ဧဝံဂေလိဟောခြင်း လမ်းကြောင်း

16.02.2022

ဧဝံဂေလိ ဝေမျှဖို့ ပထမဆုံး သင်ယူတဲ့အချိန်ကို ကျွန်တော် အမှတ်ရမိတယ်။ ဟူဘေးမှာ ကြီးမားသော ချီးမွမ်းခြင်း အသင်းတော်ရဲ့ အသင်းသား အစ်ကိုဆူးနဲ့ ဆုံခဲ့တယ်လေ။ မကြာပါဘူး၊ ကျွန်တော်တို့က သခင်ကြွလာခြင်းကို ကြိုဆိုတဲ့နည်းလမ်းအကြောင်း စပြီး စကားစမြည်ပြောကြတယ်။ သူကပြောတယ်။ သူတို့ခေါင်းဆောင်က အမြဲပြောလေ့ရှိတယ်တဲ့။ သခင်က ၂၀၀၀ ခုနှစ်ထဲမှာ သူတို့ကို သူ့ရဲ့နိုင်ငံတော်ထဲကို ခေါ်ဖို့ မိုးတိမ်စီးပြီး ကြွလာမယ်ဆိုပဲ။ လူတိုင်းက အဲဒါကို ယုံကြည်ခြင်း အပြည့်အဝနဲ့ စောင့်ကြတာပေါ့။ ဒါပေမဲ့ တစ်နှစ်ပြီးတစ်နှစ်သာ ကုန်သွားတယ်။ သခင်က မိုးတိမ်စီးပြီး မကြွလာသေးဘူး။ သူတို့ခေါင်းဆောင်က ဒါကို ဘယ်လို ရှင်းပြရမှန်း မသိဘူး။ ဒီတော့ သခင် ကြွလာခြင်းအကြောင်း ပြောဖို့ကို သူက ရှောင်တော့တာပဲ။ ယုံကြည်သူ အနည်းစုက မရှင်းမလင်း ဖြစ်ကြရတယ်။ ဘေးဒုက္ခတွေက ပိုများလာပြီး သခင် ကြွလာခြင်း ပရောဖက်ပြုချက် အားလုံးကလည်း ပြည့်စုံပြီးနေပြီဆိုတော့၊ သူက ပြန်ကြွလာပြီးလောက်ပြီလို့ပေါ့။ သူတို့က သခင် မိုးတိမ်စီးကြွလာတာကို ဘာလို့ မမြင်ရသေးတာလဲလို့ စဉ်းစားကြတာ။ အစ်ကိုဆူးကပြောတယ်။ အဲဒါကို ညီအစ်ကိုမောင်နှမတွေဆီ ဘယ်လိုရှင်းပြရမှန်း သူလည်း မသိခဲ့ဘူးတဲ့။ ကျွန်တော် မိတ်သဟာယပြုပေးခဲ့တယ်။ “ဒီမေးခွန်းက ဘာသာရေးလောကထဲက လူတော်တော်များများကို အကျပ်ရိုက်အောင် လုပ်ခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ လူတော်တော်များများရဲ့ စိတ်အားထက်သန်မှုကလည်း အေးစက်နေကြတာလေ။ ပြီးတော့ တချို့က မေးကြတယ်။ သခင်ပြန်လာမှာက ဘေးဒုက္ခတွေ မတိုင်ခင်မှာလား၊ ဘေးဒုက္ခတွေ ဖြစ်နေချိန်မှာလား၊ ပြီးမှ ပြန်လာမှာလားတဲ့။ တချို့က ပြောကြတယ်။ အားလုံး သခင့်အလိုတော်ပဲ၊ ကျွန်တော်တို့ကတော့ စောင့်ရုံပဲတတ်နိုင်တယ်ဆိုပဲ။ အစ်ကိုဆူး၊ အစ်ကို တွေးမိလား။ သခင်က ပြန်ကြွလာပြီးပြီ။ ဒီလောက်နှစ်တွေ ကြာခဲ့ပြီးတာတောင် ကျွန်တော်တို့ သူ့ကို မကြိုဆိုရသေးတာ အကြောင်းရှိတယ်။ သူ ဘယ်လို ပေါ်ထွန်းမယ်ဆိုတာနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ စိတ်ကူးတစ်ခုခု မှားနေနိုင်တာများလား” လို့ပေါ့။ သူ့ကို ကျွန်တော် ဥပမာတစ်ခု ပေးခဲ့တယ်။ အရေးကြီးဧည့်သည်တစ်ယောက်က အိမ်ရှေ့တံခါးမှာ ရောက်နေပေမဲ့၊ ကျွန်တော်တို့က အိမ်နောက်တံခါးကနေ စောင့်နေကြရင်၊ တစ်ယောက် တစ်နေရာစီ ဖြစ်နေကြပြီ။ ဒီတော့ နှစ်ရာချီပြီးသာ စောင့်သွားရမယ်၊ သူတို့ကို နှုတ်ဆက်ဖြစ်မှာ မဟုတ်ဘူးလို့ပေါ့။ အဲဒီနောက်မှာ သခင် ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက်တချို့ကို ကျွန်တော် မိတ်သဟာယပြုခဲ့တယ်။ ကျွန်တော်‌ ပြောပြတယ်။ ကျမ်းစာကို အကျွမ်းတဝင်ရှိသူတိုင်းက သခင် မိုးတိမ်စီးပြီး ကြွလာတဲ့ ပရောဖက်ပြုချက်ပဲ ရှိတာမဟုတ်ဘူး၊ သူ လူသားအနေနဲ့ တိတ်တဆိတ် ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက် တချို့လည်း ရှိတယ်ဆိုတာကို သိကြတယ်လို့ပေါ့။ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄)လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) လိုပေါ့။ ဒီကျမ်းချက်တွေအားလုံးက သခင် ဒုတိယအကြိမ် ကြွလာတာကို လူသားအနေနဲ့ ပရောဖက်ပြုတယ်။ “လူသား” ဆိုတာ လူ့ဇာတိနဲ့ ဘုရားကို အမြဲ ရည်ညွှန်းတယ်လေ။ ဒါကြောင့် သခင့်ရဲ့ ကြွလာခြင်းကို မိုးတိမ်စီးပြီး ကြွလာခြင်းအနေနဲ့သာ ကျွန်တော်တို့ ဘောင်ခတ်လိုက်ရင်၊ လူသားနဲ့ ပတ်သက်တဲ့ အဲဒီပရောဖက်ပြုချက်တွေက ဘယ်လို ပြည့်စုံမှာလဲဆိုပြီးတော့ပေါ့။ အဲဒီနောက်မှာ သူ့ကို ကျွန်တော် ပြောခဲ့တယ်။ “သခင်က ပထမဆုံး တိတ်တဆိတ် ပြန်ကြွလာပြီးတဲ့နောက် လူပုံအလယ် ပေါ်ထွန်းတာ။ ကျမ်းစာ ပရောဖက်ပြုချက်တွေအရ၊ ဘုရားက နောက်ဆုံးသောကာလမှာ အရင် လူ့ဇာတိခံယူမယ်။ လူတွေကြားမှာ သမ္မာတရား ဖော်ပြရင်း၊ တရားစီရင်ခြင်းအမှုပြုရင်းနဲ့ပေါ့။ ဘုရားရဲ့အသံတော်ကို ကြားပြီး သူ့ရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံကြတဲ့သူတွေက သူ့ပလ္လင်တော် ရှေ့ကိုချီမတာ ခံရလိမ့်မယ်။ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းတို့ကတစ်ဆင့်၊ ဘေးဒုက္ခမတိုင်ခင်မှာ ဘုရားက အောင်မြင်သူတစ်စုကို စုံလင်စေမယ်။ ဘုရားက သူတို့ကို စုံလင်စေအပြီးမှာ လူတို့ကြားက လူ့ဇာတိခံ ဘုရားရဲ့ တိတ်တဆိတ် အမှုက ပြီးမြောက်မယ်။ ကောင်းမြတ်သူတွေကို ဆုချီးမြှင့်ပြီး ဆိုးယုတ်သူတွေကို အပြစ်ဒဏ်ပေးဖို့ ဘေးဒုက္ခတွေကို သူ ကျရောက်စေမယ်။ အဲဒီနောက်မှာ သူက နိုင်ငံတွေနဲ့ လူအားလုံးဆီကို မိုးတိမ်စီးပြီး လူပုံအလယ်မှာ ပေါ်ထွန်းမှာပဲ။ သူကြွဆင်းလာဖို့ မိုးကောင်းကင်ကို ငေးပြီး စောင့်နေတဲ့သူတွေဟာ လူ့ဇာတိခံ ဘုရားရဲ့ ကယ်တင်ခြင်းအမှုနဲ့ လွဲချော်ကြလိမ့်မယ်။ ငိုကြွေးမြည်တမ်းပြီး အံသွားတွေ ခဲကြိတ်ရင်းနဲ့ ဘေးဒုက္ခထဲကို ကျရောက်ရလိမ့်မယ်။ အဲဒါက ဗျာဒိတ်ကျမ်းက ဒီပရောဖက်ပြုချက်ကို ပြည့်စုံစေမှာလေ။ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)” အစ်ကိုဆူးက ဒီအချိန်မှာ အရမ်း အံ့ဩသွားတယ်။ အဲဒါက သူ့ရဲ့ထင်မြင်ချက်အားလုံးနဲ့ လုံးလုံး ဆန့်ကျင်နေတာလေ။ အဲဒီနောက်မှာ ကျွန်တော် မိတ်သဟာယပြုခဲ့တယ်။ “သခင်ယေရှုက ဟိုးအရင်ကတည်းက ကျွန်တော်တို့ကို ပြောခဲ့တာပဲ။ သခင့်ကို ကြိုဆိုဖို့ဆိုတာ ဘုရားအသံတော်ကို နားထောင်ဖို့ အဓိက လိုအပ်တယ်လို့လေ။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဗျာဒိတ်ကျမ်းမှာ ဒီလိုပြောထားတယ်။ ‘ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) သန့်ရှင်းသော ဝိညာဉ်တော်ကို ကျွန်တော်တို့ နားထောင်ဖို့ လိုတယ်လို့ ဗျာဒိတ်ကျမ်းမှာ ဘာလို့ ခုနှစ်ကြိမ် ပြောထားတာလဲ။ အဲဒါက ကျွန်တော်တို့ လမ်းကြောင်းကို ညွှန်ပြနေတာ။ သခင့်ကို ကြိုဆိုဖို့ အဓိကသော့ချက်က အသင်းတော်တွေကို ပြောတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ စကားတွေကို ရှာဖို့ပါ။ ဘုရားအသံတော်ကို သေချာနားထောင်ရင်းနဲ့ပေါ့။ ဘုရားအသံတော်ကို ကြားပြီး သခင့်ကို ကြိုဆိုတဲ့သူတွေက ပညာရှိသတို့သမီးတွေပဲ။ ဘုရားအသံတော်ကို မကြားတဲ့သူတွေက သခင့်ကို ကြိုဆိုမှာ မဟုတ်တဲ့ မိုက်မဲတဲ့ သတို့သမီးတွေပဲလို့ပေါ့။” အစ်ကိုဆူးက နားထောင်နေရင်းနဲ့ စိတ်လှုပ်ရှားလာပြီး ခေါင်းတညိတ်ညိတ်နဲ့ ဖြစ်နေတာ။

အဲဒီနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်) အဲဒီနောက်တော့ သူက စိတ်လှုပ်ရှားလာပြီး ပြောတော့တာပဲ။ “ဒါဟာ ဩဇာအာဏာရှိလိုက်တာ။ ဘုရားဆီက လာတာဖြစ်ရမယ်။ ဘယ်လူသားကမှ ဒါမျိုး ပြောနိုင်မှာ မဟုတ်ဘူး” တဲ့။ အဲဒီနောက်မှာ သူကပြောတယ်။ “သခင့်ကို စောင့်နေရင်း၊ ကျွန်တော် လုပ်ဖို့သိသမျှက ဘာသာရေး လောက ဘုန်းတော်ကြီးကို နာခံဖို့ပဲ၊ ဒါပေမဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ စကားတွေကို ရှာဖို့ ကျွန်တော် လျစ်လျူရှုခဲ့တယ်။ ကျွန်တော် တော်တော့်ကို မိုက်မဲခဲ့တာပဲ” တဲ့။ သူ ဘယ်လောက် ကောင်းကောင်း နားလည်နေတာကို မြင်တော့ ကျွန်တော် ကြည်နူးနေခဲ့တာ။ အဲဒီနောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီး ကျွန်တော် ဖတ်ခဲ့တယ်။ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက်၊” “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏၊” “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်၊” “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” တို့လိုမျိုးပေါ့။ ဖတ်နေရင်းနဲ့ အစ်ကိုဆူးက စိတ်တွေလှုပ်ရှားပြီး ပြောလာတယ်။ “ကျွန်တော်တို့ နှစ်နဲ့ချီယုံကြည်ခဲ့ပြီးတဲ့နောက်တောင် လုံးဝ မသိခဲ့တဲ့ ဒီသမ္မာတရားတွေနဲ့ နက်နဲမှုအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်က ဖော်ပြပြီးပြီ။ ဒါက ဘုရားအသံတော်ပဲ။ ဘုရားနှုတ်ကပတ်တော်တွေပဲ။ သခင် ပြန်ကြွလာပြီ။ နောက်ဆုံးတော့ အခုကျမှပဲ သခင့်ကို ကြိုဆိုရပြီ။ ဒီသတင်းကောင်းကို တခြားညီအစ်ကိုမောင်နှမတွေဆီ ချက်ချင်း မျှဝေရမယ်” တဲ့။ ဒါနဲ့ အစ်ကိုဆူးနဲ့ကျွန်တော်တို့ ဧဝံဂေလိတရား အတူဝေမျှဖို့ စကြတာပေါ့။ ကျွန်တော်တို့ အချိန်တိုအတွင်းမှာပဲ လူ ၂၀ကျော်ကို ပြောင်းလဲပေးခဲ့တယ်။ သူတို့အားလုံးက ပြောကြတယ်။ သူတို့ သက်တမ်းအတွင်းမှာ သခင့်ကို ကြိုဆိုရတာဟာ သူတို့ ဘယ်လောက် ကံကောင်းလိုက်လဲပေါ့။ ပြီးတော့ နေ့တိုင်း စုဝေးချင်တယ်တဲ့။

