သင့်တာဝန်တွင် မှန်ကန်သော သဘောထား၏ အရေးပါမှု

03.08.2022

အယ်လာ ဖိလစ်ပိုင်နိုင်ငံ

၂၀၂၀ အောက်တိုဘာမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ စုဝေးပွဲတွေကို ကျွန်မ တက်တက်ကြွကြွ တက်ပြီး ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်မရဲ့ သိနားလည်မှုနဲ့ပတ်သက်လို့ မိတ်သဟာယစပြုခဲ့တယ်။ နှစ်လကြာပြီးတဲ့နောက်မှာ စုဝေးတဲ့အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာတယ်။ စုဝေးပွဲတစ်ခုကို ပထမဆုံး ဧည့်ခံတော့၊ စိတ်လှုပ်ရှားသလို ကြောက်လည်း ကြောက်မိခဲ့တာ သတိရသေးတယ်။ ဘုရားအိမ်တော်မှာ ကိုယ့်တာဝန် ထမ်းဆောင်ဖို့ စိတ်လှုပ်ရှားခဲ့ပေမဲ့၊ ကောင်းကောင်း ဧည့်မခံရင်၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်သေးကြမှာ စိုးရိမ်ခဲ့တယ်။ စုဝေးပွဲတွေကို ခေါင်းဆောင် ဧည့်ခံတဲ့နည်းလမ်းက အရမ်းကောင်းတယ်လို့ တွေးမိတယ်။ ဒါကြောင့် သူ့နည်းလမ်းအတိုင်း ကျွန်မ လုပ်ခဲ့တယ်၊ စုဝေးပွဲကို ကောင်းကောင်း ဧည့်ခံနိုင်မယ်လို့ သေချာခဲ့တယ်။ အဲဒီအချိန်မှာ ခေါင်းဆောင်က အံ့ဩပြီး ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်ကြီးကြမှာပဲပေါ့။ ဒီတော့ ခေါင်းဆောင်ရဲ့ နည်းစနစ်ကို အတုခိုးပြီး စုဝေးပွဲကို ကျွန်မ ဧည့်ခံခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကို မေးခွန်းတွေ ကျွန်မ မေးတော့၊ သူတို့က ကျွန်မကို တုံ့ပြန်နိုင်ခဲ့ပြီး၊ ကျွန်မရဲ့ သိနားလည်မှုကို ဝေမျှတော့ “အာမင်”လို့ ထူးပြီး သဘောတူကြတယ်။ စုဝေးပွဲပြီးသွားတော့၊ ခေါင်းဆောင်က အံ့ဩသွားပြီး၊ ကျွန်မ အရမ်းတော်တယ်လို့ ပြောတယ်။ ခေါင်းဆောင်ရဲ့ ချီးမွမ်းတာကို ကြားတော့ ကျွန်မ ပျော်ပြီး ဂုဏ်ယူမိတယ်။ သိပ်မကြာဘူး၊ ရေလောင်းသင်းထောက်အဖြစ်ကို ရာထူးတိုးခံခဲ့ရတယ်။ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး၊ ကျွန်မကို ဒီတာဝန်ပေးရအောင် ကျွန်မမှာ အစွမ်းအစကောင်းရှိတယ်လို့ ခေါင်းဆောင်က ခံစားရတာဖြစ်ရမယ်လို့ တွေးမိတယ်။ ပထမတော့၊ တာဝန်ကို ဘယ်လိုထမ်းဆောင်ရမှန်း ကျွန်မ မသိခဲ့ဘူး၊ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေ ကျွန်မကို စိတ်ပျက်မသွားစေချင်ဘူး။ ဒီတော့၊ စုဝေးပွဲတိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် ဆွေးနွေးတဲ့ အရေးကြီးတာတွေကို ရှာတွေ့ဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့၊ ကျွန်မရဲ့ မိတ်သဟာယက ရှင်းလင်းပြီး၊ အဓိကအချက်ကို ခြုံငုံမိမှာ၊ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ကောင်းကောင်းနားလည်တယ်လို့ တခြားလူတွေ ထင်ပြီး အားလုံးက လေးစားကြမှာလေ။ ဒါပေမဲ့ မိတ်သဟာယပြုပြီးတဲ့နောက်မှာ၊ တခြားလူတွေရဲ့ မိတ်သဟာယကို နားထောင်တဲ့အခါ၊ ကျွန်မကိုယ်တိုင်ရဲ့ မိတ်သဟာယက တခြားလူတွေလောက် မရှင်းလင်းမှန်း သတိထားမိတယ်။ ကျွန်မ အရမ်းစိုးရိမ်ပြီး တွေးမိတယ်၊ “အခု ငါ ကောင်းကောင်း မိတ်သဟာယပြုတယ်လို့ လူသစ်တွေက ထင်ကြမှာ မဟုတ်ဘူး၊ သူတို့ရဲ့ အာရုံက တခြားညီအစ်ကို မောင်နှမတွေအပေါ် ရှိနေမှာပဲ”လို့ပေါ့။ လူသစ်တွေက ကျွန်မကို အထင်မကြီးကြမှာ ကြောက်လို့ မိတ်သဟာယ ပိုပြီးကောင်းကောင်းပြုဖို့ နည်းတွေကို ဦးနှောက်ခြောက်ခံစဉ်းစားတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ချိန်ဆရလောက်အောင် ကိုယ့်ကိုယ်ကိုယ် ငြိမ်အောင်မလုပ်နိုင်ခဲ့ဘူး။ ကောင်းကောင်း မိတ်သဟာယပြုချင်လေ၊ ကျွန်မရဲ့ မိတ်သဟာယက ပိုဆိုးလာလေပဲ။ ကျွန်မ စိုးရိမ်ခဲ့တယ်၊ “ညီအစ်ကို မောင်နှမတွေက ငါ့ကို ဘာများထင်ကြမလဲ။ ခေါင်းဆောင်က ငါ့ကို စိတ်ပျက်သွားမလား။ ငါ့မိတ်သဟာယက တခြားလူတိုင်းရဲ့ မိတ်သဟာယလောက် ဘာလို့ မရှင်းလင်းတာလဲ။ ဘာလို့ သူတို့က အရမ်းကောင်းအောင် မိတ်သဟာယပြုပြီး ငါ ဘာလို့မလုပ်နိုင်တာလဲ”ပေါ့။ အဲဒီတုန်းက၊ ကျွန်မ အရမ်းဝမ်းနည်းခဲ့သလို၊ သူတို့ထက် ပိုအလုပ်ကြိုးစားပြီး သာအောင် လုပ်ချင်ခဲ့တယ်။

