အဆင့်အတန်း၏ အချုပ်အနှောင်များကို စွန့်ပစ်လိုက်ပြီးနောက်တွင် များစွာပို၍ ပေါ့ပါးသည်ကို ကျွန်တော် ခံစားရသည်

12.09.2019

လျန်ကျီ၊ အန်းဟွေစီရင်စု

ကျွန်တော့် နာမည် လျန်ကျီဖြစ်ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို လွန်ခဲ့သော ခြောက်နှစ်က ကျွန်တော် လက်ခံခဲ့ပါသည်။ တစ်ကြိမ်၊ ကျွန်တော်တို့အသင်းတော်က အဖွဲ့ဝင်များသဘောကျစီမံသော ရွေးကောက်ပွဲတစ်ခုတွင်၊ အသင်းတော် ခေါင်းဆောင်အဖြစ် ကျွန်တော် အရွေးခံခဲ့ရပြီး ဤသတင်းက ကျွန်တော့်အတွက် မမျှော်လင့်ခဲ့သလို စိတ်လှုပ်ရှားစရာလည်း ဖြစ်ခဲ့သည်။ ကျွန်တော်က၊ “ညီအစ်ကို မောင်နှမတွေအားလုံးကြားမှာ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရပြီး အသင်းတော်အလုပ်အားလုံးအတွက် တာဝန်ယူဖို့ဆိုတာ ငါက တခြားလူတိုင်းထက် ပိုတော်တာကို ပြတာပဲ” ဟု ကိုယ့်ကိုယ်ကိုယ် တွေးခဲ့သည်။ ဤအရာကို ကျွန်တော် တွေးသည့်အခါ၊ ကျွန်တော့် စိတ်နှလုံး၏ နက်ရှိုင်းသောနေရာတွင် အများထက်သာခြင်း ခံစားမှုတစ်ခုက စတင်အမြစ်တွယ်ခဲ့သည်။ ကျွန်တော်သည် အနီးအနားတွင် ဂုဏ်ယူဝင့်ကြွားမှုဖြင့် စတင်၍ ဟန်ပါပါလျှောက်ပြီး ညီအစ်ကို မောင်နှမများနှင့် ဝတ်ပြုအစည်းအဝေးများတွင် အားအင်များဖြင့် ပြည့်နေခဲ့သည်။ သို့သော် တစ်ခဏကြာပြီးနောက်၊ ကျွန်တော့်တာဝန်ကို အတူလုပ်သည့် ညီအစ်မသည် အရည်အချင်းကောင်းတစ်ခု ရှိပြီး သမ္မာတရားအကြောင်းကို အတွေးအမြင်ရှင်းသည့် နည်းဖြင့် မိတ်သဟာယပြုသည်ကို ကျွန်တော် သတိထားမိခဲ့သည်။ ညီအစ်ကို မောင်နှမများ ဖြစ်ပေါ်စေသည့် မည်သည့်ပြဿနာကိုမဆို အရင်းအမြစ်ကို သူ သဘောပေါက်နိုင်ခဲ့ပြီး ယင်းကို မည်သို့ဖြေရှင်းရန် သူတို့နှင့်အတူ မိတ်သဟာယပြုနိုင်သလို လက်တွေ့လုပ်ဆောင်ရမည့် နည်းလမ်းကို ပြနိုင်လေသည်။ သူ မိတ်သဟာယပြုပေးသည်ကို ညီအစ်ကို မောင်နှမများအားလုံးက ကြားချင်ကြသည်။ဤ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရသည့်အခါ သူမကို ကျွန်တော် စတင်မနာလိုဖြစ်ပြီး အားကျမိခဲ့သည်။ ကိုယ့်ထက် သာသည်ကို ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဝန်ခံဖို့ မလိုလားသောကြောင့် အစည်းအဝေးအသီးသီးမတိုင်ခင်တွင်၊ ညီအစ်ကို မောင်နှမများ၏ အခြေအနေများ၊ ပြဿနာများနှင့် ဆက်နွယ်၍ ဂရုတစိုက် ပြင်ဆင်မှုများကို ကျွန်တော် ပြုလုပ်ခဲ့သည်။ ပြီးလျှင် ကျွန်တော့် ညီအစ်မထက် ပိုမိုပြည့်စုံ၊ ပိုမို ဉာဏ်အလင်းပေးသည့် နည်းဖြင့် မည်သို့ မိတ်သဟာယပြုရမည်ကို ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့သည်။ ကျွန်တော် မိတ်သဟာယပြုပေးပြီးသည့်နောက်၊ ညီအစ်ကို မောင်နှမများက သူတို့၏ ခေါင်းများ ညိတ်ကြသည်ကို မြင်ရသည့်အခါ၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အလွန်ကျေနပ်ပြီး အလွန်စိတ်ချမ်းသာခဲ့သည်။ ညီအစ်ကိုမောင်နှမတို့က ဟက်ဟက်ပက်ပက်မရှိသည့် ပုံစံဖြင့် တုံ့ပြန်သည်ကို ကျွန်တော် မြင်ရလျှင် ကျွန်တော်သည် စိတ်ဓာတ်ကျပြီး အားမလိုအားမရဖြစ်သည်။ နောက်ပိုင်းတွင်၊ ကျွန်တော့်တာဝန်ကို အတူဆောင်ရွက်သည့် ညီအစ်ကိုက ရုပ်ရှင်ဖန်တီးမှုအကြောင်း အတော်များများ သိထားပြီး ကွန်ပြူတာ ကျွမ်းကျင်သည်ကို ကျွန်တော် သိခဲ့ရသည်။ ညီအစ်ကို မောင်နှမများက ရုပ်ရှင်ရိုက်သည့်အခါ သူတို့ ကြုံရသည့် အတတ်ပညာဆိုင်ရာ ပြဿနာများကို ဆွေးနွေးဖို့ သူ့ကို ထွက်ရှာကြသည်ကို ကျွန်တော် မြင်ရသည့်အခါ၊ ကျွန်တော်တို့ အသင်းတော်၏ စီမံသူတစ်ဦး ဖြစ်စေကာမူ ကျွန်တော်သည် စကားပြောခွင့်မရနိုင်သလို ခံစားရသည်။ ချန်ထားခံရသည့် လူပိုတစ်ဦးကဲ့သို့ ကျွန်တော် ခံစားခဲ့ရသည်။ကျွန်တော် တကယ်ကို စိတ်မသက်မသာနှင့် မပျော်မရွှင်ဖြစ်ခဲ့ရပြီး၊ “ညီအစ်ကို မောင်နှမတွေက သူတို့ ပြဿနာတစ်ခုရှိတဲ့အခါ သူ့ကို အမြဲထွက်ရှာကြတယ်။ဒီတော့ သူတို့က သူ့ကို ငါ့ထက် တော်တယ်လို့ ထင်ကြတာလား။ ရုပ်ရှင်ဖန်တီးမှုနဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကို ငါလည်း နားလည်နိုင်ရင် သိပ်ကောင်းမှာပဲ။ အဲဒီလိုဆိုရင် ညီအစ်ကို မောင်နှမတွေက သူတို့ ပြဿနာတစ်ခုရှိတဲ့အခါ ငါ့ကို အစားထိုး ထွက်ရှာကြမှာပဲ” ဟု တွေးခဲ့သည်။ ထို့ကြောင့်၊ နေ့တိုင်း အာရုဏ်တက်မှ နေဝင်ချိန်အထိ ဆက်နွယ်သည့် သတင်းအချက်အလက်များကို ရှာဖွေပြီး ရုပ်ရှင်များ ဖန်တီးပုံနှင့်ပတ်သက်သည့်အရာအားလုံးကို ကျွန်တော် လေ့လာခဲ့သည်။ အဆင့်အတန်းဖို့အလို့ငှာ ကျွန်တော် သဲကြီးမဲကြီး လုပ်ဆောင်နေစဉ်တွင် အသင်းတော်ထဲက အဖွဲ့တိုင်း၏ အလုပ်တွင် ပြဿနာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျွန်တော် ဝတ်ပြုအစည်းအဝေးများကို မည်မျှ ကျင်းပသည်ဖြစ်စေ သို့မဟုတ် မည်မျှ မိတ်သဟာယပြုပါစေ၊ လုံးဝ အကြောင်းမထူးခဲ့ပါ။ အလွန်များသော ဖိစီးမှုအောက် ကျွန်တော် ရောက်ခဲ့သည်မှာ ကျွန်တော် အသက်မရှုနိုင်သည်အထိ ဖြစ်ပြီးအလွန်အမင်း စိတ်ဆင်းရဲခဲ့ရသည်။ ကျွန်တော်က၊ “ငါ့ ညီအစ်ကို မောင်နှမတွေကငါ့ကို ဘယ်လိုထင်ကြမလဲ။ ခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့်၊ အလုပ်အတွက် ပင်ကိုအရည်အချင်းမရှိဘူး။ ပြီးတော့ ဒီတာဝန်ကိုလုပ်ဖို့ အရည်အချင်းကို မပြည့်မီတာလို့ ထင်ကြမလား။ ကြည့်ရတာ ခေါင်းဆောင်ရာထူးကို ငါ သိပ်ကြာကြာ မထိန်းနိုင်မယ့်ပုံပဲ” ဟု ကိုယ့်ကိုယ်ကိုယ် တွေးမိခဲ့သည်။ ယင်းကို ကျွန်တော် ပိုတွေးလေ၊ အပျက်သဘော ကျွန်တော် ပိုဆောင်လာခဲ့ပြီး ကျွန်တော့်၏ ဖြစ်တည်မှုတစ်ခုလုံးက လေလျော့သွားသည့် ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်လေသည်။ ယခင်က ကျွန်တော် ခံစားခဲ့ရသည့် အားအင်က လုံးဝကုန်ဆုံးသွားသည်။ နောက်ဆုံးတွင် အပျက်သဘောဆောင်ခြင်းထဲ၌ ကျွန်တော် စဉ်ဆက်မပြတ် အသက်ရှင်ခဲ့ပြီး ကျွန်တော့် အလုပ်တွင် ပေါ့ဆလာခဲ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ကျွန်တော် ဆုံးရှုံးခဲ့ပြီး ကျွန်တော့်တာဝန် ဆောင်ရွက်ရာတွင် အစစ်အမှန် မည်သည့်အရာမျှ မရရှိခဲ့ပါ။ ထို့ကြောင့် ကျွန်တော် အစားထိုးခံခဲ့ရပါသည်။ ထိုအခိုက်အတန့်တွင်၊ ကျွန်တော့်အပေါ် အများကယုံကြည်လက်ခံနိုင်မှုအားလုံးကို ကျွန်တော် ဆုံးရှုံးသွားသကဲ့သို့ ခံစားခဲ့ရပြီး ကျွန်တော် မြေအမျိုခံလိုက်ချင်ခဲ့သည်။ တစ်ချိန်တည်းတွင်၊ “ငါ့ကွယ်ရာမှာ ငါ့ညီအစ်ကို မောင်နှမတွေက ငါ့အကြောင်းကို ပြောကြပြီး ငါက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ပဲ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ပဲ ငါ ကြိုးပမ်းပြီး တကယ့်အလုပ်တစ်ခုတစ်လေမှ ငါ မလုပ်ဘူးလို့ ပြောနေကြမလား” ဟု ကျွန်တော် တွေးခဲ့သည်။ ဤအရာကို ကျွန်တော် ပိုတွေးလေလေ၊ ကျွန်တော် ခံစားရသည့် နာကျင်မှုက ကျွန်တော့် နှလုံးသားကို ပိုမိုခြုံလွှမ်းခဲ့ပြီး၊ အပြစ်တင်သည့် အသံများစွာက ကျွန်တော့်နားထဲတွင် ပဲ့တင်ထပ်နေသကဲ့သို့ ဖြစ်ခဲ့သည်...။

