ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ကျွန်မ ဝရမ်းထုတ်ခံရပြီးနောက်

05.10.2026

မင်ကွမ်၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ အသင်းတော်မှာ ခေါင်းဆောင်တာဝန်တွေကို ကျွန်မ စပြီး ထမ်းဆောင်ခဲ့တယ်။ သြဂုတ်လမှာ ညီအစ်ကိုတစ်ယောက်နဲ့ စုဝေးဖို့ ကျွန်မ ချိန်းထားခဲ့တယ်၊ ဒါပေမဲ့ စုဝေးပွဲမတိုင်ခင် ညဘက်မှာပဲ သူ ဖမ်းဆီးခံလိုက်ရတယ်။ ဒီသတင်းကို ကြားတော့ ကျွန်မစိတ်ထဲ နည်းနည်း စိုးရိမ်သွားတယ်၊ “အဲဒီညီအစ်ကိုသာ စုဝေးဖို့ လာခဲ့ပြီး ရဲတွေက သူ့နောက်ကို လိုက်လာခဲ့ရင် ငါပါ ဖမ်းဆီးခံခဲ့ရမှာပဲ။ ကပ်သီးလေးပဲ” လို့ပေါ့။ ကျွန်မ စတွေးမိတယ်၊ “အခုတလော ရဲတွေက ဘုရားသခင် ယုံကြည်သူတွေကို အရူးအမူး လိုက်ဖမ်းနေကြတာ။ အလုပ်နဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့ဖို့ လူတွေနဲ့ ဆက်ပြီး ချိန်းတွေ့နေရင် ငါ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ အခုကစပြီး အသင်းတော်အလုပ်ကို အိမ်ကနေ စာတွေကတစ်ဆင့်ပဲ ငါ နောက်ဆက်တွဲလိုက်တော့မယ်။ ဒါမှ ငါ အဖမ်းခံရဖို့ အန္တရာယ် ပိုနည်းမှာ” လို့ပေါ့။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဖို့ အစီအစဉ်တွေကို ကျွန်မ ဖျက်လိုက်တယ်။ နောက်ပိုင်းမှာတော့ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်တာကို ကျွန်မ ခံလိုက်ရတယ်၊ ဒါနဲ့ ရဲတွေက ကျွန်မရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရသွားပြီး ကျွန်မက ခေါင်းဆောင်တစ်ယောက်ဆိုတာကို သိသွားကြတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ ရဲအရာရှိ တချို့က ကျွန်မရဲ့ ဓာတ်ပုံကိုကိုင်ပြီး ကျွန်မကို ဖမ်းဖို့ အိမ်ကို လာကြတယ်လို့ အိမ်ကပို့တဲ့စာ ကျွန်မ ရခဲ့တယ်။ ကျွန်မ အိမ်မှာမရှိဘူးလို့ အဖေက ပြောလိုက်တော့ ရဲတွေက ပြန်ပြောတယ်၊ “ခင်ဗျား သမီးကို ပြန်လာပြီး ရဲစခန်းမှာ လာအဖမ်းခံခိုင်းလိုက်။ ပြန်မလာရင် သူ့ကို ဝရမ်းထုတ်မယ်” တဲ့။ အိမ်ကစာကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းစိတ်လေးသွားတယ်၊ “ငါ ခေါင်းဆောင်တစ်ယောက်ဆိုတာကို ရဲတွေက သိနေပြီး ငါ့ဓာတ်ပုံနဲ့ အိမ်အထိ လာရှာကြပြီ။ ငါ့ကို ဝရမ်းတောင် ထုတ်ကြတော့မှာပဲ။ ရဲဖမ်းတာ ခံရရင် ငါ ဖြောင့်ချက်မပေးပေးအောင် သူတို့ ငါ့ကို သေချာပေါက် ညှဉ်းပန်းနှိပ်စက်ကြမှာ၊ ပြီးတော့ အသင်းတော်ရဲ့ ရန်ပုံငွေတွေနဲ့ ညီအစ်ကိုမောင်နှမတွေကို အတင်းအကျပ် ထုတ်ပြောခိုင်းကြမှာပဲ။ ငါ ဘာမှမပြောရင် သေတဲ့အထိ အရိုက်မခံရရင်တောင် ကိုယ်လက်အင်္ဂါ ချို့တဲ့တဲ့အထိ အရိုက်ခံရမှာပဲ။ ငါ့ကျန်းမာရေးကလဲ အရမ်း အားနည်းနေတာ။ ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ငါ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။ ငါ့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ ယုဒဖြစ်သွားရင် ငါ့မှာ ကောင်းတဲ့ အဆုံးသတ် ရှိမှာမဟုတ်ဘူး၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ပေမဲ့ ငါ ကယ်တင်ခြင်းခံရမှာ မဟုတ်ဘူး” လို့ပေါ့။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေ ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ပုံရိပ်တွေကို တွေးမိပြီး ကျွန်မ အရမ်း ကြောက်သွားတယ်၊ “ခေါင်းဆောင်တာဝန် ထမ်းဆောင်ရတာ အရမ်း အန္တရာယ်များတယ်။ ငါသာ သာမန် ယုံကြည်သူတစ်ယောက်ဖြစ်ရင် ကွန်မြူနစ်ပါတီရဲ့ အဓိက ဖမ်းဆီးမဲ့ ပစ်မှတ် ဖြစ်လာမှာ မဟုတ်ဘူး၊ ပြီးတော့ သေရမဲ့ အန္တရာယ်ကိုလဲ ရင်ဆိုင်ရမှာ မဟုတ်ဘူး” လို့ပေါ့။ အဲဒီအချိန်ကစလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မမှာ စိုးရိမ်ပူပန်မှုတွေနဲ့ အမြဲလိုလို ပြည့်နှက်နေခဲ့တယ်။ တစ်နေ့နေ့ ရဲလက်ထဲကို ကျရောက်သွားမှာကို ကျွန်မ အရမ်း ကြောက်နေခဲ့တာ၊ ပြီးတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ စိတ်မအေးနိုင်ခဲ့ဘူး။