လနည်းနည်း ကြာပြီးတဲ့နောက်မှာ၊ အလုပ်ရဲ့ လိုအပ်ချက်ကြောင့်၊ ဧဝံဂေလိ ဖြန့်ဖို့ စေလွှတ်ခံခဲ့ရတယ်။ အဖွဲ့ကို ကျွန်မရောက်တာနဲ့၊ အဖွဲ့ခေါင်းဆောင်နဲ့ အသင်းတော်ခေါင်းဆောင်က ဘယ်သူတွေလဲလို့ မေးလိုက်တယ်။ အကောင်းဆုံး ကျွန်မ လုပ်သရွေ့၊ ခေါင်းဆောင်ရဲ့ လက်ခံမှုကို ကျွန်မ ရနိုင်သလို၊ အဖွဲ့ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ အဲဒီလိုနဲ့ ညီအစ်ကို မောင်နှမတွေက ပိုလို့တောင် ကျွန်မကို အထင်ကြီးကြမှာလေ။ တရားဟောရာမှာ၊ မကြာခဏ ဘုရားဆီ ကျွန်မ ဆုတောင်းပြီး နားမလည်တာတွေ ရှိတဲ့အခါ ဘုရားကို အားကိုးခဲ့တယ်။ ခဏကြာတော့၊ ကျွန်မတာဝန်မှာ ရလဒ်ကောင်းတချို့ ရခဲ့တယ်။ ဒါကြောင့် ကျွန်မ အရမ်းပျော်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ၊ အပြစ်ရှိတဲ့စိတ်လည်း ခံစားရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမှာ မမှန်တဲ့ သဘောထားရှိခဲ့မှန်း သိလို့ပါ။ တခြားလူတွေရဲ့ ထင်ကြီးတာကိုပဲ ကျွန်မ ခံချင်ခဲ့တာ၊ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ချင်ခဲ့တာ မဟုတ်ဘူး၊ ဒါပေမဲ့ ဘုရားက ကျွန်မတို့ စိတ်နှလုံးတွေကို စောင့်ကြည့်ပြီး ကျွန်မရဲ့လိုက်စားမှုကို သေချာပေါက် မုန်းခဲ့တယ်။ ဘုရားရှေ့ကို ကျွန်မလာပြီး ဆုတောင်းတယ်၊ မှားတဲ့ ကိုယ့်ရည်ရွယ်ချက်တွေကို စွန့်လွှတ်ရာမှာ လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ပေါ့။ ဆုတောင်းပြီးတော့၊ ကျွန်မ နည်းနည်း ခံစားရ သက်သာလာခဲ့တယ်။ ဒါပေမဲ့၊ လူတွေ ကျွန်မကို အထင်ကြီးအောင် လုပ်တာကို မကြာခဏ အလိုလိုလိုက်စားနေမိတုန်းပဲ။ တခြားလူတွေ သူတို့တာဝန်ကို ကောင်းကောင်း လုပ်တာမြင်တော့၊ သူတို့ထက် သာချင်ခဲ့တယ်။ ဒီလိုတွေးတာ မှားမှန်း သိခဲ့ပေမဲ့၊ မတတ်နိုင်ခဲ့ဘူး။ ကိုယ့်တာဝန်ကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် လုံလောက်အောင် မတည်ငြိမ်စေနိုင်ခဲ့ဘူး။ ကျွန်မအခြေအနေက ပိုဆိုးသထက်ဆိုးလာခဲ့ပြီး၊ တာဝန်မှာ မထိမရောက် ဖြစ်လာခဲ့တယ်။ နောက်ပိုင်းတော့၊ ဘုရားဆီ ဆုတောင်းခဲ့တယ်။ ဒီမမှန်တဲ့ ရည်ရွယ်ချက်တွေကို လက်လွှတ်ရာမှာ ကျွန်မကို ကူညီ၊ လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ပေါ့။ တစ်နေ့မှာ၊ သက်သေခံချက် ဗီဒီယိုတစ်ခုမှာ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် နည်းနည်း သိစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တာ်တစ်ပိုဒ်ကို တွေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များသည် ကောင်းချီးများရရှိရန်အတွက် ၎င်းတို့၏တာဝန်ကို စိတ်မပါလက်မပါ ထမ်းဆောင်သည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို အများမြင်အောင် လုပ်နိုင်ပြီး အထင်ကြီးလေးစားခံရနိုင်မည် ဟုတ်မဟုတ်၊ ဤတာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ကို အထက်က၊ သို့မဟုတ် ဘုရားသခင်က သိမည် ဟုတ်မဟုတ်ကိုလည်း ၎င်းတို့က စုံစမ်းကြသည်။ ဤအရာတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ ၎င်းတို့ ထည့်စဉ်းစားသည့်အရာများအားလုံးဖြစ်သည်။ ၎င်းတို့ ဆုံးဖြတ်လိုသော ပထမဆုံးသောအရာသည် တာဝန်တစ်ခုကိုထမ်းဆောင်ခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်များကို ၎င်းတို့ ရရှိနိုင်သည်၊ ကောင်းချီးခံရနိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အရေးကြီးဆုံးအရာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ထောက်ထားပြီး ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရမည်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ပျော်ရွှင်မှုကို လူများရရန်အတွက် ဧဝံဂေလိကို မည်သို့ဟောပြီး ဘုရားသခင်အတွက် သက်သေခံရမည်တို့ကို လုံးဝ မစဉ်းစားပေ။ ၎င်းတို့သည် သမ္မာတရားကိုနားလည်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်၊ လူသားပုံသဏ္ဌာန်တစ်ခုကို အသက်ရှင်နေထိုင်ရန်လည်း မည်သည့်အခါမျှ မကြိုးစားပေ။ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ ထည့်မစဉ်းစားပေ။ ၎င်းတို့သည် ကောင်းချီးခံရပြီး အကျိုးအမြတ်များရနိုင်ခြင်း ရှိမရှိ၊ အသင်းတော်နှင့်၊ လူစုထဲတွင် ခြေကုပ်ရယူဖို့နည်းလမ်း၊ ဂုဏ်အဆင့်အတန်းရဖို့နည်းလမ်း၊ ၎င်းတို့ကို လူတို့က အထင်ကြီးလေးစားရန်လုပ်ဖို့နည်းလမ်းနှင့် ထင်ပေါ်ပြီး အကောင်းဆုံးဖြစ်လာရန်နည်းလမ်းတို့ကိုသာ စဉ်းစားကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်များဖြစ်ရန် မလိုလားပေ။ ၎င်းတို့သည် အသင်းတော်တွင် အစဉ်သဖြင့် ပထမဆုံးဖြစ်ချင်သည်။ ဆုံးဖြတ်ပိုင်ခွင့်ရှိချင်သည်။ ခေါင်းဆောင်ဖြစ်လာပြီး ၎င်းတို့ကို လူတိုင်းက နားထောင်အောင်လုပ်သည်။ ထိုအခါမှသာ ၎င်းတို့က ကျေနပ်နိုင်သည်။ အန္တိခရစ်တို့၏ စိတ်နှလုံးတွင် ဤအရာများဖြင့် ပြည့်နေသည်ကို သင်တို့ မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံသလော။ ၎င်းတို့သည် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ တာဝန်များကို အမှန်တကယ် ထမ်းဆောင်သလော။ (မထမ်းဆောင်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ချင်သနည်း။ (အာဏာရချင်သည်။) မှန်သည်။ ၎င်းတို့ကပြောသည်။ ‘ငါ့အနေဖြင့် လောကီကမ္ဘာတွင် လူတိုင်းထက် သာလွန်ချင်သည်။ မည်သည့်အုပ်စုတွင်မဆို ပထမဖြစ်ချင်သည်။ ဒုတိယအနေဖြင့်လိုက်ရန် ငြင်းဆန်သည်။ မည်သည့်အခါမျှ လက်ထောက်ဖြစ်မည်မဟုတ်။ ငါပါသည့် မည်သည့်အဖွဲ့တွင်မဆို ခေါင်းဆောင်ဖြစ်ပြီး အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိချင်သည်။ ငါသည် အဆုံးအဖြတ် ပေးပိုင်ခွင့်မရှိလျှင် သင်တို့အားလုံးကို သိမ်းသွင်းစည်းရုံးရန်၊ ငါ့ကို သင့်တို့အားလုံး အထင်ကြီးလေးစားစေရန်၊ ခေါင်းဆောင်အဖြစ် ငါ့ကို သင်တို့ ရွေးချယ်စေရန် နည်းလမ်းတစ်ခုကို ရှာမည်။ ငါ့တွင် ဂုဏ်အဆင့်အတန်းရှိသည်နှင့် ငါသည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိမည်။ လူတိုင်းက ငါ့ကို နားထောင်ရလိမ့်မည်။ ငါ့နည်းလမ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး ၎င်းတို့သည် ငါ၏ ထိန်းချုပ်မှုအောက်တွင် ရှိလိမ့်မည်။’ ဟူ၍ ဖြစ်သည်။ အန္တိခရစ်က မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အကြီးတန်းနေရာတွင်ထားပြီး ဦးဆောင်ဖို့ ကြိုးစားလိမ့်မည်။ ၎င်းတို့သည် မည်သည့်အခါမျှ စိတ်ငြိမ်စွာဖြင့် သာမန်နောက်လိုက်တစ်ယောက် မဖြစ်နိုင်ပေ။ ၎င်းတို့သည် မည်သည့်အရာကို အစွဲလမ်းဆုံး ဖြစ်သနည်း။ လူတို့၏ ရှေ့တွင် ရပ်ပြီး အမိန့်များပေးခြင်း၊ လူတို့ကို ဆူငေါက်ခြင်း၊ လူတို့ကို သူတို့ပြောသည့်အတိုင်း လုပ်စေခြင်းတို့ဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေဖို့ကို မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို လုံးဝ မစဉ်းစားကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်လာပြီး အခြားလူတို့ကို ဦးဆောင်နိုင်ရန်အတွက် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရအောင် ပြုလုပ်ရန်၊ ခေါင်းဆောင်များက ၎င်းတို့ကို အထင်ကြီးပြီး ရာထူးတိုးပေးစေရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤသည်မှာ တစ်နေကုန် ၎င်းတို့စဉ်းစားပြီး မျှော်လင့်လျက် အချိန်ကုန်စေသည့်အရာဖြစ်သည်။ အန္တိခရစ်များသည် တာဝန်ကို တိတ်ဆိတ်စွာဖြင့် မထင်မရှားထမ်းဆောင်ရန်ကို မဆိုထားနှင့်၊ အခြားလူတို့၏ ဦးဆောင်မှုကို မခံယူလိုသကဲ့သို့ သာမန်နောက်လိုက်တစ်ယောက်လည်း မဖြစ်လိုကြပေ။ ၎င်းတို့၏တာဝန်များသည် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့က အရေးပါသည့်သူမဖြစ်ပါက၊ ၎င်းတို့က သူတစ်ပါးတို့အထက်တွင်ရှိပြီး ခေါင်းဆောင်ဖြစ်၍မရပါက၊ မိမိတို့၏တာဝန်များ ဖြည့်ဆည်းခြင်း၌ ရည်ရွယ်ချက်ကို ၎င်းတို့ မရှာနိုင်ကြဘဲ၊ အပျက်သဘောဆောင်လာပြီး အားလျော့လာကြသည်။ သူတစ်ပါးတို့၏ ချီးမွမ်းမှု၊ သို့မဟုတ် လေးစားမှုမပါဘဲနှင့် ယင်းသည် ၎င်းတို့အတွက် သာ၍ပင် စိတ်ဝင်စားမှုနည်းပါးဖွယ် ဖြစ်လာပြီး၊ မိမိတို့၏တာဝန်များကို ဖြည့်ဆည်းဖို့ ၎င်းတို့ စိတ်ဆန္ဒများ သာ၍ပင် နည်းပါးလာလေသည်။ သို့ရာတွင် ၎င်းတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်စဉ်တွင် အရေးပါသည့်သူဖြစ်ပြီး အဆုံးသတ်ဆုံးဖြတ်ချက်ချခွင့်ရနိုင်ပါက၊ ၎င်းတို့သည် အင်အားခိုင်မာပြီး မည်သည့်ဒုက္ခဆင်းရဲကိုမဆို ခံလိမ့်မည်။ ၎င်းတို့၌ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတွင် ကိုယ်ပိုင် ကြံရွယ်ချက်များ အစဉ်ရှိကြပြီး အခြားသူများကို သာလွန်ဖို့ ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏စိတ်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန် နည်းလမ်းတစ်ခုအနေဖြင့် ၎င်းတို့သည် အခြားသူများ၏ အထက်တွင် အစဉ် ရပ်တည်လိုကြသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၇)”)

ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရွတ်ပြီးတော့၊ ကျွန်မ အရမ်းကြောက်သွားတယ်။ ကိုယ်လုပ်ခဲ့သမျှကို ချက်ချင်း တွေးမိတယ်။ ကျွန်မရဲ့ အတွေးနဲ့ လုပ်ရပ်အားလုံး လူသိခံလိုက်ရသလို ကျွန်မ ခံစားရတယ်။ တာဝန်တစ်ခုမှာ၊ အန္တိခရစ်တွေက သမ္မာတရားကို ဘယ်လို လိုက်စားရမယ်၊ တာဝန်ကို ဘယ်လို ကောင်းကောင်း လုပ်ရမယ်ဆိုတာ လုံးဝ မတွေးကြဘူးလို့ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ အဲဒီအစား၊ တခြားလူတွေကို ဦးဆောင်လို့ရတဲ့ မြင့်မားတဲ့ ရာထူးတွေကို လိုက်စားကြတယ်။ တခြားလူတွေ သူတို့အထက်မှာရှိတာကို လုံးဝ မမြင်ချင်ကြဘူး။ ဘုရားကို ခုခံတဲ့လမ်းကြောင်းပေါ် လျှောက်ကြတယ်။ အန္တိခရစ်တွေနဲ့ တူခဲ့တဲ့ ကျွန်မရဲ့ သရုပ်သကန် မျိုးစုံကို ပြန်တွေးမိတယ်။ တာဝန်ကို စလုပ်လိုက်တာနဲ့၊ တခြားလူတိုင်းက အထင်ကြီး၊ ချီးမွမ်းတာကို ကျွန်မ လိုချင်ခဲ့တယ်။ ဒါကြောင့် စုဝေးပွဲတွေကို ဧည့်ခံတဲ့အခါ ခေါင်းဆောင်ကို အတုခိုးခဲ့တယ်။ ရေလောင်းတဲ့ သင်းထောက် ဖြစ်ပြီးတဲ့နောက် စုဝေးပွဲအသီးသီးအတွက် ဘုရားနှုတ်ကပတ်တော်ကို တွေးဆခဲ့တယ်။ ကျွန်မ မိတ်သဟာယက ကောင်းပြီး သိနားလည်မှု ပေးနိုင်တယ်လို့ လူတိုင်းက ပြောကြအောင်လို့ ကိုယ့်မိတ်သဟာယမှာ အဓိကအချက်တွေကို အသိပေးဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဧဝံဂေလိအဖွဲ့မှာ၊ ဘုရားကို စိတ်ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကို မတွေးခဲ့ဘူး။ အဲဒီအစား၊ အဖွဲ့ခေါင်းဆောင်နဲ့ အသင်းတော် ခေါင်းဆောင်က ဘယ်သူလဲလို့ ပထမဆုံး မေးခဲ့တယ်။ ကိုယ့်အားထုတ်မှုတွေကတစ်ဆင့် အဖွဲ့ခေါင်းဆောင်အနေနဲ့ အရွေးခံရမယ်လို့ မျှော်လင့်ရင်းနဲ့ပေါ့။ ညီအစ်ကို မောင်နှမတွေရဲ့ရှေ့မှာ ကြွားဝါဖို့ အကောင်းဆုံး ကြိုးစားခဲ့ပြီး၊ တာဝန်မှာ ကိုယ့်ရဲ့ ထိရောက်မှုကို သူတို့နဲ့ နှိုင်းယှဉ်ခဲ့တယ်။ တခြားလူတွေက သူတို့တာဝန်ကို ကောင်းကောင်း လုပ်နေတာ မြင်တော့၊ ကျွန်မ မနာလိုဖြစ်ပြီး မသက်မသာဖြစ်သလို၊ သူတို့ထက် သာချင်ခဲ့သလို၊ အတော်ဆုံး ဖြစ်ချင်ခဲ့တယ်။ ကျွန်မလုပ်သမျှအားလုံး နောက်ကွယ်မှာ၊ ဂုဏ်၊ အဆင့်အတန်းနဲ့ ကိုယ့်ရဲ့ ပြိုင်ဆိုင်တတ်တဲ့ သဘာဝကို ဖြည့်ဆည်းဖို့ ကြိုးပမ်းမှုတွေပဲ ရှိတယ်။ ဒီလိုလိုက်စားတာကို ဘာလို့ ဘုရားက မမုန်းဘဲနေနိုင်မှာလဲ။ တာဝန်တစ်ခုဆိုတာ ဘုရားဆီက စေခိုင်းချက်ဖြစ်ပြီး၊ ကျွန်မတို့ရဲ့ တာဝန်၊ ဝတ္တရား ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ပိုင် အသက်မွေးဝမ်းအလုပ်လို ကျွန်မ သဘောထားမိခဲ့တယ်။ အဆင့်အတန်းကို လိုက်စားဖို့နဲ့ လူတွေ ကျွန်မကို အထင်ကြီးစေတဲ့ ကိုယ့်ရည်မှန်းချက်ကို ရရှိဖို့ ကိုယ့်တာဝန်ကို ကျွန်မ အသုံးပြုခဲ့တယ်။ ကိုယ့်တာဝန်မှာ ဒီရည်ရွယ်ချက်တွေ သိုထားတာက ဘုရားအလိုတော်နဲ့ ဘယ်လိုလုပ် ကိုက်ညီနိုင်မှာလဲ။ အရမ်းဖောက်ပြန်ပျက်စီးလို့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ဒီလို ကျွန်မ အသက်မရှင်ချင်တော့ဘူး။ ပြောင်းလဲချင်တယ်။