ဒါပေမဲ့ နှစ်ရက်သုံးရက်ပြီးတော့ အစ်ကိုရမ်းနဲ့ စုဝေးပွဲကို ကျွန်တော် သွားတယ်။ ကျွန်တော် ဝင်သွားတာနဲ့ တစ်ခုခုမှားနေတယ်လို့ ခံစားရတာပဲ။ သူတို့ထဲက တစ်ယောက်က ကျွန်တော်တို့ဆီ ပြေးလာပြီး ပြောတယ်လေ။ “ခင်ဗျားတို့က မာဖီးယားဂိုဏ်းလိုမျိုးလား။ ခင်ဗျားတို့ ဧဝံဂေလိဝေမျှနေတာလား၊ ငွေရဖို့ ကြိုးစားနေတာလား။ ခင်ဗျားတို့ အကုန် မရှင်းပြရင်တော့၊ ခင်ဗျားတို့ကို ရဲတိုင်ရလိမ့်မယ်” တဲ့။ တခြားလူတွေအားလုံးကလည်း ကျွန်တော်တို့ကို ဝိုင်းထားပြီး သူတို့အသင်းတော်က သိုးတွေကို ကျွန်တော်တို့ ခိုးနေတယ်လို့ ပြောကြတယ်။ အဲဒါမျိုးကို ကြုံရတာ ကျွန်တော့်အတွက်တော့ ပထမဆုံးပဲ။ ဘယ်လိုကိုင်တွယ်ရမှန်းလဲ မသိခဲ့ဘူး။ လူ ၂၀ကျော်က ကျွန်တော်တို့ကို ဝိုင်းပြီး ထိပ်တိုက်တွေ့နေတာကို မြင်ရတော့ ကျွန်တော် စိတ်လှုပ်ရှားပြီး နည်းနည်း ကြောက်လာတယ်။ ကျွန်တော် တွေးနေတာ။ သူတို့က ငါတို့ကို ရဲတိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတာ။ ရဲလက်ထဲသာ ငါတို့ရောက်သွားရင် ဘယ်လို အနှိပ်စက်ခံရမယ်ဆိုတာ ဘယ်သူသိမှာလဲလို့ပေါ့။ ကျွန်တော် အဲဒီကနေ အမြန်ဆုံး ထွက်သွားချင်ခဲ့တယ်။ ကျွန်တော်တို့ကို လမ်းပြဖို့ တောင်းလျှောက်ရင်း၊ ဘုရားကို ကျွန်တော် အော်ခေါ်နေခဲ့တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် တွေးမိတယ်။ “ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဒါက ကျွန်တော့်အတွက် တကယ်တို့ထိစရာပါပဲဗျာ။ ဧဝံဂေလိကို လက်ခံပြီးပြီးချင်း ကျွန်တော်လည်း သူတို့လို ဖြစ်ခဲ့တာပါပဲ။ ဘာသာရေးလောကနဲ့ စီစီပီအစိုးရဆီက အဲဒီမုသားတွေကို နားထောင်ရင်းနဲ့ပေါ့။ ကျွန်တော့်မှာ သံသယတွေနဲ့ စိုးရိမ်မှုတွေ ရှိတယ်။ ကျွန်တော့်ကို ထပ်ခါထပ်ခါ မိတ်သဟာယပြုဖို့ ညီအစ်ကိုမောင်နှမတွေက အဖမ်းခံရမယ့်ဘေးတောင် စွန့်စားခဲ့ကြတာ။ နောက်ဆုံးမှာ သမ္မာတရားကို နားလည်ပြီး ခွဲခြားသိမြင်မှု ရတဲ့အပြင်၊ ဘုရားအိမ်တော်ထဲကို လာတဲ့အထိ ကျွန်တော် သတိထားတာကို လျှော့လိုက်ဖို့အတွက်ပေါ့။ ဘုရားက ကျွန်တော့်အတွက် ကြီးမားတဲ့ အဖိုးအခကို ပေးခဲ့တယ်။ ဒါပေမဲ့ အန္တရာယ်ရှိတာမြင်တာနဲ့ ကျွန်တော်က ထွက်ပြေးချင်တယ်။ အဲဒီညီအစ်ကိုမောင်နှမတွေကို စွန့်ပစ်ချင်တယ်။ လူမဆန်လိုက်တာ။ ဘုရားက သူ့ပေါ်ထွန်းခြင်းကို တောင့်တတဲ့ စစ်မှန်တဲ့ ယုံကြည်သူတွေကို သူ့ကယ်တင်ခြင်းကို လက်ခံဖို့ သူ့ရှေ့ကို ထပ်ခေါ်လာစေချင်တယ်။ အဲဒါက ဘုရားရဲ့အရေးပေါ် ဆန္ဒပဲ။ အဲဒီအချိန်မှာ ကျွန်တော်က စွန့်ပြေးသူတစ်ယောက် ဖြစ်လာတယ်။ ဘုရားကတော့ အရမ်း နာကျင်ပြီး စိတ်ပျက်မှာပဲ။ ကျွန်တော်က လုံးလုံး နေပြီး သူတို့နဲ့ အပီအပြင် မိတ်သဟာယပြုရမှာဖြစ်သလို ကိုယ့်တာဝန်ကို လုပ်ဖို့ လိုမှန်း သိလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ အားပေးမှုနဲ့၊ ကျွန်တော် သတ္တိမွေးပြီး ပြောလိုက်တယ်။ “ညီအစ်ကိုမောင်နှမတို့ ဘယ်လို ခံစားရတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်ဗျာ။ ညီအစ်ကိုမောင်နှမတို့ကကိုယ့်ယုံကြည်ခြင်းမှာ လမ်းလွဲမှာကို ကြောက်နေကြတာပဲ။ ကျွန်တော်တို့ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုလာခဲ့တာ နှစ်ပတ်ကျော်ခဲ့ပြီ။ ကျွန်တော်တို့ ဒုစရိုက်လောကနဲ့ဆိုင်သလိုမျိုး ပြုမူနေတာများ မြင်ဖူးကြလား။ တွေးကြည့်ပါဗျာ။ ဒီတစ်ချိန်လုံး ညီအစ်ကိုမောင်နှမတို့ဆီက ကျွန်တော်တို့ တစ်ပြားတစ်ချပ် ယူခဲ့ဖူးလား။ မယူခဲ့ဖူးပါဘူး။ ဒါကို သတိထားတာ ကောင်းပါတယ်။ အဓိကအချက်က စစ်မှန်တဲ့ လမ်းခရီးနဲ့ မှားယွင်းတဲ့ လမ်းခရီးကို ခွဲခြားသိမြင်တဲ့ အခြေခံသဘောတရားတွေကို နားလည်ဖို့ပဲလေ။ အဲဒါ မရှိဘဲ၊ သမ္မာတရားကို မရှာဖွေဘဲ၊ သူများတွေကို အမြဲနားထောင်နေရင်၊ လမ်းမှားရောက်ဖို့ သေချာတယ်။ ကျွန်တော်တို့ အားလုံးလည်း သိထားကြတယ်။ သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ အမှုပြုခဲ့ချိန်က ဖာရိရှဲတွေက သူ့အ‌ကြောင်း ကောလာဟလမျိုးစုံကို လုပ်ကြံပြောဆိုကြတယ်။ သူ့နောက်ကို ယုံကြည်သူတွေ မလိုက်အောင်လို့ပေါ့။ ယေရှုက နတ်ဆိုးမင်းရဲ့ အကူအညီနဲ့ နတ်ဆိုးတွေကို မောင်းထုတ်တယ်လို့ သူတို့က ပြောကြတယ်။ သူ ရှင်ပြန်မထမြောက်ဘူးလို့ မမှန်မကန် သက်သေခံခဲ့ကြတယ်။ သခင်ယေရှုရဲ့ သမ္မာတရားတွေကို နားမထောင်ဘဲ သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေနောက်ကို မျက်စိစုံမှိတ် လိုက်ခဲ့တဲ့ ဂျူးတွေဟာ သူတို့နဲ့အတူ သခင်ယေရှုကို အာခံပြီး ရှုတ်ချခဲ့ကြတယ်။ နောက်ဆုံးမှာ သူ့ကို ကားတိုင်မှာ သံမှိုရိုက်ခဲ့ကြပြီး ဘုရားရဲ့ အပြစ်စီရင်တာနဲ့ အပြစ်ဒဏ်ပေးတာကို ခံခဲ့ကြရတယ်။ အခု သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ်နဲ့ ပြန်ကြွလာပြီ။ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ လိုအပ်တဲ့ သမ္မာတရားတွေကို ဖော်ပြနေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတို့ ကြားရပြီး အဲဒါတွေက သမ္မာတရားဖြစ်တယ်ဆိုတာ၊ ဩဇာအာဏာနဲ့ တန်ခိုးရှိတယ်ဆိုတာ အသိအမှတ်ပြုပြီးပြီလေ။ အဲဒီနှုတ်ကပတ်တော်တွေက ဘုရားဆီကဆိုတာ အသိသာကြီးပဲ။ ဒါပေမဲ့ မင်းတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားနဲ့ ဘုရားအသံတော် ဟုတ်မဟုတ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ သမ္မာတရား အာဟာရ ရှိမရှိ တွေးနေတာ မဟုတ်ဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်ပြီး ရှုတ်ချရင်းနဲ့ ဘုန်းတော်ကြီးတွေကို မျက်စိစုံမှိတ် နာခံနေတာလေ။ အဲဒါက သခင့်ကို ကားတိုင်ပေါ် နောက်တစ်ခေါက် သံမှိုစွဲနှက်တာပဲ မဟုတ်လား။” အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀,၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀,၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်သလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က ‘ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။’ သို့မဟုတ် ‘ဤသည်မှာ လူတို့အားလှည့်ဖြားရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။’ ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလထဲက ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်ပြီးတဲ့နောက်မှာ သူတို့ တော်တော်လေး စိတ်အေးလက်အေး ဖြစ်လာပြီး တစ်ယောက်ပြီးတစ်ယောက် တိတ်တိတ်လေး ထွက်သွားကြတယ်။

ကျွန်တော်တို့ကို ဧည့်ခံတဲ့ အစ်ကိုလီက နောက်မှ ပြောပြတယ်။ သူတို့အသင်းတော်က အဲဒီရာထူးမြင့် ခေါင်းဆောင်တွေက သူ့တို့ကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆန့်ကျင်တဲ့ စာစောင်တစ်ခု ပေးတယ်တဲ့။ ကျွန်တော်တို့က လူတွေရဲ့ပိုက်ဆံတွေကို ယူနေတဲ့ ဒုစရိုက်လောက အုပ်စုတစ်စုလို့ ပြောထားတယ်ဆိုပဲ။ အဲဒါကြောင့် သူတို့အားလုံး ကြောက်ကုန်ကြတာပေါ့။ အစ်ကိုလီက ပြောတယ်။ “အဲဒီစာစောင် ပြောတာသာ မှန်ခဲ့ရင် ငါ မင်းကို ဘယ်တော့မှ ဧည့်ခံခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ မိတ်သဟာယက အရမ်းကောင်းတော့၊ မင်းကို မောင်းမထုတ်ချင်ဘူး။ ပြီးတော့ ဆောင်းတွင်း အအေးဆုံးအချိန်ကြီးမှာ မင်းက ဘယ်သွားမလဲ။ မင်းတို့နှစ်ယောက် စားလို့ရတဲ့ ထမင်းကျန်ဟင်းကျန်တွေ ရှိသေးတယ်။ ထပ်ခိုးအခန်းမှာ မင်းတို့ နေလို့ရတယ်” တဲ့။ သူက နည်းနည်း သတိထားလာတယ်။ အစ်ကိုရန်က ပြောတာပေါ့။ “ဒီနေ့ သူတို့က ကျွန်တော်တို့ကို ရဲတိုင်တော့မလို့ဟာ လက်မတင်လေးပဲ။ သူတို့ခေါင်းဆောင်တွေလာရင်၊ သူတို့ ကျွန်တော်တို့ကို ဘာလုပ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ ဒီမှာ အန္တရာယ်များတယ်။ ကျွန်တော်တို့ ထွက်သွားသင့်တယ်” တဲ့။ ကျွန်တော်လည်း ကြောက်နေခဲ့တာပဲ။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်တော် တွေးလိုက်တယ်။ သူတို့က ကောလာဟလတွေရဲ့ အယုံသွင်းတာခံရတာနဲ့ပဲ ဒီယုံကြည်သူအသစ်တွေကို ကျွန်တော်တို့ ဘေးဖယ်လို့မရဘူးလေ။ ဒီလိုအချိန်မျိုးမှာ ထွက်သွားတာက သူတို့အတွက် အဆုံးသတ်ဖြစ်သွားမှာ။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ကျွန်တော် အမှတ်ရတယ်။ “သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိ မရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံမှု မှတ်တမ်းတစ်ခု ရှိ မရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ ကျိုးနွံနာခံပြီးခြင်း ရှိ မရှိ စသည်တို့ကို သင်သိသင့်သည်။ သင်သည် ဤအရာများ မရှိပါက၊ သင့်အတွင်း၌ မနာခံမှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်း ကွာဝေးသကဲ့သို့၊ သင်သည် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ၊ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဒါကို တွေးပြီးတော့ ကျွန်တော် သိလိုက်တယ်။ တရားဟောရာမှာ ဘယ်လောက် အန္တရာယ်နဲ့ ဒုက္ခတို့ရှိပါစေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးစီးပွားတွေနဲ့ ဘေးကင်းရေးတို့ကို အလေးမထားတာမျိုး၊ အဖိုးအခပေးဆပ်တာမျိုး၊ လူတွေကို ဘုရားရှေ့မှောက် ခေါ်ဆောင်တာမျိုး၊ သမ္မာတရားကို သင်ယူပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို လက်ခံရာမှာ သူတို့ကို ကူညီပေးတာမျိုးက ဘုရားကို ယုံကြည်ခြင်း ရှိတာပဲ။ အဲဒါက ဘာသာတရား ကိုင်းရှိုင်းတာပဲ။ သခင့် တမန်တော်တွေနဲ့ တပည့်တော်တွေ အကြောင်း ကျွန်တော် တွေးမိတယ်။ သူတို့က ဧဝံဂေလိတရား ဝေမျှနေတုန်းမှာ ဖိနှိပ်မှုနဲ့ ဆင်းရဲဒုက္ခတွေအများကြီး ခံစားခဲ့ကြရတာပဲ။ တချို့က ဖမ်းဆီခံ၊ ထောင်ချခံခဲ့ကြရပြီး တချို့ဆို သူတို့ အသက်တွေတောင် စွန့်လွှတ်ခဲ့ကြရတယ်။ ကျမ်းစာထဲမှာ ပြောထားတယ်။ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။(ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅:၁၉) ဒီလိုမှောင်မိုက်၊ ဆိုးယုတ်တဲ့ လောကကြီးတစ်ခုမှာ ဧဝံဂေလိကို ဝေမျှတာက အန္တရာယ်နဲ့ ဆင်းရဲဒုက္ခတို့နဲ့ ပြည့်နေတဲ့ လမ်းတစ်ခုပဲတဲ့။ အဲဒါမျိုးလုပ်ရင်းနဲ့ ဘယ်သူက ဒုက္ခခံပြီး အဖိုးအခမပေးဆပ်ဘဲ နေမှာလဲ။ ကျွန်တော် အမြီးကုပ် ထွက်ပြေးလို့မရဘဲ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားကို မှီခိုဖို့ လိုအပ်တာကို ကျွန်တော် သိလိုက်တယ်။ အဲဒီနောက်မှာ အစ်ကိုရန်ကို ကျွန်တော့် အတွေးတွေကို ပြောပြလိုက်တာပေါ့။ သူကလည်း ဆက်နေပြီး ဝေမျှဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက် အတူ ဘုရားဆီ ဆုတောင်းကြခဲ့ကြတယ်။ ကျွန်တော်တို့ကို လမ်းပြဖို့၊ ဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အခက်အခဲတွေကို ရင်ဆိုင်ဖို့ ဉာဏ်ပညာနဲ့ သန္နိဋ္ဌာန်ပေးဖို့ ဘုရားဆီမှာ တောင်းလျှောက်ရင်းနဲ့ပေါ့။