စက်တင်ဘာလ မနက်ခင်းတစ်ခုမှာ အရင်က ကျွန်မကို ဧည့်ခံခဲ့ဖူးတဲ့ ညီအစ်မတစ်ယောက်ဆီကနေ စာတစ်စောင် ရခဲ့တယ်။ သူ့အိမ်ကနေ ကျွန်မ ပြောင်းသွားပြီးနောက်မှာ၊ ည ၁၁ နာရီကျော်မှာ ရဲအရာရှိ ဆယ်ယောက်ကျော်က သူ့အိမ်ကို ဝိုင်းထားခဲ့တယ်လို့ သူက ပြောတယ်။ သူက တံခါးကို မဖွင့်ရဲဘူး၊ ဒါနဲ့ ရဲတွေက ကတ်ကြေးပုံစံ ပင့်တင်စက်ကိုသုံးပြီး ဒုတိယထပ် ပြတင်းပေါက်ကို တက်လာတယ်၊ ပြီးတော့ အိမ်ကိုရှာဖို့ ပြတင်းပေါက်ကနေတစ်ဆင့် အိမ်ထဲကို တန်းဝင်လာကြတယ်။ သူတို့ နှစ်နာရီသုံးနာရီလောက်ရှာပေမဲ့ ဘာမှမတွေ့လို့ ပြန်ထွက်သွားကြတယ်။ ဒီစာကို တွေ့တော့ ကျွန်မ ကြက်သေသေသွားတယ်။ လွန်ခဲ့တဲ့ တစ်လကမှ ကျွန်မ အဲဒီအိမ်မှာ နေနေခဲ့တာလေ။ ကျွန်မသာ မထွက်လာခဲ့ရင် ဖမ်းဆီးခံရမှာပဲ။ ရဲအုပ်စုကြီးက ကျွန်မကို ဖမ်းဖို့ လာနေတဲ့ပုံစံကို မြင်ယောင်လိုက်တာနဲ့ ကျွန်မ ကြောက်သွားတယ်၊ ခေါင်းဆောင်လုပ်ရတာ အရမ်း အန္တရာယ်များလွန်းတယ်လို့ ခံစားရတယ်။ ဒါနဲ့ ကျွန်မ မနေနိုင်ဘဲ ညည်းညူမိတယ်၊ “ငါသာ ခေါင်းဆောင် မဟုတ်ရင် ပိုကောင်းမှာပဲ။ ဒါဆို ရဲတွေ ဝရမ်းထုတ်တာကို ခံရမှာ မဟုတ်ဘူး။ ဖမ်းခံရရင် ငါ အသက်ရှင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်။ ငါက ဒီလောက် ငယ်သေးတာ၊ ပြီးတော့ ဘုရားကို ယုံကြည်ရာမှာ သမ္မာတရားကို မရရှိသေးဘူး။ ရဲတွေ ရိုက်လို့ ငါသေသွားရင် ကယ်တင်ခြင်းရမဲ့ အခွင့်အရေးကို ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။ ဘုရားသခင်ကို ယုံကြည်လာတဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ငါ အသုံးခံခဲ့တာတွေ အားလုံး အချည်းနှီး ဖြစ်သွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ အဲဒီရက်တွေတုန်းက ကျွန်မဟာ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ အသက်ရှင်နေခဲ့ပြီး ကိုယ့်တာဝန်ကို လွှဲယူမဲ့လူတစ်ယောက်ကို လိုချင်နေခဲ့တယ်။ ဒီနည်းနဲ့ ကွန်မြူနစ်ပါတီရဲ့ လိုက်လံဖမ်းဆီးတာကို ရှောင်လွှဲနိုင်မယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒါပေမဲ့ အသင်းတော်ထဲက လူတွေက ဆက်တိုက် ဖမ်းဆီးခံနေရတာ။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အများကြီးလဲ ဖမ်းခံခဲ့ရတယ်။ ဒီအချိန်မှာသာ ကျွန်မ နုတ်ထွက်လိုက်ရင် အသင်းတော်အလုပ်ကို ထိခိုက်ရုံသာမကဘဲ ပြစ်မှားမှုတစ်ခုကို ကျွန်မ လုပ်မိသွားမှာပါ။ ကျွန်မရဲ့အသိစိတ်ကြောင့်သာ ကျွန်မ နှုတ်မထွက်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘာအင်အားမှ မမွေးမြူနိုင်ခဲ့ဘူး။ အဲဒီအချိန်က အသင်းတော်မှာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ လိုအပ်နေခဲ့တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတချို့က အဖမ်းခံရမှာကို ကြောက်လို့ အပျက်သဘောဆောင်ပြီး အားနည်းတဲ့ အခြေအနေမှာ အသက်ရှင်နေကြတယ်။ အလုပ်အမျိုးမျိုးကလဲ ပြောရရင် ရပ်တန့်သွားသလောက်ပဲ။ အသင်းတော်ထဲက ဒီပြဿနာတွေ အားလုံးကို ကျွန်မ မြင်နေရပေမဲ့ ဖြေရှင်းဖို့ စိတ်ကူးမရှိခဲ့ဘူး။ အဲဒီအစား တစ်နေ့လုံး စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်နေခဲ့တယ်၊ တစ်နေ့နေ့ ရဲလက်ထဲကို ကျရောက်ပြီး အဆုံးမရှိတဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံရမှာကို ကြောက်နေခဲ့တာ။ ကျွန်မ သတ္တိကြောင်ပြီး ဘာမှမတတ်နိုင်ဘူးလို့ ခံစားနေရချိန်မှာပဲ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ ရဲတွေက သမီးကို ဝရမ်းထုတ်ပြီး ဖမ်းဖို့ကြိုးစားကြတော့ ခေါင်းဆောင်တာဝန်ကို သမီး ဆက်မထမ်းဆောင်ချင်တော့ဘူး။ ဒီလိုမျိုး ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာက ကိုယ်တော့်အပေါ် သစ္စာမရှိရာရောက်မှန်း သမီးသိပါတယ်၊ ဒါပေမဲ့ အဖမ်းခံရမှာကိုလဲ သမီး ကြောက်နေတယ်။ ချစ်လှစွာသော ဘုရားသခင်၊ သမီး ကျိုးနွံနာခံနိုင်အောင် သမီးကို ဉာဏ်ပွင့်စေပြီး ဦးဆောင်ပေးတော်မူပါ” ပေါ့။

အဲဒီနောက်မှာ ညီအစ်မတစ်ယောက်ဆီမှာ ကျွန်မရဲ့ အခြေအနေကို ဖွင့်ပြောပြခဲ့တယ်။ ညီအစ်မက ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ရှာပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များနှင့် သူ၏ အချုပ်အခြာအာဏာတို့ကို မရိပ်စားမိနိုင်သည့်အခါ၊ နားလည်၊ လက်ခံခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိနိုင်သည့်အခါ၊ မိမိတို့၏ နေ့စဉ်ဘဝများတွင် အခက်အခဲအမျိုးမျိုးကို လူတို့ ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် ဤအခက်အခဲများသည် ပုံမှန်လူတို့ ခံနိုင်သည့်အရာကို ကျော်လွန်သည့်အခါ၊ ၎င်းတို့သည် စိုးရိမ်မှုနှင့် ပူပန်သောကမျိုးစုံကို မသိစိတ်၏စေ့ဆော်မှုအရ ခံစားရပြီး စိတ်ဖိစီးမှုပင် ခံစားကြရသည်။ မနက်ဖြန်၊ သို့မဟုတ် ဖိန်းနွှဲခါက မည်ကဲ့သို့ဖြစ်မည်၊ သို့မဟုတ် အနည်းငယ်သော နှစ်ကာလအတွင်း အမှုအရာများ မည်သို့ဖြစ်မည်၊ သို့မဟုတ် ၎င်းတို့၏ အနာဂတ်က မည်သို့ဖြစ်မည်ဆိုသည်တို့ကို ၎င်းတို့ မသိကြသောကြောင့် အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို လူတို့ ခံစားရသည့် အခြေအနေမှာ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်နိုင်သကဲ့သို့ မရိပ်စားမိနိုင်ခြင်း ဖြစ်သည်။ မိမိတို့ ကိုယ်ပိုင် မျက်စိများဖြင့် ထိုအရာကို မြင်လျှင်ပင် နားလည်ကြမည်မဟုတ်၊ သို့မဟုတ် ယုံကြည်ကြမည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြ။ ၎င်းတို့၏ အသက်တာများက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ၎င်းတို့ မယုံကြည်ကြ။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် မယုံကြည်မှုက ၎င်းတို့ စိတ်နှလုံးများတွင် ထွက်ပေါ်ပြီးနောက် အပြစ်တင်မှု ဖြစ်ပေါ်ကာ ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) “သမ္မာတရားကို လူတို့ လိုက်စားပါက ဤအခက်အခဲများတွင် ၎င်းတို့ ပါဝင်ပတ်သက်မိလိမ့်မည် မဟုတ်သကဲ့သို့ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုထဲ ကျဆင်းကြမည်မဟုတ်။ ဆန့်ကျင်ဖက်အနေဖြင့် လူတို့သည် သမ္မာတရား မလိုက်စားပါက ဤအခက်အခဲများသည် ၎င်းတို့တွင် မပြောင်းမလဲပင် ပါရှိနေပြီး ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင် မလွတ်မြောက်နိုင်ရန်အလို့ငှာ ထိုအရာများက သင့်ကို နှောင်ဖွဲ့လိမ့်မည်ဖြစ်ပြီး ထိုအရာများကို သင် မဖြေရှင်းနိုင်ပါက နောက်ဆုံးတွင် ထိုအရာများက သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် ရစ်ပတ်ငြိတွယ်ထုံးဖွဲ့လာသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်လာလိမ့်မည်။ ထိုခံစားချက်များက သင်၏ ပုံမှန်ဘဝနှင့် သင်၏ တာဝန်များ ပုံမှန်ထမ်းဆောင်ခြင်းတို့ကို ထိခိုက်လိမ့်မည်ဖြစ်ပြီး သင့်ကို ဖိစီးကာ လွတ်မြောက်မှု ရှာမတွေ့နိုင် ဖြစ်စေလိမ့်မည်။ ဤသည်မှာ ထိုအရာများ သင့်အပေါ် ရှိမည့် ရလဒ်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နားမလည်တာ၊ ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံမနာခံနိုင်တာကြောင့် ကျွန်မက စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်နေခဲ့တာဆိုတာကို နားလည်သွားတယ်။ ရဲတွေက ကျွန်မကို ဝရမ်းထုတ်လိုက်တဲ့အခါ ရဲတွေက ကျွန်မကို ဖမ်းပြီး အသေရိုက်သတ်ခဲ့ရင် ကယ်တင်ခြင်းရမဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာကို စိုးလို့ ကျွန်မက တွန့်ဆုတ်ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင်နေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်ဖို့ စဉ်းစားခဲ့တယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ ကျိုးနွံနာခံဖို့ မလိုလားခဲ့ဘူး၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုလဲ မရှာဖွေခဲ့ဘူး၊ သင်ခန်းစာယူဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာပဲဖြစ်ဖြစ်၊ သိအောင်လုပ်တာပဲဖြစ်ဖြစ် မရှိခဲ့ဘူး။ ကျွန်မရဲ့ အခြေအနေက ဒီအတိုင်းသာ ဆက်သွားနေရင် ကျွန်မအတွက် အရမ်း အန္တရာယ်များမယ်ဆိုတာကို သဘောပေါက်သွားတယ်။ ဒီဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြီးနောက်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်သွားတယ်။ ကိုယ့်အခြေအနေကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ ရှာဖွေရမယ်၊ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေနဲ့ ဆက်ပြီး အသက်ရှင်နေလို့ မရဘူး၊ အဲဒါက ကျွန်မရဲ့ အသက် ဝင်ရောက်မှုနဲ့ ကျွန်မရဲ့ တာဝန်ကို ထိခိုက်စေမှာလေ။ အဲဒီနောက်မှာ ဆုတောင်းဖို့ ကိုယ့်အခြေအနေကို ဘုရားသခင်ရှေ့ ယူဆောင်သွားခဲ့တယ်၊ ဒီပတ်ဝန်းကျင်ကို ကျွန်မ ဖြတ်သန်းကြုံတွေ့ရချိန်မှာ ဦးဆောင်ပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။