ရက်နည်းနည်းကြာတော့၊ တခြားဧဝံဂေလိအဖွဲ့ဆီ ကျွန်မ ရွှေ့ပြောင်းခံခဲ့ရတယ်။ ကျွန်မ ရောက်သွားတော့၊ ဧဝံဂေလိအလုပ်အပေါ်ပဲ အာရုံစိုက်ပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းချင်ခဲ့တယ်။ အဲဒီက ညီအစ်ကို မောင်နှမတွေဟာ သူတို့တာဝန်ကို အရမ်းကို ကောင်းကောင်း ထမ်းဆောင်ကြမှန်း သတိထားမိတယ်။ ဧဝံဂေလိ ဟောတဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်ရဲ့ သမ္မာတရားကို အရမ်းကို ရှင်းအောင်ပြောကြတယ်။ ပြီးတော့ ဧဝံဂေလိ ပစ်မှတ်တော်တော်များများက ရှာဖွေ၊ စုံစမ်းဖို့ လိုလားနေကြတယ်။ ကျွန်မကိုယ်တိုင်ရဲ့ တရားဟောချက်ကတော့ မထိရောက်ခဲ့သလို၊ သမ္မာတရားအပေါ် မိတ်သဟာယက မရှင်းလင်းဘူး။ ဒီတော့ ပထမဆုံးအကြိမ် ကျွန်မ အရမ်းသေးငယ်သွားသလို ခံစားရတယ်။ တဖြည်းဖြည်းနဲ့၊ အရင်လောက် ကျွန်မ မာနမထောင်လွှားတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အရမ်းကို အထင်မကြီးဝံ့တော့သလို၊ တခြားလူတွေ ကျွန်မကို အထင်ကြီးအောင် လုပ်တာကို မလိုက်စားချင်တော့ဘူး။ ပထမတော့၊ ပြောင်းလဲမှုတချို့ ကျွန်မ ရခဲ့ပြီလို့ တွေးမိတယ်၊ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန် ကောင်းကောင်း ထမ်းဆောင်မှုအတွက် ချီးမွမ်းမှုရကြတာ မြင်တော့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းက သူ့ဘာသာ ပြန်ပေါ်လာခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “ငါလည်း ညီအစ်ကို မောင်နှမတွေရဲ့ ချီးမွမ်း၊ အထင်ကြီးတာ ခံချင်တာပေါ့”လို့ပေါ့။ အဲဒီနောက်၊ ကိုယ့်တာဝန်မှာ၊ တရား‌ဒေသနာတွေ နားထောင်ဖို့ ဧဝံဂေလိ ပစ်မှတ်တွေကို ကသုတ်ကရက် ဖိတ်ခေါ်ခဲ့ပေမဲ့၊ ဘုရားကို သူတို့ တကယ် ယုံကြည်ကြလား၊ ဧဝံဂေလိပြုဖို့အတွက် သတ်မှတ်ချက်တွေ မီကြလားဆိုတာကို သိအောင် ကျွန်မ မကြိုးစားခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ ဒေသနာတွေ နားထောင်ဖို့ မယုံကြည်သူတချို့ကို ဖိတ်မိခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက၊ အရမ်းဝမ်းနည်းခဲ့တယ်၊ “ကိုယ့်တာဝန်ကို မထိမရောက် လုပ်ခဲ့မိတယ်။ ညီအစ်ကို မောင်နှမတွေ ငါ့ကို ဘာများထင်ကြမလဲ။ ငါ ပိုဆိုးတယ်လို့ ထင်ကြမလား”ပေါ့။ အဲဒီနေ့တွေတုန်းက၊ ကျွန်မ အရမ်း အပျက်သဘောဆောင်ခဲ့ပြီး၊ စုဝေးပွဲတွေ အတောအတွင်းမှာ ငိုချင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမြဲ သတိရခဲ့တယ်။ “ငါသည် အမှုအရာအများ အကြောင်းကို ကဗျာဆန်သော စကားလုံးများ မပါဘဲ အမြဲပြောကြောင်း သင်တို့ သတိမထားမိသလော။ သင်တို့သည် အဘယ်ကြောင့် ဆက်လက်၍ ထူ၊ ထုံထိုင်းကာ တုံးအနေသနည်း။ သင်တို့သည် သင်တို့ကိုယ်သင်တို့ သာ၍စစ်ဆေးသင့်ပြီး သင်တို့ နားမလည်သောအရာ တစ်စုံတစ်ခုရှိပါက ငါ့ရှေ့တော်မှောက်သို့ သင်တို့ ပို၍မကြာခဏ လာရောက်သင့်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားနှုတ်ကပတ်တော်က သတိပေးတယ်၊ “မှန်တယ်၊ ကိုယ့်တာဝန်မှာ မမှန်တဲ့ ရည်ရွယ်ချက်တွေ ရှိမရှိ ငါ သုံးသပ်၊ ဆန်းစစ်သင့်တယ်”လို့ပေါ့။ သုံးသပ်မှုကတစ်ဆင့်၊ ပြဿနာဟောင်းက ပြန်ရောက်လာခဲ့မှန်း သိလိုက်တယ်။ လူတွေရဲ့ အာရုံစိုက်တာ၊ ကိုယ့်တာဝန်ကို လုပ်ခြင်းအားဖြင့် အရမ်းအလေးထားတာကို ကျွန်မ ခံချင်တာ။ ဒါကို နားလည်သွားတော့၊ ကျွန်မ စိတ်ကယောက် ကယက်ဖြစ်သွားတယ်။ ဘာလို့ အဆင့်အတန်းအတွက် စိတ်ဆန္ဒက အရမ်းအားကောင်းပြီး ဖောက်ပြန်ပျက်စီးခြင်းက အရမ်းနက်ရှိုင်းခဲ့တာလဲ။ ပိုပြီးတောင်ဆိုးတာက ကျွန်မ ထုံနေခဲ့တာပဲ။ ကိုယ့်အခြေအနေ မှားမှန်းတောင် သဘောမပေါက်ခဲ့ဘူး။