ထိုညနေတွင် အိပ်ရာပေါ် လူးကာ လိမ့်ကာဖြင့် ကျွန်တော် လဲလျောင်းပြီး တစ်မှေးမျှ အိပ်မရနိုင်ပါ။ ကျွန်တော် လုပ်နိုင်သမျှမှာ ကျွန်တော့်ကို လမ်းပြပြီး ဦးဆောင်ဖို့ ဘုရားသခင်ထံ ခေါ်ဆိုရင်း အကြိမ်ကြိမ် ဆုတောင်းဖို့သာ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဤနှုတ်ကပတ်တော်များကို ကျွန်တော် တွေ့ခဲ့ရပါသည်။ “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ် ဟူ၍ ယုံကြည် ကြသေးသည်။...ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း)လူအချို့သည် သူတို့၏ ထင်ရှားကျော်ကြားမှုကို အခြားသောသူများက ခိုးယူသွားပြီး မိမိတို့ထက်သာလွန်မည်၊ ပြီးလျှင် မိမိတို့ကိုယ်တိုင် မသိကျိုးကျွန်ပြုခံရစဉ်၊ ထိုသူတို့ကအသိအမှတ်ပြုခြင်းကို ရရှိမည်ကို အမြဲစိုးရိမ်ကြ၏။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ တစ်စုံတစ်ဦးကို သင်၏ ထောက်ခံချက်ပေးပြီး၊ ထိုလူသည် ပါရမီရှိသည့် တစ်ဦးတစ်ယောက်အဖြစ် ဖြစ်ထွန်းလာခဲ့ကာ၊ ထိုသို့အားဖြင့် ဘုရားအိမ်တော်ထဲသို့ ပါရမီရှိသည့် လူတစ်ဦးကို ခေါ်ဆောင်လာခဲ့လျှင်၊ သင်သည် သင်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးခဲ့လိမ့်မည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် သင်သည် သင်၏တာဝန်ကို ဆောင်ရွက်ရာတွင် သစ္စာရှိခဲ့လိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ကောင်းမြတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားများ ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ဖြစ်၏။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို ရှာဖွေလိုက်စားသည့် ကျွန်တော့်၏ အတွင်းပိုင်း အနှစ်သာရကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်ခဲ့ပြီး ကျွန်တော် အလွန်အမင်း စိတ်ပျက်ခံစားခဲ့ရသည်။ ကျွန်တော်၏ အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်တော် စတင်ဆောင်ရွက်ကတည်းက၊ စိတ်အားထက်သန်စွာ ကိုယ့်ကိုယ်ကိုယ် အမြဲအသုံးတော်ခံခဲ့သည်။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေလိုက်စားသူတစ်ဦးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ကျွန်တော် ယုံကြည်ခဲ့သည်။ သို့သော် ယခုတွင် ကျွန်တော့်ထံသို့ အမှန်တရားများ ထုတ်ဖော်ပြသပြီးသောအခါ၊ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ရင်ဆိုင်ရပြီးသောအခါ ကျွန်တော်၏ ဘုရားသခင်၌ ယုံကြည်ခြင်းထဲက ညစ်ညမ်းမှုများကို နောက်ဆုံးတွင် ကျွန်တော် မြင်ခဲ့ရသည်။ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယပြုဖို့ ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် စည်းဝေးကြသည့်အကြိမ်တိုင်းတွင်၊ အယောက်တိုင်း ဘုရားနှုတ်ကပတ်တော်များထဲက သမ္မာတရားကို နားလည်နိုင်ဖို့၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်အလို့ငှာ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန်အတွက် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံဖို့ရန် ကျွန်တော် မလုပ်ဆောင်ခဲ့ပုံကို ကျွန်တော် ဆင်ခြင်သုံးသပ်မိခဲ့ပါသည်။ ယင်းအစား၊ သူတို့၏ စိတ်နှလုံးများထဲတွင် ကျွန်တော့် ကိုယ်ပိုင်ပုံရိပ်ကို တည်ထောင်ပြီး နောက်ထပ် ကျွန်တော့်ကိုယ်ပိုင် ရာထူးကို တည်ငြိမ်စေဖို့ ကြိုးစားရာတွင်၊ ကျွန်တော့် ညီအစ်မထက် ကျွန်တော် မည်သို့ ပိုတော်အောင်လုပ်မည်၊ ညီအစ်ကို မောင်နှမများကို ကျွန်တော်နှင့် မည်သို့ သဘောတူစေမည်၊ ကျွန်တော့်ကို မည်သို့ လေးစားစေမည်ဆိုသည့် တွေးတောခြင်း၌ ကျွန်တော့်အားအင်အားလုံးကို ကျွန်တော် အသုံးပြုခဲ့သည်။ ကျွန်တော့် ညီအစ်ကိုက ကျွန်တော့်ထက် ပညာအားဖြင့် ပိုတတ်စွမ်းနိုင်ပြီး ညီအစ်ကို မောင်နှမများအားလုံးက သူတို့ ပြဿနာများ ရှိသည့်အခါ ရှာဖွေဖို့နှင့် သူနှင့် မိတ်သဟာယပြုဖို့ သူ့ကို ထွက်ရှာကြပြီး ကျွန်တော့်မှာ အခွင့်အရေးမရခဲ့သည့်အခါ၊ ကျွန်တော် သူ့ကို မနာလိုဖြစ်မိခဲ့ပြီး သူ့ကို ဖယ်ကြဉ်မိခဲ့သည်။ ကျွန်တော့်၏ အခွင့်အလမ်းကို သူခိုးယူပြီး ကျွန်တော့်ကို မစွမ်းသာဖြစ်ကျန်ရစ်စေမည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော့်ရာထူး ခိုင်မာလာစေဖို့ရန်အလို့ငှာ ပရိုဖက်ရှင်နယ်ကျသည့် အသိပညာများဖြင့် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့သည်။ အသင်းတော်တွင် ကျွန်တော်မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခု ရှိသည့်အခါ၊ ဆုတောင်းဖို့ ဘုရားသခင်ရှေ့ ကျွန်တော် မလာခဲ့ဘဲ၊ ဘုရားသခင်အပေါ် ကျွန်တော် မမှီခိုခဲ့သလို ဘုရားသခင်ကို မမျှော်ကိုးခဲ့ပါ။ ပြီးလျှင် ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့်အတူ သမ္မာတရားကို ကျွန်တော် မရှာဖွေခဲ့ဘဲ၊ ယင်းအစား ကျွန်တော့် အဆင့်အတန်းအတွက် အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများနှင့်ဆိုင်သော အတွေးများဖြင့် လွှမ်းမိုးလျက် နေ့တိုင်း ကုန်ဆုံးခဲ့ပြီး၊ ကျွန်တော် ကောင်းကောင်းမလုပ်လျှင် ခေါင်းဆောင်အဖြစ် ကျွန်တော့်ရာထူးကို ထိန်းနိုင်လိမ့်မည်မဟုတ်သည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ သမ္မာတရားကို ရှာဖွေဖို့နှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကျွန်တော့်တာဝန်ကို ကျွန်တော် ဆောင်ရွက်မနေခဲ့သလို၊ ကျွန်တော့်တာဝန်ကို ကျွန်တော် ဆောင်ရွက်ချိန်တွင် ကျွန်တော့် စိတ်သဘောထားထဲက ပြောင်းလဲမှုကို ကျွန်တော် ရှာဖွေမနေခဲ့သည်ကို တွေ့ခဲ့ရသည်။ ယင်းအစား၊ ကျွန်တော့်တာဝန်ကို အသက်မွေးမှုလုပ်ငန်းတစ်ခုကဲ့သို့ ကျွန်တော် သဘာထားနေခဲ့ပြီး လူအုပ်ထဲမှ ထင်ပေါ်ဖို့ နှင့် ကိုယ့်ကိုယ်ကိုယ်အတွက် နာမည်တစ်ခု ဖန်တီးဖို့ အသုံးပြုနိုင်သည့် တန်ဆာပလာတစ်ခုကဲ့သို့ ကျွန်တော် ယူမှတ်နေခဲ့သည်။ ကျွန်တော် တွေးခဲ့သမျှမှာ လူတိုင်းထံမှ လေးစားမှုနှင့် အသိအမှတ်ပြုခြင်းကို ရရှိဖို့၊ အခြားသူတိုင်း၏ အထက် မြင့်မြင့်ထိုးထွက်ဖို့ ကျွန်တော့် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒတို့ကို ဖြည့်ဆည်းဖို့ရန် ကိုယ့်ကိုယ်ကိုယ် မည်သို့ ကြွားဝါပြီး သက်သေပြရမည်တို့ ဖြစ်သည်။ ကျွန်တော့် တာဝန်ကို ဆောင်ရွက်ရာတွင် ကောင်းသော လုပ်ရပ်များကို ကျွန်တော် လုံးဝသိုထားမနေခဲ့ဘဲ၊ ယင်းအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ ကျွန်တော် လုံးဝ အသက်ရှင်နေခဲ့ပါသည်။

ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရှုခဲ့ရပါသည်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ကိုယ်တော်၏ အလိုတော်ကို ကျွန်တော် နားလည်ခဲ့သည်။ လူတစ်ဦး၏ အဆုံးသတ်ကို ဘုရားသခင် ဆုံးဖြတ်သောအခါ၊ သူ၏ အဆင့်အတန်း မည်မျှ မြင့်သည် နှိမ့်သည်၊ သူတို့၏ ဝါမည်မျှကြီးမားသည်၊ ဘုရားသခင်အတွက် မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် မည်မျှ သူတို့ ဒုက္ခခံစားခဲ့သည် ဆိုသည့်အရာအပေါ် အခြေခံပြီး ထိုသို့ သူမလုပ်ဆောင်ပါ။ ယင်းအစား၊ သူတို့ သမ္မာတရားကို ရှာဖွေလိုက်စားပြီး သမ္မာတရားကို ရရှိသည် မရရှိသည်၊ သူတို့၏ အသက်တာ စိတ်သဘောထား ပြောင်းလဲသည် မပြောင်းလဲသည်တို့အပေါ် အခြေခံပြီး ဘုရားသခင်က လူတစ်ဦး၏ အဆုံးသတ်ကို ဆုံးဖြတ်ပါသည်။ ဘုရားသခင်ကို နှစ်အတော်ကြာ ကျွန်တော် ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားကို ရှာဖွေလိုက်စားရာတွင် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရာတွင် ကျွန်တော်သည် မည်သည့်အားထုတ်မှုကိုမျှ အမှန်တကယ် လုပ်ဆောင်ခြင်း လုံးဝမရှိခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စဉ်ဆက်မပြတ် ကျွန်တော် ရှာဖွေလိုက်စားခဲ့ပြီး လိုက်စားရမည့်အရာအပေါ် ကျွန်တော် ကိုင်စွဲခဲ့သည့် အမြင်များမှာ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် လုံးဝ သဘောကွဲလွဲခဲ့သည်။ ဤအရာအားလုံး၏ အကျိုးဆက်မှာ၊ နှစ်များစွာ ဘုရားသခင်ကို ကျွန်တော် ယုံကြည်ခဲ့ပြီးသော်လည်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ကျွန်တော် မည်သို့မျှ မဝင်ရောက်ခဲ့သလို၊ ကျွန်တော့်၏ အသက်တာ စိတ်သဘောထားမှာ လုံးဝ မပြောင်းလဲခဲ့ပါ။ အစည်းအဝေးများတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အတွေ့အကြုံတစ်ခုတစ်လေ သို့မဟုတ် အသိပညာတစ်ခုတစ်လေအကြောင်းကိုမျှ ကျွန်တော် မဆွေးနွေးနိုင်ခဲ့ပါ။ သို့သော် လူတို့ကို လှည့်ဖြားဖို့ ကျမ်းဟောင်းတရားများနှင့် အယူဝါဒအချို့တို့ကိုသာ ကျွန်တော် မကြာခဏ ဟောပြောခဲ့သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်တော် ဆုံးရှုံးခဲ့ရပြီး ကျွန်တော့် တာဝန်ကို ဆောင်ရွက်ရာတွင် မည်သည့်အရာကိုမျှ မရရှိခဲ့ပါ။ မှားယွင်းသော လမ်းကြောင်းကို ကျွန်တော် ဆက်လျှောက်ခဲ့လျှင် နောက်ဆုံးတွင် ကျွန်တော် ဖော်ထုတ်ခံရပြီး ဘုရားသခင် သုတ်သင်ဖယ်ရှားသည်ကို ခံရမည်ဖြစ်ကာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ ကျွန်တော့် အခွင့်အရေးကို ကျွန်တော် ဆုံးရှုံးသွားမည်ဖြစ်သည်။ ထိုအရာကို ယခု ကျွန်တော် စဉ်းစားသည့်အခါ၊ အစားထိုးခံရခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်သည်ကို ကျွန်တော် နားလည်ခဲ့ရသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းဖို့ဖြစ်သော ကျွန်တော့်အတွင်းရှိ ရည်မှန်းချက်နှင့် စိတ်ဆန္ဒတို့ကို ကိုင်တွယ်ဖြေရှင်းပြီး သန့်စင်ရန်အလို့ငှာ ထိုအရာကို ဘုရားသခင်က လုပ်ဆောင်ခဲ့ပါသည်။ ပြီးလျှင် သမ္မာတရား ရှာဖွေလိုက်စားခြင်းနှင့်ဆိုင်သော မှန်ကန်သည့် လမ်းကြောင်းပေါ် ကျွန်တော့်ကို သူဦးဆောင်နေခဲ့သည်။ ဘုရားသခင်က ကျွန်တော့်ကို ကယ်တင်နေခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်အပေါ် ကျေးဇူးတင်ရှိမှုများဖြင့် ကျွန်တော် ပြည့်နေခဲ့ပြီး ကျွန်တော်သည် မနေနိုင်တော့ဘဲ ဘုရားသခင်ရှေ့သို့ လာရောက်၍ “အို ဘုရားရှင်၊ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အတွက်၊ ကျွန်တော် မှားယွင်းတဲ့ လမ်းကြောင်းနောက်လိုက်လျှောက်နေတာကို သတိပြုမိဖို့နဲ့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတို့ကို ရှာဖွေလိုက်စားခြင်းရဲ့ အန္တရာယ်များတဲ့ အကျိုးဆက်တွေကို မြင်တွေ့ဖို့ ကျွန်တော့်ကို အခွင့်ပေးတဲ့အတွက်၊ ကျွန်တော် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ အို ဘုရားရှင်၊ ကျော်ကြားမှု၊ အဆင့်အတန်းနဲ့ အကျိုးအမြတ်တွေကို လက်လွှတ်ဖို့၊ ကိုယ်တော့်ဆီ ပြန်လှည့်လာဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ ကိုယ်တော်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်မှု ဆောင်ကျဉ်းနိုင်ဖို့ သမ္မာတရား ရှာဖွေလိုက်စားခြင်း လမ်းကြောင်းကို လိုက်လျှောက်ဖို့ ကျွန်တော် ရွေးချယ်ပါတယ်” ဟု ဆုတောင်းခဲ့သည်။

ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်ခြင်းနှင့် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း ကာလတစ်လျှောက်တွင်၊ ကျွန်တော့်၏ အခြေအနေ တဖြည်းဖြည်း တိုးတက်ခဲ့ပြီး ယုံကြည်သူအသစ်များကို ရေလောင်းပေးရန် အသင်းတော်ခေါင်းဆောင်က ကျွန်တော့်အတွက် စီစဉ်ခဲ့သည်။ ကျွန်တော့် တာဝန်ကို ဆောင်ရွက်ဖို့ အခွင့်အရေးတစ်ခု ကျွန်တော့်ကို ပေးသည့်အတွက် ဘုရားသခင်ကို အလွန် ကျေးဇူးတင်မိခဲ့ပြီး ကျွန်တော် တိတ်တဆိတ် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ “ငါ့တာဝန်ကို ဆောင်ရွက်ဖို့ ငါ ဒီအခွင့်အရေးကို မြတ်နိုးရမယ်။ ဒီလိုအမှားတွေကိုပဲ ငါ ပြန်လုပ်ပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေနောက် ငါလိုက်လို့မဖြစ်ဘူး။” ထို့နောက်ပိုင်း ကျွန်တော့် တာဝန်တွင်၊ ပြဿနာတစ်ခုကို ကျွန်တော် ကြုံရသည့်အခါတိုင်း၊ ထိုအရာကို ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် ကျွန်တော် ပိုမိုဆွေးနွေးခဲ့ပြီး သူတို့၏ အကြံပြုချက်များကို ကျွန်တော် နားထောင်ပြီး လက်ခံခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းခြင်းနှင့်ဆိုင်သော ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်တော် ထုတ်ဖော်ပြဖို့ စတင်သည့်အခါတိုင်း ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့ပြီး လူသား၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ဆိုင်သည့် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ဆက်နွယ်သော ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် ရည်ရွယ်ချက်ရှိရှိ ပိုမိုဖတ်ရှုခဲ့သည်။ ထို့နောက် ကိုယ်တော့် နှုတ်ကပတ်တော်များနှင့်အညီ ကျွန်တော် လက်တွေ့လုပ်ဆောင်ခဲ့သည်။ အချိန်ကာလတစ်ခုအကြာ ဤအရာကို တွေ့ကြုံပြီးသည့်နောက်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ကျွန်တော် အနည်းငယ် စွန့်လွှတ်နိုင်ခဲ့သည်။ သို့သော်၊ ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် ကြိုးပမ်းပြီး အခြားသူများအထက်တွင် ထင်ပေါ်ဖို့ ကြိုးစားခဲ့သည့် ကျွန်တော့်၏ ဆိုးယုတ်သော သဘာဝမှာ သိနားလည်မှု အနည်းငယ်ရှိခြင်းမျှဖြင့် အပြီးအပြတ် မပြေလည်ခဲ့ပါ။ နောက်ဆုံးတွင် ကျွန်တော် သန့်စင်ခံရပြီး မပြောင်းလဲမီတွင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်တော် ပိုမိုကြုံဖို့ လိုအပ်ပါသေးသည်။