ဆုတောင်းပြီးနောက်မှာ စိတ်ကို ငြိမ်ငြိမ်ထားပြီး ဒီကာလအတွင်းက ကိုယ့်အခြေအနေကို ပြန်တွေးကြည့်ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်၊ “၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို စဉ်းစားခြင်းအပြင် အချို့သော အန္တိခရစ်များက မည်သည့်အရာကိုပါ စဉ်းစားကြသနည်း။ ၎င်းတို့က ‘ယခုအခါတွင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်သည် သဘောကျစရာ မကောင်းပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ မျက်နှာများပြခြင်းကိုလည်းကောင်း၊ ဧဝံဂေလိတရားဟောခြင်းကိုလည်းကောင်း လျှော့ကြစို့။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် အဖမ်းခံရမည့် အလားအလာနည်းပြီး အသင်းတော်၏ အလုပ် ဖျက်ဆီးခံရမည် မဟုတ်ပါ။ အဖမ်းခံရမည်ကို ကျွန်ုပ်တို့ ရှောင်ရှားလျှင် ယုဒအဖြစ် ပြောင်းသွားမည်မဟုတ်ဘဲ ထို့နောက်တွင် အနာဂတ်၌ ကျွန်ုပ်တို့ ဆက်လက်၍ တည်ရှိနေနိုင်မည် မဟုတ်လော’ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများကို အထင်အမြင်မှားစေရန် ထိုသို့သော ဆင်ခြေများကို အသုံးပြုသည့် အန္တိခရစ်များ ရှိသည် မဟုတ်လော။ အချို့သော အန္တိခရစ်များသည် သေခြင်းတရားကို အလွန် ကြောက်ရွံ့ကြပြီး ရှက်ဖွယ်ကောင်းသော ဖြစ်တည်မှုများကို အချိန်ဆွဲကြသည်။ ၎င်းတို့က ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုလည်း နှစ်သက်ကြပြီး ခေါင်းဆောင်မှု အခန်းကဏ္ဍများကို ယူရန် လိုလားကြသည်။ ၎င်းတို့က ‘ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို တာဝန်ယူရန် မလွယ်ပါ။ ကျွန်ုပ် ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံရသည်ကို အဆင်းနီသော နဂါးကြီးက သိသွားလျှင် ကျွန်ုပ် လူသိများလာမည်ဖြစ်ပြီး အလိုရှိသော စာရင်းတွင် အထည့်ခံရမည်ဖြစ်ကာ ကျွန်ုပ် အမိခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်၏ အသက်က အန္တရာယ်ရှိမည်ဖြစ်သည်’ဟူသည်ကို သိကြသော်လည်း ဤအဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားရန်အတွက် ဤအန္တရာယ်များကို လျစ်လျူရှုကြသည်။ ခေါင်းဆောင်များအဖြစ် ၎င်းတို့ အစေခံကြသည့်အခါ ၎င်းတို့၏ ဇာတိပကတိ ပျော်ရွှင်ခြင်းအကြောင်းသာ မွေ့လျော်ခံစားကြပြီး တကယ့်အလုပ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ အမျိုးမျိုးသော အသင်းတော်များနှင့် စာအဆက်အသွယ် အနည်းအကျဉ်းတွင် ပါဝင်ပတ်သက်ခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ နေရာတစ်ခုခုတွင် ၎င်းတို့ ပုန်းကွယ်ပြီး မိမိဘာသာ သီးခြားခွဲနေလျက် မည်သူနှင့်မျှ တွေ့ဆုံခြင်းမရှိကြသကဲ့သို့ ညီအစ်ကို မောင်နှမများက ၎င်းတို့၏ ခေါင်းဆောင် အဘယ်သူဖြစ်သည်ကို မသိကြပေ။ ယင်းမှာ ၎င်းတို့ ကြောက်ရွံ့သည့် အတိုင်းအတာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်သည်မှာ အမည်ခံသာဖြစ်သည်ဟု ဆိုခြင်းက မှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) ခေါင်းဆောင်များအဖြစ် မည်သည့် လက်တွေ့အလုပ်တွင်မျှ ၎င်းတို့ ပါဝင်ခြင်းမရှိကြ။ မိမိတို့ဘာသာ ပုန်းကွယ်ဖို့အကြောင်းသာ ၎င်းတို့ ဂရုစိုက်ကြသည်။ အခြားသူတို့က ‘ခေါင်းဆောင်ဖြစ်ခြင်းက အဘယ်သို့နည်း’ ဟု ၎င်းတို့ကို မေးလျှင် ၎င်းတို့က ‘ကျွန်ုပ်သည် အလွန့်အလွန် အလုပ်များပြီး ဘေးကင်းရေးအတွက် အိမ်ဆက်တိုက်ပြောင်းနေရသည်။ ဤပတ်ဝန်းကျင်သည် အလွန် စိတ်အနှောင့်အယှက်ဖြစ်လွန်းသောကြောင့် ကျွန်ုပ်၏ အလုပ်ကိုပင် ကျွန်ုပ် အာရုံမစိုက်နိုင်ပါ’ဟု ပြောလိမ့်မည်။ မျက်လုံးများစွာက ၎င်းတို့ကို စောင့်ကြည့်နေသည်ဟု ၎င်းတို့ အမြဲ ခံစားရပြီး ပုန်းကွယ်ရန် မည်သည့်နေရာ ဘေးကင်းလုံခြုံသည်ကို မသိကြချေ။ ရုပ်ဖျက်ခြင်း၊ မတူကွဲပြားသော နေရာများတွင် မိမိတို့ဘာသာ ပုန်းကွယ်ခြင်းနှင့် တစ်နေရာတွင် ရှိမနေခြင်းတို့မှလွဲ၍ နေ့စဉ် လက်တွေ့ကျသည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြချေ။ ထိုသို့သော ခေါင်းဆောင်များ တည်ရှိသလော။ (တည်ရှိပါသည်။) မည်သည့် စည်းမျဉ်းများကို ၎င်းတို့ လိုက်လျှောက်ကြသနည်း။ ဤလူများက ‘ဉာဏ်များသော ယုန်တစ်ကောင်တွင် မြေတွင်းသုံးခုရှိသည်။ ယုန်တစ်ကောင်အတွက် သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို ကာကွယ်ရန်၊ သူ့ဘာသာ ပုန်းကွယ်ရန် မြေတွင်းသုံးတွင်းကို ပြင်ဆင်ထား၏။ လူတစ်ဦးသည် အန္တရာယ်ကြုံပြီး ထွက်ပြေးလွတ်မြောက်ရမည်ဖြစ်သော်လည်း ပုန်းကွယ်ရမည့်နေရာ တစ်နေရာမျှ မရှိလျှင် ယင်းမှာ လက်ခံနိုင်ဖွယ်ရှိသလော။ ယုန်များမှ ကျွန်ုပ်တို့ သင်ယူရမည်။ ဘုရား ဖန်ဆင်းထားသည့် တိရစ္ဆာန်များတွင် ဤရှင်သန်ရေး စွမ်းရည်ရှိပြီး လူတို့က ၎င်းတို့ထံမှ သင်ယူသင့်သည်’ဟု ပြောကြသည်။ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ယူရသည့်အတွက် ဤအယူဝါဒကို ၎င်းတို့ သဘောပေါက်လာကြပြီး သမ္မာတရားကို ၎င်းတို့ နားလည်ပြီးဖြစ်သည်ဟုပင် ယုံကြည်ကြလေသည်။ အမှန်တွင် ၎င်းတို့က အလွန့်အလွန် ကြောက်လန့်ကြသည်။ ၎င်းနေထိုင်သည့် နေရာက ဘေးကင်းလုံခြုံခြင်း မရှိသောကြောင့် ရဲများထံ တိုင်ကြားခြင်းခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ မိမိတို့၏တာဝန်များကို လုပ်ဆောင်ရန် မကြာခဏ အပြင်ထွက်လွန်းပြီး အလွန်များသော လူတို့နှင့် ဆက်ဆံခဲ့ရသောကြောင့် အဆင်းနီသော နဂါးကြီး၏ သူလျှိုများက ပစ်မှတ်ထားခြင်း ခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ ဤလူများက ဖမ်းဆီးခြင်းခံရကာ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပုံကိုဖြစ်စေ ၎င်းတို့ ကြားရသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ကြောက်လန့်လာကြသည်။ ၎င်းတို့က ‘အို မဖြစ်ပါ၊ အဖမ်းခံရမည့် နောက်တစ်ယောက်မှာ ငါများ ဖြစ်လိမ့်မည်လော။ ဤအရာမှ ငါ သင်ယူရမည်။ ငါ အလွန် မတက်ကြွသင့်ပါ။ အသင်းတော် အလုပ်အချို့ကို လုပ်ဆောင်ခြင်းအား ငါ ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့မျက်နှာပြခြင်းကို ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့အလုပ်ကို ငါ ဖြစ်နိုင်သမျှ နည်းအောင်လုပ်မည်၊ အပြင်ထွက်ခြင်းကို ရှောင်မည်၊ မည်သူမဆိုနှင့် ဆက်ဆံခြင်းကို ရှောင်မည်ဖြစ်ပြီး ငါ ခေါင်းဆောင်ဖြစ်ကြောင်း မည်သူမျှမသိသည်ကို သေချာအောင်လုပ်မည်။ ယနေ့ခေတ်တွင် အခြားတစ်ဦးတစ်ယောက်ကို မည်သူက ဂရုစိုက်ဖို့ တတ်နိုင်မည်နည်း။ အသက်ရှင်နေဖို့သည်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်နှင့်ပေပြီ’ဟု တွေးကြသည်။ ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍကို ယူကတည်းက အိတ်တစ်ခုကို သယ်ဆောင်ပြီး ပုန်းကွယ်ခြင်းမှလွဲ၍ မည်သည့်အလုပ်ကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အဖမ်းခံရကာ ပြစ်ဒဏ်ချမှတ်ခံရမည်ကို အမြဲကြောက်သောစိတ်ဖြင့် ရင်တမမ အသက်ရှင်နေကြသည်။ တစ်စုံတစ်ဦးက ‘သင် အဖမ်းခံရလျှင် အသတ်ခံရလိမ့်မည်။ သင် ခေါင်းဆောင်တစ်ဦး မဟုတ်လျှင်၊ သာမန် ယုံကြည်သူတစ်ဦးသာဖြစ်လျှင် ဒဏ်ငွေအနည်းငယ်မျှ ပေးပြီးနောက်တွင် လွတ်ကောင်းလွတ်မည် ဖြစ်သော်လည်း သင့်အနေဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် ပြောရခက်ပေသည်။ အလွန် အန္တရာယ်များသည်။ အဖမ်းခံရသည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အချို့သည် သတင်းအချက်အလက်တစ်ခုခုကို ပေးဖို့အစား ရဲများက သေသည်အထိ ရိုက်နှက်ခြင်းကို ခံလိုက်ချင်ကြသည်’ဟု ပြောသည်ကို ကြားကြသည်ဆိုပါစို့။ တစ်စုံတစ်ဦးက သေသည်ထိ ရိုက်နှက်ခံရသည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကြောက်တရားက ပြင်းထန်လာပြီး အလုပ်လုပ်ရန် သာ၍ပင် ကြောက်ရွံ့လာကြသည်။ နေ့စဉ် ၎င်းတို့တွေးသမျှအကြောင်းမှာ အဖမ်းခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ မိမိတို့မျက်နှာများ ပြခြင်းအား မည်သို့ ရှောင်ရှားရမည်၊ စောင့်ကြည့်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဆိုသည်နှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို ဦးနှောက်ခြောက်ခံ စဉ်းစားကြပြီး မိမိတို့၏ တာဝန်များကို လုံးဝ မေ့လျော့ကြသည်။ ဤလူတို့မှာ သစ္စာစောင့်သိသော လူများ ဖြစ်ကြသလော။ ဤကဲ့သို့သော လူများသည် အလုပ်တစ်ခုတလေကို ကိုင်တွယ်နိုင်ကြသလော။ (မကိုင်တွယ်နိုင်ကြပါ။) ဤကဲ့သို့သော လူများသည် ကြောက်သာကြောက်တတ်ကြပြီး ဤသရုပ်သကန်တစ်ခုတည်းအပေါ် အခြေခံ၍ အန္တိခရစ်များအဖြစ် ၎င်းတို့ကို ငါတို့ သေချာပေါက် သတ်မှတ်၍မရနိုင်သော်လည်း ဤသရုပ်သကန်၏ သဘာဝမှာ အဘယ်နည်း။ ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က လူတို့၏ ဘေးကင်းရေးကို ကာကွယ်ပေးနိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်အတွက် အသုံးခံရန် မိမိကိုယ်ကို ရည်စူးအပ်နှံခြင်းသည် သမ္မာတရားအတွက် မိမိကိုယ်ကို ဆက်ကပ်ခြင်း ဖြစ်ကြောင်းနှင့် ထိုအရာသည် ဘုရားသခင် အသိအမှတ်ပြုသည့် အရာတစ်ခုဖြစ်ကြောင်းတို့ကို ၎င်းတို့ သေချာပေါက် မယုံကြည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို ၎င်းတို့ မကြောက်ရွံ့ ကြပေ။ စာတန်နှင့် ဆိုးညစ်သော နိုင်ငံရေး ပါတီများကိုသာ ကြောက်ကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ မယုံကြည်ကြ။ အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို မယုံကြည်ကြသကဲ့သို့ သူ့အတွက်လည်းကောင်း၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးစေခြင်းအတွက်လည်းကောင်း အရာရာကို အသုံးခံသည့် လူတစ်ဦးအား ဘုရားသခင် အသိအမှတ်ပြုလိမ့်မည် ဖြစ်သည်ကို သေချာပေါက် မယုံကြည်ကြပေ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မမြင်နိုင်ကြပေ။ မည်သည့်အရာကို ၎င်းတို့ ယုံကြည်ကြသနည်း။ ၎င်းတို့အနေဖြင့် အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ကျရောက်သွားလျှင် မကောင်းသည့် အဆုံးသတ်တစ်ခု တွေ့ကြုံရမည် ဖြစ်ကြောင်း၊ ၎င်းတို့ ပြစ်ဒဏ်ချမှတ်ခံရနိုင်မည့် သို့မဟုတ် ၎င်းတို့၏ အသက်များပင် ဆုံးရှုံးမည့် အန္တရာယ်ရှိနိုင်ကြောင်းကို ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကိုသာ စဉ်းစားကြပြီး အသင်းတော်၏ အလုပ်ကို မစဉ်းစားကြချေ။ ဤလူများသည် မယုံကြည်သူများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကျမ်းစာက မည်သည့်အရာ ပြောသနည်း။ ‘ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၁၀:၃၉) ဤစကားများကို ၎င်းတို့ ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) မိမိတို့တာဝန်ကို လုပ်ဆောင်စဉ် စွန့်စားရန် စေခိုင်းခြင်းခံရလျှင် မိမိတို့ကိုယ်ကို ပုန်းကွယ်ကာ ၎င်းတို့အား မည်သူမျှ မြင်ခွင့်မပေးရန် ဆန္ဒရှိကြလိမ့်မည် ဖြစ်သည်။ ကိုယ်ပျောက်သောသူ ဖြစ်ချင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ကြောက်ရွံ့သည့်အတိုင်းအတာ ဖြစ်သည်။ ဘုရားသခင်သည် လူ၏ အထောက်အပံ့ဖြစ်ကြောင်း၊ အရာရာက ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ တစ်စုံတစ်ရာ မှားယွင်းလျှင် သို့မဟုတ် ၎င်းတို့ အမှန်တကယ် အဖမ်းခံရလျှင် ထိုအရာကို ဘုရားသခင်က ခွင့်ပြုထားခြင်းဖြစ်ကြောင်းနှင့် လူတို့အနေဖြင့် ကျိုးနွံနာခံသည့် စိတ်နှလုံးများရှိသင့်ကြောင်းတို့ကို ၎င်းတို့က မယုံကြည်ကြပေ။ ဤလူများသည် ဤစိတ်နှလုံးများ၊ ဤသိနားလည်မှု သို့မဟုတ် ဤပြင်ဆင်မှုတို့ မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ပကတိအတိုင်းပင် ဖြစ်၏။ ဤကဲ့သို့သော လူများသည် ထူးထူးခြားခြား ကြောက်တတ်ကြသည်၊ အလွန်အမင်း ကြောက်လန့်ပြီး ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားရခြင်းနှင့် ၎င်းတို့ထံ မကောင်းသောအရာ တစ်စုံတစ်ခု ဖြစ်ပျက်ခြင်းကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဂနာမငြိမ်သော ငှက်ကလေးများလောက် ကြောက်လန့်လာပြီး မိမိတို့၏ အလုပ်ကို မထမ်းဆောင်နိုင်ကြတော့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေဟာ သူတို့ရဲ့ တာဝန်တွေမှာ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်နဲ့ ကြုံတွေ့ရပြီဆိုတာနဲ့ ကိုယ့်လုံခြုံရေးကိုပဲ အလေးထားကြတယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့ဟာ သူတို့တာဝန်အပေါ် သစ္စာမရှိဘူး၊ ဘုရားသခင်ရဲ့ အိမ်တော် အကျိုးစီးပွားကိုလဲ အလေးမထားကြဘူး။ ဒီလိုလူမျိုးတွေရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကိုလဲ မယုံကြည်ကြဘူး။ သူတို့ဟာ မယုံကြည်သူတွေပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မ ရှက်လဲရှက်၊ ဝမ်းလဲဝမ်းနည်းမိတယ်။ ကျွန်မဟာ အန္တိခရစ်တစ်ယောက်လို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းနေမှန်း သတိမပြုမိခဲ့ဘူး။ ညီအစ်ကိုတစ်ယောက်နဲ့ စုဝေးဖို့ ကျွန်မ ချိန်းထားခဲ့တယ်၊ နောက်တော့ အဲဒီစုဝေးပွဲမတိုင်ခင် တစ်ရက်အလိုမှာ သူ ဖမ်းခံလိုက်ရတယ်။ ကျွန်မ အဖမ်းမခံရဘဲ လွတ်သွားနိုင်ခဲ့တာက ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကြောင့်ပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ကို ကျေးဇူးမတင်ခဲ့သလို ကိုယ့်တာဝန်ကိုလဲ သေချာ မထမ်းဆောင်ခဲ့ဘူး။ အသင်းတော်အလုပ်ကို ဘေးချိတ်ထားပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဘေးကင်းအောင် နေရမလဲဆိုတာကိုပဲ စဉ်းစားခဲ့တယ်။ ရဲတွေဟာ ကျွန်မကို ဖမ်းဆီးဖို့ အိမ်အထိ ရောက်လာခဲ့ကြပြီး ဝရမ်းထုတ်တော့မယ်ဆိုတာနဲ့ ကျွန်မ အရင်က တည်းခိုခဲ့ဖူးတဲ့ အိမ်ရှင်မိသားစုလည်း ဝင်ရောက်ရှာဖွေခံခဲ့ရတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ကျွန်မကို ဖမ်းဖို့ စီစီပီက ဒီလောက်ကြီး အင်တိုက်အားတိုက် လုပ်နေတာကို မြင်တော့ ကျွန်မ ကြောက်သွားခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ခေါင်းဆောင်တာဝန်ကိုတောင် ကျွန်မ မထမ်းဆောင်ရဲခဲ့ဘူး။ အသင်းတော်ဟာ စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းဆီးမှုတွေကို ခံနေရတဲ့အချိန်မှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မက အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ခဲ့သင့်ပြီး နောက်ဆက်တွဲကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းပေးခဲ့သင့်တာ။ အဲဒါအပြင် အသင်းတော်ထဲက အလုပ်အမျိုးမျိုးရဲ့ ရလဒ်တွေက ကျဆင်းနေပြီး ညီအစ်ကိုမောင်နှမတွေကလဲ အပျက်သဘောဆောင်လို့ တွန့်ဆုတ်နေကြတော့ သူတို့ကို ကူညီထောက်ပံ့ပေးရအောင် သမ္မာတရားနဲ့ မိတ်သဟာယဖွဲ့ပေးဖို့ လိုအပ်နေခဲ့တယ်။ ဒီအလုပ်တွေ အားလုံးကို လုပ်ဖို့ လိုအပ်နေခဲ့တာ၊ ဒါပေမဲ့ အဖမ်းမခံရအောင်လို့ အချိန်တိုင်းမှာ ကိုယ့်လုံခြုံရေးနဲ့ ကိုယ့်ထွက်ပေါက်အတွက်ပဲ အကြံအစည်တွေ ထုတ်နေခဲ့တယ်၊ ကိုယ့်တာဝန်ကို လုပ်ဖို့ စိတ်မပါခဲ့ဘူး၊ ဒါကြောင့် အသင်းတော်ထဲက ပြဿနာတွေက အချိန်မီ မပြေလည်ခဲ့ဘူး။ စကားပုံတစ်ခုလိုပေါ့၊ “ဘေးဒုက္ခကြုံမှ စိတ်ရင်းမှန် ပေါ်လွင်သည်” တဲ့။ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားကို မထိခိုက်တဲ့ ပုံမှန်အချိန်တွေမှာတော့ ကိုယ့်တာဝန်ကို ကျွန်မ ဆက်ထမ်းဆောင်နိုင်ခဲ့တယ်၊ ဒါပေမဲ့ အခုလို အန္တရာယ်များတဲ့ ပတ်ဝန်းကျင်နဲ့ ကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အခွံထဲကို ပုန်းဝင်သွားတဲ့ ကြောက်တတ်တဲ့ လိပ်တစ်ကောင်လို ကျွန်မ ဖြစ်သွားခဲ့တယ်။ ဒါက ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုစစ်စစ်ပဲ။ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဒီလောက်အများကြီး ဖတ်ခဲ့ပေမဲ့ အရေးကြီးတဲ့ အချိန်ရောက်တော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ သက်သေခံချက် တစ်ခုမှ ကျွန်မ မပေးခဲ့ဘူး၊ ပြီးတော့ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်လိုတဲ့ လိုအင်ဆန္ဒ တစ်စက်မှ မရှိခဲ့ဘူး။ ကျွန်မက အန္တိခရစ်တစ်ယောက်လိုပဲ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာ။ ကျွန်မ ဝမ်းနည်းပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ ဒီလောက် တစ်ကိုယ်ကောင်းဆန်တဲ့ ကိုယ့်ကိုယ်ကိုယ်လဲ မုန်းမိတယ်။ ဒီလောက် အရေးကြီးတဲ့ တာဝန်နဲ့ ကျွန်မ တကယ်ကို မထိုက်တန်ခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ သမီး အရမ်း တစ်ကိုယ်ကောင်းဆန်ပါတယ်။ အရေးကြီးတဲ့ အချိန်ရောက်တော့ သမီးဟာ တစ်စက်မှ သစ္စာမရှိခဲ့ဘူး။ ချစ်လှစွာသော ဘုရားသခင်၊ ဒီပတ်ဝန်းကျင်မှာ သမီးရဲ့ တာဝန်ကို ဆက်ထမ်းဆောင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သိမြင်အောင် သမီးကို ဉာဏ်ပွင့်စေပြီး ဦးဆောင်တော်မူပါ” ပေါ့။