ညီအစ်မတစ်ယောက်နဲ့ ကိုယ့်အခြေအနေကို ဆွေးနွေးနေတုန်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် သူ ပို့ပေးခဲ့တယ်။ အဲဒါကို ဖတ်ပြီးတော့၊ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် အသိတချို့ ရခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့အား လူတို့နားထောင်နေခြင်း၊ ကိုးကွယ်နေခြင်းနှင့် ဗဟိုပြုနေခြင်းတို့ကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ ပိုမြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက်၊ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်ခဲ့တယ်။ ပေါလုက သူ့ကို လူတွေ ကိုးကွယ်ပြီး ဗဟိုပြုအောင် လုပ်ခဲ့တယ်၊ တခြားလူတွေရဲ့ စိတ်နှလုံးထဲက အဆင့်အတန်းကို လိုချင်ခဲ့ပြီး သူ့ပုံရိပ်ကို တခြားလူတွေ အာရုံစိုက်တာ လိုချင်ခဲ့တယ်လို့ ဘုရားက ပြောတယ်။ ကျွန်မလည်း ညီအစ်ကို မောင်နှမတွေ ကျွန်မကို အထင်ကြီး၊ ကိုးကွယ်တာ လိုချင်ခဲ့တယ်။ စုဝေးပွဲတွေမှာ၊ တခြားလူတွေထက် ပိုကောင်းကောင်း မိတ်သဟာယပြုချင်ခဲ့တယ်။ ကိုယ့်တာဝန်မှာ၊ ကျွန်မထက် တခြားလူတွေ ပိုတော်တာ မြင်တော့၊ ပြိုင်ဆိုင်တတ်တဲ့ သဘာဝက ပေါ်လာတယ်။ သူတို့ထက် ကျွန်မ ပိုတော်ချင်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေကို အနိုင်ယူချင်ခဲ့တယ်။ ကျွန်မ ပြောသမျှ လုပ်သမျှက ရည်မှန်းချက်နဲ့ စိတ်ဆန္ဒတွေ ပြည့်ခဲ့ပြီး စိတ်သဘောထားက အရမ်းမာနထောင်လွှားခဲ့တယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်နဲ့ အပြုအမူတွေက ပေါလုနဲ့ အတူတူပဲ။ ပေါလုရဲ့ သဘာဝက မာနရှိပြီး မောက်မာခဲ့တယ်။ ဘုရားကို သူ မကိုးကွယ်ခဲ့ဘူး၊ နေရာတိုင်းမှာ ကြွားဝါပြီး ကိုယ့်ကိုယ်ကိုယ် သက်သေခံခဲ့တယ်၊ တခြားလူတွေ သူ့ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ခဲ့သလို၊ တခြားလူတွေရဲ့ စိတ်နှလုံးမှာ နေရာတစ်ခု ရှိချင်ခဲ့တယ်။ ကျွန်မလည်း အတူတူပဲ။ ဘာတာဝန်ပဲ ထမ်းဆောင်ပါစေ၊ ကျွန်မ လုပ်သမျှက ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက်ပဲ။ ဘုရားစိတ်ကျေနပ်အောင် ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ မဟုတ်ခဲ့ဘူး။ ကျွန်မလုပ်သလို လိုက်စားတာက ဘုရားကို ခုခံတာဖြစ်ပြီး ဘုရားရဲ့ ရှုတ်ချတာခံရတယ်။ အဆင့်အတန်းကို လိုက်စားတာက အဆင့်အတန်း၊ ဂုဏ်ပုဒ်တစ်ခုကို ရဖို့ပဲ မဟုတ်ဘူး။ ရည်ရွယ်ချက်က လူတွေရဲ့ စိတ်နှလုံးမှာ နေရာတစ်ခု ရှိဖို့၊ တခြားလူတွေ ကိုယ့်ကို ကိုးကွယ်အောင်လုပ်ပြီး သူတို့ရဲ့စိတ်နှလုံးမှာ ဘုရားကို အစားထိုးဖို့ပဲ။ ဘုရားနှုတ်ကပတ်တော်မှာ၊ “ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။” လို့ ပြောတဲ့အတိုင်းပါပဲ။ တကယ် လန့်စရာကောင်းတယ်။ အဆင့်အတန်းကို လိုက်စားပြီး တခြားလူတွေရဲ့ အရမ်းအလေးထားတာ ခံရဖို့၊ ကိုယ့်တာဝန်မှာ အောင်မြင်မှုအမြန်ရတာကို လိုက်စားခဲ့ပြီး စည်းမျဉ်းမရှိဘဲနဲ့ ဧဝံဂေလိ ဟောခဲ့တယ်၊ အဲဒါက မယုံကြည်သူတချို့ကို အဖွဲ့ထဲ ဝင်ရောက်စေပြီး၊ ဧဝံဂေလိ အမှုဆောင်တွေရဲ့ အချိန်နဲ့ အားအင်ကို အချည်းနှီးဖြစ်စေခဲ့မှန်းလည်း ကျွန်မ သတိရခဲ့တယ်။ အဲဒီနောက်မှာ ဒီလူတွေ အသင်းတော်ထဲ ဝင်ရောက်ခဲ့ရင်၊ အသင်းတော် အလုပ်ကို နှောင့်ယှက်နိုင်မှာပဲ၊ အဲဒါက အများကြီး ပိုဆိုးသွားမှာ။ ဒီပြဿနာရဲ့ အနှစ်သာရက ဆိုးတယ်။ နောင်တရပြီး မပြောင်းလဲရင်၊ ဘုရားက ကျွန်မကို သေချာပေါက် စက်ဆုပ်မုန်းတီးမှာ။ ဒီတော့ အဆင့်အတန်းနဲ့ တခြားလူတွေရဲ့ အရမ်း အလေးထားတာကို မလိုက်စားချင်တော့ဘူး။