အဲဒီညမှာပဲ အေးစက်ပြီးလေစိမ်းတိုက်တဲ့ ထပ်ခိုးခန်းမှာ ကျွန်တော်တို့ လုံးလုံး အိပ်လို့မရခဲ့ဘူး။ ဒါကြောင့် အချင်းချင်း မိတ်သဟာယပြုပြီး အားပေးကြခဲ့ကြတယ်။ အတွေ့အကြုံဆိုင်ရာ ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်တော်တို့ တွေးမိခဲ့ကြတယ်။ “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်၏ စိတ်နှလုံးကို အရည်ပျော်စေပြီ။” “အို ဘုရားရှင်။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် အလွန် စစ်မှန်သည်။ ယင်းက ကျွန်ုပ်၏စိတ်နှလုံးကို အရည်ပျော်စေသည်။ လူတို့၏နောင်တကို ကိုယ်တော် စိတ်ရှည်စွာ စောင့်ဆိုင်းသောကြောင့်၊ ကျွန်ုပ် မည်သို့များ နောက်ထပ် တွေဝေနိုင်သနည်း။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ များစွာကို ကျွန်ုပ် ပျော်မွေ့ပြီး ကိုယ်တော်၏အလိုတော်ကို ကျွန်ုပ် သာ၍ပင် အလေးထားသင့်သည်။ သမ္မာတရားကို လိုက်စားဖို့၊ ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့နှင့် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်သည်။ ကျွန်ုပ်သည် စမ်းသပ်မှုများ၊ စစ်ဆေးခြင်းနှင့် အခက်အခဲတို့ကို သည်းခံဖို့၊ ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့နှင့် ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ လိုလားသည်။ ကိုယ်တော်ကို ကျွန်ုပ် အမှန်တကယ် ချစ်ကာ၊ ကိုယ်တော့်နှုတ်ကပတ်တော်များအားဖြင့် ရှင်သန်မည်။ ကိုယ်တော့်ကို ထာဝရ နောက်လိုက်ပြီး သက်သေခံမည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒါကို ဆိုရတာက ကျွန်တော့်အတွက် တော်တော်ကို တို့ထိတယ်ဗျာ။ ကျွန်တော်တို့ ဒုက္ခခံစားရပေမဲ့လည်း၊ ဘုရားက ကျွန်တော်တို့နဲ့ တကယ်ရှိနေတယ်၊ ဒီဒုက္ခတွေတစ်လျှောက် ကျွန်တော်တို့ဘေးမှာ ရှိနေတယ်လို့ ခံစားခဲ့ရတယ်။ ဘုရားရဲ့ မေတ္တာ၊ သူပေးခဲ့တဲ့ အဖိုးအခတို့နဲ့ ယှဉ်လိုက်ရင်၊ ကျွန်တော်တို့ရဲ့ ဒုက္ခသေးသေးလေးက ထုတ်ပြောနေဖို့မထိုက်တန်ပါဘူး။ ဘုရားက ကျွန်တော်တို့ ကယ်တင်ခြင်းအတွက် ဘယ်လို နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံခဲ့ပေမဲ့၊ အများကြီး ဒုက္ခခံခဲ့ပေမဲ့၊ ကျွန်တော်ကတော့ ဧဝံဂေလိတရား ဖြန့်ဝေတဲ့အခါမှာ အခက်အခဲလေး မဖြစ်စလောက်ကို ညည်းညူနေမှန်း တွေးမိတယ်။ ကျွန်တော် ထွက်ပြေးချင်တယ်။ ဒီညီအစ်ကိုမောင်နှမတွေကို စွန့်ထားခဲ့ချင်တယ်။ ကျွန်တော့်မှာ ဘာဆင်ခြင်တုံတရား၊ ဘာအသိစိတ်မှ မရှိဘူး။ ကျွန်တော် ဘုရားကို အကြွေးအများကြီး တင်နေသလို ခံစားရတယ်။ ကျွန်တော် ဆုတောင်းခဲ့တယ်။ သူတို့ကို ပြန်ခေါ်ဖို့ အစွမ်းကုန် ပေးဆပ်ဖို့လည်း အဆင်သင့်ပဲ။ အဲဒီလို တွေးလိုက်တော့ ကျွန်တော် သိပ် ဆိုးဆိုးရွားရွား မခံစားရတော့ဘူး။