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သတိရသွားတယ်၊ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ကိုယ့်အတွက်ကိုယ် အသက်ရှင်နေထိုင်ကြ၏။ ကိုယ့်အတွက်ပဲကိုယ်ကြည့် ဘယ်သူသေသေငတေမာပြီးရော၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ လူတို့အားလုံးသည် မိမိကိုယ်ကျိုးအတွက်သာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်ပြီး ၎င်းတို့သည် ကောင်းချီးခံစားရရန်အတွက် အမှုအရာများကို စွန့်လွှတ်ကာ မိမိတို့ကိုယ်ကို အသုံးခံကြသည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေရာတွင် ၎င်းတို့ ခါးစည်းခံသည့် ဆင်းရဲဒုက္ခနှင့် ၎င်းတို့ ပေးသည့် အဖိုးအခတို့မှာလည်း ဆုလာဘ်ချီးမြှင့်ခြင်း ခံရရန်အတွက် ဖြစ်လေသည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးခံစားရဖို့၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ ကမ္ဘာလောကတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်ပြီး ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးခံစားရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ခါးစည်းခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးသည် လူတို့အနေဖြင့် စာတန်ဆန်သော သဘာဝကို ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်သည့် အရှင်းလင်းဆုံးသော အထောက်အထားဖြစ်သည်။ စိတ်သဘောထားများ ပြောင်းလဲပြီးသည့် လူများသည် ကွဲပြားကြသည်၊ ၎င်းတို့က သမ္မာတရားအားဖြင့် အသက်ရှင်သန်ခြင်းမှ အဓိပ္ပာယ်ရှိလာကြောင်း၊ လူသားဖြစ်ခြင်း၏ အခြေခံမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း ဖြစ်ကြောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းသည် လုံးဝ သဘာဝကျပြီး တရားမျှတသည့် တာဝန်ဝတ္တရားတစ်ခု ဖြစ်ကြောင်း၊ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းသည့်လူများသာလျှင် လူသားဟု အခေါ်ခံထိုက်ကြောင်း၊ ပြီးလျှင် ၎င်းတို့က ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ သူ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်နိုင်ခြင်း မရှိလျှင် ၎င်းတို့သည် လူသားဟု အခေါ်မခံထိုက်ကြောင်း ခံစားကြရသည်။ ၎င်းတို့က မိမိအတွက် အသက်ရှင်သန်ခြင်းသည် အနှစ်သာရမဲ့ပြီး အဓိပ္ပာယ် မရှိဟုလည်းကောင်း၊ လူတို့က ဘုရားကျေနပ်စေရန်၊ ၎င်းတို့ တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာများတွင် နေရန် ရှင်သန်သင့်သည်ဟုလည်းကောင်း ခံစားရပေသည်။ ဤသို့ဖြင့် သေဆုံးရမည့်အချိန်၌ပင် ရောင့်ရဲတင်းတိမ်ကာ နောင်တ စိုးစဉ်းမျှ မရဘဲ ကျေနပ်ပြီး ၎င်းတို့ အချည်းနှီး အသက်ရှင်ခဲ့ခြင်း မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ လူတွေက ကိုယ့်အကျိုးစီးပွားအတွက်ပဲ ကိစ္စတွေကို လုပ်တဲ့အခါ သူတို့ဟာ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေတာဆိုတာကို ကျွန်မ မြင်တွေ့ခဲ့ရတယ်၊ ပြီးတော့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာကို အသက်ရှင်သန်ဖို့ စည်းမျဉ်းတစ်ခုလို သဘောထားပြီး ကိုယ့်အတွက် အကျိုးရှိမဲ့ ကိစ္စတွေကိုပဲ လုပ်ကြတယ်။ ကျွန်မဟာ တကယ်တမ်းတော့ ဒီလိုလူစားမျိုး ဖြစ်နေခဲ့တာ။ ခေါင်းဆောင်တာဝန်ကို ကျွန်မ စပြီး ထမ်းဆောင်ခဲ့တုန်းက အန္တရာယ်များတဲ့ ပတ်ဝန်းကျင် တစ်ခုမှ မကြုံခဲ့ရဘူး။ ဒီတာဝန်ကိုထမ်းဆောင်ပြီး သမ္မာတရားတွေကို ပိုနားလည်သွားမယ်၊ ပြီးတော့ ကောင်းမှုတွေ အများကြီး ပြင်ဆင်ထားနိုင်မယ်ဆိုတာ ကျွန်မ သိခဲ့တယ်၊ ဒါကြောင့် တုံ့ဆိုင်းမနေဘဲ ကျွန်မ လက်ခံခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရတာရယ်၊ ရဲတွေက ကျွန်မကို လိုက်ဖမ်းနေပြီး ဝရမ်းထုတ်လိုက်တာရယ်ကို မြင်ရတဲ့အခါ ရဲအဖမ်းခံရလို့ သေတဲ့အထိ အရိုက်ခံရရင် ကယ်တင်ခြင်းခံရမဲ့ အခွင့်အရေးကို ဆုံးရှုံးသွားမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် ကိုယ့်အတွက်ပဲ အလေးထားပြီး အကြံအစည်တွေ စထုတ်လာခဲ့တယ်၊ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရတာက အန္တရာယ် အရမ်းများတယ်လို့ စပြီး ခံစားလာရတယ်။ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အသင်းတော်က ကျွန်မကို စီစဉ်ပေးခဲ့တာကိုတောင် ကျွန်မ ညည်းညူမိတယ်၊ ပြီးတော့ အဲဒီတာဝန်ကို စွန့်လွှတ်ချင်ခဲ့တယ်။ အချိန်တိုင်းမှာ ကိုယ့်ပန်းတိုင်ကိုပဲ အလေးထားခဲ့ပြီး ဘုရားသခင်အပေါ် သစ္စာရှိတာမျိုး၊ ကျိုးနွံနာခံတာမျိုး တစ်စက်မှ မပြခဲ့ဘူး။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ ဒီလို မထုတ်ဖော်ခံရဘူးဆိုရင် ကိုယ့်တာဝန်မှာ စွန့်လွှတ်ပြီး အသုံးခံနိုင်တာဟာ ဘုရားသခင်အပေါ် သစ္စာရှိတာကို ပြသတာပဲလို့ ကျွန်မ ဆက်ပြီး ယုံကြည်နေခဲ့မှာပဲ။ ကျွန်မရဲ့ အတိတ်က အသုံးခံခဲ့တာတွေ အားလုံးက ရည်ရွယ်ချက်တွေ၊ မစင်ကြယ်မှုတွေနဲ့ ညစ်နွမ်းနေတယ်ဆိုတာ အခုတော့ နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားပြီ။ အဲဒါတွေက ကောင်းချီးရယူဖို့အတွက်ပဲ၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားချက်တွေပဲ။ ဒါက ဘုရားသခင်ရဲ့ ရွံရှာမုန်းတီးမှုကို ဖြစ်စေခဲ့တာပေါ့။ ဒီအချိန်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့ကို ရဲတွေ ဖမ်းဖို့ ကြိုးစားနေတဲ့ ဒီပတ်ဝန်းကျင်ကို ဖြတ်သန်းကြုံတွေ့ရတာက အဆင်းနီတဲ့ နဂါးကြီးရဲ့ ကောက်ကျစ်ဆိုးယုတ်မှုကို ရှင်းရှင်းလင်းလင်း မြင်ဖို့ ကူညီပေးရုံသာမက ဘုရားသခင်ကို ယုံကြည်တဲ့ အသက်တာထဲမှာ နှစ်တွေအများကြီး ဖုံးကွယ်နေခဲ့တဲ့ ရည်ရွယ်ချက်ကို သတိပြုမိဖို့လဲ ကူညီပေးခဲ့တယ်။ အဲဒါကတော့ ကောင်းချီးရချင်တဲ့ ရည်ရွယ်ချက်ပေါ့။ ဒီပတ်ဝန်းကျင်ကို စီစဉ်ပေးတဲ့အတွက် ဘုရားသခင်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်၊ ပြီးတော့ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပဲဆိုတာကို တွေ့ကြုံခံစားရတယ်။