နောက်လအနည်းငယ်အကြာတွင်၊ ကျွန်တော့်ကို ဖော်ထုတ်ပြီး ကယ်တင်ဖို့အလို့ငှာ အခြေအနေတစ်ခုကို ဘုရားသခင် တစ်ဖန် စီစဉ်ညွှန်ကြားခဲ့ပါသည်။ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို ပိုမိုများပြားသည့် လူများက လေ့လာဆန်းစစ်ပြီး လက်ခံကြသလို၊ အသစ်သော ယုံကြည်သူများကို ရေလောင်းပြီး ထောက်ပံ့သည့် အလုပ်က ပိုမိုရှုပ်သထက်ရှုပ်လာသောကြောင့်၊ အလုပ်ကို စီမံခန့်ခွဲခြင်းအတွက် တာဝန်ယူဖို့ အဖွဲ့ခေါင်းဆောင်တစ်ဦး ကျွန်တော်တို့ ရွေးရမည်ဟု ကျွန်တော်တို့၏ အသင်းတော် ခေါင်းဆောင်က ပြောလေသည်။ ဤအရာကို ကျွန်တော်ကြားသည့်အခိုက်တွင်၊ ကျွန်တော့် စိတ်ထဲတွင် ဖြစ်နိုင်ခြေများကို စတင်ချိန်ဆခဲ့သည်။ “ဒီအဖွဲ့ထဲက ငါတို့ခုနှစ်ယောက်ထဲကနေ၊ အစ်ကို ကျန်းက အလုပ်မှာ လုပ်ဆောင်နိုင်စွမ်းအရှိဆုံး ဖြစ်နိုင်တယ်။ သူက ဖြောင့်မတ်တဲ့ အသိစိတ်တစ်ခုရှိတယ်။ သမ္မာတရားကို အတော်လေး လက်တွေ့ကျတဲ့ နည်းလမ်းနဲ့ သူ မိတ်သဟာယပြုတယ်။ ပြီးတော့ အသင်းတော်ရဲ့ အလုပ်ကို သူ တက်တက်ကြွကြွ ကာကွယ်နိုင်တယ်။ သူ အဖွဲ့ခေါင်းဆောင်အဖြစ် အရွေးခံရဖို့ အလားအလာအရှိဆုံးပဲ။” သို့သော်၊ ထို့နောက် ယခင်က ကျွန်တော် အသင်းတော်ခေါင်းဆောင်ဖြစ်ခဲ့ပုံနှင့် အစ်ကိုကျန်း လုပ်ရမည့်အရာများကို စီစဉ်ပေးသူမှာ အမြဲတမ်း ကျွန်တော်ပဲ ဖြစ်ခဲ့ပုံတို့ကို တွေးမိခဲ့သည်။ ဤတစ်ကြိမ်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် သူ အရွေးခံရလျှင်၊ လုပ်ဖို့ သူပြောသည့်အရာကို ကျွန်တော် အမြဲလုပ်ရလိမ့်မည်ဖြစ်ပြီး ယင်းက သူ့ထက် ကျွန်တော် အဆင့်အတန်း ပိုနိမ့်သည်ကို ပြပေလိမ့်မည်။ သို့ဆိုလျှင် မည်သူကိုမဆို ကျွန်တော် နောက်တစ်ဖန် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ ဤအရာကို ကျွန်တော် တွေးသည့်အခါ၊ ကျွန်တော် အလွန်စိတ်ပျက်သွားခဲ့သည်။ ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင် ရွေးရမည့်နေ့ ရောက်လာသည့်အခါ၊ ကျွန်တော် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင်ဖြစ်ခဲ့ပြီး ကျွန်တော့် စိတ်က စဉ်ဆက်မပြတ် သူ့ဟာသူ တိုက်ပွဲဖြစ်နေခဲ့သည်။ မည်သူ့ကို ကျွန်တော် မဲပေးရမည်နည်း။ အစ်ကို ကျန်းကိုလား။ သို့သော် ညီအစ်ကို မောင်နှမများက သူတို့၏ အခက်အခဲများကို ဆွေးနွေးပေးဖို့ သူ့ကို အမြဲထွက်ရှာခဲ့ကြပုံကို ကျွန်တော် တွေးမိသည့်အခါ၊ ကျွန်တော် အနည်းငယ် မနာလိုမှု စတင်ခံစားခဲ့ရပြီး သူ့အတွက် ကျွန်တော် မဲမပေးလိုတော့ပါ။ မိမိကိုယ်ကိုယ်အတွက် ကျွန်တော် မဲပေးသင့်သည်လား။ သို့သော် အစ်ကို ကျန်းလောက် ကျွန်တော် မတတ်စွမ်းနိုင်သည်ကို ကျွန်တော်သိခဲ့သည်။ အကယ်၍ အခြားညီအစ်ကို မောင်နှများက ကျွန်တော့်အတွက် မဲမပေးခဲ့ကြလျှင်၊ ကျွန်တော် အဖွဲ့ခေါင်းဆောင် ဖြစ်လာနိုင်လိမ့်မည်မဟုတ်ပါ။ ထို့နောက်တွင်ပင် ကျွန်တော် အလွန်စိတ်ညိုးငယ်သွားသည်မှာ၊ ကျွန်တော့် စိတ်ထဲတွင် မလိုမုန်းထားသော အတွေး ထွက်ပေါ်လာသည်အထိ ဖြစ်သည်။ “ငါ အဖွဲ့ခေါင်းဆောင် မဖြစ်နိုင်ဘူးဆိုရင်၊ မင်းလည်း ဖြစ်မှာမဟုတ်ဘူး။” ထို့ကြောင့် ကျွန်တော်နှင့် ပုံမှန်အားဖြင့် အဆင်ပြေသော်လည်း လုပ်နိုင်ကိုင်နိုင်မှု ပိုနည်းပါးသည့် အစ်ကို ဝူအတွက် မဲပေးခြင်းဖြင့် ကျွန်တော် အဆုံးသတ်သွားခဲ့သည်။ သို့သော် နောက်ဆုံးတွင်၊ အစ်ကို ကျန်းက အဖွဲ့ခေါင်းဆောင် အဖြစ် အရွေးခံရဆဲဖြစ်ခဲ့သည်။ ဤရလဒ်ကို မြင်ရသည်မှာ ကျွန်တော် မပျော်ရွှင်ခဲ့ပါ။ သို့သော် ထို့နောက်တွင် စိုးရိမ်ပူပန်စိတ်တစ်ခုကပါလာခဲ့ပြီး လုံးဝမရိုးသားသည့် အရာတစ်ခုခုကို ကျွန်တော် လုပ်ခဲ့မိသကဲ့သို့ ခံစားခဲ့ရသည်။ ထိုနေ့ ကျွန်တော့် အိမ်အပြန်လမ်းတွင်၊ မဲပေးသည့်အတောအတွင်း ကျွန်တော် ထုတ်ဖော်ပြခဲ့သည့် အတွေးများနှင့် စိတ်ကူးများအပေါ် ကျွန်တော် ဆင်ခြင်သုံးသပ်ခဲ့သည်။ အစ်ကို ကျန်းအတွက် မဲပေးဖို့ ကျွန်တော် အဘယ်ကြောင့် လိုလားမနေခဲ့ပါသနည်း။ အစ်ကို ကျန်းက ကျွန်တော့်ထက် ပိုမြင့်သွားမည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းခြင်း အခြေအနေတစ်ခုထဲသို့ ကျွန်တော် တစ်ဖန်ပြန်နှစ်သွားခဲ့သည် မဟုတ်ပါလား။ ကျွန်တော် အလွန် စိတ်ဖိစီးမှု ခံစားခဲ့ရသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကျွန်တော် မကြိုးပမ်းချင်ခဲ့ပါ။ ထို့ကြောင့် ဤအခြေအနေမျိုး ထွက်ပေါ်သည့်အခါတိုင်း လမ်းဟောင်းထဲသို့ ကျွန်တော် အဘယ်ကြောင့် အမြဲပြန်ကျခဲ့ရပါသနည်း။ ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့ပြီး ဤပြဿနာ၏ အရင်းအမြစ်ကို ကျွန်တော် ရှာတွေ့နိုင်ဖို့ရန်အလို့ငှာ ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့သည်။ အိမ်ပြန်ရောက်သည့်အချိန်တွင် ဤနှုတ်ကပတ်တော်များကို ကျွန်တော် တွေ့ခဲ့ရပါသည်။ “လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))

ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသော လူတစ်ဦးသည် မည်သို့သော အပြုအမူမျိုး ပြသလိမ့်မည်နည်း။ (သူတို့နှစ်သက်သည့်အရာတိုင်းကို သူတို့ လုပ်ကြလိမ့်မည်မဟုတ်ပါ၊ သို့မဟုတ် လက်လွတ်စပယ် ပြုမူကြလိမ့်မည်မဟုတ်ပါ။) သို့ဆိုလျှင် သူတို့ နှစ်သက်သလို မပြူမူဖို့ရန် တစ်စုံတစ်ဦးသည် မည်သည့်အရာကို လုပ်ဆောင်သင့်ပါသနည်း။ (ရှာဖွေသည့် နှလုံးသားတစ်ခု ရှိပါ။) လူအချို့က မိမိတို့၏ တွေးတောမှု မှားယွင်းသည်ဟု ခံစားနိုင်သည်၊ သို့သော် သူတို့သည်၊ ‘သူ့ထက် ငါ ပုံမန်အားဖြင့် ပိုကောင်းပါတယ်။ အခု သူ့ရဲ့ အကြံပြုချက်ကို ငါနားထောင်ရင်၊ သူက ငါ့ထက် ပိုသာသလို ထင်ရလိမ့်မယ်။ မဖြစ်ဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သူပြောတာကို ငါ နားမထောင်နိုင်ဘူး။ ငါ ကြိုက်သလို ငါလုပ်မယ်’ ဟု တွေးရင်း အခြားသူများ၏ မှန်ကန်သော အကြုံပြုချက်များကို နားထောင်ရန် မလိုလားသလိုလည်း ခံစားရသည်။ ထို့နောက် အခြားလူကို ချန်လှပ်ရန် အကြောင်းပြချက်နှင့် ဆင်ခြေတစ်ခုကို သူတို့ ရှာကြသည်။ မိမိတို့ထက် ပိုတော်သည့် တစ်စုံတစ်ဦးကို သူတို့တွေ့လျှင်၊ ၎င်းတို့ကို သူတို့ ဖိနှိပ်ကြသည်၊ ၎င်းတို့အကြောင်း ကောလဟလတစ်ခုကို စတင်ကြသည်၊ သို့မဟုတ် အခြားလူတို့က ထိုသူတို့အပေါ် အထင်မကြီးကြစေဖို့နှင့် မည်သူမျှ အခြားတစ်ဦးတစ်ယောက်မျှထက် မတော်ဖို့ရန်အလို့ငှာ မသမာသော နည်းလမ်းအချို့ကို အသုံးပြုကြသည်၊ သို့ဆိုလျှင် ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ခြင်းအပြင်၊ ကောက်ကျစ်ခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် အန္တရာယ်များခြင်းတို့နှင့်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ပြီး၊ ဤလူများသည် မိမိတို့၏ ရည်မှန်းချက်များ မရမချင်း မရပ်တန့်ကြပေ။ ဤသို့ သူတို့ အသက်ရှင်ကြသော်လည်း သူတို့သည် ကြီးမြတ်ပြီး ကောင်းမြတ်သည့်လူများဖြစ်သည်ဟု ထင်မှတ်ကြသေး၏။ သို့သော် သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားများ ရှိကြပါသလော။ ပထမဦးစွာ၊ ဤကိစ္စရပ်များ၏ သဘောသဘာဝများနှင့်ဆိုင်သည့် ရှုထောင့်အမြင်မှနေ၍ ပြောရ လျှင်၊ ဤနည်းဖြင့် ပြုမူသည့် လူများသည် မိမိတို့ နှစ်သက်သည်အတိုင်း လုပ်ဆောင်နေကြခြင်းသက်သက် မဟုတ်လော။ ဘုရားသခင့် မိသားစု၏ အကျိုးများကို ၎င်းတို့ စဉ်းစားကြပါသလော။ ဘုရားသခင်၏ မိသားစု၏အမှုတော်က ဆုံးရှုံးမှု ခံစားရပါစေ၊ မိမိတို့၏ ခံစားချက်များကိုသာ ၎င်းတို့ စဉ်းစားကြပြီး မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ ရရှိလိုကြသည်။ ဤသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ကြရုံသာမက၊ တစ်ကိုယ်ကောင်းဆန်ကြပြီး စက်ဆုပ်စရာလည်း ဖြစ်ကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ လုံးဝအရေးမထားကြသလို၊ ဤကဲ့သို့သော လူတို့သည် ဧကန်မုချ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မပိုင်ဆိုင်ကြပေ။ ဤသည်မှာ အပြစ်ကိုသိခြင်း မရှိဘဲ၊ စိုးရိမ်ပူပင်ခြင်းတစ်ခုတစ်လေ မရှိဘဲ၊ စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် ပူပန်မှု မရှိသလို အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သူတို့လုပ်ချင်သည့်အရာတိုင်းကို လုပ်ဆောင်ပြီး လက်လွတ်စပယ် ပြုမူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော လူများ ရင်ဆိုင်ရသည့် အကျိုးဆက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ဒုက္ခရောက်ကြလိမ့်မည်၊ ဟုတ်ပါသလော။ သက်သက်သာသာ ပြောရမည်ဆိုလျှင်၊ ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားတတ်ကြပြီး သစ္စာဖောက်ဖျက် တတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင်၊ ပဓာနကျသည့် ပြဿနာမှာ ထိုသို့သော လူများ၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စိုးစဉ်းမျှပင် မကြောက်ရွံ့ကြချေ။ ဘုရားသခင်ကို သူတို့ မကြောက်ပါ၊ မိမိတို့ကိုယ်ကိုယ် အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်၏ လက္ခဏာသွင်ပြင်တိုင်းကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဆုံးဖြစ်ပြီး အရေးမပါဆုံးဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်ခုတစ်လေမျှ မရှိပါ။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”)