နောက်တစ်နေ့မနက်မှာ ကျွန်တော်တို့က အစ်ကိုလီ ခါတိုင်းလို ဝက်စာအတွက် မြက်ခုတ်တာကို ကူညီနေတာ။ မီးဖိုချောင်ထဲက အသင်းတော် တွဲဖက်အမှုတော်ဆောင်တစ်ယောက်က သူ့ကို ပြောတာကို ကြားလိုက်တယ်။ “မနေ့ညက လုံးဝ အိပ်လို့မရခဲ့ဘူး။ ကျွန်တော် တွေးနေတာဗျာ။ နှစ်ပတ်လောက် ကျွန်တော်တို့ကို ဧဝံဂေလိတရား ဝေမျှနေခဲ့တဲ့ အဲဒီညီအစ်ကိုနှစ်ယောက်အကြောင်းကိုပေါ့။ သူတို့က စာစောင်ထဲမှာ ပြောထားသလို ဟုတ်တဲ့ပုံမပေါက်ပါဘူး။ သူတို့ခရီးသွား ကုန်ကျစရိတ်အတွက် ငွေနည်းနည်းစုပေးခဲ့ပေမဲ့၊ သူတို့က တစ်ပြားမှ လက်မခံကြဘူး။ ကျွန်တော်တို့အတွက် စာအုပ်တွေတောင် အလကားပေးလိုက်သေးတယ်။ အသက်ရှင်တဲ့ အသက်ရေက လူတွေကို အခမဲ့ပေးရတာဆိုပဲ။ သူတို့ ဟောတဲ့တရားကလည်း အရမ်းကောင်းတယ်ဗျာ။ ကျွန်တော်တို့ အားလုံးအတွက် အားဖြည့်ပေးတယ်။ အခု ကျွန်တော်တို့ ယုံကြည်ခြင်းရှိလာပြီ” တဲ့။ သူက ဆက်ပြောတယ်လေ။ “စုဝေးပွဲတွေ ပါဝင်ဖို့ အရမ်း စိတ်လှုပ်ရှားတဲ့ ညီအစ်ကိုမောင်နှမတွေကို ဘယ်မှာ မြင်ဖူးလဲ။ ဒါက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့လုပ်ဆောင်ချက်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဘုန်းတော်ကြီးအနေနဲ့ သူတို့က ဘာမှ မိတ်သဟာယမပြုဘဲ နောက်ထပ် အလှူငွေတွေကို အမြဲ တောင်းဆိုနေကြတယ်၊ ကျွန်တော်တို့က သူတို့ကို ဟင်းလျာကောင်းတွေ ကျွေးမွေးရတယ်။ ဒီညီအစ်ကိုတွေက ကျွန်တော်တို့ ဘုန်းတော်ကြီးတွေထက် ပိုကောင်းတဲ့ ပုံသက်သေပြတယ်” တဲ့။ အဲဒီနောက် အစ်ကိုလီ ပြောခဲ့တယ်။ “ကျွန်တော်လည်း အိပ်လို့မပျော်ပါဘူး။ ဒီညီအစ်ကိုတွေက သိပ်ရိုးရှင်းတဲ့ အစားအသောက်ကို နှာခေါင်းမရှုံ့သလို၊ ဘယ်ဝေယျာဝစ္စကိုမဆို ကူညီဖို့ အဆင်သင့်ပဲ။ သူတို့က မိသားစုလို ခံစားရတယ်။ ကျွန်တော်တို့ ခေါင်းဆောင်တွေက ပြောသလိုမျိုးလည်း လုံးဝ မဟုတ်ဘူး။ မနေ့က ခေါင်းဆောင်တွေရဲ့ ဩဇာလွှမ်းမိုးတာခံရပြီး သူတို့ကို ကျွန်တော်က ထမင်းကျန်ဟင်းကျန် ဇလုံတစ်ဝက်ပဲ ပေးပြီး စုတ်ပြတ်နေတဲ့ ထပ်ခိုးခန်းထဲမှာ အိပ်ခိုင်းလိုက်တာ။ ဒီလောက် ချမ်းအေးတဲ့ ရာသီဥတုနဲ့ သူတို့ ဘယ်လိုနေနေလဲတော့ မသိဘူး။ ကျွန်တော် အဲဒီလို မလုပ်ခဲ့သင့်ဘူး” တဲ့။ အဲဒီနောက်မှာ သူက ပြောတယ်။ “ကျွန်တော် ရပ်တည်ချက်တစ်ခု ယူလိုက်တော့မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို တခြားလူတွေက လက်မခံရင်တောင်၊ ကျွန်တော် လက်ခံတယ်။” အဲဒီ တွဲဖက်အမှုတော်ဆောင်က ပြောခဲ့တယ်။ မနက်စာစားပြီးတဲ့နောက်မှာ သူက စုဝေးပွဲတစ်ခုအတွက် လူတိုင်းကို စုဆောင်းခဲ့တယ်။ သူတို့ စကားပြောတာကို ကျွန်တော်တို့ နားစွန်နားဖျား ကြားတဲ့အခါ ကျွန်တော်တို့ အရမ်း စိတ်လှုပ်ရှားခဲ့တယ်။ ဘုရားကို အကြိမ်ကြိမ် တိတ်တိတ်လေး ကျေးဇူးတင်ခဲ့တယ်။ နောက်ထပ် မိတ်သဟာယကတစ်ဆင့်၊ အဲဒီညီအစ်ကိုမောင်နှမအားလုံးက ပုံမှန်အတိုင်း ထပ်ပြီး စစုဝေးခဲ့ကြတယ်။ တစ်ယောက်မှ လျော့မသွားခဲ့ဘူး။ သူတို့က ကျွန်တော်တို့ကို စိတ်လှုပ်ရှားပြီး ပြောခဲ့တယ်။ သူတို့ရဲ့ ဘုန်းတော်ကြီးရဲ့ လှည့်စားတာကို ခံရလုနီးနီးပဲ၊ သခင့်ကို ကြိုဆိုဖို့ သူတို့အခွင့်အရေးကို လွတ်လုနီးနီးပဲတဲ့။

သူတို့ဘုန်းတော်ကြီးက ကိုယ့်အလိမ်အညာတွေ အလုပ်မဖြစ်တော့တာကို မြင်တဲ့အခါ၊ သူတို့အသင်းသားတွေကို စစ်မှန်တဲ့လမ်းခရီးကနေ ထိန်းသိမ်းထားဖို့ အရူးအမူး ကြိုးစားခဲ့ကြတယ်လေ။ တစ်နေ့ အစ်ကိုဆူးဆီကို သွားလည်တဲ့အခါ၊ တံခါးထဲဝင်လိုက်တာနဲ့၊ သူက ကြောက်နေပုံရပြီး ပြောတယ်။ “မင်းတို့ ထွက်သွားမှဖြစ်မယ်” တဲ့။ ဘာများပြဿနာရှိလို့လဲလို့ သူ့ကို မေးခဲ့တယ်။ သူကပြောတယ်လေ။ ကျွန်တော်တို့ အဲဒီမှာ ဧဝံဂေလိ ဝေမျှနေတာကို သူတို့ အထက်ခေါင်းဆောင်တွေက သိသွားပြီး ကျွန်တော်တို့ အဖမ်းခံရဖို့နဲ့ ရဲစခန်းအပို့ခံရဖို့ကို ဆုံးဖြတ်လိုက်တာ၊ သူ ကျွန်တော်တို့ကို မကာကွယ်နိုင်တော့လို့ ကျွန်တော်တို့ သွားဖို့လိုတယ်ဆိုပဲ။ ကျွန်တော်တို့ကို သူပြောတယ်၊ သူ့အိမ်မှာ ကျွန်တော်တို့ ဧဝံဂေလိဝေမျှတဲ့အခါ၊ သူတို့ အသင်းတော်ခေါင်းဆောင်ထဲက တစ်ယောက်က ကျွန်တော်တို့ ဖမ်းခံရအောင် လုပ်ဖို့ လာတောင်လာနေပြီတဲ့။ ဒါပေမဲ့ မတော်တဆ ထိခိုက်မှုဖြစ်လို့ မလာနိုင်ခဲ့ဘူးဆိုပဲ။ ကျွန်တော်တို့က အဖမ်းခံရတော့မလို့ သီသီလေးဖြစ်ခဲ့တာ။ အမှန်တော့ ကျွန်တော်က အဲဒီအချိန်မှာ တော်တော် ကြောက်နေခဲ့တာ။ ထွက်သွားဖို့ စဉ်းစားနေခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်း ကျွန်တော် တွေးလိုက်တယ်။ ကျွန်တော်တို့ ထွက်သွားပြီး လက်လျှော့လိုက်ရင် စာတန်ကို အနိုင်ပေးသလို ဖြစ်မယ်ပေါ့။ ဒီနည်းနဲ့ ဒီမှာ ဧဝံဂေလိ ဖြန့်လို့ရနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီလိုတွေးလိုက်တော့ ကျွန်တော် ချက်ချင်း ဆုတောင်းလိုက်တယ်။ အဲဒီနောက်မှာ ဘုရားရဲ့ ဒီနှုတ်ကပတ်တော် ကျမ်းပိုဒ်တွေကို သတိရမိတယ်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁))ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဒါက ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးတယ်။ အရာအားလုံးက ဘုရားလက်ထဲမှာ ရှိတယ်။ ဘယ်အင်အားစုကမှ သူ့အမှုကို မတားနိုင်ဘူး။ အဲဒီဘာသာရေးခေါင်းဆောင်တွေ လာလာ မလာလာ၊ ကျွန်တော်တို့ အဖမ်းခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ၊ အားလုံးက ဘုရားလက်ထဲမှာပဲ။ အဲဒီတုန်းက သူတို့ ကျွန်တော်တို့ကို ဖမ်းဖို့ ဆုံးဖြတ်ပေမဲ့ လမ်းတစ်ဝက်က ပြန်လှည့်ခဲ့ရတယ်၊ အဲဒါက ဘုရားရဲ့ အံ့ဖွယ် လုပ်ဆောင်မှု၊ အကြံအစည်နဲ့ အစီအစဉ် လုံးလုံး မဟုတ်ဘူးလား။ အဲဒါကို ကိုယ့်ယုံကြည်ခြင်းအပေါ် မှီခိုပြီး ဘုရားကို ကိုးစားရင်း ဉာဏ်ပညာနဲ့ ကျော်ဖြတ်ခဲ့ရတယ်။ ယုံကြည်ခြင်းကတစ်ဆင့်သာ ဘုရားရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော် တွေ့ရတယ်။ ဘုရားအလိုတော်ကို ကျွန်တော် နားလည်တာနဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို သုံးပြီး အစ်ကိုဆူးကို မိတ်သဟာယပြုခဲ့တယ်။ အဲဒီနောက်မှာ သူက သိပ်မကြောက်တော့ဘူး။ ကျွန်တော်တို အစ်ကိုလီရဲ့နေရာမှာ သွားပုန်းသင့်တယ်လို့ သူက ပြောတယ်။