တစ်ညမှာ ညီအစ်မတစ်ယောက်နဲ့ ဒီကာလအတွင်းက ကျွန်မရဲ့ အခြေအနေအကြောင်းကို ပြောဖြစ်တယ်။ အဖမ်းခံရပြီး သေရမှာကို ကြောက်တဲ့အကြောင်း ကျွန်မ ပြောပြတဲ့အခါ ညီအစ်မက သေခြင်းရဲ့ အဓိပ္ပာယ်နဲ့ပတ်သက်ပြီး ကျွန်မကို မိတ်သဟာယဖွဲ့ပေးတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရသွားတယ်၊ ဒါနဲ့ အဲဒါကို ရှာဖတ်ကြည့်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေဆုံးခြင်း ပုံစံအမျိုးမျိုးသည် သူတို့အပေါ် ကျရောက်ခဲ့သည်။ သူတို့၏ သေဆုံးခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ သူတို့သည် မတော်မတရားမှု တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ကြပြီးနောက် ဥပဒေအရ ကွပ်မျက်ခံခဲ့ကြရခြင်းလော။ မဟုတ်ပေ၊ သူတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ချိခဲ့ကြသော်လည်း လောကကြီးသည် ယင်းကို လက်မခံခဲ့ကြဘဲ ယင်းအစား သူတို့ကို ရှုတ်ချခြင်း၊ ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး သူတို့ကို သေသည်အထိပင် ပြုလုပ်ခဲ့ကြသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ ပုံစံများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ဤသည်မှာ ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံခဲ့ကြသည့် ပုံစံအတိအကျပင် ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်ကြောင်း၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်း၊ ဤအချက်သည် ထာဝစဉ် မပြောင်းလဲနိုင်ကြောင်းတို့ကို လူသားတို့အား သက်သေပြဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့ကြသူများသည် သူတို့၏ တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့ကြသနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို စတေးကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး ဖြစ်ချင်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့်အချိန်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့အသက်၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ မိမိ၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး ခြောက်လှန့်ကာ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ မိမိ၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားလိုက်တော့ လူတစ်ယောက်ဟာ ဘုရားသခင်အတွက် ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ သူ့အသက်ကို စွန့်လွှတ်လိုက်ရင် သူ့ခန္ဓာကိုယ်က ပျက်စီးသွားရင်တောင် သူ့ဝိညာဉ်ကတော့ ဆက်ရှင်သန်နေမယ်ဆိုတာ နားလည်သွားတယ်။ ဘုရားသခင်အတွက် သက်သေခံတဲ့အတွက် လူတစ်ယောက် ညှဉ်းပန်းနှိပ်စက်ခံရလို့ သေဆုံးသွားရင် ဒါဟာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရတယ်။ ဒါပေမဲ့ စီစီပီက ကျွန်မကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့ရင် ကျွန်မ ကယ်တင်ခြင်း ရရှိနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားမိတယ်၊ ဒါကြောင့် တွန့်ဆုတ်မှု၊ ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင်ခဲ့ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ အသက်ကို မစွန့်ရဲဖြစ်နေခဲ့တယ်။ တကယ်တော့ ဘုရားသခင်ကို စစ်မှန်တဲ့ ကျိုးနွံနာခံခြင်း ကျွန်မမှာ မရှိခဲ့တဲ့အပြင် သမ္မာတရား လက်တွေ့လုပ်ဆောင်တာရဲ့ သက်သေခံချက် တစ်ခုမှ မပေးခဲ့ဘူး၊ ပြီးတော့ ဘုရားသခင်က ကျွန်မရဲ့ စစ်မှန်တဲ့ စိတ်နှလုံးကို မရရှိခဲ့ဘူး။ ကျွန်မရဲ့ ခန္ဓာကိုယ်က ဆက်ရှင်သန်နေရင်တောင် ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ကျွန်မ ဘယ်တော့မှ ရရှိမှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ အမြင်မှာဆို ကျွန်မက သေပြီးသား ဖြစ်နေမှာပဲ၊ ပြီးတော့ နောက်ဆုံးမှာ ကျွန်မရဲ့ ဝိညာဉ်၊ စိတ်နဲ့ ခန္ဓာကိုယ်အားလုံး ဖျက်ဆီးခံရမှာလေ။ အဲဒီအပြင် သေသွားရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို မခံရမှာကို ကျွန်မ ကြောက်နေခဲ့တယ်၊ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ နားမလည်ခဲ့လို့ပဲ။ ဧဝံဂေလိတရား ဟောပြောချိန်မှာ စာတန်ဆန်တဲ့ အစိုးရတွေရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရတဲ့ သခင်ယေရှုနောက်ကို လိုက်ခဲ့တဲ့ တပည့်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ တချို့က မြင်းငါးကောင်နဲ့ တစ်စစီ ဆွဲဖြဲခံရတယ်၊ တချို့က ခဲနဲ့ပေါက်သတ်ခံရတယ်၊ ပြီးတော့ ပေတရုဆိုရင် နောက်ဆုံးမှာ ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင် အသတ်ခံခဲ့ရတယ်။ သူတို့ဟာ သူတို့ရဲ့အသက်နဲ့ ဘုရားသခင်အတွက် အားကောင်းတဲ့ သက်သေခံချက်တစ်ခု ပေးခဲ့ကြတာ။ အပေါ်ယံကြည့်ရင် သူတို့ရဲ့ ခန္ဓာကိုယ်တွေ သေဆုံးသွားပေမဲ့ သူတို့ဝိညာဉ်တွေက ဘုရားသခင်ဆီ ပြန်သွားခဲ့ပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို သူတို့ ရရှိခဲ့ကြတယ်။ ဒါဟာ တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးအရာပဲ။ သေခြင်းရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း မြင်သွားပြီးနောက်မှာ ကျွန်မ စိတ်ထဲ ပိုလွတ်လပ်သွားတယ်။ ကျွန်မရဲ့ အသက်က ဘုရားသခင် ပေးထားတာဖြစ်ပြီး ကိုယ့်တာဝန်ကို ကျွန်မ ဆက်ထမ်းဆောင်ရမယ်။ ဒီလောက် တစ်ကိုယ်ကောင်းဆန်တဲ့နည်းလမ်းနဲ့ ဆက်ပြီး အသက်ရှင်နေလို့ မဖြစ်ဘူး။