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ချင့်ချိန်စဉ်းစားသည့်အခါ၊ ရွေးကောက်ပွဲ မဲပေးရာတွင် ကျွန်တော်တွေးခဲ့ပြီး လုပ်ခဲ့သည့် အရာရာတိုင်းကို ကျွန်တော် ပြန်တွေးမိခဲ့သည်။ စကားလုံးများဖြင့် ပြောပြ၍မရနိုင်အောင် ကျွန်တော် ရှက်ရွံ့ခဲ့မိသည်။ ကျွန်တော် အမြဲရှာဖွေလိုက်စားခဲ့သည့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့မှာ အမှန်တကယ်တွင် ကျွန်တော်တို့ကို ချည်နှောင်ဖို့ စာတန်အသုံးပြုသည့် မမြင်နိုင်သော အချုပ်အနှောင်များဖြစ်ပြီး ကျွန်တော်တို့ကို စာတန် လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းတစ်ခု ဖြစ်ခဲ့သည်ကို ကျွန်တော် နားလည်ခဲ့ရသည်။ “ငန်းတစ်ကောင်သည် ၎င်း ပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏။” “လူတို့သည် ၎င်းတို့နှင့်တစ်ခေတ်တည်း မွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်” “ဆင်းရဲဒုက္ခ ခံလေလေ၊ ပိုပြီးအောင်မြင်လေလေ ဖြစ်မည်” နှင့် “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်- ရေသည်နိမ့်ရာသို့ စီးဆင်း၏” ကဲ့သို့သော စာတန်၏ စိတ်ကူးများနှင့် အမြင်များကို ကျွန်တော့်ဘဝ၏ နဂိုမှန်အဆိုများနှင့် မှန်ကန်သော ဆိုရိုးစကားများကဲ့သို့ ကျွန်တော် ယူမှတ်ခဲ့သည့် ဘုရားသခင်ကို ကျွန်တော် မယုံကြည်ခင်ကအချိန်ကို ကျွန်တော် ပြန်တွေးမိခဲ့သည်။ ကျွန်တော် ဤဆိုးယုတ်သော စိတ်ကူများကို လက်ခံခဲ့ပြီး အာဏာနှင့် အဆင့်အတန်းတို့ကို စွဲမက်လာခဲ့သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရှာဖွေလိုက်စားခြင်းနှင့် အခြားသူများအထက်တွင် ထင်ပေါ်ဖို့တို့ကို ဘဝတွင် ကျွန်တော့်၏ ရည်မှန်းချက်များအဖြစ် ခံယူခဲ့ပြီး ၎င်းတို့အတွက် ကျွန်တော် ရုန်းကန်ပြီး တိုက်ခိုက်ခဲ့သည်။ မိမိကိုယ်ကိုယ်အတွက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ကျွန်တော် ရရှိနိုင်သရွေ့၊ မည်သည့် ဆင်းရဲဒုက္ခနှင့် ခြေကုန်လက်ပန်းကျခြင်း ပမာဏကိုမဆို ကျွန်တော် ကြံ့ကြံ့ခံခဲ့သည်။ ဘုရားသခင်ကို ကျွန်တော် စတင် ယုံကြည်ပြီးသည့်နောက်တွင်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့နှင့်ဆိုင်သော ကျွန်တော့်၏ ရှာဖွေလိုက်စားခြင်းတွင် စာတန်၏ ဤအဆိပ်များဖြင့် ကျွန်တော် ဆက်လက်အသက်ရှင်ခဲ့ပြီး အခြားလူများအထက်တွင် ထင်ပေါ်ဖို့ ကျွန်တော် ကြိုးစားခဲ့သည်။ ဤအရာများသည် အချိန်ကြာမြင့်ကတည်းက ကျွန်တော့် ဘဝဖြစ်လာခဲ့ပြီး၊ ၎င်းတို့က ကျွန်တော့်ကို ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းမှ ကိုယ့်ကိုယ်ကိုယ် မရပ်တန့်နိုင်အောင် ဖြစ်စေခဲ့သည်။ အစ်ကို ကျန်းက အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အသင်းတော်ကို အကျိုးပြုလိမ့်မည်ကို ကျွန်တော် လုံးဝ ကောင်းကောင်းသိခဲ့ပါသည်။ သို့သော် သူ အလွန်စွမ်းဆောင်နိုင်ခြင်းကို ကျွန်တော် မနာလိုဖြစ်ခဲ့ပြီး ကျော်ဖြတ်ခံရမည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော့် ရာထူးနှင့် သိက္ခာကို ထိန်းသိမ်းဖို့ရန်အလို့ငှာ၊ အစ်ကို ကျန်းအတွက် မဲပေးဖို့ထက် မသင့်တော်သူတစ်ဦးဦးကို အဖွဲ့ခေါင်းဆောင် ရာထူး ရရှိစေပြီး အသင်းတော်၏ အလုပ် အထိအခိုက်ခံမည်ဟု ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ ကျွန်တော့် လုပ်ရပ်များတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံဖို့ ကျွန်တော် ငြင်းပယ်နေခဲ့ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အနည်းငယ်မျှ ကျွန်တော် မရှိသလို ပြဿနာတစ်ခုကို ကျွန်တော် ကြုံရသည့်အခါတိုင်း ကျွန်တော့်၏ ကိုယ်ပိုင် သိက္ခာနှင့် ရာထူးတို့ကိုသာ အမြဲစဉ်းစားခဲ့ပြီး အသင်းတော်၏ အလုပ်ကို တကယ်ကို မထိန်းသိမ်းခဲ့သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ သို့ဆိုလျှင် ထိုသို့သော တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ အပြုအမူက ဘုရားသခင်မှ စက်ဆုပ်ရွံရှာပြီး ကျွန်တော့်ကို မုန်းတီးခြင်း မဖြစ်စေဘဲ မည်သို့ နေနိုင်မည်နည်း။ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” ဟု ပြောသည့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် တွေးမိခဲ့ပြီး အလွန်အန္တရာယ်များသည့် အခြေအနေတစ်ခုတွင် ကျွန်တော် ရှိသည်ဟု ခံစားခဲ့ရသည်။ ဤသို့ ကျွန်တော် ဆက်လုပ်မည်ဆိုလျှင် ကျွန်တော်သည် ဘုရားသခင် စက်ဆုပ်၊ ငြင်းပယ်ပြီး သုတ်သင်ဖယ်ရှားသည့် သူတစ်ဦး ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင်ပင်၊ သခင်ယေရှုကို ဆန့်ကျင်ခဲ့သည့် ဖာရိရှဲများကို ကျွန်တော် တွေးမိခဲ့သည်။ ဗိမာန်တော်ထဲက သူတို့၏ ရာထူးများနှင့် အာဏာများကို ကာကွယ်ဖို့ရန်အလို့ငှာ သခင်ယေရှု၏ ပေါ်ထွန်းခြင်း သို့မဟုတ် သူ ဖော်ပြသည့် သမ္မာတရားများကို လုံးဝ သူတို့ မရှာဖွေခဲ့ကြပါ။ ယင်းအစား သခင်ယေရှုကို အာခံပြီး ရှုတ်ချရာတွင်သာ မရမကလုပ်ဆောင်ခဲ့ကြသည်မှာ ကားတိုင်ပေါ် သူ့ကို ကားစင်တင်ခဲ့ကြသည်အထိ ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို သူတို့ ခံစားခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ သမ္မာတရားကို ရှာဖွေဖို့နှင့် သမ္မာတရားထဲ ဝင်ရောက်ဖို့ အရေးမစိုက်ဘဲ၊ ယင်းအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ အဆက်မပြတ် ရှာဖွေလိုက်စားလျှင် ဘုရားသခင်ကို အာခံရာတွင် ဖာရိရှဲတို့၏ လမ်းကြောင်းကို လိုက်လျှောက်နေခြင်း ဖြစ်သည်ကို ယခု ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ ဤအရာများကို ကျွန်တော် စဉ်းစားရင်းဖြင့်၊ မှားယွင်းသော လမ်း လိုက်လျှောက်ခြင်းကို ကျွန်တော် မကြောက်ပဲမနေနိုင်အောင်ဖြစ်ခဲ့ပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့၏ ချည်နှောင်မှုများနှင့် အန္တရာယ်မှ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေဖို့၊ သမ္မာတရားကို ရှာဖွေလိုက်စားခြင်းနှင့် ကျွန်တော့် တာဝန်ကို သစ္စာရှိရှိ ဆောင်ရွက်ခြင်း လမ်းကြောင်းကို လိုက်လျှောက်ပြီး ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိဖို့ ကျွန်တော် မဆိုင်းမတွဆုံးဖြတ်ခဲ့ပါသည်။

နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထံ ကျွန်တော် ပြန်လှည့်ပြီး ဖတ်ရှုခဲ့ပါသည်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။...ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်လျှင်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်လျှင်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်လျှင်၊ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ခက်ထန်ခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဤနှုတ်ကပတ်တော်များက လူသားတစ်ဦးဖြစ်ဖို့ ကျွန်တော် ရှိသင့်သည့် ရည်မှန်းချက်များနှင့် ကျွန်တော် လျှောက်လှမ်းသင့်သည့် ဦးတည်ချက်ကို ပြသခဲ့သည်။ ကျွန်တော့် စိတ်နှလုံးက သိမြင်မှုနှင့် ပြည့်ခဲ့ပြီးနောက်၊ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်တော် သိခဲ့သည်။ နောက်ပိုင်းတွင်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် ကြိုးပမ်းခြင်း အခြေအနေတစ်ခုတွင် ကျွန်တော် မည်သို့ စဉ်ဆက်မပြတ် အသက်ရှင်နေခဲ့သည့်အကြောင်းနှင့် သူ့ကို ကျွန်တော် မည်သို့ မနာလိုဖြစ်ခဲ့သည့်အကြောင်းကို အစ်ကို ကျန်းထံ ကျွန်တော် ဦးစွာ ဖွင့်ဟခဲ့သည်။ မဲပေးသည့်အတောအတွင်း ကျွန်တော့်၏ စက်ဆုပ်ဖွယ်ရာ ရည်ရွယ်ချက်ကိုလည်း ကျွန်တော် ဖွင့်ဟခဲ့သည်။ ကျွန်တော့်စကားကို နားထောင်ပြီးသည့်နောက်၊ သူ ကျွန်တော့်ကို အထင်မသေးခဲ့ဘဲ၊ ယင်းအစား ကျွန်တော့် အခြေအနေနှင့် ပတ်သက်သည့် သမ္မာတရားများအပေါ် မိတ်သဟာယ ပြုပေးခဲ့ပြီး သူလည်း ကျွန်တော့်ကို ဖွင့်ဟခဲ့ကာ သူ၏ အတွေ့အကြုံများနှင့် သိနားလည်မှုအကြောင်း ကျွန်တော့်ကို ဆွေးနွေးခဲ့ပါသည်။ ဤမိတ်သဟာယပြီးသည့်နောက်၊ ကျွန်တော်တို့ကြားရှိ မည်သည့် ဝေးကွာမှုမဆို ကုန်ဆုံးသွားခဲ့ပြီး အလွန်အမင်း လွတ်မြောက်မှုနှင့် ငြိမ်းအေးခြင်း ခံစားမှုတစ်ခု ကျွန်တော် ခံစားခဲ့ရသည်။ နောက်ပိုင်းတွင်၊ ကျွန်တော့်တာဝန်၌ အခက်အခဲတစ်ခု ရှိသည့်အခါတိုင်း၊ သို့မဟုတ် ကျွန်တော် နားမလည်သည့် ပြဿနာတစ်ခုကို အမှတ်မထင် တွေ့ရသည့်အခါတိုင်းတွင်၊ အစ်ကိုကျန်းနှင့်အတူ ကျွန်တော် တက်တက်ကြွကြွ အမြဲရှာဖွေခဲ့ပြီး အဖြေတစ်ခု ရှာတွေ့သည်အထိ သူက ကျွန်တော်နှင့်အတူ စိတ်ရှည်စွာ အမြဲမိတ်သဟာယပြုခဲ့သည်။ ဤနည်းဖြင့် ဘုရားနှုတ်ကပတ်တော်များ လက်တွေ့လုပ်ဆောင်ခြင်းကို ကျွန်တော် ကျင့်သုံးလေလေ၊ ဘုရားသခင်နှင့် ကျွန်တော့် ဆက်နွယ်မှု၊ အခြားညီအစ်ကို မောင်နှမများနှင့် ကျွန်တော်၏ ဆက်နွယ်မှု ပိုမိုနီးစပ်လာသည်ဟု ကျွန်တော်ခံစားရလေလေဖြစ်ပြီး ကျွန်တော့်တာဝန်တွင် ကျွန်တော် ရရှိခဲ့သည့် ရလဒ်များကလည်း ပိုကောင်းသထက် ကောင်းလာခဲ့သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ခြင်း၊ ဘုရားသခင်ထံ လှည့်ပြန်ခြင်းနှင့် မိမိ၏ တာဝန်ကို ဖြည့်ဆည်းခြင်းအားဖြင့်၊ ဘုရားသခင်၏ ကောင်းကြီးပေးခြင်းကို ခံစားရပြီး မိမိ၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ငြိမ်းအေးခြင်း ခံစားမှုတစ်ခုဖြင့် တရားမျှတပြီး ဂုဏ်သရေရှိသော အသက်တာတစ်ခုကို အသက်ရှင်နိုင်သလို ဘုရားသခင်နှင့် မိမိ၏ ဆက်နွယ်မှု ပိုနီးသထက် နီးစပ်လာလိမ့်မည်ဖြစ်သည်ကို ကျွန်တော် အမှန်တကယ် အသိအမှတ်ပြုလာခဲ့ပါသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် နှစ်ပတ်လည် အသင်းတော် ရွေးကောက်ပွဲများ ပြန်စတင်ခဲ့ပြီး ကျွန်တော်သည် အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ သင့်တော်သူတစ်ဦးအဖြစ် အဆိုပြုခံခဲ့ရသည်။ ဤသတင်းကို ကျွန်တော် ကြားသည့်အခါ၊ တစ်ချိန်ကလောက် ကျွန်တော် စိတ်လှုပ်ရှားမှု မခံစားခဲ့ဘဲ၊ ယင်းအစား ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံဖို့အလို့ငှာ ကျွန်တော့် စိတ်အခြေအနေကို ကျွန်တော် ပြင်ခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမှာ အသင်းတော်ခေါင်းဆောင်တစ်ဦး ကျွန်တော် ဖြစ်နိုင်ဖို့ မဟုတ်ဘဲ၊ ယင်းထက် ဤလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ကျွန်တော့်၏ တာဝန်ကို ဖြည့်ဆည်းဖို့ရန်၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူရန်နှင့် ခေါင်းဆောင်များကို ရွေးချယ်ခြင်းနှင့်ပတ်သက်သည့် အသင်းတော်၏ စည်းမျဉ်းများနှင့်အညီ ခေါင်းဆောင်ဖြစ်ရန် မှန်ကန်သော လူကို ရွေးချယ်ဖို့ ဖြစ်ခဲ့သည်။ ခေါင်းဆောင်အဖြစ် ကျွန်တော် အရွေးခံရလျှင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် ကျွန်တော့်တာဝန်ကို စစ်မှန်ပြီး စနစ်ကျသော ပုံစံဖြင့် ဆောင်ရွက်ရန်သာ ဆန္ဒရှိခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် ကြိုးပမ်းပြီး ဘုရားသခင်ကို ဝမ်းနည်းကြေကွဲစေလျက်၊တစ်ချိန်က ကျွန်တော် ဖြစ်ခဲ့သကဲ့သို့ဖြစ်ဖို့ရန် ကျွန်တော် ဆန္ဒမရှိခဲ့ပါ။ ကျွန်တော် အရွေးမခံရလျှင်၊ ဘုရားသခင်ကို ကျွန်တော် အပြစ်တင်မည်မဟုတ်ဘဲ၊ ဘုရားသခင်နှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်ကာ ကျွန်တော့် အရည်အချင်း အကောင်းဆုံးဖြင့် ကျွန်တော့် တာဝန်ကို ဆောင်ရွက်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီမံမှုများကို နာခံပါမည်။ ကျွန်တော်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းများထဲမှ တစ်ဦးဖြစ်ပြီး ကျွန်တော့်ကို ပေးထားသည့် မည်သည့်တာဝန်ကိုမဆို ဆောင်ရွက်ဖို့ရန်မှာ ကျွန်တော့် တာဝန်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ကျွန်တော့် စိတ်နှလုံးနှင့် ခွန်အားရှိသမျှတို့ဖြင့် ကျွန်တော် အမြဲလုပ်ဆောင်သင့်ပါသည်။မဲများကို ရေတွက်ပြီး ရလဒ်များကို ကြေငြာသည့်အချိန်တွင်၊ အသင်းတော် ခေါင်းဆောင်ဖြစ်ဖို့ ကျွန်တော် အရွေးခံခဲ့ရသည်ကို တွေ့ရှိရသည်။ သို့သော် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း ကျေနပ်အားရမှု မဖြစ်မိခဲ့ပါ။ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် အလွန်ကောင်းသည် သို့မဟုတ် အခြားသော ညီအစ်ကို မောင်နှမများထက် ပိုတော်သည်ဟု ကျွန်တော် မခံစားရတော့ပါ။ ဆန့်ကျင်ဖက်အနေဖြင့်၊ ဤအရာက စေခိုင်းချက်တစ်ခုနှင့် တာဝန်တစ်ခုဖြစ်သကဲ့သို့ ကျွန်တော် ခံစားခဲ့ရပြီး၊ ဘုရားသခင်က သူ၏ မျှော်လင့်ချက်များကို ကျွန်တော့်ပုခုံးပေါ် ထားနေသကဲ့သို့ ကျွန်တော် ခံစားခဲ့ရသည်။ သမ္မာတရားကို ဝီရိယရှိရှိ ကျွန်တော် ရှာဖွေလိုက်စားရမည်ဖြစ်ပြီး ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ကာ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်တော့် တာဝန်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး ကိုယ်တော် ကျွန်တော့်ကို ပေးနေခဲ့သည့် ချစ်ခြင်းမေတ္တာ၊ ကယ်တင်ခြင်းတို့နှင့် လျော်ညီအောင်နေဖို့ သေချာပြုလုပ်ရမည်ကို ကျွန်တော် သိခဲ့ပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ သတ္တဝါ တစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ)