တစ်နေ့ အစ်ကိုလီအိမ်ကို ကျွန်တော် အသွားမှာ၊ သူ့အိမ်နီးချင်းတစ်ယောက်နဲ့ ကြုံရတယ်။ သူက ကျွန်တော့်ကို တားဖို့ ပြေးလာပြီး ပြောတယ်။ “ခင်ဗျားက အဲဒီလောက် အကြောက်တရားမဲ့ရလား။ မနေ့က ရဲတစ်သိုက် ခင်ဗျားဆီ လာတယ်။ သူတို့တောင် ပြန်သွားရုံရှိသေးတယ် ခင်ဗျားက ဘာလို့ ပြန်လာရတာလဲ” တဲ့။ ကျွန်တော် သဘောပေါက်လိုက်တယ်။ သူတို့ ရဲခေါ်လိုက်တာကိုး။ သူတို့များ အစ်ကိုရန်ကို ဖမ်းသွားလားလို့ တွေးမိတယ်။ ကျွန်တော် အစ်ကိုလီရဲ့အိမ်ကို အပြေးသွားပြီး အဲဒီမှာ လူတိုင်းရှိတာကို မြင်တော့မှပဲ သက်ပြင်းချနိုင်တော့တယ်ဗျာ။ သူတို့က ကျွန်တော့်ကို ပြောတယ်။ ရဲတွေက တစ်အိမ်ဝင်တစ်အိမ်ထွက် တခြားမြို့က ဧဝံဂေလိအမှုတော်ဆောင်နှစ်ယောက်ကို လိုက်ရှာနေတယ်ဆိုပဲ။ ပြီးတော့ အစ်ကိုလီရဲ့အိမ်ကိုလည်း ပိုက်စိပ်တိုက် ရှာကြတယ်တဲ့။ အဲဒီအချိန်မှာ အစ်ကိုရန်က မီးဖိုချောင်မှာ ချက်ပြုတ်နေတာလေ။ ရဲတွေက သူ့ကို ဒေသခံတစ်ယောက်နဲ့ မှားပြီး မသိကျိုးကျွန်ပြုထားကြတယ်တဲ့။ အစ်ကိုရန်အန္တရာယ်က သီသီလေး လွတ်သွားတဲ့အကြောင်း ကျွန်တော် ကြားတော့၊ ဘုရားကို အကြိမ်ကြိမ် ကျေးဇူးတင်မိတယ်။ ဘုရားရဲ့လုပ်ဆောင်မှုတွေကို ကျွန်တော်တို့ အချိန်မရွေး၊ နေရာမရွေး တွေ့နိုင်တယ်။ သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ စီစီပီအစိုးရက ဧဝံဂေလိတရား ဖြန့်ဝေတာကို တားဆီးဖို့ သွေးရူးသွေးတန်း ကြိုးစားနေကြပေမဲ့၊ ညီအစ်ကိုမောင်နှမတွေက နောက်မဆုတ်ခဲ့ကြဘူးလေ။ ဘုန်းတော်ကြီးတွေက ဘုရားကို ဆန့်ကျင်တဲ့ ကြောင်သူတော်တွေပဲဆိုတာ သူတို့မြင်လာပြီး ထိုးထွင်းသိမြင်မှု ပိုရှိလာကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ဖို့ သူတို့ရဲ့ သန္နိဋ္ဌာန်က ပို ခိုင်မာလာတယ်။ ဘုရားရဲ့ဉာဏ်ပညာက စာတန်ရဲ့လှည့်ကွက်ကို အခြေပြုပြီး တကယ်ကို ဆောင်ရွက်တာပဲ။ အဲဒီစကားထဲက သမ္မာတရားကို ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့ရတာဗျာ။

အတိုင်ခံရဖို့၊ ဘာသာရေး ခေါင်းဆောင်တွေရဲ့ တိုက်ခိုက်ခံရဖို့၊ ရဲတွေ ဖမ်းတာခံရဖို့ အန္တရာယ်ကတော့ အမြဲရှိနေတာပဲလေ။ ဒါပေမဲ့ များသောအားဖြင့်တော့ ဧဝံဂေလိ ဝေမျှရာ လမ်းကြောင်းမှာ ဘုရားရဲ့ လမ်းပြမှုနဲ့ အံ့ဖွယ် လုပ်ဆောင်မှုတွေကို ကျွန်တော် မြင်ရတယ်။ တစ်ခါတော့ ဟူနန် စီရင်စုမှာပေါ့၊ အိမ်တွင်းအသင်းတော်က အစ်မကျန်းဆိုတဲ့ အလယ်အလတ်အဆင့် ခေါင်းဆောင် တစ်ယောက်နဲ့ သူ့တွဲဖက်အမှုတော်ဆောင် အစ်ကိုချန်းတို့က ဘုရားရဲ့နောက်ဆုံးသောကာလ အမှုကို လက်ခံခဲ့ကြတယ်။ အဲဒီနောက်မှာ သူတို့အသင်းတော်က အသင်းသားတွေကို ဝေမျှတယ်။ မကြာခင်မှာပဲ လူ ၁၀၀ ကျော် ပါဝင်လာကြတယ်။ တစ်နေ့တော့ အစ်ကိုတစ်ယောက်က ကျွန်တော်တို့ကို လာပြောတယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို တော်တော်များများက လက်ခံခဲ့ကြတာကို သူတို့ရဲ့ တခြားအသင်းတော် ခေါင်းဆောင်တွေ သိသွားတဲ့အခါမှာ၊ ဒေါသတွေထွက်ပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်း လူတွေကို ဖမ်းဖို့ လူအယောက် ၂၀ ကျော်ပါတဲ့ ထရပ်ကားတစ်စီးနဲ့ သွားဖို့ ပြင်ကြတယ်တဲ့။ ပြီးတော့ တစ်ယောက်မကျန်ဖမ်းမယ်လို့လည်း ပြောတယ်ဆိုပဲ။ အဲဒါကို ကြားရတာ တကယ် စိတ်ဖိစီးတယ်ဗျာ။ ကျွန်တော်တို့ လူတွေအားလုံး ဘေးကင်းဖို့ ယုံကြည်သူအသစ်တွေ ကြောက်လန့်မပြေးသွားဖို့ ကျွန်တော်က သေချာအောင် လုပ်ချင်တာလေ။ ဘုရားကို ကျွန်တော် ချက်ချင်း ဆုတောင်းခဲ့တာပေါ့။ “အနန္တတန်ခိုးရှင် ဘုရားသခင် အရင်က အန္တရာယ်ကြုံတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ်ပဲ အတ္တကြီးကြီးနဲ့ အမြဲ ကာကွယ်ခဲ့ပါတယ်။ ကိုယ်တော့်အလုပ်နဲ့ ကိုယ်တော့်လုပ်ဆောင်မှု အများကြီးကို ကျွန်တော် ကြုံဖူးတွေ့ဖူးပါပြီ။ အရာအားလုံးက ကိုယ်တော့်လက်ထဲမှာ ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီတစ်ခေါက်တော့ ကျွန်တော် အမြီးကုပ်ပြီး ထွက်မပြေးတော့ဘဲ၊ ကိုယ့်တာဝန်ကို ယူပြီး ထမ်းဆောင်ပါတော့မယ်” လို့ပေါ့။ ဧဝံဂေလိ ဝေမျှနေတဲ့ သူတိုင်းကို ကျွန်တော်တို့ သတိပေးဖို့ ညလုံးပေါက် အလုပ်လုပ်ခဲ့တယ်။ ပြီးတော့ ဘုရားကို ကိုးစားရင်းနဲ့ အဲဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ကြတယ်။ နောက်တစ်နေ့မနက် ကျွန်တော် တံခါးဖွင့်လိုက်တော့၊ အရာအားလုံးက ငြိမ်သက်နေတယ်။ နှင်းတွေအရမ်းကျပြီး လမ်းတွေအားလုံး ပိတ်ကုန်တယ်။ အားလုံး အရမ်းအေးနေတယ်။ ဘုန်းတော်ကြီးတွေ အားလုံးက တောင်ခြေမှာ နေကြတာလေ။ သူတို့က လူဘယ်လောက်ပဲရရ၊ တောင်ပေါ် မတက်လာနိုင်ကြဘူး။ ကျွန်တော်တို့ စိတ်ပူစရာတစ်ခုမှ မရှိဘဲ ဧဝံဂေလိကို ဆက်ဝေမျှနိုင်ခဲ့ကြတယ်။ ဘုရားလုပ်ရပ်တွေက တကယ်ကို ဘယ်လောက် အံ့ဖွယ်ကောင်းမှန်း ကျွန်တော် တွေ့လိုက်ရတယ်။ လူတိုင်းက ပျော်မဆုံးဘူး။ ဘုရားကို အဆက်မပြတ် ကျေးဇူးတင်မိကြတယ်။