တစ်နေ့တော့ ကျွန်မ ဝတ်ပြုချိန်အတွင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်၊ “စာတန်က ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ရဲသည့်အပြင် ဘုရားသခင်၏ အမိန့်များနှင့် အထူးမိန့်ကြားချက်များကို သေချာနားထောင်ပြီး နာခံခဲ့သည်။ ၎င်းတို့ကို မည်သည့်အခါမျှ သူမဖီဆန်ဝံ့ပေ။ ထို့ပြင် ဘုရားသခင်၏ အမိန့်များကိုလည်း ထင်သလို မပြောင်းလဲဝံ့ပေ။ ဤအရာတို့သည် ဘုရားသခင်က စာတန်အတွက် ချမှတ်ထားသည့် အကန့်အသတ်များဖြစ်သည်။ ထို့ကြောင့် စာတန်က ဤအကန့်အသတ်များကို မည်သည့်အခါမျှ မကျော်ဖြတ်ရဲပေ။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်း မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ သက်သေခံခြင်းတစ်ခု မဟုတ်ပေလော။ ဘုရားသခင်အပေါ် မည်သို့ပြုမူရမည်၊ ဘုရားသခင်ကို မည်သို့မြင်ရမည်ဆိုသည်နှင့်ပတ်သက်၍ စာတန်၌ လူသားမျိုးနွယ်ထက် ပိုရှင်းလင်းသည့် နားလည်မှုရှိသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာနယ်ပယ်တွင် စာတန်က ဘုရားသခင်၏ သြဇာအာဏာနှင့် ဂုဏ်ဒြပ်ကို အလွန်ရှင်းရှင်းလင်းလင်းမြင်ပြီး ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်းနှင့် သူ၏သြဇာအာဏာနောက်က အခြေခံမူများကို လေးလေးနက်နက် စာတန်သဘောပေါက်သည်။ ဤအရာများကို စာတန်သည် လုံးဝလျစ်လျူမရှုရဲသကဲ့သို့ မည်သည့်နည်းနှင့်မျှ မချိုးဖောက်ရဲပေ၊ သို့မဟုတ် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်သည့်အရာ တစ်ခုမျှ မလုပ်ရဲပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သည့်နည်းလမ်းနှင့်မျှ သူစိန်မခေါ်ရဲပေ။ စာတန်၏သဘာဝမှာ ဆိုးယုတ်ပြီး မာနထောင်လွှားသော်လည်း သူသည် ဘုရားသခင်က သူ့အတွက် ချမှတ်ထားသည့် နယ်နိမိတ်များနှင့် အကန့်အသတ်များကို တစ်ခါမျှ မဖြတ်ကျော်ရဲပေ။ နှစ်သန်းပေါင်းများစွာအကြာထိ ဤနယ်နိမိတ်များကို တိတိကျကျ သူလိုက်နာခဲ့သည်။ ဘုရားသခင်ပေးအပ်သည့် ခိုင်းစေမှုနှင့် အမိန့်တိုင်းကို သူလိုက်နာပြီး မည်သည့်အခါမျှ ဘောင်မကျော်ဝံ့ခဲ့ပေ။ စာတန်သည် အန္တရာယ်ရှိသော်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ထက် သူက ပိုပါးနပ်သည်။ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို သူသိပြီး သူ၏ ကိုယ်ပိုင်နယ်နိမိတ်များကို သူသိသည်။ စာတန်၏ ‘ကျိုးနွံနာခံသည့်’ အပြုအမူများမှတစ်ဆင့် ဘုရားသခင်၏သြဇာအာဏာနှင့် တန်ခိုးတို့သည် စာတန်ကျော်လွန်၍မရနိုင်သည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ထုတ်ပြန်ချက်များဖြစ်ကြောင်းကို မြင်နိုင်ပြီး၊ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သြဇာအာဏာ အတိအကျကြောင့်သာ အရာအားလုံးသည် အစီအစဉ်တကျ ပြောင်းလဲပြီး ပွားများခြင်းဖြစ်ကြောင်း၊ ဤအမိန့်ကို နှောင့်ယှက်နိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ၊ ထို့ပြင် ဤနိယာမကို ပြောင်းလဲနိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ ဘုရားသခင်တည်ထောင်ထားသည့် လမ်းကြောင်းအတွင်း၌ လူသားတို့ အသက်ရှင်ပြီး မျိုးပွားနိုင်ခြင်းဖြစ်ကြောင်း မြင်နိုင်သည်။ အကြောင်းမှာ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏လက်မှလာပြီး ဖန်ဆင်းရှင်၏ စီမံခြင်းနှင့် သြဇာအာဏာမှ လာသည့်အတွက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တော့ စာတန်က ဘယ်လောက်ပဲ ဆိုးညစ်ပါစေ ဘုရားသခင်ရဲ့ လက်ထဲမှာပဲ အမြဲတမ်း ရှိတယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်ရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ဘုရားသခင်ရဲ့ အမိန့်မရှိဘဲနဲ့ သူလုပ်ချင်ရာကို သူ မလုပ်ရဲဘူး။ ဥပမာအနေနဲ့ စီစီပီက ဘုရားသခင်အပေါ် ယုံကြည်သူတွေကို အဆက်မပြတ် ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေတဲ့အပြင် ဘုရားသခင်ရဲ့ အသင်းတော်တွေကို အမြစ်ဖြုတ်ဖို့ ကြိုးစားနေတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ကွန်မြူနစ်ပါတီကလဲ ဘုရားသခင်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်။ သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေက ဘယ်လောက်ပဲ ကြီးမားနေပါစေ၊ ဒါမှမဟုတ် လူတွေကို ဒုက္ခပေးတဲ့ သူ့ရဲ့နည်းလမ်းတွေက ဘယ်လောက်ပဲ လိမ္မာပါးနပ်နေပါစေ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ စီစီပီက ကျွန်မတို့ကို ဘာမှလုပ်လို့ မရဘူး။ ဒီကာလအတွင်းမှာ စီစီပီက ကျွန်မကို ဖမ်းဖို့ ဘယ်လို သန္နိဋ္ဌာန်ချထားခဲ့တယ်ဆိုတာကို ကျွန်မ တွေးမိတယ်၊ ဒါပေမဲ့ အကြိမ်တိုင်းမှာ သူတို့ ကျွန်မကို သီသီလေး လက်လွတ်သွားခဲ့တယ်။ ဘုရားသခင်ရဲ့ အံ့သြစရာစီစဉ်မှုတွေကြောင့် ကျွန်မ တစ်ကြိမ်ပြီးတစ်ကြိမ် အဖမ်းမခံရဘဲ လွတ်မြောက်ခဲ့တာပါ။ အခုဆိုရင် ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကြောင့် ကျွန်မရဲ့ တာဝန်ကို ဘေးကင်းလုံခြုံစွာနဲ့ ထမ်းဆောင်နိုင်ပါပြီ။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ စီစီပီက ကျွန်မကို ဖမ်းဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူတို့လက်ထဲကို ကျွန်မ ဘယ်တော့မှ ကျရောက်မှာမဟုတ်ဘူး။ ကျွန်မ အဖမ်းမခံရတာက ဘုရားသခင် အမိန့်နဲ့ပြဋ္ဌာန်းထားလို့ပဲ။ ပြီးတော့ အသင်းတော်အလုပ်အတွက် ကျွန်မကို လိုအပ်နေလို့ ကျွန်မရဲ့ တာဝန်မှာ စိတ်နှစ်ထားရမယ်။ ဒီနားလည်သဘောပေါက်မှုတွေ ရရှိသွားတော့ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေ တော်တော်လေး လျော့ကျသွားတယ်။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ ဆန္ဒရှိခဲ့ပြီး အသင်းတော်ရဲ့အလုပ်ကို သေချာလုပ်ဖို့ ဘုရားသခင်ကို ကိုးစားခဲ့တယ်။ လက်ရှိ ကျွန်မလုပ်ရမဲ့ အလုပ်အတွက် အစီအစဉ်သစ်တစ်ခုကို ဆွဲခဲ့တယ်။ အခုဆိုရင် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အများကြီး ဖမ်းဆီးခံခဲ့ရပြီးပြီ၊ ပြီးတော့ လုပ်ဖို့လိုအပ်နေတဲ့ နောက်ဆက်တွဲ အလုပ်တွေ အများကြီး ရှိနေတာကို ကျွန်မ တွေးမိတယ်။ ညီအစ်ကိုမောင်နှမတော်တော်များများဟာ အပျက်သဘောဆောင်ပြီး အားနည်းတဲ့ အခြေအနေမှာ အသက်ရှင်နေကြပြီး ဒီပတ်ဝန်းကျင်ကို ဘယ်လို ဖြတ်သန်းကြုံတွေ့ရမလဲဆိုတာ မသိကြဘူး၊ သူတို့နဲ့ မိတ်သဟာယဖွဲ့ပေးဖို့နဲ့ ထောက်ပံ့ပေးဖို့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ လိုအပ်နေတယ်။ ကိုယ့်ဝတ္တရားတွေကို ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းရမယ်။ အဲဒီနောက်မှာ ကျွန်မရဲ့ တာဝန်မှာ စိတ်နှစ်ထားခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကျွန်မ အလုပ်လုပ်ခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ကြိုးစားအားထုတ်ပြီးတဲ့နောက်မှာ အသင်းတော်က ခေါင်းဆောင်သစ်တွေနဲ့ အမှုဆောင်သစ်တွေကို ရွေးချယ်နိုင်ခဲ့ပြီး အလုပ်အမျိုးမျိုး အကောင်အထည်ဖော်တာကို ဆက်လုပ်နိုင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကလဲ နည်းနည်း တိုးတက်လာပြီး အသင်းတော်ရဲ့အလုပ်က ဖြည်းဖြည်းချင်း စပြီးတိုးတက်လာတယ်။

