ရွေးချယ်ခံရတာက ကျွန်မကို သက်ရောက်မှုမရှိတော့ဘူး။ ပြီးတော့ လုပ်ဖို့လိုတဲ့ အလုပ်တွေကို လုပ်ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ နေ့တိုင်း ဆက်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒီလို နားလည်မှုတွေနဲ့ အကျိုးကျေးဇူးတွေဆီ လမ်းပြပေးခဲ့တဲ့အပြင် ကျွန်မဆီကို ပြောင်းလဲမှုတချို့ ယူဆောင်လာပေးတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သူတစ်ပါးက သာလွန်သွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် စိုးရွံ့သနည်း

ရီနာ ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇွန်လမှာ ဘုရားရဲ့ အမှုတော်သစ်ကို ကျွန်မ လက်ခံခဲ့ပြီး၊ လူသစ်တွေကို စရေလောင်းခဲ့တယ်။ တချို့ လူသစ်တွေက အကူအညီရတော့...

တာဝန်ကို နာမည်ကြီးဖို့နှင့် အဆင့်အတန်းရှိဖို့အတွက် မထမ်းဆောင်သင့်ပါ

ကျောင်ယန်၊ တရုတ်နိုင်ငံ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလရဲ့ ရက်တစ်ရက်မှာ ဇာတ်စင်နောက်ခံပုံတစ်ခုလုပ်ဖို့ ခေါင်းဆောင်က ကျွန်မကို စီစဉ်ပေးခဲ့တယ်။...

အဆင့်အတန်းကို မက်မောခြင်းအပေါ် သုံးသပ်ချက်များ

ကျန်းချီ ကိုးရီးယားနိုင်ငံ ကျွန်တော် အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်တုန်းကပေါ့။ အဲဒီတုန်းက ဗီဒီယိုထုတ်လုပ်ရေးကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။