နောက်ထပ် စုဝေးပွဲတွေမှာ၊ ညီအစ်ကို မောင်နှမတွေရဲ့ မိတ်သဟာယကို ကျွန်မ ဂရုတစိုက် နားထောင်ပြီး၊ လူတိုင်းက တာဝန်ကို ကောင်းကောင်းလုပ်ဖို့ ကြိုးပမ်းနေကြမှန်း တွေ့ရတယ်။ သူ့အတွေ့အကြုံက ကျွန်မအတွက် တို့ထိစရာဖြစ်ခဲ့တဲ့ ညီအစ်မတစ်ယောက်ရှိတယ်။ သူ့တာဝန်ထဲက အခက်အခဲတွေကို အောင်မြင်ဖို့ ဘုရားကို သူ အားကိုးခဲ့ပုံနဲ့ ဧဝံဂေလိ ဖြန့်ဝေတဲ့ အလုပ်ကို သူ လုပ်ခဲ့ပုံနဲ့ပတ်သက်လို့ သူက မိတ်သဟာယပြုတယ်။ ဒါကို ကြားပြီးတဲ့နောက်၊ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်၊ “ငါ့တာဝန်ကို ငါ အလေးအနက် ထားခဲ့လား။ ဘုရားနှုတ်ကပတ်တော်အတိုင်း ငါ လက်တွေ့လုပ်နေခဲ့လား။ လူတိုင်းက လက်တွေ့ကျတဲ့ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင်အမျိုးမျိုးမှာ သမ္မာတရားကို လက်တွေ့လုပ်တဲ့ သက်သေခံချက် ရှိတယ်။ ဒါတွေ ဘာလို့ငါ့မှာ မရှိတာလဲ။ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့က ဘာလို့ ငါ့ရည်ရွယ်ချက် မဟုတ်တာလဲ”ပေါ့။ အရမ်းအပြစ်ရှိတဲ့စိတ် ခံစားရတယ်။ တာဝန်တစ်ခု လုပ်ဖို့ ဘုရားက အခွင့်ပေးခဲ့ပေမဲ့၊ ကျွန်မ အလေးအနက် မယူခဲ့ဘူး၊ ကောင်းကောင်း မထမ်းဆောင်ခဲ့ဘူး။ မှန်မှန်ကန်ကန် အလုပ်လုပ်မဲ့အစား၊ တခြားလူတွေရဲ့ လေးစားတာကို စိတ်အကြွင်းမဲ့ လိုက်စားခဲ့တယ်။ ဘုရားရဲ့ ချီးမြှောက်ခြင်း၊ ကျေးဇူးတော်နဲ့ တကယ် မထိုက်တန်ခဲ့ဘူး။ အဲဒီအတောအတွင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် အလေးအနက် သုံးသပ်ခဲ့ပြီး၊ ပေတရုရဲ့ အတွေ့အကြုံကိုလည်း သတိရခဲ့တယ်။ ပေတရုက ဘယ်တော့မှ မကြွားဝါခဲ့ဘူး၊ တခြားလူတွေရဲ့ အထင်ကြီးတာခံရဖို့ မကြိုးစားခဲ့ဘူး။ အရာရာမှာ သမ္မာတရား ရှာဖွေတာ၊ သူ့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သုံးသပ်တာနဲ့ သူ့ရဲ့ အသက် စိတ်သဘောထား ပြောင်းလဲတာကို အာရုံစိုက်ခဲ့တယ်။ အောင်မြင်တဲ့ ဘုရားကို ယုံကြည်မှုလမ်းကြောင်းကို လျှောက်ခဲ့တယ်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကိုလည်း ကျွန်မ လိုက်စားချင်ခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သိရာမှာ လမ်းပြဖို့ တောင်းလျှောက်ရင်း ဘုရားဆီ မကြာခဏ ဆုတောင်းခဲ့တယ်။ ကိုယ့်တာဝန်မှာ ကျွန်မကို လူတွေ အထင်ကြီးစေချင်တဲ့အခါတိုင်းမှာ၊ ကိုယ့်ရဲ့ မမှန်တဲ့ ရည်ရွယ်ချက်တွေကို သတိရှိရှိ စွန့်လွှတ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက လွှတ်မြောက်ပြီး တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်လို့ပဲ။

တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြီး၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာတွေ့ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်က သင့်အား မိုက်မဲအောင်ပြုပါက၊ သင်၏မိုက်မဲမှု၌ အဓိပ္ပာယ်ရှိပေသည်။ အကယ်၍ သူက သင့်အား ထက်မြက်အောင်ပြုပါက၊ သင်၏ထက်မြက်မှု၌ အဓိပ္ပာယ်ရှိ၏။ ဘုရားသခင်က သင့်အား မည်သည့် ကျွမ်းကျင်မှုကိုမဆို ပေးပါစေ၊ သင်၏အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သင်၏ဉာဏ်ရည်ဉာဏ်ကဲက မည်မျှမြင့်မားပါစေ၊ ယင်းတို့အားလုံးသည် ဘုရားသခင်အတွက် ရည်ရွယ်ချက် တစ်ခုရှိလေသည်။ ဤအရာများအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ သင်၏ ဘဝတွင် သင်ပါဝင်လုပ်ဆောင်ရသောနေရာနှင့် သင်ထမ်းဆောင်သောတာဝန်တို့ကို ရှေးယခင်ကတည်းက ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်သည်။ အချို့သောလူတို့သည် ၎င်းတို့မပိုင်ဆိုင်သော ကျွမ်းကျင်မှုကို အခြားလူများက ပိုင်ဆိုင်သည်ကိုမြင်ပြီး မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့က သာ၍ သင်ယူလေ့လာခြင်း၊ သာ၍မြင်ခြင်းနှင့် သာ၍ လုံ့လဝီရိယရှိခြင်းတို့အားဖြင့် အမှုကိစ္စများကို ပြောင်းလဲလိုကြသည်။ သို့သော် ၎င်းတို့၏ လုံ့လဝီရိယက စွမ်းဆောင်ရရှိနိုင်သည့်အရာတွင် အကန့်အသတ်ရှိသည်။ ထိုအရာများကို ဆုကျေးဇူးများ၊ ကျွမ်းကျင်မှုများဖြင့် ၎င်းတို့ မကျော်လွန်နိုင်ပေ။ သင်မည်မျှ တွန်းလှန်တိုက်ခိုက်ပါစေ အသုံးမဝင်ပေ။ သင်ဖြစ်မည့်အရာကို ဘုရားသခင်က ချမှတ်ပြီးဖြစ်သည်။ ယင်းကိုပြောင်းလဲရန် မည်သူကမျှ လုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ သင်သည် မည်သည့်အရာ၌ တော်ပါစေ၊ ယင်းသည် သင်အားထုတ်ကြိုးပမ်းသင့်သည့်နေရာဖြစ်သည်။ သင်နှင့် သင့်တော်သည့် မည်သည့်တာဝန်မဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင်၏ကျွမ်းကျင်မှုအပိုင်းအခြား၏ ပြင်ပနယ်ပယ်များကို အတင်းလုပ်ဆောင်ရန် မကြိုးစားနှင့်၊ အခြားသူများကို အားမကျနှင့်။ လူတိုင်း၌ ၎င်းတို့၏အသုံးဝင်မှုရှိသည်။ အခြားလူများကို လူစားထိုးပြီး သင့်ကိုယ်သင် အများမြင်အောင် ပြသဖို့အတွက် အစဉ်ဆန္ဒရှိလျက် သင်သည် အရာရာတိုင်းကို ကောင်းစွာလုပ်ဆောင်နိုင်သည်၊ သို့မဟုတ် သင်သည် အခြားလူများထက်ပို၍ ပြည့်စုံသည်၊ သို့မဟုတ် တော်သည်ဟု မထင်နှင့်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ကျွမ်းကျင်မှုလုံးဝမရှိဟု တွေးသည့်သူများ ရှိပေသည်။ ယင်းမှာ မှန်ကန်ပါက၊ သင်သည် လက်တွေ့ကျသည့်ပုံစံဖြင့် နားထောင်ပြီး နာခံသင့်သည့်သူ တစ်ယောက်သာ ဖြစ်သင့်သည်။ သင်လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ယင်းကို အစွမ်းကုန် ကောင်းစွာ လုပ်ဆောင်လော့။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်ပေလိမ့်မည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့၊ အရမ်းတို့ထိခံရတယ်။ ကိုယ့်တာဝန်ကို လုပ်ဆောင်ရာမှာ အားမစိုက်တော့ ကျွန်မ အရမ်း ပင်ပန်းပြီး၊ စိတ်ဆင်းရဲတာတွေ အများကြီး ဖြတ်သန်းခဲ့ရတာဖြစ်မှန်း နားလည်သွားတယ်။ အဲဒါထက်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ လိုက်စားခဲ့တယ်။ တစ်ယောက်ယောက်ရဲ့ အစွမ်းအစ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သူတို့ရဲ့ ပါရမီတွေ၊ ဆုကျေးဇူးတွေနဲ့ အစွမ်းအစတွေအားလုံးကို ဘုရားက ကြိုတင်သတ်မှတ်ထားတာပါ။ ဘုရားက လူတွေကို သူတို့ကိုယ်ပိုင် အစွမ်းအစအတွင်းမှာပဲ အကောင်းဆုံး လုပ်စေချင်တယ်။ ထင်ပေါ်ဖို့နဲ့ တခြားလူတွေထက် သာဖို့ သူ မတောင်းဆိုဘူး။ ကျွန်မ မမွေးခင်မှာတောင်၊ အရာရာကို ကျွန်မအတွက် ဘုရားစီစဉ်ခဲ့ပြီးပြီ။ ကျွန်မရဲ့ ပါရမီတွေ၊ အစွမ်းအစ၊ ဆုကျေးဇူးတွေ၊ ကျွန်မနဲ့ သင့်တော်တဲ့ တာဝန်တွေနဲ့ တခြားအရာတိုင်းကို ဘုရား ကြိုတင်သတ်မှတ်ထားခဲ့တာ။ ကျွန်မက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး၊ ကိုယ့်ရာထူးကို ထိန်းသိမ်းရမဲ့ သဘောပဲ။ လက်တွေကျတဲ့ပုံစံနဲ့ အကောင်းဆုံးလုပ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမဲ့ သဘောပဲ။ သေချာတွေးပြီးတဲ့နောက်မှာ၊ ကျွန်မမှာ အထူးကျွမ်းကျင်မှုတစ်ခုမှ မရှိပေမဲ့၊ လိုသမျှက ဘုရားနှုတ်ကပတ်တော်မှာ ပြောတဲ့အတိုင်း လုပ်ဖို့ပဲဖြစ်မှန်း သဘောပေါက်လိုက်တယ်။ “ယင်းမှာ မှန်ကန်ပါက၊ သင်သည် လက်တွေ့ကျသည့်ပုံစံဖြင့် နားထောင်ပြီး နာခံသင့်သည့်သူ တစ်ယောက်သာ ဖြစ်သင့်သည်။ သင်လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ယင်းကို အစွမ်းကုန် ကောင်းစွာ လုပ်ဆောင်လော့။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်ပေလိမ့်မည်။” အခု၊ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ပြီး ကိုယ့်အခန်းကဏ္ဍကို ကောင်းကောင်း ထမ်းထောင်ဖို့ အသင့်ပဲ။