ဒီပတ်ဝန်းကျင်ရဲ့ ထုတ်ဖော်မှုကို ဖြတ်သန်းကြုံတွေ့ပြီးနောက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ထားတဲ့ ကျွန်မရဲ့ အမြင်က မှားယွင်းနေမှန်း မြင်တွေ့ခဲ့ရတယ်၊ ဒါက ကောင်းချီးရယူဖို့နဲ့ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး ကျွန်မက လမ်းကြောင်းအမှားကို လျှောက်နေခဲ့တာ။ တစ်ချိန်တည်းမှာပဲ အဆင်းနီသော နဂါးကြီးရဲ့ ဆိုးညစ်တဲ့ သဘာဝကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး အဆင်းနီသော နဂါးကြီးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ မုန်းတီးလာခဲ့တယ်။ နောက်ပြီး ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ကျွန်မမှာ မရှိဘူးဆိုတာကိုလဲ မြင်တွေ့ခဲ့ရတယ်၊ အဖမ်းခံရမဲ့ ခြိမ်းခြောက်မှု ကြုံလာရတဲ့အခါ ကျွန်မ ကြောက်ခဲ့တယ်။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းတယ်။ အခုကစပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ဘုရားသခင်ကို ကိုးစားဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဒီလိုအကျိုးအမြတ်တွေကို ကျွန်မ ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ဘူး။ ဘုရားသခင်က ကျွန်မအတွက် ဒီပတ်ဝန်းကျင်ကို စီစဉ်ပေးတာက ကျွန်မအတွက် သူ့ရဲ့ စစ်မှန်တဲ့ ကယ်တင်ခြင်းပဲဆိုတာကို ကျွန်မ တွေ့ကြုံခံစားရတယ်၊ ပြီးတော့ ဘုရားသခင်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

သက်ဆိုင်သည့် အကြောင်းအရာ

အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံသော ယုံကြည်ခြင်း၏ အကျိုးဆက်များ

၂၀၀၄ ခုနှစ်မှာ ကိုယ်တော့်အိမ်တော်ကို ရောက်ရှိဖို့ ဘုရားသခင်က ကျွန်မကို ရွေးချယ်ခဲ့ပါတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စည်းဝေးရင်း၊ တစ်ခါတလေ...

ကျွန်မ၏ အနာဂတ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ညည်းညူတော့မည် မဟုတ်ပါ

ကျွန်မက သာမန်လယ်သမားမိသားစုမှာ မွေးဖွားခဲ့တာပါ။ စားဝတ်နေရေးဖူလုံဖို့ ကျွန်မမိဘတွေက ကောက်ပဲသီးနှံစိုက်ပျိုးရေးကို အမှီပြုခဲ့ရတယ်။...

ကျောင်းတွင် ကျွန်ုပ်၏ ဧဝံဂေလိ ဝေမျှခြင်း အတွေ့အကြုံ

ယန်လျန် မြန်မာနိုင်ငံ ကျွန်တော်က မြန်မာမြောက်ပိုင်း သာမန်မိသားစုမှာ မွေးဖွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့...

သက်သေခံချက် ရေးသားခြင်းမှ ရရှိခဲ့သည့်အရာ

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ ခုတစ်လော ညီအစ်ကို မောင်နှမ အတော်များများက သူတို့ အတွေ့အကြုံတွေအကြောင်း သက်သေခံချက်တွေ ရေးတာ သတိထားမိတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။