ကျွန်တော့်၏ လက်တွေ့ကျသော အတွေ့အကြုံမှတဆင့်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှာ ကျွန်တော်တို့ကို ကယ်တင်ပေးသည့် အလင်းဖြစ်ပြီး၊ ဘုရားသခင်၏ အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်တော် အမှန်တကယ် အသိအမှတ်ပြုမိလာခဲ့ပါသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့က ကျွန်တော့်ကို ဖြစ်နေစေခဲ့သည့် အန္တရာယ်ကို ကျွန်တော့်ကို မြင်နိုင်စေခဲ့ပြီး သမ္မာတရားကို ရှာဖွေလိုက်စားဖို့ ကျွန်တော့် သတ္တိနှင့် ဆုံးဖြတ်ချက်တို့ကို နိုးကြွစေခဲ့သည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်းနှင့် ပဲ့ပြင်ခြင်းတို့ ဖြစ်ပါသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ကျွန်တော် လက်လွှတ်လိုက်သည့်အခါ၊ ကျွန်တော့် စွန့်လွှတ်ခဲ့သည်မှာ အဆင့်အတန်းသာမဟုတ်ဘဲ၊ ယင်းထက် ကျွန်တော့်ကို ချည်နှောင်ခဲ့သည့် စာတန်၏ အချုပ်အနှောင်များဖြစ်သကဲ့သို့ ကျွန်တော် ခံစားခဲ့ရသည်။ ပြီးလျှင် ကျွန်တော့် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာတွင် တစ်ခါမှ မကြုံဖူးသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ခံစားမှုတစ်ခု နှင့် ပေါ့ပါးခြင်း နှင့် လွတ်မြောက်ခြင်း ခံစားချက်တစ်ခုကို ကျွန်တော် ခံစားလာခဲ့ရသည်။ ယခုပင်လျှင်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းခြင်းတည်းဟူသော ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်တော် ထုတ်ဖော်ပြနိုင်ဆဲဖြစ်သော်လည်း၊ ထိုအရာအားဖြင့် ကျွန်တော် ထိန်းချုပ်မခံရတော့သလို အချည်အနှောင်လည်း မခံရတော့ပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို စွန့်ပစ်နိုင်ပြီး သမ္မာတရားကို ပိုမိုလက်တွေ့လုပ်ဆောင်လေလေ၊ လူသားတစ်ဦး၏ ပုံသဏ္ဍာန်ကို ပိုမို အသက်ရှင်နေထိုင်နိုင်လေလေဖြစ်ပြီး ဘုရားသခင်၏ ကောင်းကြီးပေးခြင်း ခံရနိုင်သည်ကို ကျွန်တော့် အတွေ့အကြုံများမှတဆင့် ကျွန်တော် သင်ယူခဲ့ရပါသည်။ ကျွန်တော့်အပေါ် ဘုရားသခင်ပြုသည့် အသေးအမွှားကိစ္စတိုင်းသည် အပင်ပန်းခံသော အဖိုးအခတစ်ခုကို ဘုရားသခင် ပေးနေခဲ့ခြင်း ဖြစ်သည်ကို ကျွန်တော် အမှန်တကယ် ခံစားလာရသည်။ ကျွန်တော့်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းမှာ အလွန် လက်တွေ့ကျပြီး၊ သူ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ကြီးမြတ်ကာ စစ်မှန်ပါသည်။ ဤနေ့မှစ၍၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ပို၍ပင် တွေ့ကြုံဖို့၊ ကျွန်တော့်၏ ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ကျွန်တော် ဖြစ်နိုင်သမျှ မြန်မြန်စွန့်ပစ်နိုင်ဖို့အလို့ငှာ သမ္မာတရားကို ရှာဖွေလိုက်စားဖို့နှင့် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်မှု ဆောင်ကျဉ်းဖို့အတွက် စစ်မှန်သည့် လူသားပုံသဏ္ဍာန်တစ်ခုကို အသက်ရှင်နေထိုင်ဖို့ ကျွန်တော် ဆန္ဒရှိပါသည်။ ကျွန်တော့်ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့အကြိုက်လိုက်သူများ၏ နောက်ကွယ်က လက်တွေ့အရှိတရား

စုကြယ် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျွန်မနဲ့ အရင်က အတူအလုပ်လုပ်ခဲ့ဖူးတဲ့ ဝမ်လီနဲ့တွဲပြီး ရုပ်ပုံဒီဇိုင်းရေးဆွဲတဲ့အဖွဲ့ကို...

လူတို့ကို မတူမတန် အပြစ်တင်ခြင်းက ကျွန်ုပ်၏ အကျည်းတန်မှုကို ဖော်ထုတ်သည်

အေးမှုံ မြန်မာနိုင်ငံ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ၊ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်တော်ကြီးကြပ်နေခဲ့တယ်။ အသင်းတော်မှာ သူတို့တာဝန်တွေကို...

နောက်ဆုံးတော့ ဘုရားအပေါ် ကျွန်မ နားလည်မှုလွဲတာတွေ မရှိတော့ဘူး

ရိချန် တရုတ်နိုင်ငံ ကျွန်မက ၂၀၁၉ မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်မက နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်ပဲလိုက်နေပြီး...

ချစ်ခင်တွယ်တာမှုက သင့်စိတ်ကို မဖုံးလွှမ်းပါစေနှင့်

ရှင်းကျင့် တရုတ်နိုင်ငံ ၂၀၁၅ ခုနှစ် ဇွန်လတုန်းကပါ။ ကျွန်မက ဧဝံဂေလိသင်းထောက်အနေနဲ့ အစေခံဖို့ အသင်းတော်တစ်ခုကို သွားရတယ်။ လိကျီဆိုတဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။