တစ်ကြိမ်၊ ညီအစ်မတစ်ယောက်က သူ့တာဝန်ကို အရမ်းထိထိရောက်ရောက် လုပ်နေတာ တွေ့တော့၊ မနာလိုဖြစ်ပြီး နည်းနည်း အားကျမိတယ်။ “သူ ဘယ်လိုလုပ်တာလဲ” လို့ တွေးမိတယ်။ သူ့ကိုကျော်ဖို့ စိတ်အားထက်သန်မှု ပေါ်လာပြန်တယ်။ ဒါပေမဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်နေမမှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့ ဘုရားဆီ ဆုတောင်းတယ်။ ဆုတောင်းပြီးတော့ တွေးမိတာက၊ “ငါတို့အားလုံးက လုပ်ဆောင်ဖို့ မတူတဲ့ အခန်းကဏ္ဍတွေ ရှိတယ်၊ စက်တစ်ခုက မတူညီတဲ့ အစိတ်အပိုင်းတွေ ရှိပြီး အစိတ်အပိုင်းတစ်ခုစီက မတူညီတဲ့ လုပ်ငန်းဆောင်တာတွေ ရှိသလိုပဲပေါ့။ သူ့မှာ သူ့ရဲ့ အားသာချက်တွေရှိပြီး၊ သူ့တာဝန်မှာ ရလဒ်ကောင်းတချို့ ရတယ်။ ဒါကောင်းတဲ့ အရာပဲလေ။ သူ့ကို ငါ မနှိုင်းသင့်ဘူး၊ သူ့ဆီကနေ သင်ယူသင့်တယ်”လို့ ပေါ့။ အဲဒီနောက်မှာ၊ ကျွန်မညီအစ်မက သူ့အတွေ့အကြုံနဲ့ တာဝန်ကို ဖြည့်ဆည်းရာမှာ လက်တွေ့လုပ်ဆောင်မှုတွေကို ဝေမျှတိုင်းမှာ၊ ကျွန်မ အသေအချာ နားထောင်ပြီး မှတ်စုယူခဲ့တယ်။ ဧဝံဂေလိအလုပ်မှာ အတွေ့အကြုံအတွက် တခြားလူတွေကိုလည်း ကြည့်ခဲ့တယ်။ စုဝေးပွဲတွေ အတောအတွင်းမှာလည်း၊ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေပြီး၊ ဘုရားနှုတ်ကပတ်တော်ကို ချင့်ချိန်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်အပေါ် ကိုယ်နားလည်တာကို မိတ်သဟာယပြုပြီး အထင်ကြီးခံရတာကို မလိုက်စားတော့ဘူး။ ဒီလိုလိုက်စားလိုက်တော့၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ စိတ်ဆန္ဒက တဖြည်းဖြည်း ပျောက်သွားတာ တွေ့ရတယ်။ အရင်လောက် မနာလိုမဖြစ်တော့သလို၊ အများကြီး စိတ်သက်သာရာရပြီး စိတ်အေးသွားတယ်။ အခု ဒီအသိနဲ့ လက်တွေ့လုပ်ဆောင်မှု ကျွန်မ ရှိတာက ဘုရားအမှုတော်အားဖြင့် ရတဲ့ ရလဒ်သက်သက်ကြောင့်ပါပဲ။ ဘုရားရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသာ စစ်မှန်သည်

ရှောင်ဒုန်၊ စီချွမ်းစီရင်စု ဘုရားသခင်က- “နှစ်ထောင်ပေါင်းများစွာကြာ ဖောက်ပြန်ပျက်စီးခဲ့သည့် တရုတ်တိုင်းနိုင်ငံသည် ‘ရောဂါပိုးမွှား’မျိုးစုံ...

ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်

ဖန်ရှင်း၊ ဟီနန်စီရင်စု လွန်ခဲ့သည့် အချိန်အနည်းငယ်က၊ ညီအစ်မ တစ်ဦးနှင့် ကျွန်မသည် ကျွန်မတို့၏ တာဝန်များကို အတူတကွ ဆောင်ရွက်ခဲ့ချိန်တွင်၊...

အသွင်အပြင်အားဖြင့် အကဲဖြတ်ခြင်းသည် တကယ့်ကို အဓိပ္ပါယ်မဲ့သည်

ယိဖန်၊ ဟေနန်စီရင်စု ယခင်က၊ ကျွန်မသည် နှစ်လိုဖွယ်ကောင်းကာ၊ သုတကြွယ်ပြီး စကားပြောကောင်းသော လူတို့ကို အထူးသဖြင့် အထင်ကြီးလေးစားမှု ထားရင်း၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။