နောက်တစ်နေ့ နေ့လည်မှာ ကျွန်တော်တို့ထဲက ခုနှစ်ယောက်က အစ်မကျန်းရဲ့အိမ်မှာ စုဝေးနေတုန်း၊ သူ့သားနဲ့ သူ့သားရည်းစားက မမျှော်လင့်ဘဲ ပြန်ရောက်လာကြတယ်။ သူ့အိမ်ကလည်း ကျွန်တော်တို့အားလုံးအတွက်ဆို သေးလွန်းအားကြီးတယ်။ ဒါကြောင့် ကျွန်တော်တို့က အနီးအနားက အိမ်တစ်အိမ်မှာ သွားစုဝေးရတာပေါ့။ ကျွန်တော်တို့ ရွှေ့ပြီး မကြာပါဘူး၊ အစ်မကျန်းဆီကို ဖုန်းဝင်လာတယ်။ ရဲအရာရှိ အော်နေတာကို ကျွန်တော်တို့ ကြားရတယ်လေ။ “ငါတို့ ရဲတွေဟေ့။ မင်းတို့ ဘယ်မှာလဲ။ မင်းတို့အိမ်ကို ငါတို့ ဝိုင်းထားတယ်” တဲ့။ ရဲတွေက ခုလေးတင် ကျွန်တော်တို့ စုဝေးခဲ့တဲ့ နေရာကို ဝိုင်းထားကြတာ။ အချိန်ကပ်ပြီး မပြောင်းခဲ့ရင်၊ ကျွန်တော်တို့ အားလုံးလည်း အဖမ်းခံခဲ့ရမှာ။ အစ်မကျန်းက လျူဂျင်းကို ပြန်ပေးဆွဲထားတယ်ဆိုပြီး တစ်ယောက်ယောက်က တိုင်လိုက်လို့လေ။ သူက ယုံကြည်သူအသစ်လေ။ ကျွန်တော်တို့ကို ဧဝံဂေလိ ဖြန့်ဝေဖို့ ကူညီနေတာ။ အစ်မကျန်းက ဖုန်းကို လျူဂျင်းလက်ထဲ ထည့်လိုက်တယ်။ ရဲတွေက မေးခွန်းတချို့မေးတာပေါ့။ သူပြန်ပေးဆွဲခံရတာ ဟုတ်မဟုတ် အတည်ပြုပြီး ဖုန်းချလိုက်တယ်။ အစ်မကျန်းမေးတော့ ရဲတွေက ပြောတာက၊ တိုင်တာ တခြားယုံကြည်သူတစ်ယောက် ဆိုပဲ။ သူဖုန်းချတဲ့အချိန်မှာ အရမ်းစိတ်ဆိုးနေတာ။ ပြီးတော့ ပြောသေးတယ်။ “အစ်မတို့ ဘုန်းတော်ကြီးကတော့ တကယ်ကို ဘောင်ကျော်သွားပြီ။ သူတို့ကိုယ်သူတို့ ဘယ်လိုလုပ်များ ယုံကြည်သူတွေလို့ ခေါ်နိုင်ကြလဲ။ အစ်မတို့ အဖမ်းခံရအောင်လို့ သူတို့ ဘယ်လိုလုပ်ပြီး အလိမ်အညာတွေ လုပ်ကြံဖန်တီးနိုင်ရပါလိမ့်” တဲ့။ ကျွန်တော် သူနဲ့ မိတ်သဟာယပြုခဲ့တယ်။ သခင်ယေရှု ကြွလာတဲ့အချိန် လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ဖာရိရှဲတွေက သူတို့ဂုဏ်အဆင့်အတန်းကို ကာကွယ်ချင်ခဲ့ကြတယ်။ ဒါကြောင့် သူတို့က သခင်ယေရှုအကြောင်း အလိမ်အညာတွေ လုပ်ကြံဖန်တီးတယ်၊ သူ့ကို မဟုတ်မမှန် စွပ်စွဲပြီး အဖမ်းခံရ‌အောင် လုပ်တယ်။ သူ့ကို ရောမမြို့ဝန်မင်းလက်ထဲ အပ်ပြီး ကားစင်တင်ခိုင်းခဲ့ကြတယ်လေ။ ဘုရားအမှုကတစ်ဆင့် သူတို့ဟာ အန္တိခရစ်တွေအနေနဲ့ ဖော်ထုတ်ခံခဲ့ရတယ်။ ဘာသာရေး သင်းအုပ်တွေနဲ့ အကြီးအကဲတွေက သူတို့ရဲ့ခေတ်အသစ် ကိုယ်ပွားတွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူတွေကို ကယ်ဖို့ သမ္မာတရားတွေကို ဖော်ပြနေတာ မြင်တော့၊ သူတို့က ဘုရားသိုးတွေကို ဘုရားကို လွှဲပြောင်းပေးဖို့ ငြင်းဆန်ရုံတင်မကဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လူတော်တော်များများ လိုက်ကြတာကို မြင်တဲ့အခါ သူတို့ရာထူးတွေ ဆုံးရှုံးမှာ စိုးလို့ ဒေါသထွက်လာကြပြီး ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရအောင် ရဲတိုင်ကြတယ်လေ။ သူတို့က ဖာရိရှဲတွေနဲ့ ဘယ်လိုများကွာခြားလို့လဲ။ သူတို့က ဘုရားရဲ့နောက်ဆုံးသောကာလ အမှုရဲ့ ဖော်ထုတ်တာခံရတဲ့ ဆိုးယုတ်တဲ့ အစေခံတွေ၊ အန္တိခရစ်တွေ မဟုတ်လား။ အခြေအနေက အရေးပေါ်ဖြစ်လို့ နောက်ထပ် မိတ်သဟာယအတွက် အချိန်မရှိတော့ဘူး။ အဲဒီတောင်တန်းကျေးရွာမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ် မရှိသေးတဲ့ နောက်ထပ် ယုံကြည်သူအသစ်တွေက အများကြီး။ အသင်းတော် ဘုန်းတော်ကြီးက သူတို့ကို နှောင့်ယှက်ရင် ဒါမှမဟုတ် သူတို့ အဖမ်းခံရတယ်ဆိုရင် သူတို့ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ခက်လိမ့်မယ်။ ဒါကြောင့် သူတို့ကို အမြန်ဆုံး အထောက်အပံ့ပေးနိုင်ဖို့ ကျွန်တော်တို့ အစီအစဉ် စဆွဲကြရတာပေါ့။ ကျွန်တော်တို့အုပ်စုသုံးစုခွဲလိုက်တယ်။ အဲဒီည ခုနစ်နာရီကနေ နောက်နေ့မနက် ၉နာရီအထိ လမ်းလျှောက်ကြတယ်။ လမ်းတွေက ရေတွေခဲနေပြီး လမ်းလျှောက်ဖို့တောင် မဖြစ်နိုင်သလောက်နီးနီးပဲ။ ကုပ်အားအတွက်ဆိုပြီး ဖိနပ်တွေမှာ သိုင်းကြိုးတွေ ပတ်ချည်ထားပေမဲ့ ခြေလှမ်းတိုင်းက တော်တော် မလွယ်ဘူးဗျ။ ကျွန်တော်တို့ အကြိမ်ပေါင်းမရေနိုင်အောင် လဲကြတယ်။ ညီအစ်ကိုတစ်ယောက် လက်မှာ ဒဏ်ရာရသွားတယ်၊ ဆိုးဆိုးရွားရွား ယောင်လာတာ။ ညီအစ်မတစ်ယောက်က တောင်ကုန်းတစ်ခု အတက်မှာ ပြန်လျှောကျတာ။ ချောက်ထဲကျတော့မလို့ သီသီလေးဗျာ။ သူတို့ကို အထောက်အပံ့ ပေးဖို့၊ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ ဘယ်လောက် ခက်ခက်ခဲခဲ ကြိုးစားနေတာကို မြင်တော့ လူသစ်တွေက အရမ်းတို့ထိခြင်း ခံကြရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နဲ့သာ ဒါမျိုးလုပ်နိုင်မှာလို့ ပြောတယ်ဗျ။ ဒါက စစ်မှန်တဲ့ လမ်းခရီးပဲဆိုတာကို သူတို့က ပိုလို့တောင် သေချာလာကြတယ်။

ရေခဲနေတဲ့ အခြေအနေတွေကြောင့် ကားတွေက တစ်စီးပြီးတစ်စီးတိုက်တာဗျာ။ သတို့သမီးအတွက် အစောင့်အရှောက်တွေရဲ့ နောက်တွဲယဉ်က လမ်းပေါ်က ချော်ထွက်သွားပြီး တော်တော်များများ ချောက်ထဲကျကုန်တာ။ ဘယ်သူမှ မရှင်ကြဘူးဗျာ။ ဘာသာရေးခေါင်းဆောင်တွေနဲ့ ရဲတွေက တောင်ပေါ်မတက်လာရဲကြဘူး။ ဒါကြောင့် ဧဝံဂေလိ ပိုဝေမျှဖို့ အဲဒီအခွင့်အရေးကို ကျွန်တော်တို့ အသုံးပြုခဲ့ကြတယ်။ မကြာပါဘူးဗျာ။ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုကို ညီအစ်ကိုမောင်နှမ ၂၀၀ ကျော် လက်ခံခဲ့ကြတယ်။ သူတို့က စစ်မှန်တဲ့ လမ်းခရီးနဲ့ပတ်သက်လို့ အခြေခံအုတ်မြစ်ကို ဖြည်းဖြည်းချင်း ရလာတာပေါ့။ ရေခဲတွေက စပျော်လာတဲ့အခါမှာတော့၊ အဲဒီညီအစ်ကိုမောင်နှမတွေကို တားဖို့ အသင်းတော် ဘုန်းတော်ကြီးတွေက လူတစ်အုပ်ကို ခေါ်လာတယ်လေ။ ဒါပေမဲ့ သူတို့အားလုံးက ချင့်ချိန်နိုင်စွမ်းရသွားကြပြီး အဲဒီဘုန်းတော်ကြီးတွေကို မနာခံကြတော့ဘူး။ ဒါနဲ့ သူတို့က အရမ်းစိတ်ဆိုးကြတာဆိုတာ ယုံကြည်သူအသစ်တွေအားလုံးကို နာမည်နဲ့တပ်ပြီး ရဲတိုင်တာဗျာ။ ရဲတွေက သူတို့အိမ်တွေကို သွားကြတယ်။ သူတို့ကို ဖမ်းဖို့နဲ့ ထောင်ထဲပို့ဖို့ ခြိမ်းခြောက်ရင်းနဲ့ပေါ့။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံတဲ့ တခြားဘယ်သူကိုမဆို တိုင်ဖို့လည်း သူတို့ကို ပြောတယ်။ သူတို့သိတာကို မပြောပြရင် သူတို့အလုပ်တွေပြုတ်မယ်ဆိုပဲ။ ရဲတွေ ခြိမ်းခြောက်လို့ သူ့ယုံကြည်ခြင်းကို စွန့်လွှတ်လိုက်တဲ့ ဆရာမတစ်ယောက်တော့ ရှိတယ်။ ဒါပေမဲ့ အများစုကတော့ အဲဒီအထောက်အပံ့ပေးတဲ့ ကာလမှာ အားတင်ထားခဲ့ကြတာပေါ့။ သူတို့က နောက်မဆုတ်ဘဲ ကျော်ဖြတ်ဖို့ ယုံကြည်ခြင်းရှိကြတယ်လေ။ ဒါက သူတို့ရဲ့အသင်းတော် ဘုန်းတော်ကြီးကို ပိုရှင်းရှင်းလင်းလင်း မြင်ရဖို့လည်း သူတို့ကို ကူညီပေးတာပေါ့။ အစ်မကျန်းက စိတ်ခံစားချက်အပြည့်နဲ့ပြောတယ်။ “အစ်မတို့ အသင်းတော်ရဲ့ ရာထူးကြီး ခေါင်းဆောင်တွေကို အမြဲပဲ တကယ်ကို ချီးမွမ်းခဲ့ဖူးတယ်။ သူတို့ လာလည်တိုင်းလည်း ကိုယ့်မှာရှိသမျှနဲ့ အကောင်းဆုံး ဧည့်ခံခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အစ်မ လက်ခံတော့ သခင် ပြန်ကြွလာခြင်းကို ကြိုဆိုပြီး သူတို့နောက် လိုက်မလျှောက်တော့သလို၊ သူတို့ကို ပုဂ္ဂိုလ်ရေး မကိုးကွယ်တော့တာနဲ့ပဲ၊ သူတို့က အစ်မကို ပြန်ပေးဆွဲမှုနဲ့ မဟုတ်မမှန် ရဲတိုင်ကြတယ်လေ။ အဲဒါက တော်တော် ဆိုးယုတ်တာပဲ။ သူတို့က သခင့်ကို ကြိုဆိုမယ့် စစ်မှန်တဲ့ ယုံကြည်သူတွေ မဟုတ်ပါဘူး။ ဂုဏ်အဆင့်အတန်းနဲ့ ဘုရားလူတွေအတွက် ဘုရားကို တိုက်ခိုက်နေကြတဲ့ အန္တိခရစ်တစ်သိုက်ပါ။ သူတို့က ခေတ်သစ် ဖာရိရှဲတွေလေ” တဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခု သူတို့ကို ဖတ်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) အမှန်တရားနဲ့ ဘုရားနှုတ်ကပတ်တော်တွေ ပေါင်းစပ်ထားတာက ဘာသာရေးခေါင်းဆောင်တွေက ဘုရားကို အမည်ခံ အစေခံနေကြပေမဲ့၊ တကယ်တော့ သူတို့က ဂုဏ်အဆင့်အတန်းရဲ့ အကျိုးအမြတ်တွေကိုပဲ လောဘတက်နေကြတယ်ဆိုတာ ပြခဲ့တယ်။ သူတို့က ယုံကြည်သူတွေကို သူတို့လက်ခုပ်ထဲမှာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်။ သခင်ပြန်ကြွလာပြီဆိုတာကို သူတို့ကြားတဲ့အခါမှာ ဒုက္ခခံပြီး ရှာဖွေတာ လေ့လာစုံစမ်းတာတွေ မလုပ်ကြဘူး။ သူတို့က သူတို့ရဲ့ဂုဏ်အဆင့်အတန်းနဲ့ အဲဒါရဲ့အကျိုးအမြတ်တွေ ဆုံးရှုံးမှာကိုပဲကြောက်တာလေ။ သူတို့က ယုံကြည်သူတွေ စစ်မှန်တဲ့လမ်းခရီးကို လက်ခံတာကို တားဖို့ နည်းပရိယာယ်မျိုးစုံ ကြိုးစားကြတာပေါ့။ လူတွေကို လှည့်စားပြီး ခြောက်ဖို့ အလိမ်အညာတွေ လုပ်ဇာတ်ခင်းရင်းနဲ့ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတွေ အဖမ်းခံရဖို့ ရဲတောင်တိုက်လိုက်သေးတယ်။ သူတို့က “လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ” နဲ့ “မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်များ” မဟုတ်ဘူးလား။ ဘုရားက သူတို့ကို ဖော်ထုတ်ဖို့ အမှုကိစ္စတွေကို မစီစဉ်ခဲ့ရင်၊ သူတို့ရဲ့ အန္တိခရစ် သဘာဝနဲ့ အနှစ်သာရကို ဘယ်သူက မြင်ခဲ့မှာလဲ။ သူတို့ ဘုန်းတော်ကြီးက သူတို့ကို ဟန့်တားဖို့ အရူးအမူး ကြိုးစားနေပေမဲ့လည်း၊ သူတို့အားလုံးက အားတင်းထားပြီး အဲဒီဘုန်းတော်ကြီးတွေ တကယ်တော့ ဘယ်လိုလူစားမျိုးလဲဆိုတာကို မြင်သွားကြတယ်။ အဲဒါဟာ ဘုရားရဲ့ ဉာဏ်ပညာနဲ့ အနန္တတန်ခိုးပဲ။

ဒီနှစ်တွေတစ်လျှောက် ကျွန်တော်က ဉာဏ်ပညာနဲ့ ထိုးထွင်းအမြင်တို့ကို ရရုံမကဘဲ၊ ကျွန်တော့် ယုံကြည်မှုက ပိုအားကောင်းလာတယ်။ ဘာသာရေးလောကနဲ့ ဘုန်းတော်ကြီးတွေက ဘုရားကို ဘယ်လို ဆန့်ကျင်အလုပ်လုပ်တယ်ဆိုတာ ကျွန်တော့်အဖို့ ပိုရှင်းလာတယ်။ ဘုရားက အနန္တတန်ခိုးရှိပြီး အရာအားလုံးအပေါ် အုပ်စိုးတယ်ဆိုတာကို ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးပြီ။ စာတန်ရဲ့ဆိုးယုတ်တဲ့ အင်အားစုတွေ ဘယ်လောက်ရူးသွပ်ပါစေ၊ ဘုရားအလုပ်ရဲ့ တိုးချဲ့မှုကို သူတို့ ဘယ်တော့မှ တားလို့ရမှာ မဟုတ်ဘူး။ ဘုရားပြောခဲ့သလိုပါပဲ။ “ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် ကမ္ဘာလောကသို့ ပြန်ကြွလာပြီးဖြစ်သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၏ စံပြဖြစ်သည်- ဘာသာမဲ့ အယူဝါဒ၏ ခိုင်မာသော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။ ဤကာလအတွင်းတွင်၊ ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ ခေါင်းချစရာနေရာမရှိ၊ အကွယ်အကာ ရှာမတွေ့နိုင်ဘဲ၊ ကြီးမားသော ဆင်းရဲဒုက္ခကို ခံရပြီးဖြစ်သည်။ ဤသို့ဖြစ်စေကာမူ၊ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်- သူသည် သူ၏အသံကို မိန့်မြွက်ပြီး ဧဝံဂေလိတရားကို ဖြန့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်၊ ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။ ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို တတ်နိုင်သမျှ အစွမ်းကုန်ကယ်တင်သည့် အတွက်၊ သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။ ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဒီလမ်းကြောင်းပေါ်မှာရှိခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ဘုရားရဲ့အနန္တတန်ခိုး၊ ဉာဏ်ပညာနဲ့ အံ့ဖွယ်လုပ်ဆောင်မှုတို့ကို ကျွန်တော် တကယ်ကို မျက်မြင်တွေ့ရတယ်။ ကျွန်တော် ဘုရားကို အရမ်း ကျေးဇူးတင်မိတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော ဝန်ထုပ်

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ၊ အဆင့်အတန်းကို လိုက်စားပြီး အိုးနင်းခွက်နင်း လုပ်နေလို့ ခေါင်းဆောင်မှု တာဝန်ကနေ ကျွန်မ...

အမှားလုပ်ခြင်းနဲ့ပတ်သက်ပြီး ကျွန်မ ဘာကြောင့်စိုးရိမ်ရတာလဲ

ချင်းရီး ဖိလစ်ပိုင်နိုင်ငံ ညီမက အသင်းတော်အတွက် အနုပညာဒီဇိုင်းမှာ အလုပ်လုပ်တော့ အစပိုင်းမှာ အခက်အခဲနည်းနည်းရှိခဲ့တယ်။ ဒါပေမဲ့ ဘုရားကို...

ဝန်ထုပ်ဝန်ပိုးတစ်ခုက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်

ယုန်ရွှေ တောင်ကိုရီးယားနိုင်ငံ သိပ်မကြာသေးတဲ့ အသင်းတော် ရွေးကောက်ပွဲတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရပါတယ်။ ဒါကို...

မာနထောင်လွှားခြင်းကို ဖြေရှင်းခြင်းဖြင့် လူသားပုံသဏ္ဌာန်တစ်ခုကို ရယူနိုင်သည်

ကျန်းရှင်း အမေရိကန်နိုင်ငံ၂၀၁၇ခုနှစ် မတ်လတွင်၊ ဗီဒီယိုပိုစတာများနှင့် ပုံများအတွက် အဓိကထား၍ အသင်းတော်အတွက် ဂရပ်ဖစ် ဒီဇိုင်းအလုပ်ကို ကျွန်